တိုင်းရင်းသားများသတင်း

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 72 , November 13, 2020)

၁။ ကရင္ျပည္နယ္ မြန္ဝန္ႀကီးေနရာ မြန္ညီၫြတ္ေရးပါတီမွ ၿပိဳင္ဘက္ကို မဲ ၈၀၀၀ သာေန

၂။ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕ ဒီဇင္ဘာလအထိ တစ္ဖက္သတ္ အပစ္ရပ္ေၾကညာခ်က္ သက္တမ္းတိုး

၃။ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ဒီဇင္ဘာ မတိုင္မီ က်င္းပေပးရန္ AA တိုက္တြန္း

၄။ ၾကာအင္းဆိပ္ႀကီးရွိ မဲ႐ုံတစ္ခုတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၅ဝဝ ေက်ာ္ ရွိေသာ္လည္း မဲလာထည့္သူတစ္ဦးမွ် မရွိခဲ့

၅။ ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပေရး AA ေတာင္းဆိုခ်က္ကို တပ္မေတာ္ လက္ခံ

၆။ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵကို အေလးထားမည္ ဟု NLD ေၾကညာ

၇။ ကရင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၉ တြင္ NLD က KNDP ကို ငါးမဲအသာျဖင့္ႏိုင္၊ လႈိင္းဘြဲၿမိဳ႕နယ္ တစ္ခု လုံး ၏ မဲရလဒ္ကို ျပန္လည္စစ္ေဆးေပးရန္ KNDP ေတာင္းဆိုထား

၈။ အမ္းတြင္ လက္နက္ႀကီးက်ည္ ထိမွန္၍ လူ ၆ ဦးဒဏ္ရာရ

၉။ မိုးကုတ္ၿမိဳ႕အနီး ေက်း႐ြာမ်ား TNLA စစ္ေၾကာင္းဝင္လာသျဖင့္ ေဒသခံမ်ားတိမ္းေရွာင္

၁၀။ သတင္းတု သတင္းမွားေၾကာင့္ ေ႐ြးေကာက္ပြဲ ရႈံးနိမ့္ရျခင္းဟု KSPP ဒု ဥကၠဌ ေျပာ

၁၁။ ေ႐ြးေကာက္ပြဲ ေနာက္ သွ်မ္း/ေတာင္ RCSS/SSA လႈပ္ရွားနယ္ေျမသို႔ အစိုးရတပ္ အင္အားျဖည့္

၁၂။ ဒဘတ္ (Dabak) ေက်း႐ြာ ေနရပ္ျပန္ႏိုင္ေရး စိစစ္မႈမ်ား လုပ္ေဆာင္ေန

၁၃။ တပ္ခ်ဳပ္ ကိုယ္ေရးအရာရွိေဟာင္း ဦးလင္းေဇာ္ထြန္း အပါအဝင္ ႀကံ့ခိုင္ေရး အႏိုင္ရေသာ မိုင္းျဖတ္တြင္ ျပည္သူ႔စစ္ အဖြဲ႕ က မဲဆႏၵရွင္မ်ားကို ကားအႀကိဳအပို႔လုပ္၍ မဲထည့္ခိုင္း၊ မဲမသမာမႈမ်ားရွိ၍ SNLD တိုင္ၾကားမည္

၁၄။ ျမန္မာအပါအ၀င္ ပဋိပကၡျဖစ္ေနတဲ႔ ႏိုင္ငံေတြမွာ ေျမျမႇုပ္မိုင္းေၾကာင္႔ ေသဆံုးမႈမ်ားျပား

၁၅။ ဖြဲ႕စည္းပုံျပင္ဆင္ေရး အန္အယ္လ္ဒီအပါအဝင္ အားလုံးႏွင့္ပူးေပါင္းမည္ဟု မြန္ညီၫြတ္ေရးပါတီ ကိုယ္စား လွယ္ေျပာ

၁၆။ ကခ်င္ႏွင့္ ရွမ္းျပည္နယ္၏ လီဆူတိုင္းရင္းသားေရးရာဝန္ႀကီး ၂ ေနရာကို LNDP အႏိုင္ရ

၁၇။ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္သည့္ေကာ္မတီဖြဲ႕စည္း

၁၈။ စစ္ေတြ မဲသမာမႈ ေ႐ြးေကာ္တာဝန္ရွိသူမ်ားကို အေရးယူရန္ လုပ္ေဆာင္ေန

၁၉။ ဟိုပုံးၿမိဳ႕နယ္တြင္ PNO ပါတီ ၃ေနရာ အႏိုင္ရရွိထား-

၂၀။ ေမယုျမစ္ေၾကာင္း တပ္မေတာ္ပိတ္ဆို႔ထားလို႔ ေဒသခံေတြ အခက္ၾကံဳ

၂၁။ ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္အား ေထာင္ေျပးမႈ အျမင့္ဆုံးျပစ္ဒဏ္ခ်

၂၂။ ပူတာအိုခ႐ိုင္အတြင္းက မဲဆႏၵနယ္ ၇ ခုတြင္ ႀကံ့ခိုင္ေရးပါတီ အႏိုင္ရရွိ

၂၃။ ေ႐ြးေကာက္ပြဲမက်င္းပခဲ့သည့္နယ္ေျမမ်ား၌ ၾကားျဖတ္ေ႐ြးေကာက္ပြဲ အျမန္ဆုံးက်င္းပရန္ ဥေရာပသမဂၢတိုက္တြန္း

၂၄။ အစိုးရသစ္လက္ထက္မွာ အႀကီးစား စီမံကိန္းေတြ တာဝန္ယူမႈရွိဖို႔ ေစာင့္ၾကည့္ေရးကြန္ယက္အဖြဲ႕ ေတြျပင္ဆင္

၂၅။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕တြင္ ဆႏၵထုတ္ေဖာ္ခဲ့သည့္ ဦးေဆာင္သူႏွစ္ဦးအား ၿငိမ္းစုစီ ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္

၂၆။ ကခ်င္စာေပႏွင့္ယဥ္ေက်းမႈအမ်ိဳးသမီးအဖြဲ႕ခ်ဳပ္မွ ရခိုင္စစ္ေဘးေရွာင္မ်ားအတြက္ ေငြက်ပ္ ၂၅ သိန္းလႉဒါန္း

၂၇။ အနာဂတ္၌ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ဆႏၵ အေလးထားလုပ္မည္ဟု အန္အယ္လ္ဒီ ကတိျပဳ

၂၈။ ကခ်င္၊ ကရင္၊ ခ်င္းျပည္နယ္မ်ားတြင္ NLD က အျပတ္အသတ္ႏိုင္

၂၉။ ေတာင္ႀကီး ေအးသာယာမဲ႐ုံသို႔ မဲသြားေပးခဲ့သည့္ အမ်ိဳးသားတဦး ကိုဗစ္-၁၉ ေတြ႕

၃၀။ ေလရွီးၿမိဳ႕နယ္၌ NLD ပါတီက မဲေပးႏိုင္ရန္ မွတ္ပုံတင္အတုျပဳလုပ္ျခင္း၊ ေငြ ေပး၍ မဲထည့္ခိုင္ျခင္း၊ ကိုယ္စား ႀကိဳတင္ မဲထည့္ေပးမႈမ်ား ျပဳလုပ္ခဲ့သည္ဟုဆိုကာ ျပည္ခိုင္ၿဖိဳးပါတီက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကား

*************

၁။ ကရင္ျပည္နယ္ မြန္ဝန္ႀကီးေနရာ မြန္ညီၫြတ္ေရးပါတီမွ ၿပိဳင္ဘက္ကို မဲ ၈၀၀၀ သာေန
November 11, 2020

ကရင္ျပည္နယ္၌ မြန္တိုင္းရင္းသားေရးရာေနရာကို ဝင္ေရာက္အေ႐ြးခံသည့္ MUP-မြန္ညီၫြတ္ေရးပါတီ ကိုယ္စားလွယ္ ေလာင္း မင္းထြန္းလြင္က ၿပိဳင္ဘက္ NLD-အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ကိုယ္စားလွယ္ေလာင္း ႏိုင္ထြန္းခ်စ္ကို မဲ ၈ ေထာင္ဝန္းက်င္ျဖင့္ အသာရေနေၾကာင္း သိရသည္။ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) မွ တရားဝင္ ထုတ္ျပန္ ျခင္းမရရွိေသးေသာေၾကာင့္ အတည္ျပဳေျပာဆိုရန္ လိုအပ္ေနေသးေၾကာင္း MUP ၏ မြန္တိုင္းရင္းသား ကိုယ္စားလွယ္ ေလာင္း မင္းထြန္းလြင္က (ႏိုဝင္ဘာ ၁၁ ရက္ ေန႔)တြင္ ေကအိုင္စီသို႔ ေျပာသည္။ မင္းထြန္းလြင္က “UEC အတည္မျပဳ မခ်င္း က ေျပာလို႔မရေသးဘူး။ ခန႔္မွန္းေခ် မဲရလဒ္ကေတာ့ က်ေနာ့္အေနနဲ႔ မဲ ၈ ေထာင္ေလာက္ ၿပိဳင္ဘက္နဲ႔ အသာရထားတယ္။ က်ေနာ္နဲ႔ ၿပိဳင္တဲ့ က်ေနာ္ အပါအဝင္ ၇ ေယာက္ဟာဆိုရင္ ၿပိဳင္ဘက္အေနနဲ႔ မဟုတ္ဘဲ တိုင္းရင္းသားေတြအတြက္ လက္တြဲၿပီး လုပ္ေဆာင္တဲ့သူလို႔ ျမင္ပါတယ္။”ဟု ေျပာသည္။

ထို႔အျပင္ ကရင္ျပည္နယ္၊ မြန္ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ ရရွိခဲ့ပါက MUP ၏ ပါတီမူဝါဒအတိုင္း ဖက္ဒရယ္ျပည္ ေထာင္စုကိုသြားသည့္အခါ ဝိုင္းဝန္းပံ့ပိုးကူညီသြားမည့္အျပင္ တိုင္းရင္းသားမ်ား၏ တန္းတူအခြင့္အေရး၊ လုံၿခဳံေရး မ်ားကို လည္း ဦးစားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း မင္းထြန္းလြင္က ဆက္ေျပာသည္။ NLD (ကရင္ျပည္နယ္)၏ လူမႈ ကြန္ယက္စာမ်က္ႏွာတြင္လည္း ကရင္ျပည္နယ္၏ မြန္ဝန္ႀကီးေနရာအတြက္ MUP မွ မင္းထြန္းလြင္၊ ပအိုဝ္းဝန္ႀကီး ေနရာ အတြက္ NLD မွ ခြန္မ်ိဳးတင့္၊ ဗမာဝန္ႀကီးေနရာအတြက္ NLD မွ ဦးတင္ဝင္းတို႔ ရရွိ သြားေၾကာင္း ယမန္ေန႔က ေဖာ္ျပထား သည္။ http://kicnews.org/2020/11/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%bb

**************

၂။ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕ ဒီဇင္ဘာလအထိ တစ္ဖက္သတ္ အပစ္ရပ္ေၾကညာခ်က္ သက္တမ္းတိုး
November 12, 2020

ရကၡိဳင့္တပ္ေတာ္(AA)၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(TNLA)ႏွင့္ MNDAA(ကိုးကန႔္)တို႔ ပါဝင္သည့္ ညီေနာင္မဟာမိတ္(၃)ဖြဲ႕အေနျဖင့္ ႏိုဝင္ဘာလ ၁၁ရက္ေန႔မွစ၍ လာမည့္ ဒီဇင္ဘာလကုန္အထိ တစ္ဖက္သတ္ အပစ္ ရပ္ျခင္းကို သက္တမ္းတိုးလိုက္ေၾကာင္း သေဘာထား ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။ ႏိုဝင္ဘာ ၁၁ ရက္က ထုတ္ျပန္သည့္ ေၾကညာခ်က္အရ ၂၀၂၀ ေ႐ြးေကာက္ပြဲအၿပီး ေနာက္ထပ္ အစိုးရသက္တမ္းကို ဦးေဆာင္မည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) အစိုးရႏွင့္ တပ္မေတာ္တို႔အၾကား လက္ေတြ႕က်သည့္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ား ေဆြးေႏြးညႇိ ႏႈိင္းႏိုင္ရန္အတြက္ ယခုလို တစ္ဖက္သတ္ အပစ္ရပ္ျခင္းကို ထပ္မံ သက္တမ္းတိုးျမႇင့္ ျခင္းျဖစ္သည္ဟု ၎တို႔က ဆိုသည္။

ညီေနာင္မဟာမိတ္ (၃)ဖြဲ႕အေနျဖင့္ တိုက္ပြဲမ်ားေလွ်ာ့ခ်ၿပီး ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျဖစ္ေပၚတိုးတက္ရန္အတြက္ တစ္ဖတ္သတ္ အပစ္ရပ္ေၾကညာခ်က္ကို ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလက စတင္ထုတ္ျပန္ခဲ့ၿပီး ယခု ၂၀၂၀ ခု ႏွစ္ အထိ တစ္ဖက္သတ္ အပစ္ရပ္စဲေၾကာင္းကို (၇)ႀကိမ္တိုင္တိုင္ ဆက္တိုက္ သက္တမ္းတိုးျမႇင့္ခဲ့ေၾကာင္း ၎တို႔၏ ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။ အလားတူ ျမန္မာ့တပ္မေတာ္ႏွင့္ ႀကိဳတင္ကန႔္သတ္မႈမပါသည့္ အပစ္အခတ္ရပ္စဲမႈမ်ိဳးကို ေဆြးေႏြးရန္ အဆင္သင့္ျဖစ္ေၾကာင္းႏွင့္ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲၿပီး စစ္မွန္သည့္ ႏိုင္ငံေရးေဆြးေႏြးပြဲကို FPNCC (ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြး ညႇိႏႈိင္းေရးေကာ္မတီ) ဦးေဆာင္မႈျဖင့္ လိုက္ပါေဆြးေႏြးရန္ အၿမဲအဆင္သင့္ျဖစ္ေၾကာင္း ကိုလည္း ၎တို႔၏ သေဘာထားထုတ္ျပန္ခ်က္၌ ထပ္မံေဖာ္ျပထားသည္။ တပ္မေတာ္ႏွင့္ ညီေနာင္မဟာမိတ္ (၃)ဖြဲ႕တို႔ အေနျဖင့္ တစ္ဖက္သတ္ အပစ္အခတ္ရပ္ဆိုင္းေၾကာင္း အျပန္အလွန္ ထုတ္ျပန္မႈမ်ား ရွိခဲ့ေသာ္လည္း လက္ေတြ႕ေျမျပင္ ေဒသမ်ားတြင္ စစ္ေရးပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိၿပီး အရပ္သားထိခိုက္ေသဆုံးမႈႏွင့္ ထြက္ေျပးတိမ္းေရွာင္ရ မႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။

ထို႔ေနာက္ ယုံၾကည္မႈ တိုးတက္ရန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လြယ္ကူေစရန္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း မ်ားအေပၚ အၾကမ္းဖက္အဖြဲ႕အစည္း၊ မတရားအသင္း ေၾကညာခ်က္မ်ားကို ျပန္လည္ ႐ုပ္သိမ္းၿပီး ပထမအစိုးရ သက္တမ္း တြင္ ႀကဳံေတြ႕ခဲ့ရသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အၾကပ္အတည္းမ်ားကို ျပန္လည္သုံးသပ္ကာ တိုင္းရင္း သားျပည္သူ အက်ိဳးကို ဦးတည္သည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ရဲဝံ့စြာခ်မွတ္ရန္ႏွင့္ ၎တို႔ မဟာမိတ္အဖြဲ႕အစည္း ႏွင့္ ရပ္တန႔္ေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ေရွ႕ဆက္ႏိုင္ေရး အစိုးရသစ္အေနျဖင့္ အထူးအေလးေပး ေဆာင္ ႐ြက္ရန္ကိုပါ တိုက္တြန္း ေတာင္းဆိုထားသည္။ အလားတူ ေ႐ြးေကာက္ပြဲအၿပီး ေနာက္တစ္ရက္ ႏိုဝင္ဘာလ (၉)ရက္ေန႔တြင္ ျမန္မာအစိုးရ တပ္မ ေတာ္မွ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ဆက္လက္ေဆြးေႏြးႏိုင္ရန္အတြက္ တပ္မေတာ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ရွိလာပါက ဒုတိယဗိုလ္ခ်ဳပ္ ႀကီးရာျပည့္ ဦးေဆာင္သည့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေကာ္မတီကို ဖြဲ႕စည္းေၾကာင္းထုတ္ ျပန္ေၾကညာခဲ့သည္။ http://kicnews.org/2020/11/%e1%80%8a%e1%80%ae%e1%80%b1%e 1%80%94% e1%80%ac%e1%80

*************

၃။ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ဒီဇင္ဘာ မတိုင္မီ က်င္းပေပးရန္ AA တိုက္တြန္း
12 November 2020

ေ႐ြးေကာက္ပြဲ မက်င္းပရေသးသည့္ ၿမိဳ႕နယ္မ်ားတြင္ ဒီဇင္ဘာလ ၃၁ ရက္မတိုင္မီ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပ ေပးရန္အတြက္ ရကၡိဳင္စစ္တပ္ (AA) က ယေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ခ်က္ထုတ္ကာတိုက္တြန္းလိုက္သည္။ ထိုထုတ္ ျပန္ခ်က္၌ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္အမ်ားစုမွာ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့ေသာေၾကာင့္ ယင္းေဒသအတြင္း ေနထိုင္သူမ်ား အေနျဖင့္ မဲေပးခြင့္ မရရွိခဲ့ၾကဘဲ ျပည္သူ႔အသံ ကိုယ္စားျပဳႏိုင္ေသာ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားကို ဆုံးရႈံးခဲ့ရသကဲ့သို႔ ႏိုင္ငံသား အခြင့္အေရး၊ တိုင္းရင္းသား အခြင့္အေရး၊ ဒီမိုကေရစီ အခြင့္အေရးမ်ား နစ္နာခဲ့ေၾကာင္း ေဖာ္ျပထားသည္။

AA ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခ က “အဓိကကေတာ့ မဲဆႏၵရွင္ျပည္သူေတြရဲ႕ အခြင့္အေရးေတြ မဆုံးရႈံးရေအာင္ ေ႐ြးေကာက္ပြဲ ကို ေစာႏိုင္သမွ် ေစာေအာင္ အျမန္ဆုံး က်င္းပႏိုင္ေလ ေကာင္းေလေပါ့ဗ်ာ။ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္ မတိုင္ခင္ က်င္းပရင္ ေကာင္းတယ္လို႔ က်ေနာ္တို႔က အႀကံျပဳတာျဖစ္ပါတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ သို႔ေသာ္လည္း ဦးခိုင္သုခ က ၎၏ Facebook စာမ်က္ႏွာထက္တြင္ ေ႐ြးေကာက္ပြဲက်င္းပသည့္ ႏိုင္ဝင္ဘာ ၈ ရက္ေန႔က ေ႐ြးေကာက္ပြဲ အႏိုင္အရႉံး သည္ ရခိုင္းတိုင္းရင္းသားမ်ားဘဝ အေျပာင္း အလဲမဟုတ္ဘဲ ရခိုင္ႏိုင္ငံျပန္ရေရး တိုက္ပြဲဝင္ျခင္းကသာ မွန္ကန္သည့္ နည္း လမ္းျဖစ္ေၾကာင္း လူမ်ိဳးေရးကို တည္၍ လႈံ႕ေဆာ္ ေရးသား လႊင့္တင္ခဲ့သည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲ မက်င္းပရေသး ေသာ ၿမိဳ႕နယ္မ်ား၌ ၾကားျဖတ္ေ႐ြးေကာက္ပြဲအား၂၀၂၀ ဒီဇင္ဘာလ ၃ ရက္ မတိုင္မီ က်င္းပႏိုင္ရန္ NLD အစိုးရႏွင့္ တပ္မေတာ္ တို႔အား ေမတၱာရပ္ခံ တိုက္တြန္းအပ္ပါသည္ဟု ေရးသားထားသည္။

အဆိုပါေနရာမ်ား၌ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပႏိုင္ရန္ မိမိတို႔သည့္ တဖက္သတ္ အပစ္ရပ္စဲျခင္းအား ႏိုဝင္ဘာ ၁၁ ရက္ မွ ဒီဇင္ဘာ ၃၁ ရက္ေန႔အထိ ထပ္မံ သက္တမ္းတိုးျမႇင့္ခဲ့ၿပီး ျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္ အေနျဖင့္လည္း ရခိုင္ျပည္ နယ္အတြင္း ထိုးစစ္ဆင္ တိုက္ခိုက္ေနမႈမ်ားကို ရပ္တန႔္ၿပီး တႏိုင္ငံလုံး အတိုင္းအတာ လႊမ္းၿခဳံေသာ အပစ္အခတ္ရပ္စဲေရး ကို ေၾကညာကာ ၾကားျဖတ္ေ႐ြးေကာက္ပြဲ အျမန္ဆုံး က်င္းပႏိုင္ေရး NLD အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္းလည္း ပါရွိသည္။ ထိုသို႔ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ လိုအပ္သည့္ တည္ၿငိမ္ေသာ အခင္းအက်င္း အေျခအေနတခုကို ဖန္တီးရန္ အတြက္ ႏိုင္ငံေတာ္ အစိုးရ၊ သက္ဆိုင္ရာအဖြဲ႕အစည္းအသီးသီးတို႔ႏွင့္ သင့္ေတာ္သလို ပံ့ပိုးကူညီလုပ္ေဆာင္သြားရန္ ဆႏၵရွိ ေၾကာင္းကို AA ၏ သေဘာထားကို ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။ https://burma.irrawaddy.com/news/2020/ 11/12/233303.html

**************

၄။ ၾကာအင္းဆိပ္ႀကီးရွိ မဲ႐ုံတစ္ခုတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၅ဝဝ ေက်ာ္ ရွိေသာ္လည္း မဲလာထည့္သူတစ္ဦးမွ် မရွိခဲ့
November 11, 2020

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)တြင္ ပါဝင္သည့္ ေတာင္ကေလးေက်း႐ြာအုပ္စုတြင္ ဆႏၵမဲ လာ ထည့္သူ အနည္းငယ္သာရွိၿပီး ေတာင္ကေလးမဲ႐ုံ ၃တြင္ မဲလာထည့္သူ တစ္ဦးတစ္ေယာက္မွ်မရွိခဲ့ဟု မဲ႐ုံတာဝန္ရွိသူ မ်ားထံမွ သိရသည္။ က်ိဳက္ဒုံ၊ အဇင္းေဒသဘက္ ထိစပ္လ်က္ရွိသည့္ ေတာင္ကေလးေက်း႐ြာအုပ္စုသည္ ကရင္တိုင္းရင္း သား အမ်ားစုသာေနထိုင္ၾကၿပီး ကြီလုံးတိုင္၊ သျပဳ၊ ထီးတပလုခီး၊ ေလာ္ပခီး၊ ဒူးေပၚ၊ ေတာင္ကေလး၊ ႐ြာကေတာ္၊ ေမာ္တလႊာ၊ ကရက်သဲ႐ြာ အပါအဝင္ ႐ြာေပါင္း ၂ဝ ဝန္းက်င္ရွိကာ ဆႏၵမဲေပးခြင့္ရွိသူ ၁,ဝဝဝ ေက်ာ္ရွိခဲ့သည္။ ၎တို႔ ေက်း႐ြာအမ်ားစုမွာ မဲ႐ုံတည္ရွိ သည့္ေနရာႏွင့္ အလွမ္းေဝးသည့္အျပင္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲရွိေသာေၾကာင့္ အမ်ားစုမဲလာထည့္ႏိုင္ျခင္းမရွိခဲ့ဟု ေဒသတာဝန္ရွိသူမ်ားက ေျပာသည္။

ေတာင္ကေလးေက်း႐ြာအုပ္စု မဲ႐ုံမွဴး ေစာလင္းထူးက “က်ေနာ္တို႔မဲ႐ုံ ၃ မွာ မဲေပးခြင့္ရွိသူ ၅၂၅ ေယာက္ရွိတယ္။ ႏိုဝင္ဘာ ၄ ရက္မွာ ႀကိဳတင္မဲ ၁ မဲပဲရတယ္။ အဲဒီမဲကလည္း ဒီမွာမဲ႐ုံတာဝန္က်သူတစ္ဦးက ထည့္တဲ့မဲပါ။ ႐ြာသားေတြ တစ္ေယာက္မွ မဲလာထည့္တာမရွိဘူး။ သူတို႔႐ြာနဲ႔ ေဝးတာလည္းပါမယ္၊ လမ္းပန္းခရီးဆက္သြယ္ေရး မေကာင္းတာလည္းပါမယ္”ဟု ယေန႔ (ႏိုဝင္ ဘာ ၁၁ ရက္)တြင္ ေကအိုင္စီသို႔ ေျပာသည္။ ၎ေက်း႐ြာအုပ္စုမ်ားတြင္ မဲ႐ုံ ၃ ႐ုံထားရွိၿပီး မဲ႐ုံ ၁ တြင္ ဆႏၵမဲလာထည့္သူ ၁ဝဝ ေက်ာ္၊ မဲ႐ုံ ၂ တြင္ ၂ဝ ေက်ာ္ႏွင့္ မဲ႐ုံ ၃ တြင္ တာဝန္က်ဝန္ထမ္းတစ္ဦး၏ ႀကိဳတင္မဲ ၁ မဲသာ ရရွိၿပီး ေက်း႐ြာေပါင္း ၂ဝ ဝန္းက်င္တြင္ မဲေပးပိုင္ခြင့္ရွိသူ ၁,ဝဝဝ ေက်ာ္ရွိေသာ္ လည္း ဆႏၵမဲလာထည့္ဦးေရ ၂ဝဝ ေက်ာ္သာ ရွိခဲ့သည္။ လွ်ဳိ႕ဝွက္ဆႏၵမဲအမ်ားစုမွာ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ -KNDP၊ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္း ေစာယွာေဝၚမင္းႏွင့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) လႊတ္ေတာ္ ကိုယ္စားေလာင္းမ်ားကို အမ်ားစု မဲထည့္ခဲ့ၾကသည္ဟု မဲ႐ုံတာဝန္သူထံမွ သိရသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ ႏိုင္ငံေရးပါတီ ၅ ပါတီမွ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး မဲဆႏၵနယ္ (၁) ႏွင့္ မဲဆႏၵနယ္ (၂) ေနရာစလုံးတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) လႊတ္ေတာ္ကိုယ္စားေလာင္းမ်ားက မဲအသာစီး ျဖင့္ အႏိုင္ရရွိ သည္ဟု ႏိုင္ငံေရးပါတီတာဝန္ရွိသူထံမွ သိရသည္။ http://kicnews.org/2020/11/%e1%81%be% e1%80%80%e1%80%ac%e1%80%a1%e1%80%84%e1%80

*************

၅။ ၾကားျဖတ္ေ႐ြးေကာက္ပြဲ က်င္းပေရး AA ေတာင္းဆိုခ်က္ကို တပ္မေတာ္ လက္ခံ
12 November 2020

ဒီဇင္ဘာလ မကုန္ခင္ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပႏိုင္ေရးအတြက္ ရကၡိဳင္စစ္တပ္ (AA) ၏ ေတာင္းဆိုခ်က္ ကို တပ္မေတာ္ဘက္က လက္ခံႀကိဳဆိုၿပီး သေဘာတူပါသည္ ဟု ဧရာဝတီကို ေျပာသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္႐ုံးကလည္း ယေန႔ည တြင္ ထုတ္ျပန္ခ်က္တေစာင္ ထုတ္ကာ AA ဘက္မွ ေမတၱာရပ္ခံခ်က္ကို ႀကိဳဆိုပါသည္ဟု ေျပာၿပီး ေ႐ြးေကာက္ပြဲျပဳလုပ္ရန္ က်န္ရွိသည့္ ေနရာမ်ား၌ ၾကားျဖတ္ေ႐ြးေကာက္ပြဲျပဳလုပ္ႏိုင္ရန္ အတတ္ႏိုင္ဆုံး ညႇိႏႈိင္းေဆာင္႐ြက္ သြားပါမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေရးသားထားသည္။ တပ္မေတာ္ သတင္းျပန္ၾကားေရးအဖြဲ႕မွ ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက “ULA/ AA ဟာနဲ႔ ပတ္သက္ၿပီးေတာ့ တပ္ မေတာ္ အေနနဲ႔ ႀကိဳဆိုတယ္။ သေဘာတူတယ္။ ၿပီးရင္ အဲဒါတင္ မကဘူး။ ရွမ္းျပည္နယ္မွာ လုပ္ဖို႔ က်န္ေနတဲ့ မိုင္းကိုင္နဲ႔ ပတ္သက္ၿပီးေတာ့လည္း လုပ္ႏိုင္ဖို႔အတြက္ ေဆြးေႏြး ညႇိႏႈိင္းၾကဖို႔ သေဘာတူတယ္” ဟု ေျပာသည္။

AA က ယေန႔ ေန႔လယ္ပိုင္းတြင္ ထုတ္ျပန္ခ်က္ တေစာင္ထုတ္ခဲ့ၿပီး ထိုထဲတြင္ ႏိုဝင္ဘာ ၈ ရက္က အေထြေထြေ႐ြး ေကာက္ပြဲတြင္ ပါဝင္ မက်င္းပခဲ့ရသည့္ နယ္ေျမမ်ားကို ဒီဇင္ဘာ ၃၁ ရက္ ေနာက္ဆုံးထား၍ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ျပန္ လည္ က်င္းပေပးရန္ NLD အစိုးရႏွင့္ ျမန္မာ့ တပ္မေတာ္တို႔အား ေမတၱာရပ္ခံ တိုက္တြန္းပါသည္ဟု ေရးသားထားသည္။ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ က်င္းႏိုင္ရန္အတြက္ လိုအပ္သည့္ ေဒသတည္ၿငိမ္ေရးႏွင့္ တည္ၿငိမ္သည့္ အခင္းအက်င္း အေျခ အေန တခုကို ဖန္တီးရန္အတြက္လည္း ႏိုင္ငံေတာ္ အစိုးရ၊ သက္ဆိုင္ရာ အဖြဲ႕အစည္း အသီးသီးႏွင့္အတူ သင့္ေတာ္သလို ပံ့ပိုး ကူညီသြားရန္လည္း ဆႏၵရွိပါသည္ဟု AA က ထုတ္ျပန္ခ်က္တြင္ ထည့္သြင္း ေရးသားထားသည္။ ရခိုင္ျပည္နယ္၏ ၿမိဳ႕နယ္ အမ်ားစုတြင္ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့သျဖင့္ ေဒသခံလူထုမ်ားက မဲေပးခြင့္ ဆုံးရႈံးခဲ့ၿပီး ျပည္ သူ႔အသံကို ကိုယ္စားျပဳမည့္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္လည္း ဆုံးရႈံးခဲ့ရသျဖင့္ ေဒသခံမ်ားက ႏိုင္ငံသား အခြင့္အေရး၊ တိုင္းရင္းသား အခြင့္အေရးႏွင့္ ဒီမိုကေရစီ အခြင့္အေရးမ်ားလည္း ဆုံးရႈံး နစ္နာရပါသည္ ဟုလည္း AA က ထုတ္ျပန္ခ်က္ တြင္ ေရးသား ထားသည္။

ဦးခိုင္သုခက “အဓိကကေတာ့ ေတြ႕ဆုံေဆြးေႏြး အေျဖရွာေရး အတြက္ပဲျဖစ္ျဖစ္၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြ အတြက္ပဲ ျဖစ္ျဖစ္ အဓိက အတားအဆီး ျဖစ္ေနတဲ့ကိစၥေတြကို အတားအဆီး လုပ္ထားတဲ့ သူေတြက ေျဖေလွ်ာ့ေပးလို႔ လိုပါတယ္။ အထူးသျဖင့္ ရခိုင္ေဒသမွာ စစ္ဆင္ေရးေတြ ထိုးစစ္ေတြ လုပ္ေနတဲ့ ျမန္မာစစ္တပ္ကေန ထိုးစစ္ေတြကို ရပ္တန႔္ေပးဖို႔ လိုပါ တယ္။ တဖက္နဲ႔တဖက္ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ ျမန္မာစစ္တပ္နဲ႔ အစိုးရဘက္က လုပ္ထားတဲ့ ပိတ္ပင္ကန႔္သတ္မႈနဲ႔ အတားအဆီးေတြကို ေျဖေလွ်ာ့ေပးဖို႔ေတာ့ လိုတာေပါ့ဗ်ာ”ဟုလည္းေျပာသည္။ တပ္မေတာ္ဘက္မွ ၾကားျဖတ္ေ႐ြး ေကာက္ပြဲကို ေဆာလ်င္စြာ က်င္းပေပးရန္ ေျပာဆိုထားေသာ္လည္း လက္ရွိအခ်ိန္ထိ ၾကားျဖတ္ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပေရး၊ မက်င္းပေရးႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္ သမၼတ႐ုံးမွ တစုံတရာေျပာဆိုျခင္း မရွိေသးပါ။ https://burma.irraw addy.com/news/2020/11/12/233321.html

*************

၆။ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵကို အေလးထားမည္ ဟု NLD ေၾကညာ
12 November 2020

တိုင္းရင္းသားပါတီမ်ား၏ ရည္မွန္းခ်က္မ်ားသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ၏ ရည္မွန္းခ်က္မ်ားႏွင့္ တူညီ ၾကသျဖင့္ အနာဂတ္တြင္ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ ဆႏၵမ်ားကို အေလးထား ေဆာင္႐ြက္သြားမည္ဟု NLD ပါတီက ေၾကညာခ်က္ ထုတ္လိုက္သည္။ NLD ပါတီ ဒုဥကၠ႒ (၂) ျဖစ္သူ ေဒါက္တာ ေဇာ္ျမင့္ေမာင္ လက္မွတ္ေရး ထိုးထားသည့္ ေနာင္အနာဂတ္ ျမန္မာႏိုင္ငံအတြက္ ေရွးရႈရမည့္ ျပည္ေထာင္စုအေရးကိစၥဟု အမည္တပ္ထားေသာ အဆိုပါေၾကညာခ်က္ ကို NLD ပါတီက ႏိုဝင္ဘာလ (၁၂ ) ရက္တြင္ ၎၏ Facebook စာမ်က္ႏွာမွတဆင့္ ထုတ္ျပန္လိုက္ျခင္းလည္းျဖစ္သည္။

NLD ပါတီအေနႏွင့္ မည္သည့္ အေျခအေနကို ေရာက္သည္ျဖစ္ေစ ေနာင္အနာဂတ္၌ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရးအတြက္ မမွိတ္မသုန္ ဆက္လက္ ႀကိဳးပမ္းသြားမည္ ျဖစ္သည္ဟုလည္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ တိုင္းရင္းသားပါတီမ်ား ကလည္း NLD ပါတီက ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုအေရးကို တက္တက္ ႂကြႂကြ ပူးေပါင္းပါဝင္ ၾကမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ေၾကညာခ်က္တြင္ ဆိုထားသည္။ တိုင္းရင္းသားပါတီမ်ား ကလည္း NLD ပါတီက ေဖာ္ေဆာင္မည့္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုအေရးကို တက္တက္ ႂကြႂကြ ပူးေပါင္းပါဝင္ ၾကမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ေၾကညာခ်က္တြင္ ဆိုထားသည္။ NLD က စာေပးပို႔ထားသည့္ တိုင္းရင္းသား ႏိုင္ငံေရး ပါတီမ်ားထဲတြင္ ပါဝင္ေသာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ (SNLD) ပါတီႏွင့္ ရခိုင္အမ်ိဳးသားပါတီ (ANP) တို႔ကမူ အဆိုပါ စာသည္ ၎တို႔ ပါတီထံသို႔ မေရာက္ရွိေသးသျဖင့္ စာပါ အေၾကာင္းအရာမ်ားကို မသိေသးဟုဆိုသည္။

သို႔ေသာ္လည္း ပူးေပါင္းေဆာင္႐ြက္မည္ဆိုသည့္အခ်က္ကိုမူ ေယဘူယ်အား ျဖင့္ ႀကိဳဆိုေၾကာင္း ေျပာၾကသည္။ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲ မက်င္းပမီ ႏိုဝင္ဘာလ ၄ ရက္က သမၼတအိမ္ေတာ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္း ပြဲတြင္လည္း သမၼတ႐ုံးေျပာေရး ဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက၂၀၂၀ အလြန္တြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (National Unity Government) ေပၚထြက္လာမည္ဟု ေျပာဆိုဖူးသည္။ https://burma.irrawad dy.com/election-2020/2020/11/12/233318.html

**************

၇။ ကရင္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ အမွတ္ ၉ တြင္ NLD က KNDP ကို ငါးမဲအသာျဖင့္ႏိုင္၊ လႈိင္းဘြဲၿမိဳ႕နယ္ တစ္ခု လုံး ၏ မဲရလဒ္ကို ျပန္လည္စစ္ေဆးေပးရန္ KNDP ေတာင္းဆိုထား
November 11, 2020

ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ ၉ ၌ NLD ကိုယ္စားလွယ္ နန္းမိုးမိုးေထြးက KNDP ကိုယ္စားလွယ္ ေစာျမင့္ဟန္ကို ငါးမဲအသာျဖင့္ အႏိုင္ရသြားၿပီး ၿမိဳ႕နယ္တစ္ခုလုံး၏ မဲရလဒ္အေပၚ ျပန္လည္ စစ္ေပး ရန္ KNDP က ေတာင္းဆိုထားေၾကာင္း သိရသည္။

အဆိုပါ မဲဆႏၵနယ္တြင္ ကိုယ္စားလွယ္ ေလးဦးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး NLD ကိုယ္စားလွယ္ နန္းမိုးမိုးေထြးက ၂၀,၁၄၆ မဲ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ (KNDP) ကိုယ္စားလွယ္ ေစာျမင့္ဟန္ က ၂၀,၁၄၁ မဲ၊ USDP ကိုယ္စားလွယ္ ဦးထြန္းထြန္းဦး က ၁၃,၀၉၁ မဲ၊ ျပည္ ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီမွ ကိုယ္စားလွယ္ ဦးျမတ္ေက်ာ္က ၆၆၃ မဲ အသီးသီး ရရွိခဲ့ၿပီး ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲက ထုတ္ျပန္သည့္ မဲရလဒ္အား ကိုယ္စားလွယ္ေလာင္း အသီးသီးကပုံစံ ၁၉ လက္မွတ္ေရးထိုးထားၿပီးျဖစ္ေၾကာင္း သိရသည္။“လႈိင္းဘြဲၿမိဳ႕နယ္ မဲစာရင္းအကုန္လုံးကို ျပန္စစ္ေပးဖို႔ ေကာ္မရွင္ကို ေတာင္းဆိုထားတယ္။ KNDP က ရႈံးေသာ္လည္းဘဲ ႐ိုး႐ိုးသားသား ရႈံးတာျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္” ဟု KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက ေျပာသည္။

ထို႔အျပင္ လႈိင္းဘြဲၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ ၂ တြင္ NLD မွ ေစာခ်စ္ခင္က ၂၀,၄၉၉ မဲ၊ KNDP မွ မန္းေအာင္ျပည္စိုးက ၁၉,၁၂၉ မဲ၊ USDP မွ ေစာစိုးဝင္းက ၁၃,၀၇၆ မဲ၊ တစ္သီးပုဂၢလကိုယ္စားလွယ္ ေစာေက်ာ္လြင္ဦးက ၁,၇၉၇ မဲ၊ UBP မွ ဦးေအာင္ကိုဝင္းက ၆၉၈ မဲ အသီးသီးရရွိထားေၾကာင္း ၿမိဳ႕နယ္ေ႐ြးေကာ္အဖြဲ႕ခြဲ၏ မဲရလဒ္ ပုံစံ ၁၉ တြင္ ေဖာ္ျပထားသည္။ “မဲရလဒ္ေတြကေတာ့ က်ေနာ္တို႔ ပုံစံ ၁၉ ထုတ္ျပန္ထားပါတယ္။ အဲ့အတိုင္းပါပဲ လာၾကည့္ လို႔ရပါတယ္” ဟု လႈိင္းဘြဲၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေဇာ္ၫြန႔္က ေျပာသည္။ လႈိင္းဘြဲ ၿမိဳ႕နယ္တြင္ ေက်း႐ြာမ်ား ၌ မဲလာေပးသူမ်ားအေနျဖင့္ မဲေပးမႈပုံစံကို ေသေသခ်ာခ်ာ မသိသည့္အတြက္ ပယ္မဲမ်ားသည္ကို ေတြ႕ရသည္ဟု ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ သူတစ္ ဦးက ေျပာသည္။ http://kicnews.org/2020/11/%e1%80%80%e1%80%9b %e1%80%84%e1%80%b9%e1%80%bb%e1%

**************

၈။ အမ္းတြင္ လက္နက္ႀကီးက်ည္ ထိမွန္၍ လူ ၆ ဦးဒဏ္ရာရ
11 November 2020

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ ေရွာက္ၿခဳံေက်း႐ြာအတြင္းသို႔ ႏိုဝင္ဘာလ ၁၀ ရက္ ညေန ၇ နာရီခန႔္က လက္နက္ႀကီးက်ည္ တလုံးက်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ကေလး ၂ ဦးအပါအဝင္ ႐ြာသား ၆ ဦးဒဏ္ရာရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ေရွာက္ၿခဳံေက်း႐ြာမွ ဒဏ္ရာရသူ ေဒၚတင္ေမနန္း၏ ေယာက္မ ေတာ္စပ္သူ ေဒၚခ်ိဳခ်ိဳသန္းက “ ကဇုကိုင္းဘက္ကေန လက္နက္ႀကီး က်ည္ ၁ လုံးက ဦးေဌးဝင္း အိမ္ေရွ႕က သစ္ပင္ကိုက်ေရာက္ ေပါက္ကြဲၿပီးေတာ့ က်ည္စေတြ လြင့္စင္ ၿပီးေတာ့ လာထိတာ။ အဲဒီမွာ တအိမ္တည္းက ၃ ေယာက္က ထမင္းစားဖို႔ ဆိုၿပီးေတာ့ လုပ္ေနရင္းထိမွန္တာ။ တျခား ေနအိမ္က ၁ ေယက္အျပင္ လမ္းမွာ သြားေနသူ ၂ ေယာက္တို႔မွာလည္း က်ည္စေတြ ထိမွန္ၿပီးေတာ့ ဒဏ္ရာအသီးသီး ရရွိခဲ့ၾကတာ ” ဟု ေျပာသည္။ နံနက္ပိုင္းတြင္မူ ေရွာက္ၿခဳံေက်း႐ြာႏွင့္ ၅ ဖာလုံအကြာအေဝးတြင္ တပ္မေတာ္ႏွင့္ AA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

ယင္း က်ည္စထိမွန္မႈေၾကာင့္ အသက္ ၃ ႏွစ္အ႐ြယ္ မတိုးတိုးတြင္ ဘယ္ေျခေထာက္၊ အသက္ ၆ ႏွစ္အ႐ြယ္ ေမာင္လင္း လင္းေခ်တြင္ ေက်ာကုန္းႏွင့္ ညာဘက္ လက္ေမာင္း၊ ၊ အသက္ ၁၃ ႏွစ္အ႐ြယ္ ေမာင္ေမာင္တြင္ ညာဘက္ေဘးစ၊ အသက္ ၁၅ ႏွစ္အ႐ြယ္ ကိုလွမင္းတြင္ ဦးေခါင္းႏွင့္ ညာတင္ပါး၊ အသက္ ၃၁ ႏွစ္အ႐ြယ္ ေဒၚတင္ေမနန္းတြင္ ေျခေထာက္ဒူးဆစ္ ႏွစ္ ဘက္စလုံးႏွင့္ ၅၄ ႏွစ္အ႐ြယ္ ဦးခင္ေမာင္တြင္ ခါးဆစ္ႏွင့္ ညာဘက္ေပါင္တို႔တြင္ ဒဏ္ရာအသီးသီး ရရွိခဲ့ၾကျခင္း ျဖစ္သည္။ ယင္းလူနာမ်ားကို လက္ရွိတြင္ ေျမပုံၿမိဳ႕နယ္၊ ကမ္းေထာင္းႀကီးၿမိဳ႕ ေဆး႐ုံတြင္ ေဆးကုမႈခံယူေနရၿပီး လက္ရွိတြင္ ယင္း အထဲ မွ ၃ ဦးမွာ ဒဏ္ရာျပင္းထန္သည့္ အတြက္ စစ္ေတြေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူရန္ လိုအပ္ေနေၾကာင္းလည္း ကမ္းေထာင္းႀကီးေဒသခံမ်ား ထံမွ သိရသည္။ ကမ္းေထာင္းႀကီးၿမိဳ႕နာေရးကူညီမႈအသင္းမွ ဦးဝင္းလွေအာင္က “ ခါးဆစ္မွာ ဒဏ္ရာသူ ဦးခင္ေမာင္နဲ႔ တင္ေမနန္းမွာ ေျခေထာက္ ဒူးဆစ္က်ိဳးသြာတဲ့ ပုံေပါက္ေနၿပီး က်န္ဒဏ္ရာ ျပင္းထန္သူ စုစုေပါင္း ၃ ဦးကို စစ္ေတြမွာ ကုသဖို႔လိုအပ္မယ္။ က်န္ ၃ ေယာက္ကိုေတာ့ ကမ္းေထာင္းႀကီး ေဆး႐ုံမွာ ကုသလို႔ ရမယ္ ” ဟုေျပာသည္။

အမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ေဌး က “ ေဒသခံ ၆ ဦးဒဏ္ရာရတာကို သတင္းၾကားတယ္။ က်ေနာ္ မေန႔က စစ္ေတြကို လာတုန္းကေတာ့ ကားလမ္းမထက္ ေျခာက္ၿခဳံနဲ႔ ကဇုကိုင္း တံတားနားေတြမွာ တပ္မေတာ္သား ေတြ ဟိုတစု ဒီတစုေတာ့ေတြ႕ခဲ့ ရတယ္။ တိုက္ပြဲျဖစ္၊ မျဖစ္နဲ႔ အဲဒီကိစၥ အေသးစိတ္ကိုေတာ့ က်ေနာ္လည္း မေျပာႏိုင္ဘူး” ဟု ဆိုသည္။ အမ္းၿမိဳ႕ခံ ကိုမ်ိဳးလြင္က “ အျပစ္မဲ့ အရပ္သားေတြ ေနထိုင္တဲ့ ေက်း႐ြာေတြကို လက္နက္ႀကီးက်ည္ထိမွန္ ေအာင္လွမ္းပစ္မႈေတြဟာ ေက်း႐ြာသားေတြရဲ႕ အသက္လုံၿခဳံမႈကို အလြန္တရာ ၿခိမ္းေျခာက္မႈျဖစ္ေနတယ္။ ကိုယ့္အိမ္မွာ ေနထိုင္ရင္းနဲ႔ အကာအကြယ္ မဲ့ေနၾကရတာ စိတ္မေကာင္းစရာပဲ ” ဟု ဆိုသည္။ https://burma.irrawaddy.com/news /2020/11/11/233242.html

**************

၉။ မိုးကုတ္ၿမိဳ႕အနီး ေက်း႐ြာမ်ား TNLA စစ္ေၾကာင္းဝင္လာသျဖင့္ ေဒသခံမ်ားတိမ္းေရွာင္
11 November 2020

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕အနီးက ေက်း႐ြာေတြကို TNLA တအာင္းတပ္ဖြဲ႕ရဲ႕ စစ္ေၾကာင္းေတြက ႏို၀င္ဘာ ၇ ရက္မွာ စတင္ ေရာက္ရွိလာၿပီး ႐ြာအတြင္း ယာယီစခန္းခ်ကာ ရိကၡာနဲ႔ ေငြေၾကးေတာင္းခံတာေတြ ရွိေနတာေၾကာင့္ ေဒသခံ႐ြာသားေတြ မိုးကုတ္ၿမိဳ႕ထဲကို တိမ္းေရွာင္လာၾကတယ္လို႔ မ်က္ျမင္သက္ေသ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။

“TNLA တပ္ဖြဲ႕ေတြ ေ႐ြးေကာက္ပြဲမတိုင္မီ တစ္ရက္အလို ႏို၀င္ဘာလ ၇ ရက္ေန႔က စေရာက္လာတဲ့ သူတို႔ေရာက္ေနတဲ့ ႐ြာေတြမွာ ရိကၡာေတာင္းတယ္။ ေက်ာက္လုပ္ကြက္ေတြကိုလည္း ဆပ္ေၾကးေတာင္းတယ္။ ၿပီးေတာ့ မိုးကုတ္ၿမိဳ႕အတြင္း က ေလာင္းကစားဒိုင္အမ်ိဳးသမီးကို ဆိုင္ကယ္တစ္စီး လူႏွစ္ေယာက္နဲ႔ အဓမၼလာဖမ္းေခၚသြားၿပီး သိန္း ၅၀၀ နဲ႔ ျပန္ေ႐ြးခိုင္း တယ္။ သိန္း ၂၅၀ နဲ႔ ေပးလိုက္မွ ျပန္လႊတ္ေပးတယ္။ ၿမိဳ႕အတြင္းလည္း ဆပ္ေၾကးေတြ လိုက္ေကာက္ေန တယ္”လို႔ ေဒသခံ ကိုမင္းမင္း ကေျပာပါတယ္။ TNLA တအာင္းတပ္ေတြ ေရာက္ရွိလာၿပီး ယာယီစခန္းခ်ေနတဲ့ ေက်း႐ြာေတြကေတာ့ ပိန္းျပစ္အထက္႐ြာ၊ ပိန္းျပစ္ေအာက္႐ြာ၊ ေခ်ာင္းႀကီးကုန္းစံ႐ြာ၊ ေခ်ာင္း ႀကီးေက်ာက္ဝါ႐ြာ၊ ေခ်ာင္းႀကီးမာနားအလယ္႐ြာ၊ ေခ်ာင္းႀကီးကုန္းစံ႐ြာေတြျဖစ္ပါတယ္။ အဲ့ဒီေက်း႐ြာေတြက ျပည္သူေတြဟာ စိုးရိမ္းထိတ္လန္႔ၿပီး မိုးကုတ္ၿမိဳ႕ထဲကို တိမ္းေရွာင္ ေနၾကပါတယ္။

“က်ေနာ္တို႔ မိုးကုတ္ေဒသဟာ အျဖဴေရာင္နယ္ေျမပါ။ ဒီလို TNLA စစ္ေၾကာင္းလာတာမရွိခဲ့ဘူးဗ်။ ဆပ္ေၾကးေကာက္ ရိကၡာေတာင္းတာလည္း မႀကဳံဖူးဘူး။ ဒီေတာ့ စိုးရိမ္ထိတ္လန္႔ၿပီး ၿမိဳ႕ထဲက အမ်ိဳးအိမ္ေတြမွာ လာေနၾကတာပါ။ မေၾကာက္ တဲ့သူေတြကေတာ့ မတိမ္းေရွာင္ဘဲ႐ြာမွာ ေနေနၾကတာလည္းရွိ တယ္။” လို႔လည္း ေဒသခံတစ္ဦးကေျပာပါတယ္။ TNLA တအာင္းတပ္ဖြဲ႕က ၿမိဳ႕အတြင္း၀င္ေရာက္ၿပီး ေငြေၾကးေကာက္ခံတာ အဓမၼဖမ္းဆီးေခၚေဆာင္တာေတြ ရွိေနတာေၾကာင့္ မိုးကုတ္ၿမိဳ႕ေပၚမွာေနထိုင္တဲ့ ျပည္သူလူထုေတြလည္း စိုးရိမ္ထိတ္လန္႔စိတ္ေတြ ျဖစ္ေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး TNLA တအာင္းတပ္ဖြဲ႕ရဲ႕ ျပန္ၾကားဌာနမွဴး ဗိုလ္မွဴးတာအိုက္ေက်ာ္ကို ဆက္သြယ္ အတည္ျပဳဖို႔ ခက္ခဲေနပါတယ္။ http://burm ese.dvb.no/archives/423328

**************

၁၀။ သတင္းတု သတင္းမွားေၾကာင့္ ေ႐ြးေကာက္ပြဲ ရႈံးနိမ့္ရျခင္းဟု KSPP ဒု ဥကၠဌ ေျပာ
10 November 2020

၂၀၂၀ေ႐ြးေကာက္ပြဲတြင္ ျပည္နယ္အေျခစိုက္ပါတီမ်ားရႈံးႏွိမ့္ခဲ့သည့္အခ်က္မ်ားအနက္ သတင္းတုသတင္းမွားျဖင့္ ေျပာဆို တိုက္ခိုက္ခံရမႈသည္ အခ်က္တစ္ခ်က္ျဖစ္ခဲ့သည္ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ၏ ဒု-ဥကၠဌ ေဒၚဒြဲဘူက ေျပာဆိုခဲ့ သည္။“က်မတို႔စည္း႐ုံးေရးကာလ ၿပီးဆုံးခ်ိန္ေလာက္မွာ အမ်ားႀကီးတိုက္ခိုက္ခံခဲ့ရတယ္။ အဲ့ဒါက USDP နဲ႔ ခ်ိတ္ဆက္ထား တယ္ေပါ့။ အဲ့ကရတဲ့ ဝင္ေငြေတြနဲ႔ စည္း႐ုံးေရလုပ္ၾကတယ္။ အဲ့လိုေတြလိုက္ေျပာၿပီး မဲဆြယ္ေတာ့ ေအာက္ေျခက လူတန္း စားေတြက နားလည္ ေပးဖို႔အရမ္းခက္ခဲတယ္။ သူတို႔စိတ္ထဲမွာ မဲ မေပးေတာ့ဘူးဆိုတဲ့စိတ္က ရွိသြားတယ္။ အဲဒါက လူထုနဲ႔ ေတြ႕ဆုံတဲ့ အခါမွာ ပိုဆိုးတယ္။ စည္း႐ုံးေရးမွာေတြ႕တဲ့လူတိုင္းနဲ႔ေျဖရွင္းရတယ္။ ေနာက္ၿပီးတိုက္ခိုက္ခံရတာက တစ္ခ်က္ တည္း မဟုတ္ဘူး။ ပူတာအိုလို USDP အားေကာင္းတဲ့ ေဒသမွာဆိုရင္ ေကအိုင္ေကနဲ႔ပတ္သက္တယ္လို႔ေျပာဆိုခံရတယ္။ ဒါေၾကာင့္ အရႈံးနဲ႔ပဲရင္ဆိုင္ရတယ္လို႔ပဲ ေျပာခ်င္ပါတယ္” ဟု ေျပာဆိုသည္။

ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာ ခက္ေအာင္က ေ႐ြးေကာက္ပြဲမတိုင္မွီတစ္ပတ္ခန႔္အလို ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ခရီးစဥ္ အတြင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ – KSPP က ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ USDP ႏွင့္မဟာမိတ္ဖြဲ႕မည့္ ပါတီျဖစ္သည္ဟု ဆြမ္ပရာဘြမ္ၿမိဳ႕မွ ဘာသာေရးေခါင္းေဆာင္တစ္ခ်ိဳ႕ကို ေျပာဆိုခဲ့သည္ဟု ေဝဖန္မႈမ်ားစြာလည္း ရွိခဲ့သည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္ခက္ေအာင္က USDP နဲ႔ KSPP ပတ္သက္ေနသည့္ အေၾကာင္းမ်ားကို ေျပာဆိုမႈမရွိခဲ့ သလို မဲဆြယ္စည္း႐ုံးခဲ့ရာတြင္လည္း “KSPP ကိုမဲထည့္ရင္ဘာအက်ိဳးရလဒ္ရမလဲ။ NLD ကိုမဲထည့္ရင္ဘာအက်ိဳးခံစားခြင့္ ရမလဲ။ USDP ကိုမဲထည့္ရင္ မင္းတို႔အတြက္ ဘာရမလဲ” စေသာအခ်က္မ်ားသာ ေျပာဆိုခဲ့ေၾကာင္း ႏိုဝင္ဘာလ ၅ ရက္ေန႔ ႀကိဳတင္မဲလာထည့္ရာတြင္ မီဒီယာမ်ားကို ေျဖၾကားခဲ့သည္။ ႏိုဝင္ဘာလ ၈ရက္ေန႔ျပဳလုပ္ခဲ့သည့္ ေ႐ြးေကာက္ပြဲႀကီးတြင္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP က ကခ်င္ျပည္နယ္ အတြင္း ရွိ ျပည္နယ္လႊတ္ေတာ္အတြက္ ၃ ေနရာႏွင့္ ျပည္သူ႔ လႊတ္ေတာ္အတြက္ ၁ ေနရာသာ အႏိုင္ရခဲ့သည္။ https://burmese.Kachinnews.com/2020/11/1 0/%e1%80%9e %e1%80%90%e1%80%84%e1%80%ba%e1

**************

၁၁။ ေ႐ြးေကာက္ပြဲ ေနာက္ သွ်မ္း/ေတာင္ RCSS/SSA လႈပ္ရွားနယ္ေျမသို႔ အစိုးရတပ္ အင္အားျဖည့္
November 12, 2020

ႏိုဝင္ဘာ (၈) ရက္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ၿပီးေနာက္ အစိုးရ တပ္မေတာ္သည္ သွ်မ္းျပည္ေတာင္ပိုင္းရွိ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ ( RCSS/SSA) လႈပ္ရွားရာ နယ္ေျမသို႔ စစ္အင္အားျဖည့္ လႈပ္ရွားေန ေၾကာင္း စုံစမ္းသိရသည္။

သွ်မ္းျပည္ေတာင္ပိုင္း ပင္လုံ၊ နမ့္စန္၊ လင္းေခး၊ က်ိဳင္းေတာင္း ေဒသမ်ားသို႔ အစိုးရတပ္မေတာ္ စစ္အင္အား ျဖည့္ဆည္းေန သည့္အေပၚ ျပည္သူမ်ားစိုးရိမ္ေနေၾကာင္း လည္း RCSS/SSA သတင္းဝက္ဆိုဒ္ျဖစ္သည့္ Tai Freedom တြင္ ေရးသားထား သည္။ ထိုကိစၥႏွင့္ပတ္သက္ၿပီး RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီး စဝ္အုမ္ေခး က “ သတင္းကိုေတာ့ က်ေနာ္တို႔ၾကားေနရတယ္။ ဒါေပမယ့္ သတင္းအခ်က္အလက္ အေသးစိတ္ေတာ့ က်ေနာ္တို႔မသိရွိရေသးဘူး”ဟု သွ်မ္းသံ ေတာ္ဆင့္ကိုေျပာသည္။ လက္ရွိအေျခအေနတြင္ တိုက္ပြဲမျဖစ္ပြားေသာ္လည္း ေဒသခံ ျပည္သူမ်ားအေနျဖင့္ တိုက္ပြဲျဖစ္ပြား မည္ကို စိုးရိမ္ေနေၾကာင္း လည္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၇ ရက္ ကလည္း လင္းေခးခ႐ိုင္တြင္ အုပ္ခ်ဳပ္ေရးမႉးႏွင့္အဖြဲ႕ မိုင္းပန္ၿမိဳ႕နယ္သို႔ မဲ႐ုံဝန္ထမ္းႏွင့္ မဲ႐ုံ ပစၥည္းမ်ား သြားပို႔ေဆာင္ၿပီး အျပန္လမ္းတြင္ RCSS/SSA မွ အဆိုပါယာဥ္ကို ပစ္ခတ္ရာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ႏွင့္အရာရွိ တို႔က်ည္ဆံထိမွန္ဒဏ္ရာရခဲ့သည္။ RCSS/SSA သည္ တႏိုင္ငံလုံး ပစ္ခတ္ရပ္စဲေရးသေဘာတူညီစာခ်ဳပ္ (NCA) လက္မွတ္ ေရးထိုးထားသည့္ အဖြဲ႕တဖြဲ႕ဲျဖစ္ၿပီး၊ NCA လက္မွတ္ေရးထိုးခဲ့သည္မွာ (၅)ႏွစ္ျပည့္ခဲ့ၿပီျဖစ္သည္။ https://burmese.shan news.org/archives/19440

**************

၁၂။ ဒဘတ္ (Dabak) ေက်း႐ြာ ေနရပ္ျပန္ႏိုင္ေရး စိစစ္မႈမ်ား လုပ္ေဆာင္ေန
12 November 2020

ဝိုင္းေမာ္ၿမိဳ႕နယ္ ျမစ္ႀကီးနား-ဗန္ေမာ္ လမ္းမႀကီးေပၚရွိ တိုက္ပြဲေၾကာင့္ ၁၀ႏွစ္ခန႔္စြန႔္ခြာထားသည့္ ဒဘတ္ယာန္ေက်း႐ြာတြင္ ေနရပ္ျပန္အေျခခ်ႏိုင္ရန္အတြက္ ေဒသခံစစ္မွန္ေၾကာင္းစစ္ေဆးမႈမ်ား စတင္လုပ္ေဆာင္ေနၿပီဟု သိရသည္။ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွစ၍ ဝိုင္းေမာ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ လူဝင္မႈႀကီးၾကပ္ေရး(လ.ဝ.က)၊ ေျမစာရင္းအဖြဲ႕မ်ားႏွင့္အတူ ကခ်င္ လူသားခ်င္း စာနာေထာက္ထားမႈအဖြဲ႕(KHCC) တို႔က ဒဘတ္ယာန္ေက်း႐ြာသို႔သြားေရာက္စစ္ေဆးကာ ေနရပ္ျပန္မည့္ စစ္ေရွာင္မ်ား၏ အမည္စာရင္းမ်ား ေကာက္ခံခဲ့ျခင္းျဖစ္သည္။ ျမစ္ႀကီးနားႏွင့္ဝိုင္းေမာ္ၿမိဳ႕အတြင္းရွိ ေနရပ္ျပန္မည့္ ေဒသခံ အိမ္ေထာင္စု ၂၀၀ေက်ာ္ကလည္း အမည္စာရင္း သြားေရာက္ေပးသြင္းေနၾကၿပီျဖစ္သည္။

ထို႔အျပင္ လုံၿခဳံေရးအတြက္ ေက်း႐ြာအတြင္း မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားကိုလည္း စတင္လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း KHCC မွ ဆရာခါးလီက ယခုလိုေျပာဆိုသည္။“ဒီေန႔ကေတာ့ အားလုံးရဲ႕အျမင္မွာ ေနရပ္ျပန္ႏိုင္ၿပီလို႔ တက္ေရာက္သြား ေအာင္ ဒဘတ္ယာန္ေက်း႐ြာမွာဘဲ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔အတူ စစ္ေရွာင္ေတြရဲ႕ ေနရပ္ျပန္မယ့္ အမည္စားရင္းေတြ ေကာက္ခံခဲ့တဲ့သေဘာပါ။ မနက္ျဖန္မွစ၍ စစ္ေရွာင္ေတြရဲ႕အိမ္ၿခံဝန္းေတြစီစစ္မယ္။ ၿပီးရင္မိုင္းရွင္းလင္းေရးေတြ စလုပ္ေတာ့ မည္ျဖစ္တယ္။ တျခားစစ္ေရွာင္ေနရာ တြင္မွာလည္း လုပ္ကိုင္ေနတာရွိတဲ့အတြက္ ဒီမွာ မိုင္းရွင္းလင္းေရးက ၁ ပတ္ ေလာက္ၾကာမယ္”ဟု ေျပာဆိုသည္။“စီစစ္မယ္၊ မိုင္းရွင္းလင္းအၿပီးက ဒီလ ၂၅ ရက္ေနာက္အက်ဆုံး သတ္မွတ္ထား တယ္။ ဒါၿပီးေဆာက္လုပ္ေရးလုပ္ငန္း ေတြကိုဆက္တိုက္လုပ္ေဆာင္သြားမယ္။ လာမယ့္ ေဖဖဝါရီလ ကုန္ပိုင္းေတာ့ အကုန္ ၿပီးစီး ေအာင္ေမွ်ာ္လင့္ထားတယ္။ ၿပီးမွ စစ္ေရွာင္ေတြေနရပ္ျပန္ႏိုင္ပါၿပီ”ဟု ေျပာဆိုသည္။

“က်ေနာ္တို႔အေနနဲ႔ ေက်း႐ြာအထက္ဘက္မွာရွိတဲ့ အိမ္ေထာင္စု ၃၇ စုကိုအရင္စရွင္းေပးမွာျဖစ္တယ္။ ၿပီးမွ ေနာက္အုပ္ခ်ဳပ္ ေရးမွဴးေတြေျပာတဲ့အတိုင္း အုပ္ခ်ဳပ္ေရး႐ုံးနဲ႔ေက်ာင္းစာသင္ေက်ာင္းေတြ စရွိသျဖင့္ အစိုးရအေဆာက္အုံ ေတြကို ျပန္ရွင္းမွာ ျဖစ္တယ္။ ဒါၿပီးမွသာ ေဒသခံေတြေနတဲ့ ေနအိမ္အေဆာက္အဦးေတြကို ျပန္ရွင္းေပးမွာျဖစ္တယ္။ တစ္ရက္ကို အိမ္ေထာင္စု အမ်ားဆုံး ၆ ခုေလာက္ရွင္းေပးသြားမယ္ျဖစ္တယ္”ဟု မိုင္းရွင္းလင္းေရးအဖြဲ႕မွ တပ္မေတာ္အရာရွိ တစ္ဦးက စစ္ေရွာင္မ်ား ကို ေျပာဆိုသြားခဲ့သည္။ ေနရပ္ျပန္မည့္ ဒဘတ္ယာန္စစ္ေရွာင္ျပည္သူမ်ားက လက္ရွိတြင္ျမစ္ႀကီးနားႏွင့္ ဝိုင္းေမာ္ၿမိဳ႕ရွိ စစ္ေရွာင္စန္း ၁၇ခုတြင္ ခိုလႈံေနသူမ်ားျဖစ္ကာ လူဦးေရ ၇၀၀ ေက်ာ္ႏွင့္ အိမ္ေထာင္စု ၂၀၀ ေက်ာ္ရွိသည္။ KHCC သည္ ကခ်င္ျပည္နယ္အတြင္း လုံၿခဳံမႈႏွင့္ ေနရပ္ျပန္သင့္သည့္ ေက်း႐ြာ ၁၇ ခု ကိုေ႐ြးခ်ယ္ခဲ့ၾကၿပီး လက္ရွိတြင္ ေ႐ႊေညာင္ပင္ ေက်း႐ြာတစ္ခုတည္းသာ ေနရပ္ျပန္ပို႔ေပးႏိုင္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ တဖက္တြင္ ကခ်င္ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ၿပီး အပစ္ခတ္ရပ္ဆဲေရး လက္မွတ္ေရးထိုးထားျခင္းမရွိေသးေပ။ https://burmese.kachinn ews.com/2020 /11/12/l2-25/

**************

၁၃။ တပ္ခ်ဳပ္ ကိုယ္ေရးအရာရွိေဟာင္း ဦးလင္းေဇာ္ထြန္း အပါအဝင္ ႀကံ့ခိုင္ေရး အႏိုင္ရေသာ မိုင္းျဖတ္တြင္ ျပည္သူ႔စစ္ အဖြဲ႕ က မဲဆႏၵရွင္မ်ားကို ကားအႀကိဳအပို႔လုပ္၍ မဲထည့္ခိုင္း၊ မဲမသမာမႈမ်ားရွိ၍ SNLD တိုင္ၾကားမည္
November 11, 2020

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၏ ကိုယ္ေရးအရာရွိေဟာင္း ဦးလင္းေဇာ္ထြန္းအပါအဝင္ ႀကံ့ခိုင္ေရးပါတီမွ ကိုယ္စားလွယ္ ေလာင္းမ်ား အႏိုင္ရရွိခဲ့ေသာ မိုင္းျဖတ္ၿမိဳ႕နယ္ မဲဆႏၵနယ္တြင္ ေ႐ြးေကာက္ပြဲေန႔ ျပည္သူ႔စစ္အဖြဲ႕က မဲဆႏၵရွင္မ်ားကို ႐ြာလုံး ကြၽတ္ ကားအႀကိဳအပို႔လုပ္၍ မဲထည့္ခိုင္းမႈမ်ားရွိခဲ့ေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ SNLD ၏ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးက်ေဖ့က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ႏိုဝင္ဘာလ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲေန႔ အပါအဝင္ ႀကိဳတင္မဲမ်ား ေကာက္ယူရာတြင္ မမွန္မကန္ လုပ္ေဆာင္မႈမ်ားကို ေတြ႕ျမင္ရေၾကာင္း ဦးက်ေဖ့က ဆိုသည္။“တခ်ိဳ႕မဲ႐ုံေတြမွာ ေကာ္မရွင္ဥပေဒနဲ႔ တိတိက်က်မွန္မွန္ကန္ကန္ေဆာင္႐ြက္တာ ေတြ႕ရပါတယ္။ တခ်ိဳ႕မဲ႐ုံက်ေတာ့ မဲ႐ုံမွဴးကိုယ္တိုင္က ဒါထုပါ၊ ဒါထည့္ပါဆိုၿပီး ဆႏၵျပဳခန္းအထိသြားၿပီးမွ တစ္ဦးခ်င္းလိုက္ပါ ေဆာင္႐ြက္ေပးေနတာ ေတြ႕ျမင္ရပါတယ္။ ေနာက္တခ်ိဳ႕မဲ႐ုံက်ေတာ့ ဆႏၵျပဳခန္းက လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းမဟုတ္ဘဲနဲ႔ အမ်ား ျပည္သူ လူလာတဲ့ဘက္ကို လွည့္ထားတဲ့ပုံစံႀကီးျဖစ္ေနတယ္။ ေနာက္ မဲဆႏၵရွင္ေတြကို ျပည္သူ႔စစ္အဖြဲ႕မွ ေခါင္းေဆာင္ေတြ၊ တိုက္စစ္မႈးေတြရွိပါတယ္။ အဲဒီ ျပည္သူ႔စစ္အဖြဲ႕ေတြက ေက်း႐ြာသားေတြကို သူတို႔ပါတီကို မဲေပးရမယ္ဆိုၿပီး ကားအႀကိဳအပို႔ လုပ္ေပးေနတယ္။ တစ္႐ြာၿပီးတစ္႐ြာေလ။ သူတို႔က ႀကံ့ခိုင္ေရးေပါ့”ဟု ဦးက်ေဖ့က ရွင္းျပသည္။ ဦးက်ေဖ့က လတ္တေလာ ေ႐ြးေကာက္ပြဲတြင္ မသာမႈမ်ားလုပ္ေဆာင္ေသာ အေထာက္အထားမ်ားကို စုေဆာင္းလ်က္ရွိၿပီး SNLD ပါတီႏွင့္တိုင္ပင္ကာ ေ႐ြး ေကာက္ပြဲေကာ္မရွင္ထံသို႔ မၾကာမီတိုင္ၾကားမႈမ်ားလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆိုသည္။ ရွမ္းျပည္နယ္၊ မိုင္းျဖတ္ ၿမိဳ႕နယ္တြင္ နမ့္ယြန္း ျပည္သူ႔စစ္အဖြဲ႕ တစ္ခု အေျခ စိုက္လႈပ္ရွားလ်က္ရွိသည္။

မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ႀကံ့ခိုင္ေရးပါတီမွ တပ္ခ်ဳပ္၏ ကိုယ္ေရးအရာရွိေဟာင္းလည္းျဖစ္ ဗိုလ္မွဴးေဟာင္းလည္းျဖစ္ ဦးလင္းေဇာ္ထြန္း က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္လည္းေကာင္း၊ ဦးၫြန္႔ဝင္း က မဲဆႏၵနယ္အမွတ္ ၁ ၏ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္လည္းေကာင္း၊ ဦးဖရန္စစ္ကိုစ္ အမွတ္ ၂ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္လည္းေကာင္း အႏိုင္ရရွိခဲ့သည္။ https://www.khitthitnews.com/2020/11/%e1%80%90%e1%80 %95% e1%80%ba%e1%80%81%e1%80

*************

၁၄။ ျမန္မာအပါအ၀င္ ပဋိပကၡျဖစ္ေနတဲ႔ ႏိုင္ငံေတြမွာ ေျမျမႇုပ္မိုင္းေၾကာင္႔ ေသဆံုးမႈမ်ားျပား
13 November, 2020

ေျမျမႇဳပ္မိုင္းဗုံးေတြကို သူပုန္အုပ္စုေတြက အသုံးျပဳမႈေတြ မ်ားျပားလာတာနဲ႔ စစ္ပြဲလက္က်န္ ေပါက္ကြဲေရး ပစၥည္းေတြ ေၾကာင့္ အရပ္သားေတြ ေသဆုံး ဒဏ္ရာရရွိမႈႏႈန္း ပိုမ်ားလာတယ္လို႔ ေျမျမႇဳပ္ဗုံးအသုံးျပဳမႈကို ေစာင့္ၾကည့္ေလ့လာတဲ့ Landmine Monitor အဖြဲ႕ ရဲ႕ ေနာက္ဆုံး ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲေတြ ရွိခဲ့ေပမယ့္ ၁၉၉၉ ခုႏွစ္ ေျမျမႇဳပ္မိုင္းဗုံးဆိုင္ရာ နိုင္ငံတကာ သေဘာတူစာခ်ဳပ္ဟာ ေအာင္ ျမင္မႈေတြ ရွိေနတယ္လို႔လည္း Landmine Monitor အဖြဲ႕ က ေျပာပါတယ္။ ကမၻာ့ႏိုင္ငံေတြရဲ့ ၈၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ႏိုင္ငံေပါင္း ၁၆၄ ႏိုင္ငံက ေျမျမႇဳပ္မိုင္း ထုတ္လုပ္၊ သိုေလွာင္၊ အသုံးျပဳမႈကို ပိတ္ပင္တဲ့ ဒီစာခ်ဳပ္ကို လက္မွတ္ေရးထိုးထား တာပါ။ ဒါ့အျပင္စာခ်ဳပ္ ကို လက္မွတ္ေရးထိုးမထားတဲ့ နိုင္ငံ ၃၃ ႏိုင္ငံကလည္း လိုက္နာမႈေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ စာခ်ဳပ္ကို လက္မွတ္ေရး မထိုးထားတဲ့ နိုင္ငံေတြထဲက ျမန္မာႏိုင္ငံ တစ္ႏိုင္ငံတည္းမွာသာ ၂၀၁၉ ခုႏွစ္လယ္က ၂၀၂၀ ေအာက္တိုဘာ လအထိ ေျမျမႇဳပ္ဗုံး အသုံးျပဳမႈကို ေတြ႕ရွိရတယ္လို႔ အစီရင္ခံထားတာပါ။

အဲဒီ ကာလအတြင္းကမၻာတစ္ဝွမ္း ေျမျမႇဳပ္ဗုံးေတြေၾကာင့္ ေသဆုံး ဒဏ္ရာရသူ ခန္႔မွန္းေၿခ အေယာက္ ၅,၅၀၀ ထဲက ၂,၂၀၀ အသက္ ေသဆုံးရၿပီး လူ ၃,၃၅၇ ဦးဒဏ္ရာရတယ္လို႔ Landmine Monitor ရဲ့သုေတသနအဖြဲ႕ ေခါင္းေဆာင္ Lorne Persi က VOA ကိုေျပာ ပါတယ္။ “ေသဆုံးသူနဲ႔ ဒဏ္ရာရရွိသူ အခ်ိဳးကို ၾကည့္မယ္ဆိုရင္ ဒဏ္ရာရသူ ဦးေရက အဆမတန္ မ်ား ျပားတာကို ရွင္းရွင္းလင္းလင္းေတြ႕ ျမင္ႏိုင္ေၾကာင္း၊ေျမျမွဳပ္မိုင္းနဲ႔ စစ္ပြဲလက္က်န္ ေပါက္ကြဲေစတဲ့ ပစၥည္းေတြေၾကာင့္ ဒဏ္ရာရရွိသူေတြကို အျပည့္အဝမွတ္တမ္းတင္ထားႏိုင္ျခင္း မရွိေၾကာင္း” Landmine Monitor အဖြဲ႕က သုေတသနပညာ ရွင္ Persi က ေျပာပါတယ္။ ေျမျမႇုပ္မိုင္း ပိတ္ပင္တဲ့ စာခ်ဳပ္ အသက္ဝင္ကတည္းက စာခ်ဳပ္ အဖြဲ႕ဝင္နိုင္ငံေတြ သိုေလွာင္ သိမ္းဆည္းထားတဲ့ လူေထာင္ ေျမျမွဳပ္ မိုင္း ၅၅ သန္းေက်ာ္ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး မိုင္းရွင္းလင္း ဖ်က္ဆီးေရး လုပ္ငန္းေတြမွာ လည္း တိုးတက္မႈေတြ ရရွိေနတယ္လို႔လည္း Landmine Monitor က အစီရင္ခံထားပါတယ္။ https://burmese.voanew s.com/a/myanmar-landmine-monitor-report-/5659202.html

**************

၁၅။ ဖြဲ႕စည္းပုံျပင္ဆင္ေရး အန္အယ္လ္ဒီအပါအဝင္ အားလုံးႏွင့္ပူးေပါင္းမည္ဟု မြန္ညီၫြတ္ေရးပါတီ ကိုယ္စားလွယ္ေျပာ
13 November 2020

တိုင္းရင္းသားအခြင့္အေရးေတြအပါအဝင္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံျဖစ္ဖို႔အတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ရမွာ ျဖစ္ၿပီး တစ္စုတစ္ဖြဲ႕တည္းမျပင္ႏိုင္တာမို႔ အန္အယ္လ္ဒီ အပါအဝင္ အားလုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေရးၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ အႏိုင္ရရွိခဲ့သူ မြန္ညီၫြတ္ေရးပါတီမွ ေဒါက္တာ ဗညားေအာင္မိုးက ေျပာပါ တယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဆက္လက္က်င့္သုံးသြားဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံေရး လုပ္ေနတာမဟုတ္ဘဲ တိုင္းရင္းသားအခြင့္အေရး၊ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ရမွာျဖစ္တယ္လို႔ သူက ဆိုပါတယ္။

“တကယ္တမ္းတိုင္းရင္းသားအခြင့္အေရး၊ အမ်ိဳးသားအခြင့္အေရးနဲ႔ပတ္သက္လို႔ အျပည့္အဝ အေကာင္အထည္ေဖာ္ရမယ္ ဆိုလို႔ရွိရင္ အေျခခံဥပေဒျပင္ရမယ္၊ အေျခခံဥပေဒက တကယ့္ ဖက္ဒရယ္ဒီမိုကေရစီပုံစံ၊ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ ထူေထာင္တဲ့ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ ျဖစ္ေအာင္ ဒါကို က်ေနာတို႔ ျပင္ရမယ္၊ အဲ့လိုျပင္တဲ့ေနရာမွာ တစ္စုတစ္ဖြဲ႕တည္း မျပင္ႏိုင္ဘူး၊ အန္အယ္လ္ဒီ ပါတီထဲလည္း မျပင္ႏိုင္ဘူး၊ ဒါ ေသခ်ာတယ္။ ေနာက္ၿပီးေတာ့ တိုင္းရင္းသားပါတီ ေတြစုေပါင္း ၿပီး ျပင္မယ္ဆိုရင္လည္း ဒါလည္း မျပင္ႏိုင္ဘူး၊ က်ေနာ္တို႔ တိုင္းရင္းသားပါတီမ်ား အားလုံး အန္အယ္လ္ဒီပါတီနဲ႔ အျခား ျပည္ေထာင္စု အဆင့္ရွိတဲ့ပါတီမ်ားနဲ႔ အားလုံး ပူးေပါင္းရမယ္၊ ညႇိႏႈိင္းရမယ္၊ တပ္မေတာ္ အဓိက အေရးႀကီးတယ္၊ တပ္မေတာ္ကိုလည္း ညႇိႏႈိင္းရမယ္၊ တပ္မေတာ္ရဲ႕ သေဘာတူညီမႈမရဘဲနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံက ဘယ္လိုမွ ျပင္လို႔မရဘူး” လို႔ ေဒါက္တာ ဗညားေအာင္မိုးက ေျပာပါတယ္။

ၿငိမ္းေဖာင္ေဒးရွင္းအႀကံေပးအဖြဲ႕ဝင္ ဦးလြင္ကေတာ့ “တိုင္းျပည္တစ္ျပည္မွာ ပါတီစုံဒီမိုကေရစီ ဆိုတာ ပါတီအႏိုင္ရဖို႔ ကိုယ့္ နည္းကိုယ့္ဟန္နဲ႔ႀကိဳးစားၾကတယ္၊ အႏိုင္ရရင္တက္လာတဲ့ အစိုးရ ဆိုတာရွိတယ္၊ ကိုယ္စားလွယ္အားလုံးက တက္လာတဲ့ အစိုးရက ကိုယ့္အစိုးရဆိုၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္မွသာလွ်င္ တိုင္းျပည္ တိုးတက္မွာပါ၊ တိုင္းျပည္တိုးတက္ဖို႔အတြက္ ဝိုင္းလုပ္ၾကရမွာပါ၊ ႏိုင္ငံေရးမွာ ထာဝရရန္သူ ထာဝရမိတ္ေဆြဆိုတာ မရွိပါဘူး ” လို႔ သူ႔ရဲ႕အျမင္ကို ေျပာပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေရးၿမိဳ႕နယ္အတြင္းယွဥ္ၿပိဳင္ခဲ့တဲ့ မြန္ညီၫြတ္ေရးပါတီအေနနဲ႔ ေက်း႐ြာေတြက ဆႏၵမဲအမ်ားစုနဲ႔ ကိုယ္စား လွယ္ ၅ ေနရာလုံးမွာ ေနရာျပည့္ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။ http://burmese.dvb.no/archives/423691

**************

၁၆။ ကခ်င္ႏွင့္ ရွမ္းျပည္နယ္၏ လီဆူတိုင္းရင္းသားေရးရာဝန္ႀကီး ၂ ေနရာကို LNDP အႏိုင္ရ
10 November 2020

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔၏ လီဆူ တိုင္းရင္းသားေရးရာ ဝန္ႀကီး၂ ေနရာကို လီဆူ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ (LNDP) မွ အႏိုင္ ရရွိသည္ဟု သတင္းရရွိသည္။ LNDP ပါတီ၏ ဥကၠ႒ ဦးေ႐ႊမင္း (ခ) ဦးဆီဖာလာလူးသည္ ကခ်င္ျပည္နယ္၏ လီဆူ တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာ၊ ဦးဂူဆာက ရွမ္းျပည္နယ္၏ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာတြင္ NLD ပါတီကို မဲအျပတ္အသတ္ျဖင့္ ေက်ာ္တက္ ကာ အႏိုင္ ရရွိေနျခင္း ျဖစ္သည္။ ဦးေ႐ႊမင္းက “က်ေနာ္က မဲ၂ ေသာင္းေက်ာ္ ရထားတာပါ။ NLD ထက္ မဲေပါင္း ၉၀၀၀ ေက်ာ္ မ်ားပါတယ္။ ဦးဂူဆာ က ေတာ့ မဲ ၁၀၀၀ ေက်ာ္ေလာက္ အသာစီး ရထားတာလို႔ ေျပာပါတယ္” ဟု ဆိုသည္။ ဦးေ႐ႊမင္းႏွင့္ ဦးဂူဆာ၏ မဲရလဒ္မ်ားမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) မွ အတည္ျပဳထားျခင္း မရွိေသး ေသာ္လည္း မဲ႐ုံမ်ားမွ မဲရလဒ္မ်ားကို ေရတြက္ၿပီးသည့္ ရလဒ္ အေပၚတြင္ အႏိုင္အရႈံး တြက္ခ်က္ထားျခင္း ျဖစ္သည္။

ကခ်င္ျပည္နယ္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ (NLD) ၏ ျပည္နယ္ ေအာင္ႏိုင္ေရး ဥကၠ႒ ဦးဝင္းဗိုလ္ကလည္း ကခ်င္ျပည္နယ္၏ လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာတြင္ NLD က ရႈံးၿပီး ဦးေ႐ႊမင္းက အႏိုင္ရသြားၿပီဟု အတည္ျပဳ ေျပာဆိုသည္။ ဦးေ႐ႊမင္းက “က်ေနာ္တို႔က ကိုယ့္ရဲ႕ အမ်ိဳးသားေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္တာက ကိုယ့္ရဲ႕ လီဆူအမ်ိဳး သား ပါတီပဲ ျဖစ္တယ္။ မိခင္ပါတီ အႏိုင္ရတယ္လို႔ ေျပာလို႔ ရပါတယ္။ က်ေနာ္တို႔ ပါတီရဲ႕ အမ်ိဳးသားေရး လုပ္ေဆာင္ႏိုင္မႈ အားက က်ေနာ္တို႔ လူမ်ိဳးထဲမွာ အေရးပါဆုံး ျဖစ္ေနတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ရတာလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာ သည္။ LNDP မွ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တြင္၂၉ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ တိုင္းရင္းသားေရးရာ ဝန္ႀကီး ၂ ေနရာႏွင့္ ေခါင္လန္ဖူးၿမိဳ႕နယ္ မဲဆႏၵနယ္ (၁) တြင္သာ အႏိုင္ရရွိျခင္း ျဖစ္သည္။ https://burma.irrawaddy.com/election-2020/2020/11/10/233191.html

***************

၁၇။ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္သည့္ေကာ္မတီဖြဲ႕စည္း
11 November 2020

တႏိုင္ငံလုံးရွိ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ အားလုံးႏွင့္ ၿငိမ္းခ်မ္းေရးရရွိသည္အထိ ေဆြးေႏြးရန္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္သည့္ အၿမဲတမ္းေကာ္မတီ ၁ ခုကို တပ္မေတာ္က ႏိုဝင္ဘာ ၉ ရက္ေန႔က ဖြဲ႕စည္းလိုက္သည္ဟု သတင္းရရွိသည္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၊ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ထာဝရၿငိမ္းခ်မ္းေရး ေအာင္ျမင္ၿပီးဆုံးသည္ အထိ လိုအပ္လွ်င္ လိုအပ္လို႔ တပ္မေတာ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမယ္ဆိုရင္ ဖြဲ႕လိုက္တဲ့ Permanent (အၿမဲတမ္း) အဖြဲ႕အစည္း ျဖစ္တယ္။ အဲဒီလုပ္ငန္းကိုပဲ အာ႐ုံစိုက္လုပ္ႏိုင္ေအာင္လို႔ Permanent ဖြဲ႕လိုက္တာ ျဖစ္ပါတယ္”ဟု ေျပာသည္။

အဆိုပါ ေကာ္မတီ၏အမည္မွာ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေကာ္မတီ ျဖစ္ၿပီး ဥကၠ႒ အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ အတြင္းေရးမွဴးအျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးတို႔ ျဖစ္ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္းႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္တို႔မွာ ေကာ္မတီ၏ အဖြဲ႕ဝင္မ်ား ျဖစ္သည္။ အၿမဲတမ္း ေကာ္မတီတြင္ ပါဝင္သည့္ ဗိုလ္ခ်ဳပ္ႀကီးမ်ားမွာ အစိုးရ ဦးေဆာင္ေနသည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC)၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္(PC) တို႔၏ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ တပ္မေတာ္အစုအဖြဲ႕ ကိုယ္စား လွယ္မ်ား အေနျဖင့္ ပါဝင္ေဆြးေႏြး ေနၾကသူမ်ား ျဖစ္သည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က “သူက ၃ ခုလုပ္ေဆာင္မွာ ျဖစ္တယ္။ NCA လမ္းေၾကာင္းအတိုင္းနဲ႔ NCA လက္မွတ္ေရးထိုးၿပီး သား တိုင္းရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာေအာင္လုပ္မယ္။ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕ေတြလည္း NCA လက္မွတ္ ေရးထိုးၿပီး ဆက္လက္ ေဆြးေႏြးႏိုင္ေအာင္လို႔လည္း ထာဝရၿငိမ္းခ်မ္းေရး ၿပီးဆုံးသည္အထိ ေဆြးေႏြးသြားမယ့္ Permanent အဖြဲ႕အစည္း ျဖစ္ပါတယ္”ဟုလည္း ေျပာသည္။ တပ္မေတာ္ႏွင့္ စစ္ေရးတင္းမာေနဆဲျဖစ္သည့္ ရကၡိဳင္စစ္တပ္ (AA) ကို ေဆြးေႏြးညႇိႏႈိင္းရန္ စဥ္းစားခ်က္ ရွိ၊ မရွိ ေမးျမန္းရာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အားလုံးအက်ဳံးဝင္ပါေၾကာင္း၊ အားလုံး ႏွင့္ ေဆြးေႏြးမည္ ျဖစ္ပါသည္ဟု ေျဖဆိုသည္။ NCA ထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ ၁၀ ဖြဲ႕အေနျဖင့္လည္း လိုအပ္လာပါက တပ္မေတာ္၏ ညႇိႏႈိင္း ေရးအဖြဲ႕က NCA သေဘာတူစာခ်ဳပ္ပါ အခ်က္မ်ားအတိုင္း ၁ ဖြဲ႕ခ်င္း ေဆြးေႏြးေပး မည္ဟု ထုတ္ျပန္ထားသည္။ ယခုအခါ အၿမဲတမ္းေကာ္မတီတရပ္ကို ဖြဲ႕စည္းလိုက္ၿပီျဖစ္သျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ ၂၁ ရက္က ဖြဲ႕စည္းထားသည့္ အဖြဲ႕မွာ ပ်က္ျပယ္သြားၿပီဟုလည္း တပ္မေတာ္ထံမွ သိရသည္။ https://burma.irrawaddy.c om/news/2020/11/11/233245.html

***************

၁၈။ စစ္ေတြ မဲသမာမႈ ေ႐ြးေကာ္တာဝန္ရွိသူမ်ားကို အေရးယူရန္ လုပ္ေဆာင္ေန
10 November 2020

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕နယ္ အျမင့္ကြၽန္း ေက်း႐ြာ၌ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၅ ရက္က ႀကိဳတင္ေပးရာ မဲစာ႐ြက္တြင္ တံဆိပ္တုံး ႐ိုက္ၿပီးသား မဲအခ်ိဳ႕ပါသျဖင့္ မဲေပးသူႏွင့္ မဲ႐ုံတာဝန္ရွိသူတို႔ၾကား အျငင္းပြားမႈ ျဖစ္စဥ္အတြက္ ရပ္ေက်း တာဝန္ရွိ သူတို႔ကို ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒအရ အေရးယူရန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးသူရိန္ထြဋ္က “အဲဒီမွာ သူတို႔ဘက္ကလည္း အား နည္းခ်က္ ရွိခဲ့တယ္။ ဒီအားနည္းခ်က္ကို အေျခအေန တခု ေစာင့္ၾကည့္ၿပီး ဥပေဒေၾကာင္းနဲ႔အညီ အေရးယူမႈေတြ ျပဳ လုပ္ေပးဖို႔ လုပ္ေနတယ္။ မၾကာခင္မွာပဲ တခုခု လုပ္ေဆာင္သြားဖို႔ ရွိတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

အျမင့္ကြၽန္းေက်း႐ြာတြင္ ႀကိဳတင္မဲေပးရာ၌ မဲမေပးရေသးသည့္ မဲစာ႐ြက္ ၁၅ ႐ြက္တြင္ ရခိုင့္ ဦးေဆာင္ပါတီ (AFP) ၏ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေဇာ္ကိုကိုလင္း ေနရာ၌ ႀကိဳတင္ၿပီး မဲတံဆိပ္တုံး ႐ိုက္ႏွိပ္ထားခဲ့သည့္ အတြက္ ႀကိဳတင္မဲေပးခဲ့သူဦးေရ ၃၀၀ ေက်ာ္၏ မဲမ်ားကို ပယ္ဖ်က္လိုက္ေၾကာင္း၊ ယင္းေက်း႐ြာရွိ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ႏွင့္ အတြင္းေရးမွဴးတို႔ကိုလည္း တာဝန္မွ ရပ္ထားလိုက္ေၾကာင္း သိရသည္။

စစ္ေတြၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ ဥကၠ႒ ဦးစံသာေအာင္က “က်ေနာ္တို႔ စိစစ္ၾကည့္ေတာ့ ရပ္ေက်းေ႐ြး ေကာ္ ဥကၠ႒နဲ႔ အတြင္းေရးမွဴးတို႔ ႏွစ္ဦးႏွစ္ဖက္ေပါ့ေလ်ာ့မႈပါတယ္။ ဒါကို ပါတီတာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္းေရးေကာ္မတီက သေဘာ ထားအရ သူတို႔ကိုယုံၾကည္မႈမရွိေတာ့ဘူးဆိုၿပီး တာဝန္ကရပ္စဲခဲ့ၿပီးေတာ့ ေနာက္လူေတြကို အသစ္ေ႐ြးခ်ယ္ခဲ့တယ္။ လက္ရွိမွာ သူတို႔ေတြကိုက်ေတာ့ ျပည္ေထာင္စုေ႐ြးေကာ္ရဲ႕ သေဘာထားကို ေမးျမန္းထားတယ္”ဟု ဆိုသည္။ https://bu rma.irrawaddy.com/election-2020/2020/11/10/233172.html

**************

၁၉။ ဟိုပုံးၿမိဳ႕နယ္တြင္ PNO ပါတီ ၃ေနရာ အႏိုင္ရရွိထား-
November 11, 2020

သွ်မ္းျပည္ေတာင္ပိုင္း ဟိုးပုံးၿမိဳ႕နယ္တြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ ( PNO )ပါတီ ၃ေနရာ အႏိုင္ရရွိထားေၾကာင္း စုံစမ္းသိရွိ ရသည္။
ဟိုပုံးၿမိဳ႕နယ္တြင္ ျပည္သူလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚနန္းခမ္းဝါ၊ ျပည္နယ္ ၁တြင္ ဦးခြန္ေမာင္ျဖဴ ႏွင့္ ျပည္နယ္ ၂ တြင္ ဦးခြန္စံလင္း တို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေနရာတြင္မသိရွိရေသးေၾကာင္းသိရ သည္။“အမ်ိဳးသားလႊတ္ေတာ္ ကေတာ့ မသိရေသးဘူး။ သူက ဟိုးပုံ၊ ဆီဆိုင္၊ ပင္ေလာင္း တို႔ကိုေပါင္းရမွာဆိုေတာ့ အခု ေတာ့ မသိရေသးဘူး”ဟု ဟိုပုံးၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္း အတြင္းေရးမွဴးး ဦးေအာင္ေက်ာ္သူက ေျပာသည္။

ျပည္သူကိုယ္စားလွယ္ ႏွင့္ ျပည္နယ္ ၁ နင့္ ၂ တို႔တြင္ အႏိုင္ရရွိေသာ္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္း မွ တရားဝင္း ထုတ္ျပန္ေၾကာညာထားျခင္း မရွိေၾကာင္း သိရသည္။ https://burmese.shannews.org/archives/19422

***************

၂၀။ ေမယုျမစ္ေၾကာင္း တပ္မေတာ္ပိတ္ဆို႔ထားလို႔ ေဒသခံေတြ အခက္ၾကံဳ
12 November, 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ ေမယုျမစ္အတြင္း ေရေၾကာင္းသြားလာခြင့္ကုိ တပ္မေတာ္က ကန္႔သတ္ထားတဲ့ အတြက္ ေဒသခံေတြ အခက္ေတြ႔ေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါ မယ္။

စစ္ေရးပဋိပကၡျဖစ္ပြါးေနဆဲ ရေသ့ေတာင္ၿမိဳ႕နယ္က ေမယုျမစ္ထဲမွာ ေရေၾကာင္းသြားလာမႈေတြကုိ တပ္မေတာ္က ကန္႔သတ္စစ္ေဆးမႈေတြေၾကာင့္ သြားေရး၊ လာေရး အခက္ႀကံဳေနရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ရခုိင္ျပည္နယ္မွာ အဓိက ဆက္သြယ္ေရး လမ္းေၾကာင္းတခုျဖစ္တဲ့ ေရေၾကာင္းခရီးမွာ အကန္႔အသတ္ေတြႀကံဳေနရတာ တလေက်ာ္ေလာက္ ရွိေနၿပီလုိ႔လည္း ရေသ့ေတာင္ျမိဳ႕နယ္ ေစတီျပင္ေက်းရြာက ေဒသခံတဦးက ေျပာပါတယ္။“ရေသ့ေတာင္ကေန ပိတ္ဆို႔ ထားလိုက္တယ္ေပါ့။ အဲဒါ တပ္မေတာ္ေရကေလ။ အခုဆိုရင္တလေက်ာ္လာျပီ။ ေမယုျမစ္ေပၚ ပိတ္ထားေတာ့ ရေသ့ေတာင္ ၿမိဳ႕နယ္ ေျမာက္ဘက္ပိုင္းနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ေရလမ္းခရီးေတြပိတ္သြားတာေပါ့။”ေရေၾကာင္းသြားလာမႈကုိ ကန္႔သတ္ ထားတဲ့အတြက္ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ ကုန္စည္စီးဆင္းမႈေတြ က်ဆင္းလာရာက ကုန္ေစ်းႏႈန္း ႀကီးျမင့္ မႈဒဏ္ ခံေနရတယ္လို႔လည္း ဘူးသီးေတာင္ၿမိဳ႕ခံ ကို၀င္းႏိုင္ ကေျပာပါတယ္။

ေရေၾကာင္းခရီး အသြားအလာေတြ ကန္႔သတ္ထားတဲ့အတြက္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ ျပႆနာအျပင္ က်န္းမာေရးကိစၥလုိ အေျခခံ လုိအပ္ခ်က္ေတြမွာလည္း အခက္အခဲ ေတြ႔ေနတယ္လို႔ ဘူးသီးေတာင္ျမိဳ႕နယ္ ခြဆုံရြာသူမခင္မ်ိဳးေအးက ေျပာပါ တယ္။“အရင္တုန္းကဆိုလို႔ရွိရင္ ၾကက္သြန္နီ တပိႆကို ၁,၂၀၀၊ ၁,၃၀၀။ အခုဆိုလို႔ရွိရင္ ၁,၆၀၀ ျဖစ္ေနၿပီ။ ၿပီးလို႔ရွိရင္ သေဘၤာ ေတြ၊ ဘုတ္ေတြ မသြားရေတာ့ စားရေသာက္ရအခက္ခဲျဖစ္ေနပါတယ္… ေဒသခံေတြက။ က်န္းမာေရးကလည္း အဲဒီလိုပါပဲ။ ဘုတ္ေတြ၊ သေဘၤာေတြ သြားလို႔မရတဲ့အခါ ကေလးေမြးမိခင္ေတြ ေနမေကာင္းတဲ့လူနာေတြ အခုမွာအခက္ခဲ ျဖစ္ေနပါတယ္။”ေရေၾကာင္းသြားလာမႈေတြကုိ ကန္႔သတ္စစ္ေဆးေနတယ္လုိ႔ ေဒသခံေတြရဲ႕ ေျပာဆုိခ်က္ေတြနဲ႔ ပတ္သက္ လုိ႔ တပ္မေတာ္ဘက္ကေတာ့ တရား၀င္သတင္းထုတ္ျပန္ထားတာ မရွိသလုိ၊ အေျခအေနကုိ ရွင္းရွင္းလင္းလင္း သိရေအာင္ ေမးျမန္းဖုိ႔ ႀကိဳးစားရမွာလည္း ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။ https://burmese.voanews.com/a/rakhine-conflict/56 57877.html

*************

၂၁။ ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္အား ေထာင္ေျပးမႈ အျမင့္ဆုံးျပစ္ဒဏ္ခ်
12 November 2020

ႏွင္းဆီပါတီ ေခၚ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) ဥကၠ႒ ဦးေက်ာ္ျမင့္(ခ) မိုက္ကယ္ဟြားဟူအား ေထာင္ေျပးမႈ ပုဒ္မ ၂၂၄ ျဖင့္ ခ်ဳပ္ရက္ခံစားခြင့္မရွိဘဲ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၂ ႏွစ္က်ခံေစရန္ ခ်မ္းေအးသာစံၿမိဳ႕နယ္ တရား႐ုံးက ယေန႔အမိန႔္ခ်မွတ္လိုက္သည္။

၁၉၉၈ ခုႏွစ္ ပုဒ္မ ၅(ည)၊ ပုဒ္မ ၁၈၉ တို႔ျဖင့္ ေထာင္ဒဏ္ ၉ ႏွစ္ခ်မွတ္ခံရသည္ ဦးေက်ာ္ျမင့္သည္ တႏွစ္ခန႔္အၾကာ ၁၉၉၉ ခုႏွစ္၊ ဇန္နဝါရီလတြင္ မႏၲေလးေထာင္မွ ထြက္ေျပးလြတ္ေျမာက္သြားျခင္းျဖစ္ၿပီး ယခုႏွစ္ စက္တင္ဘာ ၂၉ ရက္ေန႔ညက ရန္ကုန္ၿမိဳ႕တြင္ ျပန္လည္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။ ၎အေနျဖင့္ ယေန႔ခ်မွတ္လိုက္သည့္ ျပစ္ဒဏ္အျပင္ ယခင္ျပစ္မႈေႂကြး က်န္မ်ားလည္း က်ခံရမည္ျဖစ္သည္။

ယင္းအျပင္ ၎အား လူဝင္မႈႀကီးၾကပ္ေရးဥပေဒ ပုဒ္မ ၁၃(၁) ျဖင့္ တရားစြဲဆိုထားမႈကိုလည္း လာမည့္ ႏိုဝင္ဘာ ၂၅ ရက္ေန႔ ႐ုံးခ်ိန္းတြင္ စြဲခ်က္တင္မတင္ အမိန႔္ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ-၂၂၄ ျဖင့္ ျပစ္မႈထင္ ရွားပါက က်ဴးလြန္သူအား ၂ ႏွစ္ထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ခ်မွတ္ရမည္ျဖစ္ဟု ျပဌာန္းထားၿပီး က်ဴးလြန္သူအေနျဖင့္ ျပစ္မႈေႂကြးက်န္မ်ား လည္း က်ခံရမည္ျဖစ္သည္။ https://burma.irrawaddy.com /news/short-news/2020/11/12/233261.html

***************

၂၂။ ပူတာအိုခ႐ိုင္အတြင္းက မဲဆႏၵနယ္ ၇ ခုတြင္ ႀကံ့ခိုင္ေရးပါတီ အႏိုင္ရရွိ
12 November 2020

ကခ်င္ျပည္နယ္ ပူတာအိုခ႐ိုင္မွာ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြဟာ မဲဆႏၵနယ္ (၇) ခုမွာ အႏိုင္ရရွိထားတယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူေတြက ေျပာပါတယ္။ ပူတာအိုခ႐ိုင္မွာ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ အေျဖရလဒ္ကို ခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဘက္က ေၾကညာျခင္း မရွိေသာ္လည္း ပူတာအိုခ႐ိုင္အတြင္းက မဲဆႏၵနယ္ ၇ ခုမွာ ျပည္ေထာင္စုံ ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက အႏိုင္ရရွိထားၿပီလို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူ‌ေတြက ဆိုပါတယ္။

ႀကံ့ခိုင္ေရးပါတီ အႏိုင္ရရွိတဲ့ မဲဆႏၵနယ္ေတြက ပူတာအိုခ႐ိုင္အမွတ္(၁) အမ်ိဳးလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ (ေနာင္မြန္ၿမိဳ႕ နယ္)၊ ျပည္သူ႔လႊတ္ေတာ္ (ဆြမ္ဘရာဘြမ္ၿမိဳ႕နယ္)၊ ျပည္သူ႔ လႊတ္ေတာ္ (ေခါင္လန္ဖူးၿမိဳ႕နယ္)၊ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္(ေနာင္မြန္ၿမိဳ႕နယ္)၊ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ (ဆြမ္ဘရာဘြမ္ၿမိဳ႕နယ္)၊ အမွတ္(၂) ျပည္နယ္လြတ္ေတာ္ (ေခါင္လန္ဖူးၿမိဳ႕နယ္) စတဲ့မဲဆႏၵနယ္ေတြမွာ အႏိုင္ရရွိေနတယ္လို႔ ဆိုပါတယ္။

ပူတာအိုခ႐ိုင္အတြင္းမွာ ၿမိဳ႕နယ္ ၅ ခုရွိၿပီး ပူတာအိုၿမိဳ႕နယ္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္တို႔မွာ အန္အယ္လ္ဒီက အႏိုင္ရရွိၿပီး အမွတ္ (၂) ျပည္နယ္လြတ္ေတာ္ (ဆြမ္ဘရာဘြမ္ၿမိဳ႕နယ္) မွာ ျပည္နယ္အေျခစိုက္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ၊ ေနာင္မြန္ၿမိဳ႕နယ္ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္မွာ အန္အယ္လ္ဒီ၊ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ေခါင္လန္ဖူးၿမိဳ႕နယ္မွာ ဒူးေလးပါတီ (လီဆူအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ) တို႔က အသီးသီး အႏိုင္ရရွိတယ္လို႔ သိရပါတယ္။ http://burm ese.dvb.no/archives/423508

**************

၂၃။ ေ႐ြးေကာက္ပြဲမက်င္းပခဲ့သည့္နယ္ေျမမ်ား၌ ၾကားျဖတ္ေ႐ြးေကာက္ပြဲ အျမန္ဆုံးက်င္းပရန္ ဥေရာပသမဂၢတိုက္တြန္း
November 12, 2020

ႏိုဝင္ဘာလ ၈ ရက္ေန႔က်င္းပခဲ့သည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ မပါဝင္ခဲ့ေသာ မဲဆႏၵနယ္ေျမမ်ား၌ ၾကားျဖတ္ေ႐ြးေကာက္ပြဲကို တတ္ႏိုင္သမွ်အျမန္ဆုံးက်င္းပရန္ ဥေရာပသမဂၢက တိုက္တြန္းလိုက္သည္။ ျမန္မာႏိုင္ငံ၏ ၂၀၂၀ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး အဖြဲ႕ဝင္ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံပါဝင္သည့္ ဥေရာပသမဂၢ၏ ႏိုဝင္ဘာလ ၉ ရက္ေန႔တြင္ ထုတ္ျပန္ေသာ သေဘာထားထုတ္ျပန္ခ်က္တြင္ ယင္းသို႔ ထည့္သြင္းေဖာ္ျပထားျခင္း ျဖစ္သည္။ ဥေရာပသမဂၢ ႏိုင္ငံျခား ေရးရာႏွင့္ လုံၿခဳံေရးမူဝါဒဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူက ၂၀၂၀ ေ႐ြးေကာက္ပြဲကို က်င္းပခြင့္ရသည့္ နယ္ေျမမ်ားတြင္ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ၿပီ ျဖစ္ေသာ္လည္း လက္ရွိ ေ႐ြးေကာက္ပြဲဥပေဒမူေဘာင္အား ႏိုင္ငံတကာစံခ်ိန္စံၫႊန္းမ်ားႏွင့္ အေကာင္းဆုံးအေလ့အထမ်ားႏွင့္အညီ မြမ္းမံျပင္ဆင္သင့္ေၾကာင္း တိုက္တြန္းထားသည္။

“အမွန္တကယ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ လက္ရွိအစိုးရနဲ႔ တပ္မေတာ္က ညႇိႏႈိင္းၿပီးေတာ့ ေအေအအဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရးတစ္ခုသြားႏိုင္ေအာင္ သေဘာတူညီခ်က္တစ္ခု မလုပ္ရင္ ၾကားျဖတ္ေ႐ြးေကာက္ပြဲက လုပ္ႏိုင္စရာ အေၾကာင္း မရွိဘူး”ဟု ၎ကေျပာဆိုသည္။ လက္ရွိ ေ႐ြးေကာက္ပြဲမက်င္းပခဲ့သည့္ နယ္ေျမမ်ားတြင္ ၾကားျဖတ္ေ႐ြး ေကာက္ပြဲ က်င္းပ/မက်င္းပသည္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)ႏွင့္ သက္ဆိုင္ေၾကာင္း ရခိုင္မ်ိဳးသားပါတီ(ANP)၏ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္ကေျပာသည္။ “ၾကားျဖတ္ေ႐ြးေကာက္ပြဲ လုပ္ဖို႔၊ မလုပ္ဖို႔ အဆုံးအျဖတ္ဟာ တပ္မေတာ္ က အႀကံေပးသည္ျဖစ္ေစ၊ မေပးသည္ျဖစ္ေစ UEC ရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပဲဆိုင္တယ္” ဟု ေဒၚေအးႏုစိန္က ဆိုသည္။

လက္ရွိတြင္ ေ႐ြးေကာက္ပြဲက်င္းပခဲ့ေသာ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ျဖစ္သည့္ စစ္ေတြ၊ အမ္း၊ ေတာင္ကုတ္၊ ရမ္းၿဗဲ၊ မာန္ေအာင္၊ ဂြ၊ ေက်ာက္ျဖဴ၊ သံတြဲ ၿမိဳ႕နယ္တို႔တြင္ ရခိုင္မ်ိဳးသားပါတီ(ANP)မွ လႊတ္ေတာ္ေနရာအမ်ားစုကို အႏိုင္ရရွိ ထားေၾကာင္း ယင္းပါတီထံမွ သိရသည္။ https://www.bnio nline.net/mm/news-76885

***************

၂၄။ အစိုးရသစ္လက္ထက္မွာ အႀကီးစား စီမံကိန္းေတြ တာဝန္ယူမႈရွိဖို႔ ေစာင့္ၾကည့္ေရးကြန္ယက္အဖြဲ႕ ေတြျပင္ဆင္
November 10, 2020

၂၀၂၀ေ႐ြးေကာက္ပြဲအၿပီး အစိုးရသစ္တစ္ရပ္တက္လာရင္ လြိဳင္ေကာ္ၿမိဳ႕နယ္ စက္မႈဇုန္မွာတည္ေဆာက္ထားတဲ့ အႀကီးစား ခဲသတၱဳစက္႐ုံကို တာဝန္ယူမႈတာဝန္ခံမႈရွိဖို႔အတြက္ သတိေပးႏိုးေဆာ္သြားမယ္လို႔ ကရင္နီ အႀကီးစားရင္းႏွီးျမႇပ္ႏွံမႈစီမံကိန္း ေစာင့္ၾကည့္ ေရးကြန္ရက္အဖြဲ႕က အစီရင္ခံစာေတြ၊ စာအုပ္ေတြ စတင္ထုတ္ေဝျဖန႔္ခ်ိလ်က္ရွိေနပါတယ္။ ပတ္ဝန္းက်င္ထိ ခိုက္မႈ ဆန္းစစ္ျခင္း (EIA) စနစ္၊ ကနဦး ပတ္ဝန္းက်င္ ဆန္းစစ္ျခင္း (IEE) ၊ ပတ္ဝန္းက်င္ စီမံခန႔္ခြဲမႈ အစီအစဥ္ (EMP) ေတြ မခ်ျပႏိုင္ေသးခင္မွာပဲ လြိဳင္ေကာ္ၿမိဳ႕နယ္ ႏြားလဝိုးေက်း႐ြာအုပ္စုထဲက စက္မႈဇုန္မွာ ခဲသတၱဳသန႔္စင္ စက္႐ုံကိုတည္ေဆာက္ ေနတဲ့အေပၚမွာ အစိုးရကေန တာဝန္ယူမႈတာဝန္ခံမႈမရွိတဲ့အေပၚ အခုလို တိုက္တြန္းႏိုးေဆာ္လိုက္ ၾကတာျဖစ္ပါတယ္။

ကရင္နီ အႀကီးစားရင္းႏွီးျမႇပ္ႏွံမႈစီမံကိန္း ေစာင့္ၾကည့္ ေရးကြန္ရက္(KMIW) ေစာအယ္ေစးက “ ဒီလိုစီမံကိန္းမ်ိဳးကို ဒီေနာက္ တက္လာမယ့္ အစိုးရေသာ္လည္းေကာင္း၊ က်ေနာ္တို႔ အစိုးရ ေဟာင္းလဲ ျဖစ္ရင္ျဖစ္မယ္၊ အစိုးရ အသစ္ျဖစ္ရင္လဲျဖစ္မယ္ ဒီအေပၚမွာ သူတို႔ တာဝန္ယူေျဖရွင္းေပးရမယ္ဆိုတဲ့ အေၾကာင္းကို က်ေနာ္တို႔ ႀကိဳတင္ၿပီးေတာ့ သတိေပးလိုက္တဲ့ သေဘာ မ်ိဳးေပါ့။”လို႔ ေျပာပါတယ္။ စီမံကိန္းကေန လူ႔အခြင့္အေရးဆိုင္ရာနဲ႔ သဘာဝပတ္ဝန္းက်င္ထိခိုက္စရာေတြမွာ ခ်ိဳးေဖာက္ခံ ရမႈေတြမ်ားႀကီးႀကဳံေနရတယ္လို႔ ဆိုပါတယ္။ ၎စက္႐ုံတည္ေဆာက္မႈနဲ႔ပတ္သက္လို႔ ေဒသခံေတြနဲ႔ သြားေရာက္ေတြ႕ဆုံၿပီး ေနာက္မွာ အဆိုပါ စက္႐ုံရဲ႕ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ခ်ျပလိုက္တဲ့အခါမွာ ေဒသခံေတြအေနနဲ႔ စိုးရိမ္မႈေတြရွိေနတယ္လို႔ ျမန္မာႏိုင္ငံပြင့္လင္းျမင္သာမႈႏွင့္တာဝန္ယူမႈ၊ တာဝန္ခံမႈဆိုင္ရာ အရပ္ဖက္မဟာမိတ္အဖြဲ႕မွကယား(ကရင္နီ) ျပည္နယ္တာ ဝန္ခံ ခြန္းအန္းဂ်လိုကေျပာပါတယ္။

“ ထုတ္တဲ့စာအုပ္ရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္တို႔ ဒီ ပူးေပါင္းႀကံစည္မႈ အစီရင္ခံစာရဲ႕ ေနာက္ဆက္တြဲတစ္ခုလို႔လဲ ေျပာ လို႔ရတယ္။ ဘာလို႔လဲဆိုေတာ့ ဒီပူးေပါင္းႀကံစည္မႈ အစီရင္ခံစာမွာ ပါတဲ့အေၾကာင္းအရာက ဒီတစ္ခုနဲ႔ မၿပီးဘူး။ ဘာလို႔ဆို ေတာ့ သူ႔ရဲ႕မူရင္းအစီအစဥ္ရွိတယ္။ အဲ့ဒီမူရင္းအစီအစဥ္ကို အခုခ်ိန္ထိ ဘယ္သူမွမေျပာေသးဘူး။ အစိုးရလဲ တာဝန္မယူ ဘူး။ ဘယ္သူမွမေျပာဘူး။ ဒီကုမၸဏီကလဲ မေျပာေသးဘူး။ ဒီစီမံကိန္းက အရမ္းႀကီးတယ္။ အဲ့ဆိုေတာ့ ဒီလက္ရွိပူးေပါင္း ႀကံ စည္မႈ အစီရင္ခံစာမွာပါတဲ့ စီမံကိန္းဟာ က်ေနာ္တို႔ ဒီေန႔မိတ္ဆက္တဲ့ စာအုပ္ရဲ႕ အစိတ္အပိုင္း တစ္ခုအေနနဲ႔ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ မျဖစ္မေနေျပာဖို႔ လိုအပ္တယ္ ဆိုတဲ့အေၾကာင္း ပထမဆုံးအေနနဲ႔ ေျပာခ်င္ပါတယ္။”လို႔ ေစာအယ္ေစး ကေျပာ ပါတယ္။ ဒီအေပၚမွာ ကရင္နီအရပ္ဖက္အဖြဲ႕အစည္းေတြကေနၿပီး ေထာက္ျပေဝဖန္ေနတဲ့အေပၚမွာေတာ့ ကုမၼဏီဘက္ကေန ၿပီးေတာ့ သက္ဆိုင္ရာ အစိုးရဌာနဆိုင္ရာေတြနဲ႔ စနစ္တက်ေဆာင္႐ြက္ထားတဲ့အေၾကာင္းကို သတၱဳသန႔္စင္စက္႐ုံတည္ ေဆာက္ေနတဲ့ Global South Industrial Co.ltd ကုမၸဏီ ဒါ႐ိုက္တာ ဦးဝင္းေမာ္ အခုလို ျပန္လည္တုန႔္ျပန္ေျပာဆို လိုက္ပါတယ္။

ကရင္နီအႀကီးစားရင္းႏွီးျမႇပ္ႏွံမႈေစာင့္ၾကည့္ေရးကြန္ယက္အဖြဲ႕ (KMIW) အဖြဲ႕ကို ကယား(ကရင္နီ)ျပည္နယ္အတြင္းက လူ႔အခြင့္အေရးဆိုင္ရာ. သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ေျမယာအခြင့္အေရးဆိုင္ရာ. ေတာင္သူလယ္သမားအခြင့္အေရး ဆိုင္ရာ. ဌာေနတိုင္းရင္းသားအခြင့္အေရးဆိုင္ရာအဖြဲ႕ေတြနဲ႔ ႏိုင္ငံေရးအခြင့္အေရးဆိုင္ရာ အေရးေတြကိုလုပ္ေဆာင္ေနတဲ့ လူထုအေျချပဳအရပ္ဘက္ အဖြဲ႕ (၅)ဖြဲ႕ျဖင့္ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ https://www.bnionline.net/m m/news-76847

**************

၂၅။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕တြင္ ဆႏၵထုတ္ေဖာ္ခဲ့သည့္ ဦးေဆာင္သူႏွစ္ဦးအား ၿငိမ္းစုစီ ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္
11 November 2020

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕တြင္ ႏိုဝင္ဘာ ၁၁ ရက္ မြန္းလြဲပိုင္းက တရားမွ်တမႈမရွိသည့္ ေ႐ြးေကာက္ပြဲ ရလဒ္မ်ားအား အလိုမရွိဟုဆိုကာ ဆႏၵထုတ္ေဖာ္ခဲ့သည့္ ဦးေဆာင္ခဲ့သူႏွစ္ဦးအား ၿငိမ္းခ်မ္းစြာစုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ ျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္းၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

“ေခါင္းေဆာင္တဲ့ႏွစ္ဦးကို (ပ) ၆၅/ ၂၀၂၀ ၿငိမ္းစုစီဥပေဒပုဒ္မ ၁၉ နဲ႔ ခုညပိုင္းမွာ အမႈဖြင့္လိုက္ပါတယ္။ ေဇာ္လင္းနဲ႔ ညီညီ (ခ) ထြန္းျမင့္ေအာင္ျဖစ္ပါတယ္” ဟု ၎က ဆိုသည္။ ယင္းဆႏၵပြဲတြင္ ဦးေဆာင္သူႏွစ္ဦးမွာ ဒကၡိဏသီရိၿမိဳ႕နယ္ ပရဟိတ အသင္းမွ ဦးေဇာ္လင္းႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေ႐ႊၾကာပင္ရပ္ကြက္အတြင္း ပါတီဝင္မ်ား၏ ေနအိမ္သို႔ သြားေရာက္ေတြ႕ဆုံရာ၌ ကိုဗစ္ကပ္ကာလထုတ္ျပန္ထားသည့္ ေဒသႏၲရအမိန႔္အား ေဖာက္ဖ်က္က်ဴးလြန္သည့္ အတြက္ အေရးယူေပးရန္တိုင္ၾကားခဲ့ဖူးသည့္ ညီညီ(ခ) ထြန္းျမင့္ေအာင္တို႔ ျဖစ္သည္။

ၿငိမ္းခ်မ္းစြာစုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၁၉ တြင္ မည္သူမဆို ပုဒ္မ ၄ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ သက္ဆိုင္ရာသို႔ အသိေပးတင္ျပျခင္းမရွိဘဲ စုေဝးျခင္း သို႔မဟုတ္ စီတန္းလွည့္လည္ျခင္းျပဳေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို သုံးလထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္သုံးေသာင္းထက္မပိုေသာ ေငြဒဏ္ျဖစ္စ၊ ဒဏ္ႏွစ္ရပ္လုံး ျဖစ္ေစ ခ်မွတ္ရမည္ဟု ပါရွိသည္။ https://news-eleven.com/article/197703

**************

၂၆။ ကခ်င္စာေပႏွင့္ယဥ္ေက်းမႈအမ်ိဳးသမီးအဖြဲ႕ခ်ဳပ္မွ ရခိုင္စစ္ေဘးေရွာင္မ်ားအတြက္ ေငြက်ပ္ ၂၅ သိန္းလႉဒါန္း
November 12, 2020

ရခိုင္စစ္ေဘးေရွာင္မ်ားကို ကိုယ္ခ်င္းစာနာမိ၍ ကခ်င္စာေပႏွင့္ ယဥ္ေက်းမႈအမ်ိဳးသမီးအဖြဲ႕ခ်ဳပ္မွ ရခိုင္ စစ္ေဘးေရွာင္မ်ား အတြက္ ေငြက်ပ္ ၂၅ သိန္းကို ေမယုေဒသ ပရဟိတအဖြဲ႕မွတဆင့္ ႏိုဝင္ဘာ ၁ဝ ရက္ေန႔က ေထာက္ပံ့လႉဒါန္းလိုက္ေၾကာင္း သတင္းရရွိသည္။

ကခ်င္စာေပႏွင့္ ယဥ္ေက်းမႈအမ်ိဳးသမီးအဖြဲ႕ အတြင္းေရးမွဴး ျဖစ္သူေဒၚထုနန္က“ ကြၽန္မတို႔ ကခ်င္ေတြဟာ စစ္ေဘးေရွာင္ ဘဝ အမ်ားႀကီးျဖတ္သန္းခဲ့ၾကရတယ္။ ဒါေတြေၾကာင့္ ကြၽန္မတို႔ ခံစားဖူးတဲ့အတြက္ ရခိုင္မွာ ျဖစ္ေနတာေတြကို ကိုယ္ခ်င္းစာ နာမိလို႔ပါ။ ကြၽန္မတို႔အမ်ိဳးသမီးေတြမွာ ပိုၿပီးခံစားၾကရပါတယ္။ ဒါေၾကာင့္ သူတို႔နဲ႔ ကြၽန္မတို႔အၿမဲတမ္းအတူရွိေနမွာပါလို႔ေျပာ ခ်င္တယ္။ ေရွ႕ေလွ်ာက္လည္း အမ်ားႀကီးကူညီႏိုင္ေအာင္ ႀကိဳးစားေနပါတယ္လို႔။ ရခိုင္စစ္ေဘးသင့္ ျပည္သူေတြနဲ႔ အဲဒီမွာ ရွိေနတဲ့ အမ်ိဳးသမီးေတြကလည္းအားလုံး ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားၾကပါလို႔ ေျပာခ်င္ပါတယ္”ဟုေျပာသည္။ ကိုဗစ္ ကာလတြင္ အခက္အခဲမ်ိဳးစုံျဖင့္ ရင္ဆိုင္ေနၾကရသည့္ ရခိုင္စစ္ေဘးေရွာင္အမ်ိဳးသမီးမ်ား၊ သက္ႀကီး ႐ြယ္အိုမ်ားႏွင့္ ကေလး သူငယ္မ်ားကို ပို၍ ကိုယ္ခ်င္းစာနာမိေၾကာင္း၊ သို႔အတြက္ ယခုကဲ့သို႔ စုေပါင္းေကာက္ခံလွဴးဒါန္း လိုက္ျခင္းျဖစ္ေၾကာင္း၊ ရခိုင္စစ္ေဘးသင့္မ်ားသို႔ ယခုကဲ့သို႔ လွဴးဒါန္းရသည့္အတြက္ ဝမ္းသာေၾကာင္းသူမကေျပာသည္။

ေမယုေဒသ ပရဟိတအဖြဲ႕မွ ၄င္းအလွဴေငြမ်ားအားလက္ခံရရွိၿပီး စစ္ေဘးေရွာင္အမ်ားအတြက္ အေထြေထြ စားနပ္ရိကၡာလွဴ ဒါန္းသြားမည္ဟု ၄င္းအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးျဖစ္သူ ကိုေမယုထြန္းကေျပာသည္။ “ ေငြက်ပ္ ႏွစ္ဆယ့္ငါးသိန္းလွဴတာပါ။ ရခိုင္ စစ္ေဘးေရွာင္ေတြ အခက္အခဲေတြ ျဖစ္ေနၾကတယ္ၾကားလို႔ အခုလိုျဖစ္ေနတာကို သူတို႔ စိတ္မေကာင္းခံစား ေနၾကရ တဲ့အတြက္ လွဴဒါန္းၾကတာလို႔ ဆိုပါတယ္။ ကြၽန္ေတာ္တို႔ကလည္း ေက်းဇူးတင္ပါတယ္လို႔ေျပာခ်င္ပါတယ္။ အခုလို လွဴဒါန္း ေပးတဲ့အတြက္ေပါ့”ဟုေျပာသည္။ ၄င္းတို႔ အမ်ိဳးသမီးအဖြဲ႕မွာရွမ္းျပည္နယ္တြင္ အေျခစိုက္သည့္ ကခ်င္အမ်ိဳးသမီးအဖြဲ႕ အစည္းတစ္ခုျဖစ္ေၾကာင္း သိရသည္။ https://www.bnionline.net/mm/news-76890

***************

၂၇။ အနာဂတ္၌ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ဆႏၵ အေလးထားလုပ္မည္ဟု အန္အယ္လ္ဒီ ကတိျပဳ
12 November 2020

တိုင္းရင္းသားပါတီေတြရဲ႕ ရည္မွန္းခ်က္ေတြဟာ အဖြဲ႕ခ်ဳပ္ ရည္မွန္းခ်က္ေတြနဲ႔ တူညီတာေၾကာင့္ ေနာက္လာမယ့္ အနာဂတ္ မွာ တိုင္းရင္းသားလူမ်ိဳးစုေတြရဲ႕ ဆႏၵေတြကို အေလးထားေဆာင္႐ြက္သြားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ေျပာ ၾကားလိုက္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဴပ္က “ေနာင္အနာဂတ္ျမန္မာႏိုင္ငံအတြက္ ေရွးရႈရမည့္ ျပည္ေထာင္စုအေရးကိစၥ”နဲ႔ ပတ္သက္ ၿပီး တိုင္းရင္းသားႏိုင္ငံေရးပါတီ ၃၉ ပါတီကို ဒီေန႔ညေန စာေပးပို႔ ေျပာၾကားလိုက္တာပါ။ တိုင္းရင္းသားပါတီေတြဟာ ႏိုဝင္ဘာ ၈ ရက္ေန႔ က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲမွာ မိမိတို႔ ျပည္နယ္အသီးသီးမွာ တက္ႂကြစြာ ပါဝင္ဆင္ႏႊဲခဲ့ၾက တာကို သတိမူမိၿပီး အခ်ိဳ႕ျပည္နယ္ေတြမွာ တိုင္းရင္းသားပါတီအခ်ိဳ႕ ေက်နပ္ဖြယ္ ရလဒ္ရခဲ့ၾကေပမဲ့ တခ်ိဳ႕ပါတီေတြက ရည္မွန္းခ်က္အတိုင္း မျဖစ္လာၾကဘူးလို႔ ဆိုပါတယ္။

ဘယ္လိုအေျခအေန ေရာက္သည္ျဖစ္ေစ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ေနာက္အနာဂတ္မွာ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု မမွိတ္မသုန္ ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ http://burmese.dvb. no/archives/423636

*************

၂၈။ ကခ်င္၊ ကရင္၊ ခ်င္းျပည္နယ္မ်ားတြင္ NLD က အျပတ္အသတ္ႏိုင္
November 12, 2020

ကခ်င္၊ ကရင္၊ ခ်င္း စသည့္ ျပည္နယ္မ်ားတြင္ အႏိုင္ရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက အျပတ္အသတ္ အႏိုင္ရရွိခဲ့ၿပီး ကယား၊ မြန္ျပည္နယ္တို႔တြင္လည္း အစိုးရဖြဲ႕ႏိုင္သည္အထိ အႏိုင္ရရွိခဲ့သည္ဟု သက္ ဆိုင္ရာ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ ခြဲ မ်ားထံမွ သိရသည္။

ခ်င္းျပည္နယ္တြင္ မဲဆႏၵနယ္ ၃၉ ေနရာ ရွိသည့္အနက္ လႊတ္ေတာ္သုံးရပ္လုံးအတြက္ NLD ပါတီက ၃၆ ေနရာ အထိ အႏိုင္ရရွိခဲ့သည္။ ခ်င္းျပည္နယ္၏ NLD ပါတီဥကၠ႒ ဦးဇိုေဘြ႕ က “ဒီတစ္ခါက က်ေနာ္တို႔က ၃၉ ေနရာမွာ ၃၆ ေနရာ ႏိုင္တယ္ ေနာ္။ ရာခိုင္ႏႈန္းအားျဖင့္က ၉၂.၃ နဲ႔ အႏိုင္ရရွိပါတယ္။ ဒါေၾကာင့္ ဘယ္ပါတီမွ မေခၚပဲနဲ႔ အစိုးရဖြဲ႕ ဖို႔အတြက္ စီ စဥ္ထားပါတယ္။ က်ေနာ္တို႔က ၂၀၁၅ ထက္ ပိုၿပီး ဒီတခါမွာ သာသြားတာပါ” ဟု ေျပာသည္။ NLD ပါတီ ရႈံးနိမ့္ခဲ့သည့္ ေနရာ ၃ ေနရာထဲမွ ဟားခါးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္-၁ တြင္ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) တစ္ေနရာ၊ တြန္းဇံၿမိဳ႕နယ္တြင္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ေျမတြင္ တစ္ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ အမွတ္ (၂) နယ္ေျမတြင္ တစ္ေနရာ အႏိုင္ရရွိ ခဲ့ ၾကသည္။

ကခ်င္ျပည္နယ္၏ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ဦးခင္ေမာင္ျမင့္(ခ)ဦးဒိတ္က ျပည္နယ္အတြင္း NLD ပါတီ၏ မဲရရွိမႈ ေနာက္ဆုံးအေျခအေနႏွင့္ ပတ္သက္၍ “လက္ရွိက ျပည္နယ္ထဲမွာ က်ေနာ္တို႔က ၃၆ ေနရာမွာ ၂၉ ေနရာ ေလာက္ ႏိုင္ထား တယ္။ အစိုးရဖြ႕ဲဖို႔ေတာင္ပိုေနေသးတယ္။ ၂၆ ဆိုရင္ အစိုးရဖြဲ႕လို႔ရတာဆိုေတာ့ေလ။ ၃၆ ေနရာမွာ ျပည္သူေတြက မွန္မွန္ ကန္ကန္စဥ္းစားေတြးေခၚတတ္လို႔ အခုလိုႏိုင္တာ။ ပါတီဆိုက္ကေတာ့ ျပည္နယ္ကေတာ့ ဗဟိုၫႊန္ၾကားခ်က္ အတိုင္းပဲ သြားရမွာေပါ့။ အခုဒီစာရင္းက အတည္ျပဳ တယ္ဆိုတာက က်ေနာ္တို႔ မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ေတြနဲ႔ ေအာင္ႏိုင္ေရးအဖြဲ႕ ခ်ိတ္ဆက္ၿပီး ရတဲ့ဟာေနာ္။ ျပည္နယ္ေကာ္မရွင္က အတည္ျပဳတဲ့ဟာေတာ့ မဟုတ္ေသးဘူးေနာ္” ဟု ေျပာသည္။ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ နမ့္ခမ္း၊ မန္တုံ၊ နမ့္ဆန္ ၿမိဳ႕နယ္တို႔တြင္ တအာင္းအမ်ိဳးသားပါတီ (TNP) က နမ့္ဆန္၊ မန္တုံ ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္တို႔တြင္ လႊတ္ေတာ္သုံးရပ္စလုံးတြင္ အႏိုင္ရရွိခဲ့ၿပီး ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ျပည္နယ္ (၁) တြင္ တစ္ေနရာ၊ မူဆယ္ခ႐ိုင္တြင္ အမ်ိဳးသားလႊတ္ေတာ္တြင္ တစ္ေနရာ အႏိုင္ရရွိထားသည္။ https://www.bnionline.ne t/mm/news-76881

***************

၂၉။ ေတာင္ႀကီး ေအးသာယာမဲ႐ုံသို႔ မဲသြားေပးခဲ့သည့္ အမ်ိဳးသားတဦး ကိုဗစ္-၁၉ ေတြ႕
November 12, 2020

ႏိုဝင္ဘာ ၈ ရက္မွာက်င္းပသည့္ အေထြေထြေ႐ြးေကာက္ပြဲေန႔တြင္ ေတာင္ႀကီး ေအးသာယာ႐ုံးသို႔ မဲလာေပးသည့္ အမ်ိဳးသားတဦး ကိုဗစ္-၁၉ ကူးစက္ေရာဂါပိုးရွိေၾကာင္း စုံစမ္းသိရွိရသည္။

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕နယ္ ေအးသာယာၿမိဳ႕ရွိ မဲ႐ုံတစ္႐ုံတြင္ မဲသြားေပးခဲ့သည့္ အမ်ိဳးသားတစ္ဦးသည္ ယေန႔ ႏိုဝင္ဘာ (၁၂) ရက္မွာ Rapid Antigen Diagnostic Test Kit ႏွင့္ စစ္ေဆးရာမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း သွ်မ္းျပည္နယ္ ကုသေရး ႏွင့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာဇဝနကို က သွ်မ္းသံ ေတာ္ဆင့္ ကိုေျပာသည္။“သူနဲ႔ ထိေတြ႕သူကေတာ့ သူ႔မိသားစုရွိတယ္။ ဘယ္ႏွစ္ေယာက္လည္းေတာ့ ေသခ်ာမသိရဘူး။ ေစာင့္တဲ့ေနရာမွာ သူ႔ရဲ႕ အေရွ႕ သူ႔ရဲ႕ အေနာက္ ဘယ္သူလည္း ဆိုတာကိုေတာ့ ျပန္လိုက္လို႔ မရဘူးျဖစ္ေနတယ္။ ဘာလို႔လဲ ဆိုေတာ့ အစဥ္လိုက္တိုင္း နာမည္ယူထားတာမဟုတ္ဘူး။”ဟု ေဒါက္တာဇဝနကို က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

လက္ရွိမွာ ႏိုဝင္ဘာ (၈) ရက္ေန႔ ေအးသာယာၿမိဳ႕ရွိ မဲ႐ုံ အမွတ္(၃) မွ မဲ႐ုံေစာင့္သူ အားလုံးကို Quarantine ဝင္ထား ခိုင္းလိုက္ေၾကာင္း သိရသည္။“ရန္ကုန္သြားဖို႔အတြက္ ဒီေန႔မွာ Test Kit နဲ႔ စစ္လိုက္တာ” ဟု ေဒါက္တာ ဇဝနကို က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ သွ်မ္းျပည္ေတာင္ပိုင္းတြင္ ကိုဗစ္-၁၉ ကူးစက္သူ (၁၅၀) ဦးေက်ာ္ရွိေၾကာင္း သိရသည္။ https://burmese.shannews.org/archives/19447

**************

၃၀။ ေလရွီးၿမိဳ႕နယ္၌ NLD ပါတီက မဲေပးႏိုင္ရန္ မွတ္ပုံတင္အတုျပဳလုပ္ျခင္း၊ ေငြ ေပး၍ မဲထည့္ခိုင္ျခင္း၊ ကိုယ္စား ႀကိဳတင္ မဲထည့္ေပးမႈမ်ား ျပဳလုပ္ခဲ့သည္ဟုဆိုကာ ျပည္ခိုင္ၿဖိဳးပါတီက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ တိုင္ၾကား
11 November 2020

စစ္ကိုင္းတိုင္းေဒသႀကီး နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလရွီးၿမိဳ႕နယ္၌ NLD ပါတီက ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးႏိုင္ရန္ မွတ္ပုံတင္အတုျပဳလုပ္မႈ၊ ေငြငါးေသာင္းက်ပ္ေပး၍ မဲထည့္ခိုင္းမႈ၊ ခရီးလြန္ေနသူ ကိုယ္စားႀကိဳတင္ မဲထည့္ေပးမႈစသည္မ်ား ျပဳလုပ္ခဲ့သည္ဟုဆိုကာ ျပည္ခိုင္ၿဖိဳးပါတီမွ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ႏိုဝင္ဘာလ ၁၀ ရက္ေန႔ရက္စြဲျဖင့္ တိုင္ၾကားလိုက္ေၾကာင္း ေလရွီးၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ တိုင္းေဒသႀကီး (၂) လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္း ဦးရွိသီး၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါတိုင္ၾကားစာထဲတြင္ သတ္မွတ္ခ်ိန္ေက်ာ္လြန္မွေရာက္ေသာ ႀကိဳတင္မဲမ်ားလက္ခံျခင္း၊ ကုံကိုင္လုံ႐ြာမမဲ႐ုံတြင္ ဆႏၵမဲ ေပးႏိုင္ရန္ မွတ္ပုံတင္မ်ား အတုျပဳလုပ္မဲထည့္ေစမႈ၊ ဖြန္သရက္ေက်း႐ြာတြင္ မသမာနည္းလမ္းျဖင့္ ေငြငါးေသာင္းက်ပ္ေပး၍ NLD ပါတီတြင္ မဲထည့္ေစမႈစသည့္အခ်က္မ်ားႏွင့္ တိုင္ၾကားထားေၾကာင္း ၎က ေျပာၾကားသည္။“ၿပီးေတာ့ ပန္းဆပ္ ေက်း႐ြာ မွာ ခရီးလြန္ေနသူကိုယ္စား ႀကိဳတင္မဲထည့္ေပးမႈ၊ ဆြမၼရာအမွတ္- ၁ မဲ႐ုံ USDP ႏွစ္ဆယ့္ေလးမဲအေပၚ UEC တံဆိပ္တုံး မွင္အနည္းငယ္စြန္းထင္ေနတာကို ပယ္မဲအျဖစ္သတ္မွတ္မႈ၊ တိုင္း (၂) နယ္ေျမမွာ ဆႏၵမဲမေပးႏိုင္ရန္ ရည္႐ြယ္ၿပီး မဟုတ္မမွန္ စာျဖန႔္ေဝမႈ၊ NLD ပါတီကို မဲထည့္ရင္ ဆိုလာနဲ႔ မီးရမယ့္အေၾကာင္း ကုံကိုင္လုံ႐ြာမမွာ စည္း႐ုံမႈ စတာေတြနဲ႔ တိုင္ထားပါတယ္”ဟု ေလရွီးၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ တိုင္းေဒသႀကီး (၂) လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း ဦးရွိသီးက ေျပာၾကားသည္။

အဆိုပါကိစၥႏွင့္ပက္သက္၍ ေက်နပ္မႈမရွိပါက ရဲအေရးပိုင္သည့္ကိစၥျဖစ္ေသာေၾကာင့္ ရဲစခန္း၌သာ တိုင္ၾကားရန္ ေျပာၾကား ထားေၾကာင္း၊ ပယ္မဲ ခိုင္လုံမဲ ကိစၥရပ္မ်ားကို မဲ႐ုံးမွဴးက ဆုံးျဖတ္ေၾကာင္း၊ မဲ႐ုံးမွဴးဆုံးျဖတ္သည့္ ကာလအတြင္း မဲ႐ုံ ကိုယ္စားလွယ္ အကူကိုယ္စားလွယ္က ကန႔္ကြက္ပိုင္ခြင့္ရွိေၾကာင္း ေ႐ြးေကာက္ပြဲဥပေဒအရ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း အမည္စာရင္း ေၾကျငာအၿပီး ၄၅ ရက္အတြင္း သက္ေသအေထာက္အထား ခိုင္လုံစြာျဖင့္ UEC ထံ ေငြက်ပ္ ငါးသိန္း ေပးကာ ခုံ႐ုံတြင္ တိုင္ၾကားခြင့္ရွိေၾကာင္း နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ အတြင္းေရးမႈး ေဒၚသန္းသန္းဝင္းက ေျပာၾကားသည္။ ျပည္ခိုင္ၿဖိဳးပါတီ၏ တိုင္ၾကားမႈႏွင့္ ပတ္သက္၍ ေလရွီးၿမိဳ႕နယ္ NLD ပါတီမွ လက္ရွိ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရိထင္ “သူတို႔တင္ေတာ့ တင္ထားတာပါပဲ။ သူတို႔ကို ျပန္ၿပီးေတာ့ စြပ္စြဲရမွာ အမ်ားႀကီးပဲ။ ကြၽန္ေတာ္တို႔ဆီမွာလည္း သက္ေသအေထာက္အထားေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ဘယ္လိုလုပ္ရ မလဲဆိုတာ ပါတီနဲ႔ တိုင္ပင္ၾကည့္အုံးမယ္။ ဒီအခ်ိန္ကေတာ့ ဘာမွမေျပာခ်င္ေသးဘူး” ဟု ေျပာၾကားသည္။ https://news-eleven.com/article/197661

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 72 , November 13, 2020)

၁။ ကရင်ပြည်နယ် မွန်ဝန်ကြီးနေရာ မွန်ညီညွတ်ရေးပါတီမှ ပြိုင်ဘက်ကို မဲ ၈၀၀၀ သာနေ

၂။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဒီဇင်ဘာလအထိ တစ်ဖက်သတ် အပစ်ရပ်ကြေညာချက် သက်တမ်းတိုး

၃။ ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း

၄။ ကြာအင်းဆိပ်ကြီးရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ဝဝ ကျော် ရှိသော်လည်း မဲလာထည့်သူတစ်ဦးမျှ မရှိခဲ့

၅။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

၆။ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ

၇။ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲမြို့နယ် တစ်ခု လုံး ၏ မဲရလဒ်ကိုပြန်လည်စစ်ဆေးပေးရန် KNDP တောင်းဆိုထား

၈။ အမ်းတွင် လက်နက်ကြီးကျည် ထိမှန်၍ လူ ၆ ဦးဒဏ်ရာရ

၉။ မိုးကုတ်မြို့အနီး ကျေးရွာများ TNLA စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများတိမ်းရှောင်

၁၀။ သတင်းတု သတင်းမှားကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟု KSPP ဒု ဥက္ကဌ ပြော

၁၁။ ရွေးကောက်ပွဲ နောက် သျှမ်း/တောင် RCSS/SSA လှုပ်ရှားနယ်မြေသို့ အစိုးရတပ် အင်အားဖြည့်

၁၂။ ဒဘတ် (Dabak) ကျေးရွာ နေရပ်ပြန်နိုင်ရေး စိစစ်မှုများ လုပ်ဆောင်နေ

၁၃။ တပ်ချုပ် ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်း အပါအဝင် ကြံ့ခိုင်ရေး အနိုင်ရသော မိုင်းဖြတ်တွင် ပြည်သူ့စစ် အဖွဲ့ က မဲဆန္ဒရှင်များကို ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်း၊ မဲမသမာမှုများရှိ၍ SNLD တိုင်ကြားမည်

၁၄။ မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုများပြား

၁၅။ ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီအပါအဝင် အားလုံးနှင့်ပူးပေါင်းမည်ဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စား လှယ်ပြော

၁၆။ ကချင်နှင့် ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာကို LNDP အနိုင်ရ

၁၇။ ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း

၁၈။ စစ်တွေ မဲသမာမှု ရွေးကော်တာဝန်ရှိသူများကို အရေးယူရန် လုပ်ဆောင်နေ

၁၉။ ဟိုပုံးမြို့နယ်တွင် PNO ပါတီ ၃နေရာ အနိုင်ရရှိထား-

၂၀။ မေယုမြစ်ကြောင်း တပ်မတော်ပိတ်ဆို့ထားလို့ ဒေသခံတွေ အခက်ကြုံ

၂၁။ နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု အမြင့်ဆုံးပြစ်ဒဏ်ချ

၂၂။ ပူတာအိုခရိုင်အတွင်းက မဲဆန္ဒနယ် ၇ ခုတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိ

၂၃။ ရွေးကောက်ပွဲမကျင်းပခဲ့သည့်နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂတိုက်တွန်း

၂၄။ အစိုးရသစ်လက်ထက်မှာ အကြီးစား စီမံကိန်းတွေ တာဝန်ယူမှုရှိဖို့ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့ တွေပြင်ဆင်

၂၅။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူနှစ်ဦးအား ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်

၂၆။ ကချင်စာပေနှင့်ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း

၂၇။ အနာဂတ်၌ တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒ အလေးထားလုပ်မည်ဟု အန်အယ်လ်ဒီ ကတိပြု

၂၈။ ကချင်၊ ကရင်၊ ချင်းပြည်နယ်များတွင် NLD က အပြတ်အသတ်နိုင်

၂၉။ တောင်ကြီး အေးသာယာမဲရုံသို့ မဲသွားပေးခဲ့သည့် အမျိုးသားတဦး ကိုဗစ်-၁၉ တွေ့

၃၀။ လေရှီးမြို့နယ်၌ NLD ပါတီက မဲပေးနိုင်ရန် မှတ်ပုံတင်အတုပြုလုပ်ခြင်း၊ ငွေ ပေး၍ မဲထည့်ခိုင်ခြင်း၊ ကိုယ်စား ကြိုတင် မဲထည့်ပေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား

*************

၁။ ကရင်ပြည်နယ် မွန်ဝန်ကြီးနေရာ မွန်ညီညွတ်ရေးပါတီမှ ပြိုင်ဘက်ကို မဲ ၈၀၀၀ သာနေ
November 11, 2020

ကရင်ပြည်နယ်၌ မွန်တိုင်းရင်းသားရေးရာနေရာကို ဝင်ရောက်အရွေးခံသည့် MUP-မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် လောင်း မင်းထွန်းလွင်က ပြိုင်ဘက် NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း နိုင်ထွန်းချစ်ကို မဲ ၈ ထောင်ဝန်းကျင်ဖြင့် အသာရနေကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ တရားဝင် ထုတ်ပြန် ခြင်းမရရှိသေးသောကြောင့် အတည်ပြုပြောဆိုရန် လိုအပ်နေသေးကြောင်း MUP ၏ မွန်တိုင်းရင်းသား ကိုယ်စားလှယ် လောင်း မင်းထွန်းလွင်က (နိုဝင်ဘာ ၁၁ ရက် နေ့)တွင် ကေအိုင်စီသို့ ပြောသည်။ မင်းထွန်းလွင်က “UEC အတည်မပြု မချင်း က ပြောလို့မရသေးဘူး။ ခန့်မှန်းချေ မဲရလဒ်ကတော့ ကျနော့်အနေနဲ့ မဲ ၈ ထောင်လောက် ပြိုင်ဘက်နဲ့ အသာရထားတယ်။ ကျနော်နဲ့ ပြိုင်တဲ့ ကျနော် အပါအဝင် ၇ ယောက်ဟာဆိုရင် ပြိုင်ဘက်အနေနဲ့ မဟုတ်ဘဲ တိုင်းရင်းသားတွေအတွက် လက်တွဲပြီး လုပ်ဆောင်တဲ့သူလို့ မြင်ပါတယ်။”ဟု ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မွန်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါက MUP ၏ ပါတီမူဝါဒအတိုင်း ဖက်ဒရယ်ပြည် ထောင်စုကိုသွားသည့်အခါ ဝိုင်းဝန်းပံ့ပိုးကူညီသွားမည့်အပြင် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေး၊ လုံခြုံရေး များကို လည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းထွန်းလွင်က ဆက်ပြောသည်။ NLD (ကရင်ပြည်နယ်)၏ လူမှု ကွန်ယက်စာမျက်နှာတွင်လည်း ကရင်ပြည်နယ်၏ မွန်ဝန်ကြီးနေရာအတွက် MUP မှ မင်းထွန်းလွင်၊ ပအိုဝ်းဝန်ကြီး နေရာ အတွက် NLD မှ ခွန်မျိုးတင့်၊ ဗမာဝန်ကြီးနေရာအတွက် NLD မှ ဦးတင်ဝင်းတို့ ရရှိ သွားကြောင်း ယမန်နေ့က ဖော်ပြထား သည်။ http://kicnews.org/2020/11/%e1%80%80%e1%80%9b%e1%80%84%e1%80% b9%e1%80%bb

**************

၂။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဒီဇင်ဘာလအထိ တစ်ဖက်သတ် အပစ်ရပ်ကြေညာချက် သက်တမ်းတိုး
November 12, 2020

ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် MNDAA(ကိုးကန့်)တို့ ပါဝင်သည့် ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် နိုဝင်ဘာလ ၁၁ရက်နေ့မှစ၍ လာမည့် ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ် အပစ် ရပ်ခြင်းကို သက်တမ်းတိုးလိုက်ကြောင်း သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် ကြေညာချက်အရ ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်ထပ် အစိုးရသက်တမ်းကို ဦးဆောင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် တပ်မတော်တို့အကြား လက်တွေ့ကျသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိ နှိုင်းနိုင်ရန်အတွက် ယခုလို တစ်ဖက်သတ် အပစ်ရပ်ခြင်းကို ထပ်မံ သက်တမ်းတိုးမြှင့် ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် တိုက်ပွဲများလျှော့ချပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်တိုးတက်ရန်အတွက် တစ်ဖတ်သတ် အပစ်ရပ်ကြေညာချက်ကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ် စက်တင်ဘာလက စတင်ထုတ်ပြန်ခဲ့ပြီး ယခု ၂၀၂၀ ခု နှစ် အထိ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်းကို (၇)ကြိမ်တိုင်တိုင် ဆက်တိုက် သက်တမ်းတိုးမြှင့်ခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ အလားတူ မြန်မာ့တပ်မတော်နှင့် ကြိုတင်ကန့်သတ်မှုမပါသည့် အပစ်အခတ်ရပ်စဲမှုမျိုးကို ဆွေးနွေးရန် အဆင်သင့်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲကို FPNCC (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ) ဦးဆောင်မှုဖြင့် လိုက်ပါဆွေးနွေးရန် အမြဲအဆင်သင့်ဖြစ်ကြောင်း ကိုလည်း ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်၌ ထပ်မံဖော်ပြထားသည်။ တပ်မတော်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့ အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း အပြန်အလှန် ထုတ်ပြန်မှုများ ရှိခဲ့သော်လည်း လက်တွေ့မြေပြင် ဒေသများတွင် စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုနှင့် ထွက်ပြေးတိမ်းရှောင်ရ မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့နောက် ယုံကြည်မှု တိုးတက်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ လွယ်ကူစေရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအပေါ် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်း ကြေညာချက်များကို ပြန်လည် ရုပ်သိမ်းပြီး ပထမအစိုးရ သက်တမ်း တွင် ကြုံတွေ့ခဲ့ရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကြပ်အတည်းများကို ပြန်လည်သုံးသပ်ကာ တိုင်းရင်း သားပြည်သူ အကျိုးကို ဦးတည်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရဲဝံ့စွာချမှတ်ရန်နှင့် ၎င်းတို့ မဟာမိတ်အဖွဲ့အစည်း နှင့် ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှေ့ဆက်နိုင်ရေး အစိုးရသစ်အနေဖြင့် အထူးအလေးပေး ဆောင် ရွက်ရန်ကိုပါ တိုက်တွန်း တောင်းဆိုထားသည်။ အလားတူ ရွေးကောက်ပွဲအပြီး နောက်တစ်ရက် နိုဝင်ဘာလ (၉)ရက်နေ့တွင် မြန်မာအစိုးရ တပ်မ တော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဒုတိယဗိုလ်ချုပ် ကြီးရာပြည့် ဦးဆောင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကြောင်းထုတ် ပြန်ကြေညာခဲ့သည်။ http://kicnews.org/2020/11/%e1%80%8a%e1%80%ae%e1%80%b1%e1%80%94% e1%80%ac%e1%80

*************

၃။ ကြားဖြတ်ရွေးကောက်ပွဲ ဒီဇင်ဘာ မတိုင်မီ ကျင်းပပေးရန် AA တိုက်တွန်း
12 November 2020

ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့နယ်များတွင် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပေးရန်အတွက် ရက္ခိုင်စစ်တပ် (AA) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ကာတိုက်တွန်းလိုက်သည်။ ထိုထုတ် ပြန်ချက်၌ ရခိုင်ပြည်နယ် မြို့နယ်အများစုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သောကြောင့် ယင်းဒေသအတွင်း နေထိုင်သူများ အနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ပြည်သူ့အသံ ကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးများ နစ်နာခဲ့ကြောင်း ဖော်ပြထားသည်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က “အဓိကကတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် ရွေးကောက်ပွဲ ကို စောနိုင်သမျှ စောအောင် အမြန်ဆုံး ကျင်းပနိုင်လေ ကောင်းလေပေါ့ဗျာ။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် ကျင်းပရင် ကောင်းတယ်လို့ ကျနော်တို့က အကြံပြုတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ သို့သော်လည်း ဦးခိုင်သုခ က ၎င်း၏ Facebook စာမျက်နှာထက်တွင် ရွေးကောက်ပွဲကျင်းပသည့် နိုင်ဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ အနိုင်အရှူံး သည် ရခိုင်းတိုင်းရင်းသားများဘဝ အပြောင်း အလဲမဟုတ်ဘဲ ရခိုင်နိုင်ငံပြန်ရရေး တိုက်ပွဲဝင်ခြင်းကသာ မှန်ကန်သည့် နည်း လမ်းဖြစ်ကြောင်း လူမျိုးရေးကို တည်၍ လှုံ့ဆော် ရေးသား လွှင့်တင်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ မကျင်းပရသေး သော မြို့နယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲအား၂၀၂၀ ဒီဇင်ဘာလ ၃ ရက် မတိုင်မီ ကျင်းပနိုင်ရန် NLD အစိုးရနှင့် တပ်မတော် တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ရေးသားထားသည်။

အဆိုပါနေရာများ၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရန် မိမိတို့သည့် တဖက်သတ် အပစ်ရပ်စဲခြင်းအား နိုဝင်ဘာ ၁၁ ရက် မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း ရခိုင်ပြည် နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တနိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေး ကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရေး NLD အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း ပါရှိသည်။ ထိုသို့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတခုကို ဖန်တီးရန် အတွက် နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိ ကြောင်းကို AA ၏ သဘောထားကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ https://burma.irrawaddy.com /news/2020/ 11/12/233303.html

**************

၄။ ကြာအင်းဆိပ်ကြီးရှိ မဲရုံတစ်ခုတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅ဝဝ ကျော် ရှိသော်လည်း မဲလာထည့်သူတစ်ဦးမျှ မရှိခဲ့
November 11, 2020

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သည့် တောင်ကလေးကျေးရွာအုပ်စုတွင် ဆန္ဒမဲ လာ ထည့်သူ အနည်းငယ်သာရှိပြီး တောင်ကလေးမဲရုံ ၃တွင် မဲလာထည့်သူ တစ်ဦးတစ်ယောက်မျှမရှိခဲ့ဟု မဲရုံတာဝန်ရှိသူ များထံမှ သိရသည်။ ကျိုက်ဒုံ၊ အဇင်းဒေသဘက် ထိစပ်လျက်ရှိသည့် တောင်ကလေးကျေးရွာအုပ်စုသည် ကရင်တိုင်းရင်း သား အများစုသာနေထိုင်ကြပြီး ကွီလုံးတိုင်၊ သပြု၊ ထီးတပလုခီး၊ လော်ပခီး၊ ဒူးပေါ်၊ တောင်ကလေး၊ ရွာကတော်၊ မော်တလွှာ၊ ကရကျသဲရွာ အပါအဝင် ရွာပေါင်း ၂ဝ ဝန်းကျင်ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ၁,ဝဝဝ ကျော်ရှိခဲ့သည်။ ၎င်းတို့ ကျေးရွာအများစုမှာ မဲရုံတည်ရှိ သည့်နေရာနှင့် အလှမ်းဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသောကြောင့် အများစုမဲလာထည့်နိုင်ခြင်းမရှိခဲ့ဟု ဒေသတာဝန်ရှိသူများက ပြောသည်။

တောင်ကလေးကျေးရွာအုပ်စု မဲရုံမှူး စောလင်းထူးက “ကျနော်တို့မဲရုံ ၃ မှာ မဲပေးခွင့်ရှိသူ ၅၂၅ ယောက်ရှိတယ်။ နိုဝင်ဘာ ၄ ရက်မှာ ကြိုတင်မဲ ၁ မဲပဲရတယ်။ အဲဒီမဲကလည်း ဒီမှာမဲရုံတာဝန်ကျသူတစ်ဦးက ထည့်တဲ့မဲပါ။ ရွာသားတွေ တစ်ယောက်မှ မဲလာထည့်တာမရှိဘူး။ သူတို့ရွာနဲ့ ဝေးတာလည်းပါမယ်၊ လမ်းပန်းခရီးဆက်သွယ်ရေး မကောင်းတာလည်းပါမယ်”ဟု ယနေ့ (နိုဝင် ဘာ ၁၁ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။ ၎င်းကျေးရွာအုပ်စုများတွင် မဲရုံ ၃ ရုံထားရှိပြီး မဲရုံ ၁ တွင် ဆန္ဒမဲလာထည့်သူ ၁ဝဝ ကျော်၊ မဲရုံ ၂ တွင် ၂ဝ ကျော်နှင့် မဲရုံ ၃ တွင် တာဝန်ကျဝန်ထမ်းတစ်ဦး၏ ကြိုတင်မဲ ၁ မဲသာ ရရှိပြီး ကျေးရွာပေါင်း ၂ဝ ဝန်းကျင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁,ဝဝဝ ကျော်ရှိသော် လည်း ဆန္ဒမဲလာထည့်ဦးရေ ၂ဝဝ ကျော်သာ ရှိခဲ့သည်။ လျှို့ဝှက်ဆန္ဒမဲအများစုမှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စောယှာဝေါ်မင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) လွှတ်တော် ကိုယ်စားလောင်းများကို အများစု မဲထည့်ခဲ့ကြသည်ဟု မဲရုံတာဝန်သူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုင်ငံရေးပါတီ ၅ ပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ် (၁) နှင့် မဲဆန္ဒနယ် (၂) နေရာစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော်ကိုယ်စားလောင်းများက မဲအသာစီး ဖြင့် အနိုင်ရရှိ သည်ဟု နိုင်ငံရေးပါတီတာဝန်ရှိသူထံမှ သိရသည်။ http://kicnews.org/2020/11/%e1%81%be% e1%80%80%e1%80%ac%e1%80%a1%e1%80% 84%e1%80

*************

၅။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ
12 November 2020

ဒီဇင်ဘာလ မကုန်ခင် ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ရက္ခိုင်စစ်တပ် (AA) ၏ တောင်းဆိုချက် ကို တပ်မတော်ဘက်က လက်ခံကြိုဆိုပြီး သဘောတူပါသည် ဟု ဧရာဝတီကို ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးကလည်း ယနေ့ည တွင် ထုတ်ပြန်ချက်တစောင် ထုတ်ကာ AA ဘက်မှ မေတ္တာရပ်ခံချက်ကို ကြိုဆိုပါသည်ဟု ပြောပြီး ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့် နေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားပါမည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။ တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ULA/ AA ဟာနဲ့ ပတ်သက်ပြီးတော့ တပ် မတော် အနေနဲ့ ကြိုဆိုတယ်။ သဘောတူတယ်။ ပြီးရင် အဲဒါတင် မကဘူး။ ရှမ်းပြည်နယ်မှာ လုပ်ဖို့ ကျန်နေတဲ့ မိုင်းကိုင်နဲ့ ပတ်သက်ပြီးတော့လည်း လုပ်နိုင်ဖို့အတွက် ဆွေးနွေး ညှိနှိုင်းကြဖို့ သဘောတူတယ်” ဟု ပြောသည်။

AA က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက် တစောင်ထုတ်ခဲ့ပြီး ထိုထဲတွင် နိုဝင်ဘာ ၈ ရက်က အထွေထွေရွေး ကောက်ပွဲတွင် ပါဝင် မကျင်းပခဲ့ရသည့် နယ်မြေများကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ကြားဖြတ် ရွေးကောက်ပွဲ ပြန် လည် ကျင်းပပေးရန် NLD အစိုးရနှင့် မြန်မာ့ တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းပါသည်ဟု ရေးသားထားသည်။ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းနိုင်ရန်အတွက် လိုအပ်သည့် ဒေသတည်ငြိမ်ရေးနှင့် တည်ငြိမ်သည့် အခင်းအကျင်း အခြေ အနေ တခုကို ဖန်တီးရန်အတွက်လည်း နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့်အတူ သင့်တော်သလို ပံ့ပိုး ကူညီသွားရန်လည်း ဆန္ဒရှိပါသည်ဟု AA က ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။ ရခိုင်ပြည်နယ်၏ မြို့နယ် အများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သဖြင့် ဒေသခံလူထုများက မဲပေးခွင့် ဆုံးရှုံးခဲ့ပြီး ပြည် သူ့အသံကို ကိုယ်စားပြုမည့် ရွေးကောက်ခံ ကိုယ်စားလှယ်လည်း ဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများက နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများလည်း ဆုံးရှုံး နစ်နာရပါသည် ဟုလည်း AA က ထုတ်ပြန်ချက် တွင် ရေးသား ထားသည်။

ဦးခိုင်သုခက “အဓိကကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အတွက်ပဲဖြစ်ဖြစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွေ အတွက်ပဲ ဖြစ်ဖြစ် အဓိက အတားအဆီး ဖြစ်နေတဲ့ကိစ္စတွေကို အတားအဆီး လုပ်ထားတဲ့ သူတွေက ဖြေလျှော့ပေးလို့ လိုပါတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ စစ်ဆင်ရေးတွေ ထိုးစစ်တွေ လုပ်နေတဲ့ မြန်မာစစ်တပ်ကနေ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ လိုပါ တယ်။ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးနိုင်အောင် မြန်မာစစ်တပ်နဲ့ အစိုးရဘက်က လုပ်ထားတဲ့ ပိတ်ပင်ကန့်သတ်မှုနဲ့ အတားအဆီးတွေကို ဖြေလျှော့ပေးဖို့တော့ လိုတာပေါ့ဗျာ”ဟုလည်းပြောသည်။ တပ်မတော်ဘက်မှ ကြားဖြတ်ရွေး ကောက်ပွဲကို ဆောလျင်စွာ ကျင်းပပေးရန် ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး၊ မကျင်းပရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ တစုံတရာပြောဆိုခြင်း မရှိသေးပါ။ https://burma.irraw addy.com/news/2020/11/12/233321.html

*************

၆။ တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ
12 November 2020

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရည်မှန်းချက်များနှင့် တူညီ ကြသဖြင့် အနာဂတ်တွင် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဟု NLD ပါတီက ကြေညာချက် ထုတ်လိုက်သည်။ NLD ပါတီ ဒုဥက္ကဋ္ဌ (၂) ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် လက်မှတ်ရေး ထိုးထားသည့် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဟု အမည်တပ်ထားသော အဆိုပါကြေညာချက် ကို NLD ပါတီက နိုဝင်ဘာလ (၁၂ ) ရက်တွင် ၎င်း၏ Facebook စာမျက်နှာမှတဆင့် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

NLD ပါတီအနေနှင့် မည်သည့် အခြေအနေကို ရောက်သည်ဖြစ်စေ နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ တိုင်းရင်းသားပါတီများ ကလည်း NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက် ကြွကြွ ပူးပေါင်းပါဝင် ကြမည်ဟု မျှော်လင့်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။ တိုင်းရင်းသားပါတီများ ကလည်း NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက် ကြွကြွ ပူးပေါင်းပါဝင် ကြမည်ဟု မျှော်လင့်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။ NLD က စာပေးပို့ထားသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများထဲတွင် ပါဝင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ကမူ အဆိုပါ စာသည် ၎င်းတို့ ပါတီထံသို့ မရောက်ရှိသေးသဖြင့် စာပါ အကြောင်းအရာများကို မသိသေးဟုဆိုသည်။

သို့သော်လည်း ပူးပေါင်းဆောင်ရွက်မည်ဆိုသည့်အချက်ကိုမူ ယေဘူယျအား ဖြင့် ကြိုဆိုကြောင်း ပြောကြသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာလ ၄ ရက်က သမ္မတအိမ်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်လည်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက၂၀၂၀ အလွန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ (National Unity Government) ပေါ်ထွက်လာမည်ဟု ပြောဆိုဖူးသည်။ https://burma.irra wad dy.com/election-2020/2020/11/12/233318.html

**************

၇။ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၉ တွင် NLD က KNDP ကို ငါးမဲအသာဖြင့်နိုင်၊ လှိုင်းဘွဲမြို့နယ် တစ်ခု လုံး ၏ မဲရလဒ်ကို ပြန်လည်စစ်ဆေးပေးရန် KNDP တောင်းဆိုထား
November 11, 2020

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ ၌ NLD ကိုယ်စားလှယ် နန်းမိုးမိုးထွေးက KNDP ကိုယ်စားလှယ် စောမြင့်ဟန်ကို ငါးမဲအသာဖြင့် အနိုင်ရသွားပြီး မြို့နယ်တစ်ခုလုံး၏ မဲရလဒ်အပေါ် ပြန်လည် စစ်ပေး ရန် KNDP က တောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် လေးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ကိုယ်စားလှယ် နန်းမိုးမိုးထွေးက ၂၀,၁၄၆ မဲ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကိုယ်စားလှယ် စောမြင့်ဟန် က ၂၀,၁၄၁ မဲ၊ USDP ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က ၁၃,၀၉၁ မဲ၊ ပြည် ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ် ဦးမြတ်ကျော်က ၆၆၃ မဲ အသီးသီး ရရှိခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည့် မဲရလဒ်အား ကိုယ်စားလှယ်လောင်း အသီးသီးကပုံစံ ၁၉ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။“လှိုင်းဘွဲမြို့နယ် မဲစာရင်းအကုန်လုံးကို ပြန်စစ်ပေးဖို့ ကော်မရှင်ကို တောင်းဆိုထားတယ်။ KNDP က ရှုံးသော်လည်းဘဲ ရိုးရိုးသားသား ရှုံးတာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် NLD မှ စောချစ်ခင်က ၂၀,၄၉၉ မဲ၊ KNDP မှ မန်းအောင်ပြည်စိုးက ၁၉,၁၂၉ မဲ၊ USDP မှ စောစိုးဝင်းက ၁၃,၀၇၆ မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စောကျော်လွင်ဦးက ၁,၇၉၇ မဲ၊ UBP မှ ဦးအောင်ကိုဝင်းက ၆၉၈ မဲ အသီးသီးရရှိထားကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲ၏ မဲရလဒ် ပုံစံ ၁၉ တွင် ဖော်ပြထားသည်။ “မဲရလဒ်တွေကတော့ ကျနော်တို့ ပုံစံ ၁၉ ထုတ်ပြန်ထားပါတယ်။ အဲ့အတိုင်းပါပဲ လာကြည့် လို့ရပါတယ်” ဟု လှိုင်းဘွဲမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောသည်။ လှိုင်းဘွဲ မြို့နယ်တွင် ကျေးရွာများ ၌ မဲလာပေးသူများအနေဖြင့် မဲပေးမှုပုံစံကို သေသေချာချာ မသိသည့်အတွက် ပယ်မဲများသည်ကို တွေ့ရသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့် သူတစ် ဦးက ပြောသည်။ http://kicnews.org/2020/11/%e1%80%80%e1%80%9b %e1%80%84%e1%80%b9%e1%80%bb%e1%

**************

၈။ အမ်းတွင် လက်နက်ကြီးကျည် ထိမှန်၍ လူ ၆ ဦးဒဏ်ရာရ
11 November 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ရှောက်ခြုံကျေးရွာအတွင်းသို့ နိုဝင်ဘာလ ၁၀ ရက် ညနေ ၇ နာရီခန့်က လက်နက်ကြီးကျည် တလုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ရွာသား ၆ ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှောက်ခြုံကျေးရွာမှ ဒဏ်ရာရသူ ဒေါ်တင်မေနန်း၏ ယောက်မ တော်စပ်သူ ဒေါ်ချိုချိုသန်းက “ ကဇုကိုင်းဘက်ကနေ လက်နက်ကြီး ကျည် ၁ လုံးက ဦးဌေးဝင်း အိမ်ရှေ့က သစ်ပင်ကိုကျရောက် ပေါက်ကွဲပြီးတော့ ကျည်စတွေ လွင့်စင် ပြီးတော့ လာထိတာ။ အဲဒီမှာ တအိမ်တည်းက ၃ ယောက်က ထမင်းစားဖို့ ဆိုပြီးတော့ လုပ်နေရင်းထိမှန်တာ။ တခြား နေအိမ်က ၁ ယေက်အပြင် လမ်းမှာ သွားနေသူ ၂ ယောက်တို့မှာလည်း ကျည်စတွေ ထိမှန်ပြီးတော့ ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာ ” ဟု ပြောသည်။ နံနက်ပိုင်းတွင်မူ ရှောက်ခြုံကျေးရွာနှင့် ၅ ဖာလုံအကွာအဝေးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်း ကျည်စထိမှန်မှုကြောင့် အသက် ၃ နှစ်အရွယ် မတိုးတိုးတွင် ဘယ်ခြေထောက်၊ အသက် ၆ နှစ်အရွယ် မောင်လင်း လင်းချေတွင် ကျောကုန်းနှင့် ညာဘက် လက်မောင်း၊ ၊ အသက် ၁၃ နှစ်အရွယ် မောင်မောင်တွင် ညာဘက်ဘေးစ၊ အသက် ၁၅ နှစ်အရွယ် ကိုလှမင်းတွင် ဦးခေါင်းနှင့် ညာတင်ပါး၊ အသက် ၃၁ နှစ်အရွယ် ဒေါ်တင်မေနန်းတွင် ခြေထောက်ဒူးဆစ် နှစ် ဘက်စလုံးနှင့် ၅၄ နှစ်အရွယ် ဦးခင်မောင်တွင် ခါးဆစ်နှင့် ညာဘက်ပေါင်တို့တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြခြင်း ဖြစ်သည်။ ယင်းလူနာများကို လက်ရှိတွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ ဆေးရုံတွင် ဆေးကုမှုခံယူနေရပြီး လက်ရှိတွင် ယင်း အထဲ မှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည့် အတွက် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်းလည်း ကမ်းထောင်းကြီးဒေသခံများ ထံမှ သိရသည်။ ကမ်းထောင်းကြီးမြို့နာရေးကူညီမှုအသင်းမှ ဦးဝင်းလှအောင်က “ ခါးဆစ်မှာ ဒဏ်ရာသူ ဦးခင်မောင်နဲ့ တင်မေနန်းမှာ ခြေထောက် ဒူးဆစ်ကျိုးသွာတဲ့ ပုံပေါက်နေပြီး ကျန်ဒဏ်ရာ ပြင်းထန်သူ စုစုပေါင်း ၃ ဦးကို စစ်တွေမှာ ကုသဖို့လိုအပ်မယ်။ ကျန် ၃ ယောက်ကိုတော့ ကမ်းထောင်းကြီး ဆေးရုံမှာ ကုသလို့ ရမယ် ” ဟုပြောသည်။

အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး က “ ဒေသခံ ၆ ဦးဒဏ်ရာရတာကို သတင်းကြားတယ်။ ကျနော် မနေ့က စစ်တွေကို လာတုန်းကတော့ ကားလမ်းမထက် ခြောက်ခြုံနဲ့ ကဇုကိုင်း တံတားနားတွေမှာ တပ်မတော်သား တွေ ဟိုတစု ဒီတစုတော့တွေ့ခဲ့ ရတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်နဲ့ အဲဒီကိစ္စ အသေးစိတ်ကိုတော့ ကျနော်လည်း မပြောနိုင်ဘူး” ဟု ဆိုသည်။ အမ်းမြို့ခံ ကိုမျိုးလွင်က “ အပြစ်မဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်ထိမှန် အောင်လှမ်းပစ်မှုတွေဟာ ကျေးရွာသားတွေရဲ့ အသက်လုံခြုံမှုကို အလွန်တရာ ခြိမ်းခြောက်မှုဖြစ်နေတယ်။ ကိုယ့်အိမ်မှာ နေထိုင်ရင်းနဲ့ အကာအကွယ် မဲ့နေကြရတာ စိတ်မကောင်းစရာပဲ ” ဟု ဆိုသည်။ https://burma.irrawad dy.com/news /2020/11/11/233242.html

**************

၉။ မိုးကုတ်မြို့အနီး ကျေးရွာများ TNLA စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများတိမ်းရှောင်
11 November 2020

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးက ကျေးရွာတွေကို TNLA တအာင်းတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက နိုဝင်ဘာ ၇ ရက်မှာ စတင် ရောက်ရှိလာပြီး ရွာအတွင်း ယာယီစခန်းချကာ ရိက္ခာနဲ့ ငွေကြေးတောင်းခံတာတွေ ရှိနေတာကြောင့် ဒေသခံရွာသားတွေ မိုးကုတ်မြို့ထဲကို တိမ်းရှောင်လာကြတယ်လို့ မျက်မြင်သက်သေ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“TNLA တပ်ဖွဲ့တွေ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို နိုဝင်ဘာလ ၇ ရက်နေ့က စရောက်လာတဲ့ သူတို့ရောက်နေတဲ့ ရွာတွေမှာ ရိက္ခာတောင်းတယ်။ ကျောက်လုပ်ကွက်တွေကိုလည်း ဆပ်ကြေးတောင်းတယ်။ ပြီးတော့ မိုးကုတ်မြို့အတွင်း က လောင်းကစားဒိုင်အမျိုးသမီးကို ဆိုင်ကယ်တစ်စီး လူနှစ်ယောက်နဲ့ အဓမ္မလာဖမ်းခေါ်သွားပြီး သိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်း တယ်။ သိန်း ၂၅၀ နဲ့ ပေးလိုက်မှ ပြန်လွှတ်ပေးတယ်။ မြို့အတွင်းလည်း ဆပ်ကြေးတွေ လိုက်ကောက်နေ တယ်”လို့ ဒေသခံ ကိုမင်းမင်း ကပြောပါတယ်။ TNLA တအာင်းတပ်တွေ ရောက်ရှိလာပြီး ယာယီစခန်းချနေတဲ့ ကျေးရွာတွေကတော့ ပိန်းပြစ်အထက်ရွာ၊ ပိန်းပြစ်အောက်ရွာ၊ ချောင်းကြီးကုန်းစံရွာ၊ ချောင်း ကြီးကျောက်ဝါရွာ၊ ချောင်းကြီးမာနားအလယ်ရွာ၊ ချောင်းကြီးကုန်းစံရွာတွေဖြစ်ပါတယ်။ အဲ့ဒီကျေးရွာတွေက ပြည်သူတွေဟာ စိုးရိမ်းထိတ်လန့်ပြီး မိုးကုတ်မြို့ထဲကို တိမ်းရှောင် နေကြပါတယ်။

“ကျနော်တို့ မိုးကုတ်ဒေသဟာ အဖြူရောင်နယ်မြေပါ။ ဒီလို TNLA စစ်ကြောင်းလာတာမရှိခဲ့ဘူးဗျ။ ဆပ်ကြေးကောက် ရိက္ခာတောင်းတာလည်း မကြုံဖူးဘူး။ ဒီတော့ စိုးရိမ်ထိတ်လန့်ပြီး မြို့ထဲက အမျိုးအိမ်တွေမှာ လာနေကြတာပါ။ မကြောက် တဲ့သူတွေကတော့ မတိမ်းရှောင်ဘဲရွာမှာ နေနေကြတာလည်းရှိ တယ်။” လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။ TNLA တအာင်းတပ်ဖွဲ့က မြို့အတွင်းဝင်ရောက်ပြီး ငွေကြေးကောက်ခံတာ အဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာကြောင့် မိုးကုတ်မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူလူထုတွေလည်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး TNLA တအာင်းတပ်ဖွဲ့ရဲ့ ပြန်ကြားဌာနမှူး ဗိုလ်မှူးတာအိုက်ကျော်ကို ဆက်သွယ် အတည်ပြုဖို့ ခက်ခဲနေပါတယ်။ http://burm ese.dvb.no/archives/423328

**************

၁၀။ သတင်းတု သတင်းမှားကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းဟု KSPP ဒု ဥက္ကဌ ပြော
10 November 2020

၂၀၂၀ရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက်ပါတီများရှုံးနှိမ့်ခဲ့သည့်အချက်များအနက် သတင်းတုသတင်းမှားဖြင့် ပြောဆို တိုက်ခိုက်ခံရမှုသည် အချက်တစ်ချက်ဖြစ်ခဲ့သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူက ပြောဆိုခဲ့ သည်။“ကျမတို့စည်းရုံးရေးကာလ ပြီးဆုံးချိန်လောက်မှာ အများကြီးတိုက်ခိုက်ခံခဲ့ရတယ်။ အဲ့ဒါက USDP နဲ့ ချိတ်ဆက်ထား တယ်ပေါ့။ အဲ့ကရတဲ့ ဝင်ငွေတွေနဲ့ စည်းရုံးရေလုပ်ကြတယ်။ အဲ့လိုတွေလိုက်ပြောပြီး မဲဆွယ်တော့ အောက်ခြေက လူတန်း စားတွေက နားလည် ပေးဖို့အရမ်းခက်ခဲတယ်။ သူတို့စိတ်ထဲမှာ မဲ မပေးတော့ဘူးဆိုတဲ့စိတ်က ရှိသွားတယ်။ အဲဒါက လူထုနဲ့ တွေ့ဆုံတဲ့ အခါမှာ ပိုဆိုးတယ်။ စည်းရုံးရေးမှာတွေ့တဲ့လူတိုင်းနဲ့ဖြေရှင်းရတယ်။ နောက်ပြီးတိုက်ခိုက်ခံရတာက တစ်ချက် တည်း မဟုတ်ဘူး။ ပူတာအိုလို USDP အားကောင်းတဲ့ ဒေသမှာဆိုရင် ကေအိုင်ကေနဲ့ပတ်သက်တယ်လို့ပြောဆိုခံရတယ်။ ဒါကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ရတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က ရွေးကောက်ပွဲမတိုင်မှီတစ်ပတ်ခန့်အလို ဆွမ်ပရာဘွမ်မြို့နယ် ခရီးစဉ် အတွင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့်မဟာမိတ်ဖွဲ့မည့် ပါတီဖြစ်သည်ဟု ဆွမ်ပရာဘွမ်မြို့မှ ဘာသာရေးခေါင်းဆောင်တစ်ချို့ကို ပြောဆိုခဲ့သည်ဟု ဝေဖန်မှုများစွာလည်း ရှိခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်ခက်အောင်က USDP နဲ့ KSPP ပတ်သက်နေသည့် အကြောင်းများကို ပြောဆိုမှုမရှိခဲ့ သလို မဲဆွယ်စည်းရုံးခဲ့ရာတွင်လည်း “KSPP ကိုမဲထည့်ရင်ဘာအကျိုးရလဒ်ရမလဲ။ NLD ကိုမဲထည့်ရင်ဘာအကျိုးခံစားခွင့် ရမလဲ။ USDP ကိုမဲထည့်ရင် မင်းတို့အတွက် ဘာရမလဲ” စသောအချက်များသာ ပြောဆိုခဲ့ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ ကြိုတင်မဲလာထည့်ရာတွင် မီဒီယာများကို ဖြေကြားခဲ့သည်။ နိုဝင်ဘာလ ၈ရက်နေ့ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကြီးတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP က ကချင်ပြည်နယ် အတွင်း ရှိ ပြည်နယ်လွှတ်တော်အတွက် ၃ နေရာနှင့် ပြည်သူ့ လွှတ်တော်အတွက် ၁ နေရာသာ အနိုင်ရခဲ့သည်။ https://burmese.Kachinnews.com/2020/11/10/%e1%80%9e %e1%80%90% e1%80%84%e1%80%ba%e1

**************

၁၁။ ရွေးကောက်ပွဲ နောက် သျှမ်း/တောင် RCSS/SSA လှုပ်ရှားနယ်မြေသို့ အစိုးရတပ် အင်အားဖြည့်
November 12, 2020

နိုဝင်ဘာ (၈) ရက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးနောက် အစိုးရ တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) လှုပ်ရှားရာ နယ်မြေသို့ စစ်အင်အားဖြည့် လှုပ်ရှားနေ ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း ပင်လုံ၊ နမ့်စန်၊ လင်းခေး၊ ကျိုင်းတောင်း ဒေသများသို့ အစိုးရတပ်မတော် စစ်အင်အား ဖြည့်ဆည်းနေ သည့်အပေါ် ပြည်သူများစိုးရိမ်နေကြောင်း လည်း RCSS/SSA သတင်းဝက်ဆိုဒ်ဖြစ်သည့် Tai Freedom တွင် ရေးသားထား သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ သတင်းကိုတော့ ကျနော်တို့ကြားနေရတယ်။ ဒါပေမယ့် သတင်းအချက်အလက် အသေးစိတ်တော့ ကျနော်တို့မသိရှိရသေးဘူး”ဟု သျှမ်းသံ တော်ဆင့်ကိုပြောသည်။ လက်ရှိအခြေအနေတွင် တိုက်ပွဲမဖြစ်ပွားသော်လည်း ဒေသခံ ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်နေကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက် ကလည်း လင်းခေးခရိုင်တွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မိုင်းပန်မြို့နယ်သို့ မဲရုံဝန်ထမ်းနှင့် မဲရုံ ပစ္စည်းများ သွားပို့ဆောင်ပြီး အပြန်လမ်းတွင် RCSS/SSA မှ အဆိုပါယာဉ်ကို ပစ်ခတ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး နှင့်အရာရှိ တို့ကျည်ဆံထိမှန်ဒဏ်ရာရခဲ့သည်။ RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် အဖွဲ့တဖွဲ့ဲဖြစ်ပြီး၊ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ (၅)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ https://burmese.shan news.org/archives/19440

**************

၁၂။ ဒဘတ် (Dabak) ကျေးရွာ နေရပ်ပြန်နိုင်ရေး စိစစ်မှုများ လုပ်ဆောင်နေ
12 November 2020

ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်မော် လမ်းမကြီးပေါ်ရှိ တိုက်ပွဲကြောင့် ၁၀နှစ်ခန့်စွန့်ခွာထားသည့် ဒဘတ်ယာန်ကျေးရွာတွင် နေရပ်ပြန်အခြေချနိုင်ရန်အတွက် ဒေသခံစစ်မှန်ကြောင်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က)၊ မြေစာရင်းအဖွဲ့များနှင့်အတူ ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့(KHCC) တို့က ဒဘတ်ယာန်ကျေးရွာသို့သွားရောက်စစ်ဆေးကာ နေရပ်ပြန်မည့် စစ်ရှောင်များ၏ အမည်စာရင်းများ ကောက်ခံခဲ့ခြင်းဖြစ်သည်။ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့အတွင်းရှိ နေရပ်ပြန်မည့် ဒေသခံ အိမ်ထောင်စု ၂၀၀ကျော်ကလည်း အမည်စာရင်း သွားရောက်ပေးသွင်းနေကြပြီဖြစ်သည်။

ထို့အပြင် လုံခြုံရေးအတွက် ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း KHCC မှ ဆရာခါးလီက ယခုလိုပြောဆိုသည်။“ဒီနေ့ကတော့ အားလုံးရဲ့အမြင်မှာ နေရပ်ပြန်နိုင်ပြီလို့ တက်ရောက်သွား အောင် ဒဘတ်ယာန်ကျေးရွာမှာဘဲ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ စစ်ရှောင်တွေရဲ့ နေရပ်ပြန်မယ့် အမည်စားရင်းတွေ ကောက်ခံခဲ့တဲ့သဘောပါ။ မနက်ဖြန်မှစ၍ စစ်ရှောင်တွေရဲ့အိမ်ခြံဝန်းတွေစီစစ်မယ်။ ပြီးရင်မိုင်းရှင်းလင်းရေးတွေ စလုပ်တော့ မည်ဖြစ်တယ်။ တခြားစစ်ရှောင်နေရာ တွင်မှာလည်း လုပ်ကိုင်နေတာရှိတဲ့အတွက် ဒီမှာ မိုင်းရှင်းလင်းရေးက ၁ ပတ် လောက်ကြာမယ်”ဟု ပြောဆိုသည်။“စီစစ်မယ်၊ မိုင်းရှင်းလင်းအပြီးက ဒီလ ၂၅ ရက်နောက်အကျဆုံး သတ်မှတ်ထား တယ်။ ဒါပြီးဆောက်လုပ်ရေးလုပ်ငန်း တွေကိုဆက်တိုက်လုပ်ဆောင်သွားမယ်။ လာမယ့် ဖေဖဝါရီလ ကုန်ပိုင်းတော့ အကုန် ပြီးစီး အောင်မျှော်လင့်ထားတယ်။ ပြီးမှ စစ်ရှောင်တွေနေရပ်ပြန်နိုင်ပါပြီ”ဟု ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ ကျေးရွာအထက်ဘက်မှာရှိတဲ့ အိမ်ထောင်စု ၃၇ စုကိုအရင်စရှင်းပေးမှာဖြစ်တယ်။ ပြီးမှ နောက်အုပ်ချုပ် ရေးမှူးတွေပြောတဲ့အတိုင်း အုပ်ချုပ်ရေးရုံးနဲ့ကျောင်းစာသင်ကျောင်းတွေ စရှိသဖြင့် အစိုးရအဆောက်အုံ တွေကို ပြန်ရှင်းမှာ ဖြစ်တယ်။ ဒါပြီးမှသာ ဒေသခံတွေနေတဲ့ နေအိမ်အဆောက်အဦးတွေကို ပြန်ရှင်းပေးမှာဖြစ်တယ်။ တစ်ရက်ကို အိမ်ထောင်စု အများဆုံး ၆ ခုလောက်ရှင်းပေးသွားမယ်ဖြစ်တယ်”ဟု မိုင်းရှင်းလင်းရေးအဖွဲ့မှ တပ်မတော်အရာရှိ တစ်ဦးက စစ်ရှောင်များ ကို ပြောဆိုသွားခဲ့သည်။ နေရပ်ပြန်မည့် ဒဘတ်ယာန်စစ်ရှောင်ပြည်သူများက လက်ရှိတွင်မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စန်း ၁၇ခုတွင် ခိုလှုံနေသူများဖြစ်ကာ လူဦးရေ ၇၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀ ကျော်ရှိသည်။ KHCC သည် ကချင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် နေရပ်ပြန်သင့်သည့် ကျေးရွာ ၁၇ ခု ကိုရွေးချယ်ခဲ့ကြပြီး လက်ရှိတွင် ရွှေညောင်ပင် ကျေးရွာတစ်ခုတည်းသာ နေရပ်ပြန်ပို့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တဖက်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။ https://burmese.kachinn ews.com/2020 /11/12/l2-25/

**************

၁၃။ တပ်ချုပ် ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်း အပါအဝင် ကြံ့ခိုင်ရေး အနိုင်ရသော မိုင်းဖြတ်တွင် ပြည်သူ့စစ် အဖွဲ့ က မဲဆန္ဒရှင်များကို ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်း၊ မဲမသမာမှုများရှိ၍ SNLD တိုင်ကြားမည်
November 11, 2020

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း ဦးလင်းဇော်ထွန်းအပါအဝင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် လောင်းများ အနိုင်ရရှိခဲ့သော မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲနေ့ ပြည်သူ့စစ်အဖွဲ့က မဲဆန္ဒရှင်များကို ရွာလုံး ကျွတ် ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်းမှုများရှိခဲ့ကြောင်း မိုင်းဖြတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော SNLD ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျဖေ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ အပါအဝင် ကြိုတင်မဲများ ကောက်ယူရာတွင် မမှန်မကန် လုပ်ဆောင်မှုများကို တွေ့မြင်ရကြောင်း ဦးကျဖေ့က ဆိုသည်။“တချို့မဲရုံတွေမှာ ကော်မရှင်ဥပဒေနဲ့ တိတိကျကျမှန်မှန်ကန်ကန်ဆောင်ရွက်တာ တွေ့ရပါတယ်။ တချို့မဲရုံကျတော့ မဲရုံမှူးကိုယ်တိုင်က ဒါထုပါ၊ ဒါထည့်ပါဆိုပြီး ဆန္ဒပြုခန်းအထိသွားပြီးမှ တစ်ဦးချင်းလိုက်ပါ ဆောင်ရွက်ပေးနေတာ တွေ့မြင်ရပါတယ်။ နောက်တချို့မဲရုံကျတော့ ဆန္ဒပြုခန်းက လျှို့ဝှက်ဆန္ဒပြုခန်းမဟုတ်ဘဲနဲ့ အများ ပြည်သူ လူလာတဲ့ဘက်ကို လှည့်ထားတဲ့ပုံစံကြီးဖြစ်နေတယ်။ နောက် မဲဆန္ဒရှင်တွေကို ပြည်သူ့စစ်အဖွဲ့မှ ခေါင်းဆောင်တွေ၊ တိုက်စစ်မှုးတွေရှိပါတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့တွေက ကျေးရွာသားတွေကို သူတို့ပါတီကို မဲပေးရမယ်ဆိုပြီး ကားအကြိုအပို့ လုပ်ပေးနေတယ်။ တစ်ရွာပြီးတစ်ရွာလေ။ သူတို့က ကြံ့ခိုင်ရေးပေါ့”ဟု ဦးကျဖေ့က ရှင်းပြသည်။ ဦးကျဖေ့က လတ်တလော ရွေးကောက်ပွဲတွင် မသာမှုများလုပ်ဆောင်သော အထောက်အထားများကို စုဆောင်းလျက်ရှိပြီး SNLD ပါတီနှင့်တိုင်ပင်ကာ ရွေး ကောက်ပွဲကော်မရှင်ထံသို့ မကြာမီတိုင်ကြားမှုများလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ရှမ်းပြည်နယ်၊ မိုင်းဖြတ် မြို့နယ်တွင် နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ တစ်ခု အခြေ စိုက်လှုပ်ရှားလျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ တပ်ချုပ်၏ ကိုယ်ရေးအရာရှိဟောင်းလည်းဖြစ် ဗိုလ်မှူးဟောင်းလည်းဖြစ် ဦးလင်းဇော်ထွန်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဦးညွန့်ဝင်း က မဲဆန္ဒနယ်အမှတ် ၁ ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဦးဖရန်စစ်ကိုစ် အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း အနိုင်ရရှိခဲ့သည်။ https://www.khitthitnews.com/2020/11/%e1%80%90%e1%80%95% e1%80%ba%e1%80%81%e1%80

*************

၁၄။ မြန်မာအပါအဝင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုများပြား
13 November, 2020

မြေမြှုပ်မိုင်းဗုံးတွေကို သူပုန်အုပ်စုတွေက အသုံးပြုမှုတွေ များပြားလာတာနဲ့ စစ်ပွဲလက်ကျန် ပေါက်ကွဲရေး ပစ္စည်းတွေ ကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရရှိမှုနှုန်း ပိုများလာတယ်လို့ မြေမြှုပ်ဗုံးအသုံးပြုမှုကို စောင့်ကြည့်လေ့လာတဲ့ Landmine Monitor အဖွဲ့ ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိခဲ့ပေမယ့် ၁၉၉၉ ခုနှစ် မြေမြှုပ်မိုင်းဗုံးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ဟာ အောင် မြင်မှုတွေ ရှိနေတယ်လို့လည်း Landmine Monitor အဖွဲ့ က ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြှုပ်မိုင်း ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုကို ပိတ်ပင်တဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးထား တာပါ။ ဒါ့အပြင်စာချုပ် ကို လက်မှတ်ရေးထိုးမထားတဲ့ နိုင်ငံ ၃၃ နိုင်ငံကလည်း လိုက်နာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ စာချုပ်ကို လက်မှတ်ရေး မထိုးထားတဲ့ နိုင်ငံတွေထဲက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာ ၂၀၁၉ ခုနှစ်လယ်က ၂၀၂၀ အောက်တိုဘာ လအထိ မြေမြှုပ်ဗုံး အသုံးပြုမှုကို တွေ့ရှိရတယ်လို့ အစီရင်ခံထားတာပါ။

အဲဒီ ကာလအတွင်းကမ္ဘာတစ်ဝှမ်း မြေမြှုပ်ဗုံးတွေကြောင့် သေဆုံး ဒဏ်ရာရသူ ခန့်မှန်းခြေ အယောက် ၅,၅၀၀ ထဲက ၂,၂၀၀ အသက် သေဆုံးရပြီး လူ ၃,၃၅၇ ဦးဒဏ်ရာရတယ်လို့ Landmine Monitor ရဲ့သုတေသနအဖွဲ့ ခေါင်းဆောင် Lorne Persi က VOA ကိုပြော ပါတယ်။ “သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အချိုးကို ကြည့်မယ်ဆိုရင် ဒဏ်ရာရသူ ဦးရေက အဆမတန် များ ပြားတာကို ရှင်းရှင်းလင်းလင်းတွေ့ မြင်နိုင်ကြောင်း၊မြေမြှုပ်မိုင်းနဲ့ စစ်ပွဲလက်ကျန် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေကြောင့် ဒဏ်ရာရရှိသူတွေကို အပြည့်အဝမှတ်တမ်းတင်ထားနိုင်ခြင်း မရှိကြောင်း” Landmine Monitor အဖွဲ့က သုတေသနပညာ ရှင် Persi က ပြောပါတယ်။ မြေမြှုပ်မိုင်း ပိတ်ပင်တဲ့ စာချုပ် အသက်ဝင်ကတည်းက စာချုပ် အဖွဲ့ဝင်နိုင်ငံတွေ သိုလှောင် သိမ်းဆည်းထားတဲ့ လူထောင် မြေမြှုပ် မိုင်း ၅၅ သန်းကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး မိုင်းရှင်းလင်း ဖျက်ဆီးရေး လုပ်ငန်းတွေမှာ လည်း တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း Landmine Monitor က အစီရင်ခံထားပါတယ်။ https://burmese.voanew s.com/a/myanmar-landmine-monitor-report-/5659202.html

**************

၁၅။ ဖွဲ့စည်းပုံပြင်ဆင်ရေး အန်အယ်လ်ဒီအပါအဝင် အားလုံးနှင့်ပူးပေါင်းမည်ဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်ပြော
13 November 2020

တိုင်းရင်းသားအခွင့်အရေးတွေအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပြီး တစ်စုတစ်ဖွဲ့တည်းမပြင်နိုင်တာမို့ အန်အယ်လ်ဒီ အပါအဝင် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရေးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့သူ မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာ ဗညားအောင်မိုးက ပြောပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကျင့်သုံးသွားဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး လုပ်နေတာမဟုတ်ဘဲ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“တကယ်တမ်းတိုင်းရင်းသားအခွင့်အရေး၊ အမျိုးသားအခွင့်အရေးနဲ့ပတ်သက်လို့ အပြည့်အဝ အကောင်အထည်ဖော်ရမယ် ဆိုလို့ရှိရင် အခြေခံဥပဒေပြင်ရမယ်၊ အခြေခံဥပဒေက တကယ့် ဖက်ဒရယ်ဒီမိုကရေစီပုံစံ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ဒါကို ကျနောတို့ ပြင်ရမယ်၊ အဲ့လိုပြင်တဲ့နေရာမှာ တစ်စုတစ်ဖွဲ့တည်း မပြင်နိုင်ဘူး၊ အန်အယ်လ်ဒီ ပါတီထဲလည်း မပြင်နိုင်ဘူး၊ ဒါ သေချာတယ်။ နောက်ပြီးတော့ တိုင်းရင်းသားပါတီ တွေစုပေါင်း ပြီး ပြင်မယ်ဆိုရင်လည်း ဒါလည်း မပြင်နိုင်ဘူး၊ ကျနော်တို့ တိုင်းရင်းသားပါတီများ အားလုံး အန်အယ်လ်ဒီပါတီနဲ့ အခြား ပြည်ထောင်စု အဆင့်ရှိတဲ့ပါတီများနဲ့ အားလုံး ပူးပေါင်းရမယ်၊ ညှိနှိုင်းရမယ်၊ တပ်မတော် အဓိက အရေးကြီးတယ်၊ တပ်မတော်ကိုလည်း ညှိနှိုင်းရမယ်၊ တပ်မတော်ရဲ့ သဘောတူညီမှုမရဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုမှ ပြင်လို့မရဘူး” လို့ ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

ငြိမ်းဖောင်ဒေးရှင်းအကြံပေးအဖွဲ့ဝင် ဦးလွင်ကတော့ “တိုင်းပြည်တစ်ပြည်မှာ ပါတီစုံဒီမိုကရေစီ ဆိုတာ ပါတီအနိုင်ရဖို့ ကိုယ့် နည်းကိုယ့်ဟန်နဲ့ကြိုးစားကြတယ်၊ အနိုင်ရရင်တက်လာတဲ့ အစိုးရ ဆိုတာရှိတယ်၊ ကိုယ်စားလှယ်အားလုံးက တက်လာတဲ့ အစိုးရက ကိုယ့်အစိုးရဆိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာလျှင် တိုင်းပြည် တိုးတက်မှာပါ၊ တိုင်းပြည်တိုးတက်ဖို့အတွက် ဝိုင်းလုပ်ကြရမှာပါ၊ နိုင်ငံရေးမှာ ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေးမြို့နယ်အတွင်းယှဉ်ပြိုင်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ကျေးရွာတွေက ဆန္ဒမဲအများစုနဲ့ ကိုယ်စား လှယ် ၅ နေရာလုံးမှာ နေရာပြည့် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ http://burmese.dvb.no/archives/423691

**************

၁၆။ ကချင်နှင့် ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာကို LNDP အနိုင်ရ
10 November 2020

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီး၂ နေရာကို လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) မှ အနိုင် ရရှိသည်ဟု သတင်းရရှိသည်။ LNDP ပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဦးဆီဖာလာလူးသည် ကချင်ပြည်နယ်၏ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး နေရာ၊ ဦးဂူဆာက ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် NLD ပါတီကို မဲအပြတ်အသတ်ဖြင့် ကျော်တက် ကာ အနိုင် ရရှိနေခြင်း ဖြစ်သည်။ ဦးရွှေမင်းက “ကျနော်က မဲ၂ သောင်းကျော် ရထားတာပါ။ NLD ထက် မဲပေါင်း ၉၀၀၀ ကျော် များပါတယ်။ ဦးဂူဆာ က တော့ မဲ ၁၀၀၀ ကျော်လောက် အသာစီး ရထားတာလို့ ပြောပါတယ်” ဟု ဆိုသည်။ ဦးရွှေမင်းနှင့် ဦးဂူဆာ၏ မဲရလဒ်များမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အတည်ပြုထားခြင်း မရှိသေး သော်လည်း မဲရုံများမှ မဲရလဒ်များကို ရေတွက်ပြီးသည့် ရလဒ် အပေါ်တွင် အနိုင်အရှုံး တွက်ချက်ထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ပြည်နယ် အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကလည်း ကချင်ပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် NLD က ရှုံးပြီး ဦးရွှေမင်းက အနိုင်ရသွားပြီဟု အတည်ပြု ပြောဆိုသည်။ ဦးရွှေမင်းက “ကျနော်တို့က ကိုယ့်ရဲ့ အမျိုးသားရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာက ကိုယ့်ရဲ့ လီဆူအမျိုး သား ပါတီပဲ ဖြစ်တယ်။ မိခင်ပါတီ အနိုင်ရတယ်လို့ ပြောလို့ ရပါတယ်။ ကျနော်တို့ ပါတီရဲ့ အမျိုးသားရေး လုပ်ဆောင်နိုင်မှု အားက ကျနော်တို့ လူမျိုးထဲမှာ အရေးပါဆုံး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ရတာလို့ ပြောချင်ပါတယ်” ဟု ပြော သည်။ LNDP မှ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂ နေရာနှင့် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ် (၁) တွင်သာ အနိုင်ရရှိခြင်း ဖြစ်သည်။ https://burma.irrawaddy.com/election-2020/2020/11/10/233191.html

***************

၁၇။ ငြိမ်းချမ်းရေးဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့်ကော်မတီဖွဲ့စည်း
11 November 2020

တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် အမြဲတမ်းကော်မတီ ၁ ခုကို တပ်မတော်က နိုဝင်ဘာ ၉ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သတင်းရရှိသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည် အထိ လိုအပ်လျှင် လိုအပ်လို့ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ဖွဲ့လိုက်တဲ့ Permanent (အမြဲတမ်း) အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီလုပ်ငန်းကိုပဲ အာရုံစိုက်လုပ်နိုင်အောင်လို့ Permanent ဖွဲ့လိုက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ ကော်မတီ၏အမည်မှာ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ ဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့မှာ ကော်မတီ၏ အဖွဲ့ဝင်များ ဖြစ်သည်။ ထိုအမြဲတမ်း ကော်မတီတွင် ပါဝင်သည့် ဗိုလ်ချုပ်ကြီးများမှာ အစိုးရ ဦးဆောင်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု တပ်မတော်အစုအဖွဲ့ ကိုယ်စား လှယ်များ အနေဖြင့် ပါဝင်ဆွေးနွေး နေကြသူများ ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က “သူက ၃ ခုလုပ်ဆောင်မှာ ဖြစ်တယ်။ NCA လမ်းကြောင်းအတိုင်းနဲ့ NCA လက်မှတ်ရေးထိုးပြီး သား တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင်လုပ်မယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း NCA လက်မှတ် ရေးထိုးပြီး ဆက်လက် ဆွေးနွေးနိုင်အောင်လို့လည်း ထာဝရငြိမ်းချမ်းရေး ပြီးဆုံးသည်အထိ ဆွေးနွေးသွားမယ့် Permanent အဖွဲ့အစည်း ဖြစ်ပါတယ်”ဟုလည်း ပြောသည်။ တပ်မတော်နှင့် စစ်ရေးတင်းမာနေဆဲဖြစ်သည့် ရက္ခိုင်စစ်တပ် (AA) ကို ဆွေးနွေးညှိနှိုင်းရန် စဉ်းစားချက် ရှိ၊ မရှိ မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အားလုံးအကျုံးဝင်ပါကြောင်း၊ အားလုံး နှင့် ဆွေးနွေးမည် ဖြစ်ပါသည်ဟု ဖြေဆိုသည်။ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့အနေဖြင့်လည်း လိုအပ်လာပါက တပ်မတော်၏ ညှိနှိုင်း ရေးအဖွဲ့က NCA သဘောတူစာချုပ်ပါ အချက်များအတိုင်း ၁ ဖွဲ့ချင်း ဆွေးနွေးပေး မည်ဟု ထုတ်ပြန်ထားသည်။ ယခုအခါ အမြဲတမ်းကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်သဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ဖွဲ့စည်းထားသည့် အဖွဲ့မှာ ပျက်ပြယ်သွားပြီဟုလည်း တပ်မတော်ထံမှ သိရသည်။ https://burma.irrawaddy.c om/new s/2020/11/11/233245.html

***************

၁၈။ စစ်တွေ မဲသမာမှု ရွေးကော်တာဝန်ရှိသူများကို အရေးယူရန် လုပ်ဆောင်နေ
10 November 2020

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာ၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က ကြိုတင်ပေးရာ မဲစာရွက်တွင် တံဆိပ်တုံး ရိုက်ပြီးသား မဲအချို့ပါသဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်စဉ်အတွက် ရပ်ကျေး တာဝန်ရှိ သူတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ အရေးယူရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “အဲဒီမှာ သူတို့ဘက်ကလည်း အား နည်းချက် ရှိခဲ့တယ်။ ဒီအားနည်းချက်ကို အခြေအနေ တခု စောင့်ကြည့်ပြီး ဥပဒေကြောင်းနဲ့အညီ အရေးယူမှုတွေ ပြု လုပ်ပေးဖို့ လုပ်နေတယ်။ မကြာခင်မှာပဲ တခုခု လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက် ၁၅ ရွက်တွင် ရခိုင့် ဦးဆောင်ပါတီ (AFP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း နေရာ၌ ကြိုတင်ပြီး မဲတံဆိပ်တုံး ရိုက်နှိပ်ထားခဲ့သည့် အတွက် ကြိုတင်မဲပေးခဲ့သူဦးရေ ၃၀၀ ကျော်၏ မဲများကို ပယ်ဖျက်လိုက်ကြောင်း၊ ယင်းကျေးရွာရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုလည်း တာဝန်မှ ရပ်ထားလိုက်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာအောင်က “ကျနော်တို့ စိစစ်ကြည့်တော့ ရပ်ကျေးရွေး ကော် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ နှစ်ဦးနှစ်ဖက်ပေါ့လျော့မှုပါတယ်။ ဒါကို ပါတီတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရေးကော်မတီက သဘော ထားအရ သူတို့ကိုယုံကြည်မှုမရှိတော့ဘူးဆိုပြီး တာဝန်ကရပ်စဲခဲ့ပြီးတော့ နောက်လူတွေကို အသစ်ရွေးချယ်ခဲ့တယ်။ လက်ရှိမှာ သူတို့တွေကိုကျတော့ ပြည်ထောင်စုရွေးကော်ရဲ့ သဘောထားကို မေးမြန်းထားတယ်”ဟု ဆိုသည်။ https://bu rma.irrawaddy.com/election-2020/2020/11/10/233172.html

**************

၁၉။ ဟိုပုံးမြို့နယ်တွင် PNO ပါတီ ၃နေရာ အနိုင်ရရှိထား-
November 11, 2020

သျှမ်းပြည်တောင်ပိုင်း ဟိုးပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO )ပါတီ ၃နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရှိ ရသည်။
ဟိုပုံးမြို့နယ်တွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းဝါ၊ ပြည်နယ် ၁တွင် ဦးခွန်မောင်ဖြူ နှင့် ပြည်နယ် ၂ တွင် ဦးခွန်စံလင်း တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာတွင်မသိရှိရသေးကြောင်းသိရ သည်။“အမျိုးသားလွှတ်တော် ကတော့ မသိရသေးဘူး။ သူက ဟိုးပုံ၊ ဆီဆိုင်၊ ပင်လောင်း တို့ကိုပေါင်းရမှာဆိုတော့ အခု တော့ မသိရသေးဘူး”ဟု ဟိုပုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်း အတွင်းရေးမှူးး ဦးအောင်ကျော်သူက ပြောသည်။

ပြည်သူကိုယ်စားလှယ် နှင့် ပြည်နယ် ၁ နင့် ၂ တို့တွင် အနိုင်ရရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်း မှ တရားဝင်း ထုတ်ပြန်ကြောညာထားခြင်း မရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/19422

***************

၂၀။ မေယုမြစ်ကြောင်း တပ်မတော်ပိတ်ဆို့ထားလို့ ဒေသခံတွေ အခက်ကြုံ
12 November, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မေယုမြစ်အတွင်း ရေကြောင်းသွားလာခွင့်ကို တပ်မတော်က ကန့်သတ်ထားတဲ့ အတွက် ဒေသခံတွေ အခက်တွေ့နေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါ မယ်။

စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရသေ့တောင်မြို့နယ်က မေယုမြစ်ထဲမှာ ရေကြောင်းသွားလာမှုတွေကို တပ်မတော်က ကန့်သတ်စစ်ဆေးမှုတွေကြောင့် သွားရေး၊ လာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ရေကြောင်းခရီးမှာ အကန့်အသတ်တွေကြုံနေရတာ တလကျော်လောက် ရှိနေပြီလို့လည်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။“ရသေ့တောင်ကနေ ပိတ်ဆို့ ထားလိုက်တယ်ပေါ့။ အဲဒါ တပ်မတော်ရေကလေ။ အခုဆိုရင်တလကျော်လာပြီ။ မေယုမြစ်ပေါ် ပိတ်ထားတော့ ရသေ့တောင် မြို့နယ် မြောက်ဘက်ပိုင်းနဲ့ ဘူးသီးတောင်မြို့နယ် ရေလမ်းခရီးတွေပိတ်သွားတာပေါ့။”ရေကြောင်းသွားလာမှုကို ကန့်သတ် ထားတဲ့အတွက် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ကုန်စည်စီးဆင်းမှုတွေ ကျဆင်းလာရာက ကုန်ဈေးနှုန်း ကြီးမြင့် မှုဒဏ် ခံနေရတယ်လို့လည်း ဘူးသီးတောင်မြို့ခံ ကိုဝင်းနိုင် ကပြောပါတယ်။

ရေကြောင်းခရီး အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာအပြင် ကျန်းမာရေးကိစ္စလို အခြေခံ လိုအပ်ချက်တွေမှာလည်း အခက်အခဲ တွေ့နေတယ်လို့ ဘူးသီးတောင်မြို့နယ် ခွဆုံရွာသူမခင်မျိုးအေးက ပြောပါ တယ်။“အရင်တုန်းကဆိုလို့ရှိရင် ကြက်သွန်နီ တပိဿကို ၁,၂၀၀၊ ၁,၃၀၀။ အခုဆိုလို့ရှိရင် ၁,၆၀၀ ဖြစ်နေပြီ။ ပြီးလို့ရှိရင် သင်္ဘော တွေ၊ ဘုတ်တွေ မသွားရတော့ စားရသောက်ရအခက်ခဲဖြစ်နေပါတယ်… ဒေသခံတွေက။ ကျန်းမာရေးကလည်း အဲဒီလိုပါပဲ။ ဘုတ်တွေ၊ သင်္ဘောတွေ သွားလို့မရတဲ့အခါ ကလေးမွေးမိခင်တွေ နေမကောင်းတဲ့လူနာတွေ အခုမှာအခက်ခဲ ဖြစ်နေပါတယ်။”ရေကြောင်းသွားလာမှုတွေကို ကန့်သတ်စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက် လို့ တပ်မတော်ဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသလို၊ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် မေးမြန်းဖို့ ကြိုးစားရမှာလည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။ https://burmese.voanews.com/a/rakhine-conflict/56 57877.html

**************

၂၁။ နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု အမြင့်ဆုံးပြစ်ဒဏ်ချ
12 November 2020

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူအား ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် ချုပ်ရက်ခံစားခွင့်မရှိဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားရုံးက ယနေ့အမိန့်ချမှတ်လိုက်သည်။

၁၉၉၈ ခုနှစ် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့ဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရသည် ဦးကျော်မြင့်သည် တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလတွင် မန္တလေးထောင်မှ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ညက ရန်ကုန်မြို့တွင် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ယနေ့ချမှတ်လိုက်သည့် ပြစ်ဒဏ်အပြင် ယခင်ပြစ်မှုကြွေး ကျန်များလည်း ကျခံရမည်ဖြစ်သည်။

ယင်းအပြင် ၎င်းအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုထားမှုကိုလည်း လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်မတင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၂၄ ဖြင့် ပြစ်မှုထင် ရှားပါက ကျူးလွန်သူအား ၂ နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်ချမှတ်ရမည်ဖြစ်ဟု ပြဌာန်းထားပြီး ကျူးလွန်သူအနေဖြင့် ပြစ်မှုကြွေးကျန်များ လည်း ကျခံရမည်ဖြစ်သည်။ https://burma.irrawaddy.com /news/short-news/2020/11/12/233261.html

***************

၂၂။ ပူတာအိုခရိုင်အတွင်းက မဲဆန္ဒနယ် ၇ ခုတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိ
12 November 2020

ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေဟာ မဲဆန္ဒနယ် (၇) ခုမှာ အနိုင်ရရှိထားတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ပြောပါတယ်။ ပူတာအိုခရိုင်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အဖြေရလဒ်ကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဘက်က ကြေညာခြင်း မရှိသော်လည်း ပူတာအိုခရိုင်အတွင်းက မဲဆန္ဒနယ် ၇ ခုမှာ ပြည်ထောင်စုံ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားပြီလို့ ရွေးကောက်ပွဲစောင့်ကြည့်သူ‌တွေက ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိတဲ့ မဲဆန္ဒနယ်တွေက ပူတာအိုခရိုင်အမှတ်(၁) အမျိုးလွှတ်တော်၊ ပြည်သူ့လွှတ်တော် (နောင်မွန်မြို့ နယ်)၊ ပြည်သူ့လွှတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်)၊ ပြည်သူ့ လွှတ်တော် (ခေါင်လန်ဖူးမြို့နယ်)၊ အမှတ်(၁) ပြည်နယ် လွှတ်တော်(နောင်မွန်မြို့နယ်)၊ အမှတ်(၁) ပြည်နယ်လွှတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်)၊ အမှတ်(၂) ပြည်နယ်လွတ်တော် (ခေါင်လန်ဖူးမြို့နယ်) စတဲ့မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိနေတယ်လို့ ဆိုပါတယ်။

ပူတာအိုခရိုင်အတွင်းမှာ မြို့နယ် ၅ ခုရှိပြီး ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်တို့မှာ အန်အယ်လ်ဒီက အနိုင်ရရှိပြီး အမှတ် (၂) ပြည်နယ်လွတ်တော် (ဆွမ်ဘရာဘွမ်မြို့နယ်) မှာ ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ နောင်မွန်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီ၊ အမှတ်(၂) ပြည်နယ်လွှတ်တော် ခေါင်လန်ဖူးမြို့နယ်မှာ ဒူးလေးပါတီ (လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ) တို့က အသီးသီး အနိုင်ရရှိတယ်လို့ သိရပါတယ်။ http://burm ese.dvb.no/archives/423508

**************

၂၃။ ရွေးကောက်ပွဲမကျင်းပခဲ့သည့်နယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂတိုက်တွန်း
November 12, 2020

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂ၏ နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် ယင်းသို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂ နိုင်ငံခြား ရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပခွင့်ရသည့် နယ်မြေများတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သော်လည်း လက်ရှိ ရွေးကောက်ပွဲဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အကောင်းဆုံးအလေ့အထများနှင့်အညီ မွမ်းမံပြင်ဆင်သင့်ကြောင်း တိုက်တွန်းထားသည်။

“အမှန်တကယ် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လက်ရှိအစိုးရနဲ့ တပ်မတော်က ညှိနှိုင်းပြီးတော့ အေအေအဖွဲ့နဲ့ ငြိမ်းချမ်းရေးတစ်ခုသွားနိုင်အောင် သဘောတူညီချက်တစ်ခု မလုပ်ရင် ကြားဖြတ်ရွေးကောက်ပွဲက လုပ်နိုင်စရာ အကြောင်း မရှိဘူး”ဟု ၎င်းကပြောဆိုသည်။ လက်ရှိ ရွေးကောက်ပွဲမကျင်းပခဲ့သည့် နယ်မြေများတွင် ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပ/မကျင်းပသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် သက်ဆိုင်ကြောင်း ရခိုင်မျိုးသားပါတီ(ANP)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြောသည်။ “ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့၊ မလုပ်ဖို့ အဆုံးအဖြတ်ဟာ တပ်မတော် က အကြံပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ UEC ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲဆိုင်တယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပခဲ့သော ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၈) မြို့နယ်ဖြစ်သည့် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူ၊ သံတွဲ မြို့နယ်တို့တွင် ရခိုင်မျိုးသားပါတီ(ANP)မှ လွှတ်တော်နေရာအများစုကို အနိုင်ရရှိ ထားကြောင်း ယင်းပါတီထံမှ သိရသည်။ https://www.bnionline.net/mm/news-76885

***************

၂၄။ အစိုးရသစ်လက်ထက်မှာ အကြီးစား စီမံကိန်းတွေ တာဝန်ယူမှုရှိဖို့ စောင့်ကြည့်ရေးကွန်ယက်အဖွဲ့ တွေပြင်ဆင်
November 10, 2020

၂၀၂၀ရွေးကောက်ပွဲအပြီး အစိုးရသစ်တစ်ရပ်တက်လာရင် လွိုင်ကော်မြို့နယ် စက်မှုဇုန်မှာတည်ဆောက်ထားတဲ့ အကြီးစား ခဲသတ္တုစက်ရုံကို တာဝန်ယူမှုတာဝန်ခံမှုရှိဖို့အတွက် သတိပေးနိုးဆော်သွားမယ်လို့ ကရင်နီ အကြီးစားရင်းနှီးမြှပ်နှံမှုစီမံကိန်း စောင့်ကြည့် ရေးကွန်ရက်အဖွဲ့က အစီရင်ခံစာတွေ၊ စာအုပ်တွေ စတင်ထုတ်ဝေဖြန့်ချိလျက်ရှိနေပါတယ်။ ပတ်ဝန်းကျင်ထိ ခိုက်မှု ဆန်းစစ်ခြင်း (EIA) စနစ်၊ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (IEE) ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) တွေ မချပြနိုင်သေးခင်မှာပဲ လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုထဲက စက်မှုဇုန်မှာ ခဲသတ္တုသန့်စင် စက်ရုံကိုတည်ဆောက် နေတဲ့အပေါ်မှာ အစိုးရကနေ တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အပေါ် အခုလို တိုက်တွန်းနိုးဆော်လိုက် ကြတာဖြစ်ပါတယ်။

ကရင်နီ အကြီးစားရင်းနှီးမြှပ်နှံမှုစီမံကိန်း စောင့်ကြည့် ရေးကွန်ရက်(KMIW) စောအယ်စေးက “ ဒီလိုစီမံကိန်းမျိုးကို ဒီနောက် တက်လာမယ့် အစိုးရသော်လည်းကောင်း၊ ကျနော်တို့ အစိုးရ ဟောင်းလဲ ဖြစ်ရင်ဖြစ်မယ်၊ အစိုးရ အသစ်ဖြစ်ရင်လဲဖြစ်မယ် ဒီအပေါ်မှာ သူတို့ တာဝန်ယူဖြေရှင်းပေးရမယ်ဆိုတဲ့ အကြောင်းကို ကျနော်တို့ ကြိုတင်ပြီးတော့ သတိပေးလိုက်တဲ့ သဘော မျိုးပေါ့။”လို့ ပြောပါတယ်။ စီမံကိန်းကနေ လူ့အခွင့်အရေးဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်စရာတွေမှာ ချိုးဖောက်ခံ ရမှုတွေများကြီးကြုံနေရတယ်လို့ ဆိုပါတယ်။ ၎င်းစက်ရုံတည်ဆောက်မှုနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံပြီး နောက်မှာ အဆိုပါ စက်ရုံရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချပြလိုက်တဲ့အခါမှာ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့မှကယား(ကရင်နီ) ပြည်နယ်တာ ဝန်ခံ ခွန်းအန်းဂျလိုကပြောပါတယ်။

“ ထုတ်တဲ့စာအုပ်ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီ ပူးပေါင်းကြံစည်မှု အစီရင်ခံစာရဲ့ နောက်ဆက်တွဲတစ်ခုလို့လဲ ပြော လို့ရတယ်။ ဘာလို့လဲဆိုတော့ ဒီပူးပေါင်းကြံစည်မှု အစီရင်ခံစာမှာ ပါတဲ့အကြောင်းအရာက ဒီတစ်ခုနဲ့ မပြီးဘူး။ ဘာလို့ဆို တော့ သူ့ရဲ့မူရင်းအစီအစဉ်ရှိတယ်။ အဲ့ဒီမူရင်းအစီအစဉ်ကို အခုချိန်ထိ ဘယ်သူမှမပြောသေးဘူး။ အစိုးရလဲ တာဝန်မယူ ဘူး။ ဘယ်သူမှမပြောဘူး။ ဒီကုမ္ပဏီကလဲ မပြောသေးဘူး။ ဒီစီမံကိန်းက အရမ်းကြီးတယ်။ အဲ့ဆိုတော့ ဒီလက်ရှိပူးပေါင်း ကြံ စည်မှု အစီရင်ခံစာမှာပါတဲ့ စီမံကိန်းဟာ ကျနော်တို့ ဒီနေ့မိတ်ဆက်တဲ့ စာအုပ်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဖြစ်တဲ့အတွက် ကျနော်တို့ မဖြစ်မနေပြောဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း ပထမဆုံးအနေနဲ့ ပြောချင်ပါတယ်။”လို့ စောအယ်စေး ကပြော ပါတယ်။ ဒီအပေါ်မှာ ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေကနေပြီး ထောက်ပြဝေဖန်နေတဲ့အပေါ်မှာတော့ ကုမ္မဏီဘက်ကနေ ပြီးတော့ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာတွေနဲ့ စနစ်တကျဆောင်ရွက်ထားတဲ့အကြောင်းကို သတ္တုသန့်စင်စက်ရုံတည် ဆောက်နေတဲ့ Global South Industrial Co.ltd ကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းမော် အခုလို ပြန်လည်တုန့်ပြန်ပြောဆို လိုက်ပါတယ်။

ကရင်နီအကြီးစားရင်းနှီးမြှပ်နှံမှုစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ (KMIW) အဖွဲ့ကို ကယား(ကရင်နီ)ပြည်နယ်အတွင်းက လူ့အခွင့်အရေးဆိုင်ရာ. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မြေယာအခွင့်အရေးဆိုင်ရာ. တောင်သူလယ်သမားအခွင့်အရေး ဆိုင်ရာ. ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အရေးတွေကိုလုပ်ဆောင်နေတဲ့ လူထုအခြေပြုအရပ်ဘက် အဖွဲ့ (၅)ဖွဲ့ဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ https://www.bnionline.net/mm/news-76847

**************

၂၅။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူနှစ်ဦးအား ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်
11 November 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ရလဒ်များအား အလိုမရှိဟုဆိုကာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်ခဲ့သူနှစ်ဦးအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခေါင်းဆောင်တဲ့နှစ်ဦးကို (ပ) ၆၅/ ၂၀၂၀ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ခုညပိုင်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဇော်လင်းနဲ့ ညီညီ (ခ) ထွန်းမြင့်အောင်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းဆန္ဒပွဲတွင် ဦးဆောင်သူနှစ်ဦးမှာ ဒက္ခိဏသီရိမြို့နယ် ပရဟိတ အသင်းမှ ဦးဇော်လင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရွှေကြာပင်ရပ်ကွက်အတွင်း ပါတီဝင်များ၏ နေအိမ်သို့ သွားရောက်တွေ့ဆုံရာ၌ ကိုဗစ်ကပ်ကာလထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အား ဖောက်ဖျက်ကျူးလွန်သည့် အတွက် အရေးယူပေးရန်တိုင်ကြားခဲ့ဖူးသည့် ညီညီ(ခ) ထွန်းမြင့်အောင်တို့ ဖြစ်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ တွင် မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။ https://news-eleven.com/article/197703

**************

၂၆။ ကချင်စာပေနှင့်ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင်စစ်ဘေးရှောင်များအတွက် ငွေကျပ် ၂၅ သိန်းလှူဒါန်း
November 12, 2020

ရခိုင်စစ်ဘေးရှောင်များကို ကိုယ်ချင်းစာနာမိ၍ ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ချုပ်မှ ရခိုင် စစ်ဘေးရှောင်များ အတွက် ငွေကျပ် ၂၅ သိန်းကို မေယုဒေသ ပရဟိတအဖွဲ့မှတဆင့် နိုဝင်ဘာ ၁ဝ ရက်နေ့က ထောက်ပံ့လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဖြစ်သူဒေါ်ထုနန်က“ ကျွန်မတို့ ကချင်တွေဟာ စစ်ဘေးရှောင် ဘဝ အများကြီးဖြတ်သန်းခဲ့ကြရတယ်။ ဒါတွေကြောင့် ကျွန်မတို့ ခံစားဖူးတဲ့အတွက် ရခိုင်မှာ ဖြစ်နေတာတွေကို ကိုယ်ချင်းစာ နာမိလို့ပါ။ ကျွန်မတို့အမျိုးသမီးတွေမှာ ပိုပြီးခံစားကြရပါတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်မတို့အမြဲတမ်းအတူရှိနေမှာပါလို့ပြော ချင်တယ်။ ရှေ့လျှောက်လည်း အများကြီးကူညီနိုင်အောင် ကြိုးစားနေပါတယ်လို့။ ရခိုင်စစ်ဘေးသင့် ပြည်သူတွေနဲ့ အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးတွေကလည်းအားလုံး ခံနိုင်ရည်ရှိအောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်”ဟုပြောသည်။ ကိုဗစ် ကာလတွင် အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေကြရသည့် ရခိုင်စစ်ဘေးရှောင်အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများနှင့် ကလေး သူငယ်များကို ပို၍ ကိုယ်ချင်းစာနာမိကြောင်း၊ သို့အတွက် ယခုကဲ့သို့ စုပေါင်းကောက်ခံလှူးဒါန်း လိုက်ခြင်းဖြစ်ကြောင်း၊ ရခိုင်စစ်ဘေးသင့်များသို့ ယခုကဲ့သို့ လှူးဒါန်းရသည့်အတွက် ဝမ်းသာကြောင်းသူမကပြောသည်။

မေယုဒေသ ပရဟိတအဖွဲ့မှ ၎င်းအလှူငွေများအားလက်ခံရရှိပြီး စစ်ဘေးရှောင်အများအတွက် အထွေထွေ စားနပ်ရိက္ခာလှူ ဒါန်းသွားမည်ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမေယုထွန်းကပြောသည်။ “ ငွေကျပ် နှစ်ဆယ့်ငါးသိန်းလှူတာပါ။ ရခိုင် စစ်ဘေးရှောင်တွေ အခက်အခဲတွေ ဖြစ်နေကြတယ်ကြားလို့ အခုလိုဖြစ်နေတာကို သူတို့ စိတ်မကောင်းခံစား နေကြရ တဲ့အတွက် လှူဒါန်းကြတာလို့ ဆိုပါတယ်။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အခုလို လှူဒါန်း ပေးတဲ့အတွက်ပေါ့”ဟုပြောသည်။ ၎င်းတို့ အမျိုးသမီးအဖွဲ့မှာရှမ်းပြည်နယ်တွင် အခြေစိုက်သည့် ကချင်အမျိုးသမီးအဖွဲ့ အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ https://www.bnionline.net/mm /news-76890

***************

၂၇။ အနာဂတ်၌ တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒ အလေးထားလုပ်မည်ဟု အန်အယ်လ်ဒီ ကတိပြု
12 November 2020

တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ အဖွဲ့ချုပ် ရည်မှန်းချက်တွေနဲ့ တူညီတာကြောင့် နောက်လာမယ့် အနာဂတ် မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြော ကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ”နဲ့ ပတ်သက် ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ပါတီကို ဒီနေ့ညနေ စာပေးပို့ ပြောကြားလိုက်တာပါ။ တိုင်းရင်းသားပါတီတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မိမိတို့ ပြည်နယ်အသီးသီးမှာ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြ တာကို သတိမူမိပြီး အချို့ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီအချို့ ကျေနပ်ဖွယ် ရလဒ်ရခဲ့ကြပေမဲ့ တချို့ပါတီတွေက ရည်မှန်းချက်အတိုင်း မဖြစ်လာကြဘူးလို့ ဆိုပါတယ်။

ဘယ်လိုအခြေအနေ ရောက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နောက်အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ http://burmese.dvb. no/archives/423636

************

၂၈။ ကချင်၊ ကရင်၊ ချင်းပြည်နယ်များတွင် NLD က အပြတ်အသတ်နိုင်
November 12, 2020

ကချင်၊ ကရင်၊ ချင်း စသည့် ပြည်နယ်များတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ကယား၊ မွန်ပြည်နယ်တို့တွင်လည်း အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့သည်ဟု သက် ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ များထံမှ သိရသည်။

ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ နေရာ ရှိသည့်အနက် လွှတ်တော်သုံးရပ်လုံးအတွက် NLD ပါတီက ၃၆ နေရာ အထိ အနိုင်ရရှိခဲ့သည်။ ချင်းပြည်နယ်၏ NLD ပါတီဥက္ကဋ္ဌ ဦးဇိုဘွေ့ က “ဒီတစ်ခါက ကျနော်တို့က ၃၉ နေရာမှာ ၃၆ နေရာ နိုင်တယ် နော်။ ရာခိုင်နှုန်းအားဖြင့်က ၉၂.၃ နဲ့ အနိုင်ရရှိပါတယ်။ ဒါကြောင့် ဘယ်ပါတီမှ မခေါ်ပဲနဲ့ အစိုးရဖွဲ့ ဖို့အတွက် စီ စဉ်ထားပါတယ်။ ကျနော်တို့က ၂၀၁၅ ထက် ပိုပြီး ဒီတခါမှာ သာသွားတာပါ” ဟု ပြောသည်။ NLD ပါတီ ရှုံးနိမ့်ခဲ့သည့် နေရာ ၃ နေရာထဲမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၁ တွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တစ်နေရာ၊ တွန်းဇံမြို့နယ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် အမှတ် (၂) နယ်မြေတွင် တစ်နေရာ အနိုင်ရရှိ ခဲ့ ကြသည်။

ကချင်ပြည်နယ်၏ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ပြည်နယ်အတွင်း NLD ပါတီ၏ မဲရရှိမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ “လက်ရှိက ပြည်နယ်ထဲမှာ ကျနော်တို့က ၃၆ နေရာမှာ ၂၉ နေရာ လောက် နိုင်ထား တယ်။ အစိုးရဖွ့ဲဖို့တောင်ပိုနေသေးတယ်။ ၂၆ ဆိုရင် အစိုးရဖွဲ့လို့ရတာဆိုတော့လေ။ ၃၆ နေရာမှာ ပြည်သူတွေက မှန်မှန် ကန်ကန်စဉ်းစားတွေးခေါ်တတ်လို့ အခုလိုနိုင်တာ။ ပါတီဆိုက်ကတော့ ပြည်နယ်ကတော့ ဗဟိုညွှန်ကြားချက် အတိုင်းပဲ သွားရမှာပေါ့။ အခုဒီစာရင်းက အတည်ပြု တယ်ဆိုတာက ကျနော်တို့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အောင်နိုင်ရေးအဖွဲ့ ချိတ်ဆက်ပြီး ရတဲ့ဟာနော်။ ပြည်နယ်ကော်မရှင်က အတည်ပြုတဲ့ဟာတော့ မဟုတ်သေးဘူးနော်” ဟု ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် မြို့နယ်တို့တွင် တအာင်းအမျိုးသားပါတီ (TNP) က နမ့်ဆန်၊ မန်တုံ နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လွှတ်တော်သုံးရပ်စလုံးတွင် အနိုင်ရရှိခဲ့ပြီး ကွတ်ခိုင်မြို့နယ်တွင် ပြည်နယ် (၁) တွင် တစ်နေရာ၊ မူဆယ်ခရိုင်တွင် အမျိုးသားလွှတ်တော်တွင် တစ်နေရာ အနိုင်ရရှိထားသည်။ https://www.bnionline.ne t/mm/news-76881

***************

၂၉။ တောင်ကြီး အေးသာယာမဲရုံသို့ မဲသွားပေးခဲ့သည့် အမျိုးသားတဦး ကိုဗစ်-၁၉ တွေ့
November 12, 2020

နိုဝင်ဘာ ၈ ရက်မှာကျင်းပသည့် အထွေထွေရွေးကောက်ပွဲနေ့တွင် တောင်ကြီး အေးသာယာရုံးသို့ မဲလာပေးသည့် အမျိုးသားတဦး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မဲရုံတစ်ရုံတွင် မဲသွားပေးခဲ့သည့် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာ (၁၂) ရက်မှာ Rapid Antigen Diagnostic Test Kit နှင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သျှမ်းပြည်နယ် ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံ တော်ဆင့် ကိုပြောသည်။“သူနဲ့ ထိတွေ့သူကတော့ သူ့မိသားစုရှိတယ်။ ဘယ်နှစ်ယောက်လည်းတော့ သေချာမသိရဘူး။ စောင့်တဲ့နေရာမှာ သူ့ရဲ့ အရှေ့ သူ့ရဲ့ အနောက် ဘယ်သူလည်း ဆိုတာကိုတော့ ပြန်လိုက်လို့ မရဘူးဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ အစဉ်လိုက်တိုင်း နာမည်ယူထားတာမဟုတ်ဘူး။”ဟု ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ နိုဝင်ဘာ (၈) ရက်နေ့ အေးသာယာမြို့ရှိ မဲရုံ အမှတ်(၃) မှ မဲရုံစောင့်သူ အားလုံးကို Quarantine ဝင်ထား ခိုင်းလိုက်ကြောင်း သိရသည်။“ရန်ကုန်သွားဖို့အတွက် ဒီနေ့မှာ Test Kit နဲ့ စစ်လိုက်တာ” ဟု ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၅၀) ဦးကျော်ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/19447

**************

၃၀။ လေရှီးမြို့နယ်၌ NLD ပါတီက မဲပေးနိုင်ရန် မှတ်ပုံတင်အတုပြုလုပ်ခြင်း၊ ငွေ ပေး၍ မဲထည့်ခိုင်ခြင်း၊ ကိုယ်စား ကြိုတင် မဲထည့်ပေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား
11 November 2020

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ NLD ပါတီက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မှတ်ပုံတင်အတုပြုလုပ်မှု၊ ငွေငါးသောင်းကျပ်ပေး၍ မဲထည့်ခိုင်းမှု၊ ခရီးလွန်နေသူ ကိုယ်စားကြိုတင် မဲထည့်ပေးမှုစသည်များ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် တိုင်ကြားလိုက်ကြောင်း လေရှီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးရှိသီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါတိုင်ကြားစာထဲတွင် သတ်မှတ်ချိန်ကျော်လွန်မှရောက်သော ကြိုတင်မဲများလက်ခံခြင်း၊ ကုံကိုင်လုံရွာမမဲရုံတွင် ဆန္ဒမဲ ပေးနိုင်ရန် မှတ်ပုံတင်များ အတုပြုလုပ်မဲထည့်စေမှု၊ ဖွန်သရက်ကျေးရွာတွင် မသမာနည်းလမ်းဖြင့် ငွေငါးသောင်းကျပ်ပေး၍ NLD ပါတီတွင် မဲထည့်စေမှုစသည့်အချက်များနှင့် တိုင်ကြားထားကြောင်း ၎င်းက ပြောကြားသည်။“ပြီးတော့ ပန်းဆပ် ကျေးရွာ မှာ ခရီးလွန်နေသူကိုယ်စား ကြိုတင်မဲထည့်ပေးမှု၊ ဆွမ္မရာအမှတ်- ၁ မဲရုံ USDP နှစ်ဆယ့်လေးမဲအပေါ် UEC တံဆိပ်တုံး မှင်အနည်းငယ်စွန်းထင်နေတာကို ပယ်မဲအဖြစ်သတ်မှတ်မှု၊ တိုင်း (၂) နယ်မြေမှာ ဆန္ဒမဲမပေးနိုင်ရန် ရည်ရွယ်ပြီး မဟုတ်မမှန် စာဖြန့်ဝေမှု၊ NLD ပါတီကို မဲထည့်ရင် ဆိုလာနဲ့ မီးရမယ့်အကြောင်း ကုံကိုင်လုံရွာမမှာ စည်းရုံမှု စတာတွေနဲ့ တိုင်ထားပါတယ်”ဟု လေရှီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးရှိသီးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ကျေနပ်မှုမရှိပါက ရဲအရေးပိုင်သည့်ကိစ္စဖြစ်သောကြောင့် ရဲစခန်း၌သာ တိုင်ကြားရန် ပြောကြား ထားကြောင်း၊ ပယ်မဲ ခိုင်လုံမဲ ကိစ္စရပ်များကို မဲရုံးမှူးက ဆုံးဖြတ်ကြောင်း၊ မဲရုံးမှူးဆုံးဖြတ်သည့် ကာလအတွင်း မဲရုံ ကိုယ်စားလှယ် အကူကိုယ်စားလှယ်က ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်း ကြေငြာအပြီး ၄၅ ရက်အတွင်း သက်သေအထောက်အထား ခိုင်လုံစွာဖြင့် UEC ထံ ငွေကျပ် ငါးသိန်း ပေးကာ ခုံရုံတွင် တိုင်ကြားခွင့်ရှိကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှုး ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။ ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားမှုနှင့် ပတ်သက်၍ လေရှီးမြို့နယ် NLD ပါတီမှ လက်ရှိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရိထင် “သူတို့တင်တော့ တင်ထားတာပါပဲ။ သူတို့ကို ပြန်ပြီးတော့ စွပ်စွဲရမှာ အများကြီးပဲ။ ကျွန်တော်တို့ဆီမှာလည်း သက်သေအထောက်အထားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရ မလဲဆိုတာ ပါတီနဲ့ တိုင်ပင်ကြည့်အုံးမယ်။ ဒီအချိန်ကတော့ ဘာမှမပြောချင်သေးဘူး” ဟု ပြောကြားသည်။ https://news-eleven.com/article/197661

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **

Related Articles

Back to top button