ဆောင်းပါး

တိုင္းရင္းသားလူမ်ိဳးမ်ားႏွင့္ ျပည္ေထာင္စု တိုင်းရင်းသားလူမျိုးများနှင့် ပြည်ထောင်စု

Zawgyi

တိုင္းရင္းသားျပည္နယ္မ်ားသည္ ဗမာမ်ားႏွင့္ ထာဝရေပါင္းရန္မဟုတ္ဘဲ ယာယီပူးေပါင္းရန္သာ ခ်ဳပ္ဆိုျခင္းျဖစ္ေၾကာင္းႏွင့္ ကိုယ္ပိုင္ျပ႒ာါန္းခြင့္ ဖက္ဒရယ္ျပည္ေထာင္စု စနစ္သည္ မခြဲထြက္မီ၊ လြတ္လပ္ေရး မယူမီ ယာယီက်င့္သံုးရမည့္ မူသာလွ်င္ျဖစ္ေၾကာင္းကို စာခ်ဳပ္အားျဖင့္ ေပၚလြင္ထင္ရွားေနသည္ကို အားလံုးသိရွိရန္လိုပါသည္။ တိုင္းရင္းသားလူမ်ိဳးမ်ားအေရးႏွင့္ ၁၉၄၇ အေျခခံဥပေဒ စာအုပ္ စာမ်က္ႏွာ (၂၇၈)တြင္ ေရးသားေဖာ္ျပထားေသာ ပင္လံုစာခ်ဳပ္သည္ ေအာက္ပါအတိုင္းျဖစ္ပါသည္။

ပင္လံုစာခ်ဳပ္
ျမန္မာျပည္ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီမွ ဝန္ႀကီးအခ်ိဳ႕ႏွင့္ ေစာ္ဘြားအားလံုးအျပင္ ရွမ္းျပည္၊ ကခ်င္ ေတာင္တန္းေဒသႏွင့္ ခ်င္းေတာင္တန္းေဒသမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကေသာ ပင္လံုတြင္ က်င္းပသည့္ အစည္းအေဝး၌ ၾကားျဖတ္ ျမန္မာအစိုးရႏွင့္ ခ်က္ခ်င္းပူးေပါင္းလိုက္ျခင္းအားျဖင့္ ရွမ္း၊ ကခ်င္ ႏွင့္ ခ်င္းတို႔သည္ လြတ္လပ္ေရးကို ပိုမိုလ်င္ျမန္စြာ ရရွိလိမ့္မည္ဟု အစည္းအေဝးတက္ေရာက္သူအဖြဲ႔ဝင္တို႔က ယံုၾကည္ၾကသည့္အတိုင္း တညီတညႊတ္တည္း ေအာက္ပါအတိုင္း သေဘာတူညီၾကသည္။

(၁) ေတာင္တန္းသားမ်ားကိစၥႏွင့္ ပတ္သက္၍ ေဆာင္ရြက္ရန္ ေတာင္ေပၚသားမ်ား ညီညႊတ္ေရးဦးစီးအဖြဲ႔မွ ကိုယ္စားလွယ္မ်ားက ေထာက္ခံသည့္ ကိုယ္စားလွယ္တဦးကို ဘုရင္ခံက ေရြးခ်ယ္၍ ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီတြင္ အတိုင္ပင္ခံ တဦးအျဖစ္ခန္႔အပ္ရမည္။
(၂) ထိုအတိုင္ပင္ခံ ပုဂၢိဳလ္ကို ဌါနလက္ကိုင္မရွိ ဝန္ႀကီးအျဖစ္လည္း ခန္႔အပ္ရမည္။ ကာကြယ္ေရးႏွင့္ ႏိုင္ငံျခားေရးဌါနနည္းတူ ေတာင္တန္းေဒသေရးရာဌါနကိုလည္း ဥပေဒျဖင့္ ျပ႒ါန္း၍ အမႈေဆာင္ေကာင္စီ ေအာက္၌ထားရွိရမည္။ ထိုေတာင္တန္းေဒသေရးရာဌါနကိုလည္း ဥပေဒျဖင့္ ျပ႒ါန္း၍ အမႈေဆာင္ေကာင္စီေအာက္၌ထားရွိရမည္။ ထိုေတာင္တန္းေဒသဆိုင္ရာ အတိုင္ပင္ခံ ဝန္ႀကီးအား အလားတူနည္းအတိုင္း အုပ္ခ်ဳပ္ခြင့္အာဏာမ်ားကို အပ္ႏွင္းရမည္။
(၃) ထိုအတိုင္ပင္ခံ ဝန္ႀကီးအား ကူညီရန္အတြက္ ယင္းႏွင့္လူမ်ိဳးတူမဟုတ္သည့္ အျခားေတာင္တန္းသားမ်ားအား ကိုယ္စားျပဳေသာ တြဲဘက္အတိုင္ပင္ခံ ပုဂၢိဳလ္ႏွစ္ဦး ရွိရမည္။ ထုိအတိုင္ပင္ခံ ပုဂၢိဳလ္ႏွစ္ဦးသည္ မထမဦးစြာ မိမိတို႔၏ ဆိုင္ရာနယ္ပယ္ေရးရာမ်ားကို စီမံခန္႔ခြဲေဆာင္ရြက္ရမည္။ အတိုင္ပင္ခံ ဝန္ႀကီးမွာမူ က်န္ရွိသည့္အျခားေသာ ေတာင္တန္းေရးရာေဒသမ်ားကို စီမံခန္႔ခြဲေဆာင္ရြက္ရမည္။ ယင္းပုဂၢိဳလ္ သံုးဦးတို႔သည္ အေျခခံဥပေဒကျပ႒ါန္းသည့္အတိုင္း စုေပါင္းတာဝန္ယူလုပ္ကိုင္ရမည္။
(၄) အတိုင္ပင္ခံဝန္ႀကီးသည္ အမႈေဆာင္ေကာင္စီအဖြဲ႔ဝင္အေနျဖင့္ ေကာင္စီတြင္ ေတာင္တန္းေဒသမ်ား၏ တဦးတည္းေသာ ကိုယ္စားလွယ္ျဖစ္ေသာ္လည္း ေတာင္တန္းေဒသကိစၥမ်ားကို ေဆြးေႏြးေသာအခါ တြဲဖက္ အတိုင္ပင္ခံ ပုဂၢိဳလ္ႏွစ္ဦးသည္ ေကာင္စီအစည္းအေဝးသို႔ တက္ေရာက္ႏိုင္ခြင့္ရွိရမည္။
(၅) အထက္ပါသေဘာတူညီခ်က္အရ ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီကို တိုးခ်ဲ႕မည္ျဖစ္ေသာ္လည္း ေတာင္တန္းေဒသမ်ား၏ နယ္တြင္းအုပ္ခ်ဳပ္ေရးတြင္ ယခုလက္ရွိ ခံစားလွ်က္ရွိေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး ဆံုးပါးရန္ မည္သည့္ေဒသတြင္မဆို လံုးဝျပဳလုပ္လိမ့္မည္ မဟုတ္။ ေတာင္တန္းေဒသမ်ားအတြက္ နယ္တြင္း အုပ္ခ်ဳပ္ေရးတြင္ ကိုယ္ပိုင္ျပ႒ါန္းခြင့္ အျပည့္အဝရွိေၾကာင္းမူအားျဖင့္ လက္ခံသည္။
(၆) ျမန္မာျပည္ေထာင္စုအတြင္း ကခ်င္ျပည္နယ္အတြက္ နယ္ျခားသတ္မွတ္ေရးႏွင့္ ကခ်င္ျပည္နယ္တည္ေထာင္ေရးကို တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္သို႔ တင္ျပဆံုးျဖတ္ေစရမည္ ျဖစ္ေသာ္လည္း ထိုကဲ့သို႔ေသာ ျပည္နယ္မွာ လိုအပ္သည္ဟုသေဘာတူ လက္ခံၾကသည္။ ဤရည္ရြယ္ခ်က္ကို ပထမဆင့္အျဖစ္ အေကာင္အထည္ေဖာ္သည့္ အေနျဖင့္ ၁၉၃၅ ခုႏွစ္၊ ျမန္မာႏိုင္ငံအစိုးရ အက္ဥပေဒအရ အပိုင္း ၂ ျခြင္းခ်န္ ေဒသမ်ားကို အုပ္ခ်ဳပ္သည့္ နည္းတူ ျမစ္ႀကီးနားႏွင့္ ဗန္ေမာ္ခရိုင္အတြင္းရွိ ေဒသမ်ား အုပ္ခ်ဳပ္ေရးႏွင့္ ပတ္သက္၍လည္း ေတာင္တန္းေဒသ အတိုင္ပင္ခံဝန္ႀကီးႏွင့္ တြဲဘက္အတိုင္ပင္ခံဝန္ႀကီးတို႔ကို တိုင္ပင္ေဆြးေႏြးရမည္။
(၇) ေတာင္တန္းေဒသရွိ ျပည္သူတို႔သည္ ဒီမိုကေရစီတိုင္းျပည္မ်ားတြင္ အေျခခံအခြင့္အေရးႏွင့္ ရပိုင္ခြင့္မ်ားကို ရရွိခံစားေစရမည္။
(၈) ဤစာခ်ဳပ္ပါ အစီအစဥ္မ်ားသည္ ရွမ္းျပည္နယ္တြင္ ယခုက်င့္သံုးခြင့္ျပဳထားေသာ ဘ႑ာေရး ကိုယ္ပိုင္ျပ႒ါန္းခြင့္ကို မည္သို႔မွ ထိခိုက္ျခင္းမရွိေစရ။
(၉) ဤစာခ်ဳပ္ပါ အစီအစဥ္မ်ားသည္ ျမန္မာျပည္၏ အခြန္ဘ႑ာထဲမွ ကခ်င္ေတာင္တန္းေဒသႏွင့္ ခ်င္းေတာင္တန္းေဒသတို႔က ရပိုင္ခြင့္ရွိေသာ ဘ႑ာေရးအကူအညီအား မည္သို႔မွ်ထိခိုင္ျခင္းမရွိေစရ။ ထို႔ျပင္ ရွမ္းျပည္နယ္ႏွင့္ ျမန္မာျပည္တို႔၏ ဘ႑ာေရး စီစဥ္ဆက္သြယ္မႈမ်ားကဲ့သို႔ လက္ေတြ႔က်င့္သံုးႏိုင္ျခင္း ရွိ မရွိ အမႈေဆာင္ေကာင္စီသည္ ေတာင္တန္းေဒသအတိုင္ပင္ခံ ဝန္ႀကီး တြဲဘက္အတိုင္ပင္ခံမ်ားႏွင့္ အတူစူးစမ္းေလ့လာမည္။

ပင္လံစာခ်ဳပ္ကို လက္မွတ္ေရးထုိးၾကေသာ ကိုယ္စားလွယ္ေတာ္ႀကီးမ်ားမွာ –
(၁) ဗိုလ္ခ်ဳပ္ေအာင္ဆန္း – ျမန္မာအစိုးရ ကိုယ္စားလွယ္
(၂) စပ္ခြန္ပန္းစိန္ – ေတာင္ပိုင္းေစာ္ဘြား
(၃) စပ္ေရႊသိုက္ – ေညာင္ေရႊေစာ္ဘြား
(၄) စပ္တံုဖ – ေျမာက္ပိုင္းသႏၷီေစာ္ဘြား
(၅) စပ္ႏြံ – လဲခ်ားေစာ္ဘြား
(၆) စပ္စံထြန္း – မိုင္းပြန္ေစာ္ဘြား
(၇) စပ္ထြန္းေအး – သာမိုင္းခမ္းေစာ္ဘြား
(၈) ဦးျဖဴ – သထံုေစာ္ဘြား ကိုယ္စားလွယ္
(၉) ဦးခြန္ဖုန္း – ဘူထုကိုယ္စားလွယ္
(၁၀) ဦးတင္ေအး – လူထုကိုယ္စားလွယ္
(၁၁) ဦးၾကာပု – လူထုကိုယ္စားလွယ္
(၁၂) စင္ယိပ္ဖ – ဘူထုကိုယ္စားလွယ္
(၁၃) ဥိးထြန္းျမင့္ – လူထုကုိယ္စားလွယ္
(၁၄) ဦးခြန္ေစာ – လူထုကိုယ္စားလွယ္
(၁၅) ဦးခြန္ထီး – လူထုကိုယ္စားလွယ္
(၁၆) ဆမားဒူဝါဆင္ဝါးေနာင္ – ကခ်င္ကိုယ္စားလွယ္ (ျမစ္ႀကီးနား)
(၁၇) ဒူဝါေဇာ္ရစ္ – ကခ်င္ကိုယ္စားလွယ္ (ျမစ္ႀကီးနား)
(၁၈) ဦးဒိန္ရတန္ – ကခ်င္ကိုယ္စားလွယ္ (ျမစ္ႀကီးနား)
(၁၉) ဒူဝါေဇာ္လြန္ – ကခ်င္ကိုယ္စားလွယ္ (ဗန္ေမာ္)
(၂၀) ဦးလဘန္ဂေရာင္ – ကခ်င္ကိုယ္စားလွယ္ (ဗန္ေမာ္)
(၂၁) ဦးလႊာမႈန္း – ခ်င္းကိုယ္စားလွယ္ (ဖလမ္း)
(၂၂) ဦးေထာင္ဇာခုပ္ – ခ်င္းကိုယ္စားလွယ္ (တီးတိန္)
(၂၃) ဦးကီယိုမန္း – ခ်င္းကိုယ္စားလွယ္ (ဟားခါး)
တို႔ျဖစ္ၾကသည္။

ပင္လံုစာခ်ဳပ္၏ ရည္ရြယ္ခ်က္
ပင္လံုစာခ်ဳပ္၏ ရည္ရြယ္ခ်က္က အဘယ္နည္း ?
ပင္လံုစာခ်ဳပ္၏ ရည္ရြယ္ခ်က္သည္ ရွမ္း၊ ကခ်င္၊ ခ်င္း တို႔သည္ အဂၤလိပ္လက္ေအာက္တြင္ ဆက္လက္ေနသည္ထက္ ျမန္မာၾကားျဖတ္အစိုးရႏွင့္ ခ်က္ခ်င္းပူးေပါင္းလိုက္ျခင္းအားျဖင့္ လြတ္လပ္ေရးကို ပိုမိုလွ်င္ျမန္စြာရရွိရန္ ရည္ရြယ္ခ်က္ျဖင့္ ပင္လံုစာခ်ဳပ္ကို ခ်ဳပ္ဆိုေၾကာင္းကို နိဒါန္းတြင္ အတိအလင္းေဖာ္ျပထားသည္ကို ေတြ႔ရွိရပါသည္။
ထို႔ေၾကာင့္ ရွမ္း၊ ကခ်င္၊ ခ်င္းတို႔သည္ ျပည္ေထာင္စုမွ ခြဲထြက္ၿပီး လြတ္လပ္ေရးရယူရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ႏွစ္ဦးႏွစ္ဘက္ သေဘာတူလက္မွတ္ေရးထိုးၾကသည့္အတြက္ ထာဝရ ပူးေပါင္းရန္ လက္မွတ္ေရးထိုးျခင္း မဟုတ္ဘဲ ယာယီပူးေပါင္းရန္ လက္မွတ္ေရးထိုးျခင္းသာျဖစ္ေၾကာင္း ေပၚလြင္ထင္ရွားေနပါသည္။

ထာဝရမဟုတ္ ယာယီျပည္ေထာင္စု
ထို႔ေၾကာင့္ ပင္လံုစာခ်ဳပ္ကို ေလ့လာသံုးသပ္ရပါက ထာဝရေပါင္းရန္ လက္မွတ္ေရးထိုးၾကျခင္းမဟုတ္ဘဲ ျပည္ောထင္စုမွ လြတ္လပ္ေရးရယူၿပီးအခ်ိန္မေရြး ခြဲထြက္ရန္ ရည္ရြယ္ခ်က္ျဖင့္ ယာယီပူးေပါင္းၾကျခင္းျဖစ္ေၾကာင္း နိဒါန္းတြင္ အတိအလင္း ေဖာ္ျပထားသျဖင့္ ျပည္ေထာင္စုသည္ ထာဝရ ျပည္ေထာင္စု မဟုတ္ လြတ္လပ္ေရးမယူမီ မခြဲထြက္မီ ယာယီပူးေပါင္းေသာ ယာယီျပည္ေထာင္စုသာ ျဖစ္ေၾကာင္းေတြ႔ရွိရပါသည္။

ကိုယ္ပိုင္ျပ႒ါန္းခြင့္
ပင္လံုစာခ်ဳပ္ အခ်က္(၅)တြင္ ေဖာ္ျပေသာ နယ္တြင္း အုပ္ခ်ဳပ္ေရးတြင္ ကိုယ္ပိုင္ျပ႒ါန္းခြင့္ အျပည့္အဝရွိေၾကာင္း မူအားျဖင့္ လက္ခံသည္ဟု လက္မွတ္ေရးထိုးသည္မွာ ျပည္ေထာင္စုမွ လြတ္လပ္ေရးယူၿပီး မခြဲထြက္မီ ယာယီ ပူးေပါင္းေရးကာလတြင္ က်င့္သံုးရမည့္ ပူးေပါင္းေရးမူဝါဒသာ ျဖစ္ပါသည္။ အခ်က္(၇)လဲဘဲ ယာယီပူးေပါင္းေရးကာလတြင္း က်င့္သံုးရမည့္ အခ်က္အလက္ျဖစ္သည္မွာ ေပၚလြင္ထင္ရွားေနပါသည္။
တိုင္းရင္းသားလူမ်ိဳးမ်ား အေရးႏွင့္ ၁၉၄၇ အေျခခံဥပေဒစာအုပ္ စာမ်က္ႏွာ ၂၉၁-၂၀၂ တို႔ ၾကည့္ပါက –
(က) မည္သူမဆို တန္းတူအခြင့္အေရးရွိရမည္။
(ခ) ေတာင္တန္းေဒသ ကိုယ္စားလွယ္အားလံုးတြင္ မိမိတို႔၏ ျပည္နယ္တြင္း ကိုယ္ပိုင္ျပ႒ါန္းခြင့္ အျပည့္အဝရွိရမည္။
(ဂ) လြတ္လပ္ေရးရရွိၿပီးေနာက္တြင္ ျမန္မာျပည္မမွ ခြဲထြက္ႏိုင္ခြင့္ရွိရမည္။

ဆံုးျဖတ္ခ်က္(၃) ေတာင္တန္းေဒသျပည္နယ္မ်ားအား ႀကိဳတင္အသိမေပးဘဲ သံတမန္ဆက္သြယ္ျခင္းႏွင့္ ခန္႔ထားျခင္း မျပဳရန္ ဟူေသာ အခ်က္ကို အနာဂတ္တြင္ေရးဆြဲမည့္ ျမန္မာႏိုင္ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒတြင္ ထည့္သြင္းရမည္ဟု ဆံုးျဖတ္သည္။
(၄) ကာကြယ္ေရးအစိရွိေသာ တႏိုင္ငံလံုးႏွင့္ သက္ဆိုင္သည့္ အေရးကိစၥမ်ားတြင္ ေတာင္တန္းေဒသကိုယ္စားလွယ္အမ်ားစု သေဘာတူညီမႈမရွိဘဲ ဆံုးျဖတ္ခ်က္မခ်ရ။
(၅) ေတာင္တန္းေဒသျပည္နယ္မ်ားႏွင့္ တိုက္ရိုက္ျဖစ္ေစ သြယ္ဝိုက္၍ျဖစ္ေစ အက်ိဳးသက္ေရာက္ မည့္ေျပာင္းလဲခ်က္၊ ျပင္ဆင္ခ်က္၊ မြမ္းမံခ်က္မ်ားကို ေတာင္တန္းေဒသျပည္နယ္ကိုယ္စားလွယ္မ်ား၏ ဆႏၵမဲစုပံု ၂ ပံု မရလွ်င္ မျပဳလုပ္ရဟူေသာ အခ်က္ကို ျပည္ေထာာင္စု ျမန္မာႏိုင္ငံ၏ အေျခခံဥပေဒတြင္ ထည့္သြင္းရမည္။
(၇) ျပည္ေထာင္စုအဖြဲ႔တြင္ ပါဝင္မဲ စုစုေပါင္း ဗမာဝန္ႀကီးအေရအတြက္သည္ ေတာင္တန္းေဒသ ျပည္နယ္မ်ား၏ စုစုေပါင္းဝန္ႀကီးအေရအတြက္ထက္မမ်ားေစရ။ အခ်က္(၁)ႏွင့္ (၆)ကိုေတာ့ မေရးေတာ့မေရးေတာ့ပါ။
အခ်က္(၇)ခ်က္အနက္ အခ်က္အမွတ္ ၁ ႏွင့္ ၂ မွာ မတ္လ ၂၃ ရက္ေန႔တြင္ က်င္းပေသာ ေတာင္တန္းသားမ်ား စည္းလံုးညီညြတ္ေရး ဦးစီးအဖြဲ႔ ဆံုးျဖတ္ခ်က္မ်ားျဖစ္၍ အခ်က္အမွတ္ ၃ မွ ၆ အထိမွာ မတ္လ ၂၇ ရက္ေန႔တြင္ က်င္းပေသာ အစည္းအေဝး ဆံုးျဖတ္ခ်က္မ်ားျဖစ္ၾကသည္။

ပထမဆံုးေသာ ခ်င္းေရးရာဝန္ႀကီး ဝမ္းသူေမာင္၏ ခ်င္းအမ်ိဳးသားေန႔ မိန္႔ခြန္း
ပထမဆံုးေသာ ခ်င္းေရးရာဝန္ႀကိး ဦးဝမ္သူေမာင္ကလည္း မင္းတပ္ၿမိဳ႕၌ က်င္းပေသာ ပထမအႀကိမ္ ခ်င္းအမ်ိဳးသားေန႔၌ မိန္႔ခြင့္ေျပာၾကာရာတြင္ အခ်က္(၃)ခ်က္ထဲမွ အခ်က္(၁)တြင္ ေအာက္ပါအတိုင္း ေျပာၾကား သြားပါသည္။
(၁) ဗမာမ်ားႏွင့္ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ ရမ္းႏွင့္ကခ်င္၊ ခ်င္းတို႔၏ လြတ္လပ္ေရးသည္ ပိုမိုလွ်င္ျမန္ စြာ ရရွိလိမ့္မည္ဟု ယံုၾကည္ေၾကာင္း စသည္ျဖင့္ ေဟာေျပာပါသည္။ ထို႔ေၾကာင့္ ရွမ္း၊ ကခ်င္ႏွင့္ ခ်င္းတို႔သည္ ဗမာမ်ားႏွင့္ ထာဝရ ပူးေပါင္းရန္မဟုတ္ဘဲ ခြဲထြက္ခ်ိန္တန္သည့္အခ်ိန္ ဗမာမ်ားမွ ခြဲထြက္ၿပီး လြတ္လပ္ေရး ရယူရန္ျဖစ္ေၾကာင္းကို ေပၚလြင္ထင္ရွားေနပါသည္။ တိုင္းရင္းသား လူမ်ိဳးမ်ားသည္ အဂၤလိပ္လက္ေအာက္တြင္ တခါ ဗမာလက္ေအာက္တြင္ တခါ တျခားလူမ်ိဳးမ်ားလက္ေအာက္၌ ကြ်န္ဘဝအျဖစ္ ၂ ခါ က်ေရာက္ေနပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ပင္လံုစာခ်ဳပ္ကို သစၥာေဖာက္၍ အားလံုးဖ်က္ဆီးၿပီး ကိုယ္ပိုင္ ျပ႒ါန္းခြင့္မေပးဘဲ ဗမ်ားက သူတို႔ႀကိဳက္သလို ဖြဲ႔စည္းပံုအေျခခံဥပေဒေရးဆြဲ အုပ္ခ်ဳပ္ေနေသာေၾကာင့္ ျဖစ္ပါ သည္။
ဆလိုင္းဇလပ္နီ

Unicode

တိုင်းရင်းသားပြည်နယ်များသည် ဗမာများနှင့် ထာဝရပေါင်းရန်မဟုတ်ဘဲ ယာယီပူးပေါင်းရန်သာ ချုပ်ဆိုခြင်းဖြစ်ကြောင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာါန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု စနစ်သည် မခွဲထွက်မီ၊ လွတ်လပ်ရေး မယူမီ ယာယီကျင့်သုံးရမည့် မူသာလျှင်ဖြစ်ကြောင်းကို စာချုပ်အားဖြင့် ပေါ်လွင်ထင်ရှားနေသည်ကို အားလုံးသိရှိရန်လိုပါသည်။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ စာအုပ် စာမျက်နှာ (၂၇၈)တွင် ရေးသားဖော်ပြထားသော ပင်လုံစာချုပ်သည် အောက်ပါအတိုင်းဖြစ်ပါသည်။

ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံတွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင် နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူညီကြသည်။

(၁) တောင်တန်းသားများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွှတ်ရေးဦးစီးအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံသည့် ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံ တဦးအဖြစ်ခန့်အပ်ရမည်။
(၂) ထိုအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဌါနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်လည်း ခန့်အပ်ရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌါနနည်းတူ တောင်တန်းဒေသရေးရာဌါနကိုလည်း ဥပဒေဖြင့် ပြဋ္ဌါန်း၍ အမှုဆောင်ကောင်စီ အောက်၌ထားရှိရမည်။ ထိုတောင်တန်းဒေသရေးရာဌါနကိုလည်း ဥပဒေဖြင့် ပြဋ္ဌါန်း၍ အမှုဆောင်ကောင်စီအောက်၌ထားရှိရမည်။ ထိုတောင်တန်းဒေသဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီးအား အလားတူနည်းအတိုင်း အုပ်ချုပ်ခွင့်အာဏာများကို အပ်နှင်းရမည်။
(၃) ထိုအတိုင်ပင်ခံ ဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့်လူမျိုးတူမဟုတ်သည့် အခြားတောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦး ရှိရမည်။ ထိုအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် မထမဦးစွာ မိမိတို့၏ ဆိုင်ရာနယ်ပယ်ရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့်အခြားသော တောင်တန်းရေးရာဒေသများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံဥပဒေကပြဋ္ဌါန်းသည့်အတိုင်း စုပေါင်းတာဝန်ယူလုပ်ကိုင်ရမည်။
(၄) အတိုင်ပင်ခံဝန်ကြီးသည် အမှုဆောင်ကောင်စီအဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်းဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သော်လည်း တောင်တန်းဒေသကိစ္စများကို ဆွေးနွေးသောအခါ တွဲဖက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့်ရှိရမည်။
(၅) အထက်ပါသဘောတူညီချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျှက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုလုပ်လိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိကြောင်းမူအားဖြင့် လက်ခံသည်။
(၆) မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ်တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟုသဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့်အဖြစ် အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ အက်ဥပဒေအရ အပိုင်း ၂ ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့် နည်းတူ မြစ်ကြီးနားနှင့် ဗန်မော်ခရိုင်အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးနှင့် တွဲဘက်အတိုင်ပင်ခံဝန်ကြီးတို့ကို တိုင်ပင်ဆွေးနွေးရမည်။
(၇) တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။
(၈) ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်းမရှိစေရ။
(၉) ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီအား မည်သို့မျှထိခိုင်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ်ဆက်သွယ်မှုများကဲ့သို့ လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသအတိုင်ပင်ခံ ဝန်ကြီး တွဲဘက်အတိုင်ပင်ခံများနှင့် အတူစူးစမ်းလေ့လာမည်။

ပင်လံစာချုပ်ကို လက်မှတ်ရေးထိုးကြသော ကိုယ်စားလှယ်တော်ကြီးများမှာ –
(၁) ဗိုလ်ချုပ်အောင်ဆန်း – မြန်မာအစိုးရ ကိုယ်စားလှယ်
(၂) စပ်ခွန်ပန်းစိန် – တောင်ပိုင်းစော်ဘွား
(၃) စပ်ရွှေသိုက် – ညောင်ရွှေစော်ဘွား
(၄) စပ်တုံဖ – မြောက်ပိုင်းသန္နီစော်ဘွား
(၅) စပ်နွံ – လဲချားစော်ဘွား
(၆) စပ်စံထွန်း – မိုင်းပွန်စော်ဘွား
(၇) စပ်ထွန်းအေး – သာမိုင်းခမ်းစော်ဘွား
(၈) ဦးဖြူ – သထုံစော်ဘွား ကိုယ်စားလှယ်
(၉) ဦးခွန်ဖုန်း – ဘူထုကိုယ်စားလှယ်
(၁၀) ဦးတင်အေး – လူထုကိုယ်စားလှယ်
(၁၁) ဦးကြာပု – လူထုကိုယ်စားလှယ်
(၁၂) စင်ယိပ်ဖ – ဘူထုကိုယ်စားလှယ်
(၁၃) ဥိးထွန်းမြင့် – လူထုကိုယ်စားလှယ်
(၁၄) ဦးခွန်စော – လူထုကိုယ်စားလှယ်
(၁၅) ဦးခွန်ထီး – လူထုကိုယ်စားလှယ်
(၁၆) ဆမားဒူဝါဆင်ဝါးနောင် – ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား)
(၁၇) ဒူဝါဇော်ရစ် – ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား)
(၁၈) ဦးဒိန်ရတန် – ကချင်ကိုယ်စားလှယ် (မြစ်ကြီးနား)
(၁၉) ဒူဝါဇော်လွန် – ကချင်ကိုယ်စားလှယ် (ဗန်မော်)
(၂၀) ဦးလဘန်ဂရောင် – ကချင်ကိုယ်စားလှယ် (ဗန်မော်)
(၂၁) ဦးလွှာမှုန်း – ချင်းကိုယ်စားလှယ် (ဖလမ်း)
(၂၂) ဦးထောင်ဇာခုပ် – ချင်းကိုယ်စားလှယ် (တီးတိန်)
(၂၃) ဦးကီယိုမန်း – ချင်းကိုယ်စားလှယ် (ဟားခါး)
တို့ဖြစ်ကြသည်။

ပင်လုံစာချုပ်၏ ရည်ရွယ်ချက်
ပင်လုံစာချုပ်၏ ရည်ရွယ်ချက်က အဘယ်နည်း ?
ပင်လုံစာချုပ်၏ ရည်ရွယ်ချက်သည် ရှမ်း၊ ကချင်၊ ချင်း တို့သည် အင်္ဂလိပ်လက်အောက်တွင် ဆက်လက်နေသည်ထက် မြန်မာကြားဖြတ်အစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရရှိရန် ရည်ရွယ်ချက်ဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုကြောင်းကို နိဒါန်းတွင် အတိအလင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ရှမ်း၊ ကချင်၊ ချင်းတို့သည် ပြည်ထောင်စုမှ ခွဲထွက်ပြီး လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် နှစ်ဦးနှစ်ဘက် သဘောတူလက်မှတ်ရေးထိုးကြသည့်အတွက် ထာဝရ ပူးပေါင်းရန် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ ယာယီပူးပေါင်းရန် လက်မှတ်ရေးထိုးခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။

ထာဝရမဟုတ် ယာယီပြည်ထောင်စု
ထို့ကြောင့် ပင်လုံစာချုပ်ကို လေ့လာသုံးသပ်ရပါက ထာဝရပေါင်းရန် လက်မှတ်ရေးထိုးကြခြင်းမဟုတ်ဘဲ ပြည်ောထင်စုမှ လွတ်လပ်ရေးရယူပြီးအချိန်မရွေး ခွဲထွက်ရန် ရည်ရွယ်ချက်ဖြင့် ယာယီပူးပေါင်းကြခြင်းဖြစ်ကြောင်း နိဒါန်းတွင် အတိအလင်း ဖော်ပြထားသဖြင့် ပြည်ထောင်စုသည် ထာဝရ ပြည်ထောင်စု မဟုတ် လွတ်လပ်ရေးမယူမီ မခွဲထွက်မီ ယာယီပူးပေါင်းသော ယာယီပြည်ထောင်စုသာ ဖြစ်ကြောင်းတွေ့ရှိရပါသည်။

ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်
ပင်လုံစာချုပ် အချက်(၅)တွင် ဖော်ပြသော နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်ဟု လက်မှတ်ရေးထိုးသည်မှာ ပြည်ထောင်စုမှ လွတ်လပ်ရေးယူပြီး မခွဲထွက်မီ ယာယီ ပူးပေါင်းရေးကာလတွင် ကျင့်သုံးရမည့် ပူးပေါင်းရေးမူဝါဒသာ ဖြစ်ပါသည်။ အချက်(၇)လဲဘဲ ယာယီပူးပေါင်းရေးကာလတွင်း ကျင့်သုံးရမည့် အချက်အလက်ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားနေပါသည်။
တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေစာအုပ် စာမျက်နှာ ၂၉၁-၂၀၂ တို့ ကြည့်ပါက –
(က) မည်သူမဆို တန်းတူအခွင့်အရေးရှိရမည်။
(ခ) တောင်တန်းဒေသ ကိုယ်စားလှယ်အားလုံးတွင် မိမိတို့၏ ပြည်နယ်တွင်း ကိုယ်ပိုင်ပြဋ္ဌါန်းခွင့် အပြည့်အဝရှိရမည်။
(ဂ) လွတ်လပ်ရေးရရှိပြီးနောက်တွင် မြန်မာပြည်မမှ ခွဲထွက်နိုင်ခွင့်ရှိရမည်။

ဆုံးဖြတ်ချက်(၃) တောင်တန်းဒေသပြည်နယ်များအား ကြိုတင်အသိမပေးဘဲ သံတမန်ဆက်သွယ်ခြင်းနှင့် ခန့်ထားခြင်း မပြုရန် ဟူသော အချက်ကို အနာဂတ်တွင်ရေးဆွဲမည့် မြန်မာနိုင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းရမည်ဟု ဆုံးဖြတ်သည်။
(၄) ကာကွယ်ရေးအစိရှိသော တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စများတွင် တောင်တန်းဒေသကိုယ်စားလှယ်အများစု သဘောတူညီမှုမရှိဘဲ ဆုံးဖြတ်ချက်မချရ။
(၅) တောင်တန်းဒေသပြည်နယ်များနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက် မည့်ပြောင်းလဲချက်၊ ပြင်ဆင်ချက်၊ မွမ်းမံချက်များကို တောင်တန်းဒေသပြည်နယ်ကိုယ်စားလှယ်များ၏ ဆန္ဒမဲစုပုံ ၂ ပုံ မရလျှင် မပြုလုပ်ရဟူသော အချက်ကို ပြည်ထောာင်စု မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ထည့်သွင်းရမည်။
(၇) ပြည်ထောင်စုအဖွဲ့တွင် ပါဝင်မဲ စုစုပေါင်း ဗမာဝန်ကြီးအရေအတွက်သည် တောင်တန်းဒေသ ပြည်နယ်များ၏ စုစုပေါင်းဝန်ကြီးအရေအတွက်ထက်မများစေရ။ အချက်(၁)နှင့် (၆)ကိုတော့ မရေးတော့မရေးတော့ပါ။
အချက်(၇)ချက်အနက် အချက်အမှတ် ၁ နှင့် ၂ မှာ မတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ ဆုံးဖြတ်ချက်များဖြစ်၍ အချက်အမှတ် ၃ မှ ၆ အထိမှာ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်ကြသည်။

ပထမဆုံးသော ချင်းရေးရာဝန်ကြီး ဝမ်းသူမောင်၏ ချင်းအမျိုးသားနေ့ မိန့်ခွန်း
ပထမဆုံးသော ချင်းရေးရာဝန်ကြိး ဦးဝမ်သူမောင်ကလည်း မင်းတပ်မြို့၌ ကျင်းပသော ပထမအကြိမ် ချင်းအမျိုးသားနေ့၌ မိန့်ခွင့်ပြောကြာရာတွင် အချက်(၃)ချက်ထဲမှ အချက်(၁)တွင် အောက်ပါအတိုင်း ပြောကြား သွားပါသည်။
(၁) ဗမာများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရမ်းနှင့်ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျှင်မြန် စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ဟောပြောပါသည်။ ထို့ကြောင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ဗမာများနှင့် ထာဝရ ပူးပေါင်းရန်မဟုတ်ဘဲ ခွဲထွက်ချိန်တန်သည့်အချိန် ဗမာများမှ ခွဲထွက်ပြီး လွတ်လပ်ရေး ရယူရန်ဖြစ်ကြောင်းကို ပေါ်လွင်ထင်ရှားနေပါသည်။ တိုင်းရင်းသား လူမျိုးများသည် အင်္ဂလိပ်လက်အောက်တွင် တခါ ဗမာလက်အောက်တွင် တခါ တခြားလူမျိုးများလက်အောက်၌ ကျွန်ဘဝအဖြစ် ၂ ခါ ကျရောက်နေပါသည်။ အဘယ့်ကြောင့်ဆိုသော် ပင်လုံစာချုပ်ကို သစ္စာဖောက်၍ အားလုံးဖျက်ဆီးပြီး ကိုယ်ပိုင် ပြဋ္ဌါန်းခွင့်မပေးဘဲ ဗများက သူတို့ကြိုက်သလို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ အုပ်ချုပ်နေသောကြောင့် ဖြစ်ပါ သည်။
ဆလိုင်းဇလပ်နီ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button