သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၁၈ – ၂၀၂၂   ခုနှစ်

ယနေ့ဧပြီလ (၁၈)ရက်နေ့ မြန်မာပြည်ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြခဲ့သည်။

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသကြီး ၃ ခု ဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းကို လွှမ်းမိုးထားကာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက နိုင်ငံ၏ ၃၀ ရာခိုင်နှုန်း စိုးမိုးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။ ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းသော အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တစ်နှစ် ပြည့် အစီရင်ခံစာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ တွင် စစ်ရေးဆိုင်ရာ CCC ကော်မတီကို ဖွဲ့စည်းပြီး စစ်အာဏာရှင် တော်လှန်ရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမြေယာကော်မတီက ကရင့်သမိုင်းမှာ ပထမဆုံးအဖြစ်နဲ့ ဌာနေ ကရင်လူမျိုးစုတွေရဲ့ ကိုယ်တိုင်စီမံခန့်ခွဲနိုင် တဲ့ ဒေသအခေါ် “ကော်” နယ်မြေ ၅ ခုကို ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုးချဲ့လိုက်တဲ့ နယ်မြေ ၅ ခုကို တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကော်သေးဒဲအုပ်စု၊ မော်သေးဒဲကျေးရွာက သောသီတောအူးဌာနေ တိုင်းရင်းသားများဥယျာဉ်မှာ တရားဝင်အသိအမှတ်ပြုလက်မှတ်ပေးအပ်ခဲ့တာပါ။ KNU ခရိုင် နယ်မြေနှစ်ခုဖြစ်တဲ့ တောင်ငူခရိုင်အတွင်းမှ ခိုဘွယ်ဒဲကော်၊ မွီးလိုဃဲဒဲကော၊ ကော်ယော်မူ ပယ် ၊ ကော်မူလားဟေးနဲ့ မူတြော်(ဖာပွန်) ခရိုင်အတွင်းမှ ကော်သေဂူ စတဲ့ ကော်နယ်မြေ ၅ ခုကို ကေအဲန်ယူရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင် ပိုင်ဆိုင်စီမံခန့်ခွဲခွင့်လက်မှတ်ကို ပေးအပ်ခဲ့တာဖြစ် တယ်လို့ ကေအိုင်စီသတင်းဌာန က ဖော်ပြထားပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို တော်လှန်ရေး အောင်မြင်ပြီးချိန်မှာ ပြန်လည်တည်ဆောက်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ ၁၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ် အစည်းအဝေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်း တည်ထောင်ခြင်းတစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းပြောကြာရာမှာ ကတိပြုပြောကြားခဲ့ပါတယ်။ “ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည် ဆောက်ပေးမှာဖြစ်ပါတယ် လို့ ကတိပေးလိုပါတယ်။ ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုကို အမျိုးသားညီညွတ် ရေးအ စိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်အောင် ဆောင်ရွက်ပေးရမယ်လို့ မူချမှတ်ထားပြီးဖြစ်ပါတယ်” လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား ထက်မြတ်အောင်သည် လက်နှက်နှင့်အတူ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ထံ အလင်းဝင် လာကြောင်း သတင်းရရှိသည်။ တပ်သား ထက်မြတ်အောင်သည် ၎င်းကိုင်ဆောင်သည့် သေနတ်၊ ကျည်ကတ် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဆံများနှင့်အတူ အလင်းဝင်လာကြောင်း၊ ဆုငွေချီးမြှင့် ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။

 

  • ရှမ်းနီလူငယ်တွေအတွက် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုတွေကို သင်ကြားပေးမယ့် ရက်တိုသင်တန်း တစ်ခုကို ဗန်းမောက်မြို့နယ် မံအင်မကျည်းကုန်းကျေးရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၀ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ (၁၅) ရက်တာသင်တန်းမှာ ရှမ်းနီစာပေ အရေးအဖတ်အပြော အပြင် ယဉ်ကျေးမှုဆိုင်ရာ အကတွေ ကိုလည်း သင်ကြားပေးသွားမယ်လို့ ဦးဆောင်သူ နန်းခိုင်သင်းကြည်ကဆိုပါတယ်။

 

  • ဗျူဟာကျ လမ်းပိုင်းများဖြစ်သည့် ကော့ကရိတ်-မြဝတီ (အာရှလမ်းမ) နှင့် မြဝတီ-ဝေါ်လေ လမ်း ပိုင်းများကို ဖေဖေါ်ဝါရီလ ကြေညာချက်အရ အသုံးပြုခွင့် ဆက်လက်ပိတ်ထားမည်ဖြစ် ကြောင်းနှင့် ဒူးပလာယာခရိုင်အတွင်း နံနက် ၆ နာရီမှ ည ၇ နာရီအထိ ပြည်သူများ သွားလာကြရန် KNU က စည်းကမ်းထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများ သွားလာခြင်းမပြုရန် ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

 

  • ရှမ်းပြည်နယ်၊ ဟဲဟိုးတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့ ညသန်းခေါင်အချိန်တွင် မင်းအောင်လှိုင် အခေါင်းတလားပုံစံ ပြုလုပ်၍ မီးသဂြိုလ်လိုက်ပြီး စစ်ဘီလူး မိစ္ဆာ နှစ်သစ်တွင် သေဆုံးရမည့် လက္ခဏာအဖြစ် ပုံဖော် ဆန္ဒပြ အစီအရင်များ ပြုလုပ်ကြောင်း သိရှိရသည်။

 

  • ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိလူငယ်များမှ ဧပြီလ ၁၈ ရက်နေ့မနက်ပိုင်း အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • မြိတ်ခရိုင်၊ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များနှင့်အတူရွာခံလူငယ်များပူးပေါင်းပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆိုင်ကယ်သပိတ်ဖြစ်လှည့်လယ်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန် ပြည်သူများသည် ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်းတွင် ၄၃၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့ တွင် ” နှစ်ကူးနဲ့အတူ အာဏာရူးကိုအမြစ်ဖြတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ဆီ အမြန်ရောက် ဖို့ အတူကြိုးစားကြစို့” ခေါင်းစဉ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်တပ်အမြစ်ပြတ်ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ဆားလင်းကြီး တွင် ၄၀၄ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်းဖြင့် ဧပြီ ၁၈ ရက်တွင်လှည့်လည်ချီတက် ဆန္ဒပြကြသည်။

 

  • ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် တောင်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက်ဖက်ဆစ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ ဧပြီ ၁၈ တွင် ပြုလုပ်ခဲ့သည်။

 

  • အရာတော်မြို့နယ်ရှိ ကျေးရွာများတွင် လူငယ်များ စုပေါင်းကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး “တော်လှန်လူငယ် သံချပ်” ရွတ်ဆိုခဲ့ကြပြီး ကျေးရွာ ပြည်သူများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

 

  • “ဖက်ဒရယ်ရရန် ဒို့တော်လှန်။ သွေးကြွေးရရေး သွေးမအေး။ ” စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က တောင်ပေါ်ဒေသ သပိတ်စစ်ကြောင်း ဧပြီ ၁၈ ရက်က ချီတက် ဆန္ဒပြခဲ့ပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ဘုတလင်တွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်ခြင်းကို ယနေ့ ဧပြီ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေထဲက ကြာအင်းဆိပ် ကြီးမြို့နယ်နဲ့ ကျိုက်ဒုံမြို့နယ်ခွဲထဲမှာ ပိတ်ထားတဲ့ ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်မပေးရင် အနီးအနားရွာတွေ ပျက်စီးလိ့မ်မယ်လို့ ဧပြီလ ၁၇ ရက် မနေ့မှာ စစ်ကောင်စီတပ်က KNU ထံ ခြိမ်းခြောက်စာ ပေးပို့လာကြောင်း KNU ဘက်က အတည်ပြုပါတယ်။ စစ်ကောင်စီတပ် ခမရ (၅၆၁) တပ်ရင်း စခန်းချထားတဲ့ ကွီလုံတိုင် စစ်ဆင်ရေးခြေကုပ်စခန်း အထက်ဘက်မှာ ပိတ်ထားတဲ့ ချောင်းရေကို သုံးရက်အတွင်း ပြန်ဖွင့်ပေးရမယ်လို့ ခြိမ်းခြောက်စာထဲမှာ ရေးသားထားပါတယ်။

 

  • ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စကစဘက်က ၄ ဦးခန့် သေဆုံးနိုင်တယ်လို့ ဧပြီ ၁၈ ရက်မှာ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ပါ တယ်။ ဒီနေ့နံနက်ပိုင်းမှာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ရင်း (၂၂၂)၊ (၃၈၆) ခြေမြန်တပ်ရင်းတို့မှာ လူအင်အား၁၂၀ခန့်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

 

  • မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ လူငယ်များ ဦးဆောင်ကာ Denko ဆီဆိုင် ရှေ့တွင် “စစ်တပ် ဝင်ငွေ အမြစ်ဖြတ်” စာတန်းအား ချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

 

  • မင်းတပ်မြို့နယ် မှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်တဲ့ စစ်ရှောင်စခန်း ၊ ယမန်နေ့ ဧပြီ ၁၇ ရက် နေ့လည် ၂ နာရီ ခန့်က မိုးနဲ့ လေပြင်းကျရောက်တာကြောင့် အိမ်ခေါင်မိုးလန်၊ အိမ်ပျက်စီးတာတွေရှိတယ်လို့သိရတယ်။

 

  • သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် သံတွဲမြို့ ဒုတိယခရိုင် တရားရုံးကနေ ဧပြီလ ၁၈ ရက် ဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တာလို့ ရှေ့နေက ပြောပါတယ်။ “သူတို့က ကိုမင်းကိုဦးဟာ PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး တရားစွဲထားတာပေါ့နော်။ အခုတော့ သူတို့စွဲထားတာ သက်သေ အထောက်အထား မခိုင်လုံတဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုက အပြီး အပြတ် လွှတ်ပေးလိုက်တာပါ” ကိုမင်းကိုဦးကို PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့မရဲစခန်းရဲ့ ဒုရဲမှူး ဇော်လတ်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀ (ည) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

 

  • မကွေးတိုင်း ထီးလင်းမြို့နယ်က ကျဉ်းရွာရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်အစောပိုင်းမှာ PDF ထီးလင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူနဲ့အတူ CDM လုပ်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ရာ ရဲဝန်ထမ်းအားလုံး လိုက်နာခဲ့ကြပေမဲ့ ကျဉ်းရွာရဲစခန်း စခန်းမှူးက လက်မခံဘဲ စစ်ကောင်စီထံ ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရာမှာ စခန်းမှူး ကျဆုံးသွားတယ်လို့ ထီးလင်း PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်ဟုဖော်ပြထားပါတယ်။ အပြည့်စုံဖတ်ရန် – http://burmese.dvb.no/archives/528474

 

  • ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ရွှေလက်ပံကျေးရွာတွင် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည ၁၁ နာရီခွဲအချိန်မှ စတင်၍အင်းတော်ကြီးဒေသ ရွှေလက်ပံ့ ကျေးရွာအတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ရွှေလက်ပံ့ကျေးရွာမှ လူငယ်အိမ်အများအပြား ပျက်စီးခဲ့ကြောင်း ရွှေလက်ပံကျေးရွာနေအမျိုးသားတစ်ဦးက KNG သို့ပြောသည်ဟုဖော်ပြထားသည်။

 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာတွင် အမှတ် ၁၇ တပ် ရင်းမှ တပ်သား အောင်ကျော်ဦးကို စိတ်ကြွမူးယစ်ဆေး WYဆေးပြားများနှင့်အတူ PDF က ဖမ်းဆီးရမိကြောင်း Tanintharyi Defense Forceက သတင်း ထုတ်ပြန်သည်။ ဧပြီလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် သတင်းပေးပို့ချက်များအရ Tanintharyi Defense Force ဘက်မလိုက်ပြောက်ကျားအဖွဲ့က တပ်သား အောင်ကျော်ဦးကို သွားရောက်ဖမ်းဆီးခဲ့ရာ WY မှုးယစ်ဆေးဝါးနဲ့အတူ လက်ရဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

 

  • မုံရွာ ပင်မသပိတ်စစ်ကြောင်းကို လုံခြုံရေးအတွက် ပွိုင့်ကင်းစောင့်စဉ် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ချောင်းဦး မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (CHUPDF) ရဲဘော် ၅ဦး၏ ဈာပန အခမ်းအနားကို ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ စာသင်ကျောင်း တကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အလစ်အငိုက် တိုက်ခိုက်ရာ တပ်ကြပ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၁ က သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဧပြီ ၁၇ ရက်) က ည ၇ နာရီခန့်တွင် တမူးမြို့၊ မြို့မ (၁၂/က) ရပ်ကွက်၊ နန်းဖာလုံ(ထခွဲ)ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူးမြို့၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း- ၁ နှင့် တပ်ရင်း- ၂ ၏ အထူး ကွန်မန်ဒို ပူးပေါင်း တပ်ဖွဲ့ဝင်များမှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • “အဲဒီဘွဲ့ကို လူသတ်သမားတွေက ပေးတဲ့ဘွဲ့၊ ယုတ်တဲ့သူတွေကပေးတဲ့ ဘွဲ့ပေါ့။ အဲဒီဘွဲ့ကို ဘယ်သူ တွေက ယူရဲမှာလဲ။ ယူရဲတဲ့သူရှိရင်တော့ ကျနော် မပြောတတ်ဘူး။ တကယ်တမ်းကျတော့ ပြည်သူ တွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးခေါင်းဆောင်တွေပဲဖြစ်ဖြစ် လေးစားလို့၊ ချစ်ခင်လို့ ဒီလိုဘွဲ့မျိုး ပေးတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်ပဲ အလုပ်လုပ်ခဲ့လို့၊ အမှန်တကယ် လေးစားလို့ ပေးတာမဟုတ်ဘူး။ ကျိန်းသေတာက တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေကို သပ်လျှိုဖြိုခွဲတာပဲ ဖြစ်တယ်။ အဲဒါ စစ်အုပ်စု လုပ်နေကျအလုပ်ဖြစ်တယ်။ စစ်အုပ်စုရဲ့ ကောက်ကျစ်နေကျ လုပ်ဟန်တခု ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။” အပြည့်အစုံဖတ်ရန် – http://burmese.dvb.no/archives/528497

 

  • ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်က ရှမ်းတောင် မိုင်းကိုင်မြို့အနီးမှာ ဆိုင်ကယ်တိုက်မှုကြောင့် ဒဏ်ရာရရှိ ကြတဲ့ လူနာ ၂ ဦးဟာ မိုင်းကိုင်ဆေးရုံမှာ သွားရောက်ပြသခဲ့ပြီး ငွေ မရှိလို့ဆိုပြီး ဆရာမတွေက ဆေးရုံ ပြန်ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူနာ ၂ ဦးဟာ မိုင်းအိုက်ရီ (၂၃ နှစ်)နဲ့ မအေးလှိုင် (၃၀ နှစ်)တို့ဖြစ်ပြီး ခေအုံအွေ့ကျေးရွာအုပ်စု ပန်မွမ်းကျေးရွာခံ ဖြစ်ပါတယ်။ လက်ရှိ မိုင်းအိုက်ရီရဲ့ ပေါင်ထဲမှာ အရိုးကွဲနေပြီး ငွေကြေး မတတ်နိုင်လို့ ရွာမှာဘဲ ဆေးကုသမှု ခံယူနေပါတယ်။

 

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရ ရှိသူ ၆၀ ကျော်ရှိပြီး ယင်းထဲတွင် သေဆုံးသူ ၁ ဦးရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးဆောင်ရွက် နေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း​၏ စာရင်းအချက်အလက်အရသိရသည်။ သင်္ကြန်အကြို ဧပြီ ၁၃ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိရွှေရောင်မေတ္တာဖောင်ဒေးရှင်​၏ စာရင်းအချက်အရ စစ်တွေတွင် ယာဉ်မတော်မှုပေါင်း ၄၂ မှုရှိခဲ့သည်။ ယင်းအထဲတွင် ထိခိုက်ဒဏ်ရရှိသူ ၆၂ ဦးနှင့် သေဆုံးသူ ၁ ဦးရှိခဲ့ခြင်းဖြစ်သည်။

 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို ဒီနေ့ (ဧပြီ ၁၈) နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ရွာထဲကို ဝင်လာပြီး တတိယအကြိမ်မြောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကင်းမရွာကို ဒီနေ့မီးထပ်ရှို့တယ် အိမ်(၂၀)ပါသွားတယ်။သူတို့မီးရှို့ပြီးထွက်သွားတဲ့အချိန်မှာ ရွာသားတွေ ကရွာထဲပြန်ဝင်ပြီး မီးငြိမ်းလိုက်လို့ ၂၀ပဲပါသွားတာ။ ဒီတခေါက်ရှို့တာနဲ့ဆို တတိယ အကြိမ်ပေါ့ ဒုတိယ အခေါက်တုန်းက စပါးတွေ ဆန်တွေ အိမ်မွေးတိရိစ္ဆာန်တွေကို ရှို့ပြီးဖျက်စီး သွားတာ။ အရင်မီးရှို့ပြီး ကတည်းကရွာသားတွေကရှောင်နေရတယ် အခုမလာ တော့ဘူးထင်ပြီး ရွာထဲပြန်ဝင်နေကြတာ။ ထပ်လာပြီး ထပ်ရှို့သွားတယ်” လို့ ပြောပါတယ်။

 

Related Articles

Back to top button