သတင်း

ကရင်နီပြည်ရဲတပ်ဖွဲ့က တစ်နှစ်အတွင်း ပြစ်မှုပေါင်း ၂၃၅ ခုကို အရေးယူနိုင်ခဲ့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၅

ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်မှုပြုနေသော ပြစ်မှုပေါင်း ၂၃၅ ခုကို တစ်နှစ်အတွင်း ကရင်နီပြည် ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC)က ယနေ့ ကရင်နီပြည်ရဲတပ်ဖွဲ့ ဖွဲ့စည်းမှု တစ်နှစ်ပြည့်ချိန်မှာ ထုတ်ပြန်ပါတယ်။

အာဏာရှင်စနစ်ဟူသမျှ ဆန့်ကျင်တွန်းလှန်မည်ဟူသော ခိုင်မာသည့် ရပ်တည်ချက်နှင့်အတူ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုများပေးနိုင်ရန် KSP ကို ၂၀၂၁ သြဂုတ်၂၅ ရက်တွင် ဖွဲ့စည်းခဲ့သာပါ။

လက်ရှိတစ်နှစ်တာကာလအတွင်း ဖက်ဒရယ်စနစ်ကိုအခြေပြုသည့် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်သို့ ဖြစ်ထွန်း တိုးတက်နေသည်ဟု KSCC ဘက်က ရှုမြင်ပါတယ်။

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း လေးစားလိုက်နာလျှက် နေ့ထူးနေမြတ်များနှင့် အထိမ်းအမှတ်နေ့များတွင် အကျဥ်းသား ၆၀ကို ပြစ်ဒဏ်လျော့ပေါ့ပေးကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါသေးတယ်။

စိန်ခေါ်မှု အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်း တိုတောင်လှသည့် တစ်နှစ်တာအတွင်း ရဲတပ်ဖွဲ့၏ တစ်ဦး ချင်းစီ၏ ကြိုးပမ်းအားထုတ်မှုကြောင့် စွမ်းရည်ပြည့်ဝသော ဒီမိုကရက်တစ် ကရင်နီပြည်ရဲတပ်ဖွဲ့အဖြစ် တက်လှမ်းနိုင်ရန် အလားအလာကောင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အားတက်ဖွယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာအာဏာရှင်တို့၏ ရက်စက်သည့်အုပ်ချုပ်မှုအောက်တွင် အကြောက် တရားဖြင့် ရှင်သန်နေရသော ကရင်နီပြည်သူတို့၏ ဘဝလုံခြုံမှုအတွက် စောင့်ရှောက်ပေး နေသည့် KSP သည် ကရင်နီပြည်ဖက်ဒရယ် ရဲတပ်ဖွဲ့အဖြစ် မလွှဲမသွေ ဖြစ်ထွန်းလာမည်ကို ယုံကြည်တယ်လို့ KSCC ၏ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)ဟာ CDM ရဲဝန်ထမ်းအများစုပါဝင်ပြီး KSCC ၏ ကြီးကြပ်မှုနဲ့ ဖွဲ့စည်း တည်ထောင်ခဲ့သာ ဖြစ်ပါတယ်။

Related Articles

Back to top button