သတင်း

နိုင်ငံရေးအရ တိုက်ခိုက်ချင်ရင် ဂုဏ်သိက္ခာရှိရှိ ဦးတည်တိုက်ခိုက်ဖို့ NUG လူ့အခွင့် အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၈

နိုင်ငံရေးအရ တိုက်ခိုက်ချင်ရင် ဂုဏ်သိက္ခာရှိရှိ ဦးတည်တိုက်ခိုက်ဖို့ NUG လူ့အခွင့် အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက ပြည်ပနိုင်ငံမှာ နေထိုင်တဲ့ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်ကို အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀(က)/ကျင့် ၅၁၂ ဖြင့် စွပ်စွဲကာ စစ်ကောင်စီလက်အောက် ပျဉ်းမနား ခရိုင်တရား ရုံးသို့ တရားစွဲဆိုထားပြီး၊ ယင်းစွဲဆိုချက်ကို လာရောက်ဖြေရှင်းဖို့ ကယားပြည်နယ်ထဲက ၎င်း၏ အမေ့အိမ်သို့ ယင်းဆင့်ခေါ်စာကို ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့က လာရောက် ကပ်သွားတယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်ကတော့ အခုလို ၎င်းနှင့် မသက်ဆိုင်တဲ့ မိဘနေအိမ်ကို သွား ရောက်ပြီး ၎င်းကို စွပ်စွဲထားတဲ့ ဆင့်ခေါ်စာကို ကပ်တာဟာ နိုင်ငံရေးအရ ဂုဏ်သိက္ခာမရှိတဲ့ လုပ်ရပ်တာ ဖြစ်တယ်လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

နိုင်ငံရေးအရ ကျနော့်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိ ကျနော့်ကိုပဲ ဦးတည်ပြီး တိုက် ခိုက်ပါ။ ဘာမှမဆိုင်တဲ့ ကျနော့်အမေအိုကိုတော့ နှောက်ယှက်တာ မလုပ်သင့်ပါဘူး လို့ သူ့ရဲ့ လူမှု ကွန်ရက် (Facebook) စာမျက်နှာကနေ တဆင့်လည်း ရေးသားထားတာပါ။

ဒါ့အပြင် နိုင်ငံရေးအရ မတရား စစ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မပါပဲ မိမိခံယူချက်နှင့် မိမိသဘောဆန္ဒအရ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကျနော်တို့ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးမှာ ပါဝင် နေတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီ၏ လုပ်ရပ်နှင့် မတရားဖိနှိပ်မှုများက ဆက်လုပ်လေလေ၊ တွန်းကန်မှုက ဆက်များ လေလေ ဖြစ်မှာပဲလို့ သူက မှတ်ချက်ပြု ပြောဆိုပါတယ်။

နိုင်ငံရေးအရ မတူညီတဲ့ ဘက်တစ်ဘက်ကနေ ကြိုက်သလို သဘောထားလို့ရသလို ၎င်းအနေဖြင့် လည်း ရောက်ရှိနေတဲ့ နေရာကနေ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက် တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button