တိုင်းရင်းသားများသတင်း

ကချင်ပြည်နယ် တက္ကသိုလ်ပေါင်းစုံပါဝင်တဲ့ အဆင့်မြင့်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် တက္ကသိုလ်ပေါင်းစုံပါဝင်တဲ့ Kachin State Comprehensive University(KSCU) အဆင့်မြင့်တက္ကသိုလ်ကျောင်းကို တက္ကသိုလ်ပေါင်းစုံက CDM ဆရာ၊ ဆရာမများ ဦးဆောင်ပြီး မြေပြင်မှာ သင်ကြားပေးနိုင်မယ့် သင်ကြားရေး အစီအစဉ်ကို ဒီကနေ့မှာ KIO ထိန်းချုပ်နယ်မြေထဲမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားမှာတော့ KIO ဒုဥက္ကဌ ၂ ဗိုလ်ချုပ်ကြီးဂွမ်မော်က တက်ရောက် မိန့်ခွန်း ပြောကြားကာ ကျောင်းတာဝန်ရှိသူများ ရပ်မိရပ်ဖများ၊ ပညာရေး မိသားစုများက တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ KIO ၏ ပြန်ကြားရေး သတင်းဌာန တစ်ခုဖြစ်တဲ့ The Kachin Net က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့ ပဋိပက္ခတွေကြောင့် တက္ကသိုလ် ပညာရပ်များကို ​လေ့လာ သင်ကြားခွင့် ဆုံးရှုံးခဲ့ရတဲ့ တက္ကသိုလ်ကျောင်း သား၊သူများနှင့် KIO က ဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်း အောင်မြင်ထားသူများအတွက်လည်းအခွင့်အလှမ်း တစ်ခုဖြစ်သလို မြေပြင် တက္ကသိုလ် ပညာရပ်များကို ရွေးချယ် လေ့လာသင်ကြားခွင့်ရရှိမယ့် အခွင့်အလှမ်းဖြစ်ဖို့ ရည်ရွယ်တာလို့ Kachin State Comprehensive University (KSCU) ရဲ့ တာဝန်ရှိ ဒေါက်တာအောင်ကိုကိုလင်းက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောကြားထားပါတယ်။

အခု​တော့ ကျောင်းသား လူငယ်များဟာ အဆင့်မြင့် တက္ကသိုလ် ပညာရပ်များကို မြေပြင်မှာ သင်ကြားလေ့လာခွင့် ရရှိကြတော့မှာ ဖြစ်ပါတယ်။

ဒီတက္ကသိုလ်ကျောင်းဟာ မြေပြင်သင်ကြားရေးကို အဓိကထားမှာဖြစ်ပြီး လူမျိုးပေါင်းစုံ ကျောင်းသား၊သူ လူငယ်များ လေ့လသင်ကြား တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

Related Articles

Back to top button