တိုင်းရင်းသားများသတင်း

နမ့်ဖက်ကာ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က ကျေးရွာ မီးရှို့ဖျက်ဆီးမယ်ဟု ဒေသခံများကို ခြိမ်းခြောက်

ဓါတ်ပုံ – Getty (ပုံဟောင်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၈

နမ့်ဖက်ကာ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီ စစ်ကြောင်း တပ်မ (၇၇) နဲ့ တပ်က (၉၉) တပ်ဖွဲ့ဝင်တွေက နမ့်ဖက်ကာ အနီးဝန်းကျင်ရှိ ခူမုန်ရော်ဘန်နဲ့ ဆုန်လုံရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ ကျေးရွာအတွင်း ကေအိုင်အေတပ်ဖွဲ့ဝင်များကိုလက်ခံထားပါက ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်ဟု ဒေသခံများကို ခြိမ်းခြောက် ပြောဆိုတယ်လို့ ဒေသ ကချင်သတင်းအရင်းအမြစ်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စပြီး တိုက်ပွဲပြင်းထန်လာတဲ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း (၉) ဧရိယာ နမ့်ဖက်ကာ အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ခူမုန်ရော်ဘန်နဲ့ ဆုန်လုံ ကျေးရွာအနီးမှာ ဒီကနေ့ထိ နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန် နေတာပါ။

ဒါ့အပြင် အနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ခူမုန်ရော်ဘန်နဲ့ ဆုန်လုံ ကျေးရွာအနီးမှာ တိုက်ပွဲနေရာဘက်ကို ပစ်မှတ်ထားကာ နမ့်ဖက်ကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ကူ တိုက်ခိုက်နေသလို လေကြောင်းဖြစ် ဂျက်လေယဉ်နှင့် ဟဲလီကောပ်တာ တို့ကိုလည်း အသုံးပြုပြီး သွားရောက် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အလားတူ ကချင်ပြည်နယ် တနိုင်းမြို့နယ် ကေအိုင်အေ တပ်မဟာ ၂၊ တပ်ရင်း (၁၄) နယ်မြေ လီဒိုလမ်းမကြီးပေါ်မှာလည်း ကေအိုင်အေနဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related Articles

Back to top button