သတင်း

အင်းတော် တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် တပ်သား ၂၀ ဦးထက်မနည်း သေဆုံးမှုရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ မြောက်ဘက်က တောထဲမှာ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ဘက်က တပ်ရင်းမှူး အပါအဝင် တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့က မနက်ပိုင်းက စပြီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တနေလုံး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်ကြီး အပါအဝင် အနည်းဆုံး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ များစွာရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ တပ်ရင်းမှူးကိုတော့ မနေ့ ညနေ ၄ နာရီမှာ လေယာဉ်နဲ့ မြစ်ကြီးနားဘက်ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာတော့ KIA ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်မှာ သေဆုံးသွားတဲ့ တပ်ရင်းမှူးဟာ ဟိုပင် တကွင်းဘက်က ထိန်လင်းစံ ဆိုသူဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ် ကန်ပိုင်တီစခန်းမှာလည်း ဒုတပ်ရင်းမှူး တာဝန်ယူကျနေရာမှ စစ်ခေါင်းဆောင်၏ မိသားစု လုံခြုံရေး ကိုယ်ရံတော်အဖြစ်နဲ့ တာဝန်ပြန်ယူခဲ့ပြီးနောက် တပ်ရင်းမှူး ရာထူး အဆင့်ထိ ရာထူးတိုးပေးခံရသူဖြစ်ကာ အင်းတော်ဘက်ကို ပါလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

Indaw Revolution-IR – ထုတ်ပြန်ချက်

Related Articles

Back to top button