ထေးဌားလျာ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရပ်သားတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၂၊ ၂၀၂၃
လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ် တစ်ခုဖြစ်သည့် ထေးဌားလျာ စစ်ဆေးရေး ဂိတ်စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့(၁၁)ရက်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက်ခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီရဲ့ မြို့အဝင် စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ပြီးနောက်တွင် လွိုင်ကော်မြို့နယ် အခြေစိုက်စစ်ကောင်စီအမြောက်တပ်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူ (၂)ယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးမှ ” မနေ့ည ထေးဌါးလျားစစ်ဆေးဂိတ်မှာ ပြည်သူ (၂)ယောက်တော့သေဆုံးသွားတယ်၊ အသက် ၁၁နှစ် သားအဖ နှစ်ယောက် လက်နက်ကြီးထိမှန်ပြီ ပွဲချင်းပြီးသေဆုံးသွားတယ်။ “
ယမန်နေ့က စစ်ကောင်စီတွေရဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီတပ်စွဲထားသော ကျေးရွာ များကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကာ စစ်ကောင်စီ စခန်း (၈)ခုအထိ သိမ်းနိုင် တယ်လို့လည်း သိရပါတယ်။
နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာခဲ့ပြီးနောက် ထေးဌားလျားကျေးရွာ ပြည်သူများသည့် နီးစပ်ရာ ကျေးရွာများတို့တွင် ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – KNDF