တိုင်းရင်းသားအကြောင်း

မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း

“ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်စို့”

မွန်ညီညွတ်ရေးပါတီ

ရွေးကောက်ပွဲကြေညာစာတမ်း

 

နိဒါန်း

၁။         မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ် (၁၁၇)ဖြင့် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး နိုင်ငံရေးပါတီတစ်ခုအနေဖြင့် တည်ထောင်နိုင်ခဲ့သည်နှင့်အညီ ပါတီ၏ ရည်ရွယ်ချက်၊ ပါတီ မူဝါဒများ၊ ပါတီ၏လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် အသေးစိတ်ထည့်သွင်း ဖော်ပြရေးဆွဲထားခဲ့ပါ သည်။

၂။         ထိုသို့ ရေးဆွဲခဲ့ထားသော မိမိတို့၏မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ တိုးတက်ပြောင်းလဲမှုများ ရှိလာစေ ရေးအတွက် မိမိတို့ဒေသအတွင်းတွင် လည်းကောင်း၊ ဆက်စပ်ရာဒေသများတွင်လည်းကောင်း၊ မြန်မာနိုင်ငံတွင်း ပါတီရုံးများ ဖွင့်လှစ်နိုင်သည့် ဒေသများတွင်လည်းကောင်း၊ ပါတီအဆင့်ဆင့်ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ၊ နေရာအသီးသီး တွင် စည်းရုံးဆောင်ရွက်နေပြီလည်းဖြစ်ပါသည်။

၃။         နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအသီးသီးတို့၏ တိုးတက်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကဏ္ဍများတွင်လည်း နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အမြဲမပြတ်ထိတွေ့ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။

၄။         သို့တင်မက ပါတီစုံဒီမိုကရေစီစနစ်၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်၍ မိမိပါတီ၏ မူဝါဒ၊ ရည်မှန်းချက်များကို တတ်စွမ်းသရွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် လည်း ဖြစ်ပါသည်။

 

ပါတီမျှော်မှန်းချက်

၅။         တစ်နိုင်ငံလုံး လွှမ်းခြုံသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုနှင့်အတူ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးမျှော်မှန်းပါသည်။

 

ပါတီ၏ ရည်မှန်းချက်

၆။         မွန်ပြည်နယ်နှင့်တကွ ပြည်ထောင်စုအတွင်း ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်သည့် နယ်မြေဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုတို့၏ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး ပြည်သူလူထုက ယုံကြည်အားကိုးသည့် ခိုင်မာသော နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်သွားရန်။

 

စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး

၇။         စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် အောက်ပါအချက်များကို အခြေခံသွားပါမည် –

(က)     ဖက်ဒရယ်အခြေခံမူများနှင့် ကိုက်ညီမည့်ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် ပါဝင်သွားမည်။

(ခ)       လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်နယ်မြေများကို ပိုင်းခြားသတ်မှတ်ကာ ပြည်ထောင်စုကို ဖွဲ့စည်း သည့် စနစ်ကို လက်ခံပါသည်။

(ဂ)       တိုင်းရင်းသားလူနည်းစုတို့၏ အခွင့်အရေးများ မထိခိုက်စေရေးကို အလေးထားသွားမည်။

(ဃ)     ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရ ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကို ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ကို ရွေးချယ်ခြင်းတို့ကို လုပ်ဆောင်နိုင်ရမည်။

(င)       ဒီမိုကရေစီစနစ်အခြေခံဖြင့် ဖက်ဒရယ်ပြည်ထောင်စုအား ထူထောင်ရာတွင် လက်ခံကျင့်သုံးနေ သည့် လူ့အခွင့်အရေး ကြေညစာတမ်းပါ လူ့အခွင့်အလမ်းများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ ကျင့်သုံးသွားမည်။

(စ)       ပါတီစုံဒီမိုကရေစီစနစ် အခြေတည်ခိုင်မာလာစေရေး ဥိးစွာကြိုးပမ်းဆောင်ရွက်ပြီး ထိုမှတဆင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားတို့နှင့် ပြည့်စုံသည့် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်သွားမည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး

၈။         (က)     ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုပြီး တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်။

(ခ)       စစ်မက်တိုက်ခိုက်မှုများအစား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ညှိနှိုင်းအဖြေရှာနိုင်ရေး တိုက်တွန်းပါဝင် ဆောင်ရွက်သွားပါမည်။

(ဂ)       လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ၊ လုံခြုံရေးကဏ္ဍပြန်လည်ပေါင်းစည်းခြင်းကဏ္ဍများ အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်သွားပါမည်။

(ဃ)     တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများမဖြစ်ပွားရေးအတွက် စောင့်ကြပ်ကြည့်ရှုခြင်း၊ သတိပေး တားမြစ်ခြင်း၊ တဖက်နှင့်တဖက် ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွား ပါမည်။

(င)       နိုင်ငံတော်မှ လုပ်ဆောင်လျှက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် လုပ်ဆောင် သွားနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည်။

 

ဖွဲ့စည်းပုံပြင်ဆင်ရေး

၉။         အနာဂတ်တွင် တည်ဆောက်မည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရန် ရည်ရွယ်၍ အောက်ပါအချက်တို့ကို အခြေခံပြင်ဆင်သွားရေးဆောင်ရွက်ပါမည် –

(က)     ဖက်ဒရယ်နှင့် ဒီမိုကရေစီအခြေခံမူ၊ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များ။

(ခ)       နိုင်ငံတော်၏ အာဏာသုံးရပ်ကို ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ စီရင်စုများအား ခွဲဝေရာတွင် ပိုမိုပီပြင်ထိရောက်အောင် ဆောင်ရွက်သွားရမည့် အချက်များ။

(ဂ)       တိုင်းရင်းသားအခွင့်ရေးနှင့် ပတ်သက်သည့်အချက်များ။

(ဃ)     ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည်ထောင်ရေးဆိုင်ရာ အချက်များ။

(င)       ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှစ်ရပ်တို့ အာဏာတူဖြစ်ရေးကိစ္စရပ်များ။

(စ)       ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အား ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုး၊ ရင့်ကျက်ခိုင်မာသောအဆင့်သို့ ကူးပြောင်းစေရန်အတွက် လိုအပ်မည့် ဥပဒေအချက်အလက်များကို ထပ်မံပြင်ဆင်ဖြည့်စွက်သွား မည်။

(ဆ)     ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကြား စီးပွားရေးနှင့် သယံဇာတခွဲဝေမှုဆိုင်ရာ ကိစ္စရပ် များတွင် ဗဟိုမှချုပ်ကိုင်မှုများ လျော့ချပြီး လွတ်လပ်စွာစီမံအုပ်ချုပ်လာနိုင်ရေး။

(ဇ)       ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေး၊ ပြည်နယ်လွှတ်တော်မှ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်နိုင်ရေး၊ ပြည်ထောင်စုကို ပြည်နယ်လွှတ်တော်မှ ခန့်အပ်နိုင်ရေး။

 

စီးပွားရေး

၁၀။      စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ပါတီအနေနှင့် အောက်ပါအချက်တို့ကို ထောက်ခံကျင့်သုံး သွားပါမည် –

(က)     စိုက်ပျိုးရေးကဏ္ဍခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ မြေအသုံးချမှုထိရောက်လာရေး လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာများကို ဥပဒေလုပ်ထုံလုပ်နည်းများနှင့်အညီ ပိုင်ဆိုင်နိုင်ရေး၊ မိရိုးဖလာဓလေ့ ထုံးစံအရ မြေပိုင်ဆိုင်ခွင့် ရရှိရေးဆောင်ရွက်မည်။

(ခ)       ဒေသအတွင်း ရာဘာအပါအဝင် စက်မှုကုန်ကြမ်းထုတ်ကုန်များအား အမျိုးအစားကောင်းများ စိုက်ပျိုးရေး စနစ်တကျထုတ်လုပ်နိုင်ရေး၊ နည်းပညာများအသုံးပြု၍ အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်သွားပါမည်။

(ဂ)       ဒေသတွင်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီး နိုင်ရန် ဆောင်ရွက်မည်။

(ဃ)     နိုင်ငံတကာ ချိတ်ဆက်မှုများဖြင့် အထူးစီးပွားရေးဇုံများ၊ ရေနက်ဆိပ်ကမ်းများ၊ နယ်စပ်ကုန်သွယ် ရေး စခန်းများ၊ စီမံကိန်များ ဖော်ထုတ်မှုတို့ အားပေးသွားမည်။

(င)       အခွန်ကောက်ခံရေးနှင့်စပ်လျဉ်း၍ ပြည်သူများက လိုလားလက်ခံ ထမ်းဆောင်လိုစိတ်ရှိပြီး ပူးပေါင်း ပါဝင်သည့် အခွန်စနစ်မျိုးပေါ်ပေါက်ရန် တွန်းအားပေးခြင်း၊ ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ဗဟိုချုပ် ကိုင်မှုကိုလျော့ချကာ ပြည်နယ်တိုင်း အစိုးရကြား သင့်လျောစွာ ခွဲဝေသုံးစွဲနိုင်ရန် ဆောင်ရွက်မည်။

(စ)       ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေရန်နှင့် အကြီးစား၊ အလတ်စား၊ အသေးစား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ခွင့်သာသည့် စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်သွားမည်။

(ဆ)     လူမျိုး၊ ဘာသာ၊ ကျား/မ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူတိုင်းတန်းတူအလုပ်လုပ်ပိုင်ခွင့်၊ အခွင့်အရး၊ လုပ်ငန်းခွင်လုံခြုံရေး၊ အလုပ်မှ အနားယူသည့် အချိန်တွင် အာမခံချက်ရှိသည့် လူမှုဖူလုံရေးစနစ် တို့ကို ထူထောင်မည်။

(ဇ)       စီးပွားရေးလုပ်ငန်း တိုးတက်အောင်ဆောင်ရွက်ရာတွင် အခြေခံအချက်ဖြစ်သည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ဆောင်ရွက်ပါမည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို တိုးတက် ထုတ်လုပ် သုံးစွဲနိုင်အောင် ဆောင်ရွက်သွားမည်။

 

ကျန်းမာရေး

၁၁။      ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို တည်ဆောက်နိုင်ရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်သွားပါမည် –

(က)     ကျန်းမာရေးစောင့်ရှောက်မှုများ ပြည်နယ်နှင့်ပြည်မတန်းတူရရှိရေး၊ ကျေးလက်နှင့်မြို့ပြ တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မမှုများ ရရှိစေရေး။

(ခ)       ကျန်းမာရေးဘတ်ဂျက်များ တိုးမြှင့်ချထားပေးရေးနှင့် စည်းစနစ်တကျသုံးစွဲရေး။

(ဂ)       သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရေး။

(ဃ)     လူငယ်များအတွက် မူးယစ်ဆေးဝါး အသိပညာရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူများ၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး။

(င)       ကျန်းမာရေးဌာန၊ ဆေးရုံဆေးပေးခန်းများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအား ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းမြင့်မားတိုးတက်လာပြီး ပြည်သူများ ယုံကြည်စိတ်ချစွာအားကိုး အားထားပြုနိုင်ရေး။

(စ)       တိုင်းရင်းသားဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးဆောင်ရွက်ရေး။

(ဆ)     ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စာသောက်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်စေရေးအတွက် ဥပဒေများ ပြဌာန်းရေး၊ လိုက်နာဆောင်ရွက်ရေး။

(ဇ)       ကိုဗစ်ကဲ့သို့သော ကပ်ရောဂါများဖြစ်ပွားလာပါက စနစ်တကျ ကာကွယ်တားဆီးသွားနိုင်မည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာ ရေးဆွဲထားရှိရေး၊ အစီအမံများ ပြုလုပ်ထားရေး။

(ဈ)      ကျန်းမာရေးအာမခံစနစ် ပြန့်ပွားထိရောက်လာစေရေး။

 

ပညာရေး

၁၂။       ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်သွားပါမည် –

(က)     လူတိုင်းစာတတ်မြောက်ရေးနှင့် အခမဲ့မသင်မနေရ အခြေခံပညာရေးစနစ်ကို အကောင်အထည် ဖော်မည်။

(ခ)       နိုင်ငံတော်၏ ကြိးကြပ်မှုအောက်တွင် စံချိန်စံညွှန်းနှင့် ပြည့်မီသော ပုဂ္ဂလိက ပညာရေးစနစ်ကို အားပေးမည်။

(ဂ)       အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကြောင်းပညာရေးတို့ကို နိုင်ငံတကာအဆင့်သို့ ရောက်ရှိ နိုင်အောင် ဆောင်ရွက်မည်။

(ဃ)     သက်ဆိုင်ရာ တိုင်းရင်းသားဒေသအတွင်းရှိ ကျောင်းများတွင် သက်ဆိုင်ရာ တိုင်းရင်းသားတို့၏ စာပေကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားသွားရန် ဆောင်ရွက်မည်။

(င)       မိခင်ဘာသာစကားအခြေပြုဘာသာစုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ပြီး ယင်းစနစ်အား နိုင်ငံတော်၏ ပင်မ ပညာသင်ကြားရေးစနစ်တွင် ပေါင်းစပ်သွားနိုင် ရေး ဆောင်ရွက်မည်။

(စ)       ပညာရေးကဏ္ဍ သင်ရိုးညွန်းတမ်းများတွင် မိမိတိုင်းရင်းသားလူမျိုးအလိုက် တိမ်မြုပ်နေသော သမိုင်း ကြောင်းများ ဖော်ထုတ်ရေး၊ မှားယွင်းနေသော ဖြစ်စဉ်ဖြစ်ရပ်များအား မှန်ကန်စွာတည့်မတ်ပေးရေး၊ အမျိုးသားယဉ်ကျေးမှု အနုပညာ၊ အမှတ်အသားလက္ခဏာများ ပါဝင်လာအောင် ထည့်သွင်းရေးတို့ ကို ဆောင်ရွက်သွားမည်။

(ဆ)     တိုင်းရင်းသားတို့၏ စာပေယဉ်ကျေးမှုအနုပညာတို့အား ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာတို့နှင့် ချိတ်ဆက်ထည့်သွင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်မည်။

 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

၁၃။      အောက်ပါတို့ကို ဆောင်ရွက်သွားပါမည် –

(က)     သဘာဝသယံဇာတများ၊ တရားမဲ့ထုတ်ယူနိုင်ခြင်းမရှိစေရေး၊ ဘတ်ဂျက်များခွဲဝေရရှိရေး ဥပဒေများ ရေးဆွဲရေး။

(ခ)       ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်စေမည့် ကိစ္စရပ်များအား ကန့်ကွက်ဆန့်ကျင်၊ တားမြစ် သွားရေး။

(ဂ)       သစ်တောသစ်ပင်များ ပြန်လည်ထူထောင် စိုက်ပျိုးရေး။

(ဃ)     သဘာဝဝန်းကျင်နှင့် ရာသီဥတုထိခိုက်စေမည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံများ၊ ကျောက်မီးသွေးသုံး ကုန်ထုတ်စက်များကို ဆန့်ကျင်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချ နိုင်ရေး။

(င)       ဆည်မြောင်း၊ တာတမံများအား ပြည်သူလူထုနှင့် သဘာဝဝန်းကျင်မထိခိုက်စေဘဲ တည်ဆောက် စေရေးနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး။

(စ)       နိုင်ငံတကာမှ ထုတ်ပြန်သော သဘာဝဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများ အချက်အလက် များအား သိရှိပြီး လိုက်နာဆောင်ရွက်ရေး။

(ဆ)     အဖွဲ့အစည်းပိုင် ကျေးရွာပိုင်၊ တပိုင်တနိုင်သစ်တောများ၊ စိုက်ခင်းများ ပေါ်ပေါက်လာရေး။

(ဇ)       သဘာဝဝန်းကျင်ကို မထိခိုက်ဘဲ မြို့ပြ၊ လူနေအိမ်ခြေများ တိုးချဲ့ရေး။

 

 

သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး

၁၄။      သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အောက်ပါတို့ကို လုပ်ဆောင်သွားပါမည် –

(က)     သဘာဝဘေးအန္တရာယ် ထိခိုက်လာစေမည့် ကိစ္စရပ်များ ကြိုတင်တားဆီးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဌာန်းခြင်း။

(ခ)       သဘာဝဘေးအန္တရာယ်ကျရောက်သည့်အချိန်၌ အမြန်ဆုံးဆယ်တင်ကူညီပံ့ပိုးခြင်း။

(ဂ)       သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ဒေသများကို ပြန်လည်ထူတောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း။

 

အမျိုးသမီးကဏ္ဍ

၁၅။      အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အောက်ပါတို့ကို ဆောင်ရွက်သွားပါမည် –

(က)     အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှသည့် အခွင့်အရေးရရှိရန် အကောင်အထည်ဖော် ကျင့်သုံး သွားမည်။

(ခ)       အမျိုးသမီးများ၊ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ များကို ဆက်လက်ပြဌာန်းပေးသွားမည်။

(ဂ)       ကဏ္ဍတိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်များ၌ အမျိုးသမီးများပါဝင်နိုင်ရေးကို ဆောင်ရွက် သွားမည်။

(ဃ)     အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ နှိမ့်ချခြင်း၊ လူကုန်ကူးခြင်း၊ ခွဲခြားဆက်ဆံ ခြင်း မရှိစေရန် မူဝါဒများချမှတ်ပြီး ကြိုတင်ကာကွယ်ခြင်း တုန့်ပြန်ဆောင်ရွက်ခြင်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်။

 

လူငယ်ကဏ္ဍ

၁၆။      လူငယ်တို့ဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသတွင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောကြောင့် အဘေးထားဆောင်ရွက်သွားရမည် –

(က)     ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်ထွန်းလာရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်သွားမည်။

(ခ)       ထူးချွန်ထက်မြတ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ တိုးပွားလာစေရန် ပြည်တွင်းပြည်ပ တို့တွင် ခေတ်မီပညာများ သင်ကြားခွင့်ရရှိရန် အားပေးကူညီမည်။

(ဂ)       မူးယစ်ဆေးဝါး၊ စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများမသုံးစွဲရေး၊ စည်းရုံးလှုံ့ဆော်တားမြစ်မည်။     (ဃ)            လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

(င)       အမျိုးသားရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနေရာတွင် အချိန်မရွေး အစားထိုး နေရာယူနိုင်ရန် လေ့ကျင့်ပျိုးထောင်သွားမည်။

(စ)       လူငယ်များအတွင်း အဖွဲ့စည်းစိတ်ဓါတ်တိုးတက်ခိုင်မာစေရန် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်၊ လူငယ်အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် ကူညီခြင်း၊ တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်သွားမည်။

(ဆ)     လူငယ်များအတွက် ဘဝအာမခံချက်ပေးနိုင်သော ပညာရေးစနစ်၊ ပညာရေးနှင့် လုပ်ငန်းခွင် ပေါင်းစပ်ပေးသော ပညာသင်ကြားနိုင်မှု အခွင့်အရေးများ ပေါ်ပေါက်လာရန် ဆောင်ရွက်မည်။

 

နိုင်ငံခြားရေး

၁၇။      နိုင်ငံတော်၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးရာတွင် အောက်ပါတို့ကို အားပေးဆောင်ရွက်သွားပါမည် –

(က)     နိုင်ငံတကာဆက်ဆံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်နှင့်အညီ ကျင့်သုံး ခြင်းအား ထောက်ခံသည်။

(ခ)       ဒေသတွင်းနေထိုင်သော အများပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ၊ ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်သည့် ကိစ္စရပ်တွင် ပူးပေါင်းဆောင်ရွက်သွားမည်။

(ဂ)       သဘာဝဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မူယစ်ဆေးဝါးတားဆီးရေး ထိန်းချုပ်ရေးစသည့် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်။

(ဃ)     အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဆွေကဲ့သို့ ချစ်ခင်လေးစားစွာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အစဉ်တစိုက်ကြိုးပမ်း လုပ်ဆောင်သွားရာတွင် ပါဝင်သွားမည်။

 

တိုင်းရင်းသားကဏ္ဍ

၁၈။      တိုင်းရင်းသားတို့၏ အရေးကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအချက်တို့ကို တွန်းအားပေးသွား မည်။

(က)     တိုင်းရင်းသားအသီးသီးတို့၏ စာပေယဉ်ကျေးမှုကဏ္ဍ၊ ရိုးရာဓလေ့ထုံတမ်း၊ ရက်ကြီးရက်မြတ် အခမ်းအနားများ ပြုလုပ်ရာတွင် နိုင်ငံတော်မှလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှလည်းကောင်း၊ ပံ့ပိုးကူညီဆောင်ရွက်သွားရေး။

(ခ)       ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပြည်နယ် တိုင်းရင်းသား၏ ကိုယ်စားပြု ပုဂ္ဂိုလ်ဖြစ်သော်လည်း ယင်းတိုင်းရင်းသားအရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးတစ်ဦးအား သတ်မှထားရှိပေးရေးနှင့် ဘတ်ဂျက်အား သီးခြားသတ်မှတ်ပေးရေး။

 

ကတိကဝတ်များ

၁၉။      အထက်ဖော်ပြပါမူဝါဒလုပ်ငန်းစဉ်များအရ အောက်ပါကတိကဝတ်များကို ပေးအပ်ပါသည် –

(က)     တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ပါဝင်သွားမည်။

(ခ)       ဖက်ဒရယ်ပြည်ထောင်စု၏ ကြန်အင်လက္ခဏာများ ပြည့်ဝသည့်ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးကို ပါဝင်ဆောင်ရွက်သွားပါမည်။

(ဂ)       တိုင်းရင်းသား စာပေသင်ကြားရေး၊ မိခင်ဘာသာစကား အခြေပြု၊ ဘာသာစုံပညာရေးစနစ် အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ရေး၊ ယင်းစနစ်အား နိုင်ငံတော်၏ ပင်မပညာရေး စနစ်တွင် ပေါင်းစည်းသွားနိုင်ရေး ဆောင်ရွက်မည်။

(ဃ)     တိုင်းရင်းသားအခွင့်အရေးအား ဥပဒေ၊ နည်းဥပဒေများဖြင့် ရေးဆွဲကာကွယ်စောင့်ရှောက် သွားမည်။

(င)       အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရရှိရေးကို ဆောင်ရွက်သွားပါမည်။

(စ)       ရာဘာကဲ့သို့သော စက်မှုကုန်ကြမ်းသီးနှံများကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားပါ မည်။

(ဆ)     ချိတ်ဆက်အားဖြင့် ပြည်ထောင်စုအတွက် စွမ်းဆောင်နိုင်သော စီမံကိန်းကြီးများအား ဒေသတွင်း တည်ဆောက်သွားနိုင်ရေး ဦးဆောင်တင်ပြဆောင်ရွက်မည်။

(ဇ)       မိသားစုဝင်ငွေ တိုးတက်ရရှိရေးကို ဆောင်ရွက်သွားပါမည်။

(ဈ)      သဘာဝဝန်းကျင် ထိန်းသိမ်းရေးကို အစဉ်မပြတ်ဆောင်ရွက်မည်။

(ည)     အမျိုးသမီးနှင့် လူငယ်ကဏ္ဍအစဉ်တိုးတက်မြင့်မားနေရေး ဆောင်ရွက်မည်။

 

နိဂုံး

၂၀။       မွန်ညီညွတ်ရေးပါတီသည် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်သည့် ငြိမ်းချမ်းရေးရရှိပြီး တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ် ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်နိုင်ရေး မျှော်မှန်းချက်တို့ဖြင့် မွန်အမျိုးသားထု တစ်ရပ်လုံးဒေသတွင်း တိုင်းရင်းသား လူထုအားလုံးနှင့် ပြည်ထောာင်စုအတွင်းရှိ သွေးချင်းများ အားလုံးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

၂၁။       တန်းတူညီမျှမှုရှိပြီး တိုင်းရင်းသားတို့အရေးကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြုပြင်ပြောင်းလဲ နိုင်ရေးကိုည်း အစဉ်အမြဲရှေ့ရှုလျက်ရှိပါသည်။

၂၂။       မြန်မာပြည်အနှံ့အပြားတွ်င နေထိုင်သည့် မွန်လူမျိုးများ၊ ဒေသတွင်းနှင့် နိုင်ငံတော်တွင်း နေထိုင်သည့် တိုင်းရင်းသား ပြည်သူလူထုအားလုံးအတွက် ငြိမ်းချမ်းသာယာသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေး ရည်မှန်းချက်အား မမှိတ်မသုန်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသော အချက်များနှင့်အတူ ကတိကဝတ်ပြုပါသည်။

၂၃။       ကျွန်ုပ်တို့ပါတီအနေဖြင့် ထိုကတိကဝတ်အပြင် ရွေးကောက်ပွဲကြေညာစာတမ်းပါ လုပ်ငန်းစဉ်များအား လည်း မဲဆန္ဒရှင် ပြည်သူလူထုတစ်ရပ်လုံး၏ အားပေးထောက်ခံမှုနှင့်အတူ အစဉ်တစိုက် လက်တွဲပူးပေါင်း အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

မွန်ညီညွတ်ရေးပါတီ

 

 

“ဖက္ဒရယ္ျပည္ေထာင္စုဆီသို႔ ခ်ီတက္စို႔”

မြန္ညီညြတ္ေရးပါတီ

ေရြးေကာက္ပြဲေၾကညာစာတမ္း

 

နိဒါန္း

၁။       မြန္ညီညြတ္ေရးပါတီအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁၁)ရက္ေန႔တြင္ ပါတီမွတ္ပံုတင္အမွတ္ (၁၁၇)ျဖင့္ မွတ္ပံုတင္ခြင့္ ရရွိခဲ့ၿပီး ႏိုင္ငံေရးပါတီတစ္ခုအေနျဖင့္ တည္ေထာင္ႏိုင္ခဲ့သည္ႏွင့္အညီ ပါတီ၏ ရည္ရြယ္ခ်က္၊ ပါတီ မူဝါဒမ်ား၊ ပါတီ၏လုပ္ငန္းစဥ္မ်ားကို ဖြဲ႔စည္းပံု အေျခခံစည္းမ်ဥ္းတြင္ အေသးစိတ္ထည့္သြင္း ေဖာ္ျပေရးဆြဲထားခဲ့ပါ သည္။

၂။       ထိုသို႔ ေရးဆြဲခဲ့ထားေသာ မိမိတို႔၏မူဝါဒမ်ား၊ လုပ္ငန္းစဥ္မ်ားႏွင့္အညီ တိုးတက္ေျပာင္းလဲမႈမ်ား ရွိလာေစ ေရးအတြက္ မိမိတို႔ေဒသအတြင္းတြင္ လည္းေကာင္း၊ ဆက္စပ္ရာေဒသမ်ားတြင္လည္းေကာင္း၊ ျမန္မာႏိုင္ငံတြင္း ပါတီရံုးမ်ား ဖြင့္လွစ္ႏိုင္သည့္ ေဒသမ်ားတြင္လည္းေကာင္း၊ ပါတီအဆင့္ဆင့္ကို တိုးခ်ဲ႕ဖြဲ႔စည္းခဲ့ရာ၊ ေနရာအသီးသီး တြင္ စည္းရံုးေဆာင္ရြက္ေနၿပီလည္းျဖစ္ပါသည္။

၃။       ႏိုင္ငံေရး၊ စီးပြားေရး၊ ပညာေရး၊ လူမႈေရးအစရွိသည့္ က႑အသီးသီးတို႔၏ တိုးတက္ေျပာင္းလဲေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ က႑မ်ားတြင္လည္း ႏိုင္ငံေရးပါတီတစ္ခုအေနျဖင့္ အၿမဲမျပတ္ထိေတြ႔ပါဝင္လႈပ္ရွား ေဆာင္ရြက္လ်က္ရွိပါသည္။

၄။       သို႔တင္မက ပါတီစံုဒီမိုကေရစီစနစ္၏ လုပ္ငန္းစဥ္တစ္ခုျဖစ္သည့္ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတြင္ ပါဝင္ ယွဥ္ၿပိဳင္၍ မိမိပါတီ၏ မူဝါဒ၊ ရည္မွန္းခ်က္မ်ားကို တတ္စြမ္းသေရြ႕ အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားမည္ လည္း ျဖစ္ပါသည္။

 

ပါတီေမွ်ာ္မွန္းခ်က္

၅။       တစ္ႏုိင္ငံလံုး လႊမ္းၿခံဳသည့္ ၿငိမ္းခ်မ္းေရး တည္ေဆာက္ႏုိင္မႈႏွင့္အတူ တန္းတူေရး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ျဖင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္ၿပီး စစ္မွန္သည့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ေရးေမွ်ာ္မွန္းပါသည္။

 

ပါတီ၏ ရည္မွန္းခ်က္

၆။       မြန္ျပည္နယ္ႏွင့္တကြ ျပည္ေထာင္စုအတြင္း ေရြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္သည့္ နယ္ေျမေဒသအတြင္းရွိ တိုင္းရင္းသားျပည္သူလူထုတို႔၏ ရင္ဆိုင္ႀကံဳေတြ႔ေနရသည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ အခက္အခဲမ်ားကို ေျဖရွင္းေပးႏိုင္ၿပီး ျပည္သူလူထုက ယံုၾကည္အားကိုးသည့္ ခိုင္မာေသာ ႏိုင္ငံေရးပါတီတစ္ခုအျဖစ္ ရပ္တည္သြားရန္။

 

စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စုထူေထာင္ေရး

၇။       စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စုထူေထာင္ေရးအတြက္ ေအာက္ပါအခ်က္မ်ားကို အေျခခံသြားပါမည္ –

(က)    ဖက္ဒရယ္အေျခခံမူမ်ားႏွင့္ ကိုက္ညီမည့္ဖြဲ႔စည္းပံု ဥပေဒကို ျပင္ဆင္ေရးဆြဲရာတြင္ ပါဝင္သြားမည္။

(ခ)     လူမ်ိဳးကိုအေျခခံသည့္ ဖက္ဒရယ္နယ္ေျမမ်ားကို ပိုင္းျခားသတ္မွတ္ကာ ျပည္ေထာင္စုကို ဖြဲ႔စည္း သည့္ စနစ္ကို လက္ခံပါသည္။

(ဂ)     တိုင္းရင္းသားလူနည္းစုတို႔၏ အခြင့္အေရးမ်ား မထိခိုက္ေစေရးကို အေလးထားသြားမည္။

(ဃ)    ျပည္နယ္ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒရ ျပည္နယ္လႊတ္ေတာ္မွ ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ကို ေရြးခ်ယ္ျခင္း၊ အစိုးရအဖြဲ႔ကို ေရြးခ်ယ္ျခင္းတို႔ကို လုပ္ေဆာင္ႏိုင္ရမည္။

(င)     ဒီမိုကေရစီစနစ္အေျခခံျဖင့္ ဖက္ဒရယ္ျပည္ေထာင္စုအား ထူေထာင္ရာတြင္ လက္ခံက်င့္သံုးေန သည့္ လူ႔အခြင့္အေရး ေၾကညစာတမ္းပါ လူ႔အခြင့္အလမ္းမ်ားကို ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္အညီ က်င့္သံုးသြားမည္။

(စ)     ပါတီစံုဒီမိုကေရစီစနစ္ အေျခတည္ခိုင္မာလာေစေရး ဥိးစြာႀကိဳးပမ္းေဆာင္ရြက္ၿပီး ထိုမွတဆင့္ တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ ညီမွ်ျခင္းတည္းဟူေသာ ေလာကပါလတရားတို႔ႏွင့္ ျပည့္စံုသည့္ ဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္သြားမည္။

 

တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး

၈။       (က)    ျပည္တြင္းစစ္ရပ္စဲေရး ၿငိမ္းခ်မ္းမႈတည္ေဆာက္ေရးႏွင့္ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးအတြက္ နည္းလမ္းမ်ိဳးစံု အသံုးျပဳၿပီး တက္ၾကြစြာပါဝင္ေဆာင္ရြက္သြားမည္။

(ခ)     စစ္မက္တိုက္ခိုက္မႈမ်ားအစား ေတြ႔ဆံုေဆြးေႏြးျခင္းျဖင့္ ညွိႏိႈင္းအေျဖရွာႏိုင္ေရး တိုက္တြန္းပါဝင္ ေဆာင္ရြက္သြားပါမည္။

(ဂ)     လံုၿခံဳေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲျခင္းမ်ား၊ လံုၿခံဳေရးက႑ျပန္လည္ေပါင္းစည္းျခင္းက႑မ်ား ေအာင္ျမင္ေအာင္ ဝိုင္းဝန္းအေကာင္အထည္ေဖာ္ေဆာင္သြားပါမည္။

(ဃ)    တိုင္းရင္းသားေဒသမ်ားတြင္ တိုက္ပြဲမ်ားမျဖစ္ပြားေရးအတြက္ ေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ သတိေပး တားျမစ္ျခင္း၊ တဖက္ႏွင့္တဖက္ ညွိႏိႈင္းေဆြးေႏြးျခင္း ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြား ပါမည္။

(င)     ႏိုင္ငံေတာ္မွ လုပ္ေဆာင္လွ်က္ရွိသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား စဥ္ဆက္မျပတ္ လုပ္ေဆာင္ သြားႏိုင္ေရး တြန္းအားေပးေဆာင္ရြက္သြားမည္။

 

ဖြဲ႔စည္းပံုျပင္ဆင္ေရး

၉။       အနာဂတ္တြင္ တည္ေဆာက္မည့္ စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္လာရန္ ရည္ရြယ္၍ ေအာက္ပါအခ်က္တို႔ကို အေျခခံျပင္ဆင္သြားေရးေဆာင္ရြက္ပါမည္ –

(က)    ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီအေျခခံမူ၊ စံႏႈန္းမ်ားႏွင့္မကိုက္ညီသည့္ အခ်က္မ်ား။

(ခ)     ႏိုင္ငံေတာ္၏ အာဏာသံုးရပ္ကို ျပည္ေထာင္စုတိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ား ကိုယ္ပိုင္ အုပ္ခ်ဳပ္ ခြင့္ရ စီရင္စုမ်ားအား ခြဲေဝရာတြင္ ပိုမိုပီျပင္ထိေရာက္ေအာင္ ေဆာင္ရြက္သြားရမည့္ အခ်က္မ်ား။

(ဂ)     တိုင္းရင္းသားအခြင့္ေရးႏွင့္ ပတ္သက္သည့္အခ်က္မ်ား။

(ဃ)    ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္တည္ေထာင္ေရးဆိုင္ရာ အခ်က္မ်ား။

(င)     ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွစ္ရပ္တို႔ အာဏာတူျဖစ္ေရးကိစၥရပ္မ်ား။

(စ)     ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးတို႔အား ဒီမိုကေရစီရွင္သန္ဖြံ႔ၿဖိဳး၊ ရင့္က်က္ခိုင္မာေသာအဆင့္သို႔ ကူးေျပာင္းေစရန္အတြက္ လိုအပ္မည့္ ဥပေဒအခ်က္အလက္မ်ားကို ထပ္မံျပင္ဆင္ျဖည့္စြက္သြား မည္။

(ဆ)    ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရၾကား စီးပြားေရးႏွင့္ သယံဇာတခြဲေဝမႈဆိုင္ရာ ကိစၥရပ္ မ်ားတြင္ ဗဟိုမွခ်ဳပ္ကိုင္မႈမ်ား ေလ်ာ့ခ်ၿပီး လြတ္လပ္စြာစီမံအုပ္ခ်ဳပ္လာႏိုင္ေရး။

(ဇ)     ျပည္နယ္ဖြဲ႔စည္းပံုအေျခခံဥပေဒေပၚေပါက္လာေရး၊ ျပည္နယ္လႊတ္ေတာ္မွ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေရြးခ်ယ္ခန္႔အပ္ႏိုင္ေရး၊ ျပည္ေထာင္စုကို ျပည္နယ္လႊတ္ေတာ္မွ ခန္႔အပ္ႏိုင္ေရး။

 

စီးပြားေရး

၁၀။     စီးပြားေရးက႑ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ မိမိတို႔ပါတီအေနႏွင့္ ေအာက္ပါအခ်က္တို႔ကို ေထာက္ခံက်င့္သံုး သြားပါမည္ –

(က)    စိုက္ပ်ိဳးေရးက႑ေခတ္မီဖြံ႔ၿဖိဳးတိုးတက္ေရး၊ ေျမအသံုးခ်မႈထိေရာက္လာေရး လယ္ယာေျမပိုင္ဆိုင္မႈ ျပႆနာမ်ားကို ဥပေဒလုပ္ထံုလုပ္နည္းမ်ားႏွင့္အညီ ပိုင္ဆိုင္ႏိုင္ေရး၊ မိရိုးဖလာဓေလ့ ထံုးစံအရ ေျမပိုင္ဆိုင္ခြင့္ ရရွိေရးေဆာင္ရြက္မည္။

(ခ)     ေဒသအတြင္း ရာဘာအပါအဝင္ စက္မႈကုန္ၾကမ္းထုတ္ကုန္မ်ားအား အမ်ိဳးအစားေကာင္းမ်ား စိုက္ပ်ိဳးေရး စနစ္တက်ထုတ္လုပ္ႏိုင္ေရး၊ နည္းပညာမ်ားအသံုးျပဳ၍ အဆင့္ျမင့္ကုန္ေခ်ာမ်ား ထုတ္လုပ္ႏိုင္ေရးတို႔ကို ေဆာင္ရြက္သြားပါမည္။

(ဂ)     ေဒသတြင္း စီးပြားေရးပိုမိုဖြံ႔ၿဖိဳးတိုးတက္ေစရန္ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးျမွင့္ဖန္တီး ႏိုင္ရန္ ေဆာင္ရြက္မည္။

(ဃ)    ႏိုင္ငံတကာ ခ်ိတ္ဆက္မႈမ်ားျဖင့္ အထူးစီးပြားေရးဇံုမ်ား၊ ေရနက္ဆိပ္ကမ္းမ်ား၊ နယ္စပ္ကုန္သြယ္ ေရး စခန္းမ်ား၊ စီမံကိန္မ်ား ေဖာ္ထုတ္မႈတို႔ အားေပးသြားမည္။

(င)     အခြန္ေကာက္ခံေရးႏွင့္စပ္လ်ဥ္း၍ ျပည္သူမ်ားက လိုလားလက္ခံ ထမ္းေဆာင္လိုစိတ္ရွိၿပီး ပူးေပါင္း ပါဝင္သည့္ အခြန္စနစ္မ်ိဳးေပၚေပါက္ရန္ တြန္းအားေပးျခင္း၊ ဘ႑ာေရးႏွင့္ပတ္သက္ၿပီး ဗဟိုခ်ဳပ္ ကိုင္မႈကိုေလ်ာ့ခ်ကာ ျပည္နယ္တိုင္း အစိုးရၾကား သင့္ေလ်ာစြာ ခြဲေဝသံုးစြဲႏိုင္ရန္ ေဆာင္ရြက္မည္။

(စ)     ေဒသတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ျမင့္မားလာေစရန္ႏွင့္ အႀကီးစား၊ အလတ္စား၊ အေသးစား စီးပြားေရးလုပ္ငန္းမ်ား ေပၚထြန္းလာေစေရးအတြက္ လုပ္ခြင့္သာသည့္ စီးပြားေရးပတ္ဝန္းက်င္ကို ဖန္တီးတည္ေဆာက္သြားမည္။

(ဆ)    လူမ်ိဳး၊ ဘာသာ၊ က်ား/မ ခဲြျခားဆက္ဆံျခင္းမရွိဘဲ လူတိုင္းတန္းတူအလုပ္လုပ္ပိုင္ခြင့္၊ အခြင့္အရး၊ လုပ္ငန္းခြင္လံုၿခံဳေရး၊ အလုပ္မွ အနားယူသည့္ အခ်ိန္တြင္ အာမခံခ်က္ရွိသည့္ လူမႈဖူလံုေရးစနစ္ တို႔ကို ထူေထာင္မည္။

(ဇ)     စီးပြားေရးလုပ္ငန္း တိုးတက္ေအာင္ေဆာင္ရြက္ရာတြင္ အေျခခံအခ်က္ျဖစ္သည့္ စြမ္းအင္က႑ ဖြံ႔ၿဖိဳးတိုးတက္ေရးကို အာရံုစိုက္ေဆာင္ရြက္ပါမည္။ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္မ်ားကို တိုးတက္ ထုတ္လုပ္ သံုးစြဲႏိုင္ေအာင္ ေဆာင္ရြက္သြားမည္။

 

က်န္းမာေရး

၁၁။     ျပည္သူလူထုတစ္ရပ္လံုးပါဝင္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို တည္ေဆာက္ႏိုင္ရန္အတြက္ ေအာက္ပါတို႔ကို ေဆာင္ရြက္သြားပါမည္ –

(က)    က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ျပည္နယ္ႏွင့္ျပည္မတန္းတူရရွိေရး၊ ေက်းလက္ႏွင့္ၿမိဳ႕ျပ တစ္ေျပးညီ က်န္းမာေရးေစာင့္ေရွာက္မမႈမ်ား ရရွိေစေရး။

(ခ)     က်န္းမာေရးဘတ္ဂ်က္မ်ား တိုးျမွင့္ခ်ထားေပးေရးႏွင့္ စည္းစနစ္တက်သံုးစြဲေရး။

(ဂ)     သက္ႀကီးရြယ္အုိမ်ား၊ မသန္စြမ္းသူမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္ရြက္ေရး။

(ဃ)    လူငယ္မ်ားအတြက္ မူးယစ္ေဆးဝါး အသိပညာေရးလုပ္ငန္းမ်ား၊ မူးယစ္ေဆးစြဲသူမ်ား၊ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေရး။

(င)     က်န္းမာေရးဌာန၊ ေဆးရံုေဆးေပးခန္းမ်ား၊ ပုဂၢလိကေဆးရံု၊ ေဆးခန္းမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ အဆင့္အတန္းျမင့္မားတိုးတက္လာၿပီး ျပည္သူမ်ား ယံုၾကည္စိတ္ခ်စြာအားကိုး အားထားျပဳႏိုင္ေရး။

(စ)     တိုင္းရင္းသားေဆးပညာ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အားေပးေဆာင္ရြက္ေရး။

(ဆ)    ျပည္တြင္း/ျပည္ပမွ ထုတ္လုပ္တင္သြင္းသည့္ စာေသာက္ကုန္မ်ားအား ေဘးအႏၱရာယ္ကင္းရွင္း ေရးႏွင့္ က်န္းမာေရးႏွင့္ညီညြတ္ေစေရးအတြက္ ဥပေဒမ်ား ျပဌာန္းေရး၊ လိုက္နာေဆာင္ရြက္ေရး။

(ဇ)     ကိုဗစ္ကဲ့သို႔ေသာ ကပ္ေရာဂါမ်ားျဖစ္ပြားလာပါက စနစ္တက် ကာကြယ္တားဆီးသြားႏိုင္မည့္ ဥပေဒမ်ား၊ လုပ္ထံုးလုပ္နည္းမ်ား ျပည့္စံုစြာ ေရးဆြဲထားရွိေရး၊ အစီအမံမ်ား ျပဳလုပ္ထားေရး။

(ဈ)     က်န္းမာေရးအာမခံစနစ္ ျပန္႔ပြားထိေရာက္လာေစေရး။

 

ပညာေရး

၁၂။     ပညာေရးက႑တိုးတက္ျမင့္မားေရးအတြက္ ေအာက္ပါတို႔ကို ေဆာင္ရြက္သြားပါမည္ –

(က)    လူတိုင္းစာတတ္ေျမာက္ေရးႏွင့္ အခမဲ့မသင္မေနရ အေျခခံပညာေရးစနစ္ကို အေကာင္အထည္ ေဖာ္မည္။

(ခ)     ႏိုင္ငံေတာ္၏ ႀကိးၾကပ္မႈေအာက္တြင္ စံခ်ိန္စံညႊန္းႏွင့္ ျပည့္မီေသာ ပုဂၢလိက ပညာေရးစနစ္ကို အားေပးမည္။

(ဂ)     အဆင့္ျမင့္ပညာေရး၊ အသက္ေမြးဝမ္းေၾကာင္းပညာေရးတို႔ကို ႏိုင္ငံတကာအဆင့္သို႔ ေရာက္ရွိ ႏိုင္ေအာင္ ေဆာင္ရြက္မည္။

(ဃ)    သက္ဆိုင္ရာ တိုင္းရင္းသားေဒသအတြင္းရွိ ေက်ာင္းမ်ားတြင္ သက္ဆိုင္ရာ တိုင္းရင္းသားတို႔၏ စာေပကို ဘာသာရပ္တစ္ခုအေနျဖင့္ သင္ၾကားသြားရန္ ေဆာင္ရြက္မည္။

(င)     မိခင္ဘာသာစကားအေျချပဳဘာသာစံု ပညာေရးစနစ္ကို အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ေဆာင္ရြက္ၿပီး ယင္းစနစ္အား ႏိုင္ငံေတာ္၏ ပင္မ ပညာသင္ၾကားေရးစနစ္တြင္ ေပါင္းစပ္သြားႏိုင္ ေရး ေဆာင္ရြက္မည္။

(စ)     ပညာေရးက႑ သင္ရိုးညြန္းတမ္းမ်ားတြင္ မိမိတိုင္းရင္းသားလူမ်ိဳးအလိုက္ တိမ္ျမဳပ္ေနေသာ သမိုင္း ေၾကာင္းမ်ား ေဖာ္ထုတ္ေရး၊ မွားယြင္းေနေသာ ျဖစ္စဥ္ျဖစ္ရပ္မ်ားအား မွန္ကန္စြာတည့္မတ္ေပးေရး၊ အမ်ိဳးသားယဥ္ေက်းမႈ အႏုပညာ၊ အမွတ္အသားလကၡဏာမ်ား ပါဝင္လာေအာင္ ထည့္သြင္းေရးတို႔ ကို ေဆာင္ရြက္သြားမည္။

(ဆ)    တိုင္းရင္းသားတို႔၏ စာေပယဥ္ေက်းမႈအႏုပညာတို႔အား ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ ေရးအတြက္ ပညာေရးဝန္ႀကီးဌာန၊ တိုင္းရင္းသားေရးရာဝန္ႀကီးဌာတို႔ႏွင့္ ခ်ိတ္ဆက္ထည့္သြင္း ေဆာင္ရြက္ေရးကိုလည္း ေဆာင္ရြက္မည္။

 

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး

၁၃။     ေအာက္ပါတို႔ကို ေဆာင္ရြက္သြားပါမည္ –

(က)    သဘာဝသယံဇာတမ်ား၊ တရားမဲ့ထုတ္ယူႏိုင္ျခင္းမရွိေစေရး၊ ဘတ္ဂ်က္မ်ားခြဲေဝရရွိေရး ဥပေဒမ်ား ေရးဆြဲေရး။

(ခ)     ေဒသတြင္း သဘာဝပတ္ဝန္းက်င္ထိခိုက္ေစမည့္ ကိစၥရပ္မ်ားအား ကန္႔ကြက္ဆန္႔က်င္၊ တားျမစ္ သြားေရး။

(ဂ)     သစ္ေတာသစ္ပင္မ်ား ျပန္လည္ထူေထာင္ စိုက္ပ်ိဳးေရး။

(ဃ)    သဘာဝဝန္းက်င္ႏွင့္ ရာသီဥတုထိခိုက္ေစမည့္ ေက်ာက္မီးေသြး ဓါတ္အားေပးစက္ရံုမ်ား၊ ေက်ာက္မီးေသြးသံုး ကုန္ထုတ္စက္မ်ားကို ဆန္႔က်င္၍ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ကို အသံုးခ် ႏိုင္ေရး။

(င)     ဆည္ေျမာင္း၊ တာတမံမ်ားအား ျပည္သူလူထုႏွင့္ သဘာဝဝန္းက်င္မထိခိုက္ေစဘဲ တည္ေဆာက္ ေစေရးႏွင့္ အက်ိဳးရွိစြာ အသံုးခ်ႏိုင္ေရး။

(စ)     ႏိုင္ငံတကာမွ ထုတ္ျပန္ေသာ သဘာဝဝန္းက်င္ထိန္းသိမ္းမႈဆိုင္ရာ ဥပေဒမ်ား အခ်က္အလက္ မ်ားအား သိရွိၿပီး လိုက္နာေဆာင္ရြက္ေရး။

(ဆ)    အဖြဲ႔အစည္းပိုင္ ေက်းရြာပိုင္၊ တပိုင္တႏိုင္သစ္ေတာမ်ား၊ စိုက္ခင္းမ်ား ေပၚေပါက္လာေရး။

(ဇ)     သဘာဝဝန္းက်င္ကို မထိခိုက္ဘဲ ၿမိဳ႕ျပ၊ လူေနအိမ္ေျခမ်ား တိုးခ်ဲ႕ေရး။

 

 

သဘာဝေဘးအႏၱရာယ္ ကာကြယ္ေစာင့္ေရွာက္ေရး

၁၄။     သဘာဝေဘးအႏၱရာယ္ႏွင့္ ပတ္သက္ၿပီး ေအာက္ပါတို႔ကို လုပ္ေဆာင္သြားပါမည္ –

(က)    သဘာဝေဘးအႏၱရာယ္ ထိခိုက္လာေစမည့္ ကိစၥရပ္မ်ား ႀကိဳတင္တားဆီးႏိုင္ရန္ ဥပေဒ၊ နည္းဥပေဒမ်ား ေရးဆြဲျပဌာန္းျခင္း။

(ခ)     သဘာဝေဘးအႏၱရာယ္က်ေရာက္သည့္အခ်ိန္၌ အျမန္ဆံုးဆယ္တင္ကူညီပံ့ပိုးျခင္း။

(ဂ)     သဘာဝေဘးအႏၱရာယ္ က်ေရာက္ၿပီး ေဒသမ်ားကို ျပန္လည္ထူေတာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း။

 

အမ်ိဳးသမီးက႑

၁၅။     အမ်ိဳးသမီးက႑ဖြံ႔ၿဖိဳးတိုးတက္ေစရန္ ေအာက္ပါတို႔ကို ေဆာင္ရြက္သြားပါမည္ –

(က)    အမ်ိဳးသား၊ အမ်ိဳးသမီးတန္းတူညီမွ်သည့္ အခြင့္အေရးရရွိရန္ အေကာင္အထည္ေဖာ္ က်င့္သံုး သြားမည္။

(ခ)     အမ်ိဳးသမီးမ်ား၊ ဘဝလံုၿခံဳေရး၊ ဖြံ႔ၿဖဳိးတိုးတက္မႈရရွိေရးတို႔အတြက္ လုိအပ္ေသာ ဥပေဒ၊ နည္းဥပေဒ မ်ားကို ဆက္လက္ျပဌာန္းေပးသြားမည္။

(ဂ)     က႑တိုင္းတြင္ ဆံုးျဖတ္ခ်က္ခ်မွတ္သည့္အဆင့္မ်ား၌ အမ်ိဳးသမီးမ်ားပါဝင္ႏိုင္ေရးကို ေဆာင္ရြက္ သြားမည္။

(ဃ)    အမ်ိဳးသမီးမ်ားအေပၚ နည္းမ်ိဳးစံုျဖင့္ အၾကမ္းဖက္ျခင္း၊ ႏွိမ့္ခ်ျခင္း၊ လူကုန္ကူးျခင္း၊ ခြဲျခားဆက္ဆံ ျခင္း မရွိေစရန္ မူဝါဒမ်ားခ်မွတ္ၿပီး ႀကိဳတင္ကာကြယ္ျခင္း တုန္႔ျပန္ေဆာင္ရြက္ျခင္းမ်ားတြင္ ပူးေပါင္း ေဆာင္ရြက္သြားမည္။

 

လူငယ္က႑

၁၆။     လူငယ္တို႔ဖြံ႔ၿဖိဳးတိုးတက္ေရးသည္ ေဒသတြင္းႏွင့္ ႏိုင္ငံဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ အဓိကက်ေသာေၾကာင့္ အေဘးထားေဆာင္ရြက္သြားရမည္ –

(က)    ဗလငါးတန္ျပည့္ဝေသာ လူငယ္မ်ားျဖစ္ထြန္းလာေရးအတြက္ ေလ့က်င့္ျပဳစုပ်ိဳးေထာင္သြားမည္။

(ခ)     ထူးခြ်န္ထက္ျမတ္သည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား တိုးပြားလာေစရန္ ျပည္တြင္းျပည္ပ တို႔တြင္ ေခတ္မီပညာမ်ား သင္ၾကားခြင့္ရရွိရန္ အားေပးကူညီမည္။

(ဂ)     မူးယစ္ေဆးဝါး၊ စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားမသံုးစြဲေရး၊ စည္းရံုးလႈံ႕ေဆာ္တားျမစ္မည္။      (ဃ)          လူငယ္မ်ား အလုပ္အကိုင္အခြင့္အလမ္းသစ္မ်ား ဖန္တီးေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္မည္။

(င)     အမ်ိဳးသားေရးေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးေခါင္းေဆာင္မ်ားေနရာတြင္ အခ်ိန္မေရြး အစားထိုး ေနရာယူႏိုင္ရန္ ေလ့က်င့္ပ်ိဳးေထာင္သြားမည္။

(စ)     လူငယ္မ်ားအတြင္း အဖြဲ႔စည္းစိတ္ဓါတ္တိုးတက္ခိုင္မာေစရန္ အခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈမ်ား အားေကာင္းလာေစရန္၊ လူငယ္အဖြဲ႔အစည္းမ်ား ဖြဲ႔စည္းရာတြင္ ကူညီျခင္း၊ တာဝန္ေပးအပ္ျခင္းမ်ား ေဆာင္ရြက္သြားမည္။

(ဆ)    လူငယ္မ်ားအတြက္ ဘဝအာမခံခ်က္ေပးႏိုင္ေသာ ပညာေရးစနစ္၊ ပညာေရးႏွင့္ လုပ္ငန္းခြင္ ေပါင္းစပ္ေပးေသာ ပညာသင္ၾကားႏိုင္မႈ အခြင့္အေရးမ်ား ေပၚေပါက္လာရန္ ေဆာင္ရြက္မည္။

 

ႏိုင္ငံျခားေရး

၁၇။     ႏိုင္ငံေတာ္၏ လြတ္လပ္၍ တက္ၾကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရး မူဝါဒကို က်င့္သံုးရာတြင္ ေအာက္ပါတို႔ကို အားေပးေဆာင္ရြက္သြားပါမည္ –

(က)    ႏိုင္ငံတကာဆက္ဆံေရးကို ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး(၅)ခ်က္ႏွင့္အညီ က်င့္သံုး ျခင္းအား ေထာက္ခံသည္။

(ခ)     ေဒသတြင္းေနထိုင္ေသာ အမ်ားျပည္သူတို႔၏ အက်ိဳးစီးပြားအလို႔ငွာ၊ ကမာၻ႔ႏိုင္ငံမ်ား၊ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ားႏွင့္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိႏိုင္သည့္ ကိစၥရပ္တြင္ ပူးေပါင္းေဆာင္ရြက္သြားမည္။

(ဂ)     သဘာဝဝန္းက်င္ထိန္းသိမ္းေရး၊ ကမာၻ႔ၿငိမ္းခ်မ္းေရး၊ မူယစ္ေဆးဝါးတားဆီးေရး ထိန္းခ်ဳပ္ေရးစသည့္ တစ္ကမာၻလံုးႏွင့္သက္ဆိုင္သည့္ ကိစၥရပ္မ်ားတြက္ တက္ၾကြစြာပူးေပါင္းပါဝင္ေဆာင္ရြက္သြားမည္။

(ဃ)    အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ေဒသတြင္းႏိုင္ငံမ်ား၊ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ မိတ္ေဆြကဲ့သုိ႔ ခ်စ္ခင္ေလးစားစြာ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးတို႔အတြက္ အစဥ္တစိုက္ႀကိဳးပမ္း လုပ္ေဆာင္သြားရာတြင္ ပါဝင္သြားမည္။

 

တိုင္းရင္းသားက႑

၁၈။     တုိင္းရင္းသားတို႔၏ အေရးကိစၥကို ေဆာင္ရြက္ႏိုင္ရန္အတြက္ ေအာက္ပါအခ်က္တို႔ကို တြန္းအားေပးသြား မည္။

(က)    တိုင္းရင္းသားအသီးသီးတို႔၏ စာေပယဥ္ေက်းမႈက႑၊ ရိုးရာဓေလ့ထံုတမ္း၊ ရက္ႀကီးရက္ျမတ္ အခမ္းအနားမ်ား ျပဳလုပ္ရာတြင္ ႏိုင္ငံေတာ္မွလည္းေကာင္း၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားမွလည္းေကာင္း၊ ပံ့ပိုးကူညီေဆာင္ရြက္သြားေရး။

(ခ)     ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ ၎တို႔သက္ဆိုင္ရာျပည္နယ္ တိုင္းရင္းသား၏ ကိုယ္စားျပဳ ပုဂၢိဳလ္ျဖစ္ေသာ္လည္း ယင္းတိုင္းရင္းသားအေရးကို ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္အတြက္ ဝန္ႀကီးတစ္ဦးအား သတ္မွထားရွိေပးေရးႏွင့္ ဘတ္ဂ်က္အား သီးျခားသတ္မွတ္ေပးေရး။

 

ကတိကဝတ္မ်ား

၁၉။     အထက္ေဖာ္ျပပါမူဝါဒလုပ္ငန္းစဥ္မ်ားအရ ေအာက္ပါကတိကဝတ္မ်ားကို ေပးအပ္ပါသည္ –

(က)    တစ္ႏိုင္ငံလံုး ၿငိမ္းခ်မ္းေရးရရွိၿပီး စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ရာတြင္ ပါဝင္သြားမည္။

(ခ)     ဖက္ဒရယ္ျပည္ေထာင္စု၏ ၾကန္အင္လကၡဏာမ်ား ျပည့္ဝသည့္ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုျပင္ဆင္ေရးကို ပါဝင္ေဆာင္ရြက္သြားပါမည္။

(ဂ)     တိုင္းရင္းသား စာေပသင္ၾကားေရး၊ မိခင္ဘာသာစကား အေျချပဳ၊ ဘာသာစံုပညာေရးစနစ္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ေဆာင္ရြက္ေရး၊ ယင္းစနစ္အား ႏိုင္ငံေတာ္၏ ပင္မပညာေရး စနစ္တြင္ ေပါင္းစည္းသြားႏိုင္ေရး ေဆာင္ရြက္မည္။

(ဃ)    တိုင္းရင္းသားအခြင့္အေရးအား ဥပေဒ၊ နညး္ဥပေဒမ်ားျဖင့္ ေရးဆြဲကာကြယ္ေစာင့္ေရွာက္ သြားမည္။

(င)     အလုပ္အကိုင္အခြင့္အလမ္းမ်ား ေပၚေပါက္ရရွိေရးကို ေဆာင္ရြက္သြားပါမည္။

(စ)     ရာဘာကဲ့သို႔ေသာ စက္မႈကုန္ၾကမ္းသီးႏွံမ်ားက႑၏ ဖြံ႔ၿဖိဳးတိုးတက္ေရးကို ေဆာင္ရြက္သြားပါ မည္။

(ဆ)    ခ်ိတ္ဆက္အားျဖင့္ ျပည္ေထာင္စုအတြက္ စြမ္းေဆာင္ႏိုင္ေသာ စီမံကိန္းႀကီးမ်ားအား ေဒသတြင္း တည္ေဆာက္သြားႏိုင္ေရး ဦးေဆာင္တင္ျပေဆာင္ရြက္မည္။

(ဇ)     မိသားစုဝင္ေငြ တိုးတက္ရရွိေရးကို ေဆာင္ရြက္သြားပါမည္။

(ဈ)     သဘာဝဝန္းက်င္ ထိန္းသိမ္းေရးကို အစဥ္မျပတ္ေဆာင္ရြက္မည္။

(ည)    အမ်ိဳးသမီးႏွင့္ လူငယ္က႑အစဥ္တိုးတက္ျမင့္မားေနေရး ေဆာင္ရြက္မည္။

 

နိဂံုး

၂၀။     မြန္ညီညြတ္ေရးပါတီသည္ တစ္ႏိုင္ငံလံုးလႊမ္းၿခံဳႏိုင္သည့္ ၿငိမ္းခ်မ္းေရးရရွိၿပီး တန္းတူေရး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ ေရး၊ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ျဖင့္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးႏိုင္သည့္ စစ္မွန္သည့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္ေရး ေမွ်ာ္မွန္းခ်က္တို႔ျဖင့္ မြန္အမ်ိဳးသားထု တစ္ရပ္လံုးေဒသတြင္း တိုင္းရင္းသား လူထုအားလံုးႏွင့္ ျပည္ေထာာင္စုအတြင္းရွိ ေသြးခ်င္းမ်ား အားလံုးတို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါသည္။

၂၁။     တန္းတူညီမွ်မႈရွိၿပီး တိုင္းရင္းသားတို႔အေရးကို အာမခံခ်က္ေပးႏိုင္မည့္ ဖက္ဒရယ္ျပည္ေထာင္စုဆိုင္ရာ ဖြဲ႔စည္းပံုအေျခခံဥပေဒအား ျပဳျပင္ေျပာင္းလဲ ႏိုင္ေရးကိုည္း အစဥ္အၿမဲေရွ႕ရႈလ်က္ရွိပါသည္။

၂၂။     ျမန္မာျပည္အႏွံ႔အျပားတြ္င ေနထိုင္သည့္ မြန္လူမ်ိဳးမ်ား၊ ေဒသတြင္းႏွင့္ ႏုိင္ငံေတာ္တြင္း ေနထိုင္သည့္ တိုင္းရင္းသား ျပည္သူလူထုအားလံုးအတြက္ ၿငိမ္းခ်မ္းသာယာေသာ စစ္မွန္သည့္ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ ေရး ရည္မွန္းခ်က္အား မမွိတ္မသုန္းႀကိဳးပမ္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားေသာ အခ်က္မ်ားႏွင့္အတူ ကတိကဝတ္ျပဳပါသည္။

၂၃။     ကြ်ႏ္ုပ္တို႔ပါတီအေနျဖင့္ ထိုကတိကဝတ္အျပင္ ေရြးေကာက္ပြဲေၾကညာစာတမ္းပါ လုပ္ငန္းစဥ္မ်ားအား လည္း မဲဆႏၵရွင္ ျပည္သူလူထုတစ္ရပ္လံုး၏ အားေပးေထာက္ခံမႈႏွင့္အတူ အစဥ္တစိုက္ လက္တြဲပူးေပါင္း အေကာင္ အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္။

 

 

 

ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ

မြန္ညီညြတ္ေရးပါတီ

Related Articles

Back to top button