တိုင်းရင်းသားများသတင်း

ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ မြင့်တက် 

ဓါတ်ပုံ – ISP Myanmar (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၆

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ မြင့်တက် လာတယ်လို့ ISP Myanmar သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ကချင်ပြည်နယ်ထဲက ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်နဲ့ ရွှေကူမြို့နယ်တွေက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ မြင့်တက်ခဲ့သာပါ။

တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွက် ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အရေးပါတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အပါအဝင် မုံရွာ-ဘုတလင်-ခင်ဦး ရထားလမ်းပိုင်းက မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်တွေက တပြိုင်နက်တည်း စစ်ကြောင်းထိုးလာခဲ့ပါတယ်။

အဆိုပါ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသတွေမှာ ဇူလိုင်လအတွင်း စစ်ကောင်စီနဲ့ KIA၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၃၇ ကြိမ်ထက်မနည်း ရှိခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကလည်း ၁၉ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ISP Myanmar သုတေသနအဖွဲ့က ဆိုပါတယ်။

နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ လေ့လာသူများကလည်း စစ်ပွဲတွေ၊ လေယာဉ်တွေက ကချင်ပြည်နယ် ဒေသ KIA ကို ဦးတည်လာနိုင်တယ်လို့ သတိပေးပြောဆို မှတ်ချက်ပြုနေကြပါတယ်။

Related Articles

Back to top button