တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 60 , September 25, 2020)

၁။ ရွမ္းေျမာက္ Howa Bum ေတာင္ေပၚ ျမန္မာ စစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား

၂။ အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ အြန္လိုင္းေဆြးေႏြးရန္ လမ္းေၾကာင္းရွာမရျဖစ္ေန

၃။ ျမစ္ဆုံစီမံကိန္းကို ရာသက္ပန္ ရပ္ဆိုင္းဖို႔ က်ေနာ္တို႔ ႀကိဳးစားမယ္

၄။ သွ်မ္း/ေျမာက္ လားရႈိးၿမိဳ႕နယ္ အတြင္း စစ္ေၾကာင္းလႈပ္ရွားမႈ ပိုမ်ားလာ

၅။ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္းအား အဂတိေကာ္မရွင္သို႔ တိုင္ၾကားထားေသာ္လည္း အေၾကာင္းျပန္ျခင္း မရွိေသးဟုဆို

၆။ ေက်း႐ြာနယ္နမိတ္ထိ ေ႐ႊတူးေဖာ္လာမည္ကို ဆြမ္ပရာဘြမ္ေဒသခံမ်ားစိုးရိမ္

၇။ ေတာင္ႀကီးတြင္ SNLD ပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ကို လူငယ္တစ္စုက ဖ်က္ဆီးလိုက္သည့္အေပၚ ခြင့္လႊတ္ေပးရန္ လာေရာက္ေတာင္းပန္သျဖင့္ ပါတီက ေက်ေအး

၈။ ကိုဗစ္ေရာဂါေၾကာင့္ ယခုႏွစ္ ကယား ‘အဲ့ဒိုေပၚမီ’ ပြဲေတာ္ကို အက်ဥ္းခ်ဳံး က်င္းပမည္

၉။ ပအိုဝ္းေရးရာမဲစာရင္းတြင္ က်န္ခဲ့သူမ်ားကို ျပန္လည္ထည့္သြင္းထား

၁၀။ (CNLD)ပါတီ၏မဲဆြယ္စည္း႐ုံးမူမ်ားသည္က်န္းမာေရးဌာနမွထုတ္ျပန္သည့္စည္းကမ္းမခ်ိဳးေဖာက္ဟုဆို

၁၁။ ဖားကန႔္တြင္ မဲဆြယ္စည္း႐ုံးမႈမ်ား ရပ္နားထား

၁၂။ ကြန္ဟိန္းၿမိဳ႕နယ္တြင္ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ SNDP ပါတီ မဲဆြယ္စည္း႐ုံးေရး စတင္

၁၃။ ပါတီစည္း႐ုံးေရးသြားခဲ့သည့္ ပါတီကိုယ္စားလွယ္ေလာင္း ၃ ဦး Quarantine ဝင္ရ

၁၄။ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ဥကၠ႒၏ Facebook Page ေခတၱပိတ္ပင္ကန႔္သတ္ခံရ

၁၅။ မြန္ညီၫြတ္ေရးပါတီကို ေထာက္ခံသူမ်ား ေမွ်ာ္လင့္ခ်က္ႀကီးမား

၁၆။ ဖမ္းဆီးသြားတဲ့ ေက်ာက္ေတာ္ အရပ္သား ၁၀ ဦး တပ္မေတာ္ ျပန္လႊတ္

၁၇။ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ မဲဆြယ္စည္း႐ုံးမႈအျဖစ္ စက္ေလွ အစင္း ၅၀ ေက်ာ္ျဖင့္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ လွည့္လည္

၁၈။ ရခိုင္ျပည္နယ္တြင္ စစ္ေရးတိုက္ခိုက္မႈမ်ား အျမန္အဆုံးသတ္ရန္ ကုလ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ ေတာင္းဆို

၁၉။ နားဟိုင္းလုံ ေက်း႐ြာ ေနအိမ္ထဲ ေရဝင္ၿပီး ေဒသခံမ်ားအခက္ႀကဳံေန

၂၀။ မြန္ပါတီက ကိုယ္စားလွယ္ေလာင္းေတြကိုသာ မဲေပးၾကဖို႔ မြန္လူငယ္ဆုံရပ္ တိုက္တြန္း

၂၁။ ရခိုင္ပါတီမ်ား၏ ႐ုပ္ျမင္သံၾကားမဲဆြယ္မိန႔္ခြန္းမ်ား ျပင္ဆင္ျဖတ္ေတာက္ခံရ

၂၂။ UNESCO တင္မည့္ ဒုံးအက ျပင္ဆင္စရိတ္ ဘတ္ဂ်က္ မေလာက္ငွေသးဘဲျဖစ္ေန

၂၃။ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစႏိုင္တဲ့ စြမ္းအင္က႑ကို ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထည့္သြင္းေဆြးေႏြးရန္လိုဟုဆို

၂၄။ ထိုင္းျမန္မာ ဘုရားသုံးဆူေဒသ၌ ကုန္ပစၥည္းမ်ားျဖတ္သန္းေနမႈကို ေအာက္တိုဘာ ၅ ရက္ေန႔အထိ ပိတ္ထား မည္

၂၅။ ပိုးေတြ႕လူနာတည္းခိုခဲ့ေသာ ျမစ္ႀကီးနား ေအးခ်မ္းသာတည္းခိုခန္း ႏွင့္ဆက္စပ္ခဲ့သူ ၂၀ ဦးကို Quarantine ထားရွိ

၂၆။ UDP ဥကၠ႒ ၏ေနာက္ေၾကာင္းရာဇဝင္ကို ခ်မျပပါက ပါတီကိုယ္စားလွယ္ေလာင္းႏုတ္ထြက္မည္

၂၇။ ကယားျပည္နယ္ရွိ ကြာရန္တင္းစင္တာမ်ားမွ ရက္မျပည့္ပဲထြက္ေျပးပါက သဘာဝေဘးအႏၲရာယ္ ဥပေဒႏွင့္ အေရးယူ မည္ဟု ဆို

၂၈။ ခ်င္းျပည္နယ္တြင္လႊတ္ေတာ္ေနရာစုစုေပါင္း ၃၈ ေနရာဝင္ၿပိဳင္မည့္ ညီၫႊတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)အေနျဖင့္ ၇၅% အႏိုင္ရရွိရန္ယုံၾကည္မႈရွိဟုဆို

၂၉။ ထိုင္းျပန္ အလုပ္သမားမ်ားကို လက္ခံခ်ိန္ ကန႔္သတ္မည္

၃၀။ ရခိုင္ေတာင္ပိုင္းမွာ NLD ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္တခ်ိဳ႕ ဖ်က္ဆီးခံရ

***************

၁။ ရွမ္းေျမာက္ Howa Bum ေတာင္ေပၚ ျမန္မာ စစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား
25 September 2020

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ Howa Bum ေတာင္ေပၚ ျမန္မာစစ္တပ္ တပ္မ (၈၈) စစ္ေၾကာင္း ႏွင့္ ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA တပ္ရင္း (၃၆) တပ္ဖြဲ႕မ်ားၾကား စက္တင္ဘာ ၂၄ ၾကာသပေတးေန႔ မြန္းလြဲပိုင္းမွ တိုက္ပြဲျပန္လည္ ျဖစ္ပြားလာေၾကာင္း ေဒသခံမ်ားဆိုပါသည္။ တပ္မ (၈၈) စစ္ေၾကာင္းမ်ား KIA တပ္ရင္း (၃၆) စခန္းရွိရာ Howa Bum ေတာင္ေပၚကို “နယ္ေျမရွင္းလင္းေရး” စစ္ဆင္ေသာေၾကာင့္ ည ၈ နာရီခ်ိန္ထိ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားၿပီး ျမန္မာစစ္တပ္၏ လက္နက္ႀကီး ပစ္ခတ္သံမ်ား ၾကားေနရသည္ဟု ေဒသခံမ်ား ေျပာပါသည္။

“မြန္းလြဲပိုင္း ၄နာရီ မိနစ္ ၂၀ ခန္႔ ကေန KIA တပ္ရင္း (၃၆) စခန္း Howa Bum ေတာင္မွာ အခုထပ္မံ တိုက္ပြဲျဖစ္ပြား ေနပါတယ္။ တပ္မ (၈၈) ဖက္က သြား တိုက္ခိုက္လို႔ တိုက္ပြဲ ျဖစ္တာပါ။ အခုခ်ိန္ထိ လက္နက္ႀကီးေတြ ပစ္ခတ္ေနပါတယ္”ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး ကခ်င္သတင္းဌာန KNG ကို ၾကာသပေတးေန႔ည ၈ နာရီခန္႔မွာ ေျပာပါသည္။ KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ မူဆယ္ခ႐ိုင္ ၾကဴကုတ္ (ပန္ဆိုင္း)ၿမိဳ႕နယ္ခြဲ ဧရိယာအတြင္း တပ္မေတာ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) စစ္ေၾကာင္းမ်ား “နယ္ေျမရွင္းလင္းေရး”စစ္ဆင္ေနေသာေၾကာင့္ ယခုလ စက္တင္ဘာ (၁၀)မွ ျပန္လည္ တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ား ဆိုပါသည္။

၎ တိုက္ပြဲျပန္စခဲ့သည့္ေန႔တြင္ လူဦးေရ ၃၀၀ ခန္႔ရွိ Man Kawng (မန္ေကာင္း)႐ြာသား အားလုံးသည္ နီးစပ္ရာ Man Pying (မန္ပိန္း) ႐ြာသို႔ စစ္ေရွာင္ ခိုလႈံေနရသည္ဟု Man Kawng ႐ြာလူႀကီးက အေစာပိုင္းက ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။ တပ္မေတာ္၏တစ္ဖက္သတ္ ထိုးစစ္ ရပ္ထားမႈကို စက္တင္ဘာ (၃၀) ထိ ရက္တိုး ထားေသာ္လည္း တပ္မ (၈၈)၊ တပ္မ (၉၉) ႏွင့္ တပ္မ (၂၂) တပ္ဖြဲ႕မ်ားက “ေနေျမရွင္းလင္းေရး စစ္ဆင္လႈရွားမႈ” ကို ရွမ္းျပည္ေျမာက္ပိုင္း အထူး သျဖင့္ ေျမာက္ပိုင္းမဟာမိတ္ ၄ဖြဲ႕ KIA၊ ကိုးကန္႔ MNDAA၊ ရခိုင္ AA ႏွင့္ တအာင္း TNLA စခန္းမ်ားရွိရာ မူဆယ္ခ႐ိုင္အတြင္း ျပဳလုပ္ေနျခင္းလည္း ျဖစ္သည္။ https://burmese.kachinnews.com/2020/09/25/%e1%80%9b%e1%80%be%e1 %80%99%e1%80%ba%e1

****************

၂။ အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ အြန္လိုင္းေဆြးေႏြးရန္ လမ္းေၾကာင္းရွာမရျဖစ္ေန
September 24, 2020

အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ အြန္လိုင္း ေဆြးေႏြးပြဲ လုပ္ႏိုင္ရန္ လမ္းေၾကာင္းရွာမရျဖစ္ေနသည္ဟု ကခ်င္လြတ္ ေျမာက္ေရးတပ္မေတာ္ KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာသည္။“အြန္လိုင္းမီတင္လုပ္ဖို႔ လမ္းေၾကာင္း ရွာေနတဲ့ အခ်ိန္ကာလျဖစ္တယ္။ ဘယ္ေတာ့လုပ္မယ္ဆိုတာ လုပ္မယ္ဆိုတာ အတိအက် သတ္မွတ္တာ မရွိဘူး။

ကြၽန္ေတာ္တို႔လည္း အြန္လိုင္းမီတင္လုပ္ဖို႔ ကေတာ့ လိုင္းကိစၥေရာ အင္တာနက္ကိစၥေရာ ေလာေလာဆယ္ေတာ့ အဆင္ မေျပဘူးေလ။ အဲတာေတြ ဘယ္လိုလုပ္မယ္ဆိုတာ ညႇိႏႈိင္းၿပီးေတာ့ လမ္းေၾကာင္းရွာေန တာျဖစ္တယ္”ဟု ဗိုလ္မွဴးႀကီး ေနာ္ဘူက ေျပာသည္။ အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ အြန္လိုင္းေဆြးေႏြးပြဲ က်င္းပမည္ဆိုပါက ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕လုံး ပါဝင္ရမွာ ျဖစ္ၿပီး ေလးဖြဲ႕လုံး အင္တာနက္အဆင္ေျပမွာသာ ေဆြးေႏြးလို႔ရမည္ဟုဆိုသည္။“KIO တစ္ဖြဲ႕ခ်င္းနဲ႔ လုပ္မွာလည္း မဟုတ္ဘူး ကြၽန္ေတာ္တို႔ ေျမာက္ပိုင္းအားလုံးနဲ႔ဆိုေတာ့ ကြၽန္ေတာ္တို႔ အဆင္ေျပရင္လည္း အျခားေသာ ကြၽန္ေတာ္တို႔ရဲ႕ မဟာမိတ္အဖြဲ႕ေတြ အဆင္မေျပရင္လည္း အဟန႔္အတားျဖစ္သြားႏိုင္တယ္ေလ တစ္ျခားေသာ အဖြဲ႕အစည္း မွာ အဆင္ေျပရင္လည္း ကြၽန္ေတာ္တို႔မွာ လုပ္လို႔မရလို႔ ျဖစ္ေနတယ္ေလအဲတာေၾကာင့္ လမ္းေၾကာင္းရွာေနတဲ့ အခ်ိန္ကာလ ျဖစ္ေနတာ” ဟု ဗိုလ္မွဴးႀကီးေနာ္ဘူက ေျပာသည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ KIO သည္ လိုင္ဇာတြင္ ရွိေနၿပီး က်န္သည့္ ပေလာင္(တအန္း)ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး (PSLF/TNLA)၊ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္(ULA/AA)၊ ျမန္မာအမ်ိဳးသားဒီမိုကေရ စီမဟာမိတ္တပ္ ဖြဲ႕(MNDAA) တို႔ မည္သည့္ေနရာတြင္ရွိေနၿပီး မည္သို႔ ပါဝင္ေဆြးေႏြးမည္ကို မသိရွိေသးေၾကာင္း ဗိုလ္မွဴးႀကီးေနာ္ဘူက ဆိုသည္။ အစိုးရၿငိမ္းခ်မ္းေရး အႀကံေပးပုဂၢိဳလ္ ဦးလွေမာင္ေ႐ႊက အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕တို႔ အြန္လိုင္း ေဆြးေႏြးပြဲ ျပဳလုပ္မည္ကို တရားဝင္ မသိရွိေသးဘဲ ေဆြးေႏြးပြဲ ျပဳလုပ္မည္ဆိုသည္ကိုေတာ့ ၾကားသိထားသည္ဟု ဆိုသည္။ ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕တြင္ ကခ်င္လြတ္လပ္ေရးတပ္ဖြဲ႕(KIA)၊ ပေလာင္(တအန္း)ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး (PSLF/TNLA)၊ ရခိုင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္(ULA/AA)၊ ျမန္မာအမ်ိဳးသားဒီမိုကေရ စီမဟာမိတ္တပ္ ဖြဲ႕(MNDAA) တို႔ ျဖစ္သည္။ http://burmese.monnews.org/2020/09/24/%e1 %80%a1 %e1%80%85%e1%80%ad%e1%80%af%e1%80

***************

၃။ ျမစ္ဆုံစီမံကိန္းကို ရာသက္ပန္ ရပ္ဆိုင္းဖို႔ က်ေနာ္တို႔ ႀကိဳးစားမယ္
25 September 2020

၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပရန္ ရက္ေပါင္း ၄၀ ေက်ာ္သာ လိုေတာ့ေသာ္လည္း တဖက္တြင္ COVID -19 ေရာဂါကူးစက္မႈႏႈန္း ျမင့္တက္ေနဆဲ ျဖစ္သျဖင့္ မဲဆြယ္ စည္း႐ုံးရမည့္ ကိုယ္စားလွယ္ေလာင္းမ်ားမွာ က်န္းမာေရးဆိုင္ရာ ကန႔္သတ္ခ်က္မ်ားၾကားမွ မဲဆြယ္မႈကို ေဆာင္႐ြက္ေနၾကရသည္။ ကခ်င္ျပည္နယ္တြင္ အင္အားႀကီး ပါတီမ်ားျဖစ္သည့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (NLD)၊ ျပည္ေထာင္စု ႀကံ့ခိုင္ ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တို႔ကို အႏိုင္ယွဥ္ၿပိဳင္ရန္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) ကလည္း မဲဆြယ္စည္း႐ုံးမႈမ်ား လုပ္ေဆာင္ေနသည္။ KSPP သည္ ကခ်င္ပါတီ ၄ ပါတီ ပူးေပါင္းလိုက္သည့္ ပါတီႀကီးျဖစ္ၿပီး ကခ်င္လူထု ေထာက္ခံမႈလည္း ရွိသည့္အျပင္ ကခ်င္ ျပည္နယ္တြင္း ကိုယ္စားလွယ္ ေလာင္း ေနရာ ၆၇ ေနရာ၊ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီးႏွင့္ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီး ၂ ေနရာတို႔ကို ဝင္ၿပိဳင္မည္ ျဖစ္ကာ ျပည္နယ္ အစိုးရသစ္ ဖြဲ႕ရာတြင္ ပါဝင္ႏိုင္ေရး အထိ ေမွ်ာ္မွန္းထားသည္။

ေမး။ ။ KSPP ရဲ႕ ေ႐ြးေကာက္ပြဲ ကတိကဝတ္ထဲမွာ ျမစ္ဆုံစီမံကိန္း လုံးဝ ရပ္ဆိုင္းေရးလည္း ပါတယ္ဆိုေတာ့ အန္ကယ္ တို႔ ကိုယ္စားလွယ္ေတြ အႏိုင္ရခဲ့ရင္ ျမစ္ဆုံအေရးေရာ ဘာေတြ လုပ္ေပးမွာလဲ။

ေျဖ။ ။ ျမစ္ဆုံက လူ႔အသက္နဲ႔ ဆိုင္တယ္။ ျပည္သူလူထု၊ အထူးသျဖင့္ ကခ်င္ျပည္နယ္သားေတြ အသက္အႏၲရာယ္အမ်ား ႀကီး ရွိပါတယ္။ ေနာက္တႏိုင္ငံလုံး ဧရာဝတီျမစ္တေၾကာလုံးမွာေနၾကတဲ့ ျပည္သူေတြလည္း ဒုကၡေရာက္ၾကမွာပါ။ ဒါေၾကာင့္ ျမစ္ဆုံက ျပည္သူလူထု လုံးဝ မေထာက္ခံတာ ျပည္နယ္သားေတြအျပင္ အားလုံး မေထာက္ခံတာကို က်ေနာ္တို႔ ပါတီက မေထာက္ခံႏိုင္ပါဘူး။ က်ေနာ္တို႔ပါတီကေတာ့ ျပည္သူ လူထုရဲ႕ သေဘာဆႏၵကို အဓိက ထားပါတယ္။ ျပည္သူ႔သေဘာထား အတိုင္းပဲ က်ေနာ္တို႔ သြားခ်င္တယ္။ ျမစ္ဆုံက ျပည္သူလူထုက ဘယ္ေတာ့မွလည္း ေထာက္ခံႏိုင္မွာ မဟုတ္လို႔ က်ေနာ္တို႔

KSPP က အၿမဲတမ္း ျမစ္ဆုံစီမံကိန္းကို ကန႔္ကြက္သြားပါမယ္။ ျမစ္ဆုံနဲ႔ ပတ္သက္ရင္ က်ေနာ္တို႔က ေ႐ြးေကာက္ပြဲ ႏိုင္သည္ ျဖစ္ေစ၊ မႏိုင္သည္ျဖစ္ေစ က်ေနာ္တို႔ ပါတီက အၿမဲကန႔္ကြက္သြားမွာပါ။ မူဝါဒ ခ်မွတ္ထားပါတယ္။

ေဒါက္တာ မနမ္တူးဂ်ာသည္ KSPP ၏ ဥကၠ႒ အျဖစ္ တာဝန္ယူထားသည့္အျပင္ အင္ဂ်န္းယန္ၿမိဳ႕နယ္၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁) မွ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း တဦး ျဖစ္သည္။ https://burma.irrawaddy.c om/opinion/interview/2020/09/25/230486.html

**************

၄။ သွ်မ္း/ေျမာက္ လားရႈိးၿမိဳ႕နယ္ အတြင္း စစ္ေၾကာင္းလႈပ္ရွားမႈ ပိုမ်ားလာ
September 25, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ မိုင္းေယာ္ ေက်း႐ြာအတြင္း အစိုးရတပ္မေတာ္ စစ္ေၾကာင္းမ်ား လႈပ္ရွားမႈပိုမ်ားလာ ေၾကာင္း စုံစမ္းသိရသည္။ အစိုးရတပ္မေတာ္ စစ္ေၾကာင္းသည္ ၾသဂုတ္လကုန္၊ စက္တင္ဘာလဆန္းပိုင္းမွ စတင္ကာ သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိး၊ကြတ္ခိုင္၊မူဆယ္၊နမ့္ခမ္းႏွင့္မန္တုံဘက္ စစ္အင္အားျဖည့္ဆည္းမႈမ်ားရွိခဲ့ေၾကာင္းသွ်မ္းေျမာက္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕၏ အသိုင္းအဝန္းက ေျပာျပသည္။ ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ပါတီစုံ ေ႐ြးေကာက္ပြဲ က်င္းပရန္ ရက္ေပါင္း ၅၀ ေက်ာ္သာလိုေတာ့သည့္အခ်ိန္ ကိုဗစ္-၁၉ ကူးစက္ျမန္ ေရာဂါလည္း တေန႔ထက္တေန႔ ကူးစက္မႈႏႈန္း၊ ေသဆုံးမႈႏႈန္းျမင့္တက္လာသည္။

တျခားျပည္နယ္ ေဒသမ်ားတြင္ ေ႐ြးေကာက္ပြဲအတြက္ ပါတီအသီးသီးမွ မဲဆြယ္စည္း႐ုံးေရးမ်ားျပဳလုပ္ေနသကဲ့သို႔ သွ်မ္းေျမာက္ပိုင္းတြင္လည္း ကိုဗစ္-၁၉ အႏၲရာယ္ႏွင့္ စစ္ေရးအႏၲရာယ္ၾကား စိုးရိမ္စိတ္ျဖင့္ မဲဆြယ္စည္း႐ုံးေရးဆင္း ေနၾက ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ အသိုင္းအဝန္း က ေျပာသည္။ လက္ရွိမွာ သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္အတြင္း တိုက္ပြဲ ထိေတြ႕မႈမ်ားရွိၿပီး၊ စည္း႐ုံးေရး ဆင္းခ်ိန္ စစ္ေၾကာင္းမ်ား သြားလာလႈပ္ရွားမႈကိုလည္း ျမင္ေတြ႕ေနရေၾကာင္း လားရႈိး အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းဝမ္းလ်န္းခမ္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ စိုင္းဝမ္းလ်န္းခမ္းသည္ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ ရွမ္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ္(SNLD) လားရႈိးၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္သည္။

လက္ရွိကာလတြင္ တိုက္ပြဲမ်ားမျဖစ္ေစခ်င္ေၾကာင္း၊ အစိုးရတပ္မေတာ္ အေနျဖင့္ စစ္ေရးလႈပ္ရွားမႈကို ရပ္တန႔္ေပးေစလိုၿပီး၊ တိုင္းရင္းသားလက္နက္ကိုင္မ်ားအေနျဖင့္ သြားလာလႈပ္ရွားမႈကို ရပ္တန႔္ေစခ်င္ၾကာင္းလည္း သွ်မ္းျပည္တြင္ လႈပ္ရွားေန သည့္ ႏိုင္ငံေရးပါတီမ်ားက ေျပာသည္။“တိုက္ပြဲက က်ေနာ္တို႔မျဖစ္ေစခ်င္ဘူူး။ ဘယ္အဖြဲ႕ပဲျဖစ္ျဖစ္ တိုက္ပြဲျဖစ္မယ့္ အရိပ္အေယာင္ ရွိရင္ ေရွာင္ၾကဥ္ဖို႔လိုပါတယ္။ တပ္မေတာ္ စစ္ေၾကာင္းကလည္း ထိုးစစ္ဆင္မႈေတြ ရပ္တန႔္ဖို႔လိုပါတယ္” ဟု စိုင္းဝမ္းလ်န္းခမ္း က ေျပာသည္။

လားရႈိးၿမိဳ႕နယ္အတြင္း အစိုးရတပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ားသည္ အခ်ိန္မေ႐ြးပဋိပကၡ ျဖစ္ပြားႏိုင္ သည့္ အေနအထားျဖစ္ေနေၾကာင္း၊ လက္ရွိမွာ စစ္ေရးႏွင့္ ကိုဗစ္-၁၉ အေရးကို စိုးရိမ္မႈေၾကာင္း မဲဆြယ္စည္း႐ုံးေရး မဆင္းႏိုင္ေသးေၾကာင္း လားရႈိးၿမိဳ႕ တအာင္း (ပေလာင္)အမ်ိဳးသား ပါတီ (TNP) ဥကၠဌ ဦးေအာင္မင္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ သည္။ https://burmese.shannews.org/archives/18641

***************

၅။ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္းအား အဂတိေကာ္မရွင္သို႔ တိုင္ၾကားထားေသာ္လည္း အေၾကာင္းျပန္ျခင္း မရွိေသးဟုဆို
23 September 2020

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္စဥ္က ေငြေၾကး သုံးစြဲမႈမ်ား ႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးေပးရန္ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ထံ စက္တင္ ဘာလ ၈ ရက္ေန႔က တိုင္ၾကားစာ ေပးပို႔ထားၿပီျဖစ္ေသာ္လည္း စက္တင္ဘာ ၂၂ ရက္အထိ အေၾကာင္းျပန္ျခင္းမရွိေသးေၾကာင္း ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က ကေျပာသည္။ ဦးသဲရယ္သည္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ အေပၚစြပ္စြဲျပစ္တင္မႈ ၌ ကယားျပည္နယ္ လႊတ္ေတာ္မွ ဖြဲ႕စည္းေပးထားသည့္ စုံစမ္းစစ္ေဆးေရး အဖြဲ႕တြင္ ဥကၠ႒ အျဖစ္တာဝန္ယူခဲ့သူလည္း ျဖစ္ သည္။

ဦးသဲရယ္က “ လက္ရွိက်ေနာ္တို႔ သိတာကေတာ့ သိန္း ေပါင္း ၅၀၀၀ ဝန္းက်င္ ေလာက္ ေတြ႕ရ ပါတယ္။ ဒီေလာက္မ်ားတဲ့ ေငြေၾကးကို ဒီတိုင္း လႊတ္ထားမယ္ဆိုလို႔ရွိရင္လည္း ဒီလိုကိစၥ မ်ိဳးကို လႊတ္ထားတဲ့ လူေတြ လည္း သူတို႔မွာ အဂတိလိုက္စား၊ အဂတိ ေျမာက္တယ္လို႔ က်ေနာ္တို႔ စြပ္စြဲလို႔ ရတယ္” ဟု ေျပာသည္။ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္မွ ေျပာ ေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက “ စုံစမ္း စစ္ ေဆးေရးကိစၥရပ္ျဖစ္တယ္ဆိုရင္လည္း တိုင္ၾကားစာေတြကို လွ်ိဳ႕ဝွက္ထားတယ္ စုံစမ္းစစ္ ေဆးေရးစာေတြကို လွ်ိဳ႕ဝွက္ထားရပါတယ္ ၿပီးမွသာ က်ေနာ္က လုပ္ငန္းေဆာင္႐ြက္ခ်က္ ၿပီးသြားၿပီဆိုတဲ့ အခ်ိန္မွာ ျပည္သူ လူထုကို အသိ ေပးတဲ့ ကိစၥကို ထုတ္ျပန္ ေပးတယ္ တခ်ိဳ႕ကိစၥ ေတြက်ေတာ့ တိုင္ၾကား သူကို အေၾကာင္းျပန္ ၾကားစာေလးေတြ ပို႔ေပးပါ တယ္”ဟု မဇၩိမ သတင္း ဌာနကို ေျပာသည္။

ကယားျပည္နယ္ စာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာအေပၚ အေျခခံ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္အား လႊတ္ေတာ္တြင္ စြပ္စြဲျပစ္တင္ ေၾကာင္း အဆိုတင္သြင္း မဲခြဲဆုံးျဖတ္ခဲ့ရာ ေထာက္ခံမဲ ၁၆ မဲ၊ ကန႔္ကြက္မဲ ၄ မဲ ျဖင့္ လႊတ္ေတာ္က အတည္ျပဳ ဆုံးျဖတ္ခဲ့ သည့္ အတြက္ တာဝန္မွ ရပ္နားခံခဲ့ရျခင္း ျဖစ္သည္။ http:// www.mizzi maburmese.com/article/73767

****************

၆။ ေက်း႐ြာနယ္နမိတ္ထိ ေ႐ႊတူးေဖာ္လာမည္ကို ဆြမ္ပရာဘြမ္ေဒသခံမ်ားစိုးရိမ္
23 September 2020

ကခ်င္ျပည္နယ္ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ဖုန္အိန္ယာန္ (Hpung Ing Yang) ေက်း႐ြာတြင္ အစိုးရတရားဝင္ခြင့္ျပဳထားသည့္ ေ႐ႊတူးေဖာ္လုပ္ကြက္ေျမေနရာထက္ေက်ာ္လြန္ၿပီး ေက်း႐ြာ၏ နယ္နမိတ္အတြင္းထိ ဝင္ေရာက္တူးေဖာ္လာမည္ကို ေဒသခံ မ်ားက စိုးရိမ္ေနၾကသည္။

ျပည္နယ္အစိုးရက တရားဝင္ခြင့္ျပဳထားေသာ အေသးစားသတၱဳတူးေဖာ္ခြင့္ လုပ္ကြက္ေျမေနရာထက္ေက်ာ္လြန္ၿပီး ေက်း႐ြာ၏ နယ္နမိတ္အတြင္းထိ ေ႐ႊတူးေဖာ္ခြင့္ရရွိေရး လုပ္ေဆာင္ေနေသာလုပ္ငန္းရွင္မ်ားရွိေနေသာေၾကာင့္ လုံးဝ ကန႔္ကြက္ေၾကာင္း ေဒသခံျဖစ္ေသာ ဦး Lajaw La Htoi က ယခုလို ေျပာဆိုသည္။“တစ္ခ်ိဳ႕လုပ္ငန္းရွင္မ်ားက အစိုးရက ခ်ထားေပးတဲ့ ေျမေနရာေတြမွာ မဟုတ္ဘဲ ေက်း႐ြားရဲ႕ နယ္နမိတ္အတြင္းမွာ ေ႐ႊတူးေဖာ္ဖို႔ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းရွင္

ရွိေနတာေတြကို ၾကားသိေနရတယ္။ ေျပာခ်င္တာက လုပ္ငန္းရွင္ေတြ အေနနဲ႔ အစိုးရနဲ႔ တရားဝင္လုပ္ေနရင္လည္း က်ေနာ္တို႔ ေဒသခံေတြနဲ႔က တရားဝင္ျဖစ္မွာမဟုတ္ဘူး။ ခြင့္ျပဳခ်က္မရဘဲ ေျမကြက္တိုင္းတာ တာေတြလုပ္လာရင္ ေဒသခံ ေတြနဲ႔ ႀကီးမားတဲ့ ျပႆနာေတြ ျဖစ္လာမွာဘဲ။ စီမံကိန္း မဝင္ေအာင္လည္း ေဒသခံေတြအားလုံးက ဆက္လက္ ကန႔္ကြက္ သြားမယ္” ဟု ေျပာဆိုသည္။

ဆြမ္ပရာဘြမ္ ၿမိဳ႕နယ္အတြင္း အစိုးရက တရားဝင္ခြင့္ျပဳထားသည့္ လုပ္ကြက္ ၁၃ေနရာခ်ထားၿပီး အင္ဇာဇြပ္အထက္ဖက္ ရွိ ဂဖရန႔္ခူး(ေဒသေခၚ)အနီးတဝိုက္၊ အင္ဘန္ခ အနီးရွိ ဆင္လီဇြပ္ခူး၊ ဖုန္အိန္ခအနီးတဝိုက္၊ လက္ပံေခ်ာင္းဆုံ (ဖုန္ငိုင္ခ)ႏွင့္ ဖုန္က်န္းခ အထက္ဘက္တြင္ရွိေသာ ရွင္ဒန႔္ခူးတြင္ ၂ ေနရာ၊ အင္ဘန္ဇြပ္ဘက္ရွိ ဝါးေတာေမွာ္ စေသာေနရာမ်ားတြင္ ခ်ထား ေၾကာင္းသိရသည္။ ဖုန္အိန္ခႏွင့္ ဖုန္က်န္ခ ျမစ္ဆုံ ၂ ခု၏ ေအာက္ဘက္ျခမ္းတြင္ ေက်း႐ြာနယ္နမိတ္အျဖစ္ သတ္မွတ္ထား ၿပီး ေ႐ႊတူးေဖာ္ေနေသာေနရာႏွင့္ လက္ရွိေက်း႐ြာတည္ေနရာသည္ အထက္ဘက္တြင္ ၃ မိုင္ခန႔္ႏွင့္ ေအာက္ဘက္တြင္ ၂ မိုင္ေက်ာ္ခန႔္သာ နီးကပ္ေနၿပီ ျဖစ္ေၾကာင္း ေဒသခံမ်ားေျပာဆိုခ်က္မွ သိရပါသည္။

ေ႐ႊတူးေဖာ္မႈေၾကာင့္ ေဒသခံမ်ား ဆုံးရႈံးရေသာလယ္ယာေျမမ်ားအတြက္ လုပ္ငန္းရွင္မ်ားဘက္မွ နစ္နာေၾကးအျဖစ္ အမ်ားဆုံး သိန္း ၂၀ ခန႔္ ျပန္လည္း ေပးခဲ့သည္ဟုလည္း သိရသည္။ အဆိုပါ ၿမိဳ႕နယ္မ်ားတြင္ ေ႐ႊတူးေဖာ္ခြင့္ကို တရားဝင္ခ် ထားေပးျခင္းမွာ တရားမဝင္လုပ္ကိုင္ေနသူမ်ားကိုတရားဝင္ လုပ္ပိုင္ခြင့္ေပးၿပီး ႏိုင္ငံေတာ္အခြန္ပိုမိုရရွိလာေအာင္ လုပ္ထုံး လုပ္နည္းအရ ဥပေဒေဘာင္အတြင္းမွ ေဆာင္႐ြက္ေပးျခင္းျဖစ္သည္ဟု ေ႐ႊလုပ္ကြက္ခ်ထားေပးမႈႏွင့္ပတ္သက္ၿပီး ျပည္နယ္ သဘာဝသယံဇာတဝန္ႀကီး ဦးဒါရွီလဆိုင္းက ကခ်င္သတင္းဌာန KNG ကို ယခင္က ေျဖဆိုခဲ့ဖူးသည္။ https://burmese .kachinnews.co m/2020/09/23/%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1

***************

၇။ ေတာင္ႀကီးတြင္ SNLD ပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ကို လူငယ္တစ္စုက ဖ်က္ဆီးလိုက္သည့္အေပၚ ခြင့္လႊတ္ေပးရန္ လာေရာက္ေတာင္းပန္သျဖင့္                    ပါတီက ေက်ေအး
23 September 2020

ေတာင္ႀကီးၿမိဳ႕နယ္ ေ႐ႊေညာင္ၿမိဳ႕ သံတဲတိုက္နယ္တြင္ SNLD ပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ကို လူငယ္တစ္စုက ဖ်က္ဆီး လိုက္သည့္အေပၚခြင့္လႊတ္ေပးရန္လာေရာက္ေတာင္းပန္သျဖင့္ ေက်ေအးေပးခဲ့ရေၾကာင္းေတာင္ႀကီးၿမိဳ႕နယ္ ရွမ္းတိုင္းရင္း သားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေတာင္ႀကီးၿမိဳ႕နယ္ ေ႐ႊေညာင္ၿမိဳ႕ အေနာက္ေျမာက္ဘက္ သံတဲတိုက္နယ္အဝင္ရွိ SNLD ပါတီ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္ကို စက္တင္ဘာ ၂၂ ရက္ ညပိုင္းတြင္ လူငယ္တစ္စုက ဖ်က္ဆီးခဲ့ျခင္းေၾကာင့္ တာဝန္ရွိသူမ်ားက လိုက္လံစုံစမ္း ၾကည့္ရာ လူငယ္ငါးဦးက က်ဴးလြန္ခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ SNLD ပါတီတြဲဖက္အတြင္းေရးမွဴး ဦးစိုင္းခမ္းတီက ေျပာ ၾကားသည္။“လူငယ္က ငါးေယာက္ဗ်။ ကြၽန္ေတာ္အေပၚကို လွမ္းအေၾကာင္းၾကားလိုက္ေတာ့ လက္မွတ္ထိုးေပးမွာေပ့ါ။ မထိုးရေသးဘူးဆိုတာ အျပင္ေရာက္ေနလို႔၊ မနက္က ဒီတိုင္းထိုးလိုက္တယ္။ အခု သူတို႔႐ြာရဲ႕ ရာအိမ္မွဴးေတြနဲ႔ ထပ္ၿပီးလုပ္ရ မွာေပ့ါ။ သံတဲတိုက္ နယ္အုပ္စု ေက်း႐ြာေပါင္း ၁၁ ႐ြာ ရွိတယ္။ ႐ြာအဝင္ လမ္းဆုံမွာေပ့ါ။ အရက္ေသာက္တာ ညတိုင္းေတာ့ မေတြ႔ဘူးဗ်။ အရင္တုန္းက မရွိခဲ့ဘူး။ ဒါပထမဆုံးေပ့ါ။ ဒါကို ဝိုင္းဝန္းၿပီး တားဆီးဖို႔လိုမယ္လို႔ ထင္ပါတယ္” ဟု ဦးစိုင္းခမ္းတီ က ဆိုသည္။

အဆိုပါ လူငယ္အဖြဲ႕သည္ ေနာက္တစ္ေန႔ နံနက္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ တြဲဖက္အတြင္းေရးမွဴး ဦးစိုင္းခမ္းတီထံ လာေရာက္ေတာင္းပန္ခဲ့သျဖင့္ ဦးစိုင္းခမ္းတီမွတဆင့္ ၿမိဳ႕နယ္အလုပ္အမႈ ေဆာင္အဖြဲ႕ထံသို႔ ဆက္လက္တင္ျပခဲ့ရာ ေတာင္းပန္မႈကို လက္ခံခဲ့ၿပီး ေက်ေအးေပးခဲ့ရျခင္းျဖစ္သည္။ လူငယ္ငါးဦးတြင္ ေမာင္တင္ကိုေထြးသည္ ဆိုင္းဘုတ္ကို ခဲျဖင့္ေပါက္သူျဖစ္ၿပီး ေနာက္ေနာင္ က်ဴးလြန္မႈမရွိေစေရး ရပ္ကြက္ရာအိမ္မႉးမ်ား ေရွ႕ေမွာက္တြင္ ကတိခံဝန္လက္မွတ္ေရးထိုးျခင္း ထပ္မံျပဳလုပ္သြားရမည္ျဖစ္ေၾကာင္း သိရသည္။ https://news-eleven.co m/article/193 656

***************

၈။ ကိုဗစ္ေရာဂါေၾကာင့္ ယခုႏွစ္ ကယား ‘အဲ့ဒိုေပၚမီ’ ပြဲေတာ္ကို အက်ဥ္းခ်ဳံး က်င္းပမည္
23 September 2020

ကိုဗစ္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ကယားတိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား ႏွစ္စဥ္ ႐ိုးရာမပ်က္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ ရွိသည့္ (၈) ႀကိမ္ေျမာက္ စုေပါင္း အဲ့ဒိုေပၚမီ (ေခၚ) ဒီးကူ ပြဲေတာ္ကို ယခုႏွစ္တြင္ အက်ဥ္းခ်ဳံးသာ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ပြဲေတာ္က်င္းပေရး ေကာ္မတီ ဥကၠ႒ ခူးဖဲသူးက ေျပာသည္။“ဒီလမွာေပါ့ေနာ္၊ ခါတိုင္းႏွစ္လိုမ်ိဳး ကြၽန္ေတာ္တို႔ စည္စည္ကားကား သိုက္သိုက္ၿမိဳက္ၿမိဳက္ က်င္းပႏိုင္ျခင္းေတာ့ မရွိေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ COVID-19 ေရာဂါေၾကာင့္ေပါ့ေလ၊ အက်ဥ္းခ်ဳံးေလာက္ပဲ က်င္းပဖို႔ ရွိပါတယ္” ဟု ေျပာသည္။

အဲ့ဒိုေပၚမီ ပြဲေတာ္ကို ယခု စက္တင္ဘာလ ၂၅ ရက္ေန႔မွ စတင္၍ ၃၀ ရက္ေန႔အထိ ဖ႐ူဆိုၿမိဳ႕နယ္ ေတာင္ဘက္ ေလာပလ်ားလဲ ေက်း႐ြာတြင္ က်င္းပရန္ စီစဥ္ထားၿပီး ပြဲက်င္းပေရး ေကာ္မတီႏွင့္ သက္ဆိုင္ရာ ရပ္မိရပ္ဖ အပါအဝင္ ေက်း႐ြာမ်ားမွ လာေရာက္မည့္ ေဒသခံမ်ားကို လူဦးေရ အကန႔္အသတ္ျဖင့္ ဖိတ္ၾကားသြားမည္ ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ယခင္ႏွစ္ကကဲ့သို႔ ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္၊ ေနာင္လိုင္ ေက်း႐ြာတြင္ (၇) ႀကိမ္ေျမာက္ က်င္းပခဲ့ သည့္ စုေပါင္း အဲဒိုေပၚမီ ပြဲေတာ္ကဲ့သို႔ ယဥ္ေက်းမႈႏွင့္ဆိုင္ေသာ ႐ိုးရာျပခန္းမ်ား ပါဝင္ေတာ့မည္ မဟုတ္ေၾကာင္း ခူးဖဲသူးက ေျပာသည္။

အဆိုပါ (၇) ႀကိမ္ေျမာက္ က်င္းပခဲ့သည့္ စုေပါင္း အဲ့ဒိုေပၚမီ ပြဲေတာ္ကို ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးလွေထြးႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP) မွ ဦးေ႐ႊမ်ိဳးသန္႔တို႔ တက္ေရာက္ခဲ့ၾကၿပီး စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ေၾကာင္း သိရသည္။ တခ်ိန္က ကယား (ကရင္နီ) လူမ်ိဳးမ်ား၏ “ဖိုဒီးကရီး” အရွင္သခင္ကို ႐ိုင္းပ်စြာ ဆက္ဆံခဲ့ေသာ ယြန္းလူမ်ိဳးမ်ားသည္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ ျဖစ္ခဲ့ၾကၿပီး ထိုအေျခအေနတြင္ ကရင္နီ လူမ်ိဳး တို႔က “ဒီးကူ” ေခၚ ကိုင္းပင္ တစ္မ်ိဳး၏ အ႐ြက္ျဖင့္ ေကာက္ညႇင္းကို ထုပ္ကာ ခ်ည္ေႏွာင္ ခ်က္ျပဳတ္ထားၿပီး မပုပ္မသိုးဘဲ ၾကာရွည္ အထားခံႏိုင္ေအာင္ ရိကၡာအျဖစ္ အသုံးျပဳကာ ယြန္းလူမ်ိဳးမ်ားကို ေန႔ေရာညပါ အဆက္မျပတ္ တိုက္ထုတ္ႏိုင္ခဲ့ သည္။ ယင္းအတြက္ “ဖိႏွိပ္မူမွ လြတ္ေျမာက္သည့္ အထိမ္းအမွတ္” အေနျဖင့္ ဒီးကူပြဲကို ႏွစ္စဥ္ ေက်း႐ြာတိုင္း က်င္းပခဲ့ၾက ျခင္း ျဖစ္သည္။ http://www.mizzimaburmese.com/article/73782

****************

၉။ ပအိုဝ္းေရးရာမဲစာရင္းတြင္ က်န္ခဲ့သူမ်ားကို ျပန္လည္ထည့္သြင္းထား
September 24, 2020

ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္၊ ေအာက္ေကာ့ရင္းေက်း႐ြာအုပ္စု၊ မရင္းကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ပအိုဝ္းတိုင္းရင္းသား မ်ားအေနျဖင့္ ပအိုဝ္းေရးရာ မဲစာရင္းတြင္ က်န္ခဲ့သူမ်ားကို စိစစ္ၿပီးေနာက္ ျပန္လည္ထည့္သြင္း ထားၿပီးျဖစ္သည္ဟု ဖားအံၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးေသာင္းထြန္းက ေကအိုင္စီသို႔ ေျပာသည္။

အဆိုပါ ေအာက္ေကာ့ရင္းေက်း႐ြာအုပ္စု၊ မရင္းကုန္းေက်း႐ြာတြင္ ေနထိုင္သည့္ ပအိုဝ္းတိုင္းရင္းသားမ်ားသည္ ၿပီးခဲ့သည့္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္၊ ပအိုဝ္းေရးရာမဲကို ေပးခြင့္ရသည္ကိုေတြ႕ရ ေသာ္လည္း ယခု ၂၀၂၀ မဲစာရင္းတြင္ မပါသည့္အတြက္ ၿမိဳ႕နယ္ေကာ္မရွင္ထံ တင္ျပခဲ့သည္ဟု ျပည္နယ္၊ ပအိုဝ္းတိုင္းရင္းသားလူမ်ိဳးေရးရာ၊ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ခြန္မင္းေအာင္(ခ) ေမာင္ေမာင္က ေျပာသည္။“က်ေနာ္ အရင္ေ႐ြးေကာက္ပြဲေတြ တုန္းက ကိုယ္စားလွယ္ေလာင္းရဲ႕ ကိုယ္စားလွယ္ လုပ္ေပးခဲ့ဖူးတယ္။ အဲ့တုန္းက မရင္း႐ြာက ပအိုဝ္းေတြ ေရးရာမဲေပးခဲ့ရဖူး တယ္။ ဒီတႀကိမ္မွာ အဲ့႐ြာကို စည္း႐ုံးေရး ဆင္းေတာ့မပါလို႔ စိစစ္ဖို႔ တင္ျပခဲ့တာပါ”ဟု ခြန္မင္းေအာင္က ေျပာသည္။

မရင္းကုန္းေက်း႐ြာတြင္ ပအိုဝ္းတိုင္းရင္းသားေရးရာမဲစာရင္းတြင္ မဲဆႏၵရွင္ ၅၀ ဦးေက်ာ္ရွိသည္ဟု ၎က ဆက္ေျပာသည္။ ၿပီးခဲ့သည္ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ ကရင္ျပည္နယ္၊ ပအိုဝ္းတိုင္းရင္းသားလူမ်ိဳးေရးရာ မဲဆႏၵနယ္တြင္ မဲေပး ခြင့္ရွိသူ ၄၅, ၀၁၁ ဦးရွိသည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ http://kic news.org/2020/09/%e1%80%95%e1%80%a1%e1%80%ad%e1 %80%af%e1%80%9 d%e1%80

**************

၁၀။ (CNLD)ပါတီ၏မဲဆြယ္စည္း႐ုံးမူမ်ားသည္က်န္းမာေရးဌာနမွထုတ္ျပန္သည့္စည္းကမ္းမခ်ိဳးေဖာက္ဟုဆို
September 25, 2020

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) ပါတီကို ေထာက္ခံအားေပးၿပီး ဝန္းရံသူမ်ားသည္က်န္းမာေရးဌာနမွ ထုတ္ျပန္ သည့္ စည္းကမ္းမ်ားကို မလိုက္နာေၾကာင္း ေဒသအခ်ိဳ႕တြင္ေဝဖန္မႈမ်ားကို က်န္းမာေရးဌာနမွထုတ္ျပန္သည့္စည္းကမ္း မခ်ိဳးေဖာက္ဟု (CNLD) ဥကၠဌမွ ဆိုသည္။ စက္တင္ဘာ(၁၉)ရက္က စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ ခ်င္းအမ်ိဳးသား ဒီမိုကေရ အဖြဲ႕ခ်ဳပ္(CNLD) ကို ေထာက္ခံသည့္ ခ်င္းတိုင္းရင္းသားလူဦးေရ သုံးရာေက်ာ္ခန႔္ျဖင့္ၿမိဳ႕တြင္း လွည့္မဲဆြယ္မႈမွာ က်န္းမာ ေရးဌာန ထုတ္ျပန္သည့္ စည္းကမ္းအတိုင္းမဲမဆြယ္ဟု ကေလးၿမိဳ႕ ေဒသခံျပည္သူအခ်ိဳ႕ကေဝဖန္ျခင္းအေပၚ (CNLD) မွ ဥကၠဌ ဦးငိုင္ေဆာခ့္က စည္းကမ္းမခ်ိဳးေဖာက္ေၾကာင္းေျပာသည္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) မွ ဥကၠဌ ဦးငိုင္ေဆာခ့္က “ပါတီတိုင္းက စည္း႐ုံးေရး လုပ္ေနၾကတာေလ ေကာ္မရွင္ကလည္း ခြင့္ျပဳထားတာဘဲ ကန္ပက္လက္လိုမ်ိဳး မင္းတပ္ၿမိဳ႕လိုမ်ိဳးမွာၾကေတာ့ ထူးျခားတဲ့ အေျခေနေၾကာင့္ ရပ္နားထားတယ္ေလ စည္းကမ္းအတိုင္းပဲလုပ္ေနတာပဲေလ။ ထူးျခားမႈလည္း မရွိတဲ့ေနရာမွာ ပါတီတိုင္းကလည္း လုပ္ေနတဲ့ အခ်ိန္မွာ CNLD ခ်င္းပါတီကို ကြက္ၿပီးေဝဖန္ေနရင္လည္း မလိုလားတဲ့သူေတြ ျဖစ္ပါမယ္။ တျခားပါတီ စည္း႐ုံးေရးဆင္းေန တာကိုလည္း က်ေတာ္တို႔ ေဝဖန္မေနဘူးေလ”ဟုေျပာသည္။ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌ ဦးငို္င္ေဆာခ့္ သည္ လာမည့္ ႏိုဝင္ဘာလတြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္လႊတ္ေတာ္ အမွတ္(၁) မွ ဝင္ေရာက္ ယွဥ္ၿပိဳင္ မည္ျဖစ္သည္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD)မွ ဥကၠဌ ဦးငိုင္ေဆာခ့္က “မင္းတပ္ၿမိဳ႕နဲ႔ ကန္ပက္လက္ၿမိဳ႕ကိုေတာ့ ေရာဂါ အေျခေနေၾကာင့္ စည္း႐ုံးေရးကိုယာယီရပ္နားထားတယ္ မတူပီၿမိဳ႕ကေတာ့ထူးထူးျခားျခားမရွိေတာ့ ပါတီအားလုံးေတာ့သူ႔ ဟာနဲ႔သူ သြားေနၾကတယ္ ရပ္နားထားတာေတာ့မရွိဘူး”ဟုေျပာသည္။ https://www.bnionline.net/mm/news-75754

****************

၁၁။ ဖားကန႔္တြင္ မဲဆြယ္စည္း႐ုံးမႈမ်ား ရပ္နားထား
22 September 2020

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားသည့္ လုပ္ထုံးလုပ္နည္း (SOP) အရ Stay Home သတ္မွတ္ထား သည့္ ေနရာမ်ားတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆြယ္ခြင့္မရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕တြင္လည္း ျပည္သူနဲ႔ ထိေတြ႕ကာ မဲဆြယ္ခြင့္ရမည္ မဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး(ခြဲ)မွ အရာရွိဦးထြန္းေအာင္ခိုင္က ဆိုသည္။“Stay at Home မွာ မဲဆြယ္စည္း႐ုံးခြင့္နဲ႔ ပတ္သက္ ၿပီးေတာ့ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကထုတ္ျပန္ထားတဲ့(SOP) ဆိုတာရွိတယ္ အပိုင္း ၁ မွာပါတယ္။ Stay at Home သတ္မွတ္လိုက္ၿပီဆိုလို႔ရွိရင္ မဲဆြယ္စည္း႐ုံးခြင့္မရွိေတာ့ဘူး။ အဲေတာ့ ကခ်င္ျပည္နယ္ မွာ ဖားကန႔္က Stay at Home သတ္မွတ္ထားတယ္လို႔ သိရတယ္ အဲေတာ့ (SOP) အရ မဲဆြယ္လို႔မရ ေတာ့ဘူး။” ဟု ေျပာသည္။

လက္ရွိကခ်င္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္သူ ၁၃ ဦးရွိေနၿပီျဖစ္ၿပီး ၎တို႔ ၁၃ ဦးအနက္ ၉ ဦးသည္ ဖားကန႔္ၿမိဳ႕မွ ျဖစ္သည့္တြက္ စက္တင္ဘာလ ၂၀ ရက္ေန႔မွစကာ ဖားကန႔္ၿမိဳ႕ျပည္သူမ်ားအား Stay Home သတ္မွတ္ လိုက္ၿပီျဖစ္သည္။ စက္တင္ဘာလ ၈ ရက္ေန႔မွစကာ မဲဆြယ္ခြင့္ျပဳထားေသာ္လည္း Stay at Home သတ္မွတ္ထားသည့္ ေနရာမ်ားတြင္ မဲဆြယ္ခြင့္မရွိေတာ့သည့္အတြက္ အြန္လိုင္းမွတစ္ဆင့္သာ မဲဆြယ္ရန္အတြက္ျပင္ဆင္ထားေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP မွ ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးလေအာင္ က ကခ်င္ သတင္းဌာန KNG ကို ေျပာသည္။
“မဲဆြယ္ခြင့္ကေတာ့ ေျပာစရာကိုမလိုေတာ့ဘူး ခုဆိုရင္နားထားတာ ၄ ရက္ေလာက္ရွိေနၿပီ။ က်ေနာ္တို႔ပါတီကေတာ့ ေရာဂါပိုး ၄ေယာက္ထပ္ေတြ႕တဲ့ေန႔ကတည္းကေန လုံးဝကိုနားထားၿပီျဖစ္တယ္။”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုးက ေျပာသည္။ https://burmese.kachinnews.com/202 0/09/22/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1

***************

၁၂။ ကြန္ဟိန္းၿမိဳ႕နယ္တြင္ က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ SNDP ပါတီ မဲဆြယ္စည္း႐ုံးေရး စတင္
22 September 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္ ကြန္ဟိန္းၿမိဳ႕နယ္တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားခ်က္မ်ားႏွင့္ အညီ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (SNDP) က မဲဆြယ္စည္း႐ုံးေရး စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သတင္းရရွိ သည္။ ကြန္ဟိန္းၿမိဳ႕နယ္ ကြန္ဟိန္းၿမိဳ႕ႏွင့္ ကာလိၿမိဳ႕တို႔တြင္ ဆိုင္းဘုတ္အလတ္ သုံးခုေထာင္ျခင္း၊ စီတန္းလွည့္လည္ျခင္းႏွင့္ စုေဝးေဟာေျပာျခင္းတို႔ကို စက္တင္ဘာ ၂၁ ရက္တြင္ ေဆာင္႐ြက္ခဲ့ၿပီး က်န္းမာေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ လက္ေဆးျခင္း၊ Mask တပ္ျခင္း၊ တစ္ေယာက္ႏွင့္ တစ္ေယာက္ ေျခာက္ေပအကြာထိုင္ျခင္း၊ တတ္ႏိုင္သမွ် ခပ္ခြာခြာေနျခင္း နည္းလမ္းတို႔ျဖင့္ စုေဝးေဟာေျပာျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

“အခုေတာ့ မေန႔ကစတင္ၿပီးေတာ့ မဲဆြယ္စည္း႐ုံးေရး စတင္ေဆာင္႐ြက္ပါတယ္။ အေျခအေန ေတာ္ေတာ္ေလး ေကာင္းပါ တယ္။ အစီအစဥ္ ဖိတ္စာေလး၊ ငါးဆယ္ေလာက္ ဖိတ္ၿပီးေတာ့ ျပည္သူလူထု ဝိုင္းဝန္း အားေပးၾကတာေပ့ါ။ လူ ၃၀၀ ဝန္းက်င္ေလာက္ ရွိမယ္ထင္တယ္။ ကိုဗစ္ကာလကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေျခာက္ေပျခား၊ လူစုလူေဝး ၅၀ ဦးထက္မေက်ာ္ရ နည္းနည္းအခက္အခဲရွိတာေပ့ါ။ ကြၽန္ေတာ္တို႔က တတ္ႏိုင္သေလာက္ ကာကြယ္ထားတယ္ဗ်။ Mask ေတြ တပ္ထားတယ္။ လက္ေဆးဂ်ယ္ေတြ ကာကြယ္ထားတယ္။ မေန႔ကပဲ လွည့္လည္ေဟာေျပာတယ္။ ကိုဗစ္ေၾကာင့္မို႔လို႔ေပါ့။ ႏို႔မို႔ရင္ ထပ္ၿပီးေတာ့ လွည့္လည္ခ်င္ေသးတယ္ဗ်။ မေန႔ကေတာ့ ဝမ္ဟိန္းေက်း႐ြာမွာ ဆိုင္းဘုတ္ေထာင္တယ္။ ကြန္ဟိန္းနဲ႔ ကာလိမွာ ႐ုံးႏွစ္႐ုံးပဲ ရွိတာေပ့ါ။ ေအာင္ႏိုင္ဖို႔ ေမွ်ာ္လင့္တာေပ့ါ။ ကြန္ဟိန္းၿမိဳ႕နယ္မွာ ျပည္နယ္ (၁) (၂)၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ေလးေယာက္ ရွိတာေပါ့” ဟု ကြန္ဟိန္းၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (SNDP) ဥကၠ႒ ဦးဆန္ခမ္းၾသ က ေျပာၾကားသည္။

ကြန္ဟိန္းၿမိဳ႕နယ္တြင္ တည္ၿငိမ္ေအးခ်မ္းေနၿပီး နယ္ေျမအတြင္း လြတ္လပ္စြာ မဲေပးႏိုင္ခြင့္အေျခအေန ရရွိထားေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရး အနည္းငယ္ခက္ခဲေသာ ေက်း႐ြာမ်ားရွိၿပီး ကြန္ဟိန္းၿမိဳ႕နယ္ တစ္ခုလုံးတြင္ လွ်ပ္စစ္မီး မရရွိေသး ေသာ ေက်း႐ြာ ရာခိုင္ႏႈန္း ၈၀ ခန႔္ ရွိေနေသးေၾကာင္း သိရသည္။ https://news-eleven.com/article/193469

****************

၁၃။ ပါတီစည္း႐ုံးေရးသြားခဲ့သည့္ ပါတီကိုယ္စားလွယ္ေလာင္း ၃ ဦး Quarantine ဝင္ရ
September 24, 2020

ကရင္ျပည္နယ္ ဖားအံၿမိဳ႕နယ္အတြင္းရွိ ေကာ့ဒါန္းမယ္ေက်း႐ြာတြင္ ႐ြာသားတစ္ဦးကို Covid-19 ေရာဂါပိုး သံယသရွိသူ အျဖစ္ေတြ႕ရွိခဲ့ၿပီးေနာက္ ထိုနယ္ေျမေဒသ၌ ပါတီ၏မဲဆြယ္စည္း႐ုံးေရး သြားေရာက္ျဖစ္ခဲ့သူ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ ပါတီ-KNDP ကိုယ္စားလွယ္ေလာင္း ၃ ဦးမွာ စက္တင္ဘာလ ၂၃ ရက္ေန႔က Quarantine ဝင္လိုက္ရသည္ဟု သိရသည္။ စက္တင္ဘာလ ၁၉ ရက္ေန႔က အဆိုပါေက်း႐ြာမ်ားတြင္ KNDP မွ ပါတီစည္း႐ုံးေရးဆင္းခဲ့ကာ လက္ရွိ Covid-19 ေရာဂါ သံသယရွိခံရသူ ၎႐ြာသားမွာ စည္း႐ုံးေရးေဟာေျပာပြဲ၌ တက္ေရာက္ျခင္းရွိခဲ့သည့္အတြက္ စည္း႐ုံးေရးသြားေရာက္ခဲ့ သည့္ ပါတီကိုယ္စားလွယ္ေလာင္း ၃ ဦးကို ကပ္ေရာဂါေဘးကင္းေစေရးအတြက္ Quarantine ဝင္ေနရန္ စက္တင္ဘာလ ၂၂ ရက္ေန႔က ဖားအံၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဆက္သြယ္ အသိေပးျခင္းျဖစ္ေၾကာင္း ပါတီဝင္တစ္ဦး က ေကအိုင္စီသို႔ ေျပာသည္။

ကြာရန္တင္း(Q) ဝင္ေနရသည့္ ၎ပါတီ၏ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း နန္းလွယဥ္ေမက “က်မတို႔ စည္း႐ုံးေရးသြားတာ ၆ ေပ ျခားထားပါတယ္။ အဲဒီပြဲမွာ အဲဒီလူနဲ႔ က်မတို႔နဲ႔က ထိေတြ႕မႈေတာ့မရွိဘူး။ ဒါေပမယ့္ ၿမိဳ႕နယ္ က်န္းမာေရးတာဝန္ရွိသူေတြက က်မတို႔ ကြာရန္တင္း(Q) ဝင္ရမယ္ေျပာေတာ့ အားလုံးအဆင္ေျပေအာင္ က်မတို႔လည္း ဝင္သြားတာေပါ့။ ဒီေရာဂါက မျမင္ရဘူးဆိုေတာ့ ကြာရန္တင္း ဝင္တာ အေကာင္းဆုံးပါပဲ။”ဟု ေကအိုင္စီသို႔ ေျပာသည္။

ကြာရန္တင္းဝင္ေနသည့္ ကိုယ္စားလွယ္ေလာင္းမ်ားမွာ ျပည္နယ္လႊတ္ေတာ္တြင္ ဖားအံမဲဆႏၵနယ္အမွတ္(၁)မွ ဝင္ ေရာက္ယွဥ္ၿပိဳင္မည့္ နန္းေစးအြာ၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ဖားအံမဲဆႏၵနယ္အမွတ္(၆)မွ ဝင္ေရာက္ယွဥ္ၿပိဳင္ မည့္ နန္းလွယဥ္ေမႏွင့္ ျပည္သူ႔လႊတ္ေတာ္အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ေစာမင္းေဇာ္ဦးတို႔ ျဖစ္ၾကသည္။ ယခုအခ်ိန္တြင္ ျပည္နယ္အစိုးရ တာဝန္ရွိသူမ်ား စီစဥ္ထားသည့္ ဖားအံတကၠသိုလ္အေဆာင္၌ ဝါးဆူး႐ြာသားမ်ားႏွင့္ ေက်း႐ြာအခ်ိဳ႕မွ ဆယ္အိမ္မွဴး၊ ရာအိမ္မွဴးမ်ား အပါအဝင္ ႐ြာသူ႐ြာသား ၄၇ ဦးမွာလည္း ကိုယ္စားလွယ္ေလာင္း သုံးဦး ႏွင့္အတူ ကြာရန္တင္း(Q) ဝင္ေနၾကသည္ဟုလည္း သိရသည္။ http://kicnews.org/2020/09/%e1%80%95%e1%80%a%e 1%80%90%e1%80%ae%e1%80%85%e1%

***************

၁၄။ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ဥကၠ႒၏ Facebook Page ေခတၱပိတ္ပင္ကန႔္သတ္ခံရ
22 September 2020

ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ဥကၠ႒ ဦးငိုင္ဆာခ့္၏ Facebook Page ေခတၱပိတ္ပင္ကန႔္သတ္ခံရေၾကာင္း သတင္းရရွိသည္။
Facebook အေနျဖင့္ CNLD ဥကၠ႒ ဦးငိုင္ဆာခ့္၏ Facebook Page ကို စက္တင္ဘာ ၂၁ ရက္ ည ၁၁ နာရီခန႔္တြင္ ပိတ္ပင္ကန႔္သတ္ (Unpublished) ခဲ့ျခင္းျဖစ္ေၾကာင္း ဦးငိုင္ဆာခ့္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထား သည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ Facebook Team ထံ အေၾကာင္းၾကားစာကို စက္တင္ဘာ၂၂ ရက္ နံနက္ ၁ နာရီေက်ာ္တြင္ ေပးပို႔ခဲ့ၿပီး နံနက္ ၈ နာရီခန႔္တြင္ Facebook က အေၾကာင္းျပန္ခဲ့ေၾကာင္းႏွင့္ “ High Profile Impersonation-High Profile တု ျပျခင္း” ေၾကာင့္ Facebook က ဖယ္ရွားခဲ့ျခင္းျဖစ္ေၾကာင္း အေၾကာင္းျပန္ခဲ့ပါသည္ဟု CNLD ဥကၠ႒ ဦးငိုင္ဆာခ့္က ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ထိုသို႔ Facebook အေနျဖင့္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ဥကၠ႒ ဦးငိုင္ဆာခ့္၏ Facebook Page ကို ၁၀ နာရီ ေက်ာ္ၾကာ ပိတ္ၿပီးေနာက္ စက္တင္ဘာ ၂၂ ရက္ နံနက္ ၉ နာရီေနာက္ပိုင္းတြင္ Page ျပန္လည္အသုံးျပဳခြင့္ေပးခဲ့ ေၾကာင္း ဦးငိုင္ဆာခ့္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။ https://news-eleven.com/article/19

***************

၁၅။ မြန္ညီၫြတ္ေရးပါတီကို ေထာက္ခံသူမ်ား ေမွ်ာ္လင့္ခ်က္ႀကီးမား
September 24, 2020

မြန္ညီၫြတ္ေရးပါတီဟာ မြန္ပါတီႏွစ္ခုကို ပူးေပါင္းဖြဲ႕စည္းထားတာ ျဖစ္တဲ့အတြက္ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ေဒသခံေတြရဲ႕ မဲကို ပိုမိုရရွိမယ္လို႔ ယုံၾကည္ထားပါတယ္။ ပါတီကိုေထာက္ခံသူေတြကလည္း ေဒသတြင္းေပါင္းစည္းမႈေၾကာင့္ အင္အားႀကီး ပါတီေတြကို ေကာင္းေကာင္း ယွဥ္ၿပိဳင္ႏိုင္မယ္လို႔ ယူဆေနၾကပါတယ္။ ေဒသတြင္း မြန္တိုင္းရင္းသား အင္အားစုေတြနဲ႔ ေပါင္းစည္းထားတဲ့ မြန္ညီၫြတ္ေရးပါတီဟာ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။

ေခ်ာင္းဆုံၿမိဳ႕နယ္ ေဒသခံ မင္းျပည့္ဟန္ထြန္းက မြန္ညီၫြတ္ေရးပါတီဟာ တိုင္းရင္းသားလူမ်ိဳး အခြင့္အေရး ေတြကို ေဆာင္ ႐ြက္ေပးမယ္လို႔ ယုံၾကည္ထားသူပါ။ သံျဖဴဇရပ္ၿမိဳ႕ခံ ကိုတင္မ်ိဳးေအာင္က ပါတီႀကီးေတြထက္ တိုင္းရင္းသားပါတီေတြက ေဒသအက်ိဳးကို ပိုၿပီးေတာ့ လိုလိုလားလား လုပ္ကိုင္မယ္လို႔ ယူဆပါတယ္။ က်ိဳက္မေရာၿမိဳ႕ခံ ေဒၚသန္းေဌးကလည္း တိုင္းရင္းသားေတြအေရးကို တိုင္းရင္းသားပါတီကပဲ ေဖာ္ေဆာင္ေပး ႏိုင္မယ္လို႔ ယူဆသူပါ။ ေမာ္လၿမိဳင္ၿမိဳ႕ခံ မေမဇြန္ဦး ကေတာ့ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ့္ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ထား ပါတယ္။

မြန္ညီၫြတ္ေရးပါတီရဲ႕ ေခ်ာင္းဆုံၿမိဳ႕နယ္ ပါဝင္တဲ့ အမ်ိဳးသားလႊတ္ေတာ္ မြန္ျပည္နယ္မဲဆႏၵနယ္ ၂ မွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ မယ့္ ကိုယ္စားလွယ္ေလာင္း ဦးသန္းႏိုင္က ေဒသခံတိုင္းရင္းသားေတြရဲ႕ ဆႏၵသေဘာထားေတြကို လႊတ္ေတာ္ထဲမွာ ထင္ ဟပ္ႏိုင္ဖို႔ ဆုံးျဖတ္ထားပါတယ္။ တိုင္းရင္းသားေဒသေတြမွာ သက္ဆိုင္ရာေဒသခံတိုင္းရင္းသားပါတီေတြအႏိုင္ရရွိဖို႔ ျပင္ဆင္ ေနၾကတာျဖစ္လို႔ လာမယ့္ ေ႐ြးေကာက္ပြဲဟာ တိုင္းရင္းသားေဒသေတြမွာ ပါတီႀကီးေတြနဲ႔ တိုင္းရင္းသား ပါတီေတြ ယွဥ္ၿပိဳင္မႈ ျပင္းထန္ႏိုင္ေျခရွိတယ္လို႔ သုံးသပ္မႈေတြလည္းရွိပါတယ္။ မြန္ႏိုင္ငံေရးပါတီႏွစ္ခုနဲ႔ ျပင္ပမြန္ႏိုင္ငံေရးအင္အားစုေတြ မြန္အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူေတြပါဝင္တဲ့ မြန္ညီၫြတ္ေရးပါတီဟာ ေ႐ြးေကာက္ပြဲမွာ ၆၅ ေယာက္ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာပါ။ ကိုယ္စားလွယ္ေလာင္းေတြထဲမွာ အမ်ိဳးသမီး ၁၇ ေယာက္နဲ႔ လူငယ္ ၁၁ ေယာက္ ထည့္သြင္းထားတာေတြ႕ရ ပါတယ္။ https://www.rfa.org/burmese/news/mup-party-09242020 035917.html

**************

၁၆။ ဖမ္းဆီးသြားတဲ့ ေက်ာက္ေတာ္ အရပ္သား ၁၀ ဦး တပ္မေတာ္ ျပန္လႊတ္
September 24, 2020

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်း႐ြာမွာ မေန႔က မနက္ပိုင္းက တပ္မေတာ္စစ္ေၾကာင္း တစ္ခု႐ြာထဲ ကိုဝင္လာၿပီး အရပ္သား ၁၀ ဦးကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ ဒီေန႔မနက္မွာေတာ့ အဲဒီ ၁၀ ဦးကို ရပ္မိရပ္ဖေတြရဲ႕ အာမခံနဲ႔ျပန္လႊတ္ေပးလိုက္တယ္လို႔ မိသားစုဝင္ေတြနဲ႔ ေဒသခံေတြကေျပာပါတယ္။ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တစ္ပင္ေက်း႐ြာကို စက္တင္ဘာလ ၂၃ ရက္ မေန႔က မနက္ပိုင္းက တပ္မေတာ္စစ္ေၾကာင္းတစ္ခု ႐ြာထဲကိုဝင္လာၿပီး ႐ြာသား ၁ဝ ဦးကို ဖမ္းဆီးသြားခဲ့ပါတယ္။ သူတို႔ကို တပ္မေတာ္ က ဖမ္းဆီးစစ္ေဆးေမးျမန္းခဲ့ၿပီး ဒီေန႔ ေန႔လယ္မွာ ျပန္လႊတ္ ေပးလိုက္တာလို႔ မိသားစုဝင္ေတြနဲ႔ ေဒသခံေတြက RFA ကိုေျပာပါတယ္။

ဖမ္းဆီးခံခဲ့ရသူေတြဟာ အသက္ ၁၆ ႏွစ္အ႐ြယ္ကေန ၄၀ ေက်ာ္အ႐ြယ္ရွိၾကၿပီး သရက္တပင္႐ြာသား ေက်ာင္းဆရာ ဦးေမာင္ေမာင္ဦး အပါအဝင္ ကိုးဦးနဲ႔ စဖိုသားေက်း႐ြာတစ္ဦး ပါဝင္ပါတယ္။ သူတို႔ကို ႐ြာမွာရွိေနစဥ္ တပ္က ဖမ္းဆီး ေခၚေဆာင္သြားတာျဖစ္တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ရပ္မိရပ္ဖတစ္ဦးက RFA ကိုေျပာပါတယ္။ အခုလို စစ္ေၾကာင္းဝင္လာရင္ အရပ္သားေတြဖမ္းဆီးခံတာ၊ ႐ိုက္ႏွက္ခံရေတြဟာ အၿမဲလိုလိုျဖစ္ေနတဲ့အတြက္ ေဒသခံေတြဟာ စစ္ေၾကာင္းဝင္လာရင္ေၾကာက္လန႔္ၿပီး ထြက္ေျပးေနရတယ္လို႔လည္း သူဆိုပါတယ္။ အဲဒီ ၁၀ ေယာက္ကို သရက္တပင္ ေက်း႐ြာနဲ႔ တစ္မိုင္ေလာက္အကြာမွာရွိတဲ့ ၃၇၆ တပ္ရင္းကို မေန႔က ေခၚေဆာင္ သြားတာျဖစ္ၿပီး ဒီေန႔ ေန႔လယ္ပိုင္းမွာပဲျပန္လႊတ္ေပးလိုက္တာပါ။ သူတို႔ကိုဖမ္းဆီးထားစဥ္ ႐ိုက္ႏွက္စစ္ေဆးေမးျမန္းခဲ့တာေတြရွိၿပီး ျပန္လႊတ္လာသူေတြဟာလည္း ေၾကာက္လန႔္ေန ၾကတယ္လို႔ သူတို႔နဲ႔ေတြ႕ဆုံခဲ့တဲ့ လုံၿခဳံေရးအရအမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးကေျပာပါတယ္။

တပ္ဘက္က လုံၿခဳံေရးအရ AA ဘက္နဲ႔ အဆက္သြယ္ရွိႏိုင္တယ္လို႔ သံသယရွိသူေတြကို မၾကာခဏ ေခၚယူ စစ္ေဆးတာ ေတြရွိေၾကာင္း၊ ရခိုင္လူမ်ိဳးေတြကို လူမ်ိဳးေရးအရ အၿငိဳးအေတး ပစ္မွတ္ထားလုပ္ေဆာင္တာမ်ိဳး မရွိေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက RFA ကို မၾကာခဏ ေျဖၾကားေလ့ရွိပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ လို႔ကေတာ့ တပ္မေတာ္ဘက္ကို RFA က အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့ အခု သတင္းထုတ္လႊင့္ေနတဲ့အခ်ိန္ထိ ဖုန္းလက္ခံ မေျဖၾကားေသးပါဘူး။ RFA က ရွိထားတဲ့စာရင္းေတြအရ ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၉ ႏွစ္ဆန္းပိုင္းကေန ၿပီးခဲ့တဲ့ ၾသဂုတ္လ ၈ ရက္ေန႔ အထိ တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ တပ္မေတာ္က ဖမ္းဆီးသြားၿပီး စစ္ေၾကာေရးစခန္းမွာ စစ္ေဆးခ်ိန္ ေသဆုံး သြားတဲ့အရပ္သား ၃၀ ဦးအထိ ရွိပါတယ္။ https://www.rfa.org/burmese/news/army-released-ten-civilians-0924 2020081117.html

***************

၁၇။ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ မဲဆြယ္စည္း႐ုံးမႈအျဖစ္ စက္ေလွ အစင္း ၅၀ ေက်ာ္ျဖင့္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ လွည့္လည္
24 September 2020

တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီက ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ မဲဆြယ္စည္း႐ုံးမႈအျဖစ္ စက္ေလွအစင္း ၅၀ ေက်ာ္ျဖင့္ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ စက္တင္ဘာ ၂၄ ရက္က လွည့္လည္မႈ ျပဳလုပ္ခဲ့သည္။ ထိုသို႔ျပဳလုပ္ရသည့္ ရည္႐ြယ္ခ်က္မွာ COVID-19 ကပ္ေရာဂါကာလ ျဖစ္သျဖင့္ ေရာဂါထိန္းခ်ဳပ္ေရးအတြက္ျဖစ္ၿပီး ရွမ္းနီတိုင္းရင္းသားအမ်ားစု သည္ ျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ လုပ္ကိုင္စားေသာက္ေနထိုင္ၾကသည့္ တိုင္းရင္းသားအမ်ားစုျဖစ္ျခင္းေၾကာင့္ စက္ေလွ မ်ားျဖင့္ မဲဆြယ္စည္း႐ုံးၾကျခင္းျဖစ္ေၾကာင္း ရွမ္းနီလူငယ္တာဝန္ခံ ကိုစိုင္းေအာင္မ်ိဳးက ေျပာၾကားသည္။ အဆိုပါစက္ေလွ ျဖင့္လွည့္လည္မႈကို ျမစ္ႀကီးနားခတ္ခ်ိဳဆိပ္မွ ျမစ္ႀကီးနား ျပည္သူ႔အားကစားကြင္း၊ မိုင္းနားေက်း႐ြာ၊ ခတ္ခ်ိဳေက်း႐ြာတြင္ ရပ္နားခဲ့ၿပီး ႐ိုးရာယဥ္ေက်းမႈအက၊ ႐ိုးရာသိုင္းအကျဖင့္ ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္ခဲ့သည္။

ရွမ္းနီလူငယ္တာဝန္ခံ ကိုစိုင္းေအာင္မ်ိဳးက “စက္ေလွေတြကိုသုံးတာက ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြ အသုံးမ်ားလို႔ျဖစ္ပါ တယ္။ ကြၽန္ေတာ္တို႔ပါတီက အႏိုင္အရႈံးထက္ကို ေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္တို႔ ရွမ္းနီတိုင္းရင္းသားေတြ ႏိုးၾကားလာ ေအာင္ လုပ္ေဆာင္ႏိုင္တာ အျမတ္ျဖစ္ပါတယ္။ ႏိုင္ငံကို အခ်စ္တစ္ခုတည္းနဲ႔ တည္ေဆာက္လို႔မရပါဘူး။ တိုင္းရင္းသားပါတီ ေတြ လႊတ္ေတာ္မွာေရာက္မွ ၿငိမ္းခ်မ္းေရးေတြ၊ ဖက္ဒရယ္ေတြ ရမယ္လို႔ယူဆပါတယ္။ တစ္ဦးတစ္ေယာက္ေကာင္းနဲ႔ ဖက္ဒရယ္ဒီမိုကေရစီပန္းတိုင္ကို ေလွ်ာက္လွမ္းႏိုင္မယ္ဆိုတာ လက္မခံပါဘူး” ဟု ေျပာၾကားသည္။

တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီသည္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္း ရွမ္းတိုင္းရင္းသားႏွင့္ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၃၁ ဦး၊ စစ္ကိုင္းတိုင္းတြင္ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးတစ္ဦးအပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁၀ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။ https://news-eleven.com/article/193797

****************

၁၈။ ရခိုင္ျပည္နယ္တြင္ စစ္ေရးတိုက္ခိုက္မႈမ်ား အျမန္အဆုံးသတ္ရန္ ကုလ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ ေတာင္းဆို
23 September 2020

ကေလးသူငယ္မ်ားပါ ေသဆုံးမႈ ျမင့္တက္လာၿပီးေနာက္ ရခိုင္ျပည္နယ္၊ ေက်း႐ြာမ်ားအနီးတြင္ ဆက္လက္ ျဖစ္ေပၚေနသည့္ စစ္ေရးတိုက္ခိုက္မႈမ်ား အျမန္ဆုံး အဆုံးသတ္ၾကရန္ ကုလသမဂၢ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ ေသာမတ္စ္ အင္ဒ႐ူးစ္က စက္တင္ဘာလ ၂၂ ရက္ေန႔တြင္ ေတာင္းဆိုလိုက္သည္။

အျခားသူမ်ား အပါအဝင္ ကေလးသူငယ္မ်ား ေသဆုံးမႈတြင္ အျပန္အလွန္ ပစ္ခတ္မႈမ်ားေၾကာင့္ေလာ၊ တမင္ပစ္မွတ္ထား ျခင္းေၾကာင့္ေလာဟု အပူတျပင္း ေမးခြန္းထုတ္စရာ ျဖစ္လာေနသည္ဟု ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေနဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ မစၥတာ ေသာမတ္စ္ အင္ဒ႐ူးစ္က ထုတ္ျပန္ခ်က္တြင္ ေျပာထားသည္။ “စစ္ေရး တိုက္ခိုက္မႈေတြ အျမန္ဆုံးရပ္ဖို႔၊ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ေတာင္းဆိုထားတဲ့အတိုင္း (ကိုဗစ္ကပ္ေရာဂါ ကာလအတြင္း) အပစ္အခတ္ ရပ္စဲမႈေတြ အျမန္ဆုံး လုပ္ဖို႔လိုတယ္”ဟုလည္း သူကေျပာသည္။ ၿပီးခဲ့သည့္ သီးတင္း ႏွစ္ပတ္အၾကာက ေျမပုံၿမိဳ႕နယ္တြင္ အေျမာက္က်ည္ဆန္ က်မႈေၾကာင့္ ငါးႏွစ္အ႐ြယ္ ကေလးႏွစ္ဦး ေသဆုံးၿပီး အျခားတစ္ဦး ဒဏ္ရာရခဲ့ေၾကာင္းလည္း သူ ဆိုသည္။

ျမန္မာႏိုင္ငံသည္ ေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ေနသည့္ကာလအတြင္း COVID-19 ကပ္ေရာဂါ ကာကြယ္ တိုက္ဖ်က္ေရး ျပင္းထန္ေသာ စိန္ေခၚမႈကို ရင္ဆိုင္ေနရေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနျဖင့္ ျပည္သူ႔က်န္းမာေရး ဆိုင္ရာ ေထာက္ပံ့မႈမ်ား အမ်ားအျပား လုပ္ေဆာင္ေပးၾကရန္ မစၥတာ အင္ဒ႐ူးစ္က ေတာင္းဆိုထားသည္။ http://www .mizzimaburmese.com/article/73779

***************

၁၉။ နားဟိုင္းလုံ ေက်း႐ြာ ေနအိမ္ထဲ ေရဝင္ၿပီး ေဒသခံမ်ားအခက္ႀကဳံေန
September 24, 2020

သွ်မ္းျပည္ အေရွ႕ပိုင္း ေ႐ႊသတၱဳတူးေဖာ္သည့္ အနီးတြင္ေနထိုင္သည့္ တာခ်ီလိတ္ခ႐ိုင္ နားဟိုင္းလုံေက်း႐ြာရွိ ေနအိမ္ထဲသို႔ ေရမ်ားဝင္လာေၾကာင္း စုံစမ္းသိရသည္။ နားဟိုင္းလုံေက်း႐ြာ ပတ္ပတ္လည္တြင္ ေ႐ႊတူးေဖာ္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီး ေက်း႐ြာ၏ ေရေျမာင္းမ်ား၊ ေခ်ာင္းမ်ားကို သက္ဆိုင္ရာမွ လာေရာက္ၾကည့္ရႉ႔ျခင္း၊ ႏုန္းမ်ားဆယ္ျခင္းမျပဳလုပ္သျဖင့္ ေရမ်ားေနအိမ္ထဲသို႔ ဝင္လာေၾကာင္း နားဟိုင္းလုံေက်း႐ြာ မွ သူနာျပဳ ဆရာမ နန္းလာ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

“ ႏွစ္တိုင္း ေရႀကီးေပမယ့္ ဒီႏွစ္က မိုးခဏေလးပဲ႐ြာေသးတယ္။ ေရက အိမ္ထဲဝင္လာၿပီ။ အရင္က က်မ အိမ္ထဲ ေရမဝင္ ဘူး။ ဒီႏွစ္ေတာ့ ေရဝင္တယ္။ မိုးသည္ရင္ေတာ့ ဒီထက္ ဆိုးႏိုင္တယ္”ဟု နန္းလာ က ဆိုသည္။ နားဟိုင္းလုံ ေက်း႐ြာ အနီးတြင္ ေ႐ႊသတၱဳတူးေဖာ္မႈကို ၂၀၀၇ ခုနစ္တြင္ စတင္တူးေဖာ္ခဲ့ရာ ေဒသခံျပည္သူမ်ားက ေခတ္အဆက္ဆက္ ကန႔္ကြက္ ခဲ့ေသာ္လည္း ယေန႔ခ်ိန္ထိ ရပ္ဆိုင္းျခင္းမရွိခဲ့ေပ။“ တႏွစ္ထက္တႏွစ္ ေရႀကီးမႈက ပိုဆိုးလာတယ္။ အိမ္ေမြးတိရိစာၦန္ ၾကက္ ေတြလည္း ေသကုန္တယ္။ အိမ္ထဲေရဝင္ေတာ့ ဘာမွ လုပ္လို႔မရဘူး” ဟု နန္းလာ က ေျပာသည္။

“ က်မတို႔ဆီ ကို ဘယ္အစိုးရက မွလာမၾကည့္ဘူး။ သက္ဆိုင္ရာက လာမၾကည့္တဲ့အတြက္ ေ႐ႊတူးတဲ့ကုမၸဏီ ေတြ လုပ္ခ်င္တိုင္းလုပ္ဆိုတဲ့သေဘာျဖစ္ေနတယ္။ ကုမၸဏီေတြ က ေျမာင္းေတြ ႏုန္းေတြ မဆယ္ေပးေတာ့ဘူး” ဟု နားဟိုင္းလုံ ေဒသခံ တဦး က ေျပာသည္။ လက္ရွိမွာ မိုးရာသီ ျဖစ္သျဖင့္ ေခ်ာင္းထဲရွိႏုန္းမ်ားကို ဆယ္ေပးရန္ ႏွင့္ ေျမာင္းမ်ားလာေရာက္ ေဖာ္ေပးခ်င္ေၾကာင္းလည္း နားဟိုင္းလုံ ေဒသခံမ်ားက ေျပာသည္။ နားဟိုင္းလုံေက်း႐ြာ တြင္ ေ႐ႊတူးေဖာ္မႈ စီမံကိန္းမ်ား ေၾကာင့္ လယ္ယာေျမမ်ား ဧကေပါင္းရာႏွင့္ခ်ီ ပ်က္စီးခဲ့ၿပီး၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးျခင္း၊ ျမစ္ေခ်ာင္းမ်ားတိမ္ ေကာျခင္းတို႔ျဖစ္ခဲ့သည္။ ထို႔ျပင္ ေ႐ႊတူးေဖာ္မႈကို သြားေရာက္ကန႔္ကြက္ရာတြင္လည္း ေဒသခံအမ်ိဳးသားတဦး ေသဆုံးခဲ့ၿပီး၊ ထိုေသဆုံးမႈေၾကာင့္ လက္ရွိအခ်ိန္ထိ တရားမွ်တမႈ မရရွိခဲ့ေသးေပ။ https://burmese.shannews.org/archives/18625

****************

၂၀။ မြန္ပါတီက ကိုယ္စားလွယ္ေလာင္းေတြကိုသာ မဲေပးၾကဖို႔ မြန္လူငယ္ဆုံရပ္ တိုက္တြန္း
September 24, 2020

မြန္တိုင္းရင္းသားေတြအေနနဲ႔ လာမယ့္ ေ႐ြးေကာက္ပြဲမွာ မြန္ညီၫြတ္ေရးပါတီကိုသာ မဲေပးဖို႔ မြန္လူငယ္ဆုံရပ္အဖြဲ႕က စက္တင္ဘာလ (၂၂)ရက္ေန႔မွာ ထုတ္ျပန္ခ်က္ထုတ္ၿပီး တိုက္တြန္းလိုက္ပါတယ္။ လက္ရွိႏိုင္ငံေရးျဖစ္စဥ္မွာ တစ္ပါတီစနစ္ ႀကီးစိုးမႈေၾကာင့္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးေတြ ဆုံးရႈံးေနတယ္လို႔ မြန္လူငယ္ဆုံရပ္အဖြဲ႕က ဆိုထားပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္အတြင္းမွာ မြန္ပါတီရဲ႕ ကိုယ္စားေလာင္းေတြ ေနရာရမွသာ မြန္တိုင္းရင္းသားေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ ေရးကို ေဆာင္႐ြက္ႏိုင္မွာ ျဖစ္တယ္လို႔ မြန္လူငယ္ဆုံရပ္အႀကံေပးက ေျပာပါတယ္။

“ တိုင္းရင္းသားပါတီေတြ အႏိုင္ရလာရင္ ကိုယ့္ကံၾကမၼာကို ကိုယ္ဖန္တီးခြင့္ေတြ ပိုၿပီးေတာ့ မ်ားျပားလာမယ္။ တိုင္းရင္း သား အခြင့္အေရးေတြ ပိုၿပီး မ်ားျပားလာမယ္လို႔ ယုံၾကည္တယ္”မြန္လူငယ္ဆုံရပ္အႀကံေပး ဉာဏ္စိုက္ရာမာန္က ေျပာပါတယ္။ မြန္လူငယ္ကြန္ယက္ဟာ မြန္တိုင္းရင္းသားလူငယ္ေတြနဲ႔ စုစည္းထားတာျဖစ္လို႔ သူတို႔ရဲ႕ တိုက္တြန္းခ်က္ အတိုင္း ေဆာင္႐ြက္သြားမယ္လို႔ ေရးေဒသခံ တစ္ဦးက ေျပာပါတယ္။ “ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္အတိုင္း မြန္လူငယ္ေတြက တက္တက္ႂကြႂကြ လိုက္နာၾကတာကို ေတြ႕ရတယ္ သူ႔ရဲ႕ထုတ္ျပန္ခ်က္အတိုင္း တစ္ေသြးတစ္သံတည္းလို႔ ေျပာလို႔ရပါတယ္” လို႔ ေရးေဒသခံ မင္းစိုးသိန္းက ေျပာပါတယ္။

မြန္လူငယ္ကြန္ယက္ဟာ ျပည္ပႏိုင္ငံေတြအျပင္ မြန္ ၊ ကရင္ ၊ တနသၤာရီ ၊ ရန္ကုန္တိုင္းနဲ႔ ပဲခူးတိုင္းတို႔က မြန္လူငယ္ေတြ စုစည္းထားတဲ့ ကြန္ယက္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာေတာ့ မြန္ျပည္နယ္ ဘီးလူးကြၽန္း ေခ်ာင္းဆုံတံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားလို႔ အမည္ေျပာင္းလဲခဲ့တဲ့အေပၚ ေသာင္းနဲ႔ခ်ီတဲ့ မြန္လူထုက ကန႔္ကြက္ေၾကာင္း အစိုးရအေပၚ ဆႏၵျပခဲ့ပါတယ္။ https://www.bnionline.net/mm/news-75720

****************

၂၁။ ရခိုင္ပါတီမ်ား၏ ႐ုပ္ျမင္သံၾကားမဲဆြယ္မိန႔္ခြန္းမ်ား ျပင္ဆင္ျဖတ္ေတာက္ခံရ
September 23, 2020

ရခိုင္အမ်ိဳးသားပါတီ (ANP) ႏွင့္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (ALD) ၏ မဲဆြယ္စည္း႐ုံးေရး ႐ုပ္ျမင္သံၾကားမိန႔္ခြန္းမ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ျပင္ဆင္ျဖတ္ေတာက္ခဲ့ေၾကာင္း အဆိုပါ ပါတီမ်ားမွ တာဝန္ရွိသူမ်ားက ေျပာသည္။

ANP ပါတီ၏ မဲဆြယ္စည္း႐ုံးေရးမိန႔္ခြန္းတြင္ ‘ျပည္တြင္းစစ္’ ဆိုသည့္ ‌ေဝါဟာရအစား ‘လက္နက္ကိုင္ပဋိပကၡ’ ဟုလည္း ေကာင္း၊ ALD မိန႔္ခြန္းတြင္ ‘ျပည္တြင္းစစ္’၊ ‘စစ္မီး’ စသည့္စကားလုံးမ်ားကို ‘ျပည္တြင္းပဋိပကၡ’ ဟု UEC က ျပင္ဆင္ခဲ့ၿပီး အခ်ိဳ႕ေသာစကားလုံးမ်ားကို လုံးဝျဖတ္ေတာက္ခဲ့သည္ဟု ဆိုသည္။ “စစ္ေရးပဋိပကၡႏွင့္ ကိုဗစ္ႏိုင္းတင္းကပ္ေရာဂါ ျဖစ္ပြား ေနေသာေၾကာင့္ ရခိုင္ျပည္သူမ်ား ေ႐ြးေကာက္ပြဲကို စိတ္မဝင္စားၾကေၾကာင္း၊၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ANP အေနျဖင့္ ျပည္နယ္အစိုးရဖြဲ႕စည္းခြင့္ မရရွိခဲ့ျခင္းမွာ ၂၀၀၈ ဖြဲ႕စည္းပုံ၏အက်ပ္အတည္းေၾကာင့္” ဆိုသည့္ ေရးသားခ်က္မ်ားကို UEC က ျဖတ္ေတာက္ခဲ့သည္ဟု ၎က ေျပာသည္။ ထိုသို႔ ဆင္ဆာျဖတ္ေတာက္ျခင္းကို မႀကိဳက္ႏွစ္သက္ေသာ္လည္း လက္ရွိ အေျခအေနအရ အျပင္ထြက္ မဲဆြယ္စည္း႐ုန္းရန္ အခက္အခဲရွိေနေသာေၾကာင့္ ႐ုပ္သံထုတ္လႊင့္မည္အစီအစဥ္တြင္ ပါဝင္ခဲ့ သည္ဟု ဦးသာထြန္းလွက ေျပာသည္။

“ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္ ၂၀၁၀- ၂၀၁၅ ေခတ္ကထက္ တင္းက်ပ္လာတယ္လို႔ ျမင္တယ္။ အဲဒီတုန္းကလည္း တစ္ခ်ိဳ႕ဟာေတြ ဒို႔တာဝန္အေရးသုံးပါးကို မထိခိုက္ေစရ ဘာညာပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက။ ျပည္သူ႔အစိုးရ လက္ထက္ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေျဖေလွ်ာ့မႈဘက္ကိုမသြားဘဲ ပိုၿပီးတင္းက်ပ္တဲ့ဘက္ကို ေဇာင္းေပးတဲ့ပုံစံမ်ိဳးရွိ တယ္လို႔ သုံးသပ္လို႔ရတယ္” ဟုလည္း ၎က ေျပာသည္။

ALD ပါတီ၏ မဲဆြယ္မိန႔္ခြန္းပါ စကားလုံးမ်ား ျပင္ဆင္ခံခဲ့ရျခင္းကို သေဘာမတူေသာ္လည္း ပါတီမူဝါဒမ်ားကို ခ်ျပရမည့္ အခြင့္အေရးျဖစ္ေသာေၾကာင့္ မိန႔္ခြန္းေျပာရန္ဆုံးျဖတ္ထားေၾကာင္း ပါတီအေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္က ေျပာ သည္။ “ပါတီေတြရဲ႕အာေဘာ္ကို ျဖတ္တာကေတာ့ မလုပ္သင့္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ လြတ္လပ္စြာထုတ္ ေဖာ္ေျပာဆို ခြင့္ ရွိရမယ္ေလ။ ႏိုင္ငံေရးပါတီျဖစ္တဲ့အတြက္ သူတို႔ရဲ႕အယူအဆေတြကို ထုတ္ေဖာ္ခြင့္ေပးရမယ္လို႔ ျမင္တယ္။ အခုလို ျဖတ္တယ္ဆိုတာက ဟိုေခတ္တုန္းကဆိုေတာ့ စစ္အစိုးရသုံးေနတဲ့ ပုံစံမ်ိဳးေပါ့ ”ဟု ၎က ဆိုသည္။ ANP ပါတီ၏ မဲဆြယ္ စည္း႐ုံးေရးမိန႔္ခြန္းကို စက္တင္ဘာ ၂၄ တြင္လည္းေကာင္း၊ ALD ပါတီႏွင့္ ရခိုင့္ဦးေဆာင္ပါတီ (AFP) ၏ မိန႔္ခြန္းမ်ားကို ေအာက္တိုဘာ ၁ တြင္လည္းေကာင္း ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားမွ ထုတ္လႊင့္မည္ဟု သိရသည္။ ႏိုင္ငံေရးပါတီမ်ား၏ မဲဆြယ္ မိန႔္ခြန္းမ်ားကို ႏိုင္ငံပိုင္႐ုပ္သံလိုင္းျဖစ္သည့္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား (MRTV) က စက္တင္ဘာ ၈ မွ ႏိုဝင္ဘာ ၆ အထိ အလွည့္က် ထုတ္လႊင့္ေပးမည္ျဖစ္သည္။ https://www.myanmar-now.org/mm/news/4555

***************

၂၂။ UNESCO တင္မည့္ ဒုံးအက ျပင္ဆင္စရိတ္ ဘတ္ဂ်က္ မေလာက္ငွေသးဘဲျဖစ္ေန
September 23, 2020

ကရင္႐ိုးရာဒုံးအကကို အမ်ိဳးသားျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ ကုလသမဂၢ၏ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈ ဆိုင္ရာအဖြဲ႕အစည္း(UNESCO)က အသိအမွတ္ျပဳေရး တင္သြင္းရန္ ႀကိဳးပမ္းေနၾကေသာ္လည္း ျပင္ဆင္ေနဆဲအခ်ိန္ တြင္ ဘ႑ာေရး မလုံေလာက္မႈမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။
ဒုံးကႀကိဳးကကြက္ဆပ္ေကာ္မတီတြင္ မ်က္ေမွာက္ေခတ္ယဥ္ေက်းမႈဒုံး၊ ကိုလိုနီေခတ္ရွိ (ေမာင့္႐ို႕) ဒုံးႏွင့္ ကြၽဲဒုံး စသည့္ ဒုံး (၃)မ်ိဳးကို စခန္းသြင္းေလ့က်င့္ကာ အေကာင္အထည္ေဖာ္ရမည္ျဖစ္ၿပီး ဆပ္ေကာ္မတီဖြဲ႕ကာ တစ္ဖြဲ႕ ၁၀ သိန္းက်ပ္စီသာ အသုံးျပဳရသည့္အတြက္ေၾကာင့္ ေလာက္ငွမႈမရွိေၾကာင္း ဒုံးဆရာတစ္ဦးက ေျပာသည္။“ကုန္က်စရိတ္က ဒုံးသမားေတြရဲ႕ စားေသာက္၊ သြားလာ၊ ဆင္ယင္မႈေတြအတြက္ပဲေလ။ အျခားမွာ သုံးဖို႔မဟုတ္ပါဘူး။ ျပည္နယ္ဒုံးၿပိဳင္ပြဲအတြက္ ဒုံးတစ္ဖြဲ႕ ကိုေတာင္ သိန္း ၁၈၀ နဲ႔ ၂၀၀ အၾကားမွာ သုံးရတယ္။”ဟု မ်က္ေမွာက္ေခတ္ဒုံးႏွင့္ ကိုလိုနီေခတ္(ေမာင္႐ို႕)ဒုံးကို ဦးေဆာင္ သင္ၾကားေနသည့္ ဒုံးဆရာ ေစာခေနာင္ထြန႔္က ေျပာသည္။

“အခက္အခဲ အမ်ားႀကီးရွိတယ္။ ျပည္နယ္အစိုးရအဖြဲ႕က က်ပ္ သိန္း ၂၀၀ ခ်ေပးမယ္လို႔ေျပာတယ္။ ခု သိန္း ၅၀ ပဲ ခ်ေပး ေသးတယ္။ Covid ေရာဂါေၾကာင့္လည္း ကြင္းဆင္းဖို႔မလြယ္ဘူး။ ကြင္းဆင္းဖို႔လည္း မေလာက္ဘူး။ ဒုံးသင္မယ္ ဆိုလည္း မေလာက္ဘူး။ ရက္ကလည္း နီးလာၿပီး။ မမွီမကမ္းျဖစ္မွာ အရမ္း စိုးရိမ္တယ္။”ဟု ေကအိုင္စီသို႔ စက္တင္ ဘာ ၂၁ ရက္ က ေျပာသည္။ က်ပ္သိန္း ၆၀၀ ခန႔္ ကုန္က်မည္ဟု လ်ာထားေသာ ယခုဒုံးအကတြင္ ျပည္နယ္အစိုးရအေနျဖင့္ က်ပ္သိန္း ၂၀၀ သို႔မ ဟုတ္ ၃၀၀ အျပည့္အဝ ခ်ေပးရန္ အလ်င္အျမန္လိုအပ္ေနၿပီး က်န္ေငြမ်ားအတြက္ အျခားေသာ အလွဴရွင္မ်ားကို ရွာ သြားရဦးမည္ျဖစ္ေၾကာင္း ဒုံးအကပညာရွင္ ဆရာေစာျမင့္သူက ဆက္ေျပာသည္။ http://kicnews.org/2020/09/une sco%e1%80%90%e1%80%84%e1%80 %b9%e1%80%99%e1%80%8a

**************

၂၃။ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစႏိုင္တဲ့ စြမ္းအင္က႑ကို ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထည့္သြင္းေဆြးေႏြးရန္လိုဟုဆို
September 24, 2020

ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံေတြမွာ စြမ္းအင္က႑ကို ေဆြးေႏြးဖို႔ ေခါင္းစဥ္အတိအက် ခ်မွတ္ထားျခင္းမရွိ ေပမယ့္ ဒါဟာၿငိမ္းခ်မ္းေရးကို ထိခိုက္ေစႏိုင္တဲ့အတြက္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထည့္သြင္းေဆြးေႏြးသင့္တယ္လို႔ တိုင္းရင္း သားလူမ်ိဳးေရးရာစင္တာ(ENAC)ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေဒါက္တာ ပညာမြန္က ေျပာပါတယ္။“အခု အႀကီးစား စီမံကိန္း ေတြရွိတဲ့ေနရာက လက္နက္ကိုင္ပဋိပကၡျဖစ္တဲ့ေနရာျဖစ္တဲ့အတြက္ေၾကာင့္ အကယ္၍ ဒီစီမံကိန္းေတြကို ဆက္လက္လုပ္ ေဆာင္သြားမယ္ဆိုရင္ ဒါက လက္နက္ကိုင္ပဋိပကၡျဖစ္ႏိုင္တယ္။ ဒါအတြက္ ေၾကာင့္ပဲ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ဒီကိစၥေတြကို ေဆြးေႏြးၿပီးမွသာ ဒီစီမံကိန္းေတြကို လုပ္ေဆာင္သြားဖို႔ လိုတာေပါ့ေနာ္။ အကယ္၍ ဘာမွ သေဘာတူညီခ်က္မရပဲနဲ႔ ဒီစီမံကိန္း ေတြကို ဆက္လက္ၿပီး လုပ္ေဆာင္သြား မယ္ဆိုရင္ ခုဏက ေျပာသလို က်ေနာ္တို႔ ျမန္မာျပည္ရဲ႕ ၿငိမ္းခ်မ္းေရးကို ထိခိုက္ႏိုင္တာေပါ့ေနာ္။”ဒီေျပာဆိုခ်က္ကို စက္တင္ဘာ ၂၂ ရက္ေန႔က အြန္လိုင္းေပၚမွာ ျပဳလုပ္ခဲ့တဲ့ “စိန္ေခၚမႈျမင့္မားေန သည့္ ျမန္မာႏိုင္ငံ၏ ဗဟိုခ်ဳပ္ကိုင္ထားေသာ စြမ္းအင္စီမံခန႔္ခြဲမႈပုံစံ”နဲ႔ ပတ္သက္တဲ့ သုေတသနစာတမ္းမိတ္ဆက္ပြဲမွာ ေျပာဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံရဲ႕ လွ်ပ္စစ္နဲ႔ စြမ္းအင္ဆိုင္ရာစီမံကိန္းေတြဟာ ႏိုင္ငံအတြင္းရွိ လက္နက္ကိုင္ပဋိပကၡေတြနဲ႔ မ်ားစြာ ဆက္ႏြယ္ ေနၿပီးေတာ့ ျပည္တြင္းၿငိမ္းခ်မ္းေရးအေပၚ သက္ေရာက္မႈေတြရွိေနတယ္လို႔ ၎တို႔ရဲ႕ သုေတသန အစီရင္ခံစာမွာ ေဖာ္ျပ ထားပါတယ္။ ျမန္မာ့စြမ္းအင္ပင္မ စီမံခ်က္အရ အေကာင္အထည္ေဖာ္တည္ေဆာက္သြားမယ့္ အႀကီးစားေရအားလွ်ပ္စစ္ စက္႐ုံအမ်ားစုရဲ႕ တည္ေနရာေတြဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ထိန္းခ်ဳပ္နယ္ေျမ (သို႔) လႈပ္ရွားတဲ့ နယ္ေျမေတြမွာ တည္ရွိေနတာပါ။

ကယား(ကရင္နီ)ျပည္နယ္မွာ လွ်ပ္စစ္ဓါတ္အား မီဂၢါဝပ္ ၄၀၀၀ ေက်ာ္ထုတ္လုပ္ဖို႔ရည္႐ြယ္ထားတဲ့ ႐ြာသစ္ေရကာတာ စီမံကိန္းနဲ႔ ပတ္သက္ၿပီး ၂၀၁၂ ခုႏွစ္မွာ အစိုးရနဲ႔ KNPP တို႔အၾကား Bilateral Ceasefire Agreement (ႏွစ္ဘက္အၾကား အပစ္အခတ္ရပ္စဲေရး သေဘာတညီခ်က္) ထဲမွာ သေဘာတူညီခ်က္တစ္ခု အေနနဲ႔ အႀကီးစားစီမံကိန္းလုပ္ငန္းေတြကို ျပည္နယ္အတြင္းမွာ ေဒသတည္ၿငိမ္ေအးခ်မ္းမႈနဲ႔ တရားဥပေဒစိုးမိုးမႈ မရွိေသးရင္ ရပ္တန႔္ထားဖို႔ သေဘာတူထားတယ္လို႔ ဆိုပါတယ္။ ဒီသေဘာတူညီခ်က္အရ သုံးလအတြင္း အရပ္ဖက္အဖြဲ႕အစည္းက ကိုယ္စားလွယ္ေတြနဲ႔ သတင္းမီဒီယာ ေတြက ေဒသခံေတြနဲ႔ ေတြ႕ဆုံေမးျမန္းဖို႔နဲ႔ ကြင္းဆင္းေလ့လာခဲ့တယ္လို႔ ကရင္နီအမ်ိးသားတိုးတက္ေရးပါတီ (KNPP)ရဲ႕ ဒုဥကၠဌ ခူးဦးရယ္က အဆိုပါ သုေတသနအစီရင္ခံစာ မိတ္ဆက္ပြဲမွာ ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ စြမ္းအင္စီမံအုပ္ခ်ဳပ္မႈဟာ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ဦးတည္ေနျခင္းထက္ ႏိုင္ငံအတြင္း ႏွစ္ ၇၀ နီးပါျဖစ္ပြား ေနတဲ့ ျပည္တြင္းစစ္ကို ပိုၿပီးသက္ဆိုးရွည္ေရးကိုသာ ဦးတည္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးကို ဦးတည္တဲ့ လွ်ပ္စစ္နဲ႔ စြမ္းအင္ စီမံကိန္းေတြကို ေရးဆြဲခ်မွတ္အေကာင္ အထည္ေဖာ္သင့္တယ္လို႔ အစီခံစာ က ဆိုပါတယ္။ https://www.bnionline.net/mm/news-75721

**************

၂၄။ ထိုင္းျမန္မာ ဘုရားသုံးဆူေဒသ၌ ကုန္ပစၥည္းမ်ားျဖတ္သန္းေနမႈကို ေအာက္တိုဘာ ၅ ရက္ေန႔အထိ ပိတ္ထား မည္
September 24, 2020

ျမန္မာႏိုင္ငံအတြင္း လတ္တေလာ ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းတိုးလာသျဖင့္ ျမန္မာႏိုင္ငံ ဘုရားသုံးဆူၿမိဳ႕ႏွင့္ ထိုင္းႏိုင္ငံ ဘုရားသုံးဆူေက်း႐ြာတို႔ ကုန္ပစၥည္းမ်ားအျပန္အလွန္ျဖတ္သန္းေနမႈကို ေအာက္တိုဘာ ၅ ရက္အထိ ပိတ္ထားလိုက္ေၾကာင္း ကန္ခ်နပူရီျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက စက္တင္ဘာ ၂၂ ရက္ေန႔ အမိန႔္ထုတ္ျပန္ခဲ့သည္။

ဘုရားသုံးဆူေဒသ နယ္စပ္တေလွ်ာက္ရွိ ႏွစ္ႏိုင္ငံမလြယ္ေပါက္မ်ားႏွင့္ တရားမဝင္စစ္ေဆးေရးဂိတ္မ်ားမွတဆင့္ လူႏွင့္ ေမာ္ေတာ္ယာဥ္ ဝင္ထြက္ေပါက္ေနရာ လမ္းေၾကာင္းအားလုံးကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၈ ရက္ေန႔က ထိုင္းတို႔ စတင္ပိတ္ပင္ ထားေသာ္လည္း ႏွစ္ဖက္ကုန္စည္မ်ားျပတ္လပ္မႈမျဖစ္ေပၚေစေရး ကုန္ပစၥည္းမ်ားသယ္ေဆာင္ရန္ နားလည္မႈျဖင့္ခြင့္ျပဳ ထားခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။ ထို႔အျပင္ ျမန္မာႏိုင္ငံ ဘုရားသုံးဆူၿမိဳ႕က ကိုဗစ္ေစာင့္ၾကည့္ေရးစင္တာ Quarantine သည္ ထိုင္းႏိုင္ငံ ဘုရားသုံးဆူေက်း႐ြာ လူေနရပ္ကြက္ႏွင့္ အလြန္နီးကပ္ေန သျဖင့္ ျမန္မာႏိုင္ငံတဝန္း ေရာဂါကူးစက္မူ ရာဂဏန္းအထက္ ျမင့္တက္လာေသာေၾကာင့္ အဆိုးဆုံးျဖစ္လာမည့္အေျခအေနမ်ားအတြက္ ႀကိဳတင္ ကာကြယ္ေရး လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းက်န္းမာေရးဌာနကိုအေၾကာင္းမၾကားပဲ နယ္စပ္ေက်း႐ြာရွိ လူနာမ်ားကို သယ္ေဆာင္လာျခင္း၊ ေ႐ႊ႕ေျပာင္းျမန္မာႏိုင္ငံ သားမ်ားအား လက္ခံေဆးကုသေပးျခင္းတို႔ လုပ္ေဆာင္ခြင့္မျပဳေၾကာင္း၊ ထိုင္းႏိုင္ငံဘက္ျခမ္းတြင္ ဖြင့္ထားသည့္ အလုပ္႐ုံ မ်ား၊ စီးပြားေရးလုပ္ငန္းမ်ား၊ ေဈးဆိုင္မ်ားႏွင့္ ခရီးသြားလုပ္ငန္းမ်ား အားလုံး ပိတ္ထားရမည္ျဖစ္ေၾကာင္း အမိန႔္ထုတ္ျပန္ ခ်က္တြင္ ပါရွိသည္။ အမိန႔္ကိုခ်ိဳးေဖာက္သူ (သို႔မဟုတ္) ပ်က္ကြက္သူမည္သူမဆို ကူးစက္တတ္ေသာေရာဂါမ်ား အက္ ဥပေဒ ပုဒ္မ ၅၂ ၊ ျပည္သူ႔စီမံခန႔္ခြဲမႈဆိုင္ရာအေရးေပၚအမိန႔္ ပုဒ္မ (၁၈) B.E. 2558 အရ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ ဘတ္ေငြတစ္သိန္းထက္ မပိုေသာေငြဒဏ္ျဖစ္ေစ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။ https://www.bnionli ne.net/mm/news-75733

***************

၂၅။ ပိုးေတြ႕လူနာတည္းခိုခဲ့ေသာ ျမစ္ႀကီးနား ေအးခ်မ္းသာတည္းခိုခန္း ႏွင့္ဆက္စပ္ခဲ့သူ ၂၀ ဦးကို Quarantine ထားရွိ
24 September 2020

ေနျပည္ေတာ္တြင္ ပိုးေတြ႕ခဲ့ေသာလူနာ တည္းခိုခဲ့သည့္ ျမစ္ႀကီးနားရွိ ေအးခ်မ္းသာ အဆင့္ျမင့္တည္းခိုခန္းႏွင့္ပတ္သက္ၿပီး လာေရာက္တည္ခိုခဲ့သူ ၂၀ ဦးကို ျမစ္ႀကီးနားၿမိဳ႕ရွိ သတ္မွတ္ထားသည့္ Quarantine Center တြင္ ထားရွိၿပီျဖစ္ေၾကာင္း ျမစ္ႀကီးနားအုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းထံမွ သိရသည္။ အဆိုပါ တည္းခိုခန္းတြင္ စက္တင္ဘာလ ၁၆ ရက္ေန႔မွ ၂၀ ရက္ေန႔ ထိ လာေရာက္တည္းခိုခဲ့သူမ်ားကို Quarantine ထားရွိျခင္းျဖစ္ေၾကာင္း ဆိုသည္။

“ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မေန႔ကၿမိဳ႕နယ္ရဲမွဴး ကိုယ္တိုင္ဖုန္းဆက္လာပါတယ္။ ၁၆ ရက္ေန႔က အင္ဂ်န္းယန္က ရဲတပ္ဖြဲ႕ဝင္ ဒုတပ္ၾကပ္တစ္ဦးက ေနျပည္ေတာ္ ရဲတပ္ရင္း (၁၈) ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္ဖို႔ အေျပာင္းအေ႐ႊ႕လုပ္ၾကတဲ့ခါမွာ ျမစ္ႀကီးနားမွာ ၁၆-၁၇ ႏွစ္ည တည္းခိုခန္းမွာ တည္းသြားၾကတယ္။ ၁၈ ရက္ေန႔ထြက္သြားၾကတယ္။ ေနျပည္ေတာ္ေရာက္တဲ့ ခ်ိန္မွာ ရဲတပ္ရင္း ၂၀ မွာ Q ဝင္ၿပီး ေဆးစစ္လိုက္တဲ့ခ်ိန္မွာဘဲ Positive ေတြ႕သြားတာျဖစ္တဲ့အတြက္ အဲသတင္းရတာနဲ႔ ေအးခ်မ္းသာတည္းခိုခန္းသြားၿပီးေတာ့ စုံစမ္းထားျခင္းျဖစ္တယ္”ဟု ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္း ေျပာ သည္။

ယင္းတည္းခိုခန္းအား စက္တင္ဘာလ ၂၃ ရက္ေန႔တြင္ ကန႔္သတ္နယ္ေျမျဖစ္သတ္မွတ္လိုက္ၿပီး ၁၆ ရက္ေန႔မွ ၂၀ ရက္ေန႔ တည္းခိုခဲ့သည့္ ဧည့္သည္ ၇ ဦး အပါအဝင္ ဝန္ထမ္း ၇ ဦးအား ယင္းတည္းခိုခန္းတြင္ Quarantine ထားရွိၿပီး၊ ပိုးေတြ႕ လူနာ အား လိုက္လံပို႔ေဆာင္ေပးခဲ့သည့္ ခ႐ိုင္ရဲတပ္ဖြဲ႕မွ ဝန္ထမ္း ၃ဦးကိုမူ ျမစ္ႀကီးနားတကၠသိုလ္တြင္ ထားရွိၿပီး အင္ဂ်န္းယန္ ကားဂိတ္မွ ဝန္ထမ္း ၂ ဦးလည္း Q ထားရွိေၾကာင္း ၎က ဆက္ေျပာသည္။ https://burmese.kachinnews.com/2020 /09/24/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1

****************

၂၆။ UDP ဥကၠ႒ ၏ေနာက္ေၾကာင္းရာဇဝင္ကို ခ်မျပပါက ပါတီကိုယ္စားလွယ္ေလာင္းႏုတ္ထြက္မည္
24 September 2020

ႏွင္းဆီနီပါတီလို႔ လူသိမ်ားတဲ့ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP) အေနနဲ႔ ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ရဲ႕ ေနာက္ေၾကာင္း ရာဇဝင္ကို ရွင္းရွင္းလင္းလင္းမခ်ျပရင္ ပါတီကေနႏုတ္ထြက္ၿပီး တစ္သီးပုဂၢလအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ ပါတီ ကိုယ္စားလွယ္ေလာင္း တစ္ဦးက ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မဲဆႏၷနယ္အမွတ္(၁)ကေန UDP ပါတီကိုယ္စားျပဳဝင္ၿပိဳင္ဖို႔ ျပင္ဆင္ေနတဲ့ ကိုယ္စားလွယ္ေလာင္း ဦးဂဲနက္(စ္)က ေျပာၾကားလိုက္တာပါ။“လူထုေတြၾကားထဲမွာ ေတာင္းဆိုလာရင္ ရွင္းျပရမယ့္တာဝန္က က်ေနာ့္မွာ ရွိတယ္။ ရွင္းျပေပးဖို႔ရာေတာင္းဆိုပါတယ္။ တိက်ခိုင္မာၿပီး ျပတ္ျပတ္သားသားမရွင္းျပဘူး ဆိုရင္ ထြက္မယ္”လို႔ ဦးဂဲနက္(စ္)ကေျပာပါတယ္။ ဦးဂဲနက္စ္ဟာUDP ပါတီရဲ႕ ကခ်င္ျပည္နယ္ ျပန္ၾကားေရးတာဝန္ခံ အျဖစ္ တာဝန္ယူထားသလို တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးျဖစ္ကာ ကခ်င္ျပည္နယ္အတြင္းက သိမ္းဆည္းခံလယ္ယာ ေျမေတြအေရးကို ေဆာင္႐ြက္ေပးေနသူ ျဖစ္ပါတယ္။

ပါတီဥကၠ႒ ျဖစ္သူ ဦးေက်ာ္ျမင့္ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ အေျခအေနေတြကို ျပည္တြင္းမီဒီယာတခုက ထုတ္ေဖာ္ေရးသား ေဖာ္ျပခဲ့အၿပီးမွာ အခုလို ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ ဦးေက်ာ္ျမင့္ (ေခၚ) ဦးဇခုန္ဇုန္းေဆာင္ ေခါင္းေဆာင္တဲ့ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP)ဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တစ္ႏိုင္ငံလုံး မဲဆႏၵနယ္ေပါင္း ၁၁၃၁ ေနရာဝင္ၿပိဳင္မွာျဖစ္ၿပီး အန္အယ္လ္ဒီပါတီၿပီးရင္ ဒုတိယေျမာက္ မဲဆႏၵနယ္ အမ်ားဆုံး ဝင္ၿပိဳင္မယ့္ပါတီျဖစ္ပါတယ္။ http://burmese.dvb.no /archives/412291

***************

၂၇။ ကယားျပည္နယ္ရွိ ကြာရန္တင္းစင္တာမ်ားမွ ရက္မျပည့္ပဲထြက္ေျပးပါက သဘာဝေဘးအႏၲရာယ္ ဥပေဒႏွင့္ အေရးယူ မည္ဟု ဆို
22 September 2020

ကယားျပည္နယ္အတြင္း Quarantine ဝင္ေရာက္သူမ်ား အေနျဖင့္ သတ္မွတ္ရက္အျပည့္ မေနဘဲ ထြက္ေျပးျခင္းအပါအဝင္ ကြာရန္တင္း စင္တာမ်ားမွ သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားကို မလိုက္နာပါက သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒႏွင့္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။ စက္တင္ဘာလ ၂၁ ရက္က လားရႈိးၿမိဳ႕မွ လြိဳင္ေကာ္ၿမိဳ႕သို႔ ျပန္လည္ဝင္ေရာက္လာၿပီး လြိဳင္ေကာ္ၿမိဳ႕ရွိ community based facility quarantine center တြင္ဝင္ေရာက္ေနသည့္ ႏြားလဝိုးေက်း႐ြာအုပ္စု ထီေလာခူေက်း႐ြာမွ အမ်ိဳးသားတစ္ဦးသည္ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္း မ်ားကို ရန္ျပဳၿပီး ထြက္ေျပးခဲ့သည့္ အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဥပေဒ၂၆/၂၉ ျဖင့္အေရးယူထား ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရွိ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ကိုဗစ္-၁၉ ကူးစက္ခံရမႈမ်ား ရွိေနေသာ္လည္း ကယားျပည္နယ္မွာမူ လက္ရွိအခ်ိန္အထိ တစ္ခုတည္းေသာ ကိုဗစ္ကင္းစင္ျပည္နယ္အျဖစ္ ရပ္တည္ လွ်က္ရွိသည္။ “ ျပည္နယ္အစိုးရက ထုတ္ျပန္ လိုက္တာဟုတ္ပါတယ္။ Quarantine မဝင္ကတည္းက ဘာေတြလုပ္ရမယ္၊ ဘာေတြ ေဆာင္ ႐ြက္ရမယ္ ဆိုတာေတြကို ရွင္းျပၿပီးသားျဖစ္တယ္။ အရင္တုန္းကေတာ့ ကူးစက္နဲ႔စြဲပါဆိုၿပီး တစ္ႏိုင္ငံလုံးကို ၫႊန္ၾကား ထားတာရွိတယ္။ ဒုတိယလႈိင္းျဖစ္တဲ့အခ်ိန္မွာကူးစက္နဲ႔မစြဲနဲ႔ေတာ့ တစ္ေျပးညီ သဘာဝေဘး အႏၲရာယ္နဲ႔စြဲပါ ဆိုၿပီး ျပန္ၫႊန္ၾကားထားတာပါ။ လုံၿခဳံေရးကိုလည္း ပိုၿပီးေတာ့ ေဆာင္႐ြက္ထား ပါတယ္” ဟု လြိဳင္ေကာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဦးစီးမႉး ဦးရန္ႏိုင္ဝင္းက မဇၩိမ သို႔ေျပာသည္။

ကယားျပည္နယ္အတြင္း အဝင္အထြက္ေစာင့္ၾကည့္ေနသည့္ ဂိတ္ ၁၀ခုခန႔္ရွိၿပီး လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္း ေစာင့္ၾကည့္သည့္ ဂိတ္ ၃ခုရွိေၾကာင္း သိရသည္။ ဘီလူးေခ်ာင္းအတြင္းတြင္လည္း ေရကင္း ၂၄နာရီေစာင့္ၾကည့္ၿပီး လုံၿခဳံေရးကို အထူးၾကပ္မတ္ေနေၾကာင္း သိရသည္။ http://www.mizzimabu rmese.com/article/73741

****************

၂၈။ ခ်င္းျပည္နယ္တြင္လႊတ္ေတာ္ေနရာစုစုေပါင္း ၃၈ ေနရာဝင္ၿပိဳင္မည့္ ညီၫႊတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)အေနျဖင့္ ၇၅% အႏိုင္ရရွိရန္ယုံၾကည္မႈရွိ             ဟုဆို
September 24, 2020

ခ်င္းျပည္နယ္ရွိ လႊတ္ေတာ္ေနရာစုစုေပါင္း ၃၉ ေနရာတြင္ ၃၈ ေနရာဝင္ၿပိဳင္မည့္ UDP Party အေနျဖင့္ ေ႐ြးေကာက္ပြဲတြင္ ၇၅ ရာခိုင္ႏႈန္းအႏိုင္ရွိရန္ယုံၾကည္ေၾကာင္း UDP ပါတီခ်င္းျပည္နယ္တာဝန္ခံ မွေျပာသည္။“ကြၽန္ေတာ္တို႔ကေတာ့ ၇၅% ကေတာ့ ေသခ်ာသေလာက္ျဖစ္ၿပီ အင္အားက ကြၽန္ေတာ္တို႔စုေဆာင္းၿပီးသား အင္အားအရဆိုရင္ အုပ္စုတစ္ခုမွာ ဒီလအထိ ၁၅၀ အုပ္စုတစ္ခုမွာရွိၿပီးသားဆိုေတာ့ ၇၅ ရာခိုင္ႏႈန္းကေတာ့ ေအာင္ျမင္ၿပီးသားလို႔ ကြၽန္ေတာ္တို႔ယူဆပါတယ္ဗ်”ဟု UDP ပါတီခ်င္းျပည္တာဝန္ခံ ဦးသြန္ခမ္ကပ္ မွ ေျပာသည္။ UDP ပါတီအေနျဖင့္ ကိုယ္စားလွယ္ေလာင္းမ်ား ကိုယ္တိုင္ ေနရာတိုင္းမသြားခိုင္းပဲ ေက်း႐ြာတိုင္းတြင္ပါတီေရးရာ ေကာ္မတီမ်ားမွ တစ္အိမ္တက္ တစ္အိမ္ဆင္းကြင္းဆင္းၿပီး ႀကိဳးစား ေနရသည့္အေျခေနျဖစ္ေၾကာင္းလည္း သိရသည္။

ခ်င္းျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မည့္ပါတီမ်ားႏွင့္ပတ္သက္ၿပီး ” CNLD က ၃၆ေနရာ၊ေနာက္ UDPက ၃၈ ေနရာ ေပါ့ေနာ္၊USDPက ၃၆ေနရာ၊ NLDကေတာ့ ၃၉ေနရာ၊ အမွန္ေတာ့ UDPက ၃၉ေယာက္လုံးတင္တယ္၊ဒါေပမယ့္ တစ္ေယာက္ က သူ႔ဟာနဲ႔သူ ျပန္ႏႈတ္ထြက္တယ္၊”ဟု ခ်င္းျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးလင္းေက်ာ္မွ ေျပာသည္။ အႏိုင္ရရွိပါက UDP လမ္းစဥ္အတိုင္း ပါတီရည္မွန္းခ်က္အတိုင္း ကတိေပးထားသည့္အတိုင္း အေကာင္အထည္ေဖာ္မည္ ျဖဟ္ၿပီး ျပည္သူမ်ား၏ အေျခခံဝင္ေငြရရွိေရးလုပ္ေဆာင္ရန္ အဆင္သင့္ျဖစ္ေနသည္ဟု လည္းသိရသည္။

ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ (United Democratic Party – UDP) သည္ႏွင္းဆီပြင့္ပုံ ပါတီတံဆိပ္အသုံးျပဳေသာ ေၾကာင့္ ႏွင္းဆီပါတီဟုလည္း ေခၚေဝၚၾကသည္။ ႏွင္းဆီပါတီ၏ ဥကၠဌ မွာကခ်င္လူမ်ိဳးတိုင္းရင္းသား လက္နက္ကိုင္ေဟာင္း တစ္ဦးျဖစ္သူ ဦးေက်ာ္ျမင့္ (ခ) မိုက္ကယ္ေက်ာ္ျမင့္ဟြာ ျဖစ္သည္။ UDP ပါတီသည္ ၂၀၁ဝေ႐ြးေကာက္ပြဲႏွင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ေနရာ ၈၀ ဝန္းက်င္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္းအႏိုင္မရခဲ့ေပ။ https://www.chinworld. org/2020/09/24/ %e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80

**************

၂၉။ ထိုင္းျပန္ အလုပ္သမားမ်ားကို လက္ခံခ်ိန္ ကန႔္သတ္မည္
September 23, 2020

ျမဝတီနယ္စပ္ရွိ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္ ၂ မွတစ္ဆင့္ ေနရပ္ျပန္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား ကို စက္တင္ဘာ ၂၃ ရက္ေန႔(ယေန႔)မွစ၍ မြန္းလြဲ ၁ နာရီမွ ညေန ၆ နာရီထိသာ စိစစ္လက္ခံေတာ့မည္ဟု ျမဝတီခ႐ိုင္၊ အုပ္ခ်ဳပ္ ေရးမွဴး ဦးေတဇာေအာင္က ေျပာသည္။ ယခုလို အခ်ိန္ေျပာင္းလဲ စိစစ္လက္ခံရျခင္းမွာ ကိုဗစ္ အေရးေပၚကာလ ေနရပ္ျပန္ လာသူ တျဖည္းျဖည္း နည္းလာ ျခင္းေၾကာင့္ ျဖစ္သည္ဟု ၎က ေျပာသည္။

ထိုင္းမွ ေနရပ္ျပန္မ်ားကို ၿပီးခဲ့သည့္ မတ္လအတြင္းက စတင္စိစစ္ ဝင္ခြင့္ျပဳခဲ့ရာ ေန႔စဥ္ ေထာင္ႏွင့္ခ်ီအလုပ္သမား မ်ား ျပန္ဝင္လာေသာ္လည္း ယခု အခ်ိန္တြင္ ရာဂဏာန္းမွ်သာ ရွိၿပီး ျပန္လာသူမ်ားကို ျမဝတီရွိ Quarantine centre မ်ားတြင္ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ ျခင္းမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း ခ႐ိုင္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူ မ်ားထံမွ သိရသည္။

ထိုင္းမွ ေနရပ္ျပန္မ်ားမွာ မတ္ ၂၁ ရက္ေန႔မွ စက္တင္ဘာ ၂၁ ရက္ေန႔ထိ ၆ လ အတြင္း အမ်ိဳးသား ၇၃,၁၃၃ ႏွင့္ အမ်ိဳးသမီး ၄၅,၂၇၉ စုစုေပါင္း ၁၁၈,၄၁၂ ဦး ျပန္လည္လက္ခံထားၿပီး ျဖစ္သည္။ http://kicnews.org/2020/09/%e1%80%91% e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80

***************

၃၀။ ရခိုင္ေတာင္ပိုင္းမွာ NLD ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္တခ်ိဳ႕ ဖ်က္ဆီးခံရ
September 23, 2020

ရခိုင္ျပည္နယ္ေတာင္ပိုင္းက ေတာင္ကုတ္၊ သံတြဲ၊ မာန္ေအာင္ ၿမိဳ႕နယ္တို႔က ေနရာတခ်ိဳ႕မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (National League for Democracy- NLD)ပါတီ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး အတြက္ စည္း႐ုံး လႈံ႕ေဆာ္ထားတဲ့ ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံခဲ့ရပါတယ္။

ေတာင္ကုတ္ၿမိဳ႕အတြင္းက ေနရာတခ်ိဳ႕မွာ ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံထားရတယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ရဲ႕ ရခိုင္ျပည္နယ္ဆိုင္ရာ ေျပာခြင့္ရသူလည္းျဖစ္၊ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ တေယာက္လည္းျဖစ္တဲ့ ဦးမင္းေအာင္ က ေျပာပါတယ္။ “ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးဆိုင္းဘုတ္ေတြ၊ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ဗီႏိုင္းေတြ ၄ ေနရာမွာ ဖ်က္ဆီးခံထားရတာရွိတယ္၊ မအီၿမိဳ႕မွာ စျဖစ္တာ၊ ေနာက္ၿပီး ေခ်ာင္းသုံးခြ႐ြာ၊ နတ္ကန္႐ြာ၊ တန္းလြဲရာမၿမိဳ႕ စတဲ့ေနရာေတြမွာ ဖ်က္ဆီးခံရတယ္” လို႔ သူက ဘီဘီစီကို ေျပာပါတယ္။ သံတြဲၿမိဳ႕နယ္ ငပလီမွာလည္း NLD ဆိုင္းဘုတ္ တစ္ခု ဖ်က္ဆီးခံခဲ့ရသလို မာန္ေအာင္ၿမိဳ႕နယ္ သစ္ပုံ႐ြာမွာ NLD ေအာင္ႏိုင္ေရး ဆိုင္းဘုတ္ေထာင္တာကို ႐ြာသားတခ်ိဳ႕ ကန႔္ကြက္မႈေတြ ေပၚေပါက္ခဲ့တဲ့ အတြက္ ဆိုင္းဘုတ္ကို မေထာင္ႏိုင္ဘဲ ျပန္ႏုတ္ယူခဲ့ရတယ္လို႔ သိရပါတယ္။

အဲဒီေ႐ြးေကာက္ပြဲေနာက္ပိုင္း ရကၡိဳင့္တပ္ေတာ္ (Arakan Army – AA) နဲ႔ အစိုးရ တပ္မေတာ္အၾကား လက္နက္ကိုင္ပဋိပကၡ ေတြ ျဖစ္လာခဲ့ၿပီးတဲ့ေနာက္ အခုလာမယ့္ ေ႐ြးေကာက္ပြဲမွာ NLD ပါတီဟာ ဒီၿမိဳ႕နယ္ေတြမွာ ဆက္အႏိုင္ရေရးအတြက္ အရင္ေ႐ြးေကာက္ပြဲထက္ ပိုခက္ခဲမယ္ဆိုတဲ့ မွန္းဆခ်က္ေတြလည္း ထြက္ေပၚေနတာပါ။ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕ ဦးေဆာင္ေကာ္မတီ အဖြဲ႕ဝင္ ဦးခိုင္ေကာင္းစံက အခုလို ႏိုင္ငံေရးပါတီတခုရဲ႕ ဆိုင္းဘုတ္ေတြ တိုက္ခိုက္ၾကတဲ့အေပၚ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ “ႏိုင္ငံေရးပါတီေတြရဲ႕ ဆိုင္းဘုတ္ေတြကို ဖ်က္ဆီးတာမ်ိဳးကို ကြၽန္ေတာ္တို႔ ကန႔္ကြက္ပါတယ္၊ ရႈတ္ခ်ပါတယ္၊ ဒါမ်ိဳးကမလုပ္သင့္ပါဘူး၊ ဥပေဒအရလည္း ဒါေတြဟာ ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ ေနတာပါ” လို႔ သူက ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးမင္းေအာင္က ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ဆိုင္းဘုတ္ေတြ ဖ်က္ဆီးခံရတာနဲ႔ ပတ္သက္ၿပီး အေရးယူေဆာင္႐ြက္ေပးဖို႔ ရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ ေျပာပါတယ္။ https://www.bbc.com/burme se/burma-54264189

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 60 , September 25, 2020)

၁။ ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

၂။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးရန် လမ်းကြောင်းရှာမရဖြစ်နေ

၃။ မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်

၄။ သျှမ်း/မြောက် လားရှိုးမြို့နယ် အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပိုများလာ

၅။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို

၆။ ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်

၇။ တောင်ကြီးတွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီးလိုက်သည့်အပေါ် ခွင့်လွှတ်ပေးရန် လာရောက်တောင်းပန်သဖြင့် ပါတီက ကျေအေး

၈။ ကိုဗစ်ရောဂါကြောင့် ယခုနှစ် ကယား ‘အဲ့ဒိုပေါ်မီ’ ပွဲတော်ကို အကျဉ်းချုံး ကျင်းပမည်

၉။ ပအိုဝ်းရေးရာမဲစာရင်းတွင် ကျန်ခဲ့သူများကို ပြန်လည်ထည့်သွင်းထား

၁၀။ (CNLD)ပါတီ၏မဲဆွယ်စည်းရုံးမူများသည်ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်းမချိုးဖောက်ဟုဆို

၁၁။ ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

၁၂။ ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ SNDP ပါတီ မဲဆွယ်စည်းရုံးရေး စတင်

၁၃။ ပါတီစည်းရုံးရေးသွားခဲ့သည့် ပါတီကိုယ်စားလှယ်လောင်း ၃ ဦး Quarantine ဝင်ရ

၁၄။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရ

၁၅။ မွန်ညီညွတ်ရေးပါတီကို ထောက်ခံသူများ မျှော်လင့်ချက်ကြီးမား

၁၆။ ဖမ်းဆီးသွားတဲ့ ကျောက်တော် အရပ်သား ၁၀ ဦး တပ်မတော် ပြန်လွှတ်

၁၇။ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေ အစင်း ၅၀ ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လှည့်လည်

၁၈။ ရခိုင်ပြည်နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ အမြန်အဆုံးသတ်ရန် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောင်းဆို

၁၉။ နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ

၂၀။ မွန်ပါတီက ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ မွန်လူငယ်ဆုံရပ် တိုက်တွန်း

၂၁။ ရခိုင်ပါတီများ၏ ရုပ်မြင်သံကြားမဲဆွယ်မိန့်ခွန်းများ ပြင်ဆင်ဖြတ်တောက်ခံရ

၂၂။ UNESCO တင်မည့် ဒုံးအက ပြင်ဆင်စရိတ် ဘတ်ဂျက် မလောက်ငှသေးဘဲဖြစ်နေ

၂၃။ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးရန်လိုဟုဆို

၂၄။ ထိုင်းမြန်မာ ဘုရားသုံးဆူဒေသ၌ ကုန်ပစ္စည်းများဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်နေ့အထိ ပိတ်ထား မည်

၂၅။ ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ

၂၆။ UDP ဥက္ကဋ္ဌ ၏နောက်ကြောင်းရာဇဝင်ကို ချမပြပါက ပါတီကိုယ်စားလှယ်လောင်းနုတ်ထွက်မည်

၂၇။ ကယားပြည်နယ်ရှိ ကွာရန်တင်းစင်တာများမှ ရက်မပြည့်ပဲထွက်ပြေးပါက သဘာဝဘေးအန္တရာယ် ဥပဒေနှင့် အရေးယူ မည်ဟု ဆို

၂၈။ ချင်းပြည်နယ်တွင်လွှတ်တော်နေရာစုစုပေါင်း ၃၈ နေရာဝင်ပြိုင်မည့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် ၇၅% အနိုင်ရရှိရန်ယုံကြည်မှုရှိဟုဆို

၂၉။ ထိုင်းပြန် အလုပ်သမားများကို လက်ခံချိန် ကန့်သတ်မည်

၃၀။ ရခိုင်တောင်ပိုင်းမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရ

****************

၁။ ရှမ်းမြောက် Howa Bum တောင်ပေါ် မြန်မာ စစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား
25 September 2020

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ တိုက်ပွဲပြန်လည် ဖြစ်ပွားလာကြောင်း ဒေသခံများဆိုပါသည်။ တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည ၈ နာရီချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများ ပြောပါသည်။

“မွန်းလွဲပိုင်း ၄နာရီ မိနစ် ၂၀ ခန့် ကနေ KIA တပ်ရင်း (၃၆) စခန်း Howa Bum တောင်မှာ အခုထပ်မံ တိုက်ပွဲဖြစ်ပွား နေပါတယ်။ တပ်မ (၈၈) ဖက်က သွား တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်တာပါ။ အခုချိန်ထိ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ကြာသပတေးနေ့ည ၈ နာရီခန့်မှာ ပြောပါသည်။ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲ ဧရိယာအတွင်း တပ်မတော် တပ်မ (၈၈) နှင့် တပ်မ (၉၉) စစ်ကြောင်းများ “နယ်မြေရှင်းလင်းရေး”စစ်ဆင်နေသောကြောင့် ယခုလ စက်တင်ဘာ (၁၀)မှ ပြန်လည် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများ ဆိုပါသည်။

၎င်း တိုက်ပွဲပြန်စခဲ့သည့်နေ့တွင် လူဦးရေ ၃၀၀ ခန့်ရှိ Man Kawng (မန်ကောင်း)ရွာသား အားလုံးသည် နီးစပ်ရာ Man Pying (မန်ပိန်း) ရွာသို့ စစ်ရှောင် ခိုလှုံနေရသည်ဟု Man Kawng ရွာလူကြီးက အစောပိုင်းက ကချင်သတင်းဌာန KNG ကို ပြောပါသည်။ တပ်မတော်၏တစ်ဖက်သတ် ထိုးစစ် ရပ်ထားမှုကို စက်တင်ဘာ (၃၀) ထိ ရက်တိုး ထားသော်လည်း တပ်မ (၈၈)၊ တပ်မ (၉၉) နှင့် တပ်မ (၂၂) တပ်ဖွဲ့များက “နေမြေရှင်းလင်းရေး စစ်ဆင်လှုရှားမှု” ကို ရှမ်းပြည်မြောက်ပိုင်း အထူး သဖြင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ KIA၊ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA စခန်းများရှိရာ မူဆယ်ခရိုင်အတွင်း ပြုလုပ်နေခြင်းလည်း ဖြစ်သည်။ https://burmese.kac hinnews.com/2020/09/25/%e1%80%9b%e1%80%be%e1 %80%99%e1%80%ba%e1

****************

၂။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးရန် လမ်းကြောင်းရှာမရဖြစ်နေ
September 24, 2020

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်း ဆွေးနွေးပွဲ လုပ်နိုင်ရန် လမ်းကြောင်းရှာမရဖြစ်နေသည်ဟု ကချင်လွတ် မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။“အွန်လိုင်းမီတင်လုပ်ဖို့ လမ်းကြောင်း ရှာနေတဲ့ အချိန်ကာလဖြစ်တယ်။ ဘယ်တော့လုပ်မယ်ဆိုတာ လုပ်မယ်ဆိုတာ အတိအကျ သတ်မှတ်တာ မရှိဘူး။

ကျွန်တော်တို့လည်း အွန်လိုင်းမီတင်လုပ်ဖို့ ကတော့ လိုင်းကိစ္စရော အင်တာနက်ကိစ္စရော လောလောဆယ်တော့ အဆင် မပြေဘူးလေ။ အဲတာတွေ ဘယ်လိုလုပ်မယ်ဆိုတာ ညှိနှိုင်းပြီးတော့ လမ်းကြောင်းရှာနေ တာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပမည်ဆိုပါက မြောက်ပိုင်းမဟာမိတ် လေးဖွဲ့လုံး ပါဝင်ရမှာ ဖြစ်ပြီး လေးဖွဲ့လုံး အင်တာနက်အဆင်ပြေမှာသာ ဆွေးနွေးလို့ရမည်ဟုဆိုသည်။“KIO တစ်ဖွဲ့ချင်းနဲ့ လုပ်မှာလည်း မဟုတ်ဘူး ကျွန်တော်တို့ မြောက်ပိုင်းအားလုံးနဲ့ဆိုတော့ ကျွန်တော်တို့ အဆင်ပြေရင်လည်း အခြားသော ကျွန်တော်တို့ရဲ့ မဟာမိတ်အဖွဲ့တွေ အဆင်မပြေရင်လည်း အဟန့်အတားဖြစ်သွားနိုင်တယ်လေ တစ်ခြားသော အဖွဲ့အစည်း မှာ အဆင်ပြေရင်လည်း ကျွန်တော်တို့မှာ လုပ်လို့မရလို့ ဖြစ်နေတယ်လေအဲတာကြောင့် လမ်းကြောင်းရှာနေတဲ့ အချိန်ကာလ ဖြစ်နေတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် KIO သည် လိုင်ဇာတွင် ရှိနေပြီး ကျန်သည့် ပလောင်(တအန်း)ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ် ဖွဲ့(MNDAA) တို့ မည်သည့်နေရာတွင်ရှိနေပြီး မည်သို့ ပါဝင်ဆွေးနွေးမည်ကို မသိရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။ အစိုးရငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ အွန်လိုင်း ဆွေးနွေးပွဲ ပြုလုပ်မည်ကို တရားဝင် မသိရှိသေးဘဲ ဆွေးနွေးပွဲ ပြုလုပ်မည်ဆိုသည်ကိုတော့ ကြားသိထားသည်ဟု ဆိုသည်။ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA)၊ ပလောင်(တအန်း)ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ မြန်မာအမျိုးသားဒီမိုကရေ စီမဟာမိတ်တပ် ဖွဲ့(MNDAA) တို့ ဖြစ်သည်။ http://burmese.monnews.org/2020/09/24/%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e1%80

***************

၃။ မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်
25 September 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ကျော်သာ လိုတော့သော်လည်း တဖက်တွင် COVID -19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲ ဖြစ်သဖြင့် မဲဆွယ် စည်းရုံးရမည့် ကိုယ်စားလှယ်လောင်းများမှာ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြားမှ မဲဆွယ်မှုကို ဆောင်ရွက်နေကြရသည်။ ကချင်ပြည်နယ်တွင် အင်အားကြီး ပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကို အနိုင်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကလည်း မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသည်။ KSPP သည် ကချင်ပါတီ ၄ ပါတီ ပူးပေါင်းလိုက်သည့် ပါတီကြီးဖြစ်ပြီး ကချင်လူထု ထောက်ခံမှုလည်း ရှိသည့်အပြင် ကချင် ပြည်နယ်တွင်း ကိုယ်စားလှယ် လောင်း နေရာ ၆၇ နေရာ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ၂ နေရာတို့ကို ဝင်ပြိုင်မည် ဖြစ်ကာ ပြည်နယ် အစိုးရသစ် ဖွဲ့ရာတွင် ပါဝင်နိုင်ရေး အထိ မျှော်မှန်းထားသည်။

မေး။ ။ KSPP ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ထဲမှာ မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးလည်း ပါတယ်ဆိုတော့ အန်ကယ် တို့ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ရင် မြစ်ဆုံအရေးရော ဘာတွေ လုပ်ပေးမှာလဲ။

ဖြေ။ ။ မြစ်ဆုံက လူ့အသက်နဲ့ ဆိုင်တယ်။ ပြည်သူလူထု၊ အထူးသဖြင့် ကချင်ပြည်နယ်သားတွေ အသက်အန္တရာယ်အများ ကြီး ရှိပါတယ်။ နောက်တနိုင်ငံလုံး ဧရာဝတီမြစ်တကြောလုံးမှာနေကြတဲ့ ပြည်သူတွေလည်း ဒုက္ခရောက်ကြမှာပါ။ ဒါကြောင့် မြစ်ဆုံက ပြည်သူလူထု လုံးဝ မထောက်ခံတာ ပြည်နယ်သားတွေအပြင် အားလုံး မထောက်ခံတာကို ကျနော်တို့ ပါတီက မထောက်ခံနိုင်ပါဘူး။ ကျနော်တို့ပါတီကတော့ ပြည်သူ လူထုရဲ့ သဘောဆန္ဒကို အဓိက ထားပါတယ်။ ပြည်သူ့သဘောထား အတိုင်းပဲ ကျနော်တို့ သွားချင်တယ်။ မြစ်ဆုံက ပြည်သူလူထုက ဘယ်တော့မှလည်း ထောက်ခံနိုင်မှာ မဟုတ်လို့ ကျနော်တို့

KSPP က အမြဲတမ်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သွားပါမယ်။ မြစ်ဆုံနဲ့ ပတ်သက်ရင် ကျနော်တို့က ရွေးကောက်ပွဲ နိုင်သည် ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ကျနော်တို့ ပါတီက အမြဲကန့်ကွက်သွားမှာပါ။ မူဝါဒ ချမှတ်ထားပါတယ်။ ဒေါက်တာ မနမ်တူးဂျာသည် KSPP ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့်အပြင် အင်ဂျန်းယန်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦး ဖြစ်သည်။ https://burma.irrawaddy.c om/opinion/interview/2020/09/25/230486.html

**************

၄။ သျှမ်း/မြောက် လားရှိုးမြို့နယ် အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပိုများလာ
September 25, 2020

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ လှုပ်ရှားမှုပိုများလာ ကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော် စစ်ကြောင်းသည် သြဂုတ်လကုန်၊ စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ကွတ်ခိုင်၊မူဆယ်၊နမ့်ခမ်းနှင့်မန်တုံဘက် စစ်အင်အားဖြည့်ဆည်းမှုများရှိခဲ့ကြောင်းသျှမ်းမြောက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အသိုင်းအဝန်းက ပြောပြသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၅၀ ကျော်သာလိုတော့သည့်အချိန် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါလည်း တနေ့ထက်တနေ့ ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းမြင့်တက်လာသည်။

တခြားပြည်နယ် ဒေသများတွင် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးမှ မဲဆွယ်စည်းရုံးရေးများပြုလုပ်နေသကဲ့သို့ သျှမ်းမြောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ အန္တရာယ်နှင့် စစ်ရေးအန္တရာယ်ကြား စိုးရိမ်စိတ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်း နေကြ ကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝန်း က ပြောသည်။ လက်ရှိမှာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း တိုက်ပွဲ ထိတွေ့မှုများရှိပြီး၊ စည်းရုံးရေး ဆင်းချိန် စစ်ကြောင်းများ သွားလာလှုပ်ရှားမှုကိုလည်း မြင်တွေ့နေရကြောင်း လားရှိုး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ စိုင်းဝမ်းလျန်းခမ်းသည် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ်(SNLD) လားရှိုးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

လက်ရှိကာလတွင် တိုက်ပွဲများမဖြစ်စေချင်ကြောင်း၊ အစိုးရတပ်မတော် အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ပေးစေလိုပြီး၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် သွားလာလှုပ်ရှားမှုကို ရပ်တန့်စေချင်ကြာင်းလည်း သျှမ်းပြည်တွင် လှုပ်ရှားနေ သည့် နိုင်ငံရေးပါတီများက ပြောသည်။“တိုက်ပွဲက ကျနော်တို့မဖြစ်စေချင်ဘူူး။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်မယ့် အရိပ်အယောင် ရှိရင် ရှောင်ကြဉ်ဖို့လိုပါတယ်။ တပ်မတော် စစ်ကြောင်းကလည်း ထိုးစစ်ဆင်မှုတွေ ရပ်တန့်ဖို့လိုပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် အချိန်မရွေးပဋိပက္ခ ဖြစ်ပွားနိုင် သည့် အနေအထားဖြစ်နေကြောင်း၊ လက်ရှိမှာ စစ်ရေးနှင့် ကိုဗစ်-၁၉ အရေးကို စိုးရိမ်မှုကြောင်း မဲဆွယ်စည်းရုံးရေး မဆင်းနိုင်သေးကြောင်း လားရှိုးမြို့ တအာင်း (ပလောင်)အမျိုးသား ပါတီ (TNP) ဥက္ကဌ ဦးအောင်မင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ သည်။ https://burmese.shannews.org/archives/18641

**************

၅။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်းအား အဂတိကော်မရှင်သို့ တိုင်ကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟုဆို
23 September 2020

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ငွေကြေး သုံးစွဲမှုများ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ စက်တင် ဘာလ ၈ ရက်နေ့က တိုင်ကြားစာ ပေးပို့ထားပြီဖြစ်သော်လည်း စက်တင်ဘာ ၂၂ ရက်အထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကပြောသည်။ ဦးသဲရယ်သည် ကယားပြည်နယ် ဝန်ကြီးချုပ် အပေါ်စွပ်စွဲပြစ်တင်မှု ၌ ကယားပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ် သည်။

ဦးသဲရယ်က “ လက်ရှိကျနော်တို့ သိတာကတော့ သိန်း ပေါင်း ၅၀၀၀ ဝန်းကျင် လောက် တွေ့ရ ပါတယ်။ ဒီလောက်များတဲ့ ငွေကြေးကို ဒီတိုင်း လွှတ်ထားမယ်ဆိုလို့ရှိရင်လည်း ဒီလိုကိစ္စ မျိုးကို လွှတ်ထားတဲ့ လူတွေ လည်း သူတို့မှာ အဂတိလိုက်စား၊ အဂတိ မြောက်တယ်လို့ ကျနော်တို့ စွပ်စွဲလို့ ရတယ်” ဟု ပြောသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက “ စုံစမ်း စစ် ဆေးရေးကိစ္စရပ်ဖြစ်တယ်ဆိုရင်လည်း တိုင်ကြားစာတွေကို လျှို့ဝှက်ထားတယ် စုံစမ်းစစ် ဆေးရေးစာတွေကို လျှို့ဝှက်ထားရပါတယ် ပြီးမှသာ ကျနော်က လုပ်ငန်းဆောင်ရွက်ချက် ပြီးသွားပြီဆိုတဲ့ အချိန်မှာ ပြည်သူ လူထုကို အသိ ပေးတဲ့ ကိစ္စကို ထုတ်ပြန် ပေးတယ် တချို့ကိစ္စ တွေကျတော့ တိုင်ကြား သူကို အကြောင်းပြန် ကြားစာလေးတွေ ပို့ပေးပါ တယ်”ဟု မဇ္ဈိမ သတင်း ဌာနကို ပြောသည်။

ကယားပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် အခြေခံ၍ ပြည်နယ်ဝန်ကြီးချုပ်အား လွှတ်တော်တွင် စွပ်စွဲပြစ်တင် ကြောင်း အဆိုတင်သွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲ ဖြင့် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ သည့် အတွက် တာဝန်မှ ရပ်နားခံခဲ့ရခြင်း ဖြစ်သည်။ http:// www.mizzimaburmese.com/article/73767

****************

၆။ ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်
23 September 2020

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် အစိုးရတရားဝင်ခွင့်ပြုထားသည့် ရွှေတူးဖော်လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ဝင်ရောက်တူးဖော်လာမည်ကို ဒေသခံ များက စိုးရိမ်နေကြသည်။

ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားသော အသေးစားသတ္တုတူးဖော်ခွင့် လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ရွှေတူးဖော်ခွင့်ရရှိရေး လုပ်ဆောင်နေသောလုပ်ငန်းရှင်များရှိနေသောကြောင့် လုံးဝ ကန့်ကွက်ကြောင်း ဒေသခံဖြစ်သော ဦး Lajaw La Htoi က ယခုလို ပြောဆိုသည်။“တစ်ချို့လုပ်ငန်းရှင်များက အစိုးရက ချထားပေးတဲ့ မြေနေရာတွေမှာ မဟုတ်ဘဲ ကျေးရွားရဲ့ နယ်နမိတ်အတွင်းမှာ ရွှေတူးဖော်ဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင် ရှိနေတာတွေကို ကြားသိနေရတယ်။ ပြောချင်တာက လုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရနဲ့ တရားဝင်လုပ်နေရင်လည်း ကျနော်တို့ ဒေသခံတွေနဲ့က တရားဝင်ဖြစ်မှာမဟုတ်ဘူး။ ခွင့်ပြုချက်မရဘဲ မြေကွက်တိုင်းတာ တာတွေလုပ်လာရင် ဒေသခံ တွေနဲ့ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာဘဲ။ စီမံကိန်း မဝင်အောင်လည်း ဒေသခံတွေအားလုံးက ဆက်လက် ကန့်ကွက် သွားမယ်” ဟု ပြောဆိုသည်။

ဆွမ်ပရာဘွမ် မြို့နယ်အတွင်း အစိုးရက တရားဝင်ခွင့်ပြုထားသည့် လုပ်ကွက် ၁၃နေရာချထားပြီး အင်ဇာဇွပ်အထက်ဖက် ရှိ ဂဖရန့်ခူး(ဒေသခေါ်)အနီးတဝိုက်၊ အင်ဘန်ခ အနီးရှိ ဆင်လီဇွပ်ခူး၊ ဖုန်အိန်ခအနီးတဝိုက်၊ လက်ပံချောင်းဆုံ (ဖုန်ငိုင်ခ)နှင့် ဖုန်ကျန်းခ အထက်ဘက်တွင်ရှိသော ရှင်ဒန့်ခူးတွင် ၂ နေရာ၊ အင်ဘန်ဇွပ်ဘက်ရှိ ဝါးတောမှော် စသောနေရာများတွင် ချထား ကြောင်းသိရသည်။ ဖုန်အိန်ခနှင့် ဖုန်ကျန်ခ မြစ်ဆုံ ၂ ခု၏ အောက်ဘက်ခြမ်းတွင် ကျေးရွာနယ်နမိတ်အဖြစ် သတ်မှတ်ထား ပြီး ရွှေတူးဖော်နေသောနေရာနှင့် လက်ရှိကျေးရွာတည်နေရာသည် အထက်ဘက်တွင် ၃ မိုင်ခန့်နှင့် အောက်ဘက်တွင် ၂ မိုင်ကျော်ခန့်သာ နီးကပ်နေပြီ ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရပါသည်။

ရွှေတူးဖော်မှုကြောင့် ဒေသခံများ ဆုံးရှုံးရသောလယ်ယာမြေများအတွက် လုပ်ငန်းရှင်များဘက်မှ နစ်နာကြေးအဖြစ် အများဆုံး သိန်း ၂၀ ခန့် ပြန်လည်း ပေးခဲ့သည်ဟုလည်း သိရသည်။ အဆိုပါ မြို့နယ်များတွင် ရွှေတူးဖော်ခွင့်ကို တရားဝင်ချ ထားပေးခြင်းမှာ တရားမဝင်လုပ်ကိုင်နေသူများကိုတရားဝင် လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံတော်အခွန်ပိုမိုရရှိလာအောင် လုပ်ထုံး လုပ်နည်းအရ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ရွှေလုပ်ကွက်ချထားပေးမှုနှင့်ပတ်သက်ပြီး ပြည်နယ် သဘာဝသယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်သတင်းဌာန KNG ကို ယခင်က ဖြေဆိုခဲ့ဖူးသည်။ https://burmese .kachinnews.com/2020/09/23/%e1%80%80%e1%8 0%bb%e1 %80%b1%e1%80%b8%e1

***************

၇။ တောင်ကြီးတွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီးလိုက်သည့်အပေါ် ခွင့်လွှတ်ပေးရန် လာရောက်တောင်းပန်            သဖြင့် ပါတီက ကျေအေး
23 September 2020

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ သံတဲတိုက်နယ်တွင် SNLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို လူငယ်တစ်စုက ဖျက်ဆီး လိုက်သည့်အပေါ်ခွင့်လွှတ်ပေးရန်လာရောက်တောင်းပန်သဖြင့် ကျေအေးပေးခဲ့ရကြောင်းတောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အနောက်မြောက်ဘက် သံတဲတိုက်နယ်အဝင်ရှိ SNLD ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်ကို စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် လူငယ်တစ်စုက ဖျက်ဆီးခဲ့ခြင်းကြောင့် တာဝန်ရှိသူများက လိုက်လံစုံစမ်း ကြည့်ရာ လူငယ်ငါးဦးက ကျူးလွန်ခဲ့ကြောင်း တောင်ကြီးမြို့နယ် SNLD ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းခမ်းတီက ပြော ကြားသည်။“လူငယ်က ငါးယောက်ဗျ။ ကျွန်တော်အပေါ်ကို လှမ်းအကြောင်းကြားလိုက်တော့ လက်မှတ်ထိုးပေးမှာပေ့ါ။ မထိုးရသေးဘူးဆိုတာ အပြင်ရောက်နေလို့၊ မနက်က ဒီတိုင်းထိုးလိုက်တယ်။ အခု သူတို့ရွာရဲ့ ရာအိမ်မှူးတွေနဲ့ ထပ်ပြီးလုပ်ရ မှာပေ့ါ။ သံတဲတိုက် နယ်အုပ်စု ကျေးရွာပေါင်း ၁၁ ရွာ ရှိတယ်။ ရွာအဝင် လမ်းဆုံမှာပေ့ါ။ အရက်သောက်တာ ညတိုင်းတော့ မတွေ့ဘူးဗျ။ အရင်တုန်းက မရှိခဲ့ဘူး။ ဒါပထမဆုံးပေ့ါ။ ဒါကို ဝိုင်းဝန်းပြီး တားဆီးဖို့လိုမယ်လို့ ထင်ပါတယ်” ဟု ဦးစိုင်းခမ်းတီ က ဆိုသည်။

အဆိုပါ လူငယ်အဖွဲ့သည် နောက်တစ်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းခမ်းတီထံ လာရောက်တောင်းပန်ခဲ့သဖြင့် ဦးစိုင်းခမ်းတီမှတဆင့် မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့ထံသို့ ဆက်လက်တင်ပြခဲ့ရာ တောင်းပန်မှုကို လက်ခံခဲ့ပြီး ကျေအေးပေးခဲ့ရခြင်းဖြစ်သည်။ လူငယ်ငါးဦးတွင် မောင်တင်ကိုထွေးသည် ဆိုင်းဘုတ်ကို ခဲဖြင့်ပေါက်သူဖြစ်ပြီး နောက်နောင် ကျူးလွန်မှုမရှိစေရေး ရပ်ကွက်ရာအိမ်မှူးများ ရှေ့မှောက်တွင် ကတိခံဝန်လက်မှတ်ရေးထိုးခြင်း ထပ်မံပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။ https://news-eleven.co m/article/193656

***************

၈။ ကိုဗစ်ရောဂါကြောင့် ယခုနှစ် ကယား ‘အဲ့ဒိုပေါ်မီ’ ပွဲတော်ကို အကျဉ်းချုံး ကျင်းပမည်
23 September 2020

ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ကယားတိုင်းရင်းသား မျိုးနွယ်စုများ နှစ်စဉ် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည့် (၈) ကြိမ်မြောက် စုပေါင်း အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူ ပွဲတော်ကို ယခုနှစ်တွင် အကျဉ်းချုံးသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူးဖဲသူးက ပြောသည်။“ဒီလမှာပေါ့နော်၊ ခါတိုင်းနှစ်လိုမျိုး ကျွန်တော်တို့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်ခြင်းတော့ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ COVID-19 ရောဂါကြောင့်ပေါ့လေ၊ အကျဉ်းချုံးလောက်ပဲ ကျင်းပဖို့ ရှိပါတယ်” ဟု ပြောသည်။

အဲ့ဒိုပေါ်မီ ပွဲတော်ကို ယခု စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ ၃၀ ရက်နေ့အထိ ဖရူဆိုမြို့နယ် တောင်ဘက် လောပလျားလဲ ကျေးရွာတွင် ကျင်းပရန် စီစဉ်ထားပြီး ပွဲကျင်းပရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်မိရပ်ဖ အပါအဝင် ကျေးရွာများမှ လာရောက်မည့် ဒေသခံများကို လူဦးရေ အကန့်အသတ်ဖြင့် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခင်နှစ်ကကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်လိုင် ကျေးရွာတွင် (၇) ကြိမ်မြောက် ကျင်းပခဲ့ သည့် စုပေါင်း အဲဒိုပေါ်မီ ပွဲတော်ကဲ့သို့ ယဉ်ကျေးမှုနှင့်ဆိုင်သော ရိုးရာပြခန်းများ ပါဝင်တော့မည် မဟုတ်ကြောင်း ခူးဖဲသူးက ပြောသည်။

အဆိုပါ (၇) ကြိမ်မြောက် ကျင်းပခဲ့သည့် စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်ကို ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်တို့ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ တချိန်က ကယား (ကရင်နီ) လူမျိုးများ၏ “ဖိုဒီးကရီး” အရှင်သခင်ကို ရိုင်းပျစွာ ဆက်ဆံခဲ့သော ယွန်းလူမျိုးများသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ကြပြီး ထိုအခြေအနေတွင် ကရင်နီ လူမျိုး တို့က “ဒီးကူ” ခေါ် ကိုင်းပင် တစ်မျိုး၏ အရွက်ဖြင့် ကောက်ညှင်းကို ထုပ်ကာ ချည်နှောင် ချက်ပြုတ်ထားပြီး မပုပ်မသိုးဘဲ ကြာရှည် အထားခံနိုင်အောင် ရိက္ခာအဖြစ် အသုံးပြုကာ ယွန်းလူမျိုးများကို နေ့ရောညပါ အဆက်မပြတ် တိုက်ထုတ်နိုင်ခဲ့ သည်။ ယင်းအတွက် “ဖိနှိပ်မူမှ လွတ်မြောက်သည့် အထိမ်းအမှတ်” အနေဖြင့် ဒီးကူပွဲကို နှစ်စဉ် ကျေးရွာတိုင်း ကျင်းပခဲ့ကြ ခြင်း ဖြစ်သည်။ http://www.mizzimaburmese.com/article/73782

****************

၉။ ပအိုဝ်းရေးရာမဲစာရင်းတွင် ကျန်ခဲ့သူများကို ပြန်လည်ထည့်သွင်းထား
September 24, 2020

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင်နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသား များအနေဖြင့် ပအိုဝ်းရေးရာ မဲစာရင်းတွင် ကျန်ခဲ့သူများကို စိစစ်ပြီးနောက် ပြန်လည်ထည့်သွင်း ထားပြီးဖြစ်သည်ဟု ဖားအံမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အောက်ကော့ရင်းကျေးရွာအုပ်စု၊ မရင်းကုန်းကျေးရွာတွင် နေထိုင်သည့် ပအိုဝ်းတိုင်းရင်းသားများသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်၊ ပအိုဝ်းရေးရာမဲကို ပေးခွင့်ရသည်ကိုတွေ့ရ သော်လည်း ယခု ၂၀၂၀ မဲစာရင်းတွင် မပါသည့်အတွက် မြို့နယ်ကော်မရှင်ထံ တင်ပြခဲ့သည်ဟု ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ခွန်မင်းအောင်(ခ) မောင်မောင်က ပြောသည်။“ကျနော် အရင်ရွေးကောက်ပွဲတွေ တုန်းက ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် လုပ်ပေးခဲ့ဖူးတယ်။ အဲ့တုန်းက မရင်းရွာက ပအိုဝ်းတွေ ရေးရာမဲပေးခဲ့ရဖူး တယ်။ ဒီတကြိမ်မှာ အဲ့ရွာကို စည်းရုံးရေး ဆင်းတော့မပါလို့ စိစစ်ဖို့ တင်ပြခဲ့တာပါ”ဟု ခွန်မင်းအောင်က ပြောသည်။

မရင်းကုန်းကျေးရွာတွင် ပအိုဝ်းတိုင်းရင်းသားရေးရာမဲစာရင်းတွင် မဲဆန္ဒရှင် ၅၀ ဦးကျော်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ပြီးခဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်တွင် မဲပေး ခွင့်ရှိသူ ၄၅, ၀၁၁ ဦးရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ http://kic news.org/2020/09/%e1%80%95%e1%80 %a1%e1%80%ad%e1%80%af%e1%80%9d%e1%80

**************

၁၀။ (CNLD)ပါတီ၏မဲဆွယ်စည်းရုံးမူများသည်ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်းမချိုးဖောက်ဟုဆို
September 25, 2020

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီကို ထောက်ခံအားပေးပြီး ဝန်းရံသူများသည်ကျန်းမာရေးဌာနမှ ထုတ်ပြန် သည့် စည်းကမ်းများကို မလိုက်နာကြောင်း ဒေသအချို့တွင်ဝေဖန်မှုများကို ကျန်းမာရေးဌာနမှထုတ်ပြန်သည့်စည်းကမ်း မချိုးဖောက်ဟု (CNLD) ဥက္ကဌမှ ဆိုသည်။ စက်တင်ဘာ(၁၉)ရက်က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ချင်းအမျိုးသား ဒီမိုကရေ အဖွဲ့ချုပ်(CNLD) ကို ထောက်ခံသည့် ချင်းတိုင်းရင်းသားလူဦးရေ သုံးရာကျော်ခန့်ဖြင့်မြို့တွင်း လှည့်မဲဆွယ်မှုမှာ ကျန်းမာ ရေးဌာန ထုတ်ပြန်သည့် စည်းကမ်းအတိုင်းမဲမဆွယ်ဟု ကလေးမြို့ ဒေသခံပြည်သူအချို့ကဝေဖန်ခြင်းအပေါ် (CNLD) မှ ဥက္ကဌ ဦးငိုင်ဆောခ့်က စည်းကမ်းမချိုးဖောက်ကြောင်းပြောသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) မှ ဥက္ကဌ ဦးငိုင်ဆောခ့်က “ပါတီတိုင်းက စည်းရုံးရေး လုပ်နေကြတာလေ ကော်မရှင်ကလည်း ခွင့်ပြုထားတာဘဲ ကန်ပက်လက်လိုမျိုး မင်းတပ်မြို့လိုမျိုးမှာကြတော့ ထူးခြားတဲ့ အခြေနေကြောင့် ရပ်နားထားတယ်လေ စည်းကမ်းအတိုင်းပဲလုပ်နေတာပဲလေ။ ထူးခြားမှုလည်း မရှိတဲ့နေရာမှာ ပါတီတိုင်းကလည်း လုပ်နေတဲ့ အချိန်မှာ CNLD ချင်းပါတီကို ကွက်ပြီးဝေဖန်နေရင်လည်း မလိုလားတဲ့သူတွေ ဖြစ်ပါမယ်။ တခြားပါတီ စည်းရုံးရေးဆင်းနေ တာကိုလည်း ကျတော်တို့ ဝေဖန်မနေဘူးလေ”ဟုပြောသည်။ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးငိုင်ဆောခ့် သည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် အမှတ်(၁) မှ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)မှ ဥက္ကဌ ဦးငိုင်ဆောခ့်က “မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကိုတော့ ရောဂါ အခြေနေကြောင့် စည်းရုံးရေးကိုယာယီရပ်နားထားတယ် မတူပီမြို့ကတော့ထူးထူးခြားခြားမရှိတော့ ပါတီအားလုံးတော့သူ့ ဟာနဲ့သူ သွားနေကြတယ် ရပ်နားထားတာတော့မရှိဘူး”ဟုပြောသည်။ https://www.bnionline.net/mm/news-75754

****************

၁၁။ ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား
22 September 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (SOP) အရ Stay Home သတ်မှတ်ထား သည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း သိရသည်။

ထို့ကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ပြည်သူနဲ့ ထိတွေ့ကာ မဲဆွယ်ခွင့်ရမည် မဟုတ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ဆိုသည်။“Stay at Home မှာ မဲဆွယ်စည်းရုံးခွင့်နဲ့ ပတ်သက် ပြီးတော့ Covid-19 ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့(SOP) ဆိုတာရှိတယ် အပိုင်း ၁ မှာပါတယ်။ Stay at Home သတ်မှတ်လိုက်ပြီဆိုလို့ရှိရင် မဲဆွယ်စည်းရုံးခွင့်မရှိတော့ဘူး။ အဲတော့ ကချင်ပြည်နယ် မှာ ဖားကန့်က Stay at Home သတ်မှတ်ထားတယ်လို့ သိရတယ် အဲတော့ (SOP) အရ မဲဆွယ်လို့မရ တော့ဘူး။” ဟု ပြောသည်။

လက်ရှိကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်သူ ၁၃ ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့ ၁၃ ဦးအနက် ၉ ဦးသည် ဖားကန့်မြို့မှ ဖြစ်သည့်တွက် စက်တင်ဘာလ ၂၀ ရက်နေ့မှစကာ ဖားကန့်မြို့ပြည်သူများအား Stay Home သတ်မှတ် လိုက်ပြီဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့မှစကာ မဲဆွယ်ခွင့်ပြုထားသော်လည်း Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်အတွက် အွန်လိုင်းမှတစ်ဆင့်သာ မဲဆွယ်ရန်အတွက်ပြင်ဆင်ထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလအောင် က ကချင် သတင်းဌာန KNG ကို ပြောသည်။

“မဲဆွယ်ခွင့်ကတော့ ပြောစရာကိုမလိုတော့ဘူး ခုဆိုရင်နားထားတာ ၄ ရက်လောက်ရှိနေပြီ။ ကျနော်တို့ပါတီကတော့ ရောဂါပိုး ၄ယောက်ထပ်တွေ့တဲ့နေ့ကတည်းကနေ လုံးဝကိုနားထားပြီဖြစ်တယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။ https://burmese.kachinnews.com/202 0/09/22/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1

***************

၁၂။ ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ SNDP ပါတီ မဲဆွယ်စည်းရုံးရေး စတင်
22 September 2020

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့် အညီ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က မဲဆွယ်စည်းရုံးရေး စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ သည်။ ကွန်ဟိန်းမြို့နယ် ကွန်ဟိန်းမြို့နှင့် ကာလိမြို့တို့တွင် ဆိုင်းဘုတ်အလတ် သုံးခုထောင်ခြင်း၊ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးဟောပြောခြင်းတို့ကို စက်တင်ဘာ ၂၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေအကွာထိုင်ခြင်း၊ တတ်နိုင်သမျှ ခပ်ခွာခွာနေခြင်း နည်းလမ်းတို့ဖြင့် စုဝေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အခုတော့ မနေ့ကစတင်ပြီးတော့ မဲဆွယ်စည်းရုံးရေး စတင်ဆောင်ရွက်ပါတယ်။ အခြေအနေ တော်တော်လေး ကောင်းပါ တယ်။ အစီအစဉ် ဖိတ်စာလေး၊ ငါးဆယ်လောက် ဖိတ်ပြီးတော့ ပြည်သူလူထု ဝိုင်းဝန်း အားပေးကြတာပေ့ါ။ လူ ၃၀၀ ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ကိုဗစ်ကာလကတော့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြား၊ လူစုလူဝေး ၅၀ ဦးထက်မကျော်ရ နည်းနည်းအခက်အခဲရှိတာပေ့ါ။ ကျွန်တော်တို့က တတ်နိုင်သလောက် ကာကွယ်ထားတယ်ဗျ။ Mask တွေ တပ်ထားတယ်။ လက်ဆေးဂျယ်တွေ ကာကွယ်ထားတယ်။ မနေ့ကပဲ လှည့်လည်ဟောပြောတယ်။ ကိုဗစ်ကြောင့်မို့လို့ပေါ့။ နို့မို့ရင် ထပ်ပြီးတော့ လှည့်လည်ချင်သေးတယ်ဗျ။ မနေ့ကတော့ ဝမ်ဟိန်းကျေးရွာမှာ ဆိုင်းဘုတ်ထောင်တယ်။ ကွန်ဟိန်းနဲ့ ကာလိမှာ ရုံးနှစ်ရုံးပဲ ရှိတာပေ့ါ။ အောင်နိုင်ဖို့ မျှော်လင့်တာပေ့ါ။ ကွန်ဟိန်းမြို့နယ်မှာ ပြည်နယ် (၁) (၂)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း လေးယောက် ရှိတာပေါ့” ဟု ကွန်ဟိန်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးဆန်ခမ်းသြ က ပြောကြားသည်။

ကွန်ဟိန်းမြို့နယ်တွင် တည်ငြိမ်အေးချမ်းနေပြီး နယ်မြေအတွင်း လွတ်လပ်စွာ မဲပေးနိုင်ခွင့်အခြေအနေ ရရှိထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနည်းငယ်ခက်ခဲသော ကျေးရွာများရှိပြီး ကွန်ဟိန်းမြို့နယ် တစ်ခုလုံးတွင် လျှပ်စစ်မီး မရရှိသေး သော ကျေးရွာ ရာခိုင်နှုန်း ၈၀ ခန့် ရှိနေသေးကြောင်း သိရသည်။ https://news-eleven.com/article/193469

****************

၁၃။ ပါတီစည်းရုံးရေးသွားခဲ့သည့် ပါတီကိုယ်စားလှယ်လောင်း ၃ ဦး Quarantine ဝင်ရ
September 24, 2020

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ ကော့ဒါန်းမယ်ကျေးရွာတွင် ရွာသားတစ်ဦးကို Covid-19 ရောဂါပိုး သံယသရှိသူ အဖြစ်တွေ့ရှိခဲ့ပြီးနောက် ထိုနယ်မြေဒေသ၌ ပါတီ၏မဲဆွယ်စည်းရုံးရေး သွားရောက်ဖြစ်ခဲ့သူ ကရင်အမျိုးသားဒီမိုကရက်တစ် ပါတီ-KNDP ကိုယ်စားလှယ်လောင်း ၃ ဦးမှာ စက်တင်ဘာလ ၂၃ ရက်နေ့က Quarantine ဝင်လိုက်ရသည်ဟု သိရသည်။ စက်တင်ဘာလ ၁၉ ရက်နေ့က အဆိုပါကျေးရွာများတွင် KNDP မှ ပါတီစည်းရုံးရေးဆင်းခဲ့ကာ လက်ရှိ Covid-19 ရောဂါ သံသယရှိခံရသူ ၎င်းရွာသားမှာ စည်းရုံးရေးဟောပြောပွဲ၌ တက်ရောက်ခြင်းရှိခဲ့သည့်အတွက် စည်းရုံးရေးသွားရောက်ခဲ့ သည့် ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကပ်ရောဂါဘေးကင်းစေရေးအတွက် Quarantine ဝင်နေရန် စက်တင်ဘာလ ၂၂ ရက်နေ့က ဖားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်သွယ် အသိပေးခြင်းဖြစ်ကြောင်း ပါတီဝင်တစ်ဦး က ကေအိုင်စီသို့ ပြောသည်။

ကွာရန်တင်း(Q) ဝင်နေရသည့် ၎င်းပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေက “ကျမတို့ စည်းရုံးရေးသွားတာ ၆ ပေ ခြားထားပါတယ်။ အဲဒီပွဲမှာ အဲဒီလူနဲ့ ကျမတို့နဲ့က ထိတွေ့မှုတော့မရှိဘူး။ ဒါပေမယ့် မြို့နယ် ကျန်းမာရေးတာဝန်ရှိသူတွေက ကျမတို့ ကွာရန်တင်း(Q) ဝင်ရမယ်ပြောတော့ အားလုံးအဆင်ပြေအောင် ကျမတို့လည်း ဝင်သွားတာပေါ့။ ဒီရောဂါက မမြင်ရဘူးဆိုတော့ ကွာရန်တင်း ဝင်တာ အကောင်းဆုံးပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

ကွာရန်တင်းဝင်နေသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်နယ်လွှတ်တော်တွင် ဖားအံမဲဆန္ဒနယ်အမှတ်(၁)မှ ဝင် ရောက်ယှဉ်ပြိုင်မည့် နန်းစေးအွာ၊ အမျိုးသားလွှတ်တော်အတွက် ဖားအံမဲဆန္ဒနယ်အမှတ်(၆)မှ ဝင်ရောက်ယှဉ်ပြိုင် မည့် နန်းလှယဉ်မေနှင့် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် စောမင်းဇော်ဦးတို့ ဖြစ်ကြသည်။ ယခုအချိန်တွင် ပြည်နယ်အစိုးရ တာဝန်ရှိသူများ စီစဉ်ထားသည့် ဖားအံတက္ကသိုလ်အဆောင်၌ ဝါးဆူးရွာသားများနှင့် ကျေးရွာအချို့မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် ရွာသူရွာသား ၄၇ ဦးမှာလည်း ကိုယ်စားလှယ်လောင်း သုံးဦး နှင့်အတူ ကွာရန်တင်း(Q) ဝင်နေကြသည်ဟုလည်း သိရသည်။ http://kicnews.org/2020/09/%e1%80%95%e1%80%a%e 1%80%90%e1%80%ae%e1%80%85%e1%

***************

၁၄။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရ
22 September 2020

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ခေတ္တပိတ်ပင်ကန့်သတ်ခံရကြောင်း သတင်းရရှိသည်။

Facebook အနေဖြင့် CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ကို စက်တင်ဘာ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ပိတ်ပင်ကန့်သတ် (Unpublished) ခဲ့ခြင်းဖြစ်ကြောင်း ဦးငိုင်ဆာခ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထား သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ Facebook Team ထံ အကြောင်းကြားစာကို စက်တင်ဘာ၂၂ ရက် နံနက် ၁ နာရီကျော်တွင် ပေးပို့ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် Facebook က အကြောင်းပြန်ခဲ့ကြောင်းနှင့် “ High Profile Impersonation-High Profile တု ပြခြင်း” ကြောင့် Facebook က ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါသည်ဟု CNLD ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ Facebook အနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်၏ Facebook Page ကို ၁၀ နာရီ ကျော်ကြာ ပိတ်ပြီးနောက် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီနောက်ပိုင်းတွင် Page ပြန်လည်အသုံးပြုခွင့်ပေးခဲ့ ကြောင်း ဦးငိုင်ဆာခ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ https://news-eleven.com/article/19

***************

၁၅။ မွန်ညီညွတ်ရေးပါတီကို ထောက်ခံသူများ မျှော်လင့်ချက်ကြီးမား
September 24, 2020

မွန်ညီညွတ်ရေးပါတီဟာ မွန်ပါတီနှစ်ခုကို ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ ဒေသခံတွေရဲ့ မဲကို ပိုမိုရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ပါတီကိုထောက်ခံသူတွေကလည်း ဒေသတွင်းပေါင်းစည်းမှုကြောင့် အင်အားကြီး ပါတီတွေကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒေသတွင်း မွန်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။

ချောင်းဆုံမြို့နယ် ဒေသခံ မင်းပြည့်ဟန်ထွန်းက မွန်ညီညွတ်ရေးပါတီဟာ တိုင်းရင်းသားလူမျိုး အခွင့်အရေး တွေကို ဆောင် ရွက်ပေးမယ်လို့ ယုံကြည်ထားသူပါ။ သံဖြူဇရပ်မြို့ခံ ကိုတင်မျိုးအောင်က ပါတီကြီးတွေထက် တိုင်းရင်းသားပါတီတွေက ဒေသအကျိုးကို ပိုပြီးတော့ လိုလိုလားလား လုပ်ကိုင်မယ်လို့ ယူဆပါတယ်။ ကျိုက်မရောမြို့ခံ ဒေါ်သန်းဌေးကလည်း တိုင်းရင်းသားတွေအရေးကို တိုင်းရင်းသားပါတီကပဲ ဖော်ဆောင်ပေး နိုင်မယ်လို့ ယူဆသူပါ။ မော်လမြိုင်မြို့ခံ မမေဇွန်ဦး ကတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ထား ပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ချောင်းဆုံမြို့နယ် ပါဝင်တဲ့ အမျိုးသားလွှတ်တော် မွန်ပြည်နယ်မဲဆန္ဒနယ် ၂ မှာ ဝင်ရောက် ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်က ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေကို လွှတ်တော်ထဲမှာ ထင် ဟပ်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာဒေသခံတိုင်းရင်းသားပါတီတွေအနိုင်ရရှိဖို့ ပြင်ဆင် နေကြတာဖြစ်လို့ လာမယ့် ရွေးကောက်ပွဲဟာ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေနဲ့ တိုင်းရင်းသား ပါတီတွေ ယှဉ်ပြိုင်မှု ပြင်းထန်နိုင်ခြေရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။ မွန်နိုင်ငံရေးပါတီနှစ်ခုနဲ့ ပြင်ပမွန်နိုင်ငံရေးအင်အားစုတွေ မွန်အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲမှာ ၆၅ ယောက် ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ၁၇ ယောက်နဲ့ လူငယ် ၁၁ ယောက် ထည့်သွင်းထားတာတွေ့ရ ပါတယ်။ https://www.rfa.org/burmese/news/mup-party-09242020035917.html

**************

၁၆။ ဖမ်းဆီးသွားတဲ့ ကျောက်တော် အရပ်သား ၁၀ ဦး တပ်မတော် ပြန်လွှတ်
September 24, 2020

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ မနေ့က မနက်ပိုင်းက တပ်မတော်စစ်ကြောင်း တစ်ခုရွာထဲ ကိုဝင်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ အဲဒီ ၁၀ ဦးကို ရပ်မိရပ်ဖတွေရဲ့ အာမခံနဲ့ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာကို စက်တင်ဘာလ ၂၃ ရက် မနေ့က မနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး ရွာသား ၁ဝ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့ကို တပ်မတော် က ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ပြီး ဒီနေ့ နေ့လယ်မှာ ပြန်လွှတ် ပေးလိုက်တာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၁၆ နှစ်အရွယ်ကနေ ၄၀ ကျော်အရွယ်ရှိကြပြီး သရက်တပင်ရွာသား ကျောင်းဆရာ ဦးမောင်မောင်ဦး အပါအဝင် ကိုးဦးနဲ့ စဖိုသားကျေးရွာတစ်ဦး ပါဝင်ပါတယ်။ သူတို့ကို ရွာမှာရှိနေစဉ် တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်မိရပ်ဖတစ်ဦးက RFA ကိုပြောပါတယ်။ အခုလို စစ်ကြောင်းဝင်လာရင် အရပ်သားတွေဖမ်းဆီးခံတာ၊ ရိုက်နှက်ခံရတွေဟာ အမြဲလိုလိုဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ စစ်ကြောင်းဝင်လာရင်ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်လို့လည်း သူဆိုပါတယ်။ အဲဒီ ၁၀ ယောက်ကို သရက်တပင် ကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ၃၇၆ တပ်ရင်းကို မနေ့က ခေါ်ဆောင် သွားတာဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာပဲပြန်လွှတ်ပေးလိုက်တာပါ။ သူတို့ကိုဖမ်းဆီးထားစဉ် ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့တာတွေရှိပြီး ပြန်လွှတ်လာသူတွေဟာလည်း ကြောက်လန့်နေ ကြတယ်လို့ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

တပ်ဘက်က လုံခြုံရေးအရ AA ဘက်နဲ့ အဆက်သွယ်ရှိနိုင်တယ်လို့ သံသယရှိသူတွေကို မကြာခဏ ခေါ်ယူ စစ်ဆေးတာ တွေရှိကြောင်း၊ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ အငြိုးအတေး ပစ်မှတ်ထားလုပ်ဆောင်တာမျိုး မရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို မကြာခဏ ဖြေကြားလေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက် လို့ကတော့ တပ်မတော်ဘက်ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ အခု သတင်းထုတ်လွှင့်နေတဲ့အချိန်ထိ ဖုန်းလက်ခံ မဖြေကြားသေးပါဘူး။ RFA က ရှိထားတဲ့စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ အထိ တစ်နှစ်ကျော်ကာလအတွင်းမှာ တပ်မတော်က ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းမှာ စစ်ဆေးချိန် သေဆုံး သွားတဲ့အရပ်သား ၃၀ ဦးအထိ ရှိပါတယ်။ https://www.rfa.org/burmes e/news/army-released-ten-civilians-0924 2020081117.html

***************

၁၇။ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေ အစင်း ၅၀                              ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လှည့်လည်
24 September 2020

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မြစ်ကြီးနားမြို့နယ်တွင် မဲဆွယ်စည်းရုံးမှုအဖြစ် စက်လှေအစင်း ၅၀ ကျော်ဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စက်တင်ဘာ ၂၄ ရက်က လှည့်လည်မှု ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ COVID-19 ကပ်ရောဂါကာလ ဖြစ်သဖြင့် ရောဂါထိန်းချုပ်ရေးအတွက်ဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများစု သည် မြစ်ကြောင်းတစ်လျှောက်တွင် လုပ်ကိုင်စားသောက်နေထိုင်ကြသည့် တိုင်းရင်းသားအများစုဖြစ်ခြင်းကြောင့် စက်လှေ များဖြင့် မဲဆွယ်စည်းရုံးကြခြင်းဖြစ်ကြောင်း ရှမ်းနီလူငယ်တာဝန်ခံ ကိုစိုင်းအောင်မျိုးက ပြောကြားသည်။ အဆိုပါစက်လှေ ဖြင့်လှည့်လည်မှုကို မြစ်ကြီးနားခတ်ချိုဆိပ်မှ မြစ်ကြီးနား ပြည်သူ့အားကစားကွင်း၊ မိုင်းနားကျေးရွာ၊ ခတ်ချိုကျေးရွာတွင် ရပ်နားခဲ့ပြီး ရိုးရာယဉ်ကျေးမှုအက၊ ရိုးရာသိုင်းအကဖြင့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

ရှမ်းနီလူငယ်တာဝန်ခံ ကိုစိုင်းအောင်မျိုးက “စက်လှေတွေကိုသုံးတာက ကျွန်တော်တို့တိုင်းရင်းသားတွေ အသုံးများလို့ဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီက အနိုင်အရှုံးထက်ကို ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေ နိုးကြားလာ အောင် လုပ်ဆောင်နိုင်တာ အမြတ်ဖြစ်ပါတယ်။ နိုင်ငံကို အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့မရပါဘူး။ တိုင်းရင်းသားပါတီ တွေ လွှတ်တော်မှာရောက်မှ ငြိမ်းချမ်းရေးတွေ၊ ဖက်ဒရယ်တွေ ရမယ်လို့ယူဆပါတယ်။ တစ်ဦးတစ်ယောက်ကောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းနိုင်မယ်ဆိုတာ လက်မခံပါဘူး” ဟု ပြောကြားသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁ ဦး၊ စစ်ကိုင်းတိုင်းတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ https://news-eleven.com /articl e/193797

****************

၁၈။ ရခိုင်ပြည်နယ်တွင် စစ်ရေးတိုက်ခိုက်မှုများ အမြန်အဆုံးသတ်ရန် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောင်းဆို
23 September 2020

ကလေးသူငယ်များပါ သေဆုံးမှု မြင့်တက်လာပြီးနောက် ရခိုင်ပြည်နယ်၊ ကျေးရွာများအနီးတွင် ဆက်လက် ဖြစ်ပေါ်နေသည့် စစ်ရေးတိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူးစ်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

အခြားသူများ အပါအဝင် ကလေးသူငယ်များ သေဆုံးမှုတွင် အပြန်အလှန် ပစ်ခတ်မှုများကြောင့်လော၊ တမင်ပစ်မှတ်ထား ခြင်းကြောင့်လောဟု အပူတပြင်း မေးခွန်းထုတ်စရာ ဖြစ်လာနေသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အင်ဒရူးစ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။ “စစ်ရေး တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဖို့၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုထားတဲ့အတိုင်း (ကိုဗစ်ကပ်ရောဂါ ကာလအတွင်း) အပစ်အခတ် ရပ်စဲမှုတွေ အမြန်ဆုံး လုပ်ဖို့လိုတယ်”ဟုလည်း သူကပြောသည်။ ပြီးခဲ့သည့် သီးတင်း နှစ်ပတ်အကြာက မြေပုံမြို့နယ်တွင် အမြောက်ကျည်ဆန် ကျမှုကြောင့် ငါးနှစ်အရွယ် ကလေးနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သူ ဆိုသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပရန် ပြင်နေသည့်ကာလအတွင်း COVID-19 ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေး ပြင်းထန်သော စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ထောက်ပံ့မှုများ အများအပြား လုပ်ဆောင်ပေးကြရန် မစ္စတာ အင်ဒရူးစ်က တောင်းဆိုထားသည်။ http://www .mizzimaburmese.com/article/73779

***************

၁၉။ နားဟိုင်းလုံ ကျေးရွာ နေအိမ်ထဲ ရေဝင်ပြီး ဒေသခံများအခက်ကြုံနေ
September 24, 2020

သျှမ်းပြည် အရှေ့ပိုင်း ရွှေသတ္တုတူးဖော်သည့် အနီးတွင်နေထိုင်သည့် တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာရှိ နေအိမ်ထဲသို့ ရေများဝင်လာကြောင်း စုံစမ်းသိရသည်။ နားဟိုင်းလုံကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုများကို ပြုလုပ်ခဲ့ပြီး ကျေးရွာ၏ ရေမြောင်းများ၊ ချောင်းများကို သက်ဆိုင်ရာမှ လာရောက်ကြည့်ရှူ့ခြင်း၊ နုန်းများဆယ်ခြင်းမပြုလုပ်သဖြင့် ရေများနေအိမ်ထဲသို့ ဝင်လာကြောင်း နားဟိုင်းလုံကျေးရွာ မှ သူနာပြု ဆရာမ နန်းလာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နှစ်တိုင်း ရေကြီးပေမယ့် ဒီနှစ်က မိုးခဏလေးပဲရွာသေးတယ်။ ရေက အိမ်ထဲဝင်လာပြီ။ အရင်က ကျမ အိမ်ထဲ ရေမဝင် ဘူး။ ဒီနှစ်တော့ ရေဝင်တယ်။ မိုးသည်ရင်တော့ ဒီထက် ဆိုးနိုင်တယ်”ဟု နန်းလာ က ဆိုသည်။ နားဟိုင်းလုံ ကျေးရွာ အနီးတွင် ရွှေသတ္တုတူးဖော်မှုကို ၂၀၀၇ ခုနစ်တွင် စတင်တူးဖော်ခဲ့ရာ ဒေသခံပြည်သူများက ခေတ်အဆက်ဆက် ကန့်ကွက် ခဲ့သော်လည်း ယနေ့ချိန်ထိ ရပ်ဆိုင်းခြင်းမရှိခဲ့ပေ။“ တနှစ်ထက်တနှစ် ရေကြီးမှုက ပိုဆိုးလာတယ်။ အိမ်မွေးတိရိစ္ဆာန် ကြက် တွေလည်း သေကုန်တယ်။ အိမ်ထဲရေဝင်တော့ ဘာမှ လုပ်လို့မရဘူး” ဟု နန်းလာ က ပြောသည်။

“ ကျမတို့ဆီ ကို ဘယ်အစိုးရက မှလာမကြည့်ဘူး။ သက်ဆိုင်ရာက လာမကြည့်တဲ့အတွက် ရွှေတူးတဲ့ကုမ္ပဏီ တွေ လုပ်ချင်တိုင်းလုပ်ဆိုတဲ့သဘောဖြစ်နေတယ်။ ကုမ္ပဏီတွေ က မြောင်းတွေ နုန်းတွေ မဆယ်ပေးတော့ဘူး” ဟု နားဟိုင်းလုံ ဒေသခံ တဦး က ပြောသည်။ လက်ရှိမှာ မိုးရာသီ ဖြစ်သဖြင့် ချောင်းထဲရှိနုန်းများကို ဆယ်ပေးရန် နှင့် မြောင်းများလာရောက် ဖော်ပေးချင်ကြောင်းလည်း နားဟိုင်းလုံ ဒေသခံများက ပြောသည်။ နားဟိုင်းလုံကျေးရွာ တွင် ရွှေတူးဖော်မှု စီမံကိန်းများ ကြောင့် လယ်ယာမြေများ ဧကပေါင်းရာနှင့်ချီ ပျက်စီးခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မြစ်ချောင်းများတိမ် ကောခြင်းတို့ဖြစ်ခဲ့သည်။ ထို့ပြင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်ရာတွင်လည်း ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ထိုသေဆုံးမှုကြောင့် လက်ရှိအချိန်ထိ တရားမျှတမှု မရရှိခဲ့သေးပေ။ http s://burmese.shannews.org/archives/18625

****************

၂၀။ မွန်ပါတီက ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ မွန်လူငယ်ဆုံရပ် တိုက်တွန်း
September 24, 2020

မွန်တိုင်းရင်းသားတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကိုသာ မဲပေးဖို့ မွန်လူငယ်ဆုံရပ်အဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ တစ်ပါတီစနစ် ကြီးစိုးမှုကြောင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ မွန်လူငယ်ဆုံရပ်အဖွဲ့က ဆိုထားပါတယ်။ ဒါကြောင့် လွှတ်တော်အတွင်းမှာ မွန်ပါတီရဲ့ ကိုယ်စားလောင်းတွေ နေရာရမှသာ မွန်တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မွန်လူငယ်ဆုံရပ်အကြံပေးက ပြောပါတယ်။

“ တိုင်းရင်းသားပါတီတွေ အနိုင်ရလာရင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်တွေ ပိုပြီးတော့ များပြားလာမယ်။ တိုင်းရင်း သား အခွင့်အရေးတွေ ပိုပြီး များပြားလာမယ်လို့ ယုံကြည်တယ်”မွန်လူငယ်ဆုံရပ်အကြံပေး ဉာဏ်စိုက်ရာမာန်က ပြောပါတယ်။ မွန်လူငယ်ကွန်ယက်ဟာ မွန်တိုင်းရင်းသားလူငယ်တွေနဲ့ စုစည်းထားတာဖြစ်လို့ သူတို့ရဲ့ တိုက်တွန်းချက် အတိုင်း ဆောင်ရွက်သွားမယ်လို့ ရေးဒေသခံ တစ်ဦးက ပြောပါတယ်။ “ သူတို့ရဲ့ ထုတ်ပြန်ချက်အတိုင်း မွန်လူငယ်တွေက တက်တက်ကြွကြွ လိုက်နာကြတာကို တွေ့ရတယ် သူ့ရဲ့ထုတ်ပြန်ချက်အတိုင်း တစ်သွေးတစ်သံတည်းလို့ ပြောလို့ရပါတယ်” လို့ ရေးဒေသခံ မင်းစိုးသိန်းက ပြောပါတယ်။

မွန်လူငယ်ကွန်ယက်ဟာ ပြည်ပနိုင်ငံတွေအပြင် မွန် ၊ ကရင် ၊ တနင်္သာရီ ၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့က မွန်လူငယ်တွေ စုစည်းထားတဲ့ ကွန်ယက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ မွန်ပြည်နယ် ဘီးလူးကျွန်း ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းလဲခဲ့တဲ့အပေါ် သောင်းနဲ့ချီတဲ့ မွန်လူထုက ကန့်ကွက်ကြောင်း အစိုးရအပေါ် ဆန္ဒပြခဲ့ပါတယ်။ https://www.bnionline.net/mm/news-75720

****************

၂၁။ ရခိုင်ပါတီများ၏ ရုပ်မြင်သံကြားမဲဆွယ်မိန့်ခွန်းများ ပြင်ဆင်ဖြတ်တောက်ခံရ
September 23, 2020

ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ၏ မဲဆွယ်စည်းရုံးရေး ရုပ်မြင်သံကြားမိန့်ခွန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြင်ဆင်ဖြတ်တောက်ခဲ့ကြောင်း အဆိုပါ ပါတီများမှ တာဝန်ရှိသူများက ပြောသည်။

ANP ပါတီ၏ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းတွင် ‘ပြည်တွင်းစစ်’ ဆိုသည့် ‌ဝေါဟာရအစား ‘လက်နက်ကိုင်ပဋိပက္ခ’ ဟုလည်း ကောင်း၊ ALD မိန့်ခွန်းတွင် ‘ပြည်တွင်းစစ်’၊ ‘စစ်မီး’ စသည့်စကားလုံးများကို ‘ပြည်တွင်းပဋိပက္ခ’ ဟု UEC က ပြင်ဆင်ခဲ့ပြီး အချို့သောစကားလုံးများကို လုံးဝဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ “စစ်ရေးပဋိပက္ခနှင့် ကိုဗစ်နိုင်းတင်းကပ်ရောဂါ ဖြစ်ပွား နေသောကြောင့် ရခိုင်ပြည်သူများ ရွေးကောက်ပွဲကို စိတ်မဝင်စားကြကြောင်း၊၂၀၁၅ ရွေးကောက်ပွဲတွင် ANP အနေဖြင့် ပြည်နယ်အစိုးရဖွဲ့စည်းခွင့် မရရှိခဲ့ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏အကျပ်အတည်းကြောင့်” ဆိုသည့် ရေးသားချက်များကို UEC က ဖြတ်တောက်ခဲ့သည်ဟု ၎င်းက ပြောသည်။ ထိုသို့ ဆင်ဆာဖြတ်တောက်ခြင်းကို မကြိုက်နှစ်သက်သော်လည်း လက်ရှိ အခြေအနေအရ အပြင်ထွက် မဲဆွယ်စည်းရုန်းရန် အခက်အခဲရှိနေသောကြောင့် ရုပ်သံထုတ်လွှင့်မည်အစီအစဉ်တွင် ပါဝင်ခဲ့ သည်ဟု ဦးသာထွန်းလှက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အရင် ၂၀၁၀- ၂၀၁၅ ခေတ်ကထက် တင်းကျပ်လာတယ်လို့ မြင်တယ်။ အဲဒီတုန်းကလည်း တစ်ချို့ဟာတွေ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေရ ဘာညာပါတယ်။ ဒါပေမယ့် အဲဒီတုန်းက။ ပြည်သူ့အစိုးရ လက်ထက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေလျှော့မှုဘက်ကိုမသွားဘဲ ပိုပြီးတင်းကျပ်တဲ့ဘက်ကို ဇောင်းပေးတဲ့ပုံစံမျိုးရှိ တယ်လို့ သုံးသပ်လို့ရတယ်” ဟုလည်း ၎င်းက ပြောသည်။

ALD ပါတီ၏ မဲဆွယ်မိန့်ခွန်းပါ စကားလုံးများ ပြင်ဆင်ခံခဲ့ရခြင်းကို သဘောမတူသော်လည်း ပါတီမူဝါဒများကို ချပြရမည့် အခွင့်အရေးဖြစ်သောကြောင့် မိန့်ခွန်းပြောရန်ဆုံးဖြတ်ထားကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြော သည်။ “ပါတီတွေရဲ့အာဘော်ကို ဖြတ်တာကတော့ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်စွာထုတ် ဖော်ပြောဆို ခွင့် ရှိရမယ်လေ။ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် သူတို့ရဲ့အယူအဆတွေကို ထုတ်ဖော်ခွင့်ပေးရမယ်လို့ မြင်တယ်။ အခုလို ဖြတ်တယ်ဆိုတာက ဟိုခေတ်တုန်းကဆိုတော့ စစ်အစိုးရသုံးနေတဲ့ ပုံစံမျိုးပေါ့ ”ဟု ၎င်းက ဆိုသည်။ ANP ပါတီ၏ မဲဆွယ် စည်းရုံးရေးမိန့်ခွန်းကို စက်တင်ဘာ ၂၄ တွင်လည်းကောင်း၊ ALD ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ မိန့်ခွန်းများကို အောက်တိုဘာ ၁ တွင်လည်းကောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်မည်ဟု သိရသည်။ နိုင်ငံရေးပါတီများ၏ မဲဆွယ် မိန့်ခွန်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) က စက်တင်ဘာ ၈ မှ နိုဝင်ဘာ ၆ အထိ အလှည့်ကျ ထုတ်လွှင့်ပေးမည်ဖြစ်သည်။ https://www.myanmar-now.org/mm/news/4555

***************

၂၂။ UNESCO တင်မည့် ဒုံးအက ပြင်ဆင်စရိတ် ဘတ်ဂျက် မလောက်ငှသေးဘဲဖြစ်နေ
September 23, 2020

ကရင်ရိုးရာဒုံးအကကို အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်း(UNESCO)က အသိအမှတ်ပြုရေး တင်သွင်းရန် ကြိုးပမ်းနေကြသော်လည်း ပြင်ဆင်နေဆဲအချိန် တွင် ဘဏ္ဍာရေး မလုံလောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဒုံးကကြိုးကကွက်ဆပ်ကော်မတီတွင် မျက်မှောက်ခေတ်ယဉ်ကျေးမှုဒုံး၊ ကိုလိုနီခေတ်ရှိ (မောင့်ရို့) ဒုံးနှင့် ကျွဲဒုံး စသည့် ဒုံး (၃)မျိုးကို စခန်းသွင်းလေ့ကျင့်ကာ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ဆပ်ကော်မတီဖွဲ့ကာ တစ်ဖွဲ့ ၁၀ သိန်းကျပ်စီသာ အသုံးပြုရသည့်အတွက်ကြောင့် လောက်ငှမှုမရှိကြောင်း ဒုံးဆရာတစ်ဦးက ပြောသည်။“ကုန်ကျစရိတ်က ဒုံးသမားတွေရဲ့ စားသောက်၊ သွားလာ၊ ဆင်ယင်မှုတွေအတွက်ပဲလေ။ အခြားမှာ သုံးဖို့မဟုတ်ပါဘူး။ ပြည်နယ်ဒုံးပြိုင်ပွဲအတွက် ဒုံးတစ်ဖွဲ့ ကိုတောင် သိန်း ၁၈၀ နဲ့ ၂၀၀ အကြားမှာ သုံးရတယ်။”ဟု မျက်မှော က်ခေတ်ဒုံးနှင့် ကိုလိုနီခေတ်(မောင်ရို့)ဒုံးကို ဦးဆောင် သင်ကြားနေသည့် ဒုံးဆရာ စောခနောင်ထွန့်က ပြောသည်။

“အခက်အခဲ အများကြီးရှိတယ်။ ပြည်နယ်အစိုးရအဖွဲ့က ကျပ် သိန်း ၂၀၀ ချပေးမယ်လို့ပြောတယ်။ ခု သိန်း ၅၀ ပဲ ချပေး သေးတယ်။ Covid ရောဂါကြောင့်လည်း ကွင်းဆင်းဖို့မလွယ်ဘူး။ ကွင်းဆင်းဖို့လည်း မလောက်ဘူး။ ဒုံးသင်မယ် ဆိုလည်း မလောက်ဘူး။ ရက်ကလည်း နီးလာပြီး။ မမှီမကမ်းဖြစ်မှာ အရမ်း စိုးရိမ်တယ်။”ဟု ကေအိုင်စီသို့ စက်တင် ဘာ ၂၁ ရက် က ပြောသည်။ ကျပ်သိန်း ၆၀၀ ခန့် ကုန်ကျမည်ဟု လျာထားသော ယခုဒုံးအကတွင် ပြည်နယ်အစိုးရအနေဖြင့် ကျပ်သိန်း ၂၀၀ သို့မ ဟုတ် ၃၀၀ အပြည့်အဝ ချပေးရန် အလျင်အမြန်လိုအပ်နေပြီး ကျန်ငွေများအတွက် အခြားသော အလှူရှင်များကို ရှာ သွားရဦးမည်ဖြစ်ကြောင်း ဒုံးအကပညာရှင် ဆရာစောမြင့်သူက ဆက်ပြောသည်။ http://kicnews.org/202 0/09/une sco%e1%80%90%e1%80%84%e1%80%b9%e1%80%99%e1%80%8a

**************

၂၃။ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ စွမ်းအင်ကဏ္ဍကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးရန်လိုဟုဆို
September 24, 2020

ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ စွမ်းအင်ကဏ္ဍကို ဆွေးနွေးဖို့ ခေါင်းစဉ်အတိအကျ ချမှတ်ထားခြင်းမရှိ ပေမယ့် ဒါဟာငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထည့်သွင်းဆွေးနွေးသင့်တယ်လို့ တိုင်းရင်း သားလူမျိုးရေးရာစင်တာ(ENAC)ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ပညာမွန်က ပြောပါတယ်။“အခု အကြီးစား စီမံကိန်း တွေရှိတဲ့နေရာက လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် အကယ်၍ ဒီစီမံကိန်းတွေကို ဆက်လက်လုပ် ဆောင်သွားမယ်ဆိုရင် ဒါက လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်တယ်။ ဒါအတွက် ကြောင့်ပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီကိစ္စတွေကို ဆွေးနွေးပြီးမှသာ ဒီစီမံကိန်းတွေကို လုပ်ဆောင်သွားဖို့ လိုတာပေါ့နော်။ အကယ်၍ ဘာမှ သဘောတူညီချက်မရပဲနဲ့ ဒီစီမံကိန်း တွေကို ဆက်လက်ပြီး လုပ်ဆောင်သွား မယ်ဆိုရင် ခုဏက ပြောသလို ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တာပေါ့နော်။”ဒီပြောဆိုချက်ကို စက်တင်ဘာ ၂၂ ရက်နေ့က အွန်လိုင်းပေါ်မှာ ပြုလုပ်ခဲ့တဲ့ “စိန်ခေါ်မှုမြင့်မားနေ သည့် မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ”နဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းမိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းတွေဟာ နိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ များစွာ ဆက်နွယ် နေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ၎င်းတို့ရဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ မြန်မာ့စွမ်းအင်ပင်မ စီမံချက်အရ အကောင်အထည်ဖော်တည်ဆောက်သွားမယ့် အကြီးစားရေအားလျှပ်စစ် စက်ရုံအများစုရဲ့ တည်နေရာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေ (သို့) လှုပ်ရှားတဲ့ နယ်မြေတွေမှာ တည်ရှိနေတာပါ။

ကယား(ကရင်နီ)ပြည်နယ်မှာ လျှပ်စစ်ဓါတ်အား မီဂ္ဂါဝပ် ၄၀၀၀ ကျော်ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွာသစ်ရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှာ အစိုးရနဲ့ KNPP တို့အကြား Bilateral Ceasefire Agreement (နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး သဘောတညီချက်) ထဲမှာ သဘောတူညီချက်တစ်ခု အနေနဲ့ အကြီးစားစီမံကိန်းလုပ်ငန်းတွေကို ပြည်နယ်အတွင်းမှာ ဒေသတည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိသေးရင် ရပ်တန့်ထားဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒီသဘောတူညီချက်အရ သုံးလအတွင်း အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာ တွေက ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းဖို့နဲ့ ကွင်းဆင်းလေ့လာခဲ့တယ်လို့ ကရင်နီအမျိးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ ဒုဥက္ကဌ ခူးဦးရယ်က အဆိုပါ သုတေသနအစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံအုပ်ချုပ်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်နေခြင်းထက် နိုင်ငံအတွင်း နှစ် ၇၀ နီးပါဖြစ်ပွား နေတဲ့ ပြည်တွင်းစစ်ကို ပိုပြီးသက်ဆိုးရှည်ရေးကိုသာ ဦးတည်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လျှပ်စစ်နဲ့ စွမ်းအင် စီမံကိန်းတွေကို ရေးဆွဲချမှတ်အကောင် အထည်ဖော်သင့်တယ်လို့ အစီခံစာ က ဆိုပါတယ်။ https://www.bnionline.net/mm/news-75721

**************

၂၄။ ထိုင်းမြန်မာ ဘုရားသုံးဆူဒေသ၌ ကုန်ပစ္စည်းများဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်နေ့အထိ ပိတ်ထား မည်
September 24, 2020

မြန်မာနိုင်ငံအတွင်း လတ်တလော ကိုဗစ်ရောဂါကူးစက်မှုနှုန်းတိုးလာသဖြင့် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာတို့ ကုန်ပစ္စည်းများအပြန်အလှန်ဖြတ်သန်းနေမှုကို အောက်တိုဘာ ၅ ရက်အထိ ပိတ်ထားလိုက်ကြောင်း ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၂၂ ရက်နေ့ အမိန့်ထုတ်ပြန်ခဲ့သည်။

ဘုရားသုံးဆူဒေသ နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံမလွယ်ပေါက်များနှင့် တရားမဝင်စစ်ဆေးရေးဂိတ်များမှတဆင့် လူနှင့် မော်တော်ယာဉ် ဝင်ထွက်ပေါက်နေရာ လမ်းကြောင်းအားလုံးကို ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းတို့ စတင်ပိတ်ပင် ထားသော်လည်း နှစ်ဖက်ကုန်စည်များပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကုန်ပစ္စည်းများသယ်ဆောင်ရန် နားလည်မှုဖြင့်ခွင့်ပြု ထားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့က ကိုဗစ်စောင့်ကြည့်ရေးစင်တာ Quarantine သည် ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာ လူနေရပ်ကွက်နှင့် အလွန်နီးကပ်နေ သဖြင့် မြန်မာနိုင်ငံတဝန်း ရောဂါကူးစက်မူ ရာဂဏန်းအထက် မြင့်တက်လာသောကြောင့် အဆိုးဆုံးဖြစ်လာမည့်အခြေအနေများအတွက် ကြိုတင် ကာကွယ်ရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းကျန်းမာရေးဌာနကိုအကြောင်းမကြားပဲ နယ်စပ်ကျေးရွာရှိ လူနာများကို သယ်ဆောင်လာခြင်း၊ ရွှေ့ပြောင်းမြန်မာနိုင်ငံ သားများအား လက်ခံဆေးကုသပေးခြင်းတို့ လုပ်ဆောင်ခွင့်မပြုကြောင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖွင့်ထားသည့် အလုပ်ရုံ များ၊ စီးပွားရေးလုပ်ငန်းများ၊ ဈေးဆိုင်များနှင့် ခရီးသွားလုပ်ငန်းများ အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန် ချက်တွင် ပါရှိသည်။ အမိန့်ကိုချိုးဖောက်သူ (သို့မဟုတ်) ပျက်ကွက်သူမည်သူမဆို ကူးစက်တတ်သောရောဂါများ အက် ဥပဒေ ပုဒ်မ ၅၂ ၊ ပြည်သူ့စီမံခန့်ခွဲမှုဆိုင်ရာအရေးပေါ်အမိန့် ပုဒ်မ (၁၈) B.E. 2558 အရ တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ဘတ်ငွေတစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ https://www.bnionli ne.net/mm/news-75733

***************

၂၅။ ပိုးတွေ့လူနာတည်းခိုခဲ့သော မြစ်ကြီးနား အေးချမ်းသာတည်းခိုခန်း နှင့်ဆက်စပ်ခဲ့သူ ၂၀ ဦးကို Quarantine ထားရှိ
24 September 2020

နေပြည်တော်တွင် ပိုးတွေ့ခဲ့သောလူနာ တည်းခိုခဲ့သည့် မြစ်ကြီးနားရှိ အေးချမ်းသာ အဆင့်မြင့်တည်းခိုခန်းနှင့်ပတ်သက်ပြီး လာရောက်တည်ခိုခဲ့သူ ၂၀ ဦးကို မြစ်ကြီးနားမြို့ရှိ သတ်မှတ်ထားသည့် Quarantine Center တွင် ထားရှိပြီဖြစ်ကြောင်း မြစ်ကြီးနားအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထံမှ သိရသည်။ အဆိုပါ တည်းခိုခန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ ထိ လာရောက်တည်းခိုခဲ့သူများကို Quarantine ထားရှိခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မနေ့ကမြို့နယ်ရဲမှူး ကိုယ်တိုင်ဖုန်းဆက်လာပါတယ်။ ၁၆ ရက်နေ့က အင်ဂျန်းယန်က ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦးက နေပြည်တော် ရဲတပ်ရင်း (၁၈) ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အပြောင်းအရွှေ့လုပ်ကြတဲ့ခါမှာ မြစ်ကြီးနားမှာ ၁၆-၁၇ နှစ်ည တည်းခိုခန်းမှာ တည်းသွားကြတယ်။ ၁၈ ရက်နေ့ထွက်သွားကြတယ်။ နေပြည်တော်ရောက်တဲ့ ချိန်မှာ ရဲတပ်ရင်း ၂၀ မှာ Q ဝင်ပြီး ဆေးစစ်လိုက်တဲ့ချိန်မှာဘဲ Positive တွေ့သွားတာဖြစ်တဲ့အတွက် အဲသတင်းရတာနဲ့ အေးချမ်းသာတည်းခိုခန်းသွားပြီးတော့ စုံစမ်းထားခြင်းဖြစ်တယ်”ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပြော သည်။

ယင်းတည်းခိုခန်းအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကန့်သတ်နယ်မြေဖြစ်သတ်မှတ်လိုက်ပြီး ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ တည်းခိုခဲ့သည့် ဧည့်သည် ၇ ဦး အပါအဝင် ဝန်ထမ်း ၇ ဦးအား ယင်းတည်းခိုခန်းတွင် Quarantine ထားရှိပြီး၊ ပိုးတွေ့ လူနာ အား လိုက်လံပို့ဆောင်ပေးခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှ ဝန်ထမ်း ၃ဦးကိုမူ မြစ်ကြီးနားတက္ကသိုလ်တွင် ထားရှိပြီး အင်ဂျန်းယန် ကားဂိတ်မှ ဝန်ထမ်း ၂ ဦးလည်း Q ထားရှိကြောင်း ၎င်းက ဆက်ပြောသည်။ https://burmese.kachinnews.com/2020 /09/24/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1

****************

၂၆။ UDP ဥက္ကဋ္ဌ ၏နောက်ကြောင်းရာဇဝင်ကို ချမပြပါက ပါတီကိုယ်စားလှယ်လောင်းနုတ်ထွက်မည်
24 September 2020

နှင်းဆီနီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) အနေနဲ့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရဲ့ နောက်ကြောင်း ရာဇဝင်ကို ရှင်းရှင်းလင်းလင်းမချပြရင် ပါတီကနေနုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဲဆန္နနယ်အမှတ်(၁)ကနေ UDP ပါတီကိုယ်စားပြုဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကိုယ်စားလှယ်လောင်း ဦးဂဲနက်(စ်)က ပြောကြားလိုက်တာပါ။“လူထုတွေကြားထဲမှာ တောင်းဆိုလာရင် ရှင်းပြရမယ့်တာဝန်က ကျနော့်မှာ ရှိတယ်။ ရှင်းပြပေးဖို့ရာတောင်းဆိုပါတယ်။ တိကျခိုင်မာပြီး ပြတ်ပြတ်သားသားမရှင်းပြဘူး ဆိုရင် ထွက်မယ်”လို့ ဦးဂဲနက်(စ်)ကပြောပါတယ်။ ဦးဂဲနက်စ်ဟာUDP ပါတီရဲ့ ကချင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ အဖြစ် တာဝန်ယူထားသလို တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ကာ ကချင်ပြည်နယ်အတွင်းက သိမ်းဆည်းခံလယ်ယာ မြေတွေအရေးကို ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်ရဲ့ နောက်ကြောင်းရာဇဝင် အခြေအနေတွေကို ပြည်တွင်းမီဒီယာတခုက ထုတ်ဖော်ရေးသား ဖော်ပြခဲ့အပြီးမှာ အခုလို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဦးကျော်မြင့် (ခေါ်) ဦးဇခုန်ဇုန်းဆောင် ခေါင်းဆောင်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာဝင်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ် အများဆုံး ဝင်ပြိုင်မယ့်ပါတီဖြစ်ပါတယ်။ http://burmese.dvb.no /archives/412291

***************

၂၇။ ကယားပြည်နယ်ရှိ ကွာရန်တင်းစင်တာများမှ ရက်မပြည့်ပဲထွက်ပြေးပါက သဘာဝဘေးအန္တရာယ် ဥပဒေနှင့် အရေးယူ မည်ဟု ဆို
22 September 2020

ကယားပြည်နယ်အတွင်း Quarantine ဝင်ရောက်သူများ အနေဖြင့် သတ်မှတ်ရက်အပြည့် မနေဘဲ ထွက်ပြေးခြင်းအပါအဝင် ကွာရန်တင်း စင်တာများမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၁ ရက်က လားရှိုးမြို့မှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာပြီး လွိုင်ကော်မြို့ရှိ community based facility quarantine center တွင်ဝင်ရောက်နေသည့် နွားလဝိုးကျေးရွာအုပ်စု ထီလောခူကျေးရွာမှ အမျိုးသားတစ်ဦးသည် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်း များကို ရန်ပြုပြီး ထွက်ပြေးခဲ့သည့် အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ၂၆/၂၉ ဖြင့်အရေးယူထား ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ရှိနေသော်လည်း ကယားပြည်နယ်မှာမူ လက်ရှိအချိန်အထိ တစ်ခုတည်းသော ကိုဗစ်ကင်းစင်ပြည်နယ်အဖြစ် ရပ်တည် လျှက်ရှိသည်။ “ ပြည်နယ်အစိုးရက ထုတ်ပြန် လိုက်တာဟုတ်ပါတယ်။ Quarantine မဝင်ကတည်းက ဘာတွေလုပ်ရမယ်၊ ဘာတွေ ဆောင် ရွက်ရမယ် ဆိုတာတွေကို ရှင်းပြပြီးသားဖြစ်တယ်။ အရင်တုန်းကတော့ ကူးစက်နဲ့စွဲပါဆိုပြီး တစ်နိုင်ငံလုံးကို ညွှန်ကြား ထားတာရှိတယ်။ ဒုတိယလှိုင်းဖြစ်တဲ့အချိန်မှာကူးစက်နဲ့မစွဲနဲ့တော့ တစ်ပြေးညီ သဘာဝဘေး အန္တရာယ်နဲ့စွဲပါ ဆိုပြီး ပြန်ညွှန်ကြားထားတာပါ။ လုံခြုံရေးကိုလည်း ပိုပြီးတော့ ဆောင်ရွက်ထား ပါတယ်” ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ဝင်းက မဇ္ဈိမ သို့ပြောသည်။

ကယားပြည်နယ်အတွင်း အဝင်အထွက်စောင့်ကြည့်နေသည့် ဂိတ် ၁၀ခုခန့်ရှိပြီး လွိုင်ကော်မြို့နယ်အတွင်း စောင့်ကြည့်သည့် ဂိတ် ၃ခုရှိကြောင်း သိရသည်။ ဘီလူးချောင်းအတွင်းတွင်လည်း ရေကင်း ၂၄နာရီစောင့်ကြည့်ပြီး လုံခြုံရေးကို အထူးကြပ်မတ်နေကြောင်း သိရသည်။ http://www.mizzimaburmese.com/article/73741

****************

၂၈။ ချင်းပြည်နယ်တွင်လွှတ်တော်နေရာစုစုပေါင်း ၃၈ နေရာဝင်ပြိုင်မည့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် ၇၅% အနိုင်ရ                  ရှိရန်ယုံကြည်မှုရှိဟုဆို
September 24, 2020

ချင်းပြည်နယ်ရှိ လွှတ်တော်နေရာစုစုပေါင်း ၃၉ နေရာတွင် ၃၈ နေရာဝင်ပြိုင်မည့် UDP Party အနေဖြင့် ရွေးကောက်ပွဲတွင် ၇၅ ရာခိုင်နှုန်းအနိုင်ရှိရန်ယုံကြည်ကြောင်း UDP ပါတီချင်းပြည်နယ်တာဝန်ခံ မှပြောသည်။“ကျွန်တော်တို့ကတော့ ၇၅% ကတော့ သေချာသလောက်ဖြစ်ပြီ အင်အားက ကျွန်တော်တို့စုဆောင်းပြီးသား အင်အားအရဆိုရင် အုပ်စုတစ်ခုမှာ ဒီလအထိ ၁၅၀ အုပ်စုတစ်ခုမှာရှိပြီးသားဆိုတော့ ၇၅ ရာခိုင်နှုန်းကတော့ အောင်မြင်ပြီးသားလို့ ကျွန်တော်တို့ယူဆပါတယ်ဗျ”ဟု UDP ပါတီချင်းပြည်တာဝန်ခံ ဦးသွန်ခမ်ကပ် မှ ပြောသည်။ UDP ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင် နေရာတိုင်းမသွားခိုင်းပဲ ကျေးရွာတိုင်းတွင်ပါတီရေးရာ ကော်မတီများမှ တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းပြီး ကြိုးစား နေရသည့်အခြေနေဖြစ်ကြောင်းလည်း သိရသည်။

ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီများနှင့်ပတ်သက်ပြီး ” CNLD က ၃၆နေရာ၊နောက် UDPက ၃၈ နေရာ ပေါ့နော်၊USDPက ၃၆နေရာ၊ NLDကတော့ ၃၉နေရာ၊ အမှန်တော့ UDPက ၃၉ယောက်လုံးတင်တယ်၊ဒါပေမယ့် တစ်ယောက် က သူ့ဟာနဲ့သူ ပြန်နှုတ်ထွက်တယ်၊”ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်မှ ပြောသည်။ အနိုင်ရရှိပါက UDP လမ်းစဉ်အတိုင်း ပါတီရည်မှန်းချက်အတိုင်း ကတိပေးထားသည့်အတိုင်း အကောင်အထည်ဖော်မည် ဖြဟ်ပြီး ပြည်သူများ၏ အခြေခံဝင်ငွေရရှိရေးလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေသည်ဟု လည်းသိရသည်။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party – UDP) သည်နှင်းဆီပွင့်ပုံ ပါတီတံဆိပ်အသုံးပြုသော ကြောင့် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြသည်။ နှင်းဆီပါတီ၏ ဥက္ကဌ မှာကချင်လူမျိုးတိုင်းရင်းသား လက်နက်ကိုင်ဟောင်း တစ်ဦးဖြစ်သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာ ဖြစ်သည်။ UDP ပါတီသည် ၂၀၁ဝရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်နေရာ ၈၀ ဝန်းကျင်ယှဉ်ပြိုင်ခဲ့သော်လည်းအနိုင်မရခဲ့ပေ။ https://www.chinworld.org/2020/09/24/ %e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80

**************

၂၉။ ထိုင်းပြန် အလုပ်သမားများကို လက်ခံချိန် ကန့်သတ်မည်
September 23, 2020

မြဝတီနယ်စပ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ ကို စက်တင်ဘာ ၂၃ ရက်နေ့(ယနေ့)မှစ၍ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီထိသာ စိစစ်လက်ခံတော့မည်ဟု မြဝတီခရိုင်၊ အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်က ပြောသည်။ ယခုလို အချိန်ပြောင်းလဲ စိစစ်လက်ခံရခြင်းမှာ ကိုဗစ် အရေးပေါ်ကာလ နေရပ်ပြန် လာသူ တဖြည်းဖြည်း နည်းလာ ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုင်းမှ နေရပ်ပြန်များကို ပြီးခဲ့သည့် မတ်လအတွင်းက စတင်စိစစ် ဝင်ခွင့်ပြုခဲ့ရာ နေ့စဉ် ထောင်နှင့်ချီအလုပ်သမား များ ပြန်ဝင်လာသော်လည်း ယခု အချိန်တွင် ရာဂဏာန်းမျှသာ ရှိပြီး ပြန်လာသူများကို မြဝတီရှိ Quarantine centre များတွင် အသွားအလာ ကန့်သတ်စောင့်ကြည့် ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူ များထံမှ သိရသည်။

ထိုင်းမှ နေရပ်ပြန်များမှာ မတ် ၂၁ ရက်နေ့မှ စက်တင်ဘာ ၂၁ ရက်နေ့ထိ ၆ လ အတွင်း အမျိုးသား ၇၃,၁၃၃ နှင့် အမျိုးသမီး ၄၅,၂၇၉ စုစုပေါင်း ၁၁၈,၄၁၂ ဦး ပြန်လည်လက်ခံထားပြီး ဖြစ်သည်။ http://kicnews.org/2020/09/%e1%80%91% e1%80%ad%e1%80%af%e1%80 %84%e1%80%b9%e1%80

***************

၃၀။ ရခိုင်တောင်ပိုင်းမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံရ
September 23, 2020

ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ မာန်အောင် မြို့နယ်တို့က နေရာတချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy- NLD)ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စည်းရုံး လှုံ့ဆော်ထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

တောင်ကုတ်မြို့အတွင်းက နေရာတချို့မှာ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ပြောခွင့်ရသူလည်းဖြစ်၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တယောက်လည်းဖြစ်တဲ့ ဦးမင်းအောင် က ပြောပါတယ်။ “ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ဗီနိုင်းတွေ ၄ နေရာမှာ ဖျက်ဆီးခံထားရတာရှိတယ်၊ မအီမြို့မှာ စဖြစ်တာ၊ နောက်ပြီး ချောင်းသုံးခွရွာ၊ နတ်ကန်ရွာ၊ တန်းလွဲရာမမြို့ စတဲ့နေရာတွေမှာ ဖျက်ဆီးခံရတယ်” လို့ သူက ဘီဘီစီကို ပြောပါတယ်။ သံတွဲမြို့နယ် ငပလီမှာလည်း NLD ဆိုင်းဘုတ် တစ်ခု ဖျက်ဆီးခံခဲ့ရသလို မာန်အောင်မြို့နယ် သစ်ပုံရွာမှာ NLD အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်တာကို ရွာသားတချို့ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် ဆိုင်းဘုတ်ကို မထောင်နိုင်ဘဲ ပြန်နုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီရွေးကောက်ပွဲနောက်ပိုင်း ရက္ခိုင့်တပ်တော် (Arakan Army – AA) နဲ့ အစိုးရ တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခ တွေ ဖြစ်လာခဲ့ပြီးတဲ့နောက် အခုလာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီဟာ ဒီမြို့နယ်တွေမှာ ဆက်အနိုင်ရရေးအတွက် အရင်ရွေးကောက်ပွဲထက် ပိုခက်ခဲမယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေတာပါ။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးခိုင်ကောင်းစံက အခုလို နိုင်ငံရေးပါတီတခုရဲ့ ဆိုင်းဘုတ်တွေ တိုက်ခိုက်ကြတဲ့အပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။ “နိုင်ငံရေးပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်၊ ရှုတ်ချပါတယ်၊ ဒါမျိုးကမလုပ်သင့်ပါဘူး၊ ဥပဒေအရလည်း ဒါတွေဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန် နေတာပါ” လို့ သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမင်းအောင်က တောင်ကုတ်မြို့နယ်အတွင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ https://www.bbc.com/burme se/burma-54264189

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button