ကဗျာ

အနာဂတ်တွေ ရှင်ပါစေ

FJMM ကဗျာကဏ္ဍ | အနာဂတ်တွေ ရှင်ပါစေ

ကဗျာ – ဟံသာရှင်ထွေးညို

တို့တွေငယ်စဥ် ဟိုးအရင်က

လေယာဥ်ပျံကြီး မော့ကြည့်ပြီးတော့

ခရီးထွက်ခွာ နှုတ်ဆက်ပါကြောင်း

အော်ကာပြောခဲ့ မုန့်ဝယ်ခဲ့နော်

ယနေ့ချိန်ခါ နေ့များမှာတော့

မိုးပြာကောင်းကင် တိမ်ယံပြင်မှ

လေယာဥ်ပျံများ ဝဲပျံသွားလျှင်

သွေးသားနုနယ် ကလေးငယ်များ

စိတ်ဝယ်​ကြောက်ကာ ပြေးရရှာ၏

အနာဂတ်တွေ ရှင်ပါစေ။

Related Articles

Back to top button