သတင်း

CNDF အထူးကွန်မန်ဒို သင်တန်းဆင်းပွဲသို့အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးက သဝဏ်လွှာပေးပို့

Photo- CNDF

ဖက်ဒရယ်ဂျာနယ်

ရက်စွဲ။ ။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၃) ရက်

 

 

ရဲဘော်တို့အားလုံး ကိုယ်စိတ်ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

 

CNDF အထူးကွန်မန်ဒိုသင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဆင်းပွဲသို့ အခုလို သဝဏ်လွှာ ပါးခွင့် ရသည့်အတွက် အထူး ဂုဏ်ယူ​ကြောင်း ​ပြောလိုသည်။

 

ရဲ​ဘော်တို့တို့၏ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်များအတွက် ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲ​ဘော်တို့အားလုံးကို ဤ​နေရာမှ ဦးညွှတ်အ​လေးပြုလိုက်ပါသည်။

 

ရင်းနှီးပေးဆပ်မှုမရှိဘဲ တော်လှန်ရေးသည် မရှိနိုင်။ ဤတော်လှန်ရေးအတွက် ဘဝ၊ အသက်နှင့်ခန္ဓာကို စွန့်လွှတ်ရန် စိတ်ပိုင်းဖြတ်ထားသူများ ဖြစ်သည့်အား​လျော်စွာ ဆင်းရဲပင်ပန်းမှုဒဏ်မှန်သမျှကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

 

ငါတို့​တော်လှန်​ရေးရဲ​ဘော်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ် လက်ကိုင်တုတ်များကြား အဓိကကွာခြားမှုမှာ “စိတ်ဓာတ်” ဖြစ်သည်။

 

၄င်းစစ်ကောင်စီ၏ လက်ကိုင်တုတ်များသည် ယုံကြည်ချက်မဲ့၊ ကျင့်ဝတ်မဲ့၊ စည်းကမ်းမဲ့၊ အသိညဏ်မဲ့၊ စိတ်ဓာတ် ဖရိုဖရဲဖြစ်လျက် တပ်မတော်ဟူသည့် အမည်နာမကိုပင် ခံယူရန် မထိုက်တန်သော၊ တပ်မတော်တစ်ရပ်၏ အရည်အချင်း ပျက်ယွင်းခဲ့ပြီဖြစ်သော လက်နက်ကိုင် အကြမ်းဖက်အုပ်စုများအဖြစ် မြင်တွေ့​နေရသည်။

 

ဤအခြေအနေတွင် ငါတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ စိတ်ဓာတ်တံခွန်ကို အမြင့်ဆုံးအထိ ဆက်လက်လွှင့်ထူထားရန် လိုအပ်သည်။

Photo- CNDF (ကွန်မန်ဒို ရဲဘော်များ

 

 

တော်လှန်‌ရေးတစ်ရပ်၏ အနိုင်အရှုံးကို လက်နက်က ဆုံးဖြတ်သည်မဟုတ်။ စိတ်ဓာတ်ကသာဆုံးဖြတ်ပေသည်။ ငါတို့၏ စိတ်ဓာတ်အင်အား သာလွန်မှု၊ဗျူဟာမှန်ကန်မှု၊ပြည်သူ၏ အားပေးထောက်ခံကူညီမှုဖြင့် စစ်ကောင်စီ၏ကျွန်ပြုအုပ်စိုးမှုကို တိုက်ဖျက်အနိုင်ယူနိုင်လိမ့်မည်ဟု ငါတို့ယုံကြည်သည်။

 

ဤတော်လှန်ရေးတွင် အတူတကွ တိုက်ပွဲဝင်လျက်ရှိ​သော ညီနောင်များ၊မဟာမိတ်များအပေါ်တွင်လည်း ညီရင်းအကိုစိတ်ဓာတ်ကို အရင်းပြုလျက် ယုံကြည်မှု၊ လေးစားမှုထားကြရန် တိုက်တွန်းသည်။

ယခုအခါ ငါတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုံ ပါဝင်လျက် ပြည်သူ့တော်လှန်ရေး တနည်းအားဖြင့် ပြည်သူ့ခုခံတွန်းလှန်စစ်ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆင်နွှဲ​နေကြပြီ ဖြစ်ရာ ရဲဘော်တို့အားလုံး ကျရာတာဝန်ထမ်းရွက်ရန် အသင့်ရှိကြစေလိုသည်။

 

“အရေးတော်ပုံအောင်ရမည်။”

Related Articles

Back to top button