သတင်း

အိန္ဒိယအာဏာပိုင်က မြန်မာဒုက္ခသည်များကို လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကန့်သတ်သည့် အမိန့်စာထုတ်ပြန်၊ ကန့်သတ်မှုသည် မျှတမှုမရှိဟု ဝေဖန်မှုများရှိ

ဖက်ဒရယ်ဂျာနယ် (မတ် – ၁၀ )

မီဇိုးရမ်းပြည်နယ်၊ အိုက်ဇိုလ်း မြို့တော်(ခရိုင်) ကော်မီရှင်နာက ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါ အမိန့်စာ( အပိုဒ် (၈)တွင် “စစ်ဘေးရှောင် မည်သူမျှ DC နှင့် တာဝန်ခံများ၏ အသိမှတ်ပြုခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ မီဒီယာ (National နှင့် International) တွင် အင်တာဗျူး၊ ထုတ်လွင့်ခွင့် မပြုပါ”ဟု ‌ဖော်ပြထားသည်။

လူ့အခွင့်အရေးကိုလေးစားလိုက်နာသည်ဆိုသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ထိုကဲ့သို့ မြန်မာနိုင်ငံမှ လာရောက်သည့် ဒုက္ခသည်များ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်မှုသည် မျှတမှုမရှိဟု ဝေဖန်ရှုံ့ခြင်းခံရသည်။

ချင်းပါတီ CNLD ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က “အဲဒီလို ကန့်သတ်မှုဟာ ကုလသမဂ္ဂ UDHR ကြေညာစာတမ်းရဲ့ ပုဒ်မ (၁၉)ကို ဗျောင်ကျကျ ချိုးဖောက်တာ ဖြစ်တဲ့အတွက် ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည် ရုတ်သိမ်းသင့်တယ်” လို့ ထောက်ပြဝေဖန်လိုက်သည်။

ဝန်ကြီးချုပ်မိုဒီဉီးဆောင်သည့် အိန္ဒိယအစိုးရသည် မြန်မာပြည်သူနှင့်အတူ နွေဉီးတော်လှန်ရေးကို ရပ်တည်ပေးမည့်အစား အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့မှုများပြုလုပ်သည့်အတွက် ပြစ်တင်ဝေဖန်မှု ခံရပါသည်။ အထူးသဖြင့် အိန္ဒိယအနေဖြင့် သူ့ နယ်စပ်မှတဆင့် နိုင်ငံတကာ၏ လူသားချင်း စာနာထောက် ထားမှုအကူအညီများ ပေးပို့နိုင်ရေးကို လမ်းကြောင်းကို ခွင့်မပြုဘဲ ကန့်သတ်ပိတ်ပြင်ထား သည့်အတွက် မြန်မာစစ်ဘေးရှောင်များ များစွာ နစ်နာလျက်ရှိသည်ဟု အမည်မဖော်လိုသော မြန်မာဒုက္ခသည် ကူညီရေးအဖွဲ့တစ်ခုမှ ဉီးဆောင်လှုပ်ရှားသူတစ်ဉီးက ဖက်ဒရယ်ဂျာနယ်ကို ပြောပါသည်။

Related Articles

Back to top button