တိုင်းရင်းသားအကြောင်း

အပတ်စဉ်သတင်း စုစည်းဖော်ပြခြင်း အပတ္စဥ္သတင္း စုစည္းေဖာ္ျပျခင္း

ေကာက္ႏုတ္ထားေသာ သတင္းေခါင္းစဥ္မ်ား

(No. 16, April 14, 2020)

zawgyi

၁။       RCSS/SSA  ကိုဗစ္ တိုက္ဖ်က္ေရး ေဆးတပ္အား အစိုးရတပ္ လိုက္လံတိုက္ခိုက္

၂။       လူမ်ိဳးႏွင့္ ေဒသစြဲမထားဘဲ က်န္းမာေရး အသိေပးညႊန္ၾကားခ်က္မ်ားကို လိုက္နာၾကရန္ KNU တုိက္တြန္း

၃။       ခ်င္းျပည္နယ္ဆမီးၿမိဳ႕က စစ္ေဘးေရွာင္ သံုးေထာင္ ေရအခက္အခဲျဖစ္ေန

၄။       မြန္ျပည္နယ္တြင္ ေဆးရံု Quarantine ဝင္ ထိုင္းျပန္ ၃ ဦး ေသဆံုး

၅။       လူထုဆႏၵအတုိင္း မဲဆႏၵနယ္မ ထပ္ေအာင္ ႀကိဳးပမ္းမည္ဟု ျပည္နယ္အေျခစုိက္ ကရင္ ၂ ပါတီေျပာ

၆။       ပလက္ဝၿမိဳ႕ စည္ပင္ဝန္ထမ္းတဦးကို ေအေအအဖြဲ႔ ဖမ္းဆီးေခၚေဆာင္

၇။       မြန္ မွာ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္ရက္ ၁၄ ရက္ မျပည့္ေသးသူေတြ အပါအဝင္ အားလံုးကို ျပန္လႊတ္

၈။       ပုဏၰားကြ်န္းတြင္ လက္နက္ႀကီးက်ည္ထိ၍ မိန္းကေလးအပါအဝင္ ၉ ဦး ေသဆံုး၊ ၆ ဦး ေဆးကုသမႈ ခံယူေန

၉။       မူဆယ္ၿမိဳ႕ရွိ MPT ရံုးအား လက္ပစ္ဗံုးဟု ယူဆရေသာ အရာျဖင့္ ပစ္ေဖာက္ခံရ

၁၀။     ေမာ္ခ်ီး Quarantine စင္တာတြင္ လက္ေဆးရည္၊ ေစာင္၊ ေခါင္းအံုးမ်ားမရွိ

၁၁။     ဥ႐ုေခ်ာင္းရွင္းလင္းေရးေခါင္းစဥ္ျဖင့္ တရားဝင္ ေရႊတူးေဖာ္ေနမႈကို ေဒသခံတစ္ခ်ိဳ႕သေဘာမတူ

၁၂။     တိုက္ပြဲမ်ားရပ္ၿပီး COVID-19 အေရး ပူးေပါင္းရန္ ALP တိုက္တြန္း

၁၃။     ေတာင္ႀကီးၿမိဳ႕ ေညာင္ေရႊေဟာ္ကုန္း ရပ္ကြက္၊ နယ္ေျမသံုးခုႏွင့္ လမ္းသံုးခုတို႕ကို ေဆးျဖန္းၿပီး ၂၁ ရက္ Lockdown ျပဳလုပ္ထား

၁၄။     ဖားကန႔္ၿမိဳ႕ အဝင္အထြက္ကို စတင္စစ္ေဆးေတာ့မည္ဟု ျပည္နယ္အစိုးရေျပာ

၁၅။     ဘီးလင္းၿမိဳ႕နယ္၊ ေညာင္သာယာေက်းရြာတြင္ ပ႒ာန္းသိမ္းပြဲ၌ ေခါက္ဆြဲေၾကာ္ႏွင့္ ေရခဲမုန္႔ ေကြ်းေမြးရာမွ ရဟန္း၊ သာမေဏႏွင့္                ရြာသူ၊ ရြာသား ၄၀ ေက်ာ္ အစာ အဆိပ္သင့္မႈျဖစ္ပြား

၁၆။     သွ်မ္းျပည္တြင္ ဒုတိယေျမာက္ ကိုဗစ္ လူနာ ေတာင္ႀကီးသားျဖစ္

၁၇။     COVID-19 ေၾကာင့္ အမ်ိဳးသားလံုၿခံဳေရး ထိခိုက္မည္ကို RCSS စိုးရိမ္

၁၈။     ကပ္ေရာဂါေဘး ကာလႀကီးမွာ စည္းလံုးညီညြတ္ၾကဖို႔ ကက္သလစ္ ရဟန္းမင္းအမတ္ တိုက္တြန္း

၁၉။     ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးတစ္ဦး၏ လူမႈကြန္ရက္တြင္ ေရးသားခ်က္သည္​ တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္း ကြဲေစ သ              ည္ဟု ဆိုကာ အေရးယူေပးရန္ လင္းေခးၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဝန္ႀကီးခ်ဳပ္ထံတိုင္ၾကား

၂၀။     တုိင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားေနသည့္ လက္နက္ကုိင္ပဋိပကၡမ်ား ခ်က္ခ်င္းရပ္တန္႔ရန္ ND-Burma ေတာင္းဆုိ

၂၁။     က်န္းမာေရးစစ္ေဆးမႈအားနည္း၍ ကပ္တဲလ္ေက်းရြာ ေဒသခံမ်ား စိုးရိမ္ေန

၂၂။     ကြတ္ခိုင္တြင္ရက္ဆက္ မူးယစ္ေဆး ဖမ္းမိ တရားခံ မမိ

၂၃။     ျမန္မာပိုင္နက္ထဲ တရားမဝင္ ေရာက္လာသည့္ ဘဂၤလားေဒ့ရွ္စက္ေလွမ်ားကို သတိေပး ပစ္ခတ္ခဲ့ရ

၂၄။     Covid-19 တိုက္ဖ်က္ေရး ကခ်င္အရပ္ဖက္အဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္ရြက္

၂၅။     ထုိင္း-ျမန္မာနယ္စပ္ ရာဘာေတာထဲ ေသာင္တင္ေနသည့္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္အား သြားေရာက္ေခၚယူ

 

************

၁။       RCSS/SSA  ကိုဗစ္ တိုက္ဖ်က္ေရး ေဆးတပ္အား အစိုးရတပ္ လိုက္လံတိုက္ခိုက္

April 13, 2020

သွ်မ္းျပည္ ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္အတြင္း ကိုဗစ္ ၁၉ ႏွင့္ပတ္သက္ၿပီးေက်းလက္အတြင္း ကြင္းဆင္းေဆးစစ္မႈ ေပးေန ေသာ RCSS/SSA တပ္ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ေၾကာင္းသိရသည္။ ဧၿပီလ ၁၂ ရက္ ညေန ၃ နာရီဝန္းက်င္က မိုင္းပန္ၿမိဳ႕နယ္ နားဝန္ေက်းရြာအနီးတြင္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္( RCSS/SSA)ႏွင့္ အစိုးရတပ္မေတာ္တို႔ ၁၅ မိနစ္ခန္႔အၾကာ ထိေတြ႔မႈ ျဖစ္ပြားခဲ့ေၾကာင္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုတိယ ဗိုလ္မွဴးႀကီး အုမ္ေခး က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ထိေတြ႔မႈျဖစ္တာပါ။ ၁၅ မိနစ္ပါပဲ။ အစိုးရ တပ္ကက်ေနာ္တို႔ ဆက္ဆံေရးရံုးကို သတင္းမပို႔ဘဲ သြားခ်င္တိုင္းသြားေတာ့ က်ေနာ္တို႔ တပ္နဲ႔ထိေတြ႔မႈျဖစ္သြားတာပါ” ဟု ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းအုမ္ေခး က ဆိုသည္။ RCSS/SSA ႏွင့္ ထိေတြ႔မႈျဖစ္ပြါးခဲ့ ေသာ အစိုးရတပ္မေတာ္သည္ မိုင္းပန္ၿမိဳ႕နယ္ နားဝန္ေက်းရြာအုပ္စု ေကာင္းပက္ရြာႏွင့္ေနာင္ေလရြာအၾကား အေျခစိုက္သည့္ ရလခတိုင္း လက္ေအာက္ခံ ခမရ ၁၅၃ တပ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါတပ္သည္ ဧၿပီလဆန္းကတည္းက ေက်းရြာမ်ားသို႔ ကြင္းဆင္းကာ ကိုဗစ္ ၁၉ ႏွင့္ပတ္သက္ၿပီး ေဆးစစ္မႈ၊ ကူညီ ေထာက္ပံ့မႈေပးေနသည့္ RCSS/SSA ၏ က်န္းမာေရးအဖြဲ႔အား လိုက္လံဟန္႔တားေနေသာတပ္ဖြဲ႔ ျဖစ္ေၾကာင္း၊ ရြာသားမ်ား အားလည္း ေဆးစစ္မႈလက္မခံရန္ တားျမစ္သည္ဟု RCSS/SSA ဘက္က ေျပာပါသည္။ https://burmese.shannews.org/ archives/16139

**************

၂။       လူမ်ိဳးႏွင့္ ေဒသစြဲမထားဘဲ က်န္းမာေရး အသိေပးညႊန္ၾကားခ်က္မ်ားကို လိုက္နာၾကရန္ KNU တုိက္တြန္း

April 10, 2020

ႏိုင္ငံအတြင္း COVID-19 ကိုရုိနာဗိုင္းရပ္စ္ပိုးကူးစက္ေရာဂါ ျဖစ္ပြားေနသည့္အေပၚ လူမ်ိဳးႏွင့္ ေဒသစြဲမထားၾကဘဲ သက္ဆုိင္ရာ က်န္းမာေရးဌာနမ်ား၏ အသိေပးၫႊန္ၾကားခ်က္မ်ားကို အေလးထားလိုက္နာေဆာင္ရြက္ၾကရန္ ဧၿပီ ၉ ရက္ေန႔က ကရင္ျပည္ နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ KNU-ကရင္အမ်ဳိးသားအစည္းအ႐ုံး၏ မြန္-ကရင္ပူးတြဲအုပ္ခ်ဳပ္ေရးနယ္ေျမက အသိေပးစာ ထုတ္ျပန္ လုိက္သည္ဟု သိရသည္။

ျပည္ပမွ ျပန္လာသူမ်ား သက္ဆုိင္ရာက်န္းမာေရးဝန္ထမ္းမ်ား၏ သတ္မွတ္ညႊန္ၾကားခ်က္မ်ားအေပၚ လုိက္နာေနထိုင္သြား ရန္ႏွင့္ အခက္အခဲရွိလာပါက မြန္-ကရင္ပူးတဲြ အုပ္ခ်ဳပ္ေရးနယ္ေျမအတြင္းရွိ နီးစပ္ရာဂိတ္စခန္းမ်ားတြင္ အကူအညီ ေတာင္းခံ ႏိုင္သည္ဟု ၎တုိ႔၏ အသိေပးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ KNU ဒူးပလာယာခ႐ုိင္ ဝင္းေရးၿမိဳ႕နယ္ မြန္-ကရင္ပူးတြဲ အုပ္ခ်ဳပ္ေရးနယ္ေျမ ဥကၠ႒ ပဒိုေစာဝါးတားတားက “ KNU ဗဟိုက ခ်မွတ္ထားတဲ့ ကိုဗစ္ေရာဂါ အသိေပး လက္ကမ္းစာေစာင္ ေတြ ရြာေတြမွာ လုိက္ကပ္ထားေပးတယ္။ ရြာေတြမွာ အခက္အခဲျဖစ္လာရင္ က်ေနာ္တုိ႔ကို အခ်ိန္မေရြး အကူအညီေတာင္းႏိုင္ တယ္ေပါ့ေနာ္။ ဒီအခ်ိန္မွာ မြန္ေတြ၊ ကရင္ေတြ ေဒသစြဲ၊ ပုဂၢိဳလ္စြဲထက္ လူသားဝါဒတစ္ခုထဲနဲ႔ ဒီေရာဂါႀကီးကို ပူးေပါင္း တုိက္ဖ်က္သြားဖို႔ တုိက္တြန္းခ်င္ပါတယ္”ဟု ဧၿပီ ၉ ရက္ေန႔က ေကအိုင္စီသို႔ ေျပာသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ မြန္ျပည္သစ္ပါတီႏွင့္ KNU အဖြဲ႔တို႔ ပူးတြဲအုပ္ခ်ဳပ္သည့္ ေတာင္ေပါက္နယ္ေျမမ်ားတြင္ ကရင္၊ ပအုိဝ္း၊ မြန္၊ ဗမာ၊ ေလာရွမ္းတုိင္းရင္းသားမ်ား စုေပါင္းေနထုိင္ၾကသည့္ နယ္ေျမလည္းျဖစ္ၿပီး ေက်းရြာအသီးသီးတြင္ ထိုင္းႏိုင္ငံ  မွ ျပန္လာ သူ ၃၇ဝ ဦးကို သတ္မွတ္ထားသည့္ေနရာမ်ားတြင္ ေစာင့္ၾကည့္ထားရွိသည္ဟု မြန္ျပည္သစ္ပါတီထံမွ သိရသည္။ ျပည္ပမွ ျပန္လည္ေရာက္ရွိလာသူမ်ားကို သတ္မွတ္ထားသည့္ေနရာမ်ားတြင္ ၁၄ ရက္ၾကာ ေနထုိင္ရမည္ျဖစ္ၿပီး သတ္မွတ္ စည္းမ်ဥ္းမ်ား လုိက္နာမႈမရွိသူမ်ားကို အေရးယူခံရမည္ဟု KNU ဝင္းေရးၿမိဳ႕နယ္က ၿပီးခဲ့သည့္ မတ္လ ၂၅ရက္ေန႔က ေၾကညာ ခ်က္ ထုတ္ျပန္ထားသည္။ http://kicnews.org/2020/04/%e1%80%9c%e1%80%b0%e1%8  0%99%e1%80%b a%e1%80%ad%e1%80

***************

၃။       ခ်င္းျပည္နယ္ဆမီးၿမိဳ႕က စစ္ေဘးေရွာင္ သံုးေထာင္ ေရအခက္အခဲျဖစ္ေန

April 12, 2020

ခ်င္းျပည္နယ္ ဆမီးၿမိဳ႕မွာေတာ့ တပ္မေတာ္နဲ႔  AA တို႔ရဲ႕ ပလက္ဝတိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္လာတဲ့သူ သံုးေထာင္ရွိ ေနၿပီ ျဖစ္ၿပီး ေသာက္သံုးေရအခက္အခဲရွိေနေၾကာင္း ဆမီးၿမိဳ႕ေဒသခံတစ္ဉီးက မဇၩိမကိုေျပာသည္။ ဆမီးၿမိဳ႕ေဒသခံက “စားနပ္ ရိကၡာကေတာ့ အလွဴရွင္ေတြက ပံ့ပိုးေပးတယ္။ ဒါေပမယ့္ ဟင္းစားေတာ္ေတာ္အခက္အခဲရွိပါတယ္။ ၿပီးရင္ေရျပႆနာ ရွိ တယ္။ ေရျပႆနာဆိုတာက အဲ့ဒီအနီးအနားကျမစ္ေခ်ာင္းတစ္ေခ်ာင္းကိုပဲ အားလံုးက ေသာက္သံုးေနၾကတာဆိုေတာ့ အဲ့ဒီ ေရက သန္႔ရွင္းတဲ့ေရမဟုတ္ဘူး။”ဟုေျပာသည္။

မတ္လအကုန္က ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္စခန္းေတြမွာ လူ ၃၀ဝ ေလာက္ ကိုယ့္အိမ္ကိုျပန္ၿပီးေနာက္ ယခု ဧၿပီလတြင္း စစ္ေဘးေရွာင္သူဦးေရ ျပန္လည္တိုးလာျခင္းျဖစ္သည္။ ထို႔အျပင္ အဲ့ဒီစစ္ေဘးေရွာင္စခန္းေတြမွာ အိမ္သာအခက္အခဲလည္း ျဖစ္ေနေၾကာင္း ေဒသခံကေျပာသည္။ “ျပႆနာက အိမ္သာေဆာက္မယ့္ေနရာျပႆနာ အမ်ားဆံုးပဲ။ အိမ္သာေက ေရေလာင္းအိမ္သာ ဆိုနည္းနည္းအဆင္ေျပတယ္ဗ်ာ။ ေရေလာင္းအိမ္သာေဆာက္ဖို႔က အခက္အခဲျဖစ္ေနတယ္။ ၿပီးရင္ အိမ္သာ ခြက္ေတြကလည္း အခက္အခဲရွိတယ္။”ဟုေျပာသည္။

လက္ရွိမွာလည္း COVID-19 ေရာဂါေၾကာင့္ လူစုလူေဝးေရွာင္ရခ်ိန္မွာ ထိုစစ္ေဘးေရွာင္ စခန္းေတြမွာ လူအေယာက္ ၃၀ဝ၀ ဝန္းက်င္ရွိသည္။ ထို႔အျပင္ ေရအခက္အခဲေၾကာင့္လည္း လက္ကို အခ်ိန္တိုင္းမေဆးႏိုင္သလို မ်က္ႏွာဖံုး (Mask)ေတြမွာ လည္း မလံုေလာက္ဘဲျဖစ္ေနတယ္လို႔ ေဒသခံကေျပာသည္။ “COVID-19 ကာကြယ္ဖို႔နဲ႕ ပတ္သက္ၿပီး mask ဆိုလည္းမရွိ ဘူး။ လက္ေဆးရည္ဆိုတာလည္းမရွိဘူး။ ဒီစစ္ေဘးေရွာင္စခန္းကလူေတြဆီမွာ ရွိမေနဘူး။ လက္ေတြဘာေတြ ခဏခဏ ေဆးဖို႔ဆိုရင္ ေရေတြလည္း မရွိတာျဖစ္တယ္။ ၿပီးရင္ေရအခက္အခဲလည္းျဖစ္တယ္။”ဟုေျပာသည္။

ခ်င္းျပည္နယ္ ဆမီးၿမိဳ႕မွာေတာ့ စစ္ေဘးေရွာင္စခန္း ငါး ခု ရွိၿပီး စစ္ေဘးေရွာင္ျပည္သူေတြထဲမွာ အမ်ားစုက ကေလးေတြ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိကာလဟာ COVID-19 ေရာဂါကာလျဖစ္ေသာ္လည္း ခ်င္းျပည္နယ္ဘက္နဲ႔ ရခိုင္ျပည္နယ္ ၾကားမွာေတာ့ တပ္မေတာ္နဲ႔ အၾကမ္းဖက္အဖြဲ႔ AA တို႕ရဲ႕တိုက္ပြဲေတြ ျဖစ္ပြားလ်က္ရွိၿပီး ဧၿပီ ၉ ရက္နဲ႔ ၁၀ ရက္ေန႔ မွာလည္း ဆမီးနဲ႔ ပလက္ဝၾကားမွာ ထပ္မံျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ http://www.mizzimaburmese.com/article/68904

**************

၄။       မြန္ျပည္နယ္တြင္ ေဆးရံု Quarantine ဝင္ ထိုင္းျပန္ ၃ ဦး ေသဆံုး

April 10, 2020

ထိုင္းႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ေနေသာ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား အမ်ားဆံုးျပန္လာသည့္ ျပည္နယ္တခု ျဖစ္ ေသာ မြန္ျပည္နယ္တြင္ ယေန႔ နံနက္ပိုင္းက ေဆးရံု Quarantine ဝင္ေနသူ ၃ ဦး ေသဆံုးသြားေၾကာင္း သိရသည္။ အဆိုပါက လူနာ ၃ ဦးသည္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လာသူမ်ားျဖစ္ၿပီး မြန္ျပည္နယ္ သံျဖဴဇရပ္ တြင္ ၂ ဦး ႏွင့္ သထံု တြင္ ၁ ဦး တို႔ ျဖစ္ေၾကာင္း ယင္းၿမိဳ႕မ်ားမွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ဧရာဝတီ သို႔ အတည္ျပဳသည္။ သထံုၿမိဳ႕မွ ေသဆံုးသြား ေသာ လူနာအမ်ိဳးသားသည္ မတ္လ ၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔  ျပန္လည္ေရာက္ရွိ လာသူျဖစ္ၿပီး ရက္ ၂၀ ေက်ာ္ ၾကာမွ COVID-19 ေရာဂါလကၡဏာမ်ားျဖစ္ေပၚလာၿပီး ေဆးရံုသို႔ အခ်ိန္မွီမရာက္ရွိျခင္းေၾကာင့္ ေသဆံုးရျခင္းျဖစ္ေၾကာင္း သထံု မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္သူ က ေျပာသည္။ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန၏ ဧၿပီလ ၁၀ ရက္ေန႔ ေနာက္ဆံုး ထုတ္ျပန္ထားခ်က္အရ မြန္ျပည္နယ္တြင္ က်ိဳက္မေရာမွ လူနာတဦးသာ COVID-19 ေရာဂါရွိၿပီး က်န္သူမ်ားမွာ အားလံုး negative ျဖစ္ေၾကာင္း တရားဝင္ထုတ္ျပန္ ထားသည္။

သံျဖဴဇရပ္ၿမိဳ႕တြင္ ယေန႔ ေသဆံုးသြားေသာ လူနာ ၂ ဦးတြင္ ၁ ဦးမွာ ထိုင္းႏိုင္ငံမွ ျပန္ေရာက္ၿပီး အစိုးရက သီသန္႔ ေစာင့္ၾကည့္ေနရာတြင္ Quarantine အသက္ ၂၀ ဝန္းက်င္အမ်ိဳးသမီးတဦးျဖစ္ၿပီး ၎သည္ ႏွလံုးေရာဂါ အခံရွိျခင္းေၾကာင့္ ဧၿပီလ ၅ ရက္ေန႔တြင္ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ယေန႔တြင္ေသဆံုး သြားျခင္းျဖစ္ေၾကာင္း သံျဖဴဇရပ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဉာဏ္ဟိန္းက ေျပာသည္။

မြန္ျပည္နယ္တြင္ ထိုင္းႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာေသာ ေရႊ႕ေျပာင္းလုပ္သား ဦးေရသည္ အနည္းဆံုး ၂ ေသာင္းဝန္းက်င္ အထိ ရွိေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။ လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုး ေတြ႕ ရွိသူ ၂၇ ဦးအထိ ရွိလာၿပီး ေသဆံုးသူ ၃ ဦးအထိ ရွိေနၿပီျဖစ္သည္။ https://burma.irrawaddy.com/news/2020/04/ 10/220474.html

*************

၅။       လူထုဆႏၵအတုိင္း မဲဆႏၵနယ္မ ထပ္ေအာင္ ႀကိဳးပမ္းမည္ဟု ျပည္နယ္အေျခစုိက္ ကရင္ ၂ ပါတီေျပာ

April 10, 2020

ကရင္ျပည္သူလူထုမ်ား ျဖစ္ေစခ်င္ေသာ ဆႏၵသေဘာထားအရ ၂၀၂၀ ပါတီစံုဒီမုိကေရစီ အေထြေထြေရြး ေကာက္ပြဲအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာတြင္ ကရင္ပါတီမ်ားအခ်င္းခ်င္းမဲဆႏၵနယ္ေျမ မထပ္ေအာင္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းျပည္နယ္ အေျခစုိက္ ကရင္ ၂ ပါတီမွ ထုတ္ေဖာ္ ေျပာဆုိလုိက္သည္။

ျပည္နယ္အေျခစိုက္ ကရင္ပါတီမ်ား၏ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ အေျခအေန မ်ားႏွင့္ပတ္သက္၍ မဲဆႏၵရွင္ ကရင္ျပည္သူလူထုမ်ားအၾကား ရႈပ္ေထြးေ၀၀ါးမႈမ်ား ျဖစ္ေပၚေနသည့္အေပၚ ထုိကရင္ႏုိင္ငံေရးပါတီ ၂ ပါတီ၏ ပါတီေခါင္းေဆာင္မ်ားအား ဆက္သြယ္ေမးျမန္းရာတြင္ ယခုလို ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းလည္းျဖစ္သည္။ ကရင္အမ်ိဳးသား ဒီမုိကရက္တစ္ပါတီ-KNDP ဥကၠ႒ မန္းေအာင္ျပည္စုိးက “ျပည္သူလူထု ျဖစ္ေစခ်င္တဲ့ ဆႏၵကုိ အေကာင္အထည္ေဖာ္ခ်င္သည့္ အတြက္ သူ(PSDP)ေရာ က်န္တဲ့ ကရင္ပါတီေတြနဲ႔ပါ မဲဆႏၵနယ္ေျမတစ္ခုမွာ မထပ္ေအာင္ေတာ့ အတတ္ႏုိင္ဆံုး ႀကိဳးစား ညွိႏွိဳင္းသြားပါမယ္” ဟု ယမန္ေန႔ (ဧၿပီ ၉ ရက္)တြင္ ေျပာသည္။

ထို႔အတူ KNDP ႏွင့္ ဖလံု-စေဝၚဒီမုိကရက္တစ္ပါတီ -PSDP ပါတီ ၂ ခု စလံုးမွ ကရင္ျပည္နယ္အတြင္း အဓိကထား ယွဥ္ၿပိဳင္ မည္ဟု အသီးသီး ထုတ္ေဖာ္ေျပာဆုိမႈမ်ားရွိခဲ့သည့္အတြက္ မဲဆႏၵနယ္ အျငင္းပြားမႈကိစၥမ်ားမွ အစျပဳကာ ကရင္ပါတီမ်ား အခ်င္းခ်င္း မသင့္ျမတ္သည့္ အေျခအေနမ်ားျဖစ္လာမည္ကို စိုးရိမ္ေၾကာင္း မဲဆႏၵရွင္ ကရင္ျပည္သူလူထုအခ်ိဳ႕၏ ထုတ္ေဖာ္ ေျပာဆိုမႈမ်ားလည္း ရွိခဲ့သည္။

PSDP ဥကၠ႒ ေစာခင္ေမာင္ျမင့္က “မဲဆႏၵနယ္တစ္ခုမွာ ကရင္ပါတီ ၂ ခုဝင္တာမ်ိဳး လံုးဝ ေရွာင္ရွားသြားမယ္လုိ႔ သေဘာတူ ထားတယ္။ မဲဆႏၵနယ္ေလး နည္းနည္းေတာ့ ခြဲရမွာေပါ့။ အဓိကက ကရင္ပါတီ အခ်င္းခ်င္း ျပန္ၿပိဳင္ တာေတာ့ လံုးဝကုိ ေရွာင္ရွားသြားမယ္” ဟုေျပာသည္။ လက္ရွိတြင္ ကရင္ျပည္နယ္အေျခစုိက္(KNDP) ႏွင့္ ဖလုံ-စေဝၚဒီမိုကရက္တစ္ပါတီ (PSDP)၊ ရန္ကုန္ အေျခစုိက္ ကရင္ျပည္သူ႔ပါတီ(KPP) ႏွင့္ ကရင္အမိ်ဳးသားပါတီ (KNP)တုိ႔ တရားဝင္ ႏုိင္ငံေရးပါတီမ်ားအျဖစ္ ရပ္တည္ လႈပ္ရွားလ်က္ရွိသည္။ http://kicnews.org/2020/04/%e1%80%9c%e1%80%b0%e1%80%91%e1%80 %af%e1%80%86%e1%82%

**************

၆။       ပလက္ဝၿမိဳ႕ စည္ပင္ဝန္ထမ္းတဦးကို ေအေအအဖြဲ႔ ဖမ္းဆီးေခၚေဆာင္

April 12, 2020

ပလက္ဝၿမိဳ႕ စည္ပင္ဝန္ထမ္းတဦးကို ရကၡိဳင့္တပ္မေတာ္(ေအေအ)အဖြဲ႔က ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ ျပည္နယ္အစိုးရ အဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။ ေအေအနဲ႔ တပ္မေတာ္တို႔ၾကား ဧၿပီလ ၁၁ ရက္ေန႔ ညေနပိုင္းက ပလက္ဝၿမိဳ႕ ပတ္ပတ္ လည္မွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီတိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕ ဧရိယာထဲရွိ ခရစ္ယာန္ဘုရားေက်ာင္းအနီး ေတာင္ကုန္းေပၚကို လက္နက္ႀကီးတလံုး က်ေရာက္ေပါက္ကြဲခဲ့ၿပီး အပိုင္းအစေတြဟာ ပလက္ဝၿမိဳ႕ ရဲစခန္းနဲ႔ ေဈးနားအထိ က်ေရာက္ခဲ့တယ္လို႔ ခ်င္းျပည္နယ္ စည္ပင္ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။ တိုက္ပြဲေတြ ျဖစ္ပြားၿပီးေနာက္ အသက္ ၄၀ နဲ႔  ၅၀ ၾကားရွိ စည္ပင္ဝန္ထမ္းတဦးကို ေအေအအဖြဲ႔က ညပိုင္းမွာ လာေရာက္ဖမ္းဆီးသြားၿပီး ဘာေၾကာင့္ ဖမ္းဆီးတယ္ဆိုတာကိုေတာ့ မသိရွိရေသးဘူးလို႔ သူက ေျပာပါတယ္။

အစိုးရက ေအေအအဖြဲ႕ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ေၾကညာထားတဲ့အတြက္ အဲဒီျဖစ္စဉ္နဲ႕ပတ္သက္လို႔ ေအေအ ဘက္ကို ဆက္သြယ္ေမးျမန္းဖို႔ ဥပေဒေၾကာင္းအရ အခက္အခဲေတြ ရွိေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕မွာ ဧၿပီ ၁၁ ရက္ေန႔ ညေနပိုင္းထိ စစ္ေဘးေရွာင္ အိမ္ေထာင္စု ၈၄၀၊ လူဦးေရ ၃၆၅၇ ဦး၊ ဆမီး မွာ အိမ္ေထာင္စု ၆၇၆၊ လူဦးေရ ၂၈၄၁ ဦး ရွိေနၿပီလို႔ သိရပါတယ္။ http://burmese.dvb.no/archives/381981

**************

၇။       မြန္ မွာ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္ရက္ ၁၄ ရက္ မျပည့္ေသးသူေတြ အပါအဝင္ အားလံုးကို ျပန္လႊတ္

April 11, 2020

မြန္ျပည္နယ္မွာ သထံုၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္ ၁၀ ခုမွာ ရွိတဲ့ ေစာင့္ၾကည့္ေရးစင္တာေတြက ေစာင့္ၾကည့္ရက္ ၁၄ ရက္ျပည့္ၿပီးသူ ေတြအျပင္ မျပည့္ေသးသူ ျပည္ေတာ္ျပန္အားလံုးကို ဧၿပီ ၁၀ ရက္ေန႔က ေနအိမ္ေတြကို ျပန္လည္ေစလႊတ္ခဲ့တယ္လို႔ သိရ ေၾကာင္း မြန္ျပည္နယ္လႊတ္ေတာ္ သထံုလႊတ္ေတာ္အမတ္ ေဒၚခိုင္ခိုင္လဲ့က ဘီဘီစီကို ေျပာပါတယ္။

မြန္ျပည္နယ္အတြင္းက ျပည္ေတာ္ျပန္ေတြအနက္ ဧၿပီ ၁၀ ရက္ေန႔အထိ ေစာင့္ၾကည့္လူနာထဲက ေသဆံုး သူ ၁၀ ဦးအထိရွိ လာၿပီလည္း ျဖစ္ပါတယ္။ ‘ ‘ မေန႔က ေသာၾကာေန႔က အကုန္လံုးကို ျပန္လႊတ္လိုက္တာ။ ဘာေၾကာင့္လႊတ္တယ္ဆိုတာလည္း မသိရဘူး။ ဒီလူေတြကို ေနအိမ္မွာပဲ ကြာရန္တင္းလုပ္မယ္လို႔ သိရတယ္။ ဒါေပမယ့္ ေစာင့္ၾကည့္ စင္တာမွာေတာင္ စည္ကမ္း လိုက္နာမႈရွိတာ မဟုတ္ဘူး။ ၆ ေပခြာဆို ကုတင္ေတြ ကပ္ထားတယ္။ ေနအိမ္ျပန္ေရာက္ေတာ့လည္း အိမ္မွာမေနဘူး။ ဆိုင္ကယ္နဲ႔ လမ္းထြက္ေနၾကတယ္”လို႔ ေဒၚခိုင္ခိုင္လဲ့က အေျခအေနကို ေျပာျပပါတယ္။

က်န္းမာေရးနဲ႕အားကစားဝန္ႀကီးဌာနကေန ျပည္ေတာ္ျပန္ဝင္လာသူေတြကို ေစာင့္ၾကည့္ေရးစင္တာမွာ ၁၄ ရက္ ေစာင့္ၾကည့္မႈ ခံယူဖို႔နဲ႔ ျငင္းဆန္ပါက ဥပေဒအရအေရးယူဖို႔ ထုတ္ျပန္ထားတာ ေတြလည္းရွိပါတယ္။ ဒါေပမယ့္လည္း သထံုၿမိဳ႕နယ္အတြင္း မွာေတာ့ စည္းကမ္းမလိုက္နာသူေတြကို အေရးယူတာမ်ိဳးေတာ့ မေတြ႔ရဘူးလို႕လည္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခိုင္ခိုင္လဲ့ ကေျပာျပပါ တယ္။  https://www.bbc.com/burmese/burma-52255202

**************

 

၈။       ပုဏၰားကြ်န္းတြင္ လက္နက္ႀကီးက်ည္ထိ၍ မိန္းကေလးအပါအဝင္ ၉ ဦး ေသဆံုး၊ ၆ ဦး ေဆးကုသမႈ ခံယူေန

April 13, 2020

ရခိုင္ျပည္နယ္ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာတြင္ ဧၿပီလ ၁၃ ရက္ေန႔ နံနက္ ၇ နာရီေက်ာ္ခန္႕က လက္နက္ႀကီး က်ည္ထံ က်ေရာက္ေပါက္ကြဲ၍ အရပ္သား (၉) ဦးေသဆံုးၿပီး ၆ ဦးကို အေရးေပၚေဆးရံုပို႔ေဆာင္ထားရေၾကာင္း ပုဏၰားကြ်န္း ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က ေျပာသည္။ အဆိုပါ လက္နက္ႀကီး က်ည္က်ေရာက္ေပါက္ ကြဲမႈေၾကာင့္ ေက်ာက္ဆိပ္ေက်းရြာသား ၄ ဦးမွာ ပြဲခ်င္းၿပီး ေသးဆံုးခဲ့ျခင္းျဖစ္ၿပီး ပုဏၰားကြ်န္းေဆးရံုတြင္ ၃ ဦးေသဆံုးခဲ့ျခင္း ျဖစ္ကာ ၈ ဦးကို စစ္ေတြေဆးရံုသို႔ပို႔ေဆာင္စဉ္လမ္းတြင္ ၂ ဦး ထပ္မံေသဆံုးခဲ့ျခင္း ျဖစ္သည္။

ေက်ာက္ဆိပ္ေက်းရြာသို႔ ကိုယ္တိုင္သြားေရာက္ခဲ့သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က “ေက်ာက္ဆစ္ရြာမွာ ပြဲခ်င္းၿပီး ဆံုးတာက ၄ ဦး၊ ပုဏၰားကြ်န္းေဆးရံုမွာ ဆံုးတာ ၃ ဦး၊ ေနာက္ထပ္ စစ္ေတြကို အေရးေပၚ လူနာတင္လို႔ လမ္းမွာ ဆံုးတာက ၂ ဦး ေပါင္း ၉ ဦး ေသဆံုးတာ။” ဟု ေျပာသည္။ ေသဆံုးသူမ်ားမွာ ထက္ျမတ္ဦး (၁၃) ႏွစ္၊ ေဒၚသန္းသန္းစိုး (၂၅)ႏွစ္၊ ဦးလူလွေခ် (၁၈)ႏွစ္၊ ဦးနီထြန္း (၂၆)ႏွစ္၊ ဦးေမာင္ေမာင္ေခ် (၂၂) ႏွစ္ႏွင့္ ေအာင္ဆန္းႏိုင္ ၁၆ ႏွစ္ တို႔ အပါအဝင္ ေပါင္း (၉) ဦး ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းတင္က အတည္ျပဳေျပာသည္။

လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲသည့္ ေက်ာက္ဆိပ္ေက်းရြာသည္ ပုဏၰားကြ်န္းၿမိဳ႕ေပၚႏွင့္ (၂) မိုင္ခန္႔သာ ေဝးကြာၿပီး ေက်းရြာအနီးတြင္ တိုက္ပြဲျဖစ္ပြားျခင္းမရွိဟု ေဒသခံမ်ားက ေျပာသည္။ မည္သည့္ဖက္က ပစ္ခတ္လိုက္သည့္ လက္နက္ႀကီး က်ည္ဆံဆိုသည္ကိုေတာ့ အတိအက် မသိရေသးေပ။ ပုဏၰားကြ်န္းၿမိဳ႕အဝင္တြင္တည္ရွိသည့္ အမွတ္ (၅၅၀) ေျခလ်င္ေျချမန္ တပ္ရင္း ရွိေၾကာင္း  ေဒသခံမ်ားက ေျပာဆိုၾကသည္။ အဆိုပါျဖစ္စဥ္ ႏွင့္ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး အဖြဲ႔ကို မဇၥ်ိမက တယ္လီဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိေပ။

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရခိုင့္လက္နက္ကိုင္တပ္ဖြဲ႔ (AA) တို႔ ႏွစ္ဖက္တိုက္ပြဲ ျဖစ္ပြားေနသည္မွာ (၁) ႏွစ္ေက်ာ္ ၾကာျမင့္လာခဲ့ၿပီျဖစ္ကာ အရပ္သားမ်ားေသဆံုးမႈလည္း ျမင့္တက္လာေနသည္။ ယင္းအျပင္ တိုက္ပြဲျဖစ္ပြားေနသည့္ ရခိုင္ ေျမာက္ပိုင္းေဒသတြင္ သိန္းခ်ီေသာ ေဒသခံမ်ားမွာလည္း စစ္ေဘးေရွာင္ စခန္းမ်ားတြင္ ခိုလံႈေနၾကရသည္။ http://www.miz zimaburmese.com/article/68936

**************

၉။       မူဆယ္ၿမိဳ႕ရွိ MPT ရံုးအား လက္ပစ္ဗံုးဟု ယူဆရေသာ အရာျဖင့္ ပစ္ေဖာက္ခံရ

April 13, 2020

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ခရိုင္ မူဆယ္ၿမိဳ႕တြင္ ျမန္မာ့ဆက္သြယ္ေရးဝန္းရွိ MPT Mobile ဝန္ေဆာင္မႈရံုးကို ဧၿပီလ ၁၂ ရက္ ည ၁၀ နာရီ ၄၀ မိနစ္အခ်ိန္ခန္႔က လက္ပစ္ဗံုးဟု ယူဆရေသာ အရာျဖင့္ ႏွစ္ႀကိမ္ ပစ္ေဖာက္ခံရေၾကာင္း သိရသည္။

အဆိုပါ ပစ္ေဖာက္မႈ ျဖစ္စဉ္ေၾကာင့္ MPT Mobile ဝန္ေဆာင္မႈရံုး၏ အတြင္းအျပင္ ပ်က္စီးခဲ့ကာ ျမန္မာဆက္သြယ္ေရး ရံုးဝန္း အတြင္း MPT Mobile ဝန္ေဆာင္မႈရံုးေဘးကပ္ရပ္ ရပ္ထားေသာ Honda Fit အမ်ိဳးအစားကား ေနာက္မွန္၊ Wish အမ်ိဳးအစား ကားေနာက္မွန္ႏွင့္ KIA အမ်ိဳးအစား ကားအလယ္မွန္တို႔အျပင္ အနီးအနားရွိ အိမ္တခ်ိဳ႕မွ ျပဳတင္းေပါက္မွန္တခ်ိဳ႕ ကြဲခဲ့ကာ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဉ္ ႏွင့္ ပတ္သတ္၍ မူဆယ္ၿမိဳ႕မရဲစခန္းကို ဆက္သြယ္ေမးျမန္းရာ ကနဦး စံုစမ္းေဖာ္ထုတ္ခ်က္အရ လက္ပစ္ဗံုးဟု ယူဆရေသာ အရာျဖင့္ ႏွစ္ႀကိမ္ပစ္ေဖါက္ခံရၿပီး အမႈကိုဆက္လက္စံုစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္းသာ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။ https://news-eleven.com/article/169027

***************

၁၀။     ေမာ္ခ်ီး Quarantine စင္တာတြင္ လက္ေဆးရည္၊ ေစာင္၊ ေခါင္းအံုးမ်ားမရွိ

April 11, 2020

ေမာ္ခ်ီးေဒသ Facility Quarantine ထားရွိသည့္ ေနရာတြင္ အသင့္ထားရွိရမည့္ လက္ေဆးေရနွင့္ ေစာင္၊ ေခါင္းအံုးမ်ား ထားရွိ တာ မေတြ႔ရေၾကာင္း ဖားေဆာင္း မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းေထြးသူက ေျပာသည္။

“သိန္းငါးရာထဲက ဒီ COVID 19 အတြက္ ေမာ္ခ်ီးေဒသကို ( သိန္း ၁၅၀ ) လွဴဒါန္းပါတယ္ေျပာၿပီးမွ အဲဒီ Facility Quarantine ( ေစာင့္ၾကည့္လူနာ ေတြထားတဲ့ ေနရာ )ကို သြားစစ္လိုက္တဲ့ အခ်ိန္မွာ ဘာမွအဆင္သင့္ မရွိတာေတြ႕ရတယ္”လို႔ မဇၩိမ သတင္းဌာနကို ေျပာသည္။ ေမာ္ခ်ီးေဒသ အႀကီးစား သတၱဳတူးေဖာ္ ထုတ္လုပ္ေရး ကုမၸဏီမွ မတည္၍ ေမာ္ခ်ီး ေဒသ သဘာဝ ေဘး အႏၱရာယ္ကာကြယ္ေရး ရံပံုေငြ သိန္း ၅၀ဝ အထဲမွ ေငြက်ပ္ သိန္း ၁၅၀ကို COVID 19 ေရာဂါ တိုက္ဖ်က္ ေရးအတြက္ အသံုးျပဳရန္ လွဴဒါန္းခဲ့ေၾကာင္း နန္းေထြးသူက ရွင္းျပသည္။

“ဒီေငြေတြကို သူတို႔က ေကာ္မတီဖြဲ႔ၿပီးမွ ဒီသဘာဝေဘးအတြက္ သိန္း ၁၅၀ လွဴထားတယ္ဆိုရင္ ေကာ္မတီကေန လိုအပ္တဲ့ ပံ့ပိုးမႈ ပစၥည္း ကိရိယာေတြ ျဖည့္ေပးရမွာေလ သူတို႔မွာ တာဝန္ရွိတယ္”လို႔ ဆိုသည္။ ေမာ္ခ်ီးေဒသ လိုခါးလိုတိုက္နယ္ေဆးရံု အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈ စီမံခန္႔ခြဲမႈေကာ္မတီတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ေမာ္ခ်ီး အုပ္ခ်ဳပ္ေရးမွဴး၊ ရပ္မိရပ္ဖမ်ား၊ ကုမၸဏီပိုင္ရွင္မ်ား စုစုေပါင္း ၁၉ ဦးပါသည္ဟု သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ေမာ္ခ်ီးေက်းရြာအုပ္စုမွ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ကင္းကေတာ့“ ေစာင့္ၾကည့္ လူနာ ၁၀ ေယာက္ ဆိုရင္ တစ္ရက္ကို ေျခာက္ေသာင္းေလာက္ရွိတယ္ အစိုးရက ဘာမွ မေပးဘူးေလ၊ ငါတို႔ အဲဒီ ( သိန္း ၁၅၀ ) ထဲက သံုးထား တာ ျဖစ္တယ္”လို႔ ဆိုသည္။ http://www.mizzimaburmese.com/article/68878

***************

၁၁။     ဥ႐ုေခ်ာင္းရွင္းလင္းေရးေခါင္းစဥ္ျဖင့္ တရားဝင္ ေရႊတူးေဖာ္ေနမွုကို ေဒသခံတစ္ခ်ိဳ႕သေဘာမတူ

April 9, 2020

ဖားကန႔္ ဥ႐ုေခ်ာင္းရွင္းလင္းေရးလုပ္သည့္ေနရာတြင္ ေရႊတူးေဖာ္ေရးလုပ္ငန္းမ်ား လုပ္ေနသည္မွာ အစိုးရမွ တရားဝင္ခြင့္ျပဳ ထားျခင္း ျဖစ္သည္ဟု သိရသည္။

တာမခံ ေဟာင္ပါးဖက္ ဥ႐ုေခ်ာင္းရွင္းလင္းေရးလုပ္ေနေသာအဖြဲ႕မ်ားမွ ေခ်ာင္းရွင္းလင္းေရးေခါင္းစဥ္ျဖင့္ ေက်ာက္စိမ္းႏွင့္ ေရႊတူးေဖာ္လုပ္ငန္းမ်ားလုပ္ကိုင္ ေနၾကသည္ဟု ဖားကန႔္ ေဒသခံတစ္ခ်ိဳ႕ ကခ်င္သတင္းဌာန KNG ကို ဆက္သြယ္ေျပာဆိုမႈ မ်ား ရွိခဲ့သည္။ ေခ်ာင္းရွင္းလင္းရာတြင္လိုအပ္ေသာ စက္ယႏၲရားမ်ားကို အစိုးရမွ မတတ္နိုင္ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚကာ ရရွိလာေသာသယံဇာတမ်ားကို လုပ္ထုံးလုပ္နည္းအရ ေဆာင္ရြက္ရန္ သေဘာတူညီမွု ရယူခဲ့ေၾကာင္း ကခ်င္ျပည္နယ္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒရွီလဆိုင္းက ေျပာသည္။

‘‘ဥ႐ုေခ်ာင္းရွင္းလင္းတဲ့အဖြဲ႕က ဥ႐ုေခ်ာင္းကို ပိတ္တန္းလုပ္ၿပီး ေက်ာက္စိမ္းတူးေဖာ္တယ္။ ေနာက္ ေခ်ာင္းရွင္းလင္းေရး ျပဳလုပ္တယ္ဆိုၿပီး ဥ႐ုေခ်ာင္းထဲကိုဘဲ ေရႊေမၽွာျပန္တိုက္ခ်တယ္။ အဲ့လိုလုပ္ေနတာ့ ေခ်ာင္းရွင္းလင္းေရး ဘယ္ေလာက္ဘဲ လုပ္လုပ္ ထိေရာက္မွုရွိမွာ မဟုတ္ဘူး။ ၿပီးရင္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အျမင္နဲ႔ၾကည့္ရင္လည္း ဥပေဒနဲ႔ မညီညြတ္ ဘူး။ အစိုးရကိုလည္း ဒါကို ခြင့္မျပဳေပးဖို႔ ေတာင္းဆိုခ်င္တယ္’’ဟု ေျပာသည္။

ဥ႐ုေခ်ာင္းရွင္းလင္းေရးကို ယခင္ အမ်ားပိုင္ ကုမၸဏီမ်ားက တာဝန္ယူ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေသာ္လည္း ယခုႏွစ္မွစ၍ ျပည္ေထာင္စု၏ ညႊန္ၾကားခ်က္ႏွင့္အညီ ျပည္နယ္အစိုးရ ႏွင့္အတူ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ စည္ပင္သာယာေရးအဖြဲ႕၊

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ ေက်ာက္မ်က္တူးေဖာ္ေရး၊ ေက်းလက္ေဒသဖြံ႔ၿဖိဳးေရး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ လႊတ္ေတာ္ ကိုယ္စားလွယ္(၃)ဦးႏွင့္ လူမႈအဖြဲ႕အစည္း (၂)ဦး အသီးသီးပါဝင္ကာ လုပ္ေဆာင္ေနေၾကာင္း သိရပါသည္။ ဥ႐ုေခ်ာင္း ရွင္းလင္းေရးေအာက္ ေရႊတူးေဖာ္ရန္ ျပည္နယ္အစိုးရထံ ကုမၸဏီ ၁၆ ခုတင္ျပထားရာမွ ကုမၸဏီ ၈ ခု ကိုသာ ခြင့္ျပဳထား ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2020/04/09/%e1%80%a5%e1%80%9b%e1%80%af%  e1%80%81%e1%

**************

၁၂။     တိုက္ပြဲမ်ားရပ္ၿပီး COVID-19 အေရး ပူးေပါင္းရန္ ALP တိုက္တြန္း

April 13, 2020

ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားကို ရပ္ဆိုင္းၿပီး COVID -19 ကပ္ေရာဂါကို ျမန္မာတႏိုင္ငံလံုး ပူးေပါင္း တိုက္ဖ်က္ရန္ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) က ဧၿပီလ ၁၂ ရက္တြင္ ေၾကညာခ်က္တေစာင္ထုတ္ျပန္ကာ တိုက္တြန္း လိုက္သည္။ ALP ၏ ထုတ္ျပန္ခ်က္တြင္ တိုက္ပြဲမ်ား ရပ္ဆိုင္းရန္၊ ေမာင္ေတာေဒသ နယ္စပ္ဂိတ္ လူဝင္လူထြက္ကို တင္းၾကပ္ ရန္ႏွင့္ ႏိုင္ငံေရးအက်ဉ္းသားမ်ားကို လႊတ္ေပးရန္ဟူသည့္ အခ်က္သံုးခ်က္ကို အဓိက ေဖာ္ျပထားၿပီး ယင္းအခ်က္မ်ားကို ျပည္သူမ်ား၊ သက္ဆိုင္ရာအဖြဲ႕မ်ား၊ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကို သိရွိေစလိုေၾကာင္း ALP ဒုတိယ ဥကၠ႒ ေဒၚေစာျမ ရာဇာလင္း က ဧရာဝတီသို႔ ေျပာသည္။

ေဒၚေစာျမ ရာဇာလင္း က “ျပည္သူေတြဆီကသတင္းေတြရပါတယ္။ အေနာက္ဘက္ဂိတ္ဟာ ပြင့္ေနတယ္ေပါ့။ ဘဂၤလားေဒ့ရွ္ မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈက ေတာ္ေတာ္ကို မ်ားေနပါၿပီ။ ေရာက္လာတဲ့သူေတြကို သက္ဆိုင္ရာ ဌာနေတြက Quarantine ဘယ္လို လုပ္မလဲ။ သူတို႔ေတြကို ဘယ္လိုေနရာခ်မလဲဆိုတာ စဉ္းစားသင့္တာ ၁ ခ်က္ျဖစ္သလို ဂိတ္ေတြကို အဝင္အထြက္ အားလံုး ပိတ္ထားသင့္တယ္လို႔ ထင္ပါတယ္” ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ အစိုးရ၏ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ၿမိဳ႕ေပၚရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ အသိ ပညာေပးမႈမ်ားရွိေနေသာ္လည္း၊ ေက်းလက္ေဒသရွိစစ္ေဘးေရွာင္စခန္းမ်ားအထိ အသိပညာေပးႏိုင္မႈမရွိေၾကာင္း၊ ေက်းလက္ ရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ အရပ္ဘက္အဖြဲ႔အစည္းမ်ား၏ ကူညီမႈျဖင့္ အသိပညာေပးမႈမ်ား လုပ္ေဆာင္ေနရေၾကာင္း ရခိုင္ တိုင္းရင္းသားမ်ား ကြန္ဂရက္ (REC) တြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္း က ေျပာသည္။

ALP သည္ ရခိုင္တြင္ ဖိႏွိပ္မႈမွ လြတ္ကင္းေရးႏွင့္ တန္းတူေရးအတြက္ ၁၉၆၇ ခုႏွစ္ကတည္းက လက္နက္ကိုင္ တိုက္ပြဲဝင္ခဲ့ ေသာအဖြဲ႔ ျဖစ္သည္။ ၂၀၁၂ ခုႏွစ္တြင္ အစိုးရႏွင့္ ၿငိမ္းခ်မ္းေရး ညွိႏိႈင္းေဆြးေႏြးမႈမ်ား စတင္ျပဳလုပ္လာခဲ့ၿပီး၊ ထိုႏွစ္ဧၿပီလတြင္ ႏွစ္ဘက္အပစ္ရပ္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့သည္။ ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္စခန္း ၁၃၂ ခုရွိေနၿပီး စစ္ေဘးဒုကၡသည္ တသိန္းေျခာက္ေသာင္းေက်ာ္ရွိေနေၾကာင္း ရခိုင္တိုင္းရင္းသားမ်ားကြန္ဂရက္ (REC) ထံမွ သိရသည္။ https://burma.irrawaddy.com/news/2020/04/13/220599.html

**************

၁၃။     ေတာင္ႀကီးၿမိဳ႕ ေညာင္ေရႊေဟာ္ကုန္း ရပ္ကြက္၊ နယ္ေျမသံုးခုႏွင့္ လမ္းသံုးခုတို႕ကို ေဆးျဖန္းၿပီး ၂၁ ရက္ Lockdown ျပဳ                လုပ္ထား

April 12, 2020

ရွမ္းျပည္နယ္ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕၊ ေညာင္ေရႊေဟာ္ကုန္းရပ္ကြက္၊ နယ္ေျမသံုးခုႏွင့္ လမ္းသံုးခုတို႔ကို ေဆးျဖန္းၿပီး ၂၁ ရက္ Lockdown ျပဳလုပ္ထားေၾကာင္း ေညာင္ေရႊေဟာ္ကုန္းရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

ေညာင္ေရႊေဟာ္ကုန္းရပ္ကြက္၊ နယ္ေျမ (၅) (၆) (၇) တို႔ရွိ ရွမ္းလမ္း၊ ဥၾသလမ္းႏွင့္ ေမတၱာလမ္းတို႔ကို ယမန္ေန႔ ညဘက္ အခ်ိန္တြင္ လမ္းမ်ား၊ ပိုးေတြ႔လူနာေနအိမ္ႏွင့္ ေမာ္ေတာ္ယာဉ္တို႔ကိုလည္း ေဆးျဖန္းျခင္းမ်ား ေဆာင္ရြက္ခဲ့ၿပီး၊ အဆိုပါ လမ္း (၃) လမ္းကို (၂၁) ရက္ Lockdown ျပဳလုပ္ကာ ေခတၱပိတ္ထားၿပီး၊ အမ်ားျပည္သူ သိရွိႏိုင္ေစရန္အတြက္ ေညာင္ေရႊေဟာ္ ကုန္းရပ္ကြက္၊ လမ္းထိပ္ရွိ ရပ္ကြက္အုပ္ခ်ုပ္ေရးမႉးရံုးမွ အသံခ်ဲ့စက္ျဖင့္ လိုက္နာသိရွိနိုင္ေစရန္ ေျကညာေပးေနေျကာင္း သိရသည္။ အဆိုပါ လမ္း (၃) ခုထိပ္တြင္ တာဝန္ရွိသူမ်ား ေစာင့္ၾကပ္ေနၿပီး၊ လမ္းသံုးခု အတြင္းရွိ ေနအိမ္မ်ားမွ ျပင္ပ မထြက္ ခြာေစဘဲ၊ လံုၿခံဳေရး တာဝန္ရွိသူမ်ားက PPE ဝတ္စံုမ်ားျဖင့္ စားေသာက္စရာမ်ားကို ဝယ္ျခမ္းၿပီး သြားေရာက္ ေပးပို႔ေနေၾကာင္း သိရသည္။

၎၏ မိသားစုဝင္ျဖစ္ေသာ လာႀကိဳခဲ့သည့္ မိခင္ႏွင့္ အမျဖစ္သူတို႔သည္ ေဆးရံုတြင္ မေနဘဲ ေနအိမ္ကို ျပန္လာသျဖင့္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ ေညာင္ေရႊေဟာ္ကုန္းရပ္ကြက္ ေနအိမ္ကို လာေရာက္ ေခၚေဆာင္ျခင္းျဖစ္ၿပီး စဝ္စံထြန္း ေဆးရံု ရွိ သီးသန္႔ေဆာင္တြင္ ထားရွိေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ပိုးေတြ႔လူနာ (Case-029) လမ္းႀကံဳလိုက္စီးခဲ့ေသာ ကေလာၿမိဳ႕ ေနထိုင္သူကိုလည္း Quarantine ေဆာင္ရြက္ထားၿပီး၊ လမ္းခရီးတြင္ ကေလာၿမိဳ႕၊ ႏွစ္ထပ္လမ္း က်န္းမာေရး စစ္ေဆးေရးဂိတ္ႏွင့္ ေတာင္ေလးလံုးတို႕ရွိ စစ္ေဆးေရး ဂိတ္တို႔ တြင္ လည္း က်န္းမာေရး စစ္ေဆးခဲ့ၾကသျဖင့္ အဆိုပါ ဂိတ္မ်ားတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ ေစတနာ့ဝန္ထမ္းမ်ားကိုလည္း Quarantine ခံယူရန္ေဆာင္ရြက္သင့္ေၾကာင္း  ၿမိဳ႕ခံမ်ားက ေဝဖန္ေနၾကသည္။ https://news-eleven.com/article/168935

**************

၁၄။     ဖားကန႔္ ၿမိဳ႕ အဝင္အထြက္ကို စတင္စစ္ေဆးေတာ့မည္ဟု ျပည္နယ္အစိုးရေျပာ

April 10, 2020

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕သို႔ လူသစ္မ်ားထပ္မံဝင္ေရာက္မွု မရွိေစရန္ ဧၿပီလ ၁၁ရက္ေန႔မွစကာ လူအဝင္အထြက္ စိစစ္ေတာ့ မည္ဟု သိရသည္။ ကိုရိုနာဗိုင္းရပ္စ္ Covid-19 ကူးစက္ေရာဂါစိုးရိမ္သည့္အတြက္ ႀကိဳတင္ကာကြယ္ႏိုင္ရန္ ေဆာင္ရြက္ရျခင္း ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ေျပာသည္။

“ေဒသခံေတြစိုးရိမ္တာကေတာ့ တစ္ဖက္မွာျပန္လာတဲ့သူေတြ ထိုင္းကျပန္လာတဲ့သူရွိတယ္။ တ႐ုတ္ကျပန္လာတဲ့သူေတြ ရွိတယ္။ အလုပ္မရွိအကိုင္မရွိတဲ့သူေတြက ဖားကန႔္ေဒသမွာ ေရမေဆးအျဖစ္ဝင္လာႏိုင္တယ္။ ထိန္းခ်ဳပ္ဖို႔ ပိုခက္သြားမယ္ဆို ၿပီး ေဒသခံေတြတင္ျပတဲ့တြက္ က်ေနာ္တို႔က ၁၁ ရက္ေန႔ၿပီးေတာ့ စီစစ္ေပးသြားမွာျဖစ္ပါတယ္။ အဲလိုစီစစ္တဲ့ေနရာမွာ ေဒသခံ မွတ္ပုံတင္ကိုင္ေဆာင္တာ ဟုတ္မဟုတ္၊ ေက်ာက္မ်က္ကုမၼဏီမွာလုပ္ကိုင္ေနတဲ့သူ၊ ခုေနာက္ပိုင္းဆိုရင္ သက္ဆိုင္ရာ က ရပ္ကြက္ေထာက္ခံစာပါမပါ၊ မပါဘူး မဟုတ္ဘူးဆိုရင္ေတာ့ အဝင္မခံပါဘူး။  ျပန္လႊတ္မွာျဖစ္ပါတယ္။” ဟု ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ ေျပာသည္။

ယခုအစီစဥ္သည္ ဖားကန႔္ၿမိဳ႕သို႔ ဝင္လာမည့္သူမ်ားကိုသာ စစ္ေဆးမည္ျဖစ္ၿပီး ဖားကန႔္ၿမိဳ႕မွ ထြက္လာသူမ်ားအား စစ္ေဆး မည္ မဟုတ္ဘဲေၾကာင္း ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္ ေျပာသည္။ ကခ်င္ျပည္နယ္အတြင္း ဧၿပီလ ၈ ရက္ေန႔ထိ စာရင္းမ်ားအရ Home Quarantine ထားရွိသူ ဦးေရ ၁၄၆၀ ေက်ာ္ရွိၿပီး၊ Facility Quarantine ဦးေရ ၈၄၀ ရွိကာ စုစုေပါင္း ျပည္ပမွျပန္လည္ ေရာက္ရွိလာသည့္ လူဦးေရ ၃၀၃၆ ဦးရွိေၾကာင္း သက္ဆိုင္ရာဌာနမွ သိရသည္။ https://burmese.kachinnews.com/20  20/04/10/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

***************

၁၅။     ဘီးလင္းၿမိဳ႕နယ္၊ ေညာင္သာယာေက်းရြာတြင္ ပ႒ာန္းသိမ္းပြဲ၌ ေခါက္ဆြဲေၾကာ္ ႏွင့္ ေရခဲမုန္ ့ေကြ်းေမြးရာမွ ရဟန္း၊ သာမေဏႏွင့္ ရြာသူ၊ ရြာသား ၄၀ ေက်ာ္ အစာ အဆိပ္သင့္မႈျဖစ္ပြား

April 12, 2020

ဘီးလင္းၿမိဳ႕နယ္၊ ဆင္အင္းေက်းရြာအုပ္စု၊ ေညာင္သာယာေက်းရြာတြင္ ဧၿပီလ ၁၂ ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့သည့္ ပ႒ာန္း သိမ္းပြဲ၌ ေခါက္ဆြဲေၾကာ္ႏွင့္ ေရခဲမုန္ ့ေကြ်းေမြးရာမွ ရဟန္း၊ သာမေဏႏွင့္ ရြာသူ၊ ရြာသား ၄၀ ေက်ာ္ အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။

“ေညာင္သာယာရြာ ဘုန္းႀကီးေက်ာင္းဓမၼာရံုမွာ ျပဳလုပ္တဲ့ ပ႒ာန္းသိမ္းပြဲမွာ မနက္ပိုင္းမွာ ဘုန္းႀကီးေတြကို ေခါက္ဆြဲေၾကာ္ ကပ္ တယ္။ ေနာက္လူေတြစားၾကတယ္ေပါ့။ ေနာက္ေန႔ ဆြမ္းကပ္ၿပီး ေရခဲမုန္႔ ေကြ်းတယ္လို႔သိရတယ္။ အမ်ားစုကေတာ့ ေညာင္သာယာရြာကဘဲ။ တျခားရြာေတြကေတာ့ မလာၾကဘူးေပါ့” ဟု ေညာင္သာယာေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးသာေက်ာ္က ေျပာၾကားသည္။ “သူတို႔က အန္ၾကတယ္။ ဝမ္းသြားတယ္။ ဒီေလာက္ပါဘဲ။ အေျခအေနကေတာ့ မစိုးရိမ္ရပါဘူး။ သူတို႔ကို ေတာင္စြန္း တိုက္နယ္ေဆးရံုကတဆင့္ ဇုတ္သုတ္တိုက္နယ္ေဆးရံုနဲ႕ ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႕ေဆးရံုကို ပို႔ေဆာင္ေပးထား ၾကပါတယ္” ဟု ဦးသာေက်ာ္က ဆက္လက္ေျပာၾကားသည္။

ဆင္အင္းေက်းရြာအုပ္စု၊ ေညာင္သာယာေက်းရြာရွိ ဘုန္းႀကီးေက်ာင္းတြင္ ျပဳလုပ္သည့္ ပ႒ာန္းသိမ္းပြဲ၌ ေခါက္ဆြဲေၾကာ္ ေကြ်းေမြးေၾကာင္း၊ တခ်ိဳ႕လည္း ပါဆယ္ယူသြားတာ မ်ိဳးလည္းရွိေၾကာင္း၊ တခ်ိဳ႕ကလည္း ဆြမ္းဆက္ကပ္ က်န္ေနခဲ့ေၾကာင္းႏွင့္ ယင္းအေျခအေနမွ အစာအဆိပ္သင့္သလို ျဖစ္ၾကျခင္း ျဖစ္ေၾကာင္း ဘီးလင္းၿမိဳ႕နယ္ မဲဆႏၵနယ္ေျမ အမွတ္ (၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္ႏိုင္ဦးက ေျပာၾကားသည္။ ၎က ဆက္လက္ၿပီး “ေလာေလာဆယ္ ရဟန္း (၂) ပါး၊ ကိုရင္ (၄) ပါး၊ အမ်ိဳးသား (၂၅) ဦနဲ ့အမ်ိဳးသမီး (၁၂) ဦးကို ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုႀကီးကို တင္ပို႔ေပးထား ၾကပါတယ္။ ေနာက္ ဇုတ္သုတ္တိုက္နယ္ေဆးရံုမွာ တစ္ဦးလို႔ေတာ့ ေျပာၾကတယ္။ အားလံုး (၄၄) ဦးျဖစ္သြားမယ္ေပါ့” ဟု ေျပာၾကားသည္။

အဆိုပါ ေညာင္သာယာေက်းရြာ၌ အစာအဆိပ္သင့္မႈ ခံစားခဲ့ၾကရသည့္ လူနာမ်ားအား ဘီးလင္းၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ တပ္ဖြဲ႔ဝင္မ်ား၊ ဘီးလင္းၿမိဳ႕နယ္အတြင္းရွိ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႔မ်ားမွ လူနာယာဉ္မ်ားျဖင့္ ဘီးလင္းၿမိဳ႕နယ္ ျပည္သူ႔ ေဆးရံုႀကီးႏွင့္ ဇုတ္သုတ္တိုက္နယ္ ေဆးရံုမ်ားသို႔ ပို႕ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/articl e/168962

***************

၁၆။     သွ်မ္းျပည္တြင္ ဒုတိယေျမာက္ ကိုဗစ္ လူနာ ေတာင္ႀကီးသားျဖစ္

April 11, 2020

COVID-19 အတည္ျပဳ လူနာ အမွတ္ (၂၉ ) သည္ ေတာင္ႀကီးသားတဦးျဖစ္ၿပီး စဝ္စံထြန္ ေဆးရံုသို႔ လြဲေျပာင္းမည္ျဖစ္ေၾကာင္း ယေန႔ ည ၈ နာရီ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ အရသိရသည္။

ထိုသူသည္ အသက္ (၂၆ ) အရြယ္ အမ်ိဳးသား ျဖစ္ၿပီး အဂၤလန္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ မတ္လ ၂၈ ရက္ေန႔က ေရာက္ရွိလာၿပီး ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ တစ္ဆင့္ မဂၤလာဒံုၿမိဳ႕နယ္ရွိ သတ္မွတ္ထားေသာ facility Quarantine ျပဳလုပ္ရာမွ ဓာတ္ခြဲ နမူနာ ေပးပို႔ စစ္ေဆးခဲ့ၿပီး ပိုးေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။ လက္ရွိအဆိုပါ လူနာ ကို သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းျပည္သူ႕ေဆးရံုႀကီး လႊဲေျပာင္းကုသရန္ စီစဉ္လ်က္ရွိၿပီး လတ္တေလာ က်န္းမာေရး အေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါလူနာသည္ အစိုးရေၾကျငာခ်က္ထုတ္ၿပီးမၾကာခင္ ယေန႔ ညပိုင္းတြင္ ေတာင္ႀကီး စဝ္စံထြန္းေဆးရံုသို႔ ေရာက္ေနၿပီျဖစ္ ေၾကာင္း ၊ ၄င္းအားသြားႀကိဳခဲ့သူမ်ားအားလည္း Quarantine လုပ္ရန္ ခ်ိတ္ဆက္ထားၿပီးျဖစ္ေၾကာင္း သွ်မ္းျပည္နယ္ ျပည္သူ႔ က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေဒါက္တာ ႏွင္းအိျဖဴက မီဒီယာမ်ားသို႕ ေျဖၾကားသည္။ https://burmese.shanne ws.org/archives/16119

***************

၁၇။     COVID-19 ေၾကာင့္ အမ်ိဳးသားလံုၿခံဳေရး ထိခိုက္မည္ကို RCSS စိုးရိမ္

April 9, 2020

COVID-19 ေၾကာင့္ အမ်ိဳးသားလံုၿခံဳေရး ထိခိုက္မည္ကို စိုးရိမ္သျဖင့္ သွ်မ္းျပည္အတြင္း ရွိၿမိဳ႕နယ္ ၂၀ ေက်ာ္ ကို ကာကြယ္ေရး ပစၥည္းမ်ားေထာက္ပံ့လွဴဒါန္းသြားမည္ ဟု RCSS/SSA က ေျပာသည္။

ထို သွ်မ္းျပည္ အတြင္းရွိ ၿမိဳ႕နယ္ ၂၀ ကို COVID-19 တားဆီးကာကြယ္ေရး လွဴဒါန္းရန္အတြက္ သွ်မ္းျပည္ ျပန္လည္ ထူေထာင္ေရးေကာင္စီ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) ၏ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးေကာ္မတီ (PMC) အဖြဲ႕မွ ဦးေဆာင္သြားမည္ဟု PMC မွ ကိုယ္စားလွယ္ ဗိုလ္ႀကီး စိုင္းခမ္းေဆး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ဒီေရာဂါ ျဖစ္လာရင္ တမ်ိဳးသားလံုး ထိခိုက္ႏိုင္တယ္။ ဒါေတြက အမ်ိဳးသားလံုၿခံဳေရး ေအာက္မွာရွိေတာ့ အမ်ိဳးသားလံုၿခံဳေရး ကိုလည္း ထိခိုက္လာႏိုင္တယ္” ဟု ဗိုလ္ႀကီး စိုင္းခမ္းေဆး က ဆို သည္။ RCSS/SSA အေနျဖင့္ လူထုႏွင့္လက္တြဲၿပီး အတတ္ ႏိုင္ဆံုး ကူညီသြားမည္ ဟု လည္း ဆိုပါသည္။ https://burmese.shannews.org/archives/16071

****************

၁၈။     ကပ္ေရာဂါေဘး ကာလႀကီးမွာ စည္းလံုးညီညြတ္ၾကဖို႔ ကက္သလစ္ ရဟန္းမင္းအမတ္ တိုက္တြန္း

April 13, 2020

ကမၻာမွာ COVID-19 ကပ္ေဘးေရာဂါႀကီး ရင္ဆိုင္ေနခ်ိန္ကာလ ေမွ်ာ္လင့္ခ်က္ထားၾကဖို႔နဲ႔ ေသြးစည္းညီညြတ္ၾကဖို႔ ကက္သလစ္အသင္းေတာ္ရဲ႕ ရန္ကုန္သာသနာပိုင္ ကာဒီနယ္လ္ Charles Bo က တိုက္တြန္းလို္က္ပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔ ရန္ကုန္ စိန္႔ေမရီ ကက္သလက္ ခရစ္ယာန္ဘုရားရွစ္ခိုးေက်ာင္းမွာ ျပဳလုပ္တဲ့ အီစတာပဲြေတာ္အတြက္ ဗီြဒီယိုမိန္႔ခြန္း တိုက္႐ုိက္ထုတ္လႊင့္ခ်က္မွာ ကမၻာမွာ လူေပါင္း သန္းနဲ႔ခ်ီ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံေနရၿပီး အဲဒီထဲမွာ အီတလီႏုိင္ငံက ႐ုိမန္ကက္သလစ္ဘုန္းေတာ္ႀကီး အနည္းဆံုး အပါး ၆၀ ေက်ာ္ အဲဒီေရာဂါေၾကာင့္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ကာဒီနယ္လ္ Charles Bo က အခုလို ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ကိုဗစ္ေရာဂါေၾကာင့္ ေ၀ဒနာ အျပင္းအထန္ ခံစားေနရတဲ့ လူေထာင္ေပါင္းမ်ားစြာအတြက္လည္း အစဥ္မျပတ္ ဆုေတာင္းေပးေနေၾကာင္းလည္း ကာဒီနယ္လ္ Bo က ေျပာပါတယ္။

COVID-19 ေရာဂါကူးစက္မႈ ကာကြယ္ေရးအတြက္ လူအခ်င္းခ်င္း အနီးကပ္ ထိေတြ႔မႈမလုပ္ဖို႔၊ ဘာသာေရးနဲ႔ အျခား လူမႈေရးဆိုင္ရာ လူစုလူေ၀းနဲ႔ ျပဳလုပ္မႈေတြ တားျမစ္ထားတာေၾကာင့္ ခရစ္ယာန္ဘုရားေက်ာင္းေတြ ပိတ္ထားရတဲ့ အေျခအေန အတြက္လည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ကာဒီနယ္လ္ Charles Bo က မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ မျမင္ႏိုင္ တဲ့ ကို႐ုိနာဗိုင္းရပ္စ္ဟာ လူသားေတြကို သင္ခန္းစာေပးခဲ့တယ္လုိ႔လည္း သူက ဆိုပါတယ္။ လက္နက္၊ စစ္အင္အားေတြ ႀကီးမားတဲ့ ကမၻာ့အင္အားႀကီး ႏိုင္ငံေတြမွာေတာင္ COVID-19 ေရာဂါကပ္ေဘးကို ဒူးေထာက္ အ႐ႈံးေပးခဲ့ရတယ္လို႔ ကာဒီနယ္လ္ Charles Bo က ေျပာၾကားခဲ့ပါတယ္။

အခုလို ကမၻာ့ကပ္ေဘးေရာဂါႀကီးကို လူသားခ်င္းစာနာမႈ၊ ကူညီ႐ုိင္းပင္းမႈေတြနဲ႔ စည္းစည္းလံုးလံုး ကာကြယ္ႏိုင္ဖို႔ သူ႔ရဲ႕ မိန္႔ခြန္း မွာ တိုက္တြန္းသြားပါတယ္။ https://burmese.voanews.com/a/covid19-charles-bo/5369417.html

***************

 

၁၉။     ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးတစ္ဦး၏ လူမႈကြန္ရက္တြင္ ေရးသားခ်က္သည္​ တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္း                     ကြဲေစ သည္ဟု ဆိုကာ အေရးယူေပးရန္ လင္းေခးၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဝန္ႀကီးခ်ဳပ္ထံတိုင္ၾကား

12 April, 2020

ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး၏ လူမႈကြန္ရက္တြင္ ေရးသားခ်က္ သည္ တိုင္းရင္းသားအခ်င္းခ်င္း စိတ္ဝမ္းကြဲေစသည္ဟုဆိုကာ အေရးယူေပးရန္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီဝင္ လင္းေခးၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ သံုးဦးက ရွမ္းျပည္နယ္အစိုးအဖြဲ႔ ဝန္ႀကီးခ်ဳပ္ထံသို႔ ဧၿပီ ၁၂ ရက္တြင္ စာေပးပို႔ တိုင္ၾကားထားေၾကာင္း သတင္းရရွိသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္သည္ ဧၿပီ ၁၀ ရက္တြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းကိစၥျဖင့္ ခရိုင္၊ ၿမိဳ႕နယ္ ေကာ္မတီဝင္မ်ားျဖင့္ ေတြ႕ဆံုရန္ လင္းေခးၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး တစ္ညအိပ္ခဲ့ကာ၊ ဧၿပီ ၁၁ ရက္တြင္ ရွမ္းလူမ်ိဳးႏွင့္ အျခားတိုင္းရင္းသားလူမ်ိဳးမ်ား အခ်င္းခ်င္း ၾကား မုန္းတီးျခင္းႏွင့္ စိတ္ဝမ္းကြဲျခင္း တစ္မ်ိဳးမ်ိဳး ျဖစ္ေပၚေစႏိုင္သည့္ စာသားမ်ား ၎၏ လူမႈကြန္ရက္တြင္ ေရးတင္ခဲ့ျခင္းကို ေတြ႔ရွိရေၾကာင္း တိုင္ၾကားစာတြင္ ေရးသားထားသည္။

ထိုသို႔ ေရးသားျခင္းေၾကာင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ (၃၆၄) အရလည္းေကာင္း၊ ၂၀၁၅ ခုႏွစ္ ျပည္ေထာင္စု လႊတ္ေတာ္ ဥပေဒ အမွတ္ (၈) ျဖစ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒပုဒ္မ (၂၄) ပါ မည္သူမွ် တိုင္းရင္းသားလူမ်ိဳးမ်ား အခ်င္းခ်င္းမုန္းတီးျခင္း၊ ရန္မူျခင္း စိတ္ဝမ္းကြဲျခင္း တစ္မ်ိဳးမ်ိဳးကို ျဖစ္ေပၚေစရန္ ရည္ရြယ္ေသာ၊ သို႔မဟုတ္ ေပၚေပါက္လာရန္ အေၾကာင္းရွိေသာ အျပဳအမူမ်ားကို မျပဳလုပ္ရ အခ်က္အရလည္းေကာင္း ဥပေဒျဖင့္ ၿငိစြန္းႏိုင္ သည့္ အေရးအသားျဖစ္ေနေသာေၾကာင့္ ရွမ္းျပည္နယ္ ျပည္သူလူထုႏွင့္ လင္းေခးျပည္သူလူထုမ်ားကလည္း အဆိုပါဝန္ႀကီး၏ ေရးသားမႈကို သေဘာမတူသျဖင့္ ထိုက္သင့္သည့္အတိုင္း အေရးယူအျပစ္ေပးႏိုင္ေရးအတြက္ ဝန္ႀကီးခ်ဳပ္က အျမန္ဆံုး စီစဉ္ ေဆာင္ရြက္ေပးႏိုင္ရန္ဟု တိုင္ၾကားစာတြင္ ေဖာ္ျပပါရွိသည္။

ယင္းသို႔ ေရးသားမႈကို ဧၿပီ ၁၁ ရက္ ညေနပိုင္းတြင္ ျပန္လည္ဖ်က္ခဲ့ၿပီးေတာင္းပန္စာ ျပန္လည္ေရးသားခဲ့ေသာ္လည္း တိတိက်က်ေသခ်ာစြာ ေတာင္းပန္ထားျခင္း မဟုတ္ဟုဆိုကာ ရွမ္းတိုင္းရင္းသားမ်ားႏွင့္ ႏိုင္ငံေရးေလ့လာသံုးသပ္သူမ်ားက ေဝဖန္မႈမ်ားရွိေနသည္။ https://news-eleven.com/article/169004

*************

၂၀။     တုိင္းရင္းသားေဒသမ်ားတြင္ ျဖစ္ပြားေနသည့္ လက္နက္ကုိင္ပဋိပကၡမ်ားကုိ ခ်က္ခ်င္းရပ္တန္႔ရန္ ND-Burma ေတာင္းဆုိ

April 10, 2020

Covid-19 ကပ္ေရာဂါ ရင္ဆုိင္ေနရခ်ိန္တြင္ ျမန္မာ့တပ္မေတာ္အေနျဖင့္ ကမၻာလုံးဆုိင္ရာ အပစ္အခတ္ ရပ္စဲေရးကုိ လုိက္နာ၍ တုိင္းရင္းသားေဒသမ်ား၌ ျဖစ္ပြားေနသည့္ တုိက္ခုိက္မႈမ်ားကုိ ခ်က္ခ်င္းရပ္စဲရန္ လူ႔အခြင့္အေရး မွတ္တမ္းကြန္ယက္(ND-Burma)က ယေန႔ (ဧၿပီ ၁၀ရက္) ေၾကညာခ်က္ ထုတ္ျပန္၍ ေတာင္းဆုိလုိက္ သည္။

တပ္မေတာ္အေနျဖင့္ ၎တုိ႔၏ လုပ္ပုိင္ခြင့္အာဏာႏွင့္ တည္ရွိေနမႈကုိအခြင့္ေကာင္းယူ အသုံးခ်၍ လက္နက္ကုိင္ ပဋိပကၡ ျဖစ္ပြားေနေသာ တုိင္းရင္းသားေဒသမ်ားတြင္ ျပည္သူလူထုအတြက္ အေရးေပၚ ကယ္ဆယ္ေရး လုပ္ငန္းထက္ စစ္တပ္၏ လုိလားခ်က္ကုိ ေရွ႕တန္းတင္ ေဆာင္ရြက္ေနမႈအေပၚ ရႈတ္ခ်ေၾကာင္း ND-Burma ကြန္ယက္က ဆုိသည္။

ကြန္ယက္၏ ေျပာခြင့္ရ ေဒၚသက္သက္ေအာင္က “ဒီအခ်ိန္သည္ ကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္မွာ အားလုံးပူး ေပါင္းေဆာင္ရြက္ဖုိ႔ လုိအပ္ေနတယ္။ အစုိးရ၊ တပ္ ၊ တုိင္းရင္းသား လက္နက္ကုိင္ေတြ စသျဖင့္ ဒါေတြသည္ လက္ရွိမွာ Covid-19 ျဖစ္ေနတဲ့ ကာလမွာေတာင္ ရပ္တန္႔မႈ မလုပ္ႏုိင္ဘူးဆုိရင္ ၿငိမ္းခ်မ္းေရး အတြက္ဆုိရင္ က်မတုိ႔ ဘယ္လုိပုံေဖာ္ၾကမလဲေပါ့။ အခုလက္ရွိ ကာလသည္ အပစ္အခတ္ရပ္စဲထားရမယ့္ ကာလျဖစ္တာ ေတာင္ မရပ္စဲႏုိင္တာ ျဖစ္တဲ့အတြက္ ဒါကအင္မတန္မွ ျပည္သူ လူထုအတြက္ေရာ တုိင္းျပည္အတြက္ေရာ ဆုံးရႈံး နစ္နာမႈေတြရွိႏိုင္ပါတယ္” ဟု ေကအုိင္စီသုိ႔ေျပာသည္။

လက္ရွိတြင္ ရခုိင္ႏွင့္ ခ်င္းျပည္နယ္တုိ႔အတြင္ ရကၡဳိင့္တပ္ေတာ္(AA) ႏွင့္ ျမန္မာ့တပ္မေတာ္တုိ႔ အၾကား ပစ္ခတ္တုိက္ခုိက္မႈျပင္း ထန္လ်က္ရွိၿပီး တပ္မေတာ္၏ ေလေၾကာင္းစစ္ဆင္ေရးမ်ားပါ အသုံးျပဳမႈေၾကာင့္ အရပ္သား ျပည္သူမ်ားထိခုိက္ေသဆုံးမႈမ်ားရွိ ေနသလုိ စစ္ေျပးေရွာင္ေနရသူ သိန္းခ်ီရွိေနၿပီးျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႔အစည္းမ်ားက ဆုိသည္။ အလားတူ အမ်ဳိးသမီးမ်ား အဖြဲ႔ခ်ဳပ္(ျမန္မာႏုိင္ငံ)-WLB ကလည္း ရခုိင္၊ ခ်င္း၊ ကရင္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပုိင္း ေဒသမ်ားတြင္ တပ္မေတာ္မွ ထုိးစစ္ဆင္ ေနမႈမ်ားကုိ ရပ္တန္႔ရန္ႏွင့္ တပ္စခန္းမ်ားရုပ္သိမ္းရန္၊ NCA ပါ အခ်က္မ်ားကုိ လုိက္နာရန္အျပင္ အပစ္အခတ္ရပ္စဲ၍ Covid-19 ကာကြယ္ေရးအစီအစဥ္မ်ားကို အျမန္ဆုံး အေကာင္အထည္ေဖာ္ရန္စသည့္ အခ်က္ (၉)ခ်က္ပါ ေတာင္းဆုိခ်က္ျဖင့္ ယမန္ ေန႔က ထုတ္ျပန္ခ်က္ တစ္ေစာင္ထုတ္ျပန္ ထားေသးသည္။

ND-Burmaကုိ တုိင္းရင္းသားမ်ား၊ အမ်ဳိးသမီးမ်ားႏွင့္ လိင္စိတ္ကြဲျပားသူမ်ားကုိ ကုိယ္စားျပဳသည့္ အဖြဲ႔အစည္း ၁၂ ဖြဲ႔ျဖင့္ ဖဲြ႔စည္းထားျခင္းျဖစ္ၿပီး နစ္နာသူမ်ား၏ တရားမွ်တမႈရရွိေရးႏွင့္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားကို ၂၀၀၄ ခုႏွစ္မွစ၍ မွတ္တမ္း တင္ေနသည့္အဖြဲ႔ျဖစ္သည္။ http://kicnews.org/2020/04/%e1%80%90%e1%80%af%e1%80%ad%e1%80%84  %e1%80%b9%e1%80

***************

 

၂၁။     က်န္းမာေရးစစ္ေဆးမႈအားနည္း၍ ကပ္တဲလ္ေက်းရြာ ေဒသခံမ်ား စိုးရိမ္ေန

April 11, 2020

မာၻ႔ကပ္ေရာဂါ COVID19 ပိုး ျမန္မာႏိုင္ငံတြင္ ပထမဆံုး ေတြ႕ရွိခဲ့ရသည့္ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာတြင္ က်န္းမာေရးစစ္ေဆးမႈ အားနည္းေသာေၾကာင့္ စိုးရိမ္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ကပ္တဲလ္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဒိုခန္တြာန္က “သူနဲ႔ ဆက္စပ္သူေတြ အကုန္လံုး မစစ္ေဆးႏိုင္ေသးဘူး၊ က်န္ေသးတယ္၊ အခု ၃၅ ေယာက္က အုပ္ခ်ဳပ္ေရးအဖြဲ႔နဲ႔ ေလ့လာၿပီး သူတို႔ေဖာ္ျပတဲ့သူေတြပဲပါတယ္၊ ကိုယ့္ဟာကို မေျပာထြက္ခ်င္တဲ့သူက အမ်ားႀကီး က်န္ေသးတယ္၊ အိမ္ရွင္ဖက္ကလည္း ေသေသခ်ာခ်ာ မေျပာဘူး၊ ပြဲလုပ္ပါတယ္ ဆိုမွ ၃၅ ေယာက္နဲ႔ ဘယ္လို လုပ္မွာလဲ၊ ပြဲလုပ္တယ္ဆိုတာကေတာ့ အကုန္လံုးသိတဲ့အတိုင္းပဲ၊ ႏိုင္ငံျခားက ျပန္လာတာဆိုေတာ့ ေဆြမ်ိဳး၊ သူငယ္ခ်င္း၊ အမ်ားႀကီးရွိမွာပဲ၊ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔ အခုစိုးရိမ္ေနရတာ၊ ၿပီးေတာ့ သာမန္လူျဖစ္ေနတဲ့သူေတြ ကေန ေရာဂါက ေတြ႔ေနတယ္ဆိုေတာ့ အရမ္းစိုးရိမ္ရတာေပါ့၊ ၿပီးေတာ့ အစိုးရကလည္း သူတို႔ထုတ္ျပန္ခ်က္မွာ အဖ်ားမရွိ၊ အသက္ရႉက်ပ္တာ မရွိဘူးလို႔ ေဖာ္ျပေတာ့ ျပည္သူအခ်ိဳ႕က ေရာဂါမရွိဘူးလို႕ပဲ ယံုၾကည္ၾကတယ္” ဟု ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ကပ္တဲလားေက်းရြာရွိ Lock down ခ်ခံရသူ အားလံုး က်န္းမာေရး စစ္ေဆးဖို႔ မလိုေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ လူမႈေရးဝန္ႀကီး ေပါင္လြန္မင္ထန္က ေျပာသည္။ ဝန္ႀကီး ေပါင္လြန္မင္ထန္က “ရြာထဲက လူေတြ ေတာ့ အကုန္လံုးစစ္ဖို႔ မလိုပါဘူး၊ သူတို႔လည္း အခုထိ က်န္းက်န္းမာမာပဲ ေနတယ္၊ ၿပီးေတာ့ ႏိုင္ငံတကာ သက္မွတ္ခ်က္မွာ

လည္း ၂၁ ရက္လံုး ေစာင့္ၾကည့္ရမယ္၊ ရြာထဲက လူေတြလည္း ပိုးဘာမွမေတြ႕ရင္ေတာ့ တစ္ရြာလံုးကို ေျဖေလွ်ာ့ေပးလိုက္ မယ္” ဟု ေျပာသည္။

ဦး ဒိုခန္တြာန္က “အခုပထမဆံုးေတြ႔ရွိသည့္ လူနာနဲ႔ ဆက္စပ္သူ ၁၃ ဦးကို စစ္ေဆးတယ္၊ က်န္းမာေရး ဝန္ထမ္း ၃ ဦးပါတယ္၊ အဲ့ထဲမွ လူနာမိခင္ကပါေနတယ္၊ သူဆိုရင္ ေရာဂါလကၡဏာ ဘာမွမေပၚဘူး၊ သူနဲ႔ ဆက္သြယ္တဲ့ ေစာင့္ၾကည့္တဲ့ဟာက ၃၅ ေယာက္ပဲျဖစ္ေနတယ္၊ တကယ္ေတာ့ အကုန္လံုးကို စစ္ေဆးသင့္တယ္၊ အစိုးရဖက္က ၇ ရက္ေစာင့္ၾကည့္ဖုိ႔ သက္တမ္းတိုး ေတာ့ ကြ်န္ေတာ္တို႔က ေစာင့္ၾကည့္အျဖစ္ ေနဖို႔လိုတယ္၊ ေနာက္ဆံုးေတြ႔တဲ႔သူကိုလည္း တီးတိန္ျပည္သူ႕ေဆးရံုကေန လူနာ တင္ကားနဲ႔ လာေခၚေနၿပီ” ဟု ေျပာသည္။ https://www.bnionline.net/mm/news-72183

*************

၂၂။     ကြတ္ခိုင္တြင္ရက္ဆက္ မူးယစ္ေဆး ဖမ္းမိ တရားခံ မမိ

April 10, 2020

ယခုရက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးႏွင့္ လက္နက္၊ခဲယမ္းမ်ား ဆက္တိုက္ဖမ္းဆီးရမိကာ တရားခံ တေယာက္ မွ် မမိေၾကာင္း သတင္းရရွိသည္။

သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ လြယ္ခမ္းေက်းရြာတြင္ ဧၿပီ ၉ ရက္ မနက္ပိုင္းက ဦးေခၚက်ားဝမ္ ေနအိမ္အတြင္း မူးယစ္ေဆးဝါး ႏွင့္ လက္နက္ပစၥည္းမ်ား တန္ဖိုးေငြက်ပ္ ၂.၇ ဘီလီယံေက်ာ္ (က်ပ္သန္းေပါင္း ၂၇၀ဝ ေက်ာ္) သိမ္းဆည္းရ မိေၾကာင္း မူးယစ္ ရဲတပ္ဖြဲ႔မွ သိရသည္။ ထိုမူးယစ္ေဆးဝါး ႏွင့္ လက္နက္မ်ားကို ေနအိမ္တြင္ သိမ္းဆည္းရမိေသာ္လည္း တရားခံမွာ လႊတ္ေျမာက္ေနဆဲဟု သိရသည္။ သိမ္းဆည္းရမိသည့္ လက္နက္ပစၥည္းမ်ားမွာ က်ည္အိမ္ ၈ ခု၊ M22 က်ည္ ၁၂၃ ေတာင့္၊ စိတ္ၾကြရူးသြပ္ေဆးျပား၊ ဘိန္းျဖဴ၊ ဘိန္းစိမ္း တို႔ ျဖစ္သည္။ “ အခုရက္ပိုင္း ကြတ္ခိုင္မွာ မူးယစ္ေဆးေတြ ဆက္တိုက္ ဖမ္းဆီးရမိတယ္။ ဒါေပမယ့္ တရားခံ မမိဘူး။ ထူးဆန္းတယ္။ မူးယစ္ေဆး၊ လက္နက္ေတြက အိမ္ထဲကေန သိမ္းရမိေပမယ့္ တရားခံကေတာ့ ေပ်ာက္ေနတယ္” ဟု ကြတ္ခိုင္ၿမိဳ႕ အမည္မေဖာ္လိုသည့္ ေဒသခံ တဦး က ေျပာသည္။

မူးယစ္ေဆးဝါးဖမ္းဆီးရသည့္ ကိစၥတြင္ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း၊ တရားခံလႊတ္ေျမာက္ေနသည့္အေပၚ ေမးခြန္းထုတ္စရာ မ်ားေနေၾကာင္း ကြတ္ခိုင္ၿမိဳ႕ လူ႕အခြင့္အေရး လႈပ္ရွားသူမ်ားက ေျပာသည္။ “ လြယ္ခမ္း၊ ေကာင္းခါး ဘက္မွာ အိမ္တိုင္းလိုလို မူးယစ္ေဆးရွိတယ္။ မူးယစ္ေဆးမိၿပီး တရားခံ လူမမိတာေတာ့ မျဖစ္သင့္ဘူး”ဟု ကြတ္ခိုင္ၿမိဳ႕ ေနထိုင္သည့္ မေဘာက္ က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေဖေဖာ္ဝါရီ ၂၈ ရက္မွ ဧၿပီ ၉ ရက္ထိ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္သည့္ ပစၥည္း တန္ဖိုးေငြ ၄၁၄ ဘီလီယံေက်ာ္ သိမ္းဆည္းရမိေၾကာင္း မူးယစ္ရဲတပ္ဖြဲ႔ မွ ထုတ္ျပန္ထားသည္။  https://burmese.shannews.org/archive s/16090

***************

၂၃။     ျမန္မာပိုင္နက္ထဲ တရားမဝင္ ေရာက္လာသည့္ ဘဂၤလားေဒ့ရွ္စက္ေလွမ်ားကို သတိေပး ပစ္ခတ္ခဲ့ရ

April 12, 2020

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ အေနာက္ေျမာက္ဘက္ ျမန္မာ့ ပင္လယ္ပိုင္နက္အတြင္း တရားမဝင္ ေရာက္ရွိလာသည့္ ငါးဖမ္း စက္ေလွ ၆ စီး ကို ျမန္မာ့ တပ္မေတာ္(ေရ)မွ သတိေပး ေျခာက္လွန္႔ ပစ္ခတ္ခဲ့ရသျဖင့္ စက္ေလွတစီး အနည္းငယ္ ထိခိုက္ ပ်က္စီးျပီး ေရလုပ္သား ၆ ဦးခန္႔ ထိခိုက္ဒဏ္ရာမ်ား ရရွိသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ဧၿပီလ ၇ ရက္ေန႔ ည ၁၀ နာရီခြဲတြင္ ျမန္မာပိုင္နက္ ႏွစ္ႏိုင္ငံ နယ္စပ္မ်ဉ္း၏ ၃ မိုင္မွ ၆ မိုင္ကြာအတြင္း ဝင္ေရာက္လာသည့္ ဘဂၤလားေဒ့ရွ္ ငါးဖမ္း စစ္ေလွ ၆ စီးကို ျမန္မာဘက္က မီးအခ်က္ျပျခင္း၊ အသံခ်ဲ႕စက္ျဖင့္ အသံေပး ေခၚဆိုျခင္း၊ ဆက္သြယ္ ေရးစက္မွ ရပ္တန္႔ရန္ ေျပာဆိုခဲ့ေသာ္လည္း ရပ္တန္႔ျခင္း မရွိ၍ ယခုလို သတိေပးပစ္ခတ္ခဲ့ရျခင္းျဖစ္ေျကာင္း တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

သို႔ေသာ္ တပ္မေတာ္(ေရ)က ယင္းျဖစ္စဉ္ကို ထို႔ေန႔ည ၁၁ နာရီခြဲ တြင္ ဘဂၤလားေဒ့ရွ္ေရတပ္ စစ္ေရယာဉ္ BNS-Somu dra Avijan(F-29)မွ စစ္ေရယာဉ္ မွဴး ဗိုလ္မွဴးႀကီး အယ္လ္ဆာထံသို႔ ဆက္သြယ္ေျပာၾကားခဲ့ရာ ၎မွ အဆိုပါ ဘဂၤလားေဒ့ရွ္ ငါးဖမ္းေရယာဉ္မ်ားႏွင့္ ဆက္သြယ္၍ ေမးျမန္းထိန္းသိမ္းသြားမည္ဟု အေၾကာင္းျပန္ၾကားခဲ့ေၾကာင္း တပ္မေတာ္မွ သတင္း ထုတ္ျပန္သည္။ ဘဂၤလားေဒ့ရွ္သည္ ျမန္မာႏွင့္ ကမ္းရိုးတန္း ထိစပ္သည့္ေနသည့္ ႏိုင္ငံတခုျဖစ္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ျပႆနာမ်ားေၾကာင့္ ထြက္ေျပးသြားရသည့္ ဒုကၡသည္မ်ားအေရးေျဖရွင္းရန္ ျမန္မာအစိုးရသည္ ဘဂၤလားေဒ့ရွ္ႏွင့္ဆက္ဆံေရး ေကာင္းမြန္ရန္ႀကိဳးစားေနရသည္။ https://burma.irrawaddy.com/news/short-news/2020/04/12/2 20535.html

**************

၂၄။     Covid-19 တိုက္ဖ်က္ေရး ကခ်င္အရပ္ဖက္အဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္ရြက္

April  13, 2020

ကခ်င္ျပည္နယ္အတြင္း နယ္လွည့္ၿပီး လူထုက်န္းမာေရးေစာင့္ေရွာက္မွုမ်ားကို စဥ္ဆက္ျပဳလုပ္လာခဲ့သည့္ ကခ်င္နယ္လည့္ ေက်ာပိုးအိတ္က်န္းမာေရးလုပ္သားအဖြဲ႕ KBPHWT သည္ ယခုခ်ိန္ ကိုရိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ေရးအတြက္ ျပန္လည္ လုပ္ေဆာင္ေနၿပီဟု သိရသည္။ ႏွစ္ေပါင္းမ်ားစြာ အစိုးရက်န္းမာေရးဌာန ေရာက္ရွိမွုနည္းပါးေသာ ေက်းလက္ေဒသမ်ားသို႔ Kachin Back Pack Health Worker Team အျဖစ္ က်န္းမာေရးေစာင့္ေရွာက္မွုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုခ်ိန္ အရပ္ဖက္ အဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္းကာ လူေနမႈ ထူထပ္ေသာ ျမစ္ႀကီးနားၿမိဳ႕အနီးတစ္ဝိုက္ စစ္ေရွာင္စခန္းမ်ားတြင္ ေရာဂါႀကိဳတင္ ကာကြယ္တားဆီးေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးေနေၾကာင္း သိရပါသည္။

“က်ေနာ္တို႔က ကိုဗစ္နဲ႔ ပတ္သက္ၿပီး အဓိက လုပ္ေဆာင္တဲ့ ေနရာေတြရွိတယ္။ အဲ့ထဲမွာ စစ္ေရွာင္ေတြနဲ႔ ျပည္ေတာ္ျပန္တဲ့ သူေတြကို ဦးတည္ၿပီး လုပ္ေဆာင္ေပးတယ္။ ျမစ္ႀကီးနားၿမိဳ႕မွာရွိတဲ့ စစ္ေရွာင္စခန္းေတြမွာ ပိုးသတ္ေဆးသြားဖ်န္းေပးတာ ေတြကို လုပ္ေဆာင္ေပးတယ္။ ျပည္ေတာ္ျပန္တဲ့ သူေတြကို ကိုဗစ္နဲ႔ပတ္သက္ၿပီး အျမင္ဖြင့္ေပးတာေတြ လုပ္ေပးတယ္။ လိုအပ္တဲ့ ေဆးကုသမွုေတြကို သြားေရာက္လုပ္ေဆာင္ေပးတယ္” ဟု KBPHWT တာဝန္ခံ Mr.Zet ေျပာဆိုသည္။

အစိုးရ၏ Covid-19 ကာကြယ္တားဆီးလုပ္ေဆာင္ခ်က္မ်ား အားနည္းေနေသးသည့္အတြက္ တစ္ဖက္တစ္လမ္းမွ အားျဖည့္ရန္ ေရာဂါႀကိဳတင္ကာကြယ္ေရးအျဖစ္ လုပ္ေဆာင္လာျခင္းျဖစ္သည္ဟု Kachin State Covid-19 Prevention Network မွ ကိုေပါလု ယခုလိုေျပာဆိုသည္။ “အခုျဖစ္ပြားေနတဲ့ ကိုဗစ္-၁၉က ကမၻာမွာ ကူးစက္ပ်ံ႕ႏွံ႔တာလည္း အခ်ိန္တစ္ခုၾကာလာၿပီျဖစ္ တယ္။ က်ေနာ္တို႔ရဲ့ေဒသက ဆင္းရဲတဲ့ ေဒသတစ္ခုျဖစ္တယ္။ ႀကိဳတင္ကာကြယ္မႈေတြ အမ်ားအျပား ျပဳလုပ္ရမယ္ျဖစ္တယ္။ တကယ္လို႔ ျဖစ္လာရင္လည္း အစိုးရကထိထိေရာက္ေရာက္ လုပ္ေဆာင္ေပးနိုင္မွာမဟုတ္ဘူးဆိုတာ ႀကိဳသိေနတယ္။ ကိုယ့္ လူမ်ိဳးကိုကာကြယ္ဖို႔ က်ေနာ္တို႔မွာ တာဝန္ရွိတယ္ျဖစ္တယ္။ ဒါေၾကာင့္ ကခ်င္ျပည္နယ္မွာရွိတဲ့ အဖြဲ႕အစည္းအားလုံးပူးေပါင္း ၿပီးႏိုးေဆာ္ လုပ္ေဆာင္ေနတာျဖစ္တယ္”ဟု ေျပာဆိုသည္။

Kachin State Covid-19 prevention Network တြင္ ကခ်င္နယ္လွည့္ေက်ာပိုးအိတ္က်န္းမာေရးလုပ္သားအဖြဲ႕ (KBPHWT)၊ Kachin National Youth Network ၊ All Kachin Youth Union (AKYU)၊ KSPP ၊ Kachin Democratic Woman league ၊ Ram Hkye ၊ Kachin Democratic Institute(KDI) ၊ IDP ၊ Mung Chying Rawt Jat ၊ Kachin Development Networking Group(KDNG) ႏွင့္ WHG စေသာအဖြဲ႕အစည္းမ်ား ပါဝင္သည္ဟု သိရသည္။https://burmese.kachinnews.com/2020/04/13/covi19%e1%80%90%e1%80%ad%e1%80%af%e1%8

****************

၂၅။     ထုိင္း-ျမန္မာနယ္စပ္ ရာဘာေတာထဲ ေသာင္တင္ေနသည့္ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္အား သြားေရာက္ေခၚယူ

April 12, 2020

ထုိင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူၿမိဳ႕ မြန္ျပည္သစ္ပါတီတပ္စခန္းတည္ရွိရာ ဂ်ပန္ေရတြင္းႏွင့္ ႀကံေတာရြာ ရာဘာေတာထဲတြင္ ဧၿပီလ ၉ ရက္ေန႔ကတည္းက ေသာင္တင္ေနသည့္ ေနရပ္ျပန္ ျမန္မာႏုိင္ငံသား ၁၃၇ ဦးကုိ လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ လူမႈအဖဲြ႔အစည္းမ်ားက သြားေရာက္ေခၚယူခဲ့သည္ဟု သိရသည္။

မႏၱေလး၊ ပဲခူး၊ ေနျပည္ေတာ္၊ ဧရာဝတီ၊ တနသၤာရီ၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္အသီးသီးမွ ျပန္လည္ေရာက္ရွိလာသူ ျမန္မာ ႏုိင္ငံသား ၁၃၇ ဦးကို ဧၿပီ ၁၁ ရက္ေန႔က လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ လူမႈအဖြဲ႔မ်ားမွ မြန္ျပည္သစ္ပါတီအဖြဲ႔ တာဝန္ရွိသူထံ သြားေရာက္ညွိႏိႈင္းခဲ့ၿပီးေနာက္ ယမန္ေန႔ ဧၿပီ ၁၂ ရက္တြင္ ဘုရားသုံးဆူၿမိဳ႕သို႔ ျပန္လည္ေခၚေဆာင္လာၿပီး က်န္းမာေရး စစ္ေဆးမႈမ်ား ျပဳလုပ္ေဆာင္ရြက္ေပးလ်က္ရွိသည္ဟု ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္ ေစာရွား ေဖာင္အြာက ေျပာသည္။ “မြန္ျပည္သစ္ပါတီစခန္းဘက္က ျပန္လာရင္ သူတို႔ေတြကို ေနရာစီစဥ္ေပးထားၾကဖို႔ မေန႔က စခန္းတာဝန္ရွိသူနဲ႔ သြားေရာက္ ညိွႏိႈင္းမႈ လုပ္ခဲ့တယ္။ ရြာေတြမွာ ေပးမဝင္ၾကေတာ့ ရာဘာပင္ေအာက္မွာ ၂ ည အိပ္ခဲ့ရတယ္ ေျပာတယ္။ သူတုိ႔အခု ဘုရားသုံးဆူ နယ္စပ္ဂိတ္မွာ ေရာက္လာပါၿပီး” ဟု ယေန႔ (ဧၿပီ ၁၂ ) ရက္တြင္ ေကအိုင္စီသို႔ ေျပာသည္။

ျပန္လည္ေရာက္ရွိလာသူမ်ားထဲမွ မြန္ျပည္နယ္အတြင္း ေနထိုင္သူမ်ားကို ၎တို႔၏ျပည္နယ္အစိုးရထံ လႊဲေျပာင္းပို႔ေဆာင္ ေပး သြားမည္ျဖစ္ၿပီး ကရင္ျပည္နယ္ႏွင့္ အျခားတုိင္းေဒသႀကီးအသီးသီးမွ ေနထိုင္သူမ်ားအား ဘုရားသုံးဆူၿမိဳ႕စာသင္ေက်ာင္းႏွင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕စာသင္ေက်ာင္းမ်ားတြင္ ေနရာသတ္မွတ္ထားၿပီး က်န္းမာေရးေစာင့္ၾကည့္မႈ ျပဳလုပ္သြားမည္ဟု တာဝန္ရွိသူမ်ားထံမွ သိရသည္။

ထုိင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူဂိတ္တြင္ မတ္လ ၁၅ ရက္ေန႔က ျပည္ပမွ ျပန္လာသူမ်ားကို က်န္းမာေရးစစ္ေဆးမႈမ်ား စတင္ေဆာင္ရြက္ေပးေနၿပီး ယေန႔အခ်ိန္ထိ ထိုင္းႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ ျမန္မာႏိုင္ငံသားမ်ား ေန႔စဥ္ ဝင္ေရာက္လာ ေသးသည္ဟု နယ္စပ္ဂိတ္တြင္ က်န္းမာေရးစစ္ေဆးမႈ ပူးေပါင္းအဖြဲ႔မ်ားထံမွ သိရသည္။ http://kicnews.org/2020/04/%e1%80%91%e1%80 %af%e1%80%ad%e1%80%84%e1%80%b9%e1%80

 

မွတ္ခ်က္။       သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

ကောက်နုတ်ထားသော သတင်းခေါင်းစဉ်များ

(No. 16, April 10, 2020)

၁။        RCSS/SSA  ကိုဗစ် တိုက်ဖျက်ရေး ဆေးတပ်အား အစိုးရတပ် လိုက်လံတိုက်ခိုက်

၂။         လူမျိုးနှင့် ဒေသစွဲမထားဘဲ ကျန်းမာရေး အသိပေးညွှန်ကြားချက်များကို လိုက်နာကြရန် KNU တိုက်တွန်း

၃။        ချင်းပြည်နယ်ဆမီးမြို့က စစ်ဘေးရှောင် သုံးထောင် ရေအခက်အခဲဖြစ်နေ

၄။        မွန်ပြည်နယ်တွင် ဆေးရုံ Quarantine ဝင် ထိုင်းပြန် ၃ ဦး သေဆုံး

၅။        လူထုဆန္ဒအတိုင်း မဲဆန္ဒနယ်မ ထပ်အောင် ကြိုးပမ်းမည်ဟု ပြည်နယ်အခြေစိုက် ကရင် ၂ ပါတီပြော

၆။        ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်

၇။        မွန် မှာ စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်ရက် ၁၄ ရက် မပြည့်သေးသူတွေ အပါအဝင် အားလုံးကို ပြန်လွှတ်

၈။        ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိ၍ မိန်းကလေးအပါအဝင် ၉ ဦး သေဆုံး၊ ၆ ဦး ဆေးကုသမှု ခံယူနေ

၉။        မူဆယ်မြို့ရှိ MPT ရုံးအား လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် ပစ်ဖောက်ခံရ

၁၀။      မော်ချီး Quarantine စင်တာတွင် လက်ဆေးရည်၊ စောင်၊ ခေါင်းအုံးများမရှိ

၁၁။      ဥရုချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် တရားဝင် ရွှေတူးဖော်နေမှုကို ဒေသခံတစ်ချို့သဘောမတူ

၁၂။      တိုက်ပွဲများရပ်ပြီး COVID-19 အရေး ပူးပေါင်းရန် ALP တိုက်တွန်း

၁၃။      တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်               ထား

၁၄။      ဖားကန့်မြို့ အဝင်အထွက်ကို စတင်စစ်ဆေးတော့မည်ဟု ပြည်နယ်အစိုးရပြော

၁၅။      ဘီးလင်းမြို့နယ်၊ ညောင်သာယာကျေးရွာတွင် ပဋ္ဌာန်းသိမ်းပွဲ၌ ခေါက်ဆွဲကြော်နှင့် ရေခဲမုန့် ကျွေးမွေးရာမှ ရဟန်း၊                          သာမဏေနှင့် ရွာသူ၊ ရွာသား ၄၀ ကျော် အစာ အဆိပ်သင့်မှုဖြစ်ပွား

၁၆။      သျှမ်းပြည်တွင် ဒုတိယမြောက် ကိုဗစ် လူနာ တောင်ကြီးသားဖြစ်

၁၇။      COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို RCSS စိုးရိမ်

၁၈။      ကပ်ရောဂါဘေး ကာလကြီးမှာ စည်းလုံးညီညွတ်ကြဖို့ ကက်သလစ် ရဟန်းမင်းအမတ် တိုက်တွန်း

၁၉။      ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားချက်သည် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်း               ကွဲစေ သည်ဟု ဆိုကာ အရေးယူပေးရန် လင်းခေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ထံတိုင်ကြား

၂၀။      တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချက်ချင်းရပ်တန့်ရန် ND-Burma တောင်းဆို

၂၁။      ကျန်းမာရေးစစ်ဆေးမှုအားနည်း၍ ကပ်တဲလ်ကျေးရွာ ဒေသခံများ စိုးရိမ်နေ

၂၂။       ကွတ်ခိုင်တွင်ရက်ဆက် မူးယစ်ဆေး ဖမ်းမိ တရားခံ မမိ

၂၃။      မြန်မာပိုင်နက်ထဲ တရားမဝင် ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်စက်လှေများကို သတိပေး ပစ်ခတ်ခဲ့ရ

၂၄။      Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

၂၅။      ထိုင်း-မြန်မာနယ်စပ် ရာဘာတောထဲ သောင်တင်နေသည့် မြန်မာနိုင်ငံသား ၁၀ဝ ကျော်အား သွားရောက်ခေါ်ယူ

************

၁။        RCSS/SSA  ကိုဗစ် တိုက်ဖျက်ရေး ဆေးတပ်အား အစိုးရတပ် လိုက်လံတိုက်ခိုက်

April 13, 2020

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ကိုဗစ် ၁၉ နှင့်ပတ်သက်ပြီးကျေးလက်အတွင်း ကွင်းဆင်းဆေးစစ်မှု ပေးနေ သော RCSS/SSA တပ်နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ဧပြီလ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်က မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအနီးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ ၁၅ မိနစ်ခန့်အကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ထိတွေ့မှုဖြစ်တာပါ။ ၁၅ မိနစ်ပါပဲ။ အစိုးရ တပ်ကကျနော်တို့ ဆက်ဆံရေးရုံးကို သတင်းမပို့ဘဲ သွားချင်တိုင်းသွားတော့ ကျနော်တို့ တပ်နဲ့ထိတွေ့မှုဖြစ်သွားတာပါ” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေး က ဆိုသည်။ RCSS/SSA နှင့် ထိတွေ့မှုဖြစ်ပွါးခဲ့ သော အစိုးရတပ်မတော်သည် မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအုပ်စု ကောင်းပက်ရွာနှင့်နောင်လေရွာအကြား အခြေစိုက်သည့် ရလခတိုင်း လက်အောက်ခံ ခမရ ၁၅၃ တပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်သည် ဧပြီလဆန်းကတည်းက ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ် ၁၉ နှင့်ပတ်သက်ပြီး ဆေးစစ်မှု၊ ကူညီ ထောက်ပံ့မှုပေးနေသည့် RCSS/SSA ၏ ကျန်းမာရေးအဖွဲ့အား လိုက်လံဟန့်တားနေသောတပ်ဖွဲ့ ဖြစ်ကြောင်း၊ ရွာသားများ အားလည်း ဆေးစစ်မှုလက်မခံရန် တားမြစ်သည်ဟု RCSS/SSA ဘက်က ပြောပါသည်။ https://burmese.shannews.org/ archives/16139

**************

၂။         လူမျိုးနှင့် ဒေသစွဲမထားဘဲ ကျန်းမာရေး အသိပေးညွှန်ကြားချက်များကို လိုက်နာကြရန် KNU တိုက်တွန်း

April 10, 2020

နိုင်ငံအတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ရောဂါ ဖြစ်ပွားနေသည့်အပေါ် လူမျိုးနှင့် ဒေသစွဲမထားကြဘဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၏ အသိပေးညွှန်ကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန် ဧပြီ ၉ ရက်နေ့က ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့နယ် KNU-ကရင်အမျိုးသားအစည်းအရုံး၏ မွန်-ကရင်ပူးတွဲအုပ်ချုပ်ရေးနယ်မြေက အသိပေးစာ ထုတ်ပြန် လိုက်သည်ဟု သိရသည်။

ပြည်ပမှ ပြန်လာသူများ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၏ သတ်မှတ်ညွှန်ကြားချက်များအပေါ် လိုက်နာနေထိုင်သွား ရန်နှင့် အခက်အခဲရှိလာပါက မွန်-ကရင်ပူးတွဲ အုပ်ချုပ်ရေးနယ်မြေအတွင်းရှိ နီးစပ်ရာဂိတ်စခန်းများတွင် အကူအညီ တောင်းခံ နိုင်သည်ဟု ၎င်းတို့၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မွန်-ကရင်ပူးတွဲ အုပ်ချုပ်ရေးနယ်မြေ ဥက္ကဋ္ဌ ပဒိုစောဝါးတားတားက “ KNU ဗဟိုက ချမှတ်ထားတဲ့ ကိုဗစ်ရောဂါ အသိပေး လက်ကမ်းစာစောင် တွေ ရွာတွေမှာ လိုက်ကပ်ထားပေးတယ်။ ရွာတွေမှာ အခက်အခဲဖြစ်လာရင် ကျနော်တို့ကို အချိန်မရွေး အကူအညီတောင်းနိုင် တယ်ပေါ့နော်။ ဒီအချိန်မှာ မွန်တွေ၊ ကရင်တွေ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲထက် လူသားဝါဒတစ်ခုထဲနဲ့ ဒီရောဂါကြီးကို ပူးပေါင်း တိုက်ဖျက်သွားဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဧပြီ ၉ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီနှင့် KNU အဖွဲ့တို့ ပူးတွဲအုပ်ချုပ်သည့် တောင်ပေါက်နယ်မြေများတွင် ကရင်၊ ပအိုဝ်း၊ မွန်၊ ဗမာ၊ လောရှမ်းတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် နယ်မြေလည်းဖြစ်ပြီး ကျေးရွာအသီးသီးတွင် ထိုင်းနိုင်ငံ  မှ ပြန်လာ သူ ၃၇ဝ ဦးကို သတ်မှတ်ထားသည့်နေရာများတွင် စောင့်ကြည့်ထားရှိသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်ထားသည့်နေရာများတွင် ၁၄ ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး သတ်မှတ် စည်းမျဉ်းများ လိုက်နာမှုမရှိသူများကို အရေးယူခံရမည်ဟု KNU ဝင်းရေးမြို့နယ်က ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့က ကြေညာ ချက် ထုတ်ပြန်ထားသည်။ http://kicnews.org/2020/04/%e1%80%9c%e1%80%b0%e1%8  0%99%e1%80%b a%e1%80%ad%e1%80

***************

၃။        ချင်းပြည်နယ်ဆမီးမြို့က စစ်ဘေးရှောင် သုံးထောင် ရေအခက်အခဲဖြစ်နေ

April 12, 2020

ချင်းပြည်နယ် ဆမီးမြို့မှာတော့ တပ်မတော်နဲ့  AA တို့ရဲ့ ပလက်ဝတိုက်ပွဲကြောင့် စစ်ဘေးရှောင်လာတဲ့သူ သုံးထောင်ရှိ နေပြီ ဖြစ်ပြီး သောက်သုံးရေအခက်အခဲရှိနေကြောင်း ဆမီးမြို့ဒေသခံတစ်ဉီးက မဇ္ဈိမကိုပြောသည်။ ဆမီးမြို့ဒေသခံက “စားနပ် ရိက္ခာကတော့ အလှူရှင်တွေက ပံ့ပိုးပေးတယ်။ ဒါပေမယ့် ဟင်းစားတော်တော်အခက်အခဲရှိပါတယ်။ ပြီးရင်ရေပြဿနာ ရှိ တယ်။ ရေပြဿနာဆိုတာက အဲ့ဒီအနီးအနားကမြစ်ချောင်းတစ်ချောင်းကိုပဲ အားလုံးက သောက်သုံးနေကြတာဆိုတော့ အဲ့ဒီ ရေက သန့်ရှင်းတဲ့ရေမဟုတ်ဘူး။”ဟုပြောသည်။

မတ်လအကုန်က ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွေမှာ လူ ၃၀ဝ လောက် ကိုယ့်အိမ်ကိုပြန်ပြီးနောက် ယခု ဧပြီလတွင်း စစ်ဘေးရှောင်သူဦးရေ ပြန်လည်တိုးလာခြင်းဖြစ်သည်။ ထို့အပြင် အဲ့ဒီစစ်ဘေးရှောင်စခန်းတွေမှာ အိမ်သာအခက်အခဲလည်း ဖြစ်နေကြောင်း ဒေသခံကပြောသည်။ “ပြဿနာက အိမ်သာဆောက်မယ့်နေရာပြဿနာ အများဆုံးပဲ။ အိမ်သာကေ ရေလောင်းအိမ်သာ ဆိုနည်းနည်းအဆင်ပြေတယ်ဗျာ။ ရေလောင်းအိမ်သာဆောက်ဖို့က အခက်အခဲဖြစ်နေတယ်။ ပြီးရင် အိမ်သာ ခွက်တွေကလည်း အခက်အခဲရှိတယ်။”ဟုပြောသည်။

လက်ရှိမှာလည်း COVID-19 ရောဂါကြောင့် လူစုလူဝေးရှောင်ရချိန်မှာ ထိုစစ်ဘေးရှောင် စခန်းတွေမှာ လူအယောက် ၃၀ဝဝ ဝန်းကျင်ရှိသည်။ ထို့အပြင် ရေအခက်အခဲကြောင့်လည်း လက်ကို အချိန်တိုင်းမဆေးနိုင်သလို မျက်နှာဖုံး (Mask)တွေမှာ လည်း မလုံလောက်ဘဲဖြစ်နေတယ်လို့ ဒေသခံကပြောသည်။ “COVID-19 ကာကွယ်ဖို့နဲ့ ပတ်သက်ပြီး mask ဆိုလည်းမရှိ ဘူး။ လက်ဆေးရည်ဆိုတာလည်းမရှိဘူး။ ဒီစစ်ဘေးရှောင်စခန်းကလူတွေဆီမှာ ရှိမနေဘူး။ လက်တွေဘာတွေ ခဏခဏ ဆေးဖို့ဆိုရင် ရေတွေလည်း မရှိတာဖြစ်တယ်။ ပြီးရင်ရေအခက်အခဲလည်းဖြစ်တယ်။”ဟုပြောသည်။

ချင်းပြည်နယ် ဆမီးမြို့မှာတော့ စစ်ဘေးရှောင်စခန်း ငါး ခု ရှိပြီး စစ်ဘေးရှောင်ပြည်သူတွေထဲမှာ အများစုက ကလေးတွေ ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလဟာ COVID-19 ရောဂါကာလဖြစ်သော်လည်း ချင်းပြည်နယ်ဘက်နဲ့ ရခိုင်ပြည်နယ် ကြားမှာတော့ တပ်မတော်နဲ့ အကြမ်းဖက်အဖွဲ့ AA တို့ရဲ့တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ဧပြီ ၉ ရက်နဲ့ ၁၀ ရက်နေ့ မှာလည်း ဆမီးနဲ့ ပလက်ဝကြားမှာ ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။ http://www.mizzimaburmese.com/article/68904

**************

၄။        မွန်ပြည်နယ်တွင် ဆေးရုံ Quarantine ဝင် ထိုင်းပြန် ၃ ဦး သေဆုံး

April 10, 2020

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးပြန်လာသည့် ပြည်နယ်တခု ဖြစ် သော မွန်ပြည်နယ်တွင် ယနေ့ နံနက်ပိုင်းက ဆေးရုံ Quarantine ဝင်နေသူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။ အဆိုပါက လူနာ ၃ ဦးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူများဖြစ်ပြီး မွန်ပြည်နယ် သံဖြူဇရပ် တွင် ၂ ဦး နှင့် သထုံ တွင် ၁ ဦး တို့ ဖြစ်ကြောင်း ယင်းမြို့များမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီ သို့ အတည်ပြုသည်။ သထုံမြို့မှ သေဆုံးသွား သော လူနာအမျိုးသားသည် မတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိ လာသူဖြစ်ပြီး ရက် ၂၀ ကျော် ကြာမှ COVID-19 ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး ဆေးရုံသို့ အချိန်မှီမရာက်ရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သထုံ မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောသည်။ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ထားချက်အရ မွန်ပြည်နယ်တွင် ကျိုက်မရောမှ လူနာတဦးသာ COVID-19 ရောဂါရှိပြီး ကျန်သူများမှာ အားလုံး negative ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ထားသည်။

သံဖြူဇရပ်မြို့တွင် ယနေ့ သေဆုံးသွားသော လူနာ ၂ ဦးတွင် ၁ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး အစိုးရက သီသန့် စောင့်ကြည့်နေရာတွင် Quarantine အသက် ၂၀ ဝန်းကျင်အမျိုးသမီးတဦးဖြစ်ပြီး ၎င်းသည် နှလုံးရောဂါ အခံရှိခြင်းကြောင့် ဧပြီလ ၅ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့တွင်သေဆုံး သွားခြင်းဖြစ်ကြောင်း သံဖြူဇရပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောသည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သား ဦးရေသည် အနည်းဆုံး ၂ သောင်းဝန်းကျင် အထိ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ ရှိသူ ၂၇ ဦးအထိ ရှိလာပြီး သေဆုံးသူ ၃ ဦးအထိ ရှိနေပြီဖြစ်သည်။ https://burma.irrawaddy.com/news/2020/04/ 10/220474.html

*************

၅။        လူထုဆန္ဒအတိုင်း မဲဆန္ဒနယ်မ ထပ်အောင် ကြိုးပမ်းမည်ဟု ပြည်နယ်အခြေစိုက် ကရင် ၂ ပါတီပြော

April 10, 2020

ကရင်ပြည်သူလူထုများ ဖြစ်စေချင်သော ဆန္ဒသဘောထားအရ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကရင်ပါတီများအချင်းချင်းမဲဆန္ဒနယ်မြေ မထပ်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်နယ် အခြေစိုက် ကရင် ၂ ပါတီမှ ထုတ်ဖော် ပြောဆိုလိုက်သည်။

ပြည်နယ်အခြေစိုက် ကရင်ပါတီများ၏ လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ မဲဆန္ဒရှင် ကရင်ပြည်သူလူထုများအကြား ရှုပ်ထွေးဝေ၀ါးမှုများ ဖြစ်ပေါ်နေသည့်အပေါ် ထိုကရင်နိုင်ငံရေးပါတီ ၂ ပါတီ၏ ပါတီခေါင်းဆောင်များအား ဆက်သွယ်မေးမြန်းရာတွင် ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ပြည်သူလူထု ဖြစ်စေချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ချင်သည့် အတွက် သူ(PSDP)ရော ကျန်တဲ့ ကရင်ပါတီတွေနဲ့ပါ မဲဆန္ဒနယ်မြေတစ်ခုမှာ မထပ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစား ညှိနှိုင်းသွားပါမယ်” ဟု ယမန်နေ့ (ဧပြီ ၉ ရက်)တွင် ပြောသည်။

ထို့အတူ KNDP နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ -PSDP ပါတီ ၂ ခု စလုံးမှ ကရင်ပြည်နယ်အတွင်း အဓိကထား ယှဉ်ပြိုင် မည်ဟု အသီးသီး ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည့်အတွက် မဲဆန္ဒနယ် အငြင်းပွားမှုကိစ္စများမှ အစပြုကာ ကရင်ပါတီများ အချင်းချင်း မသင့်မြတ်သည့် အခြေအနေများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မဲဆန္ဒရှင် ကရင်ပြည်သူလူထုအချို့၏ ထုတ်ဖော် ပြောဆိုမှုများလည်း ရှိခဲ့သည်။

PSDP ဥက္ကဋ္ဌ စောခင်မောင်မြင့်က “မဲဆန္ဒနယ်တစ်ခုမှာ ကရင်ပါတီ ၂ ခုဝင်တာမျိုး လုံးဝ ရှောင်ရှားသွားမယ်လို့ သဘောတူ ထားတယ်။ မဲဆန္ဒနယ်လေး နည်းနည်းတော့ ခွဲရမှာပေါ့။ အဓိကက ကရင်ပါတီ အချင်းချင်း ပြန်ပြိုင် တာတော့ လုံးဝကို ရှောင်ရှားသွားမယ်” ဟုပြောသည်။ လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက်(KNDP) နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)၊ ရန်ကုန် အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ (KNP)တို့ တရားဝင် နိုင်ငံရေးပါတီများအဖြစ် ရပ်တည် လှုပ်ရှားလျက်ရှိသည်။ http://kicnews.org/2020/04/%e1%80%9c%e1%80%b0%e1%80%91%e1%80 %af%e1%80%86%e1%82%

**************

၆။        ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်

April 12, 2020

ပလက်ဝမြို့ စည်ပင်ဝန်ထမ်းတဦးကို ရက္ခိုင့်တပ်မတော်(အေအေ)အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အေအေနဲ့ တပ်မတော်တို့ကြား ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ပလက်ဝမြို့ ပတ်ပတ် လည်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ပလက်ဝမြို့ ဧရိယာထဲရှိ ခရစ်ယာန်ဘုရားကျောင်းအနီး တောင်ကုန်းပေါ်ကို လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပိုင်းအစတွေဟာ ပလက်ဝမြို့ ရဲစခန်းနဲ့ ဈေးနားအထိ ကျရောက်ခဲ့တယ်လို့ ချင်းပြည်နယ် စည်ပင် ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အသက် ၄၀ နဲ့  ၅၀ ကြားရှိ စည်ပင်ဝန်ထမ်းတဦးကို အေအေအဖွဲ့က ညပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။

အစိုးရက အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့အတွက် အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေ ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲတွေ ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းထိ စစ်ဘေးရှောင် အိမ်ထောင်စု ၈၄၀၊ လူဦးရေ ၃၆၅၇ ဦး၊ ဆမီး မှာ အိမ်ထောင်စု ၆၇၆၊ လူဦးရေ ၂၈၄၁ ဦး ရှိနေပြီလို့ သိရပါတယ်။ http://burmese.dvb.no/archives/381981

**************

၇။        မွန် မှာ စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်ရက် ၁၄ ရက် မပြည့်သေးသူတွေ အပါအဝင် အားလုံးကို ပြန်လွှတ်

April 11, 2020

မွန်ပြည်နယ်မှာ သထုံမြို့အပါအဝင် မြို့နယ် ၁၀ ခုမှာ ရှိတဲ့ စောင့်ကြည့်ရေးစင်တာတွေက စောင့်ကြည့်ရက် ၁၄ ရက်ပြည့်ပြီးသူ တွေအပြင် မပြည့်သေးသူ ပြည်တော်ပြန်အားလုံးကို ဧပြီ ၁၀ ရက်နေ့က နေအိမ်တွေကို ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရ ကြောင်း မွန်ပြည်နယ်လွှတ်တော် သထုံလွှတ်တော်အမတ် ဒေါ်ခိုင်ခိုင်လဲ့က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ပြည်တော်ပြန်တွေအနက် ဧပြီ ၁၀ ရက်နေ့အထိ စောင့်ကြည့်လူနာထဲက သေဆုံး သူ ၁၀ ဦးအထိရှိ လာပြီလည်း ဖြစ်ပါတယ်။ ‘ ‘ မနေ့က သောကြာနေ့က အကုန်လုံးကို ပြန်လွှတ်လိုက်တာ။ ဘာကြောင့်လွှတ်တယ်ဆိုတာလည်း မသိရဘူး။ ဒီလူတွေကို နေအိမ်မှာပဲ ကွာရန်တင်းလုပ်မယ်လို့ သိရတယ်။ ဒါပေမယ့် စောင့်ကြည့် စင်တာမှာတောင် စည်ကမ်း လိုက်နာမှုရှိတာ မဟုတ်ဘူး။ ၆ ပေခွာဆို ကုတင်တွေ ကပ်ထားတယ်။ နေအိမ်ပြန်ရောက်တော့လည်း အိမ်မှာမနေဘူး။ ဆိုင်ကယ်နဲ့ လမ်းထွက်နေကြတယ်”လို့ ဒေါ်ခိုင်ခိုင်လဲ့က အခြေအနေကို ပြောပြပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ပြည်တော်ပြန်ဝင်လာသူတွေကို စောင့်ကြည့်ရေးစင်တာမှာ ၁၄ ရက် စောင့်ကြည့်မှု ခံယူဖို့နဲ့ ငြင်းဆန်ပါက ဥပဒေအရအရေးယူဖို့ ထုတ်ပြန်ထားတာ တွေလည်းရှိပါတယ်။ ဒါပေမယ့်လည်း သထုံမြို့နယ်အတွင်း မှာတော့ စည်းကမ်းမလိုက်နာသူတွေကို အရေးယူတာမျိုးတော့ မတွေ့ရဘူးလို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ကပြောပြပါ တယ်။  https://www.bbc.com/burmese/burma-52255202

**************

၈။        ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိ၍ မိန်းကလေးအပါအဝင် ၉ ဦး သေဆုံး၊ ၆ ဦး ဆေးကုသမှု ခံယူနေ

April 13, 2020

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်က လက်နက်ကြီး ကျည်ထံ ကျရောက်ပေါက်ကွဲ၍ အရပ်သား (၉) ဦးသေဆုံးပြီး ၆ ဦးကို အရေးပေါ်ဆေးရုံပို့ဆောင်ထားရကြောင်း ပုဏ္ဏားကျွန်း မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။ အဆိုပါ လက်နက်ကြီး ကျည်ကျရောက်ပေါက် ကွဲမှုကြောင့် ကျောက်ဆိပ်ကျေးရွာသား ၄ ဦးမှာ ပွဲချင်းပြီး သေးဆုံးခဲ့ခြင်းဖြစ်ပြီး ပုဏ္ဏားကျွန်းဆေးရုံတွင် ၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကာ ၈ ဦးကို စစ်တွေဆေးရုံသို့ပို့ဆောင်စဉ်လမ်းတွင် ၂ ဦး ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ကျောက်ဆစ်ရွာမှာ ပွဲချင်းပြီး ဆုံးတာက ၄ ဦး၊ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆုံးတာ ၃ ဦး၊ နောက်ထပ် စစ်တွေကို အရေးပေါ် လူနာတင်လို့ လမ်းမှာ ဆုံးတာက ၂ ဦး ပေါင်း ၉ ဦး သေဆုံးတာ။” ဟု ပြောသည်။ သေဆုံးသူများမှာ ထက်မြတ်ဦး (၁၃) နှစ်၊ ဒေါ်သန်းသန်းစိုး (၂၅)နှစ်၊ ဦးလူလှချေ (၁၈)နှစ်၊ ဦးနီထွန်း (၂၆)နှစ်၊ ဦးမောင်မောင်ချေ (၂၂) နှစ်နှင့် အောင်ဆန်းနိုင် ၁၆ နှစ် တို့ အပါအဝင် ပေါင်း (၉) ဦး ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က အတည်ပြုပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ကျောက်ဆိပ်ကျေးရွာသည် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် (၂) မိုင်ခန့်သာ ဝေးကွာပြီး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဒေသခံများက ပြောသည်။ မည်သည့်ဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆံဆိုသည်ကိုတော့ အတိအကျ မသိရသေးပေ။ ပုဏ္ဏားကျွန်းမြို့အဝင်တွင်တည်ရှိသည့် အမှတ် (၅၅၀) ခြေလျင်ခြေမြန် တပ်ရင်း ရှိကြောင်း  ဒေသခံများက ပြောဆိုကြသည်။ အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ (၁) နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ အရပ်သားများသေဆုံးမှုလည်း မြင့်တက်လာနေသည်။ ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင် မြောက်ပိုင်းဒေသတွင် သိန်းချီသော ဒေသခံများမှာလည်း စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြရသည်။ http://www.miz zimaburmese.com/article/68936

**************

၉။        မူဆယ်မြို့ရှိ MPT ရုံးအား လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် ပစ်ဖောက်ခံရ

April 13, 2020

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးဝန်းရှိ MPT Mobile ဝန်ဆောင်မှုရုံးကို ဧပြီလ ၁၂ ရက် ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် နှစ်ကြိမ် ပစ်ဖောက်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ဖောက်မှု ဖြစ်စဉ်ကြောင့် MPT Mobile ဝန်ဆောင်မှုရုံး၏ အတွင်းအပြင် ပျက်စီးခဲ့ကာ မြန်မာဆက်သွယ်ရေး ရုံးဝန်း အတွင်း MPT Mobile ဝန်ဆောင်မှုရုံးဘေးကပ်ရပ် ရပ်ထားသော Honda Fit အမျိုးအစားကား နောက်မှန်၊ Wish အမျိုးအစား ကားနောက်မှန်နှင့် KIA အမျိုးအစား ကားအလယ်မှန်တို့အပြင် အနီးအနားရှိ အိမ်တချို့မှ ပြုတင်းပေါက်မှန်တချို့ ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သတ်၍ မူဆယ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ကနဦး စုံစမ်းဖော်ထုတ်ချက်အရ လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် နှစ်ကြိမ်ပစ်ဖေါက်ခံရပြီး အမှုကိုဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ https://news-eleven.com/article/169027

*****************

၁၀။      မော်ချီး Quarantine စင်တာတွင် လက်ဆေးရည်၊ စောင်၊ ခေါင်းအုံးများမရှိ

April 11, 2020

မော်ချီးဒေသ Facility Quarantine ထားရှိသည့် နေရာတွင် အသင့်ထားရှိရမည့် လက်ဆေးရေနှင့် စောင်၊ ခေါင်းအုံးများ ထားရှိ တာ မတွေ့ရကြောင်း ဖားဆောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောသည်။

“သိန်းငါးရာထဲက ဒီ COVID 19 အတွက် မော်ချီးဒေသကို ( သိန်း ၁၅၀ ) လှူဒါန်းပါတယ်ပြောပြီးမှ အဲဒီ Facility Quarantine ( စောင့်ကြည့်လူနာ တွေထားတဲ့ နေရာ )ကို သွားစစ်လိုက်တဲ့ အချိန်မှာ ဘာမှအဆင်သင့် မရှိတာတွေ့ရတယ်”လို့ မဇ္ဈိမ သတင်းဌာနကို ပြောသည်။ မော်ချီးဒေသ အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီမှ မတည်၍ မော်ချီး ဒေသ သဘာဝ ဘေး အန္တရာယ်ကာကွယ်ရေး ရံပုံငွေ သိန်း ၅၀ဝ အထဲမှ ငွေကျပ် သိန်း ၁၅၀ကို COVID 19 ရောဂါ တိုက်ဖျက် ရေးအတွက် အသုံးပြုရန် လှူဒါန်းခဲ့ကြောင်း နန်းထွေးသူက ရှင်းပြသည်။

“ဒီငွေတွေကို သူတို့က ကော်မတီဖွဲ့ပြီးမှ ဒီသဘာဝဘေးအတွက် သိန်း ၁၅၀ လှူထားတယ်ဆိုရင် ကော်မတီကနေ လိုအပ်တဲ့ ပံ့ပိုးမှု ပစ္စည်း ကိရိယာတွေ ဖြည့်ပေးရမှာလေ သူတို့မှာ တာဝန်ရှိတယ်”လို့ ဆိုသည်။ မော်ချီးဒေသ လိုခါးလိုတိုက်နယ်ဆေးရုံ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုကော်မတီတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်ချီး အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီပိုင်ရှင်များ စုစုပေါင်း ၁၉ ဦးပါသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မော်ချီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးကျော်ကင်းကတော့“ စောင့်ကြည့် လူနာ ၁၀ ယောက် ဆိုရင် တစ်ရက်ကို ခြောက်သောင်းလောက်ရှိတယ် အစိုးရက ဘာမှ မပေးဘူးလေ၊ ငါတို့ အဲဒီ ( သိန်း ၁၅၀ ) ထဲက သုံးထား တာ ဖြစ်တယ်”လို့ ဆိုသည်။ http://www.mizzimaburmese.com/article/68878

***************

၁၁။      ဥရုချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် တရားဝင် ရွှေတူးဖော်နေမှုကို ဒေသခံတစ်ချို့သဘောမတူ

April 9, 2020

ဖားကန့် ဥရုချောင်းရှင်းလင်းရေးလုပ်သည့်နေရာတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်နေသည်မှာ အစိုးရမှ တရားဝင်ခွင့်ပြု ထားခြင်း ဖြစ်သည်ဟု သိရသည်။

တာမခံ ဟောင်ပါးဖက် ဥရုချောင်းရှင်းလင်းရေးလုပ်နေသောအဖွဲ့များမှ ချောင်းရှင်းလင်းရေးခေါင်းစဉ်ဖြင့် ကျောက်စိမ်းနှင့် ရွှေတူးဖော်လုပ်ငန်းများလုပ်ကိုင် နေကြသည်ဟု ဖားကန့် ဒေသခံတစ်ချို့ ကချင်သတင်းဌာန KNG ကို ဆက်သွယ်ပြောဆိုမှု များ ရှိခဲ့သည်။ ချောင်းရှင်းလင်းရာတွင်လိုအပ်သော စက်ယန္တရားများကို အစိုးရမှ မတတ်နိုင်သောကြောင့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ ရရှိလာသောသယံဇာတများကို လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန် သဘောတူညီမှု ရယူခဲ့ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။

‘‘ဥရုချောင်းရှင်းလင်းတဲ့အဖွဲ့က ဥရုချောင်းကို ပိတ်တန်းလုပ်ပြီး ကျောက်စိမ်းတူးဖော်တယ်။ နောက် ချောင်းရှင်းလင်းရေး ပြုလုပ်တယ်ဆိုပြီး ဥရုချောင်းထဲကိုဘဲ ရွှေမျှောပြန်တိုက်ချတယ်။ အဲ့လိုလုပ်နေတာ့ ချောင်းရှင်းလင်းရေး ဘယ်လောက်ဘဲ လုပ်လုပ် ထိရောက်မှုရှိမှာ မဟုတ်ဘူး။ ပြီးရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်နဲ့ကြည့်ရင်လည်း ဥပဒေနဲ့ မညီညွတ် ဘူး။ အစိုးရကိုလည်း ဒါကို ခွင့်မပြုပေးဖို့ တောင်းဆိုချင်တယ်’’ဟု ပြောသည်။

ဥရုချောင်းရှင်းလင်းရေးကို ယခင် အများပိုင် ကုမ္ပဏီများက တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်မှစ၍ ပြည်ထောင်စု၏ ညွှန်ကြားချက်နှင့်အညီ ပြည်နယ်အစိုးရ နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့၊

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျောက်မျက်တူးဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်(၃)ဦးနှင့် လူမှုအဖွဲ့အစည်း (၂)ဦး အသီးသီးပါဝင်ကာ လုပ်ဆောင်နေကြောင်း သိရပါသည်။ ဥရုချောင်း ရှင်းလင်းရေးအောက် ရွှေတူးဖော်ရန် ပြည်နယ်အစိုးရထံ ကုမ္ပဏီ ၁၆ ခုတင်ပြထားရာမှ ကုမ္ပဏီ ၈ ခု ကိုသာ ခွင့်ပြုထား ကြောင်း သိရသည်။ https://burmese.kachinnews.com/2020/04/09/%e1%80%a5%e1%80%9b%e1%80%af%  e1%80%81%e1%

**************

၁၂။      တိုက်ပွဲများရပ်ပြီး COVID-19 အရေး ပူးပေါင်းရန် ALP တိုက်တွန်း

April 13, 2020

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်ဆိုင်းပြီး COVID -19 ကပ်ရောဂါကို မြန်မာတနိုင်ငံလုံး ပူးပေါင်း တိုက်ဖျက်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဧပြီလ ၁၂ ရက်တွင် ကြေညာချက်တစောင်ထုတ်ပြန်ကာ တိုက်တွန်း လိုက်သည်။ ALP ၏ ထုတ်ပြန်ချက်တွင် တိုက်ပွဲများ ရပ်ဆိုင်းရန်၊ မောင်တောဒေသ နယ်စပ်ဂိတ် လူဝင်လူထွက်ကို တင်းကြပ် ရန်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်ဟူသည့် အချက်သုံးချက်ကို အဓိက ဖော်ပြထားပြီး ယင်းအချက်များကို ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့များ၊ နိုင်ငံတော်အကြီးအကဲများကို သိရှိစေလိုကြောင်း ALP ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြ ရာဇာလင်း က ဧရာဝတီသို့ ပြောသည်။

ဒေါ်စောမြ ရာဇာလင်း က “ပြည်သူတွေဆီကသတင်းတွေရပါတယ်။ အနောက်ဘက်ဂိတ်ဟာ ပွင့်နေတယ်ပေါ့။ ဘင်္ဂလားဒေ့ရှ် မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက တော်တော်ကို များနေပါပြီ။ ရောက်လာတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေက Quarantine ဘယ်လို လုပ်မလဲ။ သူတို့တွေကို ဘယ်လိုနေရာချမလဲဆိုတာ စဉ်းစားသင့်တာ ၁ ချက်ဖြစ်သလို ဂိတ်တွေကို အဝင်အထွက် အားလုံး ပိတ်ထားသင့်တယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် အသိ ပညာပေးမှုများရှိနေသော်လည်း၊ ကျေးလက်ဒေသရှိစစ်ဘေးရှောင်စခန်းများအထိ အသိပညာပေးနိုင်မှုမရှိကြောင်း၊ ကျေးလက် ရှိ စစ်ဘေးရှောင်စခန်းများတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် အသိပညာပေးမှုများ လုပ်ဆောင်နေရကြောင်း ရခိုင် တိုင်းရင်းသားများ ကွန်ဂရက် (REC) တွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ပြောသည်။

ALP သည် ရခိုင်တွင် ဖိနှိပ်မှုမှ လွတ်ကင်းရေးနှင့် တန်းတူရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ သောအဖွဲ့ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်လာခဲ့ပြီး၊ ထိုနှစ်ဧပြီလတွင် နှစ်ဘက်အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၁၃၂ ခုရှိနေပြီး စစ်ဘေးဒုက္ခသည် တသိန်းခြောက်သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားများကွန်ဂရက် (REC) ထံမှ သိရသည်။ https://burma.irrawaddy.com/news/2020/04/13/220599.html

**************

၁၃။      တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်ထား

April 12, 2020

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေသုံးခုနှင့် လမ်းသုံးခုတို့ကို ဆေးဖြန်းပြီး ၂၁ ရက် Lockdown ပြုလုပ်ထားကြောင်း ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ နယ်မြေ (၅) (၆) (၇) တို့ရှိ ရှမ်းလမ်း၊ ဥသြလမ်းနှင့် မေတ္တာလမ်းတို့ကို ယမန်နေ့ ညဘက် အချိန်တွင် လမ်းများ၊ ပိုးတွေ့လူနာနေအိမ်နှင့် မော်တော်ယာဉ်တို့ကိုလည်း ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ လမ်း (၃) လမ်းကို (၂၁) ရက် Lockdown ပြုလုပ်ကာ ခေတ္တပိတ်ထားပြီး၊ အများပြည်သူ သိရှိနိုင်စေရန်အတွက် ညောင်ရွှေဟော် ကုန်းရပ်ကွက်၊ လမ်းထိပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသံချဲ့စက်ဖြင့် လိုက်နာသိရှိနိုင်စေရန် ကြေညာပေးနေကြောင်း သိရသည်။ အဆိုပါ လမ်း (၃) ခုထိပ်တွင် တာဝန်ရှိသူများ စောင့်ကြပ်နေပြီး၊ လမ်းသုံးခု အတွင်းရှိ နေအိမ်များမှ ပြင်ပ မထွက် ခွာစေဘဲ၊ လုံခြုံရေး တာဝန်ရှိသူများက PPE ဝတ်စုံများဖြင့် စားသောက်စရာများကို ဝယ်ခြမ်းပြီး သွားရောက် ပေးပို့နေကြောင်း သိရသည်။

၎င်း၏ မိသားစုဝင်ဖြစ်သော လာကြိုခဲ့သည့် မိခင်နှင့် အမဖြစ်သူတို့သည် ဆေးရုံတွင် မနေဘဲ နေအိမ်ကို ပြန်လာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ညောင်ရွှေဟော်ကုန်းရပ်ကွက် နေအိမ်ကို လာရောက် ခေါ်ဆောင်ခြင်းဖြစ်ပြီး စဝ်စံထွန်း ဆေးရုံ ရှိ သီးသန့်ဆောင်တွင် ထားရှိစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ (Case-029) လမ်းကြုံလိုက်စီးခဲ့သော ကလောမြို့ နေထိုင်သူကိုလည်း Quarantine ဆောင်ရွက်ထားပြီး၊ လမ်းခရီးတွင် ကလောမြို့၊ နှစ်ထပ်လမ်း ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် တောင်လေးလုံးတို့ရှိ စစ်ဆေးရေး ဂိတ်တို့ တွင် လည်း ကျန်းမာရေး စစ်ဆေးခဲ့ကြသဖြင့် အဆိုပါ ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများကိုလည်း Quarantine ခံယူရန်ဆောင်ရွက်သင့်ကြောင်း  မြို့ခံများက ဝေဖန်နေကြသည်။ https://news-eleven.com/article/168935

**************

၁၄။      ဖားကန့် မြို့ အဝင်အထွက်ကို စတင်စစ်ဆေးတော့မည်ဟု ပြည်နယ်အစိုးရပြော

April 10, 2020

ကချင်ပြည်နယ် ဖားကန့်မြို့သို့ လူသစ်များထပ်မံဝင်ရောက်မှု မရှိစေရန် ဧပြီလ ၁၁ရက်နေ့မှစကာ လူအဝင်အထွက် စိစစ်တော့ မည်ဟု သိရသည်။ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ရောဂါစိုးရိမ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ပြောသည်။

“ဒေသခံတွေစိုးရိမ်တာကတော့ တစ်ဖက်မှာပြန်လာတဲ့သူတွေ ထိုင်းကပြန်လာတဲ့သူရှိတယ်။ တရုတ်ကပြန်လာတဲ့သူတွေ ရှိတယ်။ အလုပ်မရှိအကိုင်မရှိတဲ့သူတွေက ဖားကန့်ဒေသမှာ ရေမဆေးအဖြစ်ဝင်လာနိုင်တယ်။ ထိန်းချုပ်ဖို့ ပိုခက်သွားမယ်ဆို ပြီး ဒေသခံတွေတင်ပြတဲ့တွက် ကျနော်တို့က ၁၁ ရက်နေ့ပြီးတော့ စီစစ်ပေးသွားမှာဖြစ်ပါတယ်။ အဲလိုစီစစ်တဲ့နေရာမှာ ဒေသခံ မှတ်ပုံတင်ကိုင်ဆောင်တာ ဟုတ်မဟုတ်၊ ကျောက်မျက်ကုမ္မဏီမှာလုပ်ကိုင်နေတဲ့သူ၊ ခုနောက်ပိုင်းဆိုရင် သက်ဆိုင်ရာ က ရပ်ကွက်ထောက်ခံစာပါမပါ၊ မပါဘူး မဟုတ်ဘူးဆိုရင်တော့ အဝင်မခံပါဘူး။  ပြန်လွှတ်မှာဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော် ပြောသည်။

ယခုအစီစဉ်သည် ဖားကန့်မြို့သို့ ဝင်လာမည့်သူများကိုသာ စစ်ဆေးမည်ဖြစ်ပြီး ဖားကန့်မြို့မှ ထွက်လာသူများအား စစ်ဆေး မည် မဟုတ်ဘဲကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော် ပြောသည်။ ကချင်ပြည်နယ်အတွင်း ဧပြီလ ၈ ရက်နေ့ထိ စာရင်းများအရ Home Quarantine ထားရှိသူ ဦးရေ ၁၄၆၀ ကျော်ရှိပြီး၊ Facility Quarantine ဦးရေ ၈၄၀ ရှိကာ စုစုပေါင်း ပြည်ပမှပြန်လည် ရောက်ရှိလာသည့် လူဦးရေ ၃၀၃၆ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ https://burmese.kachinnews.com/20  20/04/10/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

***************

၁၅။      ဘီးလင်းမြို့နယ်၊ ညောင်သာယာကျေးရွာတွင် ပဋ္ဌာန်းသိမ်းပွဲ၌ ခေါက်ဆွဲကြော် နှင့် ရေခဲမုန် ့ကျွေးမွေးရာမှ ရဟန်း၊ သာမဏေနှင့် ရွာသူ၊ ရွာသား ၄၀ ကျော် အစာ အဆိပ်သင့်မှုဖြစ်ပွား

April 12, 2020

ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာတွင် ဧပြီလ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ပဋ္ဌာန်း သိမ်းပွဲ၌ ခေါက်ဆွဲကြော်နှင့် ရေခဲမုန် ့ကျွေးမွေးရာမှ ရဟန်း၊ သာမဏေနှင့် ရွာသူ၊ ရွာသား ၄၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ညောင်သာယာရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ပြုလုပ်တဲ့ ပဋ္ဌာန်းသိမ်းပွဲမှာ မနက်ပိုင်းမှာ ဘုန်းကြီးတွေကို ခေါက်ဆွဲကြော် ကပ် တယ်။ နောက်လူတွေစားကြတယ်ပေါ့။ နောက်နေ့ ဆွမ်းကပ်ပြီး ရေခဲမုန့် ကျွေးတယ်လို့သိရတယ်။ အများစုကတော့ ညောင်သာယာရွာကဘဲ။ တခြားရွာတွေကတော့ မလာကြဘူးပေါ့” ဟု ညောင်သာယာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာကျော်က ပြောကြားသည်။ “သူတို့က အန်ကြတယ်။ ဝမ်းသွားတယ်။ ဒီလောက်ပါဘဲ။ အခြေအနေကတော့ မစိုးရိမ်ရပါဘူး။ သူတို့ကို တောင်စွန်း တိုက်နယ်ဆေးရုံကတဆင့် ဇုတ်သုတ်တိုက်နယ်ဆေးရုံနဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထား ကြပါတယ်” ဟု ဦးသာကျော်က ဆက်လက်ပြောကြားသည်။

ဆင်အင်းကျေးရွာအုပ်စု၊ ညောင်သာယာကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် ပဋ္ဌာန်းသိမ်းပွဲ၌ ခေါက်ဆွဲကြော် ကျွေးမွေးကြောင်း၊ တချို့လည်း ပါဆယ်ယူသွားတာ မျိုးလည်းရှိကြောင်း၊ တချို့ကလည်း ဆွမ်းဆက်ကပ် ကျန်နေခဲ့ကြောင်းနှင့် ယင်းအခြေအနေမှ အစာအဆိပ်သင့်သလို ဖြစ်ကြခြင်း ဖြစ်ကြောင်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။ ၎င်းက ဆက်လက်ပြီး “လောလောဆယ် ရဟန်း (၂) ပါး၊ ကိုရင် (၄) ပါး၊ အမျိုးသား (၂၅) ဦနဲ ့အမျိုးသမီး (၁၂) ဦးကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပေးထား ကြပါတယ်။ နောက် ဇုတ်သုတ်တိုက်နယ်ဆေးရုံမှာ တစ်ဦးလို့တော့ ပြောကြတယ်။ အားလုံး (၄၄) ဦးဖြစ်သွားမယ်ပေါ့” ဟု ပြောကြားသည်။

အဆိုပါ ညောင်သာယာကျေးရွာ၌ အစာအဆိပ်သင့်မှု ခံစားခဲ့ကြရသည့် လူနာများအား ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ လူနာယာဉ်များဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးနှင့် ဇုတ်သုတ်တိုက်နယ် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ https://news-eleven.com/articl e/168962

***************

၁၆။      သျှမ်းပြည်တွင် ဒုတိယမြောက် ကိုဗစ် လူနာ တောင်ကြီးသားဖြစ်

April 11, 2020

COVID-19 အတည်ပြု လူနာ အမှတ် (၂၉ ) သည် တောင်ကြီးသားတဦးဖြစ်ပြီး စဝ်စံထွန် ဆေးရုံသို့ လွဲပြောင်းမည်ဖြစ်ကြောင်း ယနေ့ ည ၈ နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ထိုသူသည် အသက် (၂၆ ) အရွယ် အမျိုးသား ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၂၈ ရက်နေ့က ရောက်ရှိလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော facility Quarantine ပြုလုပ်ရာမှ ဓာတ်ခွဲ နမူနာ ပေးပို့ စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လက်ရှိအဆိုပါ လူနာ ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိပြီး လတ်တလော ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါလူနာသည် အစိုးရကြေငြာချက်ထုတ်ပြီးမကြာခင် ယနေ့ ညပိုင်းတွင် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ရောက်နေပြီဖြစ် ကြောင်း ၊ ၄င်းအားသွားကြိုခဲ့သူများအားလည်း Quarantine လုပ်ရန် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သျှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက မီဒီယာများသို့ ဖြေကြားသည်။ https://burmese.shanne ws.org/archives/16119

***************

၁၇။      COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို RCSS စိုးရိမ်

April 9, 2020

COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် သျှမ်းပြည်အတွင်း ရှိမြို့နယ် ၂၀ ကျော် ကို ကာကွယ်ရေး ပစ္စည်းများထောက်ပံ့လှူဒါန်းသွားမည် ဟု RCSS/SSA က ပြောသည်။

ထို သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၀ ကို COVID-19 တားဆီးကာကွယ်ရေး လှူဒါန်းရန်အတွက် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်သွားမည်ဟု PMC မှ ကိုယ်စားလှယ် ဗိုလ်ကြီး စိုင်းခမ်းဆေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီရောဂါ ဖြစ်လာရင် တမျိုးသားလုံး ထိခိုက်နိုင်တယ်။ ဒါတွေက အမျိုးသားလုံခြုံရေး အောက်မှာရှိတော့ အမျိုးသားလုံခြုံရေး ကိုလည်း ထိခိုက်လာနိုင်တယ်” ဟု ဗိုလ်ကြီး စိုင်းခမ်းဆေး က ဆို သည်။ RCSS/SSA အနေဖြင့် လူထုနှင့်လက်တွဲပြီး အတတ် နိုင်ဆုံး ကူညီသွားမည် ဟု လည်း ဆိုပါသည်။ https://burmese.shannews.org/archives/16071

****************

၁၈။      ကပ်ရောဂါဘေး ကာလကြီးမှာ စည်းလုံးညီညွတ်ကြဖို့ ကက်သလစ် ရဟန်းမင်းအမတ် တိုက်တွန်း

April 13, 2020

ကမ္ဘာမှာ COVID-19 ကပ်ဘေးရောဂါကြီး ရင်ဆိုင်နေချိန်ကာလ မျှော်လင့်ချက်ထားကြဖို့နဲ့ သွေးစည်းညီညွတ်ကြဖို့ ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်သာသနာပိုင် ကာဒီနယ်လ် Charles Bo က တိုက်တွန်းလိ်ုက်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့ ရန်ကုန် စိန့်မေရီ ကက်သလက် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းမှာ ပြုလုပ်တဲ့ အီစတာပွဲတော်အတွက် ဗွီဒီယိုမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ကမ္ဘာမှာ လူပေါင်း သန်းနဲ့ချီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး အဲဒီထဲမှာ အီတလီနိုင်ငံက ရိုမန်ကက်သလစ်ဘုန်းတော်ကြီး အနည်းဆုံး အပါး ၆၀ ကျော် အဲဒီရောဂါကြောင့် ပျံလွန်တော်မူခဲ့ကြောင်း ကာဒီနယ်လ် Charles Bo က အခုလို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် ဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ လူထောင်ပေါင်းများစွာအတွက်လည်း အစဉ်မပြတ် ဆုတောင်းပေးနေကြောင်းလည်း ကာဒီနယ်လ် Bo က ပြောပါတယ်။

COVID-19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် လူအချင်းချင်း အနီးကပ် ထိတွေ့မှုမလုပ်ဖို့၊ ဘာသာရေးနဲ့ အခြား လူမှုရေးဆိုင်ရာ လူစုလူဝေးနဲ့ ပြုလုပ်မှုတွေ တားမြစ်ထားတာကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ ပိတ်ထားရတဲ့ အခြေအနေ အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ကာဒီနယ်လ် Charles Bo က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မမြင်နိုင် တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားတွေကို သင်ခန်းစာပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ လက်နက်၊ စစ်အင်အားတွေ ကြီးမားတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေမှာတောင် COVID-19 ရောဂါကပ်ဘေးကို ဒူးထောက် အရှုံးပေးခဲ့ရတယ်လို့ ကာဒီနယ်လ် Charles Bo က ပြောကြားခဲ့ပါတယ်။

အခုလို ကမ္ဘာ့ကပ်ဘေးရောဂါကြီးကို လူသားချင်းစာနာမှု၊ ကူညီရိုင်းပင်းမှုတွေနဲ့ စည်းစည်းလုံးလုံး ကာကွယ်နိုင်ဖို့ သူ့ရဲ့ မိန့်ခွန်း မှာ တိုက်တွန်းသွားပါတယ်။ https://burmese.voanews.com/a/covid19-charles-bo/5369417.html

***************

၁၉။      ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားချက်သည် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်း ကွဲစေ သည်ဟု ဆိုကာ အရေးယူပေးရန် လင်းခေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်ထံတိုင်ကြား

12 April, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၏ လူမှုကွန်ရက်တွင် ရေးသားချက် သည် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေသည်ဟုဆိုကာ အရေးယူပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် လင်းခေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ရှမ်းပြည်နယ်အစိုးအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ဧပြီ ၁၂ ရက်တွင် စာပေးပို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်သည် ဧပြီ ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကိစ္စဖြင့် ခရိုင်၊ မြို့နယ် ကော်မတီဝင်များဖြင့် တွေ့ဆုံရန် လင်းခေးမြို့သို့ ရောက်ရှိခဲ့ပြီး တစ်ညအိပ်ခဲ့ကာ၊ ဧပြီ ၁၁ ရက်တွင် ရှမ်းလူမျိုးနှင့် အခြားတိုင်းရင်းသားလူမျိုးများ အချင်းချင်း ကြား မုန်းတီးခြင်းနှင့် စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ဖြစ်ပေါ်စေနိုင်သည့် စာသားများ ၎င်း၏ လူမှုကွန်ရက်တွင် ရေးတင်ခဲ့ခြင်းကို တွေ့ရှိရကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

ထိုသို့ ရေးသားခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၆၄) အရလည်းကောင်း၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၈) ဖြစ်သော တိုင်းရင်းသားလူမျိုးများ၏ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ (၂၄) ပါ မည်သူမျှ တိုင်းရင်းသားလူမျိုးများ အချင်းချင်းမုန်းတီးခြင်း၊ ရန်မူခြင်း စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော၊ သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူများကို မပြုလုပ်ရ အချက်အရလည်းကောင်း ဥပဒေဖြင့် ငြိစွန်းနိုင် သည့် အရေးအသားဖြစ်နေသောကြောင့် ရှမ်းပြည်နယ် ပြည်သူလူထုနှင့် လင်းခေးပြည်သူလူထုများကလည်း အဆိုပါဝန်ကြီး၏ ရေးသားမှုကို သဘောမတူသဖြင့် ထိုက်သင့်သည့်အတိုင်း အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဝန်ကြီးချုပ်က အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးနိုင်ရန်ဟု တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ယင်းသို့ ရေးသားမှုကို ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ပြန်လည်ဖျက်ခဲ့ပြီးတောင်းပန်စာ ပြန်လည်ရေးသားခဲ့သော်လည်း တိတိကျကျသေချာစွာ တောင်းပန်ထားခြင်း မဟုတ်ဟုဆိုကာ ရှမ်းတိုင်းရင်းသားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်မှုများရှိနေသည်။ https://news-eleven.com/article/169004

*************

၂၀။      တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် ND-Burma တောင်းဆို

April 10, 2020

Covid-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို လိုက်နာ၍ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်(ND-Burma)က ယနေ့ (ဧပြီ ၁၀ရက်) ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုလိုက် သည်။

တပ်မတော်အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် တည်ရှိနေမှုကိုအခွင့်ကောင်းယူ အသုံးချ၍ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ပြည်သူလူထုအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းထက် စစ်တပ်၏ လိုလားချက်ကို ရှေ့တန်းတင် ဆောင်ရွက်နေမှုအပေါ် ရှုတ်ချကြောင်း ND-Burma ကွန်ယက်က ဆိုသည်။

ကွန်ယက်၏ ပြောခွင့်ရ ဒေါ်သက်သက်အောင်က “ဒီအချိန်သည် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အားလုံးပူး ပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်။ အစိုးရ၊ တပ် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စသဖြင့် ဒါတွေသည် လက်ရှိမှာ Covid-19 ဖြစ်နေတဲ့ ကာလမှာတောင် ရပ်တန့်မှု မလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေး အတွက်ဆိုရင် ကျမတို့ ဘယ်လိုပုံဖော်ကြမလဲပေါ့။ အခုလက်ရှိ ကာလသည် အပစ်အခတ်ရပ်စဲထားရမယ့် ကာလဖြစ်တာ တောင် မရပ်စဲနိုင်တာ ဖြစ်တဲ့အတွက် ဒါကအင်မတန်မှ ပြည်သူ လူထုအတွက်ရော တိုင်းပြည်အတွက်ရော ဆုံးရှုံး နစ်နာမှုတွေရှိနိုင်ပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်နယ်တို့အတွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပြင်း ထန်လျက်ရှိပြီး တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးများပါ အသုံးပြုမှုကြောင့် အရပ်သား ပြည်သူများထိခိုက်သေဆုံးမှုများရှိ နေသလို စစ်ပြေးရှောင်နေရသူ သိန်းချီရှိနေပြီးဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။ အလားတူ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ကလည်း ရခိုင်၊ ချင်း၊ ကရင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင် နေမှုများကို ရပ်တန့်ရန်နှင့် တပ်စခန်းများရုပ်သိမ်းရန်၊ NCA ပါ အချက်များကို လိုက်နာရန်အပြင် အပစ်အခတ်ရပ်စဲ၍ Covid-19 ကာကွယ်ရေးအစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်စသည့် အချက် (၉)ချက်ပါ တောင်းဆိုချက်ဖြင့် ယမန် နေ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသေးသည်။

ND-Burmaကို တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နစ်နာသူများ၏ တရားမျှတမှုရရှိရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစ၍ မှတ်တမ်း တင်နေသည့်အဖွဲ့ဖြစ်သည်။ http://kicnews.org/2020/04/%e1%80%90%e1%80%af%e1%80%ad%e1%80%84  %e1%80%b9%e1%80

***************

၂၁။      ကျန်းမာရေးစစ်ဆေးမှုအားနည်း၍ ကပ်တဲလ်ကျေးရွာ ဒေသခံများ စိုးရိမ်နေ

April 11, 2020

မ္ဘာ့ကပ်ရောဂါ COVID19 ပိုး မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် ကျန်းမာရေးစစ်ဆေးမှု အားနည်းသောကြောင့် စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကပ်တဲလ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒိုခန်တွာန်က “သူနဲ့ ဆက်စပ်သူတွေ အကုန်လုံး မစစ်ဆေးနိုင်သေးဘူး၊ ကျန်သေးတယ်၊ အခု ၃၅ ယောက်က အုပ်ချုပ်ရေးအဖွဲ့နဲ့ လေ့လာပြီး သူတို့ဖော်ပြတဲ့သူတွေပဲပါတယ်၊ ကိုယ့်ဟာကို မပြောထွက်ချင်တဲ့သူက အများကြီး ကျန်သေးတယ်၊ အိမ်ရှင်ဖက်ကလည်း သေသေချာချာ မပြောဘူး၊ ပွဲလုပ်ပါတယ် ဆိုမှ ၃၅ ယောက်နဲ့ ဘယ်လို လုပ်မှာလဲ၊ ပွဲလုပ်တယ်ဆိုတာကတော့ အကုန်လုံးသိတဲ့အတိုင်းပဲ၊ နိုင်ငံခြားက ပြန်လာတာဆိုတော့ ဆွေမျိုး၊ သူငယ်ချင်း၊ အများကြီးရှိမှာပဲ၊ အဲဒါကြောင့် ကျွန်တော်တို့ အခုစိုးရိမ်နေရတာ၊ ပြီးတော့ သာမန်လူဖြစ်နေတဲ့သူတွေ ကနေ ရောဂါက တွေ့နေတယ်ဆိုတော့ အရမ်းစိုးရိမ်ရတာပေါ့၊ ပြီးတော့ အစိုးရကလည်း သူတို့ထုတ်ပြန်ချက်မှာ အဖျားမရှိ၊ အသက်ရှူကျပ်တာ မရှိဘူးလို့ ဖော်ပြတော့ ပြည်သူအချို့က ရောဂါမရှိဘူးလို့ပဲ ယုံကြည်ကြတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကပ်တဲလားကျေးရွာရှိ Lock down ချခံရသူ အားလုံး ကျန်းမာရေး စစ်ဆေးဖို့ မလိုကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပေါင်လွန်မင်ထန်က ပြောသည်။ ဝန်ကြီး ပေါင်လွန်မင်ထန်က “ရွာထဲက လူတွေ တော့ အကုန်လုံးစစ်ဖို့ မလိုပါဘူး၊ သူတို့လည်း အခုထိ ကျန်းကျန်းမာမာပဲ နေတယ်၊ ပြီးတော့ နိုင်ငံတကာ သက်မှတ်ချက်မှာ

လည်း ၂၁ ရက်လုံး စောင့်ကြည့်ရမယ်၊ ရွာထဲက လူတွေလည်း ပိုးဘာမှမတွေ့ရင်တော့ တစ်ရွာလုံးကို ဖြေလျှော့ပေးလိုက် မယ်” ဟု ပြောသည်။

ဦး ဒိုခန်တွာန်က “အခုပထမဆုံးတွေ့ရှိသည့် လူနာနဲ့ ဆက်စပ်သူ ၁၃ ဦးကို စစ်ဆေးတယ်၊ ကျန်းမာရေး ဝန်ထမ်း ၃ ဦးပါတယ်၊ အဲ့ထဲမှ လူနာမိခင်ကပါနေတယ်၊ သူဆိုရင် ရောဂါလက္ခဏာ ဘာမှမပေါ်ဘူး၊ သူနဲ့ ဆက်သွယ်တဲ့ စောင့်ကြည့်တဲ့ဟာက ၃၅ ယောက်ပဲဖြစ်နေတယ်၊ တကယ်တော့ အကုန်လုံးကို စစ်ဆေးသင့်တယ်၊ အစိုးရဖက်က ၇ ရက်စောင့်ကြည့်ဖို့ သက်တမ်းတိုး တော့ ကျွန်တော်တို့က စောင့်ကြည့်အဖြစ် နေဖို့လိုတယ်၊ နောက်ဆုံးတွေ့တဲ့သူကိုလည်း တီးတိန်ပြည်သူ့ဆေးရုံကနေ လူနာ တင်ကားနဲ့ လာခေါ်နေပြီ” ဟု ပြောသည်။ https://www.bnionline.net/mm/news-72183

*************

၂၂။       ကွတ်ခိုင်တွင်ရက်ဆက် မူးယစ်ဆေး ဖမ်းမိ တရားခံ မမိ

April 10, 2020

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်၊ခဲယမ်းများ ဆက်တိုက်ဖမ်းဆီးရမိကာ တရားခံ တယောက် မျှ မမိကြောင်း သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာတွင် ဧပြီ ၉ ရက် မနက်ပိုင်းက ဦးခေါ်ကျားဝမ် နေအိမ်အတွင်း မူးယစ်ဆေးဝါး နှင့် လက်နက်ပစ္စည်းများ တန်ဖိုးငွေကျပ် ၂.၇ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂၇၀ဝ ကျော်) သိမ်းဆည်းရ မိကြောင်း မူးယစ် ရဲတပ်ဖွဲ့မှ သိရသည်။ ထိုမူးယစ်ဆေးဝါး နှင့် လက်နက်များကို နေအိမ်တွင် သိမ်းဆည်းရမိသော်လည်း တရားခံမှာ လွှတ်မြောက်နေဆဲဟု သိရသည်။ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများမှာ ကျည်အိမ် ၈ ခု၊ M22 ကျည် ၁၂၃ တောင့်၊ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူ၊ ဘိန်းစိမ်း တို့ ဖြစ်သည်။ “ အခုရက်ပိုင်း ကွတ်ခိုင်မှာ မူးယစ်ဆေးတွေ ဆက်တိုက် ဖမ်းဆီးရမိတယ်။ ဒါပေမယ့် တရားခံ မမိဘူး။ ထူးဆန်းတယ်။ မူးယစ်ဆေး၊ လက်နက်တွေက အိမ်ထဲကနေ သိမ်းရမိပေမယ့် တရားခံကတော့ ပျောက်နေတယ်” ဟု ကွတ်ခိုင်မြို့ အမည်မဖော်လိုသည့် ဒေသခံ တဦး က ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရသည့် ကိစ္စတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ တရားခံလွှတ်မြောက်နေသည့်အပေါ် မေးခွန်းထုတ်စရာ များနေကြောင်း ကွတ်ခိုင်မြို့ လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ “ လွယ်ခမ်း၊ ကောင်းခါး ဘက်မှာ အိမ်တိုင်းလိုလို မူးယစ်ဆေးရှိတယ်။ မူးယစ်ဆေးမိပြီး တရားခံ လူမမိတာတော့ မဖြစ်သင့်ဘူး”ဟု ကွတ်ခိုင်မြို့ နေထိုင်သည့် မဘောက် က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၉ ရက်ထိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ပစ္စည်း တန်ဖိုးငွေ ၄၁၄ ဘီလီယံကျော် သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထားသည်။  https://burmese.shannews.org/archive s/16090

***************

၂၃။      မြန်မာပိုင်နက်ထဲ တရားမဝင် ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်စက်လှေများကို သတိပေး ပစ်ခတ်ခဲ့ရ

April 12, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်မြောက်ဘက် မြန်မာ့ ပင်လယ်ပိုင်နက်အတွင်း တရားမဝင် ရောက်ရှိလာသည့် ငါးဖမ်း စက်လှေ ၆ စီး ကို မြန်မာ့ တပ်မတော်(ရေ)မှ သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့ရသဖြင့် စက်လှေတစီး အနည်းငယ် ထိခိုက် ပျက်စီးပြီး ရေလုပ်သား ၆ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၇ ရက်နေ့ ည ၁၀ နာရီခွဲတွင် မြန်မာပိုင်နက် နှစ်နိုင်ငံ နယ်စပ်မျဉ်း၏ ၃ မိုင်မှ ၆ မိုင်ကွာအတွင်း ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်း စစ်လှေ ၆ စီးကို မြန်မာဘက်က မီးအချက်ပြခြင်း၊ အသံချဲ့စက်ဖြင့် အသံပေး ခေါ်ဆိုခြင်း၊ ဆက်သွယ် ရေးစက်မှ ရပ်တန့်ရန် ပြောဆိုခဲ့သော်လည်း ရပ်တန့်ခြင်း မရှိ၍ ယခုလို သတိပေးပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

သို့သော် တပ်မတော်(ရေ)က ယင်းဖြစ်စဉ်ကို ထို့နေ့ည ၁၁ နာရီခွဲ တွင် ဘင်္ဂလားဒေ့ရှ်ရေတပ် စစ်ရေယာဉ် BNS-Somu dra Avijan(F-29)မှ စစ်ရေယာဉ် မှူး ဗိုလ်မှူးကြီး အယ်လ်ဆာထံသို့ ဆက်သွယ်ပြောကြားခဲ့ရာ ၎င်းမှ အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းရေယာဉ်များနှင့် ဆက်သွယ်၍ မေးမြန်းထိန်းသိမ်းသွားမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း တပ်မတော်မှ သတင်း ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ကမ်းရိုးတန်း ထိစပ်သည့်နေသည့် နိုင်ငံတခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာများကြောင့် ထွက်ပြေးသွားရသည့် ဒုက္ခသည်များအရေးဖြေရှင်းရန် မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့်ဆက်ဆံရေး ကောင်းမွန်ရန်ကြိုးစားနေရသည်။ https://burma.irrawaddy.com/news/short-news/2020/04/12/2 20535.html

**************

၂၄။      Covid-19 တိုက်ဖျက်ရေး ကချင်အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

April  13, 2020

ကချင်ပြည်နယ်အတွင်း နယ်လှည့်ပြီး လူထုကျန်းမာရေးစောင့်ရှောက်မှုများကို စဉ်ဆက်ပြုလုပ်လာခဲ့သည့် ကချင်နယ်လည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ KBPHWT သည် ယခုချိန် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအတွက် ပြန်လည် လုပ်ဆောင်နေပြီဟု သိရသည်။ နှစ်ပေါင်းများစွာ အစိုးရကျန်းမာရေးဌာန ရောက်ရှိမှုနည်းပါးသော ကျေးလက်ဒေသများသို့ Kachin Back Pack Health Worker Team အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ခဲ့ပြီးနောက် ယခုချိန် အရပ်ဖက် အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လူနေမှု ထူထပ်သော မြစ်ကြီးနားမြို့အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် ရောဂါကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။

“ကျနော်တို့က ကိုဗစ်နဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်တဲ့ နေရာတွေရှိတယ်။ အဲ့ထဲမှာ စစ်ရှောင်တွေနဲ့ ပြည်တော်ပြန်တဲ့ သူတွေကို ဦးတည်ပြီး လုပ်ဆောင်ပေးတယ်။ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ပိုးသတ်ဆေးသွားဖျန်းပေးတာ တွေကို လုပ်ဆောင်ပေးတယ်။ ပြည်တော်ပြန်တဲ့ သူတွေကို ကိုဗစ်နဲ့ပတ်သက်ပြီး အမြင်ဖွင့်ပေးတာတွေ လုပ်ပေးတယ်။ လိုအပ်တဲ့ ဆေးကုသမှုတွေကို သွားရောက်လုပ်ဆောင်ပေးတယ်” ဟု KBPHWT တာဝန်ခံ Mr.Zet ပြောဆိုသည်။

အစိုးရ၏ Covid-19 ကာကွယ်တားဆီးလုပ်ဆောင်ချက်များ အားနည်းနေသေးသည့်အတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့်ရန် ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု Kachin State Covid-19 Prevention Network မှ ကိုပေါလု ယခုလိုပြောဆိုသည်။ “အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉က ကမ္ဘာမှာ ကူးစက်ပျံ့နှံ့တာလည်း အချိန်တစ်ခုကြာလာပြီဖြစ် တယ်။ ကျနော်တို့ရဲ့ဒေသက ဆင်းရဲတဲ့ ဒေသတစ်ခုဖြစ်တယ်။ ကြိုတင်ကာကွယ်မှုတွေ အများအပြား ပြုလုပ်ရမယ်ဖြစ်တယ်။ တကယ်လို့ ဖြစ်လာရင်လည်း အစိုးရကထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ ကြိုသိနေတယ်။ ကိုယ့် လူမျိုးကိုကာကွယ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်ဖြစ်တယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးပူးပေါင်း ပြီးနိုးဆော် လုပ်ဆောင်နေတာဖြစ်တယ်”ဟု ပြောဆိုသည်။

Kachin State Covid-19 prevention Network တွင် ကချင်နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (KBPHWT)၊ Kachin National Youth Network ၊ All Kachin Youth Union (AKYU)၊ KSPP ၊ Kachin Democratic Woman league ၊ Ram Hkye ၊ Kachin Democratic Institute(KDI) ၊ IDP ၊ Mung Chying Rawt Jat ၊ Kachin Development Networking Group(KDNG) နှင့် WHG စသောအဖွဲ့အစည်းများ ပါဝင်သည်ဟု သိရသည်။ https://burmese.kachinnews.com/ 2020/04/13/covid-19%e1%80%90%e1%80%ad%e1%80%af%e1%80%8

***************

၂၅။      ထိုင်း-မြန်မာနယ်စပ် ရာဘာတောထဲ သောင်တင်နေသည့် မြန်မာနိုင်ငံသား ၁၀ဝ ကျော်အား သွားရောက်ခေါ်ယူ

April 12, 2020

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီတပ်စခန်းတည်ရှိရာ ဂျပန်ရေတွင်းနှင့် ကြံတောရွာ ရာဘာတောထဲတွင် ဧပြီလ ၉ ရက်နေ့ကတည်းက သောင်တင်နေသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၁၃၇ ဦးကို လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုအဖွဲ့အစည်းများက သွားရောက်ခေါ်ယူခဲ့သည်ဟု သိရသည်။

မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အသီးသီးမှ ပြန်လည်ရောက်ရှိလာသူ မြန်မာ နိုင်ငံသား ၁၃၇ ဦးကို ဧပြီ ၁၁ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုအဖွဲ့များမှ မွန်ပြည်သစ်ပါတီအဖွဲ့ တာဝန်ရှိသူထံ သွားရောက်ညှိနှိုင်းခဲ့ပြီးနောက် ယမန်နေ့ ဧပြီ ၁၂ ရက်တွင် ဘုရားသုံးဆူမြို့သို့ ပြန်လည်ခေါ်ဆောင်လာပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် စောရှား ဖောင်အွာက ပြောသည်။ “မွန်ပြည်သစ်ပါတီစခန်းဘက်က ပြန်လာရင် သူတို့တွေကို နေရာစီစဉ်ပေးထားကြဖို့ မနေ့က စခန်းတာဝန်ရှိသူနဲ့ သွားရောက် ညှိနှိုင်းမှု လုပ်ခဲ့တယ်။ ရွာတွေမှာ ပေးမဝင်ကြတော့ ရာဘာပင်အောက်မှာ ၂ ည အိပ်ခဲ့ရတယ် ပြောတယ်။ သူတို့အခု ဘုရားသုံးဆူ နယ်စပ်ဂိတ်မှာ ရောက်လာပါပြီး” ဟု ယနေ့ (ဧပြီ ၁၂ ) ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ပြန်လည်ရောက်ရှိလာသူများထဲမှ မွန်ပြည်နယ်အတွင်း နေထိုင်သူများကို ၎င်းတို့၏ပြည်နယ်အစိုးရထံ လွှဲပြောင်းပို့ဆောင် ပေး သွားမည်ဖြစ်ပြီး ကရင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအသီးသီးမှ နေထိုင်သူများအား ဘုရားသုံးဆူမြို့စာသင်ကျောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့စာသင်ကျောင်းများတွင် နေရာသတ်မှတ်ထားပြီး ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်သွားမည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်တွင် မတ်လ ၁၅ ရက်နေ့က ပြည်ပမှ ပြန်လာသူများကို ကျန်းမာရေးစစ်ဆေးမှုများ စတင်ဆောင်ရွက်ပေးနေပြီး ယနေ့အချိန်ထိ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများ နေ့စဉ် ဝင်ရောက်လာ သေးသည်ဟု နယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှု ပူးပေါင်းအဖွဲ့များထံမှ သိရသည်။ http://kicnews.org/2020/04/%e1%80%91%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button