ဆောင်းပါး

ဖယ်ဒရယ်လမ်းမှာ စမ်းတ၀ါး­

ဖယ်ဒရယ်လမ်းမှာ စမ်းတ၀ါး­

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ အစိုးရသစ်တက်ပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးအသံတွေ ဆူညံခဲ့ပါတယ်။ ပြည်သူတွေအားလုံးကလည်း လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်စေချင်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားတွေကလည်း မိမိတို့ပြည်နယ်မှာ အေးချမ်းစွာ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုကြပါ တယ်။

ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အချို့ နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေချုပ်ဆိုနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေကတဆင့် ဖယ်ဒရယ်စနစ်ကို တည်ဆောက်ဖို့ အစပျိုးခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က ဖယ်ဒရယ်စနစ်ဆိုတာကို ခွဲထွက်တဲ့စနစ်လို့ဝါဒမှိုင်းတိုက်ခံထားခံရတဲ့ အခြေအနေ က ပြည်သူတွေမျက်စိပွင့်သွားပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်ကသာလျှင် တို့နိုင်ငံကြီးငြိမ်းချမ်းကာ သာယာဝပြောမယ်လို့ အနာဂတ်ကို မြင်တွေ့ကြရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ အန်အယ်ဒီအစိုးရတက်လာတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်အရေးကိုပဲ အားစိုက်လုပ်ကိုင်လာတာတွေ့ရပါတယ်။ အန်အယ်ဒီအစိုးရဟာ တိုင်းပြည်စီးပွားထက် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေးကို ဦးစားပေးခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် ပါဝင်သင့် ပါဝင် ထိုက်တဲ့အဖွဲ့အစည်းအသီးသီးကိုလည်း ဖိတ်ခေါ်ကာ ဆွေးနွေးစေခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဦးတည်ခဲ့ပါ တယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ COVID-19 ကပ်ရောဂါကြီးကျရောက်လာ ပြီး အစည်းအဝေးတွေ ဆွေးနွေးပွဲတွေကျင်းပဖို့ ခက်ခဲလာခြင်းနှင့်အတူ ကိုဗစ်ရောဂါ တားဆီးနှိမ်နှင်းရေး ဘက်ကိုပါ အားစိုက်လာရတာကြောင့် ဖက်ဒရယ်ရေးကိစ္စတွေကို အားစိုက်ဖို့ ခက်ခဲ ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ အားလုံးသိကြတဲ့အတိုင်း ပြည်သူလူထုရွေးကောက် တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်မလာဘဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက်ကြောင့် ဖက်ဒရယ်အရေးဟာ ပိုမိုေ၀၀ါးလာခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းမပြုရသေးတဲ့ အချို့လက်နက်ကိုင်အဖွဲ့များကပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြပြီး ပြည်သူလူထုရဲ့သဘောထားနဲ့အတူ ရပ်တည်သွားမယ်လို့ ကြေညာချက်တွေထုတ်ပြန်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ ပြည်သူများနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နိုင်ငံရေးသမား အချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်များတည်ရှိရာ လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်အာဏာရှင်ကိုတော်လှန် ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သည်လို အဖြစ်အပျက်တွေဟာ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်တုန်းကလည်း ရှိခဲ့ဖူးပါ တယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံဟာ ကျောင်းသားတွေကစခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတာပါ။ ကျောင်းသားတွေက စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့ကြတဲ့ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တစ်ပါတီစနစ်ကို ဖျက်သိမ်းကာ ပါတီ စုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်လို့ ကြေညာခဲ့ပေမယ့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဖမ်းဆီးနှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့်လည်း တက်ကြွလှုပ်ရှားတဲ့ကျောင်းသားအချို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် တည်ရှိနေတဲ့ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာေ ကျာင်းသားများတပ်ဖွဲ့ ဆိုတာ အဲဒီ့အကြောင်းအရာတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။

ယခု အာဏာသိမ်းဖြစ်စဉ်မှာတော့ ၁၉၈၈ ခုနှစ်ကထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနဲ့ အခြားလွတ်မြောက်နယ်မြေတွေမှာ ခိုလှုံနေသူတွေ ပိုမိုများပြားလာခဲ့ပြီး ကျောင်းသား လူငယ်များသာမက အခြားအလွှာစုံက ပြည်သူတွေပါဝင်လာတာ တွေ့ရပါတယ်။

၁၉၈၈ အာဏာသိမ်းပြီးစဉ်က ကရင်ပြည်နယ်ဘက်ကိုသာ ခိုလှုံလာသူတွေရှိခဲ့ပေမယ့် ယခုအခါ မှာတော့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တွေမှာပါ အာဏာရှင်ကို ခုခံတော် လှန်တဲ့သူတွေရောက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာပါ ခုခံတော်လှန်တဲ့တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ တစ်ခါမျှတိုက်ပွဲဖြစ်သံမကြားခဲ့ရဖူးတဲ့ ချင်းပြည် နယ်မှာလည်း တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။

ပြည်မဒေသတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ပြဒေသတွေမှာလည်း PDF လို့ခေါ်တဲ့ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေပေါ်ပေါက်လာပြီး ခန့်မှန်းခြေအဖွဲ့ပေါင်း ၅၀၀ လောက်ရှိ မယ်လို့ဆိုကြပါတယ်။ ဒီအဖွဲ့တွေအားလုံးဟာ စစ်အာဏာသိမ်းရာက မခံမရပ်နိုင်လို့ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

ဆောင်းပါးအစကို ပြန်သွားရရင် မြန်မာနိုင်ငံသားအားလုံးဟာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ကျင်လည်ခဲ့ရပြီး အဲဒီ့ဆိုးရွားခါးသီးတဲ့ ဘ၀တွေကို အဆုံးသတ်ချင်ပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုကြတာပါ။ ယခု အခြေအနေမှာ ဖယ်ဒရယ်လမ်းက စမ်းဝါးဝါးဖြစ်နေဆဲပါ။ အာဏာရှင် စနစ်အမြစ်ပြတ်မှသာလျှင် ဖယ်ဒရယ်လမ်းကို ရှင်ရှင်းလင်းလင်း လျှောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း…။ ။

မောဂ္ဂလိ­

ဖယ်ဒရယ်လမ်းမှာ စမ်းတ၀ါး¬

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်မှာ အစိုးရသစ်တက်ပြီးကတည်းက ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးအသံတွေ ဆူညံခဲ့ပါတယ်။ ပြည်သူတွေအားလုံးကလည်း လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်စေချင်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားတွေကလည်း မိမိတို့ပြည်နယ်မှာ အေးချမ်းစွာ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုကြပါ တယ်။

ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အချို့ နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေချုပ်ဆိုနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေကတဆင့် ဖယ်ဒရယ်စနစ်ကို တည်ဆောက်ဖို့ အစပျိုးခဲ့တာဖြစ်ပါတယ်။

တစ်ချိန်က ဖယ်ဒရယ်စနစ်ဆိုတာကို ခွဲထွက်တဲ့စနစ်လို့ဝါဒမှိုင်းတိုက်ခံထားခံရတဲ့ အခြေအနေ က ပြည်သူတွေမျက်စိပွင့်သွားပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်ကသာလျှင် တို့နိုင်ငံကြီးငြိမ်းချမ်းကာ သာယာဝပြောမယ်လို့ အနာဂတ်ကို မြင်တွေ့ကြရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ အန်အယ်ဒီအစိုးရတက်လာတဲ့အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်အရေးကိုပဲ အားစိုက်လုပ်ကိုင်လာတာတွေ့ရပါတယ်။ အန်အယ်ဒီအစိုးရဟာ တိုင်းပြည်စီးပွားထက် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေးကို ဦးစားပေးခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် ပါဝင်သင့် ပါဝင် ထိုက်တဲ့အဖွဲ့အစည်းအသီးသီးကိုလည်း ဖိတ်ခေါ်ကာ ဆွေးနွေးစေခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့ ဦးတည်ခဲ့ပါ တယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ COVID-19 ကပ်ရောဂါကြီးကျရောက်လာ ပြီး အစည်းအဝေးတွေ ဆွေးနွေးပွဲတွေကျင်းပဖို့ ခက်ခဲလာခြင်းနှင့်အတူ ကိုဗစ်ရောဂါ တားဆီးနှိမ်နှင်းရေး ဘက်ကိုပါ အားစိုက်လာရတာကြောင့် ဖက်ဒရယ်ရေးကိစ္စတွေကို အားစိုက်ဖို့ ခက်ခဲ ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ အားလုံးသိကြတဲ့အတိုင်း ပြည်သူလူထုရွေးကောက် တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်မလာဘဲ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက်ကြောင့် ဖက်ဒရယ်အရေးဟာ ပိုမိုေ၀၀ါးလာခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်းမပြုရသေးတဲ့ အချို့လက်နက်ကိုင်အဖွဲ့များကပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြပြီး ပြည်သူလူထုရဲ့သဘောထားနဲ့အတူ ရပ်တည်သွားမယ်လို့ ကြေညာချက်တွေထုတ်ပြန်လာခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ ပြည်သူများနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နိုင်ငံရေးသမား အချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်များတည်ရှိရာ လွတ်မြောက်နယ်မြေတွေကို ရောက်ရှိလာပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်အာဏာရှင်ကိုတော်လှန် ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သည်လို အဖြစ်အပျက်တွေဟာ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်တုန်းကလည်း ရှိခဲ့ဖူးပါ တယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံဟာ ကျောင်းသားတွေကစခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတာပါ။ ကျောင်းသားတွေက စတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့ကြတဲ့ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တစ်ပါတီစနစ်ကို ဖျက်သိမ်းကာ ပါတီ စုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်လို့ ကြေညာခဲ့ပေမယ့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဖမ်းဆီးနှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့်လည်း တက်ကြွလှုပ်ရှားတဲ့ကျောင်းသားအချို့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် တည်ရှိနေတဲ့ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာေ ကျာင်းသားများတပ်ဖွဲ့ ဆိုတာ အဲဒီ့အကြောင်းအရာတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။

ယခု အာဏာသိမ်းဖြစ်စဉ်မှာတော့ ၁၉၈၈ ခုနှစ်ကထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနဲ့ အခြားလွတ်မြောက်နယ်မြေတွေမှာ ခိုလှုံနေသူတွေ ပိုမိုများပြားလာခဲ့ပြီး ကျောင်းသား လူငယ်များသာမက အခြားအလွှာစုံက ပြည်သူတွေပါဝင်လာတာ တွေ့ရပါတယ်။

၁၉၈၈ အာဏာသိမ်းပြီးစဉ်က ကရင်ပြည်နယ်ဘက်ကိုသာ ခိုလှုံလာသူတွေရှိခဲ့ပေမယ့် ယခုအခါ မှာတော့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တွေမှာပါ အာဏာရှင်ကို ခုခံတော် လှန်တဲ့သူတွေရောက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာပါ ခုခံတော်လှန်တဲ့တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ တစ်ခါမျှတိုက်ပွဲဖြစ်သံမကြားခဲ့ရဖူးတဲ့ ချင်းပြည် နယ်မှာလည်း တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။

ပြည်မဒေသတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ပြဒေသတွေမှာလည်း PDF လို့ခေါ်တဲ့ မြို့ပြပျောက်ကျားတပ်ဖွဲ့တွေပေါ်ပေါက်လာပြီး ခန့်မှန်းခြေအဖွဲ့ပေါင်း ၅၀၀ လောက်ရှိ မယ်လို့ဆိုကြပါတယ်။ ဒီအဖွဲ့တွေအားလုံးဟာ စစ်အာဏာသိမ်းရာက မခံမရပ်နိုင်လို့ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

ဆောင်းပါးအစကို ပြန်သွားရရင် မြန်မာနိုင်ငံသားအားလုံးဟာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ကျင်လည်ခဲ့ရပြီး အဲဒီ့ဆိုးရွားခါးသီးတဲ့ ဘ၀တွေကို အဆုံးသတ်ချင်ပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုကြတာပါ။ ယခု အခြေအနေမှာ ဖယ်ဒရယ်လမ်းက စမ်းဝါးဝါးဖြစ်နေဆဲပါ။ အာဏာရှင် စနစ်အမြစ်ပြတ်မှသာလျှင် ဖယ်ဒရယ်လမ်းကို ရှင်ရှင်းလင်းလင်း လျှောက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း။ ။

မောဂ္ဂလိ¬

Related Articles

Back to top button