(နိုဝင်ဘာ – ၁၇)
- ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ အကြား နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ နီးပါးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ၏ The Kokang သတင်းကွန်ယက်မှ သတင်းထုတ်ပြန် သည်။ MNDAA ၏ The Kokang သတင်းကွန် ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ နံနက်(၆) နာရီဝန်းကျင်အချိန်၌ နမ့်ပေါင်ကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား(၇၀)ခန့်မှ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ ခြေကုပ်ယူထားသည့် စခန်းဆီသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
- ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ် လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက် တိုက်ခိုက် ခဲ့သောကြောင့် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဆပ်ပြာချောင်း ဘုန်းကြီး ကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အဖွဲ့ တွေကို ဒရုန်းနဲ့ သွားတိုက်ခဲ့တယ်။ စစ်သားတွေ ၅ ယောက်လောက်က သေတယ် လို့ပြောတယ်။ ဒဏ်ရာရ သွားတဲ့ သူတွေက သေချာမသိရဘူး။ KIA ဘက်ကတော့ သွားပစ်ပြီး ပြန်သွားတဲ့နောက်ပိုင်း လက်နက်ကြီး တွေနဲ့ ပြန်ပစ်ကြတယ်”ဟု ပြောဆိုသည်။
- ယနေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တစ်ခုကို လာရောက် လှူဒါန်းခဲ့တဲ့ လူမှုအသင်းအဖွဲ့တစ်ခုဟာ အပြန်လမ်းမှာ ကားလမ်းချော်ပြီး လမ်းဘေးထိုးကျခဲ့မှုဖြစ်ပွားခဲ့ ကြောင်းသိရပါတယ်။ မိုရွာသွန်းထားမှုကြောင့် မြေသားလမ်းချော်မှုဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာမရှိဘူးလို့သိရ ပါတယ်။ အဲဒီ လူမှုအသင်းအဖွဲ့ တစ်ခုဟာ စစ်ဘေးရှောင်စခန်းက မိသားစု တစ်စုကို ဆန် တစ်ပုံးနှင့်ဆီ၊ ဆား၊ ကုလာပဲ၊ အားလူးစတဲ့ အခြေခံစားသောက်ကုန်အပါအဝင်၊ ဆောင်းရာသီအတွက် အနွေးထည်တွေကိုလာ ရောက် ပေးဝေခဲ့တာဖြစ်ပြီး အဆိုပါစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။
- ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီး ၄ ရက်ကြာသည့်တိုင် သူတို့နှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေရသည်ဟု မိသားစုများက ပြောသည်။ ဖမ်းဆီးခံရသူ များမှာ ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးဝင်း (၃၆) နှစ်၊ ကျောက်ဖြူ လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် မောင်မောင်အေး (၅၀) နှစ်ခန့်၊ ကျောက်ဖြူ ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ထက်ဝေလင်း (၄၀) နှစ်ခန့်၊ ကျောက်ဖြူမြို့နယ် လဝက ဒုဦးစီး ဒေါ် မကြည် (၄၄) နှစ်နှင့် တရား လွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း (၄၅) နှစ် တို့ဖြစ်ကြသည်။ သူတို့သည် ပြီးခဲ့ သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ် သည်ဟု မိသားစုဝင်များက ပြောသည်။
- ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသူများထဲမှ ထင်ရှားကျော်ကြားသူ အချို့ ယနေ့ ပြန်လွတ်လာသည်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ ရက်ပြန်လွတ်သူများထဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါဆရာတော် ဆရာတော် ဦးပညာသီဟ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုး တို့လည်း ပါဝင်လာသည်။ “မြန်မာပြည်သူများနှင့် အမြဲတမ်းအတူရှိနေပါမယ်”ဟု အကျဉ်းထောင် မှအထွက်တွင် ကိုမြအေး က ပြောခဲ့သည်။ စစ်ကောင်စီက အကျဉ်းသား ၆၀၀၀ ကျော်ပြန်လွှတ်သည်ဟု ဆိုထားသော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သည်ဟု စုံစမ်းသိရှိရသည်။
- အမျိုးသားနေ့ အောင်ပွဲအထိမ်းအမှတ်ဖြင့် လွတ်မြောက်ဒေသရှိ မြေပြင်ကျောင်းများအား အမျိုးသားနေ့ အောင်ပွဲနှင့် ဆက်လျင်း၍ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ နည်းပညာ တက္ကသိုလ် ကျောက်ဆည်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှပူးပေါင်း၍ ဟောပြောခြင်း၊ ဗီဒီယိုပြသခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
- အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းထံ ဆောမြို့နယ်၊ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦး အလင်းဝင်လာတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ ဒုတပ်ကြပ် တစ်ဦးနဲ့ ရဲတပ်သား ၃ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းမှာ ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ပေးခဲ့ပြီး တပ်ရင်းမှူးက ဆုငွေပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဒီရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ဆန္ဒအလျောက် လက်နက်နဲ့တကွ အလင်းဝင်ခဲ့ကြတာလို့ သိရပါတယ်။
- အကျဉ်းသားအချို့ပြန်လွတ်ရန်ရှိသည့် ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့တွင် ဓါတ်ပုံရိုက်နေသူ ပြည်သူတစ်ဦး ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယနေ့(နိုဝင်ဘာ ၁၇)တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ နီးပါးကို လွှတ်ပေးမည်ဟုကြေညာထားရာ အင်းစိန်ထောင် ရှေ့တွင် အကျဉ်းသားများ၏မိသားစုဝင်များက ယနေ့(နိုဝင်ဘာ ၁၇)တွင် လာရောက် စောင့်ဆိုင်းနေကြသည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်နေသူ ပြည်သူ တစ်ဦးအား စစ်ကားဖြင့် ရောက်လာသည့် စစ်သားငါးဦးက ဖုန်းကိုစစ်ဆေးကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပါ။ စစ်တပ်သည် အာဏာသိမ်းပြီး နောက် ၎င်းတို့၏ လူ့အခွင့်အရေးချိုး ဖောက်ဖိနှိပ်မှုများကို မှတ်တမ်းတင်လေ့ ရှိသူများ၊ သတင်းသမား များကို အကြီးအကျယ်ဖိနှိပ်လျက်ရှိရာ ကင်မရာကိုင်သူများမြင်လျှင် ဖမ်းဆီးစစ် ဆေးလေ့ရှိသည်။
- KRU ရဲ့ အပတ်စဉ် C မွမ်းမံသင်တန်းဆင်းပွဲတစ်ခုကို ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တောတွင်း တစ်နေရာမှာ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီသင်တန်းမှာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀၀)နီးပါးကို အခြေခံစစ်သင်တန်းအောင်မြင်စွာမွမ်းမံသင်ကြားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
- တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာတွင် အခုရက်သတ္တပတ်အတွင်း မူးယစ် ဆေးဝါးရောင်းဝယ်မှုများ ပြုလုပ်နေသူ နှစ်ဦးကို ဖမ်းဆီးရမိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ သတင်းပေးတိုင်ကြားချက်အရ ဝင်ရောက် ဖမ်းဆီးရာတွင် နို၀င်ဘာ ၁၄ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးထံမှ ပစ္စတို တစ်လက်နှင့်အတူ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်ဟု Dawei Guerrilla RevolutionaryForce−DGRF အဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောသည်။ ဖမ်းဆီးရမိစဉ်တွင် ပစ္စတို ကျည် ၂၀ တောင့်၊ ၂၂ ကျည် ၂၀ တောင့်၊ မဂ္ဂနစ်ကျည် ၂၀ တောင့်အပါအဝင် မူးယစ်ဆေး WY အလုံး ၇၀၀၊ ICE (သိန်း၂၀ ခန့် တန်ဖိုးရှိသည့် ဆေးခြောက် အထုပ်ကြီး တစ်ထုပ်) ပါဝင်သည်ဟု DGRF ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
- အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ရန်ကုန်မြို့တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များစုပေါင်း၍ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူ ကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါလှုပ်ရှားမှုကို တာမွေမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချူပ်)၊ ရွေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ ချူပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သာကေတမြို့နယ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့ သူပုန်များသပိတ်ကော်မတီ-YRSC၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။
- မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှသည် နွေဦးတော် လှန်ရေးအောင်ပွဲဆီသို့ ခေါင်းစဥ်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် လှုံ့ဆော်မူ လက်ကမ်းစာစေမ်းစာစောင်များာင်များအား ပြည်သူများထံသို့ ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
- မြန်မာနိုင်ငံ လုံးဆိုင်ရာ စစ်အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစု ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် “ဘယ်သူတွေလွတ်လွတ် အားလုံးက ထောင်ကြီးထဲမှာ အမှောင်ကြနေတာပါ။ ဆက်လက်ပါဝင်ပေးကြရန် မေတ္တာရပ်ခံပါတယ်။” ဟု စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် “မင်းတို့ စစ်အာဏာရှင်တွေ ဘယ်တုန်းကများ ပြည်အပေါ် ကောင်းဖူးလို့လဲ” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ နယ်မြေမငြိမ်သက်မှူများကြားမှ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ (၁၀၂)နှစ်မြောက် အမျိုးသားနေ့ နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ပြည်သူများမှ စုပေါင်းထောက်ခံကြောင်းနှင့် “စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ ” “ဖိနှိပ်ခံ တို့ လွတ်မြောက်ဖို့ တရားမျှတမှုအတွက် သွေးစည်းစို့”ဟု စုပေါင်း ဖော်ထုတ် ဆန္ဒပြခဲ့ကြပီး စစ်အာဏာရှင် စနစ်အား လက်မခံကြောင်း ကြွေးကြော်ခဲ့ကြသည်။
- မုံရွာခရိုင် ကျေးရွာတစ်ရွာတွင် အနောက်မြောက် လွင်ပြင်သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ယနေ့ အမျိုးသားနေ့ ၁၀၂ နှစ်ပြည့်မြောက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စျေးတခုသို့ ကျေးလက်သူပုန်သပိတ်စစ်ကြောင်းမှ ကျောင်းသားလူငယ်များ ဦးဆောင်ပြီး ဖက်ဆစ် စစ်တပ်အမြစ်ပြတ်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။ “သမဂ္ဂအလံတော်ဟာ စစ်ဖိနပ်အောက် ဘယ်တော့မှဒူးထောက်မှာမဟုတ်” ဟု ဆန္ဒပြကျောင်းသားများက ကြွေးကြော်ကြသည်။
- ဝမ်းတွင်းမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် “သမိုင်းကိုအခြေပြု လူထုလွတ်မြောက်ရေးတွက်ရုံးထွက်စို့” စာတန်း ချိတ်ဆွဲပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ယင်းမာပင်- ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ကနီမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ကျေးလက်သူပုန် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မကွေးတိုင်း ပခုက္ကူဒေသတွင် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူ)မှ ဦးဆောင်ဖွဲ့စည်း ပေးခဲ့သော အခြေခံပညာကျောင်းသားများသမဂ္ဂက ဦးဆောင်၍ ယနေ့ (နိုဝင်ဘာ ၁၇) ညနေပိုင်း၌ အမျိုးသားနေ့အောင်ပွဲအဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြ ကျောင်းသားလူငယ်များက “အမျိုးသားရေး စိတ်ဓာတ်နဲ့ ဆက်လက်ချီတက်” ၊ “ဖိနှိပ်မှုတွေများလေလေ ရဲဘော်တွေ စုစည်းလေလေ” ဆိုသည့် စာသားများပါ ဗီနိုင်းကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။
- အညာဒေသတွင် ယနေ့ ကျရောက်သော အမျိုးသားနေ့ အောင်ပွဲ အထိမ်းအမှတ်အဖြစ် ရတနာပုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ နည်းပညာတက္ကသိုလ် ကျောက်ဆည် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်မြေသာစံ မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်း၍ စစ်ကျွန်ပညာရေး ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ၁၀၂ နှစ်ပြည့် အမျိုးနေ့ အထိမ်းအမှတ် အဖြစ် စစ်ကျွန်ပညာရေး စနစ် အလိုမရှိကြောင်း “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ´´ စာတန်းကိုင်ဆောင်ကာ တန့်ဆည်ပင်မ သပိတ် စစ်ကြောင်း ကျောင်းသားလူငယ်များ ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
- ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသခံပြည်သူတွေရဲ့ အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်စစ် ကြောင်းက ၁၀၂ နှစ်ပြည့် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ “ကျောင်းသားထုအားဖြင့် စစ်ကျွန် ပညာရေးကို မြေမြှုပ်ကြ”စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
- ဘုတလင်မြို့နယ် ကျောင်းသားသမဂ္ဂများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
- ကရင်ပြည်နယ် လွတ်မြောက် တစ်နေရာတွင် ရောက်ရှိနေသည့် မေမြို့ အထွေထွေ သပိတ်အင်းအာစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိတစ်ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ် လှတော ကျေးရွာ ရဲစခန်းမှ စစ်သားများသည် လှတောဈေးတန်းဘက်သို့ ထွက်ခွာလာစဥ် ဒိုင်ကွင်း ရှေ့အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ “ပြင်းအား လွန် မိုင်းတစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ ၃ ပွင့်ဗိုလ်တစ်ဦးနဲ့ တပ်သား အဆင့်ရှိသူ ၁ ဦး သေတယ်။ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရတယ်။ မိုင်းခွဲခံရတဲ့ အဖွဲ့က စစ်ခွေးတွေက အနီးအနားမှာရှိတဲ့ ရွာတွေ လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး အလောင်းနဲ့ ဒဏ်ရာရတဲ့ သူတွေကို ကားနဲ့ လာခေါ်ဆောင် သွားတယ်။ ဒီတိုက်ခိုက်မှုက အောက်တိုဘာလအတွင်း ကျဆုံးခဲ့တဲ့ BLACK WOLF PDF မှ ရဲဘော် ၄ ဦး ၏ ကိုယ်စား လက်စားခြေ တိုက်ခိုက်ခြင်း ဖြစ်တယ်” BLACK WOLF PDF မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။
- မြန်မာစစ်တပ်က ကုန်းလမ်း၊ ရေလမ်းကို တင်းကျပ်စွာပိတ်ဆို့ထားပြီးနောက် ရခိုင်ပြည်၊မောင်တောနှင့် ဘူးသီး တောင်မြို့နယ်တွင် ဆန်၊စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန် စျေးနှုန်းမြင့်တက် လျက်ရှိကြောင်းသိရသည်။ အဆိုပါ မြို့နယ်များတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပေါ်ဆန်းမွှေး ဆန် တစ်အိတ်လျှင် ငွေ ၈ သောင်း ခွဲကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ငွေ ၁၅၀၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လျက် ရှိသည်။ ဧည့်မထဆန်ဆိုလျှင်လည်း တစ်အိပ်လျှင် ငွေကျပ် ၅ သောင်းကျော်ရှိခဲ့ရာမှ ငွေကျပ် ရှစ်သောင်း ကျော် အထိ မြင့်တက်လာသည်ဟု ဒေသခံများထံက သိရသည်။ “ဆန်စျေးနှုန်းတွေက တအားတက်နေပါတယ်။ အဲလောက်တက်နေရင် ပြည်သူလူထုကလည်း စားရေး သောက်ရေး အခက်အခဲတွေ ဘယ်လိုဖြစ် နေမလဲ စဉ်းစားကြည့်ပါလေ။ အသွားအလာကလည်း ကန့်သတ် ထားတယ်ဆိုတော့ တစ်ရွာမှာမရှိလို့ တခြားတစ်ရွာကို သွားဝယ်မယ်ဆိုရင်တောင် အခက်အခဲနဲ့ ကြုံနေရ ပါတယ်“ ဟု မောင်တောဒေသခံ ဦးခင်မောင်က ပြောသည်။
- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် သေနတ်လွယ်ပြီး ပဲစိုက်နေသည့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ပုလဲတပ်ရင်း(၁) Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့( နိုဝင်ဘာ ၁၆ ရက်) နံနက် ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ဇီးဖြူကုန်းပျူစခန်းမှ ပျူစောထီး ၁၁ ဦးသည် ရွာ၏အနောက်မြောက်ဘက်ရှိ လယ်ကွင်းများတွင် သေနတ်လွယ်ပြီး ပဲစိုက်နေခဲ့သည်။Royal Eagle (Pale) ၏ တပ်စိတ် (၁)စိတ် ခုနစ်ဦးပါ ရှေ့ကင်းရဲဘော်များကသိရှိ၍ လက်ဦးမှုရယူ ပစ်ခက်တိုက်ခိုက်ခဲ့ ရာ ပျူများထိခိုက်ကျဆုံးမှုရှိကြောင်း Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ မိနစ် ၃၀ ခန့် ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်အုပ်စုဘက်က အင်အားထပ်တိုးလာကာ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆုတ်ခွာခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
- စစ်ကိုင်းမြို့နယ်၊ ရေမြတ်ရွာတွင် နေထိုင်သည့် ပျူစောထီး ကျော်ဆောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုန်းတောဖွံ့ဖြိုးရေးကျောင်းပေါက်အနီး ဆိုင်ကယ် ဖြင့် ပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် ကျော်ဆောင်ကို ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီးအဖွဲ့ဝင် ကျော်ဆောင်သည် လူငယ်များအား PDF ဟုစွပ်စွဲပြီး တိုင်ကြားခြင်း၊ စစ်ကောင်စီ အလိုကျ ခိုင်းစေခြင်းများကို ဆောင်ရွက်ပေးခြင်း၊ လောင်းကစား လုပ်ငန်းများကို ပြုလုပ်နေခြင်း၊ စစ်ကောင်စီအား ပေါ်ပေါ်ထင်ထင် ထောက်တိုင်ပြုလုပ်ပေးခြင်းကြောင့် ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။