ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၇
ကေအဲန်ယူ-သထုံခရိုင် စက်တင်ဘာလ (၁) လအတွင်း ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) တပ်များနှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များအကြား နှစ်ဖက်ပြင်းထန်တဲ့ တိုက်ပွဲ (၃၉) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသေ၊ (၄၁) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ အတွင်း KNLA၊ KNDOနှင့် မိတ်ဖက်တော်လှန် ရေးတပ်များဖက်ကတော့ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီ၏ MA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀) တောင့်နှင့် ခြောက်လုံးပြူး အတို (၁) လက်တို့ကို KNLA နှင့် ပူးပေါင်းတပ်များမှ သိမ်းဆည်းရမိခဲ့တာပါ။ အလားတူ စက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကား (၁၀) စီးပျက်စီးခဲ့ပါသေးတယ်။
ထိခိုက်မှုကြီးမားတဲ့ စစ်ကောင်စီတပ်များဟာ နေ့စဥ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်မှုတာကြောင့် အရပ်သား လူနေအိမ် (၄) လုံး၊ ကား (၁) စီးပျက်စီးကာ တို့ထိခိုက်ပျက်စီးကာ အရပ်သားများ မွေးမြူထားသော ကျွဲ၊ နွားများလည်း လက်နက်ကြီးထိမှန် သေဆုံးမှုရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေထဲမှာဘဲ စစ်ကောင်စီ တပ်သား (၂) ဦးဟာ လက်နက်အပြည့်အစုံနဲ့ KNU တပ်မဟာ (၁) ဆီသို့ အလင်းဝင် ပူးပေါင်းလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။