သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၁၄ – ၂၀၂၂ ခုနှစ်

ဟဟ်အာဏာရှင်ဆန့်ကျင်ရေး လူထုတော်လှန်ရေးအတွင်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်မှ ပြည်သူများအပေါ် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယနေ့ ဧပြီလ (၁၄)ရက်နေ့အထိ အသက် သေဆုံးခဲ့ရသည့် ပြည်သူ( ၁၇၅၁ )ဦးအထိ ရှိခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ ရသူပေါင်း ( ၁၃၂၆၆ )ဦးထိရှိခဲပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၆၇ )ဦး ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

  • ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ ကရင်နီပြည် လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက် အနီးတစ်ဝိုက်မှာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီမနက် အစောပိုင်း ၈ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက် တွင်း လက်နက်ကြီးကျရောက်မှုကြောင့် မီးလောင်ပျက်စီးမှုအချို့ရှိနေပြီး ပိတ်မိနေတဲ့ပြည်သူ တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အပြည့်စုံဖတ်ရန် – https://bit.ly/3rmKKks

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ ဧပြီလ ၁၄ရက်၊ သင်္ကြန်အကျနေ့မှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး အမျိုးသမီး၊ LGBT နဲ့ လူငယ်တွေ ပူးပေါင်းကာ “ပေတရာပေါ်မှာစီးတဲ့သွေးတွေ သင်္ကြန်ရေနဲ့မဆေးကြော”ဆိုတဲ့ ​ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

 

  • မြိတ်မြို့တွင် လူငယ်အချို့စုပေါင်းကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စာရွက်သပိတ်ကို ယနေ့ ဧပြီ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • ထာဝယ်ခရိုင် သရက်ချောင်းရှိ လူငယ်များ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သင်္ကြန်သပိတ်ကို သင်္ကြန်အကျနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၄ ရက်နေ့တွင် “အရေး တော်ပုံအောင်ရမည်” စာတန်းချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ၄၃၁ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ချီတက်ပြီး ‘တော်လှန်သင်္ကြန်’ ဆင်နွှဲကြောင်း သရုပ် ဖော်ဆန္ဒပြကြသည်။ စစ်အာဏာရှင်လက်အောက် သင်္ကြန်ပွဲကို ပါဝင်ခြင်းမရှိဘဲ နွေဦးတော်လှန် ရေးအတွင်း ကျဆုံးသူရဲကောင်းများ၊ မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသူအကျဉ်းသားများ၊ စစ်ဘေးရှောင်ပြည်သူများ၊ CDM ဝန်ထမ်းများကို စာနာထောက်ထားသောအားဖြင့် တော်လှန် သင်္ကြန်ပွဲကို ဆင်နွှဲကြောင်း သရုပ်ဖော် ဆန္ဒပြကြသည်။

 

  • ရန်ကုန်တွင် ဒဂုံ တက္ကသိုလ် ကျောင်းသူများ၊ စမ်းချောင်း ပင်မ သပိတ်စစ်ကြောင်း (SC Strike) နှင့် LGBT Community Yangon မှ လူငယ်များ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အကြမ်း ဖက်စစ်တပ်တော်လှန်ရေး “တော်လှန်ရေးမှာ ပွဲတော်မရှိဘူး။ တိုက်ပွဲပဲရှိတယ်” စာရွက်များ လိုက်လံ ဖြန့်ဝေပြီး စတစ်ကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် ဒဂုံတက္ကသိုလ် ကျောင်းသူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် “တော်လှန်ရေးမှာ ပျော်ပွဲရွှင်ပွဲမရှိ၊ တိုက်ပွဲပဲရှိတယ်” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အကျဉ်း​ထောင် အသီးသီးမှ​ နွေဦး သူရဲ​ကောင်း များအား ဂုဏ်ပြုကြောင်းနှင့် ပြည်သူများ၊ PDF ရဲဘော်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ တွင် “နွေဦးတော်လှန်ရေးရဲ့ ကြောရိုးဖြစ်တဲ့ CDM သူရဲကောင်းများကို လေးစား ဂုဏ်ပြုပါတယ်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် “ဖက်ဆစ် တန်ခူး တို့မမြူး” အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဂန့်ဂေါမြို့တွင် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ပြီး ဒေသသခံကာကွယ်ရေး တပ်ဖွဲ့များက လိုက်ပါ ဝန်းရံ ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်းဒေသပြည်သူများက ဧပြီလ(၁၄)ရက် သင်္ကြန် အကျနေ့ကတွင် “သင်္ကြန်မှာ ယိမ်းမက တော်လှန်နွေမ “ဆိုတဲ့ စာတန်းကို ကိုင်ဆွဲကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ၅/ လက်ပံတောင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

 

  • လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်းကာ ❝‌ ပေတရာပေါ်မှာစီးတဲ့ သွေးကို သင်္ကြန် ရေနဲ့ မဆေးကြော ❞ ဘန်နာကိုကိုင်စွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြ ချီတက်ခြင်းကို ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ချီတက်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများ စုပေါင်းကာ ယနေ့ ဧပြီ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး “ပေတရာပေါ်မှာ စိုတဲ့သွေး သင်္ကြန်ရေနဲ့ဒို့မဆေး” စာသား ကိုကိုင်ဆွဲကာညနေခင်းသပိတ်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆားလင်းကြီး မြို့နယ် ကျေးရွာတစ်ရွာတွင်လည်း ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက “ဖက်ဆစ် သင်္ကြန် ဒို့တော်လှန်” ကြွေးကြော်သံနှင့် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဧပြီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ခင်ဦးနယ် ကူညီ ထောက်ပံ့ရေးအဖွဲ့- KSO(Khin-U Support Organization)က ဒေသခံများ သွားရောက် ဝန်းရံခဲ့ပြီး ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ရေမစို သပိတ် ပြုလုပ်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေနွယ်သွေးရှိ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်အဖွဲ့မှ ယနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေနွယ်သွေး သံချပ်ထိုး ခဲ့ကြသည်။

 

  • ရေစကြိုမြို့နယ်တွင် ဒေသခံ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဘီလုံး ပြောက်ကျား တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် No.1 ပြောက်ကျား တပ်တို့ ပူးပါင်းကာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ တွင် အကြမ်းဖက်စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ရေမစို သပိတ် ပြုလုပ်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို PDF နဲ့ KIA ပူးပေါင်းတပ်က ဧပြီလဆန်းပိုင်းမှာ ဝင်ရောက်ထိန်း ချုပ်ပြီးနောက် စစ်တပ်က လေကြောင်းနဲ့ အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာခဲ့ရ ပြီး စစ်တပ်ဘက်မှ (၃၀)ကျော် သေဆုံး​ပြီးတော့ အရာရှိအပါအဝင် စစ်သားတွေကို အရှင်ဖမ်းမိ ကြောင်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း ရန်ကုန် ခေတ်သစ်သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မတ်လ ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်က မြို့ပြင်ထွက် ထိုးစစ်ဆင်လာချိန် PDF နဲ့ KIA တပ်က မြို့တွင်းသို့ ဝင်ရောက် ထိန်းချုပ်လိုက်ကြောင်း၊ ယင်းနောက် မြို့တွင်းမှာ တိုက်ပွဲအကြီး အကျယ်ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာ လုပ် ဆောင်ခဲ ကြောင်း၊ ဧပြီလ ၁၀ ရက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစေားထီး တပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၆ နာရီခန့်တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦး သေဆုံးကာ သေနတ် ၃ လက်သိမ်းဆည်း ရမိကြောင်း ရွှေဘို Fighter One အဖွဲ့က သတင်းထုတ်ပြန်သည်။ ရွှေဘို Fighter One၊ One Day Revolution Force၊ Fighter Dargon၊ Lwgrs Hero Army Khin U စသည့် ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ယနေ့ တော်လှန်သင်္ကြန်အကျနေ့တွင် စကစသင်္ကြန် တွင်ပါဝင်နေပြီး ပြည်သူဘက်တွင် မရပ်တည် ရဲသည့် အနုပညာရှင်များ၊ အဆိုတော်များကို Boycott ပြုလုပ်ကြရန် GSCB က တိုက်တွန်းလှုံ့ဆော် ပါသည်။ တော်လှန်ရေးကာလတွင် စစ်ဘေးရှောင်များ၊ တောထဲရှိ PDF, CDM ၊ ထောင်တွင်း အကျဉ်းကျနေသည့် ရဲဘော်များသည် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ပေးဆပ် တိုက်ပွဲ ဝင်နေသူများဖြစ်ကြပြီး လေးစားဂုဏ်ယူသောအားဖြင့် ထိုသူများက အောင်ပွဲဝင်မှသာ ပွဲတော်များ ကို အတူတူဆင်နွဲကြမည် ဖြစ်ကြောင်း နှင့် ပြည်သူဘက်မှ မရပ်တည်ရဲသည့် အနုပညာရှင်များ၊ အဆိုရှင်များကို မှတ်သားကာBoycott ပြုလုပ်ရန် LGBT Alliance Mandalay၊ လူငယ်သမဂ္ဂ၊ စမ်းချောင်းပင်မသပိတ်နှင့် အလုပ်သမားတပ်ပေါင်းစု LA တို့က လူပ်ရှားမူ ပြုလုပ်သည်။

 

Related Articles

Back to top button