တိုင်းရင်းသားများသတင်း

ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုတိုးလာကြောင်း PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၊ ၂၀၂၂

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင်း စစ်အာဏာရှင်စနစ်ကို မလိုလားသည့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာမှ မလွဲတာမရှောင်နိုင် လက်နက်ကိုင်၍ စစ်ကောင်စီကို ယနေ့အချိန်ထိ ပြန်လည် ခုခံနေရသည့် ကရင်နီဒေသတွင် စစ်ရေးတင်းမာမှု အကြီးမားဆုံး ဒေသတခုအဖြစ် ဖြစ်နေခဲ့ပါတယ်။ စစ်ရေးတင်းမာမှုများ၏ နောက်ဆက်တွဲအနေဖြင့် ဒေသခံ ပြည်သူလူထုများသည် စစ်ပွဲတွင်း တစာခံအဖြစ် အသုံးချမှုများ ကြုံတွေ့ နေရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုတိုးလာနေကြောင်း မြေပြင်ကွင်းဆင်းပြီး တစိုက်မတ်မတ် မိမိအမျိုးသားရေး အသိစိတ်တခုတည်းဖြစ် စစ်အာဏာရှင် စနစ်ကို မလိုလားသော ကရင်နီလူငယ်တချို့ကစုဖွဲ့ထားတဲ့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု  (PKPF) မနေ့က ဇန်နဝါရီ ၁ ရက်နေ့တွင် သုတေသနပြုစုထားတဲ့ စာရင်းကို ထုတ်ပြန်ထားသည်။

မည်သည့်ထောက်ပံ့မှုမှမရှိဘဲ စစ်ပွဲတွင်း ဒေသခံလူထုများ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို သုတေသနပြုစု မှတ်တမ်းတင် အချက်အလက် ကောက်ခံနေသည့် ကရင်နီလူငယ်အဖွဲ့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု  (PKPF)မှ အဖွဲ့ဝင်တဦးက ဖက်ဒရယ်ဂျာနယ်ကို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“အဓိက အချက်အလက်တွေကို သုတေသနပြုကောက်ခံပြီး တင်ပြနေတာက ကရင်နီပြည်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီလူထုများကို တနေ့ထက်တနေ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချို့ဖောက်ခံရမှုများ ပိုပိုတိုးလာနေတာနဲ့ စစ်ဘေးရှောင်ပြည်သူများလည်း ပိုတိုးလာနေရတာကို တွေ့နေရပါတယ်။ ဒီအချက် အလက်တွေကို ပြည်တွင်း ပြည်ပ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင် အဖွဲ့အစည်းများလည်း မြင်တွေ့နိုင်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော် ကရင်နီ လူထုများ၊ စစ်ဘေးရှောင် ပြည်သူများအားလုံးကို ဘက်ပေါင်းစုံကနေ ပံ့ပိုးကူညီပေးနိုင်အောင် တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု  (PKPF) အနေဖြင့် ကိုယ့်စာရိတ်ကိုယ်စိုက်ပြီး ဆောင်ရွက်ကာ ထုတ်ပြန်တင်ပြ ပေးနေရတာ ဖြစ်တယ်” ဟုပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က စစ်ဘေးရှောင်လာတဲ့ ကရင်နီပြည်သူများကို ဖမ်းဆီးကာ မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် ၄ ဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း ၂ ဦး အပါအဝင် လူအနည်းဆုံး ၃၅ ဦးသေဆုံးခဲ့ရသာ ဖြစ်ပါတယ်။

ယင်းဖြစ်စဉ်နဲ့ စပ်လျှဉ်းပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ပြစ်တင်ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများ ဖော်ထုတ်အရေးဖို့ရန် တာဝန်ယူမူ တာဝန်ခံမှု ရှိရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button