တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဝှေခါအနီး ဆပ်ပြာချောင်းမှာ စစ်ကောင်စီ နယ်မြေကျူးကျော်လာလို့ ကေအိုင်အေနှင့် နှစ်ဖက်တိုက်ပွဲဖြစ်

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကေအိုင်အေ တပ်ရင်း ၆ နယ်မြေ ဝှေခါအနီး ဆပ်ပြာချောင်းဘက်ကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ၁၁ နာရီ ခန့်မှာ ကျူး ကျော် လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ကို ကေအိုင်အေ တပ်ဖွဲ့တို့က အသင့် စောင့်ဆိုင်း တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်လို့ ကေအိုင်ဘက် ကလာတဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။

ကေအိုင်အေ တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို အသင့်ပြင်ဆင်ထားတဲ့ မိုင်းများဖြင့် ဖေါက်ခွဲခဲ့သလို လက်နက်ကြီးတို့ဖြစ်ပါ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်ခန့်ကလည်း ရွှေကူမြို့နယ်ထဲက မံလင်းကျေးရွာ အနီးမှာလည်း အင်အား (၁၀၀)ဝန်းကျင်ပါတဲ့ စစ်ကောင်စီ ခလရ (၃၁၉)နဲ့ ခမရ (၆၀၁) ပူးပေါင်း တပ်ဖွဲ့ တို့က ကေအိုင်အေ တပ်ဖွဲ့တို့ လုံခြုံရေး နေရာယူထားတဲ့ နယ်မြေထဲ ကျူးကျော် ဝင်ရောက်လာ တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အလားတူ ကေအိုင်အေ တပ်ရင်း ၂၆ ဆယ်စင်းဒေသဘက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တို့ဟာ စစ်အင်အားဖြည့်တင်းလျက်ရှိပြီး လေကြောင်းတို့ဖြစ် လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

Related Articles

Back to top button