တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 67 , October 20, 2020)

၁။ အစိုးရတပ္ အရာရွိ ၂ ဦးကို RCSS/SSA မွ ဖမ္းဆီး၊ ႐ိုက္ႏွက္ ဟု တပ္မေတာ္ထုတ္ျပန္
၂။ KIA ဖမ္းသြားတဲ့ ေ႐ႊကူက သုံးဦး ျပန္လြတ္လာ
၃။ တပ္မေတာ္ ဖမ္းဆီးခဲ့သည့္ ေက်ာက္ေတာ္ ေဒသခံတဦး ဒဏ္ရာမ်ားျဖင့္ ေဆးကုေနရ
၄။ KBC ဥကၠဌ ညႇိႏႈိင္းေပးမႈေၾကာင့္ တပ္မေတာ္ႏွင့္ KIO အပစ္ရပ္လက္မွတ္ထိုးေတာ့မည္ဟူေသာ သတင္းမွား
၅။ ေျမာင္းျမၿမိဳ႕တြင္ ကရင္ျပည္သူ႔ပါတီ (KPP) ဝန္းရံသူမ်ားက အင္အား တစ္ေသာင္းေက်ာ္ျဖင့္ လွည့္လည္
၆။ ေရးၿမိဳ႕နယ္အတြင္း မြန္ညီၫြတ္ေရးပါတီ (MUP) အား ေထာက္ခံဝန္းရံသူ ေထာင္ႏွင့္ခ်ီ၍ အင္အားျပလွည့္လည္
၇။ ကိုဗစ္ဒုတိယလႈိင္းတြင္ ရာဘာၿခံလုပ္ငန္းခြင္ဝင္ရန္အခက္ေတြ႕
၈။ ဦးဂါ႐ြာသူအမႈ စစ္တရား႐ုံးဖြဲ႕၍ စစ္ေဆးေနဟု တပ္မေတာ္ေျပာ
၉။ လူသတ္မႈက်ဴးလြန္သူ ၃ ဦးကို KIO က အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္
၁၀။ ပလက္ဝတြင္ လုံၿခဳံေရးအားနည္းေၾကာင္း အႀကံျပဳခဲ့ဟု တပ္မေတာ္ေျပာ
၁၁။ PNO ပါတီက ေတာင္ႀကီးၿမိဳ႕တြင္ ဒုတိယအႀကိမ္ မဲဆြယ္စည္း႐ုံးေရး အင္အားျပ လွည့္လည္
၁၂။ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံသားအခြင့္အေရးရရွိေရး ေက်ာက္မဲစစ္ဒဏ္သင့္လူငယ္ႏွင့္ရပ္မိရပ္ဖမ်ား ေတာင္းဆို
၁၃။ ေဒသခံ ေက်ာင္းအုပ္ဆရာတစ္ဦးကို KNU မွ အဓမၼဖမ္းဆီးခဲ့ေၾကာင္း တပ္မေတာ္ထုတ္ျပန္၊ အဓမၼဖမ္း ဆီးျခင္းမရွိဟု KNU ေျပာ
၁၄။ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ ေ႐ြးေကာက္ပြဲ ႏိုင္ဖို႔လိုတယ္လို႔ SNLD ဥကၠ႒ ေျပာ
၁၅။ ေမာင္ေတာနဲ႔ ေပါက္ေတာမွာ ေ႐ြးေကာက္ပြဲလုပ္ႏိုင္ဖို႔ ျပည္နယ္ေကာ္မရွင္ ႀကိဳးပမ္း
၁၆။ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မႈ မရွိျခင္းက ေကာ္မရွင္၏ သမာသမတ္ရွိမႈ၊ ပြင့္လင္းျမင္ သာရွိမႈႏွင့္ ဂုဏ္သိကၡာရွိမႈတို႔ကို ေမးခြန္းထုတ္စရာ ျဖစ္ေၾကာင္းႏွင့္ ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း NBF ထုတ္ျပန္
၁၇။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မြန္ျပည္သစ္နယ္ေျမအတြင္း မဲဆြယ္စည္း႐ုံးေရး ျပန္လည္ေျဖေလွ်ာ့ေပး
၁၈။ ပူတာအိုတြင္ KSPP ပါတီဝန္းရံသူမ်ား ပထမဦးဆုံးအႀကိမ္ လွည့္လည္အင္အားျပ
၁၉။ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ ( PNO ) ပါတီ အင္အား ၁၅၀၀ ျဖင့္လွည့္လည္မဲဆြယ္
၂၀။ ပလက္ဝတြင္ ေ႐ြးေကာက္ပြဲမလုပ္ရန္ အႀကံျပဳေသာ္လည္း UEC က က်င္းပခ်င္သျဖင့္ တပ္မေတာ္ဘက္က ညႇိႏႈိင္း ေပးခဲ့ရဟု တပ္မေတာ္ ရွင္းလင္း
၂၁။ ျမဝတီနယ္စပ္ အမွတ္ ၂ တံတားမွ ႏွစ္နိုင္ငံကုန္သြယ္မႈ ရပ္ဆိုင္းထား၍ ေဒသတြင္း စားသုံးကုန္ေဈးကြက္အေပၚ ရိုက္ခတ္ မႈ႐ွိေန
၂၂။ မြန္ပါတီမဲေအာင္ႏိုင္ေရး ပငလူငယ္မ်ိဳးဆက္သစ္စက္ဘီးအဖြဲ႕ လွည့္လည္အင္အားျပ
၂၃။ သက္ငယ္မုဒိန္းက်ဴးလြန္ရန္အားထုတ္သူကို ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္
၂၄။ ကန႔္ကြက္မႈေတြရွိေနတဲ့ ခဲသတၱဳသန႔္စင္စက္႐ုံတည္ေဆာက္မႈကို ျပန္လည္သုံးသပ္သြားမည္ဟု KySDP ၏ ကိုယ္စား လွယ္ေလာင္းကတိေပး
၂၅။ ကခ်င္ျပည္နယ္ၿမိဳ႕နယ္ႏွစ္ခုတြင္ တက္သုတ္႐ိုက္ျပဳလုပ္ခဲ့ရသည့္ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ၏ မဲဆြယ္စည္း႐ုံးေရး
၂၆။ စစ္အစိုးရလက္ထက္ က သွ်မ္းဘာသာျဖင့္ ႐ုပ္သံမွာ သတင္းေၾကညာသူ(သို႔) ျပည္သူ႔ျပႆနာကို ေရွ႕ထြက္ ေျဖရွင္း ေပးခ်င္သူ နန္းဆာဥ
၂၇။ ေမာ္လၿမိဳင္သို႔ အျခားေဒသမွ ေရာက္လာၿပီး မဲေပးရန္ ပုံစံ ၃(က) ျဖင့္ ေလွ်ာက္ထားသူ ၂၆၀၀ နီးပါး ရွိ
၂၈။ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ယုံၾကည္မႈရွိသည့္အတြက္ NCA စာခ်ဳပ္ ျဖစ္ေပၚလာေသာ္လည္း လက္ရွိတြင္ ယုံၾကည္မႈပ်က္ျပား ရန္ အေသးစိတ္ကအစ အျငင္းပြားမႈမ်ားျဖစ္ေပၚေနေၾကာင္း တပ္မေတာ္ဘက္က ေျပာၾကား

၂၉။ ဖမ္းဆီးခံ အမ္း ေဒသခံ ၁၄ ဦး၏ အသက္အႏၲရာယ္ စိုးရိမ္ေၾကာင္း မိသားစုမ်ားက ေျပာ
၃၀။ ျမစ္ႀကီးနား၌ ၁ လအတြင္း ခိုးမႈ၊ လုယက္မႈက်ဴးလြန္သူ ၅၀ ဖမ္းမိ၊ လူငယ္ အမ်ားဆုံးပါဝင္
၃၁။ ကရင္ျပည္နယ္တြင္ KNDP ႏွင့္ NLD ပါတီတို႔ စည္း႐ုံးေရး အားေကာင္းေန
၃၂။ ဖမ္းဆီးခံရသည့္ရဲတပ္သားအား ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့မႈ ၁ လေက်ာ္ၾကာမွသိရဟု မိသားစု ေျပာ
၃၃။ မိုင္းဆတ္တြင္ ေငြက်ပ္ သန္းေပါင္း ၂ ေသာင္းခြဲေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ
၃၄။ ေတာင္ဇလပ္ပန္းႏွင့္ ခ်င္းသစ္ခြတို႔အား ခူးယူဖ်က္ဆီးပါက အေရးယူေတာ့မည္
၃၅။ ဘူးသီးေတာင္တြင္ မြတ္ဆလင္ ကေလးငယ္ႏွစ္ဦးေသဆုံးမႈ စုံစမ္းစစ္ေဆးမႈလုပ္ေဆာင္ေနေၾကာင္း တပ္မေတာ္ေျပာ
၃၆။ ဘီယာေက်း႐ြာ စာသင္ေက်ာင္းေဆာင္အလုံအေလာက္မရွိေသး

**************

၁။ အစိုးရတပ္ အရာရွိ ၂ ဦးကို RCSS/SSA မွ ဖမ္းဆီး၊ ႐ိုက္ႏွက္ ဟု တပ္မေတာ္ထုတ္ျပန္
October 24, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေတာင္ရွည္ေက်း႐ြာ အနီးတြင္ အစိုးရ တပ္မေတာ္သား ၂ဦးကို RCSS/SSA မွ ဖမ္းဆီးေခၚေဆာင္ခဲ့သည္ ဟု တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး က ထုတ္ျပန္လိုက္သည္။ ေအာက္တိုဘာ ၆ ရက္ က သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္(RCSS/SSA) မွ အစိုးရတပ္မေတာ္ ၂ ဦးကို ဖမ္းဆီးေခၚ ေဆာင္သြားခဲ့ၿပီး ေအာက္တိုဘာ ၂၂ ရက္မွသာ ျပန္လည္ပို႔ေဆာင္ေပးခဲ့သည္ဟု ယေန႔ ေအာက္တိုဘာလ ၂၄ ရက္ က တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးမွ သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး RCSS/SSA မွ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး က “ ဒီသတင္း က်ေနာ္ မၾကား သိရေသးဘူး။ က်ေနာ့္ဆီမေရာက္ရွိလာေသးဘူး”ဟု သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ယခုရက္ပိုင္း အစိုးရ တပ္မေတာ္ ဘက္မွ RCSS/SSA ကို မဟုတ္မမွန္ သတင္းထုတ္ျပန္ခဲ့သည့္အေပၚ ေတြ႕ရွိေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ အမွန္တကယ္ ၿငိမ္းခ်မ္းေရး လိုလားပါက ယခုကဲ့သို႔ မလုပ္သင့္ေၾကာင္းလည္း ဒုဗိုလ္မွဴးႀကီး အုမ္ေခး ကဆိုသည္။ “ က်ေနာ္တို႔ နယ္ေျမ သတ္မွတ္ခ်က္ေတြ သေဘာတူညီခဲ့တာ ဘာမွမရွိခဲ့ဘူး။ အေၾကာင္းတခုမဟုတ္တခု ရွာၿပီးေျပာ ေလ့ရွိတယ္။ က်ေနာ္တို႔ လည္း အခုအေျခအေန ေစာင့္ၾကည့္ေနတယ္”ဟု ဒုဗိုလ္မွဴးႀကီး အုမ္ေခး က ထပ္ေလာင္းေျပာသည္။

ျပည္ေထာင္စု အဆင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေရး အဖြဲ႕ႏွင့္ RCSS/SSA အဖြဲ႕တို႔သည္ ၂၀၁၂ ဇန္နဝါရီ ႏွင့္ ေမလ က်ိဳင္းတုံၿမိဳ႕ ေတြ႕ဆုံပြဲတြင္ ႏွစ္ဘက္ သေဘာတူညီခ်က္အရ RCSS/SSA အဖြဲ႕ မွ ဟိုမိန္းႏွင့္ မုံးထားနယ္ေျမသို႔ ေက်ာ္လြန္ လႈပ္ရွားျခင္း မျပဳရန္ သတ္မွတ္ခဲ့ေၾကာင္းလည္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးထုတ္ျပန္ခ်က္တြင္ ေရးထားသည္။ တိုက္ပြဲမ်ား ျဖစ္ပြားမႈ နယ္ေျမ မတည္ၿငိမ္မႈေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်း႐ြာအုပ္စု (၁၂) အုပ္စု ေ႐ြးေကာက္ပြဲ မက်င္းပရန္ လည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာ ၁၆ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ ထို ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေရးသည္ အစိုးရတပ္မေတာ္ေပၚ မူတည္ေၾကာင္း၊ အစိုးရတပ္မေတာ္တပ္ဆုတ္ၿပီး တိုက္ပြဲ မဖန္တီး ပါက ေ႐ြးေကာက္ပြဲကို ေအးခ်မ္းစြာ က်င္းပႏိုင္ေၾကာင္းလည္း သွ်မ္းေျမာက္အတြင္း လႈပ္ရွားေနသည့္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕မ်ားက ေျပာဆိုလိုက္သည္။ https://burmese.shannews.org/archives/19060

**************

၂။ KIA ဖမ္းသြားတဲ့ ေ႐ႊကူက သုံးဦး ျပန္လြတ္လာ
October 25, 2020

ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္(KIA) တပ္ရင္း ၅ က ဖမ္းေခၚသြားခဲ့တယ္ဆိုတဲ့ ကခ်င္ျပည္နယ္၊ ေ႐ႊကူ ၿမိဳ႕နယ္၊ ေက်ာက္ႀကီးေက်း႐ြာ ေဒသခံသုံးဦး ေအာက္တိုဘာ ၂၁ ရက္ေန႔က ျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ လူငယ္ သုံးဦး ျပန္လြတ္လာတယ္လို႔ မိသားစုဝင္တစ္ဦးနဲ႔ အရပ္ဘက္အဖြဲ႕အစည္း တာဝန္ရွိသူတို႔က ေျပာပါတယ္။ ဖမ္းဆီးေခၚခံရသူေတြ က ေမာင္ေက်ာ္ခိုင္ဦး (၃၁) ႏွစ္၊ ေမာင္ထြန္းရဲမိုး (၁၆) ႏွစ္နဲ႔ ေမာင္ႏိုင္လင္း (၂၆) ႏွစ္တို႔ျဖစ္ၾကၿပီး ေ႐ႊက်င္ေတာမွာ အလုပ္သြားလုပ္ေနတဲ့ စက္တင္ဘာ ၁၈ ရက္ ေန႔က ဖမ္းေခၚသြားတာလို႔ ေမာင္ႏိုင္လင္း ဖခင္က ေျပာပါတယ္။

“ေ႐ႊက်င္ေတာမွာဗ်။ ဟုတ္တယ္ ေန႔စားသြားလိုက္တဲ့အခ်ိန္မွာ။ ကေလးေတြကေတာ့ အဲဒီမွာ ဘာခိုင္းလဲ ဆိုေတာ့ ထမင္းခ်က္၊ ေရခပ္၊ ထင္းေခြတာ လုပ္ခိုင္းတယ္တဲ့။ သင္တန္းေတြကေတာ့ မတက္ခဲ့ရဘူး ေျပာတယ္” သူတို႔ေတြဟာ မိသားစုနဲ႔ တစ္လေက်ာ္ၾကာ ေဝးကြာခဲ့ရတာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕(PCG) ၊ ျပည္နယ္အစိုးရ အဖြဲ႕ ေတြကို အေၾကာင္းၾကားစာ ေပးပို႔အကူအညီ ေတာင္းခဲ့ၿပီးတဲ့ေနာက္ အခုလို လြတ္လာတာလို႔ ျမန္မာျပည္ေျမာက္ပိုင္း-သွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ ဥကၠ႒ စိုင္းစန္းေဝက ေျပာပါတယ္။

အဖမ္းခံရသူ ၆၀၀ ေက်ာ္ရွိတဲ့အထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ ၈၁ ေယာက္ ပါဝင္တဲ့အတြက္ ကေလးသူငယ္၊ လူငယ္ အခြင့္အေရးတို႔နဲ႔ဆိုင္တဲ့ UN အဖြဲ႕ဆီကို သီးျခားစာရင္းျပဳစုၿပီး ေပးပို႔ခဲ့တယ္လို႔ ျမန္မာျပည္ေျမာက္ပိုင္း-ရွမ္းမ်ိဳးႏြယ္စုေရး ရာအဖြဲ႕ ဒု-ဥကၠ႒ စိုင္းခင္ေမာင္ေအးက RFA ကို ေျပာပါတယ္။ ဒီစာရင္းေတြဟာ တိုင္းၾကားလာတဲ့စာရင္းေတြသာျဖစ္ၿပီး ဘယ္ႏွစ္ေယာက္ျပန္လႊတ္တယ္၊ ဘယ္ေလာက္ဆက္လက္ဖမ္းဆီးခံထားရတယ္ ဆိုတာေတာ့ မသိဘူးလို႔ စိုင္းခင္ေမာင္ေအး က ေျပာပါတယ္။ ဒီေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ ဗိုလ္မွဴးႀကီး ေနာ္ဘူက ေအာက္ေျခတပ္အဆင့္ဆင့္ကို ဆက္သြယ္စစ္ေဆးမယ္လို႔သာ ေျပာဆိုခဲ့ပါတယ္။ https://www.rfa.org/burmese/news/shwegu-three-villagers-released-10252020051600.html

**************

၃။ တပ္မေတာ္ ဖမ္းဆီးခဲ့သည့္ ေက်ာက္ေတာ္ ေဒသခံတဦး ဒဏ္ရာမ်ားျဖင့္ ေဆးကုေနရ
24 October 2020

တပ္မေတာ္မွ ဖမ္းဆီးခဲ့သည့္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ႐ုပ္သားေက်း႐ြာ သားတဦးမွာ စစ္ေၾကာေရး ကာလ အတြင္း ႐ိုက္ႏွက္ခံရသည့္ ဒဏ္ရာျပင္းထန္မႈေၾကာင့္ ေက်ာက္ေတာ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း မိသားစုမ်ား ထံမွသိရသည္။ ေဆးကုသခံယူေနရသူမွာ အသက္ ၅၂ ႏွစ္အ႐ြယ္ ဦးေမာင္ေက်ာ္သန္း ျဖစ္ၿပီး ေအာက္တိုဘာလ ၁၇ ရက္ နံနက္ပိုင္းက ေက်း႐ြာအတြင္း မိမိ ေနအိမ္၌ရွိေနစဥ္ တပ္မေတာ္သားမ်ားက ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။ ဇနီးျဖစ္သူ ေဒၚဦးလွယဥ္က “ ေျခေထာက္၊ ေပါင္၊ ရင္ဘတ္ေတြနဲ႔ ခႏၶာကိုယ္အႏွံ႔မွာ ညိဳမဲေနတဲ့ ဒဏ္ရာေတြ အသက္ရႈ က်ပ္တာေတြျဖစ္ေနတယ္။ စစ္သားေတြက ဖမ္းဆီးသြားၿပီးေတာ့ လည္ပင္းေတြကို ႀကိဳးကြင္းစြပ္တာေတြ၊ ေျခေထာက္ေတြ၊ ခႏၶာကိုယ္အႏွံ႔ကို ေသနတ္ေတြနဲ႔ ထုေထာင္းခဲ့တာ။ ဒဏ္ရာေတြက ျပင္းထန္ေနတဲ့ အတြက္ ေဆးကုသ ေနရတာ” ဟု ဆိုသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၇ ရက္ေန႔က တပ္မေတာ္သားမ်ားသည္ ႐ုပ္သားေက်း႐ြာသို႔ ေသနတ္ပစ္ေဖာက္ ဝင္ေရာက္ လာၿပီး အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအားလုံးကို ေနအိမ္ျပင္ပသို႔ေခၚထုတ္ၿပီး ေက်း႐ြာရွိ စာသင္ေက်ာင္း၌ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည့္ေနာက္ ၁၈ ရက္ေန႔တြင္ ဦးေမာင္ေက်ာ္သန္းတဦးကို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္။ ဆက္လက္ၿပီး ေဒၚဦးလွယဥ္က “ ကိုယ့္အိမ္ကေန ေဆးကုသေစခ်င္တာ အခုေတာ့ ရဲစခန္းမွာကေန လာၿပီး ျပေနရတယ္။ ဆရာဝန္ႀကီးကလည္း ေဆး႐ုံတက္ၿပီးကုသေပးရမယ္လို႔ ေျပာတယ္။ အခုကေတာ့ ရဲစခန္းကေတာ့ ဒီလိုကုသဖို႔ ခြင့္ျပဳမျပဳကို မသိရေသးဘူး” ဟုဆိုသည္။ အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႕က ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၁ ရက္ေန႔က ထုတ္ျပန္ရာတြင္ ၎မွာ AA အမာခံတဦးျဖစ္ေၾကာင္း ေဖာ္ျပသည္။

ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕မွ ေရွ႕ေနဦးေဇာ္ေဇာ္မင္းက “သံသယနဲ႔ ဖမ္းဆီးၿပီးေတာ့ တဦး တေယာက္ကိုမွ် ထိခိုက္ညႇင္းပန္း ဆက္ဆံမႈမ်ိဳး မျပဳလုပ္ရလို႔ လူ႔အခြင့္အေရး ေၾကညာခ်က္မွာ ျပဌာန္းထားတဲ့အတြက္ က်ဴးလြန္သူေတြကို ျပစ္ဒဏ္ေပးဖို႔လိုတယ္။ လက္ရွိမွာ တပ္မေတာ္ဘက္က ျပစ္ဒဏ္ေပးမႈ မရွိသလို ျဖစ္ေနတယ္။ ဒါေၾကာင့္ အခုလို ကိစၥမ်ိဳးေတြ ထပ္မံက်ဴးလြန္ဖို႔အတြက္ တြန္းအားေပးေနသလိုပဲ”ဟု ဆိုသည္။ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ ႏွင့္ AA တို႔၏ တိုက္ပြဲျဖစ္ပြားေနသည့္ကာလ၌ တပ္မေတာ္က ထိန္းသိမ္းစစ္ေဆးခဲ့စဥ္ စစ္ေၾကာေရးကာလအတြင္း ဒဏ္ရာ ရသူ၊ ေသဆုံးသူတို႔လည္း မ်ားျပားလာေနသည္။ https://burma.irrawaddy.com/news/2020/10/24/232262.html

*************

၄။ KBC ဥကၠဌ ညႇိႏႈိင္းေပးမႈေၾကာင့္ တပ္မေတာ္ႏွင့္ KIO အပစ္ရပ္လက္မွတ္ထိုးေတာ့မည္ဟူေသာ သတင္းမွား
23 October 2020

ျမန္မာ့တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO တို႔ၾကား ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠဌ Rev. Dr. Hkalam Samson က ၾကားဝင္ညႇိႏႈိင္းေဆာင္႐ြက္ေပးေသာေၾကာင့္ မၾကာခင္ Bilateral အပစ္အခတ္ရပ္စဲေရး လက္မွတ္ ေရးထိုးႏိုင္ေတာ့မည္ဟူေသာသတင္းသည္ သတင္းမွားျဖစ္သည္ဟု သက္ဆိုင္သူမ်ားေျပာသည္။‘Mirror Kachin’ အမည္ရွိ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ႏွင့္ KBC ဥကၠဌ Rev. Dr. Hkalam Samson တို႔သည္ မၾကာခဏေတြ႕ဆုံေဆြးေႏြးေနေသာေၾကာင့္ မၾကာခင္ တပ္မေတာ္ ႏွင့္ KIA သို႔မဟုတ္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕တို႔ႏွင့္အတူ တ႐ုတ္ျပည္တြင္ လက္မွတ္ေရးထိုးဖြယ္ရွိေၾကာင္း ကခ်င္ဘာသာျဖင့္ ေရးသားထား သည္ကို ေတြ႕ရသည္။

အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး KBC ဥကၠဌ Rev.Dr.Hkalam Samson ကို ေမးျမန္းၾကည့္ရာ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖင့္ တစ္ခါမွ်သာ ေတြ႕ဆုံဖူးေၾကာင္းႏွင့္ အဆိုပါသတင္းသည္ အမွားျဖစ္ေၾကာင္း ေျပာဆိုသည္။ “အဲ့အေကာင့္ပိုင္ရွင္ ေရးသားထားတဲ့ပုံစံက စစ္တပ္ ၂ ဖက္ သေဘာတူညီလက္မွတ္ထိုးဖို႔ က်ေနာ္က ဘဲ ၾကားကေန ညိႏႈိင္းေပးေနတဲ့ ပုံစံျဖစ္ေန တယ္။ ဒါကလုံးဝမဟုတ္ပါဘူး။ အဲ့လို ၂ဖက္ၾကား Bilateral လက္မွတ္ထိုးဖို႔ ညိႏႈိင္းေပးဖို႔လည္း က်ေနာ့္အလုပ္မဟုတ္သလို သက္ဆိုင္မႈလည္းမရွိဘူး။ မထိုးဖို႔ေတာင္ေျပာဆိုေနတာ အားလုံးသိပါ တယ္။ အခုေနာက္ပိုင္း ေျမာက္ပိုင္းမဟာမိတ္ ၄ဖြဲ႕ သေဘာတူညီရင္ ထိုးမယ္ဆိုတာကလည္း အားလုံးသိၾကပါတယ္။ ဒါေပမယ့္ အဲ့လုပ္ငန္းစဥ္ေတြက အခုထိမေအာင္ျမင္ေသး ဘူး။ သတင္းအမွားျဖစ္တယ္”ဟု ေျပာဆိုသည္။‘Mirror Kachin’ သည္ အဆိုပါသတင္းကို Mizzima TV မွ ကိုးကားကာ ေရးသားထားသည္ဟု ေဖာ္ျပထားသည္။ သို႔ေသာ္ အဆိုပါသတင္းႏွင့္ဆက္စပ္ေသာအေၾကာင္းအရာကို Mizzima သတင္းစာမ်က္တြင္လည္း ေရးသားထားျခင္း မေတြ႕ရပါ။

ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ဗဟိုဌာနခ်ဳပ္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႈးႀကီးေနာ္ဘူကလည္း လတ္တေလာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ား မရွိေၾကာင္း ကခ်င္သတင္းဌာန KNG ကို ေျပာသည္။ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ဥကၠဌ Rev.Dr.Hkalam Samson သည္ ကခ်င္စစ္ေျပးဒုကၡသည္မ်ား ေနရပ္ျပန္ေရးအတြက္လုပ္ေဆာင္ေနေသာ KHCC အဖြဲ႕၏ ဥကၠဌ လည္းျဖစ္သည္ဟု သိရသည္။ https://burmese.kachinnews.com/2020/10/23/l2-17/

***************

၅။ ေျမာင္းျမၿမိဳ႕တြင္ ကရင္ျပည္သူ႔ပါတီ (KPP) ဝန္းရံသူမ်ားက အင္အား တစ္ေသာင္းေက်ာ္ျဖင့္ လွည့္လည္
26 October 2020

ေျမာင္းျမၿမိဳ႕တြင္(ေအာက္တိုဘာ ၂၆ ရက္) နံနက္ ၉ နာရီခန႔္ ကရင္ျပည္သူ႔ပါတီ (KPP) ဝန္းရံေထာက္ခံသူမ်ားက အင္းအား တစ္ေသာင္းေက်ာ္ျဖင့္ ၿမိဳ႕အႏွံ႔ လွည့္လည္ခဲ့ေၾကာင္း သတင္းရရွိသည္။ အင္အားျပ ေထာက္ခံသူမ်ားသည္ ေျမာင္းျမၿမိဳ႕ သူနာျပဳသင္တန္းေက်ာင္းအနီးတြင္ စတင္စုေဝးကာ ေထာ္လာဂ်ီမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကရင္တိုင္းရင္းသား႐ိုးရာ ဝတ္စုံအား ဝတ္စုံကာ လွည့္လည္အင္အားျပခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ ကရင္ပါတီအတြက္ ကြၽန္ေတာ္တို႔ ဝန္းရံသူအဖြဲ႕က စုေပါင္းၿပီးေတာ့ ကိုယ့္ရဲ႕အင္အားကိုျပျခင္း ျဖစ္ပါတယ္၊ ဒီေန႔ပြဲက ပါတီကစီစဥ္တာမဟုတ္ဘူးခင္ဗ်၊ ဝန္းရံသူအဖြဲ႕ စီစဥ္ၿပီးေတာ့ လုပ္တာျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔ လက္ရွိ အင္အား က တစ္ေထာင္ေတာ့ ေက်ာ္လိမ့္မယ္ခင္ဗ်၊ ကြၽန္ေတာ္တို႔ တန္းတူအခြင့္အေရးရရွိဖို႔ လုပ္ရျခင္း ျဖစ္ပါတယ္”ဟု အင္အားျပ လွည့္လည္ပြဲတြင္ ပါဝင္ခဲ့သူ ေစာဝင္းခ်ိဳက ေျပာသည္။ အင္အားျပလွည့္လည္ပြဲမ်ား အားလုံးမွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံတြင္ ၿငိမ္းခ်မ္းစုေဝး လွည့္လည္ခြင့္ႏွင့္ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲထံတြင္ အင္အားျပမဲဆြယ္ စည္း႐ုံးခြင့္မ်ားကို ေလွ်ာက္ထားထားျခင္း မရွိေၾကာင္း သိရသည္။

ေျမာင္းျမၿမိဳ႕တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳး ေဆာင္ပါတီ၊ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ ကရင္အမ်ိဳးသားပါတီ၊ တိုင္းရင္းသားစည္းလုံးေရး ညီၫြတ္ေရးပါတီတို႔မွ ဝင္ေရာက္ ေ႐ြးခ်ယ္ခံၾကမည္ ျဖစ္ေၾကာင္း သိရသည္။ https://news-eleven.com/article/196355

**************

၆။ ေရးၿမိဳ႕နယ္အတြင္း မြန္ညီၫြတ္ေရးပါတီ (MUP) အား ေထာက္ခံဝန္းရံသူ ေထာင္ႏွင့္ခ်ီ၍ အင္အားျပလွည့္လည္
26 October 2020

ေရးၿမိဳ႕နယ္အတြင္း မြန္ညီၫြတ္ေရးပါတီ (MUP) အား ေထာက္ခံဝန္းရံသူ ေထာင္ႏွင့္ခ်ီ၍ အင္အားျပလွည့္လည္မႈကို (ေအာက္တိုဘာ ၂၆ ရက္) နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ေရးၿမိဳ႕အနီးရွိ ေလယာဥ္ကြင္းေဟာင္းတြင္ စုရပ္ အျဖစ္ျပဳလုပ္ၿပီးေနာက္ ေရးၿမိဳ႕ႏွင့္ အနီးဝန္းက်င္ရွိ ရပ္ကြက္ႏွင့္ေက်း႐ြာမ်ားသို႔ အင္အားျပလွည့္လည္ မဲဆြယ္စည္း႐ုံးမႈ ျပဳလုပ္ခဲ့ၾကေၾကာင္း အဆိုပါ အင္အားျပလွည့္လည္ပြဲ စီစဥ္သူမ်ားထံမွ သိရသည္။

မိမိတို႔အေနျဖင့္ မြန္ညီၫြတ္ေရးပါတီအား ယုံၾကည္၊ အားကိုး၊ ေလးစားၾကသည့္အတြက္ ယခုလို လာေရာက္ဝန္းရံၾကျခင္း ျဖစ္ ေၾကာင္း အဆိုပါ အင္အားျပလွည့္လည္ပြဲအား စီစဥ္သူတစ္ဦးျဖစ္သူ မင္းေအာင္စိုး က ေျပာၾကားသည္။ “ပြင့္ပြင့္ လင္းလင္းေျပာရရင္ ကြၽန္ေတာ္တို႔ရဲ႕ကံၾကမၼာကို ကြၽန္ေတာ္တို႔ဖန္တီးခြင့္ရမွသာ မိမိတို႔လူမ်ိဳး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ ယဥ္ေက်းမႈ၊ စာေပ၊ အႏုပညာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္က လႊတ္ေတာ္မွာ တိုင္းရင္းသားပါတီေတြက လႊတ္ေတာ္ကိုယ္ စားလွယ္ေတြ မ်ားမ်ားေရာက္ရွိေနဖို႔လိုပါမယ္။ ဒါေၾကာင့္ တိုင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားပါတီေတြက အႏိုင္ရမွ သာလွ်င္ စစ္မွန္ေသာ ၿငိမ္းခ်မ္းေရးႏွင့္ စစ္မွန္ေသာ ဖယ္ဒရယ္ဒီမိုကေရစီစနစ္ တည္ေဆာင္ႏိုင္ေရးအတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာေတြမွာ တိုင္းရင္းသားေတြမ်ားမ်ား လိုတဲ့အတြက္ေၾကာင့္ ယခုလို ကြၽန္ေတာ္တို႔အေနနဲ႔ အင္တိုက္အား တိုက္ ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္” ဟု အင္အားျပလွည့္လည္ပြဲအား စီစဥ္သူတစ္ဦးျဖစ္သူ မင္းေအာင္စိုး က ေျပာၾကားသည္။

မြန္ညီၫြတ္ေရးပါတီသည္ ကိုယ္ေဒသအတြက္ အက်ိဳးျပဳႏိုင္မည္ဟု ယုံၾကည္သည့္အတြက္ လာေရာက္ေထာက္ခံ ဝန္းရံရ ျခင္းျဖစ္ေၾကာင္း ေရးၿမိဳ႕နယ္ေတာင္ပိုင္း၊ ဟံဂံေက်း႐ြာေန မိသူရိန္မြန္ ကေျပာၾကားသည္။ “တျခားပါတီေတြက ေဒသဖြံ႕ၿဖိဳး ေရးတစ္ခုတည္းလုပ္ေပးႏိုင္တယ္။ မြန္ညီၫြတ္ေရးပါတီကို ေထာက္ခံမယ္ဆိုရင္ ကိုယ့္စာေပယဥ္ေက်းမႈ ျမႇင့္တင္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးႏိုင္မယ္လို႔ေမွ်ာ္လင့္တယ္။ ဒီမွာရွိတဲ့ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမေတြအေနနဲ႔ကိုယ့္ တိုင္းရင္းသား ပါတီကို မဲထည့္ေပးၾကပါလို႔တိုက္တြန္းခ်င္ပါတယ္” ဟု မိသူရိန္မြန္ က ဆက္လက္ေျပာၾကားသည္။ မြန္ညီၫြတ္ေရးပါတီ သည္ မြန္တိုင္းရင္းသားပါတီအားလုံးစုစည္းထားသည့္ပါတီျဖစ္သည့္အျပင္ မြန္သံဃာေတာ္မ်ား၊ မြန္ျပည္သူမ်ား၊ မြန္လူငယ္ မ်ား အားလုံး၏ သေဘာဆႏၵႏွင့္အညီ ေပါင္းစည္းထားသည့္ မြန္တိုင္းရင္းသားပါတီလည္းျဖစ္သည့္အတြက္ မြန္လူငယ္ တစ္ေယာက္အေနျဖင့္ မြန္ညီၫြတ္ေရးပါတီအား လာေရာက္ဝန္းရံရျခင္းျဖစ္ေၾကာင္း ေရးၿမိဳ႕ခံ မြန္လူငယ္တစ္ဦးျဖစ္သူ မင္းမြန္ေထာ က ေျပာၾကားသည္။ https://news-eleven.com/article/196357

***************

၇။ ကိုဗစ္ဒုတိယလႈိင္းတြင္ ရာဘာၿခံလုပ္ငန္းခြင္ဝင္ရန္အခက္ေတြ႕
October 24, 2020

မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ကိုဗစ္ ၁၉ ေရာဂါဒုတိယလႈိင္းကာလအတြင္း အသြားအလာကန႔္သတ္မႈမ်ားေၾကာင့္ ရာဘာၿခံမ်ားသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ ၿခံလုပ္သားမ်ား လုပ္ငန္းခြင္ဝင္ရန္အခက္ေတြ႕ေနေၾကာင္း သိရသည္။

ျပည္နယ္အတြင္း ကုန္တင္ယာဥ္မ်ားကိုသာ သြားလာခြင့္ျပဳသျဖင့္ ၿခံလုပ္သားႏွင့္ လုပ္ငန္းရွင္မ်ား သက္ဆိုင္ရာၿခံ အသီးသီး သို႔ လိုင္းကားမ်ားျဖင့္ သြားေရာက္ႏိုင္ျခင္းမရွိသည့္အတြက္ အလုပ္သမားအနည္းငယ္ျဖင့္သာ လုပ္ကိုင္ေနရေၾကာင္း ရာဘာ လုပ္ငန္းရွင္ ဦးသိန္းထြန္း ဆိုသည္။ “ဇာသျပင္အလြန္မွာၿခံေတြရွိတယ္ လုပ္သားေတြကိုႀကီးၾကပ္လို႔မရေတာ့ဘူး ဟိုမွာလုံးဝ ႀကီးလႊတ္ထားရတဲ့ အေနအထားေတြျဖစ္သြားတယ္ သူတို႔လိုအပ္တာေတြကို လုပ္ေပးဖို႔အတြက္ခက္သြားတယ္ ကြၽန္ေတာ္ တို႔ ရွိမွ လုပ္လို႔ကိုင္လို႔ရတဲ့အလုပ္ေတြလည္းရွိပါတယ္”ဟု ဦးသိန္းထြန္း ကေျပာသည္။ မြန္ျပည္နယ္မွ ရာဘာၿခံလုပ္သား မ်ားအျပင္ ဧရာဝတီတိုင္းႏွင့္ အျခားေဒသေတြက လာေရာက္လုပ္ကိုင္ၾကသည့္ အလုပ္သမားမ်ားလည္းရွိေၾကာင္းသိရ သည္။“အဆင္မေျပဘူး ျပည္နယ္တစ္ခုနဲ႔တစ္ခုကိုကူးလို႔မရဘူးျဖစ္ေနတယ္။ ေရာက္တဲ့သူေတြကလည္း တစ္ခ်ိဳ႕ေလာက္ ကေတာ့ေရာက္ေနၿပီး ဟိုမွေနၿပီးေတာ့ သြားလုပ္ရတာ။ ရာဘာျခစ္ဖို႔အတြက္ ပထမဆုံး ဝဲထိုး(ဓါတ္ေျမၾသဇာထည့္) ရတယ္၊ ၿခဳံေတြရွင္းရတယ္။ ဒါမ်ိဳးမလုပ္ထားရင္ ရာဘာျခစ္လို႔မရဘူးေလ အဲ့တာေတြေတာင္မလုပ္ရေသးဘူး”ရာဘာလုပ္ငန္းရွင္ ဦးဝင္းလွ ကေျပာသည္။

လက္ရွိရာဘာၿခံလုပ္ငန္းတြင္ ၿခံပိုင္ရွင္ႏွင့္ အေစးျခစ္လုပ္သားမ်ားအၾကား ၿခံအနီးအေဝးသြားလာမႈလြယ္ကူသည့္အေပၚ မူတည္၍ ရာဘာအေစးျခစ္ရာမွ ထြက္ရွိလာသည့္ေငြတန္ဖိုးအေပၚ ၿခံရွင္ ၅၀%= လုပ္သား ၅၀%၊ ၿခံရွင္ ၄၀%= လုပ္သား ၆၀% စသည္ျဖင့္ တစ္ရာသီစာ သင့္ရာေဈးႏႈန္းညႇိၿပီး လုပ္ကိုင္လွ်က္ရွိၾကသည္။ မြန္ျပည္နယ္တြင္ ေရာ္ဘာစိုက္ပ်ိဳးဧက (၅)သိန္းေက်ာ္အနက္ စိုက္ပ်ိဳးမႈ ရပ္နားထားေသာဧက(၁)သိန္းေက်ာ္ရွိၿပီး တစ္ႏွစ္လွ်င္ေရာ္ဘာတန္ခ်ိန္ ၁ဝ၆,ဝဝဝ တန္ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္း၊ သို႔ရာတြင္ တ႐ုပ္ႏိုင္ငံမွ ရာဘာဝယ္ယူမႈ က်ဆင္းလာသျဖင့္ ရာဘာေဈးႏႈန္းမ်ားလည္း ႏွစ္အလိုက္ က်ဆင္းလာၿပီး ယခုအခါ ရာဘာပင္မ်ားကို ခုတ္လွဲ၍ ပရိေဘာဂသစ္မ်ားအျဖစ္ေရာင္းခ်ၿပီး အစားထိုးအပင္မ်ား စိုက္ပ်ိဳးလာ သည္ကို ေတြ႕ရသည္။ http://burmese.monn ews.org/2020/10/24/%e1%80%80%e1%80%ad%e1%80%af %e1%80%97%e1%

**************

၈။ ဦးဂါ႐ြာသူအမႈ စစ္တရား႐ုံးဖြဲ႕၍ စစ္ေဆးေနဟု တပ္မေတာ္ေျပာ
24 October 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဦးဂါေက်း႐ြာမွ အမ်ိဳးသမီး ၁ ဦးကို တပ္မေတာ္သား ၃ ဦးက အဓမၼျပဳက်င့္သည္ ဆိုသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စစ္ေတြတပ္နယ္တြင္ စစ္တရား႐ုံးျဖင့္ စစ္ေဆး ေဆာင္႐ြက္ေနေၾကာင္း တပ္မေတာ္ သတင္း ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ ေအာက္တိုဘာလ ၂၄ ရက္ေန႔က ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲတြင္ အမႈအေျခအေနႏွင့္ပတ္သက္ၿပီး ဧရာဝတီမွ ေမးျမန္ခဲ့ရာ အထက္ပါ အတိုင္း ေျဖၾကားခဲ့ျခင္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က “အဲဒီ ဦးဂါ႐ြာျဖစ္စဥ္နဲ႔ပတ္သက္ၿပီးေတာ့ စစ္ေတြမွာ စစ္ေဆး လွ်က္ရွိပါတယ္။ တပ္မေတာ္ အက္ဥပေဒ အရပါ မကပါဘူး၊ နယ္ဘက္ ဥပေဒ အရပါ အေရးယူသြားပါမယ္။ က်ေနာ္တို႔ ေျပာထားတဲ့အတိုင္း ျပင္းထန္ထန္ အေရးယူပါမယ္” ဟု ေျပာသည္။

အဆိုပါ အေရးအား လိုက္ပါကူညီသူ ရခိုင္အမ်ိဳးသမီးမ်ား ကြန္ရက္ဥကၠဌ ေဒၚညိဳေအး ကေတာ့ ဦးဂါ႐ြာသူအမႈတြင္ က်ဴးလြန္ သူ တပ္မေတာ္သားမ်ားအား စစ္တရား႐ုံးမွ စစ္ေဆးေနသည္ဟုသာ သိ႐ြိရၿပီး လက္ရွိအခ်ိန္အထိ ကယကံရွင္ မိသားစု အပါအဝင္ လိုက္ပါကူညီသူ အမ်ိဳးသမီးအရပ္ဘက္အဖြဲ႕အစည္းမ်ားအေနျဖင့္လည္း တိတိက်က်တခုမွ မသိရွိရသျဖင့္ ပြင္းလင္းျမင္သာမႈရွိေအာင္ အရပ္ဘက္တရား႐ုံးသို႔ လြဲေပးရန္ လိုအပ္ေၾကာင္း ေျပာသည္။ ေဒၚညိဳေအးက “ဦးဂါ႐ြာသူ အမႈနဲ႔ ပတ္သက္ၿပီး အခုထိ ဘာမွမသိရဘူး။ တစုံတရာ အေၾကာင္းၾကားတာလည္း မရွိဘူး၊ ရဲတပ္ဖြဲ႕ကို ေမးၾကည့္ေတာ့ လည္း သူတို႔ကလည္း အေၾကာင္းမျပန္ႏိုင္ေသးဘူးလို႔ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျမသူဇာ က “က်မတို႔ အဲဒီအမႈနဲ႔ ပတ္သက္ၿပီးေတာ့ စစ္တရား႐ုံးဖြဲ႕ စစ္ေဆးေနတယ္ဆိုတာပဲ သတင္းေတြမွာ ဖတ္ရလို႔ သိရတယ္။ က်ဴးလြန္သူေတြက ဝန္ခံထားတယ္လို႔လည္း ေျပာတယ္။ ဘယ္သူ၊ ဘယ္အဆင့္ဆို တာလည္း ဘာမွမသိရဘူး။ ဘယ္လို စစ္ေဆးေနတယ္။ အမႈအေျခအေနဘယ္လိုရွိတယ္။ ဘယ္မွာ စစ္ေဆးေနတယ္ဆို တာလည္း ကာယကံရွင္ေတြ ဆီကိုလည္း အေၾကာင္းၾကာတာမရွိဘူး”ဟု ဧရာဝတီသို႔ ေျပာသည္။ တပ္မေတာ္သတင္း ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေဇာမင္းထြန္းကေတာ့ စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ေနစဥ္ကာလအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ သည့္အတြက္ က်ဴးလြန္သူ တပ္မေတာ္သား ၃ ဦးမွာအမႈကို အရပ္ဘပ္တရား႐ုံးသို႔ လြဲေျပာင္းေပးမည္ မဟုတ္ဘဲ စစ္ တရား ႐ုံးျဖင့္ စစ္ေဆးကာ တပ္မေတာ္ အက္ဥပေဒ အရေသာ္လည္းေကာင္း၊ နယ္ဘက္ ဥပေဒ အရေသာ္လည္းေကာင္း အျပစ္ေပး အေရးယူသြားမည္ျဖစ္ေၾကာင္း ေျပာသည္။ ထိုတိုင္ၾကားခ်က္အေပၚ စစ္ေတြၿမိဳ႕မ ရဲစခန္းမွ ပ / ၃၅၅ / ၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၁၁၄ ပူးေပါင္းပါဝင္မႈ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၆၆ မတရားသျဖင့္ ကာမယွက္စပ္မႈ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ မုဒိန္းမႈ စသည့္ ပုဒ္မ မ်ားျဖင့္ အမႈဖြင့္ထားသည္။ https://burma.irrawaddy.com/news/2020/10/24/232260.html

**************

၉။ လူသတ္မႈက်ဴးလြန္သူ ၃ ဦးကို KIO က အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္
23 October 2020

ဗန္းေမာ္ခ႐ိုင္ ဂိုင္ေဒါေက်း႐ြာတြင္ျဖစ္ပြားခဲ့ေသာ ငါးေလာင္းၿပိဳင္ လူသတ္မႈက်ဴးလြန္ခဲ့သူ (၃) ဦးကို ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO အေရွ႕ပိုင္ခ႐ိုင္တရား႐ုံးက အျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ လူသတ္မႈႏွင့္ပတ္သက္ၿပီး ဖမ္းဆီး ထားေသာ တရားခံ ၃ ဦးကို စစ္ေဆးရာတြင္ သူတို႔ကိုယ္တိုင္ လူသတ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံခဲ့သည့္အတြက္ လြန္ခဲ့သည့္ စက္တင္ဘာ ၂၈ ရက္ေန႔တြင္ အၿပီးသတ္ျပစ္ဒဏ္စီရင္ခဲ့ေၾကာင္း KIO ဗဟိုဌာနခ်ဳပ္ ဗိုလ္မႉးႀကီးအင္ဖန္ေနာ္ဘူ က ေျပာ သည္။“သူတို႔ကိုယ္တိုင္ လူသတ္မႈႏွင့္ပတ္သက္ၿပီး ဝန္ခံတယ္။ လြန္ခဲ့တဲ့ အခ်ိန္ေတြမွာလည္း လူ ၄ ေယာက္ကို သတ္လိုက္ၿပီ၊ သူတို႔သတ္လိုက္တဲ့လူ ၉ ဦး ရွိၿပီ။ ဒါေၾကာင့္ သူတို႔လူသတ္တာ ေသခ်ာမွန္ကန္ၿပီး သူတို႔ကိုယ္တိုင္ ဝန္ခံၿပီျဖစ္ တဲ့ အတြက္ KIO အေရွ႕ပိုင္ခ႐ိုင္တရား႐ုံးမွ အျမင့္ဆုံးျပစ္ဒဏ္ စီရင္ခဲ့တယ္” ဟု KNG ကိုေျပာသည္။

ဗန္းေမာ္ခ႐ိုင္ မန္စီၿမိဳ႕နယ္ ဂိုင္ေဒါေက်း႐ြာ၌ ဇူလိုင္လ ၂ ရက္ေန႔ည မိသားစုဝင္ ၅ ဦးျဖစ္သည့္ ေဒၚယမ္ထု (အသက္(၇၀)၊ ဦးယာကုလန္ဇိန္တန္ဂြန္(ဖခင္)၊ ေဒၚေမာ္ရိန္းဆြမ္လြတ္ထုနန္ (မိခင္)၊ ေမာင္လန္ဇိန္ဆန္လီေနာ္၊ ေမာင္လန္ဇိန္ဒြဲဆန္ေအာင္ တို႔ ဓါးခုတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့သည္။ လူသတ္မႈျဖစ္ပြားခဲ့သည့္ အဓိကျပႆနာအေၾကာင္းအရင္းမွာ ဘိုးေဘးစဥ္ဆက္ လုပ္ကိုင္စားေသာက္ခဲ့သည့္ လယ္ယာေျမ အျငင္းပြားမႈေၾကာင့္ျဖစ္သည္ဟု စစ္ေဆးေတြ႕ရွိေၾကာင္းဆိုသည္။ လယ္ယာေျမ အျငင္းပြားမႈႏွင့္ပတ္သက္ၿပီး တရားခံတစ္ဦးသာပါဝင္ေသာ္လည္း လူသတ္ရာတြင္မူတစ္ဦးတည္းမဟုတ္ေၾကာင္းေျပာသည္။

ဇူလိုင္ ၂ရက္ေန႔ လူသတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ၃ ရက္ေန႔တြင္ တရားခံ ၃ ဦးကို ဖမ္းဆီးခဲ့ၿပီး ၎တို႔ ၃ ဦးကို၂၀၂၀ စက္တင္ဘာလ ၂၈ ရက္ေန႔ KIO အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့သည္။ https://burmese.kachinnews.com/2020/10/23/l2-18/

**************

၁၀။ ပလက္ဝတြင္ လုံၿခဳံေရးအားနည္းေၾကာင္း အႀကံျပဳခဲ့ဟု တပ္မေတာ္ေျပာ
25 October 2020

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကို လုံၿခဳံေရးအားနည္းတဲ့ ၃၉ နယ္ေျမထဲမွာ ထည့္သြင္း အႀကံျပဳခဲ့ေပမဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ညႇိႏႈိင္းၿပီး ေ႐ြးေကာက္ပြဲက်င္းပဖို႔ ဆုံးျဖတ္ခဲ့တာလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပဖို႔နဲ႔ပတ္သက္ၿပီး လုံၿခဳံေရးအရ က်င္းပႏိုင္ျခင္း ရွိ၊ မရွိ တပ္မေတာ္က သေဘာထားတင္ျပရာမွာ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ကို လုံၿခဳံေရး အားနည္းတဲ့ ၿမိဳ႕နယ္ေတြထဲမွာ ထည့္သြင္းတင္ျပခဲ့တာပါ။ “ပလက္ဝက လုံၿခဳံေရးအားနည္းတဲ့အတြက္ မက်င္းပရမယ့္ေနရာ ၃၉ နယ္ေျမထဲမွာ က်ေနာ္တို႔ ထည့္သြင္းထားပါတယ္။ ဒီၾကားထဲမွာ ညႇိႏႈိင္းမႈေတြ ရွိပါတယ္။ လုံၿခဳံေရးအရ ေဆာင္႐ြက္ေပးပါဆိုတဲ့ဟာေတြ ရွိပါတယ္။ တတ္ႏိုင္သမွ် ေဆာင္႐ြက္ေပးမယ္ဆိုၿပီး ျပန္ၿပီးေတာ့ အေၾကာင္းျပန္ခဲ့ပါတယ္။ ျပန္ၿပီးတင္ျပခဲ့ပါတယ္။ ဒါေၾကာင့္မိုလို႔ ပလက္ဝသည္ စာရင္းထဲမွာ ပါသြားတယ္။”

အေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္တဲ့ နယ္ေျမေတြ၊ က်င္းပႏိုင္ျခင္းမရွိတဲ့ နယ္ေျမေတြနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာ ၁၆ ရက္က ထုတ္ျပန္ေၾကညာခဲ့ရာမွာ တိုက္ပြဲထိေတြ႕မႈ ျမင့္တက္ေနတဲ့ ပလက္ဝ ၿမိဳ႕နယ္က ေ႐ြးေကာက္ပြဲက်င္းပႏိုင္တဲ့ စာရင္းထဲမွာ ပါဝင္လာၿပီး တခ်ိဳ႕နယ္ေျမေအးခ်မ္းတဲ့ေဒသေတြကေတာ့ စာရင္းထဲ ပါဝင္လာျခင္း မရွိတာပါ။ ဒါနဲ႔ပတ္သက္ၿပီး ေဒသခံေတြနဲ႔ တိုင္းရင္းသားပါတီအခ်ိဳ႕က ေဝဖန္မႈေတြလည္း ရွိခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိတဲ့ ေဒသေတြထဲမွာ ပါဝင္တဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္ က ၆ ၿမိဳ႕နယ္တို႔နဲ႔ပတ္သက္ၿပီး ရွမ္းရဲ႕ေဒသတခ်ိဳ႕နဲ႔ ရခိုင္ရဲ႕ေဒသတခ်ိဳ႕ကိုလည္း ေ႐ြးေကာက္ပြဲက်င္းပ ဖို႔အတြက္ လုံၿခဳံေရးရရွိ ေအာင္ ေဆာင္႐ြက္ေပးမယ္လို႔ တပ္မေတာ္ဘက္က ျပန္လည္တင္ျပထားတယ္လို႔ ဆိုပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေအာက္တိုဘာ ၁၆ ရက္ ထုတ္ျပန္ေၾကညာခ်က္အရ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ စုစုေပါင္း ၃၃၀ မွာ ေ႐ြးေကာက္ပြဲ မျပဳလုပ္ႏိုင္တဲ့ ဆႏၵနယ္ ၁၅ နယ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ၁၆၈ နယ္မွာ ေ႐ြးေကာက္ပြဲ မျပဳလုပ္ႏိုင္တာ ၇ ေနရာရွိတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/419078

***************

၁၁။ PNO ပါတီက ေတာင္ႀကီးၿမိဳ႕တြင္ ဒုတိယအႀကိမ္ မဲဆြယ္စည္း႐ုံးေရး အင္အားျပ လွည့္လည္
24 October 2020

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNO ပါတီမွ ေတာင္ႀကီးၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္ မဲဆြယ္စည္း႐ုံးေရးအင္အားျပ စီတန္း လွည့္လည္ျခင္းကို (ေအာက္တိုဘာ ၂၄) ရက္က ျပဳလုပ္ခဲ့ေၾကာင္း သတင္းရရွိသည္။ ေတာင္ႀကီးၿမိဳ႕နယ္တြင္းရွိ ေက်း႐ြာ အုပ္စုမ်ားမွ ပအိုဝ္းတိုင္းရင္းသား အမ်ားအျပား တက္ေရာက္လာၾကၿပီး၊ ေထာင္ႏွင့္ခ်ီေသာ စီတန္းလွည့္လည္ေရးယာဥ္တန္း သည္ မ်ားျပားလြန္းသျဖင့္ အေနာက္ၿမိဳ႕ပတ္လမ္း ႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတစ္ေလွ်ာက္ ျပည့္လွ်ံခဲ့ၿပီး၊ နာရီ ေပါင္း မ်ားစြာၾကာျမင့္သည္အထိ အင္အားျပယာဥ္တန္းသည္ ရွည္လ်ားခဲ့ေၾကာင္းသိရသည္။ ေမာ္ေတာ္ယာဥ္အစီးေရေပါင္း ေထာင္ ေက်ာ္ခန႔္ ပါဝင္ေသာ ယာဥ္တန္းသည္ PNO ပါတီအမွတ္တံဆိပ္အလံႏွင့္ ပအိုဝ္းအမ်ိဳးသားအလံမ်ားကိုင္ေဆာင္ကာ ပါတီ အလံမ်ား ေဝွ႔ရမ္း၍ ပါတီစည္း႐ုံးေရးသီခ်င္းမ်ားျဖင့္ မဲဆြယ္ စည္း႐ုံးေရး အင္အားျပလွည့္လည္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

“ ဒီေန႔ေတာ့ ပါတီပုံရိပ္ျပတဲ့သေဘာပါ၊ ေတာင္ႀကီးၿမိဳ႕နယ္မွာ ကြၽန္ေတာ္တို႔ PNOပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ ဆိုတာ အသိေပးလိုက္တဲ့သေဘာပါ။ သက္ဆိုင္ရာေ႐ြးေကာက္ပြဲေကာ္မရွင္ကိုလည္း ခြင့္ျပဳခ်က္ေတာင္းတာေပ့ါ။ ဒီေန႔ထူးျခားတာ တစ္ခုက ဖြင့္ေပးလိုက္တာေပ့ါ။ အုပ္စုႏွစ္စု လမ္းေၾကာင္းႏွစ္ေၾကာင္းေပါ့။ ဘယ္သူမဆို လိုက္ပါႏိုင္ေအာင္ေပ့ါ။ ကားေတြ ခ်ည္းပဲ မခန႔္မွန္းႏိုင္ေတာ့ဘူး။ ေတာင္ႀကီးၿမိဳ႕ ေက်ာက္တစ္လုံးအထြက္ ကုန္ၿပီ၊ ေျမပုံနားမွာ မကုန္ေသးဘူး၊ အေနာက္ ၿမိဳ႕ပတ္လမ္းလည္း ရွိေနေသးတုန္းပဲ၊ ကားေတြ အရမ္းမ်ားသြားတယ္။ ဆိုင္ကယ္ေတာ့ မရွိသေလာက္ေပ့ါ။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္းနဲ႔ အေနာက္ၿမိဳ႕ပတ္လမ္း အကုန္ျပည့္သြားတယ္။ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေလာင္းေတြ မပါဘူး။ ေထာက္ခံသူေတြက ဝန္းရံခ်င္တယ္ဆိုလို႔ ေကာ္မရွင္က ခြင့္ျပဳတယ္။ အခုဝန္းရံတာ ထင္တာထက္ကို မ်ားတယ္။ ကြၽန္ေတာ္ တို႔က စည္းကမ္းခ်က္လည္း ထုတ္တယ္။ လိုက္နာၾကဖို႔ အားလုံးကိုယ့္အစီအစဥ္နဲ႔ ကိုယ္လာၾကဖို႔ ထုတ္တယ္။ ေတာင္ႀကီး ၿမိဳ႕နယ္ တစ္ခုပဲ၊ တျခားၿမိဳ႕နယ္ မပါဘူး။ တျခား ဟိုပုံးနဲ႔ေညာင္ေ႐ႊမွာလည္း သူတို႔ဘာသာ သူတို႔ သြားေနတယ္။ ေတာင္ႀကီး ၿမိဳ႕နယ္တြင္း ေထာက္ခံသူေတြေပ့ါ။ ေတာင္နီ ဘန႔္ေကြး ေမြေတာ္တို႔ ပါတယ္။ အဲဒီဘက္လမ္းေၾကာကေန လာတာပါတယ္။ အဓိကေတာ့ လႊတ္ေတာ္ထဲမွာ တိုင္းရင္းသားကိုယ္စားလွယ္ရွိဖို႔လိုတယ္။ တိုင္းရင္းသားေတြဟာ အစိုးရမဖြဲ႕ႏိုင္ေပမယ့္ ကြၽန္ေတာ္ တို႔အခြင့္အေရး၊ အထူးသျဖင့္ ေဒသအခြင့္အေရးေပါ့။ ေတာင္ႀကီးၿမိဳ႕ဆိုရင္ ေဒသတြက္လုပ္တာ အားနည္းတယ္ လို႔ျမင္တယ္။ လူထုလိုအပ္တာေတြ ပိုၿပီးလုပ္ေဆာင္ႏိုင္မယ္လို႔ ယုံၾကည္တာေပ့ါ။ ကိုယ္စားလွယ္ရွိဖို႔ လိုတယ္။ ေဒသဖြံ႕ၿဖိဳး ေရးကိုလည္း ပိုၿပီးလုပ္ႏိုင္မယ္။ ၿပီးေတာ့အ လုပ္လုပ္ရင္လည္း လူထု အတြက္ ပိုလုပ္ႏိုင္မယ္လို႔ ယုံၾကည္တယ္။ ဒါေၾကာင့္ တိုင္းရင္းသားေတြကို အားေပးသင့္တယ္ ”ဟု PNO ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေစာခြန္ေက်ာ္ဝင္းက ေျပာၾကား သည္။

ေတာင္ႀကီးၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း၊ ျပည္နယ္ အမွတ္(၁) ႏွင့္ အမွတ္(၂) လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း၊ စုစုေပါင္း (၃) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ PNO ပါတီသည္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူး တိုင္းတို႔တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၂၈) ဦး ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ https://news-ele ven.com/article/196251

**************

၁၂။ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံသားအခြင့္အေရးရရွိေရး ေက်ာက္မဲစစ္ဒဏ္သင့္လူငယ္ႏွင့္ရပ္မိရပ္ဖမ်ား ေတာင္းဆို
October 23, 2020

ေဒသခံလူထု ၿငိမ္းခ်မ္းစြာေနထိုင္ႏိုင္ေရးႏွင့္ႏိုင္ငံသားအခြင့္အေရးအျပည့္အ၀ ရရွိေရးအတြက္ စစ္ေျမျပင္အတြင္းေနထိုင္ သည့္ လူငယ္မ်ားႏွင့္ ရပ္မိရပ္ဖ မ်ားက က်န္းမာေရးဌာန ထုတ္ျပန္ခ်က္ႏွင့္အညီ ၿငိမ္းခ်မ္းစြာ ေတာင္းဆိုလိုက္သည္။ သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ရွိ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္လူထု ၁၀၀၀ ခန႔္ခိုလႈံခဲ့သည့္ ပုံ၀ိုးဘုန္းႀကီးေက်ာင္း တြင္ (စစ္ေရွာင္မ်ားေနရပ္ျပန္ၾကၿပီးေနာက္ ) ေအာက္တိုဘာ ၂၂ ရက္က ေက်ာက္မဲလူငယ္မ်ားႏွင့္ရပ္မိရပ္ဖမ်ားေတြ႕ဆုံကာ Silent Campaign လုပ္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။“က်ေနာ္တို႔ မနက္ ၁၀ နာရီခြဲကေန ၁၁ နာရီခြဲေလာက္အထိ အဲ့မွာ လူ ၃၀ ေလာက္ေတြ႕ဆုံၿပီးေတာ့ တိုက္ပြဲေတြ အလို မရွိေတာ့တဲ့အေၾကာင္း၊ ေ႐ြးေကာက္ပြဲမက်င္းပရ နယ္ေျမလို႔သတ္မွတ္ ေၾကညာ တာေၾကာင့္ ႏိုင္ငံသားမွတ္ပုံတင္ ကိုင္ထားတဲ့ က်ေနာ္တို႔႐ြာသားေတြ ရသင့္ရထိုက္တဲ့အခြင့္အေရးေတြ ဆုံးရႈံးခဲ့ ရတဲ့အေၾကာင္း ဆႏၵအစစ္အမွန္ကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးၾကတယ္။ ၿပီးေတာ့ စာ႐ြက္ႀကီးအေပၚေရးခ်ၿပီးေတာ့ အဲဒီမွာ Silent Campaign လုပ္ၾကတာျဖစ္ပါတယ္။” ဟု ေက်ာက္မဲလူငယ္တဉီးျဖစ္ေသာ စိုင္းစြမ္မိန္းက သွ်မ္းသံေတာ္ဆင့္ အား ေျပာျပသည္။

ေက်ာက္မဲၿမိဳ႕ ပုံ၀ိုးအုပ္စု ေနာင္ဆင္မ္႐ြာသည္ ေ႐ြးေကာက္ပြဲမက်င္းပနယ္ေျမ အထဲတြင္ပါ၀င္ပါ သည္။ မိမိတို႔႐ြာသားမ်ား အေရးေဆာင္႐ြက္ေပးမည့္ ကိုယ္စားလွယ္ကိုေ႐ြးျခယ္ရန္အခြင့္ မရွိေတာ့သည့္အေပၚ ႐ြာသားမ်ား မေက်မနပ္ျဖစ္ၾကရ ေၾကာင္း Silent Campaign တြင္ပါ၀င္လာသူ ေနာင္ဆင္ေဒသခံမ်ားကေျပာဆိုေနၾကသည္။“အခုလို ေ႐ြးေကာက္ပြဲ မက်င္းပနဲ႔နယ္ေျမအျဖစ္ ေၾကညာလိုက္တာဟာ ႏိုင္ငံသားအခြင့္အေရးသာမက လူသားတေယာက္ရဲ႕အခြင့္အေရးအထိပါ ခ်ိဳးေဖာက္ခံရတာျဖစ္တယ္။ ဒီခ်ိဳးေဖာက္ခံရမႈေတြကို ကိုယ္တိုင္ထၿပီး ႀကိဳးစားေဆာင္႐ြက္မွသာ က်ေနာ္တို႔လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရးအခြင့္အေရးေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကိုရရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္က်ေနာ္တို႔လိုဘဲ အခြင့္အေရးပိတ္ပင္ ခံရ တဲ့ လူငယ္အားလုံးကို မိမိတို႔ႏိုင္ငံသားအခြင့္အေရးအတြက္ ရဲရဲ၀ံ့၀ံ့ထၿပီးေဆာင္႐ြက္ဖို႔တိုက္တြန္းခ်င္ပါတယ္။” – ဟု လည္း စိုင္းစြမ္မိန္းက ေျပာဆိုလိုက္သည္။

အဆိုပါေဒသသည္ ေအာက္တိုဘာလ ၂ ရက္ေန႔ကစၿပီး ၁၃ ရက္ေန႔အထိ NCA လက္မွတ္ထိုးသည့္ RCSS/SSA အားအစိုးရ တပ္မေတာ္ကထိုးစစ္ဆင္သျဖင့္ စစ္ေဘးေရွာင္ ၄၀၀၀ ထက္မနည္း ရွိခဲ့ပါသည္။ ႐ြာမ်ားအတြင္း အစိုးရစစ္သားမ်ား ေနထိုင္လႈပ္ရွားေနဆဲျဖစ္သည့္အျပင္ မေပါက္ကြဲေသးသည့္လက္နက္ႀကီးမ်ား ၊ မိုင္းမ်ား ရွိေနေသးသျဖင့္ အေၾကာက္ တရားႏွင့္ လြတ္လပ္မႈကင္းမဲ့သည့္အေျခအေနၾကား ေနထိုင္ေနေၾကာင္း ႐ြာသားမ်ားေျပာျပခ်က္အရသိရသည္။ https://bu rmese.shannews.org/archives/19040

**************

၁၃။ ေဒသခံ ေက်ာင္းအုပ္ဆရာတစ္ဦးကို KNU မွ အဓမၼဖမ္းဆီးခဲ့ေၾကာင္း တပ္မေတာ္ထုတ္ျပန္၊ အဓမၼဖမ္း ဆီးျခင္းမရွိဟု KNU ေျပာ
October 26, 2020

ကရင္ျပည္နယ္၊ ဖာပြန္ျမဳိ႕နယ္၊ မေထာေက်းရြာအုပ္စု၊ မေထာေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္းအုပ္ ဆရာျဖစ္သူ ဦးျမင့္ေဇာ္ကို KNU ဘက္မွ အဓမၼဖမ္းဆီးေခၚေဆာင္သြားခဲ့သည္ဟု (ေအာက္တိုဘာလ ၂၆ ရက္)တြင္ တပ္မေတာ္သတင္း မွန္ျပန္ၾကားေရးအဖြဲ႔က သတင္းထုတ္ျပန္ခဲ့သည္။

ေက်ာင္းအုပ္ဆရာ ဦးျမင့္ေဇာ္ကို KNU မွ ဖမ္းဆီးၿပီး ၎၏ သားျဖစ္သူကို KNU တြင္ စစ္သားျပဳလုပ္ရန္ ထိေကာ္ထ ေက်းရြာ၌ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၁ ရက္ေန႔က လဲလွယ္ေရး ျပဳလုပ္ေနေၾကာင္း၊ ပညာေရးဆုံးရႈံးမည္ကို မလိုလား သည့္ ေဒသခံ ရြာသားမ်ားမွ နီးစပ္ရာ တပ္စခန္းမ်ားမွတဆင့္ တိုင္ၾကားခဲ့ သည္ဟု တပ္မေတာ္၏ သတင္းထုတ္ျပန္မႈ၌ ေဖာ္ျပထားသည္။ ထို႔အျပင္ အဆိုပါ ကိစၥအေပၚ သက္ဆိုင္ရာ တိုင္းစစ္ဌာနာခ်ဳပ္က KNU ဗဟို ႏွင့္ အမ်ဳိးသား ျပန္လည္သင့္ ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) သို႔ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) အခန္း(၃)၊ အပိုဒ္ (၆)၊ စာပိုဒ္ခြဲ(၉)(ခ) ကို ေဖာက္ဖ်က္မႈအတြက္ အဖမ္းဆီးခံထားရသည့္ ေက်ာင္းအုပ္အား အျမန္ဆုံးျပန္ လႊတ္ေပးေရး ကန္႔ကြက္အေၾကာင္းၾကားထားေၾကာင္းလည္း ဆက္လက္ေဖာ္ျပ ထားသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ၎ေက်ာင္းအုပ္ဆရာကို အဓမၼဖမ္းဆီးေခၚေဆာင္ျခင္းမ်ဳိးမဟုတ္ဘဲ ၎၏ စိတ္ဆႏၵအရ သား ျဖစ္သူ ကိုယ္စားသြားေရာက္ေပးရန္ KNU ေအာက္ေျခတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းသာျဖစ္ေၾကာင္း ကရင္ အမ်ဳိးသားအစည္းအ႐ုံး – KNU မူေၾတာ္ခ႐ိုင္(တပ္မဟာ ၅)ဘက္က တုံ႕ျပန္ေျပာဆိုသည္။ မူေၾတာ္ခ႐ိုင္ ဥကၠ႒ ပဒို ေစာထဲဒယ္ က “အမွန္က အဓမၼဖမ္းတာမဟုတ္ပါဘူး။ တျခားရြာေတြလိုပဲ က်ေနာ္ တို႔ရဲ႕ ျဖည့္တင္းအင္အား လိုအပ္ခ်က္မွာ အဲ့ဒီ ဆရာရဲ႕သားလည္း ပါဝင္ရမယ္လို႔ ေက်းရြာအုပ္စုက ရႈျမင္တဲ့ အေပၚမွာ သူ႔ရဲ႕သားကိုယ္စား ဒီေက်ာင္းပိတ္ရက္ ကာလမွာ သြားလုပ္မယ္ဆိုၿပီး တာဝန္ရွိသူေတြနဲ႔ လာေဆြးေႏြးတယ္။ အဲ့မွာရြာဥကၠ႒ေကာ သူ႔မိန္းမလည္းပါတယ္။ ေဆြးေႏြး တဲ့အခါ သူ႔သားမေရာက္ ႏိုင္ေသးတဲ့ အခ်ိန္မွာ သူခဏလာေနေပးမယ္။ အခုက ရပ္မိရပ္ဖကေန မဲ႐ုံကိစၥအတြက္ ျပန္လာ ကူဖို႔ ေျပာလာေတာ့ တပ္ရင္းကေန ျပန္ခိုင္းလိုက္တယ္။ ဒီကိစၥေတြၿပီးလို႔ သူကိုယ္တိုင္မဟုတ္ရင္ သူ႔သားတစ္ေယာက္ ေယာက္ ျပန္တက္လာရမယ္လို႔ ေျပာေတာ့ ဒါကိုသူက သေဘာတူတဲ့အတြက္ ရြာကိုျပန္သြားခိုင္းတာမ်ဳိးပါပဲ”ဟု ေကအိုင္စီ သို႔ ေျပာ သည္။

အဆိုပါ ျဖစ္စဥ္ ျဖစ္ပြားသည့္ မေထာေက်းရြာသည္ KNU တပ္မဟာ (၅) ထိန္းခ်ဳပ္ နယ္ေျမ၊ ဒြယ္လိုးၿမဳိ႕နယ္ အတြင္း တြင္တည္ရွိေနျခင္းျဖစ္ၿပီး KNU တပ္ပိုင္းဆိုင္ရာအုပ္ခ်ဳပ္ေရး လုပ္ငန္းစဥ္အရ ၎တို႔ထိန္းခ်ဳပ္နယ္ ေျမအတြင္း၏ ၿမိဳ႕နယ္၊ ေက်းရြာအသီးသီးရွိေသာ အိမ္ေထာင္စု တစ္ခုစီတိုင္းရွိ အမ်ဳိးသားတိုင္း စစ္မႈမ ထမ္းမေနရ မူဝါဒရွိေၾကာင္း KNUဘက္က ဆိုသည္။ KNU ႏွင့္ အစိုးရ ၊ တပ္မေတာ္တို႔အၾကား NCA အပစ္ရပ္လက္မွတ္ထိုးျခင္း (၅)ႏွစ္ျပည့္သြားခဲ့ေသာ္လည္း ယေန႔ အခ်ိန္ထိ လုံၿခဳံေရးႏွင့္ တပ္ပိုင္းဆိုင္ရာ ကိစၥရပ္မ်ား၊ နယ္ေျမပိုင္းျခားသတ္မွတ္ျခင္းဆိုင္ရာကိစၥရပ္မ်ား မေဆြးေႏြးႏိုင္ေသး ေသာေၾကာင့္ KNU ႏွင့္တပ္မေတာ္အၾကား အလားတူကိစၥရပ္မ်ား အႀကိမ္ႀကိမ္ျဖစ္ပြားလ်က္ရွိၿပီး အျပန္အလွန္ကန္႔ကြက္ တိုင္ၾကာမႈမ်ားလည္း မၾကာခဏ ျပဳလုပ္ၾကသည္။ http://kicnews.org/2020/10/%e1%80%b1%e1%80%92%e1 %80%9e%e1%80%81%e1%80%b6-

*************

၁၄။ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ ေ႐ြးေကာက္ပြဲ ႏိုင္ဖို႔လိုတယ္လို႔ SNLD ဥကၠ႒ ေျပာ
October 26, 2020

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို အစကေန အဆုံးတိုင္ ျပန္လည္ ျပင္ဆင္ေရး၊ စစ္အာဏာရွင္ တိုက္ဖ်က္ေရးနဲ႔ လူမ်ိဳးႀကီးဝါဒ တိုက္ဖ်က္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္႐ြက္သြားမယ္ လို႔ ပါတီဥကၠ႒ ဦးခြန္ထြန္းဦး ကေျပာပါတယ္။ ဒီေန႔ က်ေရာက္တဲ့ SNLD ပါတီ တည္ေထာင္ျခင္း ၃၂ ေျမာက္ေန႔ ႏွစ္ပတ္ လည္ အခမ္းအနားကို အြန္လိုင္းကေန က်င္းပရာမွာ ပါတီ ဥကၠ႒ ဦးခြန္ထြန္းဦးက တက္ေရာက္ မိန႔္ခြန္းေျပာခဲ့ တာျဖစ္ပါ တယ္။

ပါတီရဲ႕ ရည္႐ြယ္ခ်က္လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ဖို႔ လႊတ္ေတာ္တြင္းနဲ႔ လႊတ္ေတာ္ျပင္ပ အားေကာင္းဖို႔လိုၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ SNLD ပါတီအေနနဲ႔ ရာခိုင္ႏႈန္းမ်ားမ်ားနဲ႔ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ဖို႔ လိုတယ္လို႔ သူကေျပာပါတယ္။ ပါတီဝင္ေတြ၊ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔လည္း ႏိုင္ငံေရးဝမ္းစာျပည့္ေအာင္ ျဖည့္ၾကဖို႔ ပါတီ ဥကၠ႒ က တိုက္တြန္းလိုက္ပါတယ္။

SNLD ပါတီဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း ၁၃၀ ေက်ာ္နဲ႔ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္မွာ ျဖစ္ပါတယ္။ မိုင္းကိုင္ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း ေကာ္မရွင္က ေၾကညာထားတာကို က်င္းပေပးဖို႔ ထပ္မံေတာင္းဆို သြားမယ္လို႔လည္း ပါတီအေထြေထြ အတြင္းေရးမွဴး ဦးစိုင္းလိတ္ ကေျပာပါတယ္။ https://www.rfa.org/burmese/ne ws/snld-chairman-said-they-need-to-win-election-to-amend-constitution-102620200 51222.html

**************

၁၅။ ေမာင္ေတာနဲ႔ ေပါက္ေတာမွာ ေ႐ြးေကာက္ပြဲလုပ္ႏိုင္ဖို႔ ျပည္နယ္ေကာ္မရွင္ ႀကိဳးပမ္း
October 26, 2020

ရခိုင္ျပည္နယ္ထဲက တခ်ိဳ႕မဲဆႏၵနယ္ေျမေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ရေအာင္ ေတာင္းဆိုသြားမယ္လို႔ ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာလိုက္ပါတယ္။ ေပါက္ေတာၿမိဳ႕နယ္နဲ႔ မြတ္စလင္ အမ်ားစုေနထိုင္ရာ ေမာင္ေတာၿမိဳ႕နယ္ အပါအဝင္ စစ္ေတြနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ထဲက ရပ္ကြက္ေက်း႐ြာတခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ရဖို႔ စီစဥ္ေနတာပါ။

စစ္ေရးတင္းမာမႈေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ လုံၿခဳံေရးအရ မက်င္းပႏိုင္တဲ့ မဲဆႏၵနယ္ေျမေတြ ရွိပါတယ္။ အဲဒီအထဲက ေပါက္ေတာနဲ႔ ေမာင္ေတာၿမိဳ႕နယ္ အပါအဝင္ စစ္ေတြနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္ထဲက ရပ္ကြက္၊ ေက်း႐ြာတခ်ိဳ႕မွာ ေ႐ြးေကာက္ ပြဲ က်င္းပခြင့္ရဖို႔ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ဒီမနက္ စစ္ေတြၿမိဳ႕ ျပည္နယ္ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွာ ေဆြးေႏြးခဲ့ၾကတာပါ။ ဒီေဆြးေႏြးခ်က္ေတြကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ဆီ တင္ျပသြားမယ္လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ေဒၚတင္လႈိင္ ေျပာပါတယ္။ ဒီႏွစ္ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ဘူးလို႔ ေအာက္တိုဘာ ၁၆ ရက္ေန႔ကမွ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ကေန ထုတ္ျပန္ထားတာ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္နဲ႔ ေက်း႐ြာေပါင္း ၁၅ဝ ေက်ာ္ရွိပါတယ္။

မြတ္စလင္အမ်ားစု ေနထိုင္ရာ ေမာင္ေတာၿမိဳ႕နယ္မွာဆိုရင္ လက္ရွိ မဲေပးခြင့္ရွိသူ ၂၈၀၅၄ ဦးရွိတယ္လို႔ ေမာင္ေတာၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ေဒၚေအးျမတ္သူဇာေက်ာ္က ေျပာပါတယ္။ ဒီအထဲမွာ မြတ္စလင္ ဘယ္ႏွစ္ဦး ပါဝင္တယ္ဆိုတာကိုေတာ့ သီးျခားစာရင္းမခြဲထားဘူးလို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၁၅ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ေမာင္ေတာၿမိဳ႕နယ္မွာ မဲေပးခြင့္ရွိသူ မြတ္စလင္ ၇၁ ဦး ရွိတယ္လို႔ ေမာင္ေတာခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ခဲ့ ဖူးပါတယ္။ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ေျပာဆိုခ်က္အရ – ေ႐ြးေကာက္ပြဲမက်င္းႏိုင္တဲ့ ၿမိဳ႕နယ္ေတြနဲ႔ ေက်း႐ြာေတြ မွာ ဒီႏွစ္ မဲေပးခြင့္ရွိသူ ခန႔္မွန္းေျခ ၁၂ သိန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ရခိုင္အမ်ိဳးသားပါတီက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးထြန္းေအာင္ေက်ာ္ကေတာ့ ျပည္သူေတြအတြက္ ေတာ္ေတာ္ေလးကို ဆုံးရႈံးမႈေတြ ျဖစ္လာမယ္လို႔ ေထာက္ျပပါတယ္။

အခုလို ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ေတြ၊ ရပ္ကြက္ေက်း႐ြားေတြတစ္ခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ႕က်င္းပေပးဖို႔ ေတာင္းဆိုတာနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ သေဘာထားကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဒီေန႔ညေန ၅ နာရီခြဲအထိ တစ္စုံတစ္ရာ တုံ႔ျပန္ေျပာဆိုျခင္း မရွိပါဘူး။ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဒီအစီအစဥ္နဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန႔္ကို RFA က ဆက္သြယ္ေမးျမန္းရာမွာ သူ႔အေနနဲ႔ ဘာမွတ္ခ်က္မွ မေပးလိုေၾကာင္းေျပာၿပီး ဖုန္းခ်သြားခဲ့ပါတယ္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။ https://www.rfa.org/burmese/news/goingtosubmitto heldelectionintwotownshipsandothe rs10262020091037

**************

၁၆။ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မႈ မရွိျခင္းက ေကာ္မရွင္၏ သမာသမတ္ရွိမႈ၊ ပြင့္လင္းျမင္ သာရွိမႈႏွင့္ ဂုဏ္သိကၡာရွိမႈတို႔ကို ေမးခြန္းထုတ္စရာ ျဖစ္ေၾကာင္းႏွင့္ ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္း NBF ထုတ္ျပန္
24 October 2020

ရန္ကုန္တိုင္းကဲ့သို႔ COVID-19 ေရာဂါကပ္ေဘး အႀကီးအက်ယ္ ႀကဳံေတြ႕လ်က္ရွိသည့္ ေဒသတြင္ ေ႐ြးေကာက္ပြဲ က်င္းပ ေသာ္လည္း နယ္ေျမလုံၿခဳံေရး မပ်က္ယြင္း၊ COVID-19 ပ်ံ႕ႏွံ႔မႈ စိုးရိမ္ဖြယ္ မရွိသည့္ တိုင္းရင္းသားပါတီမ်ား အားေကာင္း ေသာ ျပည္နယ္ေဒသမ်ားတြင္ ေ႐ြးေကာက္ပြဲ က်င္းပရန္ စီစဥ္ေဆာင္႐ြက္ႏိုင္မႈ မရွိျခင္းက ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ သမာသမတ္ရွိမႈ၊ ပြင့္လင္းျမင္သာရွိမႈႏွင့္ ဂုဏ္သိကၡာရွိမႈတို႔ကို ေမးခြန္းထုတ္စရာ ျဖစ္ေစသည္ဟု ညီေနာင္ တိုင္းရင္းသားပါတီမ်ား ဖက္ဒေရးရွင္း (NBF) က ေအာက္တိုဘာ ၂၁ ရက္တြင္ ထုတ္ျပန္သည္။

ထို႔ေၾကာင့္ ေကာ္မရွင္၏ ေ႐ြးေကာက္ပြဲနယ္ေျမ ဖ်က္သိမ္းျခင္းဆိုင္ရာ ထုတ္ျပန္ခ်က္ကို ျပင္းထန္စြာ ကန႔္ကြက္ေၾကာင္းႏွင့္ အဆိုပါ ထုတ္ျပန္ခ်က္ကို အခ်ိန္မီ ျပန္လည္ ျပင္ဆင္ေပးရန္ တိုင္းရင္းသား မဟာမိတ္ အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ NBF က ထုတ္ျပန္သည္။“တိုင္းရင္းသားေဒသေတြမွာ UEC ရဲ႕ သေဘာထားက မွ်တမႈ မရွိဘူးေလ။ ဒါအကုန္သိၿပီးသား။ UCE အေနနဲ႔ ဒီဟာကို Fair မျဖစ္ဘူး။ အဲ့ေတာ့ ျပန္လည္ စဥ္းစားသင့္တယ္” ဟု NBF ေျပာေရးဆိုခြင့္ရွိသူ ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးဦးလွေစာက ေျပာၾကားသည္။ NBF သည္ ရခိုင္အမ်ိဳးသားပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ၊ ဖက္ဒရယ္ျပည္ေထာင္စုပါတီ အပါအဝင္ တိုင္းရင္းသားပါတီ ၁၅ ပါတီျဖင့္ ဖြဲ႕စည္းထားသည့္ မဟာမိတ္ အဖြဲ႕အစည္း တစ္ခုျဖစ္သည္။

ရခိုင္၊ ရွမ္း၊ ကခ်င္၊ ကရင္၊ မြန္ႏွင့္ ပဲခူး စသည့္ ျပည္နယ္ႏွင့္ တိုင္း ေျခာက္ခုရွိ ၿမိဳ႕နယ္အခ်ိဳ႕မွ ရပ္ကြက္၊ ေက်း႐ြာအုပ္စု အခ်ိဳ႕ တြင္လည္း ေ႐ြးေကာက္ပြဲ က်င္းပမည္ မဟုတ္ေၾကာင္း ေၾကညာခ်က္တြင္ ပါရွိသည္။ အထက္ပါ ေ႐ြးေကာက္ပြဲ ပယ္ဖ်က္ မဲဆႏၵနယ္မ်ားသည္ တိုင္းရင္းသားပါတီမ်ား ခိုင္မာအားေကာင္းသည့္ မဲဆႏၵနယ္အမ်ားစု ျဖစ္သည္ကို ဝမ္းနည္းဖြယ္ေတြ႕ရွိ ရၿပီး ယင္းမဲဆႏၵနယ္မွ ျပည္သူမ်ားအေနျဖင့္ မဲေပးခြင့္ အခြင့္အေရးလည္း ဆုံးရႈံးၾကမည္ဟု NBF ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။ လြတ္လပ္ၿပီး တရားမွ်တေသာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေသာ အေျခအေနမရွိ၍ တိုင္းႏွင့္ ျပည္နယ္ ေျခာက္ခုရွိ မဲဆႏၵနယ္အခ်ိဳ႕ကို ပယ္ဖ်က္ျခင္းျဖစ္သည္ဟု ေကာ္မရွင္ ေၾကညာခ်က္တြင္ ေဖာ္ျပသည္။ https://news-eleven.com/a rticle/196240

**************

၁၇။ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မြန္ျပည္သစ္နယ္ေျမအတြင္း မဲဆြယ္စည္း႐ုံးေရး ျပန္လည္ေျဖေလွ်ာ့ေပး
October 26, 2020

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မြန္ျပည္သစ္ထိန္းခ်ဳပ္နယ္ေျမ ေတာင္ေပါက္ေဒသ ၂၄ ႐ြာတြင္ ႏိုင္ငံေရး ကိုယ္စား လွယ္မ်ား လြတ္လပ္စြာဝင္ေရာက္ မဲဆြယ္စည္း႐ုံးႏိုင္ေၾကာင္း မြန္ျပည္သစ္ပါတီ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး ေကာ္မတီ(ဗဟို) က ယမန္ေန႔ ရက္စြဲျဖင့္ ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။ ထိုသို႔ မဲဆြယ္စည္း႐ုံးရာတြင္ လူ ၃၀ ဦးထက္ မပိုေစရန္ႏွင့္ က်န္းမာေရးဌာနမ်ား၏ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ စုေဝးစည္း႐ုံးရမည္ျဖစ္သည္။ ယခင္ထုတ္ျပန္ ခ်က္အရ အဆိုပါေတာင္ေပါက္ေဒသ ၂၄ ႐ြာမ်ားတြင္ အျခားၿမိဳ႕နယ္မွလာေရာက္ေသာ ႏိုင္ငံေရးပါတီအဖြဲ႕ဝင္မ်ားအား မဲဆြယ္စည္း႐ုံး ေရးဝင္ေရာက္ခြင့္မျပဳခဲ့ရာမွ ျပန္လည္ေျဖေလွ်ာ့ေပးျခင္းျဖစ္သည္။

ထို႔ျပင္ ျပည္တြင္း Stay at Home သတ္မွတ္ခံထားရသည့္ေဒသမွ မိမိေနရပ္သို႔ျပန္လာလိုပါက အနီးစပ္ဆုံးရွိသည့္ မြန္ျပည္ သစ္ ပါတီ႐ုံးမ်ားတြင္ ခရီးသြားလာခြင့္ေထာက္ခံခ်က္ရယူရမည္ျဖစ္ၿပီး မိမိေနရပ္သို႔ျပန္ေရာက္ပါက သက္ဆိုင္ရာ ၿမိဳ႕နယ္ႏွင့္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး႐ုံးမ်ားသို႔ အသိေပး၍ မိမိေနအိမ္/ၿခံအတြင္း Stay at Home (၇) ရက္ၾကာ ေနထိုင္ရမည္ဟု ဆိုသည္။ ကိုဗစ္ဒုတိယလႈိင္း ကူးစက္မႈျမန္ဆန္လာသျဖင့္ က်န္းမာေရးလုပ္ငန္းကိစၥမ်ား ေဆာင္႐ြက္သည့္ လုပ္ငန္းကိစၥမွ အပ အရပ္ ဖက္ လူမႈအဖြဲ႕အစည္းမ်ားျဖစ္သည့္ CBO, CSO, NGO, INGO မ်ား ထိန္းခ်ဳပ္ဧရိယာအတြင္း ဝင္ေရာက္ခြင့္ မျပဳေၾကာင္း မြန္ျပည္သစ္ပါတီ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးေကာ္မတီ(ဗဟို) က ၂၀၂၀ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ေန႔စြဲျဖင့္ စည္းကမ္းသတ္မွတ္ခ်က္၍ ထုတ္ျပန္ထားသည္။

အလားတူ ၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ အေထြေထြေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ရန္ မဲ႐ုံမ်ားအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔ ညႇိႏႈိင္းထုတ္ျပန္ထားေသာ စည္းမ်ဥ္း၊ စည္ကမ္းမ်ား ႏွင့္ ကိုက္ညီေအာင္ ေဆာင္႐ြက္ႏိုင္ရန္ လူ ၃၀ ဦးထက္ပို၍ စုေဝးျခင္းကိုခြင့္ျပဳေၾကာင္း ယမန္ေန႔တြင္ သက္ဆိုင္ရာဝန္ႀကီးက လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ေၾကာင္း ေတြ႕ရသည္။ http://burmese.monnews.org/20 20/10/26/%e1%80%80 %e1%80%bc%e1%80%ac%e1%80%a1%e1%

**************

၁၈။ ပူတာအိုတြင္ KSPP ပါတီဝန္းရံသူမ်ား ပထမဦးဆုံးအႀကိမ္ လွည့္လည္အင္အားျပ
27 October 2020

ပူတာအိုလြင္ျပင္မွာ ကခ်င္ျပည္နယ္အေျခစိုက္ KSPP ပါတီက ေအာက္တိုဘာ ၂၆ ရက္ေန႔က ၀န္းရံသူအင္အား ၁,၃၀၀ ေလာက္နဲ႔ ပထမဦးဆုံးအႀကိမ္ အင္အားျပလွည့္လည္မဲဆြယ္ခဲ့တယ္လို႔ KSPP ပါတီ ပူတာအိုၿမိဳ႕နယ္အတြင္း‌ေရးမွဴး ဦးေအာင္ခမ္း က ေျပာပါတယ္။ အခုလိုအင္အားျပတာဟာ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP)က ပါတီအသစ္ျဖစ္တာ ေၾကာင့္ လူထုေတြသိေအာင္ လွည့္လည္မဲဆြယ္တာျဖစ္ၿပီး KSPP ပါတီအေနနဲ႔ အင္အား ေတာင့္တင္းမွသာ ျပည္နယ္ဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ေဆာင္ႏိုင္မွာ ျဖစ္တာေၾကာင့္ ျပည္သူလူထု သိရွိလာေအာင္ ခုလိုအင္အားျပတာလို႔ ဦးေအာင္ခမ္းက ေျပာပါတယ္။

“လမ္းေၾကာင္း ၃ ေၾကာင္းအျဖစ္သတ္မွတ္ကာ အင္အားျပလွည့္လည္ သြားမွာျဖစ္ၿပီး ပထမလမ္းေၾကာင္းအေနနဲ႔ ပူတာအို ၿမိဳ႕နယ္ အထက္ ဆန္ေဂါင္ထိ ၿပီးေတာ့ လုံရွာယန္၊ ေနာင္ခိုင္ စတဲ့ေနရာေတြမွာ လွည့္လည္သြားမွာပါ”လို႔ ဆိုပါတယ္။ အင္အားျပ၀န္းရံသူေတြက ပါတီ၀င္တခ်ိဳ႕နဲ႔ ေဒသခံျပည္သူေတြျဖစ္ၿပီး ႏို၀င္ဘာလဆန္းမွာလည္း ေနာက္ထပ္အင္အားျပ လွည့္လည္ဖို႔ အစီအစဥ္ရွိတယ္လို႔ေျပာပါတယ္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ(KSPP) ဟာ ပူတာအိုခ႐ိုင္အတြင္းမွာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္နယ္ လႊတ္ေတာ္ စတဲ့ေနရာေတြအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၆ ဦး ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ http://burmese.dvb .no/archives/419417

***************

၁၉။ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ ( PNO ) ပါတီ အင္အား ၁၅၀၀ ျဖင့္လွည့္လည္မဲဆြယ္
October 25, 2020

လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ပအိုဝ္းတိုင္းရင္းသားမ်ားေနထိုင္ၾကသည့္ ေက်း႐ြာမ်ားႏွင့္ ရပ္ကြက္တခ်ိဳ႕တို႔တြင္ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ ခ်ဳပ္ ( PNO ) ပါတီက ေမာ္ေတာ္ယာဥ္မ်ား၊ဆိုင္ကယ္မ်ားအသုံးျပဳကာ ေအာက္တိုဘာ ၂၅ ရက္ေန႔ ၉ နာရီခန႔္က ဝန္းရံသူ ၁၅၀၀ ခန႔္ျဖင့္ လွည့္လည္မဲဆြယ္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ ထိုသို႔လွည့္လည္မဲဆြယ္ရာတြင္ လြိဳင္ေကာ္ၿမိဳ႕ရွိ ႏြားလဝိုးေက်း႐ြာအုပ္စု၊ပဒါးေညးေက်း႐ြာတြင္ လူစုေဝးခဲ့ၿပီး ပအိုဝ္းတိုင္းရင္းသားမ်ားေနထိုင္သည့္ ေက်း႐ြာ ၂၈ ႐ြာႏွင့္ ရပ္ကြက္ သုံးခုတို႔တြင္ လွည့္လည္မႈမ်ားျပဳလုပ္ခဲ့သည္။ ထို႔ျပင္ လိုက္ပါဝန္းရံသူမ်ားအား ကိုဗစ္ေရာဂါကာကြယ္ေရးအတြက္ ႏွာေခါင္းစီးမ်ားတပ္ရန္၊ အျခားေသာအဖြဲ႕ အစည္းမ်ားႏွင့္ ပါတီမ်ားအေပၚ စကားေျပာဆိုမႈမ်ားဆင္ျခင္ရန္၊ဟစ္ေအာ္မႈမ်ား မျပဳလုပ္ရန္တို႔ကို လိုက္နာေစ ခ်င္ျဖင့္ မဲဆြယ္မႈျပဳလုပ္ခဲ့ေၾကာင္း ပါတီဥကၠ႒ ဦးအုန္းေဖေလးက ေျပာသည္။

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ ၎ကိုယ္ပိုင္အုပ္ခ်ဳပ္ရေဒသတြင္ ၂၀၁၀၊၂၀၁၅ ခုႏွစ္က က်င္းပျပဳလုပ္ခဲ့သည့္ အေထြ ေထြေ႐ြးေကာက္ပြဲမ်ားတြင္ တျခားေသာ မဲဆႏၵနယ္မ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ကယားျပည္နယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းသည္ ပထမဆုံးျဖစ္ေၾကာင္းလည္း ပါတီဥကၠ႒ ဦးအုန္းေဖေလး က ေျပာသည္။“လက္ရွိအေျခအေနမွာ ပါတီႀကီးေတြနဲ႔ယွဥ္ၿပိဳင္ရတဲ့အခါက်ေတာ့ ပထမဆုံးေျခလွမ္းအေနနဲ႔ က်ေနာ္တို႔ ပအိုဝ္းအမ်ိဳးသားပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္တာပါ။အိုဝ္းတိုင္ရင္းသားေဒသခံအားလုံးရဲ႕ဝန္းရံမႈနဲ႔ က်ေနာ္တို႔ က ဝင္ေရာက္ ယွဥ္ၿပိဳင္မွာျဖစ္တယ္ဟု မဲဆြယ္ စည္း႐ုံးေရး မထြက္ခြာမီ ဦးအုန္းေဖေလးက ေျပာသည္။

ကယားျပည္နယ္၊လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီအေနျဖင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ေလာင္း ဦးအုန္းေဖေလး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မဲဆႏၵနယ္အမွတ္ (၁၁) ခြန္ေအာင္ေဇယ်၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မဲဆႏၵနယ္အမွတ္ (၁) ခြန္ေက်ာ္မင္းထြန္းႏွင့္ မဲဆႏၵနယ္အမွတ္ (၂) ေဒၚဝင္းျပည့္မြန္ တို႔ က ယွဥ္ၿပိဳင္မည္ ျဖစ္သည္။ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ျဖစ္သည့္ ဟိုပုန္းၿမိဳ႕နယ္ ၊ ပင္ေလာင္းၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္တို႔အျပင္ ပအိုဝ္းတိုင္းရင္းသားအမ်ားစုေန ထိုင္ၾကသည့္ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီးတို႔တြင္ မဲဆႏၵနယ္ ၃၅ ေနရာအထိ ဝင္ေရာက္ယွဥ္ၿပိဳင္သြား မည္ ျဖစ္ေၾကာင္း သိရသည္။ http://www.mizzimaburmese.com/article/74874

**************

၂၀။ ပလက္ဝတြင္ ေ႐ြးေကာက္ပြဲမလုပ္ရန္ အႀကံျပဳေသာ္လည္း UEC က က်င္းပခ်င္သျဖင့္ တပ္မေတာ္ဘက္က ညႇိႏႈိင္း ေပးခဲ့ရဟု တပ္မေတာ္ ရွင္းလင္း
October 24, 2020 15

လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ နယ္ေျမမေအးခ်မ္းေသာ ခ်င္းျပည္နယ္ ပလက္၀ေဒသအခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲမျပဳ လုပ္သင့္ဟု တပ္မေတာ္က အႀကံျပဳခဲ့ေသာ္လည္း UEC က ေ႐ြးေကာက္ပြဲ က်င္းပခ်င္သည့္အတြက္ တပ္မေတာ္ဘက္က ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ရေၾကာင္း တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ ေအာက္တိုဘာလ ၂၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။ လုံၿခဳံေရးအရ မဲေပးႏိုင္သည့္ အေျခအေနမရွိဟု တပ္မေတာ္က အႀကံျပဳခဲ့ေသာ ၿမိဳ႕နယ္ေပါင္း ၃၉ ၿမိဳ႕နယ္အထိ ရွိခဲ့ေၾကာင္း၊ တပ္မေတာ္က လုံၿခဳံေရးေပး လွ်င္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္သည့္ၿမိဳ႕နယ္ ၂၀ အထိ ရွိသည္ဟု အႀကံျပဳခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ သို႔ေသာ္ တပ္မေတာ္က အႀကံျပဳရသည့္အေျခအေနသာျဖစ္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆုံးျဖတ္ရေသာ အဖြဲ႕အစည္းျဖစ္သည္ဟု ၎က ဆိုသည္။

ရခိုင္ျပည္နယ္တြင္ ေ႐ြးေကာက္ပြဲ မက်င္းပျဖစ္၍ မဲေပးခြင့္ဆုံးရႈံးရသည့္သူမ်ားထဲတြင္ တပ္မေတာ္သားမ်ားလည္း ပါဝင္ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆက္လက္ေျပာၾကားသည္။ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္ ႏွင့္ ရွမ္းျပည္နယ္ ရွိ ၿမိဳ႕နယ္ ၆ၿမိဳ႕နယ္တို႔ကို လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲမက်င္းပရန္ ကာကြယ္ေရးဝန္ႀကီးဌာနႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနက မွတ္ ခ်က္ေပးခဲ့ေၾကာင္း ေအာက္တိုဘာလ ၂၃ ရက္ေန႔ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္း ပြဲတြင္ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာဆိုထားသည္။

UEC ၏ ေ႐ြးေကာက္ပြဲ မျပဳလုပ္ႏိုင္ေသာေနရာမ်ား ေၾကညာခဲ့သည့္အတြက္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္အတြက္ တစ္ ႏိုင္ငံလုံးအတိုင္းအတာအရ ၃၃ဝေနရာရွိသည့္အနက္ က်င္းပမည့္ ေနရာေပါင္း ၃၁၅ခုသာရွိၿပီး မက်င္းပႏိုင္သည့္ေနရာ ၁၅ ခုရွိေၾကာင္း၊ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္အတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ၁၆၈ ေနရာရွိအနက္ က်င္းပႏိုင္ သည့္ မဲဆႏၵနယ္ ၁၆၁ ေနရာရွိၿပီး မက်င္းပႏိုင္သည့္ မဲဆႏၵနယ္ ၇ ေနရာကာ တိုင္းေဒသႀကီးျပည္နယ္လႊတ္ေတာ္ ၆၄၄ ေန ရာရွိသည့္အနက္ ၆၁၄ ေနရာသာက်င္းပႏိုင္ျခင္းရွိၿပီး မက်င္းပႏိုင္သည့္ေနရာ ၃ဝခု ရွိေၾကာင္း သမၼတ႐ုံးထံမွ သိရွိရသည္။ https://www.khitthitnews.com/2020/10/%e1%80%95%e1%80%9c%e1%80%80%e1%80%ba%e1%80

************

၂၁။ ျမဝတီနယ္စပ္ အမွတ္ ၂ တံတားမွ ႏွစ္နိုင္ငံကုန္သြယ္မႈ ရပ္ဆိုင္းထား၍ ေဒသတြင္း စားသုံးကုန္ေဈးကြက္အေပၚ ရိုက္ခတ္ မႈ႐ွိေန
October 24, 2020

အိမ္နီးခ်င္းထိုင္းႏိုင္ငံႏွင့္ အဓိကကုန္သြယ္မႈ ျပဳလုပ္ေနသည့္ ျမဝတီနယ္စပ္ ျမန္မာ-ထိုင္း အမွတ္ ၂ ခ်စ္ၾကည္ေရး တံတားမွ ႏွစ္နိုင္ငံကုန္သြယ္မႈကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၉ ရက္ေန႔စ၍ ကုန္စည္ျဖတ္သန္းမႈကို ယာယီရပ္ဆိုင္းလိုက္သည့္ အတြက္ လက္ရွိတြင္ ေဒသတြင္းစားသုံးကုန္ေဈးကြက္အေပၚ ရိုက္ခတ္မႈရွိေနေၾကာင္းသိရသည္။ Covid-19 ေရာဂါကူးစက္ ျပန္႔ပြားမႈ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ထိုင္းႏွင့္ျမန္မာ ႏွစ္ဖက္သေဘာတူညီမႈျဖင့္ ကုန္သြယ္မႈ ယာယီရပ္ဆိုင္းထားသလို covid- 19 ဂယက္ေၾကာင့္ ျပည္တြင္း၌လည္း အသြားအလာ ကန႔္သတ္ထားသည့္အတြက္ ကုန္ပစၥည္းသယ္ယူေရာင္းခ်ရာ တြင္အခက္အခဲျဖစ္ျခင္း ၊ ေဈးႏွုန္းျမင့္တက္လာျခင္းတို႔ရွိေနသည္ဟု ယခင္ထိုင္းဘက္ျခမ္းကေန၍ ဟင္းသီးဟင္းရြက္မ်ားကို ျမန္မာဘက္သို႔ တင္သြင္းၿပီး ျမဝတီၿမိဳ႕ ဘုရင့္ေနာင္ေစ်းတြင္ ျပန္လည္ျဖန္႔ျဖဴးေရာင္းခ်ေပးေနသည့္ ကုန္စိမ္းဒိုင္မ်ားထံမွ သိရ သည္။

ကရင္ေလး ကုန္စိမ္းဒုိင္မွ မေအးေအးေထြးက “အရင္ကဆိုရင္ ထိုင္းဘက္ျခမ္းမွာ ဝယ္ယူခဲ့စဥ္သခြားသီး ၁၀ ကီ လိုကို က်ပ္ ၃၅၀၀ / ၄၀၀၀ က်ပ္သာ ႐ွိေနေပမယ့္ ယခုအခါမွာေတာ့ ျမန္မာျပည္ေအာက္ဘက္ျခမ္းကေန သြားဝယ္တဲ့ လမ္းခရီးမွာ သြားေရးလာေရးအခက္အခဲအျပင္ သီးနွံေစ်းကလည္းႀကီးလို႔ အခုဆိုရင္ ၁၀ ကီလိုပို ၆,၀၀၀ က်ပ္နဲ႔ ျပန္လည္ေရာင္းခ် ေနရတယ္။ အျခားကုန္စိမ္းသီးႏွံေတြလည္း အလားတူ ေစ်းတိုးျမႇင့္ေရာင္းခ်ေနရတယ္”ဟုေျပာသည္။ ၎အျပင္ ေဈးသြား ေဈး၀ယ္ေလ်ာ့နည္းလာသလို ေဈးဦးမေပါက္သည့္ေန႔ပင္ရွိေၾကာင္းလည္း ျမဝတီၿမိဳ႕ဘုရင့္ေနာင္ေဈးအတြင္း အထည္ ႏွင့္ အျခားလူသံုးကုန္ပစၥည္းဆိုင္မွ ေဈးသည္မ်ားက ေျပာသည္။ ျမ၀တီၿမိဳ့ဘုရင့္ေနာင္ေစ်းမွ သစ္သီးမ်ိဳးစုံေရာင္းခ်သူ ေဒၚခင္ေဆြသက္ က“ ျပည္တြင္းကေနမွာ ယူေရာင္းခ်တာ ခရီးေဝးေတာ့ သစ္သီးေတြ နာလာသလို ေဈးလည္းပိုလာတယ္။ အသီးေတြလည္း မလတ္ဆတ္ေတာ့ေရာင္း ပန္းမလွဘူး။ ယခင္ထိုင္းဘက္က၀ယ္ေရာင္းရာမွာ သယ္ယူတဲ့ေနရာက နီးတယ္ ေလ။ တစ္ေန႔စာကုန္သေလာက္ သြား၀ယ္ေတာ့ လတ္လတ္ဆတ္ဆတ္ျဖစ္လို႔ လူႀကိဳက္မ်ားပါတယ္။ ေစ်းႏႈန္းလည္း သက္သာတဲ့အတြက္ ျပန္ေရာင္းရတာပိုၿပီးအဆင္ေျပတာေပါ့။ ဒါေၾကာင့္ယာယီပိတ္ထားတဲ့ ျမဝတီနယ္စပ္တံတား အျမန္ဆံုး ျပန္ဖြင့္ဖို႔ ကိုပဲ ေမွ်ာ္လင့္ေနရတယ္”ဟု ဆုိသည္။

ျမ၀တီဘက္တြင္ ဟင္းသီးဟင္းရြက္ ၊သစ္သီး၊ အသား၊ ငါး၊ စားေသာက္ကုန္အခ်ိဳ့့ေဈးတက္လာသလုိ ထုိင္းႏုိင္ငံ မဲေဆာက္ ေဈးကြက္တြင္ ျမန္မာဘက္မွ ၀ယ္လိုအားမရွိ၍ ကုန္ေဈးႏွုန္း ထိုးက်သြားေၾကာင္းလည္း သိရၿပီး လာမည့္ ေအာက္တိုဘာလ ၂၇ ရက္ေန႔တြင္ အဆိုပါ ထိုင္း-ျမန္မာ အမွတ္ ၂ တံတားကို ႏွစ္ႏိုင္ငံကုန္ သြယ္မႈျပန္ လည္ျပဳလုပ္ႏုိင္ရန္ ထိုင္းဘက္ျခမ္းက ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။ http://kicnews.org/2020/10/%e1%80 %bb%e1%80%99 %e1%80%9d%e1%80%90%e1%80%ae%e1%

**************

၂၂။ မြန္ပါတီမဲေအာင္ႏိုင္ေရး ပငလူငယ္မ်ိဳးဆက္သစ္စက္ဘီးအဖြဲ႕ လွည့္လည္အင္အားျပ
23 October 2020

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္ ပငေက်း႐ြာ လူငယ္မ်ိဳးဆက္သစ္ စက္ဘီးအဖြဲ႕က မြန္ညီၫြတ္ေရးပါတီ MUP ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ စက္ဘီးစီးနင္း၍ သံျဖဴဇရပ္ၿမိဳ႕နယ္ေတာင္ပိုင္းအစြန္ရွိ မြန္ေက်း႐ြာမ်ားသို႔ ယေန႔နံနက္ပိုင္းတြင္ လွည့္လည္အင္အားျပခဲ့ေၾကာင္း သိရသည္။

အသြားအျပန္ မိုင္ ၅၀ ခန႔္ခရီးအကြာအေဝး ရွိသည့္အတြက္ အသက္ (၁၄) ႏွစ္အထက္လိုက္ပါရန္ႏွင့္ လူဦးေရ (၅၀) အထိသာ စာရင္းေပးသြင္းသတ္မွတ္ထားသည္ထက္ ဝန္းရံသည့္လူငယ္မ်ားက ပိုမိုမ်ားျပားေနေၾကာင္း စက္ဘီးစီးအဖြဲ႕ဝင္ မင္းဂ်ာႏြန္က ဆိုသည္။ “ဒီလိုအခ်ိန္မ်ိဳးမွာ ကြၽန္ေတာ္တို႔စက္ဘီးအဖြဲ႕က တစ္ႏိုင္တစ္ပိုင္အားေပးခြင့္ႏႈိးေဆာ္ခြင့္ရလို႔ ေက်နပ္ မိတယ္၊ ေနာက္ၿပီး မြန္လူငယ္ေတြလည္း က်န္းမာေရးလိုက္စားမႈ ရွိေၾကာင္းကိုျပသခ်င္တယ္၊ မြန္လူမ်ိဳးတိုင္း မြန္ပါတီကို မဲေပးဖို႔လည္း ႏႈိးေဆာ္ တိုက္တြန္းခ်င္တယ္”ဟု မင္းဂ်ာႏြန္ ေျပာသည္။

မြန္ညီၫြတ္ေရးပါတီ၏ အက်ႌ၊ အလံ Mask, Sticker မ်ားကိုယ္စီ တပ္ဆင္၍ မဲဆြယ္ေအာင္ႏိုင္ေရး သီခ်င္းမ်ား ဖြင့္လွစ္ကာ ပင -သံျဖဴဇရပ္- ႐ြာသစ္-က႐ုပၸိ-ဝဲဂေလာင္း-အံခဲ-ေကာ့ေလး-ထင္း႐ူး၊ ေက်ာင္း႐ြာ၊ အနင္း ေက်း႐ြာမ်ားသို႔ အသြားခရီးႏွင့္ အျပန္ခရီး ပငေက်း႐ြာအထိ စီးနင္းလွည့္လည္ခဲ့ျခင္း ျဖစ္သည္။“ကိုယ့္မြန္ပါတီအတြက္ အားေပးခြင့္ရလို႔ ဝမ္းသာတယ္၊ ျပည္သူေတြကလည္း ျပန္လည္အားေပးတာေတြ႕ရေတာ့ ပိုၿပီးေတာ့ပီတိျဖစ္မိတယ္၊ ကိုယ့္မြန္လူမ်ိဳးေတြရဲ႕ စိတ္ဓါတ္ ႏႈိးေဆာ္ ခ်င္လို႔ စီးနင္းျဖစ္တာပါ”လို႔ စက္ဘီးစီးနင္းလိုက္ပါသူ မိအိျႏၵာပြင့္ျဖဴ ကေျပာသည္။ ပငလူငယ္မ်ိဳးဆက္သစ္ စက္ဘီးအဖြဲ႕ ကို ၂၀၁၆ ခုႏွစ္တြင္ ဖြဲ႕စည္းခဲ့ၿပီး လူငယ္မ်ား သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းတတ္ရန္၊ စည္းလုံးမႈရွိရန္ႏွင့္ လူငယ္မ်ား၏ စိတ္ခႏၶာက်န္းမာေရးအတြက္ ရည္႐ြယ္ဖြဲ႕စည္းခဲ့သည္ဟု သိရသည္။ http://burmese.monnews.org/2020/10/23/%e 1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%8

**************

၂၃။ သက္ငယ္မုဒိန္းက်ဴးလြန္ရန္အားထုတ္သူကို ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္
October 26, 2020

သက္ငယ္မုဒိန္းက်ဴးလြန္ရန္အားထုတ္သူကို ေအာက္တိုဘာ ၂၆ ရက္ေန႔မနက္တြင္ ဟားခါးခ႐ိုင္တရား႐ုံးမွ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ အရ ေထာင္ဒဏ္ (၁၀)ႏွစ္ ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္းသိရသည္။

ကေလးငယ္၏ မိခင္မွ ျပစ္ဒဏ္ခ်မွတ္ျခင္းႏွင့္ ပတ္သတ္ၿပီး “ ျပစ္ဒဏ္ခ်မွတ္သည့္အေပၚ ေက်နပ္ပါတယ္၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ တရားခံက ကြၽန္မတို႔ရဲ႕ရန္သူလည္းမဟုတ္ဘာဘူး၊ပိုၿပီးအျပစ္ပိုႀကီးပါေစဆိုၿပီး သေဘာထားတာလည္းမရွိဘူး၊ ကြၽန္မတို႔လိုခ်င္တာက တရားမွ်တမႈပဲျဖစ္ပါတယ္၊ ဥပေဒအရပဲ ေဆာင္႐ြက္တာပဲလိုျခင္တာျဖစ္တယ္၊တရားသူႀကီးကလည္း ကြၽန္မတို႔ေျပာတဲ့ဟာနဲ႔သူတို႔ေျပာတဲ့အေပၚကို သုံးသပ္ၿပီးေတာ့ ဒီဟာက တကယ္ကိုအမွန္တကယ္ျဖစ္တယ္ဆိုၿပီးေတာ့ ဥပေဒ အရ ျပစ္ဒဏ္ခ်မွတ္တဲ့အေပၚေက်နပ္မႈရွိပါတယ္”ဟု Chin World Media သို႔ေျပာသည္။ အသက္ ၄ ႏွစ္ အ႐ြယ္မိန္း ကေလးအေပၚက်ဴးလြန္ေသာယခုသက္ငယ္မုဒိန္းမႈသည္ ၂၄ရက္ ၈လပိုင္းတြင္ အမႈစတင္ဖြင့္ၿပီး ၊ စက္တင္ဘာလ ၂၈ ရက္ ေန႔ တြင္ အမႈစစ္ၿပီး ယေန႔ေအာက္တိုဘာလ ၂၆ ရက္ေန႔တြင္ တရားခံကို ျပစ္ဒဏ္ခ်မွတ္ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

“ဒီလိုကိစၥမ်ိဳးက ကြၽန္မတို႔ျပစ္ဒဏ္ကို တရားမွ်တမႈျပည့္ဝစြာခ်ေစခ်င္တယ္ဆိုတာ ကြၽန္မတို႔က တရားခံကို မုန္းလို႔လည္း မဟုတ္ဘူး ၊ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးက တစ္ႀကိမ္ျဖစ္ၿပီဆိုတာနဲ႔ ေနာက္တစ္ႀကိမ္ျဖစ္ဖို႔အလားလာက သိပ္မ်ားတယ္ ဒါေၾကာင့္ မို႔လို႔ အမႈတစ္ခုျဖစ္ၿပီဆိုတာနဲ႔ တရားမွ်တမႈ ျပည့္ဝစြာ ျပစ္ဒဏ္ခ်မွတ္ႏိုင္တယ္ဆိုရင္ ေနာက္တစ္ႀကိမ္အလားတူ ကိစၥမ်ိဳး မျဖစ္ေအာင္ အမ်ားႀကီးအတားအဆီးျဖစ္သြားတယ္၊ႀကိိုတင္ကာကြယ္ၿပီးသားျဖစ္သြားတယ္၊ သင္ခန္းစားယူစရာအမ်ားာကီး ျဖစ္သြားတယ္ေပါ့၊ တရားမွ်တယ္ မမွ်တဘူးဆိုတာက ဥပေဒက သတ္မွတ္ၿပီးသားအကုန္ရွိၿပီးသားဆိုေတာ့ ဥပေဒက သူ႔လမ္းေၾကာင္းနဲ႔သူ သြားတာျဖစ္တယ္၊အခုလိုမ်ိဳးအခ်ိန္ ၂လေလာက္က ဒီ Victoria ကိစၥေတာင္မွ တစ္ႏွစ္ေက်ာ္ၾကာတဲ့ အခ်ိန္မွာ တရားခံကေပ်ာက္သြားသလို ျဖစ္သြားတယ္၊ ဒီကိစၥက အခ်ိန္ခဏေလးမွာ အၿပီးအပ်တ္ ျပစ္ဒဏ္ခ်မွတ္တဲ့ အထိျဖစ္သြားေတာ့ ဒီ Case မွာ ကြၽန္မေတာ့ တရားစီရင္ေရးဘက္မွာ တာဝန္ရွိတဲ့သူေတြေရာ အထူးသျဖင့္ ကြၽန္မတို႔ စိတ္ေရာကိုယ္ေရာကူညီေပးတဲ့ အစိုးရဘက္က ေပးတဲ့ ခ႐ိုင္ဥပေဒအရာရွိ ေနာက္တစ္ခုက Legal Support Team ေကာ္မတီဆိုတာလည္းရွိတယ္၊သူတို႔ဆိုလို႔ရွိရင္ အခမဲ့ကူညီေပးတဲ့အသင္းလည္းျဖစ္တယ္၊ဒီအဖြဲ႕က ေရွ႕ေနေတြကိုလည္း ကြၽန္မတကယ္ကို ေက်းဇူးတင္ခ်င္တယ္၊” ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ ဌာနတိုင္းရင္းသားဖြံ႕ၿဖိဳးမႈအစီအစဥ္ Program Director Mai Thin Yu Mun မွ ေျပာသည္။ https://www.bnionline.net/ mm/news-76534

*************

၂၄။ ကန႔္ကြက္မႈေတြရွိေနတဲ့ ခဲသတၱဳသန႔္စင္စက္႐ုံတည္ေဆာက္မႈကို ျပန္လည္သုံးသပ္သြားမည္ဟု KySDP ၏ ကိုယ္စား လွယ္ေလာင္းကတိေပး
October 26, 2020

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိပါက အရပ္ဖက္အဖြဲ႕အစည္းႏွင့္ ျပည္သူလူထုကန႔္ကြက္ေနတဲ့ လြိဳင္ေကာ္ၿမိဳ႕က ခဲသတၱဳ သန႔္စင္စက္႐ုံတည္ေဆာက္ေနမႈအေပၚ ျပန္လည္သုံးသပ္သြားမည္မယ္လို႔ ကယားျပည္နယ္ဒီ မိုကရက္တစ္ပါတီ (KySDP) မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြက ကတိေပးေျပာၾကားခဲ့သည္။

“သဘာဝပတ္ဝန္းက်င္စိမ္းလန္းစိုေျပေရးနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ တစ္စိုက္မတ္မတ္လုပ္ သြားမယ္ လို႔ ကတိေပးတယ္။ ခဲသတၱဳသန႔္စင္စက္႐ုံပုံစံမ်ိဳးကို ျပန္လည္သုံးသပ္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ျပည္သူ ေတြအတြက္ ဘယ္ေလာက္ထိ အက်ိဳးရွိေစသလဲ၊ ဘယ္ေလာက္ထိအက်ိဳးပ်က္ဆီးေစသလဲဆိုတဲ့ဟာမ်ိဳးကို ျပန္ၿပီး ေလ့လာသုံးသပ္ဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ျမင္တယ္။ ဒါေၾကာင့္ ျပည္သူလူထုေတြအေနနဲ႔ ကြၽန္ေတာ္တို႔ကို မဲေပးခဲ့လို႔ လႊတ္ေတာ္ ထဲေရာက္သြားမယ္၊ အစိုးရအဖြဲ႕ထဲေရာက္သြားမယ္ဆိုလို႔ရွိရင္ ဒီစီမံကိန္းေတြကို ျပန္ၿပီးေတာ့မွ သုံးသပ္ႏိုင္ဖို႔အတြက္ တကယ္ေကာ သူတို႔ေတြ EIA/SIA ပုံစံမ်ိဳးေတြ တကယ္ေကာလုပ္သလားေပါ့။ EIA၊ SIA နဲ႔မၿပီးဘူး CRA HIA တို႔လိုမ်ိဳး အမ်ားႀကီးရွိတယ္ေပါ့ေနာ။ အဲဒါေတြနဲ႔ ဘယ္ေလာက္ထိ စမ္းသပ္စစ္ေဆးၿပီးေတာ့မွ သုေတသနလုပ္ၿပီးေတာ့မွ ဒီစက္႐ုံေတြ လည္ပတ္ဖို႔အတြက္ ႀကိဳးစားေနတယ္ဆိုတဲ့ဟာကို ျပန္ေလ့လာၿပီးေတာ့မွ ျပန္သုံးသပ္ၿပီးေတာ့မွ ရပ္နားသင့္/မသင့္ မဟုတ္ လို႔ရွိရင္ ေ႐ြ႕ေျပာင္းသင့္/မသင့္ ဆုံးျဖတ္ရလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ ယုံၾကည္တယ္ေပါ့။ ဒါေတြကိုလည္း တစ္စိုက္ မတ္မတ္ လုပ္သြားမယ္ဆိုတဲ့ကတိမ်ိဳး ကြၽန္ေတာ္တို႔အေနနဲ႔ေပးခ်င္ပါတယ္” ဟု စတီဗင္ (ခ) ထြန္းထြန္းက ေျပာသည္။

ခဲသတၱဳသန႔္စင္စက္႐ုံကို Global South Industrial Co.Ltd ႏွင့္ ျပည္တြင္းက ရတနာကုေဋသိုက္ကုမၸဏီလိမိတက္တို႔ ဖက္စပ္လုပ္ကိုင္ျခင္းျဖစ္ၿပီး ခဲမျဖဴ၊ အၿဖိဳက္နက္ႏွင့္ေရာရာသတၱဳေတြကို ကုန္ေခ်ာထုတ္လုပ္ငန္းကိုလုပ္ေဆာင္ဖို႔ သတၱဳ သန႔္စင္စက္႐ုံတည္ေဆာက္ေနျခင္းျဖစ္ပါတယ္။ ထိုစီမံကိန္းအတြက္ Global South Industrial Co.Ltdအေနျဖင့္ အေမရိကန္ေဒၚလာသန္း ၄၅ သန္း (စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ၏ ၉၀%)၊ ရတနာကုေဋသိုက္ ကုမၸဏီလိမိတက္ အေန ျဖင့္ အေမရိကန္ေဒၚလာ ၅ သန္း (စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံပမာဏ ၏ ၁၀%) စုစုေပါင္း အေမရိကန္ေဒၚလာ သန္း ၅၀ ရင္းႏွီး ျမႇဳပ္ႏွံထားတာျဖစ္ပါတယ္။ စီမံကိန္းအတြက္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံကေန ခြင့္ျပဳမိန႔္အမိန႔္ (၁၆၈/၂၀၁၉) ျဖင့္ ႏွစ္၅၀ လုပ္ပိုင္ခြင့္ကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၆ ရက္ေန႔က ရရွိထားၿပီး လုပ္ငန္းကိုအေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ေနၾကတာျဖစ္ပါတယ္။ ၎က “ဒီစက္႐ုံေတြနဲ႔ပတ္သက္ၿပီး လူထုေတြက မသိနားမလည္ခဲ့ဘူး။ ကုမၸဏီေတြက လက္ရွိ ဦးဝင္းေမာ္နဲ႔ပတ္သက္တဲ့ Global South Industrial Co.ltd လည္း EIA၊ SIA လုပ္ထားတာလည္း ဘာမွမရွိဘူး။ ၿပီးေတာ့ HIA က်န္းမာေရးနဲ႔ပတ္သက္တဲ့ ေလ့လာဆန္းစစ္ခ်က္ေတြ သူတို႔ဘားမွမလုပ္ဘူး။ အဲဒါေၾကာင့္ မလုပ္ဘဲနဲ႔ ဒီစက္႐ုံကို MIC က ဘယ္လိုလုပ္ ခြင့္ျပဳမႈေပးလဲဆိုတာ က်ေတာ့္အေနနဲ႔စိုးရိမ္မႈျဖစ္တယ္” လို႔ေျပာပါတယ္။

ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီက ျပည္နယ္အေျခစိုက္တိုင္းရင္းသားပါတီျဖစ္ၿပီး ကယားျပည္နယ္ ၿမိဳ႕နယ္ (၇) ၿမိဳ႕နယ္ ရွိ မဲဆႏၵနယ္ ၃၄ ေနရာအနက္ ၃၀ ေနရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ https://www.bnionline.net /mm/news-76537

***************

၂၅။ ကခ်င္ျပည္နယ္ၿမိဳ႕နယ္ႏွစ္ခုတြင္ တက္သုတ္႐ိုက္ျပဳလုပ္ခဲ့ရသည့္ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ၏ မဲဆြယ္စည္း႐ုံးေရး
October 26, 2020

Stay at home ေၾကညာႏိုင္သည့္ ကခ်င္ျပည္နယ္ၿမိဳ႕နယ္ႏွစ္ခုတြင္ မဲဆြယ္စည္း႐ုံးေရးကို တက္သုတ္႐ိုက္ျပဳလုပ္ခဲ့ရေၾကာင္း ျမစ္ႀကီးနာၿမိဳ႕နယ္ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ ဦးစိုင္းတင္ေမာင္လြင္ကေျပာသည္။ လက္ရွိတြင္ ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ႏွင့္ ဖားကန႔္ၿမိဳ႕နယ္မ်ားကို က်မ္းမာေရးဝန္ႀကီးဌာနမွ Stay at home သက္မွတ္ ထားၿပီး ကိုဗစ္ျဖစ္ပြားမႈမ်ားရွိေနသည့္ ျမစ္ႀကီးနားႏွင့္ ဝိုင္းေမာ္ၿမိဳ႕နယ္မ်ားႏွစ္ခုတြင္လည္း Stay at home သတ္မွတ္လာ ႏိုင္သျဖင့္ မဲဆြယ္စည္း႐ုံးေရးကို ေအာက္တိုဘာ ၂၅ ရက္တြင္ အလွ်င္အျမန္ ျပဳလုပ္ခဲ့ရျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

“ကြၽန္ေတာ္တို႔ကေတာ့ ေသေသခ်ာခ်ာစနစ္တက်ေလး စီစဥ္ၿပီးေတာ့မွ အင္အားမ်ားမ်ားေလးလုပ္ခ်င္တာ။ ကိုယ္အမ်ိဳးသား ေရးအတြက္ဆိုေတာ့ ဒါေပမယ့္လည္း Stay at home က်မ္းမာေရးကိစၥလဲရွိေတာ့ ျမန္ျမန္ဆန္ဆန္လုပ္လိုက္ရတဲ့ သေဘာ ေပါ့” ဟု ျမစ္ႀကီးနာၿမိဳ႕နယ္ တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠဌ ဦးစိုင္းတင္ေမာင္လြင္ က ေျပာ သည္။ အဆိုပါ မဲဆြယ္စည္း႐ုံးျခင္းကို ျမစ္ႀကီးနာၿမိဳ႕နယ္ ရွမ္းနီပါတီႏွင့္ ဝိုင္းေမာ္ၿမိဳ႕နယ္ ရွမ္းနီပါတီတို႔ပူးေပါင္းကာ အင္အား သုံးေထာင္ေက်ာ္ျဖင့္ ျမစ္ႀကီးနားၿမိဳ႕မွ ဝိုင္းေမာ္ၿမိဳ႕အထိ စီတန္းလွည့္လည္ခဲ့ၾကျခင္းျဖစ္သည္။

တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး (က်ားနီ) ပါတီသည္ ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း ၄၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေလးဦး၊ ဝိုင္းေမာ္ ၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သုံးဦးႏွင့္ ရွမ္းတိုင္းရင္းသားေရရာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ဦး၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။ https://www.bnionline.net/mm/news-76530

***************

၂၆။ စစ္အစိုးရလက္ထက္ က သွ်မ္းဘာသာျဖင့္ ႐ုပ္သံမွာ သတင္းေၾကညာသူ(သို႔) ျပည္သူ႔ျပႆနာကို ေရွ႕ထြက္ ေျဖရွင္း ေပးခ်င္သူ နန္းဆာဥ
October 24, 2020

စစ္အစိုးရလက္ထက္ က ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားက သွ်မ္းဘာသာစကားနဲ႔ သွ်မ္းလူမ်ိဳးေတြအတြက္ သတင္းတင္ ဆက္ေပးခဲ့တဲ့ သူတဦးကို မွတ္မိၾကမယ္ထင္ပါတယ္။ ည (၈)နာရီ သတင္းေၾကညာမႈအၿပီး တိုင္းရင္းသားစည္းလုံး ညီၫြတ္ ေရး သီခ်င္းကို ႐ုပ္ျမင္သံၾကားမွာ သွ်မ္းဘာသာျဖင့္ သီဆိုေပးခဲ့တဲ့ နန္းဆာဥ ကို သွ်မ္းလူမ်ိဳးေတြ သာမက ျမန္မာလူမ်ိဳး အသိုင္းအဝန္းမွာ ခ်စ္စရာဟန္ပန္နဲ႔ ထင္ေပၚခဲ့ပါတယ္။ လက္ရွိမွာေတာ့သူမဟာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္(SNLD)ပါတီ ကိုယ္စားျပဳၿပီး ၂၀၂၀ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲမွာ ျမန္မာ-ထိုင္းနယ္စပ္ သွ်မ္းျပည္ အေရွ႕ပိုင္းတာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) မွာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ပိဳင္မွာပါ။

“ က်မ က ျပည္သူေတြႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကို ေရွ႕တန္းကေန မားမားမတ္မတ္ ရပ္တည္ေပးၿပီး ေျဖရွင္းေပး ခ်င္တဲ့အတြက္ ႏိုင္ငံေရးဘက္ကို ေျခလွမ္းလွည့္လာခဲ့တာပါ” လို႔ နန္းဆာဥ က ဆိုပါတယ္။ သူမ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ သွ်မ္းေရွ႕ မွာဆိုရင္ ျပႆနာေတြ၊ ဥပေဒမဲ့မႈေတြ ရႈပ္ေထြးမႈေပါင္းမ်ားစြာရွိၿပီး ထိုျပႆနာေတြကို ျပည္သူရဲ႕ေရွ႕တန္းကေန ရပ္တည္ ေျဖရွင္းေပးခ်င္တယ္လို႔ ျပတ္သားစြာ ေျပာဆိုလိုက္ပါတယ္။ နန္းဆာဥ ဟာ တကၠသိုလ္ဝင္တန္းေအာင္ၿပီး ကတည္းက အစိုးရအဖြဲ႕အစည္းေအာက္ရွိ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးမွာ အငယ္တန္းစာေရး အေနနဲ႔ အလုပ္လုပ္ကိုင္ခဲ့သူ တဦးျဖစ္ပါတယ္။ ထိုမွ တစ္ဆင့္ အစိုးရပိုင္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားဌာနမွာ သွ်မ္းဘာသာ ေရဒီယိုအသံလႊင့္ အစီအစဥ္ တင္ဆက္သူအျဖစ္လည္း တာဝန္ထမ္းေဆာင္ၿပီး အစိုးရဝန္ထမ္းမွာ လုပ္သက္ ၁၆ ႏွစ္ ရွိခဲ့သူ တဦးလည္းျဖစ္ပါတယ္။ သူမဟာ အစိုးရအလုပ္မွရပ္နားလိုက္ၿပီး သွ်မ္းျပည္ လူထု အက်ိဳးအတြက္ လူမႈအဖြဲ႕အစည္းထဲကေနၿပီး လယ္ယာေျမအေရး၊ ေ႐ႊ႕ေျပာင္းအလုပ္သမားအေရး ေတြကို တက္ႂကြစြာ ေဆာင္႐ြက္ခဲ့သူတဦးလည္းျဖစ္ပါတယ္။

သွ်မ္းေရွ႕ ျပႆနာ မ်ားစြာထဲက အႀကီးမားဆုံးျပႆနာ ေနာက္တခုကေတာ့ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွာ ဓာတ္သတၱဳ တူးေဖာ္မႈေတြ၊ ေက်ာက္မီးေသြး တူးေဖာ္မႈေတြေၾကာင့္ ေက်း႐ြာေပါင္းရဲ႕ လယ္ယာေျမ ပ်က္စီးမႈေတြ ေတာေတာင္သဘာဝ သယံဇာတ ပ်က္စီးမႈေတြေၾကာင့္ ယခင္မႀကဳံဖူးတဲ့ ေရႀကီးမႈျပႆနာဟာလည္း လႊတ္ေတာ္အမတ္ေလာင္းနန္းဆာဥ အတြက္ စိန္ေခၚမႈတခုပါပဲ။“သတၱဳတူးေဖာ္လို႔ ထြက္လာတဲ့ ေျမစာပုံေတြေၾကာင့္ သူတို႔ရဲ႕လယ္ယာေျမေတြ ေရလႊမ္းမိုး တာေတြ ျဖစ္လာတယ္။ သတၱဳတူးေဖာ္မႈေၾကာင့္ ျပည္သူေတြရဲ႕ လယ္ယာေျမေတြ ထိခိုက္နစ္နာဆုံးရႈံးတာေတြကိုေတြ႕ ရတယ္”လို႔ နန္းဆာဥ က စိတ္မေကာင္းစြာျဖင့္ ေျပာပါတယ္။ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲမွာ နန္းဆာဥ အေန ျဖင့္ အႏိုင္ရခဲ့မယ္ဆိုရင္ တရားဥပေဒ စိုးမိုးမႈ ကင္းမဲ့ေနၿပီး၊ အမ်ိဳးသမီးငယ္ေတြ လူငယ္ကုန္းခံရမႈမ်ားတဲ့နယ္ေျမအတြက္ လႊတ္ေတာ္ထဲမွာ အမ်ိဳးသမီးႏွင့္ သက္ဆိုင္တဲ့ အခြင့္အေရး၊ ကေလးသူငယ္နဲ႔ ပတ္သက္တဲ့ အခြင့္အေရးကိစၥ၊ ေက်းလက္ေန ျပည္သူ လူထုရဲ႕ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြကို ေဆာင္႐ြက္ေပးခ်င္ေၾကာင္း သူမ ကခ်ျပလိုက္ပါတယ္။ သူမအေနနဲ႔ ကေတာ့ တာခ်ီလိတ္ျပည္သူလူထုေရွ႕ မားမားမတ္မတ္ရပ္တည္ကာ ေဒသ ျပႆနာေတြ၊ ေဒသဖြံ႕ၿဖိဳးေရး ကိစၥေတြကို ေျဖရွင္းသြားဖို႔အတြက္ သူမကို မဲေပးၾကရန္လည္း တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ https://burmese.shannews.org/a rchives/19054

***************

၂၇။ ေမာ္လၿမိဳင္သို႔ အျခားေဒသမွ ေရာက္လာၿပီး မဲေပးရန္ ပုံစံ ၃(က) ျဖင့္ ေလွ်ာက္ထားသူ ၂၆၀၀ နီးပါး ရွိ
October 26, 2020

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕နယ္သို႔ အျခားေဒသမွ ေရာက္ရွိလာၿပီး ရက္ ၉၀ ထက္မနည္း ေနထိုင္ခဲ့သူမ်ားက လာမည့္ ေ႐ြးေကာက္ပြဲအတြက္ ဆႏၵမဲ ေပးႏိုင္ရန္ ပုံစံ ၃(က)ျဖင့္ ေလွ်ာက္ထားသူဦးေရ ၂၆၀၀ နီးပါး ရွိခဲ့ေၾကာင္း ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးထံမွ သိရသည္။“ပုံစံ ၃(က)နဲ႔ ေလွ်ာက္ထားမႈအေျခအေနကေတာ့ ၂၅၉၉ ဦး ေလွ်ာက္ ထားခဲ့တယ္” ဟု ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေဌးလြင္က ေအာက္တိုဘာ ၂၀ တြင္ ေျပာၾကားသည္။ မဲဆႏၵနယ္ ျပင္ပေရာက္ ျပည္သူမ်ားအေနျဖင့္ လက္ရွိေရာက္ေနရာေဒသတြင္ပင္ ဆႏၵမဲေပးႏိုင္ရန္ ပုံစံ ၃(က)ျဖင့္ လည္းေကာင္း၊ ပုံစံ ၁၅ ျဖင့္လည္းေကာင္း ေလွ်ာက္ထားႏိုင္ၾကေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာ ခ်က္မ်ား ထုတ္ျပန္ထားခဲ့သည္။

ပုံစံ ၃ (က) ျဖင့္ ေလွ်ာက္ထားသူသည္ ရပ္ကြက္ေက်း႐ြာေကာ္မရွင္အဖြဲ႕ခြဲ႐ုံးအသီးသီးသို႔ သြားေရာက္ေလွ်ာက္ထားႏိုင္ၿပီး ပုံစံ ၁၅ ျဖင့္ ေလွ်ာက္ထားလိုသူမွာမူ ၿမိဳ႕နယ္အဆင့္ ႐ုံးမ်ားသို႔သာ ေလွ်ာက္ထားခြင့္ ရွိေၾကာင္း ႏွင့္ ပုံစံ ၃ (က) ျဖင့္ ေလွ်ာက္ ထား၍ မဲေပးခြင့္ရပါက လက္ရွိေရာက္ေနရာ မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကိုသာ ေ႐ြးေကာက္ပြဲေန႔၌ မဲေပးခြင့္ ရၾကမည္ျဖစ္ၿပီး ပုံစံ ၁၅ ျဖင့္ ေလွ်ာက္ထားလွ်င္ မိမိေနရပ္ရင္း မဲဆႏၵနယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မ်ားကို ႀကိဳတင္မဲစနစ္ျဖင့္ ဆႏၵျပဳပိုင္ခြင့္ ရရွိၾကမည္ျဖစ္ေၾကာင္း သိရသည္။ “မဲေပးရမယ္ဆိုရင္ေတာ့ ကိုယ့္မဲဆႏၵနယ္ထဲက အမတ္ေလာင္းကိုပဲ မဲေပးခ်င္တယ္။ မျပန္ႏိုင္ေတာ့လည္း ဒီ(ေမာ္လၿမိဳင္)မွာပဲ မဲေပးဖို႔ ရပ္ကြက္႐ုံးမွာ ပုံစံ ၃ (က) ေတာင္းၿပီး ခုလ ၈ ရက္ေန႔မွာ ေလွ်ာက္လိုက္တယ္။ ေလွ်ာက္ၿပီးတဲ့အခါမွ ပုံစံ ၁၅ ကေန ကိုယ့္မဲဆႏၵနယ္ နယ္ေျမရင္းကို လွမ္းၿပီး ႀကိဳတင္မဲ ေပးခြင့္ ရွိေၾကာင္း သိလိုက္ရတယ္။ ကိုယ့္အတြက္ လြဲသြားတယ္” ဟု မႏၲေလးတိုင္းေဒသႀကီးမွ ေမာ္လၿမိဳင္သို႔ ေရာက္ရွိေနခဲ့သည့္ မဲဆႏၵရွင္ျပည္သူ ကိုေနဝင္းေမာင္ (အမည္လႊဲ) က ေျပာသည္။

“တျခားၿမိဳ႕နယ္ကေနၿပီးေတာ့ ပုံစံ ၁၅ ေတြ ေလွ်ာက္တဲ့အတြက္ေၾကာင့္ မဲလက္မွတ္ ေရာက္လာတာ ရွိတယ္။ မေန႔ ကဆိုလို႔ရွိရင္ ၄၁ ေစာင္ ေရာက္လာတယ္။ အဲဒါကို ညေန ၆ နာရီကေန ၇ နာရီအတြင္းမွာ ျပည္သူေတြကိုေခၚၿပီးေတာ့ ၿမိဳ႕နယ္႐ုံးမွာ ႀကိဳတင္မဲေပးခဲ့တယ္ေပါ့။ အခုႀကိဳတင္မဲေတြစေပးေနပါၿပီ”ဟု ေဒၚမိုးဇင္မာဦးက ေျပာသည္။ မြန္ျပည္နယ္တြင္ လာမည့္ ေ႐ြးေကာက္ပြဲ၌ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၁၈ သိန္းဝန္းက်င္ရွိေနၿပီး ပထမဆုံးအႀကိမ္ မဲေပးခြင့္ရလာသူ လူငယ္ တစ္သိန္းေက်ာ္ရွိေနသည္။ ဘီးလင္းၿမိဳ႕နယ္ ေဘာေနာ္ခီးေက်း႐ြာမွအပ ျပည္နယ္တစ္ဝန္းတြင္ ေ႐ြးေကာက္ပြဲက်င္းပမည္ ျဖစ္သည္။ https:// www.bnionline.net/mm/news-76518

***************

၂၈။ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ယုံၾကည္မႈရွိသည့္အတြက္ NCA စာခ်ဳပ္ ျဖစ္ေပၚလာေသာ္လည္း လက္ရွိတြင္ ယုံၾကည္မႈပ်က္ျပား ရန္ အေသးစိတ္ကအစ အျငင္းပြားမႈမ်ားျဖစ္ေပၚေနေၾကာင္း တပ္မေတာ္ဘက္က ေျပာၾကား
24 October 2020

အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအၾကား တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ယုံၾကည္မႈရွိသည့္အတြက္ NCA စာခ်ဳပ္ ျဖစ္ေပၚလာေသာ္လည္း လက္ရွိတြင္မူ အဆိုပါ ယုံၾကည္မႈပ်က္ျပားေစရန္ အေသးစိတ္ကအစ အျငင္းပြားမႈမ်ား ျဖစ္ေပၚေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမိုင္းျပတိုက္တြင္ ေအာက္တိုဘာ ၂၄ ရက္က တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး အဆိုပါသတင္းစာရွင္းလင္းပြဲတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။“ ေျပာခ်င္တာကေတာ့ တစ္ဦးနဲ႔တစ္ဦး၊ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ယုံၾကည္မႈရွိၾက လို႔ ဒီစာခ်ဳပ္ကို သေဘာတူခဲ့ၾကတယ္။ ယုံၾကည္မႈ တည္ေဆာက္ခဲ့ၾကတယ္။ အခုအခ်ိန္မွာေတာ့ ဒီယုံၾကည္မႈ ပ်က္ျပားဖို႔ အေသးစိတ္က အစေပါ့ေနာ္ အျငင္းပြားတဲ့ပုံစံမ်ိဳးေတြ ျဖစ္လာပါတယ္။ ဘယ္သူ႔မွာ တာဝန္ရွိသလဲဆိုတာကို ေမးခြန္းထုတ္ စရာ ျဖစ္လာတဲ့သေဘာ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

NCA စာခ်ဳပ္ႏွင့္ပတ္သက္၍ NCA တြင္ မည္သို႔ႀကိဳပမ္းခဲ့ရသည္၊ မည္သို႔ေဆာင္႐ြက္ခဲ့ရသည္၊ မည္သည့္အခ်က္မ်ားကို ေဆြးေႏြးခဲ့ရသည္ဆိုသည္မ်ားအား တရားဝင္ စာ႐ြက္စာတမ္းမ်ား၊ စာရင္းဇယားမ်ား ထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္း၊ လက္ရွိ အခ်ိန္ စကားလုံးတစ္လုံးခ်င္းစီအေပၚတြင္ ထပ္မံ၍ အဓိပၸာယ္ဖြင့္ဆိုရန္ လိုျခင္းသည္ ယုံၾကည္မႈအေပၚ မူတည္၍သာျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ NCA ကဲ့သို႔ EAO အားလုံးနီးပါး ပါဝင္ ေဆြးေႏြးခဲ့ျခင္း၊ တိုင္းရင္းျပည္သူလူထု လိုလားသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ ေဆာက္ရန္ အေျခခံသေဘာတူညီခဲ့ျခင္းမ်ိဳး သမိုင္းတြင္ မရွိခဲ့ဖူးေၾကာင္း၊ စကားလုံးတစ္ခုျခင္း၊ စာပိုဒ္တစ္ပိုဒ္ျခင္း၊ အေသး စိတ္ အေက်အလည္ ေဆြးေႏြးသေဘာတူခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။ https://news-eleven.com/article /196263

**************

၂၉။ ဖမ္းဆီးခံ အမ္း ေဒသခံ ၁၄ ဦး၏ အသက္အႏၲရာယ္ စိုးရိမ္ေၾကာင္း မိသားစုမ်ားက ေျပာ
26 October 2020

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ ဒါးလက္ေျမာက္႐ြာမွ ႐ြာသား ၁၂ ဦးႏွင့္ အေနာက္႐ြာ (ရွမ္းကုန္း႐ြာ) မွ ၂ ဦး စုစုေပါင္း ႐ြာသား ၁၄ ဦးကို တပ္မေတာ္မွ ေခၚေဆာင္သြားသည္မွာ တပတ္ခန႔္ၾကာျမင့္ေနၿပီ ျဖစ္ေသာ္လည္း ယေန႔အထိ အဆက္အသြယ္ မရၾကသျဖင့္ အသက္အႏၲရာယ္ စိုးရိမ္ေနရေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။ အဆိုပါ ေဒသခံ ၁၄ ဦးတို႔မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၀ ရက္ေန႔ နံနက္ပိုင္းက ေက်း႐ြာအနီး ဒါးလက္ေခ်ာင္းထဲတြင္ ေလွငယ္ ၇ စီးႏွင့္ ငါးရွာေနစဥ္ တပ္မေတာ္စစ္ေၾကာင္းတခုႏွင့္ ေတြ႕ၿပီး ေက်း႐ြာအနီးရွိ တပ္မေတာ္ ယာယီစခန္းသို႔ ဖမ္းဆီး ေခၚေဆာင္ခံရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

ဖမ္းဆီးခံရာတြင္ပါဝင္ေသာ ဦးေမာင္ၾကည္သန္း၏ ဇနီး မသီတာက “ ငါးရွာတဲ့ေနရာကေန ေမးစရာ ရွိတယ္ ဆိုၿပီး ေခၚသြား တာ။ လက္ရွိမွာေတာ့ ေခ်ာင္းတဖက္ကမ္းက တပ္မေတာ္ ယာယီစခန္းမွာ ရွိတယ္လို႔ေတာ့ သိရတယ္။ ေခၚသြားတာ အခုဆိုရင္ ၅ ရက္၊ ၆ ရက္ ရွိၿပီေတာ့ စိုးရိမ္ရတဲ့အတြက္ က်မ ေယာက္်ားကို အျမန္ဆုံးလြတ္လာဖို႔ ေမွ်ာ္လင့္ပါတယ္ ” ဟု ေျပာသည္။ ဖမ္းဆီး ခံထားရသူတို႔မွာ ဒါးလက္ေျမာက္႐ြာမွ အသက္ ၃၄ ႏွစ္ရွိ ကိုေဌးေအာင္၊ အသက္ ၃၅ ႏွစ္ရွိ ကိုညီညီ ေအာင္၊ အသက္ ၃၇ ႏွစ္ရွိ ကိုလြမ္းေဝ၊ အသက္ ၃၅ ႏွစ္ရွိ ကိုေက်ာ္ေဌးလႈိင္၊ အသက္ ၃၀ ႏွစ္ရွိ ကိုတင္ေ႐ႊ၊ အသက္ ၃၀ ႏွစ္ရွိ ကိုညီသိန္း၊ အသက္ ၃၃ ႏွစ္ရွိ ဦးညီဝင္း၊ အသက္ ၂၈ ႏွစ္ရွိ ကိုေမာင္ၾကည္သန္း၊ အသက္ ၃၀ ႏွစ္ရွိ ကိုခင္ေမာင္ျမင့္၊ အသက္ ၄၀ ႏွစ္ရွိ ဦးဆန္းဝင္းေမာင္၊ အသက္ ၂၅ ႏွစ္ရွိ ကိုစိုးမင္းေဌး၊ အသက္ ၂၀ ႏွစ္ရွိ ေမာင္စိုးမင္းႏိုင္ႏွင့္အတူ ဒါးလက္ အေနာက္႐ြာမွ ႐ြာသား ၂ ဦးတို႔ ျဖစ္ေၾကာင္းလည္း ေဒသခံ႐ြာသားမ်ား ထံမွ သိရသည္။ ဖမ္းဆီးခံထားရသူတို႔မွာ ေဒသတြင္း ငါးရွာရန္ တပ္မေတာ္မွ ခြင့္ျပဳထားသူမ်ားျဖစ္ၾကၿပီး ရရွိလာသည့္ငါးမ်ားကို တပ္မေတာ္သားမ်ား ဝယ္ယူကာ ပိုလွ်ံသည့္ ငါးမ်ားကို ေက်း႐ြာအတြင္း ေရာင္းခ်လုပ္ကိုင္ေနသူတို႔ျဖစ္ေၾကာင္း သိရသည္။

ဒါးလက္ေျမာက္႐ြာမွ ေက်ာင္းထိုင္ဆရာေတာ္ ဦးဝိသုတၱက “ ဦးဇင္း႐ြာက ၁၂ ေယာက္ ဒါးလက္ အေနာက္ ႐ြာေခၚ ရွမ္းကုန္း က ၂ ေယာက္ စုစုေပါင္း ၁၄ ေယာက္ကို ေခၚသြားတာ။ သူတို႔ကို အဲဒီေဒသမွာ ငါးရွာဖို႔ အတြက္ တပ္ကလည္း အရင္တုန္း ကလည္း ခြင့္ျပဳထားတာ။ ရလာတဲ့ ငါးေတြကို တပ္မေတာ္သားေတြက ဝယ္တယ္။ က်န္ပိုလွ်ံတဲ့ ငါးေတြကို ႐ြာမွာေရာင္း တယ္ အဲဒီလိုလုပ္ေနၾကတာ”ဟု မိန႔္ၾကားသည္။ အမ္းၿမိဳ႕နယ္အတြင္း လူမႈကူညီေရးလုပ္ကိုင္ေနသူ ကိုမ်ိဳးလြင္က “ အခုလို စားဝတ္ေနေရးအတြက္ ရွာေဖြေနရတာကို သံသယနဲ႔ ဖမ္းဆီးခံရတာေတြဟာ ေဒသခံေတြက ေၾကာက္လန႔္ေစတယ္။ ေနာက္ၿပီးေတာ့ အျပစ္ မရွိရင္ အျမန္ဆုံးလႊတ္ေပးသင့္ၿပီ။ အခုလို အခ်ိန္အၾကာႀကီး ထိန္းသိမ္းထားတာေတြ မလုပ္သင့္ဘူး ” ဟု ေထာက္ျပသည္။ https://burma.irra waddy.com/news/2020/10/26/232334.html

**************

၃၀။ ျမစ္ႀကီးနား၌ ၁ လအတြင္း ခိုးမႈ၊ လုယက္မႈက်ဴးလြန္သူ ၅၀ ဖမ္းမိ၊ လူငယ္ အမ်ားဆုံးပါဝင္
25 October 2020

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ၁ လအတြင္း ခိုးမႈ၊ လုယက္မႈေတြ က်ဴးလြန္သူ တရားခံအေယာက္ ၅၀ ဖမ္းဆီးရမိခဲ့ၿပီး လူငယ္ေတြ အမ်ားဆုံးပါဝင္တယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးက ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕မွာ စက္တင္ဘာ ဒုတိယအပတ္ကေန ေအာက္တိုဘာ ဒုတိယအပတ္အထိ ၁ လအတြင္း ခိုးမႈ၊ လုယက္မႈမ်ား က်ဴးလြန္သူ တရားခံအေယာက္ ၅၀ ကို ဖမ္းမိခဲ့တာပါ။ ဖမ္းမိခဲ့တဲ့သူေတြထဲမွာ ဖုန္းနဲ႔ ပိုက္ဆံအိတ္ လုယက္သူ လူငယ္ေတြ အမ်ားဆုံးပါဝင္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးက ရဲမွဴးျမင့္မိုးက ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕မွာ ေဒသခံေတြရဲ႕ အကူအညီကိုရယူၿပီး ခိုးမႈ၊ လုယက္မႈ က်ဴးလြန္သူေတြကို ေဖာ္ထုတ္ ဖမ္းဆီးေရး အရွိန္ အဟုန္ျမႇင့္ ေဆာင္႐ြက္ခဲ့ရာ ၁၈ ႏွစ္ေအာက္ တရားခံ ၈ ေယာက္၊ ၁၈ ႏွစ္အထက္ အေယာက္ ၄၀ ကို တလအတြင္းမွာ ဖမ္းဆီးမိခဲ့တာလို႔ သိရပါတယ္။ ဖမ္းမိတဲ့အမႈေတြထဲမွာ ရဲစခန္းမွာ လာေရာက္အမႈဖြင့္တိုင္ၾကားျခင္းမရွိတဲ့ အမႈေတြလည္း ပါဝင္ခဲ့ၿပီး ထိေရာက္တဲ့ ျပစ္ဒဏ္ခ်မွတ္ႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archi ves/419085

************

၃၁။ ကရင္ျပည္နယ္တြင္ KNDP ႏွင့္ NLD ပါတီတို႔ စည္း႐ုံးေရး အားေကာင္းေန
October 23, 2020

လာမယ့္ ႏုိဝင္ဘာ ၈ရက္ေန႔တြင္ က်င္းပမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ မဲဆြယ္ကာလအတြင္း ကရင္ျပည္နယ္တြင္ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ-KNDP ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္-NLD ပါတီတို႔ စည္း႐ုံးေရးအင္အားေကာင္း ေနေၾကာင္း သိရသည္။ ကရင္ျပည္နယ္တြင္ ယခုေရြးေကာက္ပြဲအတြက္ ပါတီ ၁၄ ပါတီႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ ေလာင္းမ်ား ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ KNDP ႏွင့္ NLD ပါတီတုိ႔မွာ အျခားႏုိင္ငံေရးပါတီမ်ား ထက္ စည္း႐ုံးေရးအားေကာင္းေနသည္ဟု မဲဆႏၵရွင္ျပည္သူမ်ားက ေျပာဆုိေနၾကသည္။

ထုိကိစၥအေပၚ မၾကာေသးခင္က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဖ်က္သိမ္းလိုက္သည့္ ႏွင္းဆီပါတီဟု လူသိမ်ား ေသာ UDP မွ ကရင္ျပည္နယ္၊ ပအိုဝ္းတိုင္းရင္းသားေရးရာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ျဖစ္ခဲ့ သူ ခြန္ေအာင္ျမင့္ျမတ္ က “ကရင္ျပည္နယ္မွာ NLD လည္းအားေကာင္းတယ္။ ကရင္အမ်ိဳးသား ဒီမိုကရက္ တစ္ပါတီလည္းအား ေကာင္းတယ္။ အဲဒီ ၂ ခုပဲ က်ေနာ္ျမင္တယ္။ က်န္တဲ့ပါတီကေတာ့ က်ေနာ္အဲေလာက္ထိေတာ့ အားမရဘူးေပါ့ေနာ္။”ဟု ယေန႔ (ေအာက္ တိုဘာ ၂၃ ရက္)တြင္ ေျပာသည္။ ကရင္ျပည္နယ္ပါတီမ်ားပူးေပါင္းကာ KNDP ေပၚေပါက္လာျခင္း၊ ဌာေနတိုင္းရင္းသား မ်ားအေနျဖင့္ ဆံုးရႈံးေန ေသာ အခြင့္အေရးမ်ား ရရွိရန္ စိတ္အားထက္သန္ ေမွ်ာ္လင့္ေနျခင္းမ်ားေၾကာင့္ ေဒသခံပါတီ KNDP ကို ပိုမို ဝန္းရံ အားေပးလာသည္ဟု ျမင္မိေၾကာင္း KNDP မွ ဖားအံၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း နန္းလွယဥ္ေမ က ေျပာသည္။

“လူငယ္ရဲ႕ ဝန္းရံမႈအားကို ၾကည့္ရင္ KNDP က ပိုအင္အားေကာင္းေနတယ္ေပါ့ေနာ္။ ျမဝတီ၊ ၾကာအင္းဆိပ္ႀကီး၊ လွိဳင္းဘြဲ တို႔မွာ အင္အားေထာင္၊ ေသာင္းခ်ီၿပီး ဝန္းရံခဲ့ၾကတယ္ေလ။ ဖားအံမွာလည္း သူ႔ခြင္အလိုက္ဝန္းရံ ၾကတယ္။”ဟု နန္းလွယဥ္ေမ က ေကအုိင္စီသုိ႔ ေျပာသည္။ မဲဆြယ္ကာလျဖစ္သည့္ စက္တင္ဘာ ၈ ရက္မွ ေအာက္တိုဘာ ၂၃ ရက္ေန႔ အထိ ကရင္ျပည္နယ္အတြင္း KNDP ႏွင့္ NLD ပါတီ ေထာက္ခံသူမ်ားက ၿမိဳ႕နယ္အလိုက္ ကား၊ ဆိုင္ကယ္မ်ားျဖင့္ စီတန္းလွည့္လည္ ဝန္းရံျခင္း၊ စည္း႐ုံးေဟာေျပာျခင္းမ်ားကို ပိုမိုျပဳလုပ္ေနၾကသည္။ http://kicnews.org/2020/10/%e1% 80%80%e1%8 0%9b%e1%80%84%e1%80%b9%e1%80%bb%e1%

**************

၃၂။ ဖမ္းဆီးခံရသည့္ရဲတပ္သားအား ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့မႈ ၁ လေက်ာ္ၾကာမွသိရဟု မိသားစု ေျပာ
25 October 2020

ေအေအနဲ႔ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးခံထားရတဲ့ ရဲတပ္သား ၁ ဦးကို ရဲတရား႐ုံးက ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ၿပီး အၾကမ္း ဖက္ ဥပေဒေတြနဲ႔ ထပ္မံအမႈဖြင့္ထားတာ ၁ လေက်ာ္အၾကာမွ သိရတယ္လို႔ မိသားစုက ေျပာပါတယ္။ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ စနဲၿမိဳ႕ရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္သား ရဲကိုႏိုင္ဆိုသူဟာ ေအေအနဲ႔ ဆက္စပ္တယ္ ဆိုၿပီး ဇူလႈိင္ ၂၈ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး စက္တင္ဘာ ၉ ရက္ေန႔မွာ ရဲတရား႐ုံးကေနၿပီး ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လိုက္တာပါ။

အခုလို ေထာင္ဒဏ္အမိန႔္ခ်မွတ္တာကို မိသားစုဝင္ေတြအား ေျပာဆိုဆက္သြယ္မႈမရွိခဲ့ဘဲ ေအာက္တာဘာ ၁၈ ရက္ေန႔ကမွ သိရၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔လည္း ထပ္မံအမႈဖြင့္ခံထားရတယ္လို႔ အစ္မျဖစ္သူ မခင္မီမီေအာင္က ေျပာပါ တယ္။“က်မရဲ႕ ေမာင္ေလးကို စက္တင္ဘာ ၉ ရက္ေန႔က ရဲတရား႐ုံးက ေထာင္ဒဏ္ ၃ ႏွစ္ခ်လိုက္တယ္ဆိုၿပီး ေအာက္တို ဘာ ၁၈ ရက္ေန႔ညမွာ အက်ဥ္းေထာင္ဝန္ထမ္း ၁ ဦးက ဆက္သြယ္ေျပာဆိုလာလို႔ မိသားစုေတြ သိခြင့္ရတယ္၊ ဘာပုဒ္မ ေတြနဲ႔ အမိန႔္ခ်တယ္ဆိုတာလည္း အတိအက်မသိရဘူး၊ အမိန႔္ခ်တာေတာင္ တစ္လေက်ာ္ၾကာၿပီးမွ သိရတယ္၊ က်မ ေမာင္ေလး အတြက္ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနလည္း မသိလိုက္ဘူး။ က်မတို႔ ဖုန္းဆက္ေျပာေတာ့ သူက လိုက္လံစုံစမ္းမွ ေထာင္ခ်လိုက္တာ ဟုတ္တယ္ဆိုၿပီး ျပန္ေျပာတယ္။ က်မေမာင္ကို အရပ္ဘက္တရား႐ုံးမွာလည္း အၾကမ္း ဖက္ ဥပေဒေတြနဲ႔ ထပ္ၿပီး အမႈဖြင့္လွစ္ထားတယ္။ အခုလို အမိန႔္ခ်မယ္ဆိုရင္လည္း မိသားစုကိုေတာ့ အေၾကာင္းၾကားသင့္ တာေပါ့။ အခုက သူမ်ားေျပာမွသိရတာဆိုေတာ့ က်မတို႔ကေတာ့ ပြင့္လင္းျမင္သာမႈ ရွိေစခ်င္တာေပါ့။”

ရဲတပ္သား ရဲကိုႏိုင္ဟာ ရဲစည္းကမ္းထိန္းေရးဥပေဒကို ခ်ိဳးေဖာက္တာေၾကာင့္ ရဲတရား႐ုံးကေနၿပီးေတာ့ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လိုက္တာလို႔ ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးေက်ာ္ေဇာက ေျပာပါတယ္။ “ရဲကိုႏိုင္ကို ရဲစည္းကမ္းထိန္းသိမ္းေရးနဲ႔ ရဲတပ္ဖြဲ႕က ထုတ္ပယ္ၿပီးေတာ့ ရဲတရား႐ုံးကေန ျပစ္ဒဏ္ခ်လိုက္တာ၊ ၃ ႏွစ္ ခ်လိုက္တာပါ၊ နယ္ဘက္တရား႐ုံး မဟုတ္ဘူး၊ စစ္ေဆးေပၚေပါက္လို႔ေပါ့။”ေက်ာက္ျဖဴၿမိဳ႕နယ္မွာ ၂၀၂၀ ေမလေနာက္ပိုင္းကစၿပီး ေအေအနဲ႔ဆက္စပ္တယ္ဆိုၿပီး သံသယ နဲ႔ ဖမ္းဆီးခံရသူ ၅၀ ေလာက္ရွိၿပီး တခ်ိဳ႕ကို ျပန္လည္လႊတ္ေပးခဲ့ကာ အမႈဖြင့္လွစ္ တရားစြဲဆိုခံေနရသူက ၃၀ ဝန္းက်င္ ေလာက္ရွိတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/419090

**************

၃၃။ မိုင္းဆတ္တြင္ ေငြက်ပ္ သန္းေပါင္း ၂ ေသာင္းခြဲေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ
26 October 2020

ရွမ္းျပည္နယ္၊ မိုင္းဆတ္ၿမိဳ႕နယ္မွာ ေငြက်ပ္ သန္းေပါင္း ၂ ေသာင္းခြဲေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးေတြနဲ႔ သယ္ေဆာင္သူ တစ္ေယာက္ကို ဖမ္းမိခဲ့တယ္လို႔ အစိုးရျပန္ၾကားေရး သတင္းမွာ ေဖာ္ျပပါတယ္။ ေအာက္တိုဘာ ၂၅ ရက္ မနက္ ၁၀ နာရီ ေလာက္က မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြပါတဲ့ ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြမ္း-မိုင္းဆတ္သြား ကားလမ္း ပါခါး႐ြာနားမွာ မိုင္းတြမ္းကေန မိုင္းဆတ္ဘက္ကို အားေဖ်ာ္(ခ)အားၿဖိဳး၊ ဆိုသူ ေမာင္းႏွင္ လာတဲ့ ဆိုင္ကယ္ကို ရပ္တန႔္ရွာေဖြရာမွာ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀၀ သိမ္းဆည္းရမိခဲ့ပါတယ္။

ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ မနက္ ၁၁ နာရီခြဲေလာက္မွာ မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းတြမ္းအုပ္စု နမ့္ခမ္း(၁)ေအာက္႐ြာက ေလာ္ခ်ာနဲ႔ ေလာ္ဖာတို႔ရဲ႕ ေနအိမ္ကို ရွာေဖြရာမွာ သူတို႔ကိုမေတြ႕ဘဲ အိမ္ထဲကေန အိုက္စ္ ၁၂၄ ကီလို၊ ကဖင္း ကီလို ၆၅၀၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ႐ိုက္ႏွိပ္ရာမွာ သုံးတဲ့ သံမို WY စာတန္း ပါ ၁၁ ေခ်ာင္းနဲ႔ စာတန္းမပါ ၁၁ ေခ်ာင္းတို႔ကို သိမ္းဆည္း ရမိခဲ့ပါတယ္။ ေလာ္ဖာဟာ တာခ်ီလိတ္ၿမိဳ႕မွာ ၂၀၂၀ ျပည့္ႏွစ္ ေမ ၇ ရက္က စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃ သိန္း ဖမ္းဆီးရမိခဲ့တဲ့ အမႈက ကြင္းဆက္တရားခံေျပးျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒါေၾကာင့္ ဖမ္းမိထားတဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ အားေဖ်ာ္(ခ) အားၿဖိဳး၊ တိမ္းေရွာင္သူ အသက္ ၂၈ ႏွစ္အ႐ြယ္ ေလာ္ဖာ၊ အသက္ ၃၀ အ႐ြယ္ ေလာ္ခ်ာတို႔ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားတယ္လို႔ ဆိုပါတယ္။

ေအာက္တိုဘာ ၂၄ ရက္က ထားဝယ္ၿမိဳ႕ ထိန္သစ္ရပ္ကြက္မွာ ဆိုင္ကယ္တစီးကို ရပ္တန႔္စစ္ေဆးရင္း WY စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၄၀၀ ရွာေဖြေတြ႕ရွိသိမ္းဆည္းရမိၿပီး သူ႔အိမ္ကိုသြားေရာက္ရွာေဖြရာ WY စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၆၁၂ ျပား ထပ္ၿပီး ဖမ္းဆီးရမိပါတယ္။ http://burmese.dvb.no/arch ives/419281

*************

၃၄။ ေတာင္ဇလပ္ပန္းႏွင့္ ခ်င္းသစ္ခြတို႔အား ခူးယူဖ်က္ဆီးပါက အေရးယူေတာ့မည္
26 October 2020

သစ္ေတာဦးစီးဌာနက ခ်င္းျပည္နယ္ရွိ ေတာင္ဇလပ္ပန္း ျဖဴ၊ နီ၊ ဝါႏွင့္ သစ္ခြပန္းမ်ားကို သဘာဝအပင္မ်ား စာရင္းတြင္ ထည့္သြင္းလိုက္ျခင္းေၾကာင့္ ထိုအပင္မ်ားကို ထုတ္ယူဖ်က္ဆီးသူမ်ားအား အေရးယူေတာ့မည္ဟု နတ္မေတာင္ အမ်ိဳးသား ဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိန္ထြန္းက ဧရာဝတီသို႔ ေျပာသည္။ ဦးစိန္ထြန္းက “အေရးယူေနပါတယ္။ အရင္က ပညာေပး ေဟာေျပာတာေတြေလာက္ပဲလုပ္တာ အခုေတာ့ ပုံစံေျပာင္းၿပီး ပညာေပးတဲ့သေဘာမ်ိဳးေတြ လုပ္ေနတယ္။ ၾကပ္ၾကပ္ မတ္မတ္ ျပန္လုပ္တဲ့သေဘာေပါ့။ တႏွစ္ေလာက္ရွိၿပီ လုပ္ေနတာ။ အပင္လိုက္ခုတ္သြားတာမ်ိဳးေတြ မျဖစ္ေအာင္လည္း အစီအစဥ္ေတြ အခုလုပ္ေနပါတယ္” ဟု ေျပာသည္။

သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဌာန၊ သစ္ေတာ ဦးစီးဌာနသည္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္း သိမ္းေရးနယ္ေျမမ်ား ထိန္းသိမ္းေစာင့္ေရွာက္ျခင္းဆိုင္ရာ ပုဒ္မ ၁၉(ဂ)အရ မ်ိဳးဆက္ျပတ္သုန္းမည့္ အႏၲရာယ္ရွိေသာ ကာ ကြယ္ထားသည့္ သဘာဝအပင္မ်ားကို ၂၀၂၀ ခုနစ္၊ စက္တင္ဘာလ ၁၁ ရက္က ထုတ္ျပန္ေၾကညာလိုက္ျခင္းျဖစ္သည္။ အဆိုပါ သဘာဝအပင္စာရင္းတြင္ ခ်င္းျပည္နယ္ရွိ ေတာင္ဇလပ္ (ျဖဴ၊ နီ၊ ဝါ)၊ ေတာင္ဇလပ္ႏွင္းဆီ၊ ျမန္မာဂ်င္ ဆင္း၊ သစ္ခြ နက္၊ ခ်င္းသစ္ခြနီ၊ ဘုံမၼရာဇာ၊ ေတာင္လုံးေက်ာ္/ ဆာခ်ီ၊ ေျမပုဇြန္ေကြးတို႔ ပါဝင္သည္။ အဆိုပါ အပင္မ်ိဳးစိတ္မ်ားကို မ်ိဳးတုန္း မည့္အႏၲရာယ္မွ ကာကြယ္ရန္အတြက္ သဘာဝအပင္စာရင္းတြင္ သတ္မွတ္ျပ႒ာန္းျခင္း ျဖစ္ေၾကာင္း ဦးစိန္ထြန္းက ဆိုသည္။

ထိုကာကြယ္ထားသည့္ သဘာဝအပင္တမ်ိဳးမ်ိဳးကို သတ္မွတ္ထားသည့္ ေနရာေဒသအတြင္း ခြင့္ျပဳခ်က္ မရွိဘဲ ထုတ္ယူ၊ စုေဆာင္း၊ ဖ်က္ဆီးပါက ထိုသူကို ဇီဝမ်ိဳးစုံ၊ မ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္းနယ္ေျမမ်ား ကာကြယ္ေစာင့္ ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၄၀ (ခ) အရ အေရးယူႏိုင္သည္။ ထုိ႔ျပင္ သဘာဝအပင္စာရင္း သတ္မွတ္ရာတြင္လည္း လုံးဝအကာအကြယ္ထား သည့္ အပင္မ်ိဳးစိတ္ႏွင့္ ေနရာေဒသအလိုက္ ကာကြယ္ထားသည့္ အပင္မ်ိဳးစိတ္ဟူ၍လည္း ကြဲျပားသြားသလို ျပစ္မႈျပစ္ဒဏ္ မ်ားလည္း ကြာျခားသြားသည္။ လုံးဝကာကြယ္ရမည့္ အပင္မ်ိဳးစိတ္မ်ားတြင္ ေတာင္ဇလပ္ဝါ၊ ေတာင္ဇလပ္ႏွင္းဆီႏွင့္ ခ်င္း သစ္ခြနီတို႔သည္ ျမန္မာတျပည္လုံးအနက္ ခ်င္းျပည္နယ္တခုတြင္သာရွိသည့္ ရွားပါးအပင္မ်ိဳးစိတ္မ်ားျဖစ္ေၾကာင္း သိရသည္။ https://burma.irrawaddy.com/news/2020/10/26/232336.html

*************

၃၅။ ဘူးသီးေတာင္တြင္ မြတ္ဆလင္ ကေလးငယ္ႏွစ္ဦးေသဆုံးမႈ စုံစမ္းစစ္ေဆးမႈလုပ္ေဆာင္ေနေၾကာင္း တပ္မေတာ္ေျပာ
October 26, 2020

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ျပင္ရွည္(မြတ္ဆလင္)ေက်း႐ြာမွ ကေလးငယ္ႏွစ္ဦးေသဆုံးမႈႏွင့္ ပတ္သက္၍ စုံစမ္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအာက္တိုဘာလ ၂၄ ရက္ေန႔တြင္ ေနျပည္ေတာ္၌ျပဳ လုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ တပ္မေတာ္အေနျဖင့္ ကေလးငယ္ႏွစ္ဦး ေသဆုံးမႈျဖစ္ပြားသည့္ အခ်ိန္မွစ၍ စုံစမ္းစစ္ေဆးမႈကို စတင္လုပ္ ေဆာင္လ်က္ရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။“ဒီဟာနဲ႔ပတ္သက္လို႔ ခ်ိဳ႕ယြင္းခ်က္ အားနည္းခ်က္ရွိရင္ သိႏိုင္ေအာင္လို႔ ဘယ္လိုပဲျဖစ္ျဖစ္ စုံစမ္းစစ္ေဆးမႈ ေတြကို အဲဒီကစၿပီး လုပ္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ လုပ္ေနတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ထုတ္ျပန္ၿပီးသားလည္း ျဖစ္ပါတယ္”ဟု ၎က ဆိုသည္။

ေအာက္တိုဘာလ(၅)ရက္ေန႔ ညေနပိုင္းက ဘူးသီးေတာင္ၿမိဳ႕နယ္ ျပင္ရွည္(မြတ္ဆလင္)ေက်း႐ြာအနီး တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္စစ္ေၾကာင္းက ေခၚေဆာင္သြားေသာ မြတ္ဆလင္ ႐ြာသားမ်ား အနက္ က်ည္ထိမွန္ထားေသာ ကေလးငယ္ႏွစ္ဦး၏ ႐ုပ္အေလာင္းကို ေအာက္တိုဘာလ (၆)ရက္ေန႔ နံနက္ပိုင္းတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ထုတ္ေဖာ္ေျပာဆိုထားသည္။ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA)တို႔အၾကား တိုက္ပြဲအတြင္း ကေလးငယ္ ႏွစ္ဦး ေသဆုံးမႈျဖစ္ပြားခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ယင္းကိစၥရပ္ ကို စုံစမ္းစစ္ေဆးမႈမ်ား လ်င္ျမန္စြာလုပ္ေဆာင္ရန္ ေအာက္တိုဘာ ၁၄ ရက္ေန႔က ကုလသမဂၢဦးေဆာင္ေသာ ႏိုင္ငံအဆင့္ ေစာင့္ၾကည့္ေရးႏွင့္ အစီရင္ခံေရးအထူးတာဝန္အဖြဲ႕( CTFMR ) က တိုက္တြန္းထားသည္။

ရခိုင့္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕မွ ဒါ႐ိုက္တာ ဦးျမတ္ထြန္း က “ကေလးေတြ ေသဆုံးမႈနဲ႔ပတ္သက္လို႔ အစိုးရနဲ႔ တပ္မေတာ္မွာ တာဝန္ရွိတယ္။ ရခိုင္မွာ ကေလးေတြမေသသင့္ဘဲ ေသေနရတယ္။ ၿပီးခဲ့ ရက္ပိုင္းအတြင္းကလည္း ေျမာက္ဦးမွာအေျမာက္က်ည္က်လို႔ ကေလးငယ္တစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ရတယ္။ ဒါေပမယ့္ တပ္မေတာ္ကေတာ့ ျငင္းဆို ခ်င္တိုင္း ျငင္းဆိုေနတယ္။ ဒါေတြက မေကာင္းဘူး။ တာဝန္ခံမႈ တာဝန္ယူမႈ မရွိဘူး”ဟု ေျပာသည္။ https://www.bnion line.net/mm/news-76513

**************

၃၆။ ဘီယာေက်း႐ြာ စာသင္ေက်ာင္းေဆာင္အလုံအေလာက္မရွိေသး
October 26, 2020

ဖ႐ူၿမိဳ႕နယ္ အေနာက္ဘက္ျခမ္း ဘီယာေက်း႐ြာမွာရွိတဲ့ ႏွစ္စဥ္ပွ်မ္းမွ်ေက်ာင္းသား/ သူ ေပါင္း ၄၀၀ နီးပါးရွိၿပီး စာသင္ခန္း ၃ ခန္းသာရွိတဲ့အတြက္ စာသင္တဲ့အခ်ိန္မွာ အခက္အခဲျဖစ္တယ္လို႔ ဘီယာေက်း႐ြာ ဆယ္အိမ္မွဴး ဦးဂ်ိဳဝါးနီ ကေျပာပါတယ္။ ဘီယာေက်း႐ြာက မူလြန္ေက်ာင္းျဖစ္ေပမယ့္ သတၱမတန္းအထိ ဖြင့္ထားတဲ့အတြက္ စာသင္ခန္းတစ္ခန္းကို ၃ ခန္းဖြဲ႕ၿပီး သင္ ခဲ့ရတယ္လို႔္ ေျပာပါတယ္။“ အဲ့တာကို ျဖစ္ႏိုင္ရင္ ႏိုင္ငံေတာ္ကို ေနာက္ထပ္တစ္လုံး ထပ္ေပးေစခ်င္တယ္ ဘာျဖစ္လို႔လဲဆို ေတာ့ မူလြန္ေက်ာင္းဆိုတာ သတၱမတန္းအထိေတာ့ဖြင့္ေနပါတယ္ အခန္းက သုံးခန္းတည္းဆိုေတာ့ က်ေနာ္တို႔ တစ္ခန္းကို သုံးခန္းျပန္ခြဲေတာ့ တအားက်ဥ္းတယ္။ ႐ုံးခန္းတစ္ခန္းရယ္၊ ခုႏွစ္တန္းတစ္ခန္းရယ္၊ ေျခာက္တန္းတစ္ခန္းရယ္ က်ေနာ္တို႔ တြဲၿပီးေတာ့ အဲ့တစ္ခန္းတည္းကို သုံးခန္းက်ေနာ္တို႔ျပန္လုပ္ေနရတဲ့ ဘဝေရာက္ေနတယ္။”ဦးဂ်ိဳဝါးနီ ကေျပာပါတယ္။

ဦးသဲရယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဖ႐ူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ကလည္း ဘီယာေက်း႐ြာတြင္ ေက်ာင္း ေဆာင္သစ္တစ္ေဆာင္ တိုးခ်ဲ႕တည္ေဆာက္ေပးရန္ရွိမရွိ ေအာက္တိုဘာလ ၁၅ ရက္ေန႔က လြတ္ေတာ္ထဲ ၾကယ္ပြင့္မျပ ေမးခြန္းေမးျမန္းခဲ့ေပမယ့္ ခုခ်ိန္ထိ အေၾကာင္းမျပန္ေသးဘူးလို႔ သိရပါတယ္။“ ဘီယာေက်း႐ြာေပါေနာ အဲ့႐ြာက လူဦးေရ အိမ္ေျခလည္းမ်ားတယ္ ေနာက္ၿပီးေတာ့ ေက်ာင္းေဆာင္ကလည္း တစ္ေဆာင္ပဲရွိတယ္လို႔ၾကားတယ္ေပါ့ေနာ္။ အဲ့တာ ေက်း႐ြာလူငယ္ေတြကေျပာျပတယ္ေပါ့ သူတို႔အေနနဲ႔ကေတာ့ လမ္းပန္းဆက္သြယ္ေရးနဲ႔ စာသင္ေက်ာင္းကို တည္ေဆာက္ ေစခ်င္တယ္ေပါ့။” သူကဆက္ေျပာပါတယ္။ ဟိုယာေက်း႐ြာရွိ ေဒသခံမ်ားသည္ ေတာင္ယာလုပ္ငန္းအျပင္ အျခားေသာ စီးပြားေရး လုပ္ငန္း မလုပ္ကိုင္တဲ့အတြက္ ဝင္ေငြနည္းပါးတယ္လို႔ သိရပါတယ္။

ဖ႐ူဆိုၿမိဳ႕နယ္အတြင္းမွာဆို ေက်ာင္းမလုံေလာက္တဲ့႐ြာေတြကေတာ့ ကိုယ္ထူကိုယ္ထေက်ာင္း ေလာပလ်ားလဲ႐ြာ ၊ အလယ္ တန္းေက်ာင္းခြဲ ခါးဘယ္႐ြာ ၊ အ.မ.က ေစာပလိခို႐ြာ ၊ မူ/လြန္ ဘီယာ႐ြာ၊ မူ/လြန္ ထိုခြီဆို႐ြာ ၊ အ.မ.က ေခါေလ႐ြာ၊ မူလြန္ ဖာဝယ္႐ြာ၊ မူ/လြန္ ေထခို႐ြာ၊ အ.မ.က ေကသဲဒိုး ၊ အ.မ.က ထီးေသာတေနးကူး႐ြာ၊ အ.မ.က ေဒါကူလဲ႐ြာ၊ အ.မ.ကခြဲ ေဆာလယ္႐ြာ၊ အ.မ.ကခြဲ ႐ိုစပရား႐ြာေဟာင္း ၊ အ.မ.က သိုသီးဖို႐ြာ ၊ မူ/လြန္ ပလဲလယ္႐ြာ၊ အ.မ.က ဒိုးပရယ္႐ြာ၊ အ.မ.က ဒိုးမူေခါ႐ြာ၊ အ.မ.က ပလိုေဒးခို႐ြာ၊ အ.မ.က ယိုပရား႐ြာ၊ အ.မ.က ေလာဂ်ာ႐ြာ၊ အ.မ.က ေလာေက်ခူ႐ြာ၊ အ.မ.က ေဒါေလာခူ႐ြာ စတဲ့မူလတန္းေက်ာင္းေတာ္ေတာ္မ်ားမ်ား ေက်ာင္းေဆာင္ေတြလိုအပ္ေနပါေသးတယ္လို႔ ဖ႐ူဆိုၿမိဳ႕ ပညာ ေရးမွဴး ႐ုံးကေနတဆင့္သိရပါတယ္။ https://www.bnionline.net/mm/news-76538

 

 

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 67 , October 20, 2020)

၁။ အစိုးရတပ် အရာရှိ ၂ ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက် ဟု တပ်မတော်ထုတ်ပြန်
၂။ KIA ဖမ်းသွားတဲ့ ရွှေကူက သုံးဦး ပြန်လွတ်လာ
၃။ တပ်မတော် ဖမ်းဆီးခဲ့သည့် ကျောက်တော် ဒေသခံတဦး ဒဏ်ရာများဖြင့် ဆေးကုနေရ
၄။ KBC ဥက္ကဌ ညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား
၅။ မြောင်းမြမြို့တွင် ကရင်ပြည်သူ့ပါတီ (KPP) ဝန်းရံသူများက အင်အား တစ်သောင်းကျော်ဖြင့် လှည့်လည်
၆။ ရေးမြို့နယ်အတွင်း မွန်ညီညွတ်ရေးပါတီ (MUP) အား ထောက်ခံဝန်းရံသူ ထောင်နှင့်ချီ၍ အင်အားပြလှည့်လည်
၇။ ကိုဗစ်ဒုတိယလှိုင်းတွင် ရာဘာခြံလုပ်ငန်းခွင်ဝင်ရန်အခက်တွေ့
၈။ ဦးဂါရွာသူအမှု စစ်တရားရုံးဖွဲ့၍ စစ်ဆေးနေဟု တပ်မတော်ပြော
၉။ လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
၁၀။ ပလက်ဝတွင် လုံခြုံရေးအားနည်းကြောင်း အကြံပြုခဲ့ဟု တပ်မတော်ပြော
၁၁။ PNO ပါတီက တောင်ကြီးမြို့တွင် ဒုတိယအကြိမ် မဲဆွယ်စည်းရုံးရေး အင်အားပြ လှည့်လည်
၁၂။ ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို
၁၃။ ဒေသခံ ကျောင်းအုပ်ဆရာတစ်ဦးကို KNU မှ အဓမ္မဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်၊ အဓမ္မဖမ်း ဆီးခြင်းမရှိဟု KNU ပြော
၁၄။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲ နိုင်ဖို့လိုတယ်လို့ SNLD ဥက္ကဋ္ဌ ပြော
၁၅။ မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း
၁၆။ တိုင်းရင်းသား ပြည်နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှု မရှိခြင်းက ကော်မရှင်၏ သမာသမတ်ရှိမှု၊ ပွင့်လင်းမြင် သာရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း NBF ထုတ်ပြန်
၁၇။ ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြန်လည်ဖြေလျှော့ပေး
၁၈။ ပူတာအိုတွင် KSPP ပါတီဝန်းရံသူများ ပထမဦးဆုံးအကြိမ် လှည့်လည်အင်အားပြ
၁၉။ လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO ) ပါတီ အင်အား ၁၅၀၀ ဖြင့်လှည့်လည်မဲဆွယ်
၂၀။ ပလက်ဝတွင် ရွေးကောက်ပွဲမလုပ်ရန် အကြံပြုသော်လည်း UEC က ကျင်းပချင်သဖြင့် တပ်မတော်ဘက်က ညှိနှိုင်း ပေးခဲ့ရဟု တပ်မတော် ရှင်းလင်း
၂၁။ မြဝတီနယ်စပ် အမှတ် ၂ တံတားမှ နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်းထား၍ ဒေသတွင်း စားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ် မှုရှိနေ
၂၂။ မွန်ပါတီမဲအောင်နိုင်ရေး ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့ လှည့်လည်အင်အားပြ
၂၃။ သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်
၂၄။ ကန့်ကွက်မှုတွေရှိနေတဲ့ ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဟု KySDP ၏ ကိုယ်စား လှယ်လောင်းကတိပေး
၂၅။ ကချင်ပြည်နယ်မြို့နယ်နှစ်ခုတွင် တက်သုတ်ရိုက်ပြုလုပ်ခဲ့ရသည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မဲဆွယ်စည်းရုံးရေး
၂၆။ စစ်အစိုးရလက်ထက် က သျှမ်းဘာသာဖြင့် ရုပ်သံမှာ သတင်းကြေညာသူ(သို့) ပြည်သူ့ပြဿနာကို ရှေ့ထွက် ဖြေရှင်း ပေးချင်သူ နန်းဆာဥ
၂၇။ မော်လမြိုင်သို့ အခြားဒေသမှ ရောက်လာပြီး မဲပေးရန် ပုံစံ ၃(က) ဖြင့် လျှောက်ထားသူ ၂၆၀၀ နီးပါး ရှိ
၂၈။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရှိသည့်အတွက် NCA စာချုပ် ဖြစ်ပေါ်လာသော်လည်း လက်ရှိတွင် ယုံကြည်မှုပျက်ပြား ရန် အသေးစိတ်ကအစ အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း တပ်မတော်ဘက်က ပြောကြား

၂၉။ ဖမ်းဆီးခံ အမ်း ဒေသခံ ၁၄ ဦး၏ အသက်အန္တရာယ် စိုးရိမ်ကြောင်း မိသားစုများက ပြော
၃၀။ မြစ်ကြီးနား၌ ၁ လအတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်သူ ၅၀ ဖမ်းမိ၊ လူငယ် အများဆုံးပါဝင်
၃၁။ ကရင်ပြည်နယ်တွင် KNDP နှင့် NLD ပါတီတို့ စည်းရုံးရေး အားကောင်းနေ
၃၂။ ဖမ်းဆီးခံရသည့်ရဲတပ်သားအား ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့မှု ၁ လကျော်ကြာမှသိရဟု မိသားစု ပြော
၃၃။ မိုင်းဆတ်တွင် ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
၃၄။ တောင်ဇလပ်ပန်းနှင့် ချင်းသစ်ခွတို့အား ခူးယူဖျက်ဆီးပါက အရေးယူတော့မည်
၃၅။ ဘူးသီးတောင်တွင် မွတ်ဆလင် ကလေးငယ်နှစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း တပ်မတော်ပြော
၃၆။ ဘီယာကျေးရွာ စာသင်ကျောင်းဆောင်အလုံအလောက်မရှိသေး

**************

၁။ အစိုးရတပ် အရာရှိ ၂ ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက် ဟု တပ်မတော်ထုတ်ပြန်
October 24, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ရှည်ကျေးရွာ အနီးတွင် အစိုးရ တပ်မတော်သား ၂ဦးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး က ထုတ်ပြန်လိုက်သည်။ အောက်တိုဘာ ၆ ရက် က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ အစိုးရတပ်မတော် ၂ ဦးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှသာ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု ယနေ့ အောက်တိုဘာလ ၂၄ ရက် က တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ဒီသတင်း ကျနော် မကြား သိရသေးဘူး။ ကျနော့်ဆီမရောက်ရှိလာသေးဘူး”ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယခုရက်ပိုင်း အစိုးရ တပ်မတော် ဘက်မှ RCSS/SSA ကို မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့သည့်အပေါ် တွေ့ရှိကြောင်း၊ တပ်မတော် အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက ယခုကဲ့သို့ မလုပ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေး ကဆိုသည်။ “ ကျနော်တို့ နယ်မြေ သတ်မှတ်ချက်တွေ သဘောတူညီခဲ့တာ ဘာမှမရှိခဲ့ဘူး။ အကြောင်းတခုမဟုတ်တခု ရှာပြီးပြော လေ့ရှိတယ်။ ကျနော်တို့ လည်း အခုအခြေအနေ စောင့်ကြည့်နေတယ်”ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်းပြောသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့သည် ၂၀၁၂ ဇန်နဝါရီ နှင့် မေလ ကျိုင်းတုံမြို့ တွေ့ဆုံပွဲတွင် နှစ်ဘက် သဘောတူညီချက်အရ RCSS/SSA အဖွဲ့ မှ ဟိုမိန်းနှင့် မုံးထားနယ်မြေသို့ ကျော်လွန် လှုပ်ရှားခြင်း မပြုရန် သတ်မှတ်ခဲ့ကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးထုတ်ပြန်ချက်တွင် ရေးထားသည်။ တိုက်ပွဲများ ဖြစ်ပွားမှု နယ်မြေ မတည်ငြိမ်မှုကြောင့် ကျောက်မဲမြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၂) အုပ်စု ရွေးကောက်ပွဲ မကျင်းပရန် လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အစိုးရတပ်မတော်ပေါ် မူတည်ကြောင်း၊ အစိုးရတပ်မတော်တပ်ဆုတ်ပြီး တိုက်ပွဲ မဖန်တီး ပါက ရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနိုင်ကြောင်းလည်း သျှမ်းမြောက်အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပြောဆိုလိုက်သည်။ https://burmese.shannews.org/archives/19060

**************

၂။ KIA ဖမ်းသွားတဲ့ ရွှေကူက သုံးဦး ပြန်လွတ်လာ
October 25, 2020

ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ရင်း ၅ က ဖမ်းခေါ်သွားခဲ့တယ်ဆိုတဲ့ ကချင်ပြည်နယ်၊ ရွှေကူ မြို့နယ်၊ ကျောက်ကြီးကျေးရွာ ဒေသခံသုံးဦး အောက်တိုဘာ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လူငယ် သုံးဦး ပြန်လွတ်လာတယ်လို့ မိသားစုဝင်တစ်ဦးနဲ့ အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတို့က ပြောပါတယ်။ ဖမ်းဆီးခေါ်ခံရသူတွေ က မောင်ကျော်ခိုင်ဦး (၃၁) နှစ်၊ မောင်ထွန်းရဲမိုး (၁၆) နှစ်နဲ့ မောင်နိုင်လင်း (၂၆) နှစ်တို့ဖြစ်ကြပြီး ရွှေကျင်တောမှာ အလုပ်သွားလုပ်နေတဲ့ စက်တင်ဘာ ၁၈ ရက် နေ့က ဖမ်းခေါ်သွားတာလို့ မောင်နိုင်လင်း ဖခင်က ပြောပါတယ်။

“ရွှေကျင်တောမှာဗျ။ ဟုတ်တယ် နေ့စားသွားလိုက်တဲ့အချိန်မှာ။ ကလေးတွေကတော့ အဲဒီမှာ ဘာခိုင်းလဲ ဆိုတော့ ထမင်းချက်၊ ရေခပ်၊ ထင်းခွေတာ လုပ်ခိုင်းတယ်တဲ့။ သင်တန်းတွေကတော့ မတက်ခဲ့ရဘူး ပြောတယ်” သူတို့တွေဟာ မိသားစုနဲ့ တစ်လကျော်ကြာ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) ၊ ပြည်နယ်အစိုးရ အဖွဲ့ တွေကို အကြောင်းကြားစာ ပေးပို့အကူအညီ တောင်းခဲ့ပြီးတဲ့နောက် အခုလို လွတ်လာတာလို့ မြန်မာပြည်မြောက်ပိုင်း-သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ စိုင်းစန်းဝေက ပြောပါတယ်။

အဖမ်းခံရသူ ၆၀၀ ကျော်ရှိတဲ့အထဲမှာ အသက် ၁၈ နှစ်အောက် ၈၁ ယောက် ပါဝင်တဲ့အတွက် ကလေးသူငယ်၊ လူငယ် အခွင့်အရေးတို့နဲ့ဆိုင်တဲ့ UN အဖွဲ့ဆီကို သီးခြားစာရင်းပြုစုပြီး ပေးပို့ခဲ့တယ်လို့ မြန်မာပြည်မြောက်ပိုင်း-ရှမ်းမျိုးနွယ်စုရေး ရာအဖွဲ့ ဒု-ဥက္ကဋ္ဌ စိုင်းခင်မောင်အေးက RFA ကို ပြောပါတယ်။ ဒီစာရင်းတွေဟာ တိုင်းကြားလာတဲ့စာရင်းတွေသာဖြစ်ပြီး ဘယ်နှစ်ယောက်ပြန်လွှတ်တယ်၊ ဘယ်လောက်ဆက်လက်ဖမ်းဆီးခံထားရတယ် ဆိုတာတော့ မသိဘူးလို့ စိုင်းခင်မောင်အေး က ပြောပါတယ်။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီး နော်ဘူက အောက်ခြေတပ်အဆင့်ဆင့်ကို ဆက်သွယ်စစ်ဆေးမယ်လို့သာ ပြောဆိုခဲ့ပါတယ်။ https://www.rfa.org/burmese/news/shwegu-three-villagers-released-10252020051600.html

**************

၃။ တပ်မတော် ဖမ်းဆီးခဲ့သည့် ကျောက်တော် ဒေသခံတဦး ဒဏ်ရာများဖြင့် ဆေးကုနေရ
24 October 2020

တပ်မတော်မှ ဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာ သားတဦးမှာ စစ်ကြောရေး ကာလ အတွင်း ရိုက်နှက်ခံရသည့် ဒဏ်ရာပြင်းထန်မှုကြောင့် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း မိသားစုများ ထံမှသိရသည်။ ဆေးကုသခံယူနေရသူမှာ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်း ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကျေးရွာအတွင်း မိမိ နေအိမ်၌ရှိနေစဉ် တပ်မတော်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ဇနီးဖြစ်သူ ဒေါ်ဦးလှယဉ်က “ ခြေထောက်၊ ပေါင်၊ ရင်ဘတ်တွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ညိုမဲနေတဲ့ ဒဏ်ရာတွေ အသက်ရှု ကျပ်တာတွေဖြစ်နေတယ်။ စစ်သားတွေက ဖမ်းဆီးသွားပြီးတော့ လည်ပင်းတွေကို ကြိုးကွင်းစွပ်တာတွေ၊ ခြေထောက်တွေ၊ ခန္ဓာကိုယ်အနှံ့ကို သေနတ်တွေနဲ့ ထုထောင်းခဲ့တာ။ ဒဏ်ရာတွေက ပြင်းထန်နေတဲ့ အတွက် ဆေးကုသ နေရတာ” ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က တပ်မတော်သားများသည် ရုပ်သားကျေးရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက် လာပြီး အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များအားလုံးကို နေအိမ်ပြင်ပသို့ခေါ်ထုတ်ပြီး ကျေးရွာရှိ စာသင်ကျောင်း၌ စစ်ဆေးမှုများပြုလုပ်ခဲ့သည့်နောက် ၁၈ ရက်နေ့တွင် ဦးမောင်ကျော်သန်းတဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ဆက်လက်ပြီး ဒေါ်ဦးလှယဉ်က “ ကိုယ့်အိမ်ကနေ ဆေးကုသစေချင်တာ အခုတော့ ရဲစခန်းမှာကနေ လာပြီး ပြနေရတယ်။ ဆရာဝန်ကြီးကလည်း ဆေးရုံတက်ပြီးကုသပေးရမယ်လို့ ပြောတယ်။ အခုကတော့ ရဲစခန်းကတော့ ဒီလိုကုသဖို့ ခွင့်ပြုမပြုကို မသိရသေးဘူး” ဟုဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်ရာတွင် ၎င်းမှာ AA အမာခံတဦးဖြစ်ကြောင်း ဖော်ပြသည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ရှေ့နေဦးဇော်ဇော်မင်းက “သံသယနဲ့ ဖမ်းဆီးပြီးတော့ တဦး တယောက်ကိုမျှ ထိခိုက်ညှင်းပန်း ဆက်ဆံမှုမျိုး မပြုလုပ်ရလို့ လူ့အခွင့်အရေး ကြေညာချက်မှာ ပြဌာန်းထားတဲ့အတွက် ကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးဖို့လိုတယ်။ လက်ရှိမှာ တပ်မတော်ဘက်က ပြစ်ဒဏ်ပေးမှု မရှိသလို ဖြစ်နေတယ်။ ဒါကြောင့် အခုလို ကိစ္စမျိုးတွေ ထပ်မံကျူးလွန်ဖို့အတွက် တွန်းအားပေးနေသလိုပဲ”ဟု ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော် နှင့် AA တို့၏ တိုက်ပွဲဖြစ်ပွားနေသည့်ကာလ၌ တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့စဉ် စစ်ကြောရေးကာလအတွင်း ဒဏ်ရာ ရသူ၊ သေဆုံးသူတို့လည်း များပြားလာနေသည်။ https://burma.irrawaddy.co m/news/2020/10/24/232262.html

*************

၄။ KBC ဥက္ကဌ ညှိနှိုင်းပေးမှုကြောင့် တပ်မတော်နှင့် KIO အပစ်ရပ်လက်မှတ်ထိုးတော့မည်ဟူသော သတင်းမှား
23 October 2020

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson က ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသောကြောင့် မကြာခင် Bilateral အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်တော့မည်ဟူသောသတင်းသည် သတင်းမှားဖြစ်သည်ဟု သက်ဆိုင်သူများပြောသည်။‘Mirror Kachin’ အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် KBC ဥက္ကဌ Rev. Dr. Hkalam Samson တို့သည် မကြာခဏတွေ့ဆုံဆွေးနွေးနေသောကြောင့် မကြာခင် တပ်မတော် နှင့် KIA သို့မဟုတ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့နှင့်အတူ တရုတ်ပြည်တွင် လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း ကချင်ဘာသာဖြင့် ရေးသားထား သည်ကို တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး KBC ဥက္ကဌ Rev.Dr.Hkalam Samson ကို မေးမြန်းကြည့်ရာ ကာကွယ်ရေးဦးစီးချုပ်ဖြင့် တစ်ခါမျှသာ တွေ့ဆုံဖူးကြောင်းနှင့် အဆိုပါသတင်းသည် အမှားဖြစ်ကြောင်း ပြောဆိုသည်။ “အဲ့အကောင့်ပိုင်ရှင် ရေးသားထားတဲ့ပုံစံက စစ်တပ် ၂ ဖက် သဘောတူညီလက်မှတ်ထိုးဖို့ ကျနော်က ဘဲ ကြားကနေ ညိနှိုင်းပေးနေတဲ့ ပုံစံဖြစ်နေ တယ်။ ဒါကလုံးဝမဟုတ်ပါဘူး။ အဲ့လို ၂ဖက်ကြား Bilateral လက်မှတ်ထိုးဖို့ ညိနှိုင်းပေးဖို့လည်း ကျနော့်အလုပ်မဟုတ်သလို သက်ဆိုင်မှုလည်းမရှိဘူး။ မထိုးဖို့တောင်ပြောဆိုနေတာ အားလုံးသိပါ တယ်။ အခုနောက်ပိုင်း မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ သဘောတူညီရင် ထိုးမယ်ဆိုတာကလည်း အားလုံးသိကြပါတယ်။ ဒါပေမယ့် အဲ့လုပ်ငန်းစဉ်တွေက အခုထိမအောင်မြင်သေး ဘူး။ သတင်းအမှားဖြစ်တယ်”ဟု ပြောဆိုသည်။‘Mirror Kachin’ သည် အဆိုပါသတင်းကို Mizzima TV မှ ကိုးကားကာ ရေးသားထားသည်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါသတင်းနှင့်ဆက်စပ်သောအကြောင်းအရာကို Mizzima သတင်းစာမျက်တွင်လည်း ရေးသားထားခြင်း မတွေ့ရပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မရှိကြောင်း ကချင်သတင်းဌာန KNG ကို ပြောသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev.Dr.Hkalam Samson သည် ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးအတွက်လုပ်ဆောင်နေသော KHCC အဖွဲ့၏ ဥက္ကဌ လည်းဖြစ်သည်ဟု သိရသည်။ https://burmese. kachinnews.com/2020/10/23/l2-17/

***************

၅။ မြောင်းမြမြို့တွင် ကရင်ပြည်သူ့ပါတီ (KPP) ဝန်းရံသူများက အင်အား တစ်သောင်းကျော်ဖြင့် လှည့်လည်
26 October 2020

မြောင်းမြမြို့တွင်(အောက်တိုဘာ ၂၆ ရက်) နံနက် ၉ နာရီခန့် ကရင်ပြည်သူ့ပါတီ (KPP) ဝန်းရံထောက်ခံသူများက အင်းအား တစ်သောင်းကျော်ဖြင့် မြို့အနှံ့ လှည့်လည်ခဲ့ကြောင်း သတင်းရရှိသည်။ အင်အားပြ ထောက်ခံသူများသည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းအနီးတွင် စတင်စုဝေးကာ ထော်လာဂျီများ၊ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များဖြင့် ကရင်တိုင်းရင်းသားရိုးရာ ဝတ်စုံအား ဝတ်စုံကာ လှည့်လည်အင်အားပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကရင်ပါတီအတွက် ကျွန်တော်တို့ ဝန်းရံသူအဖွဲ့က စုပေါင်းပြီးတော့ ကိုယ့်ရဲ့အင်အားကိုပြခြင်း ဖြစ်ပါတယ်၊ ဒီနေ့ပွဲက ပါတီကစီစဉ်တာမဟုတ်ဘူးခင်ဗျ၊ ဝန်းရံသူအဖွဲ့ စီစဉ်ပြီးတော့ လုပ်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ လက်ရှိ အင်အား က တစ်ထောင်တော့ ကျော်လိမ့်မယ်ခင်ဗျ၊ ကျွန်တော်တို့ တန်းတူအခွင့်အရေးရရှိဖို့ လုပ်ရခြင်း ဖြစ်ပါတယ်”ဟု အင်အားပြ လှည့်လည်ပွဲတွင် ပါဝင်ခဲ့သူ စောဝင်းချိုက ပြောသည်။ အင်အားပြလှည့်လည်ပွဲများ အားလုံးမှာ မြို့နယ်ရဲတပ်ဖွဲ့ထံတွင် ငြိမ်းချမ်းစုဝေး လှည့်လည်ခွင့်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံတွင် အင်အားပြမဲဆွယ် စည်းရုံးခွင့်များကို လျှောက်ထားထားခြင်း မရှိကြောင်း သိရသည်။

မြောင်းမြမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးရေး ညီညွတ်ရေးပါတီတို့မှ ဝင်ရောက် ရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။ https://news-eleven.com/article/196355

**************

၆။ ရေးမြို့နယ်အတွင်း မွန်ညီညွတ်ရေးပါတီ (MUP) အား ထောက်ခံဝန်းရံသူ ထောင်နှင့်ချီ၍ အင်အားပြလှည့်လည်
26 October 2020

ရေးမြို့နယ်အတွင်း မွန်ညီညွတ်ရေးပါတီ (MUP) အား ထောက်ခံဝန်းရံသူ ထောင်နှင့်ချီ၍ အင်အားပြလှည့်လည်မှုကို (အောက်တိုဘာ ၂၆ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေးမြို့အနီးရှိ လေယာဉ်ကွင်းဟောင်းတွင် စုရပ် အဖြစ်ပြုလုပ်ပြီးနောက် ရေးမြို့နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ အင်အားပြလှည့်လည် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ အင်အားပြလှည့်လည်ပွဲ စီစဉ်သူများထံမှ သိရသည်။

မိမိတို့အနေဖြင့် မွန်ညီညွတ်ရေးပါတီအား ယုံကြည်၊ အားကိုး၊ လေးစားကြသည့်အတွက် ယခုလို လာရောက်ဝန်းရံကြခြင်း ဖြစ် ကြောင်း အဆိုပါ အင်အားပြလှည့်လည်ပွဲအား စီစဉ်သူတစ်ဦးဖြစ်သူ မင်းအောင်စိုး က ပြောကြားသည်။ “ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်တော်တို့ရဲ့ကံကြမ္မာကို ကျွန်တော်တို့ဖန်တီးခွင့်ရမှသာ မိမိတို့လူမျိုး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ် စားလှယ်တွေ များများရောက်ရှိနေဖို့လိုပါမယ်။ ဒါကြောင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရမှ သာလျှင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောင်နိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာ တိုင်းရင်းသားတွေများများ လိုတဲ့အတွက်ကြောင့် ယခုလို ကျွန်တော်တို့အနေနဲ့ အင်တိုက်အား တိုက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု အင်အားပြလှည့်လည်ပွဲအား စီစဉ်သူတစ်ဦးဖြစ်သူ မင်းအောင်စိုး က ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီသည် ကိုယ်ဒေသအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်သည့်အတွက် လာရောက်ထောက်ခံ ဝန်းရံရ ခြင်းဖြစ်ကြောင်း ရေးမြို့နယ်တောင်ပိုင်း၊ ဟံဂံကျေးရွာနေ မိသူရိန်မွန် ကပြောကြားသည်။ “တခြားပါတီတွေက ဒေသဖွံ့ဖြိုး ရေးတစ်ခုတည်းလုပ်ပေးနိုင်တယ်။ မွန်ညီညွတ်ရေးပါတီကို ထောက်ခံမယ်ဆိုရင် ကိုယ့်စာပေယဉ်ကျေးမှု မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့မျှော်လင့်တယ်။ ဒီမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအနေနဲ့ကိုယ့် တိုင်းရင်းသား ပါတီကို မဲထည့်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်” ဟု မိသူရိန်မွန် က ဆက်လက်ပြောကြားသည်။ မွန်ညီညွတ်ရေးပါတီ သည် မွန်တိုင်းရင်းသားပါတီအားလုံးစုစည်းထားသည့်ပါတီဖြစ်သည့်အပြင် မွန်သံဃာတော်များ၊ မွန်ပြည်သူများ၊ မွန်လူငယ် များ အားလုံး၏ သဘောဆန္ဒနှင့်အညီ ပေါင်းစည်းထားသည့် မွန်တိုင်းရင်းသားပါတီလည်းဖြစ်သည့်အတွက် မွန်လူငယ် တစ်ယောက်အနေဖြင့် မွန်ညီညွတ်ရေးပါတီအား လာရောက်ဝန်းရံရခြင်းဖြစ်ကြောင်း ရေးမြို့ခံ မွန်လူငယ်တစ်ဦးဖြစ်သူ မင်းမွန်ထော က ပြောကြားသည်။ https://news-eleven.com/article/196357

***************

၇။ ကိုဗစ်ဒုတိယလှိုင်းတွင် ရာဘာခြံလုပ်ငန်းခွင်ဝင်ရန်အခက်တွေ့
October 24, 2020

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကိုဗစ် ၁၉ ရောဂါဒုတိယလှိုင်းကာလအတွင်း အသွားအလာကန့်သတ်မှုများကြောင့် ရာဘာခြံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ခြံလုပ်သားများ လုပ်ငန်းခွင်ဝင်ရန်အခက်တွေ့နေကြောင်း သိရသည်။

ပြည်နယ်အတွင်း ကုန်တင်ယာဉ်များကိုသာ သွားလာခွင့်ပြုသဖြင့် ခြံလုပ်သားနှင့် လုပ်ငန်းရှင်များ သက်ဆိုင်ရာခြံ အသီးသီး သို့ လိုင်းကားများဖြင့် သွားရောက်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမားအနည်းငယ်ဖြင့်သာ လုပ်ကိုင်နေရကြောင်း ရာဘာ လုပ်ငန်းရှင် ဦးသိန်းထွန်း ဆိုသည်။ “ဇာသပြင်အလွန်မှာခြံတွေရှိတယ် လုပ်သားတွေကိုကြီးကြပ်လို့မရတော့ဘူး ဟိုမှာလုံးဝ ကြီးလွှတ်ထားရတဲ့ အနေအထားတွေဖြစ်သွားတယ် သူတို့လိုအပ်တာတွေကို လုပ်ပေးဖို့အတွက်ခက်သွားတယ် ကျွန်တော် တို့ ရှိမှ လုပ်လို့ကိုင်လို့ရတဲ့အလုပ်တွေလည်းရှိပါတယ်”ဟု ဦးသိန်းထွန်း ကပြောသည်။ မွန်ပြည်နယ်မှ ရာဘာခြံလုပ်သား များအပြင် ဧရာဝတီတိုင်းနှင့် အခြားဒေသတွေက လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများလည်းရှိကြောင်းသိရ သည်။“အဆင်မပြေဘူး ပြည်နယ်တစ်ခုနဲ့တစ်ခုကိုကူးလို့မရဘူးဖြစ်နေတယ်။ ရောက်တဲ့သူတွေကလည်း တစ်ချို့လောက် ကတော့ရောက်နေပြီး ဟိုမှနေပြီးတော့ သွားလုပ်ရတာ။ ရာဘာခြစ်ဖို့အတွက် ပထမဆုံး ဝဲထိုး(ဓါတ်မြေသြဇာထည့်) ရတယ်၊ ခြုံတွေရှင်းရတယ်။ ဒါမျိုးမလုပ်ထားရင် ရာဘာခြစ်လို့မရဘူးလေ အဲ့တာတွေတောင်မလုပ်ရသေးဘူး”ရာဘာလုပ်ငန်းရှင် ဦးဝင်းလှ ကပြောသည်။

လက်ရှိရာဘာခြံလုပ်ငန်းတွင် ခြံပိုင်ရှင်နှင့် အစေးခြစ်လုပ်သားများအကြား ခြံအနီးအဝေးသွားလာမှုလွယ်ကူသည့်အပေါ် မူတည်၍ ရာဘာအစေးခြစ်ရာမှ ထွက်ရှိလာသည့်ငွေတန်ဖိုးအပေါ် ခြံရှင် ၅၀%= လုပ်သား ၅၀%၊ ခြံရှင် ၄၀%= လုပ်သား ၆၀% စသည်ဖြင့် တစ်ရာသီစာ သင့်ရာဈေးနှုန်းညှိပြီး လုပ်ကိုင်လျှက်ရှိကြသည်။ မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက (၅)သိန်းကျော်အနက် စိုက်ပျိုးမှု ရပ်နားထားသောဧက(၁)သိန်းကျော်ရှိပြီး တစ်နှစ်လျှင်ရော်ဘာတန်ချိန် ၁ဝ၆,ဝဝဝ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် တရုပ်နိုင်ငံမှ ရာဘာဝယ်ယူမှု ကျဆင်းလာသဖြင့် ရာဘာဈေးနှုန်းများလည်း နှစ်အလိုက် ကျဆင်းလာပြီး ယခုအခါ ရာဘာပင်များကို ခုတ်လှဲ၍ ပရိဘောဂသစ်များအဖြစ်ရောင်းချပြီး အစားထိုးအပင်များ စိုက်ပျိုးလာ သည်ကို တွေ့ရသည်။ http://burmese.monnews.org/ 2020/10/24/%e1%80%80%e1%80%ad%e1%80%af %e1%80%97%e1%

**************

၈။ ဦးဂါရွာသူအမှု စစ်တရားရုံးဖွဲ့၍ စစ်ဆေးနေဟု တပ်မတော်ပြော
24 October 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီး ၁ ဦးကို တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်သည် ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်တွေတပ်နယ်တွင် စစ်တရားရုံးဖြင့် စစ်ဆေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် အမှုအခြေအနေနှင့်ပတ်သက်ပြီး ဧရာဝတီမှ မေးမြန်ခဲ့ရာ အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ဇော်မင်းထွန်း က “အဲဒီ ဦးဂါရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စစ်တွေမှာ စစ်ဆေး လျှက်ရှိပါတယ်။ တပ်မတော် အက်ဥပဒေ အရပါ မကပါဘူး၊ နယ်ဘက် ဥပဒေ အရပါ အရေးယူသွားပါမယ်။ ကျနော်တို့ ပြောထားတဲ့အတိုင်း ပြင်းထန်ထန် အရေးယူပါမယ်” ဟု ပြောသည်။

အဆိုပါ အရေးအား လိုက်ပါကူညီသူ ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး ကတော့ ဦးဂါရွာသူအမှုတွင် ကျူးလွန် သူ တပ်မတော်သားများအား စစ်တရားရုံးမှ စစ်ဆေးနေသည်ဟုသာ သိရွိရပြီး လက်ရှိအချိန်အထိ ကယကံရှင် မိသားစု အပါအဝင် လိုက်ပါကူညီသူ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း တိတိကျကျတခုမှ မသိရှိရသဖြင့် ပွင်းလင်းမြင်သာမှုရှိအောင် အရပ်ဘက်တရားရုံးသို့ လွဲပေးရန် လိုအပ်ကြောင်း ပြောသည်။ ဒေါ်ညိုအေးက “ဦးဂါရွာသူ အမှုနဲ့ ပတ်သက်ပြီး အခုထိ ဘာမှမသိရဘူး။ တစုံတရာ အကြောင်းကြားတာလည်း မရှိဘူး၊ ရဲတပ်ဖွဲ့ကို မေးကြည့်တော့ လည်း သူတို့ကလည်း အကြောင်းမပြန်နိုင်သေးဘူးလို့ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာ က “ကျမတို့ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ စစ်တရားရုံးဖွဲ့ စစ်ဆေးနေတယ်ဆိုတာပဲ သတင်းတွေမှာ ဖတ်ရလို့ သိရတယ်။ ကျူးလွန်သူတွေက ဝန်ခံထားတယ်လို့လည်း ပြောတယ်။ ဘယ်သူ၊ ဘယ်အဆင့်ဆို တာလည်း ဘာမှမသိရဘူး။ ဘယ်လို စစ်ဆေးနေတယ်။ အမှုအခြေအနေဘယ်လိုရှိတယ်။ ဘယ်မှာ စစ်ဆေးနေတယ်ဆို တာလည်း ကာယကံရှင်တွေ ဆီကိုလည်း အကြောင်းကြာတာမရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။ တပ်မတော်သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇောမင်းထွန်းကတော့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ် သည့်အတွက် ကျူးလွန်သူ တပ်မတော်သား ၃ ဦးမှာအမှုကို အရပ်ဘပ်တရားရုံးသို့ လွဲပြောင်းပေးမည် မဟုတ်ဘဲ စစ် တရား ရုံးဖြင့် စစ်ဆေးကာ တပ်မတော် အက်ဥပဒေ အရသော်လည်းကောင်း၊ နယ်ဘက် ဥပဒေ အရသော်လည်းကောင်း အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။ ထိုတိုင်ကြားချက်အပေါ် စစ်တွေမြို့မ ရဲစခန်းမှ ပ / ၃၅၅ / ၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ပူးပေါင်းပါဝင်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၆ မတရားသဖြင့် ကာမယှက်စပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မုဒိန်းမှု စသည့် ပုဒ်မ များဖြင့် အမှုဖွင့်ထားသည်။ https://burma.irrawaddy.com/news/2020/10/24/232260.html

**************

၉။ လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
23 October 2020

ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီး ထားသော တရားခံ ၃ ဦးကို စစ်ဆေးရာတွင် သူတို့ကိုယ်တိုင် လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်ပြစ်ဒဏ်စီရင်ခဲ့ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ က ပြော သည်။“သူတို့ကိုယ်တိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဝန်ခံတယ်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း လူ ၄ ယောက်ကို သတ်လိုက်ပြီ၊ သူတို့သတ်လိုက်တဲ့လူ ၉ ဦး ရှိပြီ။ ဒါကြောင့် သူတို့လူသတ်တာ သေချာမှန်ကန်ပြီး သူတို့ကိုယ်တိုင် ဝန်ခံပြီဖြစ် တဲ့ အတွက် KIO အရှေ့ပိုင်ခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် စီရင်ခဲ့တယ်” ဟု KNG ကိုပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ဂိုင်ဒေါကျေးရွာ၌ ဇူလိုင်လ ၂ ရက်နေ့ည မိသားစုဝင် ၅ ဦးဖြစ်သည့် ဒေါ်ယမ်ထု (အသက်(၇၀)၊ ဦးယာကုလန်ဇိန်တန်ဂွန်(ဖခင်)၊ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန် (မိခင်)၊ မောင်လန်ဇိန်ဆန်လီနော်၊ မောင်လန်ဇိန်ဒွဲဆန်အောင် တို့ ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ လူသတ်မှုဖြစ်ပွားခဲ့သည့် အဓိကပြဿနာအကြောင်းအရင်းမှာ ဘိုးဘေးစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိကြောင်းဆိုသည်။ လယ်ယာမြေ အငြင်းပွားမှုနှင့်ပတ်သက်ပြီး တရားခံတစ်ဦးသာပါဝင်သော်လည်း လူသတ်ရာတွင်မူတစ်ဦးတည်းမဟုတ်ကြောင်းပြောသည်။

ဇူလိုင် ၂ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၃ ရက်နေ့တွင် တရားခံ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၃ ဦးကို၂၀၂၀ စက်တင်ဘာလ ၂၈ ရက်နေ့ KIO အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။ https://burmese.kachinnews.com/20 20/10/23/l2-18/

**************

၁၀။ ပလက်ဝတွင် လုံခြုံရေးအားနည်းကြောင်း အကြံပြုခဲ့ဟု တပ်မတော်ပြော
25 October 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးအားနည်းတဲ့ ၃၉ နယ်မြေထဲမှာ ထည့်သွင်း အကြံပြုခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်က ညှိနှိုင်းပြီး ရွေးကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့နဲ့ပတ်သက်ပြီး လုံခြုံရေးအရ ကျင်းပနိုင်ခြင်း ရှိ၊ မရှိ တပ်မတော်က သဘောထားတင်ပြရာမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို လုံခြုံရေး အားနည်းတဲ့ မြို့နယ်တွေထဲမှာ ထည့်သွင်းတင်ပြခဲ့တာပါ။ “ပလက်ဝက လုံခြုံရေးအားနည်းတဲ့အတွက် မကျင်းပရမယ့်နေရာ ၃၉ နယ်မြေထဲမှာ ကျနော်တို့ ထည့်သွင်းထားပါတယ်။ ဒီကြားထဲမှာ ညှိနှိုင်းမှုတွေ ရှိပါတယ်။ လုံခြုံရေးအရ ဆောင်ရွက်ပေးပါဆိုတဲ့ဟာတွေ ရှိပါတယ်။ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြန်ပြီးတော့ အကြောင်းပြန်ခဲ့ပါတယ်။ ပြန်ပြီးတင်ပြခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ပလက်ဝသည် စာရင်းထဲမှာ ပါသွားတယ်။”

အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ နယ်မြေတွေ၊ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့ရာမှာ တိုက်ပွဲထိတွေ့မှု မြင့်တက်နေတဲ့ ပလက်ဝ မြို့နယ်က ရွေးကောက်ပွဲကျင်းပနိုင်တဲ့ စာရင်းထဲမှာ ပါဝင်လာပြီး တချို့နယ်မြေအေးချမ်းတဲ့ဒေသတွေကတော့ စာရင်းထဲ ပါဝင်လာခြင်း မရှိတာပါ။ ဒါနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်းရင်းသားပါတီအချို့က ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ဒေသတွေထဲမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ် က ၆ မြို့နယ်တို့နဲ့ပတ်သက်ပြီး ရှမ်းရဲ့ဒေသတချို့နဲ့ ရခိုင်ရဲ့ဒေသတချို့ကိုလည်း ရွေးကောက်ပွဲကျင်းပ ဖို့အတွက် လုံခြုံရေးရရှိ အောင် ဆောင်ရွက်ပေးမယ်လို့ တပ်မတော်ဘက်က ပြန်လည်တင်ပြထားတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ဆန္ဒနယ် ၁၅ နယ်နဲ့ အမျိုးသားလွှတ်တော် ၁၆၈ နယ်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တာ ၇ နေရာရှိတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/419078

***************

၁၁။ PNO ပါတီက တောင်ကြီးမြို့တွင် ဒုတိယအကြိမ် မဲဆွယ်စည်းရုံးရေး အင်အားပြ လှည့်လည်
24 October 2020

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ တောင်ကြီးမြို့တွင် ဒုတိယအကြိမ်မြောက် မဲဆွယ်စည်းရုံးရေးအင်အားပြ စီတန်း လှည့်လည်ခြင်းကို (အောက်တိုဘာ ၂၄) ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်တွင်းရှိ ကျေးရွာ အုပ်စုများမှ ပအိုဝ်းတိုင်းရင်းသား အများအပြား တက်ရောက်လာကြပြီး၊ ထောင်နှင့်ချီသော စီတန်းလှည့်လည်ရေးယာဉ်တန်း သည် များပြားလွန်းသဖြင့် အနောက်မြို့ပတ်လမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ပြည့်လျှံခဲ့ပြီး၊ နာရီ ပေါင်း များစွာကြာမြင့်သည်အထိ အင်အားပြယာဉ်တန်းသည် ရှည်လျားခဲ့ကြောင်းသိရသည်။ မော်တော်ယာဉ်အစီးရေပေါင်း ထောင် ကျော်ခန့် ပါဝင်သော ယာဉ်တန်းသည် PNO ပါတီအမှတ်တံဆိပ်အလံနှင့် ပအိုဝ်းအမျိုးသားအလံများကိုင်ဆောင်ကာ ပါတီ အလံများ ဝှေ့ရမ်း၍ ပါတီစည်းရုံးရေးသီချင်းများဖြင့် မဲဆွယ် စည်းရုံးရေး အင်အားပြလှည့်လည်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ ဒီနေ့တော့ ပါတီပုံရိပ်ပြတဲ့သဘောပါ၊ တောင်ကြီးမြို့နယ်မှာ ကျွန်တော်တို့ PNOပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာ အသိပေးလိုက်တဲ့သဘောပါ။ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကိုလည်း ခွင့်ပြုချက်တောင်းတာပေ့ါ။ ဒီနေ့ထူးခြားတာ တစ်ခုက ဖွင့်ပေးလိုက်တာပေ့ါ။ အုပ်စုနှစ်စု လမ်းကြောင်းနှစ်ကြောင်းပေါ့။ ဘယ်သူမဆို လိုက်ပါနိုင်အောင်ပေ့ါ။ ကားတွေ ချည်းပဲ မခန့်မှန်းနိုင်တော့ဘူး။ တောင်ကြီးမြို့ ကျောက်တစ်လုံးအထွက် ကုန်ပြီ၊ မြေပုံနားမှာ မကုန်သေးဘူး၊ အနောက် မြို့ပတ်လမ်းလည်း ရှိနေသေးတုန်းပဲ၊ ကားတွေ အရမ်းများသွားတယ်။ ဆိုင်ကယ်တော့ မရှိသလောက်ပေ့ါ။ ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ အနောက်မြို့ပတ်လမ်း အကုန်ပြည့်သွားတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ မပါဘူး။ ထောက်ခံသူတွေက ဝန်းရံချင်တယ်ဆိုလို့ ကော်မရှင်က ခွင့်ပြုတယ်။ အခုဝန်းရံတာ ထင်တာထက်ကို များတယ်။ ကျွန်တော် တို့က စည်းကမ်းချက်လည်း ထုတ်တယ်။ လိုက်နာကြဖို့ အားလုံးကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြဖို့ ထုတ်တယ်။ တောင်ကြီး မြို့နယ် တစ်ခုပဲ၊ တခြားမြို့နယ် မပါဘူး။ တခြား ဟိုပုံးနဲ့ညောင်ရွှေမှာလည်း သူတို့ဘာသာ သူတို့ သွားနေတယ်။ တောင်ကြီး မြို့နယ်တွင်း ထောက်ခံသူတွေပေ့ါ။ တောင်နီ ဘန့်ကွေး မွေတော်တို့ ပါတယ်။ အဲဒီဘက်လမ်းကြောကနေ လာတာပါတယ်။ အဓိကတော့ လွှတ်တော်ထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်ရှိဖို့လိုတယ်။ တိုင်းရင်းသားတွေဟာ အစိုးရမဖွဲ့နိုင်ပေမယ့် ကျွန်တော် တို့အခွင့်အရေး၊ အထူးသဖြင့် ဒေသအခွင့်အရေးပေါ့။ တောင်ကြီးမြို့ဆိုရင် ဒေသတွက်လုပ်တာ အားနည်းတယ် လို့မြင်တယ်။ လူထုလိုအပ်တာတွေ ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တာပေ့ါ။ ကိုယ်စားလှယ်ရှိဖို့ လိုတယ်။ ဒေသဖွံ့ဖြိုး ရေးကိုလည်း ပိုပြီးလုပ်နိုင်မယ်။ ပြီးတော့အ လုပ်လုပ်ရင်လည်း လူထု အတွက် ပိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို အားပေးသင့်တယ် ”ဟု PNO ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောခွန်ကျော်ဝင်းက ပြောကြား သည်။

တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ပြည်နယ် အမှတ်(၁) နှင့် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း၊ စုစုပေါင်း (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီသည် မြန်မာတစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူး တိုင်းတို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၈) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ https://news-ele ven.com/article/196251

**************

၁၂။ ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို
October 23, 2020

ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင် သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံဝိုးဘုန်းကြီးကျောင်း တွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ Silent Campaign လုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။“ကျနော်တို့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲလောက်အထိ အဲ့မှာ လူ ၃၀ လောက်တွေ့ဆုံပြီးတော့ တိုက်ပွဲတွေ အလို မရှိတော့တဲ့အကြောင်း၊ ရွေးကောက်ပွဲမကျင်းပရ နယ်မြေလို့သတ်မှတ် ကြေညာ တာကြောင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ထားတဲ့ ကျနော်တို့ရွာသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ ရတဲ့အကြောင်း ဆန္ဒအစစ်အမှန်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ ပြီးတော့ စာရွက်ကြီးအပေါ်ရေးချပြီးတော့ အဲဒီမှာ Silent Campaign လုပ်ကြတာဖြစ်ပါတယ်။” ဟု ကျောက်မဲလူငယ်တဉီးဖြစ်သော စိုင်းစွမ်မိန်းက သျှမ်းသံတော်ဆင့် အား ပြောပြသည်။

ကျောက်မဲမြို့ ပုံဝိုးအုပ်စု နောင်ဆင်မ်ရွာသည် ရွေးကောက်ပွဲမကျင်းပနယ်မြေ အထဲတွင်ပါဝင်ပါ သည်။ မိမိတို့ရွာသားများ အရေးဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်ကိုရွေးခြယ်ရန်အခွင့် မရှိတော့သည့်အပေါ် ရွာသားများ မကျေမနပ်ဖြစ်ကြရ ကြောင်း Silent Campaign တွင်ပါဝင်လာသူ နောင်ဆင်ဒေသခံများကပြောဆိုနေကြသည်။“အခုလို ရွေးကောက်ပွဲ မကျင်းပနဲ့နယ်မြေအဖြစ် ကြေညာလိုက်တာဟာ နိုင်ငံသားအခွင့်အရေးသာမက လူသားတယောက်ရဲ့အခွင့်အရေးအထိပါ ချိုးဖောက်ခံရတာဖြစ်တယ်။ ဒီချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင်ထပြီး ကြိုးစားဆောင်ရွက်မှသာ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးအခွင့်အရေးမျှော်လင့်ချက်ရောင်ခြည်ကိုရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့လိုဘဲ အခွင့်အရေးပိတ်ပင် ခံရ တဲ့ လူငယ်အားလုံးကို မိမိတို့နိုင်ငံသားအခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ထပြီးဆောင်ရွက်ဖို့တိုက်တွန်းချင်ပါတယ်။” – ဟု လည်း စိုင်းစွမ်မိန်းက ပြောဆိုလိုက်သည်။

အဆိုပါဒေသသည် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ၁၃ ရက်နေ့အထိ NCA လက်မှတ်ထိုးသည့် RCSS/SSA အားအစိုးရ တပ်မတော်ကထိုးစစ်ဆင်သဖြင့် စစ်ဘေးရှောင် ၄၀၀၀ ထက်မနည်း ရှိခဲ့ပါသည်။ ရွာများအတွင်း အစိုးရစစ်သားများ နေထိုင်လှုပ်ရှားနေဆဲဖြစ်သည့်အပြင် မပေါက်ကွဲသေးသည့်လက်နက်ကြီးများ ၊ မိုင်းများ ရှိနေသေးသဖြင့် အကြောက် တရားနှင့် လွတ်လပ်မှုကင်းမဲ့သည့်အခြေအနေကြား နေထိုင်နေကြောင်း ရွာသားများပြောပြချက်အရသိရသည်။ https://bu rmese.shannews.org/archives/19040

**************

၁၃။ ဒေသခံ ကျောင်းအုပ်ဆရာတစ်ဦးကို KNU မှ အဓမ္မဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်၊ အဓမ္မဖမ်း ဆီးခြင်းမရှိဟု KNU ပြော
October 26, 2020

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မထောကျေးရွာအုပ်စု၊ မထောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအုပ် ဆရာဖြစ်သူ ဦးမြင့်ဇော်ကို KNU ဘက်မှ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု (အောက်တိုဘာလ ၂၆ ရက်)တွင် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ကျောင်းအုပ်ဆရာ ဦးမြင့်ဇော်ကို KNU မှ ဖမ်းဆီးပြီး ၎င်း၏ သားဖြစ်သူကို KNU တွင် စစ်သားပြုလုပ်ရန် ထိကော်ထ ကျေးရွာ၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က လဲလှယ်ရေး ပြုလုပ်နေကြောင်း၊ ပညာရေးဆုံးရှုံးမည်ကို မလိုလား သည့် ဒေသခံ ရွာသားများမှ နီးစပ်ရာ တပ်စခန်းများမှတဆင့် တိုင်ကြားခဲ့ သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်မှု၌ ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ ကိစ္စအပေါ် သက်ဆိုင်ရာ တိုင်းစစ်ဌာနာချုပ်က KNU ဗဟို နှင့် အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) အခန်း(၃)၊ အပိုဒ် (၆)၊ စာပိုဒ်ခွဲ(၉)(ခ) ကို ဖောက်ဖျက်မှုအတွက် အဖမ်းဆီးခံထားရသည့် ကျောင်းအုပ်အား အမြန်ဆုံးပြန် လွှတ်ပေးရေး ကန့်ကွက်အကြောင်းကြားထားကြောင်းလည်း ဆက်လက်ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ၎င်းကျောင်းအုပ်ဆရာကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ၎င်း၏ စိတ်ဆန္ဒအရ သား ဖြစ်သူ ကိုယ်စားသွားရောက်ပေးရန် KNU အောက်ခြေတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး – KNU မူတြော်ခရိုင်(တပ်မဟာ ၅)ဘက်က တုံ့ပြန်ပြောဆိုသည်။ မူတြော်ခရိုင် ဥက္ကဋ္ဌ ပဒို စောထဲဒယ် က “အမှန်က အဓမ္မဖမ်းတာမဟုတ်ပါဘူး။ တခြားရွာတွေလိုပဲ ကျနော် တို့ရဲ့ ဖြည့်တင်းအင်အား လိုအပ်ချက်မှာ အဲ့ဒီ ဆရာရဲ့သားလည်း ပါဝင်ရမယ်လို့ ကျေးရွာအုပ်စုက ရှုမြင်တဲ့ အပေါ်မှာ သူ့ရဲ့သားကိုယ်စား ဒီကျောင်းပိတ်ရက် ကာလမှာ သွားလုပ်မယ်ဆိုပြီး တာဝန်ရှိသူတွေနဲ့ လာဆွေးနွေးတယ်။ အဲ့မှာရွာဥက္ကဋ္ဌကော သူ့မိန်းမလည်းပါတယ်။ ဆွေးနွေး တဲ့အခါ သူ့သားမရောက် နိုင်သေးတဲ့ အချိန်မှာ သူခဏလာနေပေးမယ်။ အခုက ရပ်မိရပ်ဖကနေ မဲရုံကိစ္စအတွက် ပြန်လာ ကူဖို့ ပြောလာတော့ တပ်ရင်းကနေ ပြန်ခိုင်းလိုက်တယ်။ ဒီကိစ္စတွေပြီးလို့ သူကိုယ်တိုင်မဟုတ်ရင် သူ့သားတစ်ယောက် ယောက် ပြန်တက်လာရမယ်လို့ ပြောတော့ ဒါကိုသူက သဘောတူတဲ့အတွက် ရွာကိုပြန်သွားခိုင်းတာမျိုးပါပဲ”ဟု ကေအိုင်စီ သို့ ပြော သည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် မထောကျေးရွာသည် KNU တပ်မဟာ (၅) ထိန်းချုပ် နယ်မြေ၊ ဒွယ်လိုးမြို့နယ် အတွင်း တွင်တည်ရှိနေခြင်းဖြစ်ပြီး KNU တပ်ပိုင်းဆိုင်ရာအုပ်ချုပ်ရေး လုပ်ငန်းစဉ်အရ ၎င်းတို့ထိန်းချုပ်နယ် မြေအတွင်း၏ မြို့နယ်၊ ကျေးရွာအသီးသီးရှိသော အိမ်ထောင်စု တစ်ခုစီတိုင်းရှိ အမျိုးသားတိုင်း စစ်မှုမ ထမ်းမနေရ မူဝါဒရှိကြောင်း KNUဘက်က ဆိုသည်။ KNU နှင့် အစိုးရ ၊ တပ်မတော်တို့အကြား NCA အပစ်ရပ်လက်မှတ်ထိုးခြင်း (၅)နှစ်ပြည့်သွားခဲ့သော်လည်း ယနေ့ အချိန်ထိ လုံခြုံရေးနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာကိစ္စရပ်များ မဆွေးနွေးနိုင်သေး သောကြောင့် KNU နှင့်တပ်မတော်အကြား အလားတူကိစ္စရပ်များ အကြိမ်ကြိမ်ဖြစ်ပွားလျက်ရှိပြီး အပြန်အလှန်ကန့်ကွက် တိုင်ကြာမှုများလည်း မကြာခဏ ပြုလုပ်ကြသည်။ http://kicnews.org/2020/10/% e1%80%b1%e1%80%92%e1 %80%9e%e1%80%81%e1%80%b6-

*************

၁၄။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲ နိုင်ဖို့လိုတယ်လို့ SNLD ဥက္ကဋ္ဌ ပြော
October 26, 2020

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကနေ အဆုံးတိုင် ပြန်လည် ပြင်ဆင်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ် လို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။ ဒီနေ့ ကျရောက်တဲ့ SNLD ပါတီ တည်ထောင်ခြင်း ၃၂ မြောက်နေ့ နှစ်ပတ် လည် အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက တက်ရောက် မိန့်ခွန်းပြောခဲ့ တာဖြစ်ပါ တယ်။

ပါတီရဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ အားကောင်းဖို့လိုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီအနေနဲ့ ရာခိုင်နှုန်းများများနဲ့ ရွေးကောက်ပွဲအောင်နိုင်ဖို့ လိုတယ်လို့ သူကပြောပါတယ်။ ပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း နိုင်ငံရေးဝမ်းစာပြည့်အောင် ဖြည့်ကြဖို့ ပါတီ ဥက္ကဋ္ဌ က တိုက်တွန်းလိုက်ပါတယ်။

SNLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။ မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကော်မရှင်က ကြေညာထားတာကို ကျင်းပပေးဖို့ ထပ်မံတောင်းဆို သွားမယ်လို့လည်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။ https://www.rfa.org/burmese/ne ws/snld-chairman-said-they-need-to-win-election-to-amend-constitution-10262020051222.html

**************

၁၅။ မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း
October 26, 2020

ရခိုင်ပြည်နယ်ထဲက တချို့မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရအောင် တောင်းဆိုသွားမယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရဖို့ စီစဉ်နေတာပါ။

စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေ ရှိပါတယ်။ အဲဒီအထဲက ပေါက်တောနဲ့ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတချို့မှာ ရွေးကောက် ပွဲ ကျင်းပခွင့်ရဖို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီမနက် စစ်တွေမြို့ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြသွားမယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်တင်လှိုင် ပြောပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ အောက်တိုဘာ ၁၆ ရက်နေ့ကမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေ ထုတ်ပြန်ထားတာ မြို့နယ် ၉ မြို့နယ်နဲ့ ကျေးရွာပေါင်း ၁၅ဝ ကျော်ရှိပါတယ်။

မွတ်စလင်အများစု နေထိုင်ရာ မောင်တောမြို့နယ်မှာဆိုရင် လက်ရှိ မဲပေးခွင့်ရှိသူ ၂၈၀၅၄ ဦးရှိတယ်လို့ မောင်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးမြတ်သူဇာကျော်က ပြောပါတယ်။ ဒီအထဲမှာ မွတ်စလင် ဘယ်နှစ်ဦး ပါဝင်တယ်ဆိုတာကိုတော့ သီးခြားစာရင်းမခွဲထားဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကတော့ မောင်တောမြို့နယ်မှာ မဲပေးခွင့်ရှိသူ မွတ်စလင် ၇၁ ဦး ရှိတယ်လို့ မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ ဖူးပါတယ်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ပြောဆိုချက်အရ – ရွေးကောက်ပွဲမကျင်းနိုင်တဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေ မှာ ဒီနှစ် မဲပေးခွင့်ရှိသူ ခန့်မှန်းခြေ ၁၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်ကတော့ ပြည်သူတွေအတွက် တော်တော်လေးကို ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ ထောက်ပြပါတယ်။

အခုလို ရခိုင်ပြည်နယ်က မြို့နယ်တွေ၊ ရပ်ကွက်ကျေးရွားတွေတစ်ချို့မှာ ရွေးကောက်ပွဲ့ကျင်းပပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ ဘာမှတ်ချက်မှ မပေးလိုကြောင်းပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ https://www.rfa.org/burmese/ news/goingtosubmitto heldelectionintwotownshipsandothers10262020091037

**************

၁၆။ တိုင်းရင်းသား ပြည်နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှု မရှိခြင်းက ကော်မရှင်၏ သမာသမတ်ရှိမှု၊ ပွင့်လင်းမြင် သာရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း NBF ထုတ်ပြန်
24 October 2020

ရန်ကုန်တိုင်းကဲ့သို့ COVID-19 ရောဂါကပ်ဘေး အကြီးအကျယ် ကြုံတွေ့လျက်ရှိသည့် ဒေသတွင် ရွေးကောက်ပွဲ ကျင်းပ သော်လည်း နယ်မြေလုံခြုံရေး မပျက်ယွင်း၊ COVID-19 ပျံ့နှံ့မှု စိုးရိမ်ဖွယ် မရှိသည့် တိုင်းရင်းသားပါတီများ အားကောင်း သော ပြည်နယ်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်နိုင်မှု မရှိခြင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မေးခွန်းထုတ်စရာ ဖြစ်စေသည်ဟု ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ကြောင့် ကော်မရှင်၏ ရွေးကောက်ပွဲနယ်မြေ ဖျက်သိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်ကို အချိန်မီ ပြန်လည် ပြင်ဆင်ပေးရန် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သည့် NBF က ထုတ်ပြန်သည်။“တိုင်းရင်းသားဒေသတွေမှာ UEC ရဲ့ သဘောထားက မျှတမှု မရှိဘူးလေ။ ဒါအကုန်သိပြီးသား။ UCE အနေနဲ့ ဒီဟာကို Fair မဖြစ်ဘူး။ အဲ့တော့ ပြန်လည် စဉ်းစားသင့်တယ်” ဟု NBF ပြောရေးဆိုခွင့်ရှိသူ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။ NBF သည် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နှင့် ပဲခူး စသည့် ပြည်နယ်နှင့် တိုင်း ခြောက်ခုရှိ မြို့နယ်အချို့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု အချို့ တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ အထက်ပါ ရွေးကောက်ပွဲ ပယ်ဖျက် မဲဆန္ဒနယ်များသည် တိုင်းရင်းသားပါတီများ ခိုင်မာအားကောင်းသည့် မဲဆန္ဒနယ်အများစု ဖြစ်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိ ရပြီး ယင်းမဲဆန္ဒနယ်မှ ပြည်သူများအနေဖြင့် မဲပေးခွင့် အခွင့်အရေးလည်း ဆုံးရှုံးကြမည်ဟု NBF ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေမရှိ၍ တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု ကော်မရှင် ကြေညာချက်တွင် ဖော်ပြသည်။ https://news-eleven.com/a rticle/196240

**************

၁၇။ ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြန်လည်ဖြေလျှော့ပေး
October 26, 2020

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ တောင်ပေါက်ဒေသ ၂၄ ရွာတွင် နိုင်ငံရေး ကိုယ်စား လှယ်များ လွတ်လပ်စွာဝင်ရောက် မဲဆွယ်စည်းရုံးနိုင်ကြောင်း မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ(ဗဟို) က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။ ထိုသို့ မဲဆွယ်စည်းရုံးရာတွင် လူ ၃၀ ဦးထက် မပိုစေရန်နှင့် ကျန်းမာရေးဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ စုဝေးစည်းရုံးရမည်ဖြစ်သည်။ ယခင်ထုတ်ပြန် ချက်အရ အဆိုပါတောင်ပေါက်ဒေသ ၂၄ ရွာများတွင် အခြားမြို့နယ်မှလာရောက်သော နိုင်ငံရေးပါတီအဖွဲ့ဝင်များအား မဲဆွယ်စည်းရုံး ရေးဝင်ရောက်ခွင့်မပြုခဲ့ရာမှ ပြန်လည်ဖြေလျှော့ပေးခြင်းဖြစ်သည်။

ထို့ပြင် ပြည်တွင်း Stay at Home သတ်မှတ်ခံထားရသည့်ဒေသမှ မိမိနေရပ်သို့ပြန်လာလိုပါက အနီးစပ်ဆုံးရှိသည့် မွန်ပြည် သစ် ပါတီရုံးများတွင် ခရီးသွားလာခွင့်ထောက်ခံချက်ရယူရမည်ဖြစ်ပြီး မိမိနေရပ်သို့ပြန်ရောက်ပါက သက်ဆိုင်ရာ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ အသိပေး၍ မိမိနေအိမ်/ခြံအတွင်း Stay at Home (၇) ရက်ကြာ နေထိုင်ရမည်ဟု ဆိုသည်။ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုမြန်ဆန်လာသဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်သည့် လုပ်ငန်းကိစ္စမှ အပ အရပ် ဖက် လူမှုအဖွဲ့အစည်းများဖြစ်သည့် CBO, CSO, NGO, INGO များ ထိန်းချုပ်ဧရိယာအတွင်း ဝင်ရောက်ခွင့် မပြုကြောင်း မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ(ဗဟို) က ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စည်းကမ်းသတ်မှတ်ချက်၍ ထုတ်ပြန်ထားသည်။

အလားတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မဲရုံများအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်ကမ်းများ နှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ရန် လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကိုခွင့်ပြုကြောင်း ယမန်နေ့တွင် သက်ဆိုင်ရာဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း တွေ့ရသည်။ http://burmese.monnews.org/2020/10/26/%e1%80%80 %e1%80%bc%e1%80%ac%e1%80%a1%e1%

**************

၁၈။ ပူတာအိုတွင် KSPP ပါတီဝန်းရံသူများ ပထမဦးဆုံးအကြိမ် လှည့်လည်အင်အားပြ
27 October 2020

ပူတာအိုလွင်ပြင်မှာ ကချင်ပြည်နယ်အခြေစိုက် KSPP ပါတီက အောက်တိုဘာ ၂၆ ရက်နေ့က ဝန်းရံသူအင်အား ၁,၃၀၀ လောက်နဲ့ ပထမဦးဆုံးအကြိမ် အင်အားပြလှည့်လည်မဲဆွယ်ခဲ့တယ်လို့ KSPP ပါတီ ပူတာအိုမြို့နယ်အတွင်း‌ရေးမှူး ဦးအောင်ခမ်း က ပြောပါတယ်။ အခုလိုအင်အားပြတာဟာ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)က ပါတီအသစ်ဖြစ်တာ ကြောင့် လူထုတွေသိအောင် လှည့်လည်မဲဆွယ်တာဖြစ်ပြီး KSPP ပါတီအနေနဲ့ အင်အား တောင့်တင်းမှသာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် ပြည်သူလူထု သိရှိလာအောင် ခုလိုအင်အားပြတာလို့ ဦးအောင်ခမ်းက ပြောပါတယ်။

“လမ်းကြောင်း ၃ ကြောင်းအဖြစ်သတ်မှတ်ကာ အင်အားပြလှည့်လည် သွားမှာဖြစ်ပြီး ပထမလမ်းကြောင်းအနေနဲ့ ပူတာအို မြို့နယ် အထက် ဆန်ဂေါင်ထိ ပြီးတော့ လုံရှာယန်၊ နောင်ခိုင် စတဲ့နေရာတွေမှာ လှည့်လည်သွားမှာပါ”လို့ ဆိုပါတယ်။ အင်အားပြဝန်းရံသူတွေက ပါတီဝင်တချို့နဲ့ ဒေသခံပြည်သူတွေဖြစ်ပြီး နိုဝင်ဘာလဆန်းမှာလည်း နောက်ထပ်အင်အားပြ လှည့်လည်ဖို့ အစီအစဉ်ရှိတယ်လို့ပြောပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဟာ ပူတာအိုခရိုင်အတွင်းမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော် စတဲ့နေရာတွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ http://burmese.dvb .no/archives /419417

***************

၁၉။ လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO ) ပါတီ အင်အား ၁၅၀၀ ဖြင့်လှည့်လည်မဲဆွယ်
October 25, 2020

လွိုင်ကော်မြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြသည့် ကျေးရွာများနှင့် ရပ်ကွက်တချို့တို့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ ချုပ် ( PNO ) ပါတီက မော်တော်ယာဉ်များ၊ဆိုင်ကယ်များအသုံးပြုကာ အောက်တိုဘာ ၂၅ ရက်နေ့ ၉ နာရီခန့်က ဝန်းရံသူ ၁၅၀၀ ခန့်ဖြင့် လှည့်လည်မဲဆွယ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့လှည့်လည်မဲဆွယ်ရာတွင် လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာအုပ်စု၊ပဒါးညေးကျေးရွာတွင် လူစုဝေးခဲ့ပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ ၂၈ ရွာနှင့် ရပ်ကွက် သုံးခုတို့တွင် လှည့်လည်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် လိုက်ပါဝန်းရံသူများအား ကိုဗစ်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစီးများတပ်ရန်၊ အခြားသောအဖွဲ့ အစည်းများနှင့် ပါတီများအပေါ် စကားပြောဆိုမှုများဆင်ခြင်ရန်၊ဟစ်အော်မှုများ မပြုလုပ်ရန်တို့ကို လိုက်နာစေ ချင်ဖြင့် မဲဆွယ်မှုပြုလုပ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးအုန်းဖေလေးက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ၎င်းကိုယ်ပိုင်အုပ်ချုပ်ရဒေသတွင် ၂၀၁၀၊၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် အထွေ ထွေရွေးကောက်ပွဲများတွင် တခြားသော မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ပထမဆုံးဖြစ်ကြောင်းလည်း ပါတီဥက္ကဋ္ဌ ဦးအုန်းဖေလေး က ပြောသည်။“လက်ရှိအခြေအနေမှာ ပါတီကြီးတွေနဲ့ယှဉ်ပြိုင်ရတဲ့အခါကျတော့ ပထမဆုံးခြေလှမ်းအနေနဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်တာပါ။အိုဝ်းတိုင်ရင်းသားဒေသခံအားလုံးရဲ့ဝန်းရံမှုနဲ့ ကျနော်တို့ က ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်ဟု မဲဆွယ် စည်းရုံးရေး မထွက်ခွာမီ ဦးအုန်းဖေလေးက ပြောသည်။

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် လောင်း ဦးအုန်းဖေလေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အမှတ် (၁၁) ခွန်အောင်ဇေယျ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အမှတ် (၁) ခွန်ကျော်မင်းထွန်းနှင့် မဲဆန္ဒနယ်အမှတ် (၂) ဒေါ်ဝင်းပြည့်မွန် တို့ က ယှဉ်ပြိုင်မည် ဖြစ်သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် ဟိုပုန်းမြို့နယ် ၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့အပြင် ပအိုဝ်းတိုင်းရင်းသားအများစုနေ ထိုင်ကြသည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မဲဆန္ဒနယ် ၃၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွား မည် ဖြစ်ကြောင်း သိရသည်။ http://www.mizzimaburmese.com/article/74874

**************

၂၀။ ပလက်ဝတွင် ရွေးကောက်ပွဲမလုပ်ရန် အကြံပြုသော်လည်း UEC က ကျင်းပချင်သဖြင့် တပ်မတော်ဘက်က ညှိနှိုင်း ပေးခဲ့ရဟု တပ်မတော် ရှင်းလင်း
October 24, 2020 15

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နယ်မြေမအေးချမ်းသော ချင်းပြည်နယ် ပလက်ဝဒေသအချို့တွင် ရွေးကောက်ပွဲမပြု လုပ်သင့်ဟု တပ်မတော်က အကြံပြုခဲ့သော်လည်း UEC က ရွေးကောက်ပွဲ ကျင်းပချင်သည့်အတွက် တပ်မတော်ဘက်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ လုံခြုံရေးအရ မဲပေးနိုင်သည့် အခြေအနေမရှိဟု တပ်မတော်က အကြံပြုခဲ့သော မြို့နယ်ပေါင်း ၃၉ မြို့နယ်အထိ ရှိခဲ့ကြောင်း၊ တပ်မတော်က လုံခြုံရေးပေး လျှင် ရွေးကောက်ပွဲကျင်းပနိုင်သည့်မြို့နယ် ၂၀ အထိ ရှိသည်ဟု အကြံပြုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ သို့သော် တပ်မတော်က အကြံပြုရသည့်အခြေအနေသာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရသော အဖွဲ့အစည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်၍ မဲပေးခွင့်ဆုံးရှုံးရသည့်သူများထဲတွင် တပ်မတော်သားများလည်း ပါဝင် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ် နှင့် ရှမ်းပြည်နယ် ရှိ မြို့နယ် ၆မြို့နယ်တို့ကို လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနက မှတ် ချက်ပေးခဲ့ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ နိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

UEC ၏ ရွေးကောက်ပွဲ မပြုလုပ်နိုင်သောနေရာများ ကြေညာခဲ့သည့်အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် တစ် နိုင်ငံလုံးအတိုင်းအတာအရ ၃၃ဝနေရာရှိသည့်အနက် ကျင်းပမည့် နေရာပေါင်း ၃၁၅ခုသာရှိပြီး မကျင်းပနိုင်သည့်နေရာ ၁၅ ခုရှိကြောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁၆၈ နေရာရှိအနက် ကျင်းပနိုင် သည့် မဲဆန္ဒနယ် ၁၆၁ နေရာရှိပြီး မကျင်းပနိုင်သည့် မဲဆန္ဒနယ် ၇ နေရာကာ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် ၆၄၄ နေ ရာရှိသည့်အနက် ၆၁၄ နေရာသာကျင်းပနိုင်ခြင်းရှိပြီး မကျင်းပနိုင်သည့်နေရာ ၃ဝခု ရှိကြောင်း သမ္မတရုံးထံမှ သိရှိရသည်။ https://www.khitthitnews.com/2020/1 0/%e1%80%95%e1%80%9c%e1%80%80%e1%80%ba%e1%80

************

၂၁။ မြဝတီနယ်စပ် အမှတ် ၂ တံတားမှ နှစ်နိုင်ငံကုန်သွယ်မှု ရပ်ဆိုင်းထား၍ ဒေသတွင်း စားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ် မှုရှိနေ
October 24, 2020

အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေသည့် မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေး တံတားမှ နှစ်နိုင်ငံကုန်သွယ်မှုကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့စ၍ ကုန်စည်ဖြတ်သန်းမှုကို ယာယီရပ်ဆိုင်းလိုက်သည့် အတွက် လက်ရှိတွင် ဒေသတွင်းစားသုံးကုန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေကြောင်းသိရသည်။ Covid-19 ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနှင့်မြန်မာ နှစ်ဖက်သဘောတူညီမှုဖြင့် ကုန်သွယ်မှု ယာယီရပ်ဆိုင်းထားသလို covid- 19 ဂယက်ကြောင့် ပြည်တွင်း၌လည်း အသွားအလာ ကန့်သတ်ထားသည့်အတွက် ကုန်ပစ္စည်းသယ်ယူရောင်းချရာ တွင်အခက်အခဲဖြစ်ခြင်း ၊ ဈေးနှုန်းမြင့်တက်လာခြင်းတို့ရှိနေသည်ဟု ယခင်ထိုင်းဘက်ခြမ်းကနေ၍ ဟင်းသီးဟင်းရွက်များကို မြန်မာဘက်သို့ တင်သွင်းပြီး မြဝတီမြို့ ဘုရင့်နောင်ဈေးတွင် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနေသည့် ကုန်စိမ်းဒိုင်များထံမှ သိရ သည်။

ကရင်လေး ကုန်စိမ်းဒိုင်မှ မအေးအေးထွေးက “အရင်ကဆိုရင် ထိုင်းဘက်ခြမ်းမှာ ဝယ်ယူခဲ့စဉ်သခွားသီး ၁၀ ကီ လိုကို ကျပ် ၃၅၀၀ / ၄၀၀၀ ကျပ်သာ ရှိနေပေမယ့် ယခုအခါမှာတော့ မြန်မာပြည်အောက်ဘက်ခြမ်းကနေ သွားဝယ်တဲ့ လမ်းခရီးမှာ သွားရေးလာရေးအခက်အခဲအပြင် သီးနှံဈေးကလည်းကြီးလို့ အခုဆိုရင် ၁၀ ကီလိုပို ၆,၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချ နေရတယ်။ အခြားကုန်စိမ်းသီးနှံတွေလည်း အလားတူ ဈေးတိုးမြှင့်ရောင်းချနေရတယ်”ဟုပြောသည်။ ၎င်းအပြင် ဈေးသွား ဈေးဝယ်လျော့နည်းလာသလို ဈေးဦးမပေါက်သည့်နေ့ပင်ရှိကြောင်းလည်း မြဝတီမြို့ဘုရင့်နောင်ဈေးအတွင်း အထည် နှင့် အခြားလူသုံးကုန်ပစ္စည်းဆိုင်မှ ဈေးသည်များက ပြောသည်။ မြဝတီမြို့ဘုရင့်နောင်ဈေးမှ သစ်သီးမျိုးစုံရောင်းချသူ ဒေါ်ခင်ဆွေသက် က“ ပြည်တွင်းကနေမှာ ယူရောင်းချတာ ခရီးဝေးတော့ သစ်သီးတွေ နာလာသလို ဈေးလည်းပိုလာတယ်။ အသီးတွေလည်း မလတ်ဆတ်တော့ရောင်း ပန်းမလှဘူး။ ယခင်ထိုင်းဘက်ကဝယ်ရောင်းရာမှာ သယ်ယူတဲ့နေရာက နီးတယ် လေ။ တစ်နေ့စာကုန်သလောက် သွားဝယ်တော့ လတ်လတ်ဆတ်ဆတ်ဖြစ်လို့ လူကြိုက်များပါတယ်။ ဈေးနှုန်းလည်း သက်သာတဲ့အတွက် ပြန်ရောင်းရတာပိုပြီးအဆင်ပြေတာပေါ့။ ဒါကြောင့်ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်တံတား အမြန်ဆုံး ပြန်ဖွင့်ဖို့ ကိုပဲ မျှော်လင့်နေရတယ်”ဟု ဆိုသည်။

မြဝတီဘက်တွင် ဟင်းသီးဟင်းရွက် ၊သစ်သီး၊ အသား၊ ငါး၊ စားသောက်ကုန်အချို့ဈေးတက်လာသလို ထိုင်းနိုင်ငံ မဲဆောက် ဈေးကွက်တွင် မြန်မာဘက်မှ ဝယ်လိုအားမရှိ၍ ကုန်ဈေးနှုန်း ထိုးကျသွားကြောင်းလည်း သိရပြီး လာမည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အဆိုပါ ထိုင်း-မြန်မာ အမှတ် ၂ တံတားကို နှစ်နိုင်ငံကုန် သွယ်မှုပြန် လည်ပြုလုပ်နိုင်ရန် ထိုင်းဘက်ခြမ်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ http://kicnews.org/2020/10/%e1%80%bb%e1%80%99 %e1%80%9d%e1%80%90%e1%80%ae%e1%

**************

၂၂။ မွန်ပါတီမဲအောင်နိုင်ရေး ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့ လှည့်လည်အင်အားပြ
23 October 2020

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာ လူငယ်မျိုးဆက်သစ် စက်ဘီးအဖွဲ့က မွန်ညီညွတ်ရေးပါတီ MUP ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စက်ဘီးစီးနင်း၍ သံဖြူဇရပ်မြို့နယ်တောင်ပိုင်းအစွန်ရှိ မွန်ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် လှည့်လည်အင်အားပြခဲ့ကြောင်း သိရသည်။

အသွားအပြန် မိုင် ၅၀ ခန့်ခရီးအကွာအဝေး ရှိသည့်အတွက် အသက် (၁၄) နှစ်အထက်လိုက်ပါရန်နှင့် လူဦးရေ (၅၀) အထိသာ စာရင်းပေးသွင်းသတ်မှတ်ထားသည်ထက် ဝန်းရံသည့်လူငယ်များက ပိုမိုများပြားနေကြောင်း စက်ဘီးစီးအဖွဲ့ဝင် မင်းဂျာနွန်က ဆိုသည်။ “ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့စက်ဘီးအဖွဲ့က တစ်နိုင်တစ်ပိုင်အားပေးခွင့်နှိုးဆော်ခွင့်ရလို့ ကျေနပ် မိတယ်၊ နောက်ပြီး မွန်လူငယ်တွေလည်း ကျန်းမာရေးလိုက်စားမှု ရှိကြောင်းကိုပြသချင်တယ်၊ မွန်လူမျိုးတိုင်း မွန်ပါတီကို မဲပေးဖို့လည်း နှိုးဆော် တိုက်တွန်းချင်တယ်”ဟု မင်းဂျာနွန် ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ အင်္ကျီ၊ အလံ Mask, Sticker များကိုယ်စီ တပ်ဆင်၍ မဲဆွယ်အောင်နိုင်ရေး သီချင်းများ ဖွင့်လှစ်ကာ ပင -သံဖြူဇရပ်- ရွာသစ်-ကရုပ္ပိ-ဝဲဂလောင်း-အံခဲ-ကော့လေး-ထင်းရူး၊ ကျောင်းရွာ၊ အနင်း ကျေးရွာများသို့ အသွားခရီးနှင့် အပြန်ခရီး ပငကျေးရွာအထိ စီးနင်းလှည့်လည်ခဲ့ခြင်း ဖြစ်သည်။“ကိုယ့်မွန်ပါတီအတွက် အားပေးခွင့်ရလို့ ဝမ်းသာတယ်၊ ပြည်သူတွေကလည်း ပြန်လည်အားပေးတာတွေ့ရတော့ ပိုပြီးတော့ပီတိဖြစ်မိတယ်၊ ကိုယ့်မွန်လူမျိုးတွေရဲ့ စိတ်ဓါတ် နှိုးဆော် ချင်လို့ စီးနင်းဖြစ်တာပါ”လို့ စက်ဘီးစီးနင်းလိုက်ပါသူ မိအိန္ဒြာပွင့်ဖြူ ကပြောသည်။ ပငလူငယ်မျိုးဆက်သစ် စက်ဘီးအဖွဲ့ ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လူငယ်များ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတတ်ရန်၊ စည်းလုံးမှုရှိရန်နှင့် လူငယ်များ၏ စိတ်ခန္ဓာကျန်းမာရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ http://burmese.monnews.org/2020/10/23/%e 1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%8

**************

၂၃။ သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်
October 26, 2020

သက်ငယ်မုဒိန်းကျူးလွန်ရန်အားထုတ်သူကို အောက်တိုဘာ ၂၆ ရက်နေ့မနက်တွင် ဟားခါးခရိုင်တရားရုံးမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ် (၁၀)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရသည်။

ကလေးငယ်၏ မိခင်မှ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သတ်ပြီး “ ပြစ်ဒဏ်ချမှတ်သည့်အပေါ် ကျေနပ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တရားခံက ကျွန်မတို့ရဲ့ရန်သူလည်းမဟုတ်ဘာဘူး၊ပိုပြီးအပြစ်ပိုကြီးပါစေဆိုပြီး သဘောထားတာလည်းမရှိဘူး၊ ကျွန်မတို့လိုချင်တာက တရားမျှတမှုပဲဖြစ်ပါတယ်၊ ဥပဒေအရပဲ ဆောင်ရွက်တာပဲလိုခြင်တာဖြစ်တယ်၊တရားသူကြီးကလည်း ကျွန်မတို့ပြောတဲ့ဟာနဲ့သူတို့ပြောတဲ့အပေါ်ကို သုံးသပ်ပြီးတော့ ဒီဟာက တကယ်ကိုအမှန်တကယ်ဖြစ်တယ်ဆိုပြီးတော့ ဥပဒေ အရ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်ကျေနပ်မှုရှိပါတယ်”ဟု Chin World Media သို့ပြောသည်။ အသက် ၄ နှစ် အရွယ်မိန်း ကလေးအပေါ်ကျူးလွန်သောယခုသက်ငယ်မုဒိန်းမှုသည် ၂၄ရက် ၈လပိုင်းတွင် အမှုစတင်ဖွင့်ပြီး ၊ စက်တင်ဘာလ ၂၈ ရက် နေ့ တွင် အမှုစစ်ပြီး ယနေ့အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရားခံကို ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ဒီလိုကိစ္စမျိုးက ကျွန်မတို့ပြစ်ဒဏ်ကို တရားမျှတမှုပြည့်ဝစွာချစေချင်တယ်ဆိုတာ ကျွန်မတို့က တရားခံကို မုန်းလို့လည်း မဟုတ်ဘူး ၊ဒါပေမယ့် ဒီလိုကိစ္စမျိုးက တစ်ကြိမ်ဖြစ်ပြီဆိုတာနဲ့ နောက်တစ်ကြိမ်ဖြစ်ဖို့အလားလာက သိပ်များတယ် ဒါကြောင့် မို့လို့ အမှုတစ်ခုဖြစ်ပြီဆိုတာနဲ့ တရားမျှတမှု ပြည့်ဝစွာ ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုရင် နောက်တစ်ကြိမ်အလားတူ ကိစ္စမျိုး မဖြစ်အောင် အများကြီးအတားအဆီးဖြစ်သွားတယ်၊ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားတယ်၊ သင်ခန်းစားယူစရာအများာကီး ဖြစ်သွားတယ်ပေါ့၊ တရားမျှတယ် မမျှတဘူးဆိုတာက ဥပဒေက သတ်မှတ်ပြီးသားအကုန်ရှိပြီးသားဆိုတော့ ဥပဒေက သူ့လမ်းကြောင်းနဲ့သူ သွားတာဖြစ်တယ်၊အခုလိုမျိုးအချိန် ၂လလောက်က ဒီ Victoria ကိစ္စတောင်မှ တစ်နှစ်ကျော်ကြာတဲ့ အချိန်မှာ တရားခံကပျောက်သွားသလို ဖြစ်သွားတယ်၊ ဒီကိစ္စက အချိန်ခဏလေးမှာ အပြီးအပျတ် ပြစ်ဒဏ်ချမှတ်တဲ့ အထိဖြစ်သွားတော့ ဒီ Case မှာ ကျွန်မတော့ တရားစီရင်ရေးဘက်မှာ တာဝန်ရှိတဲ့သူတွေရော အထူးသဖြင့် ကျွန်မတို့ စိတ်ရောကိုယ်ရောကူညီပေးတဲ့ အစိုးရဘက်က ပေးတဲ့ ခရိုင်ဥပဒေအရာရှိ နောက်တစ်ခုက Legal Support Team ကော်မတီဆိုတာလည်းရှိတယ်၊သူတို့ဆိုလို့ရှိရင် အခမဲ့ကူညီပေးတဲ့အသင်းလည်းဖြစ်တယ်၊ဒီအဖွဲ့က ရှေ့နေတွေကိုလည်း ကျွန်မတကယ်ကို ကျေးဇူးတင်ချင်တယ်၊” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဌာနတိုင်းရင်းသားဖွံ့ဖြိုးမှုအစီအစဉ် Program Director Mai Thin Yu Mun မှ ပြောသည်။ https://www.bnionline.net/mm/news-76534

*************

၂၄။ ကန့်ကွက်မှုတွေရှိနေတဲ့ ခဲသတ္တုသန့်စင်စက်ရုံတည်ဆောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဟု KySDP ၏ ကိုယ်စား လှယ်လောင်းကတိပေး
October 26, 2020

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူလူထုကန့်ကွက်နေတဲ့ လွိုင်ကော်မြို့က ခဲသတ္တု သန့်စင်စက်ရုံတည်ဆောက်နေမှုအပေါ် ပြန်လည်သုံးသပ်သွားမည်မယ်လို့ ကယားပြည်နယ်ဒီ မိုကရက်တစ်ပါတီ (KySDP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကတိပေးပြောကြားခဲ့သည်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်စိုက်မတ်မတ်လုပ် သွားမယ် လို့ ကတိပေးတယ်။ ခဲသတ္တုသန့်စင်စက်ရုံပုံစံမျိုးကို ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့ပြည်သူ တွေအတွက် ဘယ်လောက်ထိ အကျိုးရှိစေသလဲ၊ ဘယ်လောက်ထိအကျိုးပျက်ဆီးစေသလဲဆိုတဲ့ဟာမျိုးကို ပြန်ပြီး လေ့လာသုံးသပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့မြင်တယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကျွန်တော်တို့ကို မဲပေးခဲ့လို့ လွှတ်တော် ထဲရောက်သွားမယ်၊ အစိုးရအဖွဲ့ထဲရောက်သွားမယ်ဆိုလို့ရှိရင် ဒီစီမံကိန်းတွေကို ပြန်ပြီးတော့မှ သုံးသပ်နိုင်ဖို့အတွက် တကယ်ကော သူတို့တွေ EIA/SIA ပုံစံမျိုးတွေ တကယ်ကောလုပ်သလားပေါ့။ EIA၊ SIA နဲ့မပြီးဘူး CRA HIA တို့လိုမျိုး အများကြီးရှိတယ်ပေါ့နော။ အဲဒါတွေနဲ့ ဘယ်လောက်ထိ စမ်းသပ်စစ်ဆေးပြီးတော့မှ သုတေသနလုပ်ပြီးတော့မှ ဒီစက်ရုံတွေ လည်ပတ်ဖို့အတွက် ကြိုးစားနေတယ်ဆိုတဲ့ဟာကို ပြန်လေ့လာပြီးတော့မှ ပြန်သုံးသပ်ပြီးတော့မှ ရပ်နားသင့်/မသင့် မဟုတ် လို့ရှိရင် ရွေ့ပြောင်းသင့်/မသင့် ဆုံးဖြတ်ရလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်တယ်ပေါ့။ ဒါတွေကိုလည်း တစ်စိုက် မတ်မတ် လုပ်သွားမယ်ဆိုတဲ့ကတိမျိုး ကျွန်တော်တို့အနေနဲ့ပေးချင်ပါတယ်” ဟု စတီဗင် (ခ) ထွန်းထွန်းက ပြောသည်။

ခဲသတ္တုသန့်စင်စက်ရုံကို Global South Industrial Co.Ltd နှင့် ပြည်တွင်းက ရတနာကုဋေသိုက်ကုမ္ပဏီလိမိတက်တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့်ရောရာသတ္တုတွေကို ကုန်ချောထုတ်လုပ်ငန်းကိုလုပ်ဆောင်ဖို့ သတ္တု သန့်စင်စက်ရုံတည်ဆောက်နေခြင်းဖြစ်ပါတယ်။ ထိုစီမံကိန်းအတွက် Global South Industrial Co.Ltdအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၄၅ သန်း (စုစုပေါင်ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၉၀%)၊ ရတနာကုဋေသိုက် ကုမ္ပဏီလိမိတက် အနေ ဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း (စုစုပေါင်းရင်းနှီးမြှုပ်နှံပမာဏ ၏ ၁၀%) စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီး မြှုပ်နှံထားတာဖြစ်ပါတယ်။ စီမံကိန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံကနေ ခွင့်ပြုမိန့်အမိန့် (၁၆၈/၂၀၁၉) ဖြင့် နှစ်၅၀ လုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့က ရရှိထားပြီး လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင် ရွက်နေကြတာဖြစ်ပါတယ်။ ၎င်းက “ဒီစက်ရုံတွေနဲ့ပတ်သက်ပြီး လူထုတွေက မသိနားမလည်ခဲ့ဘူး။ ကုမ္ပဏီတွေက လက်ရှိ ဦးဝင်းမော်နဲ့ပတ်သက်တဲ့ Global South Industrial Co.ltd လည်း EIA၊ SIA လုပ်ထားတာလည်း ဘာမှမရှိဘူး။ ပြီးတော့ HIA ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက်တွေ သူတို့ဘားမှမလုပ်ဘူး။ အဲဒါကြောင့် မလုပ်ဘဲနဲ့ ဒီစက်ရုံကို MIC က ဘယ်လိုလုပ် ခွင့်ပြုမှုပေးလဲဆိုတာ ကျတော့်အနေနဲ့စိုးရိမ်မှုဖြစ်တယ်” လို့ပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်ပြီး ကယားပြည်နယ် မြို့နယ် (၇) မြို့နယ် ရှိ မဲဆန္ဒနယ် ၃၄ နေရာအနက် ၃၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ https://www.bnionline.net /mm/news-76537

***************

၂၅။ ကချင်ပြည်နယ်မြို့နယ်နှစ်ခုတွင် တက်သုတ်ရိုက်ပြုလုပ်ခဲ့ရသည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ၏ မဲဆွယ်စည်းရုံးရေး
October 26, 2020

Stay at home ကြေညာနိုင်သည့် ကချင်ပြည်နယ်မြို့နယ်နှစ်ခုတွင် မဲဆွယ်စည်းရုံးရေးကို တက်သုတ်ရိုက်ပြုလုပ်ခဲ့ရကြောင်း မြစ်ကြီးနာမြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းတင်မောင်လွင်ကပြောသည်။ လက်ရှိတွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များကို ကျမ်းမာရေးဝန်ကြီးဌာနမှ Stay at home သက်မှတ် ထားပြီး ကိုဗစ်ဖြစ်ပွားမှုများရှိနေသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များနှစ်ခုတွင်လည်း Stay at home သတ်မှတ်လာ နိုင်သဖြင့် မဲဆွယ်စည်းရုံးရေးကို အောက်တိုဘာ ၂၅ ရက်တွင် အလျှင်အမြန် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ကတော့ သေသေချာချာစနစ်တကျလေး စီစဉ်ပြီးတော့မှ အင်အားများများလေးလုပ်ချင်တာ။ ကိုယ်အမျိုးသား ရေးအတွက်ဆိုတော့ ဒါပေမယ့်လည်း Stay at home ကျမ်းမာရေးကိစ္စလဲရှိတော့ မြန်မြန်ဆန်ဆန်လုပ်လိုက်ရတဲ့ သဘော ပေါ့” ဟု မြစ်ကြီးနာမြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းတင်မောင်လွင် က ပြော သည်။ အဆိုပါ မဲဆွယ်စည်းရုံးခြင်းကို မြစ်ကြီးနာမြို့နယ် ရှမ်းနီပါတီနှင့် ဝိုင်းမော်မြို့နယ် ရှမ်းနီပါတီတို့ပူးပေါင်းကာ အင်အား သုံးထောင်ကျော်ဖြင့် မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့အထိ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး (ကျားနီ) ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် လောင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြစ်ကြီးနားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၊ ဝိုင်းမော် မြို့နယ်တွင် လွှတ်တော်ကိုယ်စား လှယ်လောင်း သုံးဦးနှင့် ရှမ်းတိုင်းရင်းသားရေရာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ လွှ တ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ https://www.bnionline.net/mm/news-76530

***************

၂၆။ စစ်အစိုးရလက်ထက် က သျှမ်းဘာသာဖြင့် ရုပ်သံမှာ သတင်းကြေညာသူ(သို့) ပြည်သူ့ပြဿနာကို ရှေ့ထွက် ဖြေရှင်း ပေးချင်သူ နန်းဆာဥ
October 24, 2020

စစ်အစိုးရလက်ထက် က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သျှမ်းဘာသာစကားနဲ့ သျှမ်းလူမျိုးတွေအတွက် သတင်းတင် ဆက်ပေးခဲ့တဲ့ သူတဦးကို မှတ်မိကြမယ်ထင်ပါတယ်။ ည (၈)နာရီ သတင်းကြေညာမှုအပြီး တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး သီချင်းကို ရုပ်မြင်သံကြားမှာ သျှမ်းဘာသာဖြင့် သီဆိုပေးခဲ့တဲ့ နန်းဆာဥ ကို သျှမ်းလူမျိုးတွေ သာမက မြန်မာလူမျိုး အသိုင်းအဝန်းမှာ ချစ်စရာဟန်ပန်နဲ့ ထင်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာတော့သူမဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်(SNLD)ပါတီ ကိုယ်စားပြုပြီး ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပိုင်မှာပါ။

“ ကျမ က ပြည်သူတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးပြီး ဖြေရှင်းပေး ချင်တဲ့အတွက် နိုင်ငံရေးဘက်ကို ခြေလှမ်းလှည့်လာခဲ့တာပါ” လို့ နန်းဆာဥ က ဆိုပါတယ်။ သူမ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သျှမ်းရှေ့ မှာဆိုရင် ပြဿနာတွေ၊ ဥပဒေမဲ့မှုတွေ ရှုပ်ထွေးမှုပေါင်းများစွာရှိပြီး ထိုပြဿနာတွေကို ပြည်သူရဲ့ရှေ့တန်းကနေ ရပ်တည် ဖြေရှင်းပေးချင်တယ်လို့ ပြတ်သားစွာ ပြောဆိုလိုက်ပါတယ်။ နန်းဆာဥ ဟာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ကတည်းက အစိုးရအဖွဲ့အစည်းအောက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးမှာ အငယ်တန်းစာရေး အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့သူ တဦးဖြစ်ပါတယ်။ ထိုမှ တစ်ဆင့် အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနမှာ သျှမ်းဘာသာ ရေဒီယိုအသံလွှင့် အစီ အစဉ် တင်ဆက်သူအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး အစိုးရဝန်ထမ်းမှာ လုပ်သက် ၁၆ နှစ် ရှိခဲ့သူ တဦးလည်းဖြစ်ပါတယ်။ သူမဟာ အစိုးရအလုပ်မှရပ်နားလိုက်ပြီး သျှမ်းပြည် လူထု အကျိုးအတွက် လူမှုအဖွဲ့အစည်းထဲကနေပြီး လယ်ယာမြေအရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေး တွေကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

သျှမ်းရှေ့ ပြဿနာ များစွာထဲက အကြီးမားဆုံးပြဿနာ နောက်တခုကတော့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ဓာတ်သတ္တု တူးဖော်မှုတွေ၊ ကျောက်မီးသွေး တူးဖော်မှုတွေကြောင့် ကျေးရွာပေါင်းရဲ့ လယ်ယာမြေ ပျက်စီးမှုတွေ တောတောင်သဘာဝ သယံဇာတ ပျက်စီးမှုတွေကြောင့် ယခင်မကြုံဖူးတဲ့ ရေကြီးမှုပြဿနာဟာလည်း လွှတ်တော်အမတ်လောင်းနန်းဆာဥ အတွက် စိန်ခေါ်မှုတခုပါပဲ။“သတ္တုတူးဖော်လို့ ထွက်လာတဲ့ မြေစာပုံတွေကြောင့် သူတို့ရဲ့လယ်ယာမြေတွေ ရေလွှမ်းမိုး တာတွေ ဖြစ်လာတယ်။ သတ္တုတူးဖော်မှုကြောင့် ပြည်သူတွေရဲ့ လယ်ယာမြေတွေ ထိခိုက်နစ်နာဆုံးရှုံးတာတွေကိုတွေ့ ရတယ်”လို့ နန်းဆာဥ က စိတ်မကောင်းစွာဖြင့် ပြောပါတယ်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ နန်းဆာဥ အနေ ဖြင့် အနိုင်ရခဲ့မယ်ဆိုရင် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး၊ အမျိုးသမီးငယ်တွေ လူငယ်ကုန်းခံရမှုများတဲ့နယ်မြေအတွက် လွှတ်တော်ထဲမှာ အမျိုးသမီးနှင့် သက်ဆိုင်တဲ့ အခွင့်အရေး၊ ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အခွင့်အရေးကိစ္စ၊ ကျေးလက်နေ ပြည်သူ လူထုရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဆောင်ရွက်ပေးချင်ကြောင်း သူမ ကချပြလိုက်ပါတယ်။ သူမအနေနဲ့ ကတော့ တာချီလိတ်ပြည်သူလူထုရှေ့ မားမားမတ်မတ်ရပ်တည်ကာ ဒေသ ပြဿနာတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဖြေရှင်းသွားဖို့အတွက် သူမကို မဲပေးကြရန်လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။ https://burmese.shannews.org/a rchives/19054

***************

၂၇။ မော်လမြိုင်သို့ အခြားဒေသမှ ရောက်လာပြီး မဲပေးရန် ပုံစံ ၃(က) ဖြင့် လျှောက်ထားသူ ၂၆၀၀ နီးပါး ရှိ
October 26, 2020

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ အခြားဒေသမှ ရောက်ရှိလာပြီး ရက် ၉၀ ထက်မနည်း နေထိုင်ခဲ့သူများက လာမည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးနိုင်ရန် ပုံစံ ၃(က)ဖြင့် လျှောက်ထားသူဦးရေ ၂၆၀၀ နီးပါး ရှိခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။“ပုံစံ ၃(က)နဲ့ လျှောက်ထားမှုအခြေအနေကတော့ ၂၅၉၉ ဦး လျှောက် ထားခဲ့တယ်” ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က အောက်တိုဘာ ၂၀ တွင် ပြောကြားသည်။ မဲဆန္ဒနယ် ပြင်ပရောက် ပြည်သူများအနေဖြင့် လက်ရှိရောက်နေရာဒေသတွင်ပင် ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၃(က)ဖြင့် လည်းကောင်း၊ ပုံစံ ၁၅ ဖြင့်လည်းကောင်း လျှောက်ထားနိုင်ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာ ချက်များ ထုတ်ပြန်ထားခဲ့သည်။

ပုံစံ ၃ (က) ဖြင့် လျှောက်ထားသူသည် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးသို့ သွားရောက်လျှောက်ထားနိုင်ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားလိုသူမှာမူ မြို့နယ်အဆင့် ရုံးများသို့သာ လျှောက်ထားခွင့် ရှိကြောင်း နှင့် ပုံစံ ၃ (က) ဖြင့် လျှောက် ထား၍ မဲပေးခွင့်ရပါက လက်ရှိရောက်နေရာ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ ရွေးကောက်ပွဲနေ့၌ မဲပေးခွင့် ရကြမည်ဖြစ်ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားလျှင် မိမိနေရပ်ရင်း မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်း များကို ကြိုတင်မဲစနစ်ဖြင့် ဆန္ဒပြုပိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း သိရသည်။ “မဲပေးရမယ်ဆိုရင်တော့ ကိုယ့်မဲဆန္ဒနယ်ထဲက အမတ်လောင်းကိုပဲ မဲပေးချင်တယ်။ မပြန်နိုင်တော့လည်း ဒီ(မော်လမြိုင်)မှာပဲ မဲပေးဖို့ ရပ်ကွက်ရုံးမှာ ပုံစံ ၃ (က) တောင်းပြီး ခုလ ၈ ရက်နေ့မှာ လျှောက်လိုက်တယ်။ လျှောက်ပြီးတဲ့အခါမှ ပုံစံ ၁၅ ကနေ ကိုယ့်မဲဆန္ဒနယ် နယ်မြေရင်းကို လှမ်းပြီး ကြိုတင်မဲ ပေးခွင့် ရှိကြောင်း သိလိုက်ရတယ်။ ကိုယ့်အတွက် လွဲသွားတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ မော်လမြိုင်သို့ ရောက်ရှိနေခဲ့သည့် မဲဆန္ဒရှင်ပြည်သူ ကိုနေဝင်းမောင် (အမည်လွှဲ) က ပြောသည်။

“တခြားမြို့နယ်ကနေပြီးတော့ ပုံစံ ၁၅ တွေ လျှောက်တဲ့အတွက်ကြောင့် မဲလက်မှတ် ရောက်လာတာ ရှိတယ်။ မနေ့ ကဆိုလို့ရှိရင် ၄၁ စောင် ရောက်လာတယ်။ အဲဒါကို ညနေ ၆ နာရီကနေ ၇ နာရီအတွင်းမှာ ပြည်သူတွေကိုခေါ်ပြီးတော့ မြို့နယ်ရုံးမှာ ကြိုတင်မဲပေးခဲ့တယ်ပေါ့။ အခုကြိုတင်မဲတွေစပေးနေပါပြီ”ဟု ဒေါ်မိုးဇင်မာဦးက ပြောသည်။ မွန်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းဝန်းကျင်ရှိနေပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရလာသူ လူငယ် တစ်သိန်းကျော်ရှိနေသည်။ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာမှအပ ပြည်နယ်တစ်ဝန်းတွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သည်။ https://www.bnionline.net/mm/news-76518

***************

၂၈။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရှိသည့်အတွက် NCA စာချုပ် ဖြစ်ပေါ်လာသော်လည်း လက်ရှိတွင် ယုံကြည်မှုပျက်ပြား ရန် အသေးစိတ်ကအစ အငြင်းပွားမှုများဖြစ်ပေါ်နေကြောင်း တပ်မတော်ဘက်က ပြောကြား
24 October 2020

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုရှိသည့်အတွက် NCA စာချုပ် ဖြစ်ပေါ်လာသော်လည်း လက်ရှိတွင်မူ အဆိုပါ ယုံကြည်မှုပျက်ပြားစေရန် အသေးစိတ်ကအစ အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် အောက်တိုဘာ ၂၄ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။“ ပြောချင်တာကတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုရှိကြ လို့ ဒီစာချုပ်ကို သဘောတူခဲ့ကြတယ်။ ယုံကြည်မှု တည်ဆောက်ခဲ့ကြတယ်။ အခုအချိန်မှာတော့ ဒီယုံကြည်မှု ပျက်ပြားဖို့ အသေးစိတ်က အစပေါ့နော် အငြင်းပွားတဲ့ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို မေးခွန်းထုတ် စရာ ဖြစ်လာတဲ့သဘော ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

NCA စာချုပ်နှင့်ပတ်သက်၍ NCA တွင် မည်သို့ကြိုပမ်းခဲ့ရသည်၊ မည်သို့ဆောင်ရွက်ခဲ့ရသည်၊ မည်သည့်အချက်များကို ဆွေးနွေးခဲ့ရသည်ဆိုသည်များအား တရားဝင် စာရွက်စာတမ်းများ၊ စာရင်းဇယားများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လက်ရှိ အချိန် စကားလုံးတစ်လုံးချင်းစီအပေါ်တွင် ထပ်မံ၍ အဓိပ္ပာယ်ဖွင့်ဆိုရန် လိုခြင်းသည် ယုံကြည်မှုအပေါ် မူတည်၍သာဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် NCA ကဲ့သို့ EAO အားလုံးနီးပါး ပါဝင် ဆွေးနွေးခဲ့ခြင်း၊ တိုင်းရင်းပြည်သူလူထု လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရန် အခြေခံသဘောတူညီခဲ့ခြင်းမျိုး သမိုင်းတွင် မရှိခဲ့ဖူးကြောင်း၊ စကားလုံးတစ်ခုခြင်း၊ စာပိုဒ်တစ်ပိုဒ်ခြင်း၊ အသေး စိတ် အကျေအလည် ဆွေးနွေးသဘောတူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ https://news-eleven.com/article /196263

**************

၂၉။ ဖမ်းဆီးခံ အမ်း ဒေသခံ ၁၄ ဦး၏ အသက်အန္တရာယ် စိုးရိမ်ကြောင်း မိသားစုများက ပြော
26 October 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်မြောက်ရွာမှ ရွာသား ၁၂ ဦးနှင့် အနောက်ရွာ (ရှမ်းကုန်းရွာ) မှ ၂ ဦး စုစုပေါင်း ရွာသား ၁၄ ဦးကို တပ်မတော်မှ ခေါ်ဆောင်သွားသည်မှာ တပတ်ခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အထိ အဆက်အသွယ် မရကြသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။ အဆိုပါ ဒေသခံ ၁၄ ဦးတို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျေးရွာအနီး ဒါးလက်ချောင်းထဲတွင် လှေငယ် ၇ စီးနှင့် ငါးရှာနေစဉ် တပ်မတော်စစ်ကြောင်းတခုနှင့် တွေ့ပြီး ကျေးရွာအနီးရှိ တပ်မတော် ယာယီစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဖမ်းဆီးခံရာတွင်ပါဝင်သော ဦးမောင်ကြည်သန်း၏ ဇနီး မသီတာက “ ငါးရှာတဲ့နေရာကနေ မေးစရာ ရှိတယ် ဆိုပြီး ခေါ်သွား တာ။ လက်ရှိမှာတော့ ချောင်းတဖက်ကမ်းက တပ်မတော် ယာယီစခန်းမှာ ရှိတယ်လို့တော့ သိရတယ်။ ခေါ်သွားတာ အခုဆိုရင် ၅ ရက်၊ ၆ ရက် ရှိပြီတော့ စိုးရိမ်ရတဲ့အတွက် ကျမ ယောက်ျားကို အမြန်ဆုံးလွတ်လာဖို့ မျှော်လင့်ပါတယ် ” ဟု ပြောသည်။ ဖမ်းဆီး ခံထားရသူတို့မှာ ဒါးလက်မြောက်ရွာမှ အသက် ၃၄ နှစ်ရှိ ကိုဌေးအောင်၊ အသက် ၃၅ နှစ်ရှိ ကိုညီညီ အောင်၊ အသက် ၃၇ နှစ်ရှိ ကိုလွမ်းဝေ၊ အသက် ၃၅ နှစ်ရှိ ကိုကျော်ဌေးလှိုင်၊ အသက် ၃၀ နှစ်ရှိ ကိုတင်ရွှေ၊ အသက် ၃၀ နှစ်ရှိ ကိုညီသိန်း၊ အသက် ၃၃ နှစ်ရှိ ဦးညီဝင်း၊ အသက် ၂၈ နှစ်ရှိ ကိုမောင်ကြည်သန်း၊ အသက် ၃၀ နှစ်ရှိ ကိုခင်မောင်မြင့်၊ အသက် ၄၀ နှစ်ရှိ ဦးဆန်းဝင်းမောင်၊ အသက် ၂၅ နှစ်ရှိ ကိုစိုးမင်းဌေး၊ အသက် ၂၀ နှစ်ရှိ မောင်စိုးမင်းနိုင်နှင့်အတူ ဒါးလက် အနောက်ရွာမှ ရွာသား ၂ ဦးတို့ ဖြစ်ကြောင်းလည်း ဒေသခံရွာသားများ ထံမှ သိရသည်။ ဖမ်းဆီးခံထားရသူတို့မှာ ဒေသတွင်း ငါးရှာရန် တပ်မတော်မှ ခွင့်ပြုထားသူများဖြစ်ကြပြီး ရရှိလာသည့်ငါးများကို တပ်မတော်သားများ ဝယ်ယူကာ ပိုလျှံသည့် ငါးများကို ကျေးရွာအတွင်း ရောင်းချလုပ်ကိုင်နေသူတို့ဖြစ်ကြောင်း သိရသည်။

ဒါးလက်မြောက်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝိသုတ္တက “ ဦးဇင်းရွာက ၁၂ ယောက် ဒါးလက် အနောက် ရွာခေါ် ရှမ်းကုန်း က ၂ ယောက် စုစုပေါင်း ၁၄ ယောက်ကို ခေါ်သွားတာ။ သူတို့ကို အဲဒီဒေသမှာ ငါးရှာဖို့ အတွက် တပ်ကလည်း အရင်တုန်း ကလည်း ခွင့်ပြုထားတာ။ ရလာတဲ့ ငါးတွေကို တပ်မတော်သားတွေက ဝယ်တယ်။ ကျန်ပိုလျှံတဲ့ ငါးတွေကို ရွာမှာရောင်း တယ် အဲဒီလိုလုပ်နေကြတာ”ဟု မိန့်ကြားသည်။ အမ်းမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ကိုင်နေသူ ကိုမျိုးလွင်က “ အခုလို စားဝတ်နေရေးအတွက် ရှာဖွေနေရတာကို သံသယနဲ့ ဖမ်းဆီးခံရတာတွေဟာ ဒေသခံတွေက ကြောက်လန့်စေတယ်။ နောက်ပြီးတော့ အပြစ် မရှိရင် အမြန်ဆုံးလွှတ်ပေးသင့်ပြီ။ အခုလို အချိန်အကြာကြီး ထိန်းသိမ်းထားတာတွေ မလုပ်သင့်ဘူး ” ဟု ထောက်ပြသည်။ https://burma.irrawaddy.com/news/2020/10/26/232334.html

**************

၃၀။ မြစ်ကြီးနား၌ ၁ လအတွင်း ခိုးမှု၊ လုယက်မှုကျူးလွန်သူ ၅၀ ဖမ်းမိ၊ လူငယ် အများဆုံးပါဝင်
25 October 2020

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၁ လအတွင်း ခိုးမှု၊ လုယက်မှုတွေ ကျူးလွန်သူ တရားခံအယောက် ၅၀ ဖမ်းဆီးရမိခဲ့ပြီး လူငယ်တွေ အများဆုံးပါဝင်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စက်တင်ဘာ ဒုတိယအပတ်ကနေ အောက်တိုဘာ ဒုတိယအပတ်အထိ ၁ လအတွင်း ခိုးမှု၊ လုယက်မှုများ ကျူးလွန်သူ တရားခံအယောက် ၅၀ ကို ဖမ်းမိခဲ့တာပါ။ ဖမ်းမိခဲ့တဲ့သူတွေထဲမှာ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်သူ လူငယ်တွေ အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးမြင့်မိုးက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဒေသခံတွေရဲ့ အကူအညီကိုရယူပြီး ခိုးမှု၊ လုယက်မှု ကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ ၁၈ နှစ်အောက် တရားခံ ၈ ယောက်၊ ၁၈ နှစ်အထက် အယောက် ၄၀ ကို တလအတွင်းမှာ ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ ဖမ်းမိတဲ့အမှုတွေထဲမှာ ရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်ကြားခြင်းမရှိတဲ့ အမှုတွေလည်း ပါဝင်ခဲ့ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archi ves/419085

***********

၃၁။ ကရင်ပြည်နယ်တွင် KNDP နှင့် NLD ပါတီတို့ စည်းရုံးရေး အားကောင်းနေ
October 23, 2020

လာမယ့် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကရင်ပြည်နယ်တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီတို့ စည်းရုံးရေးအင်အားကောင်း နေကြောင်း သိရသည်။ ကရင်ပြည်နယ်တွင် ယခုရွေးကောက်ပွဲအတွက် ပါတီ ၁၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းများ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် KNDP နှင့် NLD ပါတီတို့မှာ အခြားနိုင်ငံရေးပါတီများ ထက် စည်းရုံးရေးအားကောင်းနေသည်ဟု မဲဆန္ဒရှင်ပြည်သူများက ပြောဆိုနေကြသည်။

ထိုကိစ္စအပေါ် မကြာသေးခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့် နှင်းဆီပါတီဟု လူသိများ သော UDP မှ ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ သူ ခွန်အောင်မြင့်မြတ် က “ကရင်ပြည်နယ်မှာ NLD လည်းအားကောင်းတယ်။ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီလည်းအား ကောင်းတယ်။ အဲဒီ ၂ ခုပဲ ကျနော်မြင်တယ်။ ကျန်တဲ့ပါတီကတော့ ကျနော်အဲလောက်ထိတော့ အားမရဘူးပေါ့နော်။”ဟု ယနေ့ (အောက် တိုဘာ ၂၃ ရက်)တွင် ပြောသည်။ ကရင်ပြည်နယ်ပါတီများပူးပေါင်းကာ KNDP ပေါ်ပေါက်လာခြင်း၊ ဌာနေတိုင်းရင်းသား များအနေဖြင့် ဆုံးရှုံးနေ သော အခွင့်အရေးများ ရရှိရန် စိတ်အားထက်သန် မျှော်လင့်နေခြင်းများကြောင့် ဒေသခံပါတီ KNDP ကို ပိုမို ဝန်းရံ အားပေးလာသည်ဟု မြင်မိကြောင်း KNDP မှ ဖားအံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေ က ပြောသည်။

“လူငယ်ရဲ့ ဝန်းရံမှုအားကို ကြည့်ရင် KNDP က ပိုအင်အားကောင်းနေတယ်ပေါ့နော်။ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ တို့မှာ အင်အားထောင်၊ သောင်းချီပြီး ဝန်းရံခဲ့ကြတယ်လေ။ ဖားအံမှာလည်း သူ့ခွင်အလိုက်ဝန်းရံ ကြတယ်။”ဟု နန်းလှယဉ်မေ က ကေအိုင်စီသို့ ပြောသည်။ မဲဆွယ်ကာလဖြစ်သည့် စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၂၃ ရက်နေ့ အထိ ကရင်ပြည်နယ်အတွင်း KNDP နှင့် NLD ပါတီ ထောက်ခံသူများက မြို့နယ်အလိုက် ကား၊ ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည် ဝန်းရံခြင်း၊ စည်းရုံးဟောပြောခြင်းများကို ပိုမိုပြုလုပ်နေကြသည်။ http://kicnews.org/2020/10/%e1% 80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%

**************

၃၂။ ဖမ်းဆီးခံရသည့်ရဲတပ်သားအား ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့မှု ၁ လကျော်ကြာမှသိရဟု မိသားစု ပြော
25 October 2020

အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ရဲတပ်သား ၁ ဦးကို ရဲတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး အကြမ်း ဖက် ဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်ထားတာ ၁ လကျော်အကြာမှ သိရတယ်လို့ မိသားစုက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ရဲကိုနိုင်ဆိုသူဟာ အေအေနဲ့ ဆက်စပ်တယ် ဆိုပြီး ဇူလှိုင် ၂၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စက်တင်ဘာ ၉ ရက်နေ့မှာ ရဲတရားရုံးကနေပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာပါ။

အခုလို ထောင်ဒဏ်အမိန့်ချမှတ်တာကို မိသားစုဝင်တွေအား ပြောဆိုဆက်သွယ်မှုမရှိခဲ့ဘဲ အောက်တာဘာ ၁၈ ရက်နေ့ကမှ သိရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ထပ်မံအမှုဖွင့်ခံထားရတယ်လို့ အစ်မဖြစ်သူ မခင်မီမီအောင်က ပြောပါ တယ်။“ကျမရဲ့ မောင်လေးကို စက်တင်ဘာ ၉ ရက်နေ့က ရဲတရားရုံးက ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်ဆိုပြီး အောက်တို ဘာ ၁၈ ရက်နေ့ညမှာ အကျဉ်းထောင်ဝန်ထမ်း ၁ ဦးက ဆက်သွယ်ပြောဆိုလာလို့ မိသားစုတွေ သိခွင့်ရတယ်၊ ဘာပုဒ်မ တွေနဲ့ အမိန့်ချတယ်ဆိုတာလည်း အတိအကျမသိရဘူး၊ အမိန့်ချတာတောင် တစ်လကျော်ကြာပြီးမှ သိရတယ်၊ ကျမ မောင်လေး အတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေလည်း မသိလိုက်ဘူး။ ကျမတို့ ဖုန်းဆက်ပြောတော့ သူက လိုက်လံစုံစမ်းမှ ထောင်ချလိုက်တာ ဟုတ်တယ်ဆိုပြီး ပြန်ပြောတယ်။ ကျမမောင်ကို အရပ်ဘက်တရားရုံးမှာလည်း အကြမ်း ဖက် ဥပဒေတွေနဲ့ ထပ်ပြီး အမှုဖွင့်လှစ်ထားတယ်။ အခုလို အမိန့်ချမယ်ဆိုရင်လည်း မိသားစုကိုတော့ အကြောင်းကြားသင့် တာပေါ့။ အခုက သူများပြောမှသိရတာဆိုတော့ ကျမတို့ကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တာပေါ့။”

ရဲတပ်သား ရဲကိုနိုင်ဟာ ရဲစည်းကမ်းထိန်းရေးဥပဒေကို ချိုးဖောက်တာကြောင့် ရဲတရားရုံးကနေပြီးတော့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာလို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောပါတယ်။ “ရဲကိုနိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီးတော့ ရဲတရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာ၊ ၃ နှစ် ချလိုက်တာပါ၊ နယ်ဘက်တရားရုံး မဟုတ်ဘူး၊ စစ်ဆေးပေါ်ပေါက်လို့ပေါ့။”ကျောက်ဖြူမြို့နယ်မှာ ၂၀၂၀ မေလနောက်ပိုင်းကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယ နဲ့ ဖမ်းဆီးခံရသူ ၅၀ လောက်ရှိပြီး တချို့ကို ပြန်လည်လွှတ်ပေးခဲ့ကာ အမှုဖွင့်လှစ် တရားစွဲဆိုခံနေရသူက ၃၀ ဝန်းကျင် လောက်ရှိတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/419090

**************

၃၃။ မိုင်းဆတ်တွင် ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
26 October 2020

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်မှာ ငွေကျပ် သန်းပေါင်း ၂ သောင်းခွဲကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့ သယ်ဆောင်သူ တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ အစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီ လောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မိုင်းဆတ်မြို့နယ် မိုင်းတွမ်း-မိုင်းဆတ်သွား ကားလမ်း ပါခါးရွာနားမှာ မိုင်းတွမ်းကနေ မိုင်းဆတ်ဘက်ကို အားဖျော်(ခ)အားဖြိုး၊ ဆိုသူ မောင်းနှင် လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မနက် ၁၁ နာရီခွဲလောက်မှာ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းအုပ်စု နမ့်ခမ်း(၁)အောက်ရွာက လော်ချာနဲ့ လော်ဖာတို့ရဲ့ နေအိမ်ကို ရှာဖွေရာမှာ သူတို့ကိုမတွေ့ဘဲ အိမ်ထဲကနေ အိုက်စ် ၁၂၄ ကီလို၊ ကဖင်း ကီလို ၆၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်နှိပ်ရာမှာ သုံးတဲ့ သံမို WY စာတန်း ပါ ၁၁ ချောင်းနဲ့ စာတန်းမပါ ၁၁ ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ လော်ဖာဟာ တာချီလိတ်မြို့မှာ ၂၀၂၀ ပြည့်နှစ် မေ ၇ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့တဲ့ အမှုက ကွင်းဆက်တရားခံပြေးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဖမ်းမိထားတဲ့ အသက် ၁၉ နှစ်အရွယ် အားဖျော်(ခ) အားဖြိုး၊ တိမ်းရှောင်သူ အသက် ၂၈ နှစ်အရွယ် လော်ဖာ၊ အသက် ၃၀ အရွယ် လော်ချာတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၄ ရက်က ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်မှာ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးရင်း WY စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိပြီး သူ့အိမ်ကိုသွားရောက်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၆၁၂ ပြား ထပ်ပြီး ဖမ်းဆီးရမိပါတယ်။ http://burmese. dvb.no/archives/419281

*************

၃၄။ တောင်ဇလပ်ပန်းနှင့် ချင်းသစ်ခွတို့အား ခူးယူဖျက်ဆီးပါက အရေးယူတော့မည်
26 October 2020

သစ်တောဦးစီးဌာနက ချင်းပြည်နယ်ရှိ တောင်ဇလပ်ပန်း ဖြူ၊ နီ၊ ဝါနှင့် သစ်ခွပန်းများကို သဘာဝအပင်များ စာရင်းတွင် ထည့်သွင်းလိုက်ခြင်းကြောင့် ထိုအပင်များကို ထုတ်ယူဖျက်ဆီးသူများအား အရေးယူတော့မည်ဟု နတ်မတောင် အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ဧရာဝတီသို့ ပြောသည်။ ဦးစိန်ထွန်းက “အရေးယူနေပါတယ်။ အရင်က ပညာပေး ဟောပြောတာတွေလောက်ပဲလုပ်တာ အခုတော့ ပုံစံပြောင်းပြီး ပညာပေးတဲ့သဘောမျိုးတွေ လုပ်နေတယ်။ ကြပ်ကြပ် မတ်မတ် ပြန်လုပ်တဲ့သဘောပေါ့။ တနှစ်လောက်ရှိပြီ လုပ်နေတာ။ အပင်လိုက်ခုတ်သွားတာမျိုးတွေ မဖြစ်အောင်လည်း အစီအစဉ်တွေ အခုလုပ်နေပါတယ်” ဟု ပြောသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တော ဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေးနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပုဒ်မ ၁၉(ဂ)အရ မျိုးဆက်ပြတ်သုန်းမည့် အန္တရာယ်ရှိသော ကာ ကွယ်ထားသည့် သဘာဝအပင်များကို ၂၀၂၀ ခုနစ်၊ စက်တင်ဘာလ ၁၁ ရက်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ အဆိုပါ သဘာဝအပင်စာရင်းတွင် ချင်းပြည်နယ်ရှိ တောင်ဇလပ် (ဖြူ၊ နီ၊ ဝါ)၊ တောင်ဇလပ်နှင်းဆီ၊ မြန်မာဂျင် ဆင်း၊ သစ်ခွ နက်၊ ချင်းသစ်ခွနီ၊ ဘုံမ္မရာဇာ၊ တောင်လုံးကျော်/ ဆာချီ၊ မြေပုဇွန်ကွေးတို့ ပါဝင်သည်။ အဆိုပါ အပင်မျိုးစိတ်များကို မျိုးတုန်း မည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝအပင်စာရင်းတွင် သတ်မှတ်ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ဦးစိန်ထွန်းက ဆိုသည်။

ထိုကာကွယ်ထားသည့် သဘာဝအပင်တမျိုးမျိုးကို သတ်မှတ်ထားသည့် နေရာဒေသအတွင်း ခွင့်ပြုချက် မရှိဘဲ ထုတ်ယူ၊ စုဆောင်း၊ ဖျက်ဆီးပါက ထိုသူကို ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀ (ခ) အရ အရေးယူနိုင်သည်။ ထို့ပြင် သဘာဝအပင်စာရင်း သတ်မှတ်ရာတွင်လည်း လုံးဝအကာအကွယ်ထား သည့် အပင်မျိုးစိတ်နှင့် နေရာဒေသအလိုက် ကာကွယ်ထားသည့် အပင်မျိုးစိတ်ဟူ၍လည်း ကွဲပြားသွားသလို ပြစ်မှုပြစ်ဒဏ် များလည်း ကွာခြားသွားသည်။ လုံးဝကာကွယ်ရမည့် အပင်မျိုးစိတ်များတွင် တောင်ဇလပ်ဝါ၊ တောင်ဇလပ်နှင်းဆီနှင့် ချင်း သစ်ခွနီတို့သည် မြန်မာတပြည်လုံးအနက် ချင်းပြည်နယ်တခုတွင်သာရှိသည့် ရှားပါးအပင်မျိုးစိတ်များဖြစ်ကြောင်း သိရသည်။ https://burma.irrawaddy.com/news/2020/10/26/232336.html

*************

၃၅။ ဘူးသီးတောင်တွင် မွတ်ဆလင် ကလေးငယ်နှစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေကြောင်း တပ်မတော်ပြော
October 26, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်(မွတ်ဆလင်)ကျေးရွာမှ ကလေးငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြည်တော်၌ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တပ်မတော်အနေဖြင့် ကလေးငယ်နှစ်ဦး သေဆုံးမှုဖြစ်ပွားသည့် အချိန်မှစ၍ စုံစမ်းစစ်ဆေးမှုကို စတင်လုပ် ဆောင်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။“ဒီဟာနဲ့ပတ်သက်လို့ ချို့ယွင်းချက် အားနည်းချက်ရှိရင် သိနိုင်အောင်လို့ ဘယ်လိုပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးမှု တွေကို အဲဒီကစပြီး လုပ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ ထုတ်ပြန်ပြီးသားလည်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ(၅)ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြင်ရှည်(မွတ်ဆလင်)ကျေးရွာအနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသော မွတ်ဆလင် ရွာသားများ အနက် ကျည်ထိမှန်ထားသော ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုထားသည်။ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲအတွင်း ကလေးငယ် နှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းကိစ္စရပ် ကို စုံစမ်းစစ်ဆေးမှုများ လျင်မြန်စွာလုပ်ဆောင်ရန် အောက်တိုဘာ ၁၄ ရက်နေ့က ကုလသမဂ္ဂဦးဆောင်သော နိုင်ငံအဆင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးအထူးတာဝန်အဖွဲ့( CTFMR ) က တိုက်တွန်းထားသည်။

ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်း က “ကလေးတွေ သေဆုံးမှုနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်။ ရခိုင်မှာ ကလေးတွေမသေသင့်ဘဲ သေနေရတယ်။ ပြီးခဲ့ ရက်ပိုင်းအတွင်းကလည်း မြောက်ဦးမှာအမြောက်ကျည်ကျလို့ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ ဒါပေမယ့် တပ်မတော်ကတော့ ငြင်းဆို ချင်တိုင်း ငြင်းဆိုနေတယ်။ ဒါတွေက မကောင်းဘူး။ တာဝန်ခံမှု တာဝန်ယူမှု မရှိဘူး”ဟု ပြောသည်။ https://www.bnion line.net/mm/news-76513

**************

၃၆။ ဘီယာကျေးရွာ စာသင်ကျောင်းဆောင်အလုံအလောက်မရှိသေး
October 26, 2020

ဖရူမြို့နယ် အနောက်ဘက်ခြမ်း ဘီယာကျေးရွာမှာရှိတဲ့ နှစ်စဉ်ပျှမ်းမျှကျောင်းသား/ သူ ပေါင်း ၄၀၀ နီးပါးရှိပြီး စာသင်ခန်း ၃ ခန်းသာရှိတဲ့အတွက် စာသင်တဲ့အချိန်မှာ အခက်အခဲဖြစ်တယ်လို့ ဘီယာကျေးရွာ ဆယ်အိမ်မှူး ဦးဂျိုဝါးနီ ကပြောပါတယ်။ ဘီယာကျေးရွာက မူလွန်ကျောင်းဖြစ်ပေမယ့် သတ္တမတန်းအထိ ဖွင့်ထားတဲ့အတွက် စာသင်ခန်းတစ်ခန်းကို ၃ ခန်းဖွဲ့ပြီး သင် ခဲ့ရတယ်လို့် ပြောပါတယ်။“ အဲ့တာကို ဖြစ်နိုင်ရင် နိုင်ငံတော်ကို နောက်ထပ်တစ်လုံး ထပ်ပေးစေချင်တယ် ဘာဖြစ်လို့လဲဆို တော့ မူလွန်ကျောင်းဆိုတာ သတ္တမတန်းအထိတော့ဖွင့်နေပါတယ် အခန်းက သုံးခန်းတည်းဆိုတော့ ကျနော်တို့ တစ်ခန်းကို သုံးခန်းပြန်ခွဲတော့ တအားကျဉ်းတယ်။ ရုံးခန်းတစ်ခန်းရယ်၊ ခုနှစ်တန်းတစ်ခန်းရယ်၊ ခြောက်တန်းတစ်ခန်းရယ် ကျနော်တို့ တွဲပြီးတော့ အဲ့တစ်ခန်းတည်းကို သုံးခန်းကျနော်တို့ပြန်လုပ်နေရတဲ့ ဘဝရောက်နေတယ်။”ဦးဂျိုဝါးနီ ကပြောပါတယ်။

ဦးသဲရယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကလည်း ဘီယာကျေးရွာတွင် ကျောင်း ဆောင်သစ်တစ်ဆောင် တိုးချဲ့တည်ဆောက်ပေးရန်ရှိမရှိ အောက်တိုဘာလ ၁၅ ရက်နေ့က လွတ်တော်ထဲ ကြယ်ပွင့်မပြ မေးခွန်းမေးမြန်းခဲ့ပေမယ့် ခုချိန်ထိ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။“ ဘီယာကျေးရွာပေါနော အဲ့ရွာက လူဦးရေ အိမ်ခြေလည်းများတယ် နောက်ပြီးတော့ ကျောင်းဆောင်ကလည်း တစ်ဆောင်ပဲရှိတယ်လို့ကြားတယ်ပေါ့နော်။ အဲ့တာ ကျေးရွာလူငယ်တွေကပြောပြတယ်ပေါ့ သူတို့အနေနဲ့ကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ စာသင်ကျောင်းကို တည်ဆောက် စေချင်တယ်ပေါ့။” သူကဆက်ပြောပါတယ်။ ဟိုယာကျေးရွာရှိ ဒေသခံများသည် တောင်ယာလုပ်ငန်းအပြင် အခြားသော စီးပွားရေး လုပ်ငန်း မလုပ်ကိုင်တဲ့အတွက် ဝင်ငွေနည်းပါးတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာဆို ကျောင်းမလုံလောက်တဲ့ရွာတွေကတော့ ကိုယ်ထူကိုယ်ထကျောင်း လောပလျားလဲရွာ ၊ အလယ် တန်းကျောင်းခွဲ ခါးဘယ်ရွာ ၊ အ.မ.က စောပလိခိုရွာ ၊ မူ/လွန် ဘီယာရွာ၊ မူ/လွန် ထိုခွီဆိုရွာ ၊ အ.မ.က ခေါလေရွာ၊ မူလွန် ဖာဝယ်ရွာ၊ မူ/လွန် ထေခိုရွာ၊ အ.မ.က ကေသဲဒိုး ၊ အ.မ.က ထီးသောတနေးကူးရွာ၊ အ.မ.က ဒေါကူလဲရွာ၊ အ.မ.ကခွဲ ဆောလယ်ရွာ၊ အ.မ.ကခွဲ ရိုစပရားရွာဟောင်း ၊ အ.မ.က သိုသီးဖိုရွာ ၊ မူ/လွန် ပလဲလယ်ရွာ၊ အ.မ.က ဒိုးပရယ်ရွာ၊ အ.မ.က ဒိုးမူခေါရွာ၊ အ.မ.က ပလိုဒေးခိုရွာ၊ အ.မ.က ယိုပရားရွာ၊ အ.မ.က လောဂျာရွာ၊ အ.မ.က လောကျေခူရွာ၊ အ.မ.က ဒေါလောခူရွာ စတဲ့မူလတန်းကျောင်းတော်တော်များများ ကျောင်းဆောင်တွေလိုအပ်နေပါသေးတယ်လို့ ဖရူဆိုမြို့ ပညာ ရေးမှူး ရုံးကနေတဆင့်သိရပါတယ်။ https://www.bnionline.net/mm/news-76538

 

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **

 

Related Articles

Back to top button