တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 39, June 30, 2020)

 

၁။       ဖားကန္႔ ေျမၿပိဳမႈေၾကာင့္ ေသဆံုးသူ  ၁၆၂  ဦးရွိလာ၊  ၅၄  ဦး ဒဏ္ရာရ

၂။       ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေရးၿမိဳ႕နယ္၌ မဲရံု ၁၃၀ နီးပါးလ်ာထား

၃။       တပ္သိမ္းေျမေပၚထြန္ယက္ေသာ မူလပိုင္ရွင္ကရင္နီေတာင္သူ ၂၁ ဦးကို ျပစ္ဒဏ္ခ်မွတ္မႈ နည္းေန၍ ျပည္နယ္ လႊတ္ေတာ္အထိ               ျပင္ဆင္ခ်က္တက္

၄။       ရခိုင္ျပည္နယ္ရွိ မဲဆႏၵနယ္အားလံုး၌ ေရြးေကာက္ပြဲက်င္းပမည့္ UEC ၏ ေၾကညာခ်က္အေပၚ ႀကိဳဆိုေသာ္လည္း ေနာက္ပိုင္း                    တြင္ မဲဆႏၵနယ္မ်ား ျပန္လည္ဖ်က္သိမ္းမည္ကို စိုးရိမ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ေျပာၾကား

၅။       ဟားခါးတြင္ ေနစရာအိမ္မရွိသည့္ ျပည္သူမ်ားအတြက္ အစိုးရက အိမ္ေနရာေျမကြက္ မဲႏိႈက္ခ်ေပး

၆။       ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္                  မရွင္ ေၾကညာ

၇။       ရွမ္းနီပါတီမ်ား ၂၀၂၀ ေရြးေကာက္ပြဲဝင္ရန္ ျပင္ဆင္၊ လူငယ္ႏွင့္ အမ်ိဳးသမီးမ်ားကို ဦးစားေပးမည္

၈။       စစ္တပ္မ်ား မဆုတ္ခြာေသးသည့္အတြက္ ေက်ာက္မဲ စစ္ေရွာင္မ်ား အိမ္ျပန္ႏိုင္ေသး

၉။       KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကာကြယ္ေရးဆိုင္ရာ ကန္႔သတ္မႈကို ဇူလိုင္ ၁၅ ရက္ထိ တိုးျမွင့္

၁၀။     မူဆယ္တြင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ

၁၁။     ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ဟု ကာယကံရွင္ အမ်ိဳးသမီးေျပာဆို

၁၂။     မတူပီၿမိဳ႕နယ္ ဆေဘာင္းပီေက်းရြာတြင္  ၉ တန္း၊ ၁ဝ တန္း သင္ေပးမည့္ ဆရာကို ရပ္ရြာမိဘမ်ားမွ ပိုက္ဆံစုၿပီး ေခၚယူ

၁၃။     နာဂအမ်ိဳးသားပါတီ (NNP) က အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္                                ၁၅ ၿမိဳ႕နယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

၁၄။     ႏိုဝင္ဘာေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမတခ်ိဳ႕ေျပာင္းလဲမႈအေပၚ ေဝဖန္မႈေတြရွိ

၁၅။     ခ်က္ခ်င္းအပစ္ရပ္ဖို႔ တပ္မေတာ္ကို ကုလသမဂၢ လူ႕အခြင့္အေရး မဟာမင္းႀကီးတိုက္တြန္း

၁၆။     ၂၀၂၀ အေထြေထြေရြးေကာက္ပြဲ က်င္းပခ်ိန္တြင္ လြတ္လပ္စြာဆႏၵမဲေပးႏိုင္ေရး တိုက္ပြဲမ်ားရပ္တန္႔ရန္ ကခ်င္ ျပည္နယ္ ျပည္                  သူ႔ပါတီ တိုက္တြန္း

၁၇။     SNLD ပါတီကိုယ္စားျပဳ အေထြေထြေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္သူမ်ား ကိုယ္စားလွယ္ေလာင္း အဆိုျပဳ လႊာ                            စတင္ေလွ်ာက္ထားႏိုင္

၁၈။     ကုိဗစ္ ကပ္ေရာဂါ ကာလျဖစ္၍ ပါတီစည္းရုံးေရးလုပ္ငန္း စိန္ေခၚမႈမ်ားမည္ဟု ကရင္ပါတီေျပာ

၁၉။     ေတာင္ကုတ္တြင္ မိုင္း ေပါက္ကြဲမႈျဖစ္ ၄ ဦးေသဆံုး

၂၀။     ယခင္ နဝတ စစ္အစိုးရအပစ္အခတ္ရပ္စဲေရး ရိုးသားေျဖာင့္မတ္မႈမရွိခဲ့ဟု မြန္ျပည္သစ္ပါတီ ဥကၠ႒  သံုးသပ္

၂၁။     ပထမဆံုးေသာ ကရင္ပူးတြဲ အဘိဓာန္စာအုပ္ လာမည့္ ၾသဂုတ္လကုန္တြင္ ထြက္ရွိမည္

၂၂။     တရားစီရင္ေရး ပိုမိုျမန္ဆန္လာေစရန္ (C.M.P) စနစ္ကုိ ျမဝတီၿမိဳ႕နယ္ တရားရံုးတြင္ စတင္က်င့္သံုး

၂၃။     ဗန္းေမာ္ – ျမစ္ႀကီးနားလမ္းပိုင္း၌ မိုးသည္းထန္ၿပီး ေတာင္ၿပိဳက်မႈႏွင့္ ေရေက်ာ္မႈမ်ားျဖစ္ေပၚ

၂၄။     တရုတ္ နယ္စပ္ စီးပြားေရးဇုန္ စီမံကိန္း ပြင့္လင္းျမင္သာမႈ အားနည္းဟု ေဝဖန္ခံရ

၂၅။     စစ္ေတြစခန္းမွ ရဲ ၁ ဦး ဓားထိုး သတ္ျဖတ္ခံရ

၂၆။     ကိုဗစ္ကာလအစိုးရ ရက္ထပ္တိုးခ်ိန္ ေမာက္မယ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဂါက္သီးရိုက္ၿပိဳင္ပြဲက်င္းပ

၂၇။     ထန္တလန္တြင္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လအတြင္း ဝက္ (၄၀) ေက်ာ္ ထပ္မံေသဆံုး

၂၈။     စစ္ေဘးေရွာင္စခန္းမွ အမ်ိဳးသမီးမ်ား အလုပ္အကိုင္လိုအပ္

၂၉။     တာခ်ီလိတ္ ေဆးရံုဆင္းၿပီး ကိုဗစ္ – ၁၉ လူနာ ပိုးျပန္ေတြ႔

***************

၁။       ဖားကန္႔ ေျမၿပိဳမႈေၾကာင့္ ေသဆံုးသူ  ၁၆၂  ဦးရွိလာ၊  ၅၄  ဦး ဒဏ္ရာရ

July 3, 2020

ကခ်င္ျပည္နယ္၊ ဖားကန္႔ ေက်ာက္ျမတ္တူးေဖာ္ေရး ကုမၸဏီအတြင္း ေျမၿပိဳမႈေၾကာင့္ ဇူလိုင္ ၂ ရက္ ည ၇ နာရီ ၁၅ မိနစ္ အထိ ေသဆံုးသူ ရုပ္အေလာင္း ၁၆၂ ေယာက္ကို ဆယ္ယူရရွိထားၿပီး ဒဏ္ရာရရွိသူ စုစုေပါင္း ၅၄ ဦးရွိတယ္လို႔  ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔က ထုတ္ျပန္ပါတယ္။ ဖားကန္႔နယ္ေျမအတြင္း ေျမၿပိဳမႈျဖစ္စဥ္ေတြမွာ ေရမေဆးေက်ာက္ရွာေဖြသူေတြ ေသဆံုး မႈဟာ အခုတႀကိမ္မွာ အမ်ားဆံုးျဖစ္ၿပီး ေဒသခံမ်ား ေျပာျပခ်က္အရ လူ ၂၀ဝ ဝန္းက်င္နီးပါး ရွိတယ္လို႔သိရပါတယ္။ ကယ္ ဆယ္ေရးလုပ္ေနသူတဦးက “ေပၚေနတဲ့ ရုပ္အေလာင္းေတြ ရွိေသးတယ္။ ၇ နာရီ ၁၅ မွာ ရပ္လိုက္ရတယ္။ ရုပ္အေလာင္း ေတြ ဆယ္ၿပီးၿပီ၊ ညဆယ္ဖို႔ မလြယ္ဘူး၊ ေဘးမွာက ေျမေတြက စိတ္မခ်ရဘူး ၿပိဳက်လာႏိုင္ေသးတယ္”လို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စု၊ ေဝွခါေက်းရြာ ရပ္ကြက္(၆)၊ လခူးေခ်ာင္ရွိ ေက်ာက္မ်က္ေရႊျပည္ ကုမၸဏီ (ေဒသအေခၚ  တစ္သံုးလံုး ကုမၸဏီ) မွာ ဇူလိုင္ ၂ ရက္ေန႔ မနက္ ၆ နာရီခြဲေလာက္က က်င္းကမ္းပါး ေျမၿပိဳမႈျဖစ္ပြား ခဲ့တာပါ။

ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔က ကူညီကယ္ဆယ္ေရးလုပ္ငန္းဆက္လုပ္ေနၿပီး ေျမၿပိဳက်မႈေၾကာင့္ ဒဏ္ရာရွိသူေတြဟာ ဖားကန္႔ ျပည္သူ႔ေဆးရံုနဲ႔ ေဝွခါ တိုက္နယ္ေဆးရံုတို႔မွာ ေဆးကုသမႈ ခံယူေနကာ ဆယ္သူထားတဲ့ ရုပ္အေလာင္းေတြကို ေဝွခါ သခ်ၤဴိင္း ဇရပ္မွာ ထားရွိတယ္လို႔ သိရပါတယ္။ ေျမၿပိဳက်မႈေၾကာင့္ ေသဆံုးရုပ္အေလာင္းေတြကို မိသားစု ဘာသာ အလိုက္ သၿဂၤဳိဟ္ခြင့္ျပဳမွာျဖစ္ၿပီး ျပည္နယ္အစိုးရက ေထာက္ပံ့ကူညီသြားမယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/

************

၂။       ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ေရးၿမိဳ႕နယ္၌ မဲရံု ၁၃၀ နီးပါးလ်ာထား

July 1, 2020

လာမယ့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ မဲရံု ၁၂၇ ရံုလ်ာထားၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ ေရြး ေကာက္ပြဲထက္ မဲရံု ၁၇ ရံုေလာက္ ပိုတိုးလာဖြယ္ရွိတယ္လို႔ ေရးၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲထံက သိရပါတယ္။ ေရးၿမိဳ႕နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲ ဥကၠ႒ ဦးညီေသြးက” ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက မဲရံု ၁၁၀ ရံု၊ လာမယ့္ ၂၀၂၀ မွာေတာ့ ၁၇ ရံုတိုးၿပီးေတာ့ လ်ာထားပါတယ္။ လ်ာထားေပမဲ့ အတိုးအေလွ်ာ့ရွိႏိုင္ပါေသးတယ္။ လက္ရွိ ေဆာင္ရြက္ ခ်က္အေနနဲ႔ကေတာ့ မဲဆႏၵနယ္အလိုက္ မဲရံုအေရအတြက္နဲ႔ မဲရံုတည္ေနရာေတြသတ္မွတ္ လ်ာထားျခင္းနဲ႔ မဲဆႏၵရွင္ စာရင္း ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္မႈေတြ လစဉ္ေဆာင္ရြက္ေနပါတယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ေရးၿမိဳ႕နယ္အတြင္း လက္ရွိအခ်ိန္အထိ ေကာက္ခံရရွိတဲ့မဲေပးခြင့္ရွိသူဦးေရအေနနဲ႔ ၂၀၃၀ဝ၀ ေက်ာ္ရွိၿပီး လာမယ့္ေရြး ေကာက္ပြဲမွာေတာ့ ၂၁၀ဝ၀ဝ ေက်ာ္ ရွိလာႏိုင္တယ္လို႔ခန္႔မွန္းထားပါတယ္။ ပထမအႀကိမ္မဲေပးမယ့္သူ ဦးေရကလည္း ၃၀ဝ၀ဝ ေလာက္ရွိလာႏိုင္ၿပီး တပ္မဲရံုေဆာင္ရြက္မႈအေနနဲ႔ ဥပေဒ၊ နည္းဥပေဒ၊ ညႊန္ၾကားခ်က္ေတြနဲ႔အညီ တပ္ရင္းတပ္ဖြဲ႔ ေတြနဲ႔ ညွိႏိႈင္းဆဲျဖစ္တယ္လိ႔ု  ဦးညီေသြးက ေျပာပါတယ္။

၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ ေရးၿမိဳ႕နယ္မွာ ေကာက္ခံရရွိခဲ့တဲ့ မဲဆႏၵရွင္ စာရင္းေတြအရ လူ ၅၀ဝ၀ဝ ေက်ာ္ မွတ္ပံုတင္ျဖည့္သြင္းဖို႔ က်န္ေနလို႔ ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အမ်ိဳၚသားမွတ္ပံုတင္ေရးဦးစီးဌာနက အပတ္စဥ္ေဆာင္ရြက္ ေပးေနတယ္လို႔ သိရပါတယ္။ လာမယ့္ အေထြေထြေရြးေကာက္ပြဲမွာေတာ့ ေရးၿမိဳ႕နယ္အတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္  ၁ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္  ၂ ဦး စုစုေပါင္း ကိုယ္စား လွယ္ ၅ ဦး ေရြးေကာက္ တင္ေျမွာက္ ရမွာျဖစ္ပါတယ္။ http://burmese.dvb.no/archives/397061

*************

 

၃။       တပ္သိမ္းေျမေပၚထြန္ယက္ေသာ မူလပိုင္ရွင္ကရင္နီေတာင္သူ ၂၁ ဦးကို ျပစ္ဒဏ္ခ်မွတ္မႈ နည္းေန၍ ျပည္နယ္လႊတ္ ေတာ္အထိ              ျပင္ဆင္ခ်က္တက္

July 1, 2020

တပ္သိမ္းေျမေပၚထြန္ယက္ေသာ မူလပိုင္ရွင္ကရင္နီေတာင္သူ ၂၁ ဦးကို ျပစ္ဒဏ္ခ်မွတ္မႈ နည္းေန၍ ျပည္နယ္လႊတ္ေတာ္ အထိ ျပင္ဆင္ခ်က္တက္ရန္ကုန္၊ ဇူလိုင္ ၁ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္မွ ကရင္နီေတာင္သူ ၂၁ ဦးကို တပ္မေတာ္က ပထမအႀကိမ္ တပ္ပိုင္ေျမ က်ဴးေက်ာ္မႈျဖင့္ တရားစြဲဆိုခဲ့ေသာ္လည္း ျပစ္ဒဏ္အေနျဖင့္ လြိဳင္ေကာ္ၿမိဳ႕နယ္တရားရံုးက အမိန္႔ ခ်မွတ္မႈ နည္းပါး၍ တပ္မေတာ္က ထပ္မံအမိန္႔ ျပင္ဆင္ခ်က္တက္ထားေၾကာင္း သိရွိရသည္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ေဒါ့မြန္ကုလားေက်းရြာႏွင့္ ေျမနီကုန္းေက်းရြာမွ ေတာင္သူလယ္သမား၂၁ ဦးကို ေျခ လ်င္တပ္ရင္း ၂၅၀ ႏွင့္ အေျမာက္တပ္ရင္း ၃၅၆ တို႔ ပိုင္နက္က်ဴးလြန္မႈျဖင့္ တရားစြဲဆိုမႈကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးက မတ္လ ၁၃ ရက္ေန႔တြင္ ျပည္သူပိုင္ပစၥည္းကာကြယ္ ေရးအက္ဥပေဒပုဒ္မ ၆ (၁) အတြက္အလုပ္ႏွင့္ေထာင္ဒဏ္ ၆ လ ၊ ပိုင္ နက္က်ဴးလြန္မႈပုဒ္မ ၄၄၇ အတြက္ ျပစ္ဒဏ္ ဒဏ္ေငြႏွစ္ေသာင္း ( သို႔မဟုတ္) ေထာင္ဒဏ္ ၁၅ ရက္ ႏွင့္ အက်ိဳးပ်က္စီးမႈ ပုဒ္မ ၄၂၇ အတြက္ ျပစ္ဒဏ္ ဒဏ္ေငြႏွစ္ေသာင္း အသီးသီးခ်မွတ္ခဲ့ေၾကာင္း သိရွိရသည္။ အဆိုပါအမႈသည္ တပ္ပိုင္ေျမကို ဝင္ေရာက္စိုက္ပ်ိဳးသည္ဟုဆိုကာ ေတာင္သူမ်ားကို ၂၀၁၉ ခုႏွစ္တြင္ တပ္မေတာ္က တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ ခုနွစ္ မတ္လ ၁၃ ရက္ေန႔တြင္မွ လြိဳင္ေကာ္ၿမိဳ႕နယ္တရားရံုးက အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။ အဆိုပါအမိန္႔ကို ခရိုင္တရားရံုးသို႔ တပ္မေတာ္က ျပင္ဆင္ခ်က္တက္ခဲ့ရာ ေမလ ၁၁ ရက္ေန႔တြင္ ပလပ္ခံခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ ကယားျပည္နယ္ တရား လႊတ္ေတာ္သို႔ ထပ္မံ ျပင္ဆင္ခ်က္ တက္ထားေၾကာင္း၊ ကယားျပည္နယ္ တရားလႊတ္ေတာ္က ေတာင္သူမ်ားထံ ေပးပို႔ခဲ့ သည့္ အေၾကာင္းၾကားစာတြင္ ဖ်က္ဆီးခံခဲ့ရသည့္ ေျခလ်င္တပ္ရင္း (၂၅၀) ၏ အုတ္တံတိုင္းမ်ားသည္ ျပည္သူပိုင္ ပစၥည္း မ်ားျဖစ္ၿပီး ကာလတန္ဖိုး က်ပ္ ၁၄၉ သိန္း ဝန္းက်င္ရွိသျဖင့္ ႏိုင္ငံ့ဘ႑ာ ဆံုးရံႈးမႈႏွင့္ႏိႈင္းယွဥ္ရင္ ျပစ္ဒဏ္နည္းပါးလြန္းဟု ေရးသားေဖာ္ျပ၍ အမိန္႔ ျပင္ဆင္ခ်က္တက္ျခင္းဟု ေဖာ္ျပထားေၾကာင္း သိရွိရသည္။

တပ္မေတာ္က ေတာင္သူမ်ားကို ျပည္သူပိုင္ပစၥည္းကာကြယ္ေရး အက္ဥပေဒပုဒ္မ၆(၁)၊ ပိုင္နက္က်ဴး လြန္မႈပုဒ္မ ၄၄၇၊ အက်ိဳးပ်က္စီးမႈ ပုဒ္မ ၄၂၇ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။ ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢဥကၠ႒ ဦးခူးတူရယ္က“ အဓိကေတာ့ စစ္တပ္သိမ္းထားတဲ့ေျမေပၚမွာ ဝင္ေရာက္ထြန္းယက္ စိုက္ပ်ိဳးလို႔ဆိုတဲ့ဟာနဲ႔ သူတို႔တရားစြဲတယ္ေပါ့။ ဝင္စိုက္ တဲ့အခါ စစ္တပ္ကတရားစြဲတယ္”ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။ ရန္ကုန္ေခတ္သစ္သတင္းဌာနက တပ္မေတာ္၏ သေဘာထားမွတ္ခ်က္ ရယူႏိုင္ရန္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ႏွင့္ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္ မ်ားထံ ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမျပဳေပ။ https://www.khitthitnews.com/2020/07/%e1  %80%90%e1%80%95%e1%80%ba%e1%80%9e%e1%80

*************

၄။       ရခိုင္ျပည္နယ္ရွိ မဲဆႏၵနယ္အားလံုး၌ ေရြးေကာက္ပြဲက်င္းပမည့္ UEC ၏ ေၾကညာခ်က္အေပၚ ႀကိဳဆိုေသာ္လည္း ေနာက္ပိုင္း                    တြင္ မဲဆႏၵနယ္မ်ား ျပန္လည္ဖ်က္သိမ္းမည္ကို စိုးရိမ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ ေျပာၾကား

July 1, 2020

ရခိုင္ျပည္နယ္ရွိ  မဲဆႏၵနယ္အားလံုးတြင္ ေရြးေကာက္ပြဲက်င္းပမည့္ UEC ၏ ေၾကညာခ်က္အေပၚ ႀကိဳဆိုေသာ္လည္း ေနာက္ ပိုင္းတြင္ မဲဆႏၵနယ္မ်ား ျပန္လည္ဖ်က္သိမ္းမည္ကို စိုးရိမ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ဇြန္ ၃၀ ရက္တြင္ The Daily Eleven သတင္းစာသို႔ ေျပာၾကားသည္။  ေရြးေကာက္ပြဲေကာ္မရွင္၏ ရခိုင္ျပည္ နယ္၏ မဲဆႏၵနယ္အားလံုးတြင္ ေရြးေကာက္ပြဲက်င္းပမည့္ ေစတနာဆႏၵကို အသိ အမွတ္ျပဳေၾကာင္း၊ ေရြးေကာက္ပြဲ က်င္းပ ရန္ နီးကပ္ခ်ိန္တြင္ မဲဆႏၵနယ္ အခက္အခဲရွိပါက ျပန္လည္ရုပ္သိမ္းမႈမ်ားလည္း ႀကံဳလာႏိုင္ေၾကာင္းကို ေမွ်ာ္လင့္ထား ေၾကာင္း၊ လႊတ္ေတာ္ႏိုင္ငံေရး လမ္းေၾကာင္းတစ္ခုတြင္ တရားဝင္ရပ္တည္ထားသည့္ ပါတီ တစ္ခုအေနျဖင့္ ပါဝင္ယွဥ္ၿပိဳင္ရန္ အေရးႀကီးေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာၾကားသည္။

“ကြ်န္ေတာ္တို႔ ျပည္နယ္မွာျဖစ္ေပၚေနတဲ့ စစ္မက္ေတြရဲ႕ ဆိုးက်ိဳးေတြ၊ အက်ိဳးဆက္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီ ျပည္သူ လူထုကိုတင္ျပဖို႔၊ အစိုးရကိုတင္ျပဖို႔ လႊတ္ေတာ္မွာ အသံကိုေဖာ္ထုတ္ဖို႔ ကြ်န္ေတာ္တို႔အတြက္ အလြန္တရာ အေရးႀကီးပါ တယ္။ အင္တာနက္ေတြ ျဖတ္ထားတာေၾကာင့္ ရခိုင္ျပည္နယ္မွာ သတင္းလြတ္လပ္ခြင့္၊ သတင္းအေမွာင္ခ်ခ်ိန္မွာ ကြ်န္ေတာ္ တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေျပာဆိုခ်က္ေတြ သတင္းမီဒီယာနဲ႔ ဆက္သြယ္ေျပာၾကားခ်က္ေတြဟာ အေတာ္ကိုအေရး ႀကီးပါတယ္။ ေရြးေကာက္ပြဲ မက်င္းပႏိုင္ဘူးဆိုရင္ ျပည္သူ႔ကိုယ္စားလွယ္ေတြရဲ႕ အသံ၊ လႊတ္ေတာ္ရဲ႕အသံဟာ ေပ်ာက္ သြားႏိုင္တယ္။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ရဲ႕ တရားဝင္ရပ္တည္ထားတဲ့ ပါတီတစ္ခုအတြက္ ေတာ္ေတာ္ကို အေရးႀကီးတယ္။ ျပည္သူေတြ အတြက္လည္း အေရးႀကီးတယ္။ UEC ရဲ႕ ေလာေလာဆယ္ ထုတ္ျပန္ခ်က္ကို ကြ်န္ေတာ္အေနနဲ႔ ဝမ္းသာပါ တယ္။ ႀကိဳလည္းႀကိဳဆိုပါတယ္။ ေနာက္ပိုင္းမွာ ဒီအတိုင္းပဲ မဲဆႏၵနယ္အကုန္လံုးကို က်င္းပဖို႔၊ မက်င္းပဖို႔၊ ဖ်က္သိမ္း တာမ်ိဳးေတြ ျဖစ္မလာဖို႔ အဲဒါေတြကိုလည္း ပူပန္စိုးရိမ္စိတ္ေတာ့ရွိပါတယ္”ဟု  လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာၾကားသည္။

ထို႔ျပင္ ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေရြးေကာက္ပြဲကို တရားမွ်တစြာ က်င္းပေပးရန္ တာဝန္သာရွိၿပီး အစိုးရ၏ မည္ သည့္ေနရာတြင္ က်င္းပႏိုင္မည္၊ မက်င္းပႏိုင္မည္ သံုးသပ္ခ်က္အေပၚတြင္ ေရြးေကာက္ပြဲေကာ္မရွင္က လုပ္ေပးႏိုင္သည္ကို ယူဆေၾကာင္း ဦးေဖသန္းက ေျပာၾကားသည္။“လက္ရွိတြင္ ရခိုင္အမ်ိဳးသားပါတီ (ANP) အေနျဖင့္ ၿမိဳ႕နယ္မ်ားတြင္ ကိုယ္စားလွယ္စိစစ္ေရး ေကာ္မတီမ်ားဖြဲ႔၍ ေရြးခ်ယ္ရန္ တာဝန္ေပးထားေၾကာင္း၊ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ရခိုင္ျပည္နယ္၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းအျပင္ ႏိုင္မည္ဟုထင္ေသာ ေနရာမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စီစဥ္ထား ေၾကာင္း ဦးေဖသန္းက ေျပာၾကားသည္။ ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) ၾကားတိုက္ပြဲ ျဖစ္ပြားလ်က္ရွိေသာ္လည္း ဇြန္ ၂၉ ရက္က ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္၏ ေရြးေကာက္ပြဲက်င္းပမည့္ မဲဆႏၵနယ္ မ်ား ေၾကညာခ်က္အရ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္စလံုးတြင္ ေရြးေကာက္ပြဲက်င္းပမည္ျဖစ္ေၾကာင္း သတင္းရ ရွိသည္။ https://news-eleven.com/article/180759

************

၅။       ဟားခါးတြင္ ေနစရာအိမ္မရွိသည့္ ျပည္သူမ်ားအတြက္ အစိုးရက အိမ္ေနရာေျမကြက္ မဲႏိႈက္ခ်ေပး

July 1, 2020

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕နယ္အတြင္း ၁၀ ႏွစ္၊ ႏွစ္ ၂၀ ေနထိုင္ခဲ့ၿပီး ေနစရာအိမ္မရွိသူေတြအတြက္ ဇူလိုင္ ၁ ရက္ေန႔မွာ အိမ္ ေနရာေျမကြက္ေတြ မဲႏိႈက္စနစ္နဲ႔ ခ်ထားေပးမယ္လို႔ ဟားခါးၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒ ဦးငြန္ဗုန္းက ေျပာပါတယ္။

ေျမဧရိယာ ၆၇၆ ဧကအတြင္း ေျမကြက္ေတြကို ပထမ၊ ဒုတိယ၊ တတိယ စသျဖင့္ အဆင့္ ၃ ဆင့္ခြဲကာ မဲႏိႈက္ခ်ထားေပးမွာ ျဖစ္ၿပီး ပထမအဆင့္ ေျမကြက္ ၁ ေပ ပတ္လည္ကို က်ပ္ေငြ ၁၅၀ဝ၊ ဒုတိယအဆင့္ကို က်ပ္ေငြ ၉၀ဝ နဲ႔ တတိယအဆင့္ကို ၅၀ဝ က်ပ္ စသျဖင့္ ေဈးႏႈန္းသတ္မွတ္ထားတယ္လို႔ သိရပါတယ္။ ေျမကြက္ေပါင္း ၈၀ဝ ေလာက္အထဲက အစိုးရအေဆာက္ အဦ၊ ဘာသာေရးအေဆာက္အဦေတြအတြက္ခ်န္ထားၿပီး   ေျမကြက္ ၅၉၂ ကြက္ကို မဲႏိႈက္စနစ္နဲ႔ အိမ္ေနရာခ်ထားဖို႔ရွိရာ ဇူလိုင္လ ၁ ရက္ေန႔ ဟားခါးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာ မနက္ ၁၀  ကေန စတင္ မဲေဖာက္မွာျဖစ္ပါတယ္။

အခုေျမကြက္ခ်ထားမယ့္ ေနရာဟာ ၂၀၁၉ ၾသဂုတ္လက အစိုးရအေနနဲ႔ လ်ာထားတဲ့ ၿမိဳ႕သစ္စီမံကိန္းေနရာျဖစ္ၿပီး ဒီေနရာ မွာ က်ဴးေက်ာ္အိမ္ေတြ ေဆာက္လုပ္တာျဖစ္တယ္လို႔ဆိုကာ လူေနအိမ္ ၁၀ဝ ေက်ာ္ကို ျပည္နယ္အစိုးရက ဖ်က္ဆီးခဲ့တဲ့ေန ရာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေနရာအတြင္း ေျမေနရာအလြဲသံုးစားလုပ္မႈနဲ႔ စြပ္စြဲၿပီး လူ ၆ ဦးကို အစိုးရက ပုဒ္မ-၆၁ နဲ႔ တရားစြဲ ထားပါတယ္။ တရားစြဲခံရသူတစ္ဦးျဖစ္တဲ့ ဦးဟရန္ကီးလ္ က “က်ေနာ္ကေတာ့ ဘာမွေျပာစရာ မရွိေတာ့ပါဘူး။ က်ေနာ္တို႔ အမႈလည္း တရားလိုဘက္က လိုအပ္ခ်က္ရွိေနတယ္ဆိုလို႔ အခုထိ အမႈမၿပီးျပတ္ႏိုင္ေသးဘူး။ အခုေတာ့ က်ေနာ္လည္း တရားခံလိုျဖစ္ေနေတာ့ ေျမကြက္ခ်ထားေရး ကိစၥမွာ ဘာမွေျပာစရာမရွိဘူး”လို႔ေျပာပါတယ္။ http://burmese.Dvb.no/a rchives/397070

***************

၆။       ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲ                           ေကာ္မရွင္ ေၾကညာ

July 1, 2020

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ျပည္ေထာင္စု အစိုးရအဖြဲ႔ဝင္ တစ္ဦး ဦး၊ ဒုတိယဝန္ႀကီး တစ္ဦးဦးက ေရြးေကာက္ပြဲအတြက္ ေရြးခ်ယ္ခံရမည့္သူျဖစ္ပါက ဇူလိုင္ ၁ ရက္မွ ပါတီစည္းရံုးေရးလုပ္ငန္း မ်ားကို ေဆာင္ရြက္ခြင့္ျပဳေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) က ဇူလိုင္ ၁ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ သည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္သည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖြဲ႔စည္းပံု အေျခခံဥပေဒ (၂၀ဝ၈ ခုႏွစ္) ပုဒ္မ ၃၉၉ (က) ၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥပေဒ ပုဒ္မ ၁ဝ ပါတာဝန္ႏွင့္ လုပ္ ပိုင္ခြင့္ကိုက်င့္သံုး၍ သက္ဆိုင္ရာလႊတ္ေတာ္ေရြးေကာက္ပြဲ ဥပေဒပုဒ္မ ၃၄ (ဂ) ႏွင့္ နည္းဥပေဒ ၁၆ (က) တို႔အရ ၁၃၈၂ ခုႏွစ္၊ သီတင္းကြ်တ္လျပည့္ေက်ာ္ ၈ ရက္ (၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ (တနဂၤေႏြေန႔)တြင္ လႊတ္ေတာ္အသီးသီး အတြက္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ထို႔ျပင္ ျပည္ေထာင္စု အစိုးရအဖြဲ႔ ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (က) ပါ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ တစ္ဦးဦးသည္ တည္ဆဲ ျပည္ ေထာင္စု အစိုးရအဖြဲ႔ ဥပေဒ ပုဒ္မ ၇၊ ပုဒ္မခြဲ (ခ) အရ လည္းေကာင္း၊ ပုဒ္မ ၁၇၊ ပုဒ္မခြဲ (ဂ)ပါ ဒုတိယဝန္ႀကီး တစ္ဦးဦးသည္ တည္ဆဲျပည္ေထာင္စု အစိုးရအဖြဲ႔ ဥပေဒပုဒ္မ ၁၇၊ ပုဒ္မခြဲ (ဃ) အရ လည္းေကာင္း၊ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ တနဂၤေႏြေန႔၌ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲ တစ္ရပ္ရပ္တြင္ ပါဝင္ေရြးခ်ယ္ခံမည့္သူ ျဖစ္ပါက ႏိုင္ငံသားတစ္ဦးအား ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားေသာ ေရြးေကာက္တင္ေျမွာက္ခံ ပိုင္ခြင့္ မဆံုးရံႈးေစရန္ အလို႔ငွာ ေရြးေကာက္ပြဲက်င္းပရန္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က  ေၾကညာသည့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္ ၁ ရက္ ေန႔မွစ၍ ဖြဲ႔စည္းပံုအေျခခံ ဥပေဒပုဒ္မ ၁၂၀ ႏွင့္ ၁၂၁ တို႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ကိုက္ညီလွ်င္ ေရြးေကာက္ပြဲဆိုင္ရာ ပါတီ စည္းရံုးေရးလုပ္ငန္းမ်ားကိုလည္းေကာင္း၊ နယ္ေျမစည္းရံုးေရး လုပ္ငန္းမ်ားကိုလည္းေကာင္း  ေဆာင္ရြက္ခြင့္ရွိေၾကာင္း ေၾက ညာခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္၌ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတစ္ရပ္ရပ္တြင္ ပါဝင္ေရြးခ်ယ္ခံမည့္သူ ျဖစ္ပါက ႏိုင္ငံသားတစ္ဦးအား ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၈၊ ပုဒ္မခြဲ (က) အရ ေပးအပ္ထားေသာ ေရြးေကာက္တင္ေျမွာက္ခံ ပိုင္ခြင့္ မဆံုးရံႈးေစရန္အလို႔ငွာ ေရြးေကာက္ပြဲက်င္းပရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေၾကညာသည့္ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္ ၁ ရက္ေန႔မွစ၍ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၁၂၀ ႏွင့္ ၁၂၁ တို႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ကိုက္ညီလွ်င္ ေရြးေကာက္ပြဲဆိုင္ရာ ပါတီစည္းရံုးေရး လုပ္ငန္းမ်ားကိုလည္းေကာင္း၊ နယ္ေျမစည္းရံုးေရးလုပ္ငန္းမ်ားကိုလည္းေကာင္း ေဆာင္ရြက္ခြင့္ရွိေၾကာင္း ေၾကညာခဲ့သည္။ https://news-eleven .com/article/180894

*************

၇။       ရွမ္းနီပါတီမ်ား ၂၀၂၀ ေရြးေကာက္ပြဲဝင္ရန္ ျပင္ဆင္၊ လူငယ္ႏွင့္ အမ်ိဳးသမီးမ်ားကို ဦးစားေပးမည္

July 1, 2020

စစ္ကိုင္းတိုင္းေဒသႀကီးနဲ႔ ကခ်င္ျပည္နယ္ထဲမွာရွိတဲ့ ရွမ္းနီလူမ်ိဳးကိုယ္စားျပဳပါတီျဖစ္တဲ့ တိုင္းလိုင္ (ရွမ္းနီအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ)နဲ႔ ရွမ္းနီ (တိုင္းလ်န္) ေသြးစည္းညီညြတ္ေရး ပါတီ တို႔ဟာ လာမယ့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

တိုင္းလိုင္ (ရွမ္းနီ အမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ)အေနနဲ႔ စစ္ကိုင္းတိုင္းမွာ ၆ ၿမိဳ႕နယ္နဲ႔ ကခ်င္ျပည္နယ္ ၉ ၿမိဳ႕နယ္မွာ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းအေနနဲ႔ေတာ့ လူငယ္နဲ႔ အမ်ိဳးသမီးေတြကို ဦးစားေပးေရြးခ်ယ္သြားမယ္လို႔ ပါတီ ဥကၠ႒ ဦးစိုင္းေဌးေအာင္က ဒီဗြီဘီကို ေျပာပါတယ္။“ျပင္ဆင္မႈအေျခအေနကအခု ၿမိဳ႕နယ္ေတြကို ဇူလိုင္ ၃၁ ေနာက္ ဆံုးထားၿပီး ကိုယ္စားလွယ္ေလာင္းေတြတင္သြင္းေပးဖို႔ အဲဒါညႊန္ၾကားထားတယ္။ အဲဒါၿပီးရင္ ကိုယ္စားလွယ္ေလာင္းေတြကို က်ေနာ္တို႔ သင္တန္းေပးပါမယ္။ လူငယ္ေတြ အမ်ိဳးသမီးေတြဦးစားေပးၿပီးမွ  နယ္လွည့္ၿပီး ႏိုင္ငံေရး အေတြးအျမင္ သင္တန္း ေပးတာေတြ ပါတီေကာ္မတီေတြနဲ႔ အဲဒါေတြ ေဆာင္ရြက္ေနတာ ေပါ့ေလ။”ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ၿမိဳ႕နယ္ေတြမွာ စစ္ကိုင္း တိုင္းေဒသႀကီး ၆ ၿမိဳ႕နယ္ ခႏၱီး၊ ဟုမၼလင္း၊ တမူး၊ ပင္လယ္ဘူး၊ ဗန္းေမာက္၊ အင္းေတာ္နဲ႔ ကခ်င္ျပည္နယ္ မိုးညွင္း၊ မိုးေကာင္း၊ ဖားကန္႔၊ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္၊ မံစီ၊ ေရႊကူ စတဲ့ ၉ ၿမိဳ႕နယ္ျဖစ္တယ္လို႔ ဆိုပါတယ္။

ပါတီရဲ႕ ႏိုင္ငံေရးရည္ရြယ္ခ်က္မွာ ရွမ္းနီလူမ်ိဳးအမည္မွန္ေပၚေပါက္ေရးကို လႊတ္ေတာ္ထဲတင္ျပေရး၊ မိမိလူမ်ိဳးအမည္ေပၚ ေပါက္မွ မိမိေဒသတြင္းမွာ ကိုယ္တိုင္ စီမံခန္႔ခြဲပိုင္ခြင့္ေတြရတဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ရေရးတို႔ျဖစ္တယ္လို႔  ဦးစိုင္းေဌးေအာင္ က ေျပာပါတယ္။ http://burmese.dvb.no/archives/397149

**************

၈။       စစ္တပ္မ်ား မဆုတ္ခြာေသးသည့္အတြက္ ေက်ာက္မဲ စစ္ေရွာင္မ်ား အိမ္ျပန္ႏိုင္ေသး

June 30, 2020

တပ္မေတာ္က ေက်းရြာမ်ားထဲတြင္ ရွိေနေသးသည့္အတြက္ ေက်ာက္မဲၿမိဳ႕နယ္မွ စစ္ေရွာင္ ၄၀ဝ ေက်ာ္ ေနရပ္မျပန္ႏိုင္ေသး ပဲရွိေနသည္ဟု ေဒသခံမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအား အကူအညီေပးေနသူမ်ားကေျပာသည္။ နမ့္ခံုးပရဟိတ လူမႈကူညီေရး အသင္း ဥကၠ႒ စိုင္းကူးက “တိုက္ပြဲျဖစ္တဲ့ေနရာကေတာ့ ဘယ္သူမွ မသြားရဲဘူးေပါ့ေနာ မသြားရဲဘူးဆိုတာကေတာ့ အက္ကီးရြာမွာက တပ္မေတာ္က စာသင္ေက်ာင္းထဲမွာ သူတို႔က ေနထားတယ္။ ျပန္ဆုတ္ခြာသြားလာဆိုေတာ့ ဆုတ္ေတာ့ မဆုတ္ဘူး သူတို႔က ရြာထဲမွာပဲ စာသင္ေက်ာင္းမွာပဲ အဲဒီမွာ စတည္းခ်ၿပီးေတာ့ ေနေနေသးတယ္”ဟုေျပာသည္။ စစ္ေရွာင္ အရပ္သားမ်ားက တပ္မေတာ္ စစ္သားမ်ားရြာအတြင္းရွိေနပါက ေနရပ္သို႔ မျပန္ရဲေၾကာင္း ေျပာသည္။

ေက်ာက္မဲ ေဒသခံတစ္ဦးက “ရြာသားေတြက သိန္းနီရြာ၊ အက္ႀကီးရြာ၊ ေရဆန္ရြာ၊ ၿပိန္နင္း၊ ပန္က်န္၊ နမ့္ဖာ  အဲ့ဒီ ေက်းရြာ ေတြက တိုက္ပြဲေတြေၾကာက္တယ္၊ တပ္မေတာ္ကလည္း ရြာသားေတြကို လမ္းျပအျဖစ္ ေခၚသြားတာေတြရွိတယ္။ ရိုက္ႏွက္ တာေတြရွိတယ္။ အဲ့ေတာ့ ရြာသားေတြကေၾကာက္ၿပီး ထြက္ေျပးၾကတာ။ ပန္က်န္ရြာထဲကိုလည္း လက္နက္ႀကီးေတြနဲ႔ အရင္ ပစ္တယ္။ တစ္ေယာက္ေသတယ္ေနာ္၊ ႏွစ္ေယာက္က ဒဏ္ရာရတာရွိတယ္။ အခုသူတို႔ ဒီတပ္မေတာ္က ရြာထဲေရာက္ေန ၾကေတာ့ ရြာသားေတြကေၾကာက္ၿပီး ထြက္ေျပးရတာ။ ရြာသားတစ္ေယာက္လည္း အရိုက္ခံရတာရွိေသးတယ္။ သတိေတာင္ လစ္သြားေသးတယ္”ဟု ေျပာသည္။ ဇြန္လ ၂၅ ရက္ေန႔မွ ၂၈ ရက္ေန႔ထိ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းရွိ ေက်းရြာ မ်ားအနီးတြင္ တပ္မေတာ္ႏွင့္ RCSS/SSA တို႔ၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္။ အဆိုပါ တိုက္ပြဲေၾကာင့္ အက္ႀကီး၊ နမ့္ဖာ၊ ပင္းလင္ အစရွိသည့္ ေက်းရြာ ၄ ရြာမွ စစ္ေဘး ေရွာင္ ၄၀ဝ ေက်ာ္ မွာ ပန္ေလာ့ဒ္ေက်းရြာတို႔စစ္ေဘး ေရွာင္လာၾကသည္။

ယခုျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားမွာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔ က်င္းပရာမွ နားလည္မႈလႊဲၿပီး ထိေတြ႔မႈမ်ား ျဖစ္ပြားရျခင္း ျဖစ္သည္ဟု RCSS/SSA က ေျပာသည္။ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ တိုက္ပြဲျဖစ္ပြားသကဲ့သို႔ သီေပါၿမိဳ႕နယ္အတြင္းတြင္လည္း ၿပီးခဲ့သည့္ ဇြန္လ ၁၀ ရက္ေန႔ကလည္း တပ္မေတာ္ႏွင့္ RCSS တို႔အၾကား တိုက္ပြဲျဖစ္ပြားခဲ့ သည္ဟု RCSS/SSA က ေျပာသည္။ RCSS/SSA သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးသည့္ အဖြဲ႔ျဖစ္ၿပီး လက္ရွိတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားျပန္လည္ ျဖစ္ပြားေနသည္။ https://www.bnion line.net/mm/news-73940

***************

၉။       KIO ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ကာကြယ္ေရးဆိုင္ရာ ကန္႔သတ္မႈကို ဇူလိုင္ ၁၅ ရက္ထိ တိုးျမွင့္

July 1, 2020

ကခ်င္လက္နက္ကိုင္ အဖြဲ႔ (KIO/KIA) ထိန္းခ်ဳပ္နယ္ေျမအတြင္း COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးကာလ စည္းကမ္းခ်က္မ်ား လိုက္နာရန္ရက္ကို ဇူလိုင္ ၁၅ ရက္ထိ တိုးျမွင့္လိုက္ေၾကာင္း ယင္းအဖြဲ႔ တာဝန္ရွိသူအခ်ိဳ႕က ေျပာသည္။

ထိုသို႔ တိုးျမွင့္လိုက္ေသာ္လည္း ခရီးသြားလာေရးဆိုင္ရာ ကန္႔သတ္မႈႏွင့္ ေဈးမ်ားပိတ္ထားျခင္းကို ျပန္လည္ေျဖေလွ်ာ့သြား မည္ျဖစ္ေၾကာင္း KIO ဗဟို CO-VID-19 ေရာဂါ ကာကြယ္ႏွိမ္နင္းေရးေကာ္မတီ အတြင္းေရးမွဴး ဦး ဟိမ္းဝမ္က ေျပာဆိုထား သည္။ KIO/KIA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး ေနာ္ဘူကလည္း ‘‘ေရာဂါအေျခအေနကိုေတာ့ ဘယ္သူမွ အတိအက်ေျပာ လို႔မရဘူး။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔လည္း ဇူလိုင္ ၁၅ ရက္ေန႔အထိ ရက္ကေတာ့ ျပန္လည္တိုးထား တာရွိပါတယ္။ အသြား အလာ ေတြကေတာ့ နယ္စပ္တစ္ေလွ်ာက္မွာ နည္းနည္းေျဖေလွ်ာ့တာေတာ့ ရွိပါတယ္။ ဒါေပမဲ့ အျပင္ကဝင္လာတဲ့ သူေတြ၊ ႏိုင္ငံျခားနဲ႔ ျပည္ေတာ္ျပန္လူေတြကိုေတာ့ ေကာင္းေကာင္းျပန္ၿပီးေတာ့ ၾကပ္ၾကပ္မတ္မတ္ စစ္ေဆးဖို႔ေတာ့ တင္းတင္းက်ပ္ က်ပ္ ျပန္လုပ္ထားပါတယ္”ဟု ေျပာသည္။

KIO/KIA အေနျဖင့္ ၎တို႔ ေဒသအတြင္း ေရာဂါသံသယ လူနာတစ္ဦးေတြ႔ရွိခဲ့၍ ၎အပါ အဝင္ က်န္းမာေရးဝန္ထမ္းမ်ား စုစုေပါင္း ကိုးဦးကို ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးခဲ့သည္။ ထို႔ျပင္ လြယ္ဂ်ယ္ေဒသရွိ COVID-19 ေရာဂါပိုးေတြ႔ရွိသူ က်န္းမာေရး ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးႏွင့္ ထိေတြ႔ဆက္စပ္သူ ၁၀ဝ ေက်ာ္ကိုလည္း ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးခဲ့သည္။ ထိုသို႔ စစ္ေဆးမႈ ကို တရုတ္ႏိုင္ငံဘက္၏ အကူအညီျဖင့္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေဆးမႈအားလံုး၌ ေရာဂါပိုးရွိသူ မေတြ႔ခဲ့ေပ။ အစိုးရအ ေနျဖင့္လည္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးအတြက္ေျဖေလွ်ာ့၊ တိုးျမွင့္ရန္လိုအပ္သည့္ ကိစၥရပ္မ်ားမွအပ က်န္သည့္ ျပည္သူမ်ားထံသို႔ ပန္ၾကားခ်က္၊ အမိန္႔၊ အမိန္႔ေၾကာ္ျငာစာ၊ ညႊန္ၾကားခ်က္မ်ားကို ဇူလိုင္ ၁၅ ရက္ထိ ရက္တိုး ျမွင့္ေဆာင္ရြက္ထားေၾကာင္း ထုတ္ျပန္ထားသည္။ ရွမ္းလက္နက္ကိုင္ အဖြဲ႔ (RCSS) ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး အုမ္ေခး ကလည္း ၎တို႔ေဒသအတြင္း ေရာဂါကာကြယ္ေရးဆိုင္ရာမ်ား ေဆာင္ရြက္ရာတြင္ ကန္႔သတ္ကာလကို အစိုးရ ထုတ္ျပန္ထားသည့္ အတိုင္း ဇူလိုင္ ၁၅ ရက္အထိ သက္တမ္းတိုးထားေၾကာင္း ေျပာၾကားသည္။ https://7day.news/deta il?id=190727

**************

၁၀။     မူဆယ္တြင္ အမ်ိဳးသားတဦး ေသနတ္ပစ္သတ္ခံရ

July 3, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ေကာင္းမူးတံုရပ္ကြက္ တြင္ ယမန္ေန႔ ညပိုင္း၌ အမ်ိဳးသားတဦး ေသနတ္ပစ္ခံရေၾကာင္း စံုစမ္းသိရသည္။

ျဖစ္ဥ္မွာ ယမန္ေန႔ (ဇူလိုင္ ၂)ရက္ ည ၉ နာရီ ဝန္းက်င္တြင္ ေကာင္းမူးတံုရပ္ကြက္ ဟိုနားဘုန္းႀကီးေက်ာင္း ေဘးလမ္းတြင္ အသက္ ၂၅ ႏွစ္ အရြယ္ရွိ အမ်ိဳးသားတဦးေမာင္းလာသည့္ ဆိုင္ကယ္ေနာက္ကို အမည္မသိ သူ ၂ ဦး က လိုက္လံ ပစ္ခတ္ မႈေၾကာင့္ ေသဆံုးခဲ့ေၾကာင္း မူဆယ္ေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။“အသက္ ၂၅ ႏွစ္ ေကာင္ေလးေမာင္းလာတဲ့ ဆိုင္ကယ္ေနာက္ကို ဆိုင္ကယ္တစီးနဲ႔ လူ ၂ ေယာက္ကလိုက္ၿပီး ေသနတ္နဲ႔ ပစ္ၿပီးထြက္ေျပးသြားတယ္။ ေကာင္ေလးက ေတာ့ အဲ့မွာပဲ ေသသြားတယ္” ဟု မ်က္ျမင္ေတြ႔ရွိသည့္ ကိုလြင္ ကသွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။

ေသနတ္ပစ္ခံရၿပီး ေသဆံုးသြားသည့္ အမ်ိဳးသားသည္ ယာဘက္ လည္ပင္း၊ ယာဘက္ နံၾကား ႏွင့္ ယာဘက္ ဆီးခံု တို႔တြင္ က်ည္ ၃ ခ်က္ ဒဏ္ရာရရွိေၾကာင္း၊ ေသဆံုးသူအနီးတြင္လည္း ၉ မမ က်ည္ခြံ ၂ ခုေတြ႔ရွိေၾကာင္း မူဆယ္ၿမိဳ႕ ရဲစခန္းမွ စံုစမ္း သိရသည္။“ တရားခံကိုေတာ့ မေန႔ကတည္းက က်ေနာ္တို႔ ရွာေဖြေနပါတယ္။ အခုထိ က်ေနာ္တို႔ စံုစမ္းေနဆဲပါ”ဟု မူဆယ္ၿမိဳ႕မ ရဲစခန္းတြင္ တာဝန္က် ရဲအရာရွိတဦးက ေျပာသည္။ သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕သည္ တရုတ္နယ္စပ္ ၿမိဳ႕ ျဖစ္ၿပီး မၾကာခဏ လုယက္မႈ၊ ေသနတ္ပစ္ခတ္မႈ ႏွင့္ ဗံုးေပါက္ကြဲမႈမ်ားျဖစ္ပြားသည့္ ေနရာေဒသတဦးျဖစ္သည္။ https://bur mese.shannews.org/archives/17351

************

၁၁။     ရေသ့ေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ဟု ကာယကံရွင္ အမ်ိဳးသမီးေျပာဆို

July 3, 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မူစဲကြ်န္း၊ ဦးဂါေက်းရြာမွ သားသမီး ၄ ေယာက္၏ မိခင္ အသက္ (၃၇) ဝန္းက်င္ရွိ အမ်ိဳးသမီးတစ္ဦးကို ဇြန္လ ၃ဝ ရက္ေန႔ ညေန ၁၁ နာရီအခ်ိန္ခန္႔က တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ကာယကံရွင္ အမ်ိဳးသမီးက ထုတ္ေဖာ္ေျပာဆိုသည္။

အဓမၼျပဳက်င့္ခံရသူ ကာယကံရွင္အမ်ိဳးသမီး ——— (၃၇) ႏွစ္က “ စစ္ေဆးစရာရွိတယ္ဆိုၿပီး တပ္မေတာ္သား ၄ ဦးက က်မကို က်မအိမ္ကေန က်မေယာကၡမအိမ္ကို ေခၚတယ္။ ၿပီးေတာ့ က်မကို အက်ပ္ကိုင္တယ္။ ေသနတ္နဲ႔ ပစ္သတ္ဖို႔၊ ဓားနဲ႔ ထိုးဖို႔ဆိုၿပီးေတာ့ ေျပာတယ္။ က်မေယာကၡမအိမ္ကို ေရာက္တာနဲ႔ ၄ ေယာက္မွာ တစ္ေယာက္ေတာ့ ဘာမွ မလုပ္ဘူး။ ၃ ေယာက္က က်မကို အဓမၼျပဳက်င့္တယ္။ ေနာက္ၿပီး က်မကို ဘာသတင္းမွ မေပါက္ၾကားေစနဲ႔၊ ေပါက္ၾကားရင္ သတ္ပစ္မယ္ ဆိုၿပီး က်မကို ၿခိမ္းေျခာက္ေသးတယ္”ဟု နိရဥၥရာသတင္းဌာနသို႔ေျပာသည္။ အဓမၼျပဳက်င့္ခံရသူ၏ အိမ္ၿခံဝင္းထဲတြင္ အိမ္ ၄ ေဆာင္ရွိၿပီး ဇြန္လ ၃ဝ ရက္ေန႔ ညေနက ေျမာက္ဘက္အဆံုးက အိမ္တြင္ တပ္မေတာ္သား ၄ ေယာက္ ေနထိုင္ခဲ့ၿပီး တျခားရြာထဲက အိမ္မ်ားတြင္လည္း တပ္မေတာ္သားမ်ား ေနထိုင္ခဲ့ေၾကာင္း သူကေျပာသည္။

“ က်မကို ႏိုင္ထက္စီးနင္းလုပ္ၿပီးရင္။ က်မသမီးကိုလည္း ဆြဲေခၚတယ္။ က်မသမီးကိုလည္း ႏိုင္ထက္စီးနင္း လုပ္ဖို႔ႀကံစည္ တယ္။ က်မသမီးက ကေလးေမြးထားတာ ေျခာက္ရက္ဘဲရွိေသးတယ္။ က်မသမီးကိုေတာ့ ႏိုင္ထက္စီးနင္း မလုပ္ခဲ့ဘူး။ ဘာ ျဖစ္လို႔လဲဆိုေတာ့ သူတို႔ထဲကတစ္ေယာက္က သူတို႔ကိုလာတားတယ္။ အဲဒါေၾကာင့္မလုပ္ခဲ့ဘူး”ဟု သူကဆက္ေျပာသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းသို႔ နိရဥၥရာ သတင္းဌာနက ဆက္သြယ္ေမးျမန္းရာ ၎ျဖစ္စဥ္မွာ မဟုတ္ေၾကာင္း၊ ဝါဒျဖန္႔ခ်ီျခင္းသာျဖစ္ေၾကာင္း ေျပာၾကားသည္။ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင့္သိန္းသို႔ ဇူလိုင္ ၂ ရက္ နံနက္ ၁ဝ နာရီ မိနစ္ ၃ဝ က ဆက္သြယ္ ေမးျမန္း ခဲ့ရာ သူက “အဲဒီကိစၥ ကြ်န္ေတာ္တို႔ သတင္းအတိက် အေသးစိတ္မရေသးဘူး။ အဲဒါကို အခု စံုစမ္းဆဲျဖစ္ေနတယ္။ ကြ်န္ေတာ္ အခုပဲ ေစာင့္ေနတာ အဲဒီသတင္းကို”ဟု ေျပာဆိုသည္။ ဦးဂါေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွေအာင္ဇံက “ အဲဒီေန႔ က က်ေနာ္ရြာမွာ မရွိဘူး။ က်ေနာ္မွာ ကေလး ေနမေကာင္းလို႔ စစ္ေတြ ကို ေဆးခန္းျပဖို႔ေရာက္ေနတယ္။ ရြာအေျခအေန ကိုေတာ့ က်ေနာ္လည္း တိတိက်က်မသိဘူး။ သူတို႔နဲ႔က်ေနာ္ႏွင့္ အဆက္သြယ္လည္း မလုပ္ရေသးဘူး” ဟု ေျပာသည္။ https://www.bnionline.net/mm/news-73994

*************

၁၂။     မတူပီၿမိဳ႕နယ္ ဆေဘာင္းပီေက်းရြာတြင္  ၉ တန္း၊ ၁ဝ တန္း သင္ေပးမည့္ ဆရာကို ရပ္ရြာမိဘမ်ားမွ ပိုက္ဆံစုၿပီး ေခၚယူ

July 3, 2020

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္ ဆေဘာင္းပီေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းတြင္ အထက္တန္းျပ ဆရာလိုအပ္သ ျဖင့္ ေဒသခံ ရပ္ရြာမိဘမ်ားမွ ပိုက္ဆံစု ဌားရမ္းထားၿပီ ျဖစ္ေၾကာင္း သိရသည္။

ဆေဘာင္းပီ အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးရိန္ယိုင္းက “လက္ရွိ အထက္တန္းျပဆရာက တစ္ေယာက္တည္းရွိေတာ့ အထက္တန္းသင္ေပးမဲ့ ဆရာ/ဆရာမ ဌားဖို႔လုပ္ထားတယ္ ဒီမွာရွိတဲ့ မိဘေတြက အစိုးရကခန္႔ မရခင္ မိဘေတြကိုယ္တိုင္ ပိုက္ဆံစုၿပီးဌားဖို႔ လုပ္တာျဖစ္တယ္ လုပ္ခ်င္တဲ့သူေတြကိုရွာတာ ဆရာေလးေယာက္ေတာ့ရၿပီ”ဟု ေျပာသည္။ ဆေဘာင္းပီေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ကိုးတန္း၊ ဆယ္တန္း သင္ၾကားေပးမည့္ ဆရာ အလံုေလာက္မရွိသျဖင့္ ထိုအခက္ခဲကို ေျဖေလ်ာ့ႏိုင္ေရးအတြက္ ရပ္ရြာမိဘျပည္သူမ်ားမွ အထက္တန္း သင္ၾကားပို႔ခ်ေပး ႏိုင္မည့္ ဆရာတစ္ဦးကို ညဏ္ပူေဇာ္ခအျဖစ္ တစ္လလွ်င္ က်ပ္ သံုးသိန္း ႏွင့္ ညစာက်က္ ဝိုင္းႀကီးၾကပ္ခ ငါးေသာင္းက်ပ္တို႔ ေထာက္ပံ့ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

ဆေဘာင္းပီ အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာႀကီး ဦးရိန္ယိုင္းက “တစ္ေက်ာင္းလံုးမွာ တစ္ေက်ာင္းလံုး မွာ ေက်ာင္းသားဦးေရ သံုးရာဝန္းက်င္ရွိတယ္ အထက္တန္းက ေက်ာင္းသူေက်ာင္းသား အေယာက္ ငါးဆယ္ေလာက္ရွိ တယ္ ေက်ာင္းဖြင့္ရင္ အထက္တန္းေက်ာင္းသားဦးေရက ဒီထက္မက ပိုလည္းမ်ားလာ ႏိုင္တယ္”ဟု ေျပာသည္။

မတူပီၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားတြင္ ေက်ာင္းဆရာဆရာမ အလံုေလာက္မရွိသည့္ ေက်ာင္းအေျမာက္မ်ားရွိေနေသး ေၾကာင္းလည္း မတူပီၿမိဳ႕နယ္ ပညာေရးမွဴးရံုးတြင္ ကြန္ျပဴတာ လုပ္ေဆာင္ေရးမွဴး ဦးတလံုကုတ္က ဆိုသည္။ https://www .bnionline.net/ mm/news-73996

*************

၁၃။     နာဂအမ်ိဳးသားပါတီ (NNP) က အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္                                ၁၅ ၿမိဳ႕နယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

July 3, 2020

၂၀၂ဝ အေထြေထြေရြးေကာက္ပြဲတြင္ နာဂအမ်ိဳးသားပါတီ (NNP) က ကခ်င္ျပည္နယ္ႏွင့္စစ္ကိုင္းတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ဇူလိုင္ ၃ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္သည္။

အေထြေထြေရြးေကာက္ပြဲတြင္ နာဂအမ်ိဳးသားပါတီ (NNP) က ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္မ်ားမွာ စစ္ကိုင္းတိုင္း ေဒသႀကီး ခႏၱီးၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၁)ႏွင့္ အမွတ္(၂) တို႔ျဖစ္ၿပီး ဟုမၼလင္းၿမိဳ႕နယ္တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၁) ျဖစ္ေၾကာင္း သိရသည္။ ထို႔အတူ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလရွီးၿမိဳ႕နယ္၊ လဟယ္ၿမိဳ႕နယ္၊ နန္းယြန္းၿမိဳ႕နယ္မ်ားတြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၁)ႏွင့္ အမွတ္(၂)တို႔၌ အသီးသီးဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး  ေလရွီး ၿမိဳ႕နယ္၊ လဟယ္ၿမိဳ႕နယ္၊ နန္းယြန္းၿမိဳ႕နယ္ပါဝင္သည့္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း နာဂအမ်ိဳးသားပါတီ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ အလားတူ နာဂအမ်ိဳးသားပါတီအေနျဖင့္ ကခ်င္ ျပည္နယ္ တႏိုင္းၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္(၂)ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

နာဂအမ်ဳိးသားပါတီ (NNP) အေနျဖင့္ ေရြးေကာက္ပြဲတြင္ပါဝင္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ စာရင္းကို စိစစ္ေနေၾကာင္း၊ ကိုယ္စားလွယ္ေလာင္းမ်ား၏စာရင္းကို အတည္ျပဳၿပီးပါက ေရြးေကာက္ပြဲေကာ္မရွင္တြင္ အမည္စာရင္းတင္ သြင္းျခင္းကို  ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း နာဂအမ်ိဳးသားပါတီ (NNP) ဥကၠ႒ ဦးရႈ႕ေမာင္က ေျပာၾကားသည္။ “ေလာေလာဆယ္ ကြ်န္ေတာ္တို႔ ဆံုးျဖတ္ခ်က္ခ်ထားတာကေတာ့ မဲဆႏၵနယ္ေပါင္း ၁၅ ေနရာေလာက္ဝင္ၿပိဳင္ဖို႔ရွိတယ္။ ဒီထက္တိုးဖို႔လည္းရွိရင္ရွိမယ္။ ဝင္ၿပိဳင္မယ့္ေနရာေလ်ာ့ဖို႔ေတာ့မရွိဘူး။ ကြ်န္ေတာ္တို႔ဘက္က ျပင္ဆင္မႈအေနနဲ႔ေတာ့ သက္ ဆိုင္ရာၿမိဳ႕နယ္ကေန တင္ျပလာတဲ့ အမတ္ေလာင္းစာရင္းေတြကို အခုစိစစ္ေနတယ္။ မၾကာခင္ ကြ်န္ေတာ္တို႔ အတည္ျပဳ မယ္။ အတည္ျပဳၿပီးေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ထုတ္ျပန္ထားတဲ့ အမတ္ေလာင္းတင္သြင္းတဲ့ရက္ေတြရွိတယ္။ အဲဒီ ရက္ေတြမွာ က်ေနာ္တို႔ တင္သြင္းသြားမွာပါ။ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္က ၿမိဳ႕နယ္ေပါင္း တစ္ဆယ့္ငါးၿမိဳ႕နယ္ကို ဝင္ၿပိဳင္သြားမွာပါ”ဟု နာဂအမ်ိဳးသားပါတီ (NNP) ဥကၠ႒ ဦးရႈ႕ေမာင္က ေျပာၾကားသည္။

နာဂအမ်ိဳးသားပါတီသည္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၂၅ ရက္တြင္ ပါတီမွတ္ပံုတင္ရရွိခဲ့ၿပီး ပါတီဌာနခ်ဳပ္ရံုးအား စစ္ကိုင္း တိုင္းေဒသႀကီး ခႏၱီးၿမိဳ႕တြင္ဖြင့္လွစ္ထားသည္။ https://news-eleven.com/article/181091

************

၁၄။     ႏိုဝင္ဘာေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမတခ်ိဳ႕ေျပာင္းလဲမႈအေပၚ ေဝဖန္မႈေတြရွိ

June 2, 2020

ႏိုဝင္ဘာလမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵနယ္ေျမေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ က ေၾကညာခဲ့ရာမွာ အေျပာင္းအလဲေတြ ရွိခဲ့တဲ့အတြက္ ေဝဖန္သံေတြ ထြက္ေပၚလာတာပါ။ အထူးသျဖင့္ တိုင္းရင္းသား ေဒသေတြမွာ မဲဆႏၵနယ္ေျမတခ်ိဳ႕ အေျပာင္းအလဲ ရွိခဲ့တဲ့အတြက္ သက္ဆိုင္ရာနယ္ေျမအတြက္ ကိုယ္စားျပဳမႈေတြကို ထိ ခိုက္မွာ စိုးရိမ္ေနၾကတာပါ။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ ကယား၊ ရခိုင္၊ ရွမ္းျပည္နယ္ေတြနဲ႔ ဧရာ၀တီ တိုင္းအတြင္းက အမ်ိဳးသားလႊတ္ေတာ္ နယ္ေျမအမွတ္တခ်ိဳ႕မွာ အေျပာင္းအလဲေတြ လုပ္ခဲ့သလို အရင္က ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိခဲ့တဲ့ ရွမ္းျပည္နယ္ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမေတြျဖစ္တဲ့ ပန္ဆန္း၊ နားဖန္း၊ ပန္ဝိုင္၊ မိုင္းေမာၿမိဳ႕ နယ္ ေတြလည္း ပါဝင္လာပါတယ္။

ဒါေပမဲ့လည္း ဒီလိုအေျပာင္းအလဲေတြဟာ သက္ဆိုင္ရာေဒသေတြက ႏိုင္ငံေရးအင္အားစုေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈမရွိဘူး ဆိုၿပီး ကယန္းအမ်ိဳးသားပါတီဥကၠ႒ ခြန္ဘီထူး တို႔လို တိုင္းရင္းသား ႏိုင္ငံေရးသမားေတြက ေထာက္ျပေနၾကတာပါ။ “တခ်ိဳ႕ မဲဆႏၵနယ္ေတြကို ဟိုဘက္ေပါင္းလိုက္ ဒီဘက္ကိုထည့္လိုက္လုပ္တယ္ ဘာေၾကာင့္လုပ္လဲ မသိဘူး။ တခ်ိဳ႕ကိုယ္စားလွယ္ ေတြက အရင္တိုင္းပဲ ျဖစ္မယ္လို႔ထင္ထားေတာ့ ၀င္ၿပိဳင္ဖို႔ ခက္ခဲသြားတဲ့ အေနအထားမ်ိဳးေတြ ေတြ႔ရတယ္။ ကိုယ္စားလွယ္ ေလာင္းေတြ ၀င္ၿပိဳင္မယ့္ေနရာ အေျပာင္းအလဲျဖစ္သြားေတာ့ မဲဆႏၵနယ္ေျပာင္းၿပီးေတာ့ ၀င္ၿပိဳင္ရမလိုလို၊ ဒါမွမဟုတ္လည္း သူတို႔နယ္ေျမထဲမွာပဲ ဆက္ၿပီးေတာ့ ၀င္ၿပိဳင္ရမလိုလို အဲလိုအခက္အခဲေတြ က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ေကာ္မရွင္ကိုေမးေတာ့ လူ၀င္မႈႀကီးၾကပ္ေရးကေန စာရင္းရတယ္ အဲဒါကို ညိွၿပီးတိုင္ပင္ၿပီးမွ လုပ္တာဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ဒါကမတရားဘူးလို႔ယူဆတယ္။ ႏိုင္ငံေရးပါတီေတြနဲ႔တိုင္ပင္ သင့္တယ္။”

ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျဖစ္ပြားေနေပမယ့္ ၿမိဳ႕နယ္အားလုံးမွာ ေ႐ြးေကာက္ပြဲေတြကို က်င္းပသြားဖို႔လည္း ေကာ္မရွင္ က ေၾကညာထားပါတယ္။ ဒါေပမယ့္လည္း လုံၿခဳံေရးအရ စိန္ေခၚမႈေတြၾကားမွာ လြတ္လပ္မွ်တမႈရွိရွိ က်င္းပႏိုင္ပါ့မလား ဆိုတာကိုလည္း ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးသာထြန္းလွ တို႔လို ေဒသခံႏိုင္ငံေရးအသိုင္းအဝန္းက စိုးရိမ္ေနပါတယ္။ “ထိ ခိုက္မႈက အဲဒီမွာက်ေနာ္တို႔ လူနည္းစု ရခိုင္လူမ်ိဳးပါတီေတြရွိတယ္။ ၿမိဳတိုင္းရင္းသားပါတီတို႔လိုမ်ိဳး ဒီလို မ်ိဳးႏြယ္စု ပါတီေတြ အဲဒီဘက္မွာအေျခစိုက္တာမ်ားတယ္။ ၀င္ၿပိဳင္မယ့္ မဲဆႏၵနယ္ေတြ အေရအတြက္ ထိခိုက္မႈရွိတယ္လို႔ ျမင္တယ္။ ဘာပဲေျပာ ေျပာ ေရြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ သူတို႔လုပ္ေဆာင္ေနတာက ဘယ္လိုေျပာမလဲဆိုရင္ တိတိက်က် ဘာအေျဖမွ မေပးႏိုင္တဲ့ အေျခအေနမ်ိဳး လို႔ ျမင္ပါတယ္။”

ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အေရးႀကီးတဲ့ အခန္းက႑မွာ ရွိေနတဲ့ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္ လို႔ ႏိုင္ငံေရးပါတီေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးမႈေတြမရွိဘူးဆိုၿပီး ႏိုင္ငံေရးပါတီတခ်ိဳ႕က ေဝဖန္ေနၾကသလို၊ သတင္း အခ်က္အလက္ ထုတ္ျပန္မႈေတြမွာလည္း ပြင့္လင္းျမင္သာမႈ မရွိဘူးဆိုၿပီး စြပ္စြဲတာေတြလည္း ရွိေနပါတယ္။ အခုလို မဲဆႏၵ နယ္ေျမတခ်ိဳ႕မွာ အေျပာင္းအလဲလုပ္ခဲ့တာ အပါအဝင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လို႔ ေမးခြန္းေတြထြက္ ေပၚေန တာေတြနဲ႔ ပတ္သက္လို႔ ေကာ္မရွင္ကို ေမးျမန္းဖို႔ ဆက္သြယ္ခဲ့ေပမယ့္ တုံ႔ျပန္ေျဖၾကားတာ မရွိပါဘူး။ https://burmese.v oanews.com/a/myanmar-election-/5485154.html

*************

၁၅။     ခ်က္ခ်င္းအပစ္ရပ္ဖို႔ တပ္မေတာ္ကို ကုလသမဂၢ လူ႕အခြင့္အေရး မဟာမင္းႀကီးတိုက္တြန္း

June 30, 2020

ရခိုင္ျပည္နယ္က တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ အတိဒုကၡေရာက္ေနၾကသလို၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားၾက တဲ့ ရိုဟင္ဂ်ာေတြလည္း ေနရပ္မျပန္ႏိုင္ဘဲ ျဖစ္ေနရတဲ့အတြက္ တိုက္ပြဲေတြ အျမန္ဆံုးရပ္ဖို႔ ကုလသမဂၢ လူ႔အခြင့္အေရး ဆိုင္ရာ မဟာမင္းႀကီးက တိုက္တြန္းလိုက္ပါတယ္။ ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ကေတာ့ ရခိုင္ျပည္ နယ္ ဖြံ႔ၿဖိဳၚေရးနဲ႔ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစိုးရက ႀကိဳးပမ္းေနပါတယ္လို႔တံု႔ျပန္ခဲ့တာပါ။ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕မွာ လုပ္တဲ့ ၄၄ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ ကုလသမဂၢရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး မီရွဲ ဘတ္ရွလတ္ (Michelle Bachelet) က ေတာင္းဆိုသြားတာပါ။“ျမန္မာႏိုင္ငံထဲက တျခားေဒသေတြမွာ အပစ္ခတ္ရပ္စဲ ထားသလို ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာလည္း အပစ္ခတ္ ရပ္စဲဖို႔နဲ႔ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတာေတြကို ခ်က္ခ်င္း ရပ္ဖို႔ တပ္မေတာ္ကို က်မ ေတာင္းဆိုပါတယ္။”

ရခိုင္နဲ႔ ခ်င္းျပည္နယ္က ေဒသခံအရပ္သားေတြဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား ျဖစ္ေနတဲ့ တိုက္ပြဲဒဏ္ကို အႀကီးအက်ယ္ ခံစားေနရၿပီး၊ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းတဝိုက္မွာ “နယ္ေျမရွင္းလင္းေရး”- ဆိုတဲ့ ညႊန္ၾကား ခ်က္ေၾကာင့္ ေဘးလြတ္ရာထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြ အခုဆိုရင္ ခန္႔မွန္းေခ် ၁ ေသာင္းထက္မနည္း ရွိေနၿပီလို႔ လည္း မစ္ဘတ္ရွလတ္ က ေျပာခဲ့ပါတယ္။ ျမန္မာအစိုးရအေနနဲ႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂုတားရတ္စ္ (António Guterres) ရဲ့ ကမာၻတဝွမ္း အပစ္ရပ္ဖို႔ ေတာင္းဆိုခ်က္ကို ေလးစားလိုက္နာဖို႔နဲ႔ ရခိုင္ျပည္နယ္ကေန ဘလဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကရတဲ့ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္လာႏိုင္ဖို႔ လံုၿခံဳေရး၊ ဥပေဒေရးရာေတြအရ အတား အဆီး ျဖစ္ေနတဲ့ ကိစၥေတြကို ေျဖရွင္းဖို႔ကိုလည္း – မီရွဲ ဘတ္ရွလတ္ က ပန္ၾကားခဲ့တာပါ။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္လာတဲ့အတြက္ ေဒသခံေတြ စားနပ္ရိကၡာ ျပတ္လပ္မႈနဲ႔ အိုးအိမ္ စြန္႔ခြာရတဲ့ ျပႆနာေတြ ေပၚေပါက္လာႏိုင္တာေၾကာင့္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တိုက္တြန္းခ်က္အတိုင္း အပစ္ အခတ္ရပ္စဲဖို႔လည္း ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႔ ၂၀ က အဂၤါေန႔မွာပဲ ပူးတြဲေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့တာ ပါ။ ရခိုင္ျပည္နယ္မွာ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြလုပ္ဖို႔ ျပင္ဆင္ေနေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ ထဲ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္မွာလည္း ႏိုင္ငံတကာဒုကၡသည္အေရးေဆာင္ရြက္ေနတဲ့ Refugees International အဖြဲ႔က ဒီလုပ္ရပ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက ရိုဟင္ဂ်ာေတြထြက္ေျပးခဲ့ရတဲ့ ျဖစ္ရပ္မ်ိဳးကို ျပန္လည္ထင္ဟပ္ ေနတယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။ https://www.rfa.org/burmese/news/un-humanrights-commissioner-rakhine-war-0630202 0211335.html

************

၁၆။     ၂၀၂၀ အေထြေထြေရြးေကာက္ပြဲက်င္းပခ်ိန္တြင္ လြတ္လပ္စြာဆႏၵမဲေပးႏိုင္ေရး  တိုက္ပြဲမ်ားရပ္တန္႔ရန္ ကခ်င္ျပည္နယ္                            ျပည္သူ႔ပါတီ တိုက္တြန္း

July 2, 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲ က်င္းပခ်ိန္တြင္ လြတ္လပ္စြာဆႏၵမဲေပးႏိုင္ေရးအတြက္ တိုက္ပြဲမ်ား ရပ္တန္႔ေစလိုသည္ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) က ဇူလိုင္ ၂ ရက္တြင္ သေဘာထားထုတ္ျပန္သည္။ ထို႔အျပင္ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ျခင္းဆိုင္ရာ လုပ္ငန္းစဥ္မ်ား ေကာင္းမြန္ေခ်ာေမြ႔စြာ လက္တြဲေဆာင္ရြက္ႏိုင္ေရး၊ စစ္ေဘးေရွာင္ျပည္သူမ်ား ေဘး ကင္းလံုၿခံဳၿပီး ဂုဏ္သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေရးတို႔အတြက္လည္း တိုက္ပြဲမ်ားရပ္တန္႔ရန္ KSPP ပါတီ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

“ဒီေရြးေကာက္ပြဲဟာမလြဲမေသြ လုပ္ရမယ့္ေရြးေကာက္ပြဲျဖစ္တယ္။ ဒါေၾကာင့္မို႔ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ေစခ်င္တယ္။ ေနာက္ၿပီး COVID-19 ေရာဂါလည္း ျဖစ္ေနတယ္။ ဒါေျကာင့္ ေရြးေကာက္ပြဲလုပ္တဲ့အခ်ိန္မွာ က်န္းမာေရး နဲ႔အညီ လုပ္သြားဖို႔ေတာ့ လိုတာေပါ့။ ေနာက္တစ္ခုကဒီ ၿငိမ္းခ်မ္းေရးဟာ မလြဲမေသြတပ္ေတြ၊ ထိုးစစ္ေတြ မလုပ္ဖို႔ေပါ့”ဟု KSPP ပါတီ ဒုတိယဥကၠ႒ (၂) ဦးေအာင္ခမ္းက ေျပာၾကားသည္။

COVID-19 ေရာဂါ ကူးစက္မႈ ဆက္လက္ျမင့္တက္ ေနျခင္းႏွင့္ ျပည္တြင္းတိုက္ပြဲမ်ား ျဖစ္ေပၚေနျခင္းတို႔ေၾကာင့္ အေထြေထြ ေရြးေကာက္ပြဲက်င္းပရာတြင္ ျပည္သူမ်ား၏ ဆႏၵမဲေပးခြင့္ ထိခိုက္ဆံုးရံႈးမႈမရွိရန္ လိုအပ္သည္ဟု KSPP ပါတီေၾကညာခ်က္ တြင္ပါရွိသည္။ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ သတ္ မွတ္ထားသည့္ စံငါးခ်က္ႏွင့္အညီ တစ္ႏိုင္ငံလံုးရွိ မဲဆႏၵနယ္မ်ားတြင္ တည္ၿငိမ္ေအးခ်မ္းစြာ က်င္းပႏိုင္ရန္လြန္စြာ အေရးႀကီး သည္ဟုလည္း ေျကညာခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီသည္ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ၊ ကခ်င္ဒီမိုကရက္တစ္ပါတီ၊ စည္းလံုးညီညႊတ္ေရးႏွင့္ ဒီမိုကေရစီပါတီကခ်င္ျပည္နယ္ႏွင့္ ျပည္ေထာင္စုတိုင္းရင္းသားမ်ား ဖက္ဒရယ္ဒီမိုကေရစီပါတီတို႔ ပူးေပါင္းတည္ေထာင္ထား ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ ႏိုင္ငံေရးပါတီ မွတ္ပံုတင္ရရွိခဲ့သည္။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ဟု  ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဇူလိုင္  ၁ ရက္တြင္ ေၾကညာခဲ့သည္။ https://news-ele ven.com/article/181028

*************

၁၇။     SNLD ပါတီကိုယ္စားျပဳ အေထြေထြေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္သူမ်ား ကိုယ္စားလွယ္ေလာင္း အဆိုျပဳလႊာ စတင္ ေ               လွ်ာက္ထားႏိုင္

July 2, 2020

အေထြေထြေရြးေကာက္ပြဲဝင္ေရာက္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အဆိုျပဳလႊာမ်ားကို ၿမိဳ႕နယ္ေကာ္မတီမ်ားတြင္ ဇူလိုင္ ၁ ရက္မွစတင္ထုတ္ယူႏိုင္ၿပီး ဇူလိုင္ ၁၀ ရက္ ေနာက္ဆံုးထား တင္သြင္းရမည္ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (SNLA) ပါတီက ဇူလိုင္ ၂ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

SNLD ပါတီဝင္ သက္တမ္းအနည္းဆံုး ေျခာက္လရွိသူ၊ အေျခခံဥပေဒပါ အသက္အရြယ္ကန္႔သတ္ခ်က္မ်ားႏွင့္ကိုက္ညီသည့္ မည္သူမဆို ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားႏိုင္ၿပီး ဘာသာေရးကန္႔သတ္ခ်က္မရွိဟု ပါတီအေထြေထြအတြင္း ေရးမွဴး ဦးစိုင္းလိတ္က ေျပာၾကားသည္။“ပညာအရည္အခ်င္းအေနနဲ႔ ျပည္ေထာင္စုအဆင့္မွာဆိုရင္ ဘြဲ႔ရရမယ္။ ဘြဲ႔မရင္ ဒီပလိုမာ တစ္ခုခုရရမယ္။ ျပည္နယ္အဆင့္မွာ အေျခခံပညာအထက္တန္းအဆင့္ ဒါကို အနည္းဆံုးသတ္မွတ္ထားပါတယ္။ ေရြးခ်ယ္မႈ မွာေတာ့ လူငယ္နဲ႔ အမ်ိဳးသမီးကို ပိုၿပီးဦးစားေပးေရြးခ်ယ္မွာျဖစ္တယ္။ အရည္အခ်င္းတူတယ္ဆိုရင္ လူငယ္နဲ႔ အမ်ိဳးသမီးကို ဦးစားေပးမွာေပါ့”ဟု SNLD ပါတီ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္က ေျပာျကားသည္။ ကိုယ္စား လွယ္ေလာင္း အဆိုျပဳလႊာမ်ားအေပၚ ၿမိဳ႕နယ္ေကာ္မတီ၊ ဗဟိုဌာနခ်ဳပ္ရံုးခြဲေကာ္မတီႏွင့္ ဗဟိုဌာနခ်ဳပ္ေကာ္မတီတို႔ကို အဆင့္ ဆင့္ စိစစ္ေရြးခ်ယ္ သြားမည္ဟု SNLD ပါတီက ထုတ္ျပန္သည္။

SNLD ပါတီအေနျဖင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ရွမ္းျပည္နယ္အတြင္းရွိ မဲဆႏၵနယ္မ်ားအျပင္ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ မႏၱေလးတိုင္းရွိ မဲဆႏၵနယ္အခ်ိဳ႕တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု ဦးစိုင္းလိတ္က ဆိုသည္။ ကခ်င္ျပည္ နယ္နွင့္ ကယားျပည္နယ္တြင္ တိုင္းရင္းသားလူမ်ိဳးေရးရာ မဲဆႏၵနယ္မ်ားအျပင္ မဲဆႏၵနယ္အခ်ိဳ႕တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ မည္ျဖစ္ေသာ္လည္း မႏၱေလးတိုင္းေဒသႀကီးတြင္ တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာျဖစ္သည့္ ရွမ္းတိုင္းရင္းသားေရးရာလူမ်ိဳး မဲဆႏၵနယ္တြင္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ လ်ာထားေျကာင္း ၎က ေျပာၾကားသည္။ ရွမ္းျပည္နယ္အတြင္း ျပည္နယ္လံုး အတိုင္းအတာျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေသာ္လည္း  ရွမ္းလူမ်ိဳးအနည္းစုသာရွိသည့္ မဲဆႏၵနယ္အခ်ိဳ႕ကို ခ်န္လွပ္ဖြယ္ ရွိသည္ဟု ၎က ဆက္လက္ေျပာၾကားသည္။

က်ားေခါင္းပါတီဟု လူသိမ်ားသည့္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ပါတီသည္ ၂၀၁၅ အေထြေထြေရြး ေကာက္ပြဲတြင္ ရွမ္းျပည္နယ္အတြင္း ဒုတိယအမ်ားစု အႏိုင္ရပါတီျဖစ္သကဲ့သို႔ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္တြင္လည္း ကိုယ္စားလွယ္အခ်ိဳ႕ အႏိုင္ရခဲ့သည္။ https://news-eleven.com/article/180988

*************

၁၈။     ကုိဗစ္ ကပ္ေရာဂါ ကာလျဖစ္၍ ပါတီစည္းရုံးေရးလုပ္ငန္း စိန္ေခၚမႈမ်ားမည္ဟု ကရင္ပါတီေျပာ

July 2, 2020

Covid-19 ကပ္ေရာဂါ ကာလျဖစ္ေသာေၾကာင့္ ေရြးေကာက္ပဲြအတြက္ ပါတီစည္းရုံးေရးလုပ္ငန္းမ်ား၊ နယ္ေျမ စည္းရုံးေရး လုပ္ငန္းမ်ားတြင္ စိန္ေခၚမႈမ်ားစြာရွိမည္ဟု ကရင္ျပည္နယ္အေျခစုိက္ ကရင္ပါတီမ်ားက ေကအုိင္စီသုိ႔ ေျပာဆုိသည္။ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေရြးေကာက္ပြဲကုိ ႏုိဝင္ဘာ ၈ ရက္ေန႔တြင္ ျပဳလုပ္သြားမည္ဟု (ဇူလုိင္ ၁ ရက္)၌ သတ္မွတ္ေၾကညာအၿပီး ျပည္နယ္အေျခစုိက္ ကရင္ပါတီ ၂ ပါတီက ယခုလုိ ေျပာဆုိလုိက္ျခင္းလည္းျဖစ္သည္။

ကရင္အမ်ိဳးသားဒီမုိကရက္တစ္ပါတီ(KNDP) ဥကၠ႒ မန္းေအာင္ျပည္စုိးက “မဲဆြယ္စည္းရုံးေရးနဲ႔ ပတ္သက္ၿပီး စည္းကမ္း သတ္မွတ္ခ်က္ထြက္လာတာ မေတြ႔ေသးဘူး။ ၃ ေပ၊ ၆ ေပ ကြာရင္ စည္းရုံးႏုိင္တယ္။ ဒါေပမယ့္ ဘယ္ႏွစ္ေယာက္ စည္းရုံးလုိ႔ ရမလဲဆုိတာ သူတုိ႔မေျပာေသးဘူး။ ဘယ္ေနရာမွာလုပ္မလဲဆုိတဲ့ ခြင့္ျပဳမိန္႔ကုိလည္း ေတာင္းရမယ္။ အဲဒါေတြက ကုိယ္တုိ႔ အတြက္ အေႏွာင့္အယွက္ျဖစ္တာေပါ့။ လြတ္လြတ္လပ္လပ္မရွိဘူးေပါ့ကြာ။”ဟု ေျပာသည္။ ထုိ႔အျပင္ ပါတီစည္းရုံးေရး    လုပ္ငန္းမ်ားတြင္ ပါတီႀကီးမ်ားႏွင့္ ႏိႈင္းယွဥ္လာပါက ေငြေၾကးအင္အား အားနည္းျခင္းမ်ားရွိသည့္အတြက္ လူထုမ်ားအား အမ်ိဳးသားေရးစိတ္ဓာတ္မ်ားျဖင့္သာ အဓိကထားစည္းရုံးသြားမည္ ျဖစ္ေၾကာင္းလည္း မန္းေအာင္ျပည္စုိးက ဆက္ေျပာသည္။

ဖလံု-စေဝၚဒီမုိကရက္တစ္ပါတီ(PSDP) ဥကၠ႒ ေစာခင္ေမာင္ျမင့္ကလည္း “အခက္အခဲကေတာ့ က်န္းမာေရးလမ္းညႊန္ခ်က္ အတုိင္းဆုိရင္ လူစုလူေဝးနဲ႔ စည္းရုံးေဟာေျပာတာေတြ ဘယ္လုပ္ႏုိင္မလဲ။ မလုပ္ႏုိင္ဘူးဆုိရင္ေတာ့ တစ္ရြာဝင္တစ္ရြာ ထြက္ၿပီး လက္ကမ္းစာေစာင္ေတြ လုိက္ေဝဖုိ႔ႀကိဳတင္စီစဥ္ထားတယ္။”ဟု ေျပာသည္။ လူစုလူေဝးမ်ားျဖင့္ မေနရဟုဆုိေသာ္ လည္း အာဏာရပါတီဝင္မ်ားအေနျဖင့္ အစုိးရလုပ္ငန္းမ်ား၊ တာဝန္ျဖင့္သြားရသည့္ ခရီးစဥ္မ်ားအတြင္း စည္းရုံးေရးပါေရာ၍ လုပ္ေဆာင္ေနသည္မ်ားကုိ ေတြ႔ျမင္ေနရေသာ္လည္း မိမိတုိ႔ပါတီမ်ားအေနျဖင့္ ထုိသုိ႔ေသာအခြင့္အေရးမရရွိၾကေၾကာင္း ေစာခင္ေမာင္ျမင့္က သံုးသပ္ေျပာဆုိသည္။

လက္ရွိတြင္ ကရင္ျပည္နယ္အေျခစုိက္ ဖလုံ-စေဝၚဒီမိုကရက္တစ္ပါတီ(PSDP) ႏွင့္ ကရင္အမ်ိဳးသား ဒီမုိကရက္တစ္ပါတီ (KNDP)၊ ရန္ကုန္အေျခစုိက္ ကရင္ျပည္သူ႔ပါတီ(KPP) ႏွင့္ ကရင္အမိ်ဳးသားပါတီ (KNP)တုိ႔ တရားဝင္ ႏုိင္ငံေရးပါတီမ်ား အျဖစ္ ရပ္တည္လ်က္ရွိသည္။ http://kicnews.org/2020/07/%e1%80%80%e1%80%af%e1%80%ad%e1%80  %97%e1%80%85%e1%80

**************

၁၉။     ေတာင္ကုတ္တြင္ မိုင္း ေပါက္ကြဲမႈျဖစ္ ၄ ဦးေသဆံုး

June 30, 2020

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ဇြန္လ ၂၉ ရက္ ညေန ၁၁ နာရီဝန္းက်င္က မိုင္းေပါက္ကြဲမႈ ျဖစ္ပြားသျဖင့္ ၄ ဦး ေသဆံုးသြားခဲ့ေၾကာင္း သတင္းရရွိသည္။ မိုင္းေပါက္ကြဲသည့္ ေနရာမွာ ေတာင္ကုတ္- မအီကားလမ္းႏွင့္ ေပ ၁၀ဝ ခန္႔အကြာ တရဘ ေက်းရြာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသဆံုးသူမ်ားမွာ ေဒသခံမ်ား မဟုတ္ဘဲ မည္သူ၊ မည္ဝါ ျဖစ္သည္ကို မသိရွိ ရေၾကာင္း ေတာင္ကုတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သိန္းႏိုင္က ေျပာသည္။ ရဲမွဴး သိန္းႏိုင္က “ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး သတင္းေပးပို႔ခ်က္အရ မေန႔က ည ၁၁ နာရီေလာက္မွာ ေပါက္ကြဲသံၾကားတယ္။ မနက္မိုးလင္းေတာ့ သြားၾကည့္တဲ့အခါ အဲဒီ အနား ၄ ေယာက္ ေသေနတာကို ေတြ႔တယ္။ ၄ ေယာက္မွာ ၁ ေယာက္ကေတာ့ ေျခေတြ၊ လက္ေတြျပတ္ၿပီး ေသဆံုးေန တာကို ေတြ႔တယ္လို႔ ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါ မိုင္းေပါက္ကြဲမႈတြင္ ေသဆံုးသြားသူမ်ားမွာ ရကၡိဳင္စစ္တပ္ (AA) တပ္ဖြဲ႔ဝင္မ်ားျဖစ္ၿပီး ေဒသႏၱရ လက္လုပ္မိုင္း ေထာင္စဥ္ ေပါက္ကြဲမႈျဖစ္၍ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း အေသးစိတ္စစ္ေဆးရာ ေဒသႏၱရမိုင္း ျပဳလုပ္ရာတြင္ အသံုးျပဳ သည့္ အခ်င္း ၄ လက္မ၊ အလ်ား ၆ လက္မခန္႔ရွိ ကြန္ၾကဴပိုက္ အပိုင္းအစမ်ား သံတို/သံစမ်ား၊ ႏိုင္ငံသားစိစစ္ေရးကတ္၊ လက္ကိုင္ဖုန္း ၄ လံုးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ ၂ စီးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္တြင္ “AA အဖြဲ႔မ်ားအေနျဖင့္ အမ်ားျပည္သူအသံုးျပဳလ်က္ရွိေသာ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားကို မိုင္းေထာင္၊ မိုင္းဆြဲတိုက္ခိုက္မႈမ်ား ေဆာင္ရြက္လ်က္ရွိၿပီး ယခုတြင္လည္း ေတာင္ကုတ္- မအီ သြားကားလမ္းတြင္ ေဒသ တည္ၿငိမ္ေအးခ်မ္းေရးပ်က္ျပားေအာင္ ရည္ရြယ္၍ ေဒသႏၱရလက္လုပ္မိုင္း ေထာင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ ေၾကာင္းႏွင့္ မိုင္းေထာင္ေပါက္ကြဲစဥ္ အေသသိမ္းဆည္းရမိေသာ AA အေလာင္းမ်ားကို လုပ္ထံုး လုပ္နည္းႏွင့္အညီ ေဆာင္ ရြက္ႏိုင္ေရး သက္ဆိုင္ရာသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း” ေဖာ္ျပထားသည္။

ယင္းေပါက္ကြဲမႈေၾကာင့္ ေသဆံုးသြားသူ ၄ ဦးမွာ အသက္၂၀ ႏွင့္ ၃၀ ၾကားရွိၿပီး အေလာင္း၏ အနီးဝန္းက်င္တြင္လည္း မိုင္းႏွင့္ ဆက္စပ္သည့္ ပစၥည္းမ်ားေတြ႔ရွိရေၾကာင္းလည္း ရဲတပ္ဖြဲ႔က ဆိုသည္။ လက္ရွိအခ်ိန္တြင္ ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ရဲတပ္ဖြဲ႔က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး အေလာင္းမ်ားကိုမူ ေကာက္ယူသူမရွိေသးဘဲ ယင္းေနရာတြင္ ရွိေနေသး ေၾကာင္းလည္းသိရသည္။ လက္ရွိ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ႏိုင္ငံေရးပါတီမ်ားၾကားတြင္ ရႈပ္ေထြးမႈမ်ား ျဖစ္ေပၚေနၿပီး ရခိုင္ အမ်ိဳးသားပါတီမွ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ၁ ဦး အပါအဝင္ ေဒသခံ ၉ မွာ ရကၡိဳင္စစ္တပ္ (AA) အဖြဲ႔ႏွင့္ ပတ္သက္ ဆက္ႏြယ္မႈရွိသည္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ ဖမ္းဆီး တရားစြဲဆိုျခင္း ခံေနရသည္။ https://burma.irrawaddy.com/news/2020/06/30 /225539.html

*************

၂၀။     ယခင္ နဝတ စစ္အစိုးရအပစ္အခတ္ရပ္စဲေရး ရိုးသားေျဖာင့္မတ္မႈမရွိခဲ့ဟု မြန္ျပည္သစ္ပါတီ ဥကၠ႒  သံုးသပ္

June 29, 2020

အပစ္အခတ္ရပ္စဲလာသည့္ ၂၅ ႏွစ္ျပည့္အေတြ႔အႀကံဳအရ ယခင္နဝတစစ္အစိုးရမွ ရိုးသားမႈေျဖာင့္မတ္မႈမရွိခဲ့ဟု မြန္ျပည္ သစ္ပါတီ ဥကၠ႒  ႏိုင္ဟံသာက ဇြန္လ ၂၉ ရက္ေန႔တြင္ သံုးသပ္ေျပာဆိုလိုက္သည္။ မြန္ႏိုင္ငံေရးေလ့လာသူ ပညာရွင္မ်ား ဦးေဆာင္၍ “မြန္ျပည္သစ္ပါတီ၏ ၂၅ ႏွစ္အပစ္အခတ္ရပ္စဲေရးကို ျပန္လည္သံုးသပ္ ျခင္း”ယေန႔ Zooming Online ေဆြးေႏြးပြဲတြင္ ႏိုင္ဟံသာ သံုးသပ္ခဲ့ျခင္းျဖစ္သည္။

ႏိုင္ဟံသာက “ႏိုင္ငံေရးေဆြးေႏြးႏိုင္ဖို႔ အပစ္အခတ္ရပ္စဲရတာျဖစ္တယ္ အပစ္အခတ္ရပ္စဲတာဟာ ပထမအဆင့္ျဖစ္ၿပီးေတာ့ ဒုတိယအဆင့္မွာ ႏိုင္ငံေရးေဆြးေႏြးဖို႔ပါ၊ အပစ္ရပ္ထားတဲ့အဆင့္ေတြမွာပဲ ရပ္တန္႔ထားဖို႔မသင့္ပါဘူး က်ေနာ္တို႔ အေတြ႔ အႀကံဳအရ ဒီေန႔ ၂၅ ႏွစ္ျပည့္လာတဲ့အထိ ယခင္အစိုးရနဲ႔ အပစ္အခတ္ရပ္စဲခဲ့တာကို သံုးသပ္ရင္ ရိုးသားေျဖာင့္မတ္မႈမရွိဘူး လို႔ျမင္တယ္”ဟု ဆိုသည္။ သို႔ရာတြင္ နဝတ လက္ထက္ အပစ္အခတ္ရပ္စဲၿပီးသည့္ေနာက္ပိုင္း အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္မ်ား ႏိုင္ငံေရးေဆြးေႏြးရန္ ေျပာဆိုသည့္အခါ ျငင္းပယ္ခံရေၾကာင္း၊ ၎တို႔မွာ စစ္အာဏာသိမ္းအဖြဲ႔ျဖစ္သည့္ အတြက္ ႏိုင္ငံေရးအာမခံခ်က္မ်ား ေပးမရဟုဆိုေၾကာင္း၊ ေရြးေကာက္ပြဲက်င္းပၿပီး လူထုေရြးခ်ယ္တင္ေျမွာက္ေသာ အစိုးရ ေပၚေပါက္လာပါက ႏိုင္ငံေရး ေဆြးေႏြးပြဲက်င္းပ ေပးမည္ဟု ယခင္စစ္ေထာက္လွမ္းေရးတပ္ဖြဲ႔အႀကီးအကဲ ဗိုလ္ခ်ဳပ္ခင္ညြန္႔ က တိကဝတ္ေပးခဲ့ေၾကာင္း ၎ကဆိုသည္။

စစ္အစိုးရဖိအားေပးသည့္အတိုင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အခ်ိဳ႕ လက္နက္စြန္႔ျခင္း၊ နယ္ျခားေစာင့္တပ္ BGF ႏွင့္ ျပည္သူ႔စစ္အဖြဲ႔မ်ား ေျပာင္းလဲဖြဲ႔စည္းခဲ့ရေၾကာင္း ၎က ေထာက္ျပသည္။ သို႔ေသာ္ ျမန္မာ့အေရးေလ့လာသူ Ashley South က လက္ရွိအေနအထားအရ အေကာင္းဘက္ကိုၾကည့္လွ်င္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA အေကာင္အထည္ေဖာ္မႈမ်ားတြင္ မြန္ျပည္သစ္ပါတီက ဦးေဆာင္မႈအခန္းက႑တြင္ပါဝင္ေနသျဖင့္ လက္ရွိျမန္မာ့ ၿငိမ္းခ်မ္း ေရးအတြက္ မ်ားစြာအေထာက္အကူျဖစ္ေစသည္ဟု ေျပာသည္။  ၁၉၉၅ ခုႏွစ္ ဇြန္လ ၂၉ ရက္ေန႔တြင္ ေမာ္လၿမိဳင္ၿမိဳ႕အေရွ႕ ေတာင္တိုင္းစစ္ဌာနခ်ဳပ္၌ မြန္ျပည္သစ္ပါတီ အပစ္အခတ္ရပ္စဲေရးသေဘာတူညီမႈ အခမ္းအနားက်င္းပခဲ့ စဥ္က အၿမဲတမ္း တပ္ဖြဲ႔ဝင္အင္အား ၇၀ဝ၀ ဝန္းက်င္ရွိခဲ့ေၾကာင္း လက္နက္စာရင္းႏွင့္တကြ တင္ျပခဲ့သည္။ http://burmese.monnews.o  rg/2020/06/29/%e1%80%a1%e1%80%95%e1%80%85%e1%80%ba%e1%

**************

၂၁။     ပထမဆံုးေသာ ကရင္ပူးတြဲ အဘိဓာန္စာအုပ္ လာမည့္ ၾသဂုတ္လကုန္တြင္ ထြက္ရွိမည္

July 3, 2020

အဂၤလိပ္-ျမန္မာ-စေကာ-အေရွ႕ပိုး-အေနာက္ပိုး ကရင္ဘာသာမ်ားပါ၀င္မည့္ ပထမဆံုးေသာ ကရင္ပူးတြဲ အဘိဓာန္စာအုပ ျပဳစုၿပီးစီးၿပီျဖစ္သျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္ ၾသဂုတ္လကုန္တြင္ စတင္ထြက္ရွိႏိုင္ေတာ့မည္ျဖစ္ေၾကာင္း အဘိဓာန္ျဖစ္ ေျမာက္ေရးေကာ္မတီ တာ၀န္ရွိသူမ်ားထံမွ သိရသည္။

ကရင္စာေပအဆင့္အတန္း တိုးတက္ျမင့္မားလာေရးအျပင္ အမ်ိဳးမ်ိဳးေသာ ကရင္ဘာသာစကား၊ စာေပမ်ားကို အျပန္အလွန္ တတ္သိနားလည္ေစေရး ရည္ရြယ္ခ်က္မ်ားျဖင့္ အဆိုပါ ကရင္ပူးတြဲအဘိဓာန္စာအုပ္ကို၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလမွ စတင္ကာ ၃ ႏွစ္နီးပါးအခ်ိန္ယူျပဳစုခဲ့ျခင္းျဖစ္သည္။ ကရင္ပူးတြဲအဘိဓာန္စာအုပ္ ျဖစ္ေျမာက္ေရး ဦးေဆာင္ပါ၀င္သူ တစ္ဦး ျဖစ္သည့္ မန္းသန္း၀င္းဦးက “ အရင္က ေတာ့ ဘာသာေရးအသင္းအဖြဲ႔ေတြကေနအသီးသီးကေနျပဳစုတဲ့ စေကာအဘိဓာန္၊ ပိုးကရင္အဘိဓာန္ေတြ ေတာ့ရွိခဲ့တယ္။ ဒါေပမယ့္ဒီလိုအားလံုးပါ၀င္တဲ့ အဘိဓာန္ေတြေတာ့မရွိခဲ့ဘူး။ စာအုပ္ကေတာ့ အခု ကရင္ အမ်ိဳးသား သမိုင္းစာအုပ္ၿပီးရင္ေတာ့ လာမယ့္ ၾသဂုတ္လကုန္ေလာက္မွာ ထြက္ဖို႔ရွိပါတယ္”ဟုေျပာသည္။ ထို႔အျပင္ စကားေ၀ါဟာရအလံုးေပါင္း ၃၇,၀၀၀ ေက်ာ္ပါ၀င္မည့္ အဆိုပါပူးတြဲကရင္အဘိဓာန္စာအုပ္ ထြက္ရွိျခင္းအားျဖင့္ ကရင္စာေပဖြ႔ံၿဖိဳးတိုးတက္ေရးမ်ားစြာ အေထာက္အကူျပဳမည္ျဖစ္ၿပီး ကရင္စာ ေပေလ့လာသူမ်ား၊ ဘာသာေရးအသင္းအဖြဲ႔မ်ားအျပင္ အမ်ိဳးအမ်ိဳးေသာကရင္ဘာသာ စကားစာ ေပအသံုးအႏႈန္းမ်ားကိုလည္း အျပန္အလွန္ ေလ့လာႏိုင္မည္ျဖစ္ေၾကာင္းလည္း ျပဳစုသူမ်ားက ေျပာဆိုသည္။

ပူးတြဲအဘိဓာန္ျပဳစုႏိုင္ေရးအတြက္ ရန္ကုန္၊ ဧရာ၀တီ၊ ပဲခူး၊ မြန္၊ တနသၤာရီတို႔မွ ေရးရာ၀န္ႀကီးမ်ား၊ ကရင္ တိုင္းရင္းသား စာေပယဥ္ေက်းမႈေကာ္မတီမ်ား၊ တစ္ဦးခ်င္းအလိုက္အလွဴရွင္မ်ားစသည့္ ေငြေၾကး ကူညီပံ့ပိုး မႈအကူညီမ်ားျဖင့္ ေငြက်ပ္ သိန္း ၇၀၀ နီးပါး အကုန္က်ခံျပဳစုခဲ့ျခင္းျဖစ္သည္ဟု တာ၀န္ရွိသူမ်ား၏ ေျပာျပခ်က္ မ်ားအရသိရသည္။ အဆိုပါ အဘိဓာန္ စာအုပ္ အေကာင္အထည္ေဖာ္ျဖစ္ေျမာက္လာေရးအတြက္ စေကာႏွင့္ ပိုးကရင္ႏွစ္ျခင္းအသင္းမ်ားမွ ဘာသာ စကားဆိုင္ရာ ကြ်မ္းက်င္သူမ်ား၊ တသီးပုဂၢလ ပညာရွင္မ်ား၊ နည္းပညာ ပညာရွင္မ်ားမွ အခ်ိန္ ၂ ႏွစ္ ၆ လခန္႔အခ်ိန္ယူ ေရးဆြဲျပဳစုခဲ့ျခင္း ျဖစ္သည္ဟုလည္း သိရသည္။ http://kicnews.org/2020/0 7/%e1%80%95%e1%80%91%e%80%99%e1%8  %86%e1%80%b6%

************

၂၂။     တရားစီရင္ေရး ပိုမိုျမန္ဆန္လာေစရန္ (C.M.P) စနစ္ကုိ ျမဝတီၿမိဳ႕နယ္ တရားရံုးတြင္ စတင္က်င့္သံုး

July 2, 2020

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္တရားရံုးတြင္ တရားစီရင္ေရးကိစၥရပ္မ်ား၌ ေႏွာင့္ေႏွးၾကန္႔ၾကာေနမႈမ်ား မရွိေစေရးအတြက္ (C.M.P) စနစ္ေခၚ မႈခင္းစီမံခန္႔ခြဲမႈအစီအစဥ္ျဖင့္ အမႈစစ္ေဆးျခင္းမ်ားကို ဇူလိုင္လ ၁ ရက္ေန႔တြင္ စတင္က်င့္ သုံးေနၿပီျဖစ္ ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚခင္စန္း ေျပာသည္။

၎က “မႈခင္းဆိုင္ရာ စီမံခန္႔ခြဲမႈ အစီအစဥ္ Case Management Program (C.M.P) စနစ္ဆိုတာက အမႈတစ္ ခုမွာ ပါဝင္ မယ့္ တရားလို၊ တရားခံ/ၿပိဳင္ေတြနဲ႔ ႏွစ္ဖက္ေရွ႕ေနေတြ ဥပေဒအရာရွိပါဝင္တဲ့အမႈမွာဆိုရင္လဲ ဥပေဒအရာရွိေပါ့။ အကုန္ လံုး အမႈနဲ႔သက္ဆိုင္သူေတြ စံုၿပီးလို႔ရွိရင္ ဘယ္ေန႔မွာ အမႈကိုစစစ္မယ္၊ ဘာေတြ ေဆာင္ရြက္မယ္ဆိုတာကို အစည္းအ ေဝးထိုင္ ၿပီး ေန႔ရက္သတ္မွတ္ေပးတယ္၊ အသီးသီး လက္မွတ္ထိုးတယ္၊ ၿပီးရင္ စာရြက္ေတြကို တခါတည္းေပးတယ္။ အဲ့ လို C.M.P စနစ္ေျပာင္းလဲက်င့္သံုးျခင္းအားျဖင့္ အမႈေတြကို ပိုမိုျမန္ ဆန္ေစပါတယ္” ဟု ေျပာသည္။ အဆိုပါ ေျပာင္းလဲက်င့္သံုးသည့္ Case Management Program (C.M.P) စနစ္မွာ တရားစီရင္ေရးလုပ္ငန္းမ်ားမွာ ပိုမိုျမန္ဆန္လာၿပီး အမႈႏွင့္ပတ္သက္သူ မ်ားအတြက္ အခ်ိန္ကုန္သက္သာေစ၍ မ်ားစြာအက်ိဳးရွိေၾကာင္း ျမဝတီၿမိဳ႕နယ္ တရားရံုးမွ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ခ်င္းက ဆုိသည္။

“ဒီ C.M.P စနစ္ကေတာ့ အမႈနဲ႔ပတ္သက္တဲ့ တရားလို၊ တရားခံ/ၿပိဳင္ေတြနဲ႔ သက္ေသေတြအဖို႔ အမႈစစ္ေဆးတဲ့ေနရာမွာ ျမန္ဆန္လာ၍ တရားရံုးကိုလာရတဲ့ စရိတ္စကေတြ အခ်ိန္ေတြ သက္သာလာတဲ့အတြက္ အမ်ားႀကီးေကာင္းသြားတာေပါ့။ က်ေနာ့္တို႔အတြက္လည္း အမႈေတြကိုျမန္ျမန္ဆန္ဆန္စစ္ေဆးရလို႔ မ်ားစြာအဆင္ေျပတယ္” ဟုေျပာသည္။ သုိ႔ေသာ္ အဆိုပါ က်င့္သုံးမည့္ အစီအစဥ္အရ အမႈအမ်ဳိးအစားအေပၚမူတည္၍ စစ္ေဆးသြားရမည့္ ေန႔ရက္မ်ားကုိ သတ္မွတ္ေပးထားၿပီး ၎ သတ္မွတ္ရက္အတြင္းအမႈကုိ အၿပီးသတ္စစ္ေဆးေဆာင္ရြက္ရမည္ျဖစ္၍ အမႈအတြက္အၿပီး သတ္ခ်ိန္ကုိသိႏုိင္ေသာ္လည္း အခ်ိန္မလုံေလာက္သည့္ ျပႆနာ ရွိလာႏုိင္ေၾကာင္း ျမဝတီခရုိင္ ဥပေဒ အေထာက္ အကူျပဳ ဥကၠ႒ တရားလႊတ္ေတာ္ေရွ႕ ေန ဦးမ်ဳိးေအာင္က သုံးသပ္ေျပာဆုိသည္။

“ျမဝတီၿမိဳ႕နယ္ တရားရံုးမွာ၂၀၁၉ ခုႏွစ္ ၄ လပိုင္း ၂၄ ရက္ေန႔မွာ ရံုးခ်ိန္းစတက္ခဲ့ရပါတယ္။ က်ေနာ္ဘက္က ရံုးခ်ိန္းကို မပ်က္မကြက္ တက္လာခဲ့ေပမယ့္ ရံုးခ်ိန္းေပါင္း ၃၄ ခ်ိန္းေျမာက္ ၂၀၂၀ ခုႏွစ္ ၆ လပိုင္း ၁၂ ရက္ေန႔ မွာမွ အမႈမွ တရား လိုျဖစ္တဲ့ က်ေနာ့္ကို စတင္စစ္ေဆးခဲ့ပါတယ္။

အခုဆိုရင္ ယေန႔အထိ ရံုးခ်ိန္းေပါင္း ၃၆ခ်ိန္း ေျမာက္မွာ က်ေနာ့္အမႈကို ႏွစ္ႀကိမ္သာ စစ္ေဆးရေသးတယ္ဆိုေတာ့ ဒီလိုအခ်ိန္ေတြ ၾကန္႔ၾကာမႈ႐ွိခဲ့တဲ့အတြက္ အခ်ိန္ကုန္လူပမ္းၿပီး က်ေနာ့္ အဖို႔ အမ်ားႀကီးနစ္နာမႈ႐ွိခဲ့ပါတယ္။ အခုေတာ့ တရားစီရင္ေရးစနစ္ ျမန္ဆန္လာဖို႔ ေျပာင္းလဲက်င့္သံုးမယ္လို႔ ၾကားပါတယ္။ တကယ့္လက္ေတြ႔မွာ ျဖစ္လာမလားဆိုတာ ကိုေတာ့ ေစာင့္ၾကည့္ရမွာပါ“ ဟု ကိုဝင္းေဇာ္က ေျပာသည္။ http://kicnews.org/2020/07/%e1%80%90%e1%  80%9b%e1%80%ac%e1%80%b8%e1%80%85%e1%

**************

၂၃။     ဗန္းေမာ္ – ျမစ္ႀကီးနားလမ္းပိုင္း၌ မိုးသည္းထန္ၿပီး ေတာင္ၿပိဳက်မႈႏွင့္ ေရေက်ာ္မႈမ်ားျဖစ္ေပၚ

July 2, 2020

ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္၊ ဗန္းေမာ္ – ျမစ္ႀကီးနားသြား ကားလမ္းပိုင္းမွာ ေတာင္ၿပိဳက်မႈ၊ ေျမကာနံရံပ်က္စီးမႈနဲ႔ ေရေက်ာ္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ဇူလိုင္ ၁ ရက္ မနက္ပိုင္းက ဗန္းေမာ္ခရိုင္အတြင္း မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ဗန္းေမာ္ – ျမစ္ႀကီးနားသြား ကားလမ္း၊ မိုးေမာက္ၿမိဳ႕နယ္၊ ေဒါ့ဖုန္းယန္ၿမိဳ႕၊ အူထန္ယန္ေက်းရြာ အနီးမွာ ေတာင္ၿပိဳက်မႈျဖစ္ ပြားခဲ့ရာ အလ်ား ၅၀ ေပ အနံ ၂၀ ေပ အျမင့္ ၄ ေပခန္႔ ေျမသားပိတ္ဆို႔မႈျဖစ္ပြားခဲ့ပါတယ္။

ဒါ့အျပင္ ဗန္းေမာ္ – ျမစ္ႀကီးနားလမ္းပိုင္းမွာလည္း ေျမကာနံရံေတြ ၿပိဳက်ပ်က္စီးၿပီး AC လမ္းသား အလ်ား ၃၀ ေပ အနံ ၂ ေပ ေလာက္ပ်က္စီးတာေတြ ျဖစ္ေပၚခဲ့ပါတယ္။ ပ်က္စီးတဲ့လမ္းပိုင္းေနရာေတြကို ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ဦး နဲ႔ ဌာနဆိုင္ ရာေတြသြားေရာက္စစ္ေဆးခဲ့ၿပီး မီးသတ္တပ္ဖြဲ႔ဝင္ေတြကလည္း သြားလာေရးအဆင္ေျပေစဖို႔ ဝိုင္းဝန္း ကူညီေဆာင္ရြက္ ေပးခဲ့ပါတယ္။

အလားတူ မိုးေမာက္ၿမိဳ႕နယ္၊ နမ့္တိန္ – မိုင္းခတ္ေက်းရြာသြား ကားလမ္း (625 Km) အနီးနဲ႔ ေဒါ့ဖုန္းယန္ၿမိဳ႕ – ဖာေက ေက်းရြာသြားကားလမ္းပိုင္းမွာလည္း ေရေက်ာ္မႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ သြားလာေရးအခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။ http://burmese.dvb.no/archives/397252

**************

၂၄။     တရုတ္ နယ္စပ္ စီးပြားေရးဇုန္ စီမံကိန္း ပြင့္လင္းျမင္သာမႈ အားနည္းဟု ေဝဖန္ခံရ

July 1, 2020

ျမန္မာ – တရုတ္နယ္စပ္တြင္ အေကာင္အထည္ေဖာ္မည့္ စီးပြားေရးဇုန္ စီမံကိန္းႏွင့္ ပတ္သက္၍ အစိုးရ၏ သတင္း အခ်က္ အလက္ ထုတ္ျပန္ေျပာဆိုမႈမွာ လြန္စြာအားနည္းေၾကာင္း နယ္စပ္ကုန္သြယ္ေရး လုပ္ငန္းရွင္မ်ားက ဧရာဝတီကို ေျပာသည္။ မူဆယ္ – နမ့္ခမ္း ကုန္သည္ႀကီးမ်ားအသင္း၏ တြဲဖက္အေထြေထြအတြင္းေရးမွဴး (၂) ဦးဝင္းေအာင္ခန္႔က “သတင္း အခ်က္ အလက္ခ်ျပမႈက အားနည္းတာကို မဟုတ္ဘူး။ ဘာမွကို မရွိတာ။ စီမံကိန္း တခုလုပ္ၿပီဆိုရင္ အဲဒီေနရာကို ေျမစညွိ၊ ဘူဒိုဇာ နဲ႔ လာထိုးၿပီဆိုမွ ေဒသခံက ဒါ စီမံကိန္းလုပ္မွာ ဆိုတာသိရတာ။ စီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး အစိုးရဘက္က ျပည္သူကို သတင္းအခ်က္အလက္ေတြ ခ်ျပဖို႔လိုသလို အသိပညာေတြ၊ ပံ့ပိုးမႈေတြေပးဖို႔လိုအပ္ပါတယ္။ အဲဒီလို မဟုတ္ရင္ေတာ့ တဖက္က လက္ဝါးႀကီးအုပ္တာ ခံရမယ္” ဟု ဧရာဝတီကို ေျပာသည္။

တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္၏ အစိတ္အပိုင္းတခု ျဖစ္ကာ၂၀၁၇ ခုႏွစ္က ႏွစ္ႏိုင္ငံ နားလည္မႈ စာခြ်န္လႊာ လက္မွတ္ ေရးထိုးခဲ့သည့္ မူဆယ္-ေရႊလီ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈဇုန္ႏွင့္ ပတ္သက္၍ ေဒသခံလုပ္ငန္းရွင္အမ်ားစုက ယေန႔ အထိ တိက်ရွင္းလင္းစြာ သိရွိျခင္းမရွိသလို တာဝန္ရွိဌာနမ်ားကလည္း လာေရာက္ခ်ျပျခင္း၊ ညွိႏိႈင္းေဆြးေႏြးျခင္းမ်ား မရွိ ေသးဟု မူဆယ္-နမ့္ခမ္းရွိ ကုန္သည္မ်ားက ဧရာဝတီကို ေျပာျပသည္။

“ဒီစီးပြားေရးဇုန္နဲ႔ ပတ္သက္ၿပီး တရုတ္ဘက္က သူတို႔ဘာေတြလုပ္မယ္ဆိုတဲ့ စီမံကိန္း အစီအမံေတြကို လြန္ခဲ့တဲ့ ၂ ႏွစ္ ေလာက္ကတည္းက က်ေနာ္တို႔ ျမန္မာ ကုန္သည္ေတြကို ေရႊလီမွာ ခ်ျပေဆြးေႏြးခဲ့တယ္။ အဲဒီေတာ့ တရုတ္ဘက္ က သူ႔ ႏိုင္ငံသားေတြ သာမက တဖက္ကအလုပ္တြဲလုပ္မယ့္ ကုန္သည္ေတြကို စီမံကိန္းအေျခအေန ဘယ္လိုရွိတယ္ဆိုတာ သိေအာင္ေျပာျပခဲ့ေပမယ့္ က်ေနာ္တို႔ အစိုးရကေတာ့ ဒီေန႔အထိ စီမံကိန္းက ဘယ္ေနရာမွာ လုပ္မယ္ဆိုတာေတာင္ ခ်ျပတာ မရွိေသးဘူး”ဟု မူဆယ္ၿမိဳ႕မွ အမည္မေဖာ္လိုသူ ကုန္သည္ႀကီး တဦးက ဧရာဝတီကို ေျပာသည္။ ၎က ဆက္လက္၍ “တရုတ္နဲ႔ ပူးေပါင္းလုပ္ကိုင္မွာ ျဖစ္တဲ့အတြက္ ႏွစ္ဖက္သာတူညီမွ်ရွိဖို႔ အေရးႀကီးတယ္။ တဖက္ေစာင္းနင္း မျဖစ္ေစခ်င္ဘူး။ လက္ရွိ ကုန္သြယ္ေရးမွာေတာင္ တရုတ္က အသာစီး ရေနတဲ့အေျခအေနမ်ိဳးဆိုေတာ့ ဒီလို စီမံကိန္းေတြမွာ က်ေနာ္တို႔မွာ သတင္းအခ်က္အလက္မသိရေတာ့ ဘာကိုႀကိဳျပင္ရမယ္ဆိုတဲ့ အခက္အခဲရွိတယ္”ဟု ဆိုသည္။ https://burma.irraw addy.com/news/2020/07/01/225599.html

**************

၂၅။     စစ္ေတြစခန္းမွ ရဲ ၁ ဦး ဓားထိုး သတ္ျဖတ္ခံရ

June 30, 2020

ရခိုင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းသည္ ယမန္ေန႔ည ၈ နာရီခန္႔ အခ်ိန္က မက်ည္းၿမိဳင္ ရပ္ကြက္ ေနအိမ္ေရွ႕တြင္ အမည္မသိ လူ ၂ ဦးက ဓားျဖင့္ ထိုးသတ္သြားသျဖင့္ ေသဆံုးသြားသည္။ ေသဆံုး သူမွာ အသက္ ၄၀ ႏွစ္ခန္႔ရွိ တပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းျဖစ္ေၾကာင္း စစ္ေတြၿမိဳ႕မ စခန္းမွ ရဲတပ္ဖြဲ႔ဝင္ ၁ ဦးက ေျပာ သည္။ ၎က “မိသားစုဝင္ေတြ ေျပာျပတာကေတာ့ မေန႔ ည ၈ နာရီေလာက္မွာ သူက အျပင္ကေန အိမ္ကို ျပန္လာတာ။ ၿခံတံခါးကို ဖြင့္ၿပီးေတာ့ အိမ္ထဲကို ဝင္ေနစဥ္မွာ လူ ၂ ေယာက္လာၿပီးေတာ့ ဓားနဲ႔ထိုးသြားတာလို႔ ေျပာတယ္”ဟု ဧရာဝတီ သို႔ ေျပာသည္။

ထိုသို႔ ဓားထိုးခံရသည့္အတြက္ တပ္ၾကပ္ႀကီး ေမာင္ေမာင္သန္းမွာ ဘယ္ဘက္ ရင္ဘတ္တြင္ ထိုးသြင္းဒဏ္ရာမ်ားရရွိခဲ့ကာ ေဆးရံုသို႔ ေရာက္ရွိခ်ိန္၌ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္းလည္း စစ္ေတြၿမိဳ႕မရဲစခန္းက သိရသည္။ လက္ရွိအခ်ိန္တြင္ လူသတ္   သမားမ်ားအား ဖမ္းဆီးရမိႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႔ဝင္မ်ားက စီမံေဆာင္ရြက္လ်က္ရွိေၾကာင္းလည္း ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔ မွဴးရံုးမွ ဒုရဲမွဴးႀကီး ေမာင္ေမာင္စိုးက ဧရာဝတီသို႔ ေျပာသည္။ ရခိုင္ျပည္နယ္အတြင္း ရဲတပ္ဖြဲ႔ဝင္မ်ား အပါအဝင္ ေက်းရြာ တခ်ိဳ႕၌ ယခုကဲ့သို႔ေသာ လုပ္ႀကံသတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားက ခတ္စိတ္စိတ္ျဖစ္ပြားေနၿပီး သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ား လုပ္ႀကံသတ္ျဖတ္ခံရသည့္ အေၾကာင္းရင္းမ်ားႏွင့္အတူ တရားခံမ်ားကိုလက္ရွိအခ်ိန္အထိ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ျခင္း မရွိ ေသးေပ။

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အသီးသီးတြင္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္မ်ားႏွင့္ ရြာသားမ်ားမွာ ယခုကဲ့သို႔ ဓားျဖင့္ သတ္ျဖတ္လုပ္ႀကံျခင္း၊ ေနအိမ္အတြင္းသို႔ ဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္သတ္ခံရျခင္းစသည့္ျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ပြား ေနျခင္းေၾကာင့္ ေဒသခံ ျပည္သူမ်ားၾကားတြင္ စိုးရိမ္မႈျမင့္တက္လ်က္ရွိသည္။ https://burma.irrawaddy.com/news/2 020/06/30/225498.html

**************

၂၆။     ကိုဗစ္ကာလအစိုးရ ရက္ထပ္တိုးခ်ိန္ ေမာက္မယ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဂါက္သီးရိုက္ၿပိဳင္ပြဲက်င္းပ

July 1, 2020

ကိုဗစ္-၁၉ ကပ္ေရာဂါ ကာလ  လူစုလူေဝး မျပဳလုပ္ေရး  ေနျပည္ေတာ္အစိုးရမွ ဇူလိုင္လ ၁၅ ရက္အထိ တိုးျမင့္သတ္မွတ္ ထားခ်ိန္ သွ်မ္းျပည္ေတာင္ပိုင္း ေမာက္မယ္ၿမိဳ႕တြင္ ေဂါက္သီးရိုက္ၿပိဳင္ပြဲ က်င္းပေနေၾကာင္း ေဒသအတြင္း သတင္းရပ္ကြက္ မွသိရပါသည္။

၂၀၂၀ ခု ဇြန္လ ၂၇ ညေနပိုင္းက လင္းေခးခရိုင္ ေမာက္မယ္ၿမိဳ႕တြင္  ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဖိတ္ေခၚေဂါက္သီး ရိုက္ၿပိဳင္ပြဲအား က်င္းပခဲ့ျခင္းျဖစ္ၿပီး  ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ေတာ္အမတ္ စိုင္းေငါင္းဆိုင္ဟိန္း မွ ဦးစီးက်င္းပျခင္းျဖစ္ေၾကာင္း ေမာက္မယ္ေဒသခံ ရပ္မိရပ္ဖ တဦးကေျပာသည္။ ေဂါက္သီးရိုက္ၿပိဳင္ပြဲသည္ ေမာက္မယ္ၿမိဳ႕ ရပ္ကြက္ ႀကီး ၃ ခု ၾကား လူထု ျဖတ္သန္းသြားလာသည့္ေနရာျဖစ္သည့္အျပင္ လူေနအိမ္မ်ားႏွင့္လည္းထိစပ္ ေနသည္ျဖစ္ရာ လူစည္ကားမႈျဖစ္ပြားခဲ့သည့္အေပၚ ကိုဗစ္ေရာဂါကူးစက္မည္ကို အထူးစိုးရိမ္ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

“သူတို႔လို လူေတြကေတာင္ ဒီညႊန္ၾကားခ်က္ေတြကို မေလးမစားဘဲ လုပ္ခ်င္သလို လုပ္ေနၿပီးေတာ့ က်ေနာ္တို႔လို သာမန္ ျပည္သူေတြေတာ့ လိုက္နာရမယ္တဲ့။ ဒီညႊန္ၾကားခ်က္က အာဏာပိုင္ေတြအေပၚ မသက္ေရာက္ဘူးလား။ ဒီလိုလူစုလူေဝး လုပ္တဲ့ ၿပိဳင္ပြဲက ဘယ္သူက ခြင့္ျပဳလဲေပါ့။ ဒီကိစၥက ၿမိဳ႕နယ္အာဏာပိုင္ေကာ၊ သွ်မ္းျပည္နယ္အစိုးရထံကိုေကာ ျပည္ေထာင္ စု အစိုးရကိုေကာ ေမးခ်င္ပါတယ္။ ခြင့္ျပဳခ်က္မရွိဘဲနဲ႔ က်င္းပရင္ ဘယ္သူ႔မွာတာဝန္ရွိလဲ ဘယ္သူေတြကို ဘယ္လိုအေရးယူ မ လဲေပါ့” ဟု အမည္မေဖၚလိုသည့္  ေမာက္မယ္ေဒသခံ တဦးက သွ်မ္းသံေတာ္ဆင့္အား ေျပာသည္။

၄င္းႏွင့္ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေငါင္းဆိုင္ဟိန္းအား ေမးျမန္းရန္ သွ်မ္းသံေတာ္ဆင့္မွ ဆက္ သြယ္ေသာ္လည္း ဆက္သြယ္မရခဲ့ေပ။ သို႔ေသာ္ ၄င္းပိုင္ လူမႈကြန္ရက္တြင္မူ “က်ေနာ့မဲဆႏၵနယ္ အမွတ္တရပြဲေလးပါ။ အား လံုး ေက်နပ္ႏွစ္သိမ့္ႏိုင္ၾကပါေစ။”ဟု ေရးသားေဖာ္ျပပါသည္။ ၂၀၂၀ ျပည့္ႏွစ္ ဇူလိုင္လ ၁၅ ရက္အထိ ရက္တိုးျမွင့္သတ္ မွတ္ေဆာင္ရြက္ပါေၾကာင္း ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ Coronavirus Disease 2019 (COVID 19) အမ်ိဳးသား အဆင့္ဗဟိုေကာ္မတီ မွ ဇြန္လ ၂၇ ရက္ေန႔က ထုတ္ျပန္ထားသည္။ https://burmese.shannews.org/archiv es/17326

**************

၂၇။     ထန္တလန္တြင္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လအတြင္း ဝက္ (၄၀) ေက်ာ္ ထပ္မံေသဆံုး

July 1, 2020

ခ်င္းျပည္နယ္ ၊ ထန္တလန္ၿမိဳ႕တြင္ Porcine Circovirus Type -2 (PCV-2) ဟုေခၚေသာ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ ဇြန္လ အတြင္း ဝက္ေကာင္ေရ (၄၀) ေက်ာ္ေသဆံုးခဲ့သည္ဟု ထန္တလန္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရံုး ဦးစီးအရာရွိ ေဒါက္တာလ်န္ေဘြးကေျပာသည္ ။“ဇြန္လထဲမွာ ဝက္ (၄၄) ေကာင္ေသတယ္၊ ဒါေပမယ့္ ၿပီးခဲ့တဲ့စေနေန႔ ဇြန္ (၂၇) ကစ ၿပီး ဒီေန႔ထိ ဝက္ေတြမေသေတာ့ဘူး”ဟု ေဒါက္တာ လ်န္ေဘြးကေျပာသည္။

ထန္တလန္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဧၿပီလဆန္းပိုင္းကစ၍ အိမ္ေမြးဝက္မ်ားသည္ ဆာကိုဗိုင္းရပ္စ္ေၾကာင့္ အစာမစား၍ အားနည္း ျခင္း၊ ဖ်ားႏွာၿပီး ေရာဂါျပင္းထန္သည့္အတြက္ ေသဆံုးခဲ့ၾကၿပီး (၃) လအတြင္း ဝက္ေသဆံုးမႈမွာ (၂၃၄) ေကာင္ရွိၿပီဟု သိရ သည္။ လက္ရွိအခ်ိန္တြင္ ေရာဂါကာ ကြယ္ထိန္းခ်ဳပ္ေရးအပိုင္းအေနႏွင့္ ထန္တလန္ၿမိဳ႕ေပၚတြင္ ဝက္အဝင္/အထြက္မ်ားကို ပိတ္ ထားကာ ဝက္ပိုင္ရွင္မ်ားကိုလည္း ဝက္ၿခံမ်ား သန္႔သန္႔ရွင္းရွင္းထားရန္၊ ဝက္ၿခံေအာက္တြင္ ေရမဝပ္ေစရန္၊ ဝက္ေခ်းမ်ားကို

မနက္တိုင္းဖယ္ရွားရန္၊ ပိုးသတ္ေဆးမဖ်န္းႏိုင္လွ်င္ ထံုးျဖဴးေပးရန္ အစရွိသည္တို႔အပါအဝင္ အသိပညာေပး အစီအစဥ္မ်ား ျပဳလုပ္လ်က္ရွိသည္ဟု သိရသည္။ ထို႔အျပင္ ထန္တလန္ၿမိဳ႕တြင္ ဝက္သားမ်ားေရာင္းခ်ျခင္း မျပဳရန္ႏွင့္ ဝက္မ်ား သယ္ယူခြင့္ ကို ပိတ္ထားဆဲဟုသိရသည္။ https://www.bnionline.net/mm/news-73950

***************

၂၈။     စစ္ေဘးေရွာင္စခန္းမွ အမ်ိဳးသမီးမ်ား အလုပ္အကိုင္လိုအပ္

July 2, 2020

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ေရာက္ရွိခိုလံႈေနသည့္ စစ္ေဘးေရွာင္အမ်ိဳးသမီးအခ်ိဳ႕မွာ မိသားစုစားဝတ္ေနေရး အခက္အခဲ ျဖစ္ေန၍ အလုပ္အကိုင္မ်ားလိုအပ္ေနေၾကာင္း ေျပာဆိုၾကသည္။

စစ္ေဘးေရွာင္စခန္းတြင္ ခိုလံႈေနသူမ်ားမွာ အလွဴရွင္မ်ားကိုသာအားကိုးေနရကာ အလွဴရွင္မ်ားမေရာက္ပါက စားဝတ္ေနေရး အခက္အခဲရွိသျဖင့္ ဝင္ေငြရရွိရန္ အလုပ္အကိုင္လိုအပ္ေနေၾကာင္း စစ္ေတြၿမိဳ႕ အမ်ိဳးသားေက်ာင္းတိုက္ ဘုန္ေတာ္ႀကီး ေက်ာင္းရွိ စစ္ေဘးေရွာင္စခန္းတြင္ ခိုလံႈေနသူ ေဒၚေအးယဥ္သိန္းက ေျပာသည္။“မနက္မိုးလင္းတာနဲ႔ သံုးဖို႔ပိုက္ဆံက လို အပ္ၿပီ။ က်န္းမာေရးမေကာင္းတဲ့ အေမအိုတစ္ေယာက္လည္းရွိတယ္။ ၿပီးေတာ့ ကေလးကလည္းရွိေတာ့ ဝင္ေငြကလိုအပ္ တယ္”ဟု ၎ကဆိုသည္။

ရခိုင္ျပည္နယ္အတြင္းတြင္ စစ္ေဘးဒုကၡသည္ဦးေရ တစ္သိန္းငါးေသာင္းေက်ာ္အထိရွိေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္ မ်ား အစည္းအရံုး (REC) ၏ ဇူလိုင္အတြင္းကထုတ္ျပန္သည့္ စာရင္းအရသိရၿပီး ထိုအထဲတြင္ အမ်ိဳးသမီးႏွင့္ကေလးငယ္ ၇၀ ရာခိုင္ႏႈန္းအထိ ပါဝင္ေၾကာင္းလည္း သိရသည္။ အလားတူ စစ္ေတြၿမိဳ႕ ေမတၱာပါရမီဘုန္းေတာ္ႀကီးေက်ာင္းရွိ စစ္ေဘးေရွာင္ စခန္းတြင္ခိုလံႈေနသူ ေဒၚေအးဆန္းယဥ္က စခန္းတြင္း၌ အလုပ္တစ္ခုလုပ္ကိုင္လိုေၾကာင္းေျပာသည္။“အလုပ္လုပ္ခ်င္ ေပမယ့္ ကေလး ေလးေယာက္ရွိတယ္။ ေယာက်ာ္းကလည္း မေလးရွားမွာ အလုပ္လုပ္ေနတာ။ အခု က်မက တစ္ေယာက္ တည္းျဖစ္ေနေတာ့ ကေလးေတြကို ထိန္းမယ့္သူမရွိေတာ့ ေတာ္ေတာ္ခက္ေနတယ္” ဟု ၎ကေျပာသည္။

စစ္ေတြၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္ႏွင့္ မင္းျပားၿမိဳ႕နယ္မ်ားမွ ေနရပ္ စြန္႔ခြာထြက္ေျပးလာသည့္ စစ္ေဘးဒုကၡသည္ဦးေရ ငါးေထာင္ေက်ာ္ရွိေၾကာင္း ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္း အရံုး (REC) မွ သိရသည္။ https://www.bnionline.net/mm/news-73975

**************

၂၉။     တာခ်ီလိတ္ ေဆးရံုဆင္းၿပီး ကိုဗစ္ – ၁၉ လူနာ ပိုးျပန္ေတြ႔

July 2, 2020

သွ်မ္းျပည္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာသည္ ေဆးရံုဆင္းၿပီးေနာက္ ပိုးျပန္ေတြ႔ရွိေၾကာင္း စံုစမ္းသိရ သည္။ တာခ်ီလိတ္ ကိုဗစ္-၁၉ အတည္ျပဳ လူနာအမွတ္ (၉၆) သည္ ေဆးရံုဆင္းၿပီး ရက္(၄၀) အၾကာ ဇြန္ (၃၀)တြင္ ကိုဗစ္-၁၉ ပိုးျပန္လည္ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။“ပိုးမေတြ႔ပဲ ေဆးရံုဆင္းၿပီးေတာ့ ပိုးျပန္ေတြ႔တာက သူမ်ား ႏိုင္ငံေတြမွာလည္းရွိ တာ ေပါ့ေနာ္။ ဒါေပမယ့္ က်ေနာ္တို႔ ႏိုင္ငံက ပထမဆံုး ဒီတစ္ေယာက္ ျပန္ျဖစ္တာပါ”ဟု ျပည္နယ္ အထူးေရာဂါ နိမ္နင္းေရး လက္ေထာက္ညႊန္ၾကားေရးမွဴး ေဒါက္တာဇဝနကို က သွ်မ္းသံေတာ္ဆင့္ ကို အတည္ျပဳေျပာလိုက္သည္။ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ အတည္ျပဳ လူနာအားလံုးသည္ ဓါတ္ခြဲနမူနာ စစ္ေဆးရာမွာ ၂ ႀကိမ္ဆက္တိုက္ Negative ျဖစ္လွ်င္ ေဆးရံုမွ ဆင္းခြင့္ ျပဳထားေၾကာင္းသိရသည္။

ေဆးရံုဆင္းၿပီးသြားသည့္ ကိုဗစ္-၁၉ လူနာမ်ားႏွင့္ပတ္သက္ၿပီး ေဒါက္တာ ဇဝနကို က “ျပန္စစ္ဖို႔ လည္း က်န္းမာေရးဝန္ႀကီး ဌာနကလည္း မထုတ္ထားဘူး။ အဲ့လိုမ်ိဳး ျပန္စစ္ဖို႔ ေလာေလာဆယ္ေတာ့ မရွိေသးဘူး”ဟု ထပ္ေလာင္းေျပာျပသည္။

ထိုလူနာ အမွတ္ (၉၆) သည္ သွ်မ္းျပည္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ျပည္သူ႔ ေဆးရံုမွာ ေဆးကုသမႈ ခံယူေနၿပီး ရက္ေပါင္း (၄၀) အၾကာတြင္ ပိုးျပန္ေတြ႔ေသာ္လည္း က်န္းမာေရး အေျခေနေကာင္းမြန္ လ်က္ရွိေၾကာင္း စံုစမ္းသိရွိရသည္။ ေဆးရံုဆင္းၿပီး အနီးကပ္ထိေတြ႔သူမ်ားကို အသြားအလာကန္႔သတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။ သွ်မ္းျပည္နယ္တြင္ ကိုဗစ္ – ၁၉ အတည္ျပဳ လူနာ ၁၀ ဦး ရွိၿပီး ၎တို႔အားလံုးသည္ ေဆးရံုမွ ဆင္းခြင့္ရၿပီးျဖစ္ေသာ္လည္း လူနာ အမွတ္ (၉ ၆) သည္ ဒုတိယအျကိမ္ ကိုဗစ္ – ၁၉ ပိုး ျပန္လည္ေတြ႔ရွိေၾကာင္း စံုစမ္းသိရွိရသည္။ https://burmese.shannews.org/arch ives/17349

 

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 39, June 30, 2020)

 

၁။        ဖားကန့် မြေပြိုမှုကြောင့် သေဆုံးသူ  ၁၆၂  ဦးရှိလာ၊  ၅၄  ဦး ဒဏ်ရာရ

၂။         ၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်၌ မဲရုံ ၁၃၀ နီးပါးလျာထား

၃။        တပ်သိမ်းမြေပေါ်ထွန်ယက်သော မူလပိုင်ရှင်ကရင်နီတောင်သူ ၂၁ ဦးကို ပြစ်ဒဏ်ချမှတ်မှု နည်းနေ၍ ပြည်နယ်                          လွှတ်တော်အထိ ပြင်ဆင်ချက်တက်

၄။        ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း                            နောက်ပိုင်း တွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောကြား

၅။        ဟားခါးတွင် နေစရာအိမ်မရှိသည့် ပြည်သူများအတွက် အစိုးရက အိမ်နေရာမြေကွက် မဲနှိုက်ချပေး

၆။        ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ                   ကော်မရှင် ကြေညာ

၇။        ရှမ်းနီပါတီများ ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်၊ လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်

၈။        စစ်တပ်များ မဆုတ်ခွာသေးသည့်အတွက် ကျောက်မဲ စစ်ရှောင်များ အိမ်ပြန်နိုင်သေး

၉။        KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ရေးဆိုင်ရာ ကန့်သတ်မှုကို ဇူလိုင် ၁၅ ရက်ထိ တိုးမြှင့်

၁၀။      မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

၁၁။      ရသေ့တောင်မြို့နယ်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ဟု ကာယကံရှင် အမျိုးသမီးပြောဆို

၁၂။      မတူပီမြို့နယ် ဆဘောင်းပီကျေးရွာတွင်  ၉ တန်း၊ ၁ဝ တန်း သင်ပေးမည့် ဆရာကို ရပ်ရွာမိဘများမှ ပိုက်ဆံစုပြီး ခေါ်ယူ

၁၃။      နာဂအမျိုးသားပါတီ (NNP) က အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၁၅ မြို့               နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်

၁၄။      နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတချို့ပြောင်းလဲမှုအပေါ် ဝေဖန်မှုတွေရှိ

၁၅။      ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း

၁၆။      ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး တိုက်ပွဲများရပ်တန့်ရန် ကချင် ပြည်နယ်                  ပြည်သူ့ပါတီ တိုက်တွန်း

၁၇။      SNLD ပါတီကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ ကိုယ်စားလှယ်လောင်း အဆိုပြု လွှာ                     စတင်လျှောက်ထားနိုင်

၁၈။      ကိုဗစ် ကပ်ရောဂါ ကာလဖြစ်၍ ပါတီစည်းရုံးရေးလုပ်ငန်း စိန်ခေါ်မှုများမည်ဟု ကရင်ပါတီပြော

၁၉။      တောင်ကုတ်တွင် မိုင်း ပေါက်ကွဲမှုဖြစ် ၄ ဦးသေဆုံး

၂၀။      ယခင် နဝတ စစ်အစိုးရအပစ်အခတ်ရပ်စဲရေး ရိုးသားဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ  သုံးသပ်

၂၁။      ပထမဆုံးသော ကရင်ပူးတွဲ အဘိဓာန်စာအုပ် လာမည့် သြဂုတ်လကုန်တွင် ထွက်ရှိမည်

၂၂။       တရားစီရင်ရေး ပိုမိုမြန်ဆန်လာစေရန် (C.M.P) စနစ်ကို မြဝတီမြို့နယ် တရားရုံးတွင် စတင်ကျင့်သုံး

၂၃။      ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်း၌ မိုးသည်းထန်ပြီး တောင်ပြိုကျမှုနှင့် ရေကျော်မှုများဖြစ်ပေါ်

၂၄။      တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ

၂၅။      စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ

၂၆။      ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

၂၇။      ထန်တလန်တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက် (၄၀) ကျော် ထပ်မံသေဆုံး

၂၈။      စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ အလုပ်အကိုင်လိုအပ်

၂၉။      တာချီလိတ် ဆေးရုံဆင်းပြီး ကိုဗစ် – ၁၉ လူနာ ပိုးပြန်တွေ့

****************

၁။        ဖားကန့် မြေပြိုမှုကြောင့် သေဆုံးသူ  ၁၆၂  ဦးရှိလာ၊  ၅၄  ဦး ဒဏ်ရာရ

July 3, 2020

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်မြတ်တူးဖော်ရေး ကုမ္ပဏီအတွင်း မြေပြိုမှုကြောင့် ဇူလိုင် ၂ ရက် ည ၇ နာရီ ၁၅ မိနစ် အထိ သေဆုံးသူ ရုပ်အလောင်း ၁၆၂ ယောက်ကို ဆယ်ယူရရှိထားပြီး ဒဏ်ရာရရှိသူ စုစုပေါင်း ၅၄ ဦးရှိတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖားကန့်နယ်မြေအတွင်း မြေပြိုမှုဖြစ်စဉ်တွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေ သေဆုံး မှုဟာ အခုတကြိမ်မှာ အများဆုံးဖြစ်ပြီး ဒေသခံများ ပြောပြချက်အရ လူ ၂၀ဝ ဝန်းကျင်နီးပါး ရှိတယ်လို့သိရပါတယ်။ ကယ် ဆယ်ရေးလုပ်နေသူတဦးက “ပေါ်နေတဲ့ ရုပ်အလောင်းတွေ ရှိသေးတယ်။ ၇ နာရီ ၁၅ မှာ ရပ်လိုက်ရတယ်။ ရုပ်အလောင်း တွေ ဆယ်ပြီးပြီ၊ ညဆယ်ဖို့ မလွယ်ဘူး၊ ဘေးမှာက မြေတွေက စိတ်မချရဘူး ပြိုကျလာနိုင်သေးတယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ ရပ်ကွက်(၆)၊ လခူးချောင်ရှိ ကျောက်မျက်ရွှေပြည် ကုမ္ပဏီ (ဒေသအခေါ်  တစ်သုံးလုံး ကုမ္ပဏီ) မှာ ဇူလိုင် ၂ ရက်နေ့ မနက် ၆ နာရီခွဲလောက်က ကျင်းကမ်းပါး မြေပြိုမှုဖြစ်ပွား ခဲ့တာပါ။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းဆက်လုပ်နေပြီး မြေပြိုကျမှုကြောင့် ဒဏ်ရာရှိသူတွေဟာ ဖားကန့် ပြည်သူ့ဆေးရုံနဲ့ ဝှေခါ တိုက်နယ်ဆေးရုံတို့မှာ ဆေးကုသမှု ခံယူနေကာ ဆယ်သူထားတဲ့ ရုပ်အလောင်းတွေကို ဝှေခါ သင်္ချိူင်း ဇရပ်မှာ ထားရှိတယ်လို့ သိရပါတယ်။ မြေပြိုကျမှုကြောင့် သေဆုံးရုပ်အလောင်းတွေကို မိသားစု ဘာသာ အလိုက် သင်္ဂြိုဟ်ခွင့်ပြုမှာဖြစ်ပြီး ပြည်နယ်အစိုးရက ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/

*************

၂။         ၂၀၂၀ ရွေးကောက်ပွဲအတွက် ရေးမြို့နယ်၌ မဲရုံ ၁၃၀ နီးပါးလျာထား

July 1, 2020

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲရုံ ၁၂၇ ရုံလျာထားပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲထက် မဲရုံ ၁၇ ရုံလောက် ပိုတိုးလာဖွယ်ရှိတယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီသွေးက” ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲရုံ ၁၁၀ ရုံ၊ လာမယ့် ၂၀၂၀ မှာတော့ ၁၇ ရုံတိုးပြီးတော့ လျာထားပါတယ်။ လျာထားပေမဲ့ အတိုးအလျှော့ရှိနိုင်ပါသေးတယ်။ လက်ရှိ ဆောင်ရွက် ချက်အနေနဲ့ကတော့ မဲဆန္ဒနယ်အလိုက် မဲရုံအရေအတွက်နဲ့ မဲရုံတည်နေရာတွေသတ်မှတ် လျာထားခြင်းနဲ့ မဲဆန္ဒရှင် စာရင်း ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုတွေ လစဉ်ဆောင်ရွက်နေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ်အတွင်း လက်ရှိအချိန်အထိ ကောက်ခံရရှိတဲ့မဲပေးခွင့်ရှိသူဦးရေအနေနဲ့ ၂၀၃၀ဝဝ ကျော်ရှိပြီး လာမယ့်ရွေး ကောက်ပွဲမှာတော့ ၂၁၀ဝဝဝ ကျော် ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ပထမအကြိမ်မဲပေးမယ့်သူ ဦးရေကလည်း ၃၀ဝဝဝ လောက်ရှိလာနိုင်ပြီး တပ်မဲရုံဆောင်ရွက်မှုအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ တပ်ရင်းတပ်ဖွဲ့ တွေနဲ့ ညှိနှိုင်းဆဲဖြစ်တယ်လို့  ဦးညီသွေးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရေးမြို့နယ်မှာ ကောက်ခံရရှိခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေအရ လူ ၅၀ဝဝဝ ကျော် မှတ်ပုံတင်ဖြည့်သွင်းဖို့ ကျန်နေလို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျါိ်ုသားမှတ်ပုံတင်ရေးဦးစီးဌာနက အပတ်စဉ်ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်  ၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ၂ ဦး စုစုပေါင်း ကိုယ်စား လှယ် ၅ ဦး ရွေးကောက် တင်မြှောက် ရမှာဖြစ်ပါတယ်။ http://burmese.dvb.no/archives/397061

**************

၃။        တပ်သိမ်းမြေပေါ်ထွန်ယက်သော မူလပိုင်ရှင်ကရင်နီတောင်သူ ၂၁ ဦးကို ပြစ်ဒဏ်ချမှတ်မှု နည်းနေ၍ ပြည်နယ်                           လွှတ် တော်အထိ ပြင်ဆင်ချက်တက်

July 1, 2020

တပ်သိမ်းမြေပေါ်ထွန်ယက်သော မူလပိုင်ရှင်ကရင်နီတောင်သူ ၂၁ ဦးကို ပြစ်ဒဏ်ချမှတ်မှု နည်းနေ၍ ပြည်နယ်လွှတ်တော် အထိ ပြင်ဆင်ချက်တက်ရန်ကုန်၊ ဇူလိုင် ၁ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ကရင်နီတောင်သူ ၂၁ ဦးကို တပ်မတော်က ပထမအကြိမ် တပ်ပိုင်မြေ ကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့သော်လည်း ပြစ်ဒဏ်အနေဖြင့် လွိုင်ကော်မြို့နယ်တရားရုံးက အမိန့် ချမှတ်မှု နည်းပါး၍ တပ်မတော်က ထပ်မံအမိန့် ပြင်ဆင်ချက်တက်ထားကြောင်း သိရှိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဒေါ့မွန်ကုလားကျေးရွာနှင့် မြေနီကုန်းကျေးရွာမှ တောင်သူလယ်သမား၂၁ ဦးကို ခြေ လျင်တပ်ရင်း ၂၅၀ နှင့် အမြောက်တပ်ရင်း ၃၅၆ တို့ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုမှုကို လွိုင်ကော်မြို့နယ် တရားရုံးက မတ်လ ၁၃ ရက်နေ့တွင် ပြည်သူပိုင်ပစ္စည်းကာကွယ် ရေးအက်ဥပဒေပုဒ်မ ၆ (၁) အတွက်အလုပ်နှင့်ထောင်ဒဏ် ၆ လ ၊ ပိုင် နက်ကျူးလွန်မှုပုဒ်မ ၄၄၇ အတွက် ပြစ်ဒဏ် ဒဏ်ငွေနှစ်သောင်း ( သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် နှင့် အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ အတွက် ပြစ်ဒဏ် ဒဏ်ငွေနှစ်သောင်း အသီးသီးချမှတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါအမှုသည် တပ်ပိုင်မြေကို ဝင်ရောက်စိုက်ပျိုးသည်ဟုဆိုကာ တောင်သူများကို ၂၀၁၉ ခုနှစ်တွင် တပ်မတော်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင်မှ လွိုင်ကော်မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမိန့်ကို ခရိုင်တရားရုံးသို့ တပ်မတော်က ပြင်ဆင်ချက်တက်ခဲ့ရာ မေလ ၁၁ ရက်နေ့တွင် ပလပ်ခံခဲ့ရကြောင်း၊ ထို့ကြောင့် ကယားပြည်နယ် တရား လွှတ်တော်သို့ ထပ်မံ ပြင်ဆင်ချက် တက်ထားကြောင်း၊ ကယားပြည်နယ် တရားလွှတ်တော်က တောင်သူများထံ ပေးပို့ခဲ့ သည့် အကြောင်းကြားစာတွင် ဖျက်ဆီးခံခဲ့ရသည့် ခြေလျင်တပ်ရင်း (၂၅၀) ၏ အုတ်တံတိုင်းများသည် ပြည်သူပိုင် ပစ္စည်း များဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်း ဝန်းကျင်ရှိသဖြင့် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးမှုနှင့်နှိုင်းယှဉ်ရင် ပြစ်ဒဏ်နည်းပါးလွန်းဟု ရေးသားဖော်ပြ၍ အမိန့် ပြင်ဆင်ချက်တက်ခြင်းဟု ဖော်ပြထားကြောင်း သိရှိရသည်။

တပ်မတော်က တောင်သူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ၆(၁)၊ ပိုင်နက်ကျူး လွန်မှုပုဒ်မ ၄၄၇၊ အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးခူးတူရယ်က“ အဓိကတော့ စစ်တပ်သိမ်းထားတဲ့မြေပေါ်မှာ ဝင်ရောက်ထွန်းယက် စိုက်ပျိုးလို့ဆိုတဲ့ဟာနဲ့ သူတို့တရားစွဲတယ်ပေါ့။ ဝင်စိုက် တဲ့အခါ စစ်တပ်ကတရားစွဲတယ်”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်၏ သဘောထားမှတ်ချက် ရယူနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။ https://www.khitthitnews.com/2020/07/%e1%80%90%e1%80%95%e1%80% ba%e1%80%9e%e1%80

*************

၄။        ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး၌ ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း                            နောက်ပိုင်း တွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြောကြား

July 1, 2020

ရခိုင်ပြည်နယ်ရှိ  မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပမည့် UEC ၏ ကြေညာချက်အပေါ် ကြိုဆိုသော်လည်း နောက် ပိုင်းတွင် မဲဆန္ဒနယ်များ ပြန်လည်ဖျက်သိမ်းမည်ကို စိုးရိမ်ကြောင်း ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဇွန် ၃၀ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။  ရွေးကောက်ပွဲကော်မရှင်၏ ရခိုင်ပြည် နယ်၏ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပမည့် စေတနာဆန္ဒကို အသိ အမှတ်ပြုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ ရန် နီးကပ်ချိန်တွင် မဲဆန္ဒနယ် အခက်အခဲရှိပါက ပြန်လည်ရုပ်သိမ်းမှုများလည်း ကြုံလာနိုင်ကြောင်းကို မျှော်လင့်ထား ကြောင်း၊ လွှတ်တော်နိုင်ငံရေး လမ်းကြောင်းတစ်ခုတွင် တရားဝင်ရပ်တည်ထားသည့် ပါတီ တစ်ခုအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်မက်တွေရဲ့ ဆိုးကျိုးတွေ၊ အကျိုးဆက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြည်သူ လူထုကိုတင်ပြဖို့၊ အစိုးရကိုတင်ပြဖို့ လွှတ်တော်မှာ အသံကိုဖော်ထုတ်ဖို့ ကျွန်တော်တို့အတွက် အလွန်တရာ အရေးကြီးပါ တယ်။ အင်တာနက်တွေ ဖြတ်ထားတာကြောင့် ရခိုင်ပြည်နယ်မှာ သတင်းလွတ်လပ်ခွင့်၊ သတင်းအမှောင်ချချိန်မှာ ကျွန်တော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောဆိုချက်တွေ သတင်းမီဒီယာနဲ့ ဆက်သွယ်ပြောကြားချက်တွေဟာ အတော်ကိုအရေး ကြီးပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အသံ၊ လွှတ်တော်ရဲ့အသံဟာ ပျောက် သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တရားဝင်ရပ်တည်ထားတဲ့ ပါတီတစ်ခုအတွက် တော်တော်ကို အရေးကြီးတယ်။ ပြည်သူတွေ အတွက်လည်း အရေးကြီးတယ်။ UEC ရဲ့ လောလောဆယ် ထုတ်ပြန်ချက်ကို ကျွန်တော်အနေနဲ့ ဝမ်းသာပါ တယ်။ ကြိုလည်းကြိုဆိုပါတယ်။ နောက်ပိုင်းမှာ ဒီအတိုင်းပဲ မဲဆန္ဒနယ်အကုန်လုံးကို ကျင်းပဖို့၊ မကျင်းပဖို့၊ ဖျက်သိမ်း တာမျိုးတွေ ဖြစ်မလာဖို့ အဲဒါတွေကိုလည်း ပူပန်စိုးရိမ်စိတ်တော့ရှိပါတယ်”ဟု  လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရန် တာဝန်သာရှိပြီး အစိုးရ၏ မည် သည့်နေရာတွင် ကျင်းပနိုင်မည်၊ မကျင်းပနိုင်မည် သုံးသပ်ချက်အပေါ်တွင် ရွေးကောက်ပွဲကော်မရှင်က လုပ်ပေးနိုင်သည်ကို ယူဆကြောင်း ဦးဖေသန်းက ပြောကြားသည်။“လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် မြို့နယ်များတွင် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီများဖွဲ့၍ ရွေးချယ်ရန် တာဝန်ပေးထားကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပြင် နိုင်မည်ဟုထင်သော နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း ဦးဖေသန်းက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကြားတိုက်ပွဲ ဖြစ်ပွားလျက်ရှိသော်လည်း ဇွန် ၂၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် များ ကြေညာချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ https://news-eleven.com/article/180759

************

၅။        ဟားခါးတွင် နေစရာအိမ်မရှိသည့် ပြည်သူများအတွက် အစိုးရက အိမ်နေရာမြေကွက် မဲနှိုက်ချပေး

July 1, 2020

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ၁၀ နှစ်၊ နှစ် ၂၀ နေထိုင်ခဲ့ပြီး နေစရာအိမ်မရှိသူတွေအတွက် ဇူလိုင် ၁ ရက်နေ့မှာ အိမ် နေရာမြေကွက်တွေ မဲနှိုက်စနစ်နဲ့ ချထားပေးမယ်လို့ ဟားခါးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးငွန်ဗုန်းက ပြောပါတယ်။

မြေဧရိယာ ၆၇၆ ဧကအတွင်း မြေကွက်တွေကို ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် အဆင့် ၃ ဆင့်ခွဲကာ မဲနှိုက်ချထားပေးမှာ ဖြစ်ပြီး ပထမအဆင့် မြေကွက် ၁ ပေ ပတ်လည်ကို ကျပ်ငွေ ၁၅၀ဝ၊ ဒုတိယအဆင့်ကို ကျပ်ငွေ ၉၀ဝ နဲ့ တတိယအဆင့်ကို ၅၀ဝ ကျပ် စသဖြင့် ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ မြေကွက်ပေါင်း ၈၀ဝ လောက်အထဲက အစိုးရအဆောက် အဦ၊ ဘာသာရေးအဆောက်အဦတွေအတွက်ချန်ထားပြီး   မြေကွက် ၅၉၂ ကွက်ကို မဲနှိုက်စနစ်နဲ့ အိမ်နေရာချထားဖို့ရှိရာ ဇူလိုင်လ ၁ ရက်နေ့ ဟားခါးမြို့ မြို့တော်ခန်းမမှာ မနက် ၁၀  ကနေ စတင် မဲဖောက်မှာဖြစ်ပါတယ်။

အခုမြေကွက်ချထားမယ့် နေရာဟာ ၂၀၁၉ သြဂုတ်လက အစိုးရအနေနဲ့ လျာထားတဲ့ မြို့သစ်စီမံကိန်းနေရာဖြစ်ပြီး ဒီနေရာ မှာ ကျူးကျော်အိမ်တွေ ဆောက်လုပ်တာဖြစ်တယ်လို့ဆိုကာ လူနေအိမ် ၁၀ဝ ကျော်ကို ပြည်နယ်အစိုးရက ဖျက်ဆီးခဲ့တဲ့နေ ရာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေရာအတွင်း မြေနေရာအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး လူ ၆ ဦးကို အစိုးရက ပုဒ်မ-၆၁ နဲ့ တရားစွဲ ထားပါတယ်။ တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ဦးဟရန်ကီးလ် က “ကျနော်ကတော့ ဘာမှပြောစရာ မရှိတော့ပါဘူး။ ကျနော်တို့ အမှုလည်း တရားလိုဘက်က လိုအပ်ချက်ရှိနေတယ်ဆိုလို့ အခုထိ အမှုမပြီးပြတ်နိုင်သေးဘူး။ အခုတော့ ကျနော်လည်း တရားခံလိုဖြစ်နေတော့ မြေကွက်ချထားရေး ကိစ္စမှာ ဘာမှပြောစရာမရှိဘူး”လို့ပြောပါတယ်။ http://burmese.Dvb.no/a rchives/397070

**************

၆။        ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ                    ကော်မရှင် ကြေညာ

July 1, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦး ဦး၊ ဒုတိယဝန်ကြီး တစ်ဦးဦးက ရွေးကောက်ပွဲအတွက် ရွေးချယ်ခံရမည့်သူဖြစ်ပါက ဇူလိုင် ၁ ရက်မှ ပါတီစည်းရုံးရေးလုပ်ငန်း များကို ဆောင်ရွက်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပုဒ်မ ၃၉၉ (က) ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁ဝ ပါတာဝန်နှင့် လုပ် ပိုင်ခွင့်ကိုကျင့်သုံး၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီး အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦးသည် တည်ဆဲ ပြည် ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) အရ လည်းကောင်း၊ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ)ပါ ဒုတိယဝန်ကြီး တစ်ဦးဦးသည် တည်ဆဲပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ကြေညာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက် နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း  ဆောင်ရွက်ခွင့်ရှိကြောင်း ကြေ ညာခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ကြေညာခဲ့သည်။ https://news-eleven.com/article/180894

*************

၇။        ရှမ်းနီပါတီများ ၂၀၂၀ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်၊ လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်

July 1, 2020

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ ရှမ်းနီလူမျိုးကိုယ်စားပြုပါတီဖြစ်တဲ့ တိုင်းလိုင် (ရှမ်းနီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ)နဲ့ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီ တို့ဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တိုင်းလိုင် (ရှမ်းနီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)အနေနဲ့ စစ်ကိုင်းတိုင်းမှာ ၆ မြို့နယ်နဲ့ ကချင်ပြည်နယ် ၉ မြို့နယ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းအနေနဲ့တော့ လူငယ်နဲ့ အမျိုးသမီးတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဒီဗွီဘီကို ပြောပါတယ်။“ပြင်ဆင်မှုအခြေအနေကအခု မြို့နယ်တွေကို ဇူလိုင် ၃၁ နောက် ဆုံးထားပြီး ကိုယ်စားလှယ်လောင်းတွေတင်သွင်းပေးဖို့ အဲဒါညွှန်ကြားထားတယ်။ အဲဒါပြီးရင် ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ သင်တန်းပေးပါမယ်။ လူငယ်တွေ အမျိုးသမီးတွေဦးစားပေးပြီးမှ  နယ်လှည့်ပြီး နိုင်ငံရေး အတွေးအမြင် သင်တန်း ပေးတာတွေ ပါတီကော်မတီတွေနဲ့ အဲဒါတွေ ဆောင်ရွက်နေတာ ပေါ့လေ။”ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်တွေမှာ စစ်ကိုင်း တိုင်းဒေသကြီး ၆ မြို့နယ် ခန္တီး၊ ဟုမ္မလင်း၊ တမူး၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ အင်းတော်နဲ့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ စတဲ့ ၉ မြို့နယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ ရှမ်းနီလူမျိုးအမည်မှန်ပေါ်ပေါက်ရေးကို လွှတ်တော်ထဲတင်ပြရေး၊ မိမိလူမျိုးအမည်ပေါ် ပေါက်မှ မိမိဒေသတွင်းမှာ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်တွေရတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရေးတို့ဖြစ်တယ်လို့  ဦးစိုင်းဌေးအောင် က ပြောပါတယ်။ http://burmese.dvb.no/archives/397149

**************

၈။        စစ်တပ်များ မဆုတ်ခွာသေးသည့်အတွက် ကျောက်မဲ စစ်ရှောင်များ အိမ်ပြန်နိုင်သေး

June 30, 2020

တပ်မတော်က ကျေးရွာများထဲတွင် ရှိနေသေးသည့်အတွက် ကျောက်မဲမြို့နယ်မှ စစ်ရှောင် ၄၀ဝ ကျော် နေရပ်မပြန်နိုင်သေး ပဲရှိနေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များအား အကူအညီပေးနေသူများကပြောသည်။ နမ့်ခုံးပရဟိတ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ စိုင်းကူးက “တိုက်ပွဲဖြစ်တဲ့နေရာကတော့ ဘယ်သူမှ မသွားရဲဘူးပေါ့နော မသွားရဲဘူးဆိုတာကတော့ အက်ကီးရွာမှာက တပ်မတော်က စာသင်ကျောင်းထဲမှာ သူတို့က နေထားတယ်။ ပြန်ဆုတ်ခွာသွားလာဆိုတော့ ဆုတ်တော့ မဆုတ်ဘူး သူတို့က ရွာထဲမှာပဲ စာသင်ကျောင်းမှာပဲ အဲဒီမှာ စတည်းချပြီးတော့ နေနေသေးတယ်”ဟုပြောသည်။ စစ်ရှောင် အရပ်သားများက တပ်မတော် စစ်သားများရွာအတွင်းရှိနေပါက နေရပ်သို့ မပြန်ရဲကြောင်း ပြောသည်။

ကျောက်မဲ ဒေသခံတစ်ဦးက “ရွာသားတွေက သိန်းနီရွာ၊ အက်ကြီးရွာ၊ ရေဆန်ရွာ၊ ပြိန်နင်း၊ ပန်ကျန်၊ နမ့်ဖာ  အဲ့ဒီ ကျေးရွာ တွေက တိုက်ပွဲတွေကြောက်တယ်၊ တပ်မတော်ကလည်း ရွာသားတွေကို လမ်းပြအဖြစ် ခေါ်သွားတာတွေရှိတယ်။ ရိုက်နှက် တာတွေရှိတယ်။ အဲ့တော့ ရွာသားတွေကကြောက်ပြီး ထွက်ပြေးကြတာ။ ပန်ကျန်ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ အရင် ပစ်တယ်။ တစ်ယောက်သေတယ်နော်၊ နှစ်ယောက်က ဒဏ်ရာရတာရှိတယ်။ အခုသူတို့ ဒီတပ်မတော်က ရွာထဲရောက်နေ ကြတော့ ရွာသားတွေကကြောက်ပြီး ထွက်ပြေးရတာ။ ရွာသားတစ်ယောက်လည်း အရိုက်ခံရတာရှိသေးတယ်။ သတိတောင် လစ်သွားသေးတယ်”ဟု ပြောသည်။ ဇွန်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာ များအနီးတွင် တပ်မတော်နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲကြောင့် အက်ကြီး၊ နမ့်ဖာ၊ ပင်းလင် အစရှိသည့် ကျေးရွာ ၄ ရွာမှ စစ်ဘေး ရှောင် ၄၀ဝ ကျော် မှာ ပန်လော့ဒ်ကျေးရွာတို့စစ်ဘေး ရှောင်လာကြသည်။

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကျင်းပရာမှ နားလည်မှုလွှဲပြီး ထိတွေ့မှုများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု RCSS/SSA က ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ သီပေါမြို့နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု RCSS/SSA က ပြောသည်။ RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးသည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည်။ https://www.bnion line.net/m m/news-73940

*****************

၉။        KIO ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကာကွယ်ရေးဆိုင်ရာ ကန့်သတ်မှုကို ဇူလိုင် ၁၅ ရက်ထိ တိုးမြှင့်

July 1, 2020

ကချင်လက်နက်ကိုင် အဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေအတွင်း COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကာလ စည်းကမ်းချက်များ လိုက်နာရန်ရက်ကို ဇူလိုင် ၁၅ ရက်ထိ တိုးမြှင့်လိုက်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။

ထိုသို့ တိုးမြှင့်လိုက်သော်လည်း ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မှုနှင့် ဈေးများပိတ်ထားခြင်းကို ပြန်လည်ဖြေလျှော့သွား မည်ဖြစ်ကြောင်း KIO ဗဟို CO-VID-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ အတွင်းရေးမှူး ဦး ဟိမ်းဝမ်က ပြောဆိုထား သည်။ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း ‘‘ရောဂါအခြေအနေကိုတော့ ဘယ်သူမှ အတိအကျပြော လို့မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဇူလိုင် ၁၅ ရက်နေ့အထိ ရက်ကတော့ ပြန်လည်တိုးထား တာရှိပါတယ်။ အသွား အလာ တွေကတော့ နယ်စပ်တစ်လျှောက်မှာ နည်းနည်းဖြေလျှော့တာတော့ ရှိပါတယ်။ ဒါပေမဲ့ အပြင်ကဝင်လာတဲ့ သူတွေ၊ နိုင်ငံခြားနဲ့ ပြည်တော်ပြန်လူတွေကိုတော့ ကောင်းကောင်းပြန်ပြီးတော့ ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့တော့ တင်းတင်းကျပ် ကျပ် ပြန်လုပ်ထားပါတယ်”ဟု ပြောသည်။

KIO/KIA အနေဖြင့် ၎င်းတို့ ဒေသအတွင်း ရောဂါသံသယ လူနာတစ်ဦးတွေ့ရှိခဲ့၍ ၎င်းအပါ အဝင် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ကိုးဦးကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့သည်။ ထို့ပြင် လွယ်ဂျယ်ဒေသရှိ COVID-19 ရောဂါပိုးတွေ့ရှိသူ ကျန်းမာရေး ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် ထိတွေ့ဆက်စပ်သူ ၁၀ဝ ကျော်ကိုလည်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးမှု ကို တရုတ်နိုင်ငံဘက်၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုအားလုံး၌ ရောဂါပိုးရှိသူ မတွေ့ခဲ့ပေ။ အစိုးရအ နေဖြင့်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက်ဖြေလျှော့၊ တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမှအပ ကျန်သည့် ပြည်သူများထံသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ဇူလိုင် ၁၅ ရက်ထိ ရက်တိုး မြှင့်ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။ ရှမ်းလက်နက်ကိုင် အဖွဲ့ (RCSS) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး ကလည်း ၎င်းတို့ဒေသအတွင်း ရောဂါကာကွယ်ရေးဆိုင်ရာများ ဆောင်ရွက်ရာတွင် ကန့်သတ်ကာလကို အစိုးရ ထုတ်ပြန်ထားသည့် အတိုင်း ဇူလိုင် ၁၅ ရက်အထိ သက်တမ်းတိုးထားကြောင်း ပြောကြားသည်။ https://7day.news/deta il?id=190727

**************

၁၀။      မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

July 3, 2020

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် တွင် ယမန်နေ့ ညပိုင်း၌ အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရသည်။

ဖြစ်ဉ်မှာ ယမန်နေ့ (ဇူလိုင် ၂)ရက် ည ၉ နာရီ ဝန်းကျင်တွင် ကောင်းမူးတုံရပ်ကွက် ဟိုနားဘုန်းကြီးကျောင်း ဘေးလမ်းတွင် အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသားတဦးမောင်းလာသည့် ဆိုင်ကယ်နောက်ကို အမည်မသိ သူ ၂ ဦး က လိုက်လံ ပစ်ခတ် မှုကြောင့် သေဆုံးခဲ့ကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။“အသက် ၂၅ နှစ် ကောင်လေးမောင်းလာတဲ့ ဆိုင်ကယ်နောက်ကို ဆိုင်ကယ်တစီးနဲ့ လူ ၂ ယောက်ကလိုက်ပြီး သေနတ်နဲ့ ပစ်ပြီးထွက်ပြေးသွားတယ်။ ကောင်လေးက တော့ အဲ့မှာပဲ သေသွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် ကိုလွင် ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် ယာဘက် လည်ပင်း၊ ယာဘက် နံကြား နှင့် ယာဘက် ဆီးခုံ တို့တွင် ကျည် ၃ ချက် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူအနီးတွင်လည်း ၉ မမ ကျည်ခွံ ၂ ခုတွေ့ရှိကြောင်း မူဆယ်မြို့ ရဲစခန်းမှ စုံစမ်း သိရသည်။“ တရားခံကိုတော့ မနေ့ကတည်းက ကျနော်တို့ ရှာဖွေနေပါတယ်။ အခုထိ ကျနော်တို့ စုံစမ်းနေဆဲပါ”ဟု မူဆယ်မြို့မ ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နယ်စပ် မြို့ ဖြစ်ပြီး မကြာခဏ လုယက်မှု၊ သေနတ်ပစ်ခတ်မှု နှင့် ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည့် နေရာဒေသတဦးဖြစ်သည်။ https://bur mese.shannews.org/archiv es/17351

************

၁၁။      ရသေ့တောင်မြို့နယ်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ဟု ကာယကံရှင် အမျိုးသမီးပြောဆို

July 3, 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ သားသမီး ၄ ယောက်၏ မိခင် အသက် (၃၇) ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ဇွန်လ ၃ဝ ရက်နေ့ ညနေ ၁၁ နာရီအချိန်ခန့်က တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောဆိုသည်။

အဓမ္မပြုကျင့်ခံရသူ ကာယကံရှင်အမျိုးသမီး ——— (၃၇) နှစ်က “ စစ်ဆေးစရာရှိတယ်ဆိုပြီး တပ်မတော်သား ၄ ဦးက ကျမကို ကျမအိမ်ကနေ ကျမယောက္ခမအိမ်ကို ခေါ်တယ်။ ပြီးတော့ ကျမကို အကျပ်ကိုင်တယ်။ သေနတ်နဲ့ ပစ်သတ်ဖို့၊ ဓားနဲ့ ထိုးဖို့ဆိုပြီးတော့ ပြောတယ်။ ကျမယောက္ခမအိမ်ကို ရောက်တာနဲ့ ၄ ယောက်မှာ တစ်ယောက်တော့ ဘာမှ မလုပ်ဘူး။ ၃ ယောက်က ကျမကို အဓမ္မပြုကျင့်တယ်။ နောက်ပြီး ကျမကို ဘာသတင်းမှ မပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် သတ်ပစ်မယ် ဆိုပြီး ကျမကို ခြိမ်းခြောက်သေးတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။ အဓမ္မပြုကျင့်ခံရသူ၏ အိမ်ခြံဝင်းထဲတွင် အိမ် ၄ ဆောင်ရှိပြီး ဇွန်လ ၃ဝ ရက်နေ့ ညနေက မြောက်ဘက်အဆုံးက အိမ်တွင် တပ်မတော်သား ၄ ယောက် နေထိုင်ခဲ့ပြီး တခြားရွာထဲက အိမ်များတွင်လည်း တပ်မတော်သားများ နေထိုင်ခဲ့ကြောင်း သူကပြောသည်။ “ ကျမကို နိုင်ထက်စီးနင်းလုပ်ပြီးရင်။ ကျမသမီးကိုလည်း ဆွဲခေါ်တယ်။ ကျမသမီးကိုလည်း နိုင်ထက်စီးနင်း လုပ်ဖို့ကြံစည် တယ်။ ကျမသမီးက ကလေးမွေးထားတာ ခြောက်ရက်ဘဲရှိသေးတယ်။ ကျမသမီးကိုတော့ နိုင်ထက်စီးနင်း မလုပ်ခဲ့ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ထဲကတစ်ယောက်က သူတို့ကိုလာတားတယ်။ အဲဒါကြောင့်မလုပ်ခဲ့ဘူး”ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းသို့ နိရဉ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းဖြစ်စဉ်မှာ မဟုတ်ကြောင်း၊ ဝါဒဖြန့်ချီခြင်းသာဖြစ်ကြောင်း ပြောကြားသည်။ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းသို့ ဇူလိုင် ၂ ရက် နံနက် ၁ဝ နာရီ မိနစ် ၃ဝ က ဆက်သွယ် မေးမြန်း ခဲ့ရာ သူက “အဲဒီကိစ္စ ကျွန်တော်တို့ သတင်းအတိကျ အသေးစိတ်မရသေးဘူး။ အဲဒါကို အခု စုံစမ်းဆဲဖြစ်နေတယ်။ ကျွန်တော် အခုပဲ စောင့်နေတာ အဲဒီသတင်းကို”ဟု ပြောဆိုသည်။ ဦးဂါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှအောင်ဇံက “ အဲဒီနေ့ က ကျနော်ရွာမှာ မရှိဘူး။ ကျနော်မှာ ကလေး နေမကောင်းလို့ စစ်တွေ ကို ဆေးခန်းပြဖို့ရောက်နေတယ်။ ရွာအခြေအနေ ကိုတော့ ကျနော်လည်း တိတိကျကျမသိဘူး။ သူတို့နဲ့ကျနော်နှင့် အဆက်သွယ်လည်း မလုပ်ရသေးဘူး” ဟု ပြောသည်။ https://www.bnionline.net/mm/news-73994

*************

၁၂။      မတူပီမြို့နယ် ဆဘောင်းပီကျေးရွာတွင်  ၉ တန်း၊ ၁ဝ တန်း သင်ပေးမည့် ဆရာကို ရပ်ရွာမိဘများမှ ပိုက်ဆံစုပြီး ခေါ်ယူ

July 3, 2020

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဆဘောင်းပီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာလိုအပ်သ ဖြင့် ဒေသခံ ရပ်ရွာမိဘများမှ ပိုက်ဆံစု ဌားရမ်းထားပြီ ဖြစ်ကြောင်း သိရသည်။

ဆဘောင်းပီ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရိန်ယိုင်းက “လက်ရှိ အထက်တန်းပြဆရာက တစ်ယောက်တည်းရှိတော့ အထက်တန်းသင်ပေးမဲ့ ဆရာ/ဆရာမ ဌားဖို့လုပ်ထားတယ် ဒီမှာရှိတဲ့ မိဘတွေက အစိုးရကခန့် မရခင် မိဘတွေကိုယ်တိုင် ပိုက်ဆံစုပြီးဌားဖို့ လုပ်တာဖြစ်တယ် လုပ်ချင်တဲ့သူတွေကိုရှာတာ ဆရာလေးယောက်တော့ရပြီ”ဟု ပြောသည်။ ဆဘောင်းပီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုးတန်း၊ ဆယ်တန်း သင်ကြားပေးမည့် ဆရာ အလုံလောက်မရှိသဖြင့် ထိုအခက်ခဲကို ဖြေလျော့နိုင်ရေးအတွက် ရပ်ရွာမိဘပြည်သူများမှ အထက်တန်း သင်ကြားပို့ချပေး နိုင်မည့် ဆရာတစ်ဦးကို ညဏ်ပူဇော်ခအဖြစ် တစ်လလျှင် ကျပ် သုံးသိန်း နှင့် ညစာကျက် ဝိုင်းကြီးကြပ်ခ ငါးသောင်းကျပ်တို့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆဘောင်းပီ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရိန်ယိုင်းက “တစ်ကျောင်းလုံးမှာ တစ်ကျောင်းလုံး မှာ ကျောင်းသားဦးရေ သုံးရာဝန်းကျင်ရှိတယ် အထက်တန်းက ကျောင်းသူကျောင်းသား အယောက် ငါးဆယ်လောက်ရှိ တယ် ကျောင်းဖွင့်ရင် အထက်တန်းကျောင်းသားဦးရေက ဒီထက်မက ပိုလည်းများလာ နိုင်တယ်”ဟု ပြောသည်။

မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျောင်းဆရာဆရာမ အလုံလောက်မရှိသည့် ကျောင်းအမြောက်များရှိနေသေး ကြောင်းလည်း မတူပီမြို့နယ် ပညာရေးမှူးရုံးတွင် ကွန်ပြူတာ လုပ်ဆောင်ရေးမှူး ဦးတလုံကုတ်က ဆိုသည်။ https://www .bnionli ne.net/mm/news-73996

*************

၁၃။      နာဂအမျိုးသားပါတီ (NNP) က အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်                          ၁၅ မြို့ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်

July 3, 2020

၂၀၂ဝ အထွေထွေရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီ (NNP) က ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၁၅ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အထွေထွေရွေးကောက်ပွဲတွင် နာဂအမျိုးသားပါတီ (NNP) က ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂) တို့ဖြစ်ပြီး ဟုမ္မလင်းမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ဖြစ်ကြောင်း သိရသည်။ ထို့အတူ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်များတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တို့၌ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး  လေရှီး မြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နာဂအမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အလားတူ နာဂအမျိုးသားပါတီအနေဖြင့် ကချင် ပြည်နယ် တနိုင်းမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

နာဂအမျိုးသားပါတီ (NNP) အနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ စာရင်းကို စိစစ်နေကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏စာရင်းကို အတည်ပြုပြီးပါက ရွေးကောက်ပွဲကော်မရှင်တွင် အမည်စာရင်းတင် သွင်းခြင်းကို  ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှု့မောင်က ပြောကြားသည်။ “လောလောဆယ် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချထားတာကတော့ မဲဆန္ဒနယ်ပေါင်း ၁၅ နေရာလောက်ဝင်ပြိုင်ဖို့ရှိတယ်။ ဒီထက်တိုးဖို့လည်းရှိရင်ရှိမယ်။ ဝင်ပြိုင်မယ့်နေရာလျော့ဖို့တော့မရှိဘူး။ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုအနေနဲ့တော့ သက် ဆိုင်ရာမြို့နယ်ကနေ တင်ပြလာတဲ့ အမတ်လောင်းစာရင်းတွေကို အခုစိစစ်နေတယ်။ မကြာခင် ကျွန်တော်တို့ အတည်ပြု မယ်။ အတည်ပြုပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ အမတ်လောင်းတင်သွင်းတဲ့ရက်တွေရှိတယ်။ အဲဒီ ရက်တွေမှာ ကျနော်တို့ တင်သွင်းသွားမှာပါ။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်ပေါင်း တစ်ဆယ့်ငါးမြို့နယ်ကို ဝင်ပြိုင်သွားမှာပါ”ဟု နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှု့မောင်က ပြောကြားသည်။

နာဂအမျိုးသားပါတီသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ပါတီမှတ်ပုံတင်ရရှိခဲ့ပြီး ပါတီဌာနချုပ်ရုံးအား စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့တွင်ဖွင့်လှစ်ထားသည်။ https://news-eleven.com/article/181091

************

၁၄။      နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတချို့ပြောင်းလဲမှုအပေါ် ဝေဖန်မှုတွေရှိ

June 2, 2020

နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာခဲ့ရာမှာ အပြောင်းအလဲတွေ ရှိခဲ့တဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာတာပါ။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ မဲဆန္ဒနယ်မြေတချို့ အပြောင်းအလဲ ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာနယ်မြေအတွက် ကိုယ်စားပြုမှုတွေကို ထိ ခိုက်မှာ စိုးရိမ်နေကြတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကယား၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ဧရာဝတီ တိုင်းအတွင်းက အမျိုးသားလွှတ်တော် နယ်မြေအမှတ်တချို့မှာ အပြောင်းအလဲတွေ လုပ်ခဲ့သလို အရင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေဖြစ်တဲ့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောမြို့ နယ် တွေလည်း ပါဝင်လာပါတယ်။

ဒါပေမဲ့လည်း ဒီလိုအပြောင်းအလဲတွေဟာ သက်ဆိုင်ရာဒေသတွေက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးမှုမရှိဘူး ဆိုပြီး ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်ဘီထူး တို့လို တိုင်းရင်းသား နိုင်ငံရေးသမားတွေက ထောက်ပြနေကြတာပါ။ “တချို့ မဲဆန္ဒနယ်တွေကို ဟိုဘက်ပေါင်းလိုက် ဒီဘက်ကိုထည့်လိုက်လုပ်တယ် ဘာကြောင့်လုပ်လဲ မသိဘူး။ တချို့ကိုယ်စားလှယ် တွေက အရင်တိုင်းပဲ ဖြစ်မယ်လို့ထင်ထားတော့ ဝင်ပြိုင်ဖို့ ခက်ခဲသွားတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ကိုယ်စားလှယ် လောင်းတွေ ဝင်ပြိုင်မယ့်နေရာ အပြောင်းအလဲဖြစ်သွားတော့ မဲဆန္ဒနယ်ပြောင်းပြီးတော့ ဝင်ပြိုင်ရမလိုလို၊ ဒါမှမဟုတ်လည်း သူတို့နယ်မြေထဲမှာပဲ ဆက်ပြီးတော့ ဝင်ပြိုင်ရမလိုလို အဲလိုအခက်အခဲတွေ ကျနော်တို့ တွေ့ရတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကော်မရှင်ကိုမေးတော့ လူဝင်မှုကြီးကြပ်ရေးကနေ စာရင်းရတယ် အဲဒါကို ညှိပြီးတိုင်ပင်ပြီးမှ လုပ်တာဆိုတော့ ကျနော်တို့အနေနဲ့ ဒါကမတရားဘူးလို့ယူဆတယ်။ နိုင်ငံရေးပါတီတွေနဲ့တိုင်ပင် သင့်တယ်။”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲတွေကို ကျင်းပသွားဖို့လည်း ကော်မရှင် က ကြေညာထားပါတယ်။ ဒါပေမယ့်လည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေကြားမှာ လွတ်လပ်မျှတမှုရှိရှိ ကျင်းပနိုင်ပါ့မလား ဆိုတာကိုလည်း ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှ တို့လို ဒေသခံနိုင်ငံရေးအသိုင်းအဝန်းက စိုးရိမ်နေပါတယ်။ “ထိ ခိုက်မှုက အဲဒီမှာကျနော်တို့ လူနည်းစု ရခိုင်လူမျိုးပါတီတွေရှိတယ်။ မြိုတိုင်းရင်းသားပါတီတို့လိုမျိုး ဒီလို မျိုးနွယ်စု ပါတီတွေ အဲဒီဘက်မှာအခြေစိုက်တာများတယ်။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေ အရေအတွက် ထိခိုက်မှုရှိတယ်လို့ မြင်တယ်။ ဘာပဲပြော ပြော ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ သူတို့လုပ်ဆောင်နေတာက ဘယ်လိုပြောမလဲဆိုရင် တိတိကျကျ ဘာအဖြေမှ မပေးနိုင်တဲ့ အခြေအနေမျိုး လို့ မြင်ပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ကော်မရှင်ဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက် လို့ နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေမရှိဘူးဆိုပြီး နိုင်ငံရေးပါတီတချို့က ဝေဖန်နေကြသလို၊ သတင်း အချက်အလက် ထုတ်ပြန်မှုတွေမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး စွပ်စွဲတာတွေလည်း ရှိနေပါတယ်။ အခုလို မဲဆန္ဒ နယ်မြေတချို့မှာ အပြောင်းအလဲလုပ်ခဲ့တာ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ မေးခွန်းတွေထွက် ပေါ်နေ တာတွေနဲ့ ပတ်သက်လို့ ကော်မရှင်ကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။ https://burmese.v oanews.com/a/myanmar-election-/5485154.html

*************

၁၅။      ချက်ချင်းအပစ်ရပ်ဖို့ တပ်မတော်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း

June 30, 2020

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြ တဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ကတော့ ရခိုင်ပြည် နယ် ဖွံ့ဖြါိ်ုရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစိုးရက ကြိုးပမ်းနေပါတယ်လို့တုံ့ပြန်ခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လုပ်တဲ့ ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲ ဘတ်ရှလတ် (Michelle Bachelet) က တောင်းဆိုသွားတာပါ။“မြန်မာနိုင်ငံထဲက တခြားဒေသတွေမှာ အပစ်ခတ်ရပ်စဲ ထားသလို ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာလည်း အပစ်ခတ် ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာတွေကို ချက်ချင်း ရပ်ဖို့ တပ်မတော်ကို ကျမ တောင်းဆိုပါတယ်။”

ရခိုင်နဲ့ ချင်းပြည်နယ်က ဒေသခံအရပ်သားတွေဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား ဖြစ်နေတဲ့ တိုက်ပွဲဒဏ်ကို အကြီးအကျယ် ခံစားနေရပြီး၊ ရသေ့တောင်မြို့နယ် ကျောက်တန်းတဝိုက်မှာ “နယ်မြေရှင်းလင်းရေး”- ဆိုတဲ့ ညွှန်ကြား ချက်ကြောင့် ဘေးလွတ်ရာထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ အခုဆိုရင် ခန့်မှန်းချေ ၁ သောင်းထက်မနည်း ရှိနေပြီလို့ လည်း မစ်ဘတ်ရှလတ် က ပြောခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရတ်စ် (António Guterres) ရဲ့ ကမ္ဘာတဝှမ်း အပစ်ရပ်ဖို့ တောင်းဆိုချက်ကို လေးစားလိုက်နာဖို့နဲ့ ရခိုင်ပြည်နယ်ကနေ ဘလင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ဖို့ လုံခြုံရေး၊ ဥပဒေရေးရာတွေအရ အတား အဆီး ဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ကိုလည်း – မီရှဲ ဘတ်ရှလတ် က ပန်ကြားခဲ့တာပါ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ် စွန့်ခွာရတဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အတိုင်း အပစ် အခတ်ရပ်စဲဖို့လည်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ က အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာ ပါ။ ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ ပြင်ဆင်နေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ် ထဲ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာလည်း နိုင်ငံတကာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ Refugees International အဖွဲ့က ဒီလုပ်ရပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည်ထင်ဟပ် နေတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ https://www.rfa.org/burmese/news/un-humanrights-commissioner-rakhine-war-0630202 0211335.html

************

၁၆။      ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး  တိုက်ပွဲများရပ်တန့်ရန် ကချင်ပြည် နယ်                      ပြည်သူ့ပါတီ တိုက်တွန်း

July 2, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက် တိုက်ပွဲများ ရပ်တန့်စေလိုသည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က ဇူလိုင် ၂ ရက်တွင် သဘောထားထုတ်ပြန်သည်။ ထို့အပြင် COVID-19 ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ကောင်းမွန်ချောမွေ့စွာ လက်တွဲဆောင်ရွက်နိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများ ဘေး ကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးတို့အတွက်လည်း တိုက်ပွဲများရပ်တန့်ရန် KSPP ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီရွေးကောက်ပွဲဟာမလွဲမသွေ လုပ်ရမယ့်ရွေးကောက်ပွဲဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ နောက်ပြီး COVID-19 ရောဂါလည်း ဖြစ်နေတယ်။ ဒါကြောင့် ရွေးကောက်ပွဲလုပ်တဲ့အချိန်မှာ ကျန်းမာရေး နဲ့အညီ လုပ်သွားဖို့တော့ လိုတာပေါ့။ နောက်တစ်ခုကဒီ ငြိမ်းချမ်းရေးဟာ မလွဲမသွေတပ်တွေ၊ ထိုးစစ်တွေ မလုပ်ဖို့ပေါ့”ဟု KSPP ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက ပြောကြားသည်။

COVID-19 ရောဂါ ကူးစက်မှု ဆက်လက်မြင့်တက် နေခြင်းနှင့် ပြည်တွင်းတိုက်ပွဲများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် အထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူများ၏ ဆန္ဒမဲပေးခွင့် ထိခိုက်ဆုံးရှုံးမှုမရှိရန် လိုအပ်သည်ဟု KSPP ပါတီကြေညာချက် တွင်ပါရှိသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတ် မှတ်ထားသည့် စံငါးချက်နှင့်အညီ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရန်လွန်စွာ အရေးကြီး သည်ဟုလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်းတည်ထောင်ထား ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ရရှိခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်  ၁ ရက်တွင် ကြေညာခဲ့သည်။ https://news-ele ven.com/article/181028

*************

၁၇။      SNLD ပါတီကိုယ်စားပြု အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ                 စတင် လျှောက်ထားနိုင်

July 2, 2020

အထွေထွေရွေးကောက်ပွဲဝင်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကို မြို့နယ်ကော်မတီများတွင် ဇူလိုင် ၁ ရက်မှစတင်ထုတ်ယူနိုင်ပြီး ဇူလိုင် ၁၀ ရက် နောက်ဆုံးထား တင်သွင်းရမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLA) ပါတီက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

SNLD ပါတီဝင် သက်တမ်းအနည်းဆုံး ခြောက်လရှိသူ၊ အခြေခံဥပဒေပါ အသက်အရွယ်ကန့်သတ်ချက်များနှင့်ကိုက်ညီသည့် မည်သူမဆို ကိုယ်စားလှယ်လောင်း လျှောက်ထားနိုင်ပြီး ဘာသာရေးကန့်သတ်ချက်မရှိဟု ပါတီအထွေထွေအတွင်း ရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။“ပညာအရည်အချင်းအနေနဲ့ ပြည်ထောင်စုအဆင့်မှာဆိုရင် ဘွဲ့ရရမယ်။ ဘွဲ့မရင် ဒီပလိုမာ တစ်ခုခုရရမယ်။ ပြည်နယ်အဆင့်မှာ အခြေခံပညာအထက်တန်းအဆင့် ဒါကို အနည်းဆုံးသတ်မှတ်ထားပါတယ်။ ရွေးချယ်မှု မှာတော့ လူငယ်နဲ့ အမျိုးသမီးကို ပိုပြီးဦးစားပေးရွေးချယ်မှာဖြစ်တယ်။ အရည်အချင်းတူတယ်ဆိုရင် လူငယ်နဲ့ အမျိုးသမီးကို ဦးစားပေးမှာပေါ့”ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။ ကိုယ်စား လှယ်လောင်း အဆိုပြုလွှာများအပေါ် မြို့နယ်ကော်မတီ၊ ဗဟိုဌာနချုပ်ရုံးခွဲကော်မတီနှင့် ဗဟိုဌာနချုပ်ကော်မတီတို့ကို အဆင့် ဆင့် စိစစ်ရွေးချယ် သွားမည်ဟု SNLD ပါတီက ထုတ်ပြန်သည်။

SNLD ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဦးစိုင်းလိတ်က ဆိုသည်။ ကချင်ပြည် နယ်နှင့် ကယားပြည်နယ်တွင် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်များအပြင် မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးတွင် တိုင်းရင်းသားရေးရာဝန်ကြီး နေရာဖြစ်သည့် ရှမ်းတိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း ၎င်းက ပြောကြားသည်။ ရှမ်းပြည်နယ်အတွင်း ပြည်နယ်လုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း  ရှမ်းလူမျိုးအနည်းစုသာရှိသည့် မဲဆန္ဒနယ်အချို့ကို ချန်လှပ်ဖွယ် ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကျားခေါင်းပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဒုတိယအများစု အနိုင်ရပါတီဖြစ်သကဲ့သို့ ပြည်ထောင်စုအဆင့် လွှတ်တော်တွင်လည်း ကိုယ်စားလှယ်အချို့ အနိုင်ရခဲ့သည်။ https://news-eleven.com/article/180988

*************

၁၈။      ကိုဗစ် ကပ်ရောဂါ ကာလဖြစ်၍ ပါတီစည်းရုံးရေးလုပ်ငန်း စိန်ခေါ်မှုများမည်ဟု ကရင်ပါတီပြော

July 2, 2020

Covid-19 ကပ်ရောဂါ ကာလဖြစ်သောကြောင့် ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများတွင် စိန်ခေါ်မှုများစွာရှိမည်ဟု ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီများက ကေအိုင်စီသို့ ပြောဆိုသည်။ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု (ဇူလိုင် ၁ ရက်)၌ သတ်မှတ်ကြေညာအပြီး ပြည်နယ်အခြေစိုက် ကရင်ပါတီ ၂ ပါတီက ယခုလို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး စည်းကမ်း သတ်မှတ်ချက်ထွက်လာတာ မတွေ့သေးဘူး။ ၃ ပေ၊ ၆ ပေ ကွာရင် စည်းရုံးနိုင်တယ်။ ဒါပေမယ့် ဘယ်နှစ်ယောက် စည်းရုံးလို့ ရမလဲဆိုတာ သူတို့မပြောသေးဘူး။ ဘယ်နေရာမှာလုပ်မလဲဆိုတဲ့ ခွင့်ပြုမိန့်ကိုလည်း တောင်းရမယ်။ အဲဒါတွေက ကိုယ်တို့ အတွက် အနှောင့်အယှက်ဖြစ်တာပေါ့။ လွတ်လွတ်လပ်လပ်မရှိဘူးပေါ့ကွာ။”ဟု ပြောသည်။ ထို့အပြင် ပါတီစည်းရုံးရေး    လုပ်ငန်းများတွင် ပါတီကြီးများနှင့် နှိုင်းယှဉ်လာပါက ငွေကြေးအင်အား အားနည်းခြင်းများရှိသည့်အတွက် လူထုများအား အမျိုးသားရေးစိတ်ဓာတ်များဖြင့်သာ အဓိကထားစည်းရုံးသွားမည် ဖြစ်ကြောင်းလည်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဥက္ကဋ္ဌ စောခင်မောင်မြင့်ကလည်း “အခက်အခဲကတော့ ကျန်းမာရေးလမ်းညွှန်ချက် အတိုင်းဆိုရင် လူစုလူဝေးနဲ့ စည်းရုံးဟောပြောတာတွေ ဘယ်လုပ်နိုင်မလဲ။ မလုပ်နိုင်ဘူးဆိုရင်တော့ တစ်ရွာဝင်တစ်ရွာ ထွက်ပြီး လက်ကမ်းစာစောင်တွေ လိုက်ဝေဖို့ကြိုတင်စီစဉ်ထားတယ်။”ဟု ပြောသည်။ လူစုလူဝေးများဖြင့် မနေရဟုဆိုသော် လည်း အာဏာရပါတီဝင်များအနေဖြင့် အစိုးရလုပ်ငန်းများ၊ တာဝန်ဖြင့်သွားရသည့် ခရီးစဉ်များအတွင်း စည်းရုံးရေးပါရော၍ လုပ်ဆောင်နေသည်များကို တွေ့မြင်နေရသော်လည်း မိမိတို့ပါတီများအနေဖြင့် ထိုသို့သောအခွင့်အရေးမရရှိကြကြောင်း စောခင်မောင်မြင့်က သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ (KNP)တို့ တရားဝင် နိုင်ငံရေးပါတီများ အဖြစ် ရပ်တည်လျက်ရှိသည်။ http://kicnews.org/2020/07/%e1%80%80%e1%80%af%e1%80%ad%e1%80  %97%e1%80%85%e1%80

**************

၁၉။      တောင်ကုတ်တွင် မိုင်း ပေါက်ကွဲမှုဖြစ် ၄ ဦးသေဆုံး

June 30, 2020

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ဇွန်လ ၂၉ ရက် ညနေ ၁၁ နာရီဝန်းကျင်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ၄ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းပေါက်ကွဲသည့် နေရာမှာ တောင်ကုတ်- မအီကားလမ်းနှင့် ပေ ၁၀ဝ ခန့်အကွာ တရဘ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ ဒေသခံများ မဟုတ်ဘဲ မည်သူ၊ မည်ဝါ ဖြစ်သည်ကို မသိရှိ ရကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ပြောသည်။ ရဲမှူး သိန်းနိုင်က “ကျေးရွာ အုပ်ချုပ်ရေးမှူး သတင်းပေးပို့ချက်အရ မနေ့က ည ၁၁ နာရီလောက်မှာ ပေါက်ကွဲသံကြားတယ်။ မနက်မိုးလင်းတော့ သွားကြည့်တဲ့အခါ အဲဒီ အနား ၄ ယောက် သေနေတာကို တွေ့တယ်။ ၄ ယောက်မှာ ၁ ယောက်ကတော့ ခြေတွေ၊ လက်တွေပြတ်ပြီး သေဆုံးနေ တာကို တွေ့တယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုတွင် သေဆုံးသွားသူများမှာ ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များဖြစ်ပြီး ဒေသန္တရ လက်လုပ်မိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း အသေးစိတ်စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြု သည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ တပ်မတော် သတင်းထုတ်ပြန်ချက်တွင် “AA အဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်းတွင် ဒေသ တည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရလက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်းနှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း” ဖော်ပြထားသည်။

ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၄ ဦးမှာ အသက်၂၀ နှင့် ၃၀ ကြားရှိပြီး အလောင်း၏ အနီးဝန်းကျင်တွင်လည်း မိုင်းနှင့် ဆက်စပ်သည့် ပစ္စည်းများတွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိအချိန်တွင် သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလောင်းများကိုမူ ကောက်ယူသူမရှိသေးဘဲ ယင်းနေရာတွင် ရှိနေသေး ကြောင်းလည်းသိရသည်။ လက်ရှိ တောင်ကုတ်မြို့နယ်အတွင်း နိုင်ငံရေးပါတီများကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေပြီး ရခိုင် အမျိုးသားပါတီမှ မြို့နယ် အလုပ်အမှုဆောင် ၁ ဦး အပါအဝင် ဒေသခံ ၉ မှာ ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံနေရသည်။ https://bu rma.irrawaddy.com/news/2020/06/30 /225539.html

************

၂၀။      ယခင် နဝတ စစ်အစိုးရအပစ်အခတ်ရပ်စဲရေး ရိုးသားဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ  သုံးသပ်

June 29, 2020

အပစ်အခတ်ရပ်စဲလာသည့် ၂၅ နှစ်ပြည့်အတွေ့အကြုံအရ ယခင်နဝတစစ်အစိုးရမှ ရိုးသားမှုဖြောင့်မတ်မှုမရှိခဲ့ဟု မွန်ပြည် သစ်ပါတီ ဥက္ကဋ္ဌ  နိုင်ဟံသာက ဇွန်လ ၂၉ ရက်နေ့တွင် သုံးသပ်ပြောဆိုလိုက်သည်။ မွန်နိုင်ငံရေးလေ့လာသူ ပညာရှင်များ ဦးဆောင်၍ “မွန်ပြည်သစ်ပါတီ၏ ၂၅ နှစ်အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ် ခြင်း”ယနေ့ Zooming Online ဆွေးနွေးပွဲတွင် နိုင်ဟံသာ သုံးသပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ဟံသာက “နိုင်ငံရေးဆွေးနွေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရတာဖြစ်တယ် အပစ်အခတ်ရပ်စဲတာဟာ ပထမအဆင့်ဖြစ်ပြီးတော့ ဒုတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးဖို့ပါ၊ အပစ်ရပ်ထားတဲ့အဆင့်တွေမှာပဲ ရပ်တန့်ထားဖို့မသင့်ပါဘူး ကျနော်တို့ အတွေ့ အကြုံအရ ဒီနေ့ ၂၅ နှစ်ပြည့်လာတဲ့အထိ ယခင်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တာကို သုံးသပ်ရင် ရိုးသားဖြောင့်မတ်မှုမရှိဘူး လို့မြင်တယ်”ဟု ဆိုသည်။ သို့ရာတွင် နဝတ လက်ထက် အပစ်အခတ်ရပ်စဲပြီးသည့်နောက်ပိုင်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ နိုင်ငံရေးဆွေးနွေးရန် ပြောဆိုသည့်အခါ ငြင်းပယ်ခံရကြောင်း၊ ၎င်းတို့မှာ စစ်အာဏာသိမ်းအဖွဲ့ဖြစ်သည့် အတွက် နိုင်ငံရေးအာမခံချက်များ ပေးမရဟုဆိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး လူထုရွေးချယ်တင်မြှောက်သော အစိုးရ ပေါ်ပေါက်လာပါက နိုင်ငံရေး ဆွေးနွေးပွဲကျင်းပ ပေးမည်ဟု ယခင်စစ်ထောက်လှမ်းရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် က တိကဝတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်အစိုးရဖိအားပေးသည့်အတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ လက်နက်စွန့်ခြင်း၊ နယ်ခြားစောင့်တပ် BGF နှင့် ပြည်သူ့စစ်အဖွဲ့များ ပြောင်းလဲဖွဲ့စည်းခဲ့ရကြောင်း ၎င်းက ထောက်ပြသည်။ သို့သော် မြန်မာ့အရေးလေ့လာသူ Ashley South က လက်ရှိအနေအထားအရ အကောင်းဘက်ကိုကြည့်လျှင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုများတွင် မွန်ပြည်သစ်ပါတီက ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်နေသဖြင့် လက်ရှိမြန်မာ့ ငြိမ်းချမ်း ရေးအတွက် များစွာအထောက်အကူဖြစ်စေသည်ဟု ပြောသည်။  ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မော်လမြိုင်မြို့အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၌ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အခမ်းအနားကျင်းပခဲ့ စဉ်က အမြဲတမ်း တပ်ဖွဲ့ဝင်အင်အား ၇၀ဝဝ ဝန်းကျင်ရှိခဲ့ကြောင်း လက်နက်စာရင်းနှင့်တကွ တင်ပြခဲ့သည်။ http://burmese.monnews.o  rg/2020/06/29/%e1%80%a1%e1%80%95%e1%80%85%e1%80%ba%e1%

**************

၂၁။      ပထမဆုံးသော ကရင်ပူးတွဲ အဘိဓာန်စာအုပ် လာမည့် သြဂုတ်လကုန်တွင် ထွက်ရှိမည်

July 3, 2020

အင်္ဂလိပ်-မြန်မာ-စကော-အရှေ့ပိုး-အနောက်ပိုး ကရင်ဘာသာများပါဝင်မည့် ပထမဆုံးသော ကရင်ပူးတွဲ အဘိဓာန်စာအုပ ပြုစုပြီးစီးပြီဖြစ်သဖြင့် လာမည့် ၂၀၂၀ ခုနှစ် သြဂုတ်လကုန်တွင် စတင်ထွက်ရှိနိုင်တော့မည်ဖြစ်ကြောင်း အဘိဓာန်ဖြစ် မြောက်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

ကရင်စာပေအဆင့်အတန်း တိုးတက်မြင့်မားလာရေးအပြင် အမျိုးမျိုးသော ကရင်ဘာသာစကား၊ စာပေများကို အပြန်အလှန် တတ်သိနားလည်စေရေး ရည်ရွယ်ချက်များဖြင့် အဆိုပါ ကရင်ပူးတွဲအဘိဓာန်စာအုပ်ကို၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ၃ နှစ်နီးပါးအချိန်ယူပြုစုခဲ့ခြင်းဖြစ်သည်။ ကရင်ပူးတွဲအဘိဓာန်စာအုပ် ဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူ တစ်ဦး ဖြစ်သည့် မန်းသန်းဝင်းဦးက “ အရင်က တော့ ဘာသာရေးအသင်းအဖွဲ့တွေကနေအသီးသီးကနေပြုစုတဲ့ စကောအဘိဓာန်၊ ပိုးကရင်အဘိဓာန်တွေ တော့ရှိခဲ့တယ်။ ဒါပေမယ့်ဒီလိုအားလုံးပါဝင်တဲ့ အဘိဓာန်တွေတော့မရှိခဲ့ဘူး။ စာအုပ်ကတော့ အခု ကရင် အမျိုးသား သမိုင်းစာအုပ်ပြီးရင်တော့ လာမယ့် သြဂုတ်လကုန်လောက်မှာ ထွက်ဖို့ရှိပါတယ်”ဟုပြောသည်။ ထို့အပြင် စကားဝေါဟာရအလုံးပေါင်း ၃၇,ဝ၀ဝ ကျော်ပါဝင်မည့် အဆိုပါပူးတွဲကရင်အဘိဓာန်စာအုပ် ထွက်ရှိခြင်းအားဖြင့် ကရင်စာပေ

ဖွံ့ဖြိုးတိုးတက်ရေးများစွာ အထောက်အကူပြုမည်ဖြစ်ပြီး ကရင်စာ ပေလေ့လာသူများ၊ ဘာသာရေးအသင်းအဖွဲ့များအပြင် အမျိုးအမျိုးသောကရင်ဘာသာ စကားစာ ပေအသုံးအနှုန်းများကိုလည်း အပြန်အလှန် လေ့လာနိုင်မည်ဖြစ်ကြောင်းလည်း ပြုစုသူများက ပြောဆိုသည်။

ပူးတွဲအဘိဓာန်ပြုစုနိုင်ရေးအတွက် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီတို့မှ ရေးရာဝန်ကြီးများ၊ ကရင် တိုင်းရင်းသား စာပေယဉ်ကျေးမှုကော်မတီများ၊ တစ်ဦးချင်းအလိုက်အလှူရှင်များစသည့် ငွေကြေး ကူညီပံ့ပိုး မှုအကူညီများဖြင့် ငွေကျပ် သိန်း ၇၀ဝ နီးပါး အကုန်ကျခံပြုစုခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ၏ ပြောပြချက် များအရသိရသည်။ အဆိုပါ အဘိဓာန် စာအုပ် အကောင်အထည်ဖော်ဖြစ်မြောက်လာရေးအတွက် စကောနှင့် ပိုးကရင်နှစ်ခြင်းအသင်းများမှ ဘာသာ စကားဆိုင်ရာ ကျွမ်းကျင်သူများ၊ တသီးပုဂ္ဂလ ပညာရှင်များ၊ နည်းပညာ ပညာရှင်များမှ အချိန် ၂ နှစ် ၆ လခန့်အချိန်ယူ ရေးဆွဲပြုစုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ http://kicnews.org/2020/07/%e1%80%95%e1%80%91%e%80%99%e1%8  %86%e1%80%b6%

************

၂၂။       တရားစီရင်ရေး ပိုမိုမြန်ဆန်လာစေရန် (C.M.P) စနစ်ကို မြဝတီမြို့နယ် တရားရုံးတွင် စတင်ကျင့်သုံး

July 2, 2020

ကရင်ပြည်နယ် မြဝတီမြို့နယ်တရားရုံးတွင် တရားစီရင်ရေးကိစ္စရပ်များ၌ နှောင့်နှေးကြန့်ကြာနေမှုများ မရှိစေရေးအတွက် (C.M.P) စနစ်ခေါ် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် အမှုစစ်ဆေးခြင်းများကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင့် သုံးနေပြီဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်စန်း ပြောသည်။

၎င်းက “မှုခင်းဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် Case Management Program (C.M.P) စနစ်ဆိုတာက အမှုတစ် ခုမှာ ပါဝင် မယ့် တရားလို၊ တရားခံ/ပြိုင်တွေနဲ့ နှစ်ဖက်ရှေ့နေတွေ ဥပဒေအရာရှိပါဝင်တဲ့အမှုမှာဆိုရင်လဲ ဥပဒေအရာရှိပေါ့။ အကုန် လုံး အမှုနဲ့သက်ဆိုင်သူတွေ စုံပြီးလို့ရှိရင် ဘယ်နေ့မှာ အမှုကိုစစစ်မယ်၊ ဘာတွေ ဆောင်ရွက်မယ်ဆိုတာကို အစည်းအ ဝေးထိုင် ပြီး နေ့ရက်သတ်မှတ်ပေးတယ်၊ အသီးသီး လက်မှတ်ထိုးတယ်၊ ပြီးရင် စာရွက်တွေကို တခါတည်းပေးတယ်။ အဲ့ လို C.M.P စနစ်ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် အမှုတွေကို ပိုမိုမြန် ဆန်စေပါတယ်” ဟု ပြောသည်။ အဆိုပါ ပြောင်းလဲကျင့်သုံးသည့် Case Management Program (C.M.P) စနစ်မှာ တရားစီရင်ရေးလုပ်ငန်းများမှာ ပိုမိုမြန်ဆန်လာပြီး အမှုနှင့်ပတ်သက်သူ များအတွက် အချိန်ကုန်သက်သာစေ၍ များစွာအကျိုးရှိကြောင်း မြဝတီမြို့နယ် တရားရုံးမှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ချင်းက ဆိုသည်။

“ဒီ C.M.P စနစ်ကတော့ အမှုနဲ့ပတ်သက်တဲ့ တရားလို၊ တရားခံ/ပြိုင်တွေနဲ့ သက်သေတွေအဖို့ အမှုစစ်ဆေးတဲ့နေရာမှာ မြန်ဆန်လာ၍ တရားရုံးကိုလာရတဲ့ စရိတ်စကတွေ အချိန်တွေ သက်သာလာတဲ့အတွက် အများကြီးကောင်းသွားတာပေါ့။ ကျနော့်တို့အတွက်လည်း အမှုတွေကိုမြန်မြန်ဆန်ဆန်စစ်ဆေးရလို့ များစွာအဆင်ပြေတယ်” ဟုပြောသည်။ သို့သော် အဆိုပါ ကျင့်သုံးမည့် အစီအစဉ်အရ အမှုအမျိုးအစားအပေါ်မူတည်၍ စစ်ဆေးသွားရမည့် နေ့ရက်များကို သတ်မှတ်ပေးထားပြီး ၎င်း သတ်မှတ်ရက်အတွင်းအမှုကို အပြီးသတ်စစ်ဆေးဆောင်ရွက်ရမည်ဖြစ်၍ အမှုအတွက်အပြီး သတ်ချိန်ကိုသိနိုင်သော်လည်း အချိန်မလုံလောက်သည့် ပြဿနာ ရှိလာနိုင်ကြောင်း မြဝတီခရိုင် ဥပဒေ အထောက် အကူပြု ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့ နေ ဦးမျိုးအောင်က သုံးသပ်ပြောဆိုသည်။ “မြဝတီမြို့နယ် တရားရုံးမှာ၂၀၁၉ ခုနှစ် ၄ လပိုင်း ၂၄ ရက်နေ့မှာ ရုံးချိန်းစတက်ခဲ့ရပါတယ်။ ကျနော်ဘက်က ရုံးချိန်းကို မပျက်မကွက် တက်လာခဲ့ပေမယ့် ရုံးချိန်းပေါင်း ၃၄ ချိန်းမြောက် ၂၀၂၀ ခုနှစ် ၆ လပိုင်း ၁၂ ရက်နေ့ မှာမှ အမှုမှ တရား လိုဖြစ်တဲ့ ကျနော့်ကို စတင်စစ်ဆေးခဲ့ပါတယ်။

အခုဆိုရင် ယနေ့အထိ ရုံးချိန်းပေါင်း ၃၆ချိန်း မြောက်မှာ ကျနော့်အမှုကို နှစ်ကြိမ်သာ စစ်ဆေးရသေးတယ်ဆိုတော့ ဒီလိုအချိန်တွေ ကြန့်ကြာမှုရှိခဲ့တဲ့အတွက် အချိန်ကုန်လူပမ်းပြီး ကျနော့် အဖို့ အများကြီးနစ်နာမှုရှိခဲ့ပါတယ်။ အခုတော့ တရားစီရင်ရေးစနစ် မြန်ဆန်လာဖို့ ပြောင်းလဲကျင့်သုံးမယ်လို့ ကြားပါတယ်။ တကယ့်လက်တွေ့မှာ ဖြစ်လာမလားဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပါ“ ဟု ကိုဝင်းဇော်က ပြောသည်။ http://kicnews.org/2020/07/%e1%80%90%e1%  80%9b%e1%80%ac% e1%80%b8%e1%80%85%e1%

**************

၂၃။      ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်း၌ မိုးသည်းထန်ပြီး တောင်ပြိုကျမှုနှင့် ရေကျော်မှုများဖြစ်ပေါ်

July 2, 2020

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော် – မြစ်ကြီးနားသွား ကားလမ်းပိုင်းမှာ တောင်ပြိုကျမှု၊ မြေကာနံရံပျက်စီးမှုနဲ့ ရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက် မနက်ပိုင်းက ဗန်းမော်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗန်းမော် – မြစ်ကြီးနားသွား ကားလမ်း၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အူထန်ယန်ကျေးရွာ အနီးမှာ တောင်ပြိုကျမှုဖြစ် ပွားခဲ့ရာ အလျား ၅၀ ပေ အနံ ၂၀ ပေ အမြင့် ၄ ပေခန့် မြေသားပိတ်ဆို့မှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်းမှာလည်း မြေကာနံရံတွေ ပြိုကျပျက်စီးပြီး AC လမ်းသား အလျား ၃၀ ပေ အနံ ၂ ပေ လောက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပျက်စီးတဲ့လမ်းပိုင်းနေရာတွေကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး နဲ့ ဌာနဆိုင် ရာတွေသွားရောက်စစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း သွားလာရေးအဆင်ပြေစေဖို့ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။

အလားတူ မိုးမောက်မြို့နယ်၊ နမ့်တိန် – မိုင်းခတ်ကျေးရွာသွား ကားလမ်း (625 Km) အနီးနဲ့ ဒေါ့ဖုန်းယန်မြို့ – ဖာကေ ကျေးရွာသွားကားလမ်းပိုင်းမှာလည်း ရေကျော်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ http://burmese.dvb.no/archives/397252

**************

၂၄။      တရုတ် နယ်စပ် စီးပွားရေးဇုန် စီမံကိန်း ပွင့်လင်းမြင်သာမှု အားနည်းဟု ဝေဖန်ခံရ

July 1, 2020

မြန်မာ – တရုတ်နယ်စပ်တွင် အကောင်အထည်ဖော်မည့် စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ၏ သတင်း အချက် အလက် ထုတ်ပြန်ပြောဆိုမှုမှာ လွန်စွာအားနည်းကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။ မူဆယ် – နမ့်ခမ်း ကုန်သည်ကြီးများအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးဝင်းအောင်ခန့်က “သတင်း အချက် အလက်ချပြမှုက အားနည်းတာကို မဟုတ်ဘူး။ ဘာမှကို မရှိတာ။ စီမံကိန်း တခုလုပ်ပြီဆိုရင် အဲဒီနေရာကို မြေစညှိ၊ ဘူဒိုဇာ နဲ့ လာထိုးပြီဆိုမှ ဒေသခံက ဒါ စီမံကိန်းလုပ်မှာ ဆိုတာသိရတာ။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပြည်သူကို သတင်းအချက်အလက်တွေ ချပြဖို့လိုသလို အသိပညာတွေ၊ ပံ့ပိုးမှုတွေပေးဖို့လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တဖက်က လက်ဝါးကြီးအုပ်တာ ခံရမယ်” ဟု ဧရာဝတီကို ပြောသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ အစိတ်အပိုင်းတခု ဖြစ်ကာ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ ဒေသခံလုပ်ငန်းရှင်အများစုက ယနေ့ အထိ တိကျရှင်းလင်းစွာ သိရှိခြင်းမရှိသလို တာဝန်ရှိဌာနများကလည်း လာရောက်ချပြခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ မရှိ သေးဟု မူဆယ်-နမ့်ခမ်းရှိ ကုန်သည်များက ဧရာဝတီကို ပြောပြသည်။

“ဒီစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က သူတို့ဘာတွေလုပ်မယ်ဆိုတဲ့ စီမံကိန်း အစီအမံတွေကို လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကျနော်တို့ မြန်မာ ကုန်သည်တွေကို ရွှေလီမှာ ချပြဆွေးနွေးခဲ့တယ်။ အဲဒီတော့ တရုတ်ဘက် က သူ့ နိုင်ငံသားတွေ သာမက တဖက်ကအလုပ်တွဲလုပ်မယ့် ကုန်သည်တွေကို စီမံကိန်းအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သိအောင်ပြောပြခဲ့ပေမယ့် ကျနော်တို့ အစိုးရကတော့ ဒီနေ့အထိ စီမံကိန်းက ဘယ်နေရာမှာ လုပ်မယ်ဆိုတာတောင် ချပြတာ မရှိသေးဘူး”ဟု မူဆယ်မြို့မှ အမည်မဖော်လိုသူ ကုန်သည်ကြီး တဦးက ဧရာဝတီကို ပြောသည်။ ၎င်းက ဆက်လက်၍ “တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်မှာ ဖြစ်တဲ့အတွက် နှစ်ဖက်သာတူညီမျှရှိဖို့ အရေးကြီးတယ်။ တဖက်စောင်းနင်း မဖြစ်စေချင်ဘူး။ လက်ရှိ ကုန်သွယ်ရေးမှာတောင် တရုတ်က အသာစီး ရနေတဲ့အခြေအနေမျိုးဆိုတော့ ဒီလို စီမံကိန်းတွေမှာ ကျနော်တို့မှာ သတင်းအချက်အလက်မသိရတော့ ဘာကိုကြိုပြင်ရမယ်ဆိုတဲ့ အခက်အခဲရှိတယ်”ဟု ဆိုသည်။ https://burma.irraw addy.com/news/2020/07/01/225599.html

**************

၂၅။      စစ်တွေစခန်းမှ ရဲ ၁ ဦး ဓားထိုး သတ်ဖြတ်ခံရ

June 30, 2020

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး မောင်မောင်သန်းသည် ယမန်နေ့ည ၈ နာရီခန့် အချိန်က မကျည်းမြိုင် ရပ်ကွက် နေအိမ်ရှေ့တွင် အမည်မသိ လူ ၂ ဦးက ဓားဖြင့် ထိုးသတ်သွားသဖြင့် သေဆုံးသွားသည်။ သေဆုံး သူမှာ အသက် ၄၀ နှစ်ခန့်ရှိ တပ်ကြပ်ကြီး မောင်မောင်သန်းဖြစ်ကြောင်း စစ်တွေမြို့မ စခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးက ပြော သည်။ ၎င်းက “မိသားစုဝင်တွေ ပြောပြတာကတော့ မနေ့ ည ၈ နာရီလောက်မှာ သူက အပြင်ကနေ အိမ်ကို ပြန်လာတာ။ ခြံတံခါးကို ဖွင့်ပြီးတော့ အိမ်ထဲကို ဝင်နေစဉ်မှာ လူ ၂ ယောက်လာပြီးတော့ ဓားနဲ့ထိုးသွားတာလို့ ပြောတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထိုသို့ ဓားထိုးခံရသည့်အတွက် တပ်ကြပ်ကြီး မောင်မောင်သန်းမှာ ဘယ်ဘက် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ ရောက်ရှိချိန်၌ သေဆုံးသွားခြင်း ဖြစ်ကြောင်းလည်း စစ်တွေမြို့မရဲစခန်းက သိရသည်။ လက်ရှိအချိန်တွင် လူသတ်   သမားများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာ တချို့၌ ယခုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များက ခတ်စိတ်စိတ်ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ တရားခံများကိုလက်ရှိအချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိ သေးပေ။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရွာသားများမှာ ယခုကဲ့သို့ ဓားဖြင့် သတ်ဖြတ်လုပ်ကြံခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းစသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား နေခြင်းကြောင့် ဒေသခံ ပြည်သူများကြားတွင် စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ https://burma.irrawaddy.com/news/2 020/06/30/225498.html

**************

၂၆။      ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

July 1, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ  လူစုလူဝေး မပြုလုပ်ရေး  နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ် ထားချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့တွင် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက် မှသိရပါသည်။

၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်ပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ် စိုင်းငေါင်းဆိုင်ဟိန်း မှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း မောက်မယ်ဒေသခံ ရပ်မိရပ်ဖ တဦးကပြောသည်။ ဂေါက်သီးရိုက်ပြိုင်ပွဲသည် မောက်မယ်မြို့ ရပ်ကွက် ကြီး ၃ ခု ကြား လူထု ဖြတ်သန်းသွားလာသည့်နေရာဖြစ်သည့်အပြင် လူနေအိမ်များနှင့်လည်းထိစပ် နေသည်ဖြစ်ရာ လူစည်ကားမှုဖြစ်ပွားခဲ့သည့်အပေါ် ကိုဗစ်ရောဂါကူးစက်မည်ကို အထူးစိုးရိမ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“သူတို့လို လူတွေကတောင် ဒီညွှန်ကြားချက်တွေကို မလေးမစားဘဲ လုပ်ချင်သလို လုပ်နေပြီးတော့ ကျနော်တို့လို သာမန် ပြည်သူတွေတော့ လိုက်နာရမယ်တဲ့။ ဒီညွှန်ကြားချက်က အာဏာပိုင်တွေအပေါ် မသက်ရောက်ဘူးလား။ ဒီလိုလူစုလူဝေး လုပ်တဲ့ ပြိုင်ပွဲက ဘယ်သူက ခွင့်ပြုလဲပေါ့။ ဒီကိစ္စက မြို့နယ်အာဏာပိုင်ကော၊ သျှမ်းပြည်နယ်အစိုးရထံကိုကော ပြည်ထောင် စု အစိုးရကိုကော မေးချင်ပါတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ကျင်းပရင် ဘယ်သူ့မှာတာဝန်ရှိလဲ ဘယ်သူတွေကို ဘယ်လိုအရေးယူ မ လဲပေါ့” ဟု အမည်မဖေါ်လိုသည့်  မောက်မယ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်းအား မေးမြန်းရန် သျှမ်းသံတော်ဆင့်မှ ဆက် သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ သို့သော် ၄င်းပိုင် လူမှုကွန်ရက်တွင်မူ “ကျနော့မဲဆန္ဒနယ် အမှတ်တရပွဲလေးပါ။ အား လုံး ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။”ဟု ရေးသားဖော်ပြပါသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ် မှတ်ဆောင်ရွက်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID 19) အမျိုးသား အဆင့်ဗဟိုကော်မတီ မှ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။ https://burmese.shannews.org/archiv es/17326

**************

၂၇။      ထန်တလန်တွင် ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လအတွင်း ဝက် (၄၀) ကျော် ထပ်မံသေဆုံး

July 1, 2020

ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် Porcine Circovirus Type -2 (PCV-2) ဟုခေါ်သော ဆာကိုဗိုင်းရပ်စ်ကြောင့် ဇွန်လ အတွင်း ဝက်ကောင်ရေ (၄၀) ကျော်သေဆုံးခဲ့သည်ဟု ထန်တလန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာလျန်ဘွေးကပြောသည် ။“ဇွန်လထဲမှာ ဝက် (၄၄) ကောင်သေတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့စနေနေ့ ဇွန် (၂၇) ကစ ပြီး ဒီနေ့ထိ ဝက်တွေမသေတော့ဘူး”ဟု ဒေါက်တာ လျန်ဘွေးကပြောသည်။

ထန်တလန်မြို့တွင် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစ၍ အိမ်မွေးဝက်များသည် ဆာကိုဗိုင်းရပ်စ်ကြောင့် အစာမစား၍ အားနည်း ခြင်း၊ ဖျားနှာပြီး ရောဂါပြင်းထန်သည့်အတွက် သေဆုံးခဲ့ကြပြီး (၃) လအတွင်း ဝက်သေဆုံးမှုမှာ (၂၃၄) ကောင်ရှိပြီဟု သိရ သည်။လက်ရှိအချိန်တွင် ရောဂါကာ ကွယ်ထိန်းချုပ်ရေးအပိုင်းအနေနှင့် ထန်တလန်မြို့ပေါ်တွင် ဝက်အဝင်/အထွက်များကို ပိတ် ထားကာ ဝက်ပိုင်ရှင်များကိုလည်း ဝက်ခြံများ သန့်သန့်ရှင်းရှင်းထားရန်၊ ဝက်ခြံအောက်တွင် ရေမဝပ်စေရန်၊ ဝက်ချေးများကို

မနက်တိုင်းဖယ်ရှားရန်၊ ပိုးသတ်ဆေးမဖျန်းနိုင်လျှင် ထုံးဖြူးပေးရန် အစရှိသည်တို့အပါအဝင် အသိပညာပေး အစီအစဉ်များ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ထို့အပြင် ထန်တလန်မြို့တွင် ဝက်သားများရောင်းချခြင်း မပြုရန်နှင့် ဝက်များ သယ်ယူခွင့် ကို ပိတ်ထားဆဲဟုသိရသည်။ https://www.bnionline.net/mm/news-73950

***************

၂၈။      စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ အလုပ်အကိုင်လိုအပ်

July 2, 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်အမျိုးသမီးအချို့မှာ မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်နေ၍ အလုပ်အကိုင်များလိုအပ်နေကြောင်း ပြောဆိုကြသည်။

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများမှာ အလှူရှင်များကိုသာအားကိုးနေရကာ အလှူရှင်များမရောက်ပါက စားဝတ်နေရေး အခက်အခဲရှိသဖြင့် ဝင်ငွေရရှိရန် အလုပ်အကိုင်လိုအပ်နေကြောင်း စစ်တွေမြို့ အမျိုးသားကျောင်းတိုက် ဘုန်တော်ကြီး ကျောင်းရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ဒေါ်အေးယဉ်သိန်းက ပြောသည်။“မနက်မိုးလင်းတာနဲ့ သုံးဖို့ပိုက်ဆံက လို အပ်ပြီ။ ကျန်းမာရေးမကောင်းတဲ့ အမေအိုတစ်ယောက်လည်းရှိတယ်။ ပြီးတော့ ကလေးကလည်းရှိတော့ ဝင်ငွေကလိုအပ် တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်းကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ် များ အစည်းအရုံး (REC) ၏ ဇူလိုင်အတွင်းကထုတ်ပြန်သည့် စာရင်းအရသိရပြီး ထိုအထဲတွင် အမျိုးသမီးနှင့်ကလေးငယ် ၇၀ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်းလည်း သိရသည်။ အလားတူ စစ်တွေမြို့ မေတ္တာပါရမီဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင် စခန်းတွင်ခိုလှုံနေသူ ဒေါ်အေးဆန်းယဉ်က စခန်းတွင်း၌ အလုပ်တစ်ခုလုပ်ကိုင်လိုကြောင်းပြောသည်။“အလုပ်လုပ်ချင် ပေမယ့် ကလေး လေးယောက်ရှိတယ်။ ယောကျာ်းကလည်း မလေးရှားမှာ အလုပ်လုပ်နေတာ။ အခု ကျမက တစ်ယောက် တည်းဖြစ်နေတော့ ကလေးတွေကို ထိန်းမယ့်သူမရှိတော့ တော်တော်ခက်နေတယ်” ဟု ၎င်းကပြောသည်။

စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်များမှ နေရပ် စွန့်ခွာထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်ဦးရေ ငါးထောင်ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်း အရုံး (REC) မှ သိရသည်။ https://www.bnionline.net/mm/news-73975

**************

၂၉။      တာချီလိတ် ဆေးရုံဆင်းပြီး ကိုဗစ် – ၁၉ လူနာ ပိုးပြန်တွေ့

July 2, 2020

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ လူနာသည် ဆေးရုံဆင်းပြီးနောက် ပိုးပြန်တွေ့ရှိကြောင်း စုံစမ်းသိရ သည်။ တာချီလိတ် ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် (၉၆) သည် ဆေးရုံဆင်းပြီး ရက်(၄၀) အကြာ ဇွန် (၃၀)တွင် ကိုဗစ်-၁၉ ပိုးပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။“ပိုးမတွေ့ပဲ ဆေးရုံဆင်းပြီးတော့ ပိုးပြန်တွေ့တာက သူများ နိုင်ငံတွေမှာလည်းရှိ တာ ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံက ပထမဆုံး ဒီတစ်ယောက် ပြန်ဖြစ်တာပါ”ဟု ပြည်နယ် အထူးရောဂါ နိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောလိုက်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ် အတည်ပြု လူနာအားလုံးသည် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှာ ၂ ကြိမ်ဆက်တိုက် Negative ဖြစ်လျှင် ဆေးရုံမှ ဆင်းခွင့် ပြုထားကြောင်းသိရသည်။

ဆေးရုံဆင်းပြီးသွားသည့် ကိုဗစ်-၁၉ လူနာများနှင့်ပတ်သက်ပြီး ဒေါက်တာ ဇဝနကို က “ပြန်စစ်ဖို့ လည်း ကျန်းမာရေးဝန်ကြီး ဌာနကလည်း မထုတ်ထားဘူး။ အဲ့လိုမျိုး ပြန်စစ်ဖို့ လောလောဆယ်တော့ မရှိသေးဘူး”ဟု ထပ်လောင်းပြောပြသည်။

ထိုလူနာ အမှတ် (၉၆) သည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တာချီလိတ်ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ရက်ပေါင်း (၄၀) အကြာတွင် ပိုးပြန်တွေ့သော်လည်း ကျန်းမာရေး အခြေနေကောင်းမွန် လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဆေးရုံဆင်းပြီး အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်နယ်တွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ၁၀ ဦး ရှိပြီး ၎င်းတို့အားလုံးသည် ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်သော်လည်း လူနာ အမှတ် (၉ ၆) သည် ဒုတိယအကြိမ် ကိုဗစ် – ၁၉ ပိုး ပြန်လည်တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ https://burmese.shannews.org/arch ives/17349

 

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***

 

 

 

Related Articles

Back to top button