တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကွတ်ခိုင် ဆင်လီ အဝေးပြေးလမ်းမ၊ စစ်ကောင်စီနဲ့ ကေအိုင်အေ တို့ နှစ်ဖက် တိုက်ပွဲပြင်းထန်

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင် ဆင်လီ အဝေးပြေးလမ်းမဘက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေ တို့ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ တယ်လို့ သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၁၀) လက်အောက် တပ်ရင်း(၂) ဧရိယာဖြစ်တဲ့ မုန်ဂျီဒေသ ပုန်ထွန်းနဲ့ မန်ပြင်း အနီးမှာ ယမန်နေ့ စက်တင်ဘာ ၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ဆင်လီ ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀) ခန့်ဖြစ် အေအိုင်အေ တပ်ရင်း (၂) ဧရိယာထဲ ဝင်ရောက် ကျူးကျော်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စတပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိနိုင်ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများတာကြောင့် တိုက်ပွဲငြိမ်သက်သွားပြီးနောက် လူနာတင်ကားများဖြင့် သယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) ဧရိယာဖြစ်တဲ့ မုန်မြစ်ဆင်လီဒေသက မန်ဒုန် စစ်ကောင်စီဗျူဟာကုန်း တစ်ခုကိုလည်း ကေအိုင်အေ တပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ ကချင်သတင်းအရင်းအမြစ်တို့အရ သိရပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတချို့ ရှိခဲ့တယ်လို့ ဒေသခံတွေ ပြောကြပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Related Articles

Back to top button