Month: November 2018
-
အတွင်းရေး(၂၃)
အန္တရာယ်ကင်းမဲ့ဇုံထဲမှာပဲ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ လျှာပေါ်မှာပေါက်နေတဲ့ မြက်တွေရဲ့ ကတိက၀တ်တွေကြောင့် ရတနာတွေတန်ဖိုးမဲ့ခဲ့ “တရားမျှတလွတ်လပ်ခြင်း” စတဲ့ နိုင်ငံတော်သီချင်းလည်း သူ့ဈာပနနဲ့သူကျဆုံး ကမ္ဘာကြီးဟာရွားကြီးသဖွယ်ပါဆိုတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲ လူသတ်သမားတွေလွတ်နေဆဲ ရာဇ၀တ်မှုတွေရှိနေဆဲ။ ပညာရှင်တွေကျိန်စာသင့်နေဆဲ ရေမှာရေးတဲ့အရုပ်တွေ တိုင်းပြည်ထဲပေါ်ပေါ်လောလောရှိနေတော့ လောင်းရိပ်မိအနင်းခံတွေ မော့မကြည့်ဝံ့ကြတဲ့အဖြစ်…
Read More » -
ကမ္ဘာမြေသို့ ဆုတောင်းတေးသံ
သဘာဝအလှတရားတွေဟာ သဘာဝကျကျ အိပ်မောကျခွင့်ရပါရဲ့လား မေးပါရစေ ကမ္ဘာမြေ။ ကောလဟာလတွေနဲ့ ဖြစ်ပျက်ချင်သလိုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ပေါင်းစုံမှာ လုံခြံမှုဟာ ရင်တုန်ပန်းတုန်ဖြစ်နေရ ပဲ့ထွက်နေတဲ့ ဘ၀အထွေထွေကို ဘယ်လို ပြန်ပြုပြင်ပေးရမလဲ တွေးလိုက်မိတိုင်း ရင်မောစရာကောင်းတယ်။ တလှိုက်လှိုက် ရှိုက်သံတွေအစား တရားမျှတခြင်းဟာ နေရာယူပေးပါ။…
Read More » -
ကြိုးစင်ပြင်ထားတယ်
ကြည့်ထား မျက်စိဒေါက်ထောက်ပြီးကြည့်ထား မြန်မာပြည်တနံတလျားမှာ အကောင်တွေခြစားလို့ လုံးပါး ပါးသွားတဲ့ သဃံဇာတတွေကိုကြည့်ထား တောတွေကိုကြည့်ထား တောင်တွေကိုကြည့်ထား မြစ်ချောင်း အင်းအိုင်နဲ့ ကျောက်သံပတ္တမြား သဘာဝရဲ့ အဆီအနှစ်တွေကိုကြည့်ထား ကြည့်ထား ဘ၀တူတွေကိုကြည့်ထား နောက်ဆို ခင်ဗျားတို့ ကျုပ်တို့လည်းလုံးပါး ပါးသွားမှာ…
Read More » -
လက်တွဲကြစို့
ရှစ်ပြည်ထောင်စု ညီနောင်ပြုခဲ့လျှင်ဖြင့် အမုန်းနဲ့ အာဃာတ ခ၀ါသာချထားလိုက်တော့။ ဒီမယ်လောက မြန်ပြည်တလွှား ညီနောင်များကိုငဲ့လှည့်ပါ အို အဘယ်တွက်ကြောင့် ညှိမရ။ ရှင်းမရတဲ့အဖြေ အစကတော့ ဘုထုံးလေးနဲ့ပါဆို အခုရှုပ်မှ နောင်ရှင်းမလုပ်ပါနဲ့။ လာလာ ရောင်းရင်းတို့ ငါတို့သည် စကားတော့မတူ၊…
Read More » -
တွင်းနက်
ငါတို့ကို…. တွင်းနက်ထဲ တွန်းချခဲ့ကြ တွင်းနက်ထဲ လှောင်ပိတ်ခဲ့ကြ ပြီးတော့… နည်းဗျူဟာ မီးခဲတွေခွံ့ကျွေးခဲ့ကြ မူဝါဒ သံရည်ပူတွေ တိုက်ကျွေးခဲ့ကြ ပြီးတော့… ယမ်းနံ့ကြည်နံ့တွေနဲ့ သွေးနံ့ပြာနံ့တွေနဲ့..လှည့်ဖျားခဲ့ကြ ပြီးတော့… မာကျောကျော လျှာကြမ်းတွေနဲ့ ချွန်ထက်ထက်သွားရိုင်းတွေနဲ့…ပြုစားခဲ့ကြ။ အဓိပ္ပာယ်ရှိတဲ့ အလင်း…
Read More » -
လူထုထောက်ခံမှုလိုနေသည့် နိုင်ငံရေးပါတီများ
၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပ္လေနှင့် စတင်ခဲ့သောမြန်မာ့နိုင်ငံရေးအပြောင်းအလဲကိုပုံဖေါ်ခဲ့သည့် ၂၀၁၀အထွထွေရွေး ကောက်ပွဲအလွန် တွင် ပြည်သူလူထုသည်နိုင်ငံရေးအပြောင်းအလဲတစ်ခုကို အမျှော်လင့်ကြီးမျှော်လင့်ခဲ့ကြသည်။ ပြည်သူလူထုမျှော်လင့်ခဲ့သည့်အတိုင်း ၂၀၁၀အထွေထွေရွေးကောက်ပွဲအလွန်အစိုးရအဖြစ်တက်လာသည့် USDPအစိုးရသည် အပြောင်းအလဲ အတော်များများကိုဆောင်ရွက်ပေးခဲ့သည်။ သို့သော်လူထုမျှော်လင့်သည့် အတိုင်းအတာတစ်ခုအထိ USDPအစိုးရ၏ အပြောင်းအလဲက ရောက်ရှိလာခဲ့ဟန်မရှိချေ။ စစ်အာဏာရှင်များ၏ အရိပ်၊ အငွေ့အသက်…
Read More » -
အယ်ဒီတာ့ အာဘော်
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ္လေပေးထားချက် ကန့်သတ်ချက်များနှင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် နိုင်ငံရေးအင်အားစုများအကြား ကြီးကြီးမားမား ဝိဝါဒကွဲပြားစရာဖြစ်ခဲ့ကြောင်းအများသိပြီးသားဖြစ်ပါသည်။ အပြောင်းအလဲကိုဖော်ဆောင်မည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်ရေးနှင့် ငြင်းပယ်ရေး အငြင်းအခုန်အကျိုးဆက်အနေဖြင့် နိုင်ငံရေးအင်အားစုများအကြားအကွဲအပြဲကိုဖြစ်ပေါ်စေခဲ့သည်။ အဆိုပါအကွဲအပြဲသည် တိုင်းရင်သားနိုင်ငံရေးအင်အားစုများကိုပါ ရိုက်ခက်ခဲ့ကြောင်း လူမျိုးတူပါတီများ အများအပြားပေါ်ပေါက်လာခြင်းက သတ်သေပင်ဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲရလဒ်ကိုကြည့်ခြင်းအားဖြင့်…
Read More » -
အိန္ဒိယ၏ ဖက်ဒရယ်အတွေ့အကြုံ
အိန္ဒိယဖက်ဒရယ်စနစ်သည် အပြစ်အနာမကင်းပါ။ စင်စစ်မသည့် ဖက်ဒရယ်စနစ်မှခြောက်ပြစ်ကင်းသဲလဲစင်မဟုတ်ပေ။ ဇတ်ခွဲခြားခြင်းကြောင့် ဖြစ်လာသော ပဋိပက္ခများလူ့အဖွဲ့အစည်းငယ်များဆိုင်ရာပြဿနာများ၊ ဘာသာရေးအဆောက်အအုံးများကို ဖျက်ဆီးမှုများ၊ လူမျိုးရေးပစ်မှတ်ထားလာသောသတ်ဖြတ်မှုများရှိနေဆဲဖြစ်သည်။ (၂၀၀၄)ခုနှစ်အတွင်းအားသစ်နှင့် မဟာရပခ်ျပြည်နယ်တို့တွင် ဟိန္ဒူစကားပြောဘီဟာရီတို့အပေါ် တိုက်ခိုက်သောလုပ်ရပ်ကြီးများပေါ်ထွက်ခဲ့ သည်။ အိန္ဒိယဖက်ဒရယ်စနစ်အတွက် အဓိကပြဿနာကြီးများသည် မဖြေရှင်းနိုင်သေးပေ။ အိန္ဒိယသည်ကွဲပြားသောအမျိုးသားဥပဓိအင်္ဂါရပ်များရှိသည့်…
Read More »