ဖက်ဒရယ်တပ်မတော်ဖွဲ့ စည်းရန် စိန်ခေါ်မှုများ
Salai Thang Houng | အတွေးအမြင်
စင်စစ်ဖက်ဒရယ်စနစ်ကိုကျင့် သုံးကြသောနိုင်ငံများတွင် ကာကွယ်ရေးကို ဗဟိုအစိုးရကိုသာ အာဏာ အပ်နှင်း ကြသည်။ ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြမည်ဆိုပါက ဖက်ဒရယ်တပ်မတော်ကို ဗဟိုအစိုးရ လက်ထဲတွင် ထားရှိရန်ဟူသော အချက်မှာ စိန်ခေါ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထိုမျှမက တစ်ချို့သောနေရာ အခြေနေများ တွင် တိုင်းရင်းသားများသည် သူတို့ရည်မှန်းထားသော နိုင်ငံရေးအဆင့်အတန်း များသည် လည်း ကွဲပြားမှုရှိလာ သည်။
ထို့ကြောင့် တော်လှန်ရေးအလွန်ကာလတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဗမာပြည်ရှိတော်လှန်ရေး အင်အားစု များ နှင့် လက်ရှိကျွန်တော်တို့တော်လှန်တိုက်ခိုက်နေသော (BIA) တပ်မတော်တို့ကို မည်သို့မည်ပုံ ပြန်လည် ပေါင်းစည်းကာ ပြည်ထောင်စုတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းကြမည်နည်း ဆိုသောအချက်မှာ စိန်ခေါ်မှု ဖြစ်နေသည်။
မြန်မာနိုင်ငံ နောက်ခံသမိုင်း၏ အဖြစ်မှန်ကို ဖုံးကွယ်ထားခြင်း နှစ်ပေါင်းများစွာ ကြာလာပြီးသည့်နောက် တိုင်းရင်းသား အချင်းချင်းအကြားပင် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်ခက်ခဲလာသည့်အခြေနေတွင်ရှိသည်။ မိမိလူမျိုးတို့၏ အမျိုးသားရေးကို အခြေခံသော နိုင်ငံရေးရည်မှန်းချက်ကိုယ်စီဖြင့် ရပ်တည်လာကြသော တိုင်းရင်း သားများ အဖို့ နယ်မြေပြဿနာများတွင်လည်း အငြင်းပွားစရာများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအကြားတွင် လည်းကောင်း၊ ဗမာနှင့် တိုင်းရင်းသားများအကြား တွင်လည်းကောင်း နယ်နိမိတ်နှင့်ပတ်သက်၍ တိကျမှန်ကန် ပြတ်သားစွာ ပြေလည်အောင် ဖြေရှင်းခဲ့ကြခြင်း မရှိခဲ့ပေ။ စစ်အာ ဏာရှင်တို့သည် သူတို့၏ အာဏာတည်မြဲရေးအတွက် အတုအယောင် စနစ်များကိုဖန်တီးကြပြီး နယ်နိမိများကို ၎င်းတို့စိတ် ကြိုက်သတ်မှတ်ခဲ့ကြသည်။
ထိုသို့သောအကျိုးဆက်များသည် လက်နက်အင်အားရှိမှ မိမိနယ်မြေကို ကာကွယ်နိုင်မည်ဟူသော အယူအဆကို တိုင်းရင်းသားတို့စိတ်ထဲသို့ ရိုက်သွင်းခံရသကဲ့သို့ဖြစ်လာသည်။ ရှေးရိုးစွဲသော တချို့အမျိုးသားရေး ဝါဒီ တို့အဖို့ တစ်ခြားသော လူမျိုးများ၏ နယ်မြေ၊ စစ်အင်အားမရှိသော လူမျိုးများကို စစ်ရေးအရ သော် လည်းကောင်း၊ နယ်မြေအရပါ ချယ်လှယ်နိုင်ရန် အခွင့်အလမ်းဖြစ်လာစေသည်။
ထို့ကြောင့် လက်ရှိအခြေနေတွင် လူမျိုးတစ်မျိုးသို့မဟုတ်ပြည်နယ်တစ်ခုစီ တိုင်းတွင် မိမိတို့၏ နယ်နိမိတ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များ၊ မိမိပြည်သူလူထိုကိုကာကွယ်ရန် တပ်မတော်ထား ရှိရန် မရှိမဖြစ် လိုအပ်လာသည်။
ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ကာကွယ်ရေးကို ဗဟိုအစိုးရ လက်ထဲတွင် ထားရမည်လား၊ ဗဟိုနှင့်ပြည်နယ်ကြားတွင် (Share-rule)အဖြစ် ကျင့်သုံးကြမည်လား၊ အဖွဲ့ ဝင်ပြည်နယ် များသည် မိမိတို့စိတ်ကြိုက်(Self-rule) အဖြစ် ကျင့်သုံးကြမည်လား ဖွဲ့စည်းပုံရေးဆွဲရာ တွင် အခက်တွေ့ စေနိုင်သော အချက်ဖြစ်လာသည်။
လွတ်လပ်ရေးအလွန် နိုင်ငံရေးအတွေ့အကြုံများအရ စစ်တပ်တစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းကာ ဗဟိုအစိုးရ လက်ထဲတွင် ထားရှိရန်မှာ ကောင်းမွန်ခိုင်မာပြီးတရားမျှတသော မူဝါဒကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချမှတ်ပြီး လူမျိုးတစ်စုနှင့်တစ်စုကြား ယုံကြည်မှုးကို ပေးစွမ်းနိုင်မှသာ နီးစပ်နိုင်မည်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံများအားလုံးတွင် ကာကွယ်ရေးကို ဗဟိုအစိုးရကိုအပ်နှင်းထားကြသည်။
တစ်ဘက်တွင်လည်း ဗဟိုအစိုးရသည် ထိုစစ်တပ်ကိုအသုံးချပြီး ပြည်နယ် အစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာများကို ဝင်ရောက်စွပ်ဖက်ခြင်းမျိုးမရှိစေရန် ဖွဲ့စည်းပုံမှ အပြည့်ဝ ကာကွယ်ပေးထာသည်။ ပင်လုံစာချုပ်မတိုင်ခင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဗမာတို့သည် ကိုယ်စီလက်နက်စွဲကိုင်ကာ အင်္ဂလိပ်နှင့်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ ကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုများကို ဖျက်သိမ်းကာ ဗမာ့တပ်မတော်(BIA) တစ်ခုကိုသာ ဆက်လက်ထားရှိကြသည်။ ကာကွယ်ရေးတစ်ခုတည်းအဖြစ် ပြန်လည် ဖွဲ့စည်းသည်မှာ ကောင်းမွန်သော အကြောင်းအရာဖြစ်သော်လည်း တိုင်းရင်းသားလူမျိုးများကို ဖွဲ့စည်းပုံဖြင့် အပြည့်အဝ ကာကွယ်ပေးထားခြင်းမရှိခြင်းကြောင့် နိုင်ငံရေးတွင်သော်လည်းကောင်း၊ ကာကွယ်ရေးတွင် လည်း ကောင်း နလန်ပြန်ထူရန် အလွန်ခက်ခဲသည့်အခြေနေသို့ ရောက်ရှိသွားကြသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင် ဓနု၊ကိုးကန့်၊နာဂ၊ပအို့၊ပလောင်နှင့်ဝ စသည့် ဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသော်လည်း စစ်အင်အားရှိသော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုတည်းတွင်သာ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပိုင်ခွင့် ရှိသည်ဟုဆိုရမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှပေးထားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့် နှင့်လက်ရှိကျွန်တော်တို့ တိုင်းရင်းသားများ မျော်မှန်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် သည်များစွာခြားနားမှုများရှိသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်းစု ဟူ၍ ၁၁၇ ခုရှိသည်။
ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ၃၀ရာခိုင်နှုန်းအထက်ရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်းစု ဖွဲ့စည်းပေးထားပြီး ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖျက်သိမ်း၍ မရပေ။
သို့သော် တရုတ်နိုင်ငံသည် ကွန်မြူနစ် တစ်ပါတီအာဏာရှင်စနစ်ဖြစ်ပြီး ပြည်နယ်နှင့်ဗဟိုအစိုးရကြား အာဏာ ကျင့်သုံးမှုပုံစံမှာ (Self-rule and Share-rule) မရှိပေ။ ဆိုလိုသည်မှာ တစ်ပါတီအာဏာရှင်များ အုပ်ချုပ်သော နိုင်ငံများတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးကြသော သာဓကများရှိသည်။ သို့သော်လည်း ဖက်ဒရယ်နိုင်ငံများတွင် တည်ဆောက်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် များစွာခြားနားမှုရှိသည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး ကြသော နိုင်ငံများတွင် အာဏာခွဲဝေ ကျင့်သုံးမှုပုံစံသည် တိကျရှင်းလင်းသည်။
ဆိုလိုသည်မှာ ဖက်ဒရယ်တပ်မတော်ကို တစ်သွေးတစ်သံတစ်မိန့်ဖြစ် အောင် ပြန်လည်ဖွဲ့စည်းမည်ဆိုပါက ဖက်ဒရယ် နိုင်ငံများတွင်ကျင့်သုံးကြသော နိုင်ငံရေးစနစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင် ပြဌာန်းခွင့် ၊တိကျသော အာဏာခွဲဝေမှုများ ကိုအခြေခံသောမူဝါဒများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိရန် လိုအပ်သည်။
ဖက်ဒရယ်တပ်မတော်ထားရှိပြီး ဗဟိုအစိုးရလက်ထဲတွင်ထားရှိခြင်း၏ အားသာချက်များကို ပြောရမည် ဆိုလျှင် ထိုသို့ လုပ်ဆောင်နိုင်ပါက အကောင်းဆုံးဖြစ်မည်။ ယခင်ကသော်လည်းကောင်း၊ လက်ရှိတွင် လည်း ကောင်း နိုင်ငံကြီး၊နိုင်ငံ ငယ်များသည် ဌင်းတို့နိုင်ငံ၏ အဆင့်အတန်းနှင့်ဂုဏ်သိက္ခာဖော်ကြူးရာတွင် စစ်အင်းအား နှင့် လက်နက်အင်အားပိုင်ဆိုင်မှု၊ကျစ် လစ်ခိုင်မာမှုတို့သည်လည်း အရေးကြီးသော အခန်းကဏ္ဌတွင် ပါရှိနေဆဲ ဖြစ်သည်။ မည်သို့ပင် နိုင်ငံတာကာဥပဒေများ၊စာချုပ် များ၊ နိုင်ငံအချင်းချင်း ကြားစာချုပ်များ ရှိစေကာမူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့တွင် ကာကွယ်ရေးအင်အားနှင့် စွမ်းဆောင် ရည်တို့သည် အကျိူးသက်ရောက်မှု ရှိနေမြဲ ဖြစ်သည်။ ထို့ကြောင့် အင်အားကြီးမားပြီးကျစ်လစ်ခိုင်မာသော ဖက်ဒရယ်ပြည် ထောင်စုတပ်မတော်ကို ထားရှိရန်မှာ အလွန်ပင်အရေးကြီးသည်။
ပြည်နယ်တိုင်း၊လူမျိုးစုတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသူတိုင်းတွင် ကိုယ်ပိုင်တပ်မတော်ထားရှိမည်ဆိုပါက အဆိုးအကောင်း တွန်တွဲနေသည်။ အားသာချက်မှာ မိမိတို့အမျိုးသားပြည်နယ်၊မိမိလူမျိုး၊ မိမိတို့အစိုးရ၊ မိမိတို့ နယ်မြေ၊ မိမိတို့အစိုးရကို တိုင်းရင်းသားများ ကိုယ်တိုင်ခုခံကာကွယ်နိုင်ကြမည်ဖြစ်သည်။
ဆိုးကျိုးများမှာ လူမျိုးစုတိုင်းတွင် ကိုယ်ပိုင် တပ်မတော်ကို ထားရှိကြမည်ဆိုပါက ဖက်ဒရယ်ပြည်ထောင်စုမူအသစ် ပြန်လည်ပုံဖော်ရန် လိုအပ်လာမည်ဖြစ်ပြီး တိုင်းရင်းသား အချင်းချင်းကြားတွင် စစ်အင်အားသာသူက ကျန်တိုင်းရင်း သား များကို ခြိမ်းခြောက်ခွင့်၊ကျူးကျော်ခွင့် ပြုထား သကဲ့သို့ဖြစ်နေမည်။
ပြည်နယ်တစ်ခုနှင့်တစ်ခု၊ တိုင်းရင်းသားတစ်စုနှင့်တစ်စုကြား ပြဿနာဖြစ်လာတိုင်း ဖြေရှင်းပေးမည့် စစ်ဘက် ဆိုင်ရာ တရားရုံးများလိုအပ်လာမည်ဖြစ်သည်။ ထိုမျှမက ဗဟိုအစိုးရသည်လည်း စစ်ရေးဆိုင်ရာ ပဠိပက္ခဖြစ်လာ တိုင်း အကြောင်းပြချက်မျိုးစုံဖြင့် ပြည်နယ်အစိုးရကို ဝင်ရောက်စွပ်ဖက်နိုင်သောကြောင့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် အခြေခံမူများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတည်ငြိမ်ရေးကို အမြဲလိုလိုနှောက်ယှက်နေမည်ဖြစ်သည်။ လက်နက်ကိုင်တို့တွင် လည်းအုပ်စုဖွဲ့ ဗိုလ်ကျမှုများ ပေါ်လာနိုင်ခြေရှိသည်။
ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ကာကွယ်ရေးကို ဗဟိုအစိုးရကို အပ်နှင်း ထားခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်။ သို့ရာတွင် လက်ရှိစစ်ကောင်စီ(BIA) တပ်မတော် သည်လည်းကောင်း၊ NUG အစိုးရ သည်လည်းကောင်း တိုင်းရင်းသားများမျော်လင့်နေသော ဖက်ဒရယ် ပြည်ထောင်စုကို သဘောထားကြီးကြီးဖြင့် လက်ခံပြီး တော်လှန်ကြာရှည်မှုကို ရပ်တန့်သင့်သည်။ ထိုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို အလေးနက်ထား ဆောင်ရွက်သင့်သည်။ ထိုသို့မဟုတ်ပဲ စစ်အင် အားသာသူကိုသာ အဖတ်လုပ်ပြီး အရေးကြီးသော အခြေခံမူများကို လျစ်လှူရှုထားပါက ဌာနေတိုင်းရင်းသားတို့ တွင်သာမက မာဗာတိုင်းရင်းသားများတွင်လည်း ကွန်ဖက်ဒရယ်ဒရေးရှင်းကို ဦးတည်ရန် လမ်းကြောင်း ဖွင့်ပေးသကဲ့သို့ဖြစ်ပြီး အနာဂတ်တွင် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေလိမ့်မည်။ ကြာလာသော အခါ လူမျိုးစုတစ်နှင့်တစ်စုကြား လူမျိုးတုန်းသတ်ဖြတ်မှုများအထိ ကျယ်ပြန့်လာနိုင်သည်။
မြန်မာနိင်ငံ၏ နိုင်ငံရေးအလှည့်အပြောင်းတစ်ခုဖြစ်လာတိုင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစု များအကြားသော်လည်းကောင်း၊ အဖွဲ့စည်းတစ်ခုထဲရှိ ခေါင်းဆောင်များအကြားတွင် မတူညီသော နိင်ငံရေး အယူအဆနှင့် ရွေးချယ်မှုများကွဲပြားခဲ့ကြသည်။ ထို့ကြောင့် အဖွဲ့စည်းများပြိုကွဲခဲ့ကြရသည်။ ၁၉၄၇ ဖွဲ့စည်းပုံသည် ဖက်ဒရယ်ဆန်သည်ဟု တစ်ချို့က ဆိုကြသော်လည်း ဖက်ဒရယ်စနစ်၏ အင်္ဂါရပ်နှင့် ကိုက်ညီရန် လိုအပ်သော အချက်များရှိနေသေးသည်။
ဖက်ဒ ရယ်စနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိခြင်း၊ ပြည်နယ်အစိုးရများနှင့် ဗဟိုအစိုးရများကြားအာဏာခွဲဝေမှုပုံစံ တွင် အာဏာမျှဝေ ကျင့်သုံးခြင်း(Share-rule)နှင့် ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပိုင်ခွင့်(Selr-rule)တိတိကျကျ ဖွဲ့စည်းပုံတွင်ပြဌာန်းပေးခြင်း၊ ပြည်နယ်အစိုးရကို ဗဟိုအစိုးရမှ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ဝင်ရောက် စွက်ဖက်ခွင့်မရှိခြင်း စသည့်အချက်များ လိုအပ်သည်။
သို့သော်လည် ၁၉၄၇ ဖွဲ့စည်းပုတွင် ပြည်နယ်များကို ဖွဲ့စည်းခြင်း၊လူမျိုးစုဆိုင်ရာ ကိုယ်စားပြုမှုများ စေလွှတ်ခွင့် များရှိသော်လည်း ပြည်နယ် အစိုးရများနှင့် ဗဟိုအစိုးရများကြားအာဏာခွဲဝေမှုပုံစံ တွင် အာဏာမျှဝေ ကျင့်သုံးခြင်း(Share-rule)နှင့် ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပိုင်ခွင့်(Self-rule)တိတိကျကျ ဖွဲ့စည်းပုံတွင် ပြဌာန်းပေးခြင်း၊ ပြည်နယ်အစိုးရကို ဗဟိုအစိုးရမှ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ဝင်ရောက်စွက်ဖက် ခွင့်မရှိခြင်း စသည့်အချက်များ ကိုဖွဲ့စည်းပုံတွင် တိကျစွာပြဌာန်းပေးထားခြင်းမရှိပေ။ လူမျိုးစုလွှတ်တော် အားလည်း အချိုးတူညီသော ကိုယ်စားပြုမှု ပေးမထားပေ။
ထို့ကြောင့် ပြည်နယ်အစိုးရများကို ဗဟိုအစိုးရမှ အချိမရွေး ဝင်ရောက်စွပ်ဖက်နိုင်သည်။ ထိုနည်းတူ ဗဟိုအစိုးရ၏ နိုင်ငံရေး အသွင်ကူပြောင်းမှုတိုင်းအပေါ်မူတည်၍ ပြည်နယ်တို့သည် လိုက်လံကူးပြောင်းအရသည့် အခြေနေတွင်ရှိသည်။
၁၉၅၈ တွင် ဖဆပလ နှစ်ခြမ်းကွဲသောအခါ တိုင်းရင်းသားဒေသ များဖြစ်ကြသော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရှမ်း စသည့်ဒေ သများတွင်လည်း အစိုးရခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စာလှယ် များအကြားတွင် အမြင်မတူညီ မှုများ ရှိလာသည်။ တည်မြဲဖဆပလကို ထောက်ခံသူများနှင့် သန့်ရှင်းဖဆပလကို ထောက်ခံသူများ ရှိလာသည်။
ထိုနည်းလည်းကောင်းပင် ဦးနေဝင်းခေတ်၊ အိမ်စောင့်အစိုးရ၊ နဝတ၊နအဖ၊ USDPနှင့်NLD စသည့် လမ်းစဥ် တစ်ခုပေါ် လာတိုင်း တိုင်းရင်းသားပါတီများ နှင့်တိုင်းရင်းသားလက်နက်ကိုများသည် သူတို့၏ထင်မြင် ယူဆချက်နှင့် ရွေးချယ်မှုများကွဲပြားပြီး ပြိုကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ သောအကြောင်းတရားများနှင့် ပါတီနိုင်ငံရေးတွင် စစ်တပ်ကိုအားကိုးပြီး အသုံးချလိုသော နိုင်ငံရေးသမားများကြောင့် စစ်တပ် လက်ထဲသို့ နိုင်ငံတော်အာဏာသည် အပ်နှင်းခံရပြီး စစ်တပ်၏ ကျေးကျွန်သို့ လုံးလုံးကျခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကို များပြားလာစေခဲ့သည်။ တစ်ဘက်တွင် ထိုတိုင်းရင်းသားလက်နက်ကိုင်များရှိနေခြင်းသည် စစ်တပ်အဖို့ နိုင်ငံ တော်အာဏာကို ဆက်လက်ဆုပ်ကိုင်ရန်အကြောင်းပြချက်ကောင်းဖြစ်နေပြန်သည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များအပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြသော တော်လှန်ရေး အင်အားစု လည်း များပြားလှသည်။ ဤသို့များပြားလှသော လက်နက်ကိုင်အင်အားစုများကို စည်းစနစ်ကျသော တပ်မတော် တစ်ရပ်အဖြစ် ပြန်လည်စုစည်းရန် NUGအစိုးရနှင့် စစ်ကောင်စီတို့တွင် အထူးတာဝန်ရှိသည်။
အကြောင်းရင်းမှာ NUG ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ၊ မည်သို့သောအရပ်ဖက်အစိုးရဖြစ်နေစေကာမူ တိုင်းရင်းသား တို့ လိုလားသော ဖက်ဒရယ်အခြေခံမူများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်များသည်း ပြောင်းလဲမည် မဟုတ်ပေ။ ဖက်ဒရယ်နိုင်ငံကိုကျင့်သုံးကြသော နိုင်ငံတော် တော်များများသည်လည်း ပြည်တွင်းစစ်များ၊ လူမျိုးစု ပဠိပက္ခများနှင့် ကြုံခဲ့ကြဖူးသည်။ သို့သော် ပြည်တွင်းစစ်နှင့် လူမျိုးစုပဠိပက္ခကိုအဆုံးသတ်ကာ ကာကွယ်ရေးကို တပ်မတော် တစ်ခုတည်းအဖြစ် ဖွဲ့စည်းနိုင်ခဲ့ကြသည်။ ပြဿကို တရားမျှတ စွာ အဖြေရှာ ဖြေရှင်းနိုင်ကြရန်သာ လိုအပ်သည်။