ဆောင်းပါး

ေထာင္ထဲေရာက္ တိုင္းရင္းသားေတြ

ထောင်ထဲရောက် တိုင်းရင်းသားတွေ

———————————————

၁၉၉၀ပြည့်နှစ်၊ကျနော်မုံရွာထောင်ထဲကိုရောက်တော့ တိုင်းရင်းသားလက်နက်ကိုင်ရယ်လို့ နာဂ နှစ်ယောက်၊သုံးယောက်သာရှိပါတယ်။နိုင်ငံရေးအကျဉ်းသားအားလုံးမှာ ဗမာတွေသာများပြီး တိုင်းရင်း သားဆိုလို့ တိုင်းရင်းသား သွေးခပ်များများနဲ့ ဗမာ နည်းနည်းစပ်ထားတဲ့ ဟိုမရောက်ဒီမရောက်ကျနော် တစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။ဒါတောင် ကျနော်က ကိုယ့်မိခင်ဘာသာစကားကို မတတ်တဲ့ ဘုရားစူး တိုင်းရင်းသားလို့ဆိုရမလား။ပြီးတော့ တစ်ထောင်လုံးမှာ ရန် ကုန်ကဆိုလို့ ကျနော်တို့အမှုတွဲ၅ယောက်သာ ရှိပါတယ်။

မုံရွာထောင်မှာက မုံရွာရဲ့အထက်ဘက် ချင်းတွင်းမြစ်အထက်ပိုင်းဒေသကလူတွေနဲ့ မုံရွာပတ် ဝန်း ကျင်ဒေ သတွေက များပါတယ်။အထူးသဖြင့် မူးယစ်ဆေးဝါးအမှုတွေက ကြောက်ခမန်းလိလိများ လှပါတယ်။ အဲဒီကာ လမူးယစ်ဆေးဝါးတွေက စိတ်ကြွဆေးပြားလုံးဝမရှိ။ဘိန်းဖြူနံပါတ်ဖိုးနဲ့ ဖန်စီဒိုင်း။ဘိန်းဖြူနဲ့ ဖန်စီ ဒိုင်းရောင်းလို့ မုံရွာထောင်ထဲရောက်လာတဲ့အမှုတွေကပေါပါ့။တချို့က စီးပွားရေးသက်သက်၊တချို့ကျတော့ လည်း မူးယစ်သုံး စွဲ ရင်း စရိတ်ကာမိအောင် ရောင်းလည်းရောင်း သုံးလည်းသုံး။သူတို့မူးယစ်လောကသား တွေထဲ နံပါတ်ဖိုးသုံး စွဲသူက ဆရာ ကျပြီး ဖန်စီဒိုင်းမှာမူ လူစဉ်မမီသေးတဲ့ မူးယစ်သမားပမာ ဆက်ဆံခံ ရပါတယ်။ထား တော့။

မုံရွာထောင်ကနေ မန္တလေးထောင်အပြောင်းခံရတော့ ရေအိုင်လေးတစ်အိုင်ကနေ ချောင်းကြီးမြောင်း ကြီးထဲ ရောက်ရှိသွားသလို ထောင်ကကြီးသလောက် လူကလည်းများ၊မန်းနေပြည်တော်ကြီးထဲကနန်းတွင်း ထောင်။လူတွေများသလောက် တိုင်းရင်းသားလက်နက်ကိုင်ရဲဘော်တွေလည်း များတဲ့အရပ်။ကချင်၊ရှမ်း၊ ကယား…။

မန္တလေးထောင်ရောက်ရောက်ချင်း ဆောက်နဲ့အထွင်းခံရတာကတော့ တိုင်းရင်းသားအယောင်ဆောင် ၊နိုင်ငံရေးအယောင်ဆောင် ၃ဦးနဲ့တွေ့ရတာပါပဲ။သူတို့ထောင်ကျလာတဲ့အမှုကတော့ အမှန်အကန် တိုင်းရင်း သားလက်နက်ကိုင်အမှုနဲ့ နိုင်ငံရေးအမှုပါ။သူတို့ကိုယ်တိုင်ကလည်း ကျောင်းသားတပ်မတော်ABSDF တပ် ဖွဲ့ဝင် တွေတဲ့။လူရည်လည်ပြီး တိုင်းရင်းသားရုပ်ပေါက်နေသူက သူ့ကိုယ်သူ ABSDFဗိုလ်လို့ မိတ်ဆက် ပါ တယ်။ ကျန်၂ဦးကတော့ တပ်ကြပ်ကြီးနဲ့တပ်ကြပ်။

သူတို့၃ဦးဟာကေအိုင်အေထိန်းချုပ်နယ်မြေထဲက မြောက်ပိုင်း ABSDFကနေ ကေအဲန်ယူထိန်းချုပ် နယ်မြေထဲက ABSDF သို့ တာဝန်အရ အသွား လမ်းမှာ စစ်တပ်နဲ့တိုးပြီး အဖမ်းခံလိုက်ရပါသတဲ့။ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေက သူတို့ကိုအဟုတ်ထင်ပြီးထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေရဲ့ယဉ်ကျေးမှု အတိုင်း ရှိတာလေးထုတ်ကျွေး၊တတ်နိုင်သလောက်စောင့်ရှောက်။

နောက်ပိုင်း လူရည်လည်တဲ့ABSDF ဗိုလ်ဆိုသူရဲ့ ခရီးစဉ်မှတ်တမ်းတွေက လူရိုင်းရွာတွေလည်း ရောက်လိုရောက်၊အဆိပ်လူးမြားကိုလည်းရှောင်ရကွင်းရနဲ့ အရမ်းဇာတ်ဆန်လာတော့ ကျနော်တို့သံသယ ဝင်လာမိတယ်။နောက်ထပ်သိပ်မကြာပါဘူး။ABSDFဗိုလ်က သူတို့ဆင်ထားတဲ့ဇာတ်လမ်းကို တကယ်ထင် လာလို့လားတော့မသိ၊သူ့လက်အောက်က တပ်ကြပ်ကြီးနဲ့တပ်ကြပ်အပေါ်ဆက်ဆံရေးက အပေါ်စီးသိပ်ဆန် လာရာကစလို့ သူတို့ရဲ့ဖြစ်ရပ်မှန်ကို တပ်ကြပ်ကြီးကဖွင့်ချလိုက်ပါတော့တယ်။

တကယ်တော့သူတို့၃ယောက်စလုံးဟာ ရထားပေါ်ကအလစ်သုတ်ကြသူတွေပါ။တစ်ရက်၊မန္တလေး- မြစ်ကြီးနားရထားပေါ် အိပ်ပျော်နေတဲ့လူငယ်တစ်ယောက်ရဲ့ အိတ်ကို အလစ်သုတ်၊တစ်ယောက်လက်တစ် ယောက်အလွှဲအပြောင်းလုပ်ပြီး မြစ်ကြီဂနားဘူတာမရောက်ခင်အဆင်း၊ရဲနဲ့တိုးပြီးအဖမ်းခံလိုက်ရပါတယ်။ သူတို့အလစ်သုတ်လာတဲ့အိတ်ကိုဖွင့်စစ်လိုက်တော့ ABSDFနဲ့ဆိုင်တဲ့စာရွက်စာတမ်းတွေချည်း။

ရဲကသူတို့ကို အလစ်သုတ်သမားမှန်းလည်းသိပြီး ဒီအိတ်က သူတို့နဲ့မဆိုင်မှန်းလည်းသိတယ်။အ ရင် တုန်းကလည်းသူတို့၃ဦးစလုံး အလစ်သုတ်အမှုနဲ့ ထောင်ခဏတဖြုတ်ကျခဲ့ဖူးတော့ တရားသူကြီးကလည်း သူတို့ကို နိုင်ငံရေးနဲ့ဘာမှမဆိုင်မှန်းသိတယ်။ဒါပေမဲ့ သူတို့ကိုအမြင်ကတ်တာရော မြစ်ကြီးနားတခွင် နှစ်အ တန်ကြာ သူတို့မရှိရင် အေးတာပဲဆိုပြီး ရဲနဲ့တရားသူကြီးလက်ဝါးချင်းရိုက်ကာ ထောင်၇နှစ်ချပစ်၊နှစ်ကြီးမို့ လို့ မန္တလေးထောင်ပို့။သူတို့က မန္တလေးထောင်ရောက်ရင် အနေအစားချောင်အောင်ဆိုပြီး သူတို့အဖြစ်မှန်ကို ဖျောက်ကာ ဒီလိုပြောကြမယ်ဆိုပြီး ကိုယ့်ဘာသာကြားဖူးနားဝတွေနဲ့ ဇာတ်ညွှန်းရေးခဲ့ကြတာတဲ့။သူတို့အဖြစ် မှန်ပေါ်သွားတော့ သူတို့ကိုယ်တိုင်ကိုက မလုံမလဲနဲ့ နိုင်ကျဉ်းတွေနဲ့ဆက်ဆံရေး တန်းသွားပြီးနောက် စိမ်း သွား ခဲ့တယ်။

သူတို့ရဲ့ဇာတ်ညွှန်းပေါ်သွားပြီးနောက် တော်လှန်ရေးကို ခုတုံးလုပ်ရကောင်းမလားဆိုပြီး သူများထက် ပို မခံမရပ်နိုင်ဖြစ်သူက ကျနော်တို့စားအိုးတွဲ ဗမာပြည်ကွန်မြူနစ်ပါတီက ကရင်တိုင်းရင်းသားရဲဘော်တစ်ဦး ပါ။သူကအမြဲပြုံးနေတတ်ပြီး ရိုးသားစိတ်အပြည့်ရှိသူ။အချင်းချင်းကြားအင်မတန်အနွံတာခံတတ်သူပါ။ ပြောရ လျှင် သဘောကောင်း တယ်၊စိတ်ကြီးတယ်ဆိုတဲ့အစားမျိုး။

သူပြန်မရောက်တာအတော်ကြာပြီဖြစ်တဲ့ သူဇာတိမှာ ပဲခူးတိုင်း၊ရွှေကျင်မြို့ဖြစ်ပါတယ်။၁၆နှစ် မ ပြည့်ခင်ကတည်းက စစ်တပ်ထဲရောက်၊သူကအပြုံးချိုချို ဖင်ပေါ့ပေါ့နဲ့ လက်ကလည်းဖြောင့်လို့ တပ်ရင်းမှူးရဲ့ အနီးကပ်ကိုယ်ရံ တော်။ရှေ့တန်းထွက် တယ်၊ဗမာပြည်ကွန်မြူနစ်ပါတီနဲ့တိုက်တယ်။သူတို့တစ်တပ် လုံးပြုတ် တဲ့အပြင် သူ့အဘ တပ်ရင်းမှူးနဲ့သူ့ကို ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တယ်တဲ့။သူ့လက်ခုံပေါ်ကအမာရွတ်ကိုပြလို့ ပြောပြတယ်။ညဘက်၊ အိပ်ချိန်မရောက်မီ သူ့အဖြစ်မှန်ဇာတ်လမ်းက ကျနော်တို့ကို ပါး စပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

ပြီးတော့၊ကျနော်တို့ကလူငယ်လေးတွေမို့ သေနတ်တွေအကြောင်း တိုက်ပွဲတွေအကြောင်း စိတ်ဝင် စားကြတယ်။သူကလည်းသေနတ်အကြောင်းပြောရမယ်ဆို မျက်လုံးကိုအရောင်လက်လို့၊သူကတိုက်ချင်ခိုက် ချင်စိတ်အပြည့်။

‘ဖမ်းမိခါစကတော့ သေချာပေါက် ကျနော်တို့အသတ်ခံရပြီလို့ တွက်ခဲ့တာ။ပါတီကသုံ့ပန်းပေါ်လစီအရ မသတ်ပါဘူးလို့ ပြောလည်း ကျနော်မယုံခဲ့ဘူး’လို့ သူကပြောပါတယ်။

သူတို့ဒဏ်ရာကိုကုသပေး၊သူတို့သုံ့ပန်းတွေကို ဗမာပြည်ကွန်မြူနစ်ပါတီက သူတို့ရဲ့ပေါ်လစီတွေအ ကြောင်းသင်တန်းတွေပေး။၁၀ရက်ကျော်လောက်ကြာတော့ သူတို့ကိုအမှန်တကယ်မသတ်တော့တာသေချာ ကြောင်း သိရှိ။အဲဒီလိုနဲ့ တစ်လလည်းပြည့်ရော ပြန်ချင်ရင် မြို့ပေါ်နဲ့အနီးဆုံးနေရာအထိပို့ပေးမယ်၊မပြန်ချင် ရင်လည်း ပါတီမှာ ရဲဘော်အဖြစ်နဲ့ ဆက်နေခွင့်ပြုမယ်တဲ့။သူစစ်တပ်ထဲနေစဉ်ကကြားခဲ့ဖူးတာနဲ့တခြားစီ။သူ စစ်တပ်ထဲနေစဉ်ကြားခဲ့ဖူးတာက ကွန်မြူနစ်ဆိုတာ ဘုရားမရှိ၊တရားမရှိ၊မိရင် အသေပဲဆိုတာမျိုး။

‘ကျနော်ကလူပျိုဆိုတော့ ဘာအပူအပင်မှမရှိဘူး။ပြီးတော့ ပါတီကို ကျနော့်အသက်သခင်လို့ယုံတယ်။ ပါတီအပေါ်လည်းယုံတယ်။နိုင်ငံရေးတွေဘာတွေနားမလည်ပေမဲ့ ပါတီကိုယုံကြည်လို့ ပါတီမှာပဲနေဖို့ ဆုံးဖြတ် လိုက်တယ်’လို့ သူကဆက်ပြောပါတယ်။

သူ့အဘ တပ်ရင်းမှူးကတော့ သားနဲ့မယားနဲ့မို့ ကွန်မြူနစ်ပါတီမှာမနေနိုင်။တပ်ထဲပြန်သွားရင်လည်း တပ်လုံးပြုတ်တပ်ရင်းမှူးလည်းဖြစ်၊ဗကပလက်ထဲ တစ်လတာ ဦးနှောက်အဆေးခံရတာရောကြောင့် ချောင် ထိုးခံရမှာသေချာနေပေမဲ့ သူ့အဘရဲ့ အိမ်အပြန်ခရီးဟာလည်း စိတ်မသက်မသာ သက်ပြင်းတွေနဲ့ပါပဲ။ပြန်ဆုံ ဖို့ရာမသေချာတော့တဲ့ ဆရာတပည့်နှစ်ယောက် ခွဲခါနီးမှာဖက်ငိုလိုက်ကြသေးတယ်။

ပြီးတော့ နောက်တစ်ရက်၊နှစ်ရက်ကြာတော့ လူငယ်ပီပီ အဘတွေအတိတ်တွေမေ့လို့၊အနာဂတ်ဆီကို ရဲရဲရွေ့ခဲ့တယ်။ပါတီက သူ့အပေါ် ယုံကြည်စွာ၊ပါတီမှာ လက်ဖြောင့်တပ်သားအဖြစ်လည်းမြှောက်စားခံရ။ပါတီ မှာ သူပျော်ရွှင်စွာ။ပါတီမှာ နှစ်အတန်ကြာ သူ့ဘဝကိုမြှုပ်နှံခဲ့ပြီးနောက် ပါတီတာဝန်နဲ့ ရှမ်းကုန်းပြင်မြင့်ပေါ်က အဆင်းမှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

သူက စစ်တပ်ထဲမှာနေဖူးပြီး ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်း နေဖူးသူမို့ ဟိုဘက်ဒီဘက် အ ကောင်းအဆိုး သူ့ဘဝနဲ့ရင်းပြီးချိန်ဆနိုင်သူ။သူ အိမ်က မသိအောင်ထွက်လာပြီး စစ်သားစုဆောင်းရေးတပ် ထဲသွားဝင်တော့ စုဆောင်းရေးမှာတင် ခပ်ပြင်းပြင်းနားရင်းရိုက်ချက်တွေခံရ၊ပါလာသမျှ အဝတ်အစားကောင်း အကုန် ချွတ်ခွါခံရ။

‘တကယ်ကိုထောင်ထဲကအတိုင်း အရင်ရောက်နှင့်ပြီးနည်းနည်းလုပ်ရဲတဲ့ကောင်က နောက်ကရောက် လာတဲ့မလည်မဝယ်ကောင်တွေကို အနိုင်ကျင့်ချွတ်ခွါတော့တာ။ခွါထားသမျှ ကျနော်တို့အဆောင်မှာတာဝန် ကျတဲ့ တပ်ကြပ်နဲ့ဝေစားမျှစားပဲ။သင်တန်းပြီးလို့ တပ်ထဲရောက်တော့လည်း ဆရာကြီးမိန်းမကခေါ်ခိုင်းလည်း သွားလုပ်ပေးရတာပဲ။ဗိုလ်ကြီးမယားကခေါ်ခိုင်းလည်း ကျွန်ခံရတာပဲ။တပ်ရင်းမှူးသက်တော်စောင့်ဖြစ်မှပဲ ဘုံ ကျွန်ကနေ တပ်ရင်းမှူးအိမ်ရဲ့ကျွန်အဖြစ်ရောက်တော့တာ’လို့ သူ့စစ်သားဘဝကုိ ပြောပြတတ်ပါတယ်။ ဗမာ ပြည်ကွန်မြူနစ်ပါတီမှာတော့ စစ်တပ်ထဲကျွန်ဇာတ်ခင်းသလိုမျိုး လုံးဝမရှိဘူးလို့ သူပြောလိုက် ပုံက မာန်ပါပါ ယုံကြည်မှုအခိုင်အမာ။

များသောအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းမိရင် ၁၇/၁ ပုဒ်မနဲ့ အလွန်ဆုံးထောင်ဒဏ် ၃ နှစ်သာချလေ့ရှိပါတယ်။သူ့ကိုကျတော့ စစ်သားဘဝကနေ ကွန်မြူနစ်ရဲဘော်ဖြစ်ရကောင်းလားဆိုပြီး ၇နှစ် ကြီးတောင် ထောင်ချပစ်ခဲ့တယ်။ကျနော်တို့နဲ့တွေ့ချိန်မှာ သူ့ထောင်နေသားက ၃နှစ်ကျော်ပြီမို့ ထောင်ထဲမှာ လည်လည်ပတ်ပတ်ရှိနေခဲ့ပြီ။

သူ့အသက်က ကျနော့်ထက်နည်းနည်းကြီးပါတယ်။အမြဲတမ်းပြုံးနေပြီး အပင်ပန်းလည်းခံနိုင်သူ မို့ ဖိုကြီး(စားဖို)မှာ သူအလုပ်လုပ်ပါတယ်။သူကစားဖိုဆောင်အလုပ်သမားမို့ ကျနော်တို့ထမင်းဝိုင်းဟာ သူ့ကျေး ဇူးနဲ့ ရံဖန်ရံခါ ဆီတွေဝေ့နေတတ်ပါတယ်။

ကျနော်တို့ထောင်ကလွတ်သွားပေမဲ့ သူကျန်နေခဲ့ပါတယ်။သူ့ရဲ့နောက်ဆက်တွဲစာမျက်နှာတွေကို ကျ နော်ထပ်မသိရတော့ပါဘူး။ထောင်ကလွတ်ရင် ရွှေကျင်ခဏပြန်မယ်၊အမေ့ကိုသွားကန်တော့မယ်။ပြီးရင်တော့ ပါတီဆီပြန်မယ်တဲ့။သူမကြာခဏပြောခဲ့စကားကို သူ့ကိုသတိရတိုင်း ကျနော်သတိရမြဲပါပဲ။သူထောင်ကလွတ် ချိန်မှာ အရှေ့မြောက်နိုင်ငံရေးဟာ အမြစ်ကနေလှန်အချိုးခံလိုက်ရပြီမို့ သူရွှေကျင်မှာပဲ အခြေပြန်ချသလား၊ ဘယ်ကိုများရှေ့ဆက်ခဲ့သလဲဆိုတာ ကျနော်မသိတော့ပါဘူး။ပြန်မတွေ့တော့တာ နှစ်၃၀လောက်ကြာခဲ့ပြီမို့ ခုနေခါ ပြန်တွေ့ရင်တောင် မှတ်မိဖို့မလွယ်ပါဘူး။

တကယ်မို့ သူသာ ရှိနေသေးရင် အာဏာလုထားတဲ့ စစ်အကြမ်းဖက်အုပ်စုကို လက်နက်ကိုင်တော် လှန်နေမှာ အငြင်းပွားဖွယ်ရာလုံးဝမရှိပါဘူး။သူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုခုထဲရောက်နေရင် လည်း ရှေ့တန်းစစ်မြေပြင်မှာသာသူ့ကိုတွေ့ရမှာပါ။မြို့ပေါ်မှာရှိနေတယ်ဆိုရင်တော့ သူဟာမြို့ပြပြောက် ကျားခေါင်းဆောင်တစ်ယောက် ဖြစ်နေမယ်ထင်ပါတယ်။

သူဟာရိုးသားတဲ့ ကရင်တိုင်းရင်းသားတစ်ယောက်။ဗမာပြည်ကွန်မြူနစ်ပါတီကို အကြွင်းမဲ့ယုံကြည် သူတစ်ယောက်၊နိုင်ငံရေးတွေဘာတွေ သူမသိပေမဲ့ စစ်အာဏာရှင်ကို မစေ့စပ်စတမ်း လက်နက်ကိုင်တော်လှန် ရမယ်လို့ ပြင်းပြင်းပြပြ ယုံကြည်ခဲ့သူတစ်ယောက်ပါ။ပြီးတော့ ဒီနေ့ထိတိုင် ကျနော့်ရင်ထဲ နစ်နေသေးသူတစ် ယောက်လည်းဖြစ်ပါတယ်။

မင်းကိုမင်း

 

 

 

ေထာင္ထဲေရာက္ တိုင္းရင္းသားေတြ

———————————————

၁၉၉၀ျပည့္ႏွစ္၊က်ေနာ္မုံ႐ြာေထာင္ထဲကိုေရာက္ေတာ့ တိုင္းရင္းသားလက္နက္ကိုင္ရယ္လို႔ နာဂ ႏွစ္ေယာက္၊သုံးေယာက္သာရွိပါတယ္။ႏိုင္ငံေရးအက်ဥ္းသားအားလုံးမွာ ဗမာေတြသာမ်ားၿပီး တိုင္းရင္း သားဆိုလို႔ တိုင္းရင္းသား ေသြးခပ္မ်ားမ်ားနဲ႔ ဗမာ နည္းနည္းစပ္ထားတဲ့ ဟိုမေရာက္ဒီမေရာက္က်ေနာ္ တစ္ေယာက္တည္းသာ ရွိခဲ့ပါတယ္။ဒါေတာင္ က်ေနာ္က ကိုယ့္မိခင္ဘာသာစကားကို မတတ္တဲ့ ဘုရားစူး တိုင္းရင္းသားလို႔ဆိုရမလား။ၿပီးေတာ့ တစ္ေထာင္လုံးမွာ ရန္ ကုန္ကဆိုလို႔ က်ေနာ္တို႔အမႈတြဲ၅ေယာက္သာ ရွိပါတယ္။

မုံ႐ြာေထာင္မွာက မုံ႐ြာရဲ႕အထက္ဘက္ ခ်င္းတြင္းျမစ္အထက္ပိုင္းေဒသကလူေတြနဲ႔ မုံ႐ြာပတ္ ဝန္း က်င္ေဒ သေတြက မ်ားပါတယ္။အထူးသျဖင့္ မူးယစ္ေဆးဝါးအမႈေတြက ေၾကာက္ခမန္းလိလိမ်ား လွပါတယ္။ အဲဒီကာ လမူးယစ္ေဆးဝါးေတြက စိတ္ႂကြေဆးျပားလုံးဝမရွိ။ဘိန္းျဖဴနံပါတ္ဖိုးနဲ႔ ဖန္စီဒိုင္း။ဘိန္းျဖဴနဲ႔ ဖန္စီ ဒိုင္းေရာင္းလို႔ မုံ႐ြာေထာင္ထဲေရာက္လာတဲ့အမႈေတြကေပါပါ့။တခ်ိဳ႕က စီးပြားေရးသက္သက္၊တခ်ိဳ႕က်ေတာ့ လည္း မူးယစ္သုံး စြဲ ရင္း စရိတ္ကာမိေအာင္ ေရာင္းလည္းေရာင္း သုံးလည္းသုံး။သူတို႔မူးယစ္ေလာကသား ေတြထဲ နံပါတ္ဖိုးသုံး စြဲသူက ဆရာ က်ၿပီး ဖန္စီဒိုင္းမွာမူ လူစဥ္မမီေသးတဲ့ မူးယစ္သမားပမာ ဆက္ဆံခံ ရပါတယ္။ထား ေတာ့။

မုံ႐ြာေထာင္ကေန မႏၲေလးေထာင္အေျပာင္းခံရေတာ့ ေရအိုင္ေလးတစ္အိုင္ကေန ေခ်ာင္းႀကီးေျမာင္း ႀကီးထဲ ေရာက္ရွိသြားသလို ေထာင္ကႀကီးသေလာက္ လူကလည္းမ်ား၊မန္းေနျပည္ေတာ္ႀကီးထဲကနန္းတြင္း ေထာင္။လူေတြမ်ားသေလာက္ တိုင္းရင္းသားလက္နက္ကိုင္ရဲေဘာ္ေတြလည္း မ်ားတဲ့အရပ္။ကခ်င္၊ရွမ္း၊ ကယား…။

မႏၲေလးေထာင္ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔အထြင္းခံရတာကေတာ့ တိုင္းရင္းသားအေယာင္ေဆာင္ ၊ႏိုင္ငံေရးအေယာင္ေဆာင္ ၃ဦးနဲ႔ေတြ႕ရတာပါပဲ။သူတို႔ေထာင္က်လာတဲ့အမႈကေတာ့ အမွန္အကန္ တိုင္းရင္း သားလက္နက္ကိုင္အမႈနဲ႔ ႏိုင္ငံေရးအမႈပါ။သူတို႔ကိုယ္တိုင္ကလည္း ေက်ာင္းသားတပ္မေတာ္ABSDF တပ္ ဖြဲ႕ဝင္ ေတြတဲ့။လူရည္လည္ၿပီး တိုင္းရင္းသား႐ုပ္ေပါက္ေနသူက သူ႔ကိုယ္သူ ABSDFဗိုလ္လို႔ မိတ္ဆက္ ပါ တယ္။ က်န္၂ဦးကေတာ့ တပ္ၾကပ္ႀကီးနဲ႔တပ္ၾကပ္။

သူတို႔၃ဦးဟာေကအိုင္ေအထိန္းခ်ဳပ္နယ္ေျမထဲက ေျမာက္ပိုင္း ABSDFကေန ေကအဲန္ယူထိန္းခ်ဳပ္ နယ္ေျမထဲက ABSDF သို႔ တာဝန္အရ အသြား လမ္းမွာ စစ္တပ္နဲ႔တိုးၿပီး အဖမ္းခံလိုက္ရပါသတဲ့။က်ေနာ္တို႔ ႏိုင္ငံေရးအက်ဥ္းသားေတြက သူတို႔ကိုအဟုတ္ထင္ၿပီးေထာင္တြင္းႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ယဥ္ေက်းမႈ အတိုင္း ရွိတာေလးထုတ္ေကြၽး၊တတ္ႏိုင္သေလာက္ေစာင့္ေရွာက္။

ေနာက္ပိုင္း လူရည္လည္တဲ့ABSDF ဗိုလ္ဆိုသူရဲ႕ ခရီးစဥ္မွတ္တမ္းေတြက လူ႐ိုင္း႐ြာေတြလည္း ေရာက္လိုေရာက္၊အဆိပ္လူးျမားကိုလည္းေရွာင္ရကြင္းရနဲ႔ အရမ္းဇာတ္ဆန္လာေတာ့ က်ေနာ္တို႔သံသယ ဝင္လာမိတယ္။ေနာက္ထပ္သိပ္မၾကာပါဘူး။ABSDFဗိုလ္က သူတို႔ဆင္ထားတဲ့ဇာတ္လမ္းကို တကယ္ထင္ လာလို႔လားေတာ့မသိ၊သူ႔လက္ေအာက္က တပ္ၾကပ္ႀကီးနဲ႔တပ္ၾကပ္အေပၚဆက္ဆံေရးက အေပၚစီးသိပ္ဆန္ လာရာကစလို႔ သူတို႔ရဲ႕ျဖစ္ရပ္မွန္ကို တပ္ၾကပ္ႀကီးကဖြင့္ခ်လိုက္ပါေတာ့တယ္။

တကယ္ေတာ့သူတို႔၃ေယာက္စလုံးဟာ ရထားေပၚကအလစ္သုတ္ၾကသူေတြပါ။တစ္ရက္၊မႏၲေလး- ျမစ္ႀကီးနားရထားေပၚ အိပ္ေပ်ာ္ေနတဲ့လူငယ္တစ္ေယာက္ရဲ႕ အိတ္ကို အလစ္သုတ္၊တစ္ေယာက္လက္တစ္ ေယာက္အလႊဲအေျပာင္းလုပ္ၿပီး ျမစ္ႀကီဂနားဘူတာမေရာက္ခင္အဆင္း၊ရဲနဲ႔တိုးၿပီးအဖမ္းခံလိုက္ရပါတယ္။ သူတို႔အလစ္သုတ္လာတဲ့အိတ္ကိုဖြင့္စစ္လိုက္ေတာ့ ABSDFနဲ႔ဆိုင္တဲ့စာ႐ြက္စာတမ္းေတြခ်ည္း။

ရဲကသူတို႔ကို အလစ္သုတ္သမားမွန္းလည္းသိၿပီး ဒီအိတ္က သူတို႔နဲ႔မဆိုင္မွန္းလည္းသိတယ္။အ ရင္ တုန္းကလည္းသူတို႔၃ဦးစလုံး အလစ္သုတ္အမႈနဲ႔ ေထာင္ခဏတျဖဳတ္က်ခဲ့ဖူးေတာ့ တရားသူႀကီးကလည္း သူတို႔ကို ႏိုင္ငံေရးနဲ႔ဘာမွမဆိုင္မွန္းသိတယ္။ဒါေပမဲ့ သူတို႔ကိုအျမင္ကတ္တာေရာ ျမစ္ႀကီးနားတခြင္ ႏွစ္အ တန္ၾကာ သူတို႔မရွိရင္ ေအးတာပဲဆိုၿပီး ရဲနဲ႔တရားသူႀကီးလက္ဝါးခ်င္း႐ိုက္ကာ ေထာင္၇ႏွစ္ခ်ပစ္၊ႏွစ္ႀကီးမို႔ လို႔ မႏၲေလးေထာင္ပို႔။သူတို႔က မႏၲေလးေထာင္ေရာက္ရင္ အေနအစားေခ်ာင္ေအာင္ဆိုၿပီး သူတို႔အျဖစ္မွန္ကို ေဖ်ာက္ကာ ဒီလိုေျပာၾကမယ္ဆိုၿပီး ကိုယ့္ဘာသာၾကားဖူးနားဝေတြနဲ႔ ဇာတ္ၫႊန္းေရးခဲ့ၾကတာတဲ့။သူတို႔အျဖစ္ မွန္ေပၚသြားေတာ့ သူတို႔ကိုယ္တိုင္ကိုက မလုံမလဲနဲ႔ ႏိုင္က်ဥ္းေတြနဲ႔ဆက္ဆံေရး တန္းသြားၿပီးေနာက္ စိမ္း သြား ခဲ့တယ္။

သူတို႔ရဲ႕ဇာတ္ၫႊန္းေပၚသြားၿပီးေနာက္ ေတာ္လွန္ေရးကို ခုတုံးလုပ္ရေကာင္းမလားဆိုၿပီး သူမ်ားထက္ ပို မခံမရပ္ႏိုင္ျဖစ္သူက က်ေနာ္တို႔စားအိုးတြဲ ဗမာျပည္ကြန္ျမဴနစ္ပါတီက ကရင္တိုင္းရင္းသားရဲေဘာ္တစ္ဦး ပါ။သူကအၿမဲၿပဳံးေနတတ္ၿပီး ႐ိုးသားစိတ္အျပည့္ရွိသူ။အခ်င္းခ်င္းၾကားအင္မတန္အႏြံတာခံတတ္သူပါ။ ေျပာရ လွ်င္ သေဘာေကာင္း တယ္၊စိတ္ႀကီးတယ္ဆိုတဲ့အစားမ်ိဳး။

သူျပန္မေရာက္တာအေတာ္ၾကာၿပီျဖစ္တဲ့ သူဇာတိမွာ ပဲခူးတိုင္း၊ေ႐ႊက်င္ၿမိဳ႕ျဖစ္ပါတယ္။၁၆ႏွစ္ မ ျပည့္ခင္ကတည္းက စစ္တပ္ထဲေရာက္၊သူကအၿပဳံးခ်ိဳခ်ိဳ ဖင္ေပါ့ေပါ့နဲ႔ လက္ကလည္းေျဖာင့္လို႔ တပ္ရင္းမႉးရဲ႕ အနီးကပ္ကိုယ္ရံ ေတာ္။ေရွ႕တန္းထြက္ တယ္၊ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔တိုက္တယ္။သူတို႔တစ္တပ္ လုံးျပဳတ္ တဲ့အျပင္ သူ႔အဘ တပ္ရင္းမႉးနဲ႔သူ႔ကို ဒဏ္ရာေတြနဲ႔ ဖမ္းမိခဲ့တယ္တဲ့။သူ႔လက္ခုံေပၚကအမာ႐ြတ္ကိုျပလို႔ ေျပာျပတယ္။ညဘက္၊ အိပ္ခ်ိန္မေရာက္မီ သူ႔အျဖစ္မွန္ဇာတ္လမ္းက က်ေနာ္တို႔ကို ပါး စပ္အေဟာင္းသား ျဖစ္ခဲ့ရပါတယ္။

ၿပီးေတာ့၊က်ေနာ္တို႔ကလူငယ္ေလးေတြမို႔ ေသနတ္ေတြအေၾကာင္း တိုက္ပြဲေတြအေၾကာင္း စိတ္ဝင္ စားၾကတယ္။သူကလည္းေသနတ္အေၾကာင္းေျပာရမယ္ဆို မ်က္လုံးကိုအေရာင္လက္လို႔၊သူကတိုက္ခ်င္ခိုက္ ခ်င္စိတ္အျပည့္။

‘ဖမ္းမိခါစကေတာ့ ေသခ်ာေပါက္ က်ေနာ္တို႔အသတ္ခံရၿပီလို႔ တြက္ခဲ့တာ။ပါတီကသုံ႔ပန္းေပၚလစီအရ မသတ္ပါဘူးလို႔ ေျပာလည္း က်ေနာ္မယုံခဲ့ဘူး’လို႔ သူကေျပာပါတယ္။

သူတို႔ဒဏ္ရာကိုကုသေပး၊သူတို႔သုံ႔ပန္းေတြကို ဗမာျပည္ကြန္ျမဴနစ္ပါတီက သူတို႔ရဲ႕ေပၚလစီေတြအ ေၾကာင္းသင္တန္းေတြေပး။၁၀ရက္ေက်ာ္ေလာက္ၾကာေတာ့ သူတို႔ကိုအမွန္တကယ္မသတ္ေတာ့တာေသခ်ာ ေၾကာင္း သိရွိ။အဲဒီလိုနဲ႔ တစ္လလည္းျပည့္ေရာ ျပန္ခ်င္ရင္ ၿမိဳ႕ေပၚနဲ႔အနီးဆုံးေနရာအထိပို႔ေပးမယ္၊မျပန္ခ်င္ ရင္လည္း ပါတီမွာ ရဲေဘာ္အျဖစ္နဲ႔ ဆက္ေနခြင့္ျပဳမယ္တဲ့။သူစစ္တပ္ထဲေနစဥ္ကၾကားခဲ့ဖူးတာနဲ႔တျခားစီ။သူ စစ္တပ္ထဲေနစဥ္ၾကားခဲ့ဖူးတာက ကြန္ျမဴနစ္ဆိုတာ ဘုရားမရွိ၊တရားမရွိ၊မိရင္ အေသပဲဆိုတာမ်ိဳး။

‘က်ေနာ္ကလူပ်ိဳဆိုေတာ့ ဘာအပူအပင္မွမရွိဘူး။ၿပီးေတာ့ ပါတီကို က်ေနာ့္အသက္သခင္လို႔ယုံတယ္။ ပါတီအေပၚလည္းယုံတယ္။ႏိုင္ငံေရးေတြဘာေတြနားမလည္ေပမဲ့ ပါတီကိုယုံၾကည္လို႔ ပါတီမွာပဲေနဖို႔ ဆုံးျဖတ္ လိုက္တယ္’လို႔ သူကဆက္ေျပာပါတယ္။

သူ႔အဘ တပ္ရင္းမႉးကေတာ့ သားနဲ႔မယားနဲ႔မို႔ ကြန္ျမဴနစ္ပါတီမွာမေနႏိုင္။တပ္ထဲျပန္သြားရင္လည္း တပ္လုံးျပဳတ္တပ္ရင္းမႉးလည္းျဖစ္၊ဗကပလက္ထဲ တစ္လတာ ဦးေႏွာက္အေဆးခံရတာေရာေၾကာင့္ ေခ်ာင္ ထိုးခံရမွာေသခ်ာေနေပမဲ့ သူ႔အဘရဲ႕ အိမ္အျပန္ခရီးဟာလည္း စိတ္မသက္မသာ သက္ျပင္းေတြနဲ႔ပါပဲ။ျပန္ဆုံ ဖို႔ရာမေသခ်ာေတာ့တဲ့ ဆရာတပည့္ႏွစ္ေယာက္ ခြဲခါနီးမွာဖက္ငိုလိုက္ၾကေသးတယ္။

ၿပီးေတာ့ ေနာက္တစ္ရက္၊ႏွစ္ရက္ၾကာေတာ့ လူငယ္ပီပီ အဘေတြအတိတ္ေတြေမ့လို႔၊အနာဂတ္ဆီကို ရဲရဲေ႐ြ႕ခဲ့တယ္။ပါတီက သူ႔အေပၚ ယုံၾကည္စြာ၊ပါတီမွာ လက္ေျဖာင့္တပ္သားအျဖစ္လည္းေျမႇာက္စားခံရ။ပါတီ မွာ သူေပ်ာ္႐ႊင္စြာ။ပါတီမွာ ႏွစ္အတန္ၾကာ သူ႔ဘဝကိုျမႇဳပ္ႏွံခဲ့ၿပီးေနာက္ ပါတီတာဝန္နဲ႔ ရွမ္းကုန္းျပင္ျမင့္ေပၚက အဆင္းမွာ စစ္တပ္ရဲ႕ ဖမ္းဆီးျခင္းခံလိုက္ရပါတယ္။

သူက စစ္တပ္ထဲမွာေနဖူးၿပီး ဗမာျပည္ကြန္ျမဴနစ္ပါတီမွာလည္း ေနဖူးသူမို႔ ဟိုဘက္ဒီဘက္ အ ေကာင္းအဆိုး သူ႔ဘဝနဲ႔ရင္းၿပီးခ်ိန္ဆႏိုင္သူ။သူ အိမ္က မသိေအာင္ထြက္လာၿပီး စစ္သားစုေဆာင္းေရးတပ္ ထဲသြားဝင္ေတာ့ စုေဆာင္းေရးမွာတင္ ခပ္ျပင္းျပင္းနားရင္း႐ိုက္ခ်က္ေတြခံရ၊ပါလာသမွ် အဝတ္အစားေကာင္း အကုန္ ခြၽတ္ခြါခံရ။

‘တကယ္ကိုေထာင္ထဲကအတိုင္း အရင္ေရာက္ႏွင့္ၿပီးနည္းနည္းလုပ္ရဲတဲ့ေကာင္က ေနာက္ကေရာက္ လာတဲ့မလည္မဝယ္ေကာင္ေတြကို အႏိုင္က်င့္ခြၽတ္ခြါေတာ့တာ။ခြါထားသမွ် က်ေနာ္တို႔အေဆာင္မွာတာဝန္ က်တဲ့ တပ္ၾကပ္နဲ႔ေဝစားမွ်စားပဲ။သင္တန္းၿပီးလို႔ တပ္ထဲေရာက္ေတာ့လည္း ဆရာႀကီးမိန္းမကေခၚခိုင္းလည္း သြားလုပ္ေပးရတာပဲ။ဗိုလ္ႀကီးမယားကေခၚခိုင္းလည္း ကြၽန္ခံရတာပဲ။တပ္ရင္းမႉးသက္ေတာ္ေစာင့္ျဖစ္မွပဲ ဘုံ ကြၽန္ကေန တပ္ရင္းမႉးအိမ္ရဲ႕ကြၽန္အျဖစ္ေရာက္ေတာ့တာ’လို႔ သူ႔စစ္သားဘဝကုိ ေျပာျပတတ္ပါတယ္။ ဗမာ ျပည္ကြန္ျမဴနစ္ပါတီမွာေတာ့ စစ္တပ္ထဲကြၽန္ဇာတ္ခင္းသလိုမ်ိဳး လုံးဝမရွိဘူးလို႔ သူေျပာလိုက္ ပုံက မာန္ပါပါ ယုံၾကည္မႈအခိုင္အမာ။

မ်ားေသာအားျဖင့္ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြကို ဖမ္းမိရင္ ၁၇/၁ ပုဒ္မနဲ႔ အလြန္ဆုံးေထာင္ဒဏ္ ၃ ႏွစ္သာခ်ေလ့ရွိပါတယ္။သူ႔ကိုက်ေတာ့ စစ္သားဘဝကေန ကြန္ျမဴနစ္ရဲေဘာ္ျဖစ္ရေကာင္းလားဆိုၿပီး ၇ႏွစ္ ႀကီးေတာင္ ေထာင္ခ်ပစ္ခဲ့တယ္။က်ေနာ္တို႔နဲ႔ေတြ႕ခ်ိန္မွာ သူ႔ေထာင္ေနသားက ၃ႏွစ္ေက်ာ္ၿပီမို႔ ေထာင္ထဲမွာ လည္လည္ပတ္ပတ္ရွိေနခဲ့ၿပီ။

သူ႔အသက္က က်ေနာ့္ထက္နည္းနည္းႀကီးပါတယ္။အၿမဲတမ္းၿပဳံးေနၿပီး အပင္ပန္းလည္းခံႏိုင္သူ မို႔ ဖိုႀကီး(စားဖို)မွာ သူအလုပ္လုပ္ပါတယ္။သူကစားဖိုေဆာင္အလုပ္သမားမို႔ က်ေနာ္တို႔ထမင္းဝိုင္းဟာ သူ႔ေက်း ဇူးနဲ႔ ရံဖန္ရံခါ ဆီေတြေဝ့ေနတတ္ပါတယ္။

က်ေနာ္တို႔ေထာင္ကလြတ္သြားေပမဲ့ သူက်န္ေနခဲ့ပါတယ္။သူ႔ရဲ႕ေနာက္ဆက္တြဲစာမ်က္ႏွာေတြကို က် ေနာ္ထပ္မသိရေတာ့ပါဘူး။ေထာင္ကလြတ္ရင္ ေ႐ႊက်င္ခဏျပန္မယ္၊အေမ့ကိုသြားကန္ေတာ့မယ္။ၿပီးရင္ေတာ့ ပါတီဆီျပန္မယ္တဲ့။သူမၾကာခဏေျပာခဲ့စကားကို သူ႔ကိုသတိရတိုင္း က်ေနာ္သတိရၿမဲပါပဲ။သူေထာင္ကလြတ္ ခ်ိန္မွာ အေရွ႕ေျမာက္ႏိုင္ငံေရးဟာ အျမစ္ကေနလွန္အခ်ိဳးခံလိုက္ရၿပီမို႔ သူေ႐ႊက်င္မွာပဲ အေျချပန္ခ်သလား၊ ဘယ္ကိုမ်ားေရွ႕ဆက္ခဲ့သလဲဆိုတာ က်ေနာ္မသိေတာ့ပါဘူး။ျပန္မေတြ႕ေတာ့တာ ႏွစ္၃၀ေလာက္ၾကာခဲ့ၿပီမို႔ ခုေနခါ ျပန္ေတြ႕ရင္ေတာင္ မွတ္မိဖို႔မလြယ္ပါဘူး။

တကယ္မို႔ သူသာ ရွိေနေသးရင္ အာဏာလုထားတဲ့ စစ္အၾကမ္းဖက္အုပ္စုကို လက္နက္ကိုင္ေတာ္ လွန္ေနမွာ အျငင္းပြားဖြယ္ရာလုံးဝမရွိပါဘူး။သူ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခုခုထဲေရာက္ေနရင္ လည္း ေရွ႕တန္းစစ္ေျမျပင္မွာသာသူ႔ကိုေတြ႕ရမွာပါ။ၿမိဳ႕ေပၚမွာရွိေနတယ္ဆိုရင္ေတာ့ သူဟာၿမိဳ႕ျပေျပာက္ က်ားေခါင္းေဆာင္တစ္ေယာက္ ျဖစ္ေနမယ္ထင္ပါတယ္။

သူဟာ႐ိုးသားတဲ့ ကရင္တိုင္းရင္းသားတစ္ေယာက္။ဗမာျပည္ကြန္ျမဴနစ္ပါတီကို အႂကြင္းမဲ့ယုံၾကည္ သူတစ္ေယာက္၊ႏိုင္ငံေရးေတြဘာေတြ သူမသိေပမဲ့ စစ္အာဏာရွင္ကို မေစ့စပ္စတမ္း လက္နက္ကိုင္ေတာ္လွန္ ရမယ္လို႔ ျပင္းျပင္းျပျပ ယုံၾကည္ခဲ့သူတစ္ေယာက္ပါ။ၿပီးေတာ့ ဒီေန႔ထိတိုင္ က်ေနာ့္ရင္ထဲ နစ္ေနေသးသူတစ္ ေယာက္လည္းျဖစ္ပါတယ္။

မင္းကိုမင္း

 

 

 

 

 

 

Related Articles

Back to top button