သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၄ – ၂၀၂၂ ခုနှစ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပြီး ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင် လူထုလှုပ်ရှားမှုကို အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့အထိ အသက်သေဆုံးခဲ့ရသူ ( ၁၇၂၈ )ဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံရသူ ( ၁၃၀၈၄ )ဦးအထိ ရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၆၇ ) ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

  • ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မြို့အဝင်ဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ည (၈)နာရီအချိန်က CDF -ပလက်ဝအဖွဲ့နှင့် CNA (ချင်းအမျိုးသားတပ်မတော်)က ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ(၆)ဦးခန့်သေဆုံးကြောင်း CDF (paletwa) Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ CDF-ပလက်ဝအဖွဲ့၏ထုတ်ပြန်ချက်တွင် CDF (paletwa)အဖွဲ့နှင့် CNA တို့ပူးပေါင်းပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် မိနစ်(၃၀)ခန့် အပြန် အလှန်ထိတွေ့ပစ်ခတ်ကြရာ စစ်ကောင်စီတပ်သား(၆)ဦးသေဆုံးပြီး အများအပြားထိ ခိုက်ဒဏ်ရာ ရရှိသော်လည်း CDF (Paletwa) ဖက်မှအထိအခိုက်မရှိလုံခြုံစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

 

  • မိုင်ဂျာယန် ကောလိပ်၏ တတိယအကြိမ်မြောက် ဘွဲ့ပေးခြင်းအခမ်းအနားကို ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ဘွဲ့ယူကျောင်းသူ‌ကျောင်းသား ၄၄ ဦးရှိ ကြောင်းလည်း သိရှိရသည်။ မိုင်ဂျာယန် ကော်လိပ်သည် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာမြို့တွင် ဖွင့်လှစ်ထားသည့် ကောလိပ်ကျောင်း ဖြစ်သည်။

 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၄ ရက် ဒီကနေ့ ညနေ ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါ တယ်။ ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေရှိ KNLA ပူးပေါင်းတပ်တွေက တောင်ကြာအင်း ရဲစခန်းကို ဒီနေ့မနက်ကတည်းက စခန်းသိမ်းဖို့သွားရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ကာ ညနေပိုင်းမှာတော့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့ စာသင်ကျောင်းကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အပြည့်စုံဖတ်ရန် http://burmese.dvb.no/archives/525868

 

  • တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုအရှေ့ခြမ်း ရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ ဒီနေ့ မနက် ၄ နာရီလောက်မှာ ပစ်ခတ်ခဲ့ပါတယ်။ “ရည်ရွက်ချက်ရှိရှိ 120 မမ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ထီးသဲကလိုးရွာ နေအိမ်တစ်လုံးပျက်စီး ဆုံးရှုံးခဲ့ရပါတယ်” လို့ KNDF ဒီးမောဆိုဇုန်က ထုတ်ပြန်ပါတယ်​။ အကြမ်းဖက် စစ်ကောင်စီတပ်က မကြာခဏ အနီး အနား ကျေးရွာတွေကို ပစ်ခတ်လေ့ရှိလို့အရပ်သားလူ​ထုက ဘေးလွတ်ရာကို ထပ်ပြီး တိမ်းရှောင်နေရ တယ်လို့ ဖော်ပြပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိပြည်သူများက ယနေ့ ဧပြီ ၄ ရက်နေ့ တွင် ၄၂၁ ရက်မြောက် ပင်မ သပိတ်စစ်ကြောင်း ချီတက်ခဲ့ပြီး စစ်အာဏာရှင်မြစ်ပြတ်ပြုတ်ကျရေးအတွက် ကြွေးကြော် ဆန္ဒပြကြသည်။

 

  • မန္တလေးမြို့က သံဃသမဂ္ဂရဟန်းတော်တွေ စုပေါင်းပြီး ဒီကနေ့ (ဧပြီလ ၄ ရက်)မှာ တော်လှန်ရေး တပ်သားတွေ၊​ အကျဥ်းထောင်ထဲကရဲ​ဘော်​တွေ၊ ပြည်သူ့တပ်သား PDF ရဲဘော်တွေနဲ့ ပြည်သူ​တွေ ကျန်းမာပြီး ဘေးအန္တရာယ် ကင်းစေဖို့ ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းတာတွေလုပ်ဆောင်ပြီး ရက်ပေါင်း ၄၂၀ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြု့လုပ်ခဲ့ကြပါတယ်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာတစ်ရွာတွင် ယနေ့(ဧပြီ ၄) နံနက်ပိုင်း၌ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက မုံရွာအကျဥ်း​ထောင် အတွင်း၌ အကျဥ်းကျခံ​နေရသူများနှင့်​အတူ ရပ်တည်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။ သပိတ်စစ် ကြောင်းတွင် ဆန္ဒပြပြည်သူများက “ထောင်တွင်းအကြမ်းဖတ်မှုချက်ချင်းရပ်”စာသား ကိုင်ဆောင် ပြီး စစ်ကောင်စီ၏ စစ်တပ်သားများမှ နိုင်ငံရေးအကျဥ်းသားများအား နှိပ်ဆက်ညှင်းပန်း သက်ဖြတ် ခြင်းများ ပြုလုပ်ခြင်းကို လုံးဝလက်မခံကြောင်း၊ အကျဥ်းသားများနှင့်အတူ ရပ်တည်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၉၀ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၄ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂမှ လူငယ်များဦးဆောင်၍”​ထောင်တွင်း သပိတ်ကို ဝန်းရံကြ”ဟူသော စာတန်းပါဘန်နာကို မုံရွာမြို့၏ လူသွားလူလာများသော ​ဗိုလ်ချုပ်လမ်းပေါ်တွင် ချိတ်ကာ ထောင်တွင်းရဲဘော်များနှင့်အတူရပ်တည်ကြောင်း ပြသခဲ့သည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက ” ငါတို့အားလုံး သွေးမအေး ဖက်ဆစ်တော်လှန်ရေး “” လွတ်မောက်ခြင်းသည် အလကားမရ” စာသားကိုင်ဆောင် ကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ ဧပြီ ၄ ရက် နေ့တွင် ပြုလုပ်ခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အလားတူ ယင်းမာပင်မြို့နယ်တွင်းရှိ ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ယနေ့ ဧပြီ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာတွင်လည်း ယနေ့ ဧပြီ ၄ ရက်နေ့ စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်းသိရသည်။

 

  • စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ ဧပြီလ ၄ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌လွတ်လပ်ခွင့်‌တွေ မီးရှို့ခံရသမျှ တော်လှန်စိတ်တွေ တဟုန်းဟုန်းတောက်စေမယ်❞ စာသားပါ ဘန်နာအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး ချီတက်ဆန္ဒပြခဲ့ ကြသည်။

 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီလမ်းကြား မကြိုင်ရွာအနီးမှာ ဧပြီ ၂ ရက်နေ့က အမျိုးသား ၂ ဦး နွားနောက်ရှာဖွေနေစဉ် မိုင်းနင်းမိတာကြောင့် သေဆုံးကြတယ်လို့ သတင်းရ ရှိပါတယ်။

 

  • တက္ကသိုလ်ဝင်စာမေးပွဲ လေးရက်မြောက်နေ့မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဒီနေ့ဟာ တက္ကသိုလ်ဝင် တန်း ဓာတုဗေဒဘာသာဖြေဆိုတဲ့ရက်ဖြစ်ပြီး စာမေးပွဲဖြေဆိုဖို့ မိနစ်ပိုင်းအလိုမှာ ပေါက်ကွဲခဲ့တာပါ။ ကံပေါက်စျေးနဲ့ အထက်တန်းကျောင်း ကာရံထားတဲ့ အုတ်တံတိုင်းနံရံအနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ အထိအခိုက်အပျက်အစီးမရှိဘူးလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

 

  • ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီးတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်နေအိမ် များမှာ ယိုင်လဲနေပြီဖြစ်သော်လည်း ငွေကြေးအခက်အခဲရှိသဖြင့် ပြန်လည်ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ဒေသတည်ငြိမ်နေသဖြင့် စစ်ဘေးရှောင်အချို့နေရပ်ပြန် သွားကြသော်လည်း လုံခြုံရေး၊ မိုင်းအန္တရာယ် စိတ်မချရသည့်အတွက် စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်မှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲရှိနေသေးသည်။

 

  • ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများက ဧပြီလ (၂)ရက်နေ့က စပြီး တပ်စခန်းချ ပြန်လည် စစ်ကြောင်းထိုး နေထိုင်နေသောကြောင့် ဒေသခံပြည်သူ များ စိုးရိမ်နေရကြောင်း သိရသည်။ စစ်ကောင်စီတပ် တပ်မ (၈၈)မှ တပ်သား(၁၀၀)ဝန်းကျင်သည် လက်ရှိ ရွာအတွင်းက ပြည်သူများ၏ နေအိမ်များ၊ နှစ်ခြင်း ဘုရားကျောင်း၊ မူကြိုကျောင်း အစရှိ သည့် နေရာများတွင် တပ်စခန်းချ နေထိုင်နေကြကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်ဟု မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖောပြထားသည်။

 

  • စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ PDF Zoland တည်ထောင်မှု ၁ နှစ် ပြည့် အထိမ်းအမှတ်နဲ့ ရာထူးအဆင့်ဆင့် အပ်နှင်းပွဲကို မတ်လ ၃၀ ရက်က ကျင်းပခဲ့​တဲ့မြင် ကွင်းကို ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ ZFU/PDF Zoland နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် ကနေ ၂၂ ရက်အထိ ချင်းပြည်နယ် ဟန်ဇိန်ရွာမှာ (၁၀)ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ ပြီး ZFU/PDF Zoland ဘက်မှ တူမီးသေနတ်နဲ့သာ တိုက်ခိုက်ရာ စစ်တပ်ဘက်က (၈၀)ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းသည့်နေ့ကစပြီး NCA လုပ်ငန်းဖော် ဆောင်မှု ရပ်သွားသော်လည်း နိုင်ငံရေးပြဿနာဖြေရှင်းမှုရပ်တန့်သွားမည်မဟုတ်ကြောင်း (NCA) လက်မှတ် ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေရဲ့ သတင်းစာ ရှင်းလင်းပွဲကနေ သိရပါတယ်။ (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေရဲ့ သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၄ ရက်မှာ Zoom ကနေတဆင့်ပြုလုပ် ခဲ့တာပါ။ “NCA ရဲ့အနှစ်သာရကို ကိုင်စွဲထားတာဖြစ်တယ်။ NCA မူဘောင်အတိုင်း ဆွေးနွေးပွဲ ကျင်းပသွားမယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုကျော်လွှားသွားနိုင်ဖို့ အဖြေရှာနိုင်ဖို့ကြိုးပမ်း နေ တာဖြစ်ပါတယ်” ဟု အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ PPST ညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ရဲဘော်မျိုးဝင်း က သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

 

  • ဖားကန့်မြို့နယ် ဒွမ်ဘန်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်း ကို လဝါ​ကျေးရွာနားမှာ ကေအိုင်အေတပ်မှ ယနေ့ တစ်နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် ဘက်မှ အထိအခိုက်ရှိကြောင်း သိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိသော်လည်း အတိအကျမသိကြောင်း ဒေသခံတစ်ဦး ကပြောသည်။ ၎င်းစစ်ကောင်စီ တပ်အင်အား ၈၀ခန့် စစ်ကြောင်း သည် ဒွမ်ဘန် မှ ကေအိုင်အို ဌာနချုပ်လိုင်ဇာမြို့သို့ တပ်ချိန်းဖို့ လာသူများဖြစ်ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ မီးရှို့ခံလိုက်ရသည့် ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာ ၂ ရွာမှနေအိမ် များကို မိုးမကျမီအပြီးဆောက်ပေးစေလိုကြောင်းကျေးရွာသားများကပြောသည်။ အဆိုပါ ကျေးရွာ ၂ ရွာမှ ဆောက်လုပ်ရန်ကျန်ရှိနေသည့် နေအိမ်များကို စတင်တည်ဆောက်ခဲ့စဉ်က ၃ လနှင့် အပြီးဆောက်ပေးမည်ဟု ဆောက်လုပ်ရေးကုမ္ပဏီဖက်ကပြောဆိုခဲ့သော်လည်း လက်ရှိ တွင် ၁နှစ်ကြာသည့်တိုင် အမိုးအကာများပင် မလုပ်ရသေး ဟုကျေးရွာသားများကပြောသည်။

 

  • မကွေးတိုင်းအတွင်း ခရီးသွားပြည်သူများအ​နေဖြင့် ဆော – ကျောက်ထုလမ်းပိုင်းကို အသုံးပြုရမည့် ကန့်သတ်ချက် အချိန်များကို The Youth Force -Saw & Kyaukhtu က ထုတ်ပြန်သည်။ ယနေ့(ဧပြီ ၄ ရက်) ကစ၍ ခရီးသွားပြည်သူများ၏ လုံခြုံ ရေးအခြေအနေများအရ ဆော – ကျောက်ထု လမ်း ပိုင်းအား ည ၇ နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုရန် အသိပေးထားသည်။ အရေးပေါ် ကိစ္စဖြင့်ခရီးသွားလိုပါက သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်း ကြားပေးရန်လည်း The Youth Force -Saw & Kyaukhtu သတိပေးသည်။

 

  • CRPH၊ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ဖြင့်တရားစွဲ ခံထားရသည့် တောင်ကုတ်လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုအား မတ်ပြီလ ၄ ရက်နေ့က သံတွဲခရိုင် တရားရုံးမှာ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပြုလုပ်ခဲ့ကြသည်။ ယနေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ့ ဒေါ်သိင်္ဂီမောင်ကပြောတဲ့အကြောင်း Western News တွင်ဖော်ပြထားသည်။ လာမယ့်ရုံးချိန်းကို ဧပြီလ ၁၈ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

  • RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် အယောက် ၁၀၀ ကျော်ရှိခဲ့ကြောင်းသိရ ပါတယ်။ မြန်မာစစ်တပ်ဟာ ကလေးသူငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကုလအထူး ကိုယ်စားလှယ် Tom Andrews ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံ စာတင်သွင်းစဉ် ပြောကြားခဲ့ပါတယ်။

 

  • NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ်စည်ပင်ဝန်ကြီး ဟောင်း ဦးမင်းအောင်တို့ စွဲဆိုခံထားရသည့် ရွေးကောက်ပွဲမဲမသမာမှုနှင့်ဆိုင်သော အမှုအတွက် လာမည့် ဧပြီလ ၆ ရက်တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး၏ ရွေးကောက်ပွဲနှင့်ဆိုင်သည့်အမှုကို ယနေ့ (ဧပြီလ ၄ ရက်)ရုံးချိန်းတွင် စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်ရုံးချိန်း တွင် အမိန့်ချရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်း ထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက် ဆီးခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။  ဧပြီလ ၂ ရက်နေ့က မယ်ကဲရွာအနီး ကင်းစောင့်နေတဲ့ ကိုအောင်သန်းဌေးဆိုတဲ့ အမျိုးသားကို စစ်ကောင်စီတပ်တွေ သေနတ်နဲ့ပစ်သတ်ခဲ့ လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

  • ယနေ့ နေ့လယ် ၁ နာရီတွင် ဖက်ဆစ်စစ်တပ်နှင့် BGF ပူးပေါင်းစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူ(၇)ဦးသေဆုံးကာ လက်နက်တချို့သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရှိရပါသည်။

 

Related Articles

Back to top button