တိုင်းရင်းသားများသတင်း

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ၏ မူဝါဒ ထုတ်ပြန်

ဓာတ်ပုံ – PNFC (ထုတ်ပြန်ချက်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၉

ပအိုဝ်းအမျိုးသား ညီလာခံက အတည်ပြုပေးလိုက်သည့် PNFC ရဲ့ မူဝါဒ ကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)က ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ရဲ့ ထုတ်ပြန်ထားသည့် ဖွဲ့စည်းပုံကိုတော့ မဏ္ဏိုင်ငါးရပ်နဲ့ ဖွဲ့စည်းထားသာဖြစ်တယ်လို့ PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ် မြန်မာကို အခုလို ပြောပါတယ်။

“ကျနော်တို့အဲဒီမှာ မဏ္ဏိုင်ငါးရပ်နဲ့ဖွဲ့စည်းတယ်ပေါ့။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီမှာလည်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ပါတယ်၊ နိုင်ငံခြားပအိုဝ်းအင်အားစုတွေပါတယ်၊ ပြည်တွင်းသပိတ်၊ သမဂ္ဂအင်အားစု၊ (Pa-O Political Consultative Council – PPCC )၊ (Pa-O People Defense force – Kham Dom – PPDF) တွေဆိုပြီးတော့ အဲဒီအင်အားစု ၅စုက ကိုယ် စားလှယ် ၃ ဦးနဲ့အချိုးကျ စုပေါင်း သတ်မှတ် ပြီးတော့ ကောင်စီအဖွဲ့ဆိုပြီး ဖွဲ့ထားတာဖြစ်တယ်။ အဲဒီ ၁၅ ဦးမှာမှ ဖွဲ့စည်းပုံအရ လုပ်ငန်း လိုအပ်ချက် မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုအလုပ်မှုဆောင် ၇ဦးကို ပြန်ပြီးရွေးချယ်တာပေါ့” ဟု ပြောပါတယ်။

PNFC ရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး NUG/NUCC နဲ့ ချိတ်ဆက်ဆောင်ရွက်ထားတာမျိုး ရှိခြင်း၊ မရှိခြင်း မေးရာမှာတော့

“ကျနော်တို့က ဒီမဏ္ဏိုင် ၅ရပ်နဲ့ လွတ်လပ်တဲ့သဘောဆန္ဒနဲ့ ဒီစုဖွဲ့မှုကို စုဖွဲ့ထားတာဖြစ်တယ်။ ပြီးရင် PNFC ရဲ့ ကော်မတီဝင် ၁၅ဦးရဲ့ ဆုံးဖြတ်ချက်နဲ့ ဖက်ဒရယ်ချာတာ ၁၊၂ ကိုလက်မှတ်ထိုးမယ် မထိုးဘူးဆိုပြီး အစည်းဝေးဆုံးဖြတ်ချက်နဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်နဲ့ လက်မှတ်ရေးထိုးပြီးတော့ NUCC မှာ ကျနော်တို့ ပါဝင်ခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ တရားဝင်ပါဝင်တာဖြစ်တယ်၊ တစ်ဖက်မှာ NUG နဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့ပတ်သက်ပြီးတော့ ဒီတော်လှန်ရေးမှာ တော်လှန်ရေးရဲ့ လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့မှ NUG/NUCC နဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေလည်းရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိ တာက PNFC ရဲ့ သဘောထားဖြစ်တဲ့ ဖက်ဒရယ်ချာတာ ၁၊၂ အပေါ် လက်မှတ်ထိုးခြင်းမထိုးခြင်း၊ NUG နဲ့ ပူးပေါင်းခြင်း၊ မပေါင်းခြင်းကိုတော့ NUG က ဝင်ရောက်စွက်ဖက်ခြင်းတော့မရှိပါဘူး” ဟု ပြောပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) စုဖွဲ့မှုကိုတော့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၁) ရက်နေ့တွင် နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှ ပါဝင် လှုပ်ရှား ဆောင်ရွက်နေကြသော ဒေသပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံမှ ပအိုဝ်းတော်လှန်ရေး အင်အားစုများက ပူးပေါင်း၍ ပအိုဝ်းအမျိုးသားဖက်ဒရယ် ညီလာခံကို ကျင်းပခဲ့ကြပြီး အဲဒီညီလာခံကြီးမှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ကို ဖွဲ့စည်းပေးခဲ့သာ ဖြစ်ပါတယ်။

Related Articles

Back to top button