Zawgyi
လြတ္လပ္ေရးမတိုင္ခင္ တိုင္းရင္းသား ပါတီမ်ား
ျမန္မာ့ေရြးေကာက္ပြဲ ႏိုင္ငံေရးသမိုင္း ကို ေလ့လာသည့္အခါ အဂၤလိပ္ကိုလိုနီေခတ္ေရြးေကာက္ ပြဲမ်ားႏွင့္ လြတ္လပ္ေရးေနာက္ပိုင္း ေရြးေကာက္ပြဲ မ်ားဟူ၍ ႏွစ္ပိုင္းခြဲရပါမည္။ ကိုလိုနီေခတ္တြင္ ဗမာ ျပည္မေခၚ Burma Proper or Ministerial Burma ဗမာ၊ ကရင္၊ မြန္ႏွင့္ ရခိုင္ေဒသတြင္ ေရြးေကာက္ပြဲ ေျခာက္ႀကိမ္တိုင္တိုင္ ေလ့က်င့္ က်င္းပျပဳ လုပ္ေပးခဲ့ ပါသည္ (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ ႏွင့္ ၁၉၄၇ ခုႏွစ္)။ သို႔ေသာ္ ေတာင္တန္းေဒသ (Frontier Areas) ျဖစ္ေသာ ရွမ္း၊ ခ်င္း၊ ကခ်င္ႏွင့္ သီးျခား ေဒသျဖစ္ေသာ ကယားျပည္နယ္မ်ားတြင္မူ ေရြး ေကာက္ပြဲကို လြတ္လပ္ေရး ေနာက္ပိုင္းမွသာ က်င့္ သံုး ခံစားဖူးပါသည္။ ထို႔ေၾကာင့္ ျပည္မသားမ်ားက ေရြးေကာက္ပြဲ ကို ၁၂ ႀကိမ္ခန္႔ ျဖတ္သန္း ခဲ့ၿပီး ျဖစ္ရာတြင္ ေတာင္တန္းသားမ်ားသည္ ေျခာက္ႀကိမ္ သာ ႀကံဳေတြ႕ဖူးေသးပါသည္။ (၁၉၅၁၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ ခုႏွစ္)။ ဆိုရွယ္ လစ္ ျပည္သူ႔ေကာင္စီေခတ္က တစ္ပါတီ ေရြးေကာက္ပြဲ ေလးႀကိမ္ကိုေတာ့ မထည့္တြက္ပါ။
ထို႔ေၾကာင့္ တိုင္းရင္းသားပါတီထဲမွာလည္း Mini-sterial Burma ထဲတြင္ ပါဝင္ခဲ့ေသာ ကရင္၊ ရခိုင္ႏွင့္ မြန္တိုင္းရင္းသားလူမ်ိဳးမ်ားဆိုလွ်င္ လြတ္ လပ္ေရးမတိုင္ခင္ ၁၉၄၆ ဝန္းက်င္ကတည္းက သက္ ဆိုင္ရာလူမ်ိဳးအလိုက္ ႏိုင္ငံေရးပါတီ (သို႔မဟုတ္) အဖြဲ႕အစည္းမ်ားအသီးသီး ဖြဲ႕စည္းတည္ ေထာင္ခဲ့ၾက ၿပီး ေရြးေကာက္ပြဲႏိုင္ငံေရးမွာ ႏိုးႏိုးၾကားၾကား ရွိၾက သည္ကိုေတြ႕ရသည္။ ကရင္ဗဟိုအဖြဲ႕ခ်ဳပ္ (ေကစီအို)၊ ကရင္လူငယ္မ်ား အစည္းအ႐ံုး (ေကဝိုင္အို)၊ ရခိုင္ အမ်ိဳးသား ကြန္ဂရက္ႏွင့္ မြန္အမ်ိဳးသားအစည္းအ႐ံုး စသည္ျဖင့္။ ၁၉၄၇ ခုႏွစ္ ဧၿပီလ ၉ ရက္တြင္ က်င္းပ ခဲ့ေသာ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ေရြးေကာက္ပြဲကို ေကအင္ယူ (ေကစီအိုအပါအဝင္)က သပိတ္ေမွာက္ ခဲ့ရာတြင္ ကရင္လူငယ္အဖြဲ႕ (ေကဝိုင္အို)က လက္မခံ ဘဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသးသည္။
ထိုအခ်ိန္တြင္ ေတာင္တန္းေဒသမွာေရြး ေကာက္ ပြဲမရွိေသးေပ။ သို႔ေသာ္ လည္း ခ်င္း၊ ကခ်င္၊ ရွမ္း တို႔သည္ ၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၇ ရက္တြင္ ေတာင္တန္းသားမ်ား စည္းလံုးညီညြတ္ေရး အဖြဲ႕ကို ပင္လံုမွာ ဖြဲ႕စည္း လ်က္ လက္တြဲလႈပ္ရွားလာခဲ့ၾက သည္။ သို႔ေသာ္ ယင္း သည္ ပင္လံုညီလာခံႏွင့္ လြတ္လပ္ေရးအႀကိဳညႇိႏိႈင္း ေဆာင္ရြက္ မႈေလာက္ သာ ျဖစ္ေသာေၾကာင့္ ေနာက္ပိုင္းမွာ ေပၚေပါက္ လာေသာေရြးေကာက္ပြဲ ႏိုင္ငံေရးအထိ ပူးေပါင္း ေဆာင္ရြက္ျခင္း မရွိဘဲ တိမ္ေကာသြားခဲ့ပါသည္။
လြတ္လပ္ေရးေနာက္ပိုင္း ပါလီမန္ ေခတ္ တိုင္းရင္းသားပါတီမ်ား
ဦးႏု၏ ေျပာင္းျပန္ဒီမိုကေရစီေခတ္လို႔ေတာင္ တင္စားျခင္းခံရေသာ ၁၉၄၈ မွ ၁၉၆၂ ခုႏွစ္ၾကား ၁၄ ႏွစ္အတြင္းတြင္ ဒီမို ကေရစီ အေထြေထြေရြးေကာက္ပြဲ ကို သံုးႀကိမ္ က်င္းပခဲ့ရာ ျပည္မပါတီႀကီး (ဖဆပလ)က တစ္ပါတီစနစ္သဖြယ္ ႏိုင္ေလ့ရွိပါသည္။ ၁၉၅၁-၅၂ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ၈၅ ရာခိုင္ႏႈန္း၊ ၁၉၅၆ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ၅၈ ရာခိုင္ႏႈန္းႏွင့္ ၁၉၆၀ ျပည့္ႏွစ္ ေရြးေကာက္ ပြဲတြင္ ၆၃ ရာခိုင္ႏႈန္း စသည္ျဖင့္ အႏိုင္ရကာ ပါလီမန္လႊတ္ေတာ္ကို လႊမ္းမိုးထား ခဲ့ပါသည္။
သို႔ေသာ္ ဖဆပလပါတီ၏ ထီးရိပ္ေအာက္တြင္ တိုင္းရင္း သားပါတီ ေတာ္ေတာ္မ်ားမ်ားလည္း ေပါင္းစည္း (Affiliate or Proxy) ထားသည္ကို သတိခ်ပ္ရပါမည္။ အထူးသျဖင့္ ပင္လံုလက္မွတ္ ေရးထိုးထားသည့္ ျပည္နယ္/လူမ်ိဳး သံုးခုျဖစ္ေသာ ခ်င္း၊ ကခ်င္၊ ရွမ္းျပည္က ပါတီမ်ားျဖစ္သည့္ ကခ်င္ အမ်ိဳးသားကြန္ဂရက္ (KNC) ၊ ခ်င္းကြန္ဂရက္ (CCP)၊ ညီညြတ္ေသာ ေတာင္တန္းသားမ်ား ကြန္ဂရက္ (UHPC) ႏွင့္ ေကအင္ယူ (KNU) မွခြဲထြက္ေသာ ကရင္လူငယ္အဖြဲ႕ (KYO) က ေခါင္းေဆာင္မ်ားက တည္ေထာင္သည့္ ကရင္ အမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ (United Karen League-UKL) စသည္တို႔သည္ ဖဆပလပါတီ၏ လက္ေအာက္ခံ တိုင္းရင္း သားပါတီမ်ား ျဖစ္ၾကသည္။
ထို႔ေၾကာင့္ ဤကာလအတြင္းတြင္ တိုင္းရင္း သား ပါတီ စစ္စစ္အျဖစ္ မားမားမတ္မတ္ႏွင့္ ခိုင္ခိုင္ မာမာ ရပ္တည္ သည္ ပါတီသည္ မရွိသေလာက္ ရွားပါးခဲ့ပါသည္။ ၁၉၅၁ ေရြးေကာက္ပြဲတြင္ တိုင္းရင္း သားရယ္ဆိုလို႔ ရခိုင္ဘက္က တစ္သီးပုဂၢလ ရခိုင္ ပါလီမန္ ဆိုင္ရာအဖြဲ႕ (IAPG) သာရွိၿပီး အမတ္ေနရာ ေျခာက္ေနရာ ရခဲ့ပါသည္။ ေနာက္ပိုင္းတြင္ ရခိုင္ အမ်ိဳးသားညီညြတ္ေရးအဖြဲ႕ (ANUO) ဟူ၍ ႏိုင္ငံေရး ပါတီအသြင္ျဖင့္ ပီပီျပင္ျပင္ရပ္တည္လာၿပီး၁၉၅၆ ေရြး ေကာက္ပြဲတြင္လည္း ငါးေနရာ လက္ခံ အႏိုင္ ရရွိခဲ့ပါသည္။
ဒုတိယႏွင့္ တတိယအႀကိမ္ အေထြေထြေရြး ေကာက္ပြဲမ်ားတြင္ အျခားတိုင္းရင္း သားပါတီမ်ား ျဖစ္ၾကေသာ ရွမ္းျပည္လံုးဆိုင္ ရာ အဖြဲ႕ခ်ဳပ္ (ASSO)၊ ခ်င္းအမ်ိဳးသားအဖြဲ႕ အစည္း (CNO) ၊ မြန္အမ်ိဳးသား တပ္ဦး (MNF)၊ ကယားအမ်ိဳးသားညီညြတ္ေရး အဖြဲ႕ ခ်ဳပ္ (KNUL) ၊ ညီညြတ္ေသာ ပအို႔ဝ္အမ်ိဳးသား အဖြဲ႕ (UNPO) စသည္ျဖင့္ တိုင္းရင္းသား ပါတီ သစ္မ်ား အသီးသီး ေပၚေပါက္လာၾကပါသည္။
အဘယ္ေၾကာင့္ တိုင္းရင္းသားပါတီမ်ား အင္အားခ်ိနဲ႔ခဲ့သလဲ
ဆယ္စုႏွစ္တစ္ခုေက်ာ္ ျမန္မာ့ပါလီမန္ ဒီမိုကေရ စီေခတ္တြင္ တိုင္းရင္းသားပါတီမ်ားသည္ အသက္ မရွင္ဘူးဟု ေျပာရေလာက္ေအာင္ ေခါင္းမေထာင္ ႏိုင္ျဖစ္ခဲ့ရပါသည္။ ယင္းသို႔ျဖစ္ရျခင္းတြင္ အဓိက အေၾကာင္းရင္း ေလးခ်က္ကို ေဖာ္ျပရလွ်င္ –
(၁) ပါတီႏိုင္ငံေရးမွာ ႏုငယ္ေသးျခင္း။ ။ အထက္ တြင္ ေဖာ္ျပခဲ့သည့္အတိုင္း အဂၤလိပ္ လက္ထက္က တည္းက ဗမာျပည္မတြင္ ၁၉၂၂ မွ ၁၉၄၇ ခုႏွစ္ၾကား တြင္ အေထြေထြ ေရြးေကာက္ပြဲကို ေျခာက္ႀကိမ္ခန္႔ စမ္းသပ္ က်င့္သံုးခဲ့ရာမွ ေတာင္တန္းေဒသ (ခ်င္း၊ ကခ်င္၊ ရွမ္း၊ ကယား)တို႔တြင္ လြတ္လပ္ေရး ရသည္ အထိ တစ္ႀကိမ္တစ္ခါမွ ေလ့က်င့္ ျမင္ေတြ႕ခဲ့ျခင္း မရွိခဲ့ေပ။ ထို႔ေၾကာင့္ အတိုခ်ံဳးေျပာရလွ်င္ ျပည္မႏွင့္ ေတာင္တန္းေဒသမ်ားသည္ ေရြးေကာက္ပြဲ ႏိုင္ငံေရး တြင္ အေတြ႕ အႀကံဳ အလြန္ကြာဟလ်က္ရွိပါသည္။
(၂) တိုင္းရင္းသားမ်ားေရြးေကာက္ပြဲႏိုင္ငံ ေရးအေပၚ ယံုၾကည္မႈ အားနည္းျခင္း ။ ။ အားလံုးသိရွိသည့္ အတိုင္း ကရင္၊ ကယားႏွင့္ မြန္အမ်ိဳးသား ႏိုင္ငံ ေရးေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားသည္ လြတ္ လပ္ေရးကာလ ကတည္းကပင္လွ်င္ ေရြးေကာက္ ပြဲမ်ားကို အယံုအၾကည္သိပ္မရွိဘဲ သပိတ္ေမွာက္ ၾကသည္။ တစ္နည္းအားျဖင့္ သူတို႔အခြင့္ အေရး ရရွိေရးအတြက္ ေရြးေကာက္ပြဲလမ္းေၾကာင္း ထက္ လက္နက္ကိုင္ေတာ္လွန္ေရးေခါင္းစဥ္ ကို ပိုၿပီး အာ႐ံုစိုက္ေရြးခ်ယ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ေကအင္ယူ လက္နက္ကိုင္ ေတာ္လွန္ေရးလမ္းစဥ္ကို ပိုၿပီး အာ႐ံုစိုက္ေရြးခ်ယ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ေကအင္ ယူ-၁၉၄၉ ခုႏွစ္၊ ကရင္နီ တပ္မေတာ္-၁၉၅၇ ခုႏွစ္၊ မြန္ ျပည္သစ္-၁၉၅၈ ခုႏွစ္ စသည္ျဖင့္ အသီးသီး လက္နက္ကိုင္ေတာ္လွန္ေရး လုပ္ လာခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ပင္လံုကိုသစၥာခံ၍ ဖဆပလ ေရြး ေကာက္ ပြဲလမ္းစဥ္ကို အစပိုင္းတြင္ ယံုၾကည္ခဲ့ေသာ ကခ်င္ႏွင့္ ရွမ္းသည္ ပင္လွ်င္ တစ္ျပည္ေထာင္ စနစ္ (Unitary System) ေအာက္က လူအမ်ားစု အာဏာ ရွင္ဆန္သည့္ ပါတီစံုဒီမိုကေရစီ (ေရြးေကာက္ပြဲ)ႏိုင္ငံေရးကို စိတ္ကုန္လာၾကၿပီး လက္နက္ကိုင္ လမ္းစဥ္ကို ေရြးခ်ယ္လာၾကသည္။
(၃) ဗမာပါတီအတြင္း အင္အားခ်ိန္ခြင္လွ်ာ မရွိျခင္း ။ ။ အကယ္၍လြတ္လပ္ေရးႏွင့္အတူ ဗမာျပည္ ကြန္ျမဴနစ္ပါတီကသာ ေတာမခိုခဲ့ဘဲ ေရြးေကာက္ပြဲ လမ္းေၾကာင္းထဲတြင္ အစကတည္းက ဝင္လာခဲ့လွ်င္ ဖ.ဆ.ပ.လ ပါတီက တစ္ပါတီအာဏာရွင္စနစ္ ဆန္ ဆန္ ျခယ္လွယ္ႏိုင္ခဲ့မွာမဟုတ္ဘဲ အျပန္အလွန္ ထိန္း ေက်ာင္းမႈ အတန္အသင့္ ရွိခဲ့မွာျဖစ္သည္။ ယင္းသည္ တိုင္းျပည္အတြက္ အင္မတန္ ေကာင္းမြန္ေစမွာျဖစ္
သည့္အျပင္ တိုင္းရင္းသားလူနည္းစုမ်ားအတြက္ လည္း Mainstream ႏိုင္ငံေရးမွာ သူ႔အခန္းက႑ ပိုမိုျမႇင့္ တင္ႏိုင္ခဲ့မွာ ျဖစ္သည္။ ၁၉၅၈ ခုႏွစ္ ဖ.ဆ.ပ.လ ႏွစ္ျခမ္းကြဲမႈေၾကာင့္ ရခိုင္တိုင္း ရင္းသားပါတီ အခန္း က႑ အေရးပါခဲ့သည့္ သာဓကရွိခဲ့ပါသည္။
(၄) ၁၉၄၇ ဖြဲ႕စည္းပံုႏွင့္ ႏိုင္ငံေရးစနစ္ ကန္႔သတ္ခ်က္ ။ ။ ထိုစဥ္တုန္းက ကခ်င္၊ ရွမ္း၊ ကရင္ႏွင့္ ကယားတို႔က ျပည္နယ္ရရွိခဲ့ၿပီး မြန္ႏွင့္ ရခိုင္က သီးျခားျပည္နယ္ (Constituent Unit) မရရွိခဲ့ေပ။ (ခ်င္းသည္ ဝိေသသ တိုင္းအဆင့္ရခဲ့သည္။) အဆိုးဆံုးမွာ ဖက္ဒရယ္အတု အေယာင္ ဗဟိုခ်ဳပ္ကိုင္မႈစနစ္ ျဖစ္ခဲ့ျခင္းျဖစ္သည္။ လက္ရွိ ေျခ/ဥကဲ့သို႔ သက္ဆိုင္ရာ ျပည္နယ္မ်ားႏွင့္ ဝိေသသတိုင္းမ်ားက ကိုယ့္ဘာသာ ျပည္နယ္အစိုးရ ဖြဲ႕စည္းခြင့္ကို ပိတ္ပင္ခဲ့ေပသည္။ ထို႔ေၾကာင့္ ၁၉၅၁ ခုႏွစ္ ေရြးေကာက္ပြဲရလဒ္အရ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အျဖစ္ ခ်င္းဝိေသသတိုင္းက ေရြးခ်ယ္ခဲ့သည့္ ဦးဇဟရဲလ်န္ႏွင့္ ရွမ္းျပည္နယ္က ေရြးခ်ယ္ခဲ့သည့္ ဦးထြန္းျမင့္ကို ဦးႏုက ဗဟိုအစိုးရ အာဏာျဖင့္ ပယ္ခ်ၿပီး သူ႔စိတ္ႀကိဳက္ျဖင့္ ခန္႔အပ္ခဲ့သည့္ သာဓက လည္း ရွိခဲ့သည္။ ယင္းသည္ တိုင္းရင္းသားပါတီမ်ား ေလျဖတ္ေစသည့္ အခ်က္တစ္ခ်က္ ျဖစ္သည္။
လက္ရွိ ႏိုင္ငံေရးအခင္းအက်င္းႏွင့္ တိုင္းရင္းသားပါတီမ်ား
မ်က္ေမွာက္ေခတ္ ေရြးေကာက္ပြဲ ႏိုင္ငံေရးျဖစ္ သည့္ ၁၉၉၀၊ ၂၀၁၀ ႏွင့္ ၂၀၁၅ ခုႏွစ္ အေထြေထြေရြး ေကာက္ပြဲမ်ားကို ျပန္ၾကည့္ရမည္။ တိုင္းရင္းသား ပါတီ ဘယ္ေလာက္အထိ တိုးတက္မႈရွိသည္လဲ။ ၿခံဳငံု သံုးသပ္လွ်င္ ၁၉၅၀ ဝန္းက်င္တုန္းကထက္ တိုင္းရင္း သားပါတီမ်ား ပိုမိုခိုင္မာလာသည္ကို ေတြ႕ရေသာ္ လည္း အားေကာင္း ေမာင္းသန္မရွိဟု ေကာက္ခ်က္ ခ်ႏိုင္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တည္ေထာင္ ခဲ့သည့္ ဖဆပလပါတီက ၁၉၅၀ဝန္းက်င္ ေရြးေကာက္ ပြဲမ်ားကို လႊမ္းမိုးခဲ့လို႔ သူ႔သမီး ဦးေဆာင္သည့္ NLD ပါတီက ဒီဘက္ေခတ္ ပါတီႏိုင္ငံေရးကိုလည္း လႊမ္း မိုးေနဆဲ ျဖစ္ပါသည္။ ရာခိုင္ႏႈန္းအားျဖင့္ ႏိႈင္းယွဥ္ လိုက္လွ်င္ တိုင္းရင္းသားပါတီမ်ား၏ ေရြးေကာက္ပြဲ အႏိုင္ရရွိ မႈမွာ တျဖည္းျဖည္း ေလ်ာ့က် လာသည္ဟု ျပင္ဆိုႏိုင္သည္။ (၁၉၉၀ ျပည့္ ႏွစ္တြင္ ၁၃ ရာခိုင္ႏႈန္း၊ ၂၀၁၀ ျပည့္ႏွစ္တြင္ ၁၁ ရာခိုင္ႏႈန္း၊ ၂၀၁၅ ခုႏွစ္တြင္ ၈ ရာခိုင္ ႏႈန္း)
အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း တိုင္းရင္း သားပါတီမ်ားအင္အားခ်ိနဲ႔ေနရျခင္း၏ အဓိက အေၾကာင္း ရင္းသည္ အေျခခံဥပေဒႏွင့္ တည္ဆဲ ဥပေဒမ်ား၏ ကန္႔သတ္ ခ်ည္ေႏွာင္ျခင္းေၾကာင့္ ျဖစ္ပါသည္။ အေျခခံဥပေဒအရ ျပည္နယ္မ်ား ကိုယ္ တိုင္အစိုးရဖြဲ႕ခြင့္မေပးျခင္း၊ ဗဟိုႏွင့္ ျပည္နယ္ လႊတ္ေတာ္ ေရြးေကာက္ပြဲမ်ားခြဲၿပီး မက်င္းပေပးျခင္း၊ သမၼတစနစ္ အသားေပးက်င့္သံုးျခင္း၊ တစ္နည္း အားျဖင့္ ဖက္ဒရယ္စနစ္အေျခမခံျခင္းေၾကာင့္ ျဖစ္ပါသည္။ တိုင္းရင္းသားျပည္နယ္တခ်ိဳ႕တြင္ ႏိုင္ငံေရးႏိုးၾကားမႈႏွင့္ အသိပညာေပးမႈအားနည္း ျခင္း၊ လူဦးေရအရ တိုင္းရင္းသား ေဒသတြင္ ေရာေႏွာ ေနထိုင္မႈ တျဖည္းျဖည္း ျမင့္တက္လာျခင္း စသည္ မ်ားလည္း အခက္ အခဲရွိပါသည္။
ထို႔အျပင္ ၂၀၁၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတြင္ ၁၉၉၀ ေရြးေကာက္ပြဲ အႏိုင္ရခဲ့ေသာ တိုင္းရင္းသား ပါတီ မဟာ မိတ္ UNA အဖြဲ႕ ဝင္မၿပိဳင္ခဲ့ျခင္းကလည္း အခ်က္ တစ္ခ်က္ျဖစ္သည္။ ၂၀၁၅ ခုႏွစ္တြင္ UNA ျပန္ဝင္လာသည့္ အခါ ၂၀၁၀ ျပည့္ႏွစ္တြင္ အသစ္ (သို႔မဟုတ္အစားထိုး) ေပၚေပါက္လာသည့္ တိုင္းရင္း သားပါတီမ်ား(NDF အဖြဲ႕) ႏွင့္ေနရာထပ္သြားသည့္ အတြက္ တခ်ိဳ႕ျပည္နယ္ေဒသမ်ား တြင္ မဲဆႏၵရွင္ ျပည္သူမ်ားက ႐ႈပ္ေထြးလာခဲ့သည္။ တိုင္း ရင္းသား ပါတီမ်ား ေဖာင္းပြသည္ဟု ေထာက္ျပ ေဝဖန္မႈ ရွိလာခဲ့ သည္။
ႏိုးထလာသည့္ တိုင္းရင္းသားပါတီမ်ား၏ အနာဂတ္
ေျခာက္ႀကိမ္တိုင္တိုင္ က်င္းပၿပီးျဖစ္သည့္ အေထြေထြ ေရြးေကာက္ပြဲတစ္ေလွ်ာက္လံုးတြင္ မ႐ႈမလွ ႐ံႈးနိမ့္ခဲ့မႈကို တိုင္းရင္းသား ျပည္သူမ်ားက လံုေလာက္ေသာ သင္ခန္းစာ ရယူထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီမ်ားလည္း သက္ဆိုင္ ရာ ျပည္နယ္အလိုက္ႏွင့္ လူမ်ိဳးအလိုက္ျဖင့္ အသီးသီး ေပါင္းစည္းညီညြတ္လာၾကၿပီ။ ပထဦးဆံုး ရခိုင္ႏွစ္ ပါတီ ေပါင္းစည္းခဲ့လို႔ ၂၀၁၅ ခုႏွစ္မွာ ရခိုင္ျပည္သူ မ်ားက တစ္ခဲနက္ မဲေပးခဲ့ၾကသည္။ ထို႔ေနာက္ ကခ်င္သံုးပါတီ၊ ခ်င္းသံုးပါတီ၊ ကရင္သံုးပါတီ၊ ကယား ႏွစ္ပါတီႏွင့္ မြန္ႏွစ္ပါတီလည္း ျပည္နယ္အလိုက္ တစ္ပါတီတည္းအျဖစ္ အသီးသီးေပါင္းစည္းလာၾက ၿပီး အလားတူမ်ိဳးႏြယ္စုပါတီတခ်ိဳ႕လည္း အသီးသီး ေပါင္းစည္းၾကပါၿပီ။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီ ၆၀ ေက်ာ္ရွိခဲ့ရာမွ ယခု ဆို ၅၃ ပါတီခန္႔သာ ရွိလာၿပီ။
မေပါင္းစည္းႏိုင္ေသးေသာ တိုင္းရင္း သားပါတီ မ်ားလည္း မဲဆႏၵနယ္မ်ား ညႇိႏိႈင္းၿပီးပူးေပါင္းရန္ ျပင္ဆင္ၾကၿပီး၊ တိုင္းရင္းသား ပါတီ မဟာမိတ္ႏွစ္ခု ျဖစ္ေသာ UNA (၁၃ ပါတီေက်ာ္)ႏွင့္ NBF (၂၀ ပါတီေက်ာ္)လည္း ျပည္နယ္ အလိုက္ ေပါင္းစည္းထား ေသာ တိုင္းရင္းသား ငါးပါတီႏွင့္ အတူ အနာဂတ္ ေရြး ေကာက္ပြဲႏွင့္ ေရြးေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းတြင္ တိုင္းရင္း သားပါတီမ်ား ၏ အခန္းက႑ ပိုမိုျမင့္မားလာေရးအတြက္ မၾကာခဏ ေတြ႕ဆံုၿပီး မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္ ႏိုင္မည့္နည္းလမ္းမ်ား ရွာေဖြေနဆဲ ျဖစ္ပါ သည္။
တိုင္းရင္းသား မဲဆႏၵျပည္သူမ်ားလည္း အမ်ိဳး သားေရး အတြက္ အျမင့္ဆံုးေရခ်ိန္ျမႇင့္ ဖို႔အတြက္ ႏိုးထလာၾကသည္ဟု ယူဆပါသည္။ ျပည္မမွာ ဗမာျပည္သူမ်ားက သူတို႔လိုလားသည့္ ဒီမိုကေရစီ အတြက္ အေကာင္းဆံုး စြမ္း ေဆာင္ႏိုင္မည့္ ပါတီကို ဆက္ၿပီး မဲေပးၾကမွာျဖစ္သလို၊ အလားတူ တိုင္းရင္း သားမ်ားကလည္း ဖက္ဒရယ္ကိုယ္ပိုင္ ျပ႒ာန္းခြင့္ အတြက္ မိမိတိုင္းရင္းသားပါတီမ်ားကို မဲေပးရ ေတာ့မည္ဟု တြက္ဆထားပါသည္။ ထိုမွတစ္ဆင့္ ေရြးေကာက္ပြဲအလြန္ အခင္းအက်င္းတြင္ ဒီမို ကေရ စီႏွင့္ ဖက္ဒရယ္ အေျခခံႏွစ္ခုကို ေပါင္းစပ္ၿပီး တိုင္း ျပည္ တည္ေဆာက္မွာ ျဖစ္ပါသည္။
ျပည္ေထာင္စုလႊတ္ေတာ္မွာ အမတ္ ထိုင္ခံု ၆၆၄ ခံုရွိသည့္အနက္ တိုင္းရင္းသား ျပည္နယ္ခုနစ္ ခုတြင္ အမတ္ေနရာ ၂၀၇ ခုရွိ သည္။ ၂၀၁၅ ခုႏွစ္တြင္ တိုင္းရင္း သားပါတီမ်ားက ေနရာ ၅၀ ခန္႔သာရရွိခဲ့ သည္။ ထို႔ ေၾကာင့္ ၃၈၀ ေက်ာ္ ရရွိေသာ ျပည္မပါတီ ႀကီးက အစိုးရဖြဲ႕ႏိုင္ရန္ လိုအပ္ေသာ ထက္ဝက္ ေက်ာ္ (၃၃၃ ေနရာ) ပို၍ အမတ္ ၅၀ ေက်ာ္ အပို ရရွိေသာေၾကာင့္ လြတ္လြတ္ကြ်တ္ကြ်တ္ အစိုးရဖြဲ႕ ႏိုင္ခဲ့ျခင္းျဖစ္သည္။ အထက္ပါပံုတြင္ ေဖာ္ျပထား သည့္အတိုင္း တိုင္းရင္းသား ျပည္သူမ်ားက မိမိႏွင့္ သက္ဆိုင္ေသာ တိုင္းရင္းသားပါတီအသီးသီးကို ဤ တစ္ႀကိမ္တြင္ အျပည့္အဝမဟုတ္သည့္တိုင္ ၁၅၀ ေနရာ အႏိုင္ရေအာင္ မဲေပးပါက တစ္ပါတီတည္း ျဖင့္ အစိုးရဖြဲ႕ လို႔မရဘဲ တိုင္းရင္းသားပါတီပါမွ ညြန္႔ ေပါင္းအစိုးရ (Coalition Government) ဖြဲ႕လို႔ရမည့္ အခင္းအက်င္းကို ဖန္တီးႏိုင္မည္ ျဖစ္သည္။ တစ္နည္းအားျဖင့္ တိုင္းရင္းသား ပါတီမ်ားသည္ ဘုရင္တင္ေျမႇာက္သူ (King-Maker) ျဖစ္လာမွာ ျဖစ္ၿပီး ထိုမွတစ္ဆင့္ တိုင္းရင္းသားအခြင့္အေရး မ်ားကို က်ည္ဆန္ တစ္ေတာင့္မေဖာက္ဘဲ အေပး အယူ လုပ္ႏိုင္မွာ ျဖစ္ပါသည္။ ဤတစ္ႀကိမ္ တိုင္းရင္း သားမ်ား ညီညြတ္ဖို႔သာ လိုပါသည္။
ဆလိုင္း က်ဲအိုဘိခ္ေထာင္
Unicode
လွတ်လပ်ရေးမတိုင်ခင် တိုင်းရင်းသား ပါတီများ
မြန်မာ့ရွေးကောက်ပွဲ နိုင်ငံရေးသမိုင်း ကို လေ့လာသည့်အခါ အင်္ဂလိပ်ကိုလိုနီခေတ်ရွေးကောက် ပွဲများနှင့် လွတ်လပ်ရေးနောက်ပိုင်း ရွေးကောက်ပွဲ များဟူ၍ နှစ်ပိုင်းခွဲရပါမည်။ ကိုလိုနီခေတ်တွင် ဗမာ ပြည်မခေါ် Burma Proper or Ministerial Burma ဗမာ၊ ကရင်၊ မွန်နှင့် ရခိုင်ဒေသတွင် ရွေးကောက်ပွဲ ခြောက်ကြိမ်တိုင်တိုင် လေ့ကျင့် ကျင်းပပြု လုပ်ပေးခဲ့ ပါသည် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ ခုနှစ်)။ သို့သော် တောင်တန်းဒေသ (Frontier Areas) ဖြစ်သော ရှမ်း၊ ချင်း၊ ကချင်နှင့် သီးခြား ဒေသဖြစ်သော ကယားပြည်နယ်များတွင်မူ ရွေး ကောက်ပွဲကို လွတ်လပ်ရေး နောက်ပိုင်းမှသာ ကျင့် သုံး ခံစားဖူးပါသည်။ ထို့ကြောင့် ပြည်မသားများက ရွေးကောက်ပွဲ ကို ၁၂ ကြိမ်ခန့် ဖြတ်သန်း ခဲ့ပြီး ဖြစ်ရာတွင် တောင်တန်းသားများသည် ခြောက်ကြိမ် သာ ကြုံတွေ့ဖူးသေးပါသည်။ (၁၉၅၁၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ ခုနှစ်)။ ဆိုရှယ် လစ် ပြည်သူ့ကောင်စီခေတ်က တစ်ပါတီ ရွေးကောက်ပွဲ လေးကြိမ်ကိုတော့ မထည့်တွက်ပါ။
ထို့ကြောင့် တိုင်းရင်းသားပါတီထဲမှာလည်း Mini-sterial Burma ထဲတွင် ပါဝင်ခဲ့သော ကရင်၊ ရခိုင်နှင့် မွန်တိုင်းရင်းသားလူမျိုးများဆိုလျှင် လွတ် လပ်ရေးမတိုင်ခင် ၁၉၄၆ ဝန်းကျင်ကတည်းက သက် ဆိုင်ရာလူမျိုးအလိုက် နိုင်ငံရေးပါတီ (သို့မဟုတ်) အဖွဲ့အစည်းများအသီးသီး ဖွဲ့စည်းတည် ထောင်ခဲ့ကြ ပြီး ရွေးကောက်ပွဲနိုင်ငံရေးမှာ နိုးနိုးကြားကြား ရှိကြ သည်ကိုတွေ့ရသည်။ ကရင်ဗဟိုအဖွဲ့ချုပ် (ကေစီအို)၊ ကရင်လူငယ်များ အစည်းအရုံး (ကေဝိုင်အို)၊ ရခိုင် အမျိုးသား ကွန်ဂရက်နှင့် မွန်အမျိုးသားအစည်းအရုံး စသည်ဖြင့်။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်တွင် ကျင်းပ ခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ကေအင်ယူ (ကေစီအိုအပါအဝင်)က သပိတ်မှောက် ခဲ့ရာတွင် ကရင်လူငယ်အဖွဲ့ (ကေဝိုင်အို)က လက်မခံ ဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။
ထိုအချိန်တွင် တောင်တန်းဒေသမှာရွေး ကောက် ပွဲမရှိသေးပေ။ သို့သော် လည်း ချင်း၊ ကချင်၊ ရှမ်း တို့သည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့ကို ပင်လုံမှာ ဖွဲ့စည်း လျက် လက်တွဲလှုပ်ရှားလာခဲ့ကြ သည်။ သို့သော် ယင်း သည် ပင်လုံညီလာခံနှင့် လွတ်လပ်ရေးအကြိုညှိနှိုင်း ဆောင်ရွက် မှုလောက် သာ ဖြစ်သောကြောင့် နောက်ပိုင်းမှာ ပေါ်ပေါက် လာသောရွေးကောက်ပွဲ နိုင်ငံရေးအထိ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘဲ တိမ်ကောသွားခဲ့ပါသည်။
လွတ်လပ်ရေးနောက်ပိုင်း ပါလီမန် ခေတ် တိုင်းရင်းသားပါတီများ
ဦးနု၏ ပြောင်းပြန်ဒီမိုကရေစီခေတ်လို့တောင် တင်စားခြင်းခံရသော ၁၉၄၈ မှ ၁၉၆၂ ခုနှစ်ကြား ၁၄ နှစ်အတွင်းတွင် ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကို သုံးကြိမ် ကျင်းပခဲ့ရာ ပြည်မပါတီကြီး (ဖဆပလ)က တစ်ပါတီစနစ်သဖွယ် နိုင်လေ့ရှိပါသည်။ ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲတွင် ၈၅ ရာခိုင်နှုန်း၊ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် ၅၈ ရာခိုင်နှုန်းနှင့် ၁၉၆၀ ပြည့်နှစ် ရွေးကောက် ပွဲတွင် ၆၃ ရာခိုင်နှုန်း စသည်ဖြင့် အနိုင်ရကာ ပါလီမန်လွှတ်တော်ကို လွှမ်းမိုးထား ခဲ့ပါသည်။
သို့သော် ဖဆပလပါတီ၏ ထီးရိပ်အောက်တွင် တိုင်းရင်း သားပါတီ တော်တော်များများလည်း ပေါင်းစည်း (Affiliate or Proxy) ထားသည်ကို သတိချပ်ရပါမည်။ အထူးသဖြင့် ပင်လုံလက်မှတ် ရေးထိုးထားသည့် ပြည်နယ်/လူမျိုး သုံးခုဖြစ်သော ချင်း၊ ကချင်၊ ရှမ်းပြည်က ပါတီများဖြစ်သည့် ကချင် အမျိုးသားကွန်ဂရက် (KNC) ၊ ချင်းကွန်ဂရက် (CCP)၊ ညီညွတ်သော တောင်တန်းသားများ ကွန်ဂရက် (UHPC) နှင့် ကေအင်ယူ (KNU) မှခွဲထွက်သော ကရင်လူငယ်အဖွဲ့ (KYO) က ခေါင်းဆောင်များက တည်ထောင်သည့် ကရင် အမျိုးသားများအဖွဲ့ချုပ် (United Karen League-UKL) စသည်တို့သည် ဖဆပလပါတီ၏ လက်အောက်ခံ တိုင်းရင်း သားပါတီများ ဖြစ်ကြသည်။
ထို့ကြောင့် ဤကာလအတွင်းတွင် တိုင်းရင်း သား ပါတီ စစ်စစ်အဖြစ် မားမားမတ်မတ်နှင့် ခိုင်ခိုင် မာမာ ရပ်တည် သည် ပါတီသည် မရှိသလောက် ရှားပါးခဲ့ပါသည်။ ၁၉၅၁ ရွေးကောက်ပွဲတွင် တိုင်းရင်း သားရယ်ဆိုလို့ ရခိုင်ဘက်က တစ်သီးပုဂ္ဂလ ရခိုင် ပါလီမန် ဆိုင်ရာအဖွဲ့ (IAPG) သာရှိပြီး အမတ်နေရာ ခြောက်နေရာ ရခဲ့ပါသည်။ နောက်ပိုင်းတွင် ရခိုင် အမျိုးသားညီညွတ်ရေးအဖွဲ့ (ANUO) ဟူ၍ နိုင်ငံရေး ပါတီအသွင်ဖြင့် ပီပီပြင်ပြင်ရပ်တည်လာပြီး၁၉၅၆ ရွေး ကောက်ပွဲတွင်လည်း ငါးနေရာ လက်ခံ အနိုင် ရရှိခဲ့ပါသည်။
ဒုတိယနှင့် တတိယအကြိမ် အထွေထွေရွေး ကောက်ပွဲများတွင် အခြားတိုင်းရင်း သားပါတီများ ဖြစ်ကြသော ရှမ်းပြည်လုံးဆိုင် ရာ အဖွဲ့ချုပ် (ASSO)၊ ချင်းအမျိုးသားအဖွဲ့ အစည်း (CNO) ၊ မွန်အမျိုးသား တပ်ဦး (MNF)၊ ကယားအမျိုးသားညီညွတ်ရေး အဖွဲ့ ချုပ် (KNUL) ၊ ညီညွတ်သော ပအို့ဝ်အမျိုးသား အဖွဲ့ (UNPO) စသည်ဖြင့် တိုင်းရင်းသား ပါတီ သစ်များ အသီးသီး ပေါ်ပေါက်လာကြပါသည်။
အဘယ်ကြောင့် တိုင်းရင်းသားပါတီများ အင်အားချိနဲ့ခဲ့သလဲ
ဆယ်စုနှစ်တစ်ခုကျော် မြန်မာ့ပါလီမန် ဒီမိုကရေ စီခေတ်တွင် တိုင်းရင်းသားပါတီများသည် အသက် မရှင်ဘူးဟု ပြောရလောက်အောင် ခေါင်းမထောင် နိုင်ဖြစ်ခဲ့ရပါသည်။ ယင်းသို့ဖြစ်ရခြင်းတွင် အဓိက အကြောင်းရင်း လေးချက်ကို ဖော်ပြရလျှင် –
(၁) ပါတီနိုင်ငံရေးမှာ နုငယ်သေးခြင်း။ ။ အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း အင်္ဂလိပ် လက်ထက်က တည်းက ဗမာပြည်မတွင် ၁၉၂၂ မှ ၁၉၄၇ ခုနှစ်ကြား တွင် အထွေထွေ ရွေးကောက်ပွဲကို ခြောက်ကြိမ်ခန့် စမ်းသပ် ကျင့်သုံးခဲ့ရာမှ တောင်တန်းဒေသ (ချင်း၊ ကချင်၊ ရှမ်း၊ ကယား)တို့တွင် လွတ်လပ်ရေး ရသည် အထိ တစ်ကြိမ်တစ်ခါမှ လေ့ကျင့် မြင်တွေ့ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အတိုချုံးပြောရလျှင် ပြည်မနှင့် တောင်တန်းဒေသများသည် ရွေးကောက်ပွဲ နိုင်ငံရေး တွင် အတွေ့ အကြုံ အလွန်ကွာဟလျက်ရှိပါသည်။
(၂) တိုင်းရင်းသားများရွေးကောက်ပွဲနိုင်ငံ ရေးအပေါ် ယုံကြည်မှု အားနည်းခြင်း ။ ။ အားလုံးသိရှိသည့် အတိုင်း ကရင်၊ ကယားနှင့် မွန်အမျိုးသား နိုင်ငံ ရေးခေါင်းဆောင်တော်တော်များများသည် လွတ် လပ်ရေးကာလ ကတည်းကပင်လျှင် ရွေးကောက် ပွဲများကို အယုံအကြည်သိပ်မရှိဘဲ သပိတ်မှောက် ကြသည်။ တစ်နည်းအားဖြင့် သူတို့အခွင့် အရေး ရရှိရေးအတွက် ရွေးကောက်ပွဲလမ်းကြောင်း ထက် လက်နက်ကိုင်တော်လှန်ရေးခေါင်းစဉ် ကို ပိုပြီး အာရုံစိုက်ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ကေအင်ယူ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ပိုပြီး အာရုံစိုက်ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ကေအင် ယူ-၁၉၄၉ ခုနှစ်၊ ကရင်နီ တပ်မတော်-၁၉၅၇ ခုနှစ်၊ မွန် ပြည်သစ်-၁၉၅၈ ခုနှစ် စသည်ဖြင့် အသီးသီး လက်နက်ကိုင်တော်လှန်ရေး လုပ် လာခဲ့ကြသည်။ နောက်ပိုင်းတွင်ပင်လုံကိုသစ္စာခံ၍ ဖဆပလ ရွေး ကောက် ပွဲလမ်းစဉ်ကို အစပိုင်းတွင် ယုံကြည်ခဲ့သော ကချင်နှင့် ရှမ်းသည် ပင်လျှင် တစ်ပြည်ထောင် စနစ် (Unitary System) အောက်က လူအများစု အာဏာ ရှင်ဆန်သည့် ပါတီစုံဒီမိုကရေစီ (ရွေးကောက်ပွဲ)နိုင်ငံရေးကို စိတ်ကုန်လာကြပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်လာကြသည်။
(၃) ဗမာပါတီအတွင်း အင်အားချိန်ခွင်လျှာ မရှိခြင်း ။ ။ အကယ်၍လွတ်လပ်ရေးနှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီကသာ တောမခိုခဲ့ဘဲ ရွေးကောက်ပွဲ လမ်းကြောင်းထဲတွင် အစကတည်းက ဝင်လာခဲ့လျှင် ဖ.ဆ.ပ.လ ပါတီက တစ်ပါတီအာဏာရှင်စနစ် ဆန် ဆန် ခြယ်လှယ်နိုင်ခဲ့မှာမဟုတ်ဘဲ အပြန်အလှန် ထိန်း ကျောင်းမှု အတန်အသင့် ရှိခဲ့မှာဖြစ်သည်။ ယင်းသည် တိုင်းပြည်အတွက် အင်မတန် ကောင်းမွန်စေမှာဖြစ်
သည့်အပြင် တိုင်းရင်းသားလူနည်းစုများအတွက် လည်း Mainstream နိုင်ငံရေးမှာ သူ့အခန်းကဏ္ဍ ပိုမိုမြှင့် တင်နိုင်ခဲ့မှာ ဖြစ်သည်။ ၁၉၅၈ ခုနှစ် ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲမှုကြောင့် ရခိုင်တိုင်း ရင်းသားပါတီ အခန်း ကဏ္ဍ အရေးပါခဲ့သည့် သာဓကရှိခဲ့ပါသည်။
(၄) ၁၉၄၇ ဖွဲ့စည်းပုံနှင့် နိုင်ငံရေးစနစ် ကန့်သတ်ချက် ။ ။ ထိုစဉ်တုန်းက ကချင်၊ ရှမ်း၊ ကရင်နှင့် ကယားတို့က ပြည်နယ်ရရှိခဲ့ပြီး မွန်နှင့် ရခိုင်က သီးခြားပြည်နယ် (Constituent Unit) မရရှိခဲ့ပေ။ (ချင်းသည် ဝိသေသ တိုင်းအဆင့်ရခဲ့သည်။) အဆိုးဆုံးမှာ ဖက်ဒရယ်အတု အယောင် ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ခြေ/ဥကဲ့သို့ သက်ဆိုင်ရာ ပြည်နယ်များနှင့် ဝိသေသတိုင်းများက ကိုယ့်ဘာသာ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ခဲ့ပေသည်။ ထို့ကြောင့် ၁၉၅၁ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ချင်းဝိသေသတိုင်းက ရွေးချယ်ခဲ့သည့် ဦးဇဟရဲလျန်နှင့် ရှမ်းပြည်နယ်က ရွေးချယ်ခဲ့သည့် ဦးထွန်းမြင့်ကို ဦးနုက ဗဟိုအစိုးရ အာဏာဖြင့် ပယ်ချပြီး သူ့စိတ်ကြိုက်ဖြင့် ခန့်အပ်ခဲ့သည့် သာဓက လည်း ရှိခဲ့သည်။ ယင်းသည် တိုင်းရင်းသားပါတီများ လေဖြတ်စေသည့် အချက်တစ်ချက် ဖြစ်သည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် တိုင်းရင်းသားပါတီများ
မျက်မှောက်ခေတ် ရွေးကောက်ပွဲ နိုင်ငံရေးဖြစ် သည့် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲများကို ပြန်ကြည့်ရမည်။ တိုင်းရင်းသား ပါတီ ဘယ်လောက်အထိ တိုးတက်မှုရှိသည်လဲ။ ခြုံငုံ သုံးသပ်လျှင် ၁၉၅၀ ဝန်းကျင်တုန်းကထက် တိုင်းရင်း သားပါတီများ ပိုမိုခိုင်မာလာသည်ကို တွေ့ရသော် လည်း အားကောင်း မောင်းသန်မရှိဟု ကောက်ချက် ချနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့သည့် ဖဆပလပါတီက ၁၉၅၀ဝန်းကျင် ရွေးကောက် ပွဲများကို လွှမ်းမိုးခဲ့လို့ သူ့သမီး ဦးဆောင်သည့် NLD ပါတီက ဒီဘက်ခေတ် ပါတီနိုင်ငံရေးကိုလည်း လွှမ်း မိုးနေဆဲ ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် နှိုင်းယှဉ် လိုက်လျှင် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲ အနိုင်ရရှိ မှုမှာ တဖြည်းဖြည်း လျော့ကျ လာသည်ဟု ပြင်ဆိုနိုင်သည်။ (၁၉၉၀ ပြည့် နှစ်တွင် ၁၃ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၈ ရာခိုင် နှုန်း)
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိုင်းရင်း သားပါတီများအင်အားချိနဲ့နေရခြင်း၏ အဓိက အကြောင်း ရင်းသည် အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ၏ ကန့်သတ် ချည်နှောင်ခြင်းကြောင့် ဖြစ်ပါသည်။ အခြေခံဥပဒေအရ ပြည်နယ်များ ကိုယ် တိုင်အစိုးရဖွဲ့ခွင့်မပေးခြင်း၊ ဗဟိုနှင့် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲများခွဲပြီး မကျင်းပပေးခြင်း၊ သမ္မတစနစ် အသားပေးကျင့်သုံးခြင်း၊ တစ်နည်း အားဖြင့် ဖက်ဒရယ်စနစ်အခြေမခံခြင်းကြောင့် ဖြစ်ပါသည်။ တိုင်းရင်းသားပြည်နယ်တချို့တွင် နိုင်ငံရေးနိုးကြားမှုနှင့် အသိပညာပေးမှုအားနည်း ခြင်း၊ လူဦးရေအရ တိုင်းရင်းသား ဒေသတွင် ရောနှော နေထိုင်မှု တဖြည်းဖြည်း မြင့်တက်လာခြင်း စသည် များလည်း အခက် အခဲရှိပါသည်။
ထို့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သော တိုင်းရင်းသား ပါတီ မဟာ မိတ် UNA အဖွဲ့ ဝင်မပြိုင်ခဲ့ခြင်းကလည်း အချက် တစ်ချက်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် UNA ပြန်ဝင်လာသည့် အခါ ၂၀၁၀ ပြည့်နှစ်တွင် အသစ် (သို့မဟုတ်အစားထိုး) ပေါ်ပေါက်လာသည့် တိုင်းရင်း သားပါတီများ(NDF အဖွဲ့) နှင့်နေရာထပ်သွားသည့် အတွက် တချို့ပြည်နယ်ဒေသများ တွင် မဲဆန္ဒရှင် ပြည်သူများက ရှုပ်ထွေးလာခဲ့သည်။ တိုင်း ရင်းသား ပါတီများ ဖောင်းပွသည်ဟု ထောက်ပြ ဝေဖန်မှု ရှိလာခဲ့ သည်။
နိုးထလာသည့် တိုင်းရင်းသားပါတီများ၏ အနာဂတ်
ခြောက်ကြိမ်တိုင်တိုင် ကျင်းပပြီးဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲတစ်လျှောက်လုံးတွင် မရှုမလှ ရှုံးနိမ့်ခဲ့မှုကို တိုင်းရင်းသား ပြည်သူများက လုံလောက်သော သင်ခန်းစာ ရယူထားပြီးဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများလည်း သက်ဆိုင် ရာ ပြည်နယ်အလိုက်နှင့် လူမျိုးအလိုက်ဖြင့် အသီးသီး ပေါင်းစည်းညီညွတ်လာကြပြီ။ ပထဦးဆုံး ရခိုင်နှစ် ပါတီ ပေါင်းစည်းခဲ့လို့ ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်သူ များက တစ်ခဲနက် မဲပေးခဲ့ကြသည်။ ထို့နောက် ကချင်သုံးပါတီ၊ ချင်းသုံးပါတီ၊ ကရင်သုံးပါတီ၊ ကယား နှစ်ပါတီနှင့် မွန်နှစ်ပါတီလည်း ပြည်နယ်အလိုက် တစ်ပါတီတည်းအဖြစ် အသီးသီးပေါင်းစည်းလာကြ ပြီး အလားတူမျိုးနွယ်စုပါတီတချို့လည်း အသီးသီး ပေါင်းစည်းကြပါပြီ။ ထို့ကြောင့် တိုင်းရင်းသားပါတီ ၆၀ ကျော်ရှိခဲ့ရာမှ ယခု ဆို ၅၃ ပါတီခန့်သာ ရှိလာပြီ။
မပေါင်းစည်းနိုင်သေးသော တိုင်းရင်း သားပါတီ များလည်း မဲဆန္ဒနယ်များ ညှိနှိုင်းပြီးပူးပေါင်းရန် ပြင်ဆင်ကြပြီး၊ တိုင်းရင်းသား ပါတီ မဟာမိတ်နှစ်ခု ဖြစ်သော UNA (၁၃ ပါတီကျော်)နှင့် NBF (၂၀ ပါတီကျော်)လည်း ပြည်နယ် အလိုက် ပေါင်းစည်းထား သော တိုင်းရင်းသား ငါးပါတီနှင့် အတူ အနာဂတ် ရွေး ကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်း သားပါတီများ ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာရေးအတွက် မကြာခဏ တွေ့ဆုံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် နိုင်မည့်နည်းလမ်းများ ရှာဖွေနေဆဲ ဖြစ်ပါ သည်။
တိုင်းရင်းသား မဲဆန္ဒပြည်သူများလည်း အမျိုး သားရေး အတွက် အမြင့်ဆုံးရေချိန်မြှင့် ဖို့အတွက် နိုးထလာကြသည်ဟု ယူဆပါသည်။ ပြည်မမှာ ဗမာပြည်သူများက သူတို့လိုလားသည့် ဒီမိုကရေစီ အတွက် အကောင်းဆုံး စွမ်း ဆောင်နိုင်မည့် ပါတီကို ဆက်ပြီး မဲပေးကြမှာဖြစ်သလို၊ အလားတူ တိုင်းရင်း သားများကလည်း ဖက်ဒရယ်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် မိမိတိုင်းရင်းသားပါတီများကို မဲပေးရ တော့မည်ဟု တွက်ဆထားပါသည်။ ထိုမှတစ်ဆင့် ရွေးကောက်ပွဲအလွန် အခင်းအကျင်းတွင် ဒီမို ကရေ စီနှင့် ဖက်ဒရယ် အခြေခံနှစ်ခုကို ပေါင်းစပ်ပြီး တိုင်း ပြည် တည်ဆောက်မှာ ဖြစ်ပါသည်။
ပြည်ထောင်စုလွှတ်တော်မှာ အမတ် ထိုင်ခုံ ၆၆၄ ခုံရှိသည့်အနက် တိုင်းရင်းသား ပြည်နယ်ခုနစ် ခုတွင် အမတ်နေရာ ၂၀၇ ခုရှိ သည်။ ၂၀၁၅ ခုနှစ်တွင် တိုင်းရင်း သားပါတီများက နေရာ ၅၀ ခန့်သာရရှိခဲ့ သည်။ ထို့ ကြောင့် ၃၈၀ ကျော် ရရှိသော ပြည်မပါတီ ကြီးက အစိုးရဖွဲ့နိုင်ရန် လိုအပ်သော ထက်ဝက် ကျော် (၃၃၃ နေရာ) ပို၍ အမတ် ၅၀ ကျော် အပို ရရှိသောကြောင့် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့ နိုင်ခဲ့ခြင်းဖြစ်သည်။ အထက်ပါပုံတွင် ဖော်ပြထား သည့်အတိုင်း တိုင်းရင်းသား ပြည်သူများက မိမိနှင့် သက်ဆိုင်သော တိုင်းရင်းသားပါတီအသီးသီးကို ဤ တစ်ကြိမ်တွင် အပြည့်အဝမဟုတ်သည့်တိုင် ၁၅၀ နေရာ အနိုင်ရအောင် မဲပေးပါက တစ်ပါတီတည်း ဖြင့် အစိုးရဖွဲ့ လို့မရဘဲ တိုင်းရင်းသားပါတီပါမှ ညွန့် ပေါင်းအစိုးရ (Coalition Government) ဖွဲ့လို့ရမည့် အခင်းအကျင်းကို ဖန်တီးနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား ပါတီများသည် ဘုရင်တင်မြှောက်သူ (King-Maker) ဖြစ်လာမှာ ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားအခွင့်အရေး များကို ကျည်ဆန် တစ်တောင့်မဖောက်ဘဲ အပေး အယူ လုပ်နိုင်မှာ ဖြစ်ပါသည်။ ဤတစ်ကြိမ် တိုင်းရင်း သားများ ညီညွတ်ဖို့သာ လိုပါသည်။
ဆလိုင်း ကျဲအိုဘိခ်ထောင်