zawgyi
ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 38, June 26, 2020)
၁။ RCSS ႏွင့္ TNLA စစ္ေရးတင္းမာမႈေၾကာင့္ နမၼတူၿမိဳ႕နယ္ စစ္ေရွာင္ ၂၀ဝ ေက်ာ္ရွိ
၂။ ရခိုင္စစ္ေဘးဒုကၡသည္ေတြ စားနပ္ရိကၡာ ျပတ္လတ္ေန
၃။ KNU ၏ ကုိဗစ္ ေစာင့္ၾကည့္ေရးစခန္းတြင္ စားနပ္ရိကၡာ လုိအပ္ခ်က္ရွိေန
၄။ ေရးၿမိဳ႕နယ္ ေတာင္ပိုင္း၌ ၿခံသမားတစ္ဦး ေသနတ္ပစ္ခံထိသျဖင့္ ေမာ္လၿမိဳင္ ေဆးရံုတြင္ ကုသခံရ
၅။ ေရြး/ေကာ္အား တင္ျပေဆြးေႏြးရန္ အခ်က္မ်ား တိုင္းရင္းသားပါတီမ်ား ျပင္ဆင္
၆။ ဖားကန္႕ေဒသတြင္ ေျမၿပိဳမႈေၾကာင့္ သံုးဦးေသဆံုးၿပီး ေျခာက္ဦးဒဏ္ရာရရွိ ေပ်ာက္ဆံုးသူမ်ားကို ရွာေဖြေနဆဲျဖစ္
၇။ ေမာ့ကနင္ေက်းရြာတြင္ ေနအိမ္ ၁၈ လံုးေက်ာ္ မီးေလာင္သျဖင့္ အိမ္ေထာင္စု ၂၇ စုေဘးသင့္ခံရ
၈။ နမ့္ခမ္း ေဒသခံမ်ားပိုင္ ထင္းစိုက္ခင္း (၉၇) ဧက ျပန္လႊဲေျပာင္းေပးမည္ ဟုဆို
၉။ ကရင္ျပည္နယ္တြင္ ဆႏၵမဲေပးခြင့္ရွိသူ ၂ သိန္းနီးပါးတိုးလာ
၁၀။ ကရင္နီေတာင္သူ ၂၂ ဦးအေပၚ ျပစ္ဒဏ္ထပ္တိုးေပးရန္ တပ္မေတာ္က တရားရံုးတြင္ ေလွ်ာက္ထား
၁၁။ က်န္းမာေရးစစ္ေဆးမႈ မခံယူဘဲ ေအာ္ဟစ္ဆူပူမႈျပဳလုပ္သူအား ေထာင္ဒဏ္ ၆ လ အမိန္႔ခ်
၁၂။ တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းပိတ္ဆို႔၍ ေက်းရြာ (၄၀) ေက်ာ္ ဆန္ျပတ္လပ္ေန
၁၃။ ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ မရွိေသးဟု တပ္မေတာ္ေျပာၾကား
၁၄။ MCL ဘိလပ္စက္ရံုမွ ေက်ာက္မိုင္းခြဲသည့္လုပ္ငန္းရပ္ဆိုင္း
၁၅။ ေရျဖဴၿမိဳ႕နယ္ သံုးေလာင္းၿပိဳင္လူသတ္တရားခံဖမ္းဆီးရမိ၊ မူးယစ္ေဆးဝါးသံုးစြဲရန္ ဖုန္း အေပါင္ခံထားမႈေၾကာင့္ျဖစ္
၁၆။ ကိုဗစ္-၁၉ အလြန္ သွ်မ္းျပည္ စီးပြားေရး က႑ တိက်သည့္ စီမံကိန္း မရွိေသး ဟုဆို
၁၇။ ပူတာအိုေက်ာင္းမ်ား ပံုစံသစ္ႏွင့္ ျပန္ဖြင့္မည္
၁၈။ ရိေခါဒါရ္ၿမိဳ႕အနီး ငလ်င္လႈပ္ခတ္မႈ လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားပ်က္စီး
၁၉။ ေရးၿမိဳ႕နယ္တြင္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ မဲရံု ၁၇ ရံုတိုးရန္လ်ာထား
၂၀။ အင္တာနက္ျဖတ္ေတာက္မႈခ်က္ျခင္းရပ္ ကမ္ပိန္းဦးေဆာင္သူ ၂ ဦးကို ျငိမ္းစုစီဥပေဒျဖင့္ အမႈဖြင့္
၂၁။ ဖားကန္႔ေဒသအတြင္းသို႔ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေမွ်ာ္လင့္ခ်က္ျဖင့္လာေရာက္ၾကေသာ္လည္း မူးယစ္ေဆး ဝါးအႏၱရာယ္ႏွင့္လံုၿခံဳမႈမရွိေသာေၾကာင့္ ဒုကၡမ်ိဳးစံုႀကံဳေတြ႕ေနၾကေၾကာင္းျပည္ေထာင္စုဝန္ႀကီးေျပာၾကား
၂၂။ မန္ဆူေဈး ဆိုင္းဘုတ္ျပန္တပ္ေပးရန္ သွ်မ္းလူထု ေတာင္းဆို
၂၃။ မိုးညွင္းၿမိဳ႕၌ မူးယစ္ေဆးစြဲေနသည့္ သားျဖစ္သူက လက္သီးျဖင့္ထိုးသျဖင့္ မိခင္ေသဆံုး
၂၄။ မူဆယ္ နယ္စပ္ စီးပြားေရးဇုန္တြင္ နမ့္ဖတ္ကာ-နမ့္ခမ္း-ၾကဴကုတ္ တို႔ပါဝင္မည္
၂၅။ ရေသ့ေတာင္ၿမိဳ႕အနီးပစ္ခတ္မႈျဖစ္၍ ေရႊပါရမီဘုန္းႀကီးေက်ာင္းမွ မသန္စြမ္းသူစစ္ေဘးေရွာင္တစ္ဦးထိခိုက္ဒဏ္ရာရ
၂၆။ မူဆယ္(၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္အတြင္း လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနေသာ နမ္းခမ္းၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႔ ေနထိုင္သည့္ အေဆာက္အဦအား ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား
၂၇။ မယ္လဒုကၡသည္စခန္းအတြင္း မူးယစ္ေဆးျပား ေထာင္ခ်ီဖမ္းမိ
၂၈။ ကြတ္ခိုင္မွာ မူးယစ္ေဆးခ်က္လုပ္တဲ့ပစၥည္းေတြ ဖ်က္ဆီး
၂၉။ သွ်မ္းေတာင္ ကိုဗစ္-၁၉ သံသယ ေစာင့္ၾကည့္လူနာ ၇ဦးရွိ
**************
၁။ RCSS ႏွင့္ TNLA စစ္ေရးတင္းမာမႈေၾကာင့္ နမၼတူၿမိဳ႕နယ္ စစ္ေရွာင္ ၂၀ဝ ေက်ာ္ရွိ
June 24, 2020
သွ်မ္းျပည္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္း RCSS ႏွင့္ TNLA တို႔ၾကား စစ္ေရးတင္းမာမႈေၾကာင့္ မန္စံေက်းရြာ ဘုန္းႀကီး ေက်ာင္းသို႔ စစ္ေရွာင္ ၂၃၀ ေက်ာ္ ေရာက္ရွိတိမ္းေရွာင္ေနေၾကာင္းစံုစမ္းသိရသည္။ ယခုရက္ပိုင္း နမၼတူၿမိဳ႕နယ္ မန္စံေက်းရြာ အနီး သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) ႏွင့္ တအာင္း (ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) တို႔ စစ္ေရးတင္းမာမႈေၾကာင့္ အဆိုပါ စစ္ေရွာင္မ်ားထြက္ေျပး တိမ္းေရွာင္လာရ ျခင္းျဖစ္ေၾကာင္းသိရသည္။
ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေရွာင္မ်ားသည္ နမၼတူၿမိဳ႕နယ္ နားက်ဲေက်းရြာ၊ နားက်ိဳင္းေက်းရြာႏွင့္ ပိန္းလံုရြာတို႔မွ ေဒသခံ ၂၃၆ ဦးတို႔ျဖစ္ၿပီး၊ လက္ရွိမန္စံအုပ္စုရွိ မန္ေဟာင္ဘုန္းႀကီးေက်ာင္းတြင္ နားခိုေနၾကေၾကာင္း နမၼတူၿမိဳ႕နယ္ စစ္ေဘး ေရွာင္ ေကာ္မတီအဖြဲ႔မွ စိုင္းဘဉာဏ္ က သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။“ မေန႔ ညကေရာက္လာတယ္။ အဓိကေတာ့ RCSS နဲ႔ TNLA စစ္ေရးတင္းမာလို႔၊ အဲ့ရြာနားတဝိုက္မွာ စစ္သားေတြေရာက္လာလို႔ တိုက္ပြဲျဖစ္မွာ စိုးရိမ္တာနဲ႔ ထြက္လာၾက တာပါ”ဟု စိုင္းဘဉာဏ္က ဆိုသည္။ ထို စစ္ေရွာင္လာသည့္ သူမ်ားအတြက္ ေနရာထိုင္ခင္း၊ စားစရာမ်ားသည္ လက္ရွိမွာ အခက္အခဲမရွိေသးေၾကာင္း၊ အလွဴရွင္မ်ားက လာေရာက္ေပးထားေၾကာင္းလည္း စိုင္းဘဉာဏ္ က ေျပာသည္။
နမၼတူၿမိဳ႕နယ္အတြင္း စစ္ေရးတင္းမာမႈႏွင့္ ပတ္သက္ၿပီး RCSS/SSA မွ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး က “ က်ေနာ္တို႔တပ္နဲ႔ TNLA တပ္ စစ္ေရးတင္းမာမႈရွိတာေတာ့ ဟုတ္ပါတယ္။ တိုက္ပြဲေတာ့မျဖစ္ပါဘူး”ဟု သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ ဆက္လက္ၿပီး သွ်မ္းသံေတာ္ဆင့္ မွ TNLA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး တာ့အိုက္ေက်ာ္ကို ဆက္သြယ္ ေမးျမန္းရာ အဆိုပါ စစ္ေရးတင္းမာမႈႏွင့္ ပတ္သက္ၿပီး မသိရွိေသးေၾကာင္း ေျဖၾကားခဲ့သည္။ နမၼတူၿမိဳ႕နယ္အတြင္း RCSS/ SSA ႏွင့္ TNLA သည္ လြန္ခဲ့သည့္ ၂၀၁၆ ခုနစ္မွ စတင္ကာ စစ္ေရးတင္းမာမႈျဖစ္ပြားၿပီး တိုက္ပြဲမၾကာခဏျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ https://burmese.shannews.org/archive s/17232
**************
၂။ ရခိုင္စစ္ေဘးဒုကၡသည္ေတြ စားနပ္ရိကၡာ ျပတ္လတ္ေန
June 24, 2020
ဒီရက္ပိုင္းထဲမွာ နယ္ျခားေစာင့္ ရဲတပ္ဖဲြ႔၀င္တခ်ဳိ႕ ထိခုိက္ေသဆုံးတဲ့အထိ ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာလုံၿခံဳေရး တပ္ဖြဲ႔ေတြၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့အတြက္ ရခုိင္ျပည္နယ္ထဲမွာ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြ တုိးလာေနပါတယ္။ စစ္ေရးတင္းမာမႈေတြေၾကာင့္ လတ္တေလာခန္႔မွန္းေခ် ဒုကၡသည္ တသိန္းေျခာက္ေထာင့္ေလးရာေက်ာ္ ရွိေနရာကေန ေနာက္ထပ္ တုိးလာႏုိင္တယ္လုိ႔လည္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ံုး REC အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။ တုိက္ပဲြေတြေၾကာင့္ ဒုကၡသည္ေတြ လုံၿခံဳေရး စုိးရိမ္ေနၾကရသလုိ ကုိ႐ုိနာဗုိင္းရပ္စ္ ကပ္ေဘးကာလမွာ အေရး ေပၚ အကူအညီေတြ လုိအပ္ေနတယ္လုိ႔လည္း ေျပာပါတယ္။
ဒီရက္ပိုင္း တုိက္ပြဲေတြေၾကာင့္ ဒုကၡသည္ေတြ ပိုတိုးလာသလို တခ်ိဳ႕ယာယီခိုလံႈေရးစခန္းေတြမွာ စားနပ္ရိကၡာျပတ္လပ္လာ ေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကလည္း ေျပာျပပါတယ္“ ေလာေလာ ဆယ္မွာ က်မတို႔ ရေသ့ေတာင္ဘက္မွာ ေတာ္ေတာ္မ်ားမ်ားေတာ့ သူတို႔ အမိုးအကာလံုၿခံဳမႈေအာက္ ေရာက္သြားၾကၿပီ။ ဒါေပမဲ့ တခ်ိဳ႕ေတာ့ အခုေလာေလာဆယ္ တုိက္ပြဲကိုေရွာင္ၿပီး ေျပးလာတဲ့သူေတြမွာ ေနရာမရွိေသးတာေတြရွိတယ္။ အခုဆို ရင္ အားကစားခန္းမေတြထဲ ထားတယ္။ ဒါေပမဲ့ က်မတို႔ရခုိင္ျပည္နယ္သည္မိုးအရမ္းမ်ားတဲ့အတြက္ ေနထိုင္ေရးက အေတာ္ ေလးကို အခက္ခဲရွိပါတယ္။
အခုတေလာ ဒီတရက္ ၂ ရက္မွာကို ေက်ာက္တန္းတိုက္နယ္မွာ ေက်ာက္ခက္တို႔ ထိေစြ႔တို႔မွာ တပ္မေတာ္ကက ေနရာဝင္ယူ ထားေတာ့တဘက္နဲ႔တဘက္ တိုက္ပြဲျဖစ္မွာေၾကာက္လို႔ အဲ့ကရြာသားေတြေတာ္ေတာ္မ်ားမ်ား ရေသ့ေတာင္ဘက္ကို ေရာက္ ရွိလာေနၾကတယ္။ ရခိုင္ျပည္နယ္မွာ ဒုကၡသည္ေတြ လုံၿခံဳေရး၊ ကပ္ေဘးအႏၱရာယ္သာမက မုိးတြင္းကာလ ရာသီဥတုဒဏ္ နဲ႔လည္း ရင္ဆုိင္ေနၾကရတာပါ။ ဒီအတြက္လည္း တာ၀န္ရွိတဲ့ အစုိးရအေနနဲ႔ထိထိေရာက္ေရာက္ အကူအညီေပးေစခ်င္ တယ္လုိ႔ ရခိုင္အမ်ိဴးသားပါတီ ANP ရဲ႕ အတြင္းေရးမွဴး(၁) ဦးေအာင္ျမတ္ေက်ာ္က ေျပာပါတယ္။
ကပ္ေရာဂါႀကံဳရတဲ့အခ်ိန္ကစလုိ႔ ရခိုင္ျပည္နယ္မွာ စစ္ေဘးေရွာင္ဒုကၡသည္ေတြအတြက္ ပံုမွန္ေထာက္ပံ့ေပးေနတဲ့ အစီ အစဥ္ေတြအပါအဝင္ အလွဴရွင္ေတြဆီက ကူညီေထာက္ပံ့မႈ ရပ္တန္႔သေလာက္ျဖစ္ေနတယ္လုိ႔လည္း ေဒသခံ ႏိုင္ငံေရး အသုိင္းအဝန္းနဲ႔ အကူအညီေပးသူေတြက ေျပာပါတယ္။ အထူးသျဖင့္ အခုအခ်ိန္မွာ သက္ႀကီးရြယ္အိုေတြနဲ႔ ကေလးငယ္ ေတြအတြက္ အကူအညီေတြ အေရးတႀကီးလုိအပ္ေနတယ္လုိ႔လည္း REC အဖဲြ႔က ကိုေဇာ္ေဇာ္ထြန္းက ေျပာျပပါတယ္။
ကုလသမဂၢ စာနာမႈအကူအညီေပးေရးဆုိင္ရာ ညွိႏိႈင္းေဆာင္ရြက္ေရး႐ုံး (UNOCHA) ရဲ႕ ဇြန္လ ၂၃ ရက္ေန႔ ထုတ္ျပန္ခ်က္ အရ ရခုိင္ျပည္နယ္က စစ္ေဘးေရွာင္ ဒုကၡသည္စခန္းေတြနဲ႔ ၿမိဳ႕နယ္ေပါင္း ၁၄ ခုထက္ မနည္းမွာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကစလုိ႔ ေရႀကီးမႈေတြ ႀကံဳေနရတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ေျမပုံ၊ ေက်ာက္ေတာနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြက စစ္ေရွာင္စခန္းေတြမွာ ေရႀကီးမႈေတြေၾကာင့္ သက္ႀကီးရြယ္အုိေတြ၊ ကေလးငယ္ေတြနဲ႔ ကုိယ္၀န္ေဆာင္ေတြကုိ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးခဲ့ရ ေၾကာင္းနဲ႔ အကူအညီေပးေရးအဖဲြ႔ေတြက အေရးေပၚကူညီႏုိင္ေအာင္ ျပင္ဆင္ေနေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေျပာဆုိ ထားပါတယ္။ https://burmese.voanews.com/a/rakhine-refugee-food-in-need-/5475079.html
*************
၃။ KNU ၏ ကုိဗစ္ ေစာင့္ၾကည့္ေရးစခန္းတြင္ စားနပ္ရိကၡာ လုိအပ္ခ်က္ရွိေန
June 24, 2020
KNU-ကရင္အမ်ဳိးသားအစည္းအ႐ုံး၊ ဒူးပလာယာခရုိင္(တပ္မဟာ ၆)မွ ဖြဲ႔စည္းထားသည့္ COVID-19 အေရးေပၚတုန္႔ျပန္ေရး ေကာ္မတီ၏ ေကာ့ကရိတ္ၿမဳိ႕နယ္ရွိ ေရာဂါကာကြယ္ထိန္းခ်ဳပ္ ေစာင့္ၾကည့္ေရးစခန္း (Quarantine center) တြင္ စားႏွပ္ ရိကၡာ မလုံေလာက္မႈ အခက္အခဲရွိေနေၾကာင္း တာဝန္ရွိသူမ်ားက ယေန႔ ေျပာသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၇ ရက္ေန႔မွစ၍ ယခင္ ေကာ့ကရိတ္ၿမဳိ႕နယ္ ရြာသစ္ေက်းရြာတြင္ စတင္ဖြင့္လွစ္ထားသည့္ စင္တာ၌ လူဦး ေရ အေနအထားႏွင့္ ေနရာအက်ယ္အဝန္း အခက္အခဲေၾကာင့္ ေကာ့ကရိတ္-ျမဝတီသြားလမ္းမႀကီးေဘးရွိ KNU စုိက္ပ်ဳိး ေရး ႏွင့္ ေမြးျမဴေရးဌာနသုိ႔ ေျပာင္းေရႊ႕ေနရာခ်ထားၿပီး လက္ရွိတြင္ ထုိင္းႏုိင္ငံမွ ေနရပ္ျပန္ ေစာင့္ၾကည့္လူဦးေရ (၄၈) ဦး ရွိေနေၾကာင္း သိရသည္။ ေကာ့ကရိတ္ၿမဳိ႕နယ္၊ ကိုဗစ္ ထိန္းခ်ဳပ္ကာကြယ္ေရး ေကာ္မတီ တြဲဖက္အတြင္းေရးမႉး ေစာေအးျမ က “က်ေနာ္တုိ႔ သိရသေလာက္ ျပည္တြင္းမွာဝင္လာတဲ့ NGO ေတြရဲ႕ အကူအညီက အစုိးရ ဆီကုိပဲေရာက္တယ္။ အဲ့ကေန တစ္ဆင့္ က်ေနာ္တုိ႔ KNU ဗဟုိနဲ႔ ခရုိင္နဲ႔ ခ်ိတ္ဆက္မႈေတြ လုပ္ေနတယ္ေပ့ါေနာ္။ သူတုိ႔ ခရုိင္ကပံ့ပုိးတာဘာမွမရွိဘူး။ သုိ႔ေသာ္လည္းပဲ သူတုိ႔ဆီလည္း ဘာမွမေရာက္လာေသးတဲ့ သေဘာေတာ့ရွိတယ္။ အခုက က်ေနာ္တုိ႔ဆီကုိ တုိက္ရုိက္ပံ့ပုိး တဲ့ အစီအစဥ္ေတြ မရွိေသးဘူး” ဟု ေကအုိင္စီသုိ႔ေျပာသည္။
ထုိ႔အျပင္ လက္ရွိတြင္ ေကာ့ကရိတ္ၿမဳိ႕နယ္၏ ဘတ္ဂ်က္ေငြျဖင့္သာ စီစဥ္ေဆာင္ရြက္ေနၿပီး အဆုိပါ ဖြင့္လွစ္ထားသည့္ Quarantine Center ဆီသုိ႔ အစုိးရဘက္မွ ေနရပ္ျပန္သူမ်ားကုိ လာေရာက္လႊဲေျပာင္း ထားမႈရွိသလုိ က်န္းမာေရးစစ္ေဆးမႈ က႑တြင္သာ ပူးေပါင္းေဆာင္ရြက္မႈရွိၿပီး စားနပ္ရိကၡာ ေထာက္ပံ့မႈ တစ္စုံတစ္ရာမရွိ ေသးေၾကာင္းႏွင့္ လတ္တေလာ ကိစၥ ရပ္အတြက္ ဒူးပလာယာခရုိင္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းလည္း ေစာေအးျမက ဆက္ေျပာ သည္။
KNU ဒူးပလာယာခရုိင္မွ COVID-19 အေရးေပၚ တုန္႔ျပန္ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ ခရုိင္အတြင္း ထုိင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသုိ႔ ေနရပ္ျပန္ျပည္သူမ်ားအတြက္ Quarantine Center ၃ ခုဖြင့္လွစ္ေပးထားေၾကာင္း ခရုိင္တာဝန္ရွိသူမ်ား ထံမွ သိရသည္။ ထိုင္းႏိုင္ငံေဒသအသီးသီးမွ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမဝတီနယ္စပ္မွ တဆင့္ ဒုတိယ အႀကိမ္ ေမလ ၂၃ ရက္မွ ယေန႔ ဇြန္လ တတိယအပတ္ထိ လူဦးေရ ၃၀,၀၀၀ ေက်ာ္ ျပည္တြင္းသို႔ ျပန္လည္ ဝင္ေရာက္လာ ခဲ့ျဖစ္သည္။ ထုိအထဲတြင္ ေရာဂါပုိး ေတြ႔ရွိသူမ်ားလည္းရွိကာ ၎ေရာဂါးပုိးေတြ႔ရွိ သူမ်ားကို သက္ဆုိင္ရာ ဖားအံ၊ ေမာ္လၿမဳိင္ ႏွင့္ ရန္ကုန္ၿမဳိ႕မ်ားသုိ႔ ပုိ႔ေဆာင္ေပးခဲ့ၿပီးျဖစ္သည္။ http://kicnews.org/2020/06/knu%e1%81% 8f% e1%80%80% e1%80%af%e1%80%ad%e1%80%97%e1
*************
၄။ ေရးၿမိဳ႕နယ္ ေတာင္ပိုင္း၌ ၿခံသမားတစ္ဦး ေသနတ္ပစ္ခံထိသျဖင့္ ေမာ္လၿမိဳင္ ေဆးရံုတြင္ ကုသခံရ
June 22, 2020
ေရးၿမိဳ႕နယ္ ေတာင္ပိုင္း ရင္းရယ္ေတာင္ေျခတြင္ ၿခံသမားတစ္ဦး ညအိပ္ေစာင့္ေနစဥ္ ဇြန္လ ၂၁ ရက္ည ၁၀ နာရီခန္႔အခ်ိန္ က ေသနတ္ျဖင့္ ေခ်ာင္းေျမာင္းပစ္ခံထိသျဖင့္ ေမာ္လၿမိဳင္ေဆးရံု၌ ကုသခံေနရၿပီး ယခုအခါ စိုးရိမ္စရာအေျခအေနမရွိေတာ့ ေၾကာင္း သတင္းရရွိသည္။
ေသနတ္ပစ္ခံထိသူမွာ ရင္းရယ္ရြာသား ႏိုင္ဝမ္း ျဖစ္ၿပီး ၎၏ ညာဘက္နံရိုးကို ထိမွန္သြားသည္ဟု ညီမျဖစ္သူ လူနာေစာင့္ မိယဥ္စိန္က ေျပာသည္။“သူ႔မွာ ရန္သူလည္းမရွိဘူး ရန္သူေဟာင္း ရန္သူသစ္လည္းမရွိဘူး။ ပစ္တဲ့လူကို မေတြ႔မိဘူးဆို ေတာ့ ဘယ္သူလက္ခ်က္လည္းဆိုတာ မေျပာတတ္ပါဘူး၊ ရန္ညိဳးရန္စ ရွိထားတယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္”ဟု ၎ ကဆိုသည္။ အဆိုပါ ေသနတ္ပစ္ခတ္ခံရမႈႏွင့္ပတ္သက္၍ ရဲစခန္း၌ အမႈဖြင့္ထားျခင္းမရွိေသးေၾကာင္း မိယဥ္စိန္က ဆက္ ေျပာသည္။
ေသနတ္ဒဏ္ရာရရွိထားသည့္ေနရာမွ က်ည္ဆံထိပ္ဖူးခြဲထုတ္ခဲ့ၿပီးျဖစ္သည့္အတြက္ စိုးရိမ္စရာမရွိေတာ့သျဖင့္ ဒဏ္ရာ အနာ က်က္ရန္ တစ္ပတ္ ဆယ္ရက္ခန္႔ေနၿပီးပါက ေဆးရံုဆင္းရမည္ဟု လိုက္ပါကူညီေဆာင္ရြက္ေနသည့္ မြန္အရွင္ ဥကၠံသ က ေျပာသည္။ မြန္အရွင္ ဥကၠံသ က “အခုက်ည္ဆံထုတ္ၿပီးၿပီ၊ က်ည္ဆံက ဘယ္လိုအမ်ိဳးအစားျဖစ္တယ္ဆိုတာ ဆရာဝန္ မေျပာေသးပါ၊ က်ည္ဆံကထုတ္ၿပီးၿပီလို႔ အဲ့ေလာက္ပဲေျပာျပတယ္၊ ခန္႔မွန္းၾကည့္ရင္ေတာ့ ေတာပုန္းေသနတ္ျဖစ္ႏိုင္တယ္၊ စစ္သားေတြကိုင္တဲ့ ေသနတ္မျဖစ္ႏိုင္ဘူး။ ရြာနဲ႔ၿခံနဲ႔ သြားရင္ တစ္နာရီေလာက္ပဲ ၾကာတယ္၊ စစ္သားေတြလည္း မရွိပါဘူး” ဟု ေျပာသည္။
အဆိုပါ ရင္းရယ္ရြာႏွင့္အနီတဝိုက္တြင္ လက္နက္ကိုင္အဖြဲ႔အစည္းမ်ား သြားလာလႈပ္ရွားမႈမရွိသလို နယ္ေျမေအးခ်မ္းေသာ ေဒသျဖစ္သည့္အတြက္ ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မြန္ျပည္သစ္ပါတီႏွင့္ သက္ဆိုင္ရာ ရဲစခန္းမွ စံုစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု သိရသည္။ ေရးၿမိဳ႕နယ္ေတာင္ပိုင္းေဒသသည္ ယခင္က မြန္ျပည္သစ္ပါတီအမာခံ နယ္ေျမတစ္ခုျဖစ္ခဲ့ ေသာ္လည္း ၁၉၉၅ ခုႏွစ္ နဝတစစ္အစိုးရ ႏွင့္သေဘာတူခ်က္အရ တပ္စခန္းအေျခခ်ခြင့္ မရွိေတာ့ေပ။ http://burmese. monnews.org/2020/06/22/%e1%80 %9b%e1%80%b1%e1%80%b8%e1%80%99%e1%
***************
၅။ ေရြး/ေကာ္အား တင္ျပေဆြးေႏြးရန္ အခ်က္မ်ား တိုင္းရင္းသားပါတီမ်ား ျပင္ဆင္
June 24, 2020
ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ ေတြ႔ဆံုမည့္ အစည္းအေဝးတြင္ တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လြတ္လပ္ၿပီး တရား မွ်တေသာ ေရြးေကာက္ပြဲျဖစ္ေရးဆိုင္ရာ ကိစၥရပ္မ်ား တင္ျပေဆြးေႏြးသြားၾကမည္ဟု ေျပာသည္။
ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာက္မရွင္တို႔ ဇြန္ ၂၇ ရက္ေန႔ ရန္ကုန္ၿမိဳ႕တြင္ ေတြ႔ဆံုရာတြင္ သက္ ဆိုင္ရာ ၾကားေနအဖြဲ႔အစည္းမ်ားအား လြတ္လပ္စြာသတင္းရယူ၊ ထုတ္ျပန္ခြင့္မ်ားကို ဖြင့္ေပးရန္ေတာင္းဆိုသြားမည္ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD အေထြေထြအတြင္းေရးမွဴးခ်ဳပ္ စိုင္းလိတ္ ကေျပာသည္။ “ေရြးေကာက္ပြဲကို ေစာင့္ၾကည့္မယ့္ ၾကားေနအဖြဲ႔အစည္းေတြ လြပ္လပ္မွ်တစြာ သတင္းယူႏိုင္ခြင့္ သတင္းထုတ္ျပန္ႏိုင္ခြင့္ ဒါေတြရွိဖို႔အတြက္ကို သူတို႔ဘယ္လို စီမံေဆာင္ရြက္မႈမ်ိဳးေတြရွိသလဲ က်ေနာ္တို႔ ဖက္ကေတာ့ အဲဒီၾကားေနအဖြဲ႔အစည္းေတြ မ်ားမ်ားစားစားနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္ေအာင္ ဖြင့္ထားေပးဖို႔ ဒီဥစၥာကို က်ေနာ္တို႔ ေတာင္းဆို မွာ ျဖစ္ပါတယ္”ဟု ေျပာသည္။ လက္ရွိတြင္ တိုင္းရင္းသားေဒသမ်ားျဖစ္သည့္ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္ ပလက္ဝႏွင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ေရြးေကာက္ပြဲ က်င္းပမည့္ဆိုပါက အဆိုပါေဒသမ်ား တြင္ က်င္းပႏိုင္မည့္ အေနအထား ရွိ၊ မရွိကို ေဆြးေႏြးသြားရန္ရွိၿပီး ထိုသို႔ သိရွိႏိုင္မွသာ ႀကိဳတင္ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ ႏိုင္မည္ဟု SNLD က ဆိုသည္။
ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD ပါတီ အေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္က ၎တို႔ပါတီအေနျဖင့္ ေဆြးေႏြးမည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။“က်ေနာ္တို႔ဖက္ကေတာ့ အဓိကေဆြးေႏြးရမွာကေတာ့ ရခိုင္ ကိုယ္စားျပဳပါတီေတြျဖစ္တဲ့အတြက္ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ တစ္ျပည္နယ္လံုး အတိုင္းအတာနဲ႔ ျဖစ္ႏိုင္မျဖစ္ႏိုင္ ေမးၾကရမွာေပါ့ဗ်ာ။ တစ္ဖက္မွာလည္း ျပည္ေထာင္စု တစ္ခုလံုးမွာလည္း ေရြးေကာက္ပြဲျဖစ္ႏိုင္လား ဆိုတဲ့ဟာမ်ိဳး ဒီလို ေမးခြန္းေလးေတြေတာ့ ရွိမွာေပါ့။ ေနာက္တစ္ခါေနၿပီးေတာ့ အခုေရြးေကာက္ပြဲ က်င္းပတဲ့အခ်ိန္က COVID ရဲ႕ အခ်ိန္လည္း ရွိေနတယ္ေလ။ ဒီအတြက္ကိုလည္း ဘယ္လိုအကာအကြယ္ အတားအဆီးပါ ဒါေတြလည္း ေမးခြန္းေတြ အေနနဲ႔ကေတာ့ ရွိမွာပါ။”
ထို႔အတူ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ကလည္း ေရႊ႕ေျပာင္းအလုပ္သမားမ်ား မဲေပးမည့္ ကိစၥရပ္မ်ား၊ ႀကိဳတင္မဲကိစၥ၊ တပ္မဲရံုကိစၥႏွင့္ ပြင့္လင္းျမင္သာ၍ တရားမွ်တေသာ ေရြးေကာက္ပြဲျဖစ္ေအာင္ လုပ္ေဆာင္ေပးရန္ စသည့္အခ်က္မ်ားကို အဆိုပါ ေတြ႔ဆံုပြဲတြင္ တင္ျပေဆြးေႏြးသြားရန္ ရွိသည္ဟု KSPP ဒု-ဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔က ေရြးေကာက္ပြဲကို ရက္ေရႊ႕ဆိုင္းျခင္း သို႔မဟုတ္ ပံုမွန္အတိုင္း ျပဳလုပ္မည္ဆိုပါ က ေရြးေကာက္ပြဲတြင္ ပါဝင္မည့္ သက္ဆိုင္ရာ ပါတီမ်ား၏ သေဘာတူညီခ်က္ကို ရယူရန္ SNLD ပါဝင္သည့္ စည္းလံုး ညီညႊတ္ေသာ တိုင္းရင္းသားမ်ား မဟာမိတ္ UNA ႏွင့္ မိတ္ဖက္ အဖြဲ႔အစည္းမ်ားက ထုတ္ျပန္ေၾကညာခ်က္ထုတ္ကာ ေရြးေကာက္ပြဲေကာ္မရွင္အား တိုက္တြန္း ေတာင္းဆိုထားသည္။ ထိုေတာင္းဆိုမႈ ေနာက္ပိုင္း ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကေရြးေကာက္ပြဲဝင္မည့္ သက္ဆိုင္ရာႏိုင္ငံေရးပါတီမ်ားအား ေတြ႔ဆံုေဆြးေႏြးရန္ ေျပာဆိုလာျခင္းျဖစ္သည္။ ေရြးေကာက္ပြဲကို ႏိုဝင္ဘာလတြင္ က်င္းပမည္ဆိုေသာ္လည္း က်င္းပမည့္ေန႔ အတိအက်ကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC မွ တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပ။ https://www.bni online.net/mm/news-73767
**************
၆။ ဖားကန္႕ေဒသတြင္ ေျမၿပိဳမႈေၾကာင့္ သံုးဦးေသဆံုးၿပီး ေျခာက္ဦးဒဏ္ရာရရွိကာ ေပ်ာက္ဆံုးသူမ်ားကို ရွာေဖြေနဆဲျဖစ္
June 24, 2020
ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု စေပါ့ေက်းရြာႏွင့္ ဘြမ္နန္ေက်းရြာၾကားရွိ ရတနာအဓိပတိ ကုမၸဏီ လုပ္ကြက္ က်င္းၿပိဳက်ခဲ့ရာ သံုးဦးေသဆံုးခဲ့ၿပီး ေျခာက္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။ ေျမၿပိဳမႈျဖစ္စဥ္မွာ ဇြန္၂၃ ရက္ ညေန ၃ နာရီ ၃၉ မိနစ္ခန္႔တြင္ ျဖစ္ပြားခဲ့ၿပီး ေျမၿပိဳမႈအေျခအေနကို ႀကိဳတင္သတိေပးမႈမ်ား ျပဳလုပ္ႏိုင္ခဲ့ေၾကာင္း၊ ေျမ ၿပိဳသည့္ဘက္မွ လူအမ်ားေရွာင္တိမ္းႏိုင္ခဲ့ေသာ္လည္း ေရကန္တစ္ဖက္မွလူမ်ားမွာ ေျမစာမ်ား ေရကန္အတြင္းက်သည့္ အ ရွိန္ေၾကာင့္ ေရလိႈင္းမ်ားဆြဲခ်သည့္အေျခအေနမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ေပ်ာက္ဆံုးစာရင္းမ်ားကို လိုက္လံေၾကညာေနေၾကာင္း စေပါ့ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းယုက ေျပာၾကားသည္။
ဖားကန္႔အေထြေထြအုပ္ခ်ဳပ္ေရး မွတ္တမ္းမ်ားအရ ေသဆံုးသူမွာ ေမွာ္ရွန္ေက်းရြာ ေနသူ ၅၁ ႏွစ္အရြယ္ရွိ ဦးေအာင္ျမင့္မွာ ယင္းေျမၿပိဳခ်ိန္တြင္ အျမင့္ေပ ၆၀ ခန္႔မွ ျပဳတ္က်ခဲ့ၿပီး ဦးေခါင္းေပါက္ၿပဲ၊လက္ေမာင္းက်ိဳးပဲ့ကာ ေဆးရံုသို႔ ကားျဖင့္ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ေၾကာင္း၊ ဆိပ္မူေက်းရြာမွ ၄၅ ႏွစ္အရြယ္ရွိ ဦးေနာ္ေတာင္ ႏွင့္ ဦးေက်ာ္စိုး (အခ်က္အလက္ စိစစ္ဆဲ) မွာ ေရလိႈင္း ႏွင့္ ဆြဲခ်ခံရကာ ေသဆံုးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ရွာေဖြေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေန ၿပီး ေပ်ာက္ဆံုးစာရင္းမ်ားကို ေကာက္ယူေနဆဲျဖစ္ေၾကာင္းသိရသည္။ ၂၀၂၀ ျပည့္ႏွစ္အတြင္း ေျမၿပိဳ၊ ေမ်ာေခ်ာင္းေပါက္ က်မႈမ်ား၊ ေျခေခ်ာ္ျပဳတ္က်မႈမ်ားေၾကာင့္ လူေသဆံုး မႈ ၃၀ နီးပါးရွိခဲ့ၿပီျဖစ္ေၾကာင္း အစိုးရမွတ္တမ္းမ်ားအရ သိရသည္။
ဖားကန္႔ေဒသတြင္ ျမန္မာႏိုင္ငံအရပ္ရပ္မွေရာက္ရွိလာသည့္ေရႊ႕ေျပာင္းလုပ္သား သံုးသိန္းဝန္းက်င္အၿမဲရွိေနၿပီး ေက်ာက္စိမ္း လုပ္ကြက္မ်ားတြင္ တရားမဝင္ တစ္ႏိုင္တစ္ပိုင္ တူးေဖာ္ျခင္း၊ ေျမစာပံုမ်ားတြင္ ေရမေဆးရွာျခင္း၊ ေက်ာက္စိမ္းတူးေဖာ္ေနဆဲ လုပ္ကြက္မ်ားတြင္ ေက်ာက္စိမ္းရွာေဖြျခင္းစသည့္ လုပ္ငန္းမ်ားတြင္လုပ္ကိုင္ေနၿပီး ေျမၿပိဳမႈေၾကာင့္လစဥ္ေသဆံုးမႈမ်ားရွိခဲ့ သည္။
ဦးသိန္းစိန္အစိုးရ လက္ထက္တြင္ သတၱဳတြင္းဝန္ႀကီးဌာန၏ စာရင္းမ်ားအရ ဖားကန္႔ေဒသတြင္ ပုဂၢလိက ကုမၸဏီ ၈၀၈ ခု တစ္ဧက လုပ္ကြက္ေပါင္း ၁၅၆၃၈ ကြက္၊ အက်ိဳးတူ ကုမၸဏီ ၂၂၂ ခု၊ လုပ္ကြက္ေပါင္း ၃၀၂ ကြက္အထိ ရွိခဲ့သည္။ NLD အစိုးရလက္ထက္တြင္ လုပ္ကြက္မ်ားကို သက္တမ္းတိုးေပးျခင္း မရွိေတာ့ဘဲ လုပ္ကြက္ဧရိယာ အက်ယ္အဝန္းႏွင့္ ေပါင္းစပ္ တူးေဖာ္ခြင့္မ်ား ကန္႔သတ္ခဲ့သည္။ လက္ရွိတြင္ အက်ိဳးတူလုပ္ကြက္ ေလးခု၊ ပုဂၢလိကလုပ္ကြက္ ၆၃၆ ကြက္ရွိၿပီး အမ်ားစုမွာ ခိုးတူးေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။ https: //news-eleven.com/article/179872
**************
၇။ ေမာ့ကနင္ေက်းရြာတြင္ ေနအိမ္ ၁၈ လံုးေက်ာ္ မီးေလာင္သျဖင့္ အိမ္ေထာင္စု ၂၇ စုေဘးသင့္ခံရ
June 23, 2020
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေမာ့ကနင္ေက်းရြာတြင္ အိမ္ ၁၈ လံုး မီးေလာင္ကြ်မ္းသျဖင့္ အိမ္ေထာင္စု ၂၇ စုႏွင့္ လူဦးေရ ၁၄၄ ဦး မီးေဘးသင့္ ခံေနရသည့္အျပင္ အျခားေနအိမ္ ၉ လံုးလည္း အိမ္အကာနံရံမ်ား မီးထဲပါရွိသြားသည့္အတြက္ လတ္တေလာ ဆံုးရံႈးမႈတန္ဖိုး မခန္႔မွန္းႏိုင္ေသးေၾကာင္း ေမာ့ကနင္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးအင္းစိန္က ေျပာသည္။ ဇြန္လ ၂၂ ရက္ေန႔ ညေန ၃ နာရီ ၁၅ မိနစ္ခန္႔တြင္ မီးစေလာင္ကြ်မ္းခဲ့ၿပီး ၂ နာရီခန္႔အၾကာ မီးညြန္႔အရွိန္က်ိဳးကာ ည ၁၁ နာရီခြဲခန္႔က မီးၿငိမ္းသတ္ႏိုင္ခဲ့ၿပီး စိစစ္မႈေတြအရ အိမ္တြင္း လွ်ပ္စစ္ဝါယာေရွာ့ေၾကာင့္ဟု မီးသတ္ဌာနက မွတ္ခ်က္ျပုသည္။ “ေလာင္တာ ကေတာ့ ဝါယာႀကိဳးေရွာ့ ျဖစ္ၿပီးေလာင္တယ္လို႔ ေျပာၾကတာေပါ့ ဒါက မီးသတ္တပ္ဖြဲ႔ရဲ႕ စိစစ္ခ်က္အရ ျပည္သူ႔ရဲေတြ စိစစ္ ခ်က္အရ ၿမိဳ႕နယ္ေထြအုပ္ဌာနရဲ႕ စိစစ္ခ်က္အရ ဒီမီးေပးထားတဲ့ ပါဝါႀကိဳးကေန ေရွာ့ျဖစ္ၿပီးေတာ့ ေလာင္တယ္လို႔ ေျပာၾက တာေပါ့” ဟု ၎ကဆိုသည္။
“ဒီေဘးနားမွာပဲလားဆိုၿပီး ဘာမွယူလို႔လည္း မမွီေတာ့ ဂုန္နီအိတ္တစ္လံုးယူၿပီးေတာ့ ပစၥည္းတစ္ခ်ိဳ႕ကိုထည့္ၿပီး ေျမးနဲ႔ ေျပးသြားေတာ့တာပဲ အခုဘာမွမရွိေတာ့ဘူး အကုန္ေလာင္သြားကုန္ၿပီ တန္ဖိုးက အမ်ားႀကီးပဲ ဆံုးရံႈးသြားတာ ဆံုးရံႈးသြားတဲ့ တန္ဖိုးက အခုျမင္ေနရတဲ့အတိုင္းပဲ အိမ္မွာရွိတဲ့ ကေလးစရာ ပစၥည္းေတြ စေလာင္းေတြ TV ေတြ အကုန္ကုန္သြားတယ္ မီးစက္ေတြ ပစၥည္းေတြ တစ္အိမ္လံုးလည္း အကုန္ဖ်က္စီးသြားတယ္”ဟု မီးေဘးသင့္ခဲ့ရၿပီး ေနအိမ္ဆံုးရံႈးခဲ့ရသည့္ ေဒၚစန္း က ေျပာသည္။ မီးေလာင္ရာမွာ မ်က္ျမင္ႀကံဳေတြ႔ခဲ့ရသူ မေအးၾကဴက “ဟို အိမ္မီးေလာင္သြားၿပီ ၾကည့္လိုက္ေတာ့ မီးခိုးေတြ ထြက္ေနတယ္ အဲ့ဒါနဲ႔ အေရးႀကီးတဲ့ ပစၥည္းေတြယူတယ္ ယူေနတုန္းပဲ ရွိေသးတယ္ မီးကေလာင္တယ္ ၾကည့္ေနတုန္းမွာပဲ ေနာက္တစ္အိမ္ ဆက္ကူးသြားတယ္ မီးကအားေကာင္းေနတယ္ေလ ခုနေနေနာက္တစ္အိမ္ သံုးအိမ္ေျမာက္ကို ဆက္ကူး သြားတယ္ တစ္လမ္းလံုး ျခားေနတာေတာင္ မီးကူးလာတယ္ အဲ့ခ်ိန္မွာ မီးသတ္ကားကေတာ့ ေရာက္လာၿပီး အဲ့မွာေၾကာက္ ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းမွာ သြားေနလိုက္တယ္ေပါ့” ဟု ေျပာသည္။
အဆိုပါ မီးေလာင္ေနအိမ္ (၁၈) လံုးတို႔ကို ဆန္တစ္အိတ္ႏွင့္ ေငြတစ္သိန္းစီႏွင့္ က်န္ေနအိမ္ (၆) လံုးကို ဆန္တစ္အိတ္ႏွင့္ ေငြငါးေသာင္းစီ ျပည္နယ္လႊတ္ေတာ္ ဒုတိယ ဥကၠဌ ေဒါက္တာေအာင္ႏိုင္ဦး ႏွင့္ “အအာခရီး” အဖြဲ႔တို႔ကလည္းေကာင္း၊ ေမာ္လၿမိဳင္ၿမိဳ႕မွ ဘိုဘိုဝင္းလူမႈကယ္ဆယ္ေရးအဖြဲ႔ကလည္းေကာင္း ဆန္၊ ဆီႏွင့္ ပစၥည္းတခ်ိဳ႕တို႔ကို သြားေရာက္ကူညီ ေထာက္ပံ့ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ http://burmese.monnews.org/2020/06/23/%e1%80%99%e1%80%b 1%e1%80%ac%e1%80%b7%e1%
*************
၈။ နမ့္ခမ္း ေဒသခံမ်ားပိုင္ ထင္းစိုက္ခင္း (၉၇) ဧက ျပန္လႊဲေျပာင္းေပးမည္ ဟုဆို
June 25, 2020
သွ်မ္းျပည္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ ေကာင္းကတ္ေက်းရြာအုပ္စုရွိ သစ္ေတာဦးစီးဌာနမွ သိမ္းယူထားသည့္ ေျမဧရိယာ (၉၇) ဧက ကို ေက်းရြာပိုင္မ်ား ထင္းစိုက္ခင္းအျဖစ္ ျပန္လည္လႊဲေျပာင္းေပးမည္ဟု လႊတ္ေတာ္တြင္ ေဒါက္တာ ညီညီေအာင္ က ေျပာၾကားလိုက္သည္။
ယမန္ေန႔ ( ဇြန္ ၂၄)ရက္တြင္ က်င္းပသည့္ သွ်မ္းျပည္ လႊတ္ေတာ္ (၁၉ ) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးတြင္ နမ့္ခမ္းၿမိဳ႕ နယ္ မဲဆႏၵနယ္ အမွတ္ (၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးေမာင္ မွ ေကာင္းကတ္ေက်းရြာအုပ္စု ကြင္းျပင္ပ ေဒသရွိ သစ္ေတာစိုက္ခင္းအျဖစ္ သိမ္းယူထားသည့္ ေျမမ်ားအနက္ စိုက္ပ်ိဳးျခင္းမရွိေသာ ေျမဧရိယာ (၉ ၇) ဧက ကို မူလ ပိုင္ရွင္ ေတာင္သူ ၂၈ ဦးထံ သို႔ ျပန္လည္လႊဲေျပာင္းေပးရန္ အစီစဥ္ ရွိ /မရွိ ၾကယ္ပြင့္ျပ ေမးခြန္း ေမးျမန္းခဲ့ပါသည္။
အဆိုပါ ေမးျမန္းမႈႏွင့္ ပတ္သက္ၿပီး သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္ မွ နမ့္ခမ္းၿမိဳ႕နယ္ ေကာင္းကတ္ေက်းရြာအုပ္စု သစ္ေတာစိုက္ခင္းမ်ားကို ေက်းရြာပိုင္ထင္းစိုက္ခင္းအျဖစ္ လႊဲေျပာင္းေပးမည္ဟု လႊတ္ေတာ္တြင္း ျပန္လည္ေျဖၾကားခဲ့ေျကာင္း သိရသည္။ နမ့္ခမ္း သစ္ေတာ ဦးစီးဌာနမွ (၁၉၉၅ – ၁၉၉၆) ခုႏွစ္တြင္ ေက်းရြာသံုး ထင္းစိုက္ခင္း အျဖစ္ စိုက္ပ်ိဳးရန္ သိမ္းယူခဲ့ၿပီး သိမ္းယူေျမဧက (၁၀ဝ) အနက္ ၃ ဧက သာ ထင္းစိုက္ခင္းအျဖစ္ သစ္ေတာဦးစီးဌာနက စိုက္ပ်ိဳးခဲ့ၿပီး က်န္ရွိသည့္ ဧက (၉၇) ဧက တြင္ စိုက္ပ်ိဳးခဲ့ျခင္း မရွိေၾကာင္း သိရသည္။ https://bur mese.shannews.org/archives/17252
*************
၉။ ကရင္ျပည္နယ္တြင္ ဆႏၵမဲေပးခြင့္ရွိသူ ၂ သိန္းနီးပါးတိုးလာ
June 25, 2020
၂ဝ၂ဝ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ကရင္ျပည္နယ္အေနျဖင့္ ၂ဝ၁၅ ခုႏွစ္ ဆႏၵမဲ ေပးခြင့္ရွိသူထက္ လူဦးေရ ၂ သိန္းနီးပါး တုိးလာသည္ဟု ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔၏ ေကာက္ယူထားသည့္ စာရင္းအရ သိရသည္။ ကရင္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔က ၂ဝ၁၉ ခုႏွစ္ ဇြန္လမွ ၂ဝ၂ဝ ျပည့္ႏွစ္ ဇြန္လအထိ ဆႏၵမဲေပးခြင့္ရွိသူ ၁၁ သိန္းနီးပါး စာရင္းေကာက္ယူထားၿပီး ၎ဆႏၵမဲေပးခြင့္ရွိသူမ်ားထဲတြင္ အစိုးရ တပ္မေတာ္သားမ်ား၏ ဆႏၵမဲထည့္ခြင့္စာရင္း ပါဝင္မႈမရွိ ေသးေၾကာင္း ေကအိုင္စီမွ စုံစမ္းသိရွိရသည္။
“ ၂ဝ၁ဝ၊ ၂ဝ၁၅ ခုႏွစ္ ေရြးေကာက္ပြဲမွာ မဲဆႏၵနယ္ေရာ၊ မဲထည့္ခြင့္ေရာ မရခဲ့ဘူး။ ၂ဝ၂ဝ ေရြးေကာက္ပြဲအတြက္ အေျခခံမဲ စာရင္း ေကာက္ခံထားတယ္ဆုိေတာ့ က်ေနာ္တုိ႔နယ္က ေက်းရြာအုပ္စုေတြ ပါလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရတယ္။ အစိုးရ အုပ္ခ်ဳပ္ေရးမွဴး မရွိတဲ့ ေက်းရြာအုပ္စု အမ်ားႀကီးရွိေတာ့ ေဒသခံေတြ မဲထည့္ခြင့္ရဖို႔ ေကာ္မရွင္နဲ႔ တုိင္းရင္းသားအဖြဲ႔ေတြ ညိွႏိႈင္းေဆာင္ရြက္ေပးေစလိုတယ္”ဟု ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) ဒုဥကၠ႒ စေက်ာ္စြာက ဇြန္လ ၂၃ ရက္ေန႔ ေကအိုင္စီ သို႔ေျပာသည္။
ကရင္ျပည္နယ္တြင္ ဖာပြန္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္အခ်ိဳ႕ရွိ ေက်းရြာမ်ားတြင္ အစိုးရမွ ခန္႔အပ္ထားသည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး မရွိေသးသည့္အတြက္ ေဒသခံမ်ား ဆႏၵမဲထည့္ခြင့္ရဖို႔ မေသခ်ာေသးသည့္အေပၚ အစိုးရဌာနဆုိင္ ရာမ်ားႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔တို႔ ညွိႏိႈင္းေဆာင္ရြက္မႈရွိသည္ဟု ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး ၿမိဳ႕နယ္တာဝန္ရွိသူမ်ားထံမွ သိရသည္။
၂ဝ၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ကရင္ျပည္နယ္အေနျဖင့္ ဆႏၵမဲေပးခြင့္ရွိ သူဦးေရ ၉ သိန္းေက်ာ္ရွိၿပီး ပါတီေပါင္း ၁၉ ပါတီမွ ကိုယ္စားလွယ္ေလာင္း ၂၆ဝ ေက်ာ္ ဝင္းေရာက္ယွဥ္ၿပိဳင္ကာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ မဲဆႏၵ နယ္အမ်ားစု အႏိုင္ရရွိသည္ဟု ေရြးေကာက္ပြဲေကာ္မရွင္ မွတ္တမ္းမ်ားအရ သိရသည္။ http://kicnews.org/2020/06/ %e1%80%80%e1%80%9b %e1%80%84%e1%80%b9%e1%80%bb%e1%
************
၁၀။ ကရင္နီေတာင္သူ ၂၂ ဦးအေပၚ ျပစ္ဒဏ္ထပ္တိုးေပးရန္ တပ္မေတာ္က တရားရံုးတြင္ ေလွ်ာက္ထား
June 25, 2020
ေျမယာအျငင္းပြားမႈနဲ႔ပတ္သက္ၿပီး ျပစ္ဒဏ္ခ်မွတ္ခံထားရၿပီးျဖစ္တဲ့ ကရင္နီေတာင္သူ ၂၂ ဦးအေပၚ ေနာက္ထပ္ျပစ္ဒဏ္ ထပ္တိုးခ်မွတ္ေပးဖို႔ တပ္မေတာ္က ကယားျပည္နယ္တရားရံုးမွာ ေလွ်ာက္ထားလိုက္ပါတယ္။ လြိဳင္ေကာ္အေျခစိုက္ အေျမာက္ တပ္ ၃၅၆ တပ္ရင္းနဲ႔ ခလရ ၂၅၀ တပ္ရင္းတို႔က ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢအဖြဲ႔ဝင္ေတြျဖစ္တဲ့ ခြန္းဘြယ္မူး၊ ခြန္းေကာရီယို၊ ခြန္းေမာင္လြင္နဲ႔ တရားစြဲခံရတဲ့ ေတာင္သူ ၁၉ ဦးတို႔ကို ျပစ္ဒဏ္ထပ္တိုးေပးဖို႔ ေလွ်ာက္ထားခဲ့ တာျဖစ္ပါတယ္။
ကရင္နီေတာင္သူ ၁၉ ဦးတို႔ကို ပုဒ္မ ၄၄ရ၊ ပုဒ္မ ၂၉၄၊ ၃၅၃၊ ၄၂၇၊ နဲ႔ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒပုဒ္မ ၆(၁) တို႔ နဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က အမႈတြဲသီးျခားစီ တရားစြဲဆိုခံခဲ့ရၿပီး ၂၀၂၀ ျပည့္ႏွစ္ မတ္လ ၁၃ ရက္ေန႔က သူတို႔ကို လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးက ပုဒ္မအလိုက္ ဒဏ္ေငြက်ပ္ ၂၀ဝ၀ဝ စီနဲ႔ ခ်ဳပ္ရက္ ထုတ္ႏုတ္ခံစားခြင့္ျပဳတဲ့ ေထာင္ ဒဏ္ ၆ လ ခ်မွတ္ခဲ့ပါတယ္။ အဆိုပါ ျပစ္ဒဏ္ေတြဟာ နည္းေနတယ္ဆိုၿပီး မူလ တရားစြဲဆိုတဲ့ တပ္မေတာ္အရာရွိေတြက လြိဳင္ေကာ္ခရိုင္တရားရံုးကို ေလွ်ာက္ထားခဲ့ပါတယ္။ ခရိုင္တရားရံုးက ပလပ္ခဲ့တာေၾကာင့္ ျပည္နယ္ တရားလႊတ္ေတာ္ကို ထပ္ၿပီး ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး အဲဒီျပင္ဆင္ခ်က္ကို ျပည္နယ္တရားလႊတ္ေတာ္က လက္ခံတဲ့အတြက္ ဒီကေန႔ဇြန္လ ၂၅ ရက္ေန႔မွာ ေတာင္သူေတြကို ေခၚယူလက္မွတ္ထိုးခိုင္းခဲ့တယ္လို႔ ေတာင္သူေတြရဲ့ေရွ႕ေန ခူးတေလပိုးရယ္က ေျပာပါတယ္။
ဒီကေန႔မွာေတာ့ ေရွ႕ေနပါဝါတင္ၿပီး ေနာက္ထပ္ရံုးခ်ိန္းမွာ အမႈကို ေလွ်ာက္လဲခ်က္ၾကား နာဖို႔ေနကာ ေလွ်ာက္လဲၾကားမွာၿပီး ရင္ေတာ့ အမိန္႔ခ်မွာျဖစ္ပါတယ္။ လာမယ့္ရံုးခ်ိန္းရက္ေတြကိုေတာ့ တရားလႊတ္ေတာ္က ေဖ့စ္ဘြတ္စာမ်က္မွာကေန ေၾကညာေပးမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က တရားစြဲဆိုခံထားတဲ့ ေတာင္သူ ၂၂ ဦးထဲက ပုဒ္မ ၆(၁) နဲ႔ တရားစြဲဆို ခံရသူ ၃ ဦးရွိၿပီး သူတို႔ေတြဟာ ေထာင္တြင္းမွာ ဖမ္းဆီးခ်ဳပ္ေႏွာင္တရားရင္ဆိုင္ခဲ့ရပါတယ္။ ၿမိဳ႕နယ္တရားရံုးက အမိန္႔ခ် မွတ္စဥ္မွာေတာ့ ပုဒ္မ ၆၁ အပါအဝင္ က်န္တဲ့အမႈေတြနဲ႔ပါ တရားစြဲဆိုခံရတဲ့ ဦးဦးရယ္နဲ ဦးရွားရယ္ကိုေတာ့ ေထာင္ဒဏ္ ေျခာက္လနဲ႔ ေငြဒဏ္ေတြ ခ်မွတ္ခံခဲ့ရၿပီး တစ္ဦးက အမႈမွ ကြင္းလံုးကြ်တ္လြတ္ေျမာက္ခဲ့ပါတယ္။
ကယားျပည္နယ္တရားလႊတ္ေတာ္က ခူးဦးရယ္ထံ ေပးပို႔ခဲ့သည့္ အေၾကာင္းၾကားစာအရ အခင္းျဖစ္တဲ့ေန႔က ခူးဦးရယ္နဲ႔ ခူးရွားရယ္တို႔ ဝင္ေရာက္ဖ်က္ဆီးခဲ့တဲ့ ခလရ (၂၅၀) မွ အုတ္တံတိုင္းေတြဟာ ျပည္သူပိုင္ပစၥည္းေတြျဖစ္ၿပီး ကာလတန္ဖိုး က်ပ္ ၁၄၉ သိန္းခန္႔ျဖစ္လို႔ ႏိုင္ငံ့ဘ႑ာဆံုးရံႈးမႈနဲ႔ ႏိႈင္းယွဥ္ပါက ေထာင္ဒဏ္ ေျခာက္လျပစ္ဒဏ္မွာ နည္းပါးလြန္းလွတယ္လို တရားလိုက ေရးသားထားပါတယ္။ တရားစြဲဆိုခံရတဲ့ ေတာင္သူအမ်ားစုဟာ တရားစြဲဆိုခံရလို႔ လယ္ယာေျမေတြ ျပန္လည္ လုပ္ခြင့္မရေတာ့ဘဲ့ မိသားစုစားဝတ္ေနေရးအခက္အခဲေတြ ႀကံဳေတြ႔ေနရပါတယ္။ ကယားျပည္နယ္၊လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆို ၿမိဳ႕နယ္မွာ ၂၀၁၉ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ေျမယာအျငင္းပြားမႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္က တရားစြဲဆိုထားတဲ့ ေဒသခံ ေတာင္သူေပါင္း ၄၁ ဦး ရွိပါတယ္။ http://burmese.dvb.no/archive s/396084
**************
၁၁။ က်န္းမာေရးစစ္ေဆးမႈ မခံယူဘဲ ေအာ္ဟစ္ဆူပူမႈျပဳလုပ္သူအား ေထာင္ဒဏ္ ၆ လ အမိန္႔ခ်
June 23, 2020
ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျမဝတီ-မဲေဆာက္ အမွတ္ ၂ တံတားမွတဆင့္ ျမဝတီဘက္ျခမ္း BCF တြင္ (ဇြန္ လ ၂၃ ရက္ေန႔) ဝင္ေရာက္လာသည့္ အမ်ိဳးသားတစ္ဦးမွာ အရက္ေသစာေသာက္စားလာၿပီး စစ္ေဆးမႈမခံယူဘဲ ေအာ္ဟစ္ဆူပူေနျခင္းမ်ား ျပဳလုပ္သည့္အတြက္ ျမဝတီၿမိဳ႕နယ္တရားရံုးက ေထာင္ဒဏ္ ၆ လ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ထိုင္း-ျမန္မာ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားမွ တဆင့္ ယေန႔ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္ခန္႔က ဝင္ ေရာက္လာသူ ဖားအံၿမိဳ႕ ေတာင္ကေလးေက်းရြာေန ေစာခင္စိုးဝင္း ၃၇ ႏွစ္သည္ အရက္ေသစာေသာက္စားလာၿပီး စစ္ေဆး မႈမခံယူျခင္း၊ ေအာ္ဟစ္ဆူပူေနျခင္းမ်ား ျပဳလုပ္ခဲ့သည္။ သို႔ျဖစ္၍ ယင္းျဖစ္စဥ္အား ျမဝတီခရိုင္ေဆး႐ုံအုပ္ႀကီး ေဒါက္တာ နႏၵဝင္း မွ တရားလိုျပဳလုပ္တိုင္တန္းမႈအရ ၿမိဳ့နယ္ တရားသူႀကီး ဦးေဝဇင္မန္းမွ လက္ခံစစ္ေဆးၿပီး ညေန ၆ နာရီ အခ်ိန္တြင္ ေစာခင္စိုးဝင္းအား ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ပုဒ္မ ၁၈ အရ ေထာင္ဒဏ္ (၆) လ က်ခံေစရန္ အမိန္႔ခ်မွတ္ ခဲ့ျခင္းျဖစ္သည္။
ယမန္ေန႔ ဇြန္လ ၂၂ ရက္ေန႔ကလည္း ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံ ထိုင္း-ျမန္မာ အမွတ္ ၂ တံတားမွတဆင့္ ျပန္လာသူ အမ်ိဳး သမီး တစ္ဦးမွာ ျမဝတီ BCF ဇုန္ သို႔ မဝင္ဘဲ ကားျဖင့္ ခိုးထြက္သြားသျဖင့္ ၎အမ်ိဳးသမီးႏွင့္ အတူယာဥ္ေမာင္း အမ်ိဳးသား (၁)ဦးအား ျမဝတီၿမိဳ႕နယ္တရားရံုးမွ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒ ပုဒ္မ ၁၈ ျဖင့္ ေထာင္ဒဏ္(၄)လစီ အမိန္႔ခ်ခဲ့ ၿပီး ျမဝတီနယ္စပ္ BCF ဇုန္တြင္ ဥပေဒခ်ိဳးေဖာက္မႈျဖင့္ အဆိုပါ ဥပေဒျဖင့္ အေရးယူခံသူ (၃)ဦးထိရွိၿပီျဖစ္သည္။ http://k icnews.org/2020/06/%e1%80%80%e 1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%8
************
၁၂။ တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းပိတ္ဆို႔၍ ေက်းရြာ (၄၀) ေက်ာ္ ဆန္ျပတ္လပ္ေန
June 25, 2020
ျမန္မာ့တပ္မေတာ္က ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား ပိတ္ဆို႔ထားသည့္အတြက္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္အတြင္းရွိ ခ်င္း လူမ်ိဳးအမ်ားစုေနထိုင္ၾကေသာ ေက်းရြာေပါင္း (၄၀) ေက်ာ္မွေဒသခံျပည္သူမ်ား ဆန္ျပတ္လပ္ေနၿပီဟုသိရသည္။
ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ (AA) အၾကားျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡေၾကာင့္ တပ္မေတာ္က အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်းရြာေပါင္း (၄၂) ရြာႏွင့္ ဆက္သြယ္ေသာ ေရလမ္း ကုန္လမ္းမ်ားအားလံုးကို ၿပီးခဲ့သည့္ ဇန္နဝါရီလဆန္းကတည္းက ယေန႔ခ်ိန္ထိ ပိတ္ဆို႔ေနသည့္အတြက္ ေဒသခံျပည္သူမ်ား ဆန္ျပတ္လပ္ေနၾကျခင္းျဖစ္သည္ဟု ခ်င္းလူ႔အခြင့္အဖြဲ႔ (CHRO) မွေျပာေရးဆိုခြင့္ရွိသူဆလိုင္းလ်န္ကေျပာသည္။ ဒလက္ေခ်ာင္းအုပ္စုအတြင္း ေက်းရြာမ်ားသည္ ဆန္၊ဆီ၊ဆား အေျခခံစားေသာက္ကုန္မ်ားကို အမ္းၿမိဳ႕သို႔ ကုန္းလမ္းျဖင့္ေသာ္လည္း ေျမပံုၿမိဳ႕နယ္ ကံေတာင္ႀကီးဖက္သို႔ ေရလမ္းေၾကာင္းတို႔ျဖင့္ သယ္ယူေလ့ရွိၾကေသာ္လည္း ရကၡိဳင့္တပ္ေတာ္ (AA) ထံ စားနပ္ရိကၡာမ်ားေရာက္ရွိသြား မည္ကို စိုးရိမ္သည့္အတြက္ တပ္မေတာ္ဘက္က လမ္းေၾကာင္းမ်ားအားလံုး ပိတ္ဆို႔လိုက္ျခင္းျဖစ္သည္ဟု သိရသည္။
“အခုက က်ေနာ္တို႔က ပိုက္ဆံရွိရင္ေတာင္မွ ဆန္ဝယ္လို႔မရတဲ့အေနအထားမွာျဖစ္ေနတယ္ ဆန္အိတ္ကိုကလံုးဝမရွိဘူး၊ အခုေလာေလာဆယ္က က်ေနာ္တို႔ ျပည္သူေတြက ဒလက္ေခ်ာင္းၾကားမွာရွိတဲ့သူေတြက ရွမ္းကုန္းေက်းရြာနဲ႔ မဂၤၠန္ေက်းရြာ ကိုအကုန္လံုးနီးပါး ေျပာင္းေရႊ႕လာၾကၿပီ ဆိုေတာ့ ေလာေလာဆယ္က က်ေနာ္တို႔စုပံုေနၾကတာေပါ့ စုပံုေနတဲ့ခါ က်ေတာ့ အကုန္လံုးကအစားအေသာက္ေတြက ျပတ္ေနတဲ့အခါက်ေတာ့ စားစရာဆန္မရွိတဲ့အခါက်ေတာ့ ေလာေလာဆယ္ အသီး အႏွံ ပိႏၷဲသီးတို႔ စားၿပီးေတာ့မွေနေနရတယ္” ဟု ဆလိုင္းဝင္းေမာင္ကေျပာသည္။
အမ္ၿမိဳ႕မွ အေနာက္ဖက္(၂၅)မိုင္ခန္႔အကြာ ဒလက္ေခ်ာင္းအုပ္စုအတြင္း ဒါးလက္ေက်းရြာ အထက္ႏွင့္ ရွမ္းကုန္းေက်းရြာ အနားတြင္ တပ္စခန္းမ်ားရွိတည္ၿပီး အမ္းၿမိဳ႕အေျခစိုက္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံတပ္မ်ား ျဖစ္ၾက ေၾကာင္း သိရပါသည္။ လက္ရွိ ရိကၡာဆန္ျပတ္လပ္ေနသည့္ ဒလက္ေခ်ာင္းအုပ္စုအတြင္းရွိ ေက်းရြာ (၄၂) ရြာအနက္ (၃၇) ရြာမွာ ခ်င္းလူမ်ိဳးမ်ားေနထိုင္ၾကၿပီး က်န္ (၅) ရြာမွာ ရခိုင္လူမ်ိဳးမ်ားေနထိုင္ၾကေၾကာင္းသိရသည္။ https://www.bnionli ne.net/mm/news-73784
*************
၁၃။ ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ မရွိေသးဟု တပ္မေတာ္ေျပာၾကား
June 23, 2020
စစ္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈနဲ႔ လူမ်ိဳးေရး အမုန္းတရားေတြကို အင္တာနက္ကေန လံႈ႕ေဆာ္မႈေတြ ရွိေနတာ ေၾကာင့္ ရခိုင္ျပည္နယ္မွာ အင္တာနက္ျပန္ဖြင့္ေပးဖို႔ အစိုးရကို တိုက္တြန္းမွာ မဟုတ္ေသးဘူးလို႔၊ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာလိုက္ပါတယ္။ ရခိုင္ လႊတ္ေတာ္အမတ္ေတြနဲ႔ လူ႔အခြင့္ အေရး လႈပ္ရွားသူေတြကေတာ့၊ ဒီယူဆခ်က္ကို လက္မခံဘဲ ျငင္းပယ္လိုက္ပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္နဲ႔၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျဖတ္ေတာက္ထား တာ တစ္ႏွစ္ျပည့္ၿပီျဖစ္တဲ့အတြက္၊ ကမာၻေပၚမွာ အရွည္ၾကာဆံုး အင္တာနက္ျဖတ္ေတာက္မႈကို အဆံုးသတ္ေပးဖို႔ ေဒသခံ ေတြ၊ ႏိုင္ငံေရးသမားေတြ၊ တက္ၾကြလႈပ္ရွားသူေတြက က်ယ္က်ယ္ေလာင္ေလာင္ ေတာင္းဆိုေနၾကတာပါ။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ရခိုင္မွာ အင္တာနက္ ျဖတ္ေတာက္ထားတာကို အဆံုးသတ္ဖို႔ အစိုးရကို အဆိုျပဳတိုက္တြန္းမွာ မဟုတ္ဘူးလို႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာ ၾကားလိုက္ပါတယ္။ သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း “ရခိုင္မွာ လံုၿခံဳေရး အေျခအေနေတြေၾကာင့္ အင္တာ နက္ ျဖတ္ေတာက္ေပးဖို႔၊ တပ္မေတာ္က ေတာင္းဆိုခဲ့တဲ့အတြက္ အစိုးရက ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး၊ ဒီလို အင္တာနက္ ျဖတ္ေတာက္မႈက အက်ိဳးရွိပါတယ္”လို႔ မၾကာေသးခင္ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာခဲ့ဖူး ပါတယ္။
ရခိုင္ျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သူ ေဒၚထုေမကေတာ့ တပ္မေတာ္ရဲ႕ ဒီအေၾကာင္းျပခ်က္ က ယုတၱိမတန္ဘူးလို႔ ေခ်ပပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ ေသဆံုးသူ ေျခာက္ဦးသာရွိ ေသးေပမယ့္၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲေတြေၾကာင့္၊ အရပ္သား ေသဆံုးမူက ၂၀ဝ ေက်ာ္ရွိေနပါၿပီ။ အင္တာနက္ျဖတ္ေတာက္ ၿပီးေနာက္ပိုင္း အရပ္သားထိခိုက္ေသဆံုးရတဲ့ အေရအတြက္နဲ႔ မျဖတ္ေတာက္ခင္ ထိခိုက္ေသဆံုး ရမႈကို၊ ႏိႈင္းယွဥ္ၾကည့္ရင္ ကြာျခားတာကို ေတြ႔ႏိုင္တယ္လို႔ ေဒၚထုေမက ေထာက္ျပပါတယ္။
လူ႔အခြင့္ေရးလႈပ္ရွားသူ Fortify Rights အဖြဲ႔က နစ္ကီဒိုင္းမြန္းက၊ အင္တာနက္ျဖတ္ေတာက္ထားတာဟာ ရခိုင္ျပည္သူ ေတြနဲ႔ ႏိုင္ငံတကာက ေစာင့္ၾကည့္ေလ့လာသူေတြ၊ သတင္းမီဒီယာေတြအတြက္ ဘယ္လိုေကာင္းက်ိဳးမွ ရွာမေတြ႔ဘူးလို႔ ေထာက္ျပေဝဖန္ပါတယ္။ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း ကေတာ့၊ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းမွာ အင္တာနက္ ျဖတ္ေတာက္ထားတာနဲ႔ ပတ္သက္လို႔ “ဆက္သြယ္ေရးဥပေဒအရ အမ်ားျပည္သူအက်ိဳးကို မထိခိုက္ဘူးလို႔ သံုးသပ္နိုင္တဲ့အခ်ိန္မွသာ အင္တာနက္ ျပန္ဖြင့္ေပးမွာျဖစ္ၿပီး၊ ေလာေလာဆယ္ ၾသဂုတ္လ ၁ ရက္ေန႔ထိ အင္တာနက္ ျဖတ္ေတာက္ထားမယ္”လို႔ ဇြန္လ ၁၀ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ HRW ရဲ႕ အာရွ ဥပေဒ ေရးရာအႀကံေပး Linda Lakhdhir က ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ျမန္မာအစိုးရရဲ႕ ကမာၻ႔အရွည္ၾကာဆံုး အင္တာနက္ ျဖတ္ေတာက္မႈျဖစ္သလို ခ်က္ခ်င္းျပန္ဖြင့္ေပးသင့္ေၾကာင္းနဲ႔ ေဒသခံေတြ လံုၿခံဳစြာေနထိုင္ႏိုင္ဖို႔ သတင္းအခ်က္အလက္ရရွိဖို႔ ဟာ အေရးႀကီးေၾကာင္း တိုက္တြန္း ေျပာၾကားထားပါတယ္။
တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ၊ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်းရြာ သတ္ျဖတ္မႈ ကိစၥအေပၚ စစ္ တရားရံုးက ေဆာင္ရြက္ေနတဲ့ အေျခအေန၊ AA နဲ႔ ပတ္သတ္မႈရွိတယ္ဆိုတဲ့သူေတြ ရိုက္ႏွက္ခံရတဲ့ ကိစၥအေပၚ စံုစမ္း စစ္ ေဆးေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး RFA က ေမးျမန္းရာမွာ၊ အဲဒီကိစၥေတြကို စစ္ခံုရံုးက ပိုၿပီးတိတိက်က် စစ္ေဆး ေနဆဲျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ျပန္လည္ေျဖၾကား သြားပါတယ္။ https://www.rfa.org/b urmese/news/zawmintun-says-army-still-block-internet-in-rakhin e-state-06232020071026.html
*************
၁၄။ MCL ဘိလပ္စက္ရံုမွ ေက်ာက္မိုင္းခြဲသည့္လုပ္ငန္းရပ္ဆိုင္း
June 23, 2020
Mawlamyine Cement Limited- MCL (က်ိဳက္မေရာဘိလပ္ေျမစက္ရံု) သည္ ၂၀၂၀ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔မွစ၍ ေက်ာက္ မိုင္းခြဲျခင္းလုပ္ငန္းကို ရပ္ဆိုင္းခဲ့ၿပီးျဖစ္သည့္အတြက္ ေက်ာက္မိုင္းခြဲျခင္းကိစၥအဝဝသည္ MCL (က်ိဳက္မေရာ ဘိလပ္ေျမ စက္ ရံု) ႏွင့္ လံုးဝမသက္ဆိုင္ေတာ့ေၾကာင္း စက္ရံု၏ Managing Director, Mr Hatsachai Prahanphap က ဇြန္လ ၈ ရက္ေန႔ စြဲျဖင့္ အေၾကာင္းၾကားခဲ့သည္။ မည္သို႔အေၾကာင္းေၾကာင့္ ေက်ာက္မိုင္းခြဲျခင္းလုပ္ငန္းမ်ား ရပ္ဆိုင္းလိုက္ရသည္ကို ကုမၸဏီ တာဝန္ရွိပုဂၢိဳလ္အခ်ိဳ႕အား ဆက္သြယ္ေမးျမန္းရာတြင္ ၎တို႔အေနျဖင့္ ယခုကိစၥအား ရွင္းျပေျပာဆိုရန္ ဆႏၵမရွိေၾကာင္း မြန္ သတင္းေအဂ်င္စီကို ျငင္းပယ္ခဲ့သည္။
“MCL ကိုဖက္စပ္ထားတဲ့ ထိုင္း SCG နဲ႔ ျမန္မာဘက္က PLCI တို႔ ရွယ္ယာျပႆနာကိစၥရွိေနတယ္၊ ေနျပည္ေတာ္အထိ သြားၿပီးရွင္းၾကတယ္၊ အဆင္မေျပဘူး၊ တစ္ဖက္နဲ႔တစ္ဖက္ လံုးဝကိုညွိမရလို႔ စက္ရံုပိတ္သိမ္းေတာ့မယ့္ အေနအထားအထိ ေတာင္ ျဖစ္သြားႏိုင္တယ္”ဟု MCL ႏွင့္ နီးစပ္သည့္လုပ္ငန္းရွင္တစ္ဦးက မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။ သို႔ရာတြင္ အထက္ပါရွယ္ယာျပႆနာႏွင့္ပတ္သက္၍ SCG ႏွင့္ PLCI တာဝန္ရွိပုဂၢိဳလ္မ်ားကို ဆက္သြယ္ေမးျမန္းႏိုင္ျခင္းမရွိသျဖင့္ အတည္မျပဳႏိုင္ခဲ့ပါ။“လက္ရွိ က်န္ေနေသးတဲ့ ကုန္ၾကမ္းေတြက ဇူလိုင္လ လယ္ေလာက္မွာ ကုန္ေတာ့မယ္၊ ၾသဂုတ္လ ကုန္ေလာက္ဆိုရင္ ဘိလပ္ေျမထုတ္လုပ္ ေနတာေတြလံုးဝကို ရပ္နားသြားသေလာက္ပါပဲ”ဟု အဆိုပါလုပ္ငန္းရွင္က ဆက္ ေျပာသည္။
တစ္ေန႔လွ်င္ ဘိလပ္ေျမတန္ခ်ိန္ ၅၀ဝ၀ ထုတ္လုပ္သည့္ MCL ဘိလပ္ေျမစက္ရံုသည္ ထိုင္းႏိုင္ငံ SCG-Siam Cement Group က အစုရွယ္ယာ ၇၀ ရာခိုင္ႏႈန္းႏွင့္ ျမန္မာႏိုင္ငံသားပိုင္ Pacific Link Cement Industries Ltd. က အစုရွယ္ယာ ၃၀ ရာခိုင္ႏႈန္း စုစုေပါင္း အေမရိကန္ေဒၚလာသန္း ၄၀ဝ ျဖင့္ ရင္းႏွီးျမွဳပ္ႏွံထားသည့္ ပုဂၢလိကအက်ိဳးတူ ဖက္စပ္လုပ္ငန္းျဖစ္ သည္။ Pacific Link Cement Industry- PLCI သည္ ၁၆-၃-၂၀၁၆ ရက္ေန႔မွစၿပီး ၁၅-၃-၂၀၃၆ ရက္အထိ ႏွစ္ေပါင္း ၂၅ ႏွစ္တိုင္ ပ်ားေတာင္ေဒသတြင္ လိုအပ္သည့္ စက္မႈကုန္ၾကမ္း ထံုးေက်ာက္မ်ားကို ထုတ္လုပ္ခြင့္ ရရွိထားသည္။
MCL ဘိလပ္ေျမစက္ရံု စတင္လည္ပတ္ၿပီးေနာက္ပိုင္းတြင္ အတၳရံျမစ္ေၾကာင္းတေလွ်ာက္သေဘၤာႀကီးမ်ား အဆက္မျပတ္ သြားလာမႈေၾကာင့္ ျမစ္ကမ္းပါးၿပိဳက်ျခင္း၊ ကမ္းပါးအနီးအနားရွိ ေနအိမ္မ်ားယိမ္းယိုင္သြားျခင္း၊ ေရေနသတၱဝါမ်ား ရွားပါးလာ ျခင္းႏွင့္ ေက်ာက္မိုင္းခြဲမႈေၾကာင့္ အိမ္နံရံအခ်ိဳ႕ တုန္ခါ၍အက္ကြဲမႈျဖစ္ေပၚခဲ့သျဖင့္ ေဒသခံမ်ားမွ ကန္႔ကြက္မႈမ်ားရွိခဲ့သည္။ ထို႔အျပင္ ၂၀၁၇ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔မွ စက္ရံုစတင္ လည္ပတ္ခဲ့ရာတြင္ လိုအပ္ေသာ လွ်ပ္စစ္မီး မဂၢါဝပ္ ၄၀ ကို ေက်ာက္ မီးေသြးအသံုးျပဳရသည့္အတြက္ ေဒသခံမ်ားႏွင့္ သဘာဝဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔တို႔၏ မၾကာခဏ ကန္႔ကြက္ခံရသည့္ စက္ရံုတစ္ရံုအျဖစ္ထင္ရွားသည္။ http://burmese.monn ews.org/2 020/06/23/mcl-%e1%80%98%e1%80%ad% e1%80%9c%e1%80%95%e1%80%ba%e1%80%
**************
၁၅။ ေရျဖဴၿမိဳ႕နယ္ သံုးေလာင္းၿပိဳင္လူသတ္တရားခံဖမ္းဆီးရမိ၊ ရာဘာၿခံလုပ္သားႏွစ္ဦး မူးယစ္ေဆးဝါးသံုးစြဲရန္ ဖုန္း အေပါင္ခံ ထားမႈေၾကာင့္ျဖစ္
June 25, 2020
တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္ ေရး-ထားဝယ္ကားလမ္းေပၚရွိ ဥသာရံေက်းရြာအနီး မီးရထားသံလမ္းအေစာင့္ ဝန္ထမ္းမိသားစု သံုးေလာင္းၿပိဳင္လူသတ္မႈက်ဴးလြန္သည့္ တရာခံမ်ားအား ဇြန္လ ၂၄ ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။ ဥသာရံေက်းရြာမွ ရာဘာၿခံလုပ္သားႏွစ္ဦး မူးယစ္ေဆးဝါးသံုးစြဲရန္ ဖုန္းလာေရာက္အေပါင္ခံထားရာမွ လူသတ္မႈျဖစ္ေပၚခဲ့ေၾကာင္း သိရွိရသည္။“တရားခံကေတာ့ မိၿပီဗ်၊ မေန႔ညက မိထားတာ ခင္ဗ်ား”ဟု ေရျဖဴၿမိဳ႕မရဲစခန္း ထံမွ တာဝန္ရွိသူတစ္ဦးက မြန္သတင္းေအဂ်င္စီသို႔ အတည္ျပဳေျပာၾကားခဲ့သည္။
ျဖစ္စဥ္မွာ ေရးၿမိဳ႕နယ္ ေခ်ာင္းေတာင္ရြာေန ေက်ာ္မင္းထြန္းႏွင့္ ေရျဖဴၿမိဳ႕နယ္ ဥသာရံေက်းရြာေန ဝိုင္ေကတို႔သည္ ေရျဖဴၿမိဳ႕ နယ္ ၂၃ မိုင္ဝန္းက်င္ ရာဘာၿခံအတြင္း ၿခံခုတ္လုပ္သားအျဖစ္လုပ္ကိုင္ၾကၿပီး အခင္းျဖစ္ပြားသည့္ ဇြန္လ ၁၃ ရက္ေန႔ ည ၁၁ နာရီခန္႔တြင္ မူးယစ္ေဆးဝယ္ရန္ ကိုင္ေဆာင္ထားေသာဖုန္းအား အသတ္ခံရသူ ေအာင္ေက်ာ္ထြန္းထံ အေပါင္ထားခဲ့ ေၾကာင္း၊ အဆိုပါ ည ၁ နာရီခန္႔တြင္ အေပါင္ထားေသာ ဖုန္းအားျပန္ေတာင္းရာ မရသျဖင့္ သံုးေလာင္းၿပိဳင္ လူသတ္မႈက်ဴး လြန္ခဲ့သည္ကို စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ထားဝယ္ခရိုင္ျပန္/ဆက္သတင္းတြင္ ေဖာ္ျပသည္။
အဆိုပါလူသတ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳခဲ့သည့္ သစ္သားရိုးတပ္ ငါးမန္းစြယ္ဓားအား ဥသာရံေက်းရြာေန သိန္းသန္းဝင္း ၏ ေနအိမ္တြင္ ျပန္လည္သိမ္းဆီးရမိၿပီဟု သတင္းတြင္ေဖာ္ျပသည္။ အဆိုပါ အသတ္ခံရသူမိသားစုမွာ ဥသာရံေက်းရြာအနီး ရထားသံလမ္း တံခါးအဖြင့္အပိတ္ ျပဳလုပ္သည့္ ဝန္ထမ္း ကိုေအာင္ေက်ာ္ထြန္း (၂၆ ႏွစ္)၊ ဇနီး မခင္မ်ိဳးေဝ (၂၈ ႏွစ္) ႏွင့္ အသက္တစ္ႏွစ္ခြဲအရြယ္ ကေလးငယ္တစ္ဦးတို႔ ျဖစ္သည္။ အဆိုပါ သံုးေလာင္းၿပိဳင္လူသတ္မႈႏွင့္ပတ္သက္၍ ေရျဖဴၿမိဳ႕မ ရဲစခန္းမွ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ထားသည္။ http://burmese.monnews.org/
************
၁၆။ ကိုဗစ္-၁၉ အလြန္ သွ်မ္းျပည္ စီးပြားေရး က႑ တိက်သည့္ စီမံကိန္း မရွိေသး ဟုဆို
June 24, 2020
ကိုဗစ္-၁၉ ေရာဂါအလြန္တြင္ သွ်မ္းျပည္ ျပည္သူမ်ား၏ စီးပြားေရး က႑ႏွင့္ ပတ္သက္ၿပီး တိက်သည့္ အေျဖမရခဲ့ေၾကာင္း ဦးညီေလးခ်မ္းက ေျပာဆိုလိုက္သည္။
၂၀၂၀ ေမလ ၁၈ ႏွင့္ ၁၉ သွ်မ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (ဇြန္ ၂၄) ရက္တြင္ ပင္းတယၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ဦးညီညီ (ခ) ဦးညီေလးခ်မ္း က ကိုဗစ္-၁၉ အလြန္ သွ်မ္းျပည္ ျပည္သူလူထု က်န္းမာေရး၊ ပညာေရး ၊ စီးပြားေရး၊ စိုက္ပ်ိဳးေရးလုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို လႊတ္ေတာ္တြင္း ေမးျမန္းခဲ့သည္။ ထိုေမးျမန္းခ်က္ႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာ ဝန္ႀကီးမ်ားအသီးသီးက လာေရာက္ေျဖၾကားခဲ့ေသာ္လည္း ကိုဗစ္-၁၉ အလြန္ စီးပြားေရးက႑ကို ေျဖဆိုေပးခဲ့သည္မွာ ေက်နပ္မႈမရွိေၾကာင္း ဦးညီေလးခ်မ္းက ေျပာသည္။“ စီးပြားေရး လုပ္ငန္းက လႊဲၿပီး ေက်နပ္အားရမႈ ရွိပါတယ္။ အေျခခံ လူတန္းစားေတြရဲ႕ ဘဝက အေရးႀကီးဆံုးပဲ။ က႑ေလးေျဖသြားတာေတာ့ မေတြ႔ဘူး။ စီမံကိန္းဝန္ႀကီးက ေျဖသြားတာေတာ့ မျပည့္စံုဘူး။ အေျခခံလူတန္းစားေတြအတြက္ မပါေတာ့မျပည့္စံုဘူးပဲ ေျပာပါရေစ”ဟု ဦးညီေလးခ်မ္း က သွ်မ္းသံေတာ္ ဆင့္ ကိုေျပာသည္။
က်န္းမာေရး၊ ပညာေရး ႏွင့္ စိုက္ပ်ိဳးေရး က႑မွာ သက္ဆိုင္ရာ ဝန္ႀကီးမ်ားက ျပန္လည္ေျဖၾကားသြားတာ ျပည့္စံုမႈ ရွိေသာ္ လည္း စီးပြားေရးက႑ကို ျပည့္စံုစြာ ေျဖၾကားခဲ့ျခင္းမရွိေၾကာင္း ဦးညီေလးခ်မ္း က ဆိုသည္။ ကိုဗစ္-၁၉ ေၾကာင့္ သွ်မ္းျပည္ တဝွမ္းတြင္ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရး ထိခိုက္မႈမ်ားရွိေနေၾကာင္း၊ ထိုထိခိုက္မႈေၾကာင့္ သွ်မ္းျပည္ အစိုးရ အေနျဖင့္ ကိုဗစ္-၁၉ အလြန္ ေဆာင္ရြက္မည့္ အရာကိုသိလိုသည့္ ရည္ရြယ္ခ်က္ျဖင့္ ေမးျမန္းျခင္းျဖစ္သည္ဟု ဦးညီေလးခ်မ္းက ေျပာ သည္။
ကိုဗစ္ကာလအတြင္း သွ်မ္းျပည္သို႔ျပန္လာသည့္ ထိုင္း၊ တရုတ္ ႏိုင္ငံသို႔ သြားေရာက္ အလုပ္လုပ္သည့္ ေရႊ႕ေျပာင္းအလုပ္ သမား သိန္းခ်ီရွိေၾကာင္း သိရသည္။ ထို ကိုဗစ္-၁၉ ဆက္လက္ျဖစ္ပြားေနပါက သွ်မ္းျပည္ ေဒသခံမ်ား စားဝတ္ေနေရးခက္ခဲ ကာ၊ ျပႆနာမ်ားစြာ ရင္ဆိုင္လာႏိုင္ေၾကာင္းလည္း သွ်မ္းျပည္သူမ်ားက ေျပာဆိုလိုက္သည္။ ကိုဗစ္ – ၁၉ ေရာဂါေၾကာင့္ ျမန္မာျပည္တြင္း သာမက ကမာၻတြင္လည္း စီးပြားေရး က်ဆင္းမႈ သာမက ျပည္ပမွာလည္း စီးပြားေရးေၾကာင့္ ကုမၸဏီမ်ားစြာ အၾကပ္အတည္းျဖစ္ၿပီး ေဒဝါလီ ခံခဲ့ရေၾကာင္းသိရသည္။ https://burmese.shannews.org/archives/17246
************
၁၇။ ပူတာအိုေက်ာင္းမ်ား ပံုစံသစ္ႏွင့္ ျပန္ဖြင့္မည္
June 25, 2020
ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာသင္ေက်ာင္းမ်ားကို COVID-19 ကာလအတြင္း ပညာသင္ၾကားေရး စနစ္မ်ားကို ေျပာင္းလဲသင္ၾကားရန္ စီစဥ္ထားသည္ဟု သိရသည္။
ပူတာအိုၿမိဳ႕ရွိ၊ ေကာင္ကေထာင္ရပ္ကြက္ရွိ အထက္တန္းေက်ာင္းအုပ္ဆရာႀကီး ဦးဆိုင္းခြန္က COVID-19 ကာလအတြင္း ေျပာင္းလဲထားသည့္ ပညာသင္ၾကားေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။“အထက္တန္းကို အရင္ သင္မယ္၊ တစ္ခန္းမွာ အေယာက္ (၂၀) ထား သင္မယ္။ လူဦးေရမ်ားတဲ့ ေက်ာင္းေတြမွာဆိုရင္ မနက္ပိုင္းနဲ႔ ညေနပိုင္း သင္သြားမွာျဖစ္တယ္။ တပတ္သင္ၿပီး တပတ္ျပန္နား အဲ့လိုသင္သြားမယ္။ သင္ထားတဲ့စာေတြကို အိမ္စာအျဖစ္ နားတဲ့ အပတ္မွာလုပ္ရမယ္။ (၉)တန္း၊ (၁၀)တန္း ကို အရင္သင္ၾကည့္ၿပီး အဆင္ေျပမွ မူလတန္း၊ အလယ္တန္းေတြကို ျပန္ သင္မွာျဖစ္ပါတယ္။ အဆင္မေျပရင္ ေက်ာင္း ျပန္ပိတ္မယ္။” ဇူလိုင္လ ၁၃ ရက္ေန႔ မွစတင္၍ ၁၈ ရက္ေန႔အထိ ၉ တန္း ႏွင့္ ၁၀ တန္းတို႔အား နာမည္စာရင္းမ်ား စတင္ေကာက္ယူသြားမည္ျဖစ္ၿပီး ၂၁ ရက္ေန႔တြင္ ေက်ာင္းစတင္ဖြင့္လွစ္သြားမည္ ဟု ေက်ာင္းအုပ္ႀကီး ဦးဆိုင္းခြန္ က ဆက္ေျပာသည္။
COVID-19 ကာလ ေရာဂါတားဆီးကာကြယ္ႏိုင္ေရးအတြက္ ယခုကဲ့သို႔ ေျပာင္းလဲစီစဥ္ရျခင္းျဖစ္ၿပီး၊ နဝမ တန္းႏွင့္ ဒႆမ တန္း ေက်ာင္းသူ/သားမ်ားမွာ MASK မ်ားကို စနစ္တက် သံုးတတ္ရန္ သင္ၾကားေပးရသည္မွာ လြယ္ကူသည့္အတြက္ ၎ တို႔အား ယခုကဲ့သို႔ အရင္ဆံုး ေက်ာင္းဖြင့္ေပးရျခင္းျဖစ္သည္ဟု သိရသည္။ ေက်ာင္းသူ/သားမ်ားအတြက္ Mask (၂) ခုစီႏွင့္ Face Shield (၁) ခု စီကိုလည္း ပညာေရးဝန္ႀကီးဌာနက ေထာက္ပံ့ေပးရန္ စီစဥ္ထားသည္ဟုလည္း သိရသည္။
ထို႔အျပင္ မူလတန္းႏွင့္ အလယ္တန္း ကေလးငယ္မ်ားအတြက္ ပထမအသုတ္အေနျဖင့္ ေက်ာင္းစတက္ရမည့္ နဝမတန္း ႏွင့္ ဒႆမတန္း ေက်ာင္းသူ/သား ႏွင့္ ဆရာ/ဆရာမမ်ားက COVID-19 ကာလအတြင္း စနစ္တက် Mask မ်ား တက္တတ္ရန္ ႏွင့္ လက္စနစ္တက်ေဆးတတ္ရန္ သင္ၾကားေပးရန္ စီစဥ္ထားသည္ဟုလည္း ေျပာသည္။ ေက်ာင္းသားသစ္မ်ားအား တစ္ရက္ျခား ေက်ာင္းအပ္လက္ခံေပးသြားမည္ျဖစ္ၿပီး ေက်ာင္းသားေဟာင္းမ်ားကို ေန႔စဥ္လက္ခံေပးသြားမည္ဟု ေက်ာင္း အုပ္ႀကီး က ေျပာသည္။ ယခုကဲ့သို႔စီစဥ္ရျခင္းသည္ ေက်ာင္းအပ္ခ်ိန္ လူစုလူေဝးမျဖစ္ေစရန္ ျဖစ္သည္ဟု ဆိုသည္။ https:/ /www.bnionline.net/mm/news-73799
*************
၁၈။ ရိေခါဒါရ္ၿမိဳ႕အနီး ငလ်င္လႈပ္ခတ္မႈ လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ားပ်က္စီး
June 23, 2020
အိႏၵိယ-ျမန္မာ အမွတ္ (၂) နယ္စပ္ကုန္သြယ္ေရးစခန္း ခ်င္းျပည္နယ္ ရိေခါဒါရ္ၿမိဳ႕ အနီးတဝိုက္တြင္ ဇြန္ ၂၂ ရက္နံနက္ပိုင္း ၅ နာရီ ဝန္းက်င္ခန္႔က အင္အားအသင့္အတင့္ရွိသည့္ ေျမငလ်င္လႈပ္ခတ္မႈျဖစ္ပြားခဲ့ၿပီး လူေနအိမ္ႏွင့္ အေဆာက္အဦးမ်ား ပ်က္စီးမႈရွိခဲ့သည္။
အဆိုပါ ေျမငလ်င္လႈပ္ခတ္မႈေၾကာင့္ ရိေခါဒါရ္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ရွိ ရိျပည္ေထာင္စုရိပ္သာ မ်က္ႏွာက်က္အက္ကြဲ ကြာက်ပ်က္စီးမႈ၊ ျပန္ၾကာေရးႏွင့္ျပည့္သူ႔ဆက္ဆံေရးဌာနရံုး အေဆာက္အဦးအေရွ႕မ်က္ႏွာစာ နံရံမ်ားအက္ကြဲကြာ က်ပ်က္ စီးမႈ၊ ရိေခါဒါရ္ၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရွိ ဦးထန္းေအာင္ ေနအိမ္ ႏွစ္ထပ္တိုက္ ပင္မေဆာင္နဲ႔ကပ္လ်က္တြင္ရွိေသာ ဝရံတာ၊ မီးဖိုေဆာင္၊ ပန္းတင္ခံုမ်ား အက္ကြဲပ်က္စီးမႈ၊ ေဒၚဇြန္ကိမ္း၏ ေနအိမ္ တစ္ထပ္တိုက္ အတြင္းအိပ္ခန္းနံရံ၊ မီးဖိုေခ်ာင္၊ မီးဖိုခန္းေလွခါးအိမ္မ်ားအက္ကြဲပ်က္စီးမႈ၊ ဦးငြန္နယ္က်ဲအိုတို႔ ေနအိမ္ ႏွစ္ထပ္တိုက္ ေဆာက္လုပ္ဆဲအတြင္းနံရံမ်ား အက္ကြဲ ပ်က္စီးခဲ့သည္ဟု ရိဒ္ေခါဒါရ္ၿမိဳ႕ ျပန္ဆက္ဦးစီးမွဴး ဦး LalPeklawma ကေျပာသည္။
“ထိခိုက္ပ်က္စီးတာေတာ့ရွိတယ္ မေနႏိုင္ေလာက္ေအာင္ ပ်က္စီးတာေတာ့မရွိဘူး၊ အိမ္ေတြက အက္တာရွိတယ္ တစ္ခ်ိဳ႕ ေနရာမွာက်ေတာ့ ေတာ္ေတာ္အက္ကြဲတယ္ ေရႊ႕ေျပာင္းစရာေတာ့မလိုပါဘူး၊ ထိတ္လန္႔ၾကတယ္၊ ဒီလိုမ်ိဳးမႀကံဳဖူးဘူးဆို ေတာ့ ဒါေပမဲ့လူေတြထိခိုက္ပ်က္ဆီးမႈေတာ့မရွိဘူး၊ က်ေနာ္သိသေလာက္ဆိုရင္ေတာ့ အဲေလာက္ျပင္းအားေကာင္းတာမ်ိဳး ေတာ့ မႀကံဳဖူးပါဘူး။ ဒီတစ္ေခါက္ပဲ၊ ရံုးေတာ့တက္လို႔ရပါတယ္။ ရံုးက အက္ပဲအက္တာဆိုေတာ့ တက္လို႔ရပါတယ္” ျပန္ဆက္ဦးစီးမွဴး ဦး LalPeklawma ကေျပာသည္။
လႈပ္ခတ္သြားသည့္ ေျမငလ်င္ႏွင့္ပတ္သက္၍ ရိေခါဒါရ္ၿမိဳ႕တြင္ ေနထိုင္သူအမ်ိဳးသမီးတစ္ဦးကလည္း “ဒီေန႔မနက္ ငလ်င္ လႈပ္တာေတာ့ အရမ္းေၾကာက္စရာေကာင္းတယ္ အိမ္ထဲက ဘီရိုတံခါးေတြ ျပဳတ္က် မွန္တင္ခံု မွန္လည္းကြဲ ဒီလိုမ်ိဳးတစ္ခါမွ မႀကံဳဖူးဘူး တစ္ခ်ိဳ႕အိမ္ေတြဆိုလည္း သိပ္ေနလို႔မရေတာ့ေလာက္ထိ ပ်က္စီးတာေတြရွိတယ္”ဟု ေျပာသည္။ အဆိုပါ ေျမငလ်င္ လႈပ္ခတ္မႈေၾကာင့္ တဖက္ မီဇိုရမ္ျပည္နယ္ ဇိုေခါထာရ္ေက်းရြာတြင္လည္း ဘာသာေရးအေဆာက္အဦး တစ္ခ်ိဳ႕ လည္း အနည္းငယ္ပ်က္စီးမႈရွိခဲ့သည္ဟု သိရသည္။ https://www.bnionline.net/mm/news-73732
**************
၁၉။ ေရးၿမိဳ႕နယ္တြင္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ မဲရံု ၁၇ ရံုတိုးရန္လ်ာထား
June 25, 2020
ေရးၿမိဳ႕နယ္အတြင္း ၂၀၁၅ ခုႏွစ္ေရြးေကာက္ပြဲတြင္ မဲရံု ၁၁၀ ရံုရွိရာက လာမည့္ေရြးေကာက္ပြဲ၌ မဲရံု ၁၇ ရံု ထပ္မံတိုးျမွင့္ရန္ လ်ာထားေျကာင္း ေရးၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံက သိရသည္။ ေရးၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ခြဲ ဥကၠဌ ဦးညီေသြးက ” မဲရံုက အတိုးအေလ်ာ့ရွိႏိုင္ပါေသးတယ္၊ လက္ရွိအေနနဲ႔ကေတာ့ မဲရံုအေရအတြက္နဲ့ မဲရံုတည္ေနရာ သတ္မွတ္လ်ာထားတာေတြ၊ မဲဆႏၵရွင္စာရင္း ျပင္ဆင္ျဖည့္စြက္ပယ္ဖ်က္တာေတြကေတာ့ လစဉ္ေဆာင္ရြက္ေနပါတယ္ ” ဟု သံလြင္တိုင္းမ္ကို ေျပာသည္။
လက္ရွိအခ်ိန္အထိ ေကာက္ခံရရွိေသာ မဲေပးခြင့္ရွိသူဦးေရ ၂၀၃၉၃၉ ဦးရွိၿပီး ၂၁၀ဝ၀ဝ ေက်ာ္ရွိလာမည္ဟု ခန္႔မွန္းထား ေၾကာင္းႏွင့္ ယင္းတို႔အထဲတြင္ ပထမအႀကိမ္မဲေပးမည့္သူ ၃၀ဝ၀ဝ ေက်ာ္ ပါဝင္လာႏိုင္ေၾကာင္း သိရသည္။ ”တပ္မဲရံု ေဆာင္ ရြက္မႈအေျခအေနကေတာ့ ဥပေဒ၊ နည္းဥပေဒ၊ ညႊန္ၾကားခ်က္နဲ႔အညီျဖစ္ေစဖို႔ သက္ဆိုင္ရာတပ္ရင္းတပ္ဖြဲ႔မ်ားနဲ႔ ညွိႏိႈင္း ဆဲျဖစ္ပါတယ္ ” လို႔ ဦးညီေသြးက ေျပာၾကားသည္။ ၿပီးခဲ့ေသာ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္(၁)ဦး၊ ျပည္နယ္လႊတ္ေတာ္(၁)ဦး အႏိုင္ရရွိထားၿပီး မြန္အမ်ိဳးသားပါတီက အမ်ိဳးသားလြတ္ေတာ္(၁)ဦး ျပည္နယ္လႊတ္ေတာ္ (၁)ဦး အႏိုင္ရရွိထားသည္။
ေရးၿမိဳ႕နယ္အတြင္း ပါတီမ်ားအေနျဖင့္ အမ်ိဳးသားဒီမိုေရစီအဖြဲ႔ခ်ဳပ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ တိုင္းရင္းသား စည္းလံုးညီညြတ္ေရးပါတီ၊ မြန္ညီညြတ္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ညီညြတ္ေသာဒီမိုကရက္တစ္ပါတီ၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တီပါတီ စုစုေပါင္း ၇ ပါတီရွိေၾကာင္း ေရးၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံက သိရ သည္။ https://www.bnionli ne.net/mm/news-73787
*************
၂၀။ အင္တာနက္ျဖတ္ေတာက္မႈခ်က္ျခင္းရပ္ ကမ္ပိန္းဦးေဆာင္သူ ၂ ဦးကို ျငိမ္းစုစီဥပေဒျဖင့္ အမႈဖြင့္
June 25, 2020
အင္တာနက္ျဖတ္ေတာက္မႈခ်က္ျခင္းရပ္ ကမ္ပိန္းဦးေဆာင္သူ လူငယ္ ၂ ဦးကို ၿငိမ္းစုစီ ပုဒ္မ-၁၉ နဲ႔ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္း မွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေအာင္ေမာ္က တရားလိုျပဳလုပ္အမႈဖြင့္ထားပါတယ္။ ရခိုင္ျပည္နယ္ရွိၿမိဳ႕နယ္ ၇ ခုနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ အင္တာနက္ျဖတ္ေတာက္ထားတာ ၁ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ဇြန္ ၂၁ ရက္ေန႔က ကန္ပိန္းျပဳ လုပ္ခဲ့ၾကတာနဲ႔ ပတ္သက္ၿပီး တရားစြဲခံရတာျဖစ္ပါတယ္။
အုန္းေတာပရဟိတေဖာင္ေဒးရွင္းအဖြဲ႔ ေခါင္းေဆာင္ ကိုမင္းဇေအာင္ က “က်ေနာ္တို႔ကို ၿမိဳ႕နယ္ရဲစခန္းကေနၿပီး စြဲတာေပါ့။ အင္တာနက္ပိတ္တာ ၁ ႏွစ္ျပည့္ဆိုၿပီးေတာ့ ၃၆၅ ရက္ No Internet ဆိုၿပီးေတာ့ ဆိုင္းဘုတ္ကိုင္ၿပီးေတာ့ ဓာတ္ပံုရိုက္ၾက ၿပီးေတာ့ ေဖ့စ္ဘြတ္ခ္တင္ၾကတာေပါ့။ အဲဒါအေပၚမွာ သူတို႔က ဘယ္လိုျမင္လည္းေတာ့မသိဘူး၊ ၿငိမ္းစုစီပုဒ္မ-၁၉နဲ႔ ၿငိတယ္ ဆိုၿပီးေတာ့ က်ေနာ္တို႔ကိုဆင့္ေခၚၿပီး တရားစြဲတယ္လို႔ေျပာတယ္။ သူတို႔ေျပာတာကေတာ့ ဗဟိုက အထက္ကစြဲခိုင္းတယ္လို႔ ေျပာတာပဲ။”လို႔ ဒီဗြီဘီကို ေျပာပါတယ္။
တရားစြဲဆိုခံရတဲ့ သႏာၱရင္သြီး မ်ိဳးဆက္သစ္လူငယ္မ်ားအဖြဲ႔ ဥကၠ႒ဌ ကိုေနစိုးခိုင္က “က်ေနာ္တို႔ လုပ္တာကလည္း အင္တာနက္ ပိတ္ထားတဲ့ကိစၥေလးနဲ႔လုပ္တာ၊ ဒီမိုကေရစီစနစ္ရဲ႕ အေျခခံက်တဲ့ သတင္းအခ်က္အလက္မွ်ေဝမႈ၊ ပြင့္လင္းျမင္ သာမႈ၊ လူသားတိုင္း တန္းတူအခြင့္အေရးရရွိဖို႔ အင္တာနက္ကိုေတာင္းဆိုၾကတာ။ က်ေနာ္တို႔ ရခိုင္ျပည္မွာဆိုရင္ ကိုဗစ္ လည္းျဖစ္ေနတယ္၊ စစ္လည္းျဖစ္ေနတယ္၊ အဲဒီအခ်ိန္မွာ ရခိုင္ျပည္သူေတြ သတင္းအခ်က္အလက္ကို အခ်ိန္မီရဖို႔အတြက္ အင္တာနက္ ဖြင့္ေပးဖို႔လိုတဲ့အေၾကာင္း၊ အင္တာနက္ပိတ္ထားတာလည္း တစ္ႏွစ္ျပည့္တဲ့အတြက္ အင္တာနက္ကို ျပန္ဖြင့္ ေပးပါဆိုၿပီး က်ေနာ္တို႔ ေတာင္းဆိုၾကတာပါ။ ဒါေလးကို ၿငိမ္းစုစီနဲ႔ၿငိတယ္ဆိုေတာ့ ဒီမိုကေရစီစနစ္ႀကီးက ဘယ္လိုျဖစ္သြား ၿပီလဲဆိုတာလည္း ျပန္ၿပီးေတာ့ေတာင္ သံုးသပ္ရမလိုျဖစ္သြားၿပီ” လို႔ ေျပာပါတယ္။
ရခိုင္ျပည္နယ္ၿမိဳ႕နယ္ ၇ ခုနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ အင္တာနက္ျဖတ္ေတာက္ထားတာဟာ ဇြန္ ၂၁ ရက္ေန႔က တစ္ႏွစ္ျပည့္ခဲ့ၿပီျဖစ္တာေၾကာင့္ အင္တာနက္ျပန္လည္ဖြင့္ေပးဖို႔ကို ရခိုင္ျပည္နယ္ ၁၇ ၿမိဳ႕နယ္နဲ႔ ရန္ကုန္ၿမိဳ႕ အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ အရပ္ဘက္အဖြဲ႔အစည္းေတြပူးေပါင္းကာ ကမ္ပိန္းျပဳလုပ္ခဲ့ၾကပါတယ္။ ကမ္ပိန္းျပဳလုပ္ခဲ့တာေၾကာင့္ ဇြန္ ၂၁ ရက္ေန႔ ညေနက ရမ္းၿဗဲၿမိဳ႕နယ္က လူငယ္ ၁ ဦးကို ၿငိမ္းစုစီ ပုဒ္မ-၁၉နဲ႔ အမႈဖြင့္လွစ္ခံခဲ့ရသလို ရန္ကုန္ၿမိဳ႕မွာလည္း ကမ္ပိန္း ဦးေဆာင္သူေတြကိုလည္း ျငိမ္းစုစီဥပေဒနဲ့ တရားစြဲဆိုထားပါတယ္။ http://burmese.dvb.no/archives/396028
*************
၂၁။ ဖားကန္႔ေဒသအတြင္းသို႔ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေမွ်ာ္လင့္ခ်က္ျဖင့္လာေရာက္ၾကေသာ္လည္း မူးယစ္ေဆးဝါး အႏၱရာယ္ႏွင့္လံုၿခံဳမႈမရွိေသာလုပ္ငန္းခြင္မ်ားေၾကာင့္ ဒုကၡမ်ိဳးစံုႀကံဳေတြ႕ေနၾကေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေျပာၾကား
June 23, 2020
ဖားကန္႔ေဒသအတြင္းသို႔ ေရႊ႕ေျပာင္းအလုပ္သမားမ်ားက ေမွ်ာ္လင့္ခ်က္ျဖင့္ လာေရာက္ၾကေသာ္လည္း မူးယစ္ေဆးဝါး အႏၱရာယ္ႏွင့္ ေဘးကင္းလံုၿခံဳမႈမရွိေသာ လုပ္ငန္းခြင္ အေျခအေနမ်ားေၾကာင့္ ဒုကၡမ်ိဳးစံု ႀကံဳေတြ႔ေနၾကေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားသည္။
ဇြန္ ၂၂ ရက္ မြန္းလြဲပိုင္းက လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ Video Conferencing ျဖင့္ ျပဳလုပ္သည့္ ဖားကန္႔ရတနာေျမရွိ ေဒသခံမ်ားႏွင့္ ေရႊ႕ေျပာင္း အလုပ္သမားမ်ားဘဝ ေဘးကင္း လံုၿခံဳစြာ ဖြံ႔ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္အတြက္ “ဖားကန္႔ေဒသရွိ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ျပန္လည္ထူေထာင္ ေရးလုပ္ငန္းမ်ားဆိုင္ရာ လုပ္ငန္းအဖြဲ႔”၏ (၈) ႀကိမ္ေျမာက္ညွိႏိႈင္းအစည္းအေဝး၌ အမွာစကားေျပာၾကားရာတြင္ ျပည္ေထာင္ စုဝန္ႀကီးက ယင္းကဲ့သို႔ ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ရတနာနယ္ေျမ ျဖစ္သည့္အတြက္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ ေျမယာစီမံခန္႔ခြဲေရးသည္လည္း အေရးႀကီးေၾကာင္း၊ ဖားကန္႔ေဒသအတြင္းသို႔ ေရႊ႕ ေျပာင္းအလုပ္သမားမ်ားသည္ ေမွ်ာ္လင့္ခ်က္ျဖင့္လာေရာက္ျကျခင္းျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း မူးယစ္ေဆးဝါး အႏၱရာယ္ ႏွင့္ ေဘးကင္းလံုၿခံဳမႈမရွိေသာ လုပ္ငန္းခြင္ အေျခအေနမ်ားေၾကာင့္ ဒုကၡမ်ိဳးစံု ႀကံဳေတြ႕ေနၾကရေၾကာင္း၊ ေဘးကင္းလံုၿခံဳ ေသာ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို မျဖစ္မေနေဆာင္ရြက္ ရမည္ျဖစ္ေၾကာင္း၊ ယခင္ အစည္းအေဝးတြင္ ဆံုးျဖတ္ခ်က္ ၁၆ ခ်က္ ခ်မွတ္ေဆာင္ရြက္ခဲ့ၿပီး ေဆာင္ရြက္ဆဲ အေနျဖင့္ အခ်က္ ၁၃ ခ်က္ႏွင့္ ေဆာင္ရြက္ၿပီးအေနျဖင့္ သံုးခ်က္ရွိခဲ့ေၾကာင္း၊ ေဆာင္ရြက္ေနဆဲျဖစ္သည့္ လုပ္ငန္းမ်ားသည္လည္း ၿပီးျပတ္ေအာင္ ေဆာင္ရြက္၍မရႏိုင္ေသးသည့္ လုပ္ငန္းရပ္မ်ားျဖစ္ၿပီး အခ်ိန္ယူေဆာင္ရြက္လ်က္ရွိေၾကာင္း၊ လုပ္ငန္း အမ်ား စုသည္ လံုၿခံဳေရးႏွင့္ တရားဥပေဒ စိုးမိုးေရးတို႔အေပၚ မူတည္ေၾကာင္း ေျပာၾကားသည္။
ဖားကန္႔ေဒသအတြင္းရွိ ေရႊ႕ေျပာင္း အလုပ္သမားမ်ားအတြက္ ျပန္လည္ထူေထာင္ေရးဆိုင္ရာ လုပ္ငန္းအဖြဲ႔ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာတြင္ ဖြဲ႔စည္းခဲ့သည္မွာ တစ္ႏွစ္ႏွင့္ရွစ္လခန္႔ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း၊ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ ျပန္ လည္ထူေထာင္ေရးဟု ဆိုေသာ္လည္း ဖားကန္႔ေဒသ တစ္ခုလံုးအတြက္ အေရးႀကီးသည့္ လုပ္ငန္းစဉ္တစ္ခု ျဖစ္ေၾကာင္း၊ လုပ္ငန္းအဖြဲ႔၏ ေဆာင္ရြက္မႈမ်ားကို သံုးသပ္ၾကည့္ရာတြင္ ေကာင္းေသာအေရြ႕ မ်ားစြာရွိေၾကာင္း၊ ေရရွည္ေဆာင္ရြက္ရမည့္ လုပ္ငန္း ျဖစ္ပါေၾကာင္း၊ ဖားကန္႔ေဒသ ေဘးကင္းလံုၿခံဳစြာ ဖြံ႔ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္အတြက္ ရည္ရြယ္ခ်က္ျဖင့္ လုပ္ငန္း အဖြဲ႔ခြဲေျခာက္ဖြဲ႔ ဖြဲ႔စည္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ အေရးအႀကီးဆံုး ကိစၥသည္ လံုၿခံဳေရးႏွင့္ တရားဥပေဒစိုးမိုးေရးျဖစ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။ https://news-eleven.com/article/179751
*************
၂၂။ မန္ဆူေဈး ဆိုင္းဘုတ္ျပန္တပ္ေပးရန္ သွ်မ္းလူထု ေတာင္းဆို
June 23, 2020
သွ်မ္းျပည္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕လယ္ေခါင္တြင္တည္ရွိသည့္ မန္ဆူေဈး နာမည္ကို “ ေရႊခ်မ္းေျမ႕” ဆိုင္းဘုတ္လာတင္ သည့္အေပၚ ေဒသခံမ်ား ကန႔္ကြက္ခဲ့ေၾကာင္း စံုစမ္းသိရသည္။
လားရိႈးၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနပိုင္ မန္ဆူေဈး၊ ေဈးအက်ိဳးေဆာင္ ဥကၠဌ ဦးေမာင္ငယ္ ဦးစီးၿပီး ေဈးသူ၊ ေဈးသား (၃၃၀) ဦး တို႔ မွ မန္ဆူေဈး အား “ ေရႊခ်မ္းေျမ့” ေဈးအျဖစ္ အမည္ေျပာင္းေပးရန္ တင္ျပသည့္အတြက္ ယမန္ေန႔ (ဇြန္ ၂၂) ရက္ေန႔တြင္ မန္ဆူေဈး ကို “ ေရႊခ်မ္းေျမ႕” ေဈးဟု ဆိုင္းဘုတ္တင္ခဲ့ေၾကာင္း လားရိႈးၿမိဳ႕စည္ပင္သာယာေရး ေဖ့စ္ဘုတ္တြင္ ေရးသားေဖာ္ျပထားသည္။“ေရႊခ်မ္းေျမ႕ေဈး”ဟု ဆိုင္းဘုတ္တင္ၿပီးေနာက္ လားရိႈးေဒသခံမ်ားက ကန္႔ကြက္မႈမ်ား ျပဳလုပ္ ၾကရာ (ဇြန္ ၂၂ ရက္ ညေန ၄ နာရီဝန္းက်င္တြင္ ဆိုင္းဘုတ္ကို စည္ပင္သာယာမွျပန္လည္ျဖဳတ္ေပးခဲ့ေၾကာင္း လားရိႈးေဒသခံ လည္းျဖစ္ ၊ သွ်မ္းလူငယ္အဖြဲ႔ ဥကၠဌလည္းျဖစ္သည့္ စိုင္းဟန္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။
လားရိႈးၿမိဳ႕လယ္ေခါင္တြင္ တည္ရွိသည့္ မန္ဆူေဈးနာမည္ သည္ မန္ဆူဘုရားအနီးတြင္ တည္ရွိၿပီး၊ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ား စြာကတည္းက တည္ရွိသည့္ နာမည္ျဖစ္သကဲ့သို႔ သွ်မ္းနာမည္လည္းျဖစ္ေၾကာင္း၊ ထိုနာမည္ကို သက္ဆိုင္ရာကေျပာင္းလဲ ခ်င္တိုင္း ေျပာင္းလဲခြင့္မရွိေၾကာင္းလည္း လားရိႈးေဒသခံမ်ားက ေျပာဆိုလိုက္သည္။ ထို႔အျပင္ သွ်မ္းျပည္နယ္ လႊတ္ေတာ္ အမတ္မ်ားကလည္း မန္ဆူေဈးနာမည္ကိုသာ ျပန္လည္သံုးစြဲရန္ လက္မွတ္ေကာက္ၿပီး သက္ဆိုင္ရာ အစိုးရထံတင္ျပသြား မည္ျဖစ္ေၾကာင္းသိရသည္။“ သွ်မ္းျပည္ လႊတ္ေတာ္အမတ္ေတြကို လက္မွတ္ေကာက္သြားမယ္။ နဂိုနာမည္ “ မန္ဆူေဈး” ျဖစ္ဖို႔အတြက္ေတာင္းဆိုမယ္”ဟု သိႏၷီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ထားရီ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာက မန္ဆူေဈးသည္ ဟင္းသီးဟင္းရြက္မ်ား ေရာင္းသည့္ေဈးျဖစ္သည့္အျပင္ ေဘာ္လံုးကြင္း ျဖစ္ေျကာင္း၊ ထိုေဘာ္လံုးကြင္းျပင္ကို ဖ်က္ကာ မန္ဆူကားဂိတ္၊ မန္ဆူေဈး ႏွင့္ မန္ဆူပလာဆာ ဆိုၿပီး ေခတ္ အဆက္ဆက္ေျမခြဲေရာင္းခ်လာၾကသည္ဟုလည္း လားရိႈးေဒသခံမ်ားေျပာျပခ်က္အရသိရသည္။
လားရိႈး စည္ပင္သာယာအေနျဖင့္ ေဈးနာမည္ကို မိမိသေဘာျဖင့္ ေျပာင္းလဲေနျခင္းသည္ လားရိႈးေဒသခံမ်ား၊ သွ်မ္းလူထု မ်ား၊ သွ်မ္းစာေပ၊ ယဥ္ေက်းမႈ၊ တရားဝင္ မွတ္ပံုတင္သည့္ သွ်မ္းႏိုင္ငံေရးပါတီမ်ား ႏွင့္လားရိႈးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စား လွယ္မ်ားကို ဥပကၡာျပဳလိုက္သည့္ သေဘာျဖစ္သည္ဟုလည္း လားရိႈး သွ်မ္းလူငယ္မ်ားက ေျပာဆိုလိုက္သည္။ https://b urmese.shannews.org/archives/ 17
*************
၂၃။ မိုးညွင္းၿမိဳ႕၌ မူးယစ္ေဆးစြဲေနသည့္ သားျဖစ္သူက လက္သီးျဖင့္ထိုးသျဖင့္ မိခင္ေသဆံုး
June 25, 2020
ကခ်င္ျပည္နယ္၊ မိုးညွင္းၿမိဳ႕၊ အေရွ႕စု ၆ လမ္း၊ အိမ္အမွတ္ ၄၇၀ မွာ မူးယစ္ေဆးစြဲေနတဲ့ လူငယ္တစ္ဦးက မိခင္ထံက ေငြ ေတာင္းမရတဲ့အတြက္ လက္သီးျဖင့္ထိုးရာ မိခင္ျဖစ္သူ ေသဆံုးသြားတယ္လို႔ မိုးညွင္းၿမိဳ႕မရဲစခန္းက သိရပါတယ္။
ဇြန္ ၂၄ ရက္ ညေန ၂ နာရီခြဲေလာက္က မိုးညွင္းၿမိဳ႕၊ မိုးဒါးစုရပ္ကြက္ေန မေအးႏုက မိခင္ျဖစ္သူ ေဒၚအဲလွေအာင္ ရဲ႕ က်န္းမာေရးအေျခအေနကို သြားေရာက္ၾကည့္ရႈရာ မိခင္ျဖစ္သူရဲ႕ အိပ္ခန္းတံခါးပြင့္ေနတဲ့အတြက္ ဝင္သြားစဥ္ တံခါးေပါက္ ဝင္ဝင္ခ်င္းေျမႀကီးေပၚမွာ ဒဏ္ရာေတြနဲ႔ လဲက်ေသဆံုးေနတာကို ေတြ႔ခဲ့ရပါတယ္။ အနီးနားမွာလည္း ဓာတ္ဗူးတစ္လံုးကြဲက် ေနတာကို ေတြ႔ရတဲ့အတြက္ မိခင္နဲ႔အတူေနတဲ့ ေမာင္ျဖစ္သူ ေဇာ္ေဇာ္ဦးကို ေနအိမ္မွာ ရွာေဖြခဲ့တယ္လို႔ဆိုပါတယ္။
ေဇာ္ေဇာ္ဦးကို အိပ္ခန္းတြင္းမွာ အိပ္ေနတာေတြ႔ရလို႔ ႏိႈးလိုက္ရာမွာ ေအာ္တဲ့အတြက္ အိမ္နီးခ်င္းေတြကို ေအာ္ဟစ္အကူ အညီေတာင္းရာ ရာအိမ္မွဴးေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတို႔က ရဲစခန္းကို အေၾကာင္းၾကားေပးခဲ့တာလို႔ သိရပါတယ္။ နယ္ ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ေက်ာ္မင္းႏိုင္ ထံသို႔ အေရွ႕စုရာအိမ္မွဴး ဦးျမင့္သိန္းက လူသတ္မႈျဖစ္ပြားေၾကာင္းဖုန္းနဲ႔ သတင္း ေပးခ်က္အရ ရဲတပ္ဖြဲ႔က အခင္းျဖစ္ရာေနရာကို သြားေရာက္ ခဲ့ပါတယ္။
အိမ္နီးနားပတ္ဝန္းက်င္ကို ေမးျမန္းရာမွာ ေဇာ္ေဇာ္ဦးက မိခင္ျဖစ္သူကို အၿမဲထိုးႀကိတ္ေနလို႔ မိခင္ျဖစ္သူ မၾကာခဏထြက္ ေျပးတာျမင္ရေၾကာင္း၊ မူးယစ္ေဆးဝါးအလြန္အကြ်ံသံုးစြဲၿပီး မိခင္ျဖစ္သူ ေဒၚအဲလွေအာင္ ထံမွ ေဆးဖိုးေတာင္းေလ့ရွိေၾကာင္း သိရပါတယ္။ ေဇာ္ေဇာ္ဦး (အသက္ ၃၁ ႏွစ္)ကို အမျဖစ္သူ မေအးႏုက တရားလိုျပဳလုပ္ကာ အမႈႀကီး အမွတ္စဥ္(၄/၂၀၂၀) (ပ)၇၈/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ မိုးညွင္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။ http://burmese.dvb.no/archi ves/396169
*************
၂၄။ မူဆယ္ နယ္စပ္ စီးပြားေရးဇုန္တြင္ နမ့္ဖတ္ကာ-နမ့္ခမ္း-ၾကဴကုတ္ တို႔ပါဝင္မည္
June 25, 2020
မူဆယ္-ေရႊလီတြင္ အေကာင္အထည္ေဖာ္မည့္ ျမန္မာ-တရုတ္နယ္စပ္ စီးပြားေရးဇုန္ဧရိယာ၌ ျမန္မာဘက္အျခမ္းမွ မူဆယ္ အပါအဝင္ နမ့္ဖတ္ကာ-နမ့္ခမ္း-ၾကဴကုတ္ (ပန္ဆိုင္း) ေဒသတို႔ပါဝင္မည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ကုန္သြယ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းမင္း က ေျပာသည္။ ၎က “ႏွစ္ႏိုင္ငံနယ္စပ္ စီးပြားေရးဇုန္ တည္ေထာင္ဖို႔အတြက္ တရုတ္နဲ႔ Framework agreement ေရးထိုးဖို႔ရွိပါတယ္။ အဲဒီအတြက္ အဓိကက်တဲ့ ၂ ဘက္ဇုန္နယ္ ေျမ ဧရိယာ သတ္မွတ္ေရးအတြက္ မၾကာခင္မွာ ကြင္းဆင္းတိုင္းတာမႈလုပ္ဖို႔ အစီအစဥ္ရွိပါတယ္”ဟု ဇြန္ ၂၄ ရက္က ျပဳ လုပ္ခဲ့ေသာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ အစိုးရ စတုတၳတနွစ္တာကာလ ေဆာင္ရြက္ခ်က္မ်ား သတင္းစာရွင္းလင္းပြဲ ထိုသို႔ေျပာျကားခဲ့သည္။
မူဆယ္-ေရႊလီနယ္စပ္စီးပြားေရးဇုန္အတြက္ ျမန္မာဘက္ျခမ္းမွ နမ့္ဖတ္ကာ-နမ့္ခမ္း-ၾကဴကုတ္(ပန္ဆိုင္း)ေနရာမ်ားတြင္ ပါဝင္ မည္ျဖစ္ၿပီး ဇုန္အတြက္ကိုၾသဒိနိတ္ေျမပံုျဖင့္ အတည္ျပဳတည္ေနရာ အက်ယ္အဝန္းသတ္မွတ္ႏိုင္ေရးအတြက္ ေျမျပင္ကြင္း ဆင္းတိုင္းတာျခင္းလုပ္ငန္းအား တလအတြင္း ၿပီးစီးေအာင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန၏ ဝဘ္ဆိုဒ္တြင္ သတင္းထုတ္ျပန္ထားသည္။ ထိုသို႔ ဇုန္နယ္ေျမလ်ာထားသတ္မွတ္ၿပီးပါက ျဖစ္ႏိုင္ေျခ ဆန္းစစ္ေလ့လာျခင္း (Feasibility Study) လုပ္ငန္း စတင္မည္ျဖစ္ကာ FS ရမွသာ တဖက္တရုတ္ႏိုင္ငံမွ ဇုန္အတြင္း ေဆာင္ရြက္မည့္လုပ္ငန္းမ်ားအလိုက္ လိုက္ေလ်ာညီေထြမႈရွိေအာင္ ႏွစ္ႏိုင္ငံျပန္လည္ညွိႏိႈင္းၿပီး ျမန္မာဘက္အျခမ္းအတြက္ Developer ကုမၸဏီမ်ားေရြးခ်ယ္ျခင္းကို ေဆာင္ရြက္သြားမည္ဟု ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းမင္းက သတင္းစာရွင္းလင္းပြဲ တြင္ ေျပာၾကားသည္။
အဆိုပါစီမံကိန္းအား ႏွစ္ႏိုင္ငံအစိုးရနားလည္မႈစာခြ်န္လႊာေရးထိုးၿပီးေနာက္ တရုတ္ႏိုင္ငံဘက္အျခမ္းတြင္ နယ္စပ္ စီးပြားေရး ဇုန္မ်ား တည္ေဆာက္ေရးအတြက္ ျပင္ဆင္ျခင္းမ်ား၊ ၂၁ ရာစုပိုးလမ္းမစီမံကိန္းေခ်းေငြမ်ားျဖင့္ တရုတ္ လုပ္ငန္းရွင္အမ်ားစု က နယ္စပ္ဧရိယာမ်ား အထူးသျဖင့္ ျမန္မာႏိုင္ငံႏွင့္ ထိစပ္ေနေသာ ယူနန္ျပည္နယ္တြင္ စက္ရံု၊ အလုပ္ရံုမ်ား စတင္တည္ ေဆာက္မႈမ်ားရွိလာၿပီဟု မူဆယ္-နမ့္ခမ္းေဒသရွိ ကုန္သည္ႀကီးမ်ားက ဧရာဝတီကို ေျပာသည္။ မူဆယ္-နမ့္ခမ္းကုန္သည္ ႀကီးမ်ားအသင္း၏ တြဲဖက္အေထြေထြအတြင္းေရးမွဴး ဦးဝင္းေအာင္ခန္႔က “စီးပြားေရး ဇုန္ေတြလုပ္တာ ရည္ရြယ္ခ်က္ေတြက ေကာင္းပါတယ္။ ဒါေပမဲ့ တိုင္းျပည္နဲ႔ကိုယ့္ႏိုင္ငံသား အက်ိဳးစီးပြား အကာအကြယ္ေပးမဲ့ မူေတြခ်မွတ္ၿပီးေဖာ္ေဆာင္ဖို႔ လိုပါ တယ္”ဟု ေျပာသည္။
တဖက္ႏိုင္ငံက ႀကိဳတင္ျပင္ဆင္မႈမ်ားရွိေသာ္လည္း ျမန္မာဘက္အျခမ္းတြင္ အစိုးရ၏ မူဝါဒပိုင္းဆိုင္ရာခ်ျပမႈအားနည္းျခင္း၊ စီမံကိန္းဆိုင္ရာ သတင္းအခ်က္အလက္မ်ား လက္လွမ္းမမီျခင္း၊ အေျခခံအေဆာက္အအံုပိုင္း၊ ေငြေၾကးအရင္းအႏွီးႏွင့္ နည္း ပညာအားနည္းျခင္းတို႔ေၾကာင့္ မိမိႏိုင္ငံအတြင္း လာေရာက္လုပ္ကိုင္သူမ်ားက အက်ိဳးစီးပြား အသာရသြားမည္ကို ေဒသခံ လုပ္ငန္း ရွင္အမ်ားစုစိုးရိမ္ေနၾကသည္။ တရုတ္ျမန္မာနယ္စပ္ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈဇုန္မ်ား အေကာင္အထည္ေဖာ္ ေရးအတြက္ ဗဟိုေကာ္မတီတရပ္ဖြဲ႔စည္းထားၿပီး စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ျပည္ေထာင္စုဝန္ႀကီးက ဥကၠဌ အျဖစ္ တာဝန္ယူကာ နယ္စပ္ စီးပြားေရးဇုန္ႏွင့္ ဆက္စပ္သည့္ တာဝန္ရွိဌာနမ်ားမွ ျပည္ေထာင္စုအဆင့္ အရာရွိႀကီးမ်ားလည္း ပါဝင္ ၿပီး ယခုလ ၁၂ ရက္ ျမန္မာ-တရုတ္ႏွစ္ႏိုင္ငံ ေဒသအဆင့္လုပ္ငန္းအဖြဲ႔ ပထမဆံုးအျကိမ္ လုပ္ငန္းညွိႏိႈင္းအစည္းအေဝး Video Conferencing ျပဳလုပ္ခဲ့သည္။ https://burma.irrawaddy.com/news/20 20/06/25/225294.html
**************
၂၅။ ရေသ့ေတာင္ၿမိဳ႕အနီးပစ္ခတ္မႈျဖစ္၍ ေရႊပါရမီဘုန္းႀကီးေက်ာင္းမွ မသန္စြမ္းသူစစ္ေဘးေရွာင္အမ်ိဳးသားတစ္ဦး ထိခိုက္ ဒဏ္ရာရ
June 25, 2020
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕အနီးတြင္ ဇြန္လ ၂၄ ရက္ညေန ၄ နာရီေက်ာ္က ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ေရႊပါရမီဘုန္းႀကီး ေက်ာင္းတြင္ လာေရာက္ခိုလံႈေနသူ စစ္ေဘးေရွာင္ ဆြံအ၊ နားမၾကား၊မ်က္မျမင္ အမ်ိဳးသားတစ္ဦးကို လက္နက္ႀကီးက်ည္ ထိမွန္သြားေၾကာင္း သတင္းရရွိသည္။ လက္နက္ႀကီးက်ည္ထိမွန္သူမွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ပင္လွေက်းရြာမွ ေရႊပါရမီေက်ာင္းတြင္ စစ္ေဘးေရွာင္ေနသူ ဦးေမာင္ေအးညႊန္႔ (၅၅ )ႏွစ္ျဖစ္သည္။
ေရႊပါရမီဘုန္းေတာ္ႀကီးေက်ာင္းထိုင္ ဆရာေတာ္က “ ေက်ာင္းထဲက စစ္ေဘးေရွာင္ေနတဲ့ တဲအိမ္အေဆာင္ ေအာက္မွာ ဝပ္ ေနၾကတဲ့အခ်ိန္မွာထိတာ။ ေပါက္ကြဲသံႏွစ္ခ်က္ၾကားတယ္။ ေနာက္ေတာ့ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္တာ။ သူ႔ အေမ ငိုၿပီးေျပးလာေျပာမွသိတာ။ ဆရာေတာ္တို႔လည္း ခ်က္ခ်င္းသြားၾကည့္လို႔မရဘူး။ ေသနတ္ပစ္ေနေတာ့ အကုန္ဝပ္ေန ၾကရတာ။ ဘယ္ေျခေထာက္ ဒူးေအာက္ပိုင္းတစ္ခုလံုးေၾကသြားတယ္။ အခုေဆးရံုကားေရာက္ေနလို႔ ကားေပၚတင္ေနတယ္။ အဲဒီနားမွာ စစ္သားေတြ ကင္းပုန္းဝပ္ၿပီး ရွိေနေသးတယ္” ဟု ညေန ၅ နာရီခန္႔က ဆက္သြယ္ေမးျမန္းစဥ္ မိန္႔ၾကားသည္။
ဒဏ္ရာ ရရွိသြားသူ ဦးေမာင္ေအးညႊန္႔၏ မိခင္ျဖစ္သူ ေဒၚဦးစိန္ညႊန္႔က “ သူက နားလည္းမၾကားဘူး၊ စကားလည္းမေျပာ တတ္ဘူး။ မ်က္စိလည္းမျမင္ဘူး။ ကြ်န္မတို႔နဲ႔ ေနရတာ။ မိသားစုဆိုလို႔ ကြ်န္မတို႔ပါပဲ။ တဲအိမ္ေအာက္မွာ ဝပ္ေနရာမွာ အိမ္ေခါင္မိုးကို ေဖာက္ၿပီးလာထိတာ။ ေျခေထာက္ကိုထိတယ္။ ဘယ္လိုခံစားရမလဲေျပာမျပတတ္ေအာင္ပါပဲ”ဟု ေျပာ သည္။ အဆိုပါ ပစ္ခတ္မႈျဖစ္ပြားသည့္ ေနရာအနီးတြင္ တပ္ရင္းအမွတ္ (၅၃၈) တည္ရွိၿပီး ျပားေခ်ာင္းႀကီး ေက်းရြာဘက္သို႔ စစ္ေၾကာင္း တစ္ခုျဖတ္သန္းခ်ိန္တြင္ ျဖစ္ပြားခဲ့ၿပီး ရေသ့ေတာင္ၿမိဳ႕ေပၚႏွင့္ အနီးအနား ေက်းရြာမ်ားသို႔ လက္နက္ႀကီးမ်ား က်ေရာက္ေပါက္ကြဲမႈမ်ားရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ ညေန ၆ နာရီခန္႔က ရေသ့ေတာင္ၿမိဳ႕ေပၚမွ လူမႈကူညီေရး လုပ္ေဆာင္ေနသူ ကိုဘကၠာသို႔ ဖုန္းျဖင့္ ဆက္သြယ္ရာ လူနာအား ရေသ့ေတာင္ ေဆးရံုကို ပို႔ေဆာင္ႏိုင္ၿပီျဖစ္ေၾကာင္း ေျပာ ၾကားသည္။
ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကလည္း “ ရေသ့ေတာင္ၿမိဳ႕ထဲက သိပ္မေဝး ဘူး။ ၿမိဳ႕အထြက္ တံတားနားမွာ ပစ္ေနၾကတာ။ ေရႊပါရမီေက်ာင္းမွာ စစ္ေဘးေရွာင္ တစ္ေယာက္ထိတယ္။ အခု လူနာတင္ ကားနဲ႔ ယူလာလို႔ၿမိဳ႕ေပၚက ေဆးရံုေရာက္ေနၿပီ”ဟု အတည္ျပဳေျပာသည္။ ေရြပါရမီဘုန္းေတာ္ႀကီးေက်ာင္းတြင္ စစ္ေဘး ေရွာင္ လူဦးေရ ၁၇ဝဝ ခန္႔ရွိခိုလံႈေနၾကေၾကာင္းသိရသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းအား နိရဥၥရာသတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာ ဆက္သြယ္မႈ မရရွိေသး ပါ။ https://www.bnionline.net/mm/news-73778
*************
၂၆။ မူဆယ္(၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္အတြင္း လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနေသာ နမ္းခမ္းၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႔ ေနထိုင္သည့္ အေဆာက္အဦအား ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား
June 25, 2020
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခရိုင္ မူဆယ္ၿမိဳ႕နယ္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္အတြင္း ေျမာက္ဘက္ရွိ ကုန္သြယ္ ေရးဇုန္ လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနေသာ နမ္းခမ္းၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္မ်ား ေနထိုင္သည့္ အေဆာက္အဦးအား ဆိုင္ကယ္စီးလာေသာ လူသံုးဦးက ဇြန္လ ၂၅ ရက္ ေန႔လည္ ၂ နာရီ ၁၀ မိနစ္ခန္႔က ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးမႈ ျဖစ္ ပြားခဲ့ေၾကာင္း သိရသည္။
ပစ္ခတ္မႈ ျဖစ္စဥ္မွာ မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္အတြင္း ေျမာက္ဘက္ရွိ ကုန္သြယ္ေရးဇုန္ လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနေသာ နမ္းခမ္းၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္မ်ား ေနထိုင္သည့္ အေဆာက္အဦးအား ဇြန္လ ၂၅ ရက္ ေန႔လည္ ၂ နာရီ ၁၀ မိနစ္ခန္႔က မူဆယ္ လားရိႈး ပန ၁၀၅ မိုင္ – ပန္ဆိုင္း သြား ကားလမ္း ခ်ိတ္ဆက္ထားေသာ အထက (ခြဲ) ၁၀၅ မိုင္ ေဘးလမ္းမေပၚမွ အမည္မသိ ဆိုင္ကယ္စီးလာေသာ လူသံုးဦးက ပန္ဆိုင္းေမာင္တံ ကုန္သြယ္ေရးဇုန္ ေရွာင္ကြင္းလမ္း ႀကံေတာထဲမွ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ အေဆာက္အဦးအတြင္းရွိ ေခြးတစ္ေကာင္ ေသဆံုးခဲ့ၿပီး တာဝန္ထမ္းေဆာင္ေနသူႏွင့္ အျခား ျပည္သူမ်ား ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။ ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ နယ္ေျမခံတပ္ရင္းမွ တပ္ဖြဲ႔ဝင္မ်ား၊ နယ္စပ္ကုန္သြယ္ေရးဇုန္ရွိ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ နမ္းခမ္းၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္မ်ားက အခင္းျဖစ္ေနရာ အနီးတစ္ဝိုက္တြင္ ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိၿပီး လံုၿခံဳေရးတိုးျမွင့္ ခ်ထားလ်က္ရွိေၾကာင္း သိရသည္။ https://new s-eleven.com/article/179979
**************
၂၇။ မယ္လဒုကၡသည္စခန္းအတြင္း မူးယစ္ေဆးျပား ေထာင္ခ်ီဖမ္းမိ
June 23, 2020
ထုိင္း-ျမန္မာနယ္စပ္ရွိ ျမန္မာဒုကၡသည္စခန္းတစ္ခုျဖစ္ေသာ မယ္လဒုကၡသည္စခန္းတြင္းသုိ႔ (ဇြန္လ ၂၃ ရက္) နံနက္ပုိင္း တြင္ ထုိင္းအာဏာပုိင္မ်ားက ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမႈ ျပဳလုပ္ခဲ့ရာ မိသားစုေန အိမ္တစ္အိမ္တြင္ စိတ္ႂကြေဆးျပား ေထာင္ခ်ီ ဖမ္းဆီးရမိခဲ့ေၾကာင္း စခန္းတာဝန္ရွိသူမ်ားက ေျပာသည္။
ထုိင္းတပ္မေတာ္၊ ရဲႏွင့္ စခန္းလုံၿခဳံေရး စသည့္ပူးေပါင္းအဖြဲ႔မွ မယ္လဒုကၡသည္စခန္း၏ ဇုန္ (B-5B) ရွိ အိမ္နံ ပါတ္(၉၂)မွ အိမ္ရွင္ ေနာ္မုမု ဆုိသူ၏ ေနအိမ္သုိ႔ အနံ႔ခံေခြးမ်ားျဖင့္ ေရွာင္တခင္ လာေရာက္စစ္ေဆးရာ စိတ္ႂကြေဆးျပားထုပ္မ်ားကုိ ဖမ္း ဆီးရမိခဲ့ေၾကာင္း ဇုန္(B) လုံၿခံဳေရးတာဝန္ခံ ေစာေရႊဝင္းၿမဳိင္က ေျပာသည္။ ၎က “စစ္သားေတြ၊ ရဲေတြ စခန္းလုံၿခဳံေရးအ ဖြဲ႔ေတြက က်ေနာ္တုိ႔ ဒီကရပ္ကြက္တာဝန္ရွိသူေတြကို ဘာမွအေၾကာင္းမၾကားဘဲ ဝင္လာၿပီး စစ္ေဆးတာ။ အဲ့မွာ (၅)ထုပ္ အ ရင္မိတယ္။ အဲ့ဒါၿပီးေတာ့ စခန္းလုံၿခဳံေရးက က်ေနာ္တုိ႔ကုိ အေၾကာင္းၾကားၿပီး ထပ္သြားရွာေတာ့ အလုံးေရ (၂,၄၀၀) ထပ္မိ တယ္။”ဟု ေကအုိင္စီသုိ႔ေျပာသည္။ ထုိသုိ႔ ဝင္ေရာက္စစ္ေဆးဖမ္းဆီးရာတြင္ အဆုိပါမူးယစ္ေဆးဝါးေရာင္းဝယ္သူမွာ ထြက္ ေျပးတိမ္းေရွာင္သြားၿပီး ေနအိမ္ရွိက်န္ရွိသည့္ မိသားစုဝင္(၄) ဦးျဖစ္သည့္ အဘြားအုိတစ္ဦး၊ ညီမေတာ္စပ္သူတစ္ဦး၊ အေဒၚ ေတာ္စပ္သူတစ္ဦးႏွင့္ အမ်ဳိးသားတစ္ဦးကုိ ေခတၱယာယီေခၚေဆာင္သြားေၾကာင္း ေစာေရႊဝင္းၿမဳိင္ က ဆက္ေျပာသည္။
ထုိ႔ေနာက္ သတင္းအရ ၎မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားသူမွာ အသက္ (၂၇) ႏွစ္အရြယ္ ေစာအဲငဲ ဆုိသူျဖစ္ၿပီး ၎ႏွင့္အတူ လက္တြဲလုပ္ေဆာင္သူ တစ္ဦးကုိ ဖမ္းဆီးရမိ၍ ကာယကံရွင္ကုိ လက္ရွိအခ်ိန္ထိ ဖမ္းဆီးရမိျခင္း မရွိေသးဘဲ ၎မိခင္ျဖစ္သူမွ ဖုန္းဆက္ေခၚေသာ္လည္း ျပန္လာအဖမ္းခံျခင္းမရွိေၾကာင္း မယ္လစခန္း၏ လုံၿခဳံေရး ဒု-တာဝန္ခံ ေစာအယ္မြီး က အတည္ျပဳသည္။ ၎က “သူအေမက ေျပာလုိက္တယ္။ သားေရ ျပန္လာခဲ့ေပါ့။ ဒီမွာသူမ်ားငါတုိ႔ကုိ ဖမ္းေန ၿပီးေပါ့။ သား ျပန္လာမွ ဒီကဖမ္းထားတဲ့သူေတြ လႊတ္ေပးမယ္ေပါ့။ ဒါေပမဲ့ ကာယကံရွင္က ေသေသရွင္ရွင္ မျပန္လာဘူးတဲ့။ အခု သူေနတဲ့ ေနရာကုိသူမ်ား GPS နဲ႔ လုိက္တာ ေနရာကုိ သိေနၿပီ။ အဲ့ဒါ သူကေျပာေသးတယ္။ လာဖမ္းရဲရင္ လာဖမ္းေပါ့။ သူ႔မွာက လက္နက္ရွိေနတယ္” ဟု ေကအုိင္စီသုိ႔ေျပာသည္။
မယ္လ ဒုကၡသည္စခန္းအတြင္း မူးယစ္ေဆးဝါး စစ္ေဆးမႈကုိ ထုိင္းအာဏာပုိင္မ်ားမွ တစ္လတစ္ခါ စစ္ေဆး ေဆာင္ရြက္မႈ မ်ား ျပဳလ်က္ရွိကာ မၾကာခဏ ဖမ္းဆီးရမိမႈမ်ားရွိၿပီး လက္ရွိ ဖမ္းဆီးရမႈသည္ သတင္းအရ လာေရာက္ဖမ္းဆီးသည့္ ပုံစံျဖစ္ သလုိ ပမာဏ အမ်ားဆုံး ဖမ္းဆီးရမႈလည္း ျဖစ္ေၾကာင္း သိရသည္။ http://kicnews.org/2020/06/%e1%80%99% e1%80%9a%e1%80%b9%e1%80%9 c%e1%80%92%e1%8
*************
၂၈။ ကြတ္ခိုင္မွာ မူးယစ္ေဆးခ်က္လုပ္တဲ့ပစၥည္းေတြ ဖ်က္ဆီး
June 23, 2020
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးနဲ႔ လြယ္ခမ္ေက်းရြာ အတြင္းက ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါး ခ်က္လုပ္ တာမွာအသံုးျပဳတဲ့ ဆက္စပ္ပစၥည္းေတြထဲကအခ်ိဳ႕ကို ကြတ္ခိုင္ၿမိဳ႕မွာ ဒီကေန႔ မနက္ပိုင္းက ဖ်က္ဆီးခဲ့ပါတယ္။ ေကာင္းခါး နဲ႔ လြယ္ခန္ေက်းရြာကေန အခုႏွစ္ ေဖေဖာ္ဝါရီလကေန ေမလ ၁ ရက္ေန႔အထိ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္း အမ်ိဳးအစား ေပါင္း တစ္ရာေက်ာ္ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ မူးယစ္ေဆးေတြနဲ႔အတူ အမ်ိဳးသား၂၉ ဦး၊ အမ်ိဳးသမီး ၄ ဦး၊ စုစုေပါင္း ၃၃ ဦးကို ဖမ္းဆီးရမိထားၿပီး က်န္ ၉၇ ဦးကေတာ့ တိမ္းေရွာင္ေနတယ္လို႔ ဆိုပါတယ္။ ကား ၂၁ စီး၊ ဆိုင္ကယ္တစ္စီး၊ လက္နက္မ်ိဳးစံု ၈၆ လက္နက္ခဲယမ္းမ်ိဳးစံုတို႔ကိုပါ သိမ္းဆည္းရမိခဲ့တာပါ။
အခုဖ်က္ဆီးတဲ့ မူးယစ္ေဆးနဲ႔ဆက္စပ္ပစၥည္းေတြဟာ တပ္မေတာ္လက္ေအာက္ခံ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႔ထိန္းခ်ဳပ္ နယ္ ေျမထဲမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ၿပီး တပ္မေတာ္က လက္နက္ျပန္အပ္ခိုင္းခဲ့သလို လြယ္ခမ္ ျပည္သူ႔စစ္အဖြဲ႔ေခါင္းေဆာင္ အခ်ိဳ႕ ကိုလည္း ထိန္းသိမ္းထားတယ္လို႔ အမည္မေဖာ္လိုတဲ့ေကာင္းခါးျပည္သူ႔စစ္အဖြဲ႔အရာရွိတစ္ဦးက RFA ကိုေျပာထားပါတယ္။
ကြတ္ခိုင္မွာ ဖ်က္ဆီးတဲ့ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြဟာ လားရိႈးကို သယ္ဖို႔ခက္ခဲလို႔ ကြတ္ခိုင္မွာ ဖ်က္ဆီးခဲ့တာျဖစ္ ၿပီး က်န္ေနတဲ့ မူးယစ္ေဆးဝါးေတာ့ကိုေတာ့ လာမယ့္ ဇြန္လ ၂၆ ရက္ေန႔မွာ က်ေရာက္မယ့္ ၃၃ ႀကိမ္ေျမာက္ အျပည္ျပည္ ဆိုင္ရာ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးေန႔မွာ လားရိႈးၿမိဳ႕မွာ ထပ္မံဖ်က္ဆီးမွာျဖစ္ၿပီး အေမရိကန္ေဒၚလာ သန္း ၄၂၀ နီး ပါး တန္ဖိုးရွိတယ္လို႔ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႔တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ ကြတ္ခိုင္ေဒသမွာ လူငယ္ေတြအမ်ားစု မူးယစ္ သားေကာင္ျဖစ္ေနရၿပီး ရာဘေဆးျပားေတြကေတာ့ လြယ္လြယ္ကူကူ ဝယ္လို႔ရေနတုန္းျဖစ္တယ္လို႔ ကြတ္ခိုင္ၿမိဳ႕ တအာင္း စာေပယာဉ္ေက်းမႈ ဒု-ဥကၠ႒ ဦးထြန္းေအာင္က ေျပာပါတယ္။ ၂၀၂၀ အတြင္း ရွမ္းျပည္နယ္မွာ မူးယစ္ေဆး ဖမ္းဆီးရမိမႈဟာ အရင္ႏွစ္ထက္ အေမရိကန္ေဒၚလာ ငါးသန္းေက်ာ္အထိ ပိုမိုဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ရွမ္းျပည္ ေျမာက္ပိုင္း ဒု-ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သူေဇာ္က ေျပာပါတယ္။
ဇြန္လ၂၆ ရက္ေန႔မွာ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕မွာ အေမရိကန္ ေဒၚလာ (၂၂၈.၈) သန္းေက်ာ္တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါး နဲ႔ ဆက္စပ္ပစၥည္း ၂၉ မ်ိဳးကို မီးရိႈ႕ဖ်က္ဆီးမွာျဖစ္သလို တစ္ႏိုင္ငံလံုး အတိုင္းအတာအေနနဲ႔ အေမရိကန္ေဒၚလာ ၈၃၅ သန္း နီးပါးရွိ မူးယစ္ေဆးနဲ႔ ဆက္စပ္ပစၥည္းေတြကို လာမယ့္ ဇြန္ လ၂၆ ရက္ ေန႔မွာ မီးရိႈ႕ဖ်က္ဆီးမွာ ျဖစ္တယ္လို႔သိရပါတယ္။ https://www.rfa.org/burmese/news/destroying-the-making-drugthingsinkutkai06232020074424.html
**************
၂၉။ သွ်မ္းေတာင္ ကိုဗစ္-၁၉ သံသယ ေစာင့္ၾကည့္လူနာ ၇ဦးရွိ
June 25, 2020
သွ်မ္းျပည္ေတာင္ပိုင္းတြင္ ကိုဗစ္ – ၁၉ သံသယ ေစာင့္ၾကည့္လူနာ ၇ ဦး ရွိေၾကာင္း စံုစမ္း သိရွိရသည္။
အဆိုပါ သံသယေစာင့္ၾကည့္လူနာ ၇ ဦး သည္ သွ်မ္းျပည္ေတာင္ပိုင္း ဟိုပံုး ၊ ဟဲဟိုး ၊ လြိဳင္လင္၊ ကေလာ ၊ ကြန္ဟိန္း ႏွင့္ စဝ္စံထြန္း ေဆးရံုတို႔တြင္ အသီးသီး တက္ေရာက္ ေဆးကုသမႈ ခံယူေနေၾကာင္း ျပည္နယ္ အထူးေရာဂါ ႏွိမ္နင္းေရး လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာ ႏွင္းအိျဖဴ က ေျပာသည္။
“ေစာင့္ၾကည့္လူနာ ဓါတ္ခြဲနမူနာ စစ္ေဆးမယ့္သူက ၂ ေယာက္ရွိတယ္။ စစ္ေဆးၿပီးသား သူက ၅ ေယာက္ရွိတယ္။ စုစု ေပါင္း ၇ ေယာက္”ဟု ေဒါက္တာႏွင္းအိျဖဴ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ သွ်မ္းျပည္ေတာင္ပိုင္းတြင္ ကိုဗစ္ အတည္ ျပဳ လူနာ ၄ ဦး ရွိသည့္ အနက္ ၃ ဦး သည္ ေဆးရံုမွ ဆင္းခြင့္ ရေၾကာင္း သိရသည္။
ေမ ၂၇ ရက္မွ ဇြန္ ၂၄ ရက္ေန႔ထိ ကရင္ျပည္နယ္ ျမဝတီဘက္မွ သွ်မ္းျပည္ေတာင္ပိုင္းတြင္ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား (၁၆၄၇) ဦး ရွိေၾကာင္း စံုစမ္းသိရွိရသည္။ https://burmese.shannews.org/archive s/17255
မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။
*** ၿပီး ***
unicode
နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း
(No. 38, June 26, 2020)
၁။ RCSS နှင့် TNLA စစ်ရေးတင်းမာမှုကြောင့် နမ္မတူမြို့နယ် စစ်ရှောင် ၂၀ဝ ကျော်ရှိ
၂။ ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်နေ
၃။ KNU ၏ ကိုဗစ် စောင့်ကြည့်ရေးစခန်းတွင် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေ
၄။ ရေးမြို့နယ် တောင်ပိုင်း၌ ခြံသမားတစ်ဦး သေနတ်ပစ်ခံထိသဖြင့် မော်လမြိုင် ဆေးရုံတွင် ကုသခံရ
၅။ ရွေး/ကော်အား တင်ပြဆွေးနွေးရန် အချက်များ တိုင်းရင်းသားပါတီများ ပြင်ဆင်
၆။ ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲဖြစ်
၇။ မော့ကနင်ကျေးရွာတွင် နေအိမ် ၁၈ လုံးကျော် မီးလောင်သဖြင့် အိမ်ထောင်စု ၂၇ စုဘေးသင့်ခံရ
၈။ နမ့်ခမ်း ဒေသခံများပိုင် ထင်းစိုက်ခင်း (၉၇) ဧက ပြန်လွှဲပြောင်းပေးမည် ဟုဆို
၉။ ကရင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းနီးပါးတိုးလာ
၁၀။ ကရင်နီတောင်သူ ၂၂ ဦးအပေါ် ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်က တရားရုံးတွင် လျှောက်ထား
၁၁။ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ အော်ဟစ်ဆူပူမှုပြုလုပ်သူအား ထောင်ဒဏ် ၆ လ အမိန့်ချ
၁၂။ တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့၍ ကျေးရွာ (၄၀) ကျော် ဆန်ပြတ်လပ်နေ
၁၃။ ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား
၁၄။ MCL ဘိလပ်စက်ရုံမှ ကျောက်မိုင်းခွဲသည့်လုပ်ငန်းရပ်ဆိုင်း
၁၅။ ရေဖြူမြို့နယ် သုံးလောင်းပြိုင်လူသတ်တရားခံဖမ်းဆီးရမိ၊ မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်း အပေါင်ခံထားမှုကြောင့်ဖြစ်
၁၆။ ကိုဗစ်-၁၉ အလွန် သျှမ်းပြည် စီးပွားရေး ကဏ္ဍ တိကျသည့် စီမံကိန်း မရှိသေး ဟုဆို
၁၇။ ပူတာအိုကျောင်းများ ပုံစံသစ်နှင့် ပြန်ဖွင့်မည်
၁၈။ ရိခေါဒါရ်မြို့အနီး ငလျင်လှုပ်ခတ်မှု လူနေအိမ်နှင့် အဆောက်အဦးများပျက်စီး
၁၉။ ရေးမြို့နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံတိုးရန်လျာထား
၂၀။ အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ ၂ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်
၂၁။ ဖားကန့်ဒေသအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်ချက်ဖြင့်လာရောက်ကြသော်လည်း မူးယစ်ဆေးဝါး အန္တရာယ်နှင့်လုံခြုံမှုမရှိသောကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေကြကြောင်းပြည်ထောင်စုဝန်ကြီးပြောကြား
၂၂။ မန်ဆူဈေး ဆိုင်းဘုတ်ပြန်တပ်ပေးရန် သျှမ်းလူထု တောင်းဆို
၂၃။ မိုးညှင်းမြို့၌ မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက လက်သီးဖြင့်ထိုးသဖြင့် မိခင်သေဆုံး
၂၄။ မူဆယ် နယ်စပ် စီးပွားရေးဇုန်တွင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် တို့ပါဝင်မည်
၂၅။ ရသေ့တောင်မြို့အနီးပစ်ခတ်မှုဖြစ်၍ ရွှေပါရမီဘုန်းကြီးကျောင်းမှ မသန်စွမ်းသူစစ်ဘေးရှောင်တစ်ဦးထိခိုက်ဒဏ်ရာရ
၂၆။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နမ်းခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင် သည့် အဆောက်အဦအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
၂၇။ မယ်လဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးပြား ထောင်ချီဖမ်းမိ
၂၈။ ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး
၂၉။ သျှမ်းတောင် ကိုဗစ်-၁၉ သံသယ စောင့်ကြည့်လူနာ ၇ဦးရှိ
***************
၁။ RCSS နှင့် TNLA စစ်ရေးတင်းမာမှုကြောင့် နမ္မတူမြို့နယ် စစ်ရှောင် ၂၀ဝ ကျော်ရှိ
June 24, 2020
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှုကြောင့် မန်စံကျေးရွာ ဘုန်းကြီး ကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်နေကြောင်းစုံစမ်းသိရသည်။ ယခုရက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာမှုကြောင့် အဆိုပါ စစ်ရှောင်များထွက်ပြေး တိမ်းရှောင်လာရ ခြင်းဖြစ်ကြောင်းသိရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များသည် နမ္မတူမြို့နယ် နားကျဲကျေးရွာ၊ နားကျိုင်းကျေးရွာနှင့် ပိန်းလုံရွာတို့မှ ဒေသခံ ၂၃၆ ဦးတို့ဖြစ်ပြီး၊ လက်ရှိမန်စံအုပ်စုရှိ မန်ဟောင်ဘုန်းကြီးကျောင်းတွင် နားခိုနေကြကြောင်း နမ္မတူမြို့နယ် စစ်ဘေး ရှောင် ကော်မတီအဖွဲ့မှ စိုင်းဘဉာဏ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။“ မနေ့ ညကရောက်လာတယ်။ အဓိကတော့ RCSS နဲ့ TNLA စစ်ရေးတင်းမာလို့၊ အဲ့ရွာနားတဝိုက်မှာ စစ်သားတွေရောက်လာလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာနဲ့ ထွက်လာကြ တာပါ”ဟု စိုင်းဘဉာဏ်က ဆိုသည်။ ထို စစ်ရှောင်လာသည့် သူများအတွက် နေရာထိုင်ခင်း၊ စားစရာများသည် လက်ရှိမှာ အခက်အခဲမရှိသေးကြောင်း၊ အလှူရှင်များက လာရောက်ပေးထားကြောင်းလည်း စိုင်းဘဉာဏ် က ပြောသည်။
နမ္မတူမြို့နယ်အတွင်း စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ကျနော်တို့တပ်နဲ့ TNLA တပ် စစ်ရေးတင်းမာမှုရှိတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲတော့မဖြစ်ပါဘူး”ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။ ဆက်လက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်ကို ဆက်သွယ် မေးမြန်းရာ အဆိုပါ စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။ နမ္မတူမြို့နယ်အတွင်း RCSS/ SSA နှင့် TNLA သည် လွန်ခဲ့သည့် ၂၀၁၆ ခုနစ်မှ စတင်ကာ စစ်ရေးတင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/17232
**************
၂။ ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်နေ
June 24, 2020
ဒီရက်ပိုင်းထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတဲ့အထိ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေပါတယ်။ စစ်ရေးတင်းမာမှုတွေကြောင့် လတ်တလောခန့်မှန်းချေ ဒုက္ခသည် တသိန်းခြောက်ထောင့်လေးရာကျော် ရှိနေရာကနေ နောက်ထပ် တိုးလာနိုင်တယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ လုံခြုံရေး စိုးရိမ်နေကြရသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ အရေး ပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ပိုတိုးလာသလို တချို့ယာယီခိုလှုံရေးစခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်လာ နေတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ပြောပြပါတယ်“ လောလော ဆယ်မှာ ကျမတို့ ရသေ့တောင်ဘက်မှာ တော်တော်များများတော့ သူတို့ အမိုးအကာလုံခြုံမှုအောက် ရောက်သွားကြပြီ။ ဒါပေမဲ့ တချို့တော့ အခုလောလောဆယ် တိုက်ပွဲကိုရှောင်ပြီး ပြေးလာတဲ့သူတွေမှာ နေရာမရှိသေးတာတွေရှိတယ်။ အခုဆို ရင် အားကစားခန်းမတွေထဲ ထားတယ်။ ဒါပေမဲ့ ကျမတို့ရခိုင်ပြည်နယ်သည်မိုးအရမ်းများတဲ့အတွက် နေထိုင်ရေးက အတော် လေးကို အခက်ခဲရှိပါတယ်။
အခုတလော ဒီတရက် ၂ ရက်မှာကို ကျောက်တန်းတိုက်နယ်မှာ ကျောက်ခက်တို့ ထိစွေ့တို့မှာ တပ်မတော်ကက နေရာဝင်ယူ ထားတော့တဘက်နဲ့တဘက် တိုက်ပွဲဖြစ်မှာကြောက်လို့ အဲ့ကရွာသားတွေတော်တော်များများ ရသေ့တောင်ဘက်ကို ရောက် ရှိလာနေကြတယ်။ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ လုံခြုံရေး၊ ကပ်ဘေးအန္တရာယ်သာမက မိုးတွင်းကာလ ရာသီဥတုဒဏ် နဲ့လည်း ရင်ဆိုင်နေကြရတာပါ။ ဒီအတွက်လည်း တာဝန်ရှိတဲ့ အစိုးရအနေနဲ့ထိထိရောက်ရောက် အကူအညီပေးစေချင် တယ်လို့ ရခိုင်အမျိူးသားပါတီ ANP ရဲ့ အတွင်းရေးမှူး(၁) ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ကပ်ရောဂါကြုံရတဲ့အချိန်ကစလို့ ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ပုံမှန်ထောက်ပံ့ပေးနေတဲ့ အစီ အစဉ်တွေအပါအဝင် အလှူရှင်တွေဆီက ကူညီထောက်ပံ့မှု ရပ်တန့်သလောက်ဖြစ်နေတယ်လို့လည်း ဒေသခံ နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ အထူးသဖြင့် အခုအချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် တွေအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း REC အဖွဲ့က ကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။
ကုလသမဂ္ဂ စာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) ရဲ့ ဇွန်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက် အရ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြို့နယ်ပေါင်း ၁၄ ခုထက် မနည်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ရေကြီးမှုတွေ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။ မြေပုံ၊ ကျောက်တောနဲ့ မြောက်ဦးမြို့နယ်တွေက စစ်ရှောင်စခန်းတွေမှာ ရေကြီးမှုတွေကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရ ကြောင်းနဲ့ အကူအညီပေးရေးအဖွဲ့တွေက အရေးပေါ်ကူညီနိုင်အောင် ပြင်ဆင်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောဆို ထားပါတယ်။ https://burmese.voanews.com/a/rakhine-refugee-food-in-need-/5475079.html
*************
၃။ KNU ၏ ကိုဗစ် စောင့်ကြည့်ရေးစခန်းတွင် စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေ
June 24, 2020
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်(တပ်မဟာ ၆)မှ ဖွဲ့စည်းထားသည့် COVID-19 အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ကော့ကရိတ်မြို့နယ်ရှိ ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးစခန်း (Quarantine center) တွင် စားနှပ် ရိက္ခာ မလုံလောက်မှု အခက်အခဲရှိနေကြောင်း တာဝန်ရှိသူများက ယနေ့ ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့မှစ၍ ယခင် ကော့ကရိတ်မြို့နယ် ရွာသစ်ကျေးရွာတွင် စတင်ဖွင့်လှစ်ထားသည့် စင်တာ၌ လူဦး ရေ အနေအထားနှင့် နေရာအကျယ်အဝန်း အခက်အခဲကြောင့် ကော့ကရိတ်-မြဝတီသွားလမ်းမကြီးဘေးရှိ KNU စိုက်ပျိုး ရေး နှင့် မွေးမြူရေးဌာနသို့ ပြောင်းရွှေ့နေရာချထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် စောင့်ကြည့်လူဦးရေ (၄၈) ဦး ရှိနေကြောင်း သိရသည်။ ကော့ကရိတ်မြို့နယ်၊ ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး စောအေးမြ က “ကျနော်တို့ သိရသလောက် ပြည်တွင်းမှာဝင်လာတဲ့ NGO တွေရဲ့ အကူအညီက အစိုးရ ဆီကိုပဲရောက်တယ်။ အဲ့ကနေ တစ်ဆင့် ကျနော်တို့ KNU ဗဟိုနဲ့ ခရိုင်နဲ့ ချိတ်ဆက်မှုတွေ လုပ်နေတယ်ပေါ့နော်။ သူတို့ ခရိုင်ကပံ့ပိုးတာဘာမှမရှိဘူး။ သို့သော်လည်းပဲ သူတို့ဆီလည်း ဘာမှမရောက်လာသေးတဲ့ သဘောတော့ရှိတယ်။ အခုက ကျနော်တို့ဆီကို တိုက်ရိုက်ပံ့ပိုး တဲ့ အစီအစဉ်တွေ မရှိသေးဘူး” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် လက်ရှိတွင် ကော့ကရိတ်မြို့နယ်၏ ဘတ်ဂျက်ငွေဖြင့်သာ စီစဉ်ဆောင်ရွက်နေပြီး အဆိုပါ ဖွင့်လှစ်ထားသည့် Quarantine Center ဆီသို့ အစိုးရဘက်မှ နေရပ်ပြန်သူများကို လာရောက်လွှဲပြောင်း ထားမှုရှိသလို ကျန်းမာရေးစစ်ဆေးမှု ကဏ္ဍတွင်သာ ပူးပေါင်းဆောင်ရွက်မှုရှိပြီး စားနပ်ရိက္ခာ ထောက်ပံ့မှု တစ်စုံတစ်ရာမရှိ သေးကြောင်းနှင့် လတ်တလော ကိစ္စ ရပ်အတွက် ဒူးပလာယာခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း စောအေးမြက ဆက်ပြော သည်။
KNU ဒူးပလာယာခရိုင်မှ COVID-19 အရေးပေါ် တုန့်ပြန်ကာကွယ် ထိန်းချုပ်ရေးအတွက် ခရိုင်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်ပြည်သူများအတွက် Quarantine Center ၃ ခုဖွင့်လှစ်ပေးထားကြောင်း ခရိုင်တာဝန်ရှိသူများ ထံမှ သိရသည်။ ထိုင်းနိုင်ငံဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အကြောင်းအမျိုးမျိုးကြောင့် မြဝတီနယ်စပ်မှ တဆင့် ဒုတိယ အကြိမ် မေလ ၂၃ ရက်မှ ယနေ့ ဇွန်လ တတိယအပတ်ထိ လူဦးရေ ၃၀,ဝ၀ဝ ကျော် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာ ခဲ့ဖြစ်သည်။ ထိုအထဲတွင် ရောဂါပိုး တွေ့ရှိသူများလည်းရှိကာ ၎င်းရောဂါးပိုးတွေ့ရှိ သူများကို သက်ဆိုင်ရာ ဖားအံ၊ မော်လမြိုင် နှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ http://kicnews.org/2020/06/knu%e1%81% 8f% e1%80%80% e1%80%af%e1%80%ad%e1%80%97%e1
*************
၄။ ရေးမြို့နယ် တောင်ပိုင်း၌ ခြံသမားတစ်ဦး သေနတ်ပစ်ခံထိသဖြင့် မော်လမြိုင် ဆေးရုံတွင် ကုသခံရ
June 22, 2020
ရေးမြို့နယ် တောင်ပိုင်း ရင်းရယ်တောင်ခြေတွင် ခြံသမားတစ်ဦး ညအိပ်စောင့်နေစဉ် ဇွန်လ ၂၁ ရက်ည ၁၀ နာရီခန့်အချိန် က သေနတ်ဖြင့် ချောင်းမြောင်းပစ်ခံထိသဖြင့် မော်လမြိုင်ဆေးရုံ၌ ကုသခံနေရပြီး ယခုအခါ စိုးရိမ်စရာအခြေအနေမရှိတော့ ကြောင်း သတင်းရရှိသည်။
သေနတ်ပစ်ခံထိသူမှာ ရင်းရယ်ရွာသား နိုင်ဝမ်း ဖြစ်ပြီး ၎င်း၏ ညာဘက်နံရိုးကို ထိမှန်သွားသည်ဟု ညီမဖြစ်သူ လူနာစောင့် မိယဉ်စိန်က ပြောသည်။“သူ့မှာ ရန်သူလည်းမရှိဘူး ရန်သူဟောင်း ရန်သူသစ်လည်းမရှိဘူး။ ပစ်တဲ့လူကို မတွေ့မိဘူးဆို တော့ ဘယ်သူလက်ချက်လည်းဆိုတာ မပြောတတ်ပါဘူး၊ ရန်ညိုးရန်စ ရှိထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်”ဟု ၎င်း ကဆိုသည်။ အဆိုပါ သေနတ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ရဲစခန်း၌ အမှုဖွင့်ထားခြင်းမရှိသေးကြောင်း မိယဉ်စိန်က ဆက် ပြောသည်။
သေနတ်ဒဏ်ရာရရှိထားသည့်နေရာမှ ကျည်ဆံထိပ်ဖူးခွဲထုတ်ခဲ့ပြီးဖြစ်သည့်အတွက် စိုးရိမ်စရာမရှိတော့သဖြင့် ဒဏ်ရာ အနာ ကျက်ရန် တစ်ပတ် ဆယ်ရက်ခန့်နေပြီးပါက ဆေးရုံဆင်းရမည်ဟု လိုက်ပါကူညီဆောင်ရွက်နေသည့် မွန်အရှင် ဥက္ကံသ က ပြောသည်။ မွန်အရှင် ဥက္ကံသ က “အခုကျည်ဆံထုတ်ပြီးပြီ၊ ကျည်ဆံက ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ ဆရာဝန် မပြောသေးပါ၊ ကျည်ဆံကထုတ်ပြီးပြီလို့ အဲ့လောက်ပဲပြောပြတယ်၊ ခန့်မှန်းကြည့်ရင်တော့ တောပုန်းသေနတ်ဖြစ်နိုင်တယ်၊ စစ်သားတွေကိုင်တဲ့ သေနတ်မဖြစ်နိုင်ဘူး။ ရွာနဲ့ခြံနဲ့ သွားရင် တစ်နာရီလောက်ပဲ ကြာတယ်၊ စစ်သားတွေလည်း မရှိပါဘူး” ဟု ပြောသည်။
အဆိုပါ ရင်းရယ်ရွာနှင့်အနီတဝိုက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ သွားလာလှုပ်ရှားမှုမရှိသလို နယ်မြေအေးချမ်းသော ဒေသဖြစ်သည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ ရေးမြို့နယ်တောင်ပိုင်းဒေသသည် ယခင်က မွန်ပြည်သစ်ပါတီအမာခံ နယ်မြေတစ်ခုဖြစ်ခဲ့ သော်လည်း ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရ နှင့်သဘောတူချက်အရ တပ်စခန်းအခြေချခွင့် မရှိတော့ပေ။ http://burmese. monnews.org/2020/06/22/%e1%80%9b%e1%80%b1%e1%80%b8%e1%80%99%e1%
***************
၅။ ရွေး/ကော်အား တင်ပြဆွေးနွေးရန် အချက်များ တိုင်းရင်းသားပါတီများ ပြင်ဆင်
June 24, 2020
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည့် အစည်းအဝေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်များ တင်ပြဆွေးနွေးသွားကြမည်ဟု ပြောသည်။
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကောက်မရှင်တို့ ဇွန် ၂၇ ရက်နေ့ ရန်ကုန်မြို့တွင် တွေ့ဆုံရာတွင် သက် ဆိုင်ရာ ကြားနေအဖွဲ့အစည်းများအား လွတ်လပ်စွာသတင်းရယူ၊ ထုတ်ပြန်ခွင့်များကို ဖွင့်ပေးရန်တောင်းဆိုသွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူးချုပ် စိုင်းလိတ် ကပြောသည်။ “ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ကြားနေအဖွဲ့အစည်းတွေ လွပ်လပ်မျှတစွာ သတင်းယူနိုင်ခွင့် သတင်းထုတ်ပြန်နိုင်ခွင့် ဒါတွေရှိဖို့အတွက်ကို သူတို့ဘယ်လို စီမံဆောင်ရွက်မှုမျိုးတွေရှိသလဲ ကျနော်တို့ ဖက်ကတော့ အဲဒီကြားနေအဖွဲ့အစည်းတွေ များများစားစားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် ဖွင့်ထားပေးဖို့ ဒီဥစ္စာကို ကျနော်တို့ တောင်းဆို မှာ ဖြစ်ပါတယ်”ဟု ပြောသည်။ လက်ရှိတွင် တိုင်းရင်းသားဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်ဆိုပါက အဆိုပါဒေသများ တွင် ကျင်းပနိုင်မည့် အနေအထား ရှိ၊ မရှိကို ဆွေးနွေးသွားရန်ရှိပြီး ထိုသို့ သိရှိနိုင်မှသာ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် နိုင်မည်ဟု SNLD က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ၎င်းတို့ပါတီအနေဖြင့် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။“ကျနော်တို့ဖက်ကတော့ အဓိကဆွေးနွေးရမှာကတော့ ရခိုင် ကိုယ်စားပြုပါတီတွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖြစ်နိုင်မဖြစ်နိုင် မေးကြရမှာပေါ့ဗျာ။ တစ်ဖက်မှာလည်း ပြည်ထောင်စု တစ်ခုလုံးမှာလည်း ရွေးကောက်ပွဲဖြစ်နိုင်လား ဆိုတဲ့ဟာမျိုး ဒီလို မေးခွန်းလေးတွေတော့ ရှိမှာပေါ့။ နောက်တစ်ခါနေပြီးတော့ အခုရွေးကောက်ပွဲ ကျင်းပတဲ့အချိန်က COVID ရဲ့ အချိန်လည်း ရှိနေတယ်လေ။ ဒီအတွက်ကိုလည်း ဘယ်လိုအကာအကွယ် အတားအဆီးပါ ဒါတွေလည်း မေးခွန်းတွေ အနေနဲ့ကတော့ ရှိမှာပါ။”
ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ကလည်း ရွှေ့ပြောင်းအလုပ်သမားများ မဲပေးမည့် ကိစ္စရပ်များ၊ ကြိုတင်မဲကိစ္စ၊ တပ်မဲရုံကိစ္စနှင့် ပွင့်လင်းမြင်သာ၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပေးရန် စသည့်အချက်များကို အဆိုပါ တွေ့ဆုံပွဲတွင် တင်ပြဆွေးနွေးသွားရန် ရှိသည်ဟု KSPP ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့က ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် ပုံမှန်အတိုင်း ပြုလုပ်မည်ဆိုပါ က ရွေးကောက်ပွဲတွင် ပါဝင်မည့် သက်ဆိုင်ရာ ပါတီများ၏ သဘောတူညီချက်ကို ရယူရန် SNLD ပါဝင်သည့် စည်းလုံး ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ် UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများက ထုတ်ပြန်ကြေညာချက်ထုတ်ကာ ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်း တောင်းဆိုထားသည်။ ထိုတောင်းဆိုမှု နောက်ပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကရွေးကောက်ပွဲဝင်မည့် သက်ဆိုင်ရာနိုင်ငံရေးပါတီများအား တွေ့ဆုံဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဆိုသော်လည်း ကျင်းပမည့်နေ့ အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မှ တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။ https://www.bnionline.net/mm/news-73767
**************
၆။ ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကာ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲဖြစ်
June 24, 2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာနှင့် ဘွမ်နန်ကျေးရွာကြားရှိ ရတနာအဓိပတိ ကုမ္ပဏီ လုပ်ကွက် ကျင်းပြိုကျခဲ့ရာ သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ မြေပြိုမှုဖြစ်စဉ်မှာ ဇွန်၂၃ ရက် ညနေ ၃ နာရီ ၃၉ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မြေပြိုမှုအခြေအနေကို ကြိုတင်သတိပေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ မြေ ပြိုသည့်ဘက်မှ လူအများရှောင်တိမ်းနိုင်ခဲ့သော်လည်း ရေကန်တစ်ဖက်မှလူများမှာ မြေစာများ ရေကန်အတွင်းကျသည့် အ ရှိန်ကြောင့် ရေလှိုင်းများဆွဲချသည့်အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း၊ ပျောက်ဆုံးစာရင်းများကို လိုက်လံကြေညာနေကြောင်း စပေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းယုက ပြောကြားသည်။
ဖားကန့်အထွေထွေအုပ်ချုပ်ရေး မှတ်တမ်းများအရ သေဆုံးသူမှာ မှော်ရှန်ကျေးရွာ နေသူ ၅၁ နှစ်အရွယ်ရှိ ဦးအောင်မြင့်မှာ ယင်းမြေပြိုချိန်တွင် အမြင့်ပေ ၆၀ ခန့်မှ ပြုတ်ကျခဲ့ပြီး ဦးခေါင်းပေါက်ပြဲ၊လက်မောင်းကျိုးပဲ့ကာ ဆေးရုံသို့ ကားဖြင့်ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ဆိပ်မူကျေးရွာမှ ၄၅ နှစ်အရွယ်ရှိ ဦးနော်တောင် နှင့် ဦးကျော်စိုး (အချက်အလက် စိစစ်ဆဲ) မှာ ရေလှိုင်း နှင့် ဆွဲချခံရကာ သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေ ပြီး ပျောက်ဆုံးစာရင်းများကို ကောက်ယူနေဆဲဖြစ်ကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း မြေပြို၊ မျောချောင်းပေါက် ကျမှုများ၊ ခြေချော်ပြုတ်ကျမှုများကြောင့် လူသေဆုံး မှု ၃၀ နီးပါးရှိခဲ့ပြီဖြစ်ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။
ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှရောက်ရှိလာသည့်ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင်အမြဲရှိနေပြီး ကျောက်စိမ်း လုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်းစသည့် လုပ်ငန်းများတွင်လုပ်ကိုင်နေပြီး မြေပြိုမှုကြောင့်လစဉ်သေဆုံးမှုများရှိခဲ့ သည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈၀၈ ခု တစ်ဧက လုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူ ကုမ္ပဏီ ၂၂၂ ခု၊ လုပ်ကွက်ပေါင်း ၃၀၂ ကွက်အထိ ရှိခဲ့သည်။ NLD အစိုးရလက်ထက်တွင် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိတော့ဘဲ လုပ်ကွက်ဧရိယာ အကျယ်အဝန်းနှင့် ပေါင်းစပ် တူးဖော်ခွင့်များ ကန့်သတ်ခဲ့သည်။ လက်ရှိတွင် အကျိုးတူလုပ်ကွက် လေးခု၊ ပုဂ္ဂလိကလုပ်ကွက် ၆၃၆ ကွက်ရှိပြီး အများစုမှာ ခိုးတူးနေကြခြင်း ဖြစ်ကြောင်း သိရသည်။ https://news-eleven.com/article/179872
**************
၇။ မော့ကနင်ကျေးရွာတွင် နေအိမ် ၁၈ လုံးကျော် မီးလောင်သဖြင့် အိမ်ထောင်စု ၂၇ စုဘေးသင့်ခံရ
June 23, 2020
မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာတွင် အိမ် ၁၈ လုံး မီးလောင်ကျွမ်းသဖြင့် အိမ်ထောင်စု ၂၇ စုနှင့် လူဦးရေ ၁၄၄ ဦး မီးဘေးသင့် ခံနေရသည့်အပြင် အခြားနေအိမ် ၉ လုံးလည်း အိမ်အကာနံရံများ မီးထဲပါရှိသွားသည့်အတွက် လတ်တလော ဆုံးရှုံးမှုတန်ဖိုး မခန့်မှန်းနိုင်သေးကြောင်း မော့ကနင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအင်းစိန်က ပြောသည်။ ဇွန်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးစလောင်ကျွမ်းခဲ့ပြီး ၂ နာရီခန့်အကြာ မီးညွန့်အရှိန်ကျိုးကာ ည ၁၁ နာရီခွဲခန့်က မီးငြိမ်းသတ်နိုင်ခဲ့ပြီး စိစစ်မှုတွေအရ အိမ်တွင်း လျှပ်စစ်ဝါယာရှော့ကြောင့်ဟု မီးသတ်ဌာနက မှတ်ချက်ပြုသည်။ “လောင်တာ ကတော့ ဝါယာကြိုးရှော့ ဖြစ်ပြီးလောင်တယ်လို့ ပြောကြတာပေါ့ ဒါက မီးသတ်တပ်ဖွဲ့ရဲ့ စိစစ်ချက်အရ ပြည်သူ့ရဲတွေ စိစစ် ချက်အရ မြို့နယ်ထွေအုပ်ဌာနရဲ့ စိစစ်ချက်အရ ဒီမီးပေးထားတဲ့ ပါဝါကြိုးကနေ ရှော့ဖြစ်ပြီးတော့ လောင်တယ်လို့ ပြောကြ တာပေါ့” ဟု ၎င်းကဆိုသည်။
“ဒီဘေးနားမှာပဲလားဆိုပြီး ဘာမှယူလို့လည်း မမှီတော့ ဂုန်နီအိတ်တစ်လုံးယူပြီးတော့ ပစ္စည်းတစ်ချို့ကိုထည့်ပြီး မြေးနဲ့ ပြေးသွားတော့တာပဲ အခုဘာမှမရှိတော့ဘူး အကုန်လောင်သွားကုန်ပြီ တန်ဖိုးက အများကြီးပဲ ဆုံးရှုံးသွားတာ ဆုံးရှုံးသွားတဲ့ တန်ဖိုးက အခုမြင်နေရတဲ့အတိုင်းပဲ အိမ်မှာရှိတဲ့ ကလေးစရာ ပစ္စည်းတွေ စလောင်းတွေ TV တွေ အကုန်ကုန်သွားတယ် မီးစက်တွေ ပစ္စည်းတွေ တစ်အိမ်လုံးလည်း အကုန်ဖျက်စီးသွားတယ်”ဟု မီးဘေးသင့်ခဲ့ရပြီး နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေါ်စန်း က ပြောသည်။ မီးလောင်ရာမှာ မျက်မြင်ကြုံတွေ့ခဲ့ရသူ မအေးကြူက “ဟို အိမ်မီးလောင်သွားပြီ ကြည့်လိုက်တော့ မီးခိုးတွေ ထွက်နေတယ် အဲ့ဒါနဲ့ အရေးကြီးတဲ့ ပစ္စည်းတွေယူတယ် ယူနေတုန်းပဲ ရှိသေးတယ် မီးကလောင်တယ် ကြည့်နေတုန်းမှာပဲ နောက်တစ်အိမ် ဆက်ကူးသွားတယ် မီးကအားကောင်းနေတယ်လေ ခုနနေနောက်တစ်အိမ် သုံးအိမ်မြောက်ကို ဆက်ကူး သွားတယ် တစ်လမ်းလုံး ခြားနေတာတောင် မီးကူးလာတယ် အဲ့ချိန်မှာ မီးသတ်ကားကတော့ ရောက်လာပြီး အဲ့မှာကြောက် ပြီးတော့ ဘုန်းကြီးကျောင်းမှာ သွားနေလိုက်တယ်ပေါ့” ဟု ပြောသည်။
အဆိုပါ မီးလောင်နေအိမ် (၁၈) လုံးတို့ကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းစီနှင့် ကျန်နေအိမ် (၆) လုံးကို ဆန်တစ်အိတ်နှင့် ငွေငါးသောင်းစီ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး နှင့် “အအာခရီး” အဖွဲ့တို့ကလည်းကောင်း၊ မော်လမြိုင်မြို့မှ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ကလည်းကောင်း ဆန်၊ ဆီနှင့် ပစ္စည်းတချို့တို့ကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။ http://burmese.monnews.org/2020/06/23/%e1%80%99%e1%80%b 1%e1%80%ac %e1%80%b7%e1%
*************
၈။ နမ့်ခမ်း ဒေသခံများပိုင် ထင်းစိုက်ခင်း (၉၇) ဧက ပြန်လွှဲပြောင်းပေးမည် ဟုဆို
June 25, 2020
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စုရှိ သစ်တောဦးစီးဌာနမှ သိမ်းယူထားသည့် မြေဧရိယာ (၉၇) ဧက ကို ကျေးရွာပိုင်များ ထင်းစိုက်ခင်းအဖြစ် ပြန်လည်လွှဲပြောင်းပေးမည်ဟု လွှတ်တော်တွင် ဒေါက်တာ ညီညီအောင် က ပြောကြားလိုက်သည်။
ယမန်နေ့ ( ဇွန် ၂၄)ရက်တွင် ကျင်းပသည့် သျှမ်းပြည် လွှတ်တော် (၁၉ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် နမ့်ခမ်းမြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် မှ ကောင်းကတ်ကျေးရွာအုပ်စု ကွင်းပြင်ပ ဒေသရှိ သစ်တောစိုက်ခင်းအဖြစ် သိမ်းယူထားသည့် မြေများအနက် စိုက်ပျိုးခြင်းမရှိသော မြေဧရိယာ (၉ ၇) ဧက ကို မူလ ပိုင်ရှင် တောင်သူ ၂၈ ဦးထံ သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီစဉ် ရှိ /မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ပါသည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင် မှ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု သစ်တောစိုက်ခင်းများကို ကျေးရွာပိုင်ထင်းစိုက်ခင်းအဖြစ် လွှဲပြောင်းပေးမည်ဟု လွှတ်တော်တွင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ နမ့်ခမ်း သစ်တော ဦးစီးဌာနမှ (၁၉၉၅ – ၁၉၉၆) ခုနှစ်တွင် ကျေးရွာသုံး ထင်းစိုက်ခင်း အဖြစ် စိုက်ပျိုးရန် သိမ်းယူခဲ့ပြီး သိမ်းယူမြေဧက (၁၀ဝ) အနက် ၃ ဧက သာ ထင်းစိုက်ခင်းအဖြစ် သစ်တောဦးစီးဌာနက စိုက်ပျိုးခဲ့ပြီး ကျန်ရှိသည့် ဧက (၉၇) ဧက တွင် စိုက်ပျိုးခဲ့ခြင်း မရှိကြောင်း သိရသည်။ https://bur mese.shan news.org/archives/17252
*************
၉။ ကရင်ပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းနီးပါးတိုးလာ
June 25, 2020
၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် ၂ဝ၁၅ ခုနှစ် ဆန္ဒမဲ ပေးခွင့်ရှိသူထက် လူဦးရေ ၂ သိန်းနီးပါး တိုးလာသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ကောက်ယူထားသည့် စာရင်းအရ သိရသည်။ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂ဝ၁၉ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအထိ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ သိန်းနီးပါး စာရင်းကောက်ယူထားပြီး ၎င်းဆန္ဒမဲပေးခွင့်ရှိသူများထဲတွင် အစိုးရ တပ်မတော်သားများ၏ ဆန္ဒမဲထည့်ခွင့်စာရင်း ပါဝင်မှုမရှိ သေးကြောင်း ကေအိုင်စီမှ စုံစမ်းသိရှိရသည်။
“ ၂ဝ၁ဝ၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ရော၊ မဲထည့်ခွင့်ရော မရခဲ့ဘူး။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် အခြေခံမဲ စာရင်း ကောက်ခံထားတယ်ဆိုတော့ ကျနော်တို့နယ်က ကျေးရွာအုပ်စုတွေ ပါလာမယ်လို့တော့ မျှော်လင့်ရတယ်။ အစိုးရ အုပ်ချုပ်ရေးမှူး မရှိတဲ့ ကျေးရွာအုပ်စု အများကြီးရှိတော့ ဒေသခံတွေ မဲထည့်ခွင့်ရဖို့ ကော်မရှင်နဲ့ တိုင်းရင်းသားအဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်ပေးစေလိုတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဒုဥက္ကဋ္ဌ စကျော်စွာက ဇွန်လ ၂၃ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။
ကရင်ပြည်နယ်တွင် ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် အခြားမြို့နယ်အချို့ရှိ ကျေးရွာများတွင် အစိုးရမှ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသေးသည့်အတွက် ဒေသခံများ ဆန္ဒမဲထည့်ခွင့်ရဖို့ မသေချာသေးသည့်အပေါ် အစိုးရဌာနဆိုင် ရာများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်မှုရှိသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိ သူဦးရေ ၉ သိန်းကျော်ရှိပြီး ပါတီပေါင်း ၁၉ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၆ဝ ကျော် ဝင်းရောက်ယှဉ်ပြိုင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ မဲဆန္ဒ နယ်အများစု အနိုင်ရရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရသည်။ http://kicnews.org/2020/06/ %e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%
************
၁၀။ ကရင်နီတောင်သူ ၂၂ ဦးအပေါ် ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်က တရားရုံးတွင် လျှောက်ထား
June 25, 2020
မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကရင်နီတောင်သူ ၂၂ ဦးအပေါ် နောက်ထပ်ပြစ်ဒဏ် ထပ်တိုးချမှတ်ပေးဖို့ တပ်မတော်က ကယားပြည်နယ်တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။ လွိုင်ကော်အခြေစိုက် အမြောက် တပ် ၃၅၆ တပ်ရင်းနဲ့ ခလရ ၂၅၀ တပ်ရင်းတို့က ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ ခွန်းဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နဲ့ တရားစွဲခံရတဲ့ တောင်သူ ၁၉ ဦးတို့ကို ပြစ်ဒဏ်ထပ်တိုးပေးဖို့ လျှောက်ထားခဲ့ တာဖြစ်ပါတယ်။
ကရင်နီတောင်သူ ၁၉ ဦးတို့ကို ပုဒ်မ ၄၄ရ၊ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၄၂၇၊ နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) တို့ နဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အမှုတွဲသီးခြားစီ တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့က သူတို့ကို လွိုင်ကော်မြို့နယ် တရားရုံးက ပုဒ်မအလိုက် ဒဏ်ငွေကျပ် ၂၀ဝဝဝ စီနဲ့ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ပြုတဲ့ ထောင် ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ အဆိုပါ ပြစ်ဒဏ်တွေဟာ နည်းနေတယ်ဆိုပြီး မူလ တရားစွဲဆိုတဲ့ တပ်မတော်အရာရှိတွေက လွိုင်ကော်ခရိုင်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ခရိုင်တရားရုံးက ပလပ်ခဲ့တာကြောင့် ပြည်နယ် တရားလွှတ်တော်ကို ထပ်ပြီး လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒီပြင်ဆင်ချက်ကို ပြည်နယ်တရားလွှတ်တော်က လက်ခံတဲ့အတွက် ဒီကနေ့ဇွန်လ ၂၅ ရက်နေ့မှာ တောင်သူတွေကို ခေါ်ယူလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ တောင်သူတွေရဲ့ရှေ့နေ ခူးတလေပိုးရယ်က ပြောပါတယ်။
ဒီကနေ့မှာတော့ ရှေ့နေပါဝါတင်ပြီး နောက်ထပ်ရုံးချိန်းမှာ အမှုကို လျှောက်လဲချက်ကြား နာဖို့နေကာ လျှောက်လဲကြားမှာပြီး ရင်တော့ အမိန့်ချမှာဖြစ်ပါတယ်။ လာမယ့်ရုံးချိန်းရက်တွေကိုတော့ တရားလွှတ်တော်က ဖေ့စ်ဘွတ်စာမျက်မှာကနေ ကြေညာပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခံထားတဲ့ တောင်သူ ၂၂ ဦးထဲက ပုဒ်မ ၆(၁) နဲ့ တရားစွဲဆို ခံရသူ ၃ ဦးရှိပြီး သူတို့တွေဟာ ထောင်တွင်းမှာ ဖမ်းဆီးချုပ်နှောင်တရားရင်ဆိုင်ခဲ့ရပါတယ်။ မြို့နယ်တရားရုံးက အမိန့်ချ မှတ်စဉ်မှာတော့ ပုဒ်မ ၆၁ အပါအဝင် ကျန်တဲ့အမှုတွေနဲ့ပါ တရားစွဲဆိုခံရတဲ့ ဦးဦးရယ်နဲ ဦးရှားရယ်ကိုတော့ ထောင်ဒဏ် ခြောက်လနဲ့ ငွေဒဏ်တွေ ချမှတ်ခံခဲ့ရပြီး တစ်ဦးက အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။
ကယားပြည်နယ်တရားလွှတ်တော်က ခူးဦးရယ်ထံ ပေးပို့ခဲ့သည့် အကြောင်းကြားစာအရ အခင်းဖြစ်တဲ့နေ့က ခူးဦးရယ်နဲ့ ခူးရှားရယ်တို့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ ခလရ (၂၅၀) မှ အုတ်တံတိုင်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်းခန့်ဖြစ်လို့ နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှုနဲ့ နှိုင်းယှဉ်ပါက ထောင်ဒဏ် ခြောက်လပြစ်ဒဏ်မှာ နည်းပါးလွန်းလှတယ်လို တရားလိုက ရေးသားထားပါတယ်။ တရားစွဲဆိုခံရတဲ့ တောင်သူအများစုဟာ တရားစွဲဆိုခံရလို့ လယ်ယာမြေတွေ ပြန်လည် လုပ်ခွင့်မရတော့ဘဲ့ မိသားစုစားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ကယားပြည်နယ်၊လွိုင်ကော်နဲ့ ဒီးမော့ဆို မြို့နယ်မှာ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ မြေယာအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေသခံ တောင်သူပေါင်း ၄၁ ဦး ရှိပါတယ်။ http://burmese.dvb.no/archives/396084
**************
၁၁။ ကျန်းမာရေးစစ်ဆေးမှု မခံယူဘဲ အော်ဟစ်ဆူပူမှုပြုလုပ်သူအား ထောင်ဒဏ် ၆ လ အမိန့်ချ
June 23, 2020
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီ-မဲဆောက် အမှတ် ၂ တံတားမှတဆင့် မြဝတီဘက်ခြမ်း BCF တွင် (ဇွန် လ ၂၃ ရက်နေ့) ဝင်ရောက်လာသည့် အမျိုးသားတစ်ဦးမှာ အရက်သေစာသောက်စားလာပြီး စစ်ဆေးမှုမခံယူဘဲ အော်ဟစ်ဆူပူနေခြင်းများ ပြုလုပ်သည့်အတွက် မြဝတီမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ဝင် ရောက်လာသူ ဖားအံမြို့ တောင်ကလေးကျေးရွာနေ စောခင်စိုးဝင်း ၃၇ နှစ်သည် အရက်သေစာသောက်စားလာပြီး စစ်ဆေး မှုမခံယူခြင်း၊ အော်ဟစ်ဆူပူနေခြင်းများ ပြုလုပ်ခဲ့သည်။ သို့ဖြစ်၍ ယင်းဖြစ်စဉ်အား မြဝတီခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်း မှ တရားလိုပြုလုပ်တိုင်တန်းမှုအရ မြို့နယ် တရားသူကြီး ဦးဝေဇင်မန်းမှ လက်ခံစစ်ဆေးပြီး ညနေ ၆ နာရီ အချိန်တွင် စောခင်စိုးဝင်းအား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၈ အရ ထောင်ဒဏ် (၆) လ ကျခံစေရန် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ထိုင်း-မြန်မာ အမှတ် ၂ တံတားမှတဆင့် ပြန်လာသူ အမျိုး သမီး တစ်ဦးမှာ မြဝတီ BCF ဇုန် သို့ မဝင်ဘဲ ကားဖြင့် ခိုးထွက်သွားသဖြင့် ၎င်းအမျိုးသမီးနှင့် အတူယာဉ်မောင်း အမျိုးသား (၁)ဦးအား မြဝတီမြို့နယ်တရားရုံးမှ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်(၄)လစီ အမိန့်ချခဲ့ ပြီး မြဝတီနယ်စပ် BCF ဇုန်တွင် ဥပဒေချိုးဖောက်မှုဖြင့် အဆိုပါ ဥပဒေဖြင့် အရေးယူခံသူ (၃)ဦးထိရှိပြီဖြစ်သည်။ http://k icnews.org/2020 /06/%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%8
************
၁၂။ တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့၍ ကျေးရွာ (၄၀) ကျော် ဆန်ပြတ်လပ်နေ
June 25, 2020
မြန်မာ့တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ချင်း လူမျိုးအများစုနေထိုင်ကြသော ကျေးရွာပေါင်း (၄၀) ကျော်မှဒေသခံပြည်သူများ ဆန်ပြတ်လပ်နေပြီဟုသိရသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော (AA) အကြားဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် တပ်မတော်က အမ်းမြို့နယ် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၂) ရွာနှင့် ဆက်သွယ်သော ရေလမ်း ကုန်လမ်းများအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီလဆန်းကတည်းက ယနေ့ချိန်ထိ ပိတ်ဆို့နေသည့်အတွက် ဒေသခံပြည်သူများ ဆန်ပြတ်လပ်နေကြခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အဖွဲ့ (CHRO) မှပြောရေးဆိုခွင့်ရှိသူဆလိုင်းလျန်ကပြောသည်။ ဒလက်ချောင်းအုပ်စုအတွင်း ကျေးရွာများသည် ဆန်၊ဆီ၊ဆား အခြေခံစားသောက်ကုန်များကို အမ်းမြို့သို့ ကုန်းလမ်းဖြင့်သော်လည်း မြေပုံမြို့နယ် ကံတောင်ကြီးဖက်သို့ ရေလမ်းကြောင်းတို့ဖြင့် သယ်ယူလေ့ရှိကြသော်လည်း ရက္ခိုင့်တပ်တော် (AA) ထံ စားနပ်ရိက္ခာများရောက်ရှိသွား မည်ကို စိုးရိမ်သည့်အတွက် တပ်မတော်ဘက်က လမ်းကြောင်းများအားလုံး ပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“အခုက ကျနော်တို့က ပိုက်ဆံရှိရင်တောင်မှ ဆန်ဝယ်လို့မရတဲ့အနေအထားမှာဖြစ်နေတယ် ဆန်အိတ်ကိုကလုံးဝမရှိဘူး၊ အခုလောလောဆယ်က ကျနော်တို့ ပြည်သူတွေက ဒလက်ချောင်းကြားမှာရှိတဲ့သူတွေက ရှမ်းကုန်းကျေးရွာနဲ့ မင်္ဂကန်ကျေးရွာ ကိုအကုန်လုံးနီးပါး ပြောင်းရွှေ့လာကြပြီ ဆိုတော့ လောလောဆယ်က ကျနော်တို့စုပုံနေကြတာပေါ့ စုပုံနေတဲ့ခါ ကျတော့ အကုန်လုံးကအစားအသောက်တွေက ပြတ်နေတဲ့အခါကျတော့ စားစရာဆန်မရှိတဲ့အခါကျတော့ လောလောဆယ် အသီး အနှံ ပိန္နဲသီးတို့ စားပြီးတော့မှနေနေရတယ်” ဟု ဆလိုင်းဝင်းမောင်ကပြောသည်။
အမ်မြို့မှ အနောက်ဖက်(၂၅)မိုင်ခန့်အကွာ ဒလက်ချောင်းအုပ်စုအတွင်း ဒါးလက်ကျေးရွာ အထက်နှင့် ရှမ်းကုန်းကျေးရွာ အနားတွင် တပ်စခန်းများရှိတည်ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များ ဖြစ်ကြ ကြောင်း သိရပါသည်။ လက်ရှိ ရိက္ခာဆန်ပြတ်လပ်နေသည့် ဒလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာ (၄၂) ရွာအနက် (၃၇) ရွာမှာ ချင်းလူမျိုးများနေထိုင်ကြပြီး ကျန် (၅) ရွာမှာ ရခိုင်လူမျိုးများနေထိုင်ကြကြောင်းသိရသည်။ https://www.bnionli ne.net/mm/news-73784
*************
၁၃။ ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ မရှိသေးဟု တပ်မတော်ပြောကြား
June 23, 2020
စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ လူမျိုးရေး အမုန်းတရားတွေကို အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိနေတာ ကြောင့် ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းမှာ မဟုတ်သေးဘူးလို့၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောလိုက်ပါတယ်။ ရခိုင် လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေကတော့၊ ဒီယူဆချက်ကို လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ မြို့နယ်နဲ့၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထား တာ တစ်နှစ်ပြည့်ပြီဖြစ်တဲ့အတွက်၊ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုကို အဆုံးသတ်ပေးဖို့ ဒေသခံ တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတာပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင်မှာ အင်တာနက် ဖြတ်တောက်ထားတာကို အဆုံးသတ်ဖို့ အစိုးရကို အဆိုပြုတိုက်တွန်းမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားလိုက်ပါတယ်။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ရခိုင်မှာ လုံခြုံရေး အခြေအနေတွေကြောင့် အင်တာ နက် ဖြတ်တောက်ပေးဖို့၊ တပ်မတော်က တောင်းဆိုခဲ့တဲ့အတွက် အစိုးရက ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဒီလို အင်တာနက် ဖြတ်တောက်မှုက အကျိုးရှိပါတယ်”လို့ မကြာသေးခင်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ဖူး ပါတယ်။
ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ထုမေကတော့ တပ်မတော်ရဲ့ ဒီအကြောင်းပြချက် က ယုတ္တိမတန်ဘူးလို့ ချေပပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ခြောက်ဦးသာရှိ သေးပေမယ့်၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့်၊ အရပ်သား သေဆုံးမူက ၂၀ဝ ကျော်ရှိနေပါပြီ။ အင်တာနက်ဖြတ်တောက် ပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးရတဲ့ အရေအတွက်နဲ့ မဖြတ်တောက်ခင် ထိခိုက်သေဆုံး ရမှုကို၊ နှိုင်းယှဉ်ကြည့်ရင် ကွာခြားတာကို တွေ့နိုင်တယ်လို့ ဒေါ်ထုမေက ထောက်ပြပါတယ်။
လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက၊ အင်တာနက်ဖြတ်တောက်ထားတာဟာ ရခိုင်ပြည်သူ တွေနဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ၊ သတင်းမီဒီယာတွေအတွက် ဘယ်လိုကောင်းကျိုးမှ ရှာမတွေ့ဘူးလို့ ထောက်ပြဝေဖန်ပါတယ်။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း ကတော့၊ ရခိုင်ပြည် နယ်မြောက်ပိုင်းမှာ အင်တာနက် ဖြတ်တောက်ထားတာနဲ့ ပတ်သက်လို့ “ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ဘူးလို့ သုံးသပ်နိုင်တဲ့အချိန်မှသာ အင်တာနက် ပြန်ဖွင့်ပေးမှာဖြစ်ပြီး၊ လောလောဆယ် သြဂုတ်လ ၁ ရက်နေ့ထိ အင်တာနက် ဖြတ်တောက်ထားမယ်”လို့ ဇွန်လ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ HRW ရဲ့ အာရှ ဥပဒေ ရေးရာအကြံပေး Linda Lakhdhir က ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာအစိုးရရဲ့ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုဖြစ်သလို ချက်ချင်းပြန်ဖွင့်ပေးသင့်ကြောင်းနဲ့ ဒေသခံတွေ လုံခြုံစွာနေထိုင်နိုင်ဖို့ သတင်းအချက်အလက်ရရှိဖို့ ဟာ အရေးကြီးကြောင်း တိုက်တွန်း ပြောကြားထားပါတယ်။
တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ သတ်ဖြတ်မှု ကိစ္စအပေါ် စစ် တရားရုံးက ဆောင်ရွက်နေတဲ့ အခြေအနေ၊ AA နဲ့ ပတ်သတ်မှုရှိတယ်ဆိုတဲ့သူတွေ ရိုက်နှက်ခံရတဲ့ ကိစ္စအပေါ် စုံစမ်း စစ် ဆေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ၊ အဲဒီကိစ္စတွေကို စစ်ခုံရုံးက ပိုပြီးတိတိကျကျ စစ်ဆေး နေဆဲဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြား သွားပါတယ်။ https://www.rfa.org/burmese/news/zawmintun-says-army-still-block-internet-in-rakhin e-state-06232020071026.html
*************
၁၄။ MCL ဘိလပ်စက်ရုံမှ ကျောက်မိုင်းခွဲသည့်လုပ်ငန်းရပ်ဆိုင်း
June 23, 2020
Mawlamyine Cement Limited- MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) သည် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကျောက် မိုင်းခွဲခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့်အတွက် ကျောက်မိုင်းခွဲခြင်းကိစ္စအဝဝသည် MCL (ကျိုက်မရော ဘိလပ်မြေ စက် ရုံ) နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း စက်ရုံ၏ Managing Director, Mr Hatsachai Prahanphap က ဇွန်လ ၈ ရက်နေ့ စွဲဖြင့် အကြောင်းကြားခဲ့သည်။ မည်သို့အကြောင်းကြောင့် ကျောက်မိုင်းခွဲခြင်းလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည်ကို ကုမ္ပဏီ တာဝန်ရှိပုဂ္ဂိုလ်အချို့အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ယခုကိစ္စအား ရှင်းပြပြောဆိုရန် ဆန္ဒမရှိကြောင်း မွန် သတင်းအေဂျင်စီကို ငြင်းပယ်ခဲ့သည်။
“MCL ကိုဖက်စပ်ထားတဲ့ ထိုင်း SCG နဲ့ မြန်မာဘက်က PLCI တို့ ရှယ်ယာပြဿနာကိစ္စရှိနေတယ်၊ နေပြည်တော်အထိ သွားပြီးရှင်းကြတယ်၊ အဆင်မပြေဘူး၊ တစ်ဖက်နဲ့တစ်ဖက် လုံးဝကိုညှိမရလို့ စက်ရုံပိတ်သိမ်းတော့မယ့် အနေအထားအထိ တောင် ဖြစ်သွားနိုင်တယ်”ဟု MCL နှင့် နီးစပ်သည့်လုပ်ငန်းရှင်တစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ သို့ရာတွင် အထက်ပါရှယ်ယာပြဿနာနှင့်ပတ်သက်၍ SCG နှင့် PLCI တာဝန်ရှိပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသဖြင့် အတည်မပြုနိုင်ခဲ့ပါ။“လက်ရှိ ကျန်နေသေးတဲ့ ကုန်ကြမ်းတွေက ဇူလိုင်လ လယ်လောက်မှာ ကုန်တော့မယ်၊ သြဂုတ်လ ကုန်လောက်ဆိုရင် ဘိလပ်မြေထုတ်လုပ် နေတာတွေလုံးဝကို ရပ်နားသွားသလောက်ပါပဲ”ဟု အဆိုပါလုပ်ငန်းရှင်က ဆက် ပြောသည်။
တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀ဝဝ ထုတ်လုပ်သည့် MCL ဘိလပ်မြေစက်ရုံသည် ထိုင်းနိုင်ငံ SCG-Siam Cement Group က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀ဝ ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ပုဂ္ဂလိကအကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ် သည်။ Pacific Link Cement Industry- PLCI သည် ၁၆-၃-၂၀၁၆ ရက်နေ့မှစပြီး ၁၅-၃-၂၀၃၆ ရက်အထိ နှစ်ပေါင်း ၂၅ နှစ်တိုင် ပျားတောင်ဒေသတွင် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက်များကို ထုတ်လုပ်ခွင့် ရရှိထားသည်။
MCL ဘိလပ်မြေစက်ရုံ စတင်လည်ပတ်ပြီးနောက်ပိုင်းတွင် အတ္ထရံမြစ်ကြောင်းတလျှောက်သင်္ဘောကြီးများ အဆက်မပြတ် သွားလာမှုကြောင့် မြစ်ကမ်းပါးပြိုကျခြင်း၊ ကမ်းပါးအနီးအနားရှိ နေအိမ်များယိမ်းယိုင်သွားခြင်း၊ ရေနေသတ္တဝါများ ရှားပါးလာ ခြင်းနှင့် ကျောက်မိုင်းခွဲမှုကြောင့် အိမ်နံရံအချို့ တုန်ခါ၍အက်ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများမှ ကန့်ကွက်မှုများရှိခဲ့သည်။ ထို့အပြင် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်ရုံစတင် လည်ပတ်ခဲ့ရာတွင် လိုအပ်သော လျှပ်စစ်မီး မဂ္ဂါဝပ် ၄၀ ကို ကျောက် မီးသွေးအသုံးပြုရသည့်အတွက် ဒေသခံများနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့၏ မကြာခဏ ကန့်ကွက်ခံရသည့် စက်ရုံတစ်ရုံအဖြစ်ထင်ရှားသည်။ http://burmese.monnews.org/2020/06/23/mcl-%e1%80%98%e1%80%ad% e1%80%9c%e1%80%95%e1%80%ba%e1%80%85%e1%80%80%e1%80
**************
၁၅။ ရေဖြူမြို့နယ် သုံးလောင်းပြိုင်လူသတ်တရားခံဖမ်းဆီးရမိ၊ ရာဘာခြံလုပ်သားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်း အပေါင်ခံ ထား မှုကြောင့်ဖြစ်
June 25, 2020
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ဥသာရံကျေးရွာအနီး မီးရထားသံလမ်းအစောင့် ဝန်ထမ်းမိသားစု သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သည့် တရာခံများအား ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဥသာရံကျေးရွာမှ ရာဘာခြံလုပ်သားနှစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရန် ဖုန်းလာရောက်အပေါင်ခံထားရာမှ လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။“တရားခံကတော့ မိပြီဗျ၊ မနေ့ညက မိထားတာ ခင်ဗျား”ဟု ရေဖြူမြို့မရဲစခန်း ထံမှ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ရေးမြို့နယ် ချောင်းတောင်ရွာနေ ကျော်မင်းထွန်းနှင့် ရေဖြူမြို့နယ် ဥသာရံကျေးရွာနေ ဝိုင်ကေတို့သည် ရေဖြူမြို့ နယ် ၂၃ မိုင်ဝန်းကျင် ရာဘာခြံအတွင်း ခြံခုတ်လုပ်သားအဖြစ်လုပ်ကိုင်ကြပြီး အခင်းဖြစ်ပွားသည့် ဇွန်လ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် မူးယစ်ဆေးဝယ်ရန် ကိုင်ဆောင်ထားသောဖုန်းအား အသတ်ခံရသူ အောင်ကျော်ထွန်းထံ အပေါင်ထားခဲ့ ကြောင်း၊ အဆိုပါ ည ၁ နာရီခန့်တွင် အပေါင်ထားသော ဖုန်းအားပြန်တောင်းရာ မရသဖြင့် သုံးလောင်းပြိုင် လူသတ်မှုကျူး လွန်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထားဝယ်ခရိုင်ပြန်/ဆက်သတင်းတွင် ဖော်ပြသည်။
အဆိုပါလူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သစ်သားရိုးတပ် ငါးမန်းစွယ်ဓားအား ဥသာရံကျေးရွာနေ သိန်းသန်းဝင်း ၏ နေအိမ်တွင် ပြန်လည်သိမ်းဆီးရမိပြီဟု သတင်းတွင်ဖော်ပြသည်။ အဆိုပါ အသတ်ခံရသူမိသားစုမှာ ဥသာရံကျေးရွာအနီး ရထားသံလမ်း တံခါးအဖွင့်အပိတ် ပြုလုပ်သည့် ဝန်ထမ်း ကိုအောင်ကျော်ထွန်း (၂၆ နှစ်)၊ ဇနီး မခင်မျိုးဝေ (၂၈ နှစ်) နှင့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့ ဖြစ်သည်။ အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ရေဖြူမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားသည်။ http://burmese.monnews.org/
************
၁၆။ ကိုဗစ်-၁၉ အလွန် သျှမ်းပြည် စီးပွားရေး ကဏ္ဍ တိကျသည့် စီမံကိန်း မရှိသေး ဟုဆို
June 24, 2020
ကိုဗစ်-၁၉ ရောဂါအလွန်တွင် သျှမ်းပြည် ပြည်သူများ၏ စီးပွားရေး ကဏ္ဍနှင့် ပတ်သက်ပြီး တိကျသည့် အဖြေမရခဲ့ကြောင်း ဦးညီလေးချမ်းက ပြောဆိုလိုက်သည်။
၂၀၂၀ မေလ ၁၈ နှင့် ၁၉ သျှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (ဇွန် ၂၄) ရက်တွင် ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးညီညီ (ခ) ဦးညီလေးချမ်း က ကိုဗစ်-၁၉ အလွန် သျှမ်းပြည် ပြည်သူလူထု ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို လွှတ်တော်တွင်း မေးမြန်းခဲ့သည်။ ထိုမေးမြန်းချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးများအသီးသီးက လာရောက်ဖြေကြားခဲ့သော်လည်း ကိုဗစ်-၁၉ အလွန် စီးပွားရေးကဏ္ဍကို ဖြေဆိုပေးခဲ့သည်မှာ ကျေနပ်မှုမရှိကြောင်း ဦးညီလေးချမ်းက ပြောသည်။“ စီးပွားရေး လုပ်ငန်းက လွှဲပြီး ကျေနပ်အားရမှု ရှိပါတယ်။ အခြေခံ လူတန်းစားတွေရဲ့ ဘဝက အရေးကြီးဆုံးပဲ။ ကဏ္ဍလေးဖြေသွားတာတော့ မတွေ့ဘူး။ စီမံကိန်းဝန်ကြီးက ဖြေသွားတာတော့ မပြည့်စုံဘူး။ အခြေခံလူတန်းစားတွေအတွက် မပါတော့မပြည့်စုံဘူးပဲ ပြောပါရစေ”ဟု ဦးညီလေးချမ်း က သျှမ်းသံတော် ဆင့် ကိုပြောသည်။
ကျန်းမာရေး၊ ပညာရေး နှင့် စိုက်ပျိုးရေး ကဏ္ဍမှာ သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ဖြေကြားသွားတာ ပြည့်စုံမှု ရှိသော် လည်း စီးပွားရေးကဏ္ဍကို ပြည့်စုံစွာ ဖြေကြားခဲ့ခြင်းမရှိကြောင်း ဦးညီလေးချမ်း က ဆိုသည်။ ကိုဗစ်-၁၉ ကြောင့် သျှမ်းပြည် တဝှမ်းတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ထိခိုက်မှုများရှိနေကြောင်း၊ ထိုထိခိုက်မှုကြောင့် သျှမ်းပြည် အစိုးရ အနေဖြင့် ကိုဗစ်-၁၉ အလွန် ဆောင်ရွက်မည့် အရာကိုသိလိုသည့် ရည်ရွယ်ချက်ဖြင့် မေးမြန်းခြင်းဖြစ်သည်ဟု ဦးညီလေးချမ်းက ပြော သည်။
ကိုဗစ်ကာလအတွင်း သျှမ်းပြည်သို့ပြန်လာသည့် ထိုင်း၊ တရုတ် နိုင်ငံသို့ သွားရောက် အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ် သမား သိန်းချီရှိကြောင်း သိရသည်။ ထို ကိုဗစ်-၁၉ ဆက်လက်ဖြစ်ပွားနေပါက သျှမ်းပြည် ဒေသခံများ စားဝတ်နေရေးခက်ခဲ ကာ၊ ပြဿနာများစွာ ရင်ဆိုင်လာနိုင်ကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။ ကိုဗစ် – ၁၉ ရောဂါကြောင့် မြန်မာပြည်တွင်း သာမက ကမ္ဘာတွင်လည်း စီးပွားရေး ကျဆင်းမှု သာမက ပြည်ပမှာလည်း စီးပွားရေးကြောင့် ကုမ္ပဏီများစွာ အကြပ်အတည်းဖြစ်ပြီး ဒေဝါလီ ခံခဲ့ရကြောင်းသိရသည်။ https://burmese.shannews.org/archives/17246
************
၁၇။ ပူတာအိုကျောင်းများ ပုံစံသစ်နှင့် ပြန်ဖွင့်မည်
June 25, 2020
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းများကို COVID-19 ကာလအတွင်း ပညာသင်ကြားရေး စနစ်များကို ပြောင်းလဲသင်ကြားရန် စီစဉ်ထားသည်ဟု သိရသည်။
ပူတာအိုမြို့ရှိ၊ ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွန်က COVID-19 ကာလအတွင်း ပြောင်းလဲထားသည့် ပညာသင်ကြားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။“အထက်တန်းကို အရင် သင်မယ်၊ တစ်ခန်းမှာ အယောက် (၂၀) ထား သင်မယ်။ လူဦးရေများတဲ့ ကျောင်းတွေမှာဆိုရင် မနက်ပိုင်းနဲ့ ညနေပိုင်း သင်သွားမှာဖြစ်တယ်။ တပတ်သင်ပြီး တပတ်ပြန်နား အဲ့လိုသင်သွားမယ်။ သင်ထားတဲ့စာတွေကို အိမ်စာအဖြစ် နားတဲ့ အပတ်မှာလုပ်ရမယ်။ (၉)တန်း၊ (၁၀)တန်း ကို အရင်သင်ကြည့်ပြီး အဆင်ပြေမှ မူလတန်း၊ အလယ်တန်းတွေကို ပြန် သင်မှာဖြစ်ပါတယ်။ အဆင်မပြေရင် ကျောင်း ပြန်ပိတ်မယ်။” ဇူလိုင်လ ၁၃ ရက်နေ့ မှစတင်၍ ၁၈ ရက်နေ့အထိ ၉ တန်း နှင့် ၁၀ တန်းတို့အား နာမည်စာရင်းများ စတင်ကောက်ယူသွားမည်ဖြစ်ပြီး ၂၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်သွားမည် ဟု ကျောင်းအုပ်ကြီး ဦးဆိုင်းခွန် က ဆက်ပြောသည်။
COVID-19 ကာလ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ ပြောင်းလဲစီစဉ်ရခြင်းဖြစ်ပြီး၊ နဝမ တန်းနှင့် ဒဿမ တန်း ကျောင်းသူ/သားများမှာ MASK များကို စနစ်တကျ သုံးတတ်ရန် သင်ကြားပေးရသည်မှာ လွယ်ကူသည့်အတွက် ၎င်း တို့အား ယခုကဲ့သို့ အရင်ဆုံး ကျောင်းဖွင့်ပေးရခြင်းဖြစ်သည်ဟု သိရသည်။ ကျောင်းသူ/သားများအတွက် Mask (၂) ခုစီနှင့် Face Shield (၁) ခု စီကိုလည်း ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။
ထို့အပြင် မူလတန်းနှင့် အလယ်တန်း ကလေးငယ်များအတွက် ပထမအသုတ်အနေဖြင့် ကျောင်းစတက်ရမည့် နဝမတန်း နှင့် ဒဿမတန်း ကျောင်းသူ/သား နှင့် ဆရာ/ဆရာမများက COVID-19 ကာလအတွင်း စနစ်တကျ Mask များ တက်တတ်ရန် နှင့် လက်စနစ်တကျဆေးတတ်ရန် သင်ကြားပေးရန် စီစဉ်ထားသည်ဟုလည်း ပြောသည်။ ကျောင်းသားသစ်များအား တစ်ရက်ခြား ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသားဟောင်းများကို နေ့စဉ်လက်ခံပေးသွားမည်ဟု ကျောင်း အုပ်ကြီး က ပြောသည်။ ယခုကဲ့သို့စီစဉ်ရခြင်းသည် ကျောင်းအပ်ချိန် လူစုလူဝေးမဖြစ်စေရန် ဖြစ်သည်ဟု ဆိုသည်။ https:/ /www.bnionline.net/mm /news-73799
*************
၁၈။ ရိခေါဒါရ်မြို့အနီး ငလျင်လှုပ်ခတ်မှု လူနေအိမ်နှင့် အဆောက်အဦးများပျက်စီး
June 23, 2020
အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ရိခေါဒါရ်မြို့ အနီးတဝိုက်တွင် ဇွန် ၂၂ ရက်နံနက်ပိုင်း ၅ နာရီ ဝန်းကျင်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် အဆောက်အဦးများ ပျက်စီးမှုရှိခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ရိခေါဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရိပြည်ထောင်စုရိပ်သာ မျက်နှာကျက်အက်ကွဲ ကွာကျပျက်စီးမှု၊ ပြန်ကြာရေးနှင့်ပြည့်သူ့ဆက်ဆံရေးဌာနရုံး အဆောက်အဦးအရှေ့မျက်နှာစာ နံရံများအက်ကွဲကွာ ကျပျက် စီးမှု၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဦးထန်းအောင် နေအိမ် နှစ်ထပ်တိုက် ပင်မဆောင်နဲ့ကပ်လျက်တွင်ရှိသော ဝရံတာ၊ မီးဖိုဆောင်၊ ပန်းတင်ခုံများ အက်ကွဲပျက်စီးမှု၊ ဒေါ်ဇွန်ကိမ်း၏ နေအိမ် တစ်ထပ်တိုက် အတွင်းအိပ်ခန်းနံရံ၊ မီးဖိုချောင်၊ မီးဖိုခန်းလှေခါးအိမ်များအက်ကွဲပျက်စီးမှု၊ ဦးငွန်နယ်ကျဲအိုတို့ နေအိမ် နှစ်ထပ်တိုက် ဆောက်လုပ်ဆဲအတွင်းနံရံများ အက်ကွဲ ပျက်စီးခဲ့သည်ဟု ရိဒ်ခေါဒါရ်မြို့ ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။
“ထိခိုက်ပျက်စီးတာတော့ရှိတယ် မနေနိုင်လောက်အောင် ပျက်စီးတာတော့မရှိဘူး၊ အိမ်တွေက အက်တာရှိတယ် တစ်ချို့ နေရာမှာကျတော့ တော်တော်အက်ကွဲတယ် ရွှေ့ပြောင်းစရာတော့မလိုပါဘူး၊ ထိတ်လန့်ကြတယ်၊ ဒီလိုမျိုးမကြုံဖူးဘူးဆို တော့ ဒါပေမဲ့လူတွေထိခိုက်ပျက်ဆီးမှုတော့မရှိဘူး၊ ကျနော်သိသလောက်ဆိုရင်တော့ အဲလောက်ပြင်းအားကောင်းတာမျိုး တော့ မကြုံဖူးပါဘူး။ ဒီတစ်ခေါက်ပဲ၊ ရုံးတော့တက်လို့ရပါတယ်။ ရုံးက အက်ပဲအက်တာဆိုတော့ တက်လို့ရပါတယ်” ပြန်ဆက်ဦးစီးမှူး ဦး LalPeklawma ကပြောသည်။
လှုပ်ခတ်သွားသည့် မြေငလျင်နှင့်ပတ်သက်၍ ရိခေါဒါရ်မြို့တွင် နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း “ဒီနေ့မနက် ငလျင် လှုပ်တာတော့ အရမ်းကြောက်စရာကောင်းတယ် အိမ်ထဲက ဘီရိုတံခါးတွေ ပြုတ်ကျ မှန်တင်ခုံ မှန်လည်းကွဲ ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူး တစ်ချို့အိမ်တွေဆိုလည်း သိပ်နေလို့မရတော့လောက်ထိ ပျက်စီးတာတွေရှိတယ်”ဟု ပြောသည်။ အဆိုပါ မြေငလျင် လှုပ်ခတ်မှုကြောင့် တဖက် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင်လည်း ဘာသာရေးအဆောက်အဦး တစ်ချို့ လည်း အနည်းငယ်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။ https://www.bnionline.net/mm/news-73732
**************
၁၉။ ရေးမြို့နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံတိုးရန်လျာထား
June 25, 2020
ရေးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မဲရုံ ၁၁၀ ရုံရှိရာက လာမည့်ရွေးကောက်ပွဲ၌ မဲရုံ ၁၇ ရုံ ထပ်မံတိုးမြှင့်ရန် လျာထားကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်။ ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးညီသွေးက ” မဲရုံက အတိုးအလျော့ရှိနိုင်ပါသေးတယ်၊ လက်ရှိအနေနဲ့ကတော့ မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာ သတ်မှတ်လျာထားတာတွေ၊ မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်တာတွေကတော့ လစဉ်ဆောင်ရွက်နေပါတယ် ” ဟု သံလွင်တိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်အထိ ကောက်ခံရရှိသော မဲပေးခွင့်ရှိသူဦးရေ ၂၀၃၉၃၉ ဦးရှိပြီး ၂၁၀ဝဝဝ ကျော်ရှိလာမည်ဟု ခန့်မှန်းထား ကြောင်းနှင့် ယင်းတို့အထဲတွင် ပထမအကြိမ်မဲပေးမည့်သူ ၃၀ဝဝဝ ကျော် ပါဝင်လာနိုင်ကြောင်း သိရသည်။ ”တပ်မဲရုံ ဆောင် ရွက်မှုအခြေအနေကတော့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နဲ့အညီဖြစ်စေဖို့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနဲ့ ညှိနှိုင်း ဆဲဖြစ်ပါတယ် ” လို့ ဦးညီသွေးက ပြောကြားသည်။ ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်(၁)ဦး၊ ပြည်နယ်လွှတ်တော်(၁)ဦး အနိုင်ရရှိထားပြီး မွန်အမျိုးသားပါတီက အမျိုးသားလွတ်တော်(၁)ဦး ပြည်နယ်လွှတ်တော် (၁)ဦး အနိုင်ရရှိထားသည်။
ရေးမြို့နယ်အတွင်း ပါတီများအနေဖြင့် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တီပါတီ စုစုပေါင်း ၇ ပါတီရှိကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရ သည်။ https://www.bnionline.net/mm/news-73787
*************
၂၀။ အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ ၂ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်
June 25, 2020
အင်တာနက်ဖြတ်တောက်မှုချက်ခြင်းရပ် ကမ်ပိန်းဦးဆောင်သူ လူငယ် ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ-၁၉ နဲ့ ကျောက်ဖြူမြို့မ ရဲစခန်း မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်က တရားလိုပြုလုပ်အမှုဖွင့်ထားပါတယ်။ ရခိုင်ပြည်နယ်ရှိမြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အင်တာနက်ဖြတ်တောက်ထားတာ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန် ၂၁ ရက်နေ့က ကန်ပိန်းပြု လုပ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး တရားစွဲခံရတာဖြစ်ပါတယ်။
အုန်းတောပရဟိတဖောင်ဒေးရှင်းအဖွဲ့ ခေါင်းဆောင် ကိုမင်းဇအောင် က “ကျနော်တို့ကို မြို့နယ်ရဲစခန်းကနေပြီး စွဲတာပေါ့။ အင်တာနက်ပိတ်တာ ၁ နှစ်ပြည့်ဆိုပြီးတော့ ၃၆၅ ရက် No Internet ဆိုပြီးတော့ ဆိုင်းဘုတ်ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ကြ ပြီးတော့ ဖေ့စ်ဘွတ်ခ်တင်ကြတာပေါ့။ အဲဒါအပေါ်မှာ သူတို့က ဘယ်လိုမြင်လည်းတော့မသိဘူး၊ ငြိမ်းစုစီပုဒ်မ-၁၉နဲ့ ငြိတယ် ဆိုပြီးတော့ ကျနော်တို့ကိုဆင့်ခေါ်ပြီး တရားစွဲတယ်လို့ပြောတယ်။ သူတို့ပြောတာကတော့ ဗဟိုက အထက်ကစွဲခိုင်းတယ်လို့ ပြောတာပဲ။”လို့ ဒီဗွီဘီကို ပြောပါတယ်။
တရားစွဲဆိုခံရတဲ့ သန္တာရင်သွီး မျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌဌ ကိုနေစိုးခိုင်က “ကျနော်တို့ လုပ်တာကလည်း အင်တာနက် ပိတ်ထားတဲ့ကိစ္စလေးနဲ့လုပ်တာ၊ ဒီမိုကရေစီစနစ်ရဲ့ အခြေခံကျတဲ့ သတင်းအချက်အလက်မျှဝေမှု၊ ပွင့်လင်းမြင် သာမှု၊ လူသားတိုင်း တန်းတူအခွင့်အရေးရရှိဖို့ အင်တာနက်ကိုတောင်းဆိုကြတာ။ ကျနော်တို့ ရခိုင်ပြည်မှာဆိုရင် ကိုဗစ် လည်းဖြစ်နေတယ်၊ စစ်လည်းဖြစ်နေတယ်၊ အဲဒီအချိန်မှာ ရခိုင်ပြည်သူတွေ သတင်းအချက်အလက်ကို အချိန်မီရဖို့အတွက် အင်တာနက် ဖွင့်ပေးဖို့လိုတဲ့အကြောင်း၊ အင်တာနက်ပိတ်ထားတာလည်း တစ်နှစ်ပြည့်တဲ့အတွက် အင်တာနက်ကို ပြန်ဖွင့် ပေးပါဆိုပြီး ကျနော်တို့ တောင်းဆိုကြတာပါ။ ဒါလေးကို ငြိမ်းစုစီနဲ့ငြိတယ်ဆိုတော့ ဒီမိုကရေစီစနစ်ကြီးက ဘယ်လိုဖြစ်သွား ပြီလဲဆိုတာလည်း ပြန်ပြီးတော့တောင် သုံးသပ်ရမလိုဖြစ်သွားပြီ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာဟာ ဇွန် ၂၁ ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းကာ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ ကမ်ပိန်းပြုလုပ်ခဲ့တာကြောင့် ဇွန် ၂၁ ရက်နေ့ ညနေက ရမ်းဗြဲမြို့နယ်က လူငယ် ၁ ဦးကို ငြိမ်းစုစီ ပုဒ်မ-၁၉နဲ့ အမှုဖွင့်လှစ်ခံခဲ့ရသလို ရန်ကုန်မြို့မှာလည်း ကမ်ပိန်း ဦးဆောင်သူတွေကိုလည်း ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။ http://burmese.dvb.no/archives/396028
*************
၂၁။ ဖားကန့်ဒေသအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်ချက်ဖြင့်လာရောက်ကြသော်လည်း မူးယစ်ဆေးဝါး အန္တရာယ်နှင့်လုံခြုံမှုမရှိသောလုပ်ငန်းခွင်များကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေကြကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
June 23, 2020
ဖားကန့်ဒေသအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများက မျှော်လင့်ချက်ဖြင့် လာရောက်ကြသော်လည်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ငန်းခွင် အခြေအနေများကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ပြုလုပ်သည့် ဖားကန့်ရတနာမြေရှိ ဒေသခံများနှင့် ရွှေ့ပြောင်း အလုပ်သမားများဘဝ ဘေးကင်း လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့”၏ (၈) ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ပြည်ထောင် စုဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရတနာနယ်မြေ ဖြစ်သည့်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေးသည်လည်း အရေးကြီးကြောင်း၊ ဖားကန့်ဒေသအတွင်းသို့ ရွှေ့ ပြောင်းအလုပ်သမားများသည် မျှော်လင့်ချက်ဖြင့်လာရောက်ကြခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မူးယစ်ဆေးဝါး အန္တရာယ် နှင့် ဘေးကင်းလုံခြုံမှုမရှိသော လုပ်ငန်းခွင် အခြေအနေများကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရကြောင်း၊ ဘေးကင်းလုံခြုံ သော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခင် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၆ ချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲ အနေဖြင့် အချက် ၁၃ ချက်နှင့် ဆောင်ရွက်ပြီးအနေဖြင့် သုံးချက်ရှိခဲ့ကြောင်း၊ ဆောင်ရွက်နေဆဲဖြစ်သည့် လုပ်ငန်းများသည်လည်း ပြီးပြတ်အောင် ဆောင်ရွက်၍မရနိုင်သေးသည့် လုပ်ငန်းရပ်များဖြစ်ပြီး အချိန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း အများ စုသည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အပေါ် မူတည်ကြောင်း ပြောကြားသည်။
ဖားကန့်ဒေသအတွင်းရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်နှင့်ရှစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန် လည်ထူထောင်ရေးဟု ဆိုသော်လည်း ဖားကန့်ဒေသ တစ်ခုလုံးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်မှုများကို သုံးသပ်ကြည့်ရာတွင် ကောင်းသောအရွေ့ များစွာရှိကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသ ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် ရည်ရွယ်ချက်ဖြင့် လုပ်ငန်း အဖွဲ့ခွဲခြောက်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အရေးအကြီးဆုံး ကိစ္စသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ https://news-eleven.com/article/179751
*************
၂၂။ မန်ဆူဈေး ဆိုင်းဘုတ်ပြန်တပ်ပေးရန် သျှမ်းလူထု တောင်းဆို
June 23, 2020
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့လယ်ခေါင်တွင်တည်ရှိသည့် မန်ဆူဈေး နာမည်ကို “ ရွှေချမ်းမြေ့” ဆိုင်းဘုတ်လာတင် သည့်အပေါ် ဒေသခံများ ကန့်ကွက်ခဲ့ကြောင်း စုံစမ်းသိရသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနပိုင် မန်ဆူဈေး၊ ဈေးအကျိုးဆောင် ဥက္ကဌ ဦးမောင်ငယ် ဦးစီးပြီး ဈေးသူ၊ ဈေးသား (၃၃၀) ဦး တို့ မှ မန်ဆူဈေး အား “ ရွှေချမ်းမြေ့” ဈေးအဖြစ် အမည်ပြောင်းပေးရန် တင်ပြသည့်အတွက် ယမန်နေ့ (ဇွန် ၂၂) ရက်နေ့တွင် မန်ဆူဈေး ကို “ ရွှေချမ်းမြေ့” ဈေးဟု ဆိုင်းဘုတ်တင်ခဲ့ကြောင်း လားရှိုးမြို့စည်ပင်သာယာရေး ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြထားသည်။“ရွှေချမ်းမြေ့ဈေး”ဟု ဆိုင်းဘုတ်တင်ပြီးနောက် လားရှိုးဒေသခံများက ကန့်ကွက်မှုများ ပြုလုပ် ကြရာ (ဇွန် ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဆိုင်းဘုတ်ကို စည်ပင်သာယာမှပြန်လည်ဖြုတ်ပေးခဲ့ကြောင်း လားရှိုးဒေသခံ လည်းဖြစ် ၊ သျှမ်းလူငယ်အဖွဲ့ ဥက္ကဌလည်းဖြစ်သည့် စိုင်းဟန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။
လားရှိုးမြို့လယ်ခေါင်တွင် တည်ရှိသည့် မန်ဆူဈေးနာမည် သည် မန်ဆူဘုရားအနီးတွင် တည်ရှိပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်းများ စွာကတည်းက တည်ရှိသည့် နာမည်ဖြစ်သကဲ့သို့ သျှမ်းနာမည်လည်းဖြစ်ကြောင်း၊ ထိုနာမည်ကို သက်ဆိုင်ရာကပြောင်းလဲ ချင်တိုင်း ပြောင်းလဲခွင့်မရှိကြောင်းလည်း လားရှိုးဒေသခံများက ပြောဆိုလိုက်သည်။ ထို့အပြင် သျှမ်းပြည်နယ် လွှတ်တော် အမတ်များကလည်း မန်ဆူဈေးနာမည်ကိုသာ ပြန်လည်သုံးစွဲရန် လက်မှတ်ကောက်ပြီး သက်ဆိုင်ရာ အစိုးရထံတင်ပြသွား မည်ဖြစ်ကြောင်းသိရသည်။“ သျှမ်းပြည် လွှတ်တော်အမတ်တွေကို လက်မှတ်ကောက်သွားမယ်။ နဂိုနာမည် “ မန်ဆူဈေး” ဖြစ်ဖို့အတွက်တောင်းဆိုမယ်”ဟု သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီ က သျှမ်းသံတော်ဆင့် ကို ပြောသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မန်ဆူဈေးသည် ဟင်းသီးဟင်းရွက်များ ရောင်းသည့်ဈေးဖြစ်သည့်အပြင် ဘော်လုံးကွင်း ဖြစ်ကြောင်း၊ ထိုဘော်လုံးကွင်းပြင်ကို ဖျက်ကာ မန်ဆူကားဂိတ်၊ မန်ဆူဈေး နှင့် မန်ဆူပလာဆာ ဆိုပြီး ခေတ် အဆက်ဆက်မြေခွဲရောင်းချလာကြသည်ဟုလည်း လားရှိုးဒေသခံများပြောပြချက်အရသိရသည်။
လားရှိုး စည်ပင်သာယာအနေဖြင့် ဈေးနာမည်ကို မိမိသဘောဖြင့် ပြောင်းလဲနေခြင်းသည် လားရှိုးဒေသခံများ၊ သျှမ်းလူထု များ၊ သျှမ်းစာပေ၊ ယဉ်ကျေးမှု၊ တရားဝင် မှတ်ပုံတင်သည့် သျှမ်းနိုင်ငံရေးပါတီများ နှင့်လားရှိုးမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များကို ဥပက္ခာပြုလိုက်သည့် သဘောဖြစ်သည်ဟုလည်း လားရှိုး သျှမ်းလူငယ်များက ပြောဆိုလိုက်သည်။ https://b urmese.shannews.org/archives/17224
*************
၂၃။ မိုးညှင်းမြို့၌ မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူက လက်သီးဖြင့်ထိုးသဖြင့် မိခင်သေဆုံး
June 25, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့စု ၆ လမ်း၊ အိမ်အမှတ် ၄၇၀ မှာ မူးယစ်ဆေးစွဲနေတဲ့ လူငယ်တစ်ဦးက မိခင်ထံက ငွေ တောင်းမရတဲ့အတွက် လက်သီးဖြင့်ထိုးရာ မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။
ဇွန် ၂၄ ရက် ညနေ ၂ နာရီခွဲလောက်က မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်နေ မအေးနုက မိခင်ဖြစ်သူ ဒေါ်အဲလှအောင် ရဲ့ ကျန်းမာရေးအခြေအနေကို သွားရောက်ကြည့်ရှုရာ မိခင်ဖြစ်သူရဲ့ အိပ်ခန်းတံခါးပွင့်နေတဲ့အတွက် ဝင်သွားစဉ် တံခါးပေါက် ဝင်ဝင်ချင်းမြေကြီးပေါ်မှာ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ အနီးနားမှာလည်း ဓာတ်ဗူးတစ်လုံးကွဲကျ နေတာကို တွေ့ရတဲ့အတွက် မိခင်နဲ့အတူနေတဲ့ မောင်ဖြစ်သူ ဇော်ဇော်ဦးကို နေအိမ်မှာ ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။
ဇော်ဇော်ဦးကို အိပ်ခန်းတွင်းမှာ အိပ်နေတာတွေ့ရလို့ နှိုးလိုက်ရာမှာ အော်တဲ့အတွက် အိမ်နီးချင်းတွေကို အော်ဟစ်အကူ အညီတောင်းရာ ရာအိမ်မှူးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရဲစခန်းကို အကြောင်းကြားပေးခဲ့တာလို့ သိရပါတယ်။ နယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းနိုင် ထံသို့ အရှေ့စုရာအိမ်မှူး ဦးမြင့်သိန်းက လူသတ်မှုဖြစ်ပွားကြောင်းဖုန်းနဲ့ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာကို သွားရောက် ခဲ့ပါတယ်။
အိမ်နီးနားပတ်ဝန်းကျင်ကို မေးမြန်းရာမှာ ဇော်ဇော်ဦးက မိခင်ဖြစ်သူကို အမြဲထိုးကြိတ်နေလို့ မိခင်ဖြစ်သူ မကြာခဏထွက် ပြေးတာမြင်ရကြောင်း၊ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲပြီး မိခင်ဖြစ်သူ ဒေါ်အဲလှအောင် ထံမှ ဆေးဖိုးတောင်းလေ့ရှိကြောင်း သိရပါတယ်။ ဇော်ဇော်ဦး (အသက် ၃၁ နှစ်)ကို အမဖြစ်သူ မအေးနုက တရားလိုပြုလုပ်ကာ အမှုကြီး အမှတ်စဉ်(၄/၂၀၂၀) (ပ)၇၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ http://burmese.dvb.no/archi ves/396169
*************
၂၄။ မူဆယ် နယ်စပ် စီးပွားရေးဇုန်တွင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် တို့ပါဝင်မည်
June 25, 2020
မူဆယ်-ရွှေလီတွင် အကောင်အထည်ဖော်မည့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန်ဧရိယာ၌ မြန်မာဘက်အခြမ်းမှ မူဆယ် အပါအဝင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် (ပန်ဆိုင်း) ဒေသတို့ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ပြောသည်။ ၎င်းက “နှစ်နိုင်ငံနယ်စပ် စီးပွားရေးဇုန် တည်ထောင်ဖို့အတွက် တရုတ်နဲ့ Framework agreement ရေးထိုးဖို့ရှိပါတယ်။ အဲဒီအတွက် အဓိကကျတဲ့ ၂ ဘက်ဇုန်နယ် မြေ ဧရိယာ သတ်မှတ်ရေးအတွက် မကြာခင်မှာ ကွင်းဆင်းတိုင်းတာမှုလုပ်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ဇွန် ၂၄ ရက်က ပြု လုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အစိုးရ စတုတ္ထတနှစ်တာကာလ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ ထိုသို့ပြောကြားခဲ့သည်။
မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးဇုန်အတွက် မြန်မာဘက်ခြမ်းမှ နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ်(ပန်ဆိုင်း)နေရာများတွင် ပါဝင် မည်ဖြစ်ပြီး ဇုန်အတွက်ကိုသြဒိနိတ်မြေပုံဖြင့် အတည်ပြုတည်နေရာ အကျယ်အဝန်းသတ်မှတ်နိုင်ရေးအတွက် မြေပြင်ကွင်း ဆင်းတိုင်းတာခြင်းလုပ်ငန်းအား တလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ဝဘ်ဆိုဒ်တွင် သတင်းထုတ်ပြန်ထားသည်။ ထိုသို့ ဇုန်နယ်မြေလျာထားသတ်မှတ်ပြီးပါက ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်း (Feasibility Study) လုပ်ငန်း စတင်မည်ဖြစ်ကာ FS ရမှသာ တဖက်တရုတ်နိုင်ငံမှ ဇုန်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအလိုက် လိုက်လျောညီထွေမှုရှိအောင် နှစ်နိုင်ငံပြန်လည်ညှိနှိုင်းပြီး မြန်မာဘက်အခြမ်းအတွက် Developer ကုမ္ပဏီများရွေးချယ်ခြင်းကို ဆောင်ရွက်သွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။
အဆိုပါစီမံကိန်းအား နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာရေးထိုးပြီးနောက် တရုတ်နိုင်ငံဘက်အခြမ်းတွင် နယ်စပ် စီးပွားရေး ဇုန်များ တည်ဆောက်ရေးအတွက် ပြင်ဆင်ခြင်းများ၊ ၂၁ ရာစုပိုးလမ်းမစီမံကိန်းချေးငွေများဖြင့် တရုတ် လုပ်ငန်းရှင်အများစု က နယ်စပ်ဧရိယာများ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ စတင်တည် ဆောက်မှုများရှိလာပြီဟု မူဆယ်-နမ့်ခမ်းဒေသရှိ ကုန်သည်ကြီးများက ဧရာဝတီကို ပြောသည်။ မူဆယ်-နမ့်ခမ်းကုန်သည် ကြီးများအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝင်းအောင်ခန့်က “စီးပွားရေး ဇုန်တွေလုပ်တာ ရည်ရွယ်ချက်တွေက ကောင်းပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ကိုယ့်နိုင်ငံသား အကျိုးစီးပွား အကာအကွယ်ပေးမဲ့ မူတွေချမှတ်ပြီးဖော်ဆောင်ဖို့ လိုပါ တယ်”ဟု ပြောသည်။
တဖက်နိုင်ငံက ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မြန်မာဘက်အခြမ်းတွင် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာချပြမှုအားနည်းခြင်း၊ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ လက်လှမ်းမမီခြင်း၊ အခြေခံအဆောက်အအုံပိုင်း၊ ငွေကြေးအရင်းအနှီးနှင့် နည်း ပညာအားနည်းခြင်းတို့ကြောင့် မိမိနိုင်ငံအတွင်း လာရောက်လုပ်ကိုင်သူများက အကျိုးစီးပွား အသာရသွားမည်ကို ဒေသခံ လုပ်ငန်း ရှင်အများစုစိုးရိမ်နေကြသည်။ တရုတ်မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော် ရေးအတွက် ဗဟိုကော်မတီတရပ်ဖွဲ့စည်းထားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ အဖြစ် တာဝန်ယူကာ နယ်စပ် စီးပွားရေးဇုန်နှင့် ဆက်စပ်သည့် တာဝန်ရှိဌာနများမှ ပြည်ထောင်စုအဆင့် အရာရှိကြီးများလည်း ပါဝင် ပြီး ယခုလ ၁၂ ရက် မြန်မာ-တရုတ်နှစ်နိုင်ငံ ဒေသအဆင့်လုပ်ငန်းအဖွဲ့ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Video Conferencing ပြုလုပ်ခဲ့သည်။ https://burma.irrawaddy.com/news/2020/06/25/225294.html
**************
၂၅။ ရသေ့တောင်မြို့အနီးပစ်ခတ်မှုဖြစ်၍ ရွှေပါရမီဘုန်းကြီးကျောင်းမှ မသန်စွမ်းသူစစ်ဘေးရှောင်အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရ
June 25, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနီးတွင် ဇွန်လ ၂၄ ရက်ညနေ ၄ နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွှေပါရမီဘုန်းကြီး ကျောင်းတွင် လာရောက်ခိုလှုံနေသူ စစ်ဘေးရှောင် ဆွံအ၊ နားမကြား၊မျက်မမြင် အမျိုးသားတစ်ဦးကို လက်နက်ကြီးကျည် ထိမှန်သွားကြောင်း သတင်းရရှိသည်။ လက်နက်ကြီးကျည်ထိမှန်သူမှာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာမှ ရွှေပါရမီကျောင်းတွင် စစ်ဘေးရှောင်နေသူ ဦးမောင်အေးညွှန့် (၅၅ )နှစ်ဖြစ်သည်။
ရွှေပါရမီဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်က “ ကျောင်းထဲက စစ်ဘေးရှောင်နေတဲ့ တဲအိမ်အဆောင် အောက်မှာ ဝပ် နေကြတဲ့အချိန်မှာထိတာ။ ပေါက်ကွဲသံနှစ်ချက်ကြားတယ်။ နောက်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူ့ အမေ ငိုပြီးပြေးလာပြောမှသိတာ။ ဆရာတော်တို့လည်း ချက်ချင်းသွားကြည့်လို့မရဘူး။ သေနတ်ပစ်နေတော့ အကုန်ဝပ်နေ ကြရတာ။ ဘယ်ခြေထောက် ဒူးအောက်ပိုင်းတစ်ခုလုံးကြေသွားတယ်။ အခုဆေးရုံကားရောက်နေလို့ ကားပေါ်တင်နေတယ်။ အဲဒီနားမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး ရှိနေသေးတယ်” ဟု ညနေ ၅ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် မိန့်ကြားသည်။
ဒဏ်ရာ ရရှိသွားသူ ဦးမောင်အေးညွှန့်၏ မိခင်ဖြစ်သူ ဒေါ်ဦးစိန်ညွှန့်က “ သူက နားလည်းမကြားဘူး၊ စကားလည်းမပြော တတ်ဘူး။ မျက်စိလည်းမမြင်ဘူး။ ကျွန်မတို့နဲ့ နေရတာ။ မိသားစုဆိုလို့ ကျွန်မတို့ပါပဲ။ တဲအိမ်အောက်မှာ ဝပ်နေရာမှာ အိမ်ခေါင်မိုးကို ဖောက်ပြီးလာထိတာ။ ခြေထောက်ကိုထိတယ်။ ဘယ်လိုခံစားရမလဲပြောမပြတတ်အောင်ပါပဲ”ဟု ပြော သည်။ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် တပ်ရင်းအမှတ် (၅၃၈) တည်ရှိပြီး ပြားချောင်းကြီး ကျေးရွာဘက်သို့ စစ်ကြောင်း တစ်ခုဖြတ်သန်းချိန်တွင် ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ပေါ်နှင့် အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ညနေ ၆ နာရီခန့်က ရသေ့တောင်မြို့ပေါ်မှ လူမှုကူညီရေး လုပ်ဆောင်နေသူ ကိုဘက္ကာသို့ ဖုန်းဖြင့် ဆက်သွယ်ရာ လူနာအား ရသေ့တောင် ဆေးရုံကို ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ပြော ကြားသည်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း “ ရသေ့တောင်မြို့ထဲက သိပ်မဝေး ဘူး။ မြို့အထွက် တံတားနားမှာ ပစ်နေကြတာ။ ရွှေပါရမီကျောင်းမှာ စစ်ဘေးရှောင် တစ်ယောက်ထိတယ်။ အခု လူနာတင် ကားနဲ့ ယူလာလို့မြို့ပေါ်က ဆေးရုံရောက်နေပြီ”ဟု အတည်ပြုပြောသည်။ ရွေပါရမီဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေး ရှောင် လူဦးရေ ၁၇ဝဝ ခန့်ရှိခိုလှုံနေကြကြောင်းသိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှု မရရှိသေး ပါ။ https://www.bnionline.net/mm/news-73778
*************
၂၆။ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နမ်းခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ နေထိုင် သည့် အဆောက်အဦအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
June 25, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း မြောက်ဘက်ရှိ ကုန်သွယ် ရေးဇုန် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နမ်းခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အဦးအား ဆိုင်ကယ်စီးလာသော လူသုံးဦးက ဇွန်လ ၂၅ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးမှု ဖြစ် ပွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်စဉ်မှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း မြောက်ဘက်ရှိ ကုန်သွယ်ရေးဇုန် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော နမ်းခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အဦးအား ဇွန်လ ၂၅ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ်ခန့်က မူဆယ် လားရှိုး ပန ၁၀၅ မိုင် – ပန်ဆိုင်း သွား ကားလမ်း ချိတ်ဆက်ထားသော အထက (ခွဲ) ၁၀၅ မိုင် ဘေးလမ်းမပေါ်မှ အမည်မသိ ဆိုင်ကယ်စီးလာသော လူသုံးဦးက ပန်ဆိုင်းမောင်တံ ကုန်သွယ်ရေးဇုန် ရှောင်ကွင်းလမ်း ကြံတောထဲမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအတွင်းရှိ ခွေးတစ်ကောင် သေဆုံးခဲ့ပြီး တာဝန်ထမ်းဆောင်နေသူနှင့် အခြား ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နမ်းခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာ အနီးတစ်ဝိုက်တွင် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတိုးမြှင့် ချထားလျက်ရှိကြောင်း သိရသည်။ https://new s-eleven.com/article/179979
**************
၂၇။ မယ်လဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးပြား ထောင်ချီဖမ်းမိ
June 23, 2020
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သော မယ်လဒုက္ခသည်စခန်းတွင်းသို့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်း တွင် ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မိသားစုနေ အိမ်တစ်အိမ်တွင် စိတ်ကြွဆေးပြား ထောင်ချီ ဖမ်းဆီးရမိခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
ထိုင်းတပ်မတော်၊ ရဲနှင့် စခန်းလုံခြုံရေး စသည့်ပူးပေါင်းအဖွဲ့မှ မယ်လဒုက္ခသည်စခန်း၏ ဇုန် (B-5B) ရှိ အိမ်နံ ပါတ်(၉၂)မှ အိမ်ရှင် နော်မုမု ဆိုသူ၏ နေအိမ်သို့ အနံ့ခံခွေးများဖြင့် ရှောင်တခင် လာရောက်စစ်ဆေးရာ စိတ်ကြွဆေးပြားထုပ်များကို ဖမ်း ဆီးရမိခဲ့ကြောင်း ဇုန်(B) လုံခြုံရေးတာဝန်ခံ စောရွှေဝင်းမြိုင်က ပြောသည်။ ၎င်းက “စစ်သားတွေ၊ ရဲတွေ စခန်းလုံခြုံရေးအ ဖွဲ့တွေက ကျနော်တို့ ဒီကရပ်ကွက်တာဝန်ရှိသူတွေကို ဘာမှအကြောင်းမကြားဘဲ ဝင်လာပြီး စစ်ဆေးတာ။ အဲ့မှာ (၅)ထုပ် အ ရင်မိတယ်။ အဲ့ဒါပြီးတော့ စခန်းလုံခြုံရေးက ကျနော်တို့ကို အကြောင်းကြားပြီး ထပ်သွားရှာတော့ အလုံးရေ (၂,၄၀ဝ) ထပ်မိ တယ်။”ဟု ကေအိုင်စီသို့ပြောသည်။ ထိုသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရာတွင် အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်သူမှာ ထွက် ပြေးတိမ်းရှောင်သွားပြီး နေအိမ်ရှိကျန်ရှိသည့် မိသားစုဝင်(၄) ဦးဖြစ်သည့် အဘွားအိုတစ်ဦး၊ ညီမတော်စပ်သူတစ်ဦး၊ အဒေါ် တော်စပ်သူတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ခေတ္တယာယီခေါ်ဆောင်သွားကြောင်း စောရွှေဝင်းမြိုင် က ဆက်ပြောသည်။
ထို့နောက် သတင်းအရ ၎င်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူမှာ အသက် (၂၇) နှစ်အရွယ် စောအဲငဲ ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ လက်တွဲလုပ်ဆောင်သူ တစ်ဦးကို ဖမ်းဆီးရမိ၍ ကာယကံရှင်ကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်းမိခင်ဖြစ်သူမှ ဖုန်းဆက်ခေါ်သော်လည်း ပြန်လာအဖမ်းခံခြင်းမရှိကြောင်း မယ်လစခန်း၏ လုံခြုံရေး ဒု-တာဝန်ခံ စောအယ်မွီး က အတည်ပြုသည်။ ၎င်းက “သူအမေက ပြောလိုက်တယ်။ သားရေ ပြန်လာခဲ့ပေါ့။ ဒီမှာသူများငါတို့ကို ဖမ်းနေ ပြီးပေါ့။ သား ပြန်လာမှ ဒီကဖမ်းထားတဲ့သူတွေ လွှတ်ပေးမယ်ပေါ့။ ဒါပေမဲ့ ကာယကံရှင်က သေသေရှင်ရှင် မပြန်လာဘူးတဲ့။ အခု သူနေတဲ့ နေရာကိုသူများ GPS နဲ့ လိုက်တာ နေရာကို သိနေပြီ။ အဲ့ဒါ သူကပြောသေးတယ်။ လာဖမ်းရဲရင် လာဖမ်းပေါ့။ သူ့မှာက လက်နက်ရှိနေတယ်” ဟု ကေအိုင်စီသို့ပြောသည်။
မယ်လ ဒုက္ခသည်စခန်းအတွင်း မူးယစ်ဆေးဝါး စစ်ဆေးမှုကို ထိုင်းအာဏာပိုင်များမှ တစ်လတစ်ခါ စစ်ဆေး ဆောင်ရွက်မှု များ ပြုလျက်ရှိကာ မကြာခဏ ဖမ်းဆီးရမိမှုများရှိပြီး လက်ရှိ ဖမ်းဆီးရမှုသည် သတင်းအရ လာရောက်ဖမ်းဆီးသည့် ပုံစံဖြစ် သလို ပမာဏ အများဆုံး ဖမ်းဆီးရမှုလည်း ဖြစ်ကြောင်း သိရသည်။ http://kicnews.org/2020/06/%e1%80%99% e1%80%9a%e1%80%b9%e1%80%9c%e1%80%92%e1%8
*************
၂၈။ ကွတ်ခိုင်မှာ မူးယစ်ဆေးချက်လုပ်တဲ့ပစ္စည်းတွေ ဖျက်ဆီး
June 23, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခမ်ကျေးရွာ အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ချက်လုပ် တာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေထဲကအချို့ကို ကွတ်ခိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဖျက်ဆီးခဲ့ပါတယ်။ ကောင်းခါး နဲ့ လွယ်ခန်ကျေးရွာကနေ အခုနှစ် ဖေဖော်ဝါရီလကနေ မေလ ၁ ရက်နေ့အထိ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်း အမျိုးအစား ပေါင်း တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား၂၉ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိထားပြီး ကျန် ၉၇ ဦးကတော့ တိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။ ကား ၂၁ စီး၊ ဆိုင်ကယ်တစ်စီး၊ လက်နက်မျိုးစုံ ၈၆ လက်နက်ခဲယမ်းမျိုးစုံတို့ကိုပါ သိမ်းဆည်းရမိခဲ့တာပါ။
အခုဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ဆက်စပ်ပစ္စည်းတွေဟာ တပ်မတော်လက်အောက်ခံ ကောင်းခါးပြည်သူ့စစ်အဖွဲ့ထိန်းချုပ် နယ် မြေထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တပ်မတော်က လက်နက်ပြန်အပ်ခိုင်းခဲ့သလို လွယ်ခမ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အချို့ ကိုလည်း ထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ကောင်းခါးပြည်သူ့စစ်အဖွဲ့အရာရှိတစ်ဦးက RFA ကိုပြောထားပါတယ်။
ကွတ်ခိုင်မှာ ဖျက်ဆီးတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေဟာ လားရှိုးကို သယ်ဖို့ခက်ခဲလို့ ကွတ်ခိုင်မှာ ဖျက်ဆီးခဲ့တာဖြစ် ပြီး ကျန်နေတဲ့ မူးယစ်ဆေးဝါးတော့ကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် ၃၃ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ လားရှိုးမြို့မှာ ထပ်မံဖျက်ဆီးမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၂၀ နီး ပါး တန်ဖိုးရှိတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကွတ်ခိုင်ဒေသမှာ လူငယ်တွေအများစု မူးယစ် သားကောင်ဖြစ်နေရပြီး ရာဘဆေးပြားတွေကတော့ လွယ်လွယ်ကူကူ ဝယ်လို့ရနေတုန်းဖြစ်တယ်လို့ ကွတ်ခိုင်မြို့ တအာင်း စာပေယာဉ်ကျေးမှု ဒု-ဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောပါတယ်။ ၂၀၂၀ အတွင်း ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ဖမ်းဆီးရမိမှုဟာ အရင်နှစ်ထက် အမေရိကန်ဒေါ်လာ ငါးသန်းကျော်အထိ ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှမ်းပြည် မြောက်ပိုင်း ဒု-ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။
ဇွန်လ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမေရိကန် ဒေါ်လာ (၂၂၈.၈) သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး နဲ့ ဆက်စပ်ပစ္စည်း ၂၉ မျိုးကို မီးရှို့ဖျက်ဆီးမှာဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အမေရိကန်ဒေါ်လာ ၈၃၅ သန်း နီးပါးရှိ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို လာမယ့် ဇွန် လ၂၆ ရက် နေ့မှာ မီးရှို့ဖျက်ဆီးမှာ ဖြစ်တယ်လို့သိရပါတယ်။ https://www.rfa.org/burmese/news/destroying-the-making-drugthingsinkutkai06232020074424.html
**************
၂၉။ သျှမ်းတောင် ကိုဗစ်-၁၉ သံသယ စောင့်ကြည့်လူနာ ၇ဦးရှိ
June 25, 2020
သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် – ၁၉ သံသယ စောင့်ကြည့်လူနာ ၇ ဦး ရှိကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါ သံသယစောင့်ကြည့်လူနာ ၇ ဦး သည် သျှမ်းပြည်တောင်ပိုင်း ဟိုပုံး ၊ ဟဲဟိုး ၊ လွိုင်လင်၊ ကလော ၊ ကွန်ဟိန်း နှင့် စဝ်စံထွန်း ဆေးရုံတို့တွင် အသီးသီး တက်ရောက် ဆေးကုသမှု ခံယူနေကြောင်း ပြည်နယ် အထူးရောဂါ နှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူ က ပြောသည်။
“စောင့်ကြည့်လူနာ ဓါတ်ခွဲနမူနာ စစ်ဆေးမယ့်သူက ၂ ယောက်ရှိတယ်။ စစ်ဆေးပြီးသား သူက ၅ ယောက်ရှိတယ်။ စုစု ပေါင်း ၇ ယောက်”ဟု ဒေါက်တာနှင်းအိဖြူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် အတည် ပြု လူနာ ၄ ဦး ရှိသည့် အနက် ၃ ဦး သည် ဆေးရုံမှ ဆင်းခွင့် ရကြောင်း သိရသည်။
မေ ၂၇ ရက်မှ ဇွန် ၂၄ ရက်နေ့ထိ ကရင်ပြည်နယ် မြဝတီဘက်မှ သျှမ်းပြည်တောင်ပိုင်းတွင် ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၆၄၇) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ https://burmese.shannews.org/archive s/17255
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
*** ပြီး ***