သတင်း

စစ်ကောင်စီ ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းမှုများကို အမေရိကန် ဆက်လက်အားပေးထောက်ခံမယ်လို့ ဆိုလိုက်ပါတယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၅

စစ်ကောင်စီက ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းမှုများကို အမေရိကန်က ဆက်လက်အားပေးထောက်ခံမယ်လို့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဥ်အောက်မှာ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာ ၅ နှစ်ပြည့်မြောက်ချိန်မှာ ဆိုလိုက်သာပါ။

ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်ရက်စက်မှုများသည် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ အမေရိကန် ဘက်တော့ အခိုင်အမာ ဆိုထားပါတယ်။

ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် စစ်တပ်အဖွဲ့ဝင်များသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအနာဂတ်ကို အဆုံးသတ်စေရန် ပြောင်ပြောင် တင်းတင်းကြိုးပမ်းရာတွင် မြန်မာပြည်သူများကို နှိပ်ကွက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ဆက်လက်ကျူးလွန်နေခြင်းအပါအဝင် ဒီမိုကရေစီလိုလားသည့် အတိုက်အခံ ခေါင်းဆောင် များကို စစ်အာဏာရှင်အဖွဲ့အစည်းက လောလောလတ်လတ် ကွပ်မျက်ခဲ့သည့် လုပ်ရပ်က စစ်တပ်သည် မြန်မာ ပြည်သူများ၏ အသက်ကို ကမ်းကုန်အောင် အရေးမထားကြောင်းဖော်ပြသည့် ပူပူနွေးနွေး သာဓက တစ်ခုသာ ဖြစ်တယ်ဟုလည်း ထောက်ပြထားပါတယ်။

အလားတူ စစ်တပ်၏ တိုးမြှင့်ဆောင်ရွက်လာနေသည့် အကြမ်းဖက်မှုများက လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး အခြေအနေများကို ပိုမိုဆိုးဝါးလာစေပြီး အထူးသဖြင့် နိုင်ငံ အတွင်းရှိ ထိခိုက်အလွယ်ဆုံးနှင့် ဘေးဖယ်ထားခြင်းအခံရဆုံးအသိုက်အဝန်းများထဲတွင် ယနေ့ထိတိုင် ဆက်လက်ရှိ နေဆဲဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအပါအဝင် လူနည်းစု တိုင်းရင်းသားနှင့် ဘာသာခြား အသိုက်အဝန်း များအတွက် ပိုမိုဆိုးဝါးစေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်အရ  မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည် ဆိုင်ရာ တရားရုံး တော်သို့ ဦးတိုက်လျှောက်ထားသော အမှုနှင့် မြန်မာစစ်တပ်၏ ကြမ်းကြုတ် ရက်စက်သည့် ရာဇဝတ်မှုများကို ကိုင်တွယ်ဆုံးဖြတ်ကြမည့် ကမ္ဘာတဝှမ်းက အများယုံကြည် လက်ခံသည့် တရားရုံးများ ကို ဆက်လက် အားပေးထောက်ခံသွားမည်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့် အာဏာအရ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ချက်နှင့်အညီ စစ်တပ်၏  လုပ်ရပ်များအပေါ် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်ခြင်းကိုလည်း အားပေး ထောက်ခံသွားမှာ ဖြစ်သလို အလားတူစွာ မြန်မာနိုင်ငံတွင်း အခြေအနေများနှင့်စပ်လျဉ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ အကြံပြုချက်ကိုလည်း အားပေးထောက်ခံ သွားမည်လို့ ဆိုထားသာပါ။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများပေါ် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကို အကောင် ထည် ဖောင်ဆောင်ခြင်း၊ စီးပွားရေးနှင့် သံတမန်ရေးအရ ပိုမိုဖိအားပေးခြင်းနှင့် မြန်မာနိုင်ငံတွင်းမှ လူပုဂ္ဂိုလ် အားလုံး၏ လူ့အခွင့်အရေးနှင့် လူ့ဂိုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းအားဖြင့် ရိုဟင်ဂျာလူမျိုးများနှင့် မြန်မာ ပြည်သူများ လိုလားတောင့်တနေသည့် လွတ်လပ်ရေးနှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက် အားပေးထောက်ခံသွားမည်လို့ ဆိုပါတယ်။

အလူးတူ စစ်ကောင်စီရဲ့ ပုံစံမျိုးစုံဖြစ် လူ့အခွင့်အရေးချိုးဖောက်မှုများက တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့ နေရသာဟာ နှစ်ပေါင်း ဆယ်စုနှစ်ချီပြီး ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ တိုင်းရင်းသား လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြပြောဆိုထားကြပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားဒေသများမှာ နိုင်ငံတကာအဆင့်ရှိသည့် ပုံစံတူ စစ်ရာဇဝတ်မှုများ အမျိုးအစား (၁၄)မျိုးခန့်ဖြစ် လူ့အခွင့်အရေးချိုးဖောက်နေမှု ကျူးလွန်နေတယ်လို့ ဥပဒေအထောက်အကူပြု ကွန်ရက် (LAN) က လေ့လာစမ်းစစ်တွေ့ရှိချက်ကို ထုတ်ဖော်ထားပါသေးတယ်။

၁။ စစ်ရေးလှုပ်ရှားမှုများမှ ကင်းလွတ်ခွင့်ပေးရမည့်အရပ်သားများ သို့မဟုတ် အခြားကာကွယ် စောင့်ရှောက် မှု ပေးရမည့်လူပုဂ္ဂိုလ်များကို နေရာဒေသများ၊ ဧရိယာများ သို့မဟုတ် စစ်တပ် တပ်ဖွဲ့များ၏ အကာ အကွယ် (လူသားဒိုင်း)အဖြစ် အသုံးပြုခြင်း။

၂။ ခုခံ၊ အကာအကွယ်မရှိသော သို့မဟုတ် စစ်ရေးပစ်မှတ် မဟုတ်သော မြို့များ၊ ကျေးရွာများ၊ နေရာများ သို့မဟုတ် အဆောက်အဦးများကို တနည်းနည်းဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် ဗုံးကြဲခြင်း။

၃။ တိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော အရပ်သားများ သို့မဟုတ် အရပ်သားတဦးချင်းကို ပစ်မှတ်ထား၍ တိုက်ခိုက်ရန် ညွန်ကြားခြင်း။

၅။ ငြင်းပမ်း နှိပ်စက် သတ်ဖြတ်ခြင်း၊ ကိုယ်ခန္ဓကိုယ် အစိတ်အပိုင်းများဖြတ်တောက်ခြင်း၊ ရက်စက်သောပြုမှုဆက်ဆံမှုနှင့် နှိပ်စက်ခြင်း။

၆။ ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံ သို့မဟုတ် အလှူဒါနပြုရန် ရည်ရွယ်ချက်များဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးများ၊ သမိုင်းဝင်အဆောက်အဦးများ၊ ဆေးရုံများနှင့် လူနာများ၊ ဒဏ်ရာရသူများအား ထားရှိသော် နေရာများ၊ စစ်ရေးပစ်မှတ်မဟုတ်ဟု သတ်မှတ်ထားသော နေရာများရှိ အဆောက်အဦးများကို တိုက်ခိုက်ရန် တမင်ရည်ရွယ်ချက်ဖြင့် ညွန်ကြားခြင်း။

၇။ အရပ်သားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်းဆုံးရှုံးမှု ဖြစ်စေနိုင်သည့် သို့မဟုတ် အရပ်သား ပစ်မှတ်များကို ထိခိုက်စေမည့် တိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်း။

၈။ မုဒိန်းကျင့်မှု ကျူးလွန်ခြင်း။

၉။ စစ်ရေးလိုအပ်ချက်အရ အကြောင်းပြချက်မခိုင်လုံပဲ ပိုင်ဆိုင်မှုပစ္စည်များကို ဥပဒေနှင့် မညီညွတ်ဘဲ အကြောင်းမဲ့ ကျယ်ပြန့်စွာ ပျက်စီးစေခြင်းနှင့် သိမ်းယူခြင်း။

၁၀။ ခန္ဓကိုယ် သို့မဟုတ် ကျန်းမာရေးကို ကြီးမားစွာ ခံစားစေရန် သို့မဟုတ် ပြင်းထန်စွာ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိစွာ သတ်ဖြတ်ခြင်းနှင့် ရည်ရွယ်ချက် ရှိစွာ ဖြစ်ပေါ်စေခြင်း။

၁၂။ ဓါးစာခံအဖြစ်ခေါ်ဆောင်ခြင်း။

၁၃။ မရှိမဖြစ်လိုအပ်ချက်ဟု ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသည့် ပုံမှန် ဖွဲ့စည်းထားသော တရားရုံး၊ ခိုင်မာသော တရားစီရင်မှု အာမခံချက်တို့မရှိဘဲ ထောင်ဒဏ်ချမှတ်ခြင်းနှင့် သေဒဏ်စီရင်ခြင်းများ။

၁၄။ အတင်းအဓမ္မပျောက်ဆုံးစေခြင်းများ ကြုံတွေ့ ဖြစ်ပွားခဲ့ပါတယ်။

Related Articles

Back to top button