သတင်း

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၅ – ၂၀၂၂

  • ယနေ့မတ်လ ၅ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လ ကျော် ရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်နှင့် KIA PDF NUG ထောက်ခံပွဲ ပြု လုပ်ခဲ့ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်းပေးခဲ့ ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်း ထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။

 

  • ကယားပြည်နယ်တွင် အပြည်ပြည်ရာ အမျိုးသမီးများနေ့အကြို ယနေ့ မတ်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး နွေဦး တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ဘာသာပေါင်းစုံမှ အမျိုးသမီး သူရဲကောင်း များအတွက် ဖယောင်းတိုင် ထွန်းဆုတောင်းခြင်း၊ နွေဦး တော်လှန်ရေးတွင် နေရာ အသီးသီးတွင် ပါဝင်နေသည့် အမျိုးသမီးများ၊ မိခင်များ၊ CDM များ၊ ပြည်သူ့ကာကွယ်ရေး ရဲမေများနှင့် စစ်ဘေး ရှောင် အမျိုးသမီးများကို အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များက ယနေ့ မတ်လ ၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

  • မတ်လ ၅ ရက်နေ့ ယနေ့ ညနေပိုင်းတွင် ဖလမ်းမြို့နယ် ရမ်ထလိုရွာမှ ခရစ်ယာန် သင်းအုပ် ဆရာတစ်ဦး တောင်ယာသွားရာမှ မြေမြုပ်မိုင်းနှင်းမိပြီး ခြေမျက်စိနားထိ ပြတ်သွားကြောင်းသိ ရသည်။ သင်းအုပ် ဆရာတော်သည် ရမ်ထလို Baptist Churchမှ သင်းအုပ်ဆရာ အောင်ရွှေ ဖြစ်ကြောင်းလည်း သိရသည်။

 

  • “နွေသမိုင်းမရိုင်းစေရ” ရန်ကုန်သပိတ် သည် ယနေ့ တွင် Rangoon Empire (RGE) – မြေပြင် ကော်မတီက ဦးဆောင်၍ Yangon Drone၊စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ မင်္ဂလာဒုံမြို့နယ် သပိတ်ကော်မတီတို့ ပူးပေါင်း၍ ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် တစ်ခုပြုလုပ်သည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး မန္တလေးမြို့လယ်ခေါင် ဈေးတစ်ခုတွင် ယနေ့ မတ်လ ၅ ရက် နံနက်၌ သပိတ်စစ်ကြောင်းများ စုပေါင်းကာ ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။ “ကျေးလက် ပုန်ကန် မြို့ပြဖီဆန်” စာသားဖြင့် သံဃာထု၊ ကျောင်းသားထု၊ပြည်သူလူထု၊အမျိုးသမီးနှင့် LGBT ထု ပါဝင်သောစုပေါင်းသပိတ်စစ်ကြောင်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့ တွင် “​သွေး​အေးသွားကြပြီလား..? ပုံမှန်အတိုင်းဖြစ်သွားကြပြီလား..?အညံ့မခံ အရှုံးမပေး ကျွန်မခံ လိုတဲ့ စိတ်ဓာတ်ကို ​ မွေး​ပေးကြပါ။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရက္ခိုင်ပြည်သူများ လိုလားသည့် နိုင်ငံရေးမျှော်မှန်းချက်အားရရှိရန် လက်ရှိမြန်မာနိုင်ငံအတွင်း နေရာမရှိပါက ရက္ခိုင်လူထုနှင့် ULA/AA ၏ နိုင်ငံရေး ရည်းမှန်းချက်ဖြစ်သည့် အမျိုးသားနိုင်ငံ တော်သို့ နိုင်ငံတကာအသိုင်းအဝန်းနှင့် ပူးပေါင်းကာ ကိုယ်တိုင်ဖန်တီးတည်ဆောက်သွားမည်ဟု ပြောသည်။ ယနေ့ မတ်လ ၅ ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှတဆင့် သတင်း စာရှင်း လင်းပွဲ ပြုလုပ်ခဲ့ရာ ULA /AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

  • ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါမြို့ စစ်ကောင်စီ စခန်းအား ချင်းပြည်သူ့ကာကွယ်ရေးစုပေါင်း တပ်ဖွဲ့များဖြစ်သည့် CNDF၊ CNA၊ PDF-Zoland၊ CDM-Siyin နှင့် CDF-Hualngo တို့မှ ယနေ့ (မတ် ၅) နံနက်က တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုသည် တစ်နာရီခွဲကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဉီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကြကြောင်း PDF-Zoland က ထုတ်ပြန်သည်။

 

  • မွန်ပြည်နယ်၊ ရေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းကာ မီတာကြေး တစ်ယူနစ်လျှင် (၉၀၀)ကျပ်ကောက်ခံနေသည့် မြတ်သူရ မီးလင်းရေးရုံးကို ယနေ့ မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲခံကြောင်း ရေးဘီလူးအဖွဲ့က ဗီဒီယိုမှတ်တမ်းနှင့်အတူ သတင်းထုတ် ပြန်လာသည်။ “စကစနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဘယ်မြို့မှာမှ မရှိသေးသော မီးတာကြေး တစ်ယူနစ်(၉၀၀)ကျပ် ကောက်ခံကာ ပြည်သူအပေါ် မတရားအနိုင်ကျင့် အမြတ်ကြီးစားသည့် မြတ်သူရ မီးလင်းရေးရုံးကို ကျွန်ုပ်တို့ ရေးဘီလူးအဖွဲ့မှ ရှော့တိုက်မိုင်းဖြင့် ဖြိုခွဲလိုက်ပါသည်။”ဟု ထုတ်ပြန်ထားသည်။

 

  • ယမန်နေ့ မတ်လ ၄ ရက် ညနေပိုင်းက ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသို့ ရောက်ရှိကြသော စစ်ကောင်စီတပ်သားများသည် ဘုရားကျောင်းတွင် ညအိပ်ပြီး ရွာအတွင်း လူနေအိမ်အများ အပြားလည်း ဖောက်ထွင်းခိုးယူသွားခဲ့ကြောင်းသိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြသည်။

 

  • လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းမှ “မတရားတဲ့အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ ” စာသားဖြင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင် မြေယက်ခြမ်း ကျေးရွာ ၃ ရွာပေါင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် “ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ရှေ့တိုး ပြီးခုတ်မှရမယ်” စာတန်းကိုင် ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက် ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၆၀ ရက်မြောက် သပိတ်စစ် ကြောင်း ယနေ့ မတ်လ ၅ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့ ​Gen z များက စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြစ် “ငါတို့မြို့ရဲ့သမိုင်း ဘယ်တော့မှမရိုင်း ဘိုကလေးငြိမ်မနေဘူးဟေ့” စာသားပါဆိုင်းဘုတ်အား မြို့တော်ခန်းမရှေ့တွင် တစ်နေရာ၊ “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” ပိုစတာကို ဘိုကလေးတံတားပေါ်တွင် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ကြသည်။

 

  • ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF-Mindat)၏ မွန်းမံ သင်တန်း အပတ်စဉ် (၃) အောင်မြင် စွာပြီး‌မြောက်ပြီ ဖြစ်ကြောင်း ယနေ့ မတ်လ ၅ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ မွမ်းမံသင်တန်း အား စစ်ဘက်ဆိုင်ရာလေ့ကျင့်‌ရေးနှင့် အထူးတိုက်ခိုက်ရေး သင်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်ထိ တစ်လကြာ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

  • စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့အကြား ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်ကတစ်ဦး သေဆုံးပြီးတော့ ၃ ဦး ဒဏ်ရာရခဲ့ကြောင်းသိပါ တယ်။ တပ်မ(၉၉) လက်အောက်ခံ တပ်ရင်း (၃၁၅၊ ၁၅၊ ၄၂၀)နဲ့ စကခ(၁၂) လက်အောက်ခံ တပ်ရင်း (၂၈၇)တို့က မုံးကိုးရှိ MNDAA ရဲ့ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာ ဒီအပတ်ထဲ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ The Kokang က ဒီနေ့လယ်မှာ ထုတ်ပြန်ထားပါတယ်။

 

  • ပူတာအိုမြို့တွင် ယနေ့ နံနက်ပိုင်းအထိ လူတစ်ဦးလျှင် ဓာတ်ဆီ ၃ လီတာကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကန့်သတ်ရောင်းချပေးပြီးနောက် မွန်းလွဲပိုင်းမှစတင်ကာ ဆိုင်များအားလုံးပိတ်ခဲ့ကြောင်းသိရသည်။ KNG သတင်းဌာနကို ပြောဆို သည်။ “ပူတာအိုဒေသခံတစ်ဦးက မနေ့ကတော့ ကိုယ်လိုသလောက် ဝယ်လို့ရတယ်။ ကန့်သတ်ထားတာလည်းမရှိဘူး။ အားလုံးလည်း အလုအယက်လာဝယ်ကြတယ်။ ဒီမနက်ကြတော့ တစ်ယောက် ကို ၃ လီတာဘဲ ရောင်းပေးတော့တယ်။ အခုညနေပိုင်းဆို ဆီပြန် ပြတ်သွားလို့ ရောင်းပေးတဲ့ ဆီဆိုင်တောင် ပြန်ပိတ်လိုက်ပြီ” ဟု KNG သတင်းဌာနတွင်ဖော်ပြ ထားသည်။

 

  • ဒီကနေ့ မတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာ မိုင်းကိုင်မြို့ ရပ်ကွက် (၁)ရှိ နေအိမ် တစ်အိမ်မှာ အမျိုးသားတစ်ဦးက အိပ်ရင်းနဲ့ ဆေးလိပ်သောက်ရာကနေ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံးပြာကျသွားခဲ့တယ်လို့သိရပါတယ် ။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုင်းကိုင်ဒေသခံတစ်ဦးကို မေးမြန်းရာမှာတော့ “မီးက ၁ နာရီကတည်းက စတင်ပြီး မီးက အိမ်ရဲ့ အပေါ်ထပ်ကနေစလောင်တာဖြစ်တယ်။ မီးလောင်တဲ့အိမ်ရဲ့ အနောက်ဘက်ရှိ ခြံစည်းရုံးတွေလည်း ပါသွားတယ်။” လို့ မားနဂါးသတင်းဌာနတွင်ဖော်ပြထားပါတယ် ။

 

  • ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင် ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက တရားမဝင် ရွှေတူးဖော်သူများထံမှ ဆက်ကြေး ငွေ ကောက်ခံပြီး စက်ယန္တရား ၄ဝဝ ကျော်ဖြင့် အကြီးစား ရွှေတူးဖော်နေကြကြောင်း သိရသည်။ အဆိုပါ ရွှေတူးဖော်ရေး လုပ်ကိုင်နေ သော နေရာများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးပြီး အင်းကောမှုများ ဖြစ်ပေါ်ခြင်း၊ လယ်ယာများ ပျက်စီးခြင်းနှင့် အင်းကိုမှီခိုစားသောက်နေရသော ဒေသခံပြည်သူများ၏ စားဝတ် နေရေး ခက်ခဲလာခြင်းကြောင့် NLD အစိုးရ လက်ထက်တွင် ရွှေတူးဖော်ရေး လုပ် ကိုင်သူများကို တားမြစ်ထားသာ နေရာများဖြစ်ကြောင်း သိရသည်။

 

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို တပ်သား အဖြစ် စုဆောင်းတာတွေ မလုပ်ဖို့အပါအဝင် အချက် ခြောက်ချက်ကို လိုက်နာကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က မတ်လ ၄ ရက် မနေ့က အသိပေး ထုတ်ပြန်လိုက်ပါတယ်။ NUG က ဒီလို ထုတ်ပြန်ပေမယ့် မြေပြင်မှာတော့ တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့ အသက်ငယ်ရွယ်သူတွေကို ခွင့်ပြုရတာမျိုး ရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါး က ပြောတဲ့အကြောင်း RFA သတင်းဌာတွင်ဖော်ပြထားပါတယ်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button