သတင်း

ဒေသတွင်း မူးယစ်ဆေးပြား(WY) တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ MBPDF 2 သတင်းထုတ်ပြန်

ဓါတ်ပုံ – MBPDF 2 သတင်း နှင့် ပြန်ကြားရေး ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နို၀င်ဘာ ၇

ဒေသတွင်း မူးယစ်ဆေးပြား(WY) တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MBPDF 2) က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၃ရက်နေ့က ဒေသတွင်းတစ်နေရာမှာ အရပ်သား သတင်းပေးမှုဖြင့် ကျေးရွှာလူကြီးတို့နဲ့ ပူးပေါင်းပြီး သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့အပြီးမှာတော့ ဆေးပြား အလုံးရေ (၁၁၂၀၀)ကျော် တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီဆေးပြားများကို ဖမ်းဆီးရမယ့်တဲ့ နေရာအိမ်၊ နေရာမှာတင် မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မူးယစ်ဆေးပြား (WY) ရောင်း၀ယ် ဖြန့်ဖြူး သူကို သွားရောက်ဖမ်းဆီးခဲ့တာကတော့ တပ်ရင်းအမှတ် ၁၀၀၇ MOBYE တပ်ရင်း ၂ , KNDF B-03 တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

အခုလို မူးယစ်ဆေးပြား (WY) ရောင်း၀ယ်ဖြန့်ဖြူးသူများကို အရေးယူ ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့နဲ့ ဆက်စပ် ရောင်းဝယ် တင်သွင်း သူများကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်ရင်းအမှတ် ၁၀၀၇ MOBYE တပ်ရင်း၂ ဟာ စစ်အာဏာရှင်ကို တော်လှန်သည် သာမက လူကို အညွှန့် တုံးစေသော မူးယစ်ဆေးပြား (Wy)ကို တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

Related Articles

Back to top button