ဆောင်းပါး

AA နဲ႔ ကိုဗစ္ကာကြယ္ေဆး ဂယက္

AA နဲ့ ကိုဗစ်ကာကွယ်ဆေး ဂယက်

 

AA တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်ဆိုတဲ့သတင်းက ဒီအပတ်အတွင်း အပြင်မှာရော၊ အွန်လိုင်းမှာပါ ပွက်လောရိုက်ကုန်ပါတယ်။ ပွက်လောရိုက်မယ်ဆိုလည်း ရိုက်စရာပါပဲ။ စစ်မျက်နှာပြင်မှာ မီးကုန် ယမ်းကုန် သူသေ၊ ကိုယ်သေတိုက်နေခဲ့ကြတဲ့စစ်တပ်နဲ့ AA ရဲ့ဆက်ဆံရေးက အခုလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ခုတော့ အားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။

 

တကယ်တော့ ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်အစိုးရက တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်ဆိုတဲ့သတင်းဟာ စက်တင်ဘာလ ၂ဝ ရက်နောက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။ ရခိုင်ပြည်နယ်အတွက် ဒုတိယအသုတ် ခွဲတမ်းရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂ သိန်း ၃ သောင်းကျော်ထဲကနေ AA ကို ထိုးပေးသွားမယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

အခုရရှိထားတဲ့ ဆေးတွေဟာ ဦးစားပေးအဆင့် ၁၆ အုပ်စုအတွက်ကို ရည်ရွယ်တာပါ။ အဲဒီ ၁၆ အုပ်စုကတော့ အစိုးရကျန်းမာရေးဝန်ထမ်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းနဲ့ ပရဟိတဝန်ထမ်းတွေ၊ ဘိုးဘွားရိပ်သာ၊ သာသနာ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်နဲ့ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေ၊ ဟိုတယ်၊ တည်းခိုးခန်းနဲ့အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အကျဉ်းသားနဲ့အချုပ်သားတွေ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ စူပါမားကတ်တွေ၊ မသန်စွမ်းသူတွေ၊ EAOs၊ ရွှေ့ပြောင်းလူအုပ်စုများနဲ့ယာယီစခန်းတွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ စတာတွေဖြစ်ပါတယ်။

 

အဲဒီ အုပ်စု ၁၆ ခုထဲမှာ EAOs (Ethnic Armed Organizations)လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ထည့်သွင်းလာတာတွေ့ရပါတယ်။ EAOs တွေထဲမှာတော့ ရခိုင်ပြည်ထဲက ရက္ခိုင့်တပ်တော်(AA)အဖွဲ့လည်း ပါပါတယ်။ AA ကို ကိုဗစ်ဆေးထိုးမဲ့ကိစ္စကတော့ ပြည်ထောင်စုအဆင့်က ချမှတ်ပေးတဲ့မူဝါဒအတိုင်းပဲ အကောင်အထည် ဖော် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။ ဒါပေမဲ့ AA ကို ဆေးထိုးမဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီကနေ လက်ရှိအချိန်ထိ တိကျတဲ့လမ်းညွှန်မှုတွေ မရှိသေးပါဘူး။

 

AA ဘက်ကလည်း သူတို့ကို ကာကွယ်ဆေးထိုးပေးဖို့ နစကကောင်စီဘက်က ကြားခံအဖွဲ့အစည်းကနေ ကမ်းလှမ်းလာတာရှိတယ်လို့ စက်တင်ဘာ ၂၁ ရက်မှာ ရခိုင်ဘာသာနဲ့ရေးထားတဲ့ အသိပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကိုဗစ်ကာကွယ်ဆေးအပါအဝင် ကိုဗစ်ရောဂါနဲ့ပတ်သက်သက်လို့ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ၊ ကာကွယ်ဆေးတွေကို ဘယ်နားမှာ ဘယ်လောက်လိုအပ်လဲစသဖြင့် နစကကောင်စီဘက်က မေးဖူးတဲ့အကြောင်း၊ AA ဘက်ကလည်း သင့်တင်လျောက်ပတ်သလို ပေးနိုင်သလောက် ပေးနိုင်တဲ့အကြောင်း အကြောင်းပြန်ထားတယ်လို့ ဆိုထားပါတယ်။

 

 

 

ကာကွယ်ဆေးထိုးဖို့ကိစ္စနဲ့ပတ်သက်လာရင် ပြည်သူတွေအတွက်အဓိက ဦးစားပေး စဉ်းစားထားတဲ့အကြောင်း၊ လောလောဆယ် စဉ်းစားချက်က နစကကောင်စီဆီကရလာမဲ့ ကာကွယ်ဆေးတွေကို မြို့နယ်(၆) မြို့နယ်ဖြစ်တဲ့ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့တွေကို ဦးစားပီးအနေနဲ့ ထိုးပေးသွားမဲ့အကြောင်း၊ အရေအတွက်ခန့်မှန်း (၄၀,၀၀၀) လေးသောင်းဖြစ်ခဲ့ရင် ဒီအတိုင်းစဉ်းစားထားပြီး အဲဒီအရေအတွက်ထက်များရင်တော့ နောက်တစ်မျိုး ထပ်တိုးစဉ်းစားလုပ်ဆောင်သွားမယ်လို့ AA က ဆိုပါတယ်။

 

 

 

အရေအတွက် ဘယ်လောက်ရမလဲ၊ ထိုးပေးမဲ့ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လောက်အထိ သွားရောက်ထိုးပေးနိုင်မလဲ၊ ဘယ်အချိန်ထိုးပေးနိုင်မလဲဆိုတာတွေအပေါ်မှာမူတည်ပြီးတော့ ကာကွယ်ဆေးတွေကို နည်းမှန်လမ်းမှန်နဲ့ထိုးပေးသွားဖို့စဉ်းစားထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးရရှိဖို့အတွက်ကို စစ်ကောင်စီနဲ့ ဆက်လက်ညှိနှိုင်းရဦးမယ်လို့လည်း AA ပြောခွင့်ရသူ ခိုင်သုခက ပြောထားပါတယ်။

 

ကိုဗစ်နဲ့ပတ်သက်လာရင် AA ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ရခိုင်ပြည်နယ်ထဲမှာ Stay At Home အမိန့်ထုတ်ပြန်ခဲ့ဖူးပါတယ်။ နောက်ပြီး ကိုဗစ်ကာကွယ်ဆေးကို ရခိုင်သားတိုင်းထိုးနှံထားကြဖို့နဲ့ ရခိုင်ပြည်သူတွေ ကိုဗစ်ဆေးထိုးနိုင်ဖို့ AA အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ AA တပ်မှူးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကိုဗစ်နဲ့ပတ်သက်ပြီးပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက အားလုံး ယေဘုယျထင်ထားခဲ့တာက AA အနေနဲ့ ကိုဗစ်ကာကွယ်ဆေးရအောင် ပြည်ပနိုင်ငံတစ်ခုခုဆီကနေ အကူအညီလှမ်းတောင်းထားတာလားပေါ့။ အဲလိုမျိုးလည်း အကူအညီတောင်းထားတာရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ တခြားအဖွဲ့တစ်ခုဆီကနေ အကူအညီတွေမရသေးခင် စစ်ကောင်စီဘက်ကနေ အခုလိုပေးလာတော့ အများက အံ့သြဘနန်းတွေ ဖြစ်ခဲ့ကြရတာပါ။

 

စစ်တပ်နဲ့ AA ဆိုတာက မကြာသေးခင်ကမှ အပစ်ရပ်ထားတဲ့ကြအဖွဲ့တွေဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကနေ ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ရခိုင်မြေမှာ ၂ နှစ်ကြာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။ သူသေ ကိုယ်သေ အပြိုင်ကြဲခဲ့ကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။ နှစ်ဘက်အထိအခိုက် အကျအဆုံးတွေလည်း အများအပြားရှိခဲ့ကြတယ်လို့ သိရပါတယ်။ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲလုပ်မဲ့ နိုဝင်ဘာ ၈ ရက်မတိုင်ခင်တော့ ရခိုင်မြေမှာ တိုက်ပွဲသံတွေ သိသိသာသာလျော့သွားခဲ့ပါတယ်။ အချင်းချင်း ဘယ်လိုနားလည်မှုယူထားခဲ့လဲတော့ မပြောတတ်ပါဘူး။ ဆိုတော့ တစ်ဘက်နဲ့တစ်ဘက်က အရေခွံနွှာချင်လောက်အထိ တိုက်နေခဲ့ကြတဲ့အဖွဲ့ကို ဒီလိုမျိုး ကိုဗစ်ကာကွယ်ဆေးတွေပေးမယ်လို့ ပြောလာတာက နောက်ကွယ်မှာ ရိုးသားမှုကောရှိရဲ့လားလို့ အတွေးပွားစရာကောင်းနေပါတယ်။

 

ဆက်ပြောရမယ်ဆိုရင် စစ်ကောင်စီက AA ကို ကာကွယ်ဆေးတွေထိုးပေးဖို့ ကမ်းလှမ်းလာခဲ့တာက ဘာသဘောလဲ။ ရိုးသားမှုကော ရှိသလား။ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေပါသလဲ။ AA ကို မီးကုန်ယမ်းကုန်တိုက်နေခဲ့တဲ့ စစ်ကောင်စီဘက်က အခုလို ရုတ်တရက် ကာကွယ်ဆေးတွေထိုးပေးမယ်ဆိုတာက AA အပေါ် စစ်ကောင်စီရဲ့ ချဉ်းကပ်နည်း ပုံစံအသစ်တစ်ခုများလား။ နောက်တစ်ခုက ရခိုင်မြေမှာ တိုက်ပွဲတွေရပ်တန့်ထားတဲ့နောက်ပိုင်း AA ဟာ ပြည်နယ်အတွင်းက မြို့နယ်အသီးသီးမှာ ရခိုင်ပြည်သူ့အာဏာပိုင်အဖဲွဲ့ကိုဖွဲ့ပြီးတော့ ပြည်သူတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို တစိုတ်မတ်မတ် ကိုင်တွယ်ဖြေရှင်းနေတာရှိပါတယ်။ ဒါကို အမြင်မကြည်လို့များ ဘယ်ဒေသမှာ AA တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ရှိတယ်ဆိုတာကို စစ်ကောင်စီက အကဲစမ်းချင်တဲ့သဘောလား။ မေးခွန်းထုတ်စရာတွေ၊ တခြား စဉ်းစားစရာတွေတော့ အများကြီးပါ။

 

AA ဘက်ကလည်း စစ်ကောင်စီရဲ့ ကာကွယ်ဆေးပေးတဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိပုံမပေါ်သေးပါဘူး။ “စေတနာနဲ့ ရည်ရွယ်ချက်ကို မကွဲပြားနိုင်တဲ့အနေအထားမှာ စစ်ရေး၊ လုံခြုံရေးဆိုင်ရာကို အလေးအနက်ထားပြီးတော့ အခြေအနေကို အကဲဖြတ် သတိထားကာသုံးသပ်ချင့်ချိန်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်”လို့ AA က ပြောထားပါတယ်။ ဒါဆို AA ကကော စစ်ကောင်စီရဲ့ကာကွယ်ဆေးတွေကို ဘာကြောင့်ယူသလဲ။ ပြောရမယ်ဆိုရင် သဘောကတော့ ရိုးရိုးလေးပါပဲ။ စစ်ကောင်စီက ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ကမ်းလှမ်းလာလို့ ယူမယ်လို့ လက်ခံလိုက်တယ်။ ပေးချင်ပေး၊ မပေးချင်နေ။ ပေးရင်ယူမယ်။ မပေးရင် မယူဘူး။ ပေးရင်လည်း ငါတို့မထိုးဘူး။ ပြည်သူကို ဦးစားပေးလို့ ထိုးပေးသွားမယ်ဆိုတဲ့သဘော။

 

ပြည်သူတွေကလည်း AA ဟာ အခုလို စစ်ကောင်စီဘက်ကပေးတဲ့ ကာကွယ်ဆေးကိုယူလိုက်တာနဲ့ပတ်သက်ပြီး စောဒကတက်စရာရှိမနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဟာ AA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အကြွင်းမဲ့ယုံကြည်ကြလို့ပါပဲ။ ဗိုလ်ချုပ်အနေနဲ့ ပြည်သူတွေကို ချနင်းပြီး ပြည်သူတွေပျက်စီးရာ ပျက်စီးကြောင်းကို မလုပ်ဘူးလို့လည်း ယုံကြည်နေကြပါတယ်။

 

နောက်တစ်ခုက စစ်ကောင်စီက ပေးမဲ့ကာကွယ်ဆေးကို ရခိုင်မှာရှိတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)အဖွဲ့ကော မရဘူးလားလို့လည်း မေးနေကြတာလည်း တွေ့ရပြန်ပါတယ်။ ပြောရမယ်ဆိုရင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်တာကြောင့် EAO ထဲမှာမပါပါဘူး။ ဒါကြောင့် စစ်ကောင်စီက ပေးမဲ့ ကာကွယ်ဆေးကိုလည်း ရရှိမှာမဟုတ်ပါဘူး။

 

ဘာပဲပြောပြော AA ကိုထိုးပေးမဲ့ဆေးလုံးတွေကတော့ အဆင်သင့်ရှိနေပြီလို့ ပြည်နယ်အစိုးရပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဒီအပတ်ထဲမှာ ထုတ်ပြောလာပါတယ်။ စစ်ကောင်စီက AA ကို ဘယ်နေ့မှာ အရေအတွက်ဘယ်လောက်ကို စပေးလိုက်တော့လို့ ညွှန်ကြားချက်ရတာနဲ့ ချက်ချင်းပေးသွားဖို့အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

 

လက်ရှိ ရခိုင်ပြည်နယ်မှာ အသက် ၆၅ နှစ်အထက်ရှိသူတွေ၊ ၅၅ နှစ်အထက်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေမှာပါတဲ့ ၁၈ အထက်ရှိသူတွေကို တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးတွေကို စစ်ကောင်စီအစီအစဉ်နဲ့ ထိုးပြီးခဲ့ပြီဖြစ်ပါတယ်။ ဆိုတော့ အခု AA က ပြည်သူကို ဦးစားပေးထိုးပေးမယ်ဆိုတဲ့အုပ်စုထဲမှာ ဘယ်အသက်အရွယ်တွေကို ထိုးပေးသွားမယ်ဆိုတာကိုတော့ AA ဘက်က ထုတ်မပြောသေးပါဘူး။

 

ဆြာကု

 

 

 

 

 

AA နဲ႔ ကိုဗစ္ကာကြယ္ေဆး ဂယက္

 

AA တပ္ဖဲြ႕ဝင္ေတြကို စစ္ေကာင္စီက ကိုဗစ္ကာကြယ္ေဆးထိုးေပးမယ္ဆိုတဲ့သတင္းက ဒီအပတ္အတြင္း အျပင္မွာေရာ၊ အြန္လိုင္းမွာပါ ပြက္ေလာ႐ိုက္ကုန္ပါတယ္။ ပြက္ေလာ႐ိုက္မယ္ဆိုလည္း ႐ိုက္စရာပါပဲ။ စစ္မ်က္ႏွာျပင္မွာ မီးကုန္ ယမ္းကုန္ သူေသ၊ ကိုယ္ေသတိုက္ေနခဲ့ၾကတဲ့စစ္တပ္နဲ႔ AA ရဲ႕ဆက္ဆံေရးက အခုလို ျဖစ္လာလိမ့္မယ္လို႔ ဘယ္သူမွ ထင္မထားခဲ့ၾကပါဘူး။ ခုေတာ့ အားလံုးက အံ့အားသင့္ခဲ့ၾကရပါတယ္။

 

တကယ္ေတာ့ ရကၡိဳင့္တပ္ေတာ္(AA)တပ္ဖဲြ႕ဝင္ေတြကို ရခိုင္ျပည္နယ္အစိုးရက တ႐ုတ္ႏိုင္ငံထုတ္ Sinopharm အမ်ဳိးအစား ကိုဗစ္ကာကြယ္ေဆး ထိုးေပးမယ္ဆိုတဲ့သတင္းဟာ စက္တင္ဘာလ ၂ဝ ရက္ေနာက္ပိုင္းမွာ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚလာခဲ့တာပါ။ ရခိုင္ျပည္နယ္အတြက္ ဒုတိယအသုတ္ ခဲြတမ္းရရွိတဲ့ ကိုဗစ္ကာကြယ္ေဆးအလုံးေရ ၂ သိန္း ၃ ေသာင္းေက်ာ္ထဲကေန AA ကို ထိုးေပးသြားမယ္လို႔ ျပည္နယ္စစ္ေကာင္စီရဲ႕ေျပာခြင့္ရသူ ျပည္နယ္ဥပေဒခ်ဳပ္ဦးလွသိန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

 

အခုရရွိထားတဲ့ ေဆးေတြဟာ ဦးစားေပးအဆင့္ ၁၆ အုပ္စုအတြက္ကို ရည္ရြယ္တာပါ။ အဲဒီ ၁၆ အုပ္စုကေတာ့ အစိုးရက်န္းမာေရးဝန္ထမ္း၊ ပုဂၢလိက က်န္းမာေရးဝန္ထမ္း၊ ေစတနာ့ဝန္ထမ္းနဲ႔ ပရဟိတဝန္ထမ္းေတြ၊ ဘိုးဘြားရိပ္သာ၊ သာသနာ့ဝန္ထမ္း၊ ပုဂၢလိကဘဏ္နဲ႔ေငြေၾကး ဝန္ေဆာင္မႈလုပ္ငန္းေတြ၊ ပုဂၢလိကစက္႐ုံအလုပ္႐ုံေတြ၊ ဟိုတယ္၊ တည္းခိုးခန္းနဲ႔အစားအေသာက္ဝန္ေဆာင္မႈလုပ္ငန္းေတြ၊ အက်ဥ္းသားနဲ႔အခ်ဳပ္သားေတြ၊ ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ၊ စူပါမားကတ္ေတြ၊ မသန္စြမ္းသူေတြ၊ EAOs၊ ေရႊ႕ေျပာင္းလူအုပ္စုမ်ားနဲ႔ယာယီစခန္းေတြ၊ နာတာရွည္ေရာဂါခံစားေနရသူေတြ စတာေတြျဖစ္ပါတယ္။

 

အဲဒီ အုပ္စု ၁၆ ခုထဲမွာ EAOs (Ethnic Armed Organizations)လို႔ေခၚတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြကိုလည္း ထည့္သြင္းလာတာေတြ႕ရပါတယ္။ EAOs ေတြထဲမွာေတာ့ ရခိုင္ျပည္ထဲက ရကၡိဳင့္တပ္ေတာ္(AA)အဖြဲ႕လည္း ပါပါတယ္။ AA ကို ကိုဗစ္ေဆးထိုးမဲ့ကိစၥကေတာ့ ျပည္ေထာင္စုအဆင့္က ခ်မွတ္ေပးတဲ့မူဝါဒအတိုင္းပဲ အေကာင္အထည္ ေဖာ္ ေဆာင္ရြက္ရမွာျဖစ္တယ္လို႔ ျပည္နယ္စစ္ေကာင္စီက ေျပာပါတယ္။ ဒါေပမဲ့ AA ကို ေဆးထိုးမဲ့ကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီကေန လက္ရွိအခ်ိန္ထိ တိက်တဲ့လမ္းညႊန္မႈေတြ မရွိေသးပါဘူး။

 

AA ဘက္ကလည္း သူတို႔ကို ကာကြယ္ေဆးထိုးေပးဖို႔ နစကေကာင္စီဘက္က ၾကားခံအဖဲြ႕အစည္းကေန ကမ္းလွမ္းလာတာရွိတယ္လို႔ စက္တင္ဘာ ၂၁ ရက္မွာ ရခိုင္ဘာသာနဲ႔ေရးထားတဲ့ အသိေပးစာတစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထုတ္ျပန္ခ်က္ထဲမွာ ကိုဗစ္ကာကြယ္ေဆးအပါအဝင္ ကိုဗစ္ေရာဂါနဲ႔ပတ္သက္သက္လို႔ ႀကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းေတြ၊ ကာကြယ္ေဆးေတြကို ဘယ္နားမွာ ဘယ္ေလာက္လိုအပ္လဲစသျဖင့္ နစကေကာင္စီဘက္က ေမးဖူးတဲ့အေၾကာင္း၊ AA ဘက္ကလည္း သင့္တင္ေလ်ာက္ပတ္သလို ေပးႏိုင္သေလာက္ ေပးႏိုင္တဲ့အေၾကာင္း အေၾကာင္းျပန္ထားတယ္လို႔ ဆိုထားပါတယ္။

 

 

 

ကာကြယ္ေဆးထိုးဖို႔ကိစၥနဲ႔ပတ္သက္လာရင္ ျပည္သူေတြအတြက္အဓိက ဦးစားေပး စဥ္းစားထားတဲ့အေၾကာင္း၊ ေလာေလာဆယ္ စဥ္းစားခ်က္က နစကေကာင္စီဆီကရလာမဲ့ ကာကြယ္ေဆးေတြကို ၿမိဳ႕နယ္(၆) ၿမိဳ႕နယ္ျဖစ္တဲ့ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာၿမိဳ႕ေတြကို ဦးစားပီးအေနနဲ႔ ထိုးေပးသြားမဲ့အေၾကာင္း၊ အေရအတြက္ခန႔္မွန္း (၄၀,၀၀၀) ေလးေသာင္းျဖစ္ခဲ့ရင္ ဒီအတိုင္းစဥ္းစားထားၿပီး အဲဒီအေရအတြက္ထက္မ်ားရင္ေတာ့ ေနာက္တစ္မ်ိဳး ထပ္တိုးစဥ္းစားလုပ္ေဆာင္သြားမယ္လို႔ AA က ဆိုပါတယ္။

 

 

 

အေရအတြက္ ဘယ္ေလာက္ရမလဲ၊ ထိုးေပးမဲ့က်န္းမာေရးဝန္ထမ္းေတြက ဘယ္ေလာက္အထိ သြားေရာက္ထိုးေပးနိုင္မလဲ၊ ဘယ္အခ်ိန္ထိုးေပးႏိုင္မလဲဆိုတာေတြအေပၚမွာမူတည္ၿပီးေတာ့ ကာကြယ္ေဆးေတြကို နည္းမွန္လမ္းမွန္နဲ႔ထိုးေပးသြားဖို႔စဥ္းစားထားတယ္လို႔ AA က ထုတ္ျပန္ထားပါတယ္။ ကာကြယ္ေဆးရရွိဖို႔အတြက္ကို စစ္ေကာင္စီနဲ႔ ဆက္လက္ညိႇႏႈိင္းရဦးမယ္လို႔လည္း AA ေျပာခြင့္ရသူ ခိုင္သုခက ေျပာထားပါတယ္။

 

ကိုဗစ္နဲ႔ပတ္သက္လာရင္ AA ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လထဲက ရခိုင္ျပည္နယ္ထဲမွာ Stay At Home အမိန္႔ထုတ္ျပန္ခဲ့ဖူးပါတယ္။ ေနာက္ၿပီး ကိုဗစ္ကာကြယ္ေဆးကို ရခိုင္သားတိုင္းထိုးႏွံထားၾကဖို႔နဲ႔ ရခိုင္ျပည္သူေတြ ကိုဗစ္ေဆးထိုးႏိုင္ဖို႔ AA အေနနဲ႔ အတတ္ႏိုင္ဆံုး ႀကိဳးစားေနတယ္လို႔ AA တပ္မွဴးခ်ဳပ္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ကိုဗစ္နဲ႔ပတ္သက္ၿပီးေျပာၾကားတဲ့ မိန္႔ခြန္းတစ္ခုမွာ ထုတ္ေဖာ္ေျပာခဲ့ဖူးပါတယ္။ အဲဒီတုန္းက အားလံုး ေယဘုယ်ထင္ထားခဲ့တာက AA အေနနဲ႔ ကိုဗစ္ကာကြယ္ေဆးရေအာင္ ျပည္ပႏိုင္ငံတစ္ခုခုဆီကေန အကူအညီလွမ္းေတာင္းထားတာလားေပါ့။ အဲလိုမ်ဳိးလည္း အကူအညီေတာင္းထားတာရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမဲ့ တျခားအဖဲြဲ႕တစ္ခုဆီကေန အကူအညီေတြမရေသးခင္ စစ္ေကာင္စီဘက္ကေန အခုလိုေပးလာေတာ့ အမ်ားက အံ့ၾသဘနန္းေတြ ျဖစ္ခဲ့ၾကရတာပါ။

 

စစ္တပ္နဲ႔ AA ဆိုတာက မၾကာေသးခင္ကမွ အပစ္ရပ္ထားတဲ့ၾကအဖဲြ႕ေတြျဖစ္ပါတယ္။ ၂ဝ၁၈ ခုႏွစ္၊ ႏိုဝင္ဘာလကေန ၂ဝ၂ဝ ျပည့္ႏွစ္၊ ႏိုဝင္ဘာလအထိ ရခိုင္ေျမမွာ ၂ ႏွစ္ၾကာ တိုက္ပဲြေတြအျပင္းအထန္ျဖစ္ခဲ့ၾကတဲ့အဖဲြ႕ေတြလည္းျဖစ္ပါတယ္။ သူေသ ကိုယ္ေသ အၿပိဳင္ႀကဲခဲ့ၾကတဲ့အဖဲြ႕ေတြလည္းျဖစ္ပါတယ္။ ႏွစ္ဘက္အထိအခိုက္ အက်အဆံုးေတြလည္း အမ်ားအျပားရွိခဲ့ၾကတယ္လို႔ သိရပါတယ္။ ၂ဝ၂ဝ အေထြေထြေရြးေကာက္ပဲြလုပ္မဲ့ ႏိုဝင္ဘာ ၈ ရက္မတိုင္ခင္ေတာ့ ရခိုင္ေျမမွာ တိုက္ပဲြသံေတြ သိသိသာသာေလ်ာ့သြားခဲ့ပါတယ္။ အခ်င္းခ်င္း ဘယ္လိုနားလည္မႈယူထားခဲ့လဲေတာ့ မေျပာတတ္ပါဘူး။ ဆိုေတာ့ တစ္ဘက္နဲ႔တစ္ဘက္က အေရခြံႏႊာခ်င္ေလာက္အထိ တိုက္ေနခဲ့ၾကတဲ့အဖဲြ႕ကို ဒီလိုမ်ဳိး ကိုဗစ္ကာကြယ္ေဆးေတြေပးမယ္လို႔ ေျပာလာတာက ေနာက္ကြယ္မွာ ႐ိုးသားမႈေကာရွိရဲ႕လားလို႔ အေတြးပြားစရာေကာင္းေနပါတယ္။

 

ဆက္ေျပာရမယ္ဆိုရင္ စစ္ေကာင္စီက AA ကို ကာကြယ္ေဆးေတြထိုးေပးဖို႔ ကမ္းလွမ္းလာခဲ့တာက ဘာသေဘာလဲ။ ႐ိုးသားမႈေကာ ရွိသလား။ ေနာက္ကြယ္မွာ ဘာရည္ရြယ္ခ်က္ေတြပါသလဲ။ AA ကို မီးကုန္ယမ္းကုန္တိုက္ေနခဲ့တဲ့ စစ္ေကာင္စီဘက္က အခုလို ႐ုတ္တရက္ ကာကြယ္ေဆးေတြထိုးေပးမယ္ဆိုတာက AA အေပၚ စစ္ေကာင္စီရဲ႕ ခ်ဥ္းကပ္နည္း ပံုစံအသစ္တစ္ခုမ်ားလား။ ေနာက္တစ္ခုက ရခိုင္ေျမမွာ တိုက္ပဲြေတြရပ္တန္႔ထားတဲ့ေနာက္ပိုင္း AA ဟာ ျပည္နယ္အတြင္းက ၿမိဳ႕နယ္အသီးသီးမွာ ရခိုင္ျပည္သူ႔အာဏာပိုင္အဖဲဲြ႕ကိုဖဲြ႕ၿပီးေတာ့ ျပည္သူေတြရဲ႕ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးေတြကို တစိုတ္မတ္မတ္ ကိုင္တြယ္ေျဖရွင္းေနတာရွိပါတယ္။ ဒါကို အျမင္မၾကည္လို႔မ်ား ဘယ္ေဒသမွာ AA တပ္ဖဲြ႕ဝင္ေတြ ဘယ္ေလာက္ရွိတယ္ဆိုတာကို စစ္ေကာင္စီက အကဲစမ္းခ်င္တဲ့သေဘာလား။ ေမးခြန္းထုတ္စရာေတြ၊ တျခား စဥ္းစားစရာေတြေတာ့ အမ်ားႀကီးပါ။

 

AA ဘက္ကလည္း စစ္ေကာင္စီရဲ႕ ကာကြယ္ေဆးေပးတဲ့ရည္ရြယ္ခ်က္ကို ရွင္းရွင္းလင္းလင္း သိပံုမေပၚေသးပါဘူး။ “ေစတနာနဲ႔ ရည္ရြယ္ခ်က္ကို မကြဲျပားနိုင္တဲ့အေနအထားမွာ စစ္ေရး၊ လုံျခဳံေရးဆိုင္ရာကို အေလးအနက္ထားၿပီးေတာ့ အေျခအေနကို အကဲျဖတ္ သတိထားကာသုံးသပ္ခ်င့္ခ်ိန္ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမယ္”လို႔ AA က ေျပာထားပါတယ္။ ဒါဆို AA ကေကာ စစ္ေကာင္စီရဲ႕ကာကြယ္ေဆးေတြကို ဘာေၾကာင့္ယူသလဲ။ ေျပာရမယ္ဆိုရင္ သေဘာကေတာ့ ႐ိုး႐ိုးေလးပါပဲ။ စစ္ေကာင္စီက ေပးမယ္လို႔ ကမ္းလွမ္းလာတယ္။ ကမ္းလွမ္းလာလို႔ ယူမယ္လို႔ လက္ခံလိုက္တယ္။ ေပးခ်င္ေပး၊ မေပးခ်င္ေန။ ေပးရင္ယူမယ္။ မေပးရင္ မယူဘူး။ ေပးရင္လည္း ငါတို႔မထိုးဘူး။ ျပည္သူကို ဦးစားေပးလို႔ ထိုးေပးသြားမယ္ဆိုတဲ့သေဘာ။

 

ျပည္သူေတြကလည္း AA ဟာ အခုလို စစ္ေကာင္စီဘက္ကေပးတဲ့ ကာကြယ္ေဆးကိုယူလိုက္တာနဲ႔ပတ္သက္ၿပီး ေစာဒကတက္စရာရွိမေနႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ျပည္သူေတြဟာ AA ရဲ႕စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကို အႂကြင္းမဲ့ယံုၾကည္ၾကလို႔ပါပဲ။ ဗိုလ္ခ်ဳပ္အေနနဲ႔ ျပည္သူေတြကို ခ်နင္းၿပီး ျပည္သူေတြပ်က္စီးရာ ပ်က္စီးေၾကာင္းကို မလုပ္ဘူးလို႔လည္း ယံုၾကည္ေနၾကပါတယ္။

 

ေနာက္တစ္ခုက စစ္ေကာင္စီက ေပးမဲ့ကာကြယ္ေဆးကို ရခိုင္မွာရွိတဲ့ ရခိုင္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္ (ALP/ALA)အဖဲြ႕ေကာ မရဘူးလားလို႔လည္း ေမးေနၾကတာလည္း ေတြ႕ရျပန္ပါတယ္။ ေျပာရမယ္ဆိုရင္ ရခိုင္ျပည္လြတ္ေျမာက္ေရးတပ္မေတာ္ (ALP/ALA)အဖဲြ႕ဟာ အစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားတဲ့ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းျဖစ္တာေၾကာင့္ EAO ထဲမွာမပါပါဘူး။ ဒါေၾကာင့္ စစ္ေကာင္စီက ေပးမဲ့ ကာကြယ္ေဆးကိုလည္း ရရွိမွာမဟုတ္ပါဘူး။

 

ဘာပဲေျပာေျပာ AA ကိုထိုးေပးမဲ့ေဆးလံုးေတြကေတာ့ အဆင္သင့္ရွိေနၿပီလို႔ ျပည္နယ္အစိုးရေျပာခြင့္ရသူ ျပည္နယ္ဥပေဒခ်ဳပ္ဦးလွသိန္းက ဒီအပတ္ထဲမွာ ထုတ္ေျပာလာပါတယ္။ စစ္ေကာင္စီက AA ကို ဘယ္ေန႔မွာ အေရအတြက္ဘယ္ေလာက္ကို စေပးလိုက္ေတာ့လို႔ ၫႊန္ၾကားခ်က္ရတာနဲ႔ ခ်က္ခ်င္းေပးသြားဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔လည္း ဆိုပါတယ္။

 

လက္ရွိ ရခိုင္ျပည္နယ္မွာ အသက္ ၆၅ ႏွစ္အထက္ရွိသူေတြ၊ ၅၅ ႏွစ္အထက္ရွိသူေတြနဲ႔ ေစတနာ့ဝန္ထမ္းအဖြဲ႕ေတြမွာပါတဲ့ ၁၈ အထက္ရွိသူေတြကို တ႐ုတ္ႏိုင္ငံထုတ္ Sinopharm အမ်ဳိးအစားကိုဗစ္ကာကြယ္ေဆးေတြကို စစ္ေကာင္စီအစီအစဥ္နဲ႔ ထိုးၿပီးခဲ့ၿပီျဖစ္ပါတယ္။ ဆိုေတာ့ အခု AA က ျပည္သူကို ဦးစားေပးထိုးေပးမယ္ဆိုတဲ့အုပ္စုထဲမွာ ဘယ္အသက္အရြယ္ေတြကို ထိုးေပးသြားမယ္ဆိုတာကိုေတာ့ AA ဘက္က ထုတ္မေျပာေသးပါဘူး။

 

ၾဆာကု

Related Articles

Back to top button