သတင်း

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းကြောင်း NUCC သတင်းထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၆

အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းထားပြီ ဖြစ်ကြောင်း NUCC သတင်းထုတ်ပြန်လာပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ “ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအစီအမံ” ၏ ပုဒ်မ (၅၄) နှင့်အညီ အဲဒီ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ရေးသားပြုစု နိုင်ရန် အတွက် လုပ်ငန်းအဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သာပါ။

လုပ်ငန်းအဖွဲ့မှာတော့ NUCC ကောင်စီဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ် စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ Kachin Political Interim Coordination Team (KPICT) စသည့် ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်သည့် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဂျာနယ် မြန်မာရဲ့ စုံစမ်းသိရှိချက်အရတော့ Kachin Political Interim Coordination Team (KPICT) အဖွဲ့ဟာ NUCC ကနေ နုတ်ထွက်ထားပြီလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီလုပ်ငန်းအဖွဲ့မှ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ပြုစုပြီး နောက်တွင် NUCC အနေဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများဖြင့် ဆွေးနွေးဆောင်ရွက်မှု များကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း” ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” ၏ အခန်း (၃) “အကောင် အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော အဋ္ဌမအဆင့် ဖြစ်တယ်လို့ NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Related Articles

Back to top button