တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

မိုးမောက်မှာ စစ်ကြောင်း သုံးကြောင်းဖြစ် နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လွမ်ဂျာဘွမ် တောင်ကြောအနီး စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းဖြစ် နယ်မြေကျူးကျော်လာတာကြောင့် KIA တပ်ဖွဲ့တို့နဲ့ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မွန်းတည့်ချိန်ခန့်က နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ကချင်သတင်းဌာန ဘက်က သတင်းထုတ်ပြန်ပါတယ်။

မိုးမောက်မြို့နယ် KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၅) နယ်မြေ လွမ်ဂျာဘွမ် တောင်ကြောအနီး လုံခြုံရေး နေရာ ယူထားတဲ့ KIA နယ်မြေထဲ စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းဖြစ်တဲ့ ခလရ (၂၃၇)၊ ခမရ (၄၃၇) နှင့် တပ်မ (၈၈) ပူးပေါင်း စစ်ကြောင်းအဖွဲ့တို့ဟာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်မှာ အင်အား ၁၀၀ ဝန်းကျင်ဖြစ် နယ်မြေကျူးကျော် ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

စစ်ကြောင်း သုံးကြောင်းဖြစ် နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှု ရှိလာတာ ကြောင့် လက်နက်ကြီး ပစ်ကူအပါအဝင်၊ လေကြောင်းဖြစ်ပါ တိုက်ခိုက်လာခဲ့တယ်လို့ ဒေသခံများက ပြောဆို ကြပါတယ်။

စစ်ကောင်စီတပ်တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင်သို့ လက်နက်ကြီး (၇၉) မမ တို့ဖြစ် ပစ်ခတ်ခဲ့သလို စစ်ကောင်စီတပ်ဟာ မွန်းလွဲ ၃ နာရီခွဲ ဝန်းကျင်ခန့်မှာတော့ ဂျက်လေယဉ်တို့ဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုစားရင်းကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင်၊ လေယဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ အနီးဝန်းကျင်က ဒေသခံများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်ဒေသက KIA နယ်မြေအနီးဝန်းကျင်တို့မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြစ် စစ်အင်အားအများအပြား ဖြည့်တင်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button