သတင်း

ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံး

ဓာတ်ပုံ – CNO (ပုံစာအညွန်း-ပြီးခဲ့တဲ့ မေလတုန်းက ဖလမ်းခရိုင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်။)

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၁၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်မှာ ဒီကနေ့ သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ အမှတ်(၂)ရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို CNDF, PDF-Zoland, CDM-Siyin, MEDF ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့က အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

မနက် ၂ နာရီကနေ မနက် ၇ နာရီထိ ၅ နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

Related Articles

Back to top button