စကားဝိုင်း

လက်ရှိကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်စေနိုင်မလဲ(စကားဝိုင်း အနှစ်ချုပ်)

လက်ရှိကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်စေနိုင်မလဲ(စကားဝိုင်း အနှစ်ချုပ်)

 

“အကောင်းဆုံးကတော့ စစ်တပ်မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တခုကို တည်ဆောက်လို့ရမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း အဲ့လိုပဲ မျှော်မှန်းပါတယ်။ အဲ့ဒါက အကောင်းဆုံးလဏ္ခာပဲ။

 

စစ်တပ်က အတားအဆီးတခုပါပဲ၊ စစ်တပ်က တိုင်းပြည် ရဲ့ ကယ်တင်ရှင်လို့ သူတို့ကိုသူတို့မှတ်ယူနေတဲ့အတွက်နဲ့ သူတို့က သဘောထားမပေးလို့ရှိရင် ဘယ်သူ့ကိုမှ ပုံမထားဘူးဆိုတဲ့သဘော သူတို့မှာရှိတယ်။ အဲ့လိုပုံစံမျိုး စစ်တပ်နဲ့ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးဆွေးနွေး နေရတာက တော်တော်လည်းအခက်အခဲရှိတယ်။

 

တပ်မတော်အနေနဲ့က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားပြောလိုက်တာနဲ့ ခွဲထွက်ဖို့လား ဆိုတာက သူတို့အယူအဆပဲ။ သူတို့ရဲ့အမြင်က တိုင်းပြည်လွတ်လပ်ရေးကို သူတို့ယူပေးခဲ့တယ်။ ဒီလွတ်လပ်ရေးကို တည်မြဲဖို့အတွက် တည်ငြိမ်ဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ဟာ ကို တစိုက်မတ်မတ် မှတ်ယူနေတယ်။ တပ်မတော်ဆိုတာက ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာ လက်နက်ရှိတယ်။

 

လက်နက်ရှိလို့ပဲ အခုသူတို့ အာဏာသိမ်းလိုက်တာပေါ့။ ဒီလက်နက်ကို သူတို့က သူတို့ရဲ့ အသက်လို့ ခံယူထား တယ်။ ဒီလက်နက်ရှိလို့ရှိရင် ကျနော်တို့အတွက် ဘာမှပူစရာမလိုဘူးဆိုတဲ့ သဘောမျိုး သူတို့မှာရှိတယ်။ ရှင်းရှင်း ပြောလိုက်ပါမယ် ကျနော်တို့လည်း လုံခြုံးရေးကဏ္ဍမှာ ဆွေးနွေးကြတယ်။

 

ဆွေးနွေးတဲ့ချိန် သူတို့က ဘာပြောလဲ ဆိုတော့ လက်နက်မရှိဘဲ နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ ပေးနိုင်တယ်။ သို့သော် ပြည်နယ် ကာကွယ်ရေးတပ်ကို သူတို့ မပေးလိုဘူး။ သူတို့ပြောတာက နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ပေးနိုင်တယ်။ လက်နက်ကိုင်ဆောင်ခွင့်ကို ကျနော်တို့ မပေးနိုင်ဘူး။

 

လက်နက်ကိုင်လုပ်ဆောင်ခွင့်ကို ပေးလိုက်ရင် နောင်တချိန် ကျနော်တို့ကို ဆန့်ကျင်တော်လှန်ပြီး ခွဲထွက်လာနိုင်တယ်။ ဒါကြောင့် ပြည်နယ် တပ်မတော်ကို လုံးဝ မပေးနိုင်ဘူး ဆိုတာကို သူတို့ပြောတဲ့ စကားရှိတယ်”

 

ခိုင်စောမြ

ဒီနေ့အချိန်ခါမှာ NUG ကလည်း စစ်အစိုးရကို အကြမ်းဖက်အဖွဲ့ဆိုပြီး ကြေညာသလို၊ စစ်အစိုးအရကလည်း NUG ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာ ပြောဆိုခဲ့တယ်။ နိုင်ငံရေးအပြောင်းအလဲဆိုတာကတော့ ဒီနေ့တမျိုးပြောနေ သော်လည်း မနက်ဖန်တမျိုးပြန်ပြောရင်ပြောနိုင်တယ်။ ကျနော်တို့ ရှေ့မှာ သာဓကတွေလည်း အများကြီးရှိခဲ့ပြီးပါ ပြီ။ ဒီအဖွဲ့ကို အကြမ်းလို့ကြေညာ၊ ဟိုအဖွဲ့ကို အကြမ်းဖက်လို့ကြေညာ ခဲ့တာတွေရှိပါတယ်။

 

ပြီးတော့ အကြမ်းဖက် အဖြစ်က ပြန်ရုပ်သိမ်းလိုက်ကြောင်းဆိုပြီး ဆိုပြန်တယ်။ ဆိုတော့ ဒီနေ့ဒီအချိန်မှာ တဖက်နဲ့ တဖက် အကြမ်းဖက်လို့ ကြေညာနေသော်လည်း ဗမာပြည်ရဲ့ ဖြစ်ပေါ်ပြောင်းလဲလာမှုအပေါ်မှာ ဘာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေးတခုကို မဖြစ်မနေလုပ်ရလိမ့်မယ်။ အဲ့ဒါမှပဲ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

 

အဲ့ဒီအချိန်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ လက်နက်ကိုင်တပ်ဖွဲ့အားလုံးပါဝင်ရမှာဖြစ်သလို NUG/PDF တွေရော အားလုံးပါဝင်ရပါလိမ့်မယ်။ ဒီလို နိုင်ငံရေးတွေဆုံဆွေးနွေးပွဲတခုကို မလုပ်ပေးပါက ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာက ကျနော်မြင်တာက ဖြေရှင်းလို့မရပါဘူး။ တကယ်လိုရတယ်ဆိုရင်တောင် အစိပ်အပိုင်းလောက်ပဲ ရပါလိမ့်မယ်။

 

စစ်အစိုးရက NUG ကို အကြမ်းဖက်လို့ ဘယ်လောက်ပဲပြောပြော တနေ့ သူတို့အနေနဲ့ လက်ခံဆွေးနွေးဖို့က လက်ခံဖို့လိုအပ်ပါလိမ့်မယ်။  NUG ကိုရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော စစ်အစိုးရက စိတ်စေတနာ စိတ်သန့်သန့် ရှင်းရှင်းနဲ့ ဒီနေ့ ဗမာပြည်ရဲ့ ဖြစ်ပျက်မှုကို ပြေလည်စေချင်တယ်ဆိုလို့ရှိရင် အကုန်လုံးကိုခေါ်တွေ့ဖို့လိုပါတယ်။ ဒီလိုတွေ့ အဖြေရှာမှ အဖြေတခုရလိမ့်မယ်။

 

အခု ဆွေးနွေးနေတာတွေဟာလည်း အစိပ်အပိုင်းတခုပဲဖြစ်ပါတယ်။ မပြီးပျက်ပါ။ မအောင်မြင်နိုင်ပါ။ သို့သော်မအောင်မြင်ရင်လည်း သူတို့က တရွှဲ့ဆွဲပြီးသွားမယ်ဆိုရင်လည်း သွားရုံပဲ ရှိတယ်။ အပြီးပျက် ငြိမ်းချမ်းရေးတခုအနေနဲ့တော့ လက်ရှိအနေအထားတော့ ဘယ်လိုမှသွားလို့မရဘူး။

 

သူတို့ရဲ့ တရွှဲ့တိုက်ပြီး တဖြည်းဖည်းဆွဲပြီးသွားနေတာက ဘယ်လိုစိတ်ဓါတ်နဲ့ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ကျနော်တို့ မသိဘူး။ ဒါကို ကျနော်တို့က လုပ်ရင်းကိုင်ရင်းနဲ့ တိုက်ကြည့်ရမယ်။ သို့သော် ဗမာပြည်တပြည်လုံး ငြိမ်းချမ်းသာယာဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ NUG/PDF အားလုံးပါဝင်ဆွေးနွေးပွဲတခု လိုကိုလိုပါ တယ်။ ဒါမှသာလျှင် ဗမာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။

 

လက်ရှိ သူတို့ အကြမ်းဖက်လို့ ကြေညာထားတဲ့အဖွဲ့တွေကို နောင်တချိန်မှာ အကြမ်းဖက်အဖွဲ့မဟုတ်ဘူးဆိုပြီး ကြေညာကို ကြေညာရပါလိမ့်မယ်။ ဘာလို့ဆိုရင် သာက စစ်အစိုးရရဲ့ သဘောသဘာဝကို ကျနော်တို့ လေ့လာရသလောက် တော့ ဒီလိုပဲဖြစ်လာပါလိမ့်မယ်။

 

အကောင်းဆုံးကတော့ စစ်တပ်မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်တခုကို တည်ဆောက်လို့ရမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း အဲ့လိုပဲ မျှော်မှန်းပါတယ်။ အဲ့ဒါက အကောင်းဆုံးလဏ္ခာပဲ။ စစ်တပ်က အတားအဆီးတခုပါပဲ၊ စစ်တပ်က တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ သူတို့ကိုသူတို့မှတ်ယူနေတဲ့အတွက်နဲ့ သူတို့က သဘောထားမပေးလို့ရှိရင် ဘယ်သူ့ကိုမှ ပုံမထားဘူးဆိုတဲ့သဘော သူတို့မှာရှိတယ်။ အဲ့လိုပုံစံမျိုး စစ်တပ်နဲ့ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး ဆွေးနွေးနေရတာက တော်တော်လည်းအခက်အခဲရှိတယ်။ နိုင်ငံရေးပါတီတွေနဲ့က ဒီလောက်မဟုတ်ဘူး။

 

အဓိက က တပ်မတော်နဲ့ ထစ်ချို့မှုရှိတယ်။ တပ်မတော်အနေနဲ့ ဒီလူတွေအပေါ်မှာ သံသယကြီးနေတာကို တွေ့ရှိရတယ်။ တပ်မတော်အနေနဲ့က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားပြောလိုက်တာနဲ့ ခွဲထွက်ဖို့လား ဆိုတာက သူတို့အယူအဆပဲ။ သူတို့ရဲ့အမြင်က တိုင်းပြည်လွတ်လပ်ရေးကို သူတို့ယူပေးခဲ့တယ်။

 

ဒီလွတ်လပ်ရေးကို တည်မြဲဖို့အတွက် တည်ငြိမ်ဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ဟာကို တစိုက်မတ်မတ် မှတ်ယူနေတယ်။ အဲ့ဒါကို ကျနော်တို့ ကျနော်တို့ ကျော်ဖြတ်နိုင်ဖို့လိုတယ်။ ကျော်ဖြတ်ဖို့ဆိုရင် ဘယ်လို ကျော်ဖြတ်မလဲ တပ်မတော် မပါဝင်ဘဲနဲ့ နိုင်ငံရေးအခင်းအကျင်းကို ကျနော်တို့ ကျော်ဖြတ်နိုင်လို့ ရနိုင်မလားဆိုတော့၊ မရနိုင်ဘူး။ ဥပမာ တပ်မတော်ကို ဘေးဖယ်ထားလိုက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးစားကြမယ် ဆိုရင် ဒါလက်တွေ့မှာ ဖြစ်လာနိုင်စရာ ကျနော်က သိပ်မတွေ့ဘူး။ တပ်မတော်ဆိုတာက ဘာပဲဖြစ်ဖြစ် သူတို့ဆီမှာ လက်နက်ရှိတယ်။

 

လက်နက်ရှိလို့ပဲ အခုသူတို့ အာဏာသိမ်းလိုက်တာပေါ့။ ဒီလက်နက်ကို သူတို့က သူတို့ရဲ့ အသက်လို့ ခံယူထားတယ်။ ဒီလက်နက်ရှိလို့ရှိရင် ကျနော်တို့အတွက် ဘာမှပူစရာမလိုဘူးဆိုတဲ့ သဘောမျိုး သူတို့မှာရှိတယ်။ ရှင်းရှင်းပြောလိုက်ပါမယ် ကျနော်တို့လည်း လုံခြုံးရေးကဏ္ဍမှာ ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့ ချိန် သူတို့က ဘာပြောလဲဆိုတော့ လက်နက်မရှိဘဲ နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ ပေးနိုင်တယ်။ သို့သော် ပြည်နယ် ကာကွယ်ရေးတပ်ကို သူတို့မပေးလိုဘူး။ သူတို့ပြောတာက နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ပေးနိုင်တယ်။

 

လက်နက်ကိုင် ဆောင်ခွင့်ကို ကျနော်တို့မပေးနိုင်ဘူး။ လက်နက်ကိုင်လုပ်ဆောင်ခွင့်ကို ပေးလိုက်ရင် နောင်တချိန် ကျနော်တို့ကို ဆန့်ကျင်တော်လှန်ပြီး ခွဲထွက်လာနိုင်တယ်။ ဒါကြောင့် ပြည်နယ် တပ်မတော်ကို လုံးဝ မပေးနိုင်ဘူး ဆိုတာကို သူတို့ပြောတဲ့ စကားရှိတယ်။ လက်နက်မပါတဲ့ နိုင်ငံရေးစကားကို သူတို့ သိပ်မကြောက်ဘူး။ အဲ့ဒါကို အချိန်မရွေး သူတို့ဖြေရှင်းနိုင်တယ်။ သူတို့စိတ်ထဲမှာ အဲ့ဒီအတွေးတွေရှိနေတယ်။ အဲ့ဒါကြောင့် အခုသူတို့အာဏာသိမ်းလိုက် တာလည်း အဲဒီကိစ္စပဲ။

 

ဆိုတော့ တပ်မတော်ကို မပါဘဲနဲ့ နိုင်ငံရေးအခင်းကျဉ်းတွေကို ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေနဲ့စုပေါင်းပြီး နိုင်ငံရေးအခင်းအကျင်းတခုလုပ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်လို့ရှိရင် အကောင်းဆုံး ပါပဲ။ သို့သော် ကျနော်တို့ရဲ့ အမြင်အရ ဖြစ်နိုင်ပါ့မလား၊ သူတို့မပါဘဲနဲ့ ဗမာပြည်ရဲ့ နိုင်ငံရေး တည်ငြိမ်အေးချမ်းရေး သော်လည်းကောင်း၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့အတွက် အဆုံးအဖြတ်ကို သူတို့မပါဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ တည်ဆောက်နိုင်မလား၊ တကယ်လို့ တည်ဆောက်လို့ရှိရင် သူတို့က အနောက်အယှက် ပေးလာလို့ရှိရင် ဘာနဲ့ကျနော်တို့က ကာကွယ်မလဲ၊ အကယ်လို့ သူတို့အပါအဝင် ကျနော်တို့က သဘောတူညီချက်ရ သောအားဖြင့် တည်ဆောက်လိုက်တော့ ဘာပဲပြောပြော ရှေ့အနာဂတ်အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ခရီးဆက်နိုင်မယ်လို့ ကျနော်တို့က အမြင်ရှိတယ်။

 

 ကျနော်တစ်ဦးတစ်ယောက်တည်းရဲ့အမြင်အရဆိုရင် ဘာပဲပြော ပြော တပ်မတော်ဆိုတာ စုစည်းခိုင်မာထားတဲ့ အဖွဲ့အစည်းလည်းတခုဖြစ်တယ်။ လက်နက်ကလည်း ကိုင်တွယ် ထားတယ် နောက်ပြီး လက်ရှိအနေအထားက တရားဝင်သည်ဖြစ်စေမဝင်တည်ဖြစ်စေ နိုင်ငံတော်ကို ဆုပ်ကိုင်ထား တယ်။ ဆုပ်ကိုင်ထားလို့ပဲ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအပါအဝင် NUG/PDF တွေအနေနဲ့ ခုခံတော်လှန်တိုက်ခိုက်နေရတယ်။ တိုက်ခိုက်လို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိမယ်။

 

အတိုင်းအတာတခု ထက် ကျော်လွန်ပြီး အပြီးသတ် တပ်မတော်ကို ကျနော်တို့ နှင်ထုတ်နိုင်တဲ့ အနေအထား ရှိပါ့မလား။ နှင်ထုတ်နိုင်တဲ့ အခြေအနေရှိတယ်ဆိုရင် ကျနော်တို့အတွက် အင်မတန်ကောင်းတာပဲ၊ နှင်ထုတ်ပြီး ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေ စုပေါင်းညီညွှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတခုလုပ်ပြီး အပြောင်းအလဲတခု လုပ်လို့ရှိရင် မြန်မြန်ဆန်ဆန်လည်း ပြီးမယ်ဆိုတာ နားလည်ပါတယ်။

 

အဓိကတော့ တပ်မတော်က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကိုတည်ဆောက်တဲ့နေရာမှာ အဟန့်အတားတခုဖြစ်တယ်ဆို တာကတော့ အမှန်တကယ်ပါပဲ။ သူတို့ သဘောမကျရင် အကုန်လုံးကို ပိတ်ဆို့တားဆီးမယ်၊ သူတို့လိုချင်တဲ့အတိုင်းမဖြစ်ရင် သူတို့က ဖျက်ဆီး ပစ်မယ်။

 

သူတို့ကလည်း ပြောတယ် ခများတို့ ကျနော်တို့ ဘယ်လောက်ပဲဆွေးနွေးဆွေးနွေး ဘယ်လောက်ပဲ သဘောတူညီချက်ရရ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရမှ အကောင်အထည်ဖော်လို့ရမယ်ဖြစ်တဲ့အတွက်လည်း အချက်ပေါင်းများစွာ ကျနော်တို့ သဘောတူညီစေကာမူ တချက်တည်းနဲ့လည်း ဒီနိုင်ငံရေးဆွေးနွေးပျက်ထွက် သွားနိုင်တယ်ဆိုတာလည်း သူတို့ ချပြခဲ့တယ်။

 

စောကျော်ညွှန့်

ကျနော်တို့ ရာစုနှစ်ဝက်ကျော်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြီး ကာလတောက်လျှောက်မှာဆိုရင် နိုင်ငံရဲ့ နယ်စပ် ဒေသမှာ အခြေချတဲ့ တိုင်းရင်းသားအခြေခံတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်ခဲ့တာများ ပါတယ်။ ဒါက ပကဓိအမှန်တရားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၇၄ – ၇၈ ဖြတ်လေးဖြတ် ကာလမှာ တနိုင်ငံလုံးမှာ ပြည်တွင်စစ် အတောက်လောင်ဆုံးအချိန် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာပေါ့။ အဲ့ဒီအချိန်မှာ ကျနော်တို့ ကရင်ပြည်နယ်ဖက်ကို ထိုးစစ်ဆင်လာတဲ့ တပ်မတော်ဘက်ကို ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တွေထဲက အညာသား တွေပဲများတယ်။

 

ဗမာ့တပ်မတော်ဖက်ကနေ ကျနော်တို့ကိုလာတိုက်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ကို ကျနော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် အရင်တုန်းက တပ်မတော်ဖက်ကနေ ကျနော်တို့ကို လာတိုက်နေတဲ့ အညာသားတွေ က တပ်မတော်ကို ပြန်လည်တိုက်ခိုက်တဲ့ အခင်းအကျင်းဆိုတာ ကျနော်တို့အတွက်ကတော့ ဘယ်လိုမှ မကြုံဖူးတဲ့ ကြီးကြီးမားမား ပြောင်းလဲမှုလို့ ကျနော်တို့ ခံစားခဲ့ရတယ်။

 

စက်ဝိုင်းအနားသပ်နားမှာမဟုတ်ဘဲနဲ့ စက်ဝိုင်းရဲ့အထဲမှာ အစဉ်တစိုက် အစိုးရရဲ့ဖက်မှာ ပါဝင်ခဲ့တဲ့လူတွေက ဒီနေ့ အစိုးရကို ပြန်တိုက်ခိုက် တယ်ဆိုတာက ကျနော်တို့အတွက် ပြောင်းလဲမှု ကြီးကြီးမားမားလို့ ကျနော်တို့ ခံစားရပါ တယ်။

 

ဒီလိုမျိုးအခင်းအကျင်းကြောင့်မို့လိုပဲ ကျနော်တို့နိုင်ငံကလည်း တစ်နှစ်ကျော်ကာလမှာ ရိုက်ခတ်မှု က ဘယ်လောက်ပြင်းထန်သလဲဆိုရင် ဒီဇယ် ၁ ဂါလံ နှစ်ထောင်ကျော်ကနေ တစ်သောင်းကျော် ဖြစ်နေတယ်။ တစ်ဒေါ်လာ တစ်ထောင်ကျော်ကနေ သုံးထောင်ကျော်ဖြစ်သွားတာတို့က လက်တွေ့ ပကဓိ အရှိတရားပါပဲ။

 

ဒီအခြေနေမျိုးအောက်မှာ ကျနော်တို့က အင်မတန်ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတခုအောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုံးဝ ရပ်သန့်သွားတယ်။ သို့သော်လည်းပဲ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တချို့နဲ့ စုဖွဲ့ထားတဲ့ PPST ကြားထဲမှာတော့ ဆွေးနွေးမှုတွေဆက်တော့ လုပ်နိုင်တယ်။

 

ဒီနေရာမှာ ကျနော်တို့က အစိုးရဖြစ်ဖြစ် တပ်မတော်ဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ဖြစ် ပါတီတွေပဲဖြစ်ဖြစ် ကျနော်တို့တတွေသည် ကျနော်တို့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို အပြီးသပ်ချုပ်ငြိမ်းပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်က ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရမယ်ဆိုတာ အကုန်လုံးက နားလည်မှုတူတယ်။ အကုန်လုံးကလည်း သဘောတူထားတယ်ခဲ့ပြီးဖြစ်တယ်။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်ထဲက PPST အနေနဲ့ပဲ ထပ်ခါထပ်ခါပြောတာကတော့ ကျနော် စိတ်မကောင်းပါဘူး။

 

လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားဖို့အတွက် ဘယ်နိုင်ငံရေးအစုအဖွဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို တွေ့ဆုံညှိနှိုင်းပြောဆိုမှုရှိတယ် ပြောဆိုရမယ်ဆိုတာကို ကျနော်တို့မှာ ပေါ်လစီရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ NUG နဲ့တော့ PPST အနေနဲ့ တွေ့ဆုံနိုင်ခြင်းတော့ မရှိသေးဘူး။ သိုသော်လည်းပဲ တချို့ကတော့ သွားရောက် တွေ့ဆုံ ညှိနှိုင်မှုတွေရှိသလို၊ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ တခါမှ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်နိုင်သေးပါဘူး။

 

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ သဘောတူထားဆိုတော့ NUG/NUCC ဖြစ်ဖြစ် အဲ့လိုနာမည်လိုက်ပြီးတော့ ခေါ်မယ်ဆိုရင် မပြည့်စုံတာတို့ လိုအပ်တာတို့ ရှိတော့ရှိနိုင်တယ်။ ကျနော်တို့အနေနဲ့ နားလည်တာတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပြောကတည်းက ဒီမိုကရေစီအင်အားစု ပြည်သူလူထုရဲ့ကိုယ်စားပြုမှု အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ပါဝင်ဖို့လိုအပ်မှာဖြစ်သလို ဖက်ဒရယ်လို့ပြောလိုက်မယ်ဆိုရင်လည်း တိုင်းရင်းသားလူမျိုးများ၊ တိုင်းရင်းသားလူမျိုးများထဲက တိုင်းရင်းသားလက်နက်ကိုင်တွေလည်းဖြစ်ရင်ဖြစ်မယ်။

 

တိုင်းရင်းသား နိုင်ငံရေး ပါတီ၊ တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေ၊ အဲ့ဒီတိုင်းရင်းသားတွေကလည်း ပြည်တွင်းကဖြစ်ရင် ဖြစ်မယ်၊ ပြည်ပမှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားလည်းဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေးကို အာရုံစိုက် ရှေးရှုပြီးတော့ လုပ်ဆောင်ဖို့လိုအပ်ပြီဆိုရင်တော့ ဒီမိုကရေစီအင်စု၊ ဖက်ဒရယ်နဲ့ သက်ဆိုင်တဲ့ တိုင်းရင်းသားလူမျိုးများအားလုံး ပါဝင်ညှိနှိုင်းဆွေးနွေးမဲ့ အခင်းအကျင်းကတော့ လိုကိုလိုအပ်ပါမယ်။        

Related Articles

Back to top button