ဆောင်းပါး

ဗမာလူမျိုးကြီး ဝါဒနဲ့ မျက်မှောက် ဖက်ဒရယ်တည်ဆောက်ရေး ကြိုးပမ်းမှု ပဋိပက္ခ

ဗမာလူမျိုးကြီး ဝါဒနဲ့ မျက်မှောက် ဖက်ဒရယ်တည်ဆောက်ရေး ကြိုးပမ်းမှု ပဋိပက္ခ

ရှမ်း-ဗမာ ဆက်ဆံရေး သုံးသပ်ချက်မှသည် ဖက်ဒရယ်သို့

အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံတွင်းက လွတ်လပ်ရေးတောင့်တနေတဲ့ တိုင်းရင်းသား တွေအများ အပြားရှိတဲ့အနက် အခြေခံအားဖြင့် သမိုင်းကြောင်း ဖြတ်သန်းမှု ကွဲပြားခြားနား တဲ့ ကရင်နီ၊ ကချင်နဲ့ ရှမ်း ပုံစံ ၃ မျိုးကို ထုတ်နုတ်ပြီး စဉ်းစားတွေးတောစရာ ဥပမာအဖြစ် တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီကနေ့ ဖယ်ဒရယ်စနစ်ကို လိုလားတောင်းဆို နေကြတဲ့ တိုင်းရင်းသားတွေရဲ့ အရေးဆိုမှုကို လေ့လာ ကြည့်တဲ့အခါ အချို့သော တိုင်းရင်းသားများက ရှိခဲ့ပြီးသော နိုင်ငံရေး အုပ်ချုပ်ရေး သမိုင်းအစဉ်အလာ အရ ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်ကို လိုချင်တာဖြစ်ပြီး အချို့သော တိုင်းရင်း သားများက လူမျိုးရေးအမြင်အရ ကို ဗမာကို ဗဟိုထားပြီး ဝန်းရံပေးရတဲ့ ပြည်နယ် ဘဝ ကို မနှစ်မြို့တာ၊ အဲဒီ ဘဝကနေ လွတ်မြောက်ချင် တာဖြစ်ပါတယ်။ ဒီလိုအခင်းအကျင်း အနေအထားနဲ့ ဘုံရည်မှန်းချက်ပန်းတိုင်တစ်ခုရရှိရေး အဖြေရှာနေကြရ တဲ့ ဒီကနေ့ ဖယ်ဒရယ်တည်ဆောက်ရေးမှာ လက်တွေ့ ကြုံတွေ့နေရတဲ့ အထက်ဖော်ပြပါ တိုင်းရင်းသားတွေ အကြားက မတူညီတဲ့ အခြေခံ အချက်ကြီး ၂ ချက် ကိုဖြစ်ပေါ်စေခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့ပါတယ်။ ဒါတွေကို အမြင်ရှင်းရှင်းနဲ့ နားလည်သဘောပေါက်ပါမှ အနာဂတ် ဖယ်ဒရယ် ပုံစံကို ဘယ်လိုအခြေခံမူ တွေနဲ့ တည်ဆောက်မလဲဆိုတာ အဖြေရှာလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗမာနဲ့ တိုင်းရင်းသားတွေ အကြားမှာ သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူညီမှုတွေနဲ့ နောက်ဆုံးမှာ ပဋိပက္ခကို ဦးတည် စေခဲ့သော ဒီကနေ့ မျက်မှောက်အခြေအနေကို ရောက်ရှိခဲ့ရတဲ့ သမိုင်း ကြောင်း အကျိုးဆက်တွေကို အရင်ရှင်းလင်း တင်ပြ လိုပါတယ်။

လွတ်လပ်ရေးရပြီး ပထမဆုံးပေါ်ပေါက်လာတဲ့ ၁၉၄၇ အခြေခံဥပဒေအောက်က ရှမ်း၊ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း (ရခိုင်တောင်တန်းဒေသ အပါ) ၅ ပြည်နယ် အမည်ပေါက် ပြည်ထောင်စုပုံစံကနေ ၁၉၆၂ ခုနှစ် စစ်တပ်ရဲ့ အာဏာ သိမ်းမှုရဲ့ အကျိုးဆက် အဖြစ် ပေါ်ပေါက်လာတဲ့ ၁၉၇၄ခုနှစ် ဆိုရှယ်လစ် အခြေခံဥပဒေအောက်မှာ (မွန် ရခိုင်တိုးပြီး) ၇ ပြည် နယ် အမည်ပေါက် (၇ ပြည်နယ် ၇ တိုင်း၊ ပြည်နယ်နှင့် တိုင်း ၁၄ ခု မူ နဲ့ ) တစ်ပါတီစနစ်အောက်က ပြည်ထောင်စု ပုံစံ ဖြစ်ခဲ့ရတာကြောင့် ၁၉၄၈ ကနေ ၁၉၆၂ လွန် ကာလ အပြောင်းအလဲတွေရဲ့ အခြေခံသဘောကို လေ့လာကြည့်တဲ့ အခါ နှစ် ၇၀ ကျော် အင်္ဂလိပ် ကျွန်ဘဝ ကနေ ဗမာ ကျွန်ပြန်ပြောင်းဖြစ်ခဲ့ရတဲ့ ခံစားချက်ကို ပေါက်ဖွားလာစေခဲ့တဲ့ သဘောတရားကို တွေ့မြင်ရပါ တယ်။ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ လွတ်လပ်ရေး ဦးဆောင်အဖွဲ့နဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်တွေ အကြား အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးကို အတူတူ ရယူဖို့ ပင်လုံ သဘောတူညီချက်နဲ့ ဆုံးဖြတ်ခဲ့ကြစဉ် က၊ တိုင်းပြည်ကို ဘယ်လိုမူတွေနဲ့ ထူထောင်မလဲ ဆိုတာ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသော်လည်း၊ အဲဒီ ဆွေးနွေးချက် ဆုံးဖြတ်ချက်တွေဟာ စနစ်တကျ အပ်နှင်း ထားရှိတဲ့ အခွင့်အာဏာအရ ဆောင်ရွက်ခဲ့ကြတာ မဟုတ်ဘဲ၊ ရှေ့ပြေး ယာယီ ဦးဆောင်မှုတာဝန်တွေကို ထမ်းရွက်နိုင်ဖို့ သက်ဆိုင်ရာ ပြည်သူ အများစုက ယုံကြည်အားထားနေကြတဲ့ ခေါင်းဆောင်များက ကမကထပြုခဲ့ကြတဲ့ သဘောပဲ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖြစ်ခဲ့ရတာဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့ နောက် ပင်လုံ သဘောတူညီချက်နဲ့ ပတ်သက်နေတဲ့ ကတိကဝတ်ဆိုင်ရာ ပြဿနာတွေကို ဆက်လက် တာဝန်ယူ၊ တာဝန်ခံမယ့်သူ တိတိကျကျမရှိဘဲ ကျန်ရစ်ခဲ့တဲ့ အကြောင်းရင်းခံကိုပဲဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တိုင်းပြည်ထူထောင်ရေးကို အဓိက ဦးဆောင် နေခဲ့တဲ့ ဗမာနိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် ဗမာ နိုင်ငံရေး အင်အားစုတွေအကြားမှာ ဗိုလ်ချုပ် အောင်ဆန်း စိတ်ကူးရည်မှန်းထားတဲ့ ပြည်ထောင်စု အနှစ်သာရသဘောကို ကျေညက်စွာနားလည်ပြီး တရားဝင်လက်ခံကိုင်စွဲထားခဲ့ကြတာမျိုး မဟုတ်ခဲ့တာ ဟာ နောင်ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ခေါင်း ဆောင်မှုဆက်ခံသူတွေ မရိပ်စားမိခဲ့တဲ့ အကြောင်း တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုစဉ် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘော တူညီခဲ့တာဟာ တိုင်းပြည် ကို ၁၀ နှစ်တာ အတူတကွ ထူထောင်ကြည့်ဖို့ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ၁၉၄၇ အခြေခံ ဥပဒေ ပြဋ္ဌန်းချက် ထဲက နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဟာ ယာယီသဘောသာ ဖြစ်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းမရှိတဲ့နောက် ဗမာနိုင်ငံရေး ခေါင်းဆောင်များဘက်က တာဝန် ဆက်ခံသူတွေဟာ အဲဒီ နိုင်ငံတော် ဖွဲ့စည်းတည်ရှိပုံ ကို အတည်အတံ့အဖြစ်သဘောထားပြီး ၁၀ နှစ် အတွင်း အဆင်မပြေလို့ ဖယ်ဒရယ် ပြည်ထောင်စုစနစ် ပီပီပြင် ကျင့်သုံးဖို့ တိုင်းရင်းသားတွေဘက်က တွန်း တွန်းတိုက်တိုက် တောင်းဆို ကြိုးပမ်းလာကြတဲ့အခါ ၁၉၄၇ အခြေခံ ဥပဒေ ပြဋ္ဌန်းချက်ပါ ခွဲထွက်ပိုင်ခွင့် အခန်း (၁၀) ကို ကျင့်သုံးဖို့ ဦးတည်လာသလိုဖြစ်ခဲ့တာ ကြောင့် အဲဒီကြိုးပမ်းမှုကို ခွဲထွက်ရေးလို့ ဗမာတွေ ဘက်က ခံစားမိခဲ့ကြတာဖြစ်ပါတယ်။ တည့်တည့် ပြောရရင် အဲဒီအချိန်က ဗမာနိုင်ငံရေး ခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေဟာ ဗမာလူမျိုးနဲ့ ပြည်မ ဗဟိုပြုနိုင်ငံကိုသာ ရည်မှန်းနေကြပုံပေါ်ပြီး တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားရှိခဲ့တဲ့ နားလည်မှုနဲ့ ကတိကဝတ်တွေအပေါ် အလေးအနက် မထားရှိခဲ့တာဟာ ပြဿနာအားလုံး ရဲ့ အစပဲဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိ ကြာမြင့်ခဲ့သော ပါလီမန်ခေတ်မှာ တာဝန် ယူခဲ့သော အစိုးရတွေဟာ ဒီ ဖယ်ဒရယ်ပြဿနာကို ေြွမမသေ တုတ်မကျိုး၊ ဝေ့လည် ကြောင်ပတ် ကိုင်တွယ် နေခဲ့ရာက ၁၉၆၂ ခုနောက်ပိုင်း ဒီထက် သဘောထား ပြင်းထန်ပြီး၊ တစ်ကိုယ်တော် နိုင်ငံရေး အိပ်မက်ရှိတဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ရောက်တဲ့ အခါမှာ ဖယ်ဒရယ် တောင်းဆိုမှု ကို ခွဲထွက်ရေးအဖြစ် တံဆိပ်အပြီးကပ်ခါ တိုင်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်မရှိတဲ့ ပြည်ထောင်စု ပုံစံ သစ်တစ်ခုထဲ သွတ်သွင်းခဲ့ပြီး ဒါဟာ အားလုံးလက်ခံ ရမယ့် ပြည်ထောင်စု ပုံစံအဖြစ် ငြင်းပယ် ကန့်ကွက်ခွင့် မရှိ လက်ခံစေခဲ့ပါတယ်။ ဒါကြောင့် အခုလို ၂၀၁၀ လွန်ကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကနေ ပြန်လည်နိုးထလာတဲ့ ဖယ်ဒရယ်မူ ပြန်လည်ထူထောင် ရေးအိပ်မက်ထဲမှာ ဗိုလ်ချုပ်ကြီး နေဝင်းခေတ်က တီထွင်ခဲ့တဲ့ ပြည်နယ် တိုင်း ၁၄ ခုမူ ကို တိုင်းရင်းသား တွေ ဘက်က ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ မူဝါဒ သဘောထားတွေ ပြင်ဆင်လာကြခြင်းဟာလည်း နောက်ဆုံးမှာ တပ်မတော်ရဲ့ ပြည်ထောင်စု မပြိုကွဲရေး မူနဲ့ ထိပ်တိုက်ဖြစ်ရမယ့် အခြေအနေမျိုးဖြစ်လာစေ ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ဗမာ့ နိုင်ငံရေး လောကရဲ့ ဆင့်ကဲဖြစ်စဉ် တွေဖြစ်တဲ့ ဗမာနိုင်ငံရေးပါတီတွေ အားပြိုင်မှုကြီးမား နေခဲ့တဲ့ ဖဆပလ ခေတ်မှာ ပြည်နယ်တွေအပေါ် အာရုံမစိုက်နိုင်ခဲ့လို့ လစ်ဟင်းမှုတွေ ဖြစ်နေခဲ့ရာကနေ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ အခါ ပိုဆိုးသွားခဲ့ရ တာပဲ ဖြစ်ပါတယ်။ ပါလီမန် အရပ်သား အစိုးရတွေက ပေါ့ပေါ့တန်တန်ထားခဲ့တဲ့ တိုင်းရင်းသား တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ရပိုင်ခွင့်ပြဿနာဟာ ဖြေရှင်းပေးနိုင်တဲ့အထိ ရောက်ရှိမလာသေးတဲ့ အခြေအနေ ကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါမှာ လုံးဝ ရုပ်သိမ်းခံရတဲ့သဘောဖြစ်သွားတာပဲ ဖြစ်ပါတယ်။ ဒီရပိုင်ခွင့်တွေ ကလည်း ခွဲထွက်ရေး၊ တိုင်းပြည် ပြိုကွဲရေးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခံခဲ့ရပြီး လုံးဝလမ်းပျောက်ခဲ့ရပါတယ်။ သို့သော် ဒီဖြစ်စဉ်မှာ ကျွန်တော်တို့သုံးသပ်နေကျ ဗမာစစ်ခေါင်းဆောင် တွေရဲ့ အာဏာလက်ဝါးကြီးအုပ်စနစ်ကိစ္စကို ခဏ ဘေးဖယ်ထားပြီး အခြား အရေးပါတဲ့ ဗမာလူမျိုးရေးနဲ့ အကျိုးဆက်ပြဿနာတွေကို ဒီနေရာမှာ ရှင်းပြချင်ပါ တယ်။

ဘာကြောင့် ဗမာလူမျိုးကြီးဝါဒ ဆန်လာသလဲ

အခုအချိန်မှာ ထိုစဉ်က အင်္ဂလိပ်အနေနဲ့ လွတ် လပ်ရေး မဖြစ်မနေပေးရမယ့် အနေအထားရှိခဲ့တာကို ပြန်လည်ထောက်ရှုကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ အခြားသော ဗမာလူငယ် ကျောင်းသားများ ခေါင်းဆောင်တဲ့ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုကို အရေးမပါသဖွယ်ပြောဆိုနေကြတာရှိသလို မလိုအပ်ဘဲ ဂျပန်ကိုသွားခေါ်ခဲ့တဲ့အတွက် ဗမာစစ်တပ်ကြီးပါ အဖတ်တင်ကျန်ခဲ့ရပြီး ဒီကနေ့ နိုင်ငံအကျိုးဆက် အဆိုးတွေအထိပါ ကောက်ချက်ဆွဲ တွေးခေါ်သုံးသပ်မှု တွေလည်းရှိပါတယ်။ သမိုင်းမှာပြန်ကြည့်ရင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ကျေးဇူးဟာ တိုင်းရင်းသားတွေအပေါ် မှာ ဘာမှမရှိဘူးဆိုတဲ့ ပြောဆိုဝေဖန်ချက်တွေလည်း ရှိလာပါတယ်။ ဒီအကြောင်းအရာအပေါ် အမြင်ရှင်းရှင်း နဲ့ ဝေဖန်ရရင်ရင်တော့ အထက်ဖေါ်ပြပါ လွတ်လပ်ရေး မဆုံးရှုံးခင်နဲ့ လွတ်လပ်ရေး ဆုံးရှုံးပြီးကာလတွေရဲ့ အုပ်ချုပ်ရေး အခင်းအကျင်းတွေကြောင့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို ဦးဆောင်ခဲ့သူတွေဟာ ဗမာအများစုဖြစ်နေခဲ့ပြီး ဗမာပြည် ပြည်မ လွတ်လပ် ရေး ကြိုးပမ်းမှုဟာ ကျန်တဲ့တိုင်းရင်းသားတွေအတွက် လည်း သူတို့အတွက်ပါ လွတ်လပ်ရေး မျှော်လင့်ချက်ကို ဖြစ်စေခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော် ရဲရဲ တင်းတင်းပြောနိုင်ပါတယ်။ အရိုးရှင်းဆုံးပြောရရင် ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ် ကိုလိုနီ ကျူးကျော်မှုအောက် ဗမာဘုရင် ကျရှုံးသွားရတဲ့အတွက် ဗမာနိုင်ငံ တစ်ခု လုံးဟာ လွတ်လပ်ရေး ဆုံးရှုံးသွားခဲ့ရသလို ဗမာတွေ က လွတ်လပ်ရေးကို အရယူဖို့ ကြိုးပမ်းတဲ့အခါမှာ လည်း တစ်ချိန်က မြန်မာပြည် (ဗမာပြည်)လို သမုတ်ခဲ့ သော ဒေသတွေဟာ လွတ်လပ်ရေးရဖို့ အကြောင်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။ အဲဒီ သဘောတရားတွေ အရပဲ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့အတူ ပေါက်ဖွားလာ ကြတဲ့ ဗမာခေါင်းဆောင်တွေဟာ လွတ်လပ်စ မြန်မာ နိုင်ငံကိုဗမာဇာတ်စီးတဲ့တိုင်းပြည်အဖြစ် တည်ဆောက် ရေး ကာလတိုင်းပြည်ရဲ့ အရေးအရာတွေ စဉ်းစားလုပ် ဆောင်ရာမှာ ပြည်မကိုသာ ဦးစိုက်ပြီး အာရုံထားကာ တိုင်းရင်းသားဒေသတွေ သာမန်သဘောထားပြီး စီမံဆောင်ရွက်ခဲ့သလို ဖြစ်ခဲ့ရတဲ့သဘောကို တွေ့ရပါ တယ်။

နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ဖို့ မဖြစ်မနေ လိုအပ်တဲ့ အချက်တွေကတော့ နိုင်ငံသားအဖြစ် ခံယူ ရပ်တည်လိုတဲ့ နိုင်ငံသားတွေနဲ့အတူ အင်အား ကောင်း တဲ့ စစ်တပ်၊ လုံလောက်တဲ့ စီးပွားချမ်းသာ၊ ခေတ်မီ အုပ်ချုပ်ရေးစနစ်နဲ့ အိမ်နီး ချင်းကောင်းနိုင်ငံတွေပဲ ဖြစ်ပါ တယ်။ ပထမ ကမ္ဘာ စစ်ကြီးနောက်ပိုင်းမှာ ခေတ်မီအုပ်ချုပ်ရေး ပုံစံသစ် များက ခေတ်ဟောင်း အုပ်ချုပ်ရေးပုံစံတွေကို ဖယ်ရှား လိုက်ပြီး အထက်ပါ လိုအပ်ချက်တွေနဲ့ပြည့်စုံတဲ့ နိုင်ငံတွေပေါ်ထွန်းလာကြ ပါတယ်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးတဲ့အချိန်မှာ အင်္ဂလိပ် ကိုလိုနီ အင်ပါယာကနေ လွတ်မြောက်လာတော့မယ့် အိန္ဒိယဒေသနဲ့ မြန်မာ နိုင်ငံ အပါအဝင် မြန်မာနိုင်ငံ အနောက်ခြမ်း ဒေသ တစ်ခုလုံးမှာ နေထိုင်ကြတဲ့ လူမျိုးစု၊ လူမျိုးကွဲတိုင်းမှာ လွတ်လပ်တဲ့ အချုပ်အခြာပိုင် နိုင်ငံထူထောင်ရေး အိပ်မက်တွေက လွှမ်းခြုံပေါက်ဖွားလာပါတယ်။ ဒီနေရာမှာ အထက်ဖော်ပြပါ လိုအပ် ချက်တွေ မပြည့်စုံလို့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရေး မသေချာ မှုတွေနဲ့ ရင်ဆိုင်ကြရတဲ့အထဲမှာ မြန်မာနိုင်ငံ တောင်တန်းဒေသတွေက တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်း ဆောင်တွေအနေနဲ့ တိုင်းပြည်တစ်ခု အဖြစ်ရပ်တည် နိုင်ဖို့ လိုအပ်ချက်နဲ့ ပိုပြီးပြည့်စုံနေတဲ့ ဗမာကို ခေါင်း ဆောင်နေရာထားပြီး ပူးပေါင်းလိုက်ကြရတာဖြစ်တယ် လို့ မြင်ပါတယ်။ ဒီလိုပဲ အင်္ဂလိပ် ကိုလိုနီနိုင်ငံဘဝ ကာလတစ်ခုလုံးနဲ့ အင်္ဂလိပ်ရဲ့ ကိုလိုနီအင်ပါယာ ကျဆုံး ရမယ့် ဒုတိယကမ္ဘာစစ် အကြိုကာလများကို ပြန်ကြည့် မယ်ဆိုရင်လည်း တိုင်းရင်းသား ခေါင်းဆောင်တွေဆီမှာ လွတ်လပ်ရေး အိပ်မက်တွေ မက်မြင်ပြီး ကိုလိုနီ ဘဝကနေ လွတ်မြောက်ဖို့ ရုန်း ကန်နေတဲ့ အရိပ် လက္ခဏာမတွေ့ရဘဲ နိုင်ငံရေး တက်ြွကလှုပ်ရှားသူ ဗမာအများစုကသာ ပုံစံအမျိုး မျိုးနဲ့ လွတ်လပ်ရေး အိပ်မက်ကို ဖော်ဆောင်နေခဲ့ကြ တာကို တွေ့မြင်နိုင်ပါတယ်။ တိုင်းရင်းသား ခေါင်း ဆောင်အများစုကတော့ အင်္ဂလိပ်လက်အောက်မှာ ဗိုင်းကောင်းကျောက်ဖိ ဆိုသလိုရှိနေခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်မှု နဲ့ လွတ်လပ်ရေး လမ်း ကြောင်း ပွင့်လာခါမှ လွတ် လပ်ရေးကို ဗမာတွေနဲ့အတူ ယူမလား၊ သီးခြား ရယူကြမလားဆိုပြီး လက်ပူတိုက် စဉ်းစားကြတာ ကြောင့် အင်္ဂလိပ်အနေနဲ့ လွတ်လပ် ရေးပေးဖို့ ကိစ္စမှာ ဗမာကို ခေါင်းဆောင်ထားပြီး ပေးလိုက်ရတဲ့ သဘောလို့ ကျွန်တော့်အနေနဲ့ ရှင်းရှင်း လင်းလင်း သုံးသပ်ပါတယ်။ အဲဒီလိုနဲ့ ဗမာဘုရင် ထီးနန်းကျဆုံးသွားရာက လွတ်လပ်ရေး ဆုံးရှုံးသွား တဲ့နိုင်ငံဟာ ဗမာ စစ်ဗိုလ် ချုပ်တစ်ယောက်ရဲ့ ဦးဆောင်မှုကို ယုံကြည်ပြီး အာဏာလွှဲပြောင်းရေး အစပြုရာက လွတ်လပ်ရေး ပြန်ရခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ရသလို အဲဒီလို ဗမာ ဇာတ်စီးတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဟာ ဒီကနေ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ပုံဖော်ခဲ့တယ် လို့ပြောရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ် ကိုလိုနီပြုမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး သမိုင်းအပြောင်းအလဲကို ခြုံငုံသုံးသပ် ပြီး ဘာကြောင့် လွတ်လပ်ပြီးစခေတ်ရဲ့ ဗမာ နိုင်ငံရေး ခေါင်းဆောင် အများစုဟာ ဗမာလူမျိုးကြီးဝါဒဆန်တဲ့ တွေးခေါ် လုပ်ဆောင်မှုတွေရှိနေသလဲဆိုတာကို အခုလို သုံးသပ်မိတာဖြစ်ပါတယ်။

၁၉၆၂ ကနေ ၁၉၈၈ အထိ ကြာမြင့်ခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တစ်ပါတီ အုပ်ချုပ်ရေး စနစ်ဟာ ၁၉၈၈ မှာ လူထုအုံြွကမှုကြီးကြောင့် ပျက်သုဉ်းသွားခဲ့ရတဲ့နောက်မှာ တစ်ဆက်တည်း မြန်မာနိုင်ငံရဲ့ အရေးပါတဲ့နိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ပေါ် ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်တွေထဲမှာ ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) လက်အောက်ခံအဖြစ် ရပ်တည်နေခဲ့ သော ]ဝ}တိုင်းရင်းသား ခေါင်းဆောင်တွေက ဗကပ ပါတီခေါင်းဆောင်တွေဆီက အာဏာသိမ်းယူပြီး နဝတ စစ်အစိုးရနဲ့ စေ့စပ်ပေါင်းစည်းလာခြင်းနဲ့အတူ ုှုဗ ကချင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အပါ အဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့ ၁၇ ဖွဲ့ ပါဝင်မှုနဲ့ အာဏာသိမ်း နဝတ စစ်အစိုးရက ဦးဆောင်ပြီး ၂၀ဝ၈ အခြေခံ ဥပဒေသစ် တစ်ရပ်ကို ရေးဆွဲကြမယ့် ၁၉၉၃ အမျိုးသားညီလာခံ ခေါ်ယူ ကျင်းပခြင်းဟာလည်း အလွန်အရေးပါတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ တိုင်းရင်းသား အင်အားစု တွေဟာ အင်္ဂလိပ်ကိုလိုနီ အစိုးရဆီကနေ လွတ်လပ် ရေးရယူစဉ်က ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး မျှော်လင့်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည် ပြီး လွတ်လပ်ရေးအတွက် ဗမာနဲ့ ပေါင်းခဲ့သလို ၁၉၈၈ အလွန် အာဏာသိမ်း စစ်အစိုးရရဲ့ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေး မျှော်လင့်ချက်ကို ယုံစားပြီး ဗမာ အများစုဦးဆောင်တဲ့ နဝတ စစ်အစိုးရနဲ့ ပေါင်းခဲ့ပြန်ပါ တယ်။ ၁၉၉၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံဟာ ၁၉၄၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံ ပြီးရင် မြန်မာ့သမိုင်းမှာ ဒုတိယမြောက် လက်နက်ကိုင် နယ်ပယ်က ဗမာခေါင်းဆောင်များနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တိုင်းပြည် ပြန်လည် တည်ဆောက် ရေးအတွက်ဆိုတဲ့ ရည်မှန်းချက်နဲ့ တွေ့ဆုံ ဆွေးနွေး ကြပြီး ပူးပေါင်းဆောင်ရွက်ကြတဲ့ သမိုင်း အချိုးအကွေ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ကို ကြည့် မယ်ဆိုရင်လည်း ဒီမိုကရေစီ အိပ်မက်ကို တစ်ဖန် ထွန်းတောက်စေခဲ့သော ၁၉၈၈ လူထု တော်လှန်ရေး လှုပ်ရှားမှုကြီးဟာ အရေးပါနေပြန် တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ ၈၈ လူထုတော်လှန်ရေးကြီးဟာလည်း ရဲဘော်သုံးကျိပ်နဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ စစ်ကြို ကာလလွတ်လပ်ရေး ကြိုးပမ်းမှုကဲ့သို့ တိုင်းပြည် အတွက် အရေးပါခဲ့သလို ဗမာ ဇာတ်စီးခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုကြီး လည်း ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဒုတိယ လွတ်လပ်ရေးအိပ်မက်လို့ဆိုနိုင်တဲ့ ၁၉၈၈ အလွန် ဒီမိုကရေစီ တော်လှန်ရေးနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းလဲထူထောင်ရေး လှုပ်ရှားမှု မှာ တပ်မတော် ခေါင်းဆောင်များအပြင် နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသား ခေါင်းဆောင် များက ဇာတ်စီးခဲ့ကြပြန် ပါတယ်။ သူတို့အားလုံးကို ဗမာ နိုင်ငံရေး ခေါင်းဆောင် တွေအဖြစ် တိုင်းရင်းသား အများစုက နားလည်လက်ခံ ထားကြ ပါတယ်။ သို့သော်လည်း ဒီတကြိမ် ဒီမိုကရေစီ ရေးကို အကြောင်းပြုပြီးပေါ်ပေါက်လာတဲ့ လှုပ်ရှားမှု ကြီးမှာတော့ တိုင်းရင်းသားတွေပါ ဒေသအလိုက် အများအပြား ပါဝင်ပူးပေါင်းခဲ့ကြသလို လက်နက် ကိုင်နယ်ပယ်မှာတင်မက နိုင်ငံရေး နယ်ပယ်မှာပါ ကိုယ်စီ သီးသန့်ပါတီ ဖွဲ့အစည်းတွေထူထောင်ပြီး ပါဝင်ခဲ့ကြတာကတော့ ထူးခြားတဲ့ အခင်းအကျင်း တစ်ခုဖြစ်စေခဲ့ပါတယ်။ အဲဒီလိုပဲ ဗမာကြီးစိုးတဲ့ မြေပေါ်နိုင်ငံရေး လောကကြီးတစ်ခုလုံးကလည်း ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို တိုင်းပြည်ရဲ့ အဓိက ရည်မှန်းချက်ကြီးတစ်ရပ်ဖြစ် ဆုပ်ကိုင်လာကြရသလို အပြောနဲ့တင် မဟုတ်ဘဲ ပိုပြီးလက်တွေ့ကျကျ ဦးတည် ချဉ်းကပ်လာကြရပါတယ်။ သို့သော် ဘယ်လို ဖယ်ဒရယ် ပြည်ထောင်စုစနစ်လဲ၊ ဘယ်လို အကောင်အထည်ဖော် ကြမလဲ၊ အဲဒီအခါ ဖယ်ဒရယ်စနစ် ဖေါ်ဆောင်ခြင်း ဟာ တိုင်းပြည် ပြိုကွဲမှုကို ဦးတည်ခြင်းဆိုတဲ့ အဓိပ္ပာယ် ကောက်ယူနေမှုတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှား မလဲဆိုတာ အရေးကြီးလာပါတယ်။

သမိုင်းဆိုင်ရာ အချက်အလက်တွေ အရ ပွင့်ပွင့် လင်းလင်းပြောရရင် မြန်မာ နိုင်ငံ ထဲက တိုင်းရင်းသား တွေဟာ အရင်တုန်းကလည်း အခုပြောနေတဲ့ ဖက်ဒရယ် စနစ်မျိုးနဲ့ မနေခဲ့ဖူးဘူးလို့ မှတ်ယူရမှာဖြစ်ပါတယ်၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်အင်ပါယာနဲ့ နေခဲ့ဖူးတဲ့ တိုင်းရင်းသားတွေ  ရှိသော်လည်း  အများစုမှာ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်နဲ့ ဗမာဘုရင် ကို အခွန်ပဏ္ဍာ ဆက်သရင်း ကိုယ်ပိုင် အုပ်ချုပ်စီမံမှုနဲ့ လွတ်လပ်စွာနေခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါကို ဖက်ဒရယ် ပုံစံတစ်မျိုးလို့ ပြောမယ်ဆို ပြောလို့ရနိုင်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်လက်အောက်ကို ကျရောက် သွားတဲ့ အချိန်မှာလည်း တောင်တန်း ဒေသက တိုင်းရင်းသားတွေဟာ ဗမာဘုရင်အစား အင်္ဂလိပ် အစိုးရကိုဆက်ပြီး ဩဇာခံရင်း မိမိဒေသရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လွတ်လပ်မှုကို ဆက်ပြီး ခံစားနိုင်ခဲ့ ကြပါတယ်။ တိုင်းရင်းသားတွေ တကယ် လွတ်လပ်ရေး ဆုံးရှုံးသွားတာကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းယူလိုက်တဲ့အချိန်မှာပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေးရဖို့ ဗမာတွေရဲ့ ဦးဆောင်မှုနဲ့ ကြိုးပမ်းနေဆဲကာလမှ တိုင်းရင်းသား တွေဟာလည်း ကိုယ့်လွတ်လပ်ရေး ကိုယ်စီတွေးလို့ ဖက်ဒရယ် အိပ်မက်ကို စပြီးမက်ခဲ့ကြတာပါ၊ အချို့ တိုင်းရင်းသားတွေဆို သီးခြားနိုင်ငံတစ်ခုအထိ ခွဲပြီး ရပ်တည်ဖို့အထိ ရည်ရွယ်ခဲ့ကြပါတယ် ။ ဒီအပေါ်မှာပဲ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ညှိနှိုင်း ကြပြီး ပင်လုံသဘောတူညီချက်နဲ့ လွတ်လပ်ရေးယူခဲ့ တာ ဖြစ်ပါတယ်။ သို့သော်လည်း အားလုံးသိပြီးကြတဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့နောက် ဗမာ ခေါင်းဆောင်တွေဟာ တိုင်းရင်းသားတွေဖက် က ဖက်ဒရယ် တောင်းဆိုမှု ပြဿနာအပြင်အခြား နိုင်ငံ့ရေးရာတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိတာကတစ်ကြောင်း၊ စစ်တပ်ခေါင်းဆောင်တွေက ကိုယ်ပိုင်နိုင်ငံရေးအိပ်မက်နဲ့ တိုင်းပြည်အာဏာကို ကြံစည်နေခဲ့တဲ့ အကြောင်းကြောင်းတွေကြောင့် တိုင်းပြည်ရဲ့ကံကြမ္မာဟာ တစ်ဆစ်ချိုး ပြောင်းခဲ့ပါ တယ်။ ဒီအပြောင်းအလဲမှာ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အိပ်မက်ပါ ခွဲထွက်ရေးလို့ အမည်တပ်ကာ အသုတ်သင်ခံရတာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်း က လွတ်လပ်ရေးရကာစမှာ တိုင်းရင်းသားတွေ စိတ်ကူး ပုံဖော်နေတဲ့ ဖက်ဒရယ်ကို အကောင်အထည်ဖော်နိုင် ခြင်း မရှိရုံတင်မက ယခင် အင်္ဂလိပ် ကိုလိုနီခေတ်နဲ့ ဗမာဘုရင် ပဒေသရာဇ် ခေတ်တွေမှာရရှိခဲ့သော လွတ်လပ်မှုမျိုးကိုပင်လျှင် လုံးဝဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်အခုလို ဖက်ဒရယ်အိပ်မက် ကို ပြန်ရဖို့ ကြိုးစားနိုင်တဲ့ အချိန်အခါတစ်ခုကို ရောက်ရှိ လာတဲ့အခါ အစစအရာရာ သတိကြီးကြီး အသိကြီးကြီး နဲ့ ချဉ်းကပ်လှုပ်ရှားဖို့ လိုပါတယ်။

ဗမာတွေရဲ့ ပြဿနာ သို့မဟုတ် အမှန်တကယ် အကောင်ပေါက်လာနိုင်သော ဗမာလူမျိုးကြီးဝါဒ

ဒီနေရာမှာ အခုလို နိုင်ငံရေးကနေ လူမျိုးရေး အကျိုးဆက်တွေအထိ အရှည်အရှည်ဖြစ်စေတဲ့ ဗမာတွေရဲ့ ပြဿနာကို ဆက်ပြီးပြောဖို့ လိုအပ်လာပါ တယ်။

အကြမ်းဖျင်းအားဖြင့် ပြင်ပလက္ခဏာကို ကြည့် မယ်ဆိုရင် ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တိုင်း ကို ဦးဆောင်ခဲ့ကြသလို အားပေးဝန်းရံသူပြည်သူ အများစုဟာလည်း ဗမာဖြစ်ကြ တာကြောင့် ဗမာတွေ က ဒီတိုင်းပြည်ကို သူတို့ ပိုင်သလို ခံစားမိနေတာကို တွေ့ရပါလိမ့်မယ်၊ ဒီလို ခံစားမိနေကြတဲ့ အခြေခံ အကြောင်းရင်းကို လေ့လာကြည့်ရင် ဗမာတိုင်းရင်း သားတွေဟာ တိုင်းပြည်မှာ လူဦးရေ ပမာဏအများဆုံး ဖြစ်ခြင်းဆိုတဲ့ အချက်အပြင်နောက်ထပ် အဓိက အကျ ဆုံးဖြစ်တဲ့ အချက်တစ်ချက်အထက်မှာ တင်ပြခဲ့ပြီး ဖြစ်တဲ့ ဗမာတွေဟာ တစ်နိုင်ငံလုံး လွတ်လပ်ရေး အတွက် ဗြိတိသျှ ကိုလိုနီကို ဆန့်ကျင် တော်လှန်ရေးရဲ့ Main Character အဓိကဇာတ်ကောင် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာလည်း ကိုလိုနီစနစ် အုပ်ချုပ်ရေးဗျူဟာကြောင့် အုပ်ချုပ်ခံတွေရဲ့ အင်္ဂလိပ် ကိုလိုနီအစိုးရအပေါ် တုံ့ပြန်မှုတွေဟာ နေရာဒေသ အလိုက် လူမျိုးအလိုက်မတူညီတဲ့ သဘောရှိခဲ့တာဟာ လည်း အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။

အဲဒီလို ကိုလိုနီအုပ်ချုပ်ခံဘဝမှာကတည်းက အုပ်ချုပ်ခံရတဲ့ ပုံစံကွဲပြားခဲ့ရသလို နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ ကစလို့ လွတ်လပ်ရေး တောင်းဆိုကြ တဲ့အခါ ဗမာနဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံအပေါ် ထားရှိတဲ့ ခံစားချက်၊ စဉ်းစားပုံ စဉ်းစားနည်းနဲ့ တုံ့ပြန် ပုံတွေ မတူညီကြတာတွေ့ရပါတယ်။ ဗမာ နိုင်ငံရေး ခေါင်းဆောင်တွေဟာ နိုင်ငံရေးမှာ တက်တက်ကြွကြွ ရှိခဲ့ကြသလို နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို အမြဲတစေ တောင်းဆို တိုက်ပွဲဆင်နေတာ တွေ့ရပါ တယ်။ အင်္ဂလိပ် လက်အောက်ရောက်ပြီး အနှစ်၂၀ ကြာမြင့်တဲ့အခါမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး ဗမာ လူကြီးလူငယ်တွေဟာ အမျိုးသားရေး အယူအဆတွေ စွဲကိုင်လာပြီး နိုင်ငံရေး စည်းရုံး လှုံ့ဆော်မှုတွေ စတင်လာခဲ့ ပါတယ်။ ဒါဟာ ကိုလိုနီ ဘဝရောက်ရှိပြီးနောက် လွတ်မြောက်ရေး အမြင် ဘက်ကို စတင် ဦးတည်စေတဲ့ နိုးကြားမှု တစ်ရပ်ဖြစ် သလို ဗမာလူမျိုးနဲ့ ၎င်းတို့ အများစု ကိုးကွယ်ရာ ဘာသာရေးကို အဓိက အခြေခံပြီးစတင်ခဲ့တာဖြစ်ပါ တယ်။ ဒါဟာလည်း ကိုလိုနီစနစ်နဲ့အတူ နောက်ဆက် တွဲ လိုက်ပါလာတဲ့ ခရစ်ယာန် သာသနာပြု လုပ်ငန်းများ ထွန်းကား လာခြင်းနဲ့ အိန္ဒိယနိုင်ငံသားများ အများအပြား ရွှေ့ပြောင်းအခြေချလာခြင်းရဲ့ ဂယက် များဟာ အခြေခံ လှုံ့ဆော်မှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို အမျိုးသားရေး နိုးကြားမှု အင်အား စုစည်းမှု ကနေ နောက် ၁၀ နှစ်ကျော်ကြာလို့ အင်္ဂလိပ်အစိုးရ က အိန္ဒိယနိုင်ငံကို ကိုယ်ပိုင် အုပ်ချုပ်ရေးပေးဖို့ စဉ်းစားတဲ့အခါ အဲဒီ ဗမာအမျိုးသားရေး အင်အားစု များဟာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့ လှုပ်ရှား တောင်းဆိုခဲ့ကြပါတယ်။ ဗမာအမျိုးသားရေး လှုပ်ရှား မှုနဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေဟာ အဲဒီလို သမိုင်း ကွင်းဆက်တွေရှိခဲ့တာဖြစ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ တိုင်းရင်းသားတွေရဲ့ ဗမာနဲ့ မတူညီတဲ့ ခံစားတုံ့ပြန်မှု တစ်ခုကို ထောက်ပြချင်ပါတယ်။ အိန္ဒိယ အုပ်ချုပ်ရေးအောက် ကနေ ခွဲထွက်ပြီး အိန္ဒိယနဲ့ တန်းတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိဖို့ ဗမာကိုယ်စား လှယ်အဖွဲ့တွေက အိန္ဒိယအထိ သွားရောက် အရေး ဆိုရာမှာ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ ကလည်း အတူလိုက်ပါခဲ့ပြီး ဗမာတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးဖို့ အချိန်အခါ အားဖြင့် စောနေသေး ကြောင်း၊ ကရင်တိုင်းရင်းသားများ အနေနဲ့အင်္ဂလိပ် အုပ်ချုပ်မှု အောက်မှာသာ နေထိုင်လိုကြောင်း အင်္ဂလိပ် အစိုးရဆီ ကန့်ကွက်စာ တင်သွင်းခဲ့ကြတယ်လို့ သမိုင်း ဆိုင်ရာအချက်အလက်များက မှတ်တမ်းတင်ထားကြပါ တယ်။ ခြုံငုံပြီး သုံးသပ်ကြည့်ရင် အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်ရေးစနစ်ဟာ ဗမာ အမျိုးသားရေးဝါဒကို ကြီးထွားလာအောင်စေ့ဆော်ပေးခဲ့ပါတယ် ။ အဲဒီလို ကြီးထွားလာတဲ့ အမျိုးသားရေး ဝါဒကပဲ အင်္ဂလိပ် ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အစပြုခဲ့ပြီး လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့အထိ ဇာတ်ရှိန်မြင့် ခဲ့တာကြောင့် ဗမာအမျိုးသားရေး ဝါဒနဲ့ လွတ်လပ်ရေး ဟာ ခွဲမရအောင် ရှိခဲ့ပါတယ်။ ဒီလိုပဲ အင်္ဂလိပ် အစိုးရ ရဲ့ ပါးနပ်လိမ္မာတဲ့ အုပ်ချုပ်ရေး ပုံစံကြောင့် တိုင်းရင်း သားတွေအနေနဲ့ လွတ်လပ်ရေးကို စဉ်းစားတဲ့အခါမှာ သူတို့အနေနဲ့ ဗမာမပါဘဲလည်း သီးခြား ရရှိနိုင်တဲ့ အခွင့်အရေးရှိတယ်၊ ဗမာ့ လွတ်လပ်ရေးဆိုတာ သတ်သတ်ဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ လွတ်လပ်ရေး နဲ့ အနာဂတ် အိပ်မက်ကိစ္စက တိုင်းရင်းသားတွေနဲ့ အင်္ဂလိပ်အကြားက ကိစ္စသက်သက် ပဲဖြစ်တယ်လို့ လည်း ခံယူတွေးခေါ်စေခဲ့တာဟာ အရေးပါတဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးခါစ တည်ဆောက်ဆဲ တိုင်း ပြည်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ခေါင်းဆောင် လုပ်ကြံခံရမှုတွေနဲ့အတူ ခေါင်းဆောင် အပြောင်း အလဲတွေ နိုင်ငံရေးအုပ်ချုပ်ရေးအပြောင်းအလဲတွေ ကြောင့် ရရှိထားခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ ညီညွတ်မှု သွေးစည်းမှုဟာ အပြင်ရော အတွင်းရော ကျိုးကြေပြီး ဒဏ်ရာ ပြင်းခဲ့ရတယ်၊ အဓိက ကတော့ တိုင်းပြည်ကို လူနည်းစုရဲ့ ကိုယ်ပိုင် စိတ်ကူးယဉ် အိပ်မက်တွေနဲ့ နှစ်ပေါင်းများစွာ ဦးဆောင် စီမံခဲ့တဲ့ ခေါင်းဆောင်မှု အမှားတွေကြောင့် တိုင်းရင်းသားတွေအပေါ်ကို ပိုမို ဖိနှိပ်ခဲ့သလိုဖြစ်ခဲ့ပြီး သူတို့အတွက် လွတ်လပ်ရေးက သတ်သတ်တိုက်ယူရမယ်လို့ နားလည် ယုံကြည်ခံယူ မိလာစေတာကြောင့်ပဲဖြစ်လို့ပါပဲ။ တစ်ဘက်မှာလည်း ဗမာနိုင်ငံရေး ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ တိုင်း ရင်းသားတွေဟာ အင်္ဂလိပ်ရဲ့သွေးခွဲ အုပ်ချုပ်မှုကြောင့် ဗမာခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို မခံယူလိုဘူး လို့ သံသယ ပါလာခဲ့ပါတယ်။ နောက်ထပ် အရေးပါတဲ့ ပြဿနာ တစ်ခုကတော့ ဗမာလူမျိုး အများစုဟာ တချိန်က ဗမာဘုရင် ဘုန်းမီးနေလ တောက်ပခဲ့ပြီး ကြီးမားတဲ့ အင်ပါယာ ထူထောင်ခဲ့တဲ့ ခေတ်ကာလတွေ အပေါ်   ဂုဏ်ယူစရာ   သမိုင်းမှတ်တိုင်တွေအဖြစ် ခံယူထားခဲ့ကြတာပဲဖြစ်ပါတယ်။ အင်္ဂလိပ်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ် ကျူးကျော်ခဲ့သူမှန်သမျှဟာ အဲဒီလို ကျူးကျော် အုပ်စိုးခဲ့မှုကို ဂုဏ်ယူပြီး ဝင့်ြွကားပြီး ဒီကနေ့ မျက်မှောက်ကာလရဲ့ မျိုးဆက်သစ်တွေ ရှေ့မှာ ပြောကြားခြင်းပြုလေ့မရှိတဲ့အပြင် ကျူးကျော် ခံရသူ ကာယကံရှင်နိုင်ငံသားတွေနဲ့ စကားစပ်မိတဲ့ အခါမှာလည်း အဲဒီအမှားအတွက် စိတ်မကောင်း ကြောင်း ပြောတတ်ကြပါတယ်။ ဗမာလူမျိုးတွေက တော့ ပထမနိုင်ငံတော်က ဘယ်လို၊ ဒုတိယနိုင်ငံတော် က ဘယ်လို၊ အယုဒ္ဓယကို ဘယ်လိုသိမ်းတာ စသဖြင့် အခုချိန်ထိ ဂုဏ်ယူဝင့်ကြွားပြီး ပြောတတ်ကြပါတယ်။ အခုလို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ နိုင်ငံ ရေး ရုန်းကန်မှုတွေဖြစ်တဲ့ အခါမှာလည်း ဒီလို သမိုင်းကြောင်းတွေကို အခြေခံပြီး အမျိုးသားရေး လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြပြန်ပါတယ်။ အကျိုးဆက် အနေနဲ့ အဲဒီလို ခံယူပြောဆို လှုံ့ဆော်မှုတွေက ဖြစ် ပေါ်တဲ့ ဘေးထွက်ဆိုးကျိုးကတော့ အခြားသော တိုင်းရင်းသား လူမျိုးစုများအပေါ် မထီမဲ့မြင်သဘော ထားခြင်းနဲ့ ခြောက်လှန့်သလိုဖြစ်ပြီး ဒီလိုဖြစ်စေတယ် ဆိုတာကိုလည်း ဂရုမပြု အမှုမထားဘဲနေကြတာပဲ ဖြစ်ပါတယ်။

ဗမာ ပြည်မကြီး အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ပေါင်းစည်းရေးအကြောင်းပြော တဲ့ အခါမှာ ချဉ်းကပ်ပုံချဉ်းကပ်နည်း အလွန်ဂရုစိုက်ဖို့ လိုပါတယ်။ အင်္ဂလန် အစိုးရကို လွတ်လပ်ရေး ပေးဖို့ အရေးဆိုနေတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ  ဗမာခေါင်းဆောင် ဦးဘဘေက ရှမ်းစော်ဘွား တစ်ဦးကို ဗမာတွေနဲ့ပေါင်းပြီး လွတ်လပ်ရေးအတူ ယူဖို့ ခေါင်းမာနေရင် ရှမ်းပြည်က အာလူးတွေ မဝယ် ဘူး၊ မီးရထားတွေ၊ စာတိုက်တွေ၊ ကြေးနန်းရုံး တွေ ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အင်္ဂလန်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ရယ်မောစရာ တစ်ခု လို ထည့်ပြောခဲ့တာကြောင့် ရှမ်းတိုင်းရင်းသား ခေါင်း ဆောင် စိတ်မကောင်းဖြစ်ရတယ်လို့ ခွန်းမတ်ရ်ကိုဘန်း ပြုစုတဲ့ ပင်လုံ စာချုပ်ရှင်းတမ်း (လက်စွဲစာအုပ်)မှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီလို စဉ်းစားပုံကို ဗမာလူမျိုးတွေစိတ်မှာ အခု အချိန်အထိ တွေ့နေရပြီး အထူးသဖြင့် သူတို့ကို အကျပ်ကိုင်တယ်၊ တုပြိုင်တယ် လို့ ယူဆကြတဲ့ အချိန်မှာ ဒီသဘော ထားမျိုးတွေက ဗမာတွေရဲ့စိတ်ထဲမှာ ထောင်းခနဲ ထလာတတ်တာကို သတိပြုကြ စေချင်ပါတယ်။ ဗမာတွေကလည်း ဒီလို သဘောထားမျိုးကို ကျပ်ကျပ်ထိန်းသိမ်းသင့်သလို အမှန်တကယ် အတူယှဉ်တွဲနေထိုင်ဖို့ ဆန္ဒရှိတယ် ဆိုရင် တိုင်းရင်းသားတွေဘက်ကလည်း ဒီလို အတွေး အမြင်ဘက်ကို မောင်းသွင်းမိတဲ့ အနေအထားမရောက် အောင် သတိထားဖို့ လိုပါတယ်။ တကယ်တော့ ကျွန်တော် လေ့လာဖတ်မှတ်ဖူးသမျှ ဗဟုသုတအရရော လူချင်းတွေ့ဆုံပြီး အမြင်ချင်းဖလှယ်မှု အတွေ့အကြုံ အရပြောရမယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေ ထဲမှာ အမှန်တကယ် ခွဲထွက်လိုစိတ်ပြင်းပြသူ အများ အပြားရှိနေတာလည်း အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် ဗမာခေါင်းဆောင်အချို့ စိုးရိမ်ပူပန်မှု ရှိတာလည်း လုံးဝအမှားချည်းတော့ မဟုတ်သေးဘူးလို့ ပြောနိုင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်ကာလရဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်စဉ်းစား ပြင်ဆင်ကြတဲ့အခါမှာ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ကျေလည်အောင် ရှင်းထားဖို့လိုပါတယ်။ ဗမာတွေဟာ တိုင်းရင်းသားဒေသတွေရဲ့နေရာတကာမှာ ချယ်လှယ် ဖို့ အစဉ်အမြဲ ကြိုးစားနေတယ်ဆိုတဲ့ အမြင်ဟာလည်း လိုအပ်ချက်လို့မမြင်ဘဲ ဗိုလ်ကျမှုလို့ တိုင်းရင်းသား တွေက ရှုမြင်လာကြတာဟာ တိုင်းရင်းသားတွေအနေ နဲ့ သိမ်းပိုက်ခံဘဝလို့ ခံစားမိစေတာဟာ သီးခြား ခွဲထွက်ရေးဆန္ဒကို ဖြစ်ပေါ်စေတယ်ဆိုတာ ဗမာ နိုင်ငံရေး ခေါင်းဆောင်တွေဘက်ကလည်း သတိ ထားမိဖို့လိုပြီလို့ ပြောချင်ပါတယ်။ တိုင်းပြည်မှာ ဗမာလို့ သတ်မှတ်ခံထားရတဲ့ ခေါင်းဆောင်တွေက အရာရာကို ငါတို့ စိတ်တိုင်းကျ စီရင်ဆုံးဖြတ်မယ်ဆိုတဲ့ စဉ်းစား လုပ်ဆောင်ချက်တွေကို ဗမာလူမျိုးကြီး ဝါဒအဖြစ် တိုင်းရင်းသားတွေ စိတ်မှာ ခံစားမိစေပါ တယ်။

ဒါနဲ့ ဆက်စပ်ပြီး ဗမာလူမျိုးကြီး ဝါဒ လို့ ခေါ်ဆိုနိုင်တဲ့ အယူအဆ ဖြစ်တည်လာပုံကို လေ့လာ ကြည့်တဲ့အခါမှာ ဗမာ တိုင်းရင်းသား လူဦးရေ ရဲ့ ပမာဏဟာ တိုင်းပြည်လူဦးရေ ရဲ့ ၇၀% ရှိနေတယ် ဆိုတဲ့အချက်တစ်ခုအပြင် ဗမာ ခေါင်းဆောင်ကို အနိုင်ရရှိသွားတဲ့အခါ အင်္ဂလိပ် ကိုလိုနီအစိုးရဟာ ကျန် တိုင်းရင်းသား ဒေသတွေကိုပါ ရရှိပြီးဖြစ်သကဲ့သို့ သမိုင်းမှာ အင်္ဂလိပ်နဲ့ ဂျပန် ကျူးကျော်သူတွေဟာ တိုင်းရင်းသားတွေနဲ့ ဗမာကို ခွဲခြားပြီး ဗမာတွေကို သာ အဓိက ထိန်းချုပ်အုပ်စိုးဖို့ ကြိုးစားခဲ့တာကြောင့် မြန်မာနိုင်ငံရယ်လို့ဖြစ်လာမယ့် အင်္ဂလိပ်နဲ့ ဂျပန် လက်အောက်က လွတ်မြောက်ရေး လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ဗမာ ခေါင်းဆောင်တွေဟာ အဓိက ဇာတ်ကောင်တွေဖြစ်နေခြင်းဆိုတဲ့ အချက်ကို အစပိုင်းမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ လွတ်လပ်ရေး ဆုံးရှုံးတာရော လွတ်လပ်ရေး ပြန်လည်ရယူတာပါ ဗမာတွေရဲ့ ကိစ္စ ဖြစ်ခဲ့တာဟာလည်း နိုင်ငံပြန်လည် တည်ဆောက်ရေး မှာ ဗမာတွေက လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေစေ ခဲ့ပြီး ဗမာအများစုနေထိုင်ရာ ဒေသများကိုသာ ပြောင်းလဲတိုးတက်စေဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့ ပိုမို အာရုံစိုက်နေခဲ့သလိုရှိခဲ့ကြတာဟာ အကျိုးဆက် ပြဿနာလို့ ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။ ကြုံတုန်း ကျွန်တော် လက်လှမ်းမီတဲ့ အချက်အလက်တစ်ခုနဲ့ ၁၉၅၂ ခုနှစ် လူမျိုးစုလွှတ်တော် မှတ်တမ်းတစ်ခုရဲ့ ဖော်ပြချက်အချို့ကို ကိုးကားပြီး ဥပမာပေးရှင်းပြလိုပါ တယ်။ လွတ်လပ်ရေးရပြီး ၄ နှစ်ခန့်ကြာတဲ့ အချိန်မှာ ကျင်းပတဲ့ လူမျိုးစု လွှတ်တော် အစည်းအဝေးတစ်ခုမှာ ရခိုင်ပြည်နယ် သံတွဲအမတ် ဦးရွှေကြိုင်မှ ပြည်နယ် အတွင်း ရေကြောင်းခရီးသွားလာရေး အခက်အခဲ တစ်ခုနဲ့ပတ်သက်ပြီး တင်ပြတောင်းဆိုခဲ့တဲ့ ကိစ္စ တစ်ရပ် ရှိခဲ့ပါတယ်။ နိုင်ငံအတွင်း အင်္ဂလိပ် အစိုးရ အာဏာကင်းမဲ့ပြီးနောက် လွတ်လပ်ရေးနဲ့အတူ ကိုယ်ပိုင် အစိုးရပေါ်ပေါက်လာတဲ့ ကနဦး ပြန်လည် တည်ဆောက်ရေးကာလမှာ အစိုးရအနေနဲ့ ယခင် တည်ရှိခဲ့သော နိုင်ငံခြားသားပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ပိုင်ခွင့်ပြန်မပေးတော့ဘဲ အချို့ လုပ်ငန်းများကို ပြည်သူပိုင် သိမ်းယူခဲ့ပါတယ်။ အဲဒီလို သိမ်းယူရာမှာ ပြည်မရဲ့ သယ်ယူပို့ဆောင်ရေး အသက် သွေးကြောဖြစ်တဲ့ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသော ဧရာဝတီဖလိုတီလာ သင်္ဘောကုမ္ပဏီ လည်းပါဝင်ပါတယ်။ သံတွဲ အမတ်ဦးရွှေကြိုင်ရဲ့ အဆို အရ ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီပိုင် သင်္ဘော တစ်ရာ ကျော် (အခြားရင်းမြစ် ဖော်ပြချက်များအရ ၄၀ဝ ကျော်) ကို အစိုးရက ပြည်သူပိုင်သိမ်းပြီး ဆက်လက် ပြေးဆွဲမှုတွေကို ဆောင်ရွက်ခဲ့ပေမယ့် ရခိုင် ပြည်နယ် ထဲက အာရကန်ဖလိုတီလာပိုင် သင်္ဘော ၁၄ စင်းကို ပြည်သူပိုင်သိမ်းဖို့ နှောင့်နှေးနေတာကြောင့် ရေကြောင်း ခရီးကို အဓိကထားပြီး အားကိုး အားထားပြုနေရတဲ့ ရခိုင်ပြည်နယ်နေ ပြည်သူများမှာ ခရီးသွား ဒုက္ခဆင်းရဲ တွေ ရောက်ရှိနေတယ်လို့ဆိုပါတယ်။ အဲဒီတုန်းက အခြေအနေကို သဘောပေါက်နိုင်ဖို့အတွက် ဦးရွှေကြိုင် ရဲ့တင်ပြချက်ထဲကနေ အနည်းကောက်နုတ်ဖော်ပြချင် ပါတယ်။ ဦးရွှေကြိုင်က တင်ပြရာမှာ “ဗမာပြည်မှာ ဧရာဝတီကုမ္ပဏီကို အစိုးရက ပြည်သူပိုင် လုပ်မည်၊ မလုပ်လျှင်မဖြစ်ဘူး၊ လုပ်မှ ဖြစ်မည်ဆိုတဲ့ အရေးကြီး ကိစ္စတစ်ရပ်လိုပဲ ကျွန်တော်တို့ရခိုင်ပြည်မှာလည်း အာရကန်ဖလိုတီလာ သင်္ဘောကုမ္ပဏီကို ပြည်သူပိုင် မလုပ်လျှင် မဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အရေးကြီး တဲ့ ကိစ္စတစ်ခုလို့လည်း ယူဆပါတယ်။ ဗမာပြည်က ဧရာဝတီကုမ္ပဏီမှာ မီးသင်္ဘော တစ်ရာကျော်ရှိတယ်၊ ၎င်းကို အစိုးရက သိမ်းပြီးပြီလို့ ကျွန်တော်တို့ ရခိုင် ပြည်ကလူတွေက သိကြပါတယ်။ သည်ဗမာပြည်မ မှာ ရှိတဲ့ သင်္ဘောများကို သိမ်းဖို့ အရေးကြီးသလို ကျွန်တော်တို့ ဆီမှာရှိတဲ့ ၁၄ စီးသော မီးသင်္ဘောကလေး များကိုလည်း သိမ်းဖို့အတွက် အရေးကြီးပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့တာတွေ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီး ပေါ်ပေါက်လာတဲ့ အစိုးရဟာ တိုင်းပြည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ပြည်မကိုသာပိုပြီး အာရုံစိုက်နေခဲ့တာ ထင်ရှားပါတယ်။ လမ်းပန်းဆက်သွယ်ရေးအတွက် စဉ်းစားလုပ်ဆောင် ရာမှာ တိုင်းရင်းသားဒေသတွေအတွက်ပါ တစ်ပါတည်း တစ်ချိန်တည်း စဉ်းစားခဲ့ဟန်မတူဘဲ အကြောင်းအချက် အမျိုးမျိုးနဲ့ ဦးစားပေးအဆင့်မှာ မထားရှိခဲ့ဘူးဆိုတာ ဒီအချက်တွေကို ကြည့်ရင်မြင်နိုင်ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားအရေးနဲ့ ပြည်ထောင်စု စနစ်ခိုင်မာရေးကို တိုင်းပြည်ရဲ့ နိုင်ငံရေးအရွေ့မှာ ဇာတ်စီးနေတဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေ ပေါ့ပေါ့ လျော့လျော့သဘောထားမိစေခဲ့တဲ့ အခြေခံ အကြောင်း ရင်းတစ်ရပ်ကို ထောက်ပြချင်ပါတယ်။ ဒီအချက်ဟာ လည်း အခုလို အနာဂတ် ဖက်ဒရယ် အိပ်မက်ကို တည်ဆောက်ဖို့ စဉ်းစားပြင်ဆင်ကြတဲ့အခါမှာ အလေးထား ဂရုပြုမိကြစေလိုတဲ့အတွက် ဖြစ်ပါတယ်။ အဲဒါကတော့ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေးက ပြဋ္ဌာန်း ထားခဲ့တဲ့ ဒေသန္တရ ဖွဲ့စည်းပုံပေါ် အခြေခံထားတဲ့ ၁၉၄၇ အခြေခံဥပဒေရဲ့ ပြဿနာပဲဖြစ်ပါတယ်။ လွတ်လပ်သော မြန်မာ နိုင်ငံရယ်လို့ ထူထောင်ကြတဲ့ အခါ နိုင်ငံ ဖွဲ့စည်းတည်ရှိပုံကို သတ်မှတ်ခံယူရာမှာ ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရအနေနဲ့ ပိုင်းခြား သတ်မှတ်ခဲ့တဲ့ အုပ်ချုပ်ရေးနယ်မြေပုံစံအတိုင်း စတင် ခဲ့ရသလို ပြည်နယ်အသစ်တွေ အကောင်အထည်ဖော် ရေးကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အိပ်မက် မဟာဗျူဟာတစ်ခုနဲ့ စတင်နိုင်ခဲ့ခြင်း မရှိခဲ့ တာဟာ တိုင်းရင်းသားများနဲ့ တန်းတူရေးမှာ ခုမရှုပ်ခဲ့ လို့ နောင်မရှင်းဖြစ်ခဲ့ရတဲ့ အချက်တစ်ချက်ဖြစ်ခဲ့တယ် လို့သုံးသပ်ပါတယ်။ တစ်နည်းပြောရရင် ဗမာ ခေါင်း ဆောင်တွေဟာ လွတ်လပ်ရေးကိုသာ စိတ်စောနေပြီး လွတ်လပ်သောတိုင်းပြည်တစ်ခုရဲ့ အနာဂတ် တည် ဆောက်ရေးကို စဉ်းစားရာမှာ တိုင်းရင်းသားအရေး ကို အလေးအနက်မပြုခဲ့ကြသလို ဖက်ဒရယ် ပြည် ထောင်စု ထူထောင်ရေးကိုလည်း သူတို့အနေနဲ့ အလေး အနက် မယုံကြည်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါ တယ်။ ဒါဟာလည်း အင်္ဂလိပ် ကိုလိုနီစနစ် အုပ်ချုပ်ပုံ က တစ်စိတ်တစ်ပိုင်းတာဝန် မကင်းဘူးဆိုတာလည်း ထောက်ပြချင်ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်ရေး ပုံစံအရ Proper Burma နဲ့ Scheduled ဒေသဆိုပြီး ပိုင်းခြား အုပ်ချုပ်ရာမှာ တိုင်းရင်းသားအများစု နေထိုင်ကြသော တောင်တန်းဒေသတွေကို Scheduled အဖြစ် သွတ် သွင်းအုပ်ချုပ်ခဲ့သော်လည်း မွန်၊ ကရင်နဲ့ ရခိုင် ဒေသအချို့ကိုတော့ ဗမာများနဲ့အတူ Proper Burma မှာပေါင်းစည်း အုပ်ချုပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီ အကျိုးဆက်ကတော့ လွတ်လပ်ရေးရယူဖို့ အတွက် Proper Burma က ဗမာတွေဦးဆောင် လှုပ် ရှားပြီး Scheduled (Frontier) ဒေသက ရှမ်း ဦးဆောင်တဲ့ချင်း၊ ကချင်၊ ကရင်နီ တိုင်းရင်းသားတွေ ပူးပေါင်းကြံစည်ကြတဲ့အခါ မွန်၊ ကရင်၊ ရခိုင်တိုင်းရင်း သားတွေက ရှေ့တန်းမှာ ရှိမနေဘဲ နောက်ကျနေခဲ့ တာတွေ့ရပါတယ်။ ဒါကြောင့် ပင်လုံသဘောတူညီချက် ကနေ လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲကြရာမှာ ကချင်ပြည်နယ် တစ်ခုကိုသာ အသစ်တည်ထောင်ထည့်သွင်းနိုင်ခဲ့ပြီး ရခိုင်တောင်တန်းဒေသတွေကတော့ ချင်းဝိသေသတိုင်း အတွင်း သွတ်သွင်း ထားရှိပြီး ကရင်အပါအဝင် အခြား ပြည်နယ်သစ်များ ဖော်ထုတ်တည်ထောင်နိုင်ရေးကို အခြေခံ ဥပဒေရဲ့ ပြဋ္ဌာန်း ချက်ထဲမှာ ထည့်သွင်းလမ်း ဖွင့်ထားရုံသာ ဆောင်ရွက်ထားရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သမိုင်း ကြောင်း အကျိုး ဆက်တွေအရ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူရေးကို ရည်ရွယ်ပြီး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲကြရမှာ မတူညီတဲ့ သမိုင်း ကြောင်း အကျိုးဆက်တွေကို အခြေခံခဲ့ကြတာကို တွေ့ရမှာဖြစ် ပါတယ်။ မွန် ၊ ကရင်နဲ့ ရခိုင် တိုင်းရင်း သားများရဲ့ လိုလားချက်ဟာ သီးခြားဖြစ်တည်မှုဖြစ်ပြီး ရှမ်း၊ ကချင်၊ ချင်း၊ ကယား( ကရင်နီ)တို့ရဲ့ လိုလား ချက်ဟာ ပင်လုံကတိကဝတ်ကို အခြေခံထားကြပါ တယ်။ သို့သော် ဒီကနေ့ ဖယ်ဒရယ် ပြည်ထောင်စုကို အမှန်တကယ်တည်ဆောက်ဖို့ ဗမာခေါင်းဆောင်တွေ နဲ့ တိုင်းရင်းသားတွေအကြား တစ်ကျော့ပြန် ဘုံသဘော တူညီချက် ရရှိကြတဲ့အခါ ပင်လုံကတိကဝတ်အပေါ် မှာပဲ အခြေခံပြီး စဉ်းစားကြမလား၊ သီးခြား ဘုံ သဘောတူ ရည်မှန်းချက်ကို ရှာဖွေညှိနှိုင်းရယူကြမလားဆိုတာကို စဉ်းစားကြရမှာဖြစ်ပါတယ်။ အကြောင်းကတော့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူစဉ် ကာလက အခြေ အနေတွေ၊ လူမျိုးအလိုက် နိုင်ငံရေး ခံယူချက် တိုးတက် ပြောင်း လဲလာမှုတွေဟာ ဒီကနေ့ အချိန်ကာလမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ရှိနေပြီဖြစ်တာကြောင့် ပင်လုံ အကြွေး တောင်းသလို စဉ်းစားနေလို့ မရတော့ ဘူးဆိုတာသေချာပါတယ်။ လွတ်လပ်ရေးမပေးခင်မှာ အင်္ဂလိပ်အစိုးရက ပြုလုပ် ခဲ့တဲ့ မေမြို့စုံစမ်းရေး အစီရင်ခံစာ အကြံပြုချက်အရ ‘ဝ’နယ်ကို ရှမ်းနဲ့ အတူထားရင်ထား၊ မထားရင် ဖယ်ဒရယ် ကောင်စီကနေ တိုက်ရိုက်အုပ်ချုပ်ဖို့ အကြံပြုခဲ့ပါတယ်။ သို့သော် ဒီကနေ့ ‘ဝ’တိုင်းရင်းသားတွေနဲ့ ‘ဝ’ဒေသရဲ့ ပိုင်ဆိုင် ထားတဲ့ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအင်အားနဲ့ ဩဇာကို ကြည့်မယ်ဆိုရင် ၁၉၄၈ ကလို သဘောထား လို့မရတော့ဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ ထိုနည်းတူ စွာ တစ်ချိန်က တိုင်းရင်းသား လူမျိုးစုငယ်များအဖြစ် သတ်မှတ်ထားတဲ့ တအာင်း၊ ရှမ်းနီ၊ ပအို့ဝ် စတဲ့ တိုင်းရင်းသားတွေ အနေအထားဟာလည်း နိုင်ငံရေး အရ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှု တွေရှိ နေပြီဆိုတာ အားလုံးမြင်တွေ့နေရပြီးဖြစ်ပါတယ်။ လတ်တလော မျက်မှောက် တိုင်းရင်းသားနိုင်ငံရေးမှာ ထူးခြားတဲ့ သမိုင်းကဏ္ဍသစ်လို့ပြောလို့ရတဲ့ လက်နက်ကိုင်စစ် အင်အားကြီးမားလာတဲ့ ‘ဝ’ တိုင်းရင်းသားအင်အားစု တွေရဲ့သီးသန့် ပြည်နယ် အဆင့်အတန်း ရယူဖို့ ကြိုး စားလာခြင်းနဲ့ ရခိုင်မြောက်ပိုင်းရဲ့ ကွန်ဖက်ဒရိတ် လှုပ်ရှားမှုနဲ့ စစ်ရေးပဋိပက္ခ ပေါ် ပေါက်ကြီးထွားလာမှု ပြဿနာတွေကို ကြည့်မယ်ဆိုရင် မျက်မှောက် တိုင်း ရင်းသားအရေး ပြဿနာဟာ ၁၉၄၇ ခုနှစ် ပင်လုံ သဘောတူညီမှုကို အခြေပြုထားတဲ့ အငြင်းပွားမှုတစ်ခု တည်းနဲ့ တရားသေစွဲကိုင် သုံးသပ်ဆင်ခြင်လို့ မရ တော့ဘူးဆိုတဲ့ အချက်ကိုတွေ့ကြရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်ရေး အကျပ်အတည်း ဒုတိယအကြိမ်မြောက် ပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းမှုကို အဖြေရှာကြရာမှာ ဗမာ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတွေ အကြား Ideology အတွေးအမြင်အရ ဘယ်လို ပေါင်း စည်းကြမလဲဆိုတာ အရေးကြီးလာပါတယ်။ အထူး သဖြင့် အတိတ်ကာလ ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲအစည်း အသင်းအပင်းတစ်စုရဲ့ သဘောထားနဲ့ ဩဇာ အာဏာ ပေါ်မှာ တည်ဆောက်ထားတဲ့ စိတ်ကူးစိတ်သန်းမျိုး၊ မျှော်မှန်းချက်မျိုး၊ လုပ်ငန်းစဉ်မျိုး မဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ် ။ ဒါဆို ဗမာနဲ့ တိုင်းရင်းသားနိုင်ငံ ရေး ဘယ်လိုပေါင်းစည်းကြမလဲ။

လက်တွေ့မှာတော့ ဝါရင့် ရှမ်း နိုင်ငံရေးသမား တွေ၊ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ဟောင်းတွေ ပြောလေ့ပြောထ ရှိတဲ့ပြောဆိုချက်တွေကို ကိုးကား ရမယ်ဆိုရင် တိုင်းရင်းသားတွေဆီမှာ ဗမာမုန်းတီးရေး ဝါဒမရှိဘဲ ဗမာခေါင်းဆောင် တွေညံ့လို့သာ၊ ဗမာ ခေါင်းဆောင်တွေ သဘောထားမကြီးနိုင်လို့သာ တိုင်း ရင်းသားတွေအကြားမှာ ဗမာမုန်းတီးရေး စိတ်တွေ ပေါ်ပေါက်စေခဲ့တာလို့ လက်ခံထားကြတဲ့သဘောကို တွေ့ရပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ နဲ့ လွတ်လပ်ရေးရပြီးနောက်ပေါ်ပေါက်လာတဲ့ ပါလီမန် ခေတ်ကာလတွင်းက ဗမာနိုင်ငံရေးခေါင်းဆောင် အများစုဟာ ကိုလိုနီဆန့်ကျင်ရေး နိုးကြားမှုကြောင့် အမျိုးသားရေး အယူဝါဒတွေစွဲ ကိုင်ထားကြသော် လည်း တိုင်းရင်းသားတွေ အပေါ် ခွဲခြားဆက်ဆံလိုတဲ့ ပြင်းထန်တဲ့ သဘောထားမျိုးမရှိဘူးလို့ ပြောနိုင်ပါ တယ်။ အင်္ဂလိပ်အစိုးရနဲ့ အလွမ်းသင့်တဲ့ ကရင်အမျိုး သားရေးလှုပ်ရှားမှုတွေ အားကောင်းခဲ့တာကြောင့် အင်္ဂလိပ်လက်အောက်မှနေစဉ်ကတည်းက ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်အောက်မှာ ဗမာနဲ့ ကရင် နိုင်ငံရေး အားပြိုင်မှုတွေ ရှိခဲ့သလို လွတ်လပ်ရေး ယူစဉ်မှာလည်း အင်္ဂလိပ် သစ္စာခံ အဖြစ် ရပ်တည်ကာ ကရင်နိုင်ငံ သီးခြားထူထောင်နိုင်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့တာ ကြောင့် ကရင်ဗမာ လူမျိုးရေး တင်းမာမှုတွေ ရှိခဲ့ပါ တယ်၊ အဲဒီအကျိုးဆက်ကြောင့် ဧရာဝတီတိုင်းမှာ ကရင်ဗမာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ခဲ့ပါတယ် ။ သို့သော်လည်း လွတ်လပ်ရေးရပြီး တိုင်းပြည်ထူထောင် ရေး ကြိုးပမ်းနေတဲ့ကာလမှာ ဗမာနိုင်ငံရေး ခေါင်း ဆောင်တွေဟာ ကရင် အမျိုးသားခေါင်းဆောင်တွေ တင်မက ကရင်အမျိုးသား စစ်ဖက်ဆိုင်ရာခေါင်းဆောင် များနဲ့ပါ ပေါင်းစည်းညီညွတ်နိုင်အောင်ကြိုးပမ်းခဲ့ကြတဲ့ သာဓကတွေလည်း တစ်ဘက်မှာရှိနေပြန်ပါတယ်။ သမိုင်းကြောင်းဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်ခြုံငုံ သုံးသပ်ကြည့်တဲ့အခါမှာတော့ တန်းတူရည်တူရေး ပြဿနာတွေရှိသော်လည်း ဗမာခေါင်းဆောင်တွေ အနေနဲ့ တိုင်းရင်းသားတွေနဲ့ စည်းလုံး ညီညွတ်စွာ နေထိုင်ရမယ်ဆိုတဲ့ မူဝါဒကိုတော့ အထင်အရှား စွဲကိုင်ထားကြရတာကို တွေ့ရပါတယ်။ လက်တွေ့မှာ ဗမာခေါင်းဆောင်များအနေနဲ့ တိုင်းရင်းသား အခွင့် အရေးတွေ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အခန်း ကဏ္ဍတွေအပေါ် လက်တွေ့ တန်းတူ အသိ အမှတ်ပြု နိုင်မှု အားနည်းကြသော်လည်း တိုင်းရင်းသားတွေနဲ့ ချစ်ခင် စည်းလုံးစွာ နေထိုင်ရမယ်ဆိုတဲ့ အချက် ကိုတော့ ပစ်ပယ်လိုက်သည်အထိ လုပ်ဆောင်နိုင်ခြင်း မရှိတာ ကိုလည်း တွေ့ရပါတယ်။ လွတ်လပ်ရေး ရပြီး ကာစ အချိန်ကနေ ဒီကနေ့ နိုင်ငံရေးခေတ် ၄ ခေတ်ပြောင်း ပြီးသည်အထိ နိုင်ငံရေး အခင်းအကျင်းတွေကို ကြည့် မယ်ဆိုရင် ခေတ် အဆက် ဆက် ဗမာခေါင်းဆောင် တွေဟာ တိုင်းရင်းသားတွေကို နိုင်ငံတော်သမ္မတ ကဲ့သို့အဆင့်မျိုး အပါ အဝင်ခေါင်းဆောင် နေရာတွေ ပေးအပ်ထားခဲ့ပြီး တိုင်းရင်းသားတွေကို ဗမာတွေနဲ့ တန်းတူရည်တူ ထားရှိဆက်ဆံတယ်ဆိုတဲ့ ပြယုဂ်ကို ဆောင်ဖို့ ကြိုးပမ်းခဲ့ကြတာ တွေ့ရပါတယ်။ သို့သော် လည်း ဒီကနေ့အချိန်အထိ တိုင်းရင်းသားတွေကို ပေးအပ်ခဲ့တဲ့ အခွင့်အရေးတွေကိုကြည့်မယ်ဆိုရင် ရာထူးအမြင့်တွေကို ဂုဏ်ထူးဆောင်သဘော ပေးအပ် ခဲ့သလိုဖြစ်ခဲ့ပြီး လက်တွေ့ စီမံခန့်ခွဲခွင့်နဲ့ ဥပဒေပြုရေး အခွင့်အလမ်းတွေကိုတော့ အပ်နှင်းပေးခဲ့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ ပြောရရင် တိုင်းရင်းသားတွေကို ဂုဏ်ထူးဆောင် သဘောနဲ့ ခေါင်းဆောင်နေရာတွေကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင် တွေကိုတော့ လက်တွေ့စီမံခန့်ခွဲမှု အာဏာကို ခွဲဝေပေးအပ်နိုင်ခြင်း မရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ဒီကနေ့ မျက် မှောက်အခြေအနေမှာ ဗမာခေါင်းဆောင်တွေနဲ့ တိုင်း ရင်းသားတွေအကြား အမှန်တကယ်ပေါင်းစည်း ညီညွတ်ရေးကို ရှေးရှုလုပ်ဆောင်ကြမယ်ဆိုလျှင် ဗမာ တွေအတွက် ပထမဆုံး လက်တွေ့ လုပ်ဆောင်ပြသ ရမှာကတော့ ခောတ် အဆက်ဆက် နိုင်ငံကောင်းကျိုး ဒေသတွင်း ကောင်းကျိုးကို ထမ်းရွက်ခဲ့ကြတဲ့ တိုင်း ရင်းသားခေါင်းဆောင် တွေကို ဖော်ထုတ်ပြီး လေးစားမှု ပြသဖို့ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံအနေနဲ့ ရွေးကောက်ခံကိုယ်စားပြု နိုင်ငံရေး စနစ်ကို ဦးတည် နေကြသော်လည်း ဒီကနေ့တိုင်းရင်းသားများ ကိုယ် တိုင် တန်ဖိုးထားလေးစား အသိအမှတ်ပြု ထားကြတဲ့ သက်ဆိုင်ရာ ပြည်နယ်ဒေသ အသီးသီးမှာ တာဝန်ထမ်း ဆောင်ဆဲ တိုင်းရင်းသားခေါင်းဆောင်များကို အသိ အမှတ်ပြုပြီး သူတို့ရဲ့ ဆန္ဒသဘောထားတွေကို အလေးပေးစဉ်းစားနိုင်ဖို့ ခေါင်းဆောင်တွေ အကြား လွတ်လပ်တဲ့ အလွတ်သဘော တရင်းတနှီး တွေ့ဆုံ ဆွေးနွေး ဆက်ဆံရေးတွေ ထူထောင်ထားရှိကြဖို့ လိုအပ်ပါတယ်။ တစ်ဘက် တိုင်းရင်းသားတွေဘက်က လည်း လက်တွေ့ကျပြီး ညင်သာစွာ ကူပြောင်းနိုင်တဲ့ ဖက်ဒရယ်စနစ်ကို စိတ်ပိုင်းဖြတ်ပြီး ဦးတည်နိုင်ဖို့ ပြင်ဆင်ကြိုးပမ်းနေဖို့လိုပါတယ်။ ဒါကြောင့် သီးခြား နိုင်ငံအဖြစ် ခွဲထွက်ရေး မဟုတ်တဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်ဟာ ဘာလဲ၊ ဘယ်လိုပုံစံ ဘယ်လို အနှစ်သာရမျိုးနဲ့လဲဆိုတာကို အသေအချာ အလေး အနက်စဉ်းစားဆင်ခြင် မျှော်မြင်ဆုံးဖြတ်ပြီး အသေ အချာ ပြဋ္ဌာန်းကိုင်စွဲနိုင်ဖို့လိုပါတယ်။ ပြီးမှ အဲဒီ ဖက် ဒရယ်စနစ်ကို ဗမာတွေကိုပါ ယုံကြည် လက်ခံလာဖို့ စည်းရုံးနိုင်ရေး နောက်တစ်ဆင့်ကြိုးပမ်းရမှာဖြစ်ပါ တယ်။

သီဟသွေး

Zawgy

ဗမာလူမ်ိဳးႀကီး ဝါဒနဲ႔ မ်က္ေမွာက္ ဖက္ဒရယ္တည္ေဆာက္ေရး ႀကိဳးပမ္းမႈ ပဋိပကၡ

ရွမ္း-ဗမာ ဆက္ဆံေရး သံုးသပ္ခ်က္မွသည္ ဖက္ဒရယ္သို႔

အၾကမ္းဖ်င္းအားျဖင့္ ျမန္မာႏိုင္ငံတြင္းက လြတ္လပ္ေရးေတာင့္တေနတဲ့ တိုင္းရင္းသား ေတြအမ်ား အျပားရွိတဲ့အနက္ အေျခခံအားျဖင့္ သမိုင္းေၾကာင္း ျဖတ္သန္းမႈ ကြဲျပားျခားနား တဲ့ ကရင္နီ၊ ကခ်င္နဲ႕ ရွမ္း ပံုစံ ၃ မ်ိဳးကို ထုတ္ႏုတ္ၿပီး စဥ္းစားေတြးေတာစရာ ဥပမာအျဖစ္ တင္ျပရျခင္း ျဖစ္ပါတယ္။

ဒီကေန႕ ဖယ္ဒရယ္စနစ္ကို လိုလားေတာင္းဆို ေနၾကတဲ့ တိုင္းရင္းသားေတြရဲ႕ အေရးဆိုမႈကို ေလ့လာ ၾကည့္တဲ့အခါ အခ်ိဳ႕ေသာ တိုင္းရင္းသားမ်ားက ရွိခဲ့ၿပီးေသာ ႏိုင္ငံေရး အုပ္ခ်ဳပ္ေရး သမိုင္းအစဥ္အလာ အရ ကိုယ္ပိုင္အုပ္ခ်ဳပ္ျပ႒ာန္းခြင့္ကို လိုခ်င္တာျဖစ္ၿပီး အခ်ိဳ႕ေသာ တိုင္းရင္း သားမ်ားက လူမ်ိဳးေရးအျမင္အရ ကို ဗမာကို ဗဟိုထားၿပီး ဝန္းရံေပးရတဲ့ ျပည္နယ္ ဘဝ ကို မႏွစ္ၿမိဳ႕တာ၊ အဲဒီ ဘဝကေန လြတ္ေျမာက္ခ်င္ တာျဖစ္ပါတယ္။ ဒီလိုအခင္းအက်င္း အေနအထားနဲ႔ ဘံုရည္မွန္းခ်က္ပန္းတိုင္တစ္ခုရရွိေရး အေျဖရွာေနၾကရ တဲ့ ဒီကေန႔ ဖယ္ဒရယ္တည္ေဆာက္ေရးမွာ လက္ေတြ႕ ႀကံဳေတြ႕ေနရတဲ့ အထက္ေဖာ္ျပပါ တိုင္းရင္းသားေတြ အၾကားက မတူညီတဲ့ အေျခခံ အခ်က္ႀကီး ၂ ခ်က္ ကိုျဖစ္ေပၚေစခဲ့တဲ့ သမိုင္းေၾကာင္းေတြရွိခဲ့ပါတယ္။ ဒါေတြကို အျမင္ရွင္းရွင္းနဲ႔ နားလည္သေဘာေပါက္ပါမွ အနာဂတ္ ဖယ္ဒရယ္ ပံုစံကို ဘယ္လိုအေျခခံမူ ေတြနဲ႔ တည္ေဆာက္မလဲဆိုတာ အေျဖရွာလို႔ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဗမာနဲ႔ တိုင္းရင္းသားေတြ အၾကားမွာ သေဘာထားကြဲလြဲမႈေတြ၊ အျမင္မတူညီမႈေတြနဲ႔ ေနာက္ဆံုးမွာ ပဋိပကၡကို ဦးတည္ ေစခဲ့ေသာ ဒီကေန႔ မ်က္ေမွာက္အေျခအေနကို ေရာက္ရွိခဲ့ရတဲ့ သမိုင္း ေၾကာင္း အက်ိဳးဆက္ေတြကို အရင္ရွင္းလင္း တင္ျပ လိုပါတယ္။

လြတ္လပ္ေရးရၿပီး ပထမဆံုးေပၚေပါက္လာတဲ့ ၁၉၄၇ အေျခခံဥပေဒေအာက္က ရွမ္း၊ ကခ်င္၊ ကရင္နီ(ကယား)၊ ကရင္၊ ခ်င္း (ရခိုင္ေတာင္တန္းေဒသ အပါ) ၅ ျပည္နယ္ အမည္ေပါက္ ျပည္ေထာင္စုပံုစံကေန ၁၉၆၂ ခုႏွစ္ စစ္တပ္ရဲ႕ အာဏာသိမ္းမႈရဲ႕ အက်ိဳးဆက္ အျဖစ္ ေပၚေပါက္လာတဲ့ ၁၉၇၄ခုႏွစ္ ဆိုရွယ္လစ္ အေျခခံဥပေဒေအာက္မွာ (မြန္ ရခိုင္တိုးၿပီး) ၇ ျပည္ နယ္ အမည္ေပါက္ (၇ ျပည္နယ္ ၇ တိုင္း၊ ျပည္နယ္ႏွင့္ တိုင္း ၁၄ ခု မူ နဲ႔ ) တစ္ပါတီစနစ္ေအာက္က ျပည္ေထာင္စု ပံုစံ ျဖစ္ခဲ့ရတာေၾကာင့္ ၁၉၄၈ ကေန ၁၉၆၂ လြန္ ကာလ အေျပာင္းအလဲေတြရဲ႕ အေျခခံသေဘာကို ေလ့လာၾကည့္တဲ့အခါ ႏွစ္ ၇၀ ေက်ာ္ အဂၤလိပ္ ကြ်န္ဘဝ ကေန ဗမာ ကြၽန္ျပန္ေျပာင္းျဖစ္ခဲ့ရတဲ့ ခံစားခ်က္ကို ေပါက္ဖြားလာေစခဲ့တဲ့ သေဘာတရားကို ေတြ႕ျမင္ရပါ တယ္။ လြတ္လပ္ေရးမရခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ ဗမာ လြတ္လပ္ေရးဦးေဆာင္အဖြဲ႕နဲ႕ ရွမ္း၊ ကခ်င္၊ ခ်င္း တိုင္းရင္းသားေခါင္းေဆာင္ေတြ အၾကား အဂၤလိပ္ဆီကေန လြတ္လပ္ေရးကို အတူတူ ရယူဖို႔ ပင္လံု သေဘာတူညီခ်က္နဲ႔ ဆံုးျဖတ္ခဲ့ၾကစဥ္ က၊ တိုင္းျပည္ကို ဘယ္လိုမူေတြနဲ႔ ထူေထာင္မလဲ ဆိုတာ ေဆြးေႏြးဆံုးျဖတ္ခဲ့ၾကေသာ္လည္း၊ အဲဒီ ေဆြးေႏြးခ်က္ ဆံုးျဖတ္ခ်က္ေတြဟာ စနစ္တက် အပ္ႏွင္း ထားရွိတဲ့ အခြင့္အာဏာအရ ေဆာင္ရြက္ခဲ့ၾကတာ မဟုတ္ဘဲ၊ ေရွ႕ေျပး ယာယီ ဦးေဆာင္မႈတာဝန္ေတြကို ထမ္းရြက္ႏိုင္ဖို႔ သက္ဆိုင္ရာျပည္သူအမ်ားစုက ယံုၾကည္အားထားေနၾကတဲ့ ေခါင္းေဆာင္မ်ားက ကမကထျပဳခဲ့ၾကတဲ့ သေဘာပဲ ျဖစ္ခဲ့ပါတယ္။ အဲဒီလို ျဖစ္ခဲ့ရတာဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ၾကံခံရၿပီးတဲ့ ေနာက္ ပင္လံု သေဘာတူညီခ်က္နဲ႔ ပတ္သက္ေနတဲ့ ကတိကဝတ္ဆိုင္ရာ ျပႆနာေတြကို ဆက္လက္ တာဝန္ယူ၊ တာဝန္ခံမယ့္သူ တိတိက်က်မရွိဘဲ က်န္ရစ္ခဲ့တဲ့ အေၾကာင္းရင္းခံကိုပဲျဖစ္ပါတယ္။ အဲဒီ အခ်ိန္မွာ တိုင္းျပည္ထူေထာင္ေရးကို အဓိက ဦးေဆာင္ ေနခဲ့တဲ့ ဗမာႏိုင္ငံေရး ေခါင္းေဆာင္ေတြ အပါအဝင္ ဗမာ ႏိုင္ငံေရး အင္အားစုေတြအၾကားမွာ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း စိတ္ကူးရည္မွန္းထားတဲ့ ျပည္ေထာင္စု အႏွစ္သာရသေဘာကို ေက်ညက္စြာနားလည္ၿပီး တရားဝင္လက္ခံကိုင္စြဲထားခဲ့ၾကတာမ်ိဳး မဟုတ္ခဲ့တာ ဟာ ေနာင္ျဖစ္ေပၚလာမယ့္ ျပႆနာေတြကို ေခါင္း ေဆာင္မႈဆက္ခံသူေတြ မရိပ္စားမိခဲ့တဲ့ အေၾကာင္း တစ္ခုလည္းျဖစ္ခဲ့ပါတယ္။ ပင္လံုစာခ်ဳပ္ ခ်ဳပ္ဆိုစဥ္ ကတည္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့တာဟာ တိုင္းျပည္ ကို ၁၀ ႏွစ္တာ အတူတကြ ထူေထာင္ၾကည့္ဖို႔ပဲ ျဖစ္ပါ တယ္။ ဒါေၾကာင့္ ၁၉၄၇ အေျခခံ ဥပေဒ ျပ႒န္းခ်က္ ထဲက ႏိုင္ငံေတာ္ရဲ႕ ဖြဲ႕စည္းပံုဟာ ယာယီသေဘာသာ ျဖစ္ခဲ့ေပမယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမရွိတဲ့ေနာက္ ဗမာႏိုင္ငံေရး ေခါင္းေဆာင္မ်ားဘက္က တာဝန္ ဆက္ခံသူေတြဟာ အဲဒီ ႏိုင္ငံေတာ္ ဖြဲ႕စည္းတည္ရွိပံု ကို အတည္အတံ့အျဖစ္သေဘာထားၿပီး ၁၀ ႏွစ္ အတြင္း အဆင္မေျပလို႔ ဖယ္ဒရယ္ ျပည္ေထာင္စုစနစ္ ပီပီျပင္ က်င့္သံုးဖို႔ တိုင္းရင္းသားေတြဘက္က တြန္း တြန္းတိုက္တိုက္ ေတာင္းဆို ႀကိဳးပမ္းလာၾကတဲ့အခါ ၁၉၄၇ အေျခခံ ဥပေဒ ျပ႒န္းခ်က္ပါ ခြဲထြက္ပိုင္ခြင့္ အခန္း (၁၀) ကို က်င့္သံုးဖို႔ ဦးတည္လာသလိုျဖစ္ခဲ့တာ ေၾကာင့္ အဲဒီႀကိဳးပမ္းမႈကို ခြဲထြက္ေရးလို႔ ဗမာေတြ ဘက္က ခံစားမိခဲ့ၾကတာျဖစ္ပါတယ္။ တည့္တည့္ ေျပာရရင္ အဲဒီအခ်ိန္က ဗမာႏိုင္ငံေရးေခါင္းေဆာင္၊ စစ္ေရးေခါင္းေဆာင္ေတြဟာ ဗမာလူမ်ိဳးနဲ႔ ျပည္မ ဗဟိုျပဳႏိုင္ငံကိုသာ ရည္မွန္းေနၾကပံုေပၚၿပီး တိုင္းရင္း သားေခါင္းေဆာင္ေတြနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ အၾကားရွိခဲ့တဲ့ နားလည္မႈနဲ႔ ကတိကဝတ္ေတြအေပၚ အေလးအနက္မထားရွိခဲ့တာဟာ ျပႆနာအားလံုး ရဲ႕ အစပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ၁၉၄၈ ကေန ၁၉၆၂ ခုႏွစ္အထိ ၾကာျမင့္ခဲ့ေသာ ပါလီမန္ေခတ္မွာ တာဝန္ ယူခဲ့ေသာ အစိုးရေတြဟာ ဒီ ဖယ္ဒရယ္ျပႆနာကို ေျြမမေသ တုတ္မက်ိဳး၊ ေဝ့လည္ေၾကာင္ပတ္ ကိုင္တြယ္ ေနခဲ့ရာက ၁၉၆၂ ခုေနာက္ပိုင္း ဒီထက္ သေဘာထား ျပင္းထန္ၿပီး၊ တစ္ကိုယ္ေတာ္ ႏိုင္ငံေရး အိပ္မက္ရွိတဲ့ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း လက္ထက္ေရာက္တဲ့အခါမွာ ဖယ္ဒရယ္ ေတာင္းဆိုမႈ ကို ခြဲထြက္ေရးအျဖစ္ တံဆိပ္အၿပီးကပ္ခါ တိုင္းျပည္ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ျပ႒ာန္းခြင့္မရွိတဲ့ ျပည္ေထာင္စု ပံုစံ သစ္တစ္ခုထဲ သြတ္သြင္းခဲ့ၿပီး ဒါဟာ အားလံုးလက္ခံ ရမယ့္ ျပည္ေထာင္စု ပံုစံအျဖစ္ ျငင္းပယ္ ကန္႔ကြက္ခြင့္ မရွိ လက္ခံေစခဲ့ပါတယ္။ ဒါေၾကာင့္ အခုလို ၂၀၁၀ လြန္ကာလ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကေန ျပန္လည္ႏိုးထလာတဲ့ ဖယ္ဒရယ္မူ ျပန္လည္ထူေထာင္ ေရးအိပ္မက္ထဲမွာ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းေခတ္က တီထြင္ခဲ့တဲ့ ျပည္နယ္ တိုင္း ၁၄ ခုမူ ကို တိုင္းရင္းသား ေတြ ဘက္က ျပန္လည္ျပင္ဆင္ဖြဲ႕စည္းဖို႔ မူဝါဒ သေဘာထားေတြ ျပင္ဆင္လာၾကျခင္းဟာလည္း ေနာက္ဆံုးမွာ တပ္မေတာ္ရဲ႕ျပည္ေထာင္စု မၿပိဳကြဲေရး မူနဲ႔ ထိပ္တိုက္ျဖစ္ရမယ့္ အေျခအေနမ်ိဳးျဖစ္လာေစ ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါဟာ ဗမာ့ ႏိုင္ငံေရး ေလာကရဲ႕ ဆင့္ကဲျဖစ္စဥ္ ေတြျဖစ္တဲ့ ဗမာႏိုင္ငံေရးပါတီေတြ အားၿပိဳင္မႈႀကီးမား ေနခဲ့တဲ့ ဖဆပလေခတ္မွာ ျပည္နယ္ေတြအေပၚ အာ႐ံုမစိုက္ႏိုင္ခဲ့လို႔ လစ္ဟင္းမႈေတြ ျဖစ္ေနခဲ့ရာကေန စစ္တပ္က အာဏာသိမ္းလိုက္တဲ့အခါ ပိုဆိုးသြားခဲ့ရ တာပဲ ျဖစ္ပါတယ္။ ပါလီမန္ အရပ္သား အစိုးရေတြက ေပါ့ေပါ့တန္တန္ထားခဲ့တဲ့ တိုင္းရင္းသားေတြရဲ႕ အုပ္ခ်ဳပ္ေရးနဲ႔ ဥပေဒျပဳေရး ရပိုင္ခြင့္ျပႆနာဟာ ေျဖရွင္းေပးႏိုင္တဲ့အထိ ေရာက္ရွိမလာေသးတဲ့ အေျခအေနကေန စစ္တပ္က အာဏာသိမ္းလိုက္တဲ့ အခါမွာ လံုးဝ ႐ုပ္သိမ္းခံရတဲ့သေဘာျဖစ္သြားတာပဲ ျဖစ္ပါတယ္။ ဒီရပိုင္ခြင့္ေတြကလည္း ခြဲထြက္ေရး၊ တိုင္းျပည္ ၿပိဳကြဲေရးအျဖစ္ အဓိပၸာယ္ဖြင့္ဆိုခံခဲ့ရၿပီး လံုးဝလမ္းေပ်ာက္ခဲ့ရပါတယ္။ သို႔ေသာ္ ဒီျဖစ္စဥ္မွာ ကြ်န္ေတာ္တို႔သံုးသပ္ေနက် ဗမာစစ္ေခါင္းေဆာင္ ေတြရဲ႕ အာဏာလက္ဝါးႀကီးအုပ္စနစ္ကိစၥကို ခဏ ေဘးဖယ္ထားၿပီး အျခား အေရးပါတဲ့ ဗမာလူမ်ိဳးေရးနဲ႕ အက်ိဳးဆက္ျပႆနာေတြကို ဒီေနရာမွာ ရွင္းျပခ်င္ပါ တယ္။

ဘာေၾကာင့္ ဗမာလူမ်ိဳးႀကီးဝါဒ ဆန္လာသလဲ

အခုအခ်ိန္မွာ ထိုစဥ္က အဂၤလိပ္အေနနဲ႕ လြတ္ လပ္ေရး မျဖစ္မေနေပးရမယ့္ အေနအထားရွိခဲ့တာကို ျပန္လည္ေထာက္႐ႈၾကၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အတူ အျခားေသာ ဗမာလူငယ္ ေက်ာင္းသားမ်ား ေခါင္းေဆာင္တဲ့ ျမန္မာ့ လြတ္လပ္ေရး လႈပ္ရွားမႈကို အေရးမပါသဖြယ္ေျပာဆိုေနၾကတာရွိသလို မလိုအပ္ဘဲ ဂ်ပန္ကိုသြားေခၚခဲ့တဲ့အတြက္ ဗမာစစ္တပ္ႀကီးပါ အဖတ္တင္က်န္ခဲ့ရၿပီး ဒီကေန႕ ႏိုင္ငံအက်ိဳးဆက္ အဆိုးေတြအထိပါ ေကာက္ခ်က္ဆြဲ ေတြးေခၚသံုးသပ္မႈ ေတြလည္းရွိပါတယ္။ သမိုင္းမွာျပန္ၾကည့္ရင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ႕ေက်းဇူးဟာ တိုင္းရင္းသားေတြအေပၚ မွာ ဘာမွမရွိဘူးဆိုတဲ့ ေျပာဆိုေဝဖန္ခ်က္ေတြလည္း ရွိလာပါတယ္။ ဒီအေၾကာင္းအရာအေပၚ အျမင္ရွင္းရွင္း နဲ႕ ေဝဖန္ရရင္ရင္ေတာ့ အထက္ေဖၚျပပါ လြတ္လပ္ေရး မဆံုး႐ံႈးခင္နဲ႕ လြတ္လပ္ေရး ဆံုး႐ံႈးၿပီးကာလေတြရဲ႕ အုပ္ခ်ဳပ္ေရး အခင္းအက်င္းေတြေၾကာင့္ ျမန္မာ့ လြတ္လပ္ေရး ႀကိဳးပမ္းမႈကို ဦးေဆာင္ခဲ့သူေတြဟာ ဗမာအမ်ားစုျဖစ္ေနခဲ့ၿပီး ဗမာျပည္ ျပည္မ လြတ္လပ္ ေရး ႀကိဳးပမ္းမႈဟာ က်န္တဲ့တိုင္းရင္းသားေတြအတြက္ လည္း သူတို႔အတြက္ပါ လြတ္လပ္ေရး ေမွ်ာ္လင့္ခ်က္ကို ျဖစ္ေစခဲ့တယ္ဆိုတဲ့ အခ်က္ကိုေတာ့ ကြ်န္ေတာ္ ရဲရဲ တင္းတင္းေျပာႏိုင္ပါတယ္။ အ႐ိုးရွင္းဆံုးေျပာရရင္ ၁၈၈၅ ခုႏွစ္မွာ အဂၤလိပ္ ကိုလိုနီ က်ဴးေက်ာ္မႈေအာက္ ဗမာဘုရင္ က်႐ံႈးသြားရတဲ့အတြက္ ဗမာႏိုင္ငံ တစ္ခု လံုးဟာ လြတ္လပ္ေရး ဆံုး႐ံႈးသြားခဲ့ရသလို ဗမာေတြ က လြတ္လပ္ေရးကို အရယူဖို႔ ႀကိဳးပမ္းတဲ့အခါမွာ လည္း တစ္ခ်ိန္က ျမန္မာျပည္ (ဗမာျပည္)လို သမုတ္ခဲ့ ေသာ ေဒသေတြဟာ လြတ္လပ္ေရးရဖို႔ အေၾကာင္း ျဖစ္လာတာပဲ ျဖစ္ပါတယ္။ အဲဒီ သေဘာတရားေတြ အရပဲ လြတ္လပ္ေရး ႀကိဳးပမ္းမႈနဲ႔အတူ ေပါက္ဖြားလာ ၾကတဲ့ ဗမာေခါင္းေဆာင္ေတြဟာ လြတ္လပ္စ ျမန္မာ ႏိုင္ငံကိုဗမာဇာတ္စီးတဲ့တိုင္းျပည္အျဖစ္ တည္ေဆာက္ ေရး ကာလတိုင္းျပည္ရဲ႕ အေရးအရာေတြ စဥ္းစားလုပ္ ေဆာင္ရာမွာ ျပည္မကိုသာ ဦးစိုက္ၿပီး အာ႐ံုထားကာ တိုင္းရင္းသားေဒသေတြ သာမန္သေဘာထားၿပီး စီမံေဆာင္ရြက္ခဲ့သလို ျဖစ္ခဲ့ရတဲ့သေဘာကို ေတြ႕ရပါ တယ္။

ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ရပ္တည္ဖို႔ မျဖစ္မေန လိုအပ္တဲ့ အခ်က္ေတြကေတာ့ ႏိုင္ငံသားအျဖစ္ ခံယူ ရပ္တည္လိုတဲ့ ႏိုင္ငံသားေတြနဲ႕အတူ အင္အား ေကာင္း တဲ့ စစ္တပ္၊ လံုေလာက္တဲ့ စီးပြားခ်မ္းသာ၊ ေခတ္မီ အုပ္ခ်ဳပ္ေရးစနစ္နဲ႕ အိမ္နီး ခ်င္းေကာင္းႏိုင္ငံေတြပဲ ျဖစ္ပါ တယ္။ ပထမ ကမၻာ စစ္ႀကီးေနာက္ပိုင္းမွာ ေခတ္မီအုပ္ခ်ဳပ္ေရး ပံုစံသစ္ မ်ားက ေခတ္ေဟာင္း အုပ္ခ်ဳပ္ေရးပံုစံေတြကို ဖယ္ရွား လိုက္ၿပီး အထက္ပါ လိုအပ္ခ်က္ေတြနဲ႔ျပည့္စံုတဲ့ ႏိုင္ငံေတြေပၚထြန္းလာၾက ပါတယ္။ ဒုတိယ ကမၻာစစ္ ႀကီးၿပီးတဲ့အခ်ိန္မွာ အဂၤလိပ္ ကိုလိုနီ အင္ပါယာကေန လြတ္ေျမာက္လာေတာ့မယ့္ အိႏၵိယေဒသနဲ႕ ျမန္မာ ႏိုင္ငံ အပါအဝင္ ျမန္မာႏိုင္ငံ အေနာက္ျခမ္း ေဒသ တစ္ခုလံုးမွာ ေနထိုင္ၾကတဲ့ လူမ်ိဳးစု၊ လူမ်ိဳးကြဲတိုင္းမွာ လြတ္လပ္တဲ့ အခ်ဳပ္အျခာပိုင္ ႏိုင္ငံထူေထာင္ေရး အိပ္မက္ေတြက လႊမ္းျခံဳေပါက္ဖြားလာပါတယ္။ ဒီေနရာမွာ အထက္ေဖာ္ျပပါ လိုအပ္ ခ်က္ေတြ မျပည့္စံုလို႔ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေရး မေသခ်ာ မႈေတြနဲ႕ ရင္ဆိုင္ၾကရတဲ့အထဲမွာ ျမန္မာႏိုင္ငံ ေတာင္တန္းေဒသေတြက တိုင္းရင္းသားေတြလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ တိုင္းရင္းသားေခါင္း ေဆာင္ေတြအေနနဲ႔ တိုင္းျပည္တစ္ခု အျဖစ္ရပ္တည္ ႏိုင္ဖို႔ လိုအပ္ခ်က္နဲ႕ ပိုၿပီးျပည့္စံုေနတဲ့ ဗမာကို ေခါင္း ေဆာင္ေနရာထားၿပီး ပူးေပါင္းလိုက္ၾကရတာျဖစ္တယ္ လို႔ ျမင္ပါတယ္။ ဒီလိုပဲ အဂၤလိပ္ ကိုလိုနီႏိုင္ငံဘဝ ကာလတစ္ခုလံုးနဲ႔ အဂၤလိပ္ရဲ႕ ကိုလိုနီအင္ပါယာ က်ဆံုး ရမယ့္ ဒုတိယကမၻာစစ္ အႀကိဳကာလမ်ားကို ျပန္ၾကည့္ မယ္ဆိုရင္လည္း တိုင္းရင္းသား ေခါင္းေဆာင္ေတြဆီမွာ လြတ္လပ္ေရး အိပ္မက္ေတြ မက္ျမင္ၿပီး ကိုလိုနီ ဘဝကေန လြတ္ေျမာက္ဖို႔ ႐ုန္း ကန္ေနတဲ့ အရိပ္ လကၡဏာမေတြ႕ရဘဲ ႏိုင္ငံေရး တက္ျြကလႈပ္ရွားသူ ဗမာအမ်ားစုကသာ ပံုစံအမ်ိဳး မ်ိဳးနဲ႔ လြတ္လပ္ေရး အိပ္မက္ကို ေဖာ္ေဆာင္ေနခဲ့ၾက တာကို ေတြ႕ျမင္ႏိုင္ပါတယ္။ တိုင္းရင္းသား ေခါင္း ေဆာင္အမ်ားစုကေတာ့ အဂၤလိပ္လက္ေအာက္မွာ ဗိုင္းေကာင္းေက်ာက္ဖိ ဆိုသလိုရွိေနခဲ့ၿပီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ဦးေဆာင္မႈ နဲ႔ လြတ္လပ္ေရး လမ္း ေၾကာင္း ပြင့္လာခါမွ လြတ္ လပ္ေရးကို ဗမာေတြနဲ႔အတူ ယူမလား၊ သီးျခား ရယူၾကမလားဆိုၿပီး လက္ပူတိုက္ စဥ္းစားၾကတာ ေၾကာင့္ အဂၤလိပ္အေနနဲ႔ လြတ္လပ္ ေရးေပးဖို႔ ကိစၥမွာ ဗမာကို ေခါင္းေဆာင္ထားၿပီး ေပးလိုက္ရတဲ့ သေဘာလို႔ ကြ်န္ေတာ့္အေနနဲ႔ ရွင္းရွင္း လင္းလင္း သံုးသပ္ပါတယ္။ အဲဒီလိုနဲ႔ ဗမာဘုရင္ ထီးနန္းက်ဆံုးသြားရာက လြတ္လပ္ေရး ဆံုး႐ံႈးသြား တဲ့ႏိုင္ငံဟာ ဗမာ စစ္ဗိုလ္ ခ်ဳပ္တစ္ေယာက္ရဲ႕ ဦးေဆာင္မႈကို ယံုၾကည္ၿပီး အာဏာလႊဲေျပာင္းေရး အစျပဳရာက လြတ္လပ္ေရး ျပန္ရခဲ့တဲ့ ႏိုင္ငံျဖစ္ခဲ့ရသလို အဲဒီလို ဗမာ ဇာတ္စီးတဲ့ ႏိုင္ငံေရးအေျပာင္းအလဲေတြ ဟာ ဒီကေန႔ ႏိုင္ငံေရး ျဖစ္စဥ္ေတြကို ပံုေဖာ္ခဲ့တယ္ လို႔ေျပာရမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အဂၤလိပ္ ကိုလိုနီျပဳမႈေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ ျမန္မာ့ႏိုင္ငံေရး သမိုင္းအေျပာင္းအလဲကို ျခံဳငံုသံုးသပ္ ၿပီး ဘာေၾကာင့္ လြတ္လပ္ၿပီးစေခတ္ရဲ႕ ဗမာ ႏိုင္ငံေရး ေခါင္းေဆာင္ အမ်ားစုဟာ ဗမာလူမ်ိဳးႀကီးဝါဒဆန္တဲ့ ေတြးေခၚ လုပ္ေဆာင္မႈေတြရွိေနသလဲဆိုတာကို အခုလို သံုးသပ္မိတာျဖစ္ပါတယ္။

၁၉၆၂ ကေန ၁၉၈၈ အထိ ၾကာျမင့္ခဲ့တဲ့ ျမန္မာ့ ဆိုရွယ္လစ္ လမ္းစဥ္ပါတီရဲ႕ တစ္ပါတီ အုပ္ခ်ဳပ္ေရး စနစ္ဟာ ၁၉၈၈ မွာ လူထုအံုျြကမႈႀကီးေၾကာင့္ ပ်က္သုဥ္းသြားခဲ့ရတဲ့ေနာက္မွာ တစ္ဆက္တည္း ျမန္မာႏိုင္ငံရဲ႕ အေရးပါတဲ့ႏိုင္ငံေရးျဖစ္စဥ္ေတြ ျဖစ္ေပၚ ခဲ့ပါတယ္။ အဲဒီ ျဖစ္စဥ္ေတြထဲမွာ ဗမာျပည္ကြန္ျမဴနစ္ ပါတီ (ဗကပ) လက္ေအာက္ခံအျဖစ္ ရပ္တည္ေနခဲ့ ေသာ ]ဝ}တိုင္းရင္းသား ေခါင္းေဆာင္ေတြက ဗကပ ပါတီေခါင္းေဆာင္ေတြဆီက အာဏာသိမ္းယူျပီး နဝတ စစ္အစိုးရနဲ႔ ေစ့စပ္ေပါင္းစည္းလာျခင္းနဲ႔အတူ ဳႈဗ ကခ်င္ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အပါ အဝင္ အျခားတိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ ေရးအဖြဲ႕ ၁၇ ဖြဲ႕ ပါဝင္မႈနဲ႔ အာဏာသိမ္း နဝတ စစ္အစိုးရက ဦးေဆာင္ၿပီး ၂၀ဝ၈ အေျခခံ ဥပေဒသစ္ တစ္ရပ္ကို ေရးဆြဲၾကမယ့္ ၁၉၉၃ အမ်ိဳးသားညီလာခံ ေခၚယူ က်င္းပျခင္းဟာလည္း အလြန္အေရးပါတဲ့ ျဖစ္စဥ္ေတြျဖစ္ပါတယ္။ တိုင္းရင္းသား အင္အားစု ေတြဟာ အဂၤလိပ္ကိုလိုနီ အစိုးရဆီကေန လြတ္လပ္ ေရးရယူစဥ္က ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ ေရး ေမွ်ာ္လင့္ခ်က္နဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ယံုၾကည္ ၿပီး လြတ္လပ္ေရးအတြက္ ဗမာနဲ႔ ေပါင္းခဲ့သလို ၁၉၈၈ အလြန္ အာဏာသိမ္း စစ္အစိုးရရဲ႕ ဒီမိုကေရစီ ႏိုင္ငံ တည္ေဆာက္ေရး ေမွ်ာ္လင့္ခ်က္ကို ယံုစားၿပီး ဗမာ အမ်ားစုဦးေဆာင္တဲ့ နဝတ စစ္အစိုးရနဲ႔ ေပါင္းခဲ့ျပန္ပါ တယ္။ ၁၉၉၃ ခုႏွစ္မွာ က်င္းပခဲ့တဲ့ အမ်ိဳးသား ညီလာခံဟာ ၁၉၄၇ ခုႏွစ္မွာ က်င္းပခဲ့တဲ့ ပင္လံုညီလာခံ ၿပီးရင္ ျမန္မာ့သမိုင္းမွာ ဒုတိယေျမာက္ လက္နက္ကိုင္ နယ္ပယ္က ဗမာေခါင္းေဆာင္မ်ားနဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြ တိုင္းျပည္ ျပန္လည္ တည္ေဆာက္ ေရးအတြက္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ ေတြ႕ဆံု ေဆြးေႏြး ၾကၿပီး ပူးေပါင္းေဆာင္ရြက္ၾကတဲ့ သမိုင္း အခ်ိဳးအေကြ႕ ျဖစ္စဥ္တစ္ခုလည္းျဖစ္ပါတယ္ ။ ဒီျဖစ္စဥ္ကို ၾကည့္ မယ္ဆိုရင္လည္း ဒီမိုကေရစီ အိပ္မက္ကို တစ္ဖန္ ထြန္းေတာက္ေစခဲ့ေသာ ၁၉၈၈ လူထု ေတာ္လွန္ေရး လႈပ္ရွားမႈႀကီးဟာ အေရးပါေနျပန္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီ ၈၈ လူထုေတာ္လွန္ေရးႀကီးဟာလည္း ရဲေဘာ္သံုးက်ိပ္နဲ႔ ဖဆပလ အဖြဲ႕ႀကီးရဲ႕ စစ္ႀကိဳ ကာလလြတ္လပ္ေရး ႀကိဳးပမ္းမႈကဲ့သို႔ တိုင္းျပည္ အတြက္ အေရးပါခဲ့သလို ဗမာ ဇာတ္စီးခဲ့တဲ့ ႏိုင္ငံေရး လႈပ္ရွားမႈႀကီးလည္း ျဖစ္ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ရဲ႕ ဒုတိယ လြတ္လပ္ေရးအိပ္မက္လို႔ဆိုႏိုင္တဲ့ ၁၉၈၈ အလြန္ ဒီမိုကေရစီေတာ္လွန္ေရးနဲ႔ ပါတီစံု ဒီမိုကေရစီစနစ္ ေျပာင္းလဲထူေထာင္ေရး လႈပ္ရွားမႈ မွာ တပ္မေတာ္ေခါင္းေဆာင္မ်ားအျပင္ ႏိုင္ငံေရး ေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေက်ာင္းသားေခါင္းေဆာင္မ်ားက ဇာတ္စီးခဲ့ၾကျပန္ ပါတယ္။ သူတို႔အားလံုးကို ဗမာ ႏိုင္ငံေရး ေခါင္းေဆာင္ ေတြအျဖစ္ တိုင္းရင္းသား အမ်ားစုက နားလည္လက္ခံ ထားၾကပါတယ္။ သို႔ေသာ္လည္း ဒီတႀကိမ္ ဒီမိုကေရစီ ေရးကို အေၾကာင္းျပဳၿပီးေပၚေပါက္လာတဲ့ လႈပ္ရွားမႈ ႀကီးမွာေတာ့ တိုင္းရင္းသားေတြပါ ေဒသအလိုက္ အမ်ားအျပား ပါဝင္ပူးေပါင္းခဲ့ၾကသလို လက္နက္ ကိုင္နယ္ပယ္မွာတင္မက ႏိုင္ငံေရး နယ္ပယ္မွာပါ ကိုယ္စီ သီးသန္႔ပါတီ ဖြဲ႕အစည္းေတြထူေထာင္ၿပီး ပါဝင္ခဲ့ၾကတာကေတာ့ ထူးျခားတဲ့ အခင္းအက်င္း တစ္ခုျဖစ္ေစခဲ့ပါတယ္။ အဲဒီလိုပဲ ဗမာႀကီးစိုးတဲ့ ေျမေပၚႏိုင္ငံေရး ေလာကႀကီးတစ္ခုလံုးကလည္း ဖယ္ဒရယ္ျပည္ေထာင္စုစနစ္ကို တိုင္းျပည္ရဲ႕ အဓိက ရည္မွန္းခ်က္ႀကီးတစ္ရပ္ျဖစ္ ဆုပ္ကိုင္လာၾကရသလို အေျပာနဲ႔တင္ မဟုတ္ဘဲ ပိုၿပီးလက္ေတြ႕က်က် ဦးတည္ ခ်ဥ္းကပ္လာၾကရပါတယ္။ သို႔ေသာ္ ဘယ္လို ဖယ္ဒရယ္ ျပည္ေထာင္စုစနစ္လဲ၊ ဘယ္လို အေကာင္အထည္ေဖာ္ ၾကမလဲ၊ အဲဒီအခါ ဖယ္ဒရယ္စနစ္ ေဖၚေဆာင္ျခင္း ဟာ တိုင္းျပည္ ၿပိဳကြဲမႈကို ဦးတည္ျခင္းဆိုတဲ့ အဓိပၸာယ္ ေကာက္ယူေနမႈေတြကို ဘယ္လို ရင္ဆိုင္ေက်ာ္လႊား မလဲဆိုတာ အေရးႀကီးလာပါတယ္။

သမိုင္းဆိုင္ရာ အခ်က္အလက္ေတြ အရ ပြင့္ပြင့္ လင္းလင္းေျပာရရင္ ျမန္မာ ႏိုင္ငံ ထဲက တိုင္းရင္းသား ေတြဟာ အရင္တုန္းကလည္း အခုေျပာေနတဲ့ ဖက္ဒရယ္ စနစ္မ်ိဳးနဲ႕ မေနခဲ့ဖူးဘူးလို႔ မွတ္ယူရမွာျဖစ္ပါတယ္၊ ကိုယ့္ထီးကိုယ့္နန္း ကိုယ့္အင္ပါယာနဲ႕ ေနခဲ့ဖူးတဲ့ တိုင္းရင္းသားေတြ  ရွိေသာ္လည္း  အမ်ားစုမွာ ပေဒသရာဇ္ အုပ္ခ်ဳပ္ေရးစနစ္နဲ႕ ဗမာဘုရင္ကို အခြန္ပ႑ာ ဆက္သရင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္စီမံမႈနဲ႔ လြတ္လပ္စြာေနခဲ့တာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဒါကို္ ဖက္ဒရယ္ပံုစံတစ္မ်ိဳးလို႔ ေျပာမယ္ဆို ေျပာလို႔ရႏိုင္ပါ တယ္။ ျမန္မာႏိုင္ငံအေနနဲ႔ အဂၤလိပ္လက္ေအာက္ကို က်ေရာက္သြားတဲ့အခ်ိန္မွာလည္း ေတာင္တန္း ေဒသက တိုင္းရင္းသားေတြဟာ ဗမာဘုရင္အစား အဂၤလိပ္ အစိုးရကိုဆက္ၿပီး ဩဇာခံရင္း မိမိေဒသရဲ႕ အုပ္ခ်ဳပ္ေရးဆိုင္ရာ လြတ္လပ္မႈကို ဆက္ၿပီး ခံစားႏိုင္ခဲ့ ၾကပါတယ္။ တိုင္းရင္းသားေတြ တကယ္ လြတ္လပ္ေရး ဆံုး႐ံႈးသြားတာကေတာ့ ၁၉၆၂ ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း အာဏာသိမ္းယူလိုက္တဲ့အခ်ိန္မွာပဲ ျဖစ္ပါ တယ္။ ျမန္မာႏိုင္ငံဟာ အဂၤလိပ္လက္ေအာက္ကေန လြတ္ေျမာက္ၿပီး လြတ္လပ္ေရးရဖို ့ ဗမာေတြရဲ႕ ဦးေဆာင္မႈနဲ ႔ ႀကိဳးပမ္းေနဆဲကာလမွ တိုင္းရင္းသား ေတြဟာလည္း ကိုယ့္လြတ္လပ္ေရး ကိုယ္စီေတြးလို႔ ဖက္ဒရယ္ အိပ္မက္ကို စၿပီးမက္ခဲ့ၾကတာပါ၊ အခ်ိဳ႕ တိုင္းရင္းသားေတြဆို သီးျခားႏိုင္ငံတစ္ခုအထိ ခြဲၿပီး ရပ္တည္ဖို႔အထိ ရည္ရြယ္ခဲ့ၾကပါတယ္ ။ ဒီအေပၚမွာပဲ ဗမာေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႕ ညႇိႏိႈင္း ၾကျပီး ပင္လံုသေဘာတူညီခ်က္နဲ႕ လြတ္လပ္ေရးယူခဲ့ တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အားလံုးသိၿပီးၾကတဲ့ အတိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ၾကံခံရၿပီးတဲ့ေနာက္ ဗမာ ေခါင္းေဆာင္ေတြဟာ တိုင္းရင္းသားေတြဖက္ က ဖက္ဒရယ္ ေတာင္းဆိုမႈ ျပႆနာအျပင္အျခား ႏိုင္ငံ့ေရးရာေတြကို ႏိုင္နင္းစြာ ကိုင္တြယ္ႏိုင္ျခင္း မရွိတာကတစ္ေၾကာင္း၊ စစ္တပ္ေခါင္းေဆာင္ေတြက ကိုယ္ပိုင္ႏိုင္ငံေရးအိပ္မက္နဲ႕ တိုင္းျပည္အာဏာကို ၾကံစည္ေနခဲ့တဲ့ အေၾကာင္းေၾကာင္းေတြေၾကာင့္ တိုင္းျပည္ရဲ႕ကံၾကမၼာဟာ တစ္ဆစ္ခ်ိဳး ေျပာင္းခဲ့ပါ တယ္။ ဒီအေျပာင္းအလဲမွာ တိုင္းရင္းသားေတြရဲ႕ ဖက္ဒရယ္အိပ္မက္ပါ ခြဲထြက္ေရးလို႔ အမည္တပ္ကာ အသုတ္သင္ခံရတာျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္း က လြတ္လပ္ေရးရကာစမွာ တိုင္းရင္းသားေတြ စိတ္ကူး ပံုေဖာ္ေနတဲ့ ဖက္ဒရယ္ကို အေကာင္အထည္ေဖာ္ႏိုင္ ျခင္း မရွိ႐ံုတင္မက ယခင္ အဂၤလိပ္ ကိုလိုနီေခတ္နဲ႕ ဗမာဘုရင္ ပေဒသရာဇ္ ေခတ္ေတြမွာရရွိခဲ့ေသာ လြတ္လပ္မႈမ်ိဳးကိုပင္လွ်င္ လံုးဝဆံုး႐ံႈးသြားခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္အခုလို ဖက္ဒရယ္အိပ္မက္ ကို ျပန္ရဖို႔ ႀကိဳးစားႏိုင္တဲ့ အခ်ိန္အခါတစ္ခုကို ေရာက္ရွိ လာတဲ့အခါ အစစအရာရာ သတိႀကီးႀကီး အသိႀကီးႀကီး နဲ႔ ခ်ဥ္းကပ္လႈပ္ရွားဖို႔ လိုပါတယ္။

ဗမာေတြရဲ႕ျပႆနာ သို့မဟုတ္ အမွန္တကယ္ အေကာင္ေပါက္လာႏိုင္ေသာ ဗမာလူမ်ိဳးႀကီးဝါဒ

ဒီေနရာမွာ အခုလို ႏိုင္ငံေရးကေန လူမ်ိဳးေရး အက်ိဳးဆက္ေတြအထိ အရွည္အရွည္ျဖစ္ေစတဲ့ ဗမာေတြရဲ႕ ျပႆနာကို ဆက္ၿပီးေျပာဖို႔ လိုအပ္လာပါ တယ္။

အၾကမ္းဖ်င္းအားျဖင့္ ျပင္ပလကၡဏာကို ၾကည့္ မယ္ဆိုရင္ ဗမာႏိုင္ငံေရးေခါင္းေဆာင္ေတြဟာ တိုင္းျပည္ရဲ႕ ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္စဥ္တိုင္း ကို ဦးေဆာင္ခဲ့ၾကသလို အားေပးဝန္းရံသူျပည္သူ အမ်ားစုဟာလည္း ဗမာျဖစ္ၾကတာေၾကာင့္ ဗမာေတြ က ဒီတိုင္းျပည္ကို သူတို႔ ပိုင္သလို ခံစားမိေနတာကို ေတြ႕ရပါလိမ့္မယ္၊ ဒီလို ခံစားမိေနၾကတဲ့ အေျခခံ အေၾကာင္းရင္းကို ေလ့လာၾကည့္ရင္ ဗမာတိုင္းရင္း သားေတြဟာ တိုင္းျပည္မွာ လူဦးေရ ပမာဏအမ်ားဆံုး ျဖစ္ျခင္းဆိုတဲ့ အခ်က္အျပင္ေနာက္ထပ္ အဓိက အက် ဆံုးျဖစ္တဲ့ အခ်က္တစ္ခ်က္အထက္မွာ တင္ျပခဲ့ၿပီး ျဖစ္တဲ့ ဗမာေတြဟာ တစ္ႏိုင္ငံလံုး လြတ္လပ္ေရး အတြက္ ၿဗိတိသွ် ကိုလိုနီကို ဆန္႔က်င္ ေတာ္လွန္ေရးရဲ႕ Main Character အဓိကဇာတ္ေကာင္ ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုျဖစ္ခဲ့ရတာဟာလည္း ကိုလိုနီစနစ္ အုပ္ခ်ဳပ္ေရးဗ်ဴဟာေၾကာင့္ အုပ္ခ်ဳပ္ခံေတြရဲ႕ အဂၤလိပ္ ကိုလိုနီအစိုးရအေပၚ တံု႔ျပန္မႈေတြဟာ ေနရာေဒသ အလိုက္ လူမ်ိဳးအလိုက္မတူညီတဲ့ သေဘာရွိခဲ့တာဟာ လည္း အေၾကာင္းအခ်က္တစ္ခုျဖစ္ပါတယ္။

အဲဒီလို ကိုလိုနီအုပ္ခ်ဳပ္ခံဘဝမွာကတည္းက အုပ္ခ်ဳပ္ခံရတဲ့ ပံုစံကြဲျပားခဲ့ရသလို ႏိုင္ငံေရးဆိုင္ရာ အခြင့္အေရးေတြကစလို႔ လြတ္လပ္ေရး ေတာင္းဆိုၾက တဲ့အခါ ဗမာနဲ႔ တိုင္းရင္းသားေတြဟာ ႏိုင္ငံအေပၚ ထားရွိတဲ့ ခံစားခ်က္၊ စဥ္းစားပံု စဥ္းစားနည္းနဲ႔ တံု႔ျပန္ ပံုေတြ မတူညီၾကတာေတြ႕ရပါတယ္။ ဗမာ ႏိုင္ငံေရး ေခါင္းေဆာင္ေတြဟာ ႏိုင္ငံေရးမွာ တက္တက္ၾကြၾကြ ရွိခဲ့ၾကသလို ႏိုင္ငံေရးဆိုင္ရာ အခြင့္အေရးေတြကို အၿမဲတေစ ေတာင္းဆို တိုက္ပြဲဆင္ေနတာ ေတြ႕ရပါ တယ္။ အဂၤလိပ္ လက္ေအာက္ေရာက္ၿပီး အႏွစ္၂၀ ၾကာျမင့္တဲ့အခါမွာ ဘာသာေရးနဲ႔ လူမ်ိဳးေရးကို အေျခခံၿပီး ဗမာ လူႀကီးလူငယ္ေတြဟာ အမ်ိဳးသားေရး အယူအဆေတြ စြဲကိုင္လာၿပီး ႏိုင္ငံေရး စည္း႐ံုး လံႈ႕ေဆာ္မႈေတြ စတင္လာခဲ့ပါတယ္။ ဒါဟာ ကိုလိုနီ ဘဝေရာက္ရွိၿပီးေနာက္ လြတ္ေျမာက္ေရး အျမင္ ဘက္ကို စတင္ ဦးတည္ေစတဲ့ ႏိုးၾကားမႈတစ္ရပ္ျဖစ္ သလို ဗမာလူမ်ိဳးနဲ႔ ၎တို႔ အမ်ားစု ကိုးကြယ္ရာ ဘာသာေရးကို အဓိက အေျခခံၿပီး စတင္ခဲ့တာျဖစ္ပါ တယ္။ ဒါဟာလည္း ကိုလိုနီစနစ္နဲ႔အတူ ေနာက္ဆက္ တြဲ လိုက္ပါလာတဲ့ ခရစ္ယာန္ သာသနာျပဳ လုပ္ငန္း မ်ား ထြန္းကားလာျခင္းနဲ႔ အိႏၵိယႏိုင္ငံသားမ်ား အမ်ားအျပား ေရႊ႕ေျပာင္းအေျခခ်လာျခင္းရဲ႕ ဂယက္ မ်ားဟာ အေျခခံ လံႈ႕ေဆာ္မႈတစ္ရပ္ျဖစ္ခဲ့ပါတယ္။ အဲဒီလို အမ်ိဳးသားေရး ႏိုးၾကားမႈ အင္အား စုစည္းမႈ ကေန ေနာက္ ၁၀ ႏွစ္ေက်ာ္ၾကာလို႔ အဂၤလိပ္ အစိုးရ က အိႏၵိယႏိုင္ငံကို ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရးေပးဖို႔ စဥ္းစားတဲ့အခါ အဲဒီ ဗမာအမ်ိဳးသားေရး အင္အားစု မ်ားဟာလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ရရွိဖို႔ လႈပ္ရွား ေတာင္းဆိုခဲ့ၾကပါတယ္။ ဗမာအမ်ိဳးသားေရး လႈပ္ရွား မႈနဲ႔ လြတ္လပ္ေရးလႈပ္ရွားမႈေတြဟာ အဲဒီလို သမိုင္း ကြင္းဆက္ေတြရွိခဲ့တာျဖစ္ပါတယ္။ ဒီလို အေျခအေန မ်ိဳးမွာ တိုင္းရင္းသားေတြရဲ႕ ဗမာနဲ႔ မတူညီတဲ့ ခံစားတံု႔ျပန္မႈ တစ္ခုကို ေထာက္ျပခ်င္ပါတယ္။ အိႏၵိယ အုပ္ခ်ဳပ္ေရးေအာက္ကေန ခြဲထြက္ၿပီး အိႏၵိယနဲ႔ တန္းတူ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရရွိဖို႔ ဗမာကိုယ္စား လွယ္အဖြဲ႕ေတြက အိႏၵိယအထိ သြားေရာက္ အေရး ဆိုရာမွာ ကရင္တိုင္းရင္းသား ကိုယ္စားလွယ္အဖြဲ႕ ကလည္း အတူလိုက္ပါခဲ့ၿပီး ဗမာေတြကို ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေပးဖို႔ အခ်ိန္အခါ အားျဖင့္ ေစာေနေသး ေၾကာင္း၊ ကရင္တိုင္းရင္းသားမ်ား အေနနဲ႔အဂၤလိပ္ အုပ္ခ်ဳပ္မႈေအာက္မွာသာ ေနထိုင္လိုေၾကာင္း အဂၤလိပ္ အစိုးရဆီ ကန္႔ကြက္စာ တင္သြင္းခဲ့ၾကတယ္လို႔ သမိုင္း ဆိုင္ရာအခ်က္အလက္မ်ားက မွတ္တမ္းတင္ထားၾကပါ တယ္။ ျခံဳငံုၿပီး သံုးသပ္ၾကည့္ရင္ အဂၤလိပ္ ကိုလိုနီ အုပ္ခ်ဳပ္ေရးစနစ္ဟာ ဗမာ အမ်ိဳးသားေရးဝါဒကို ႀကီးထြားလာေအာင္ေစ့ေဆာ္ေပးခဲ့ပါတယ္ ။ အဲဒီလို ႀကီးထြားလာတဲ့ အမ်ိဳးသားေရး ဝါဒကပဲ အဂၤလိပ္ ကိုလိုနီ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို အစျပဳခဲ့ၿပီး လက္နက္ကိုင္ေတာ္လွန္ပုန္ကန္ဖို႔အထိ ဇာတ္ရွိန္ျမင့္ ခဲ့တာေၾကာင့္ ဗမာအမ်ိဳးသားေရး ဝါဒနဲ႔ လြတ္လပ္ေရး ဟာ ခြဲမရေအာင္ ရွိခဲ့ပါတယ္။ ဒီလိုပဲ အဂၤလိပ္ အစိုးရ ရဲ႕ ပါးနပ္လိမၼာတဲ့ အုပ္ခ်ဳပ္ေရး ပံုစံေၾကာင့္ တိုင္းရင္း သားေတြအေနနဲ႕ လြတ္လပ္ေရးကို စဥ္းစားတဲ့အခါမွာ သူတို႔အေနနဲ႔ ဗမာမပါဘဲလည္း သီးျခား ရရွိႏိုင္တဲ့ အခြင့္အေရးရွိတယ္၊ ဗမာ့ လြတ္လပ္ေရးဆိုတာ သတ္သတ္ျဖစ္ၿပီး တိုင္းရင္းသားေတြရဲ႕ လြတ္လပ္ေရး နဲ႕ အနာဂတ္ အိပ္မက္ကိစၥက တိုင္းရင္းသားေတြနဲ႕ အဂၤလိပ္အၾကားက ကိစၥသက္သက္ ပဲျဖစ္တယ္လို႔ လည္း ခံယူေတြးေခၚေစခဲ့တာဟာ အေရးပါတဲ့ အေၾကာင္းတစ္ရပ္ျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီးခါစ တည္ေဆာက္ဆဲ တိုင္း ျပည္မွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ေခါင္းေဆာင္ လုပ္ၾကံခံရမႈေတြနဲ႕အတူ ေခါင္းေဆာင္ အေျပာင္း အလဲေတြ ႏိုင္ငံေရးအုပ္ခ်ဳပ္ေရးအေျပာင္းအလဲေတြ ေၾကာင့္ ရရွိထားခဲ့တဲ့ တိုင္းရင္းသားေတြနဲ႔ ညီၫြတ္မႈ ေသြးစည္းမႈဟာ အျပင္ေရာ အတြင္းေရာ က်ိဳးေၾကၿပီး ဒဏ္ရာ ျပင္းခဲ့ရတယ္၊ အဓိက ကေတာ့ တိုင္းျပည္ကို လူနည္းစုရဲ႕ ကိုယ္ပိုင္ စိတ္ကူးယဥ္ အိပ္မက္ေတြနဲ႕ ႏွစ္ေပါင္းမ်ားစြာ ဦးေဆာင္ စီမံခဲ့တဲ့ ေခါင္းေဆာင္မႈ အမွားေတြေၾကာင့္ တိုင္းရင္းသားေတြအေပၚကို ပိုမို ဖိႏွိပ္ခဲ့သလိုျဖစ္ခဲ့ၿပီး သူတို႔အတြက္ လြတ္လပ္ေရးက သတ္သတ္တိုက္ယူရမယ္လို႔ နားလည္ ယံုၾကည္ခံယူ မိလာေစတာေၾကာင့္ပဲျဖစ္လို႔ပါပဲ။ တစ္ဘက္မွာလည္း ဗမာႏိုင္ငံေရး ေခါင္းေဆာင္ေတြရဲ႕ စိတ္ထဲမွာ တိုင္း ရင္းသားေတြဟာ အဂၤလိပ္ရဲ႕ေသြးခြဲ အုပ္ခ်ဳပ္မႈေၾကာင့္ ဗမာေခါင္းေဆာင္ေတြရဲ႕ ဦးေဆာင္မႈကို မခံယူလိုဘူး လို႔ သံသယ ပါလာခဲ့ပါတယ္။ ေနာက္ထပ္ အေရးပါတဲ့ ျပႆနာ တစ္ခုကေတာ့ ဗမာလူမ်ိဳး အမ်ားစုဟာ တခ်ိန္က ဗမာဘုရင္ ဘုန္းမီးေနလ ေတာက္ပခဲ့ၿပီး ႀကီးမားတဲ့ အင္ပါယာ ထူေထာင္ခဲ့တဲ့ ေခတ္ကာလေတြ အေပၚ   ဂုဏ္ယူစရာ   သမိုင္းမွတ္တိုင္ေတြအျဖစ္ ခံယူထားခဲ့ၾကတာပဲျဖစ္ပါတယ္။ အဂၤလိပ္ပဲျဖစ္ျဖစ္၊ ဂ်ပန္ပဲျဖစ္ျဖစ္ က်ဴးေက်ာ္ခဲ့သူမွန္သမွ်ဟာ အဲဒီလို က်ဴးေက်ာ္ အုပ္စိုးခဲ့မႈကို ဂုဏ္ယူၿပီး ဝင့္ျြကားၿပီး ဒီကေန႔ မ်က္ေမွာက္ကာလရဲ႕ မ်ိဳးဆက္သစ္ေတြ ေရွ႕မွာ ေျပာၾကားျခင္းျပဳေလ့မရွိတဲ့အျပင္ က်ဴးေက်ာ္ ခံရသူ ကာယကံရွင္ႏိုင္ငံသားေတြနဲ႕ စကားစပ္မိတဲ့ အခါမွာလည္း အဲဒီအမွားအတြက္ စိတ္မေကာင္း ေၾကာင္း ေျပာတတ္ၾကပါတယ္။ ဗမာလူမ်ိဳးေတြက ေတာ့ ပထမႏိုင္ငံေတာ္က ဘယ္လို၊ ဒုတိယႏိုင္ငံေတာ္ က ဘယ္လို၊ အယုဒၶယကို ဘယ္လိုသိမ္းတာ စသျဖင့္ အခုခ်ိန္ထိ ဂုဏ္ယူဝင့္ႂကြားျပီး ေျပာတတ္ၾကပါတယ္။ အခုလို ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးကာလ ႏိုင္ငံ ေရး ႐ုန္းကန္မႈေတြျဖစ္တဲ့ အခါမွာလည္း ဒီလို သမိုင္းေၾကာင္းေတြကို အေျခခံၿပီး အမ်ိဳးသားေရး လံႈ႕ေဆာ္မႈေတြ လုပ္ခဲ့ၾကျပန္ပါတယ္။ အက်ိဳးဆက္ အေနနဲ႔ အဲဒီလို ခံယူေျပာဆို လံႈ႕ေဆာ္မႈေတြက ျဖစ္ ေပၚတဲ့ ေဘးထြက္ဆိုးက်ိဳးကေတာ့ အျခားေသာ တိုင္းရင္းသား လူမ်ိဳးစုမ်ားအေပၚ မထီမဲ့ျမင္သေဘာ ထားျခင္းနဲ႕ ေျခာက္လွန္႔သလိုျဖစ္ၿပီး ဒီလိုျဖစ္ေစတယ္ ဆိုတာကိုလည္း ဂ႐ုမျပဳ အမႈမထားဘဲေနၾကတာပဲ ျဖစ္ပါတယ္။

ဗမာ ျပည္မႀကီး အင္အားစုေတြနဲ႔ တိုင္းရင္းသား အင္အားစုေတြအၾကား ေပါင္းစည္းေရးအေၾကာင္းေျပာ တဲ့ အခါမွာ ခ်ဥ္းကပ္ပံုခ်ဥ္းကပ္နည္း အလြန္ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အဂၤလန္ အစိုးရကို လြတ္လပ္ေရး ေပးဖို႔ အေရးဆိုေနတဲ့ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလမွာ v ဗမာေခါင္းေဆာင္ ဦးဘေဘက ရွမ္းေစာ္ဘြား တစ္ဦးကို ဗမာေတြနဲ႕ေပါင္းၿပီး လြတ္လပ္ေရးအတူ ယူဖို႔ ေခါင္းမာေနရင္ ရွမ္းျပည္က အာလူးေတြ မဝယ္ ဘူး၊ မီးရထားေတြ၊ စာတိုက္ေတြ၊ ေၾကးနန္း႐ံုးေတြ ျပန္သိမ္းမယ္လို႔ ၿခိမ္းေျခာက္ခဲ့ေၾကာင္း အဂၤလန္မွာ ျပဳလုပ္တဲ့ အစည္းအေဝးတစ္ခုမွာ ရယ္ေမာစရာတစ္ခု လို ထည့္ေျပာခဲ့တာေၾကာင့္ ရွမ္းတိုင္းရင္းသား ေခါင္း ေဆာင္ စိတ္မေကာင္းျဖစ္ရတယ္လို႔ ခြန္းမတ္ရ္ကိုဘန္း ျပဳစုတဲ့ ပင္လံုစာခ်ဳပ္ရွင္းတမ္း (လက္စြဲစာအုပ္)မွာ ေဖာ္ျပထားတာေတြ႕ရပါတယ္။ ဒီလို စဥ္းစားပံုကို ဗမာလူမ်ိဳးေတြစိတ္မွာ အခု အခ်ိန္အထိ ေတြ႕ေနရၿပီး အထူးသျဖင့္ သူတို႔ကို အက်ပ္ကိုင္တယ္၊ တုၿပိဳင္တယ္ လို႔ ယူဆၾကတဲ့ အခ်ိန္မွာ ဒီသေဘာထားမ်ိဳးေတြက ဗမာေတြရဲ႕စိတ္ထဲမွာ ေထာင္းခနဲ ထလာတတ္တာကို သတိျပဳၾကေစခ်င္ပါတယ္။ ဗမာေတြကလည္း ဒီလို သေဘာထားမ်ိဳးကို က်ပ္က်ပ္ထိန္းသိမ္းသင့္သလို အမွန္တကယ္ အတူယွဥ္တြဲေနထိုင္ဖို႔ ဆႏၵရွိတယ္ ဆိုရင္ တိုင္းရင္းသားေတြဘက္ကလည္း ဒီလို အေတြး အျမင္ဘက္ကို ေမာင္းသြင္းမိတဲ့ အေနအထားမေရာက္ ေအာင္ သတိထားဖို႔ လိုပါတယ္။ တကယ္ေတာ့ ကြ်န္ေတာ္ ေလ့လာဖတ္မွတ္ဖူးသမွ် ဗဟုသုတအရေရာ လူခ်င္းေတြ႕ဆံုၿပီး အျမင္ခ်င္းဖလွယ္မႈ အေတြ႕အၾကံဳ အရေျပာရမယ္ဆိုရင္ တိုင္းရင္းသားေခါင္းေဆာင္ေတြ ထဲမွာ အမွန္တကယ္ ခြဲထြက္လိုစိတ္ျပင္းျပသူ အမ်ား အျပားရွိေနတာလည္း အေသအခ်ာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဗမာေခါင္းေဆာင္အခ်ိဳ႕ စိုးရိမ္ပူပန္မႈ ရွိတာလည္း လံုးဝအမွားခ်ည္းေတာ့ မဟုတ္ေသးဘူးလို႔ ေျပာႏိုင္ပါတယ္။ လက္ရွိ ပစၥဳပၸန္ကာလရဲ႕ ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္စဥ္းစား ျပင္ဆင္ၾကတဲ့အခါမွာ ဒီကိစၥကို ရွင္းရွင္းလင္းလင္း ေက်လည္ေအာင္ ရွင္းထားဖို႔လိုပါတယ္။ ဗမာေတြဟာ တိုင္းရင္းသားေဒသေတြရဲ႕ေနရာတကာမွာ ခ်ယ္လွယ္ ဖို႔ အစဥ္အၿမဲ ႀကိဳးစားေနတယ္ဆိုတဲ့ အျမင္ဟာလည္း လိုအပ္ခ်က္လို႔မျမင္ဘဲ ဗိုလ္က်မႈလို႔ တိုင္းရင္းသား ေတြက ႐ႈျမင္လာၾကတာဟာ တိုင္းရင္းသားေတြအေန နဲ႕ သိမ္းပိုက္ခံဘဝလို႔ ခံစားမိေစတာဟာ သီးျခား ခြဲထြက္ေရးဆႏၵကို ျဖစ္ေပၚေစတယ္ဆိုတာ ဗမာ ႏိုင္ငံေရး ေခါင္းေဆာင္ေတြဘက္ကလည္း သတိ ထားမိဖို႔လိုၿပီလို႔ ေျပာခ်င္ပါတယ္။ တိုင္းျပည္မွာ ဗမာလို႔ သတ္မွတ္ခံထားရတဲ့ ေခါင္းေဆာင္ေတြက အရာရာကို ငါတို႔ စိတ္တိုင္းက် စီရင္ဆံုးျဖတ္မယ္ဆိုတဲ့ စဥ္းစား လုပ္ေဆာင္ခ်က္ေတြကို ဗမာလူမ်ိဳးႀကီး ဝါဒအျဖစ္ တိုင္းရင္းသားေတြ စိတ္မွာ ခံစားမိေစပါ တယ္။

ဒါနဲ႔ ဆက္စပ္ၿပီး ဗမာလူမ်ိဳးႀကီး ဝါဒ လို႔ ေခၚဆိုႏိုင္တဲ့ အယူအဆ ျဖစ္တည္လာပံုကို ေလ့လာ ၾကည့္တဲ့အခါမွာ ဗမာ တိုင္းရင္းသား လူဦးေရ ရဲ႕ ပမာဏဟာ တိုင္းျပည္လူဦးေရ ရဲ႕ ၇၀% ရွိေနတယ္ ဆိုတဲ့အခ်က္တစ္ခုအျပင္ ဗမာ ေခါင္းေဆာင္ကို အႏိုင္ရရွိသြားတဲ့အခါ အဂၤလိပ္ ကိုလိုနီအစိုးရဟာ က်န္ တိုင္းရင္းသား ေဒသေတြကိုပါ ရရွိၿပီးျဖစ္သကဲ့သို႔ သမိုင္းမွာ အဂၤလိပ္နဲ႕ ဂ်ပန္ က်ဴးေက်ာ္သူေတြဟာ တိုင္းရင္းသားေတြနဲ႕ ဗမာကို ခြဲျခားၿပီး ဗမာေတြကို သာ အဓိက ထိန္းခ်ဳပ္အုပ္စိုးဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံရယ္လို႔ျဖစ္လာမယ့္ အဂၤလိပ္နဲ႕ ဂ်ပန္ လက္ေအာက္က လြတ္ေျမာက္ေရး လြတ္လပ္ေရး ႀကိဳးပမ္းမႈမွာ ဗမာ ေခါင္းေဆာင္ေတြဟာ အဓိက ဇာတ္ေကာင္ေတြျဖစ္ေနျခင္းဆိုတဲ့ အခ်က္ကို အစပိုင္းမွာ တင္ျပခဲ့ၿပီးျဖစ္ပါတယ္။ လြတ္လပ္ေရး ဆံုး႐ံႈးတာေရာ လြတ္လပ္ေရး ျပန္လည္ရယူတာပါ ဗမာေတြရဲ႕ ကိစၥ ျဖစ္ခဲ့တာဟာလည္း ႏိုင္ငံျပန္လည္ တည္ေဆာက္ေရး မွာ ဗမာေတြက လက္ဝါးႀကီးအုပ္ထားသလို ျဖစ္ေနေစ ခဲ့ၿပီး ဗမာအမ်ားစုေနထိုင္ရာ ေဒသမ်ားကိုသာ ေျပာင္းလဲတိုးတက္ေစဖို႔ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ပိုမို အာ႐ံုစိုက္ေနခဲ့သလိုရွိခဲ့ၾကတာဟာ အက်ိဳးဆက္ ျပႆနာလို႔ ေခၚဆိုႏိုင္မယ္ထင္ပါတယ္။ ႀကံဳတုန္း ကြ်န္ေတာ္ လက္လွမ္းမီတဲ့ အခ်က္အလက္တစ္ခုနဲ႕ ၁၉၅၂ ခုႏွစ္ လူမ်ိဳးစုလႊတ္ေတာ္ မွတ္တမ္းတစ္ခုရဲ႕ ေဖာ္ျပခ်က္အခ်ိဳ႕ကို ကိုးကားၿပီး ဥပမာေပးရွင္းျပလိုပါ တယ္။ လြတ္လပ္ေရးရၿပီး ၄ ႏွစ္ခန္႔ၾကာတဲ့ အခ်ိန္မွာ က်င္းပတဲ့ လူမ်ိဳးစု လႊတ္ေတာ္ အစည္းအေဝးတစ္ခုမွာ ရခိုင္ျပည္နယ္ သံတြဲအမတ္ ဦးေရႊႀကိဳင္မွ ျပည္နယ္ အတြင္း ေရေၾကာင္းခရီးသြားလာေရး အခက္အခဲ တစ္ခုနဲ႔ပတ္သက္ၿပီး တင္ျပေတာင္းဆိုခဲ့တဲ့ ကိစၥ တစ္ရပ္ ရွိခဲ့ပါတယ္။ ႏိုင္ငံအတြင္း အဂၤလိပ္ အစိုးရ အာဏာကင္းမဲ့ၿပီးေနာက္ လြတ္လပ္ေရးနဲ႔အတူ ကိုယ္ပိုင္ အစိုးရေပၚေပါက္လာတဲ့ ကနဦး ျပန္လည္ တည္ေဆာက္ေရးကာလမွာ အစိုးရအေနနဲ႔ ယခင္ တည္ရွိခဲ့ေသာ ႏိုင္ငံျခားသားပိုင္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို လုပ္ပိုင္ခြင့္ျပန္မေပးေတာ့ဘဲ အခ်ိဳ႕ လုပ္ငန္းမ်ားကို ျပည္သူပိုင္ သိမ္းယူခဲ့ပါတယ္။ အဲဒီလို သိမ္းယူရာမွာ ျပည္မရဲ႕ သယ္ယူပို႔ေဆာင္ေရး အသက္ ေသြးေၾကာျဖစ္တဲ့ ဧရာဝတီ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ေျပးဆြဲေနေသာ ဧရာဝတီဖလိုတီလာ သေဘၤာကုမၸဏီ လည္းပါဝင္ပါတယ္။ သံတြဲ အမတ္ဦးေရႊႀကိဳင္ရဲ႕ အဆို အရ ဧရာဝတီ ဖလိုတီလာ ကုမၸဏီပိုင္ သေဘၤာ တစ္ရာ ေက်ာ္ (အျခားရင္းျမစ္ ေဖာ္ျပခ်က္မ်ားအရ ၄၀ဝ ေက်ာ္) ကို အစိုးရက ျပည္သူပိုင္သိမ္းၿပီး ဆက္လက္ ေျပးဆြဲမႈေတြကို ေဆာင္ရြက္ခဲ့ေပမယ့္ ရခိုင္ ျပည္နယ္ ထဲက အာရကန္ဖလိုတီလာပိုင္ သေဘၤာ ၁၄ စင္းကို ျပည္သူပိုင္သိမ္းဖို႔ ေႏွာင့္ေႏွးေနတာေၾကာင့္ ေရေၾကာင္း ခရီးကို အဓိကထားၿပီး အားကိုး အားထားျပဳေနရတဲ့ ရခိုင္ျပည္နယ္ေန ျပည္သူမ်ားမွာ ခရီးသြား ဒုကၡဆင္းရဲ ေတြ ေရာက္ရွိေနတယ္လို႔ဆိုပါတယ္။ အဲဒီတုန္းက အေျခအေနကို သေဘာေပါက္ႏိုင္ဖို႔အတြက္ ဦးေရႊႀကိဳင္ ရဲ႕တင္ျပခ်က္ထဲကေန အနည္းေကာက္ႏုတ္ေဖာ္ျပခ်င္ ပါတယ္။ ဦးေရႊႀကိဳင္က တင္ျပရာမွာ “ဗမာျပည္မွာ ဧရာဝတီကုမၸဏီကို အစိုးရက ျပည္သူပိုင္ လုပ္မည္၊ မလုပ္လွ်င္မျဖစ္ဘူး၊ လုပ္မွ ျဖစ္မည္ဆိုတဲ့ အေရးႀကီး ကိစၥတစ္ရပ္လိုပဲ ကြ်န္ေတာ္တို႔ရခိုင္ျပည္မွာလည္း အာရကန္ဖလိုတီလာ သေဘၤာကုမၸဏီကို ျပည္သူပိုင္ မလုပ္လွ်င္ မျဖစ္ႏိုင္တဲ့ ကိစၥျဖစ္ပါတယ္။ အေရးႀကီး တဲ့ ကိစၥတစ္ခုလို႔လည္း ယူဆပါတယ္။ ဗမာျပည္က ဧရာဝတီကုမၸဏီမွာ မီးသေဘၤာ တစ္ရာေက်ာ္ရွိတယ္၊ ၎ကို အစိုးရက သိမ္းၿပီးၿပီလို႔ ကြ်န္ေတာ္တို႔ ရခိုင္ ျပည္ကလူေတြက သိၾကပါတယ္။ သည္ဗမာျပည္မ မွာ ရွိတဲ့ သေဘၤာမ်ားကို သိမ္းဖို႔ အေရးႀကီးသလို ကြ်န္ေတာ္တို႔ ဆီမွာရွိတဲ့ ၁၄ စီးေသာ မီးသေဘၤာကေလး မ်ားကိုလည္း သိမ္းဖို႔အတြက္ အေရးႀကီးပါတယ္” လို႔ ထည့္သြင္းေျပာၾကားခဲ့တာေတြ႕ရပါတယ္။ ဒီအခ်က္ကို ၾကည့္မယ္ဆိုရင္ လြတ္လပ္ေရးရၿပီး ေပၚေပါက္လာတဲ့ အစိုးရဟာ တိုင္းျပည္ထူေထာင္ေရးနဲ႔ ပတ္သက္ၿပီး ျပည္မကိုသာပိုၿပီး အာရံုစိုက္ေနခဲ့တာ ထင္ရွားပါတယ္။ လမ္းပန္းဆက္သြယ္ေရးအတြက္ စဥ္းစားလုပ္ေဆာင္ ရာမွာ တိုင္းရင္းသားေဒသေတြအတြက္ပါ တစ္ပါတည္း တစ္ခ်ိန္တည္း စဥ္းစားခဲ့ဟန္မတူဘဲ အေၾကာင္းအခ်က္ အမ်ိဳးမ်ိဳးနဲ႔ ဦးစားေပးအဆင့္မွာ မထားရွိခဲ့ဘူးဆိုတာ ဒီအခ်က္ေတြကို ၾကည့္ရင္ျမင္ႏိုင္ပါတယ္။

ဒီေနရာမွာ တိုင္းရင္းသားအေရးနဲ႔ ျပည္ေထာင္စု စနစ္ခိုင္မာေရးကို တိုင္းျပည္ရဲ႕ ႏိုင္ငံေရးအေရြ႕မွာ ဇာတ္စီးေနတဲ့ ဗမာႏိုင္ငံေရးေခါင္းေဆာင္ေတြ ေပါ့ေပါ့ ေလ်ာ့ေလ်ာ့သေဘာထားမိေစခဲ့တဲ့ အေျခခံ အေၾကာင္း ရင္းတစ္ရပ္ကို ေထာက္ျပခ်င္ပါတယ္။ ဒီအခ်က္ဟာ လည္း အခုလို အနာဂတ္ ဖက္ဒရယ္ အိပ္မက္ကို တည္ေဆာက္ဖို႔ စဥ္းစားျပင္ဆင္ၾကတဲ့အခါမွာ အေလးထား ဂ႐ုျပဳမိၾကေစလိုတဲ့အတြက္ ျဖစ္ပါတယ္။ အဲဒါကေတာ့ အဂၤလိပ္ကိုလိုနီ အုပ္ခ်ဳပ္ေရးက ျပ႒ာန္း ထားခဲ့တဲ့ ေဒသႏၱရ ဖြဲ႕စည္းပံုေပၚ အေျခခံထားတဲ့ ၁၉၄၇ အေျခခံဥပေဒရဲ႕ ျပႆနာပဲျဖစ္ပါတယ္။ လြတ္လပ္ေသာ ျမန္မာ ႏိုင္ငံရယ္လို႔ ထူေထာင္ၾကတဲ့ အခါ ႏိုင္ငံ ဖြဲ႕စည္းတည္ရွိပံုကို သတ္မွတ္ခံယူရာမွာ ကိုလိုနီေခတ္က အဂၤလိပ္အစိုးရအေနနဲ႔ ပိုင္းျခား သတ္မွတ္ခဲ့တဲ့ အုပ္ခ်ဳပ္ေရးနယ္ေျမပံုစံအတိုင္း စတင္ ခဲ့ရသလို ျပည္နယ္အသစ္ေတြ အေကာင္အထည္ေဖာ္ ေရးကို ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး အိပ္မက္ မဟာဗ်ဴဟာတစ္ခုနဲ႔ စတင္ႏိုင္ခဲ့ျခင္း မရွိခဲ့ တာဟာ တိုင္းရင္းသားမ်ားနဲ႔ တန္းတူေရးမွာ ခုမ႐ႈပ္ခဲ့ လို႔ ေနာင္မရွင္းျဖစ္ခဲ့ရတဲ့ အခ်က္တစ္ခ်က္ျဖစ္ခဲ့တယ္ လို႔သံုးသပ္ပါတယ္။ တစ္နည္းေျပာရရင္ ဗမာ ေခါင္း ေဆာင္ေတြဟာ လြတ္လပ္ေရးကိုသာ စိတ္ေစာေနၿပီး လြတ္လပ္ေသာတိုင္းျပည္တစ္ခုရဲ႕ အနာဂတ္ တည္ ေဆာက္ေရးကို စဥ္းစားရာမွာ တိုင္းရင္းသားအေရး ကို အေလးအနက္မျပဳခဲ့ၾကသလို ဖက္ဒရယ္ ျပည္ ေထာင္စု ထူေထာင္ေရးကိုလည္း သူတို႔အေနနဲ႔ အေလး အနက္ မယံုၾကည္ခဲ့တာျဖစ္ႏိုင္တယ္လို႔ သံုးသပ္ပါ တယ္။ ဒါဟာလည္း အဂၤလိပ္ ကိုလိုနီစနစ္ အုပ္ခ်ဳပ္ပံု က တစ္စိတ္တစ္ပိုင္းတာဝန္ မကင္းဘူးဆိုတာလည္း ေထာက္ျပခ်င္ပါတယ္။ အဂၤလိပ္ အုပ္ခ်ဳပ္ေရး ပံုစံအရ Proper Burma နဲ႔ Scheduled ေဒသဆိုၿပီး ပိုင္းျခား အုပ္ခ်ဳပ္ရာမွာ တိုင္းရင္းသားအမ်ားစု ေနထိုင္ၾကေသာ ေတာင္တန္းေဒသေတြကို Scheduled အျဖစ္ သြတ္ သြင္းအုပ္ခ်ဳပ္ခဲ့ေသာ္လည္း မြန္၊ ကရင္နဲ႔ ရခိုင္ ေဒသအခ်ိဳ႕ကိုေတာ့ ဗမာမ်ားနဲ႔အတူ Proper Burma မွာေပါင္းစည္း အုပ္ခ်ဳပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီ အက်ိဳးဆက္ကေတာ့ လြတ္လပ္ေရးရယူဖို႔ အတြက္ Proper Burma က ဗမာေတြဦးေဆာင္ လႈပ္ ရွားၿပီး Scheduled (Frontier) ေဒသက ရွမ္း ဦးေဆာင္တဲ့ခ်င္း၊ ကခ်င္၊ ကရင္နီ တိုင္းရင္းသားေတြ ပူးေပါင္းႀကံစည္ၾကတဲ့အခါ မြန္၊ ကရင္၊ ရခိုင္တိုင္းရင္း သားေတြက ေရွ႕တန္းမွာ ရွိမေနဘဲ ေနာက္က်ေနခဲ့ တာေတြ႕ရပါတယ္။ ဒါေၾကာင့္ ပင္လံုသေဘာတူညီခ်က္ ကေန လြတ္လပ္ေသာ ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒကို ေရးဆြဲၾကရာမွာ ကခ်င္ျပည္နယ္ တစ္ခုကိုသာ အသစ္တည္ေထာင္ထည့္သြင္းႏိုင္ခဲ့ၿပီး ရခိုင္ေတာင္တန္းေဒသေတြကေတာ့ ခ်င္းဝိေသသတိုင္း အတြင္း သြတ္သြင္းထားရွိၿပီး ကရင္အပါအဝင္ အျခား ျပည္နယ္သစ္မ်ား ေဖာ္ထုတ္တည္ေထာင္ႏိုင္ေရးကို အေျခခံ ဥပေဒရဲ႕ျပ႒ာန္းခ်က္ထဲမွာ ထည့္သြင္းလမ္း ဖြင့္ထား႐ံုသာ ေဆာင္ရြက္ထားရွိႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ သမိုင္းေၾကာင္းအက်ိဳးဆက္ေတြအရ တိုင္းရင္းသားေတြအေနနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္နဲ႔ တန္းတူရည္တူေရးကို ရည္ရြယ္ၿပီး လက္နက္ကိုင္ ေတာ္လွန္ေရးကို ဆင္ႏႊဲၾကရမွာ မတူညီတဲ့ သမိုင္း ေၾကာင္း အက်ိဳးဆက္ေတြကို အေျခခံခဲ့ၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္။ မြန္ ၊ ကရင္နဲ႔ ရခိုင္ တိုင္းရင္း သားမ်ားရဲ႕ လိုလားခ်က္ဟာ သီးျခားျဖစ္တည္မႈျဖစ္ၿပီး ရွမ္း၊ ကခ်င္၊ ခ်င္း၊ ကယား( ကရင္နီ)တို႔ရဲ႕ လိုလား ခ်က္ဟာ ပင္လံုကတိကဝတ္ကို အေျခခံထားၾကပါ တယ္။ သို႔ေသာ္ ဒီကေန႔ ဖယ္ဒရယ္ ျပည္ေထာင္စုကို အမွန္တကယ္တည္ေဆာက္ဖို႔ ဗမာေခါင္းေဆာင္ေတြ နဲ႔ တိုင္းရင္းသားေတြအၾကား တစ္ေက်ာ့ျပန္ ဘံုသေဘာ တူညီခ်က္ ရရွိၾကတဲ့အခါ ပင္လံုကတိကဝတ္အေပၚ မွာပဲ အေျခခံၿပီး စဥ္းစားၾကမလား၊ သီးျခား ဘံုသေဘာတူ ရည္မွန္းခ်က္ကို ရွာေဖြညႇိနိႈင္းရယူၾကမလားဆိုတာကို စဥ္းစားၾကရမွာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရယူစဥ္ ကာလက အေျခ အေနေတြ၊ လူမ်ိဳးအလိုက္ ႏိုင္ငံေရး ခံယူခ်က္ တိုးတက္ ေျပာင္းလဲလာမႈေတြဟာ ဒီကေန႔ အခ်ိန္ကာလမွာ ႀကီးမားတဲ့ေျပာင္းလဲမႈေတြ ရွိေနၿပီျဖစ္တာေၾကာင့္ ပင္လံု အေႂကြးေတာင္းသလို စဥ္းစားေနလို႔ မရေတာ့ ဘူးဆိုတာေသခ်ာပါတယ္။ လြတ္လပ္ေရးမေပးခင္မွာ အဂၤလိပ္အစိုးရက ျပဳလုပ္ခဲ့တဲ့ ေမၿမိဳ႕စံုစမ္းေရး အစီရင္ခံစာ အၾကံျပဳခ်က္အရ ‘ဝ’နယ္ကို ရွမ္းနဲ႔ အတူထားရင္ထား၊ မထားရင္ ဖယ္ဒရယ္ေကာင္စီကေန တိုက္႐ိုက္အုပ္ခ်ဳပ္ဖို႔ အၾကံျပဳခဲ့ပါတယ္။ သို႔ေသာ္ ဒီကေန႔ ‘ဝ’တိုင္းရင္းသားေတြနဲ႔ ‘ဝ’ေဒသရဲ႕ ပိုင္ဆိုင္ ထားတဲ့ စီးပြားေရး၊ စစ္ေရး၊ ႏိုင္ငံေရးအင္အားနဲ႔ ဩဇာကို ၾကည့္မယ္ဆိုရင္ ၁၉၄၈ ကလို သေဘာထား လို႔မရေတာ့ဘူးဆိုတာ ေတြ႕ရပါလိမ့္မယ္။ ထိုနည္းတူ စြာ တစ္ခ်ိန္က တိုင္းရင္းသား လူမ်ိဳးစုငယ္မ်ားအျဖစ္ သတ္မွတ္ထားတဲ့ တအာင္း၊ ရွမ္းနီ၊ ပအို႔ဝ္ စတဲ့ တိုင္းရင္းသားေတြ အေနအထားဟာလည္း ႏိုင္ငံေရး အရ ႀကီးမားတဲ့ တိုးတက္ေျပာင္းလဲမႈေတြရွိေနၿပီဆိုတာ အားလံုးျမင္ေတြ႕ေနရၿပီးျဖစ္ပါတယ္။ လတ္တေလာ မ်က္ေမွာက္ တိုင္းရင္းသားႏိုင္ငံေရးမွာ ထူးျခားတဲ့ သမိုင္းက႑သစ္လို႔ေျပာလို႔ရတဲ့ လက္နက္ကိုင္စစ္ အင္အားႀကီးမားလာတဲ့ ‘ဝ’ တိုင္းရင္းသားအင္အားစု ေတြရဲ႕သီးသန္႔ ျပည္နယ္ အဆင့္အတန္း ရယူဖို႔ ႀကိဳး စားလာျခင္းနဲ႔ ရခိုင္ေျမာက္ပိုင္းရဲ႕ ကြန္ဖက္ဒရိတ္ လႈပ္ရွားမႈနဲ႔ စစ္ေရးပဋိပကၡ ေပၚေပါက္ႀကီးထြားလာမႈ ျပႆနာေတြကို ၾကည့္မယ္ဆိုရင္ မ်က္ေမွာက္ တိုင္း ရင္းသားအေရး ျပႆနာဟာ ၁၉၄၇ ခုႏွစ္ ပင္လံု သေဘာတူညီမႈကို အေျချပဳထားတဲ့ အျငင္းပြားမႈတစ္ခု တည္းနဲ႔ တရားေသစြဲကိုင္ သံုးသပ္ဆင္ျခင္လို႔ မရ ေတာ့ဘူးဆိုတဲ့ အခ်က္ကိုေတြ႕ၾကရမွာပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီကေန႔ ျမန္မာႏိုင္ငံရဲ႕ ဖယ္ဒရယ္ေရး အက်ပ္အတည္း ဒုတိယအႀကိမ္ေျမာက္ ျပည္ေထာင္စု ထူေထာင္ေရး ႀကိဳးပမ္းမႈကို အေျဖရွာၾကရာမွာ ဗမာ ႏိုင္ငံေရး ေခါင္းေဆာင္ေတြနဲ႔ တိုင္းရင္းသားေတြ အၾကား Ideology အေတြးအျမင္အရ ဘယ္လို ေပါင္း စည္းၾကမလဲဆိုတာ အေရးႀကီးလာပါတယ္။ အထူး သျဖင့္ အတိတ္ကာလ ျဖစ္စဥ္မ်ားကို သင္ခန္းစာယူၿပီး လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ သို႔မဟုတ္ အဖြဲအစည္း အသင္းအပင္းတစ္စုရဲ႕ သေဘာထားနဲ႔ ဩဇာ အာဏာ ေပၚမွာ တည္ေဆာက္ထားတဲ့ စိတ္ကူးစိတ္သန္းမ်ိဳး၊ ေမွ်ာ္မွန္းခ်က္မ်ိဳး၊ လုပ္ငန္းစဥ္မ်ိဳး မျဖစ္ဖို႔ေတာ့ အထူးလိုအပ္ပါတယ္ ။ ဒါဆို ဗမာနဲ႔ တိုင္းရင္းသားႏိုင္ငံ ေရး ဘယ္လိုေပါင္းစည္းၾကမလဲ။

လက္ေတြ႕မွာေတာ့ ဝါရင့္ ရွမ္း ႏိုင္ငံေရးသမား ေတြ၊ ရွမ္းလက္နက္ကိုင္ေခါင္းေဆာင္ေဟာင္းေတြ ေျပာေလ့ေျပာထရွိတဲ့ ေျပာဆိုခ်က္ေတြကို ကိုးကား ရမယ္ဆိုရင္ တိုင္းရင္းသားေတြဆီမွာ ဗမာမုန္းတီးေရး ဝါဒမရွိဘဲ ဗမာေခါင္းေဆာင္ေတြညံ့လို႔သာ၊ ဗမာ ေခါင္းေဆာင္ေတြ သေဘာထားမႀကီးႏိုင္လို႔သာ တိုင္း ရင္းသားေတြအၾကားမွာ ဗမာမုန္းတီးေရး စိတ္ေတြ ေပၚေပါက္ေစခဲ့တာလို႔ လက္ခံထားၾကတဲ့သေဘာကို ေတြ႕ရပါတယ္။ လြတ္လပ္ေရး ႀကိဳးပမ္းမႈကာလ နဲ႔ လြတ္လပ္ေရးရၿပီးေနာက္ေပၚေပါက္လာတဲ့ ပါလီမန္ ေခတ္ကာလတြင္းက ဗမာႏိုင္ငံေရးေခါင္းေဆာင္ အမ်ားစုဟာ ကိုလိုနီဆန္႔က်င္ေရး ႏိုးၾကားမႈေၾကာင့္ အမ်ိဳးသားေရး အယူဝါဒေတြစြဲ ကိုင္ထားၾကေသာ္ လည္း တိုင္းရင္းသားေတြအေပၚ ခြဲျခားဆက္ဆံလိုတဲ့ ျပင္းထန္တဲ့ သေဘာထားမ်ိဳးမရွိဘူးလို႔ ေျပာႏိုင္ပါ တယ္။ အဂၤလိပ္အစိုးရနဲ႔ အလြမ္းသင့္တဲ့ ကရင္အမ်ိဳး သားေရးလႈပ္ရွားမႈေတြ အားေကာင္းခဲ့တာေၾကာင့္ အဂၤလိပ္လက္ေအာက္မွေနစဥ္ကတည္းက ဒိုင္အာခီ အုပ္ခ်ဳပ္ေရးစနစ္ေအာက္မွာ ဗမာနဲ႔ ကရင္ ႏိုင္ငံေရး အားၿပိဳင္မႈေတြ ရွိခဲ့သလို လြတ္လပ္ေရး ယူစဥ္မွာလည္း အဂၤလိပ္သစၥာခံအျဖစ္ ရပ္တည္ကာ ကရင္ႏိုင္ငံ သီးျခားထူေထာင္ႏိုင္ေရး ႀကိဳးပမ္းမႈေတြ ရွိခဲ့တာ ေၾကာင့္ ကရင္ဗမာ လူမ်ိဳးေရးတင္းမာမႈေတြ ရွိခဲ့ပါ တယ္၊ အဲဒီအက်ိဳးဆက္ေၾကာင့္ ဧရာဝတီတိုင္းမွာ ကရင္ဗမာ လူမ်ိဳးေရး အဓိက႐ုဏ္း ျဖစ္ခဲ့ပါတယ္ ။ သို႔ေသာ္လည္း လြတ္လပ္ေရးရၿပီး တိုင္းျပည္ထူေထာင္ ေရး ႀကိဳးပမ္းေနတဲ့ကာလမွာ ဗမာႏိုင္ငံေရး ေခါင္း ေဆာင္ေတြဟာ ကရင္ အမ်ိဳးသားေခါင္းေဆာင္ေတြ တင္မက ကရင္အမ်ိဳးသား စစ္ဖက္ဆိုင္ရာေခါင္းေဆာင္ မ်ားနဲ႔ပါ ေပါင္းစည္းညီၫြတ္ႏိုင္ေအာင္ႀကိဳးပမ္းခဲ့ၾကတဲ့ သာဓကေတြလည္း တစ္ဘက္မွာရွိေနျပန္ပါတယ္။ သမိုင္းေၾကာင္းျဖစ္စဥ္တစ္ခုလံုးကို ျပန္လည္ျခံဳငံု သံုးသပ္ၾကည့္တဲ့အခါမွာေတာ့ တန္းတူရည္တူေရး ျပႆနာေတြရွိေသာ္လည္း ဗမာေခါင္းေဆာင္ေတြ အေနနဲ႔ တိုင္းရင္းသားေတြနဲ႔ စည္းလံုး ညီၫြတ္စြာ ေနထိုင္ရမယ္ဆိုတဲ့ မူဝါဒကိုေတာ့ အထင္အရွား စြဲကိုင္ထားၾကရတာကို ေတြ႕ရပါတယ္။ လက္ေတြ႕မွာ ဗမာေခါင္းေဆာင္မ်ားအေနနဲ႕ တိုင္းရင္းသား အခြင့္ အေရးေတြ တိုင္းရင္းသားေခါင္းေဆာင္ေတြရဲ႕ အခန္း က႑ေတြအေပၚ လက္ေတြ႕ တန္းတူ အသိအမွတ္ျပဳ ႏိုင္မႈ အားနည္းၾကေသာ္လည္း တိုင္းရင္းသားေတြနဲ႔ ခ်စ္ခင္ စည္းလံုးစြာေနထိုင္ရမယ္ဆိုတဲ့အခ်က္ကိုေတာ့ ပစ္ပယ္လိုက္သည္အထိ လုပ္ေဆာင္ႏိုင္ျခင္း မရွိတာ ကိုလည္း ေတြ႕ရပါတယ္။ လြတ္လပ္ေရး ရၿပီးကာစ အခ်ိန္ကေန ဒီကေန႔ ႏိုင္ငံေရးေခတ္ ၄ ေခတ္ေျပာင္း ၿပီးသည္အထိ ႏိုင္ငံေရး အခင္းအက်င္းေတြကို ၾကည့္ မယ္ဆိုရင္ ေခတ္အဆက္ဆက္ ဗမာေခါင္းေဆာင္ ေတြဟာ တိုင္းရင္းသားေတြကို ႏိုင္ငံေတာ္သမၼတ ကဲ့သို႔အဆင့္မ်ိဳးအပါ အဝင္ေခါင္းေဆာင္ေနရာေတြ ေပးအပ္ထားခဲ့ၿပီး တိုင္းရင္းသားေတြကို ဗမာေတြနဲ႔ တန္းတူရည္တူ ထားရွိဆက္ဆံတယ္ဆိုတဲ့ ျပယုဂ္ကို ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ၾကတာ ေတြ႕ရပါတယ္။ သို႔ေသာ္ လည္း ဒီကေန႔အခ်ိန္အထိ တိုင္းရင္းသားေတြကို ေပးအပ္ခဲ့တဲ့ အခြင့္အေရးေတြကိုၾကည့္မယ္ဆိုရင္ ရာထူးအျမင့္ေတြကို ဂုဏ္ထူးေဆာင္သေဘာ ေပးအပ္ ခဲ့သလိုျဖစ္ခဲ့ၿပီး လက္ေတြ႕ စီမံခန္႔ခြဲခြင့္နဲ႔ ဥပေဒျပဳေရး အခြင့္အလမ္းေတြကိုေတာ့ အပ္ႏွင္းေပးခဲ့ႏိုင္ျခင္း မရွိတာေတြ႕ရပါတယ္။ ေျပာရရင္ တိုင္းရင္းသားေတြကို ဂုဏ္ထူးေဆာင္ သေဘာနဲ႔ ေခါင္းေဆာင္ေနရာေတြကို ေပးအပ္ခဲ့ၿပီး တိုင္းရင္းသားေခါင္းေဆာင္ေတြကိုေတာ့ လက္ေတြ႕စီမံခန္႔ခြဲမႈ အာဏာကို ခြဲေဝေပးအပ္ႏိုင္ျခင္း မရွိခဲ့တာေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီကေန႔ မ်က္ ေမွာက္အေျခအေနမွာ ဗမာေခါင္းေဆာင္ေတြနဲ႔ တိုင္း ရင္းသားေတြအၾကား အမွန္တကယ္ေပါင္းစည္း ညီၫြတ္ေရးကို ေရွး႐ႈလုပ္ေဆာင္ၾကမယ္ဆိုလွ်င္ ဗမာ ေတြအတြက္ ပထမဆံုး လက္ေတြ႕ လုပ္ေဆာင္ျပသ ရမွာကေတာ့ ေခာတ္အဆက္ဆက္ ႏိုင္ငံေကာင္းက်ိဳး ေဒသတြင္း ေကာင္းက်ိဳးကို ထမ္းရြက္ခဲ့ၾကတဲ့ တိုင္း ရင္းသားေခါင္းေဆာင္ေတြကို ေဖာ္ထုတ္ၿပီး ေလးစားမႈ ျပသဖို႔ျဖစ္ပါတယ္။ တစ္ဆက္တည္းမွာပဲ ႏိုင္ငံအေနနဲ႕ ေရြးေကာက္ခံကိုယ္စားျပဳ ႏိုင္ငံေရး စနစ္ကို ဦးတည္ ေနၾကေသာ္လည္း ဒီကေန႕တိုင္းရင္းသားမ်ား ကိုယ္ တိုင္ တန္ဖိုးထားေလးစား အသိအမွတ္ျပဳထားၾကတဲ့ သက္ဆိုင္ရာ ျပည္နယ္ေဒသ အသီးသီးမွာ တာဝန္ထမ္း ေဆာင္ဆဲ တိုင္းရင္းသားေခါင္းေဆာင္မ်ားကို အသိ အမွတ္ျပဳၿပီး သူတို႔ရဲ႕ ဆႏၵသေဘာထားေတြကို အေလးေပးစဥ္းစားႏိုင္ဖို႔ ေခါင္းေဆာင္ေတြ အၾကား လြတ္လပ္တဲ့ အလြတ္သေဘာ တရင္းတႏွီး ေတြ႕ဆံု ေဆြးေႏြး ဆက္ဆံေရးေတြ ထူေထာင္ထားရွိၾကဖို႔ လိုအပ္ပါတယ္။ တစ္ဘက္ တိုင္းရင္းသားေတြဘက္က လည္း လက္ေတြ႕က်ၿပီး ညင္သာစြာ ကူေျပာင္းႏိုင္တဲ့ ဖက္ဒရယ္စနစ္ကို စိတ္ပိုင္းျဖတ္ၿပီး ဦးတည္ႏိုင္ဖို႔ ျပင္ဆင္ႀကိဳးပမ္းေနဖို႔လိုပါတယ္။ ဒါေၾကာင့္ သီးျခား ႏိုင္ငံအျဖစ္ ခြဲထြက္ေရး မဟုတ္တဲ့ တိုင္းရင္းသားေတြ လိုခ်င္တဲ့ ဖက္ဒရယ္ဟာ ဘာလဲ၊ ဘယ္လိုပံုစံ ဘယ္လို အႏွစ္သာရမ်ိဳးနဲ႔လဲဆိုတာကို အေသအခ်ာ အေလး အနက္စဥ္းစားဆင္ျခင္ ေမွ်ာ္ျမင္ဆံုးျဖတ္ၿပီး အေသ အခ်ာ ျပ႒ာန္းကိုင္စြဲႏိုင္ဖို႔လိုပါတယ္။ ၿပီးမွ အဲဒီ ဖက္ ဒရယ္စနစ္ကို ဗမာေတြကိုပါ ယံုၾကည္ လက္ခံလာဖို႔ စည္း႐ံုးႏိုင္ေရး ေနာက္တစ္ဆင့္ႀကိဳးပမ္းရမွာျဖစ္ပါ တယ္။

သီဟေသြး

 

Related Articles

Back to top button