အင်တာဗျူး

ကရင်လူထုတွေ့ဆုံပွဲနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၆

မေး။ ။ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ကရင်လူထုတွေ့ဆုံပွဲ အဓိက ရည်ရွယ်ချက်ကို သိချင်ပါတယ်။

ဖြေ။ ။ ငြိမ်းချမ်းရေးကြိုးစားစဉ်ကာလက ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ ၁၀ နှစ်နီးပါး ဒီလိုပဲ စတင်ပြီးတော့ ပြန်လည်ပေါင်းစည်းရေး အတွက် လမ်းစတွေရှာပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တာ အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တခါမှအခုလို ပေါ်ပေါ်ထင်ထင် တွေ့ဆုံတာတော့မရှိခဲ့ဘူး။ ဒါက ပထမဆုံးကြိမ်ပြောမယ်ဆိုလည်း ပြောလို့ရတာပေါ့လေ။

ဆိုတော့ အဓိကအချက်ကဘာလဲဆိုတော့ ကျနော်တို့က KNU ဖက်ကတော့ ကျနော်တို့တွေ ဘယ်လိုပဲကွဲပြားနေကျပါစေ ကျနော်တို့ KNU ကရင့်အမျိုးသားအစည်းရုံး မူဝါဒကတော့ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုကို ကိုယ်တိုင်ကိုယ်ကျ ဆင်းပြီးတော့ ပြောပြဖို့တော့လိုတယ်။ နောက်ပြီး ကိုဗစ်ဖြစ်တာလည်း ဖြစ်နေတဲ့အခါကျတော့ သွားဖို့လာဖို့ကလည်း မလွယ်ဘူး အဲ့ဒီအခါ ဒီလိုထိတွေ့ခွင့်ကအရမ်းကိုနည်းပါးတယ်။

ဒီဘက်မှာတော့ ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေရ လူထုကိုချပြဖို့အခွင့်ကောင်းပဲ၊ တချိန်ထဲမှာပဲ ကွဲပြားနေတဲ့ ကျနော်တို့ ကရင်အဖွဲ့အစည်းတွေကို တခါတည်းသေချာပြောပြလိုတယ်ဆိုတဲ့အခါမှာ တွေ့ဆုံ ကျတာ ပေါ့လေ၊ ဒါလည်းအထူးအဆန်းကြီးတော့မဟုတ်ဘူး အထူးသဖြင့် ကျနော်တို့ရဲ့အတွင်းမှာရှိနေတဲ့ ပဋိပက္ခတွေကို ဒီထက်ပိုပြီးမကြီးမားအောင်၊ နောက်ပြီးဒီချိန်ဒီကာလက စစ်အာဏာရှင်ကို တော်လှန်တိုက် ဖျက်ချေမှုန်း ပြစ်ရမဲ့ အချိန်အခါဖြစ်တာနဲ့အညီ ဒါကိုအာရုံမစိုက်ဘဲနဲ့ ကိုယ့်အချင်းချင်းပဲ စကားများရန်ဖြစ် နေတာက အလုပ်မဖြစ်ဘူးလေ၊ အဲ့ဒါကြောင့် ဒီအချိန်ဒီကာလက တတ်နိုင်သမျှ ကျနော်တို့အချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ ရှင်းလင်းပြောပြပြီး လုပ်စရာရှိတာတွေ လုပ်ဆောင်သွားဖို့ ပြောပြပေး တာရှိပါတယ်။

မေး။ ။ ဒီကရင်လူထုတွေ့ဆုံပွဲက ကရင်ခေါင်းဆောင်တွေကြား စည်းလုံးညီညွတ်ရေးအတွက် အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ ကျနော်တို့လက်တွေ့ မြေပြင်မှာတွေ့ကြုံနေရတဲ့အနေအထားကတော့ ဘယ်အဆင့်ပဲရရပေါ့နော၊ အောက်ဆုံးအဆင့် ကိုယ့်အချင်းချင်း ရန်မဖြစ်ကြဖို့က ကျနော်တို့အတွက် အကောင်းဖက်ကိုဦးတည်တယ်လို့ပဲ ပြောရမှာပေါ့၊ ဘာဖစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့အချိန်ကာလတုန်းမှာ တယောက်နဲ့တယောက် နားလည်မှုတွေလွဲပြီး ပဋိပက္ခတွေဖြစ်ခဲ့ကြတယ်။ ရန်သူရဲ့အကျိုးစီးပွားကိုပဲဖြစ်စေခဲ့တာက ဆယ်စုနှစ်ကြာပြီးတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေ ဖြစ်တယ်ဆိုတာ ဘယ်လိုမှရှောင်လွဲလို့မရတဲ့ကိစ္စတခုဖြစ်တယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့အချင်းချင်း ကြားမှာ နားလည်မှုယူပြီးတော့ ပြန်လည်ပေါင်းစည်းရေးအတွက် လုံးပမ်းလာခဲ့ကြတာ လည်း အများသိတဲ့အတိုင်းပါပဲ။ သို့သော်ညားလည်း ထင်သလောက်လဲမလွယ်ကူဘူးဆိုတာ ဒီကနေ့ ဆယ်နှစ်လောက်ဖြစ်လာတဲ့အချိန်မှာ ဘယ်ဘာရလာဒ်တွေလဲပေါ့။

ကျနော်တို့လိုချင်တဲ့နေရာကို မရောက်သေးဘူးဆိုတာရှင်းနေတာပဲလေ၊ သို့သော်လည်း တချိန်ထဲမှာ ဒီလိုခက်ခဲကြမ်းသန်းတဲ့ကာကကို ကျနော်တို့ ရင်ဆိုင်နေရတဲ့အချိန်မှာ KNU ကိုယ်တိုင်ကလည်း ဒီလိုရှင်းလင်းပျက်သားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ထားရှိပြီးတော့ တကယ်လုပ်ဆောင်နေတဲ့အခါမှာ ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံနေတဲ့အချိန်မှာ ကိုယ့်အချင်းချင်းကြား မဖြစ်သင့် မဖြစ်ထိုက်တဲ့ခါ တွေကိုတော့ ရှောင်ရှားနိုင်ရင်တော့ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်တို့က အလေး အနက် ယုံကြည်တဲ့ အပေါ်မှာပဲ တဖွဲ့တည်းမတည်ဆောက်နိုင်ရင်ထား ကိုယ့်အချင်းချင်းကြားမှာ အငြင်းမပွားဘဲနဲ့ အပေး အယူရှိရှိနဲ့ လုပ်ဆောင်နိုင်လို့ရှိရင် ပိုပြီးတော့ကောင်းလိမ့်မယ်ဆိုတဲ့အပေါ်မှာပဲ ကျနော်တို့ လုပ်ဆောင်လာတဲ့အခါ ဒါကတော့ အခြားအမြင်မှာတော့ တစ်ဖွဲ့တည်းဖြစ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး ပြောဆိုနေပေမဲ့ ကျနော်တို့ အတွက်က တာက အင်မတန်ကောင်းတဲ့ ခြေလှမ်းလို့ပဲပြောရမှာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ကိုယ့်ကိုယ် မကူညီချင်နေ မနောက်ယှက်ပါနဲ့ဆိုတဲ့ အရပ်စကားရှိခဲ့တာပဲ အဲ့ဒါတွက်ကြောင့် ဒီလိုအချိန်ကာလမှာတော့ အချင်းချင်းမနောက်ယှာက်ကျရင်တော့ အတော်လည်းကို အခြေနေကောင်းတယ်လို့ပဲပြောရမှာပေါ့လေ။

မေး။ ။ ဒီကရင်လူထုတွေ့ဆုံပွဲနှင့်အတူ ကရင်ခေါင်းဆောင်တွေကြား စည်းလုံးညီညွတ်ရေးက နွေဦးတော်လှန်ရေးအပါအဝင်၊ ကရင့်ကြမ္မာ ကရင်ဖန်တီးအတွက် ဘယ်လိုအရေးပါလဲ။

ဖြေ။ ။ ကျနော်တို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆောင်ရွက်တဲ့အခါမှာကျတော့ လူအမျိုးမျိုး သဘောထား မတူညီတာတွေ တွေ့မြင်ရတဲ့အခါမှာ မတူညီကွဲပြားတဲ့အနေအထားတခုကို ကျနော်တို့ပေါင်းစည်းဖို့ လုပ်နေတဲ့အချိန်မှာ အခက်အခဲတွေအများကြီးရှိပါတယ်။

အဲ့လိုစိန်ခေါ်မှုတွေရှိနေတဲ့အထဲမှာမှ ကိုယ့်အတွင်းထဲ မှာ ဒီစိန်ခေါ်မှုကို ကျော်လွှာဖို့လိုတယ် ဒါက ပထမအချက်ပေါ့နော။ ဒီပထမအချက်ကိုတောင်မှာ မကျော်လွှာနိုင်လို့ ရှိရင် ကျနော်တို့တကယ်မျှော်မှန်းထားတဲ့ တပြည်လုံးအတိုင်းအတာအနေနဲ့ စိန်ခေါ်မှုကိုကျော်လွှားဖို့ဆိုတာ ဒါကတော့ လက်တွေ့အရပြောမယ်ဆိုရင် ဒီအိုရီအရသဘောတရားဆန်ဆန်ပဲပြောတာဖြစ်လိမ့်မယ်။ လက်တွေ့ အရတော့ မဖြစ်နိုင်ဘူး။

အဲ့ဒီတော့ လက်တွေ့ဖြစ်တဲ့ခါကို ကျနော်တို့ပြောဆိုဖို့လိုတဲ့အခါမှာကျတော့ ကိုယ့်အတွင်းထဲမှာရှိတဲ့ မတူညီမှု ကိုခါချပြီးတော့ ဒီမတူညီနေတဲ့ထဲကခါပဲ ကျနော်တို့ဘယ်လို စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင် လဲဆိုတဲ့ နည်းလမ်းတွေကို ကျနော်တို့ နည်းလမ်းရှာရမယ့်အချိန်ကာလဖြစ်တဲ့အခါမှာ အခုနပြော သလိုပဲ ဒီလိုဒီအချိန် ကာလမျိုးမှာ ကိုယ့်အချင်းချင်း ပဋိပက္ခအဖြစ်ဘူး ရှောင်ရှားနိုင်ကြမယ်ဆိုရင်တော့ တစ်ပြည်လုံးစစ်အာဏာရှင် တိုက်ဖျက်ရေးမှာ အများကြီးအထောက်အကူပြုတယ်ဆိုတာက ရှင်းနေတယ်လေ။

အဲ့ဒါကြောင့်မို့ တစ်ဆင့်တက်ပြီးတော့ ကျနော်တို့ တစ်ပြည်လုံးဆောင်တဲ့ စစ်အာဏာရှင်တိုက်ဖျက်နေတဲ့အခါမှာ ဒီဟာတွေက တကယ့်အဟန့်အတားဖြစ်တယ်ဆိုတာကတော့ ယုံမှားစရာမရှိဘူး။ လက်တွေ့ဘဝပဲ။ ဒါကတော့ ကျနော်တို့ယုံကြည်ပါတယ်။

ကိုယ့်အချင်းချင်း နောက်ယှက်မှုမပြုသ၍တော့ ဒါကတော့နားလည်မှုရှိရှိနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် အခက်အခဲဘယ်လောက်ပဲကြုံကြုံ ကျော်လွှားနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲ့ဒါတွက်ကြေင့်မို့လို့ ကျနော်တို့မျှော်မှန်ထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်သော်လည်းကောင်း၊ ကိုယ်ပိုင်တန်းတူရေးကို သော်လည်းကောင်း ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ရော အများကြီး အထောက် အကူပြု မယ်လို့ ကျနော် ယူဆပါတယ်။

မေး။ ။ ဒီကရင်လူထုတွေ့ဆုံပွဲကနေ နိုင်ငံရေးအရ ဘယ်လိုသဘောတူညီချက်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့လဲ။

ဖြေ။ ။ လူထုတွေ့ဆုံဆွေးနွေးပွဲနဲ့ပါတ်သက်ပြီးတော့ သဘောတူညီချက်ရယ်လို့တော့ ထူးထူးခြားခြားမရှိပါဘူး။ အဓိကကျတာကတော့ တစ်နှစ်အတွင်းမှာ ကျနော်တို့ မတွေ့ဆုံဖြစ်တာ လက်နက်အဖွဲ့တွေ၊ လူထုတွေကို ကိုယ့်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို သေချာရှင်းလင်းတင်ပြတာရေ အဲ့တာတွေက အဓိကအကြောင်းအရာတွေပါ။

ဒါထက်ပိုပြီးတော့ ပြောရမယ်ဆိုရင် ကျနော်တို့က ဒီထက်ကျော်လွှာပြီးတော့ အထူးသဖြင့် ယခုကာလမှာ အပြင်းထန်ဆုံးရင်ဆိုင်နေရတဲ့ အာဏာရှင်စနစ်အဆိုးဝါးဆုံး အချိန်ကာလကို ကျနော်တို့တိုက်ဖျက်တဲ့နေရာမှာ နားလည်မှုရှိဖို့က သိပ်အရေးကြီးတဲ့ အရာတခုပါပဲ။

သဘောတူညီမှုကို စာချုပ်စာတမ်းနဲ့ ထင်ထင်ရှားရှားနဲ့လုပ်မှာထက် ကျနော်တို့ တယောက်နဲ့တယောက်နဲ့ နားလည်မှုရှိရှိနဲ့ ဒီအချိန်ဒီကာလကို ဘယ်လိုလက်တွဲလုပ်ဆောင်သွားမလဲဆိုတာ အရေးကြီးဆုံးအရာ ဖြစ်တယ်။ ဒါကြောင့် ပြောနိုင်တာက ဒီနေ့ဒီကာလမှာ ကိုယ့်ရဲ့ ကွဲပြားနေတဲ့ကြားထဲကပဲ နားလည်မှုရှိပြီးတော့ ရှေ့ဆက်သွားနေပါတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိဦးမလား။

မေး။ ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီနေ့ဒီအချိန်ခါ အင်မတန်မှပြင်းထန်ဆုံး အခြေအနေတခုကို ကျနော်တို့ရင်ဆိုင်သွားနေရတယ်။ အထူးသဖြင့်ပြည်သူလူထုရော၊ ကျနော်တို့ တော်လှန်ရေးသမားတွေရော ဒီနေ့ဒီကာလမှာ ကျနော်တို့က တော်လှန်ရေးမအောင်မချင်း ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းကို သတိဝိရိရရှိရှိနဲ့လုပ်ရတဲ့အပေါ်မှာ တံခင်းတမ့ခင်းပဲလုပ်လုပ်၊ နိုင်ငံရေးပဲလုပ်လုပ်၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကျနော်တို့ စစ်ရေးလုပ်ငန်းပဲဖြစ်ဖြစ် အားလုံးက ပြည်သူနဲ့အတူ ကျနော်တို့က တော်လှန်ရေးသမားတွေဖြစ်တာနဲ့အညီ တော်လှန်ရေး သတိဝိရီရရှိရှိနဲ့ ကိုယ်လုပ်တဲ့အရာတိုင်းက အခြေခံလုံလုံနဲ့ လုပ်ဖို့လိုတယ်။

ဒီအချိန်ဒီကာလမှာ ကိုယ်က ထိတ်ကနဲရှိရင် တခါတည်း ထပြီးကြွားရမယ့် အချိန်မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်လုပ်တဲ့အလုပ်တိုင်း ပီပီပြင်ပြင်လုပ်နိုင်ဖို့အရေးကြီးတယ်။ ဒီလိုလုပ်နိုင်မှ သာလျှင်ကိုယ်က ဆက်ပြီးတော့ စစ်အာဏာရှင်တိုက်ဖျက်ဖို့က အခွင့်အရေးရလာမှာဖြစ်တယ်။

Related Articles

Back to top button