မတ်လ – ၂၃ – ၂၀၂၂ ခုနှစ်
စစ်အာဏာရှင်ဆန့်ကျင်လူထုလှုပ်ရှားမှုအပေါ် စစ်ကောင်စီတပ်မှ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ မတ်လ (၂၄)ရက်နေ့အထိ ပြည်သူပေါင်း ( ၁၇၀၄ ) ဦးအထိ အသက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒါအပြင် စစ်ကောင်စီ၏ မတရားဖမ်းစီးခံရသူ ( ၁၂၉၄၉ )ဦးအထိရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွကပြေး သိမ်းရှောင်နေရသူ ( ၁၉၇၄ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
- ကရင်နီပြည်မှာ ၆ရက်ဆက်တိုက် နေ့စဉ်ပျောက်ကျားတိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က အနည်း ဆုံး ၇ ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ မတ်လ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဖရူဆိုမြို့နယ်မှာ ခမရ- ၅၃၁ တပ်ကို KA၊ KNDF တို့ က မတ်လ ၁၇ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တစ်ဦးသေဆုံးခဲ့ပါ တယ်။ ဖရူဆို မြို့မရဲစခန်းကိုလည်း မတ်လ ၁၈ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၁၄ ဦး သေဆုံးခဲ့ ပါတယ်။ မိုးဗြဲမြို့နယ် ဝါရီဆူးဖလှိုင်ကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါ တယ်။
- အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် မတ်လ ၂၄ ရက်နေ့တွင် ၄၁၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ‘တောင်တန်းမြေပြန့်အတူ ချီတက်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်’ ပိုစတာကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြသည်။
- ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် “လိင်အကြမ်းဖက် ဖက်ဆစ်တပ် ထောင်တွင်း လိင်အကြမ်းဖက်မှု ချက်ချင်းရပ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- “တရားမဲ့တဲ့ခေတ်မှာ ဘယ်ဘုရားမှ မပွင့်ဘူး။ ပွင့်လာတဲ့ ဘုရားလဲ တော်လှန်သော ဘုရားပဲဖြစ် လိမ့်မယ်”စာသားပါ ဗွီနိုင်းကို ရန်ကုန်မြို့တစ်နေရာတွင် ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီ (PBYSC) က ယနေ့မတ်လ(၂၄)ရက်နေ့ ညနေပိုင်းတွင် ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။
- အထက (၃၇) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မတ်လ ၂၄ ရက်နေ့တွင် မန္တလေးမြို့ တွင် “We have nothing to lose but our chains” စာသားပါ Banner အား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
- မန္တလေးမြို့တွင် အစစ်အဆေး၊ ဖမ်းဆီးမှုများရှိသော်လည်း သံဃသမဂ္ဂ (မန္တလေး)ဆရာတော်များ က ယနေ့ (မတ်လ ၂၄) ညနေပိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်သား (PDF)များနှင့် ပြည်သူများ ကျန်းမာဘေးကင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ခဲ့သည်။ သံဃသမဂ္ဂဆရာတော်များသည် ပြည်သူ များအတွက် နေ့စဉ်မပြတ် ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းခဲ့ကြခြင်းဖြစ်ပြီး ယနေ့ရက်ပေါင်း (၄၀၉) ရက်တိုင် ရှိခဲ့ပြီဖြစ်သည်။
- မုံရွာမြို့တွင် တော်လှန်ရေး လူငယ်အင်အားစု (Y.R.F) အဖွဲ့မှ ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် “ဖိဖို့က မင်းတို့တာဝန်ဆိုရင် ကြွဖို့က ငါတို့တာဝန် ၅/” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် စစ်ကြောင်းကို “အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အင်အားနဲ့ထွန်းလင်းကြစို့”ခေါင်းစဉ်ဖြင့် သပိတ်ကို ယနေ့ မတ် ၂၄ တွင် ချီတက်ခဲ့ကြပြီး ဒီပဲယင်း သပိတ်ကော်မတီဝင်များလည်း လာရောက်ပူးပေါင်းဝန်းရံခဲ့ကြသည်။
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် ကျောင်းသား သမဂ္ဂ အသီးသီမှ ဗကသရဲဘော်များ နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ် ၃၇၉ ရက်မြောက်နေ့အဖြစ် မတ်လ ၂၄ ရက်နေ့တွင် “အဖိနှိပ်ခံအလုပ် သမားထုကို ဝန်းရံကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ” စာသားပါဘန်နာဖြင့် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
- ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ယင်းမာပင်မြို့နယ်တွင် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၄ ရက်နေ့ တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
- အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း ကျေးရွာများရှိ တော်လှန်ကျောင်းသားပြည်သူများသည် မတ်လ ၂၄ ရက် ညနေပိုင်းတွင် လှည့်လည် ချီတက်ဆန္ဒပြကြသည်။
- ကရင်ပြည်နယ်အတွင်း အပစ်အခတ် မဖြစ်စေရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း ထားပြီး ယင်းအဖွဲ့၌ ကရင်အမျိုးသားအစည်းအရုံး KNU ပါဝင်ရန် အကြမ်းဖက်စစ် ကောင်စီက မတ်လ ၂၃ ရက်နေ့တွင် စာပို့ကမ်းလှမ်းခဲ့ပြီး စစ်ကောင်စီတပ်သည် ပါးစပ်က ပြောပြီး မြေပြင်တွင် လုပ်ချင်ရာ လုပ်နေခြင်း ဖြစ်ကြောင်း KNU က တုံ့ပြန် ပြောဆိုလိုက်သည်။
- အာဏာသိမ်းစစ်ကောင်စီလက်အောက်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာကြတဲ့ စစ်သားနဲ့ ရဲ တွေကို NUG အစိုးရက တွေ့ဆုံပွဲပြုလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြီးခဲ့တဲ့ မတ်လ(၁၉)ရက်က ပြုလုပ်ပေးခဲ့တာကို ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူမျာ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာ သော တပ်သား၊ရဲသားများနှင့်၎င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထား ပါတယ်။
- ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုခံရသူများ၏ အမှန်တရားထုတ်ဖော်ပြောဆိုခွင့်နေ့ အထိမ်းအမှတ်အဖြစ် စစ်တွေ၊ ပွိုင့်ကမ်းခြေတွင် ရခိုင်ပြည် လုံး ဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)မှ ဦးဆောင်ပြီး တရားမျှတမှုရရှိရန် ကမ်ပိန်းပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။
- ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၁၀ နာရီခွဲခန့်က တနိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ တနိုင်းမြို့ ကောင်ရာကျေးရွာသို့ စစ်ရေး လှုပ်ရှားမှုပြုလုပ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တနိုင်းဒေသခံတစ်ဦးကပြောတဲ့အကြောင်း The 74 Media တွင်ဖော်ပြထားသည်။
- ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ခမ်းမြို့အား ၁၄ရက် Lockdown ချပြီး တစ်မြို့လုံးအား အာခေါင်တို့ဖတ် စစ်ဆေးသွားဖြစ်ကြောင်း ပန်ခမ်းမြို့ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့က ယနေ့ အသိပေးထုတ်ပြန်ထားသည်။ “ဝ”ဒေသ၌ Covid-19 ရောဂါကူးစက် ပြန့်ပွားမှုများဖြစ်ပွားလျက်ရှိသဖြင့် ထိရောက်စွာတားဆီးနိုင်ရေး အတွက် ပန်ခမ်းမြို့အား ၁၄ ရက် Lockdown ချပြီး တစ်မြို့လုံးအား အာခေါင်တို့ဖတ် စစ်ဆေးသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
- နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ပလက်ဝမြို့ ဒေသခံ ကိုတင်ထွန်းအောင်ကို လာမည့်ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးမည် ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။ ၎င်းကို ယနေ့(မတ်လ ၂၄ ရက်)တွင် ပလက်ဝမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုတင်ထွန်းအောင်နှင့် တရားခံပြသက်သေနှစ်ဦး တို့ကို စစ်ဆေးခဲ့ကာ လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု တရားရုံးကဆုံး ဖြတ်ခဲ့သည်ဟု ရှေ့နေကဆိုသည်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြို့မရဲစခန်း ထဲရှိ စစ်ဆေးရေး ဂိတ်ကို မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ခန့်အချိန် ဗုံး ပစ်ခံရပြီး ရဲ ၃ ဦး သေဆုံး ကြောင်း သိရသည်။ ဖားကန့်ရဲစခန်းဂိတ် ဗုံးကွဲ မှု ဖြစ်ပေါ်ပြီး နောက် ဖားကန့် ရဲစခန်းမှ ရဲများက ဖားကန့် တံတားရှေ့ကို ပိတ်ဆို့ကာ ပြည်သူများ ကို စစ်ဆေးရေး တင်းကျပ်နေကြောင်း၊ မတ်လ ၂၂ ရက်နှင့် ၂၃ ရက် နေ့ နံနက် ၉ နာရီ ခန့်ကလည်း စစ် ကောင်စီ တပ်ဖွဲ့ ဝင်များက ဖားကန့် ရဲ စခန်းရှေ့ တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေး ရေး တင်းကျပ်ခဲ့ပြီးနောက် ယနေ့ ညနေပိုင်းတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
- စစ်တွေမြို့တွင် ကျူးကျော်များဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်ဖယ်ရှားမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသည့် လူဦးရေ ၄၀၀ ကျော်ကို ရိုက်ဒါဖောင်ဒေးရှင်း၏အကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာသို့ ယနေ့(မတ်လ ၂၄ ရက်နေ့)တွင် စတင်ပြောင်းရွှေ့နေပြီဟု သိရသည်။
- နိုင်ငံရေးပါတီများ ပိုင်ဆိုင်မှုစစ်ဆေးခြင်းကို အာခံသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့အား အရေးယူမည်ဟု စစ်ကောင်စီမှ ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပြောသည်။ စစ်ကောင်စီမှ ခန့်ထားသည့် ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းများအား စစ်ဆေးရန် အတွက် NLD နှင့် SNLD ပါတီတို့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ တွင် အကြောင်းကြားခဲ့သည်။
- ရှမ်းပြည်နယ် တောင်ပိုင်း၊ စစ်ကောင်စီခန့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ၏ လာဘ်စားမှု များကြောင့် ဥက္ကဋ္ဌ ပြောင်းပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ တောင်းဆိုသည့် တိုင်စာ ပေးပို့နိုင်ရေး လက်မှတ်များ ကောက်ယူ စုဆောင်း နေကြောင်း ဒေသတွင်း စစ်ကောင်စီတပ် ထောက်ခံသူများထံမှ သိရသည်။ ၎င်းတို့က စစ်ကောင်စီခန့် ဓနုဒေသ စီမံအုပ်ချုပ်ရေး ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးအာကာလင်း နေရာတွင် ဒေသခံ ဓနုလူမျိုး တစ်ဦးကို အစားထိုး ခန့်အပ် စေလိုကြောင်း တိုင်စာ ပေးပို့ရန် လက်မှတ်များ ကောက်ယူ စုဆောင်းနေခြင်း ဖြစ်သည်။
#Federal_Journal_Myanmar
#Daily_Ethnic_News_Collection