တိုင်းရင်းသားများသတင်း

(၂၂) ကြိမ်မြောက် ကော်ယော်မိုနူမနော အမျိုးသားနေ့ ကျင်းပခဲ့တဲ့မြင်ကွင်း

ဓါတ်ပုံ – Kawyaw National Youth Organization (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၄
 
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့မှာ ကျရောက်တဲ့ (၂၂)ကြိမ်မြောက် ကော်ယော် မိုနူမနော အမျိုးသားနေ့ကို ကော်ယော်မျိုးနွယ်စုတို့၏ ချက်မြုပ်ရာနေရာဖြစ်တဲ့ အမျိုးသား အမှတ်လက္ခဏာ တည်ရှိတဲ့ ဖွတ်ဘော်ခွတ်တောင်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ မြင်ကွင်း တွေ့ရတာပါ။
 
အဲဒီကော်ယော်အမျိုးသားနေ့ အထိမ်းအမှတ်ပြုလုပ်တဲ့ အစီအစဉ်မှာတော့ ကော်ယော်လူငယ်အဖွဲ့က ဦးဆောင်ကာ ဒေသပေါင်းစုံက ကော်ယော် လူငယ်များ လာရောက်စုစည်းပြီး ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။
 
ကော်ယော်မျိုးနွယ်စုဟာ ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ အများစု နေထိုင်ကြပါပြီး လူဦးရေ အားဖြင့် ၂ သောင်းနီးပါး တည်ရှိတယ်လို့ သိရပါတယ်။

Related Articles

Back to top button