သတင်း

ဟားခါး-ထန်တလန်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြစ် ဗုံးကြဲတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၈

ဟားခါး-ထန်တလန်အကြား CNA, CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တို့ကြား ယမန်နေ့ အောက်တိုဘာ ၁၇ရက်က နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြု လုပ်သွားခဲ့တယ်လို့ မြို့ခံတွေက အတည်ပြုပြောဆိုပါတယ်။

“ညနေပိုင်း ၂နာရီခွဲခန့်မှာ ပထမအကြိမ် တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ ဗုံး ၄လုံးပစ်ချသွားတယ်။ ညနေ ၅နာရီခွဲလောက်မှာလည်း ဒုတိယအကြိမ် လာ ရောက် ဗုံးကြဲသွားတယ်၊ ပေါက်ကွဲသံက တအားကျယ်တယ်” လို့ မြို့ခံတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။

နှစ်ဖက်တိုက်ပွဲဟာ ညနေ မှောင်ရီပျိုးခါစမှာ ငြိမ်သက်သွားပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ သက်ဆိုင်ရာများက စုံစမ်း နေတယ်လို့ သိရပါတယ်။

မြို့ခံတွေရဲ့ ပြောပြအချက်အရတော့ ဟားခါးမြို့တွင်းမှာ ကာကွယ်ရေးတပ် တို့နှင့် စစ်ကောင်စီတပ်တို့ကြား မြေပြင်မှာ နှစ်ဖက်တင်းမာမှု ဖြစ်ပွားနေပြီး ဘယ်လောက်အထိ ပြင်းထန်လာမလဲ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေ တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button