ဆောင်းပါး

ျမန္မာ့ၿငိမ္းခ်မ္းေရးအား ေက်ာင္းသင္႐ိုးၫႊန္းတမ္းမွရႈျမင္ျခင္း

Zawgyi

နိဒါန္း

ျမန္မာႏိုင္ငံတြင္ ဒီမိုကေရစီအေရး၊ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရး ႏွင့္ ဖက္ဒရယ္အေရး စသည္ တို႔ကို ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲလာသည့္ကာလဟုဆိုရမည့္ ၂၀၁၀ ေနာက္ပိုင္း မွစတင္၍ သြင္က်ယ္စြာ ေျပာဆို သံမ်ား ၾကားလာရသည္။ သို႔ေသာ္ ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားရင္ၾကားေစ့ေရးတို႔အတြက္ အေျခခံအက်ဆုံးတစ္ခု ျဖစ္သည့္ အားလုံးအႀကဳံးဝင္ေသာ ပညာေရး ျပဳျပင္ေျပာင္းလဲမႈမ်ားကိုမူ ၿငိမ္းခ်မ္းေရးအတြက္ေတြ႕ဆုံညႇိႏႈိင္း ေဆြးေႏြးမႈမ်ားတြင္ ထည့္သြင္းထားမႈနည္းပါး (သို႔မဟုတ္) မရွိသည္ကိုေလ့လာေတြ႕ရွိရသည္။ စင္စစ္အားျဖင့္ လြတ္လပ္၍ ေတြးေခၚဖန္တီးမႈမ်ားကို အေလးေပးသည့္ ပညာေရးစနစ္ႏွင့္ ဗဟုလူမႈဝန္းက်င္အတြက္ လူမ်ိဳးတိုင္း အက်ဳံးဝင္ႏိုင္ေသာ သင္႐ိုးၫႊန္းတမ္းမ်ားအျဖစ္ သင္႐ိုးၫႊန္းတမ္းမ်ား ျပဳျပင္ေျပာင္းလဲေရးသည္ ေရရွည္ၿငိမ္းေရး ျဖစ္ေပၚလာေရးႏွင့္ အမ်ိဳးသား ရင္ၾကားေစ့ေရးတို႔အတြက္ မရွိမျဖစ္အေရးႀကီးက႑တစ္ခုျဖစ္ေၾကာင္း ဤေဆာင္းပါး၏ ျငင္းခ်က္ျဖစ္သည္။
ထို႔ေၾကာင့္ ဤေဆာင္းပါးတြင္ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ ပညာေရး၏အခန္းက႑မ်ားကို ျမန္မာ့ ပညာေရး သမိုင္း ျဖစ္သည့္ လြတ္လပ္ေရးမတိုင္မီႏွင့္ လြတ္လပ္ေရးရၿပီးအေျခေနမ်ားကိုသုံးသပ္ျခင္း၊ အစိုးရ၏ လက္ရွိ အေျခခံပညာေရး ျပဌာန္းခ်က္မ်ားအရ သင္ၾကားေနေသာ ျမန္မာစာဘာသာရပ္မ်ားႏွင့္ ျမန္မာ့သမိုင္း ဘာသာရပ္မ်ားသုံးသပ္ျခင္းတို႔ ႏွင့္ လက္ရွိပညာေရး၏ တိုင္းရင္းသားမ်ားအေပၚသက္ေရာက္မႈ သို႔မဟုတ္ တိုင္းရင္းသားတို႔၏ရႈေထာင့္မ်ားကို ေလ့လာတင္ျပေဆြးေႏြးမည္ျဖစ္သည္။

ျမန္မာ့ပညာေရး၏သမိုင္း

ျမန္မာ/ဗမာစာေပႏွင့္ ပညာဆည္းပူးမႈသည္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ဗုဒၶက်မ္းဂန္မ်ားကိုေလ့လာျခင္းမွ စတင္သည္ဟုဆိုရမည္ျဖစ္သည္။ အဦးပိုင္းကာလမ်ားတြင္ ျမန္မာ့/ဗမာ့ပညာေရး၏ ရည္႐ြယ္ခ်က္သည္ ဗုဒၶဘာ သာယဥ္ေက်းမႈကိုျမႇင့္တင္ရန္ျဖစ္ၿပီး ေလာကီေရးဆိုင္ရာေအာင္ျမင္မႈမ်ားအတြက္မဟုတ္ခဲ့ေခ်။ ထို႔ေၾကာင့္ ကိုလိုနီ ေခတ္ မတိုင္မီကာလမ်ားတြင္ ျမန္မာ့/ဗမာ့ပညာေရးကို ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းမ်ားက အခမဲ့တာဝန္ ယူ ဦးေဆာင္ခဲ့ၾကသည္ (ပညာေရးမင္းႀကီး စည္သူဦးေကာင္း ၊ ၁၉၉၅ ၊ ၂၀၁၉ ၊ စာ ၂၁)။ ထို ပညာေရးကို အေကာင္အထည္ေဖာ္ခဲ့သည့္ ဗုဒၶစာေပက်မ္းမ်ားသည္ စာေပတတ္ေျမာက္မႈတစ္ခုတည္းကို ရည္႐ြယ္ျခင္း မဟုတ္ဘဲ ယဥ္ေက်းမႈ၊ ဓေလ့၊ အႏုပညာလက္ရာမ်ား၊ ေတြးေခၚယူဆမႈမ်ား ၊ ခံစားသက္ဝင္မႈ စသည့္ နယ္ေပါင္း မ်ားစြာကိုပင္ ျဖည့္ဆည္းလႊမ္းမိုးခဲ့သည္။

ကိုလိုနီေခတ္တြင္ ဆိုခဲ့ပါျမန္မာ့စာေပႏွင့္ ပညာေရးသည္ မ်ားစြာတိုးတက္ေျပာင္း လဲလာခဲ့သည္။ ၿဗိတိသွ်အစိုးရေက်ာင္းမ်ားတြင္ ဗုဒၶဘာသာ ယဥ္ေက်းမႈမ်ားသင္ၾကားေပးျခင္းနည္းလာသည့္အတြက္ ထိုအရာသည္ ဗုဒၶဘာသာယဥ္ေက်းမႈအမွတ္လကၡဏာမ်ားအတြက္ ၿခိမ္းေခ်ာက္မႈအျဖစ္ ဗမာ့လူ႔အဖြဲ႕အစည္း တြင္ရႈျမင္ခဲ့ၾကသည္။ ထို႔ေၾကာင့္ အမ်ိဳးသားေရးလႈပ္ရွားမႈမ်ားႏွင့္အတူ အမ်ိဳးသားေက်ာင္းမ်ား အားေကာင္းလာေစရန္ႀကိဳးပမ္းလာခဲ့ၾကသည္။ ဤကဲ့သို႔ အမ်ိဳးသားပညာေရးသည္ ျမန္မာစာေပႏွင့္ ယဥ္ေက်းမႈမ်ားကို ေဖာ္ထုတ္အားေပးရန္ျဖစ္ၿပီး ဗုဒၶဘာသာအေျချပဳအသင္းမ်ားဖြဲ႕စည္းလာၾကကာ ဘာသာေရး ၊ လူမႈ ေရး၊ ပညာေရးလုပ္ငန္းမ်ားသာမကဘဲ ထိုလႈပ္ရွားမ်ားသည္ နယ္ခ်ဲ႕ဆန႔္က်င္ေရးအထိ က်ယ္ျပန႔္ လာခဲ့သည္။ ေနာက္ပိုင္းတြင္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းမ်ားတြင္ ဦးေဆာင္လႈပ္ရွားသူအမ်ားစုသည္ အမ်ိဳးသား ေက်ာင္းထြက္မ်ားပင္ျဖစ္လာခဲ့ေတာ့သည္ (စာ ၁၃-၁၄ ၊ ၁၃၀ ၊ ၁၉၁ ၊ ၄၀၈ ၊ ၄၁၇ ၊ ၄၁၉)။

ထိုအခ်က္မ်ားသည္ ဗုဒၶဘာသာယဥ္ေက်းမႈဓေလ့မ်ား၏ ဗမာ့လူ႔အဖြဲ႕အစည္းတြင္ အခန္းက႑ ႀကီးမား လာမႈႏွင့္ ႏိုင္ငံေရးလႈပ္ရွားမႈမ်ား သို႔မဟုတ္ နယ္ခ်ဲ႕ဆန႔္က်င္မႈမ်ားတြင္ ဘာသာေရး၏အေရးပါမႈမ်ားကို ထင္ဟပ္ ေစ၍ ျမန္မာစာေပႏွင့္ ျမန္မာ့ပညာေရးတို႔တြင္ ဗုဒၶဘာသာယဥ္ေက်းမႈ၏ ဆက္ႏြယ္ပတ္သက္မႈမ်ားကို ထင္ရွားစြာ ေတြ႕ရွိရပါသည္။

ေခတ္သစ္ျပည္ေထာင္စုျမန္မာႏိုင္ငံႏွင့္ ျမန္မာ့ပညာေရး

ျမန္မာ့ႏိုင္ငံေရးတြင္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား သို႔မဟုတ္ အာဏာပိုင္အစိုးရတို႔၏ ႏိုင္ငံေရးအေတြး အေခၚ စံတန္ဖိုးမ်ားအေကာင္အထည္ေဖာ္ရာတြင္လည္းေကာင္း ၊ အာဏာရရွိသည့္အုပ္စုတို႔အတြက္ တရားဝင္ေစ ရန္အတြက္လုပ္ေဆာင္ရာတြင္လည္းေကာင္း၊ အကာကြယ္ယူေစရန္အတြက္ေသာ္လည္းေကာင္း၊ အာဏာ တည္ၿမဲ ေစရန္တည္ေဆာက္ရာတြင္လည္းေကာင္း စသည့္ျဖင့္ ျမန္မာ့ပညာေရးသည္ ပုံစံမ်ိဳးစုံျဖင့္အသုံးခ်ခံ ရေၾကာင္း ေလ့လာေတြ႕ရွိရပါသည္။

လြတ္လပ္ေရးေနာက္ပိုင္း၌မူ ယခင္နယ္ခ်ဲ႕ေတာ္လွန္ေရးမ်ားဦးေဆာင္ခဲ့ၾကသည့္ ပုဂၢိဳလ္မ်ား၏ လက္ထဲသို႔ အာဏာေရာက္လာခ်ိန္တြင္ ယခင္ဗမာ/ျမန္မာမင္းဧကရာဇ္ပုံစံႏွင့္ နယ္ခ်ဲ႕ေတာ္လွန္ေရးကာလ မ်ားတြင္ တည္ရွိခဲ့သည့္ ႏိုင္ငံေရးအေတြးအေခၚမ်ားကို ေခတ္သစ္ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ စတင္အေကာင္ အထည္ေဖာ္ခဲ့ၾကေတာ့သည္။ ထိုအခ်က္သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ပင္ရင္းျပႆျဖစ္သည္။ ထို႔ေၾကာင့္ ျပည္ေထာင္စု၏အမည္နာမသည္ လူမ်ိဳးတစ္ခု၏အမည္ကိုအသုံးျပဳျခင္း ၊ ဗုဒၶဘာသာသည္ ႏိုင္ငံေတာ္ဘာသာ ျဖစ္လာရျခင္း ႏွင့္ ဗမာစာေပသည္ တစ္ခုတည္းေသာ႐ုံးသုံးဘာသာစ ကားျဖစ္လာျခင္း စသည္ျဖင့္ ဗမာ အမ်ိဳးသားတည္ေဆာက္ေရးကိုသာ အေကာင္ထည္ေဖာ္ခဲ့ၾကသည္။ (Lian.S Khong, 2014, Holliday 2011, p.4-5,50)။ ပညာေရးက႑မ်ားတြင္လည္း ဗမာအမ်ိဳးသားေရးစံႏႈန္းကိုအေကာင္ အထည္ေဖာ္ရန္အတြက္ ယခင္ ဗမာ/အဂၤလိပ္ဘာသာစကား ႏွစ္ခုျဖင့္ သင္ၾကားခဲ့ရာက ဗမာစာေပတစ္ခု တည္းျဖင့္သာသင္ၾကားေစခဲ့ကာ၊ ျပဌာန္းသင္႐ိုးၫႊန္းတမ္းမ်ားသည္လည္း ဗမာဗဟိုျပဳသင္ခန္းစာမ်ားကို အဓိကထားထည့္သြင္းထားေၾကာင္း ေလ့လာေတြ႕ရွိရပါသည္။

ထို႔အျပင္ ေခတ္အဆက္ဆက္ပညာေရးသည္ ႏိုင္ငံေရးအာဏာပိုင္မ်ား၏ လက္ေအာက္ခံျဖစ္ခဲ့သည့္ အတြက္ ျပဌာန္း သင္ခန္းစာမ်ားတြင္ ၎တို႔၏လုပ္ ေဆာင္မႈမ်ားေဖာ္ျပထားသည္မ်ားကို စဥ္းစားေတြးေခၚမႈ နည္းပါးသည့္ အလြတ္က်က္မွတ္ရသည့္ စနစ္မ်ိဳး ျဖင့္ အေကာင္အထည္ေဖာ္ခဲ့ၾကသည္။ စင္စစ္အားျဖင့္ ထိုအရာမွာသည္ အာဏာရွင္သက္ဆိုးရွည္ေစရန္ အေထာက္အကူျပဳမည့္ ပညာေရးစနစ္ဟုပင္ ေထာက္ျပမႈမ်ား ရွိသည္။ ယိုယြင္းလာသည့္ ပညာေရးအေျခအေနႏွင့္ အာဏာရွင္အုပ္ခ်ဳပ္ေရးစနစ္ကို ဆန႔္က်င္သည့္ ေက်ာင္းသား လႈပ္ရွားမႈမ်ားေၾကာင့္ အာဏာပိုင္အစိုးရတို႔မွ တကၠသိုလ္ရပ္ဝန္းမ်ားကို ခြဲထုတ္ေျပာင္းလဲခဲ့သည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအစိုးရ၏ အေျခခံေက်ာင္းမ်ားတြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ ျပဌာန္းထားေသာ သင္႐ိုးၫႊန္း တမ္းမ်ားအထဲမွ ျမန္မာစာ ႏွင့္ ျမန္မာ့သမိုင္းဘာသာရပ္မ်ားေလ့လာသုံးသပ္ခ်က္ကို ဆက္လက္ေဖာ္ျပမည္။

ေက်ာင္းသင္႐ိုးၫႊန္းတမ္းမ်ားကိုေလ့လာျခင္း

ျမန္မာစာဘာသာရပ္မ်ားတြင္ ျမန္မာဖတ္စာ၊ ျမန္မာကဗ်ာ၊ျမန္မာစကားေျပ၊ ျမန္မာသဒၵါ၊ ဇာတကဝတၳဳ၊ ေရသည္ျပဇတ္ႏွင့္ မေဟာ္သဓာဇတ္ စသည့္ျဖင့္မ်ားစြာပါဝင္သည္ (ျမန္မာစာဘာသာရပ္မ်ား၂၀၁၉-၂၀၂၀ ပညာ သင္ႏွစ္၊ သင္႐ိုးၫႊန္းတမ္းမ်ား) ။ ျမန္မာသဒၵါမွလြဲ၍ က်န္ျမန္မာ ဖတ္စာပါသင္ခန္းစာဖြဲ႕စည္းမႈမ်ားကို အပိုင္းႏွစ္ခု ျဖစ္ၾကေသာ(စာေပႏွင့္ဗဟုတုသ)နဲ႔ (ယဥ္ေက်းမႈႏွင့္ဘာသာေရး)ဟု အုပ္စုခြဲ၍ေဖာ္ျပထားသည္။ ႁခြင္းခ်က္အားျဖင့္ ဒသမတန္းတြင္ မ်ိဳးခ်စ္စိတ္ဓာတ္လႈံ႕ေဆာ္မႈ အပါအဝင္အုပ္စုသုံးခုျဖင့္ ေဖာ္ျပထားသည္။ ျမန္မာစာဘာရပ္မ်ား၏ သင္ခန္းစာဖြဲ႕စည္းထားမႈမ်ားကို ကိန္းဂဏာန္းမ်ားျဖင့္ ေလ့လာၾကည့္ရာတြင္ သုေတသနေတြ႕ရွိခ်က္မ်ားအရ စာေပႏွင့္ဗဟုတုသနဲ႔ ပိုမိုနီးကပ္သည့္ သင္ခန္းစာမ်ား သည္ ၄၅% ပါရွိေၾကာင္း ၊ ယဥ္ေက်းမႈ၊ ဘာသာေရးနဲ႔နီး ကပ္သည့္သင္ခန္းစာမ်ားသည္ ၅၀% ႏွင့္ မ်ိဳးခ်စ္စိတ္ဓာတ္လႈံ႕ေဆာ္သည့္ စာေပ (ဒသမတန္း) ၅% ပါဝင္ေၾကာင္း ေတြ႕ရွိရသည္။

ျမန္မာ့သမိုင္းဘာသာရပ္မ်ားကိုေလ့လာရာတြင္ သင္ခန္းစာမ်ားကို ျပည္ေထာင္စုသမိုင္း၊ ဗမာလူမ်ိဳး သမိုင္း၊ တိုင္းရင္းသားသမိုင္းႏွင့္ အေထြေထြသမိုင္းဟူ၍ ၄မ်ိဳးခြဲျခားထားသည္။ ေလ့လာေတြ႕ရွိခ်က္အရ ျမန္မာ့ သမိုင္းတြင္ ဗမာ/ျမန္မာလူမ်ိဳးသမိုင္းဟုဆိုရမည့္ ပထမ၊ ဒုတိယ ႏွင့္ တတိယျမန္မာႏိုင္ငံသမိုင္းမ်ားဟု ေဖာ္ျပ ထားသည့္ ျမန္မာ/ဗမာ မင္းဧကရဇ္သမိုင္းမ်ားကိုသာ အဓိကထားေဖာ္ျပထားသည္ကိုေတြ႕ရသည္ (ျမန္မာ့သမိုင္း ဘသာရပ္မ်ား ၊ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ သင္႐ိုးၫႊန္းတမ္းမ်ား) ကိန္းဂဏာန္းမ်ားအားျဖင့္ ဆိုရေသာ္ ျမန္မာ့ သမိုင္းဘာသာရပ္မ်ားတြင္ ျမန္မာ/ဗမာလူမ်ိဳးသမိုင္းကို ရာခိုင္ႏႈန္းအားျဖင့္ ၅၀ မွ ၉၀ အထိထည့္ သြင္းထား သည္ကို ေတြ႕ရွိရသည္။

ထိုအခ်က္မ်ားကိုေလ့လာျခင္းျဖင့္ ျမန္မာစာဘာသာရပ္မ်ား သင္ၾကားျခင္းသည္ စာသင္သူစာသင္သား မ်ား၏ စိတ္ပိုင္းဆိုင္ရာ သို႔မဟုတ္ နာမ္ပိုင္းဆိုင္ရာသြက္သြင္းျခင္းအျဖစ္လည္းေကာင္း၊ ျမန္မာ့သမိုင္းဘာသာရပ္ မ်ားသင္ၾကားျခင္းသည္ ႏိုင္ငံ၏႐ုပ္ပိုင္းသဏၭာန္ျဖစ္တည္လာမႈကို အတည္ျပဳေဖာ္ၫြန္းလိုျခင္း အျဖစ္ဟူ၍လည္း ေလ့လာေတြ႕ရွိရပါသည္။ ထိုရည္႐ြယ္ ခ်က္ႏွစ္ခုသည္ အစိုးရအဆက္ဆက္ေခါင္းေဆာင္မ်ား အေကာင္အထည္ ေဖာ္လိုသည့္ အမ်ိဳးသားႏိုင္ငံေတာ္တည္ေဆာက္ေရးႏွင့္ တျပည္ေထာင္စနစ္ က်င့္သုံးေရးတို႔အတြက္တိုက္႐ိုက္ ခ်ိတ္ဆက္ေနသည့္အတြက္ ေက်ာင္းပညာေရးသင္႐ိုးၫြန္းတမ္းကို လူမ်ိဳး တစ္မ်ိဳး သို႔မဟုတ္ လူစုတစ္ခုတို႔၏ ႏိုင္ငံေရးအက်ိဳးအျမတ္အတြက္ အသုံးခ်မႈမ်ားေပၚလြင္သည္ဟု ဆိုႏိုင္ေပသည္။

ေက်ာင္းသင္႐ိုးၫႊန္းတမ္းမ်ား၏သက္ေရာက္မႈ

ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျပႆနာ၊ ၿငိမ္းခ်မ္းေရးျပႆနာ၊ လူမ်ိဳးမ်ားအၾကား၊ ဘာသာေရး မ်ားအၾကား ကိန္းေအာင္းေနဆဲျဖစ္သည့္ ပဋိပကၡမ်ားႏွင့္မယုံၾကည္မႈမ်ားသည္ သင္႐ိုးၫႊန္းတမ္းမ်ား၏ တိုက္႐ိုက္ ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း သက္ေရာက္ဆက္ႏြယ္မႈမ်ားရွိသည္ဟုဆိုႏိုင္ေပသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ လူမ်ိဳးတစ္မ်ိဳးတည္းကိုသာ ဗဟိုျပဳသည့္သင္႐ိုးၫႊန္းတမ္းမ်ားေၾကာင့္ လူမ်ိဳးမ်ားႏွင့္ ဘာသာသာသနာမ်ားအၾကား အျပန္အလွန္နာလည္လက္ခံမူနည္းျခင္း၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး မျဖစ္လာျခင္းႏွင့္ အထူးသျဖင့္ မိမိလူမ်ိဳး၊ မိမိဘာသာသည္သာ အေကာင္း ဆုံးျဖစ္သည္ဟူသည့္စိတ္ထားမ်ား ျဖစ္ေပၚလာျခင္း စသည္တို႔ေၾကာင့္ မ်ိဳးခ်စ္စိတ္ဓာတ္မ်ား ၊ ဘာသာ၊ သာသနာခ်စ္စိတ္မ်ားအၾကား ႐ိုက္ခတ္မႈမ်ား သည္ ပဋိပကၡအသြင္မ်ိဳးစုံျဖင့္ ျမန္မာႏိုင္ငံလူမႈဝန္းက်င္အ တြင္းထင္ရွားသည့္ သက္ေရာက္မႈမ်ားပင္ျဖစ္သည္။
ထိုသက္ေရာက္မႈမ်ားသည္ အထူးသျဖင့္ လူနည္းစုတိုင္းရင္းသားမ်ားအၾကားတြင္ ပိုမိုေတြ႕ရသည္။ တိုင္းရင္း သားမ်ားသည္ မိမိတို႔၏မိခင္ဘာသာစကားမဟုတ္သည့္ ဗမာ/ျမန္မာ စကားျဖင့္ ေက်ာင္းပညာေရးကို သင္ၾကားျခင္းခံၾကရသည္။ ထိုအခ်က္သည္ ဘာသာစကားအခက္အခဲအျပင္ ၊ ပညာရပ္ဘာသာရပ္မ်ားကို နားလည္ရန္အခက္အခဲျဖစ္ေစသည္။ သင္ခန္းစာပါ အေၾကာင္းအရာမ်ားသည္လည္း တိုင္းရင္းသားမ်ား၏ ေရခံေျမခံဝန္းက်င္မ်ားႏွင့္ အံဝင္ခြံက်မျဖစ္သည့္အတြက္ စာသင္သူစာသင္သားမ်ား၏စိတ္ထဲတြင္ မိမိတို႔၏ တိုင္းရင္းသားျဖစ္တည္ျခင္းသည္ အရွက္ရေစသည့္၊ တန္ဖိုးမရွိသည့္၊ တရားမဝင္သည့္ အရာမ်ားျဖစ္သည္ ဟုအလိုလိုသိမ္ငယ္စိတ္မ်ားႀကီးစိုးေစသည္။ ထိုအရာမ်ားေၾကာင့္ အခ်ိဳ႕ေသာေဒသမ်ားတြင္ မိခင္ဘာသာ စကားထက္ ဗမာစကားေျပာဆိုမႈပိုမိုမ်ားျပားလာျခင္းမ်ားရွိလာသည္ကို တိုင္းရင္းသားႏိုင္ငံေရးသမားမ်ားမွ သူတို႔၏အမ်ိဳးသားေရးစိုးရိမ္ရသည့္အေနအထား စသည့္ျဖင့္ေဖာ္ျပေနၾကသည္မ်ားကိုလည္းေတြ႕ရသည္။ ေက်ာင္းသင္ခန္းစာမ်ားသည္ ဗမာဓေလ့ယဥ္ေက်းမႈမ်ားကို ဗမာစကားျဖင့္ သင္ၾကားေနရသည့္ျဖစ္စဥ္ကို တိုင္းရင္းသားတို႔အတြက္အံဝင္ခြံက်မျဖစ္မႈကို သုေတသီ (စလင္းကိုလႈိင္ ၂၀၁၉)မွ “ဗမာလူမ်ိဳးမဟုတ္ ေသာ ေက်ာင္းသူ/သားမ်ားအဖို႔မူ ကြၽန္ေတာ္၊ ကြၽန္မသည္ အိမ္တြင္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ရခိုင္ႏွင့္ ရွမ္း စသည့္လူမ်ိဳးမ်ားျဖစ္၍ ေက်ာင္းတြင္ ဗမာလူမ်ိဳးေယာင္ေယာင္ျဖစ္သြားျခင္းေၾကာင့္ပင္ ျဖစ္သည္” ဟု ခိုင္းႏႈိင္း ေဖာ္ျပထားသည္။

ပညာေရး၏သက္ေရာက္မႈသည္လည္း တိုင္းရင္းသာမ်ားႏွင့္ ႏိုင္ငံေတာ္၏ ဆက္ႏြယ္မႈမ်ား၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးဟူသည္ကိုလက္ေတြ႕တြင္ ထိခိုက္မႈမ်ားစြာျဖစ္ေစသည္။ ေက်ာင္းပညာေရးတြင္ ဗမာ လူမ်ိဳး တို႔၏ယဥ္ေက်းမႈ ၊ စာေပ ၊ သမိုင္းမ်ားကိုမ်ားစြာအလြတ္က်က္မွတ္သင္ၾကားေနၾကရသည့္အတြက္ တိုင္းရင္းသား မ်ားသည္ ဗမာလူမ်ိဳးတို႔၏အၾကာင္းကို ဓေလ့၊ သမိုင္း မ်ားကိုနားလည္ၾကရသည္။ သို႔ေသာ္ လူဦးေရအမ်ားဆုံး ျဖစ္ေနသည့္ ဗမာစာသင္သူသားမ်ားသည္ တိုင္းရင္းသားမ်ား၏ ယဥ္ေက်းမႈ၊ စာေပ၊ သမိုင္း၊ ျဖစ္တည္မႈမ်ားကို နားမလည္ႏိုင္ေတာ့ေခ်။ ထိုအခ်က္သည္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး တည္ေဆာက္ရန္လိုအပ္သည့္ လူမ်ိဳး ဘာသာမ်ားအၾကားအသိအမွတ္ျပဳမႈႏွင့္ နားလည္လက္ခံမႈမ်ားကို ျဖစ္လာေစမည့္အခ်က္တစ္ခုျဖစ္သည္။ စင္စစ္မွာမူ တိုင္းရင္းသားမ်ား၏ ဓေလ့၊ ယဥ္ေက်းမႈ၊ သမိုင္း၊ ျဖစ္တည္မႈ မ်ားသည္ ႏိုင္ငံေတာ္မွအကာအကြယ္ မေပးသည္သာမက ဖ်က္ဆီးေနသည္ ဟူသည့္ျဖစ္ရပ္မ်ားေၾကာင့္ ဤႏိုင္ငံသည္ ငါတို႔နဲ႔လည္းဆိုင္သည္ဟူေသာ စိတ္ခံစားခ်က္မ်ား ေလ်ာ့နည္းလာသည့္အျပင္ တိုင္းရင္းသား တို႔ႏွင့္ ဗမာလူမ်ိဳးတို႔အၾကား အျမင္မတူညီမႈအဟ မ်ားကို ပိုမိုႀကီးမားေစသည္။ ျဖစ္တည္မႈကိုၿခိမ္းေျခာက္ခံ ရသည့္အေနအထားတြင္ တိုင္းရင္းသားမ်ားသည္လည္း လူမ်ိဳးအေျချပဳႏိုင္ငံေရး ၊ ဘာသာေရး လႈပ္ရွားမႈမ်ား ပိုမိုႏိုးၾကားလာၾကၿပီး ထိုလႈရွားမႈမ်ားသည္ ပိုမိုႀကီးထြားလာ ပါက ပဋိပကၡအကဲဆတ္မႈ ပိုမိုျဖစ္ေပၚလာႏိုင္ေပသည္။

နိဂုံး

ထို႔ေၾကာင့္ အနာဂတ္ျပည္ေထာင္စုျမန္မာႏိုင္ငံ ျပန္လည္တည္ေဆာက္ရာတြင္ ေက်ာင္းသင္႐ိုးၫႊန္း တမ္း၏ အခန္းက႑သည္ မ်ားစြာအေရးႀကီးသည္ကိုေတြ႕ရွိရသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ ေရရွည္ၿငိမ္းခ်မ္း ေရးရရွိႏိုင္ေစရန္အတြက္ေသာ္လည္းေကာင္း၊ အမ်ိဳးသားမ်ားရင့္ ၾကာ့ေစ့ႏိုင္ရန္အတြက္ေသာ္ လည္းေကာင္း၊ လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡမ်ားေျဖရွင္းႏိုင္ေစရန္အတြက္ေသာ္လည္းေကာင္း ေက်ာင္းပညာေရးျပဳျပင္ ေျပာင္းလဲျခင္းႏွင့္ သင္႐ိုးၫႊန္းတမ္းမ်ားကို အားလုံးအႀကဳံး ဝင္သည့္စနစ္ျဖင့္ အေကာင္ထည္ရန္လိုအပ္ေၾကာင္း ေတြ႕ရွိရသည္။

ဆလိုင္း မ်ိဳးခ်စ္
(သုေတသီ၊ CEI)

(ဤေဆာင္းပါးသည္ ခ်င္းပညာေရးေရွ႕ေဆာင္ (CEI) ၏ “ျမန္မာ့ၿငိမ္းခ်မ္းေရးအား ေက်ာင္းသင္႐ိုးၫႊန္းတမ္းမွ ရႈျမင္ျခင္း” သုေတသနစာတမ္းကို အက်ဥ္းခ်ဳပ္ ျပန္လည္ေဖာ္ျပျခင္း ျဖစ္သည္)

 

Unicode

နိဒါန်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး နှင့် ဖက်ဒရယ်အရေး စသည် တို့ကို နိုင်ငံရေးပြုပြင်ပြောင်းလဲလာသည့်ကာလဟုဆိုရမည့် ၂၀၁၀ နောက်ပိုင်း မှစတင်၍ သွင်ကျယ်စွာ ပြောဆို သံများ ကြားလာရသည်။ သို့သော် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့အတွက် အခြေခံအကျဆုံးတစ်ခု ဖြစ်သည့် အားလုံးအကြုံးဝင်သော ပညာရေး ပြုပြင်ပြောင်းလဲမှုများကိုမူ ငြိမ်းချမ်းရေးအတွက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများတွင် ထည့်သွင်းထားမှုနည်းပါး (သို့မဟုတ်) မရှိသည်ကိုလေ့လာတွေ့ရှိရသည်။ စင်စစ်အားဖြင့် လွတ်လပ်၍ တွေးခေါ်ဖန်တီးမှုများကို အလေးပေးသည့် ပညာရေးစနစ်နှင့် ဗဟုလူမှုဝန်းကျင်အတွက် လူမျိုးတိုင်း အကျုံးဝင်နိုင်သော သင်ရိုးညွှန်းတမ်းများအဖြစ် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးသည် ရေရှည်ငြိမ်းရေး ဖြစ်ပေါ်လာရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် မရှိမဖြစ်အရေးကြီးကဏ္ဍတစ်ခုဖြစ်ကြောင်း ဤဆောင်းပါး၏ ငြင်းချက်ဖြစ်သည်။
ထို့ကြောင့် ဤဆောင်းပါးတွင် မြန်မာ့ငြိမ်းချမ်းရေးအတွက် ပညာရေး၏အခန်းကဏ္ဍများကို မြန်မာ့ ပညာရေး သမိုင်း ဖြစ်သည့် လွတ်လပ်ရေးမတိုင်မီနှင့် လွတ်လပ်ရေးရပြီးအခြေနေများကိုသုံးသပ်ခြင်း၊ အစိုးရ၏ လက်ရှိ အခြေခံပညာရေး ပြဌာန်းချက်များအရ သင်ကြားနေသော မြန်မာစာဘာသာရပ်များနှင့် မြန်မာ့သမိုင်း ဘာသာရပ်များသုံးသပ်ခြင်းတို့ နှင့် လက်ရှိပညာရေး၏ တိုင်းရင်းသားများအပေါ်သက်ရောက်မှု သို့မဟုတ် တိုင်းရင်းသားတို့၏ရှုထောင့်များကို လေ့လာတင်ပြဆွေးနွေးမည်ဖြစ်သည်။

မြန်မာ့ပညာရေး၏သမိုင်း

မြန်မာ/ဗမာစာပေနှင့် ပညာဆည်းပူးမှုသည် ဘုန်းကြီးကျောင်းများတွင် ဗုဒ္ဓကျမ်းဂန်များကိုလေ့လာခြင်းမှ စတင်သည်ဟုဆိုရမည်ဖြစ်သည်။ အဦးပိုင်းကာလများတွင် မြန်မာ့/ဗမာ့ပညာရေး၏ ရည်ရွယ်ချက်သည် ဗုဒ္ဓဘာ သာယဉ်ကျေးမှုကိုမြှင့်တင်ရန်ဖြစ်ပြီး လောကီရေးဆိုင်ရာအောင်မြင်မှုများအတွက်မဟုတ်ခဲ့ချေ။ ထို့ကြောင့် ကိုလိုနီ ခေတ် မတိုင်မီကာလများတွင် မြန်မာ့/ဗမာ့ပညာရေးကို ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများက အခမဲ့တာဝန် ယူ ဦးဆောင်ခဲ့ကြသည် (ပညာရေးမင်းကြီး စည်သူဦးကောင်း ၊ ၁၉၉၅ ၊ ၂၀၁၉ ၊ စာ ၂၁)။ ထို ပညာရေးကို အကောင်အထည်ဖော်ခဲ့သည့် ဗုဒ္ဓစာပေကျမ်းများသည် စာပေတတ်မြောက်မှုတစ်ခုတည်းကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ယဉ်ကျေးမှု၊ ဓလေ့၊ အနုပညာလက်ရာများ၊ တွေးခေါ်ယူဆမှုများ ၊ ခံစားသက်ဝင်မှု စသည့် နယ်ပေါင်း များစွာကိုပင် ဖြည့်ဆည်းလွှမ်းမိုးခဲ့သည်။

ကိုလိုနီခေတ်တွင် ဆိုခဲ့ပါမြန်မာ့စာပေနှင့် ပညာရေးသည် များစွာတိုးတက်ပြောင်း လဲလာခဲ့သည်။ ဗြိတိသျှအစိုးရကျောင်းများတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများသင်ကြားပေးခြင်းနည်းလာသည့်အတွက် ထိုအရာသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမှတ်လက္ခဏာများအတွက် ခြိမ်းချောက်မှုအဖြစ် ဗမာ့လူ့အဖွဲ့အစည်း တွင်ရှုမြင်ခဲ့ကြသည်။ ထို့ကြောင့် အမျိုးသားရေးလှုပ်ရှားမှုများနှင့်အတူ အမျိုးသားကျောင်းများ အားကောင်းလာစေရန်ကြိုးပမ်းလာခဲ့ကြသည်။ ဤကဲ့သို့ အမျိုးသားပညာရေးသည် မြန်မာစာပေနှင့် ယဉ်ကျေးမှုများကို ဖော်ထုတ်အားပေးရန်ဖြစ်ပြီး ဗုဒ္ဓဘာသာအခြေပြုအသင်းများဖွဲ့စည်းလာကြကာ ဘာသာရေး ၊ လူမှု ရေး၊ ပညာရေးလုပ်ငန်းများသာမကဘဲ ထိုလှုပ်ရှားများသည် နယ်ချဲ့ဆန့်ကျင်ရေးအထိ ကျယ်ပြန့် လာခဲ့သည်။ နောက်ပိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများတွင် ဦးဆောင်လှုပ်ရှားသူအများစုသည် အမျိုးသား ကျောင်းထွက်များပင်ဖြစ်လာခဲ့တော့သည် (စာ ၁၃-၁၄ ၊ ၁၃၀ ၊ ၁၉၁ ၊ ၄၀၈ ၊ ၄၁၇ ၊ ၄၁၉)။

ထိုအချက်များသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့များ၏ ဗမာ့လူ့အဖွဲ့အစည်းတွင် အခန်းကဏ္ဍ ကြီးမား လာမှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများ သို့မဟုတ် နယ်ချဲ့ဆန့်ကျင်မှုများတွင် ဘာသာရေး၏အရေးပါမှုများကို ထင်ဟပ် စေ၍ မြန်မာစာပေနှင့် မြန်မာ့ပညာရေးတို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ ဆက်နွယ်ပတ်သက်မှုများကို ထင်ရှားစွာ တွေ့ရှိရပါသည်။

ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မြန်မာ့ပညာရေး

မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးခေါင်းဆောင်များ သို့မဟုတ် အာဏာပိုင်အစိုးရတို့၏ နိုင်ငံရေးအတွေး အခေါ် စံတန်ဖိုးများအကောင်အထည်ဖော်ရာတွင်လည်းကောင်း ၊ အာဏာရရှိသည့်အုပ်စုတို့အတွက် တရားဝင်စေ ရန်အတွက်လုပ်ဆောင်ရာတွင်လည်းကောင်း၊ အကာကွယ်ယူစေရန်အတွက်သော်လည်းကောင်း၊ အာဏာ တည်မြဲ စေရန်တည်ဆောက်ရာတွင်လည်းကောင်း စသည့်ဖြင့် မြန်မာ့ပညာရေးသည် ပုံစံမျိုးစုံဖြင့်အသုံးချခံ ရကြောင်း လေ့လာတွေ့ရှိရပါသည်။

လွတ်လပ်ရေးနောက်ပိုင်း၌မူ ယခင်နယ်ချဲ့တော်လှန်ရေးများဦးဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ လက်ထဲသို့ အာဏာရောက်လာချိန်တွင် ယခင်ဗမာ/မြန်မာမင်းဧကရာဇ်ပုံစံနှင့် နယ်ချဲ့တော်လှန်ရေးကာလ များတွင် တည်ရှိခဲ့သည့် နိုင်ငံရေးအတွေးအခေါ်များကို ခေတ်သစ်ပြည်ထောင်စုမြန်မာနိုင်ငံတွင် စတင်အကောင် အထည်ဖော်ခဲ့ကြတော့သည်။ ထိုအချက်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပင်ရင်းပြဿဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု၏အမည်နာမသည် လူမျိုးတစ်ခု၏အမည်ကိုအသုံးပြုခြင်း ၊ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်လာရခြင်း နှင့် ဗမာစာပေသည် တစ်ခုတည်းသောရုံးသုံးဘာသာစ ကားဖြစ်လာခြင်း စသည်ဖြင့် ဗမာ အမျိုးသားတည်ဆောက်ရေးကိုသာ အကောင်ထည်ဖော်ခဲ့ကြသည်။ (Lian.S Khong, 2014, Holliday 2011, p.4-5,50)။ ပညာရေးကဏ္ဍများတွင်လည်း ဗမာအမျိုးသားရေးစံနှုန်းကိုအကောင် အထည်ဖော်ရန်အတွက် ယခင် ဗမာ/အင်္ဂလိပ်ဘာသာစကား နှစ်ခုဖြင့် သင်ကြားခဲ့ရာက ဗမာစာပေတစ်ခု တည်းဖြင့်သာသင်ကြားစေခဲ့ကာ၊ ပြဌာန်းသင်ရိုးညွှန်းတမ်းများသည်လည်း ဗမာဗဟိုပြုသင်ခန်းစာများကို အဓိကထားထည့်သွင်းထားကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့အပြင် ခေတ်အဆက်ဆက်ပညာရေးသည် နိုင်ငံရေးအာဏာပိုင်များ၏ လက်အောက်ခံဖြစ်ခဲ့သည့် အတွက် ပြဌာန်း သင်ခန်းစာများတွင် ၎င်းတို့၏လုပ် ဆောင်မှုများဖော်ပြထားသည်များကို စဉ်းစားတွေးခေါ်မှု နည်းပါးသည့် အလွတ်ကျက်မှတ်ရသည့် စနစ်မျိုး ဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ စင်စစ်အားဖြင့် ထိုအရာမှာသည် အာဏာရှင်သက်ဆိုးရှည်စေရန် အထောက်အကူပြုမည့် ပညာရေးစနစ်ဟုပင် ထောက်ပြမှုများ ရှိသည်။ ယိုယွင်းလာသည့် ပညာရေးအခြေအနေနှင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်သည့် ကျောင်းသား လှုပ်ရှားမှုများကြောင့် အာဏာပိုင်အစိုးရတို့မှ တက္ကသိုလ်ရပ်ဝန်းများကို ခွဲထုတ်ပြောင်းလဲခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရ၏ အခြေခံကျောင်းများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပြဌာန်းထားသော သင်ရိုးညွှန်း တမ်းများအထဲမှ မြန်မာစာ နှင့် မြန်မာ့သမိုင်းဘာသာရပ်များလေ့လာသုံးသပ်ချက်ကို ဆက်လက်ဖော်ပြမည်။

ကျောင်းသင်ရိုးညွှန်းတမ်းများကိုလေ့လာခြင်း

မြန်မာစာဘာသာရပ်များတွင် မြန်မာဖတ်စာ၊ မြန်မာကဗျာ၊မြန်မာစကားပြေ၊ မြန်မာသဒ္ဒါ၊ ဇာတကဝတ္ထု၊ ရေသည်ပြဇတ်နှင့် မဟော်သဓာဇတ် စသည့်ဖြင့်များစွာပါဝင်သည် (မြန်မာစာဘာသာရပ်များ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်၊ သင်ရိုးညွှန်းတမ်းများ) ။ မြန်မာသဒ္ဒါမှလွဲ၍ ကျန်မြန်မာ ဖတ်စာပါသင်ခန်းစာဖွဲ့စည်းမှုများကို အပိုင်းနှစ်ခု ဖြစ်ကြသော(စာပေနှင့်ဗဟုတုသ)နဲ့ (ယဉ်ကျေးမှုနှင့်ဘာသာရေး)ဟု အုပ်စုခွဲ၍ဖော်ပြထားသည်။ ခြွင်းချက်အားဖြင့် ဒသမတန်းတွင် မျိုးချစ်စိတ်ဓာတ်လှုံ့ဆော်မှု အပါအဝင်အုပ်စုသုံးခုဖြင့် ဖော်ပြထားသည်။ မြန်မာစာဘာရပ်များ၏ သင်ခန်းစာဖွဲ့စည်းထားမှုများကို ကိန်းဂဏာန်းများဖြင့် လေ့လာကြည့်ရာတွင် သုတေသနတွေ့ရှိချက်များအရ စာပေနှင့်ဗဟုတုသနဲ့ ပိုမိုနီးကပ်သည့် သင်ခန်းစာများ သည် ၄၅% ပါရှိကြောင်း ၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့နီး ကပ်သည့်သင်ခန်းစာများသည် ၅၀% နှင့် မျိုးချစ်စိတ်ဓာတ်လှုံ့ဆော်သည့် စာပေ (ဒသမတန်း) ၅% ပါဝင်ကြောင်း တွေ့ရှိရသည်။

မြန်မာ့သမိုင်းဘာသာရပ်များကိုလေ့လာရာတွင် သင်ခန်းစာများကို ပြည်ထောင်စုသမိုင်း၊ ဗမာလူမျိုး သမိုင်း၊ တိုင်းရင်းသားသမိုင်းနှင့် အထွေထွေသမိုင်းဟူ၍ ၄မျိုးခွဲခြားထားသည်။ လေ့လာတွေ့ရှိချက်အရ မြန်မာ့ သမိုင်းတွင် ဗမာ/မြန်မာလူမျိုးသမိုင်းဟုဆိုရမည့် ပထမ၊ ဒုတိယ နှင့် တတိယမြန်မာနိုင်ငံသမိုင်းများဟု ဖော်ပြ ထားသည့် မြန်မာ/ဗမာ မင်းဧကရဇ်သမိုင်းများကိုသာ အဓိကထားဖော်ပြထားသည်ကိုတွေ့ရသည် (မြန်မာ့သမိုင်း ဘသာရပ်များ ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်ရိုးညွှန်းတမ်းများ) ကိန်းဂဏာန်းများအားဖြင့် ဆိုရသော် မြန်မာ့ သမိုင်းဘာသာရပ်များတွင် မြန်မာ/ဗမာလူမျိုးသမိုင်းကို ရာခိုင်နှုန်းအားဖြင့် ၅၀ မှ ၉၀ အထိထည့် သွင်းထား သည်ကို တွေ့ရှိရသည်။

ထိုအချက်များကိုလေ့လာခြင်းဖြင့် မြန်မာစာဘာသာရပ်များ သင်ကြားခြင်းသည် စာသင်သူစာသင်သား များ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် နာမ်ပိုင်းဆိုင်ရာသွက်သွင်းခြင်းအဖြစ်လည်းကောင်း၊ မြန်မာ့သမိုင်းဘာသာရပ် များသင်ကြားခြင်းသည် နိုင်ငံ၏ရုပ်ပိုင်းသဏ္ဌာန်ဖြစ်တည်လာမှုကို အတည်ပြုဖော်ညွန်းလိုခြင်း အဖြစ်ဟူ၍လည်း လေ့လာတွေ့ရှိရပါသည်။ ထိုရည်ရွယ် ချက်နှစ်ခုသည် အစိုးရအဆက်ဆက်ခေါင်းဆောင်များ အကောင်အထည် ဖော်လိုသည့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးနှင့် တပြည်ထောင်စနစ် ကျင့်သုံးရေးတို့အတွက်တိုက်ရိုက် ချိတ်ဆက်နေသည့်အတွက် ကျောင်းပညာရေးသင်ရိုးညွန်းတမ်းကို လူမျိုး တစ်မျိုး သို့မဟုတ် လူစုတစ်ခုတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချမှုများပေါ်လွင်သည်ဟု ဆိုနိုင်ပေသည်။

ကျောင်းသင်ရိုးညွှန်းတမ်းများ၏သက်ရောက်မှု

ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာ၊ လူမျိုးများအကြား၊ ဘာသာရေး များအကြား ကိန်းအောင်းနေဆဲဖြစ်သည့် ပဋိပက္ခများနှင့်မယုံကြည်မှုများသည် သင်ရိုးညွှန်းတမ်းများ၏ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ရောက်ဆက်နွယ်မှုများရှိသည်ဟုဆိုနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူမျိုးတစ်မျိုးတည်းကိုသာ ဗဟိုပြုသည့်သင်ရိုးညွှန်းတမ်းများကြောင့် လူမျိုးများနှင့် ဘာသာသာသနာများအကြား အပြန်အလှန်နာလည်လက်ခံမူနည်းခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မဖြစ်လာခြင်းနှင့် အထူးသဖြင့် မိမိလူမျိုး၊ မိမိဘာသာသည်သာ အကောင်း ဆုံးဖြစ်သည်ဟူသည့်စိတ်ထားများ ဖြစ်ပေါ်လာခြင်း စသည်တို့ကြောင့် မျိုးချစ်စိတ်ဓာတ်များ ၊ ဘာသာ၊ သာသနာချစ်စိတ်များအကြား ရိုက်ခတ်မှုများ သည် ပဋိပက္ခအသွင်မျိုးစုံဖြင့် မြန်မာနိုင်ငံလူမှုဝန်းကျင်အ တွင်းထင်ရှားသည့် သက်ရောက်မှုများပင်ဖြစ်သည်။
ထိုသက်ရောက်မှုများသည် အထူးသဖြင့် လူနည်းစုတိုင်းရင်းသားများအကြားတွင် ပိုမိုတွေ့ရသည်။ တိုင်းရင်း သားများသည် မိမိတို့၏မိခင်ဘာသာစကားမဟုတ်သည့် ဗမာ/မြန်မာ စကားဖြင့် ကျောင်းပညာရေးကို သင်ကြားခြင်းခံကြရသည်။ ထိုအချက်သည် ဘာသာစကားအခက်အခဲအပြင် ၊ ပညာရပ်ဘာသာရပ်များကို နားလည်ရန်အခက်အခဲဖြစ်စေသည်။ သင်ခန်းစာပါ အကြောင်းအရာများသည်လည်း တိုင်းရင်းသားများ၏ ရေခံမြေခံဝန်းကျင်များနှင့် အံဝင်ခွံကျမဖြစ်သည့်အတွက် စာသင်သူစာသင်သားများ၏စိတ်ထဲတွင် မိမိတို့၏ တိုင်းရင်းသားဖြစ်တည်ခြင်းသည် အရှက်ရစေသည့်၊ တန်ဖိုးမရှိသည့်၊ တရားမဝင်သည့် အရာများဖြစ်သည် ဟုအလိုလိုသိမ်ငယ်စိတ်များကြီးစိုးစေသည်။ ထိုအရာများကြောင့် အချို့သောဒေသများတွင် မိခင်ဘာသာ စကားထက် ဗမာစကားပြောဆိုမှုပိုမိုများပြားလာခြင်းများရှိလာသည်ကို တိုင်းရင်းသားနိုင်ငံရေးသမားများမှ သူတို့၏အမျိုးသားရေးစိုးရိမ်ရသည့်အနေအထား စသည့်ဖြင့်ဖော်ပြနေကြသည်များကိုလည်းတွေ့ရသည်။ ကျောင်းသင်ခန်းစာများသည် ဗမာဓလေ့ယဉ်ကျေးမှုများကို ဗမာစကားဖြင့် သင်ကြားနေရသည့်ဖြစ်စဉ်ကို တိုင်းရင်းသားတို့အတွက်အံဝင်ခွံကျမဖြစ်မှုကို သုတေသီ (စလင်းကိုလှိုင် ၂၀၁၉)မှ “ဗမာလူမျိုးမဟုတ် သော ကျောင်းသူ/သားများအဖို့မူ ကျွန်တော်၊ ကျွန်မသည် အိမ်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း စသည့်လူမျိုးများဖြစ်၍ ကျောင်းတွင် ဗမာလူမျိုးယောင်ယောင်ဖြစ်သွားခြင်းကြောင့်ပင် ဖြစ်သည်” ဟု ခိုင်းနှိုင်း ဖော်ပြထားသည်။

ပညာရေး၏သက်ရောက်မှုသည်လည်း တိုင်းရင်းသာများနှင့် နိုင်ငံတော်၏ ဆက်နွယ်မှုများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟူသည်ကိုလက်တွေ့တွင် ထိခိုက်မှုများစွာဖြစ်စေသည်။ ကျောင်းပညာရေးတွင် ဗမာ လူမျိုး တို့၏ယဉ်ကျေးမှု ၊ စာပေ ၊ သမိုင်းများကိုများစွာအလွတ်ကျက်မှတ်သင်ကြားနေကြရသည့်အတွက် တိုင်းရင်းသား များသည် ဗမာလူမျိုးတို့၏အကြာင်းကို ဓလေ့၊ သမိုင်း များကိုနားလည်ကြရသည်။ သို့သော် လူဦးရေအများဆုံး ဖြစ်နေသည့် ဗမာစာသင်သူသားများသည် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်း၊ ဖြစ်တည်မှုများကို နားမလည်နိုင်တော့ချေ။ ထိုအချက်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရန်လိုအပ်သည့် လူမျိုး ဘာသာများအကြားအသိအမှတ်ပြုမှုနှင့် နားလည်လက်ခံမှုများကို ဖြစ်လာစေမည့်အချက်တစ်ခုဖြစ်သည်။ စင်စစ်မှာမူ တိုင်းရင်းသားများ၏ ဓလေ့၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဖြစ်တည်မှု များသည် နိုင်ငံတော်မှအကာအကွယ် မပေးသည်သာမက ဖျက်ဆီးနေသည် ဟူသည့်ဖြစ်ရပ်များကြောင့် ဤနိုင်ငံသည် ငါတို့နဲ့လည်းဆိုင်သည်ဟူသော စိတ်ခံစားချက်များ လျော့နည်းလာသည့်အပြင် တိုင်းရင်းသား တို့နှင့် ဗမာလူမျိုးတို့အကြား အမြင်မတူညီမှုအဟ များကို ပိုမိုကြီးမားစေသည်။ ဖြစ်တည်မှုကိုခြိမ်းခြောက်ခံ ရသည့်အနေအထားတွင် တိုင်းရင်းသားများသည်လည်း လူမျိုးအခြေပြုနိုင်ငံရေး ၊ ဘာသာရေး လှုပ်ရှားမှုများ ပိုမိုနိုးကြားလာကြပြီး ထိုလှုရှားမှုများသည် ပိုမိုကြီးထွားလာ ပါက ပဋိပက္ခအကဲဆတ်မှု ပိုမိုဖြစ်ပေါ်လာနိုင်ပေသည်။

နိဂုံး

ထို့ကြောင့် အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရာတွင် ကျောင်းသင်ရိုးညွှန်း တမ်း၏ အခန်းကဏ္ဍသည် များစွာအရေးကြီးသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရေရှည်ငြိမ်းချမ်း ရေးရရှိနိုင်စေရန်အတွက်သော်လည်းကောင်း၊ အမျိုးသားများရင့် ကြာ့စေ့နိုင်ရန်အတွက်သော် လည်းကောင်း၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြေရှင်းနိုင်စေရန်အတွက်သော်လည်းကောင်း ကျောင်းပညာရေးပြုပြင် ပြောင်းလဲခြင်းနှင့် သင်ရိုးညွှန်းတမ်းများကို အားလုံးအကြုံး ဝင်သည့်စနစ်ဖြင့် အကောင်ထည်ရန်လိုအပ်ကြောင်း တွေ့ရှိရသည်။

ဆလိုင်း မျိုးချစ်
(သုတေသီ၊ CEI)

(ဤဆောင်းပါးသည် ချင်းပညာရေးရှေ့ဆောင် (CEI) ၏ “မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း” သုတေသနစာတမ်းကို အကျဉ်းချုပ် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်)

Related Articles

Back to top button