တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 65 , October 13, 2020)

၁။ ႏွစ္ဖက္တပ္ဖြဲ႔ဝင္မ်ား အျပန္အလွန္ဖမ္းဆီးျခင္းေၾကာင့္ မြန္ျပည္သစ္ပါတီႏွင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ဟု KNU/KNLA-PC ဆို

၂။ ကရင္ကိုခ်စ္ေသာ္လည္း ကရင္ပါတီကိုမဲမေပးဟု ေျပာဆိုေနသူမ်ားသည္ ႏိုင္ငံေရးအသိေသးသိမ္သူမ်ားသာျဖစ္ သည္ဟု KNDP ေျပာ

၃။ ေက်ာက္မဲ ပုံဝိုးစစ္ေရွာင္စခန္းအနီး စစ္ရဟတ္ယာဥ္ ၄ စီးျဖင့္ အင္အားျဖည့္

၄။ ရြာသား ၃ ဦးကုိ မူးယစ္ေဆးဝါးအမႈျဖင့္ KNU ဖမ္းဆီးေခၚေဆာင္သြားျခင္းကိစၥ ျပည္နယ္အစိုးရ ကန္႔ကြက္

၅။ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP က ႏိုင္ငံပိုင္႐ုပ္သံတြင္ ေဟာေျပာမႈအစီစဥ္ ပါဝင္မည္ မဟုတ္

၆။ ကရင္ျပည္နယ္႐ြာႏွစ္႐ြာ ပဲခူးတိုင္းမဲစာရင္းထဲေရာက္ေနမႈ ျပန္လည္ျပင္ဆင္ႏိုင္ျခင္းမရွိေသး

၇။ တပ္မေတာ္ႏွင့္ RCSS/SSA တို႔ တိုက္ပြဲေၾကာင့္ ျပည္သူလူထု အေျခခံလူ႔အခြင့္အေရး မဆုံးရႈံးေစေရး တာဝန္ယူ ေျဖရွင္း ေပးရန္ ေက်ာက္မဲ ၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လက္မွတ္ေရးထိုး၍ တင္ျပေတာင္းဆို

၈။ ကယားတြင္ မဲေပးရန္ ေလွ်ာက္ထားသည့္ ေ႐ႊ႕ေျပာင္းလုပ္သား ၅၀၀၀ ေက်ာ္ရွိ

၉။ ၂၀၂၀ ေရြးေကာက္ပြဲ ရန္ကုန္ကရင္ေရးရာအတြက္ ကရင္မဲဆႏၵရွင္ဦးေရ ၅၅, ၀၀၀ ေက်ာ္တိုးလာ

၁၀။ ဦးအယ္လ္ေဖာင္းရႈိအား ျပည္သူ႔ဘ႑ာေငြ အလြဲသုံးခဲ့သည္ဟုဆိုကာကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ ခြင့္ျပဳခ်က္ ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကလြိဳင္ေကာ္ရဲစခန္းတြင္ တိုင္တန္းခဲ့ၿပီး အမႈမဖြင့္ေပးေသးဟုဆို

၁၁။ မဲဆြယ္ကာလ စနစ္တက်ျဖစ္ဖို႔ အစိုးရကို UNA တိုက္တြန္း

၁၂။ ေက်ာက္မဲအနီး ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီး တဦး ဗုံးစ ထိမွန္

၁၃။ လူမ်ိဳးအမည္မွန္ရရွိေရးအတြက္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ဟု ခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ ေရးပါတီေျပာ

၁၄။ ေရးၿမိဳ႕ေပၚတြင္ မူးယစ္ေဆးဝါးအႏၲရာယ္ေလွ်ာ့ခ်ေရး လႈပ္ရွားမႈျပဳလုပ္

၁၅။ ေျမာက္ဦးခ႐ိုင္႐ုံးမွ ေပ်ာက္ဆုံးေနသည့္ လဝကဝန္ထမ္းတစ္ဦးအား ေသဆုံးလ်က္ေတြ႕ရွိ

၁၆။ ေက်ာက္မဲတြင္ တိုက္ပြဲမ်ားျဖစ္ေနေသာ္လည္း ေ႐ြးေကာက္ပြဲ က်င္းပရန္ျပင္ထား

၁၇။ ပုဏၰားကြၽန္းတြင္ စားဝတ္ေနေရးအတြက္ ၀ ဥရွာသူ အမ်ိဳးသမီး ၃ ဦး မိုင္းထိၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ မစန္းစန္းေအး ေသဆုံး

၁၈။ ေဘာလခဲၿမိဳ႕မွာ ျပည္နယ္အေျခစိုက္ပါတီ ဆိုင္းပုဒ္ဖ်က္ဆီးခံရ

၁၉။ ကိုဗစ္ ေရာဂါကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက စမ္းၿမိဳ႕ရက္ကြက္အား Stay at Home မွ ပယ္ဖ်က္သြားမည္

၂၀။ ၿမိဳ႕ျပနဲ႔အလွမ္းေဝးတဲ့ ေက်းလက္ေဒသမွာ ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈနည္းပါး

၂၁။ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္မ်ားကို အျမန္ဆုံးေၾကျငာေပးရန္ ေတာင္းဆို

၂၂။ ရခိုင္အေရး ICC လႊဲေပးဖို႔ လုံၿခဳံေရးေကာင္စီကို AI ေတာင္းဆို

၂၃။ ရခိုင္ျပည္နယ္တြင္ မတရားမႈ အေမွာင္က်ေရာက္ေနမႈ ဖယ္ရွားေရး မေကာင္းဆိုးဝါး ႏွင္သည့္ စံဂိုးခတ္လႈပ္ရွားမႈ လုပ္ေဆာင္

၂၄။ တပ္မေတာ္ အရာရွိ ၅၀ ေက်ာ္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ သို႔ ေျပာင္းေ႐ြ႕ တာဝန္ ထမ္းမည္

၂၅။ ထိုင္းဘက္ျခမ္းမွ ျမန္မာကားမ်ားအား ဝင္ေရာက္ခြင့္ မျပဳသျဖင့္ ျမန္မာဘက္မွ တန္ျပန္ပိတ္ဆို႔မႈ ျဖစ္ပြား

**************

၁။ ႏွစ္ဖက္တပ္ဖြဲ႔ဝင္မ်ား အျပန္အလွန္ဖမ္းဆီးျခင္းေၾကာင့္ မြန္ျပည္သစ္ပါတီႏွင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ဟု KNU/KNLA-PC ဆို
October 12, 2020

ႏွစ္ဖက္တပ္ဖြဲ႔ဝင္မ်ား အျပန္အလွန္ ဖမ္းဆီးထိန္းသိမ္းမႈေၾကာင့္ မြန္ျပည္သစ္ပါတီ-NMSPႏွင့္ ၎တို႔တပ္ဖဲြ႔အၾကား ယမန္ ေန႔ (ေအာက္တိုဘာလ ၁၁ ရက္ေန႔)က ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေက်ာက္ေရတြင္းရြာႏွင့္ မင္းရြာၾကားတြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ-KNU/KNLA-PC ဘက္က ေျပာသည္။

မြန္ျပည္သစ္ပါတီ၏ နယ္ေျမအတြင္း ၎တို႔၏တပ္ဖြဲ႔ဝင္ႏွစ္ဦး တစ္ပတ္ၾကာ ေပ်ာက္ဆုံးေနေၾကာင္းႏွင့္ ဖမ္းဆီးထိန္းသိမ္း ခံထားေသာေၾကာင့္ သြားေရာက္ေခၚယူရာ၌ လမ္းတြင္ ၎တုိ႔တပ္ဖဲြ႔ဝင္မ်ား ပစ္ခတ္ခံရျခင္းျဖစ္သည္ဟု KNU/KNLA -PC တပ္ရင္း (၇၇၆)၏ ဒုတပ္ရင္းမွဴး ဗိုလ္မွဴးေစာစႏၶိမာက ေကအုိင္စီသုိ႔ ေျပာသည္။“အရင္က တစ္ဖြဲ႔နဲ႔ တစ္ဖြဲ႔အၾကားမွာ မနာလို ဝန္တိုမႈကေန သူ႔လူကိုယ္ဖမ္း၊ ကိုယ့္လူသူဖမ္းလုပ္ၾကတာ။ က်ေနာ္တို႔ဘက္ ဖမ္းထားရင္ သြားျပန္ပို႔ေပးတယ္။ က်ေနာ္႔ကေလးေတြကို လာပို႔ခိုင္းတာ တစ္ခါလည္း မပို႔ ႏွစ္ခါလည္း မပို႔နဲ႔ဆိုေတာ့ က်ေနာ့္တပ္သားေတြကို သြားေခၚခိုင္း လိုက္တာ။ သြားဖို႔ကိုလည္း သူတို႔ကိုအေၾကာင္းၾကားလိုက္တယ္။ လမ္းမွာအပစ္ခံရတာပဲ”ဟု ဗိုလ္မွဴးေစာစႏၶိမာက ေျပာ သည္။ KNU/KNALA-PC တပ္ဖြဲ႔ဝင္မ်ား စီးနင္းလာသည့္ ကားကို မြန္ျပည္သစ္ဘက္မွ စတင္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ၎တုိ႔ ဘက္က ျပန္လည္ပစ္ခတ္ျခင္းမရွိေၾကာင္း၊ ယာဥ္ေပၚတြင္ တပ္ဖြဲ႔ဝင္ ၁၀ ဦးခန္႔ ပါဝင္သြားၿပီး အျပင္းအထန္ထိခိုက္မႈ မရွိ ေသာ္လည္း ရဲေဘာ္ ၂ ဦးမွာ က်ည္ရွပ္မွန္၍ ဒဏ္ရာအနည္းငယ္ရရွိသြားေၾကာင္းႏွင့္ ကားတစ္စီးလုံးမွာ ေသနတ္မွန္ရာမ်ား ျဖင့္ ပ်က္စီးေၾကမြသြားေၾကာင္း ဗုိလ္မွဴးေစာစႏၶိမာက ဆက္ေျပာသည္။

အဆိုပါ မြန္ျပည္သစ္ပါတီမွ ဖမ္းဆီးထိန္းသိမ္းထားသူမ်ားမွာ ၎ပစ္ခတ္မႈျဖစ္ပြားရာ ေက်းရြာ အနီးဝန္းက်င္တြင္ မူးယစ္ ေဆးဝါးမ်ား လာေရာက္ျဖန္႔ျဖဴးေရာင္းခ်ျခင္းေၾကာင့္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၄ ရက္ေန႔က ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း ႏွင့္ ၎ဖမ္းဆီးမႈကို အေၾကာင္းျပ၍ ၎တို႔ နယ္ေျမအတြင္းသို႔ အင္အားျဖင့္ ဝင္ေရာက္လာျခင္းေၾကာင့္ မထင္မွတ္ဘဲ ပစ္ခတ္မႈျဖစ္ပြားရျခင္းျဖစ္သည္ဟု မြန္ျပည္သစ္ပါတီ သထုံခ႐ိုင္အတြင္းေရးမွဴး ႏိုင္ကြန္းစိုက္က မြန္သတင္းေအဂ်င္စီသို႔ ေျပာဆိုထားသည္။ မြန္ျပည္သစ္ပါတီဘက္မွ ဖမ္းဆီးထားသူ ၂ ဦးအနက္ ေစာသူရဆိုသူမွာ တပ္ဖြဲ႔ဝင္အျဖစ္မွ ထုတ္ပယ္ ထားေၾကာင္း KNU/ KNLA-PC ဘက္က ေျပာဆိုထားေၾကာင္း ၎ေစာသူရမွ ၎တို႔ နယ္ေျမအတြင္းသို႔ ဝင္ေရာက္လႈပ္ရွား ျခင္းမျပဳရန္လည္း အျပန္အလွန္ သေဘာတူထားေၾကာင္းလည္း ႏိုင္ကြန္းစိုက္က ဆက္လက္ေျပာဆိုထားသည္။ မြန္ျပည္သစ္ ပါတီ(NMSP) ႏွင့္ KNU/KNLA-PC ႏွစ္ဖြဲ႔စလုံးသည္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)ကို လက္မွတ္ေရးထိုးထားၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ား ျဖစ္သည္။ http://kicnews.org /2020/10/% e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%96%e1%80

**************

၂။ ကရင္ကိုခ်စ္ေသာ္လည္း ကရင္ပါတီကိုမဲမေပးဟု ေျပာဆိုေနသူမ်ားသည္ ႏိုင္ငံေရးအသိေသးသိမ္သူမ်ားသာျဖစ္ သည္ဟု KNDP ေျပာ
October 10, 2020

ကရင္ကိုခ်စ္ေသာ္လည္း ကရင္ပါတီကို မဲမေပးဟု ေျပာဆိုေနသည့္ အခ်ိဳ႕ကရင္မ်ားသည္ ႏိုင္ငံေရးအသိ ေသးသိမ္သူမ်ား သာျဖစ္ေၾကာင္း ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ-KNDP မွ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ေစာၫြန္႔ေသာင္းက ေျပာဆိုလိုက္သည္။ ဖားအံၿမိဳ႕၊ ေတာ္ဝင္ရတနာဟိုတယ္၌ (ေအာက္တိုဘာ ၁၀ ရက္)တြင္ ျပဳလုပ္ေသာ KNDP ၏ ေအာင္လံ အပ္ႏွင္းပြဲႏွင့္သတင္းစာရွင္းလင္းပြဲတြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)မွ ဝင္ေရာက္ယွဥ္ၿပိဳင္ မည့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေစာၫြန္႔ေသာင္းက ေျပာဆိုလိုက္ျခင္းလည္းျဖစ္သည္။ “ကရင္ျပည္နယ္ကိုခ်စ္လို႔၊ ကရင္ ကိုခ်စ္လို႔ ကရင္ပါတီကို မဲေပးဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ေျပာတာ ဒါဘယ္လိုမွ လက္ခံလို႔မရတဲ့ စကားေပါ့ေနာ္။ အဲဒီလို ေျပာတဲ့လူေတြဟာ ႏိုင္ငံေရးအသိအျမင္ ေတာ္ေတာ္ေလးကိုတိမ္တယ္။ ဒါေၾကာင့္ ကရင္ျပည္နယ္မွာ ကရင္အစိုးရဖြဲ႔ႏိုင္ဖို႔ဆို ရင္ ကရင္ပါတီကို မဲမ်ားမ်ားေပးႏိုင္ဖို႔လိုအပ္ပါတယ္။”ဟု ေကအိုင္စီသို႔ ေျပာသည္။

ကရင္ပါတီ အႏိုင္ရရွိပါက စစ္အာဏာရွင္မ်ားႏွင့္ျပန္လည္ပူးေပါင္းကာ အာဏာရွင္စနစ္ကို ျပန္လည္အသက္ သြင္းမည္ျဖစ္ သည့္အတြက္ ကရင္ပါတီအားမဲမေပးရန္ ယခုလပိုင္းအတြင္း လူမႈကြန္ရက္ Facebook တြင္ လူတခ်ိဳ႕မွ လႈံ႕ေဆာ္ေရးသား ေဝဖန္တိုက္ခိုက္ေနမႈမ်ား ထြက္ေပၚလ်က္ရွိသည္။ ထုိေဝဖန္တုိက္ခုိက္မႈမ်ားအေပၚ KNDP အေနျဖင့္ အမ်ိဳးသားတန္းတူေရး ႏွင့္ကိုယ္ပိုင္ျပဌာန္းခြင့္ကိုအာမခံေသာ ျပည္နယ္မ်ားႏွင့္ဖြဲ႔စည္းသည့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ သြားမည္ဟုသာ မူဝါဒခ်မွတ္ထားေၾကာင္း ပါတီ ဖက္မွတံု႔ျပန္ေျပာဆိုထားသည္။

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပည္နယ္အေျခစိုက္ပါတီမ်ားပူးေပါင္းထားသည့္ KNDP သည္ ဗမာတိုင္းရင္းသား ေရးရာေနရာ အပါအဝင္ ကရင္ျပည္နယ္ရွိ ဖားအံ၊ ၾကာအင္းဆိပ္ႀကီး၊ လွိဳင္းဘြဲ၊ ေကာ့ကရိတ္၊ ဖာပြန္၊ ျမဝတီ စ သည့္ ၆ ၿမိဳ႕နယ္စလံုးတြင္ ကိုယ္စားလွယ္ေလာင္း ၃၀ ဦးျဖင့္ ေနရာျပည့္ ယွဥ္ၿပိဳင္သြားမည္ ျဖစ္သည္။ http://kicnews.org/2020/10/%e1% 80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%80%e1%

**************

၃။ ေက်ာက္မဲ ပုံဝိုးစစ္ေရွာင္စခန္းအနီး စစ္ရဟတ္ယာဥ္ ၄ စီးျဖင့္ အင္အားျဖည့္
October 10, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာ စစ္ေရွာင္မ်ားခိုလႈံရာဘုန္းႀကီးေက်ာင္းအနီး တပ္မေတာ္မွ စစ္ရ ဟတ္ယာဥ္ျဖင့္ လူအင္အားႏွင့္ လက္နက္အင္အားတို႔ကို ထပ္မံျဖည့္တင္းေနသျဖင့္ စစ္ေရွာင္မ်ား စိုးရိမ္ထိတ္လွန႔္ ေနေၾကာင္းစုံစမ္းသိရွိရသည္။

ယေန႔ ေအာက္တိုဘာ ၁၀ ရက္ မြန္းလြဲ ၂ နာရီခန႔္က သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕အေျခစိုက္ေအ ရွ႕ေျမာက္တိုင္း (ရမခ)စစ္ဌာနခ်ဳပ္မွ စစ္ရဟတ္ယာဥ္ (၄)စီးျဖင့္ လူအင္အား၊ လက္နက္အင္အားတို႔ကို တင္ေဆာင္ကာ ေက်ာက္မဲၿမိဳ႕ ပုံဝိုးေက်း႐ြာဘုန္းႀကီးေက်ာင္းစစ္ေရွာင္မ်ားရွိရာအနီးတြင္ အားျဖည့္ခ်ေပး ေၾကာင္းစစ္ေရွာင္မ်ားကေျပာသည္။“ဒီေန႔ သူတို႔ ၂ ေခါက္ေတာင္လာတယ္။ (၄) စီးလာတယ္။ ၂ စီးက ပစၥည္းခ်ၿပီး ၂ စီးက ေကာင္းကင္ေပၚမွာ ပ်ံေနတယ္။ ပစၥည္းခ်ၿပီးရင္ ေလယာဥ္၂ စီးလုံး ကအတူတူျပန္သြားၾကတယ္” ဟု ပုံဝိုးေက်း႐ြာေန ျမင္ေတြ႕ရသူ အမ်ိဳးသမီးတဦးက သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

စစ္ရဟတ္ယာဥ္ျဖင့္လာေသာ စစ္သားမ်ားသည္ ႐ြာဘက္သို႔ ေျခက်င္ျဖင့္ဆက္ေလွ်ာက္သြားေၾကာင္း၎ အမ်ိဳးသမီး ကေျပာသည္။“ အဲဒီရဟတ္ယာဥ္နဲ႔လာတဲ့ စစ္သားေတြက ႐ြာထဲဝင္လာၿပီး ၅ မိနစ္ေလာက္ေသနတ္ပစ္ၿပီးေတာ့ ေတာင္ ေပၚဆက္တက္သြားတယ္။ ”ဟု ၎အမ်ိဳးသမီးက ထပ္ေလာင္းေျပာသည္။

လက္ရွိ ပုံဝိုးေက်း႐ြာဘုန္းႀကီးေက်ာင္းတြင္ စစ္ေဘးေရွာင္ ၇၀၀ ေက်ာ္ရွိၿပီး၊ တိုက္ပြဲဆက္လက္ျပင္းထန္လာမည္ကို ၎တို႔ကစိုးရိမ္ေနၾကသည္ဟုဆိုပါသည္။“ စစ္ေရး က ဘယ္လို ထပ္လာမယ္မလဲဆိုတာ မသိဘူး။ တိုက္ပြဲေတြမျဖစ္ေစခ်င္ဘူး။ ေန႔တိုင္းနီးပါး ေသနတ္သံေတြၾကားေနရတယ္။ ေက်း႐ြာအနီးေတြမွာေတာ့ မ ျဖစ္ေစခ်င္ဘူး” ဟု စစ္ေဘးေရွာင္အမ်ိဳးသမီး နန္းေအာင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာ သည္။ သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း သွ်မ္းျပည္ျပန္လည္ထူးေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္ RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔သည္ ေအာက္တိုဘာ ၂ ရက္မွ စတင္ကာ ယေန႔ခ်ိန္ထိ စစ္ေရးျပင္း ထန္ေနေသး ေၾကာင္းသိရသည္။ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ျပည္သူ ၃၀၀၀ နီးပါး ရွိၿပီး၊ စားဝတ္ေနေရး အတြက္ ခက္ခဲေနေၾကာင္း သိရသည္။ https://burmese.shannews.org/archives/18861

**************

၄။ ရြာသား ၃ ဦးကုိ မူးယစ္ေဆးဝါးအမႈျဖင့္ KNU ဖမ္းဆီးေခၚေဆာင္သြားျခင္းကိစၥ ျပည္နယ္အစိုးရ ကန္႔ကြက္
October 12, 2020

KNU -ကရင္အမ်ဳိးသားအစည္းအ႐ုံး တပ္မဟာ (၆) ၊ တပ္ရင္း (၁၆)မွ တာဝန္ရွိသူတစ္ဦးႏွင့္အဖြဲ႔သည္ ေဒသခံရြာသား (၃)ဦးကုိ စိတ္ႂကြေဆးျပားေတ႔ြရွိ၍ ဖမ္းဆီးေခၚေဆာင္သြားသည့္အေပၚ ကရင္ျပည္နယ္အစိုးရမွ ေအာက္တိုဘာလ(၈) ရက္ေန႔ ရက္စြဲျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာပူးတြဲ ေစာင့္ၾကည့္မႈ ေကာ္မတီ (JMC-S)သို႔ ကန္႔ကြက္အေၾကာင္း ၾကားခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၅)ရက္ေန႔က KNU တပ္မဟာ(၆)၊ တပ္ရင္း (၁၆)၏ တပ္ခြဲ (၃)မွ ဒုအရာခံဗိုလ္ အဆင့္ရွိသူ ဖိုးထြန္းအပါအဝင္ ၃ဦးသည္ အရပ္ဝတ္ျဖင့္ လက္နက္ငယ္ပါ၍ သံျဖဴဇရပ္ ၿမဳိ႕နယ္၊ အတြင္းစခန္းႀကီးေက်းရြားရွိ မြန္လူမ်ဳိး (၂)ဦးႏွင့္ ကရင္လူမ်ဳိး (၁)ဦးတို႔ထံမွ (WY)စိတ္ႂကြေဆးျပား ၁၄ဝ ျပားေတြ႕၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါ ကန္႔ကြက္စာ၌ ေဖာ္ျပထားသည္။ ထိုသို႔ ဖမ္းဆီးေခၚေဆာင္သြားမႈႏွင့္ပတ္သက္ၿပီး KNU အေနျဖင့္ NCA သေဘာတူစာခ်ဳပ္ပါအတိုင္း လိုက္နာေဆာင္ရြက္ရန္၊ နယ္ဘက္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္ ဝင္ေရာက္စြက္ဖက္ ျခင္းမျပဳရန္၊ ဖမ္းဆီးထားသူမ်ားအား တရားဥပေဒႏွင့္အညီ ေဆာင္ရြက္ႏိုင္ေရး သက္ဆိုင္ရာ ရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္းအပ္ႏွံ ရန္ဟူ၍လည္း ကန္႔ကြက္အေၾကာင္းၾကား ထားသည္။

သို႔ေသာ္ ၎ဖမ္းဆီးမႈျဖစ္စဥ္တြင္ အဆိုပါ ေဒသခံမ်ားကို လမ္းတြင္ မသကၤာ၍ ေခၚယူစစ္ေဆးေမးျမန္းစဥ္ စိတ္ႂကြေဆးျပားမ်ား လက္ဝယ္ထားရွိေၾကာင္းေတြ႕ရွိ၍ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး သက္ဆိုင္ရာ KNU ၏ မူးယစ္ဥပေဒအရ အေရးယူ ေဆာင္ရြက္ႏိုင္ရန္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း KNU ဘက္က ဆိုသည္။
အဆိုပါ ဖမ္းဆီးထားသူမ်ားကို KNU ဝင္ေရးၿမိဳ႕နယ္႐ုံးတြင္ ထိန္းသိမ္းထားၿပီး ကရင္အမ်ဳိးသား ရဲတပ္ဖြဲ႔ (KNPF)မွ လိုအပ္ သည့္အေရးယူ ေဆာင္ရြက္မႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းလည္း ပဒုိေစာလစၥတန္က ဆက္ေျပာသည္။

KNU ႏွင့္ အစိုးရ၊ တပ္မေတာ္ အၾကား ၉ ႏွစ္နီးပါး ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ျပဳလုပ္လာခဲ့ၿပီး NCA အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားႏိုင္ေသာ္လည္း ယေန႔ အခ်ိန္ထိ လုံၿခဳံေရးဆိုင္ရာႏွင့္ တပ္ပိုင္းဆိုင္ရာကိစၥရပ္မ်ား၊ နယ္ေျမ သတ္မွတ္ျခင္း ကိစၥရပ္မ်ား မေဆြးေႏြးႏိုင္ေသးေသာေၾကာင့္ ယခုလို နယ္ေျမအျငင္းပြားမႈျပႆနာမ်ား၊ ႏွစ္ဖက္ အုပ္ခ်ဳပ္ ေရးဆိုင္ရာကိစၥရပ္ မ်ားႏွင့္ပတ္သက္ၿပီး အျပန္အလွန္ ကန္႔ကြက္မႈမ်ား မၾကာခဏ ျပဳလုပ္လ်က္ရွိသည္။ http://kicnews.org/2020/10/e1 %80%9b%e1%80%bc%e1%80%ac%e1%80%9e%e1%80%ac%e1%80

***************

၅။ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP က ႏိုင္ငံပိုင္႐ုပ္သံတြင္ ေဟာေျပာမႈအစီစဥ္ ပါဝင္မည္ မဟုတ္
9 October 2020

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) အေနျဖင့္ ႏိုင္ငံပိုင္႐ုပ္သံတြင္ ႏိုင္ငံေရးပါတီမ်ားေဟာေျပာျခင္းအစီစဥ္တြင္ ပါဝင္ေတာ့ မည္ မဟုတ္ေၾကာင္း ပါတီတာဝန္ခံမ်ားထံမွ သိရသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ပါတီ၏ေဟာေျပာရန္စီစဥ္ ထားသည့္ စာသားတြင္ ျဖည့္စြက္ျပင္ဆင္ေပးရန္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ေျပာဆိုမႈမ်ားရွိေသာေၾကာင့္ ပါဝင္ျခင္းမျပဳေတာ့ တာျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ၏ ဗဟိုလူငယ္တာဝန္ခံ ဦးေနာ္ခုန႔္ က ယခုလို ေျပာသည္။

“က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ရဲ႕ပါတီ Page ကေနၿပီးဘဲလႊင့္မယ္။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔ျဖတ္ေပးလိုက္တာေတြ မႀကိဳက္လို႔။ က်ေနာ္တို႔က ျပည္နယ္အေျခစိုက္ျဖစ္တဲ့ပါတီျဖစ္တယ္။ က်ေနာ္တို႔က ျပည္နယ္မွထြက္ရွိတဲ့သယံဇာတမ်ားကို ျပည္နယ္သားမ်ား အျပည့္အဝခံစားရရွိႏိုင္ေရးဆိုတာကို သူတို႔က ျပည္နယ္သားမ်ားႏွင့္ ႏိုင္ငံသားမ်ားဆိုၿပီး ထည့္ခိုင္းေစ ခ်င္တယ္။ က်ေနာ္တို႔က ႏိုင္ငံသားမ်ားဆိုတာကို မထည့္ခိုင္းေစခ်င္ဘူး။ အဲေၾကာင့္ က်ေနာ္တို႔ႏိုင္ငံပိုင္႐ုပ္သံကို ထပ္မပို႔ ေတာ့ဘူး။”ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီမွ လူငယ္တာဝန္ခံ ဦးေနာ္ခုန႔္က ဆိုသည္။ သဘာဝသယံဇာတအက်ိဳးအျမတ္ ကို ကခ်င္ျပည္နယ္သားမ်ား အျပည့္အဝခံစားရရွိႏိုင္ေရး ဆိုသည့္အေၾကာင္းအရာတြင္ ႏိုင္ငံသားမ်ား ထပ္ထည့္ေစသည့္ အတြက္ျဖစ္သည္ဟု ဆိုသည္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီသည္ ျပည္နယ္ကိုအေျခခံထားသည့္ ပါတီျဖစ္ကာ ပါတီ၏မူဝါဒတြင္လည္း ျပည္နယ္သားမ်ား၏ အခြင့္အေရးကို အဓိကထားခ်မွတ္ထားသည့္အတြက္ ယခုကဲ့သို႔ ဆင္ဆာျဖတ္ျခင္းကို အလိုမရွိေၾကာင္း ၎က ဆက္ေျပာ သည္။ ႏိုင္ငံေရးပါတီမ်ားအား ႏိုင္ငံပိုင္႐ုပ္သံဌာနျဖစ္သည့္ MRTV မွ မဲဆြယ္ေဟာေျပာျခင္းလုပ္ငန္းမ်ားကို စက္တင္ဘာလမွ စတင္ခဲ့သည္။ ကခ်င္ျပည္နယ္တြင္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီေပါင္း ၁၉ ပါတီရွိ ကာ မဲဆႏၵရွင္ဦးေရ ၁၁ သိန္းခန႔္ရွိသည္။ https://burmese.kachinnews.com/2020/10/09/l1/

*************

၆။ ကရင္ျပည္နယ္႐ြာႏွစ္႐ြာ ပဲခူးတိုင္းမဲစာရင္းထဲေရာက္ေနမႈ ျပန္လည္ျပင္ဆင္ႏိုင္ျခင္းမရွိေသး
October 11, 2020

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ သာမိုေတာင္ေက်း႐ြာအုပ္စုရွိ ကပ္ပယ္႐ြာႏွင့္ ထမုံေက်း႐ြာအုပ္စုအတြင္းရွိ ခေပါင္းပင္ ေက်း႐ြာ (ေဒသအေခၚ ထမုံ ဥယ်ာဥ္႐ြာ)မ်ား ပဲခူးတိုင္းေဒသႀကီး၊ ေရတာ ရွည္ၿမိဳ႕နယ္ မဲစာရင္းထဲ ေရာက္ရွိေနမႈ ျပန္လည္ ျပင္ဆင္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာႏွစ္႐ြာႏွစ္႐ြာကို မူလဇာတိျဖစ္သည့္ ကရင္ျပည္နယ္ သံေတာင္ႀကီးဘက္မွ စာရင္းျပန္သြင္းရန္ လိုအပ္ၿပီး ထိုသို႔ စာရင္းျပန္သြင္းၿပီးသြားမွသာ ပဲခူးတိုင္း ေရတာရွည္မဲစာရင္းမွ ျဖဳတ္ေပးႏိုင္မည္ျဖစ္ေၾကာင္း ေရတာရွည္ၿမိဳ႕နယ္ ေကာ္မရွင္ဥကၠ႒ ဦးစိန္ထြန္းက ေျပာသည္။“ဟိုဘက္က ထည့္မယ္ဆိုရင္ေတာ့ လႊဲေပးမယ္လို႔ ေျပာထားတယ္။ က်ေနာ္တို႔ ဘက္က ဖ်က္လိုက္ၿပီး ဟိုးဘက္က ထည့္လို႔မရရင္ ခက္ကုန္မွာစိုးလို႔။ အခုကေတာ့ ဒီဘက္က အထည့္ျပတာပဲ ဟိုးဘက္က က်ေနာ္တို႔ ထည့္ၿပီးပါၿပီ၊ ဖ်က္ပါဆိုရင္ က်ေနာ္တို႔ ဖ်က္ရတာလြယ္တယ္ေလ။ အခုခ်ိန္ထိေတာ့ က်ေနာ္တို႔ဆီကို ဘာမွ မေျပာေသးဘူးဗ်” ဟု ဦးစိန္ထြန္းက ေအာက္တိုဘာ ၉ ရက္တြင္ ေျပာသည္။

ကပ္ပယ္႐ြာႏွင့္ ခေပါင္းပင္ေက်း႐ြာတို႔သည္ ယခင္ေ႐ြးေကာက္ပြဲမ်ားတြင္ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ မဲစာရင္း တြင္သာပါရွိခဲ့ေသာ္လည္း ေရတာရွည္ၿမိဳ႕နယ္ထဲသို႔ ၂၀၁၈ ခုႏွစ္က ထည့္သြင္းလိုက္သည့္အတြက္ ယခုအခါ ေရတာရွည္ ၿမိဳ႕နယ္ မဲစာရင္ထဲသို႔ ေရာက္ရွိေနျခင္းျဖစ္သည္။ ယခုကိစၥႏွင့္ ပတ္သက္၍ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ေစာကားရွယ္က “မဲစာရင္း ေၾကျငာၿပီးမွ ဒီကိစၥတက္လာတယ္၊ ေနာက္တစ္ႀကိမ္ မဲစာရင္းက်မွ ၾကည့္ပါ” ဟုေျပာသည္။

ယခုလို ေရတာရွည္ၿမိဳ႕နယ္အတြင္း ထည့္သြင္းလိုက္သည့္အေပၚ တစ္ႏွစ္ခန႔္အၾကာမွ သံေတာင္ႀကီးၿမိဳ႕နယ္ဘက္မွ သိရ ၿပီးေနာက္ မူလအတိုင္း ကရင္ျပည္နယ္အတြင္း ျပန္လည္ထည့္သြင္းရန္ သံေတာင္ႀကီးၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေနာ္ခရစၥထြန္းက ၂၀၂၀ ျပည့္ႏွစ္ မတ္ ၆ ရက္ေန႔တြင္ က်င္းပသည့္ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝး တြင္ ေမးခြန္းေမးျမန္းခဲ့သည္။ ထိုသို႔ေမးျမန္းမႈအေပၚ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ဦးတင္ျမင့္က အဆိုပါ႐ြာႏွစ္႐ြာသည္ ယခင္က သံေတာင္ႀကီးၿမိဳ႕နယ္၊ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိခဲ့ေသာ္လည္း သစ္ေတာဦးစီးဌာနႏွင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနတို႔၏ ေျမပုံမွတ္တမ္းတြင္ မပါရွိသည့္အတြက္ ေရတာရွည္ ၿမိဳ႕နယ္ ထဲသို႔ ထည့္သြင္းဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။ http://kicnews.org/2020/10/%e1%80%80%e 1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%

***************

၇။ တပ္မေတာ္ႏွင့္ RCSS/SSA တို႔ တိုက္ပြဲေၾကာင့္ ျပည္သူလူထု အေျခခံလူ႔အခြင့္အေရး မဆုံးရႈံးေစေရး တာဝန္ယူ ေျဖရွင္း ေပးရန္ ေက်ာက္မဲ ၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လက္မွတ္ေရးထိုး၍ တင္ျပေတာင္းဆို
10 October 2020

တပ္မေတာ္ႏွင့္ RCSS/SSA တပ္ဖြဲ႕တို႔ၾကား တိုက္ပြဲမ်ားေၾကာင့္ ျပည္သူလူထု အေျခခံလူ႔အခြင့္အေရး မဆုံးရႈံးေစေရး ရွမ္းျပည္နယ္အစိုးရက တာဝန္ယူေျဖရွင္းေပးရန္ ေက်ာက္မဲ ၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လက္မွတ္ေရးထိုး၍ တင္ျပေတာင္းဆိုခဲ့ေၾကာင္း သတင္းရရွိသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲခ႐ိုင္၊ ေက်ာက္မဲၿမိဳ႕နယ္၊ ပုံဝိုးေဒသတြင္ တပ္မေတာ္ႏွင့္ RCSS/SSA တပ္ဖြဲ႕တို႔ စက္တင္ဘာ ၃၀ ရက္မွ စတင္ခဲ့ေသာ တိုက္ပြဲေၾကာင့္ လူဦးေရ ၃၀၀၀ ေက်ာ္ လူဦးေရသုံးေထာင္ေက်ာ္တို႔သည္ ထြက္ေျပး တိမ္းေရွာင္ေနရၿပီး ထိခိုက္ဒဏ္ရာရရွိျခင္း၊ အိုးအိမ္ ပစၥည္းမ်ားပ်က္စီးဆုံးရႈံးမႈမ်ား ႀကဳံေတြ႕ခံစားေနရေၾကာင္း သိရသည္။ ထိုအေျခအေနတြင္ ေက်ာက္မဲေဒသအတြင္း တိုက္ပြဲေၾကာင့္ ျပည္သူလူထု အေျခခံလူ႔အခြင့္အေရး မဆုံးရႈံးေစေရး အတြက္ ရွမ္းျပည္နယ္အစိုးရမွ တာဝန္ယူေျဖရွင္းေပးပါရန္ ေတာင္းဆိုေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္တြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးဦးတို႔က လက္မွတ္ေရးထိုး၍ ရွမ္းျပည္နယ္အစိုးရ ထံသို႔ ေအာက္တိုဘာ ၁၀ ရက္တြင္ စာတင္ျပထားေၾကာင္း သိရ သည္။

“မေန႔က ရက္စြဲနဲ႔႐ိုက္လိုက္တာ၊ ဒီေန႔ပဲ ပို႔လိုက္တာေပ့ါ။ အဓိကေတာ့ စစ္ပြဲျဖစ္ေနတာ တစ္ပတ္ေက်ာ္သြားၿပီ။ အစိုးရက မသိသလို မၾကားသလို ျဖစ္ေနတာေပ့ါ။ ေ႐ႊလီဘက္မွာ NLD အင္အားျပတာ တစ္ခါထဲ ျပႆနာျဖစ္တာ တစ္ခါထဲ ရွင္းေပး လိုက္တာေလ။ ေက်ာက္မဲမွာ လူေပါင္း သုံးေထာင္ေက်ာ္ေလာက္ သူတို႔ ရဲ႕ အေျခခံလူ႔အခြင့္အေရးေပါ့။ ထြက္ေျပးတိမ္း ေရွာင္ေနရတယ္။ ပစၥည္းေတြ ပ်က္စီးသလို ဒဏ္ရာရမႈေတြ ျဖစ္ေနတယ္။ အစိုးရကေန ကာကြယ္ေစာင့္ေရွာက္ဖို႔လိုတာေပ့ါ။ တိုက္တြန္းေတာင္းဆိုတဲ့သေဘာေပ့ါ။ လႊတ္ေတာ္ကိုယ္စားလွယ္႐ုံးမွာ အလွဴခံဌာနဖြင့္ၿပီးေတာ့ ႐ုံးမွာထိုင္ၿပီး လက္ခံသလို စိုင္းထြန္းဝင္း က ေန႔တိုင္း သြားေနတယ္။ ပါတီလူႀကီးကေန စာထြက္ဖို႔ လိုတယ္လို႔ ဆိုလို႔ေလ၊ အစိုးရကေန သမၼတကို အေၾကာင္းၾကား၊ သမၼတကေန ဒီစစ္ပြဲကိုခ်က္ခ်င္းရပ္ပါလို႔ လုပ္လို႔ရတယ္လို႔ ျမင္တယ္ေလ။ သမၼတ က ေျပာမယ္ဆိုရင္ ေတာ့ စစ္တပ္ပိုင္းကလည္း လိုက္နာဖို႔လိုတယ္ေလ။ ခုေလာေလာဆယ္ မသိသလိုျဖစ္ေနေတာ့ စာထြက္တဲ့ သေဘာပါပဲ။ အဓိကေတာ့ စားဝတ္ေနေရးပဲေပ့ါ။ သူက လူဦးေရမ်ားမ်ား လာတာ လူဦးေရသုံးေထာင္ေက်ာ္ သြားတာေပ့ါ။ တိုက္ပြဲေတြ လည္း ျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲလည္း ရွိေနတာ တစ္လေလာက္ပဲလိုတယ္။ သက္ဆိုင္ရာေတြလည္း သိရွိသြားေအာင္ ေျဖရွင္းႏိုင္ေအာင္ေပ့ါ။ ေက်ာက္မဲၿမိဳ႕ေပၚလာတဲ့သူေတြကေတာ့ ေဆြမ်ိဳးေတြဆီလာတယ္။ ဘုန္းႀကီးေက်ာင္းမွာ ေရာက္ေန တာ ၇ ေနရာရွိတယ္။ လူဦးေရ သုံးေထာင္ေက်ာ္တယ္ ” ဟု ေက်ာက္မဲၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္ က ေျပာၾကားသည္။ https://news-eleven.com/article/195194

**************

၈။ ကယားတြင္ မဲေပးရန္ ေလွ်ာက္ထားသည့္ ေ႐ႊ႕ေျပာင္းလုပ္သား ၅၀၀၀ ေက်ာ္ရွိ
13 October 2020

ကယားျပည္နယ္အတြင္းေရာက္ရွိေနတဲ့ ေ႐ႊေျပာင္းလုပ္သားေတြအေနနဲ႔ မိမိေရာက္ရွိတဲ့ ေဒသမွာ ဆႏၵမဲေပးႏိုင္ဖို႔ ပုံစံ ၃ (က)နဲ႔ ေလွ်ာက္ထားသူ ၅၀၀၀ ေက်ာ္ရွိတယ္လို႔ ကယားျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက သိရပါတယ္။

မိမိေနရပ္မွာ ျပန္ၿပီး မဲမေပးႏိုင္တဲ့ ေ႐ႊေျပာင္းလုပ္သားေတြ မဲေပးႏိုင္ေရးအတြက္ ပုံစံ ၃ (က)ေလွ်ာက္ထားမႈကို အခုလ ၁၀ ရက္ေန႔ ေနာက္ဆုံးထား ေလွ်ာက္ထားခိုင္းတာျဖစ္ၿပီး ေအာက္တိုဘာ ၁၂ ရက္ေန႔အထိ တျပည္နယ္လုံးမွာ ေလွ်ာက္ထားသူ ၅၂၀၀ ေက်ာ္ရွိေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ကယားျပည္နယ္ အတြင္းေရးမွဴး ဦးေက်ာ္ဆန္းဝင္းက ေျပာပါတယ္။

ေလွ်ာက္ထားမႈအမ်ားဆုံးကေတာ့ လြိဳင္ေကာ္ၿမိဳ႕နယ္မွာ ၂၆၀၀ ေက်ာ္ရွိၿပီး ဖားေဆာင္း ၿမိဳ႕နယ္မွာ ၁၆၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။ မယ္စဲၿမိဳ႕နယ္မွာေတာ့ ပုံစံ ၃ (က) ေလွ်ာက္ထားသူ ၂၀၀ ေက်ာ္ရွိေၾကာင္းလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ကယားျပည္နယ္အတြင္းေရးမွဴး ဦးေက်ာ္ဆန္းဝင္းက ေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ထုတ္ျပန္ခ်က္အရ မယ္စဲၿမိဳ႕နယ္မွာ မဲေပးပိုင္ခြင့္ဦးေရ ၄၉၀၀ ေက်ာ္ ရွိၿပီးတျပည္နယ္လုံးမွာ မဲဆႏၵရွင္ အနည္းဆုံးၿမိဳ႕နယ္ျဖစ္ပါတယ္။ ကယား ျပည္နယ္ တစ္ခုလုံးမွာ ေ႐ႊ႕ေျပာင္းလုပ္သား မဲေပးပိုင္ခြင့္ရွိသူ ဦးေရ ၅၀၀၀ ေက်ာ္ရွိတဲ့အတြက္ မယ္စဲၿမိဳ႕နယ္ တခုလုံးမွာ ရွိတဲ့ မဲဆႏၵရွင္ ဦးေရထက္ မ်ားျပားေနပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစု သြားေရာက္အလုပ္လုပ္ကိုင္တဲ့ ဖားေဆာင္းၿမိဳ႕ နယ္ ေမာ္ခ်ီးေက်း႐ြာအုပ္စုမွာ ဆိုရင္ ပုံစံ ၃(က) ေလွ်ာက္ထားသူ ၁၅၀၀ ေက်ာ္၊ ၁၆၀၀ နီးပါးေလာက္ရွိမယ္လို႔ ေမာ္ခ်ီး ရပ္ေက်းေကာ္မရွင္ ဥကၠ႒ ဦးထြန္းထြန္းႏိုင္က ေျပာပါတယ္။ ေမာ္ခ်ီးသတၱဳတြင္း ထဲက တခုျဖစ္တဲ့ ကဘ-၃၂ (ေခၚ) အမွတ္ ၃ သတၱဳက်င္းဟာ လုပ္ကြက္ေပါင္း ၇၀ ေက်ာ္ရွိၿပီး လုပ္ကြက္အမ်ားစုမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြ လုပ္ကိုင္ေနၾကပါတယ္။
ဒီေ႐ႊ႕ေျပာင္းလုပ္သားေတြ မဲေပးပိုင္ခြင့္ရရွိေအာင္ က်င္းပိုင္ရွင္ေတြဆီကေနဆင့္ အေၾကာင္းၾကားၿပီး လုပ္သားေတြကို ပုံစံ ၃ (က) လာေရာက္ ေလွ်ာက္ခိုင္းထားေၾကာင္း အမွတ္ ၃ က်င္းဦးစီးမွဴး ေစာဖလယ္ေကာ္က ေျပာပါတယ္။ အမွတ္ ၃ က်င္းထဲက လုပ္ကြက္ပိုင္ရွင္ ဦးမိုင္ကယ္ကေတာ့ သူ႔မွာ လုပ္သား ၄ ဦးရွိၿပီး ဖ႐ူဆိုၿမိဳ႕နယ္ကေန လာေရာက္လုပ္လုပ္ကိုင္ တာျဖစ္လို႔ ဖ႐ူဆိုမွာပဲ မဲျပန္ေပးဖို႔ဆႏၵရွိေပမယ့္ တဖက္မွာ ေရာဂါအေျခအေနေၾကာင့္ ျပန္လာမရမွာစိုးရိမ္တဲ့အတြက္ ပုံစံ ၃ (က) ကို ျဖည့္ထားေၾကာင္းေျပာပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ျမန္မာႏိုင္ငံအတြင္းက ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ အားလုံးရဲ႕ ဆႏၵမဲေပးပိုင္ခြင့္ မဆုံးရႈံးရေအာင္မဲေပးခြင့္ရွိတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ ေနထိုင္တဲ့ သက္တမ္းကို ေ႐ြးေကာက္ ပြဲနည္းဥပေဒမွာ ရက္ေပါင္း ၁၈၀ အစား တဝက္ေလွ်ာ့ခ်ၿပီး ရက္ ၉၀ ျပင္ဆင္ခဲ့ပါတယ္။ ဒီလို ျပင္ဆင္လိုက္ တာဟာ ေဒသခံ တိုင္းရင္းသားေတြအတြက္ မ်ားစြာ ထိခိုက္နစ္နာႏိုင္တယ္ဆိုၿပီး ႏိုင္ငံေရးပါတီတခ်ိဳ႕က ေဝဖန္ေထာက္ျပ ကန႔္ကြက္တာ ေတြ ရွိခဲ့ပါတယ္။ http://burmese.dvb.no/archives/416395

**************

၉။ ၂၀၂၀ ေရြးေကာက္ပြဲ ရန္ကုန္ကရင္ေရးရာအတြက္ ကရင္မဲဆႏၵရွင္ဦးေရ ၅၅, ၀၀၀ ေက်ာ္တိုးလာ
October 9, 2020

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မဲဆႏၵနယ္ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာအတြက္ လာမည့္ ၂၀၂၀ အေထြေထြေရြး ေကာက္ပြဲ မဲေပးခြင့္ရွိသူ ကရင္မဲဆႏၵရွင္ဦးေရမွာ ၂၃၀,၀၀၀ ေက်ာ္ရွိသည့္အတြက္ ၿပီးခဲ့သည့္ ၂၀၁၅ အေထြေထြေရြး ေကာက္ပြဲကာလ မဲဆႏၵရွင္ဦးေရထက္ ၅၅,၀၀၀ ေက်ာ္ တိုးလာေၾကာင္း သိရသည္။ ေရြးေကာက္ပြဲေကာ္မရွင္၏ ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲရလဒ္ထုတ္ျပန္ထားမႈမ်ားအရ ရန္ကုန္ကရင္ေရးရာ အတြက္ မဲဆႏၵရွင္ဦးေရမွာ ၁၈၀, ၀၀၀ ေက်ာ္သာ ရွိသျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ကရင္မဲဆႏၵ ရွင္ဦးေရမွာ အနည္းငယ္တိုးတက္လာျခင္းလည္းျဖစ္သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္-NLDမွ ရန္ကုန္ ကရင္ေရးရာကိုယ္စားလွယ္ေလာင္း ေနာ္စူစဲန္နာလွလွစိုးက “အေနာ္ ကြင္းဆင္းတဲ့အခ်ိန္မွာ တြံေတးက ကရင္လူမ်ိဳးေတြဆို ကရင္စာရင္းမေပါက္တဲ့သူေတြ အမ်ားႀကီးပဲ။ သူတို႔ စာရင္းဇယားနဲ႔ကို ျပဳစုထားတယ္။ အဲဒါကို အေနာ္လ၀ကကို တင္ျပထားတယ္။ သူတို႔အခ်ိန္မွီ လုပ္ေပးႏိုင္လား မႏိုင္လားေတာ့ မေျပာတတ္ဘူး ေပါ့ေနာ္။ အခုအခ်ိန္အထိ စာရင္းမေပါက္ေသးဘူးဆိုရင္ေတာ့ ဒီတစ္ ေခါက္မဲ ေပးႏိုင္ဖို႔က မက်ိန္းေသဘူးျဖစ္သြားတာေပါ့။ ေနာက္ၿပီး ကြမ္းၿခံကုန္းတို႔ လွည္းကူးတို႔လိုမွာေတာင္ မွတ္ပံုတင္ မရွိတဲ့ကရင္လူမ်ိဳးေတြအမ်ားႀကီးဆိုေတာ့ ဒီစာရင္းက တိုးဖို႔ပဲ ရွိတယ္။ ေလ်ာ့ဖို႔ေတာ့မရွိဘူး”ဟု ေကအိုင္စီသို႔ ေျပာသည္။

ကရင္ျပည္သူ႔ပါတီ -KPP မွ ကရင္ေရးရာ ကိုယ္စားလွယ္ေလာင္းမန္းသန္း၀င္းဦးက “ ဒီရန္ကုန္တိုင္း အတိုင္း အတာအရ ေတာ့ ၅ ႏွစ္အတြင္းမွာ ၁၈ ႏွစ္ျပည့္ၿပီးသူတိုးလာတာ၊ ေရႊ႕ေျပာင္းလာသူေတြမ်ားလာတာ၊ ေနာက္ တစ္ခုက ထူးျခားျဖစ္စဥ္ ျဖစ္တဲ့ ကိုဗစ္အေျခအေနအျပင္ကို တိုင္းရင္းသားေရးရာနဲ႔ပတ္သက္လို႔ မဲေပးခြင့္အေပၚ ေျဖေလ်ာ့ေပးတာေတြ၊ မိမိလက္ရွိ ေနထိုင္ရာေနရာမွာ ၃ လ ေနထိုင္ရင္မဲေပးခြင့္ရွိတာေတြေၾကာင့္လို႔ယူ ဆ တယ္”ဟု ေျပာသည္။

ေရြးေကာက္ပြဲ ေကာ္မရွင္၏ ထုတ္ျပန္ထားမႈမ်ားအရ ကရင္မဲဆႏၵရွင္ဦးေရမွာ ၿပီးခဲ့သည့္ ၅ ႏွစ္ကထက္တိုးတက္ မႈရွိေသာ္ လည္း ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္အတြင္း ေနထိုင္သူကရင္လူမ်ိဳးမ်ား အေနျဖင့္ မွတ္ပံုတင္တြင္ လူမ်ိဳးအမည္ မွားယြင္းေနမႈအမ်ားအျပား ရွိေနေသးသည္ဟုလည္း ကရင္စာေပ ယဥ္ေက်းမႈ ေကာ္မတီ တာ၀န္ရွိသူမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။ http://kicnews.org/2020/10/%e1%81%82%e1%8 1%80%e1%81%82%e1 %8

**************

၁၀။ ဦးအယ္လ္ေဖာင္းရႈိအား ျပည္သူ႔ဘ႑ာေငြ အလြဲသုံးခဲ့သည္ဟုဆိုကာကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ ခြင့္ျပဳခ်က္ ျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကလြိဳင္ေကာ္ရဲစခန္းတြင္ တိုင္တန္းခဲ့ၿပီး အမႈမဖြင့္ေပးေသးဟုဆို
12 October 2020

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိအား ျပည္သူ႔ဘ႑ာေငြ အလြဲသုံးခဲ့သည္ဟုဆိုကာ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠ႒ခြင့္ျပဳခ်က္ျဖင့္ ဖ႐ူဆိုၿမိဳ႕နယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က ေအာက္တိုဘာ ၁၀ ရက္တြင္ လြိဳင္ေကာ္ရဲစခန္း၌ တိုင္တန္းခဲ့ၿပီးအမႈမဖြင့္ေပးေသးေၾကာင္း တရားလို၏ ေျပာၾကားခ်က္အရ သိရသည္။

ဦးအယ္လ္ေဖာင္းရႈိကို စုံစမ္းေဖာ္ထုတ္ အေရးယူေဆာင္႐ြက္ေပးရန္ စက္တင္ဘာ ၈ ရက္တြင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္ စားလွယ္ ခူးသဲရယ္က အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေသာ္လည္းေကာင္မရွင္၏ စက္တင္ဘာ ၃၀ ရက္ အေၾကာင္းျပန္ၾကားစာတြင္ ယခုတိုင္ၾကားမႈသည္ ယခင္အျခားသူတစ္ဦးတိုင္ၾကားခဲ့ သည့္ကိစၥျဖစ္ေၾကာင္း၊ ထိုစဥ္ ကေကာ္မရွင္ အေနျဖင့္ ဆုံးျဖတ္ထားရာတြင္ တိုင္ၾကားမႈသည္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ စတုတၳအႀကိမ္ျပင္ ဆင္ျပ႒ာန္းျခင္း မျပဳမီကကိစၥမ်ားျဖစ္ျခင္းေၾကာင့္ ေကာ္မရွင္ အေနျဖင့္အေရးယူေဆာင္႐ြက္ေပး၍မရ ေၾကာင္းႏွင့္ သက္ဆိုင္ ရာဌာနမွ တည္ဆဲ ဥပေဒႏွင့္အညီေဆာင္႐ြက္ရမည့္ကိစၥျဖစ္ေၾကာင္းကို အေၾကာင္းျပန္ၿပီးျဖစ္ေၾကာင္း၊ ယခုတိုင္တန္းမႈသည္ ယခင္တိုင္တန္းမႈႏွင့္အေၾကာင္းအရာတူျဖစ္ေနျခင္း၊ သက္ေသခံ ခ်က္အသစ္မရွိျခင္းတို႔ေၾကာင့္ ေကာ္မရွင္ အေနျဖင့္ စုံစမ္း စစ္ေဆးခြင့္မရွိေၾကာင္း ေဖာ္ျပခဲ့သည္။

ထိုသို႔ေကာ္မရွင္၏ အေၾကာင္းျပန္ၾကားစာအရ တည္ဆဲဥပေဒႏွင့္သာေဆာင္႐ြက္ရန္ မွတ္ခ်က္ရွိသျဖင့္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိအား တည္ဆဲဥပေဒႏွင့္အညီဆက္လက္အေရးယူေဆာင္႐ြက္ခြင့္ ျပဳရန္ ကယားျပည္နယ္လႊတ္တာ္ဥကၠ႒ တင္ျပခဲ့ရာကန႔္ကြက္ရန္မရွိေၾကာင္းႏွင့္ ဆက္လက္ေဆာင္႐ြက္ရန္ခြင့္ျပဳသျဖင့္ ယခုကဲ့သို႔ အမႈဖြင့္လွစ္ေပးရန္ တိုင္တန္းျခင္း ျဖစ္ေၾကာင္း ဦးသဲရယ္က ေျပာၾကားသည္။ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ေအာက္တို ဘာ ၁၀ ရက္က တိုင္ၾကားေသာ္လည္း မည္သို႔ အေရးယူ ေဆာင္႐ြက္ထားသည္ကို သိလိုေၾကာင္း၊ ရဲလက္စြဲအပိုဒ္ ၁၄၁၄ တြင္ ရဲအေရးယူပိုင္ခြင့္ရွိေသာ ျပစ္မႈမ်ား အား ေႏွာင့္ေႏွးျခင္းမရွိ တိုင္ခ်က္ဖြင့္ေရး သားရန္ႏွင့္ မည္သည့္သတင္းေပးမႈကိုမဆို ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၅၄ အရခ်က္ ခ်င္း တိုင္ခ်က္ဖြင့္ ေရးသားရမည္ဟုပါရွိေသာ္ လည္းမွတ္တမ္းစာအုပ္တြင္ ေရးမွတ္ျခင္း မရွိသျဖင့္ အေျခအေနအားသိလို ေၾကာင္း ဦးသဲရယ္က ေအာက္တိုဘာ ၁၂ ရက္တြင္ ရဲစခန္းသို႔ စာထပ္မံေပးပို႔ခဲ့သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ မရွင္က အေရးယူျခင္းမရွိႏိုင္သည့္အေျခအေန ေနာက္တြင္ ကယားျပည္နယ္လႊတ္ ေတာ္၌ ဦးအယ္လ္ေဖာင္းရႈိသည္ စက္ယႏၲရားမ်ား ငွားရမ္းခရေငြမ်ားကိုသီးျခားရန္ပုံေငြတြင္ ထားရွိအသုံးျပဳခဲ့ျခင္းမွာ လႊတ္ေတာ္က ၂၀၁၈ ခုႏွစ္တြင္ စစ္ေဆးေတြ႕ရွိခဲ့ျခင္းျဖစ္ ေသာ္လည္း ထိုစဥ္ကဘ႑ာေငြမ်ားအသုံး ျပဳခဲ့မႈသည္ ဥပေဒႏွင့္ မညီ သုံးစြဲခဲ့ျခင္း၊ ကယားေဒးကြင္းအတြင္းရွိ ဟိုတယ္ႏွင့္ေရလႊာ ေလွ်ာစီးလုပ္ငန္းစီမံကိန္းအား ဖယ္ရွားရန္ လႊတ္ေတာ္၌ အဆိုေအာင္ျမင္ခဲ့့ေသာ္လည္း အဆိုပါေျမေနရာကိုစည္ပင္ပိုင္ေျမေနရာအျဖစ္ေျပာင္းၿပီး ယခင္ကုမၸဏီမ်ားကပင္ အမည္ ေျပာင္း၍ ပန္းၿခံႏွင့္ဆိုင္ခန္းမ်ား တည္ေဆာက္ေနျခင္း စသည့္ျဖင့္ စြပ္စြဲျပစ္တင္ကာ ရာထူးတာဝန္မွ ျဖဳတ္ခ်ခဲ့သည္။ ထို႔ေနာက္ ဦးသဲရယ္က အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္သို႔ ထပ္မံတိုင္ၾကား ခဲ့ျခင္းျဖစ္သည္။ https://news-

**************

၁၁။ မဲဆြယ္ကာလ စနစ္တက်ျဖစ္ဖို႔ အစိုးရကို UNA တိုက္တြန္း
October 12, 2020

ရခိုင္ျပည္ေျမာက္ပိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက စစ္ေဘးဒုကၡသည္ေတြ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ မဆုံးရႈံးေစေရး၊ မဲဆြယ္ကာလ တရားမဲ့ျပဳက်င့္မႈေတြကို ေဖာ္ထုတ္အေရးယူေပးေရးအတြက္ ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အဖြဲ႕ UNA နဲ႔ မိတ္မိတ္အဖြဲ႕အစည္း ၁၀၀ ေက်ာ္က အစိုးရနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေတာင္း ဆိုလိုက္ပါတယ္။ ႏိုဝင္ဘာ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ တစ္လေတာင္ မလိုေတာ့ေပမယ့္ အခုခ်ိန္အထိ မဲေပးခြင့္ ရေရး မေရမရာ ျဖစ္ေနသူေတြကေတာ့ ရခိုင္၊ ခ်င္း၊ ရွမ္းျပည္နယ္တို႔မွာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရတဲ့ သိန္းနဲ႔ခ်ီရွိတဲ့ ေဒသခံေတြပဲ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲမွာ စစ္ေဘးတိမ္းေရွာင္ေနရသူေတြ မဲေပးခြင့္ရေအာင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဘယ္လို စီစဥ္တယ္ဆိုတာ မသိရေသးဘူးလို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီ တြဲဘက္အတြင္းေရးမႉး စိုင္းေက်ာ္ၫႊန႔္ က ေျပာပါတယ္။ “ေ႐ြးေကာက္ပြဲဆိုတာက ျပည္သူေတြက မဲထည့္ရမွာ၊ စစ္ေဘးေရွာင္ေနရတယ္ျပဳေန ရတယ္ဆိုရင္ စစ္ေဘးေရွာင္ေနတဲ့သူေတြ မဲထည့္လိုရေအာင္ ဘယ္လို႔စီစဥ္မလည္းဆိုတဲ့ စီစဥ္သံလည္းမၾကားရဘူး၊ အဲဒါ က လူ႔အခြင့္ေရးဆုံးရႈံးတယ္၊ ႏိုင္ငံသားတစ္ဦး အခြင့္အေရးမဆုံးရႈံးရေအာင္ က်ေနာ္တို႔က ေျပာရျခင္းျဖစ္တယ္”ရွမ္း ျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္မွာ ေအာက္တိုဘာလဆန္းကတည္းက တပ္မေတာ္နဲ႔ RCSS တို႔ တိုက္ပြဲဆက္တိုက္ ျဖစ္ေနလို႔ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတဲ့ ဒုကၡသည္ ၂၅၀၀ ေက်ာ္ရွိေနတာပါ။

ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္အအဖြဲ႕ UNA အဖြဲ႕ဝင္ ႏိုင္ငံေရးပါတီ ၁၃ ခုနဲ႔ မိတ္ဖက္အအဖြဲ႕ ၁၀၀ ေက်ာ္ ကလည္း ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ ႏိုင္ငံသားတိုင္း မဲေပးခြင့္ရေရးအတြက္ ေၾကညာခ်က္ထုတ္ ေတာင္းဆိုထားပါ တယ္။ ေၾကညာခ်က္ထဲမွာ ရခိုင္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာျဖစ္ေနတဲ့ တိုက္ပြဲေတြ အျမန္ဆုံးရပ္တန႔္ဖို႔္ အစိုးရ၊ တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖြဲ႕ေတြ အျမဆုံးေတြ႕ဆုံေဆြးေႏြးဖို႔ ပါဝင္သလို တိုင္းရင္းသားေဒသ အသီးသီးမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြ မဲေပးခြင့္မဆုံးရႈံးေအာင္ အစိုးရအေနနဲ႔ စီစဥ္ေဆာင္႐ြက္ေပးဖို႔ တိုက္တြန္းထားပါတယ္။ ရခိုင္ျပည္နယ္ က ႏွစ္နဲ႔ခ်ီေနၿပီျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးဒုကၡသည္ ၂ သိန္း၂ ေသာင္းေက်ာ္ဟာ ေနရပ္မျပန္ႏိုင္ေသးဘူးလို႔ ဒုကၡသည္ကူညီေနတဲ့ ေဒသအေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ စာရင္းအရ သိရပါတယ္။ ဒီဒုကၡသည္ေတြမဲေပးခြင့္ ဆုံးရႈံးမွာကိုလည္း UNA နဲ႔ မိတ္ဖက္အဖြဲ႕ေတြက စိုးရိမ္ေနပါတယ္။

ေအာက္တိုဘာ ၁၀ ရက္ေန႔ ေၾကညာခ်က္မွာေတာ့ UNA အဖြဲ႕ဝင္ ရွမ္း၊ ကခ်င္၊ ရခိုင္၊ ကရင္ စတဲ့ တိုင္းရင္းသားပါတီေတြ အပါအဝင္ ၁၃ ပါတီနဲ႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC၊ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာႏိုင္ငံ) WLB၊ ေပါင္းကူး၊ တို႔ေျမကြန္ရက္၊ Generation Wave စတဲ့ အရပ္ဖက္လူမႈအဖြဲ႕အစည္း ၁၃၄ ဖြဲ႕ပါဝင္ပါတယ္။ https://w ww.r fa.org/burmese/news/2020-election-una-10122020060354.html

*************

၁၂။ ေက်ာက္မဲအနီး ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီး တဦး ဗုံးစ ထိမွန္
October 10, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ကြၽဲကုန္းေက်း႐ြာအတြင္း ယမန္ေန႔ ညပိုင္းက ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီး တဦး ဗုံးစ ထိမွန္ခဲ့ေၾကာင္း စုံစမ္းသိရသည္။

(ေအာက္တိုဘာ ၉ )ရက္ ည ၈နာရီ မွ ၉ နာရီခြဲတြင္ ေက်ာက္မဲၿမိဳ႕နယ္ ကြၽဲကုန္းေက်း႐ြာတြင္ လက္နက္ႀကီး၊ လက္နက္ငယ္ မ်ားျဖင့္ ပစ္ခတ္ရာ အမ်ိဳးသမီး တဦး ဗုံးစ ထိမွန္ခဲ့ၿပီး၊ အိမ္ေျခ ၃အိမ္ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ အမွတ္(၁) မဲဆႏၵနယ္တြင္ SNLD ပါတီ မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ နန္းအိမြန္ေအာင္ (ခ) နန္းေလာဝ္ေလာဝ္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ အမ်ိဳးသမီး ဗုံးစထိမွန္တာဟုတ္ပါတယ္။ နဖူးနဲ႔ ဒူးနားထိပါတယ္။ ဒီမနက္ေတာ့ ေဆး႐ုံသြားျပ ခဲ့တယ္။ ေဆးပဲ လိမ္းၿပီး ျပန္လႊတ္တယ္။ ဓာတ္မွန္မ႐ိုက္ေပးေသးဘူး” ဟု နန္းေလာဝ္ေလာဝ္ က ဆိုသည္။ ဗုံးစ ထိမွန္သည့္ အမ်ိဳးသမီးကို ေက်ာက္မဲေဆး႐ုံမွ တနလၤာေန႔ျပန္လာျပရန္ ရက္ခ်ိန္းခဲ့ေၾကာင္း၊ ဓာတ္မွန္လည္း မ႐ိုက္ေပးသည့္ အတြက္ ဗုံးစမ်ားအသား ထဲတြင္ ရွိ၊မရွိ မသိရွိရေသးေၾကာင္းလည္း နန္းေလာဝ္ေလာဝ္ က ေျပာသည္။

ယမန္ေန႔ ပစ္ခတ္မႈျဖစ္သည့္ ကြၽဲကုန္းေက်း႐ြာသည္ ေက်ာက္မဲၿမိဳ႕ အဝင္လမ္းခြဲတြင္သာရွိၿပီး၊ ပစ္ခတ္သည့္ အသံသည္ တဖက္သာပစ္ခတ္သည့္ အသံမ်ားျဖစ္ေနေၾကာင္း ကြၽဲကုန္းေက်း႐ြာမွ ျပည္သူမ်ားက ေျပာသည္။“ မေန႔က အသံအက်ယ္ ႀကီးပဲ ဒီကလူေတြအသံၾကားတာလဲ အိမ္ထဲမွာပဲ ေနေနရတယ္”ဟု ကြၽဲကုန္းေဒသခံ တဦး ကေျပာသည္။ လက္ရွိ မွာလည္း ကြၽဲကုန္းေက်း႐ြာအတြင္း တပ္မေတာ္မွ တပ္သားမ်ား သြား၊လာ လႈပ္ရွားေနသျဖင့္ ျပည္သူမ်ားအေနျဖင့္စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ေနေၾကာင္းလည္း သိရသည္။ ထိုစစ္ေရးသည္ ေအာက္တိုဘာ ၂ ရက္ မွ စတင္ကာ ယေန႔ခ်ိန္ထိ သွ်မ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္(RCSS/SSA) ႏွင့္ အစိုးရတပ္မေတာ္တို႔တိုက္ပြဲ ျပင္းထန္ေနဆဲ ဟုသိရ သည္။ ေက်ာက္မဲအတြင္း RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္းစစ္ေဘး ေရွာင္ ၃၀၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနရၿပီး၊ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနေၾကာင္း သိရသည္။ https://burme se.shannews.org/archives/18849

*************

၁၃။ လူမ်ိဳးအမည္မွန္ရရွိေရးအတြက္ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ဟုခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ ေရးပါတီေျပာ
October 12, 2020

၂၀၂၀ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲအား ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းသည္ အနာဂတ္တြင္ လူမ်ိဳးအမည္မွန္ျဖင့္ ရပ္တည္ႏိုင္ ေရးအတြက္ျဖစ္ေၾကာင္း ခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗဟိုေကာ္မတီဝင္ ဦးေအာင္ေအာင္က ေျပာသည္။

လူမ်ိဳးအမည္ႏွင့္ပတ္သက္၍ လက္ရွိျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲကိစၥမ်ားႏွင့္ ပတ္သက္၍ ထုတ္ျပန္ရာ၌ တစ္ႀကိမ္ႏွင့္ ယခုႏွစ္အေစာပိုင္းက ႏိုင္ငံေတာ္အဆင့္ ျပဌာန္းလိုက္သည့္ သတၱမတန္း ပထဝီဝင္ဖတ္စာအုပ္ တြင္ တစ္ႀကိမ္ လူမ်ိဳးအမည္အား ေဖာ္ျပရာတြင္ “ခမြီး”ဟု မွားယြင္းစြာအသုံးျပဳထားသည္။ ထိုသို႔အသုံးျပဳျခင္းကို လက္မခံ ႏိုင္ ေၾကာင္း ႏွင့္ လူမ်ိဳးကို ကိုယ္စားျပဳ၍ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္သည့္ ပုဂၢိဳလ္ (သို႔မဟုတ္) အဖြဲ႕အစည္း မရွိသည့္အတြက္ ဟု မွတ္ယူကာ မိမိလူမ်ိဳးေနရာရေရးကို ႀကိဳးပမ္းျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ကိုယ့္လူမ်ိဳးနာမည္ကို မွန္မွန္ကန္ကန္နဲ႔ ရပ္တည္ႏိုင္ေအာင္ လုပ္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ကေတာ့ အျပည့္ပါ။ အရင္ ကေနၿပီးေတာ့ ခမီလို႔ ေျပာတာကို “ခမြီး”ဆိုၿပီး ေခၚၾကေတာ့ ျပည္သူေတြရဲ႕ ရင္ထဲမွာေကာ ကိုယ့္ရင္ထဲမွာပါ မခံခ်ိ၊ မခံႏိုင္ ျဖစ္ရတယ္။ ေအာ္… မသိၾကလို႔လား မသိဘူးဆိုၿပီးေတာ့ ထိန္းထားရတယ္။ ၂၀၁၀ မွာ ၿပိဳင္တုန္းကလည္း မွန္မွန္ကန္ကန္။ (၂၀)၁၅ ကလည္း မွန္မွန္ကန္ ကန္ပဲ။ အခု ၂၀၂၀ က်ေတာ့ ေကာ္မရွင္႐ုံးက ကိုယ္တိုင္ “ခမြီး”ဆိုတဲ့ အသုံးအႏႈန္းကို သုံးလာတယ္။”ဟု ယင္းပါတီေျပာေရးဆိုခြင့္ရွိသူ ဗဟိုေကာ္မတီဝင္ ဦးေအာင္ေအာင္က ေျပာသည္။ ခမီအမ်ိဳးသားဖြံ႕ၿဖိဳးတိုး တက္ေရးပါတီသည္ လာမည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံ ဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ မဲဆႏၵနယ္အတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေနရာ၊ ေျမာက္ဦးၿမိဳ႕နယ္တြင္ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ေနရာႏွင့္ ဘူးသီးေတာင္ ၿမိဳ႕နယ္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ ျဖစ္သည္။

“အဓိက ေအာင္ႏိုင္ေရးေမွ်ာ္လင့္ခ်က္တစ္ခုေတာ့ရွိတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာဆိုရင္ က်ေနာ္တို႔ ခမီလူမ်ိဳးေတြ အားလုံး ကို တစုတစည္းတည္း ေပါင္းလိုက္ရင္ ေက်ာက္ေတာ္နယ္မွာ ေအာင္ႏိုင္တဲ့အေနအထားရွိတယ္။ က်န္တဲ့ေနရာမွာေတာ့ ေမွ်ာ္လင့္ခ်က္မရွိဘူး။ ရပ္႐ြာေတြက တစ္ေနရာနဲ႔ တစ္ေနရာေဝးတယ္။ တစ္စုတစည္းတည္း မရွိဘူး။” ဦးေအာင္ေအာင္က ေျပာသည္။ ခမီအမ်ိဳးသားတိုးတက္ေရးပါတီသည္ ၿပီးခဲ့သည့္ ၂၀၁၀ ႏွင့္ ၂၀၁၅ တို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ့္ခဲ့သည္။ ခမီလူမ်ိဳးမ်ားသည္ ျမန္မာႏိုင္ငံ၏ တိုင္းရင္းသားလူမ်ိဳး ၁၃၅ မ်ိဳးတြင္တရားဝင္သတ္မွတ္ျခင္းခံထားရၿပီး လက္ရွိတြင္ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ လူဦးေရတစ္သိန္းေက်ာ္ ျဖန႔္က်က္ေနထိုင္လွ်က္ရွိေၾကာင္း ဗဟိုေကာ္မတီဝင္ ဦးေအာင္ေအာင္က ဆိုသည္။ https://www.bnionline.net/mm/news-76193

*************

၁၄။ ေရးၿမိဳ႕ေပၚတြင္ မူးယစ္ေဆးဝါးအႏၲရာယ္ေလွ်ာ့ခ်ေရး လႈပ္ရွားမႈျပဳလုပ္
October 10, 2020

ကိုဗစ္-၁၉ ကပ္ေရာဂါ ျပန႔္ပြားေနသည့္ ကာလအတြင္း မူးယစ္ေဆးဝါးေရာင္းဝယ္မႈ မ်ားျပားလာသျဖင့္ လူငယ္မ်ားအၾကား မူးယစ္ေဆးဝါးအႏၲရာယ္ ေလွ်ာ့ခ်ေရး လႈပ္ရွားမႈတစ္ရပ္ကို ေရးၿမိဳ႕အေျခစိုက္ မြန္ေဒသရပ္႐ြာဖြံ႕ၿဖိဳးေရးအဖြဲ႕ MACDO က ေအာက္တိုဘာလ (၆) ရက္ေန႔မွစ၍ ၃ ရက္ၾကာလႈပ္ရွားခဲ့သည္။
မူးယစ္းေဆးဝါး တားဆီးႏွိမ္ႏွင္းေရးတြင္ ဝိုင္းဝန္းကူညီေပးရန္၊ ကပ္ေရာဂါျဖစ္ပြားအခ်ိန္ အခြင့္ေကာင္းယူၿပီး မူယစ္ေဆးဝါး ေရာင္းဝယ္ျဖန႔္ျဖဴးမႈမ်ားအား သက္ဆိုင္ရာသို႔ သတင္းေပးရန္ ရည္႐ြယ္ခ်က္ျဖင့္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း MACDO ဒါ႐ိုက္တာ မိမာလာမြန္ (မိျဖဴ)က ေျပာသည္။“ကပ္ေရာဂါျဖစ္ပြားေနတာေၾကာင့္ ဒီလႈပ္ရွားမႈကို က်မတို႔ လူအင္အားက (၂၀) ဝန္းက်င္ ေလာက္ပဲရွိတယ္။ ဖာလိန္ေဒသက မြန္လူငယ္ေတြနဲ႔ ပူးေပါင္းၿပီး လက္ကမ္းစာေစာင္ေတြ ျဖန႔္ေဝတယ္၊ လႈပ္ရွားမႈ (၃) ရက္ တာအတြင္းမွာ (၄) ေနရာေရာက္ခဲ့တယ္။ ေရးၿမိဳ႕ ေပၚက ေအာင္ရပ္ကြက္ (၃) ရပ္ကြက္၊ ေဈးႀကီး၊ ေ႐ႊဆံေတာ္ဘုရားေရွ႕ နဲ႔ အဏၰဝါရပ္ကြက္မွာ ျဖစ္တယ္" ဟု မိမာလာမြန္ ဆက္ေျပာသည္။

ေအာင္သုခေဈးဆိုင္ရွင္ ႏိုင္ေအာင္ေဇာ္မိုး (နာဲအးစရာဲ) က “ဒီလႈပ္ရွားမႈ ျပဳလုပ္ရာမွာ အရမ္းကိုေကာင္းပါတယ္၊ ဒါမယ့္ ထိေရာက္မႈမရွိဘူးလို႔ ျမင္တယ္၊ ဘာေၾကာင့္လဲဆိုေတာ့ လက္ကမ္းစာေစာင္ ျဖန႔္ေဝတဲ့ေနရာမွာ ဖတ္မယ့္သူနည္းေနတယ္ ဖတ္တဲ့သူေတြကလည္း ေလးေလးနက္နက္မရွိဘူးလို႔ ျမင္တယ္၊ အရင္ႏွစ္ကဆို နယ္ေတြသြားၿပီး သင္တန္းေတြပို႔ခ်တာမ်ိဳး ရွိတယ္၊ အခုေတာ့ ကိုဗစ္ေရာဂါေၾကာင့္လဲ ျဖစ္ႏိုင္တယ္၊ အကယ္၍ ဗီဒီယိုကလစ္တစ္ခု ျပဳလုပ္ၿပီး မူးယစ္ေဆးဝါးစြဲလန္းသူ ေတြကို ဆိုးက်ိဳး ဘယ္လိုျဖစ္ႏိုင္တာေတြ၊ မိဘေတြၾကည့္ႏိုင္ရင္ ပိုၿပီးသတိျပဳလာၾကမွာ ျဖစ္တယ္၊ ေနာက္ၿပီး သူတို႔ Facebook စာမ်က္ႏွာေပၚ တင္ၿပီး ၾကည့္သူေရာ၊ မွ်ေဝသူလည္း မ်ားမယ္လို႔ ထင္တယ္” ဟု သုံးသပ္ေျပာၾကားသည္။ http://burmese.monnews.org/2020/10/10/%e 1%80%9b%e1%80%b1%e1%80%b8%e1%80%99%e1%

*************

၁၅။ ေျမာက္ဦးခ႐ိုင္႐ုံးမွ ေပ်ာက္ဆုံးေနသည့္ လဝကဝန္ထမ္းတစ္ဦးအား ေသဆုံးလ်က္ေတြ႕ရွိ
October 12, 2020

ရခိုင္ျပည္နယ္၊ ေျမာက္ဦးခ႐ိုင္(လဝက)႐ုံးမွ အမႈတြဲထိန္းဝန္ထမ္းတစ္ဦး ေပ်ာက္ဆုံးေနရာ ေအာက္တိုဘာ ၉ ရက္ မြန္းလြဲ ပိုင္းအခ်ိန္က ေသဆုံးလွ်က္ေတြ႕ရွိေၾကာင္း သိရသည္။

၎သည္ မင္းျပားၿမိဳ႕နယ္၊ ဥကၠာပ်ံရပ္ကြက္မွ အသက္(၃၈)ႏွစ္ အ႐ြယ္ ကိုေက်ာ္လင္းခိုင္ျဖစ္ၿပီး ေအာက္တိုဘာ ၇ ရက္ ေန႔လည္ ၁၁ နာရီခန႔္တြင္ ေပ်ာက္ဆုံးသြားျခင္းျဖစ္ေၾကာင္း အမည္ မေဖာ္လိုသည့္ လဝကဝန္ထမ္း တစ္ဦးက DMG သို႔ ေျပာသည္။“မေန႔က သူမိန္းမက ကြၽန္ေတာ့္ဆီဖုန္းဆက္တယ္။ မင္းျပား ကိုမေရာက္ဘူးလို႔ ေျပာတယ္။ အဲဒီအခ်ိန္ ေပ်ာက္ေန တယ္လို႔သိရတာ။ လိုက္ရွာၾကည့္ေတာ့ ဗားမဲ့၊ ဗားကရားဂူနားက ေတာထဲမွာႀကိဳတြဲခ်ၿပီးေတာ့ ေသေနတာကို ေတြ႕ရတယ္” ဟု ၎ကရွင္းျပသည္။

အဆိုပါဝန္ထမ္းသည္ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္သြားျခင္းမဟုတ္ဘဲ သတ္ျဖတ္ခံရျခင္းျဖစ္ႏိုင္ေၾကာင္း ပတ္ဝန္းက်င္ က သုံးသပ္ေျပာဆိုေနၾကသည္။ လက္ရွိမွာ ေသဆုံးသူအား မင္းျပားၿမိဳ႕တြင္ သၿဂႋဳလ္ခဲ့ၿပီး မည္သို႔ေသဆုံးသြားသည္ကို မသိရေသးေၾကာင္း ၎ကဆက္ေျပာသည္။ ထိုကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ဦးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ေျမာက္ဦးရဲစခန္းကို DMG က ဆက္သြယ္ခဲ့ ေသာ္လည္း ဖုန္းအဆက္အသြယ္မရရွိခဲ့ေပ။ https://www.bnionline.n et/mm/news-76196

*************

၁၆။ ေက်ာက္မဲတြင္ တိုက္ပြဲမ်ားျဖစ္ေနေသာ္လည္း ေ႐ြးေကာက္ပြဲ က်င္းပရန္ျပင္ထား
12 October 2020

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္တြင္ လက္နက္ကိုင္ ပဋိပကၡမ်ား ျဖစ္ပြားထားေသာ္လည္း တၿမိဳ႕နယ္လုံး ေ႐ြး ေကာက္ပြဲကို က်င္းပႏိုင္ရန္သာ စီစဥ္ထားသည္ဟု ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး အတြင္း ေရးမွဴး ဦးႏွစ္ဆန္းဦးက ဧရာဝတီကို ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ ေအာက္တိုဘာ ၃ ရက္မွ ၉ ရက္အထိ တပ္မေတာ္ႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တို႔ၾကား တိုက္ပြဲမ်ား ျဖစ္ပြားၿပီး ပုံဝိုးေက်း႐ြာအုပ္စုအတြင္းမွ ေဒသခံ ၂၅၀၀ ခန႔္မွာ ေန႔ရပ္စြန႔္ခြာၿပီး ထြက္ေျပး တိမ္းေရွာင္ေနရသျဖင့္ ပဋိပကၡျဖစ္သည့္ နယ္ေျမမ်ားကို လုံၿခဳံေရး အေၾကာင္းျပခ်က္ျဖင့္ ေ႐ြးေကာက္ပြဲတြင္ ခ်န္လွပ္ခံခဲ့ရ မည္ကို ကိုယ္စားလွယ္ေလာင္းမ်ားက စိုးရိမ္ေနၾကသည္။ ဦးႏွစ္ဆန္းဦးက “က်ေနာ္တို႔ လက္ရွိ တင္ထားတာက တန႔္ယန္းမွာ ေက်း႐ြာအုပ္စု ၉ စု၊ ကုန္းၾကမ္းမွာ ေက်း႐ြာအုပ္စု ၁ အုပ္စု၊ မန္တုံမွာ၂ အုပ္စု ရွိပါတယ္။ အဲဒါေတြကေတာ့ အတည္မျပဳ ႏိုင္ေသးပါဘူး။ ေက်ာက္မဲကေတာ့ မပါေသးပါဘူး။ ေက်ာက္မဲက အကုန္လုံး က်င္းပႏိုင္တယ္လို႔ က်ေနာ္တို႔ ေပးထားပါတယ္” ဟု ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္း ေအာက္တိုဘာ ပထမပတ္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနေသာ္လည္း တိုက္ပြဲ ျဖစ္သည့္ ဧရိယာမ်ား အပါအဝင္ ၿမိဳ႕နယ္ တခုလုံးကို ေ႐ြးေကာက္ပြဲ က်င္းပႏိုင္သည့္ စာရင္းတြင္သာ ထည့္ထားၿပီး ေ႐ြးေကာက္ပြဲ က်င္းပမည့္ ရက္အနီးတြင္ နယ္ေျမလုံၿခဳံေရး တာဝန္ရွိသူမ်ားႏွင့္ အုပ္ခ်ဳပ္ေရးပိုင္း တာဝန္ရွိသူမ်ား၊ အစိုးရအဖြဲ႕ဝင္မ်ားက မလုံၿခဳံ ေၾကာင္း တင္ျပလာပါက ထိုအခ်ိန္မွသာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္း ရွိမရွိကို ထပ္မံ ဆုံးျဖတ္မည္ဟု ၎က ဆိုသည္။ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေက်ာက္မဲၿမိဳ႕နယ္ တြင္ ေအာက္တိုဘာ ၁၁ ရက္မွ စ၍ ပစ္ခတ္ တိုက္ခိုက္မႈမ်ား မရွိေတာ့ပါဟု ေျပာသည္။

SNLD မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးစိုင္းေအာင္ျမင့္ကလည္း “အတတ္ႏိုင္ဆုံးကေတာ့ ထိုးစစ္မဆင္ၾက ဘဲ ၿငိမ္းခ်မ္းေရး စကား ေျပာေစခ်င္တယ္။ စစ္ပြဲ မျဖစ္တာ အေကာင္းဆုံးပါပဲ။ အရင္တုန္းက ျဖစ္လာတဲ့ ျပႆနာေတြ အခု ခ်ိန္မွာ မေက်နပ္ရင္လည္း ဆက္မျဖစ္ဖို႔ က်ေနာ္တို႔ကေတာ့ အႏူးအၫြတ္ ေတာင္းပန္ခ်င္ပါတယ္။ စစ္ပြဲ မျဖစ္ရင္ေတာ့ အေကာင္းဆုံးပါပဲ” ဟု ဆိုသည္။ တပ္မေတာ္ႏွင့္ RCSS သည္ ပဏာမအပစ္ရပ္ေရးဆိုင္ရာ သေဘာတူညီခ်က္ ၁ ေစာင္ႏွင့္ ျပည္ေထာင္စုအဆင့္ သေဘာ တူညီခ်က္၂ ေစာင္တို႔ကို လက္မွတ္ ေရးထိုးထားသည့္အျပင္၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္ကလည္း တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ ေရးထိုးထားသည္။ https://burma.irrawaddy.com /news/2020/10/12/231464.html

*************

၁၇။ ပုဏၰားကြၽန္းတြင္ စားဝတ္ေနေရးအတြက္ ၀ ဥရွာသူ အမ်ိဳးသမီး ၃ ဦး မိုင္းထိၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ မစန္းစန္းေအး ေသဆုံး
October 10, 2020

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္ ဗန္းဗြီးေက်း႐ြာအနီးရွိ ေတာထဲသို႔ ဝဥရွာေဖြရန္ သြားေရာက္စဥ္ အသက္ ၁၉ႏွစ္အ႐ြယ္ အမ်ိဳးသမီးငယ္ တစ္ဦး ယေန႔ ေန႔လည္ ၁နာရီဝန္းက်င္က မိုင္းထိေသဆုံးသြားေၾကာင္း ရခိုင္ျပည္နယ္မွ အမ်ိဳး သား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာဆိုသည္။ “ မိုင္းထိတယ္လို႔ေျပာတယ္။ ဒီေန႔ မြန္းလြဲ ၁နာရီေလာက္က ဗန္းဗြီးေက်း႐ြာမွာ ေနထိုင္တဲ့ အမ်ိဳးသမီးငယ္တစ္ဦးေပါ့။ သူတို႔က ေတာထဲကိုသြားတာ မိုင္းထိတာေပါ့။ မိုင္းထိတဲ့သူကေတာ့ ေသဆုံးသြားတယ္လို႔ ေဒသခံေတြေျပာဆိုခ်က္အရေတာ့သိရတယ္” ဟု ၎ကေျပာဆိုသည္။

အဆိုပါ ေသဆုံးသူ အမ်ိဳးသမီးငယ္အမည္မွာ မစန္းစန္းေအးျဖစ္ၿပီး ဆင္းရဲႏြမ္းပါးေသာေၾကာင့္ ေက်ာင္းမေနႏိုင္ဘဲ ေတာထဲ တြင္ မိသားစု စားေရးေသာက္ေရးအတြက္ ဝဥသြားေရာက္ရွာေဖြစဥ္ မိုင္းထိကာ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ား ေျပာဆိုခ်က္အရသိရသည္။“ဗန္းဗြီးေက်း႐ြာရဲ႕ အေနာက္ဘက္မွာ သူတို႔ကဆင္းရဲေတာ့ ဝဥသြားတူးတာေပါ့။ အားလုံးေပါင္း ၆ ေယာက္ေပါ့။ အမ်ိဳးသမီး ၄ ေယာက္ အမ်ိဳးသား ၂ ေယာက္ေပါ့။ မိုင္းထိတာက မစန္းစန္းေအး အသက္က ၁၉ ႏွစ္ေပါ့။ က်န္တဲ့သူ ၂ ေယာက္ေတာ့ ဒဏ္ရာရတယ္။ မလျပည့္မ အသက္ ၂၂ႏွစ္ နဲ႔ မထြီး အသက္ ၂၅ ႏွစ္ေပါ့။ သူတို႔ေတာ့ ႏွစ္ေယာက္က နည္းနည္းေလးပဲထိတယ္။ ဒဏ္ရာက မစိုးရိမ္ရဘူး။ မိုင္းထိတဲ့ မစန္းစန္းေအးကေတာ့ သူ႔သူငယ္ခ်င္းေတြက ထမ္းၿပီးေတာ့ ႐ြာကိုျပန္အပို႔မွာ ႐ြာမေရာက္ခင္လမ္းမွာ သူကအသက္ဆုံးသြားတာေပါ့။ ေန႔လည္ ၁ နာရီဝန္းက်င္ေလာက္ ေတာ့ရွိမယ္ ျဖစ္စဥ္ျဖစ္တာကေတာ့ အသက္ဆုံးရႈံးသြားတဲ့ ကေလးမေလးကေတာ့ ေက်ာင္းေတာ့မေနေတာ့ဘူး။ ဆင္းရဲ တယ္ဆိုေတာ့ ေက်ာင္းမထားႏိုင္ဘူးေလ”ဟု ဗန္းဗြီးေက်း႐ြာ သားတစ္ဦးကေျပာဆိုသည္။

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရခိုင္တပ္ေတာ္ (AA) တို႔ၾကား လက္ရွိခ်ိန္ထိ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိၿပီး လက္နက္ႀကီး၊ လက္နက္ငယ္မ်ားေၾကာင့္ အရပ္သားေသဆုံးမႈမ်ား အပါအဝင္ ယခုကဲ့သို႔ မည္သည့္အဖြဲ႕အစည္းကမွ တာဝန္ယူျခင္းမရွိ ေသာ ေထာင္ထားသည့္ မိုင္းနင္းမိ၍ ေသဆုံးဒဏ္ရာရသည့္ ျဖစ္စဥ္မ်ားလည္း မၾကာခဏဆိုသလိုျဖစ္ပြားလ်က္ရွိရသည္။ https://www.khitthitnews.com/2020/10/%e1%80%95%e1%80%af%e1%80%8f%e 1%80%b9%e1%80%

*************

၁၈။ ေဘာလခဲၿမိဳ႕မွာ ျပည္နယ္အေျခစိုက္ပါတီ ဆိုင္းပုဒ္ဖ်က္ဆီးခံရ
October 09, 2020

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕ နန္းဖဲသာယာကုန္းရပ္ကြက္မွာ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ (KySDP ) ဆိုင္းပုဒ္ ဖ်က္ဆီးခံရတယ္လို႔သိရပါတယ္။
KySDP အေနနဲ႔ ပါတီဆိုင္းပုဒ္ဖ်က္စီးခံရတာ ပထမဆုံးျဖစ္ၿပီးေတာ့ ဒါဟာ ပါတီႀကီးေတြက ပါတီငယ္ေတြကို ေႏွာက္ယွက္ တာျဖစ္တယ္လို႔ KySDP အတြင္းေရးမႉးလည္းျဖစ္ လက္ရွိ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္လည္းျဖစ္တဲ့ ဦးသဲရယ္က ေျပာပါတယ္။“က်ေနာ္တို႔သုံးသပ္မိသေလာက္က ပါတီႀကီးေတြက ပါတီငယ္ေတြကို လိုက္ၿပီးေႏွာက္ယွက္တာလို႔ က်ေနာ္ တို႔ ျမင္တယ္။ ဒီေန႔ဒီအခ်ိန္မွာေတာ့ ၿပိဳင္ဆိုင္မႈေတြ ရွိၾကတာကို အားလုံးလက္ခံႏိုင္ဖို႔ လိုတယ္။ အခုဟာက ဒီပါတီ ကမ ရွိရဘူး။ ငါတို႔ဘဲရွိရမယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးနဲ႔ ဆိုလို႔ရွိရင္ေတာ့ တကယ္လို႔ အစိုးရျဖစ္လာ တဲ့တစ္ေန႔ က်ရင္ေတာ့ ဘယ္လို လုပ္ၾကမလဲ။ ဒါကလဲ အာဏာရွင္ဆန္တုန္းပါဘဲ။ ” လို႔ ေျပာပါတယ္။ ဖ်က္စီးခံရတဲ့ဆိုင္ပုဒ္အနီးမွာ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ ( NDF ) နဲ႔ အမ်ိဳးသားဒီမိုကေရးစီအဖြဲ႕ခ်ဳပ္ ( NLD ) ဆိုင္းပုဒ္တို႔ရွိပါတယ္။ ဖ်က္ဆီးတဲ့ သူက စိတ္မႏွံ႔ဆို ေပမယ့္ ယုံဖို႔ခက္တယ္လို႔ ဦးသဲရယ္ကေျပာပါတယ္။ ဒီကိစၥကို ေ႐ြးေကာက္ပြဲေကာ္မရွင္ထံတင္ျပ သြားမယ္လို႔လည္း သူက ေျပာပါတယ္။

ေဘာလခဲၿမိဳ႕နယ္အတြင္းမွာ လက္ရွိ ျပည္ေထာင္စုဝန္ႀကီးေဟာင္းျဖစ္တဲ့ ဦးစိုးသိန္းက ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီကေန ဝင္ၿပိဳင္မည့္မဲဆႏၵနယ္ေျမလည္းျဖစ္ၿပီး တျခား အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အမ်ိဳးသားဒီမိုကေရစီအင္အားစု ၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ တိုင္းရင္း သား စည္းလုံးညီၫြတ္ေရးပါတီ ၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ၊ တစ္သီးပုဂၢလတို႔ ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့ မဲဆႏၵနယ္ ျဖစ္ပါတယ္။ လက္ရွိမွာ ေဘာလခဲၿမိဳ႕နယ္အတြင္းမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကေနၿပီး ၂၀၁၅ ေ႐ြးေကာက္ ပြဲမွာ မဲဆႏၵနယ္ျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ ၁ေနရာ အမ်ိဳးသားလႊတ္ေတာ္ ၂ ေနရာ၊ ျပည္နယ္လႊတ္ေတာ္ ၂ ေနရာတို႔မွာ အႏိုင္ရရွိခဲ့ၾကတဲ့ၿမိဳ႕နယ္ျဖစ္ပါတယ္။ https://www.bnionline.net/mm/news-76160

*************

၁၉။ ကိုဗစ္ ေရာဂါကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက စမ္းၿမိဳ႕ရက္ကြက္အား Stay at Home မွ ပယ္ဖ်က္သြားမည္
October 12, 2020

ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူမ်ားျပားလာမႈေၾကာင့္ Stay at Home အျဖစ္သတ္မွတ္ထားသည့္ ကေလးၿမိဳ႕ စမ္းၿမိဳ႕ ရက္ကြက္အား ေရာဂါပိုး ကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက Stay at Home ေဒသမွ ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္းသိ ရသည္။“စမ္းၿမိဳ႕ကို Stay at Home အျဖစ္ ၁၄ ရက္သတ္မွတ္ထားတာေပါ့၊ ဒီေန႔က ၁၁ ရက္ရွိသြားၿပီဆိုေတာ့ မနက္က လုပ္တဲ့အစည္းအေဝးမွာ စမ္းၿမိဳ႕ရက္ကြက္ကို ဒီရက္ပိုင္းအတြင္း ပိုးထပ္ေတြ႕တာမရွိရင္ Stay at Home ကေန ျပန္ဖ်က္ေပး ဖို႔ ဆုံးျဖတ္လိုက္တယ္ေပါ့၊ မေန႔က တစ္ေယာက္ထပ္ေတြ႕ေပမယ့္ သူက စမ္းၿမိဳ႕ရပ္ကြက္ကမဟုတ္ဘူး ရန္ကုန္ကေနလာတဲ့ ကားသမားေပါ့” ဟု ကေလးခ႐ိုင္ျပန္ဆက္႐ုံးမွ ဉီးစီးမွဴး ဉီးညီေဇာ္ကေျပာသည္။

ကိုဗစ္-၁၉ ဒုတိယလႈိင္းကာလတြင္ ရန္ကုန္ၿမိဳ႕မွ ျပန္လာသည့္အမ်ိဳးသမီးငယ္တစ္ဉီးထံမွ တစ္ဆင့္ စမ္းၿမိဳ႕ရပ္ကြက္တြင္ အေယာက္ ၂၀ ေက်ာ္ ပိုးေတြ႕လူနာေတြ႕ရွိခဲ့မႈေၾကာင့္ စက္တင္ဘာလ ၂၉ ရက္ေန႔ကစ၍ စမ္းၿမိဳ႕ရပ္ကြက္တစ္ခုလုံးကို Stay at Home အျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။ ေအာက္တိုဘာ ၈ ရက္ေန႔က ကေလးၿမိဳ႕နယ္မွ ျပန္လည္ထြက္ခြာမည့္ အေရး ႀကီးကုန္စည္ပို႔ေဆာင္ေရး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၅၅) ဦး ျပည္သူ႔က်န္းမာေရဦးစီးဌာနမွ ကိုဗစ္ – ၁၉ ေရာဂါပိုး ရွိ မရွိ Test kit ျဖင့္ စစ္ေဆးရာမွ High Class ဂိတ္မွ ယာဥ္ေနာက္လိုက္တစ္ဦး ထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ ရွိခဲ့ၿပီး Close Contact ၁၃ ဉီးအား ကြာရင္တင္းဝင္ခိုင္း ထားေၾကာင္းသိရသည္။

ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ဒုတိယလႈိင္းကာလအတြင္း ပိုးေတြ႕လူနာ (၂၈) ဦးထိရွိခဲ့ၿပီး (၁၁ ) ဦးမွာ ေဆး႐ုံမွ ဆင္းသြားၿပီး ျဖစ္၍ ယခုလက္ရွိတြင္ (၁၇) ဦးမွာ ကုသမႈခံယူလွ်က္ရွိသည္။ https://www.bnionline.net/mm/news-76176

**************

၂၀။ ၿမိဳ႕ျပနဲ႔အလွမ္းေဝးတဲ့ ေက်းလက္ေဒသမွာ ေ႐ြးေကာက္ပြဲအေပၚ စိတ္ဝင္စားမႈနည္းပါး
October 13, 2020

ကိုဗစ္-၁၉ ျဖစ္ပြားမႈနဲ႔အတူ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ ၿမိဳ႕ျပနဲ႔အလွမ္းေဝးတဲ့ ေက်းလက္ေဒသက ျပည္သူ ေတြ မွာ မဲစာရင္းၾကည့္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးဖို႔ စိတ္ပါဝင္စားမႈနည္းပါး ေနၾကတာပါ။ အဆိုပါ ေဒသခံေတြကို သက္ဆိုင္ရာ ေကာ္မရွင္က ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးမႈ နည္းပါးတာေၾကာင့္ ေဒသခံလူမႈေရးအဖြဲ႕ေတြက ကို႔အစီအစဥ္နဲ႔ကို ေ႐ြးေကာက္ပြဲအသိပညာေပးမႈေတြ ေဆာင္႐ြက္ေနရပါတယ္။

“ရပ္ေက်းေကာ္မရွင္႐ုံးခြဲေတြမွာ ကပ္ထားေပမယ့္ လာၾကည့္တဲ့သူက ေတာ္ေတာ္ကိုနည္းတယ္။ ႐ြာသူ႐ြာသားအမ်ားစုက ေ႐ြးေကာက္ပြဲကို တစ္ႀကိမ္ေလာက္ပဲ နဖူးေတြ႕ ဒူးေတြ႕ေတြ႕ဖူးၾကတာ။ကိုယ့္စားဝတ္ေနေရးကိုယ္ ရႈပ္ေနတာတစ္ေၾကာင္း ဒီဟာနဲ႔ ပတ္သက္ၿပီး လိုက္လံႏႈိးေဆာ္တဲ့သူ မရွိတာက တစ္ေၾကာင္းေပါ့။ ေကာ္မရွင္ကေတာ့ အေဆာက္အဦးေတြ ေက်ာင္း ေတြမွာ ဒီအတိုင္းပဲကပ္ထားလိုက္တာပဲ လိုက္လံႏႈိးေဆာ္တာ မရွိဘူး”လို႔ ေရးေျမာက္ပိုင္းေက်း႐ြာေတြမွာ အသိပညာေပး ေဆာင္႐ြက္ေနသူ ကိုေစာေအာင္ေ႐ႊဝင္းက ေျပာပါတယ္။ ဒီေဒသခံေတြကိုေတာ့ ႏိုင္ငံေရးပါတီေတြက ေ႐ြးေကာက္ပြဲ အသိပညာေပးမႈထက္ မဲဆြယ္စည္း႐ုံးေရးေတြကိုသာ ဦးစားေပး ေဆာင္႐ြက္ေနၾကတယ္လို႔ ဆိုပါတယ္။ ေရးအေရွ႕ပိုင္း ေက်း႐ြာေတြဟာ လမ္းပန္းဆက္သြယ္ေရးခက္ခဲတာမို႔ အနီးစပ္ဆုံး မဲ႐ုံမွာ ဆႏၵမဲလာထည့္ဖို႔ မိုင္ ၃၀ ေက်ာ္ခန႔္ခရီးကို တစ္ေနကုန္လာရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေဒသခံေတြ ဆႏၵမဲေပးႏိုင္ဖို႔ ႏိုင္ငံေရးပါတီေတြနဲ႔ ေကာ္မရွင္တို႔က သြားလာေရးအဆင္ေျပေအာင္ စီစဥ္ေပးရင္ မဲေပးမယ့္သူ တိုးလာႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ “ပါတီေတြက သူတို႔ေအာင္ႏိုင္ေရးအတြက္ ႀကိဳပို႔ အစီအစဥ္ ေတြ လုပ္မယ္လို႔ ၾကားမိတယ္။ ပါတီျဖစ္ျဖစ္ ေကာ္မရွင္ျဖစ္ျဖစ္ ႀကိဳပို႔လုပ္ေပးရင္ မဲေပးသူက ၂၀၁၅ ထက္ ပိုမ်ားလာ မယ္ထင္တယ္”လို႔ ကံလွေက်း႐ြာေဒသခံ ကိုေက်ာ္မ်ိဳးထူးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ ဒီေဒသ က မဲေပးပိုင္ခြင့္ရွိသူဦးေရရဲ႕ ထက္ဝက္ခန႔္သာ ဆႏၵမဲလာေပးခဲ့ၾကတာပါ။ လာမယ့္ေ႐ြးေကာက္ပြဲမွာေတာ့ ေရးၿမိဳ႕နယ္ အတြင္း ဆႏၵမဲေပးခြင့္ရွိသူ ၂ သိန္းေက်ာ္ရွိ ပါတယ္။ https://www.bnionline.net/mm/news-76218

*************

၂၁။ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္မ်ားကို အျမန္ဆုံးေၾကျငာေပးရန္ ေတာင္းဆို
October 13, 2020

ရခိုင္ျပည္နယ္အတြင္းက ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္မ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) အ ေနျဖင့္ အျမန္ဆုံးေၾကျငာေပးရန္ လိုအပ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားကေျပာသည္။

ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္မ်ားကို UEC အေနျဖင့္ လက္ရွိအခ်ိန္ထိ ေၾကျငာျခင္းမရွိသည့္အတြက္ အဆိုပါ မက်င္းပႏိုင္သည့္ၿမိဳ႕နယ္မ်ားကို အျမန္ဆုံးေၾကျငာေပးရန္လိုအပ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ယွဥ္ၿပိဳင္မည့္ ေဒၚခင္ေစာေဝက ေျပာသည္။“အခုဆိုရင္ ကိုဗစ္ေၾကာင့္ သြားလာေရး ေတာ္ေတာ္ခက္ခဲတာေတြရွိတယ္။ ၿပီးရင္ ဗီႏိုင္းေတြ၊ ပန္းဖလက္ေတြ၊ လုပ္ရတဲ့အခါက်ေတာ့ ေငြေရးေၾကးေရးကလည္း ေတာ္ေတာ္အကုန္က်ခံထားၿပီးၿပီျဖစ္တယ္။ ဥပေဒေၾကာင္းအရ ေ႐ြးေကာက္ပြဲမရွိဘူးဆိုရင္ေတာ့ က်မတို႔ေစာဒကတက္စရာ အေၾကာင္းမရွိဘူး။ ဒါေပမယ့္ အျမန္ဆုံး သိခ်င္ေနတယ္။ ေ႐ြးေကာက္ပြဲနီးမွ သိရမယ္ဆိုရင္ က်မတို႔လုပ္ထားတဲ့ လူပင္ပန္း ခံထားတာ၊ အခ်ိန္ကုန္ခံထားတာေတြက အလာဟသအခ်ည္းႏွီးျဖစ္သြားမယ္”ဟု ၎ကေျပာသည္။ ရခိုင္ျပည္နယ္ မွ ၿမိဳ႕နယ္တခ်ိဳ႕တြင္ လုံၿခဳံေရးအေျခအေနအရ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခမရွိသည့္ ၿမိဳ႕နယ္မ်ား ရွိေနၿပီး အဆိုပါ မက်င္းပႏိုင္ သည့္ၿမိဳ႕နယ္မ်ားကို ေအာက္တိုဘာလအတြင္းတြင္ေၾကျငာသြားမည္ဟု UEC မွ ေျပာဆိုထားေသာ္လည္း ယခုအခ်ိန္ထိ ေၾကျငာျခင္းမရွိသည့္ အတြက္ အျမန္ဆုံးေၾကျငာေပးရန္ လိုလားေန ၾကျခင္းျဖစ္သည္။

ယင္းအျပင္ ရခိုင္ျပည္နယ္ရွိ ေက်ာက္ျဖဴၿမိဳ႕နယ္မွ ျပည္နယ္လႊတ္ေတာ္အမွတ္(၂) ေနရာမွလြဲ၍ က်န္ၿမိဳ႕နယ္မ်ားအားလုံးတြင္ ေနရာစုံဝင္ေရာက္ယွဥ္ၿပိဳင္သြားမည့္ ရခိုင္အမ်ိဳးသားပါတီ(ANP) အေနျဖင့္လည္း ေ႐ြးေကာက္ပြဲမက်င္းပႏိုင္မည့္ၿမိဳ႕နယ္မ်ား ကို မေၾကျငာေသးသည့္အေပၚ စိုးရိမ္မိေၾကာင္း ယင္းပါတီ အတြင္းေရးမွဴး(၁) ဦးေအာင္ျမေက်ာ္ကဆိုသည္။ ဤသို႔ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္သည့္ ၿမိဳ႕နယ္မ်ားေၾကျငာမည့္ ေန႔ရက္ကိုသိရွိႏိုင္ရန္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္မွ တာဝန္ရွိသူမ်ားကို ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိခဲ့ေပ။

ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တို႔တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းမွ လက္ရွိအခ်ိန္ထိ တပ္မေတာ္ ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)တို႔ ထိေတြ႕မႈမ်ား မၾကာခဏျဖစ္ပြားေနလ်က္ရွိသည္။ ထိုသို႔ တိုက္ပြဲျဖစ္ပြားမႈမ်ား ရွိေနျခင္း ေၾကာင့္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းပမည့္ ၂၀၂၀ ခုႏွစ္၊ အေထြေထြ ေ႐ြးေကာက္ပြဲအား ၎ေဒသမ်ားတြင္ က်င္းပရန္ရွိ၊ မရွိ တရားဝင္ထုတ္ျပန္ျခင္း မရွိေသးေသာ္လည္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖြယ္မရွိေၾကာင္း အမ်ားျပည္သူက သုံးသပ္လ်က္ ရွိသည္။ https://www.bnionline.net/mm/news-76208

***************

၂၂။ ရခိုင္အေရး ICC လႊဲေပးဖို႔ လုံၿခဳံေရးေကာင္စီကို AI ေတာင္းဆို
October 12, 2020

ရခိုင္ျပည္နယ္မွာ ျမန္မာ့တပ္မေတာ္က ေက်း႐ြာေတြကို မီးရႈိ႕ၿပီး အရပ္သားေတြကို သတ္ျဖတ္ေနတဲ့အတြက္ အေရးယူေပးဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ AI က ေတာင္းဆိုလိုက္ပါတယ္။

ရခိုင္ျပည္နယ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို မ်က္ျမင္သက္ေသေတြ ၿဂိဳလ္တုက ရရွိတဲ့ ဓါတ္ပုံေတြကို ကိုးကားၿပီး ထုတ္ျပန္တဲ့ အဲဒီေၾကညာခ်က္မွာ ျမန္မာ့တပ္မေတာ္ဟာ အရပ္သားေတြရဲ႕ ဒုကၡဆင္းရဲေတြကို လုံးဝဥပကၡာျပဳထားတယ္လို႔ AI ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ ျမန္မာ့တပ္မေတာ္နဲ႔ AA ၾကား ပဋိပကၡေတြ ပိုမိုက်ယ္ျပန႔္လာေနၿပီး အရပ္သားေတြ ပိုမိုထိခိုက္နစ္နာေနတဲ့အတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈတရား႐ုံး ICC ကို လႊဲေျပာင္းၿပီး အေရးယူသင့္တယ္လို႔လည္း ဆိုပါတယ္။

ရခိုင္ျပည္နယ္မွာ ေျမျမႇဳပ္မိုင္းေတြေၾကာင့္ အရပ္သားေတြ ေသေၾကဒဏ္ရာရေနၾကေၾကာင္း အဲဒီေျမျမႇဳပ္မိုင္းေတြကို AA ေရာ ျမန္မာ့တပ္မေတာ္ကေရာ သုံးစြဲေနေၾကာင္းလည္း အဲဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ AI ရဲ႕ ဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကို RFA က ဆက္သြယ္ခဲ့ေပမဲ့ အဆက္အသြယ္ မရခဲ့ပါဘူး။ https://www.rfa.org/burmese/news/ai-urges-icc-10122020091034.html

***************

၂၃။ ရခိုင္ျပည္နယ္တြင္ မတရားမႈ အေမွာင္က်ေရာက္ေနမႈ ဖယ္ရွားေရး မေကာင္းဆိုးဝါး ႏွင္သည့္ စံဂိုးခတ္လႈပ္ရွားမႈ လုပ္ေဆာင္
October 12, 2020 6

ရခိုင္ျပည္နယ္အေပၚ အေမွာင္က်ေရာက္ေနမႈကို ဖယ္ရွားေရးအတြက္ မေကာင္းဆိုးဝါးႏွင္သည့္ စံဂိုးခတ္လႈပ္ရွားမႈကို ရခိုင္ျပည္ေက်ာင္းသားသမဂၢက ဦးေဆာင္၍ ရခိုင္တစ္ျပည္နယ္လုံးအတိုင္းအတာျဖင့္ ယမန္ေန႔ညက လုပ္ေဆာင္ခဲ့ေၾကာင္း ရခိုင္ျပည္ေက်ာင္းသားသမဂၢမွ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ကိုေက်ာ္ႏိုင္ေဌးက ေျပာဆိုသည္။ ရခိုင္ျပည္နယ္တစ္ဝန္း လုံးတြင္ ရခိုင္႐ိုးရာဓေလ့ စေကာမ်ားကို ႐ိုက္တီး၍ မေကာင္းဆိုးဝါးႏွင္သည့္ လႈပ္ရွားမႈကို ယမန္ေန႔က လုပ္ေဆာင္ခဲ့ ေၾကာင္း၊ အဓိက အားျဖင့္ ရခိုင္ျပည္အေပၚ အေမွာင္က်ေရာက္ေနမႈႏွင့္ မတရားလုပ္ေဆာင္မႈမ်ား အဆုံးသတ္ေရးျဖစ္ ေၾကာင္း၊ ရခိုင္ျပည္သူမ်ား အားလုံးပူးေပါင္းပါဝင္ေၾကာင္း ရခိုင္အရပ္ဘက္အဖြဲ႕အစည္းမ်ားထံမွ သိရွိရသည္။

“စံဂိုးခတ္ဆိုတာက ရခိုင္လိုဆိုရင္ သူက စေကာ႐ိုက္ၿပီး မေကာင္းဆိုးဝါးႏွင္တာေပါ့။ ရခိုင္႐ိုးရာမွာ အဲဒါကို က်ေနာ္တို႔ လုပ္ေဆာင္တာပါ။ ရခိုင္တစ္ျပည္နယ္လုံး မေန႔က ပါဝင္ၾကပါတယ္။ အခု ေတာက္ေလွ်ာက္ မေန႔ညက လႈပ္ရွားမႈကို ပါဝင္တဲ့ သတင္းေတြ ဝင္လာေနပါတယ္။ သံတြဲနဲ႔ ဂြကေတာ့ သတင္းမရေသးဘူးေပါ့။ ၁၇ ၿမိဳ႕နယ္မွာ က်န္တာေတြ အားလုံးက ပါဝင္ၾကတယ္။ ျပည္ပ ေရာက္ ရခိုင္ေတြကလည္း ဒီလႈပ္ရွားမႈမွာပါဝင္ပါတယ္။ အဓိကက က်ေနာ္တို႔ ရခိုင္ေတြအေပၚမွာ မေကာင္းဆိုးဝါးက်ေရာက္ေနတဲ့အတြက္ ဒီမေကာင္းဆိုးဝါးေတြကို ႏွင္ထုတ္တာပါ။ မေန႔ညက ရခိုင္ျပည္သူေတြက ည ၈ နာရီ ၄၀ ေလာက္မွာ စတယ္။ က်ေနာ္တို႔က ည ၉ နာရီ ေလာက္ကေန ၉ နာရီ ၂၀ မွာပါဝင္ပါတယ္။ ရခိုင္ျပည္ေက်ာင္းသား သမဂၢက ဦးေဆာင္တာပါ။ တခ်ိဳ႕ေတြကလည္း ဒီလို စေကာေတြေပၚမွာ စစ္ပြဲ ရပ္တန႔္ေရး”ဟု ကိုေက်ာ္ႏိုင္ေဌးက ဆို သည္။ အခ်ိဳ႕ေသာ ရခိုင္ျပည္သူမ်ားက စေကာမ်ားေပၚတြင္ ရခိုင္ျပည္ေက်ာင္းသားသမဂၢ၏ေႂကြးေၾကာ္သံမ်ားကို ေရးထိုး၍ မေကာင္းဆိုးဝါးႏွင္ၾကသည္ဟု သိရွိရသည္။

စံဂိုးခတ္လႈပ္ရွားမႈကို အမ်ိဳးသားေရးလႈပ္ရွားမႈပုံစံျဖင့္ ထပ္မံ လုပ္ေဆာင္သြားရန္ရွိၿပီး မည္သည့္အခ်ိန္တြင္ ထပ္မံလုပ္ ေဆာင္မည္ကိုမူ မသိရွိေသးေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ထပ္မံ ႀကဳံလာရမည့္ အေျခအေနမ်ားအေပၚတြင္မူတည္ေၾကာင္း ရခိုင္အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားက ေျပာဆိုသည္။ https://www.khitthitnews.com/2020/10/%e1%80%9b%e 1%80%81%e1%80%ad%e1%80%af%e1%80%

**************

၂၄။ တပ္မေတာ္ အရာရွိ ၅၀ ေက်ာ္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ သို႔ ေျပာင္းေ႐ြ႕ တာဝန္ ထမ္းမည္
10 October 2020

ရခိုင္ျပည္နယ္ရွိ အၾကမ္းဖက္ အဖြဲ႕ အစည္းမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ကို အင္အား ေတာင့္တင္း ေစရန္ တပ္မေတာ္မွ အရာရွိႀကီး ၅၁ ဦး ျပည္ထဲေရး ဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ သို႔ ေျပာင္းေ႐ႊ႕ တာဝန္ ထမ္းေဆာင္ မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ ႏိုင္ငံေတာ္ သမၼတ႐ုံး၏ သတင္းစာ ရွင္းလင္းပြဲတြင္ ဧရာဝတီ သတင္းဌာနက တပ္မ ေတာ္ အရာရွိမ်ား ရဲတပ္ဖြဲ႕ သို႔ ေျပာင္းေ႐ြ႕ မည့္ သတင္း အေပၚ အတည္ျပဳစဥ္ သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက အ ထက္ပါအတိုင္း ေျပာဆိုျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕တြင္ အသစ္ ထပ္မံ ဖြဲ႕ စည္းမည့္ နယ္ျခားေစာင့္ ရဲတပ္ရင္း ၂ ရင္းတြင္ ယင္းတပ္မေတာ္ အရာရွိမ်ား တာဝန္ထမ္းေဆာင္မည္ ျဖစ္ေၾကာင္း၊ နယ္ျခားေစာင့္ ရဲတပ္ရင္း သေဘာသဘာဝသည္ နယ္ေျမရဲ၊ မႈခင္းရဲ သေဘာ သဘာဝက မတူေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ဆိုသည္။“လိုအပ္ခ်က္အရ ဒုတိယ ဗိုလ္မွဴးႀကီးကေနၿပီး ေတာ့ ဗိုလ္ႀကီးအဆင့္ ကပၸတိန္ Level အထိေပါ့။ ၅၁ ေယာက္ ရွိပါတယ္။ က်န္တဲ့ အဖြဲ႕ ေတြကေတာ့ ရဲသေႏၶေတြနဲ႔ စုဖြဲ႕ မွာ ျဖစ္ပါတယ္။ အဲဒီမွာ နယ္ျခားေစာင့္ တပ္ဖြဲ႔မွာ လိုအပ္ခ်က္အရ ေ႐ြ႔ေျပာင္းတာ ျဖစ္ပါတယ္။ ကက္ဘိနက္(အစိုးရအဖြဲ႔)ရဲ႕ ခြင့္ျပဳခ်က္လည္း ၿပီးသြားပါၿပီ”ဟု ဦးေဇာ္ေဌးက ေျပာသည္။ ၎က ဆက္၍ “ရခိုင္ျပည္နယ္မွာ တာဝန္ ထမ္းေဆာင္ေနတဲ့ နယ္ျခားေစာင့္ရဲေတြက ARSA ၊ AA တို႔လို အၾကမ္းဖက္ အဖြဲ႕ ေတြနဲ႔ ရင္ဆိုင္ေနရတာ။ တိုက္ခိုက္ေရးကို ဦးစားေပးတဲ့ အဖြဲ႕ ေတြ ျဖစ္တယ္”ဟု ေျပာသည္။

ယင္းေ႐ြ႕ ေျပာင္းလာသူ တပ္မေတာ္ အရာရွိမ်ားသည့္ ရဲတပ္ဖြဲ႕ ဘက္သို႔ သတင္းပို႔ႏိုင္ျခင္း မရွိေသးေသာ္လည္း စစ္ရာထူး ခန႔္ခ်ဳပ္႐ုံးမွ ေျပာင္းေ႐ြ႕ မိန႔္ ထြက္သြားၿပီ ျဖစ္ေၾကာင္း၊ ရာထူးေျပာင္းေ႐ြ႕လာသည့္အခါ ဒုတိယ ဗိုလ္မွဴးႀကီး အဆင့္သည္ ရဲဘက္သို႔ ေရာက္သည့္အခါ ဒုတိယ ရဲမွဴးႀကီး အျဖစ္ အဆင့္တူ ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ရျခင္း ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ရွင္းျပသည္။ အစိုးရဘက္က အကူအညီေတာင္းခံသျဖင့္ တပ္မေတာ္ဘက္မွ အရာရွိ၊ အျခားအဆင့္ တပ္မေတာ္သားမ်ားကို စိစစ္ ေ႐ြး ခ်ယ္ၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕သို႔ အခါအားေလ်ာ္စြာ ေစလႊတ္ေပးေနသည္မွာ ၾကာၿပီျဖစ္ ေၾကာင္း၊ လုံၿခဳံေရး၊ စစ္ဆင္ေရး ကိစၥရပ္မ်ားတြင္ အေတြ႕ အႀကဳံ ရွိသူမ်ားကို ေစလႊတ္ေပးလ်က္ရွိေၾကာင္း တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။ https://burma.irrawaddy.com/news/2020/10/10/231 378.html

***************

၂၅။ ထိုင္းဘက္ျခမ္းမွ ျမန္မာကားမ်ားအား ဝင္ေရာက္ခြင့္ မျပဳသျဖင့္ ျမန္မာဘက္မွ တန္ျပန္ပိတ္ဆို႔မႈ ျဖစ္ပြား
October 11, 2020

ကရင္ျပည္နယ္ ျမဝတီနယ္စပ္ ထိုင္း-ျမန္မာ အမွတ္(၂)တံတားမွတဆင့္ ကုန္သြယ္မႈ ျပဳလုပ္ေနသည့္ ျမန္မာကား မ်ားအား ယေန႔ (ေအာက္တိုဘာလ ၁၁ ရက္) နံနက္ပိုင္းက ထိုင္းဘက္ျခမ္းမွ ဝင္ေရာက္ခြင့္မျပဳသျဖင့္ ျမန္မာ ကားသမား (၁၀၀) ဦး ခန္႔မွ ျမန္မာဘက္ျခမ္း Cargo gate အဝတြင္ ထိုင္းယာဥ္မ်ား ဝင္မလာေစရန္ တန္ျပန္ပိတ္ဆို႔တားဆီးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ Covid-19 ကူးစက္မႈ ဂယက္အား အေၾကာင္းျပကာ ယေန႔ နံနက္ ၆ နာရီခန႔္က ထိုင္းစစ္တပ္မွ ျမန္မာ ေမာ္ေတာ္ ယာဥ္မ်ားအား ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ဝင္ေရာက္ခြင့္မျပဳသျဖင့္ ျမန္မာဘက္မွာလည္း ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၂) တံတား၊ ျမန္မာဘက္ျခမ္း CARGO Gate တြင္ ျမန္မာကုန္တင္ယာဥ္ေမာင္း(၁၀၀)နီးပါးခန႔္ စုေဝး၍ ထိုင္းႏိုင္ငံဘက္မွ ေမာ္ ေတာ္ယာဥ္ကုန္ကားမ်ားအား ျမန္မာဘက္ျခမ္းသို႔ဝင္ေရာက္မႈ မရွိေစေရးအတြက္ ေစာင့္ဆိုင္းပိတ္ဆို႔မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။

“မဲေဆာက္ၿမိဳ့သို႔ ကုန္ပစၥည္းမ်ားတင္ေဆာင္ဖုိ႔အတြက္ ထိုင္းဘက္ျခမ္း အမွတ္(၂)တံတားရွိ သက္ဆိုင္ရာသို႔ ေပးသြင္းရ မယ့္ ေငြေၾကးေတြကို ေပးၿပီးကာမွ ကုန္ပစၥည္းတင္ ျမန္မာေမာ္ေတာ္ယာဥ္ငယ္ေတြကို အမွတ္(၂) တံတား ထိုင္းဘက္ျခမ္း CARGO ဂိတ္႐ွိ ထိုင္းစစ္တပ္က မဲေဆာက္ၿမိဳ႕တြင္းသို႔ ဝင္ေရာက္ခြင့္မျပဳဘဲ ပိတ္ပင္တား ဆီးခဲ့တာပါ။ ေပးသြင္းထားတဲ့ ေငြေတြလည္းျပန္မရခဲ့လို႔ နစ္နာမႈ႐ွိခဲ့တယ္”ဟု နံနက္ပိုင္းက ထိုင္းဘက္ျခမ္းသို႔ ေရာက္႐ွိၿပီးကာမွ ဝင္ခြင့္မရဘဲ လွည့္ျပန္ခဲ့ ရတဲ့ ျမန္မာယာဥ္ေမာင္းတစ္ဦးက ေျပာသည္။ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ႏွစ္နိုင္ငံကုန္သြယ္မႈ အဆင္ေျပေစရန္အတြက္ ျမဝတီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဉီးေတဇာေအာင္ႏွင့္ တာ့ခ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးတို႔က ဖုန္းျဖင့္ဆက္သြယ္၍ ျမန္မာကုန္တင္ ယာဥ္ငယ္မ်ားကို အမွတ္ ၂ တံတား ထိုင္းဘက္ျခမ္း BCF ဇုန္တြင္ ကုန္ပစၥည္းလႊဲေျပာင္းေစမည္ျဖစ္သလို ျမန္မာဘက္ျခမ္း အေနျဖင့္လည္း ထိုင္းကားမ်ားအား CARGO ဂိတ္တြင္သာ ကုန္ပစၥည္းမ်ား လႊဲေျပာင္းေစမည္ဟု ကနဉီး ညႇိႏိႈင္းေဆာင္ရြက္ခဲ့ သည္ဟု ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

သုိ႔ေသာ္ ယေန႔ နံနက္ ၉ နာရီတြင္ ျမန္မာကုန္ပစၥည္းတင္ယာဥ္မ်ားေပၚသို့ ထိုင္းကုန္ပစၥည္းတင္ ယာဥ္ေပၚမွ ကုန္ပစၥည္းမ်ား အား ထိုင္းဘက္ျခမ္း BCF ဇုန္တြင္ လႊဲေျပာင္းတင္ေဆာင္လ်က္ရွိေသာ္လည္း ထိုင္းတပ္မေတာ္မွ ထြက္ခြာခြင့္မျပဳေသး ေၾကာင္း သိရွိရသည္။ http://kicnews.org/2020/10/%e1%80%9 1%e1%80%ad%e1%80%af%e1%80%84% e1%80%b9%e1%80

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 65 , October 13, 2020)

၁။ နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖမ်းဆီးခြင်းကြောင့် မွန်ပြည်သစ်ပါတီနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု KNU/KNLA-PC ဆို

၂။ ကရင်ကိုချစ်သော်လည်း ကရင်ပါတီကိုမဲမပေးဟု ပြောဆိုနေသူများသည် နိုင်ငံရေးအသိသေးသိမ်သူများသာဖြစ် သည်ဟု KNDP ပြော

၃။ ကျောက်မဲ ပုံဝိုးစစ်ရှောင်စခန်းအနီး စစ်ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားဖြည့်

၄။ ရွာသား ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် KNU ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ ပြည်နယ်အစိုးရ ကန့်ကွက်

၅။ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီစဉ် ပါဝင်မည် မဟုတ်

၆။ ကရင်ပြည်နယ်ရွာနှစ်ရွာ ပဲခူးတိုင်းမဲစာရင်းထဲရောက်နေမှု ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေး

၇။ တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး တာဝန်ယူ ဖြေရှင်း ပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို

၈။ ကယားတွင် မဲပေးရန် လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော်ရှိ

၉။ ၂၀၂၀ ရွေးကောက်ပွဲ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင်ဦးရေ ၅၅, ၀၀၀ ကျော်တိုးလာ

၁၀။ ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက် ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလွိုင်ကော်ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး အမှုမဖွင့်ပေးသေးဟုဆို

၁၁။ မဲဆွယ်ကာလ စနစ်တကျဖြစ်ဖို့ အစိုးရကို UNA တိုက်တွန်း

၁၂။ ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်

၁၃။ လူမျိုးအမည်မှန်ရရှိရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီပြော

၁၄။ ရေးမြို့ပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုပြုလုပ်

၁၅။ မြောက်ဦးခရိုင်ရုံးမှ ပျောက်ဆုံးနေသည့် လဝကဝန်ထမ်းတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

၁၆။ ကျောက်မဲတွင် တိုက်ပွဲများဖြစ်နေသော်လည်း ရွေးကောက်ပွဲ ကျင်းပရန်ပြင်ထား

၁၇။ ပုဏ္ဏားကျွန်းတွင် စားဝတ်နေရေးအတွက် ၀ ဥရှာသူ အမျိုးသမီး ၃ ဦး မိုင်းထိပြီး အသက် ၁၉ နှစ်အရွယ် မစန်းစန်းအေး သေဆုံး

၁၈။ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်ပါတီ ဆိုင်းပုဒ်ဖျက်ဆီးခံရ

၁၉။ ကိုဗစ် ရောဂါကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက စမ်းမြို့ရက်ကွက်အား Stay at Home မှ ပယ်ဖျက်သွားမည်

၂၀။ မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး

၂၁။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို အမြန်ဆုံးကြေငြာပေးရန် တောင်းဆို

၂၂။ ရခိုင်အရေး ICC လွှဲပေးဖို့ လုံခြုံရေးကောင်စီကို AI တောင်းဆို

၂၃။ ရခိုင်ပြည်နယ်တွင် မတရားမှု အမှောင်ကျရောက်နေမှု ဖယ်ရှားရေး မကောင်းဆိုးဝါး နှင်သည့် စံဂိုးခတ်လှုပ်ရှားမှု လုပ်ဆောင်

၂၄။ တပ်မတော် အရာရှိ ၅၀ ကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ တာဝန် ထမ်းမည်

၂၅။ ထိုင်းဘက်ခြမ်းမှ မြန်မာကားများအား ဝင်ရောက်ခွင့် မပြုသဖြင့် မြန်မာဘက်မှ တန်ပြန်ပိတ်ဆို့မှု ဖြစ်ပွား

*************

၁။ နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖမ်းဆီးခြင်းကြောင့် မွန်ပြည်သစ်ပါတီနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟု KNU/KNLA-PC ဆို
October 12, 2020

နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်းမှုကြောင့် မွန်ပြည်သစ်ပါတီ-NMSPနှင့် ၎င်းတို့တပ်ဖွဲ့အကြား ယမန် နေ့ (အောက်တိုဘာလ ၁၁ ရက်နေ့)က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျောက်ရေတွင်းရွာနှင့် မင်းရွာကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC ဘက်က ပြောသည်။

မွန်ပြည်သစ်ပါတီ၏ နယ်မြေအတွင်း ၎င်းတို့၏တပ်ဖွဲ့ဝင်နှစ်ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်း ခံထားသောကြောင့် သွားရောက်ခေါ်ယူရာ၌ လမ်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု KNU/KNLA -PC တပ်ရင်း (၇၇၆)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောစန္ဓိမာက ကေအိုင်စီသို့ ပြောသည်။“အရင်က တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြားမှာ မနာလို ဝန်တိုမှုကနေ သူ့လူကိုယ်ဖမ်း၊ ကိုယ့်လူသူဖမ်းလုပ်ကြတာ။ ကျနော်တို့ဘက် ဖမ်းထားရင် သွားပြန်ပို့ပေးတယ်။ ကျနော့်ကလေးတွေကို လာပို့ခိုင်းတာ တစ်ခါလည်း မပို့ နှစ်ခါလည်း မပို့နဲ့ဆိုတော့ ကျနော့်တပ်သားတွေကို သွားခေါ်ခိုင်း လိုက်တာ။ သွားဖို့ကိုလည်း သူတို့ကိုအကြောင်းကြားလိုက်တယ်။ လမ်းမှာအပစ်ခံရတာပဲ”ဟု ဗိုလ်မှူးစောစန္ဓိမာက ပြော သည်။ KNU/KNALA-PC တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို မွန်ပြည်သစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဘက်က ပြန်လည်ပစ်ခတ်ခြင်းမရှိကြောင်း၊ ယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်သွားပြီး အပြင်းအထန်ထိခိုက်မှု မရှိ သော်လည်း ရဲဘော် ၂ ဦးမှာ ကျည်ရှပ်မှန်၍ ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်းနှင့် ကားတစ်စီးလုံးမှာ သေနတ်မှန်ရာများ ဖြင့် ပျက်စီးကြေမွသွားကြောင်း ဗိုလ်မှူးစောစန္ဓိမာက ဆက်ပြောသည်။

အဆိုပါ မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးထိန်းသိမ်းထားသူများမှာ ၎င်းပစ်ခတ်မှုဖြစ်ပွားရာ ကျေးရွာ အနီးဝန်းကျင်တွင် မူးယစ် ဆေးဝါးများ လာရောက်ဖြန့်ဖြူးရောင်းချခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း နှင့် ၎င်းဖမ်းဆီးမှုကို အကြောင်းပြ၍ ၎င်းတို့ နယ်မြေအတွင်းသို့ အင်အားဖြင့် ဝင်ရောက်လာခြင်းကြောင့် မထင်မှတ်ဘဲ ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ကွန်းစိုက်က မွန်သတင်းအေဂျင်စီသို့ ပြောဆိုထားသည်။ မွန်ပြည်သစ်ပါတီဘက်မှ ဖမ်းဆီးထားသူ ၂ ဦးအနက် စောသူရဆိုသူမှာ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ် ထားကြောင်း KNU/ KNLA-PC ဘက်က ပြောဆိုထားကြောင်း ၎င်းစောသူရမှ ၎င်းတို့ နယ်မြေအတွင်းသို့ ဝင်ရောက်လှုပ်ရှား ခြင်းမပြုရန်လည်း အပြန်အလှန် သဘောတူထားကြောင်းလည်း နိုင်ကွန်းစိုက်က ဆက်လက်ပြောဆိုထားသည်။ မွန်ပြည်သစ် ပါတီ(NMSP) နှင့် KNU/KNLA-PC နှစ်ဖွဲ့စလုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်။ http://kicnews.org/20 20/10/% e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%96%e1%80

**************

၂။ ကရင်ကိုချစ်သော်လည်း ကရင်ပါတီကိုမဲမပေးဟု ပြောဆိုနေသူများသည် နိုင်ငံရေးအသိသေးသိမ်သူများသာဖြစ် သည်ဟု KNDP ပြော
October 10, 2020

ကရင်ကိုချစ်သော်လည်း ကရင်ပါတီကို မဲမပေးဟု ပြောဆိုနေသည့် အချို့ကရင်များသည် နိုင်ငံရေးအသိ သေးသိမ်သူများ သာဖြစ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP မှ လွှတ်တော်ကိုယ်စားလှယ်လောင်း စောညွန့်သောင်းက ပြောဆိုလိုက်သည်။ ဖားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ (အောက်တိုဘာ ၁၀ ရက်)တွင် ပြုလုပ်သော KNDP ၏ အောင်လံ အပ်နှင်းပွဲနှင့်သတင်းစာရှင်းလင်းပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း စောညွန့်သောင်းက ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ “ကရင်ပြည်နယ်ကိုချစ်လို့၊ ကရင် ကိုချစ်လို့ ကရင်ပါတီကို မဲပေးဖို့ အချိန်မတန်သေးဘူးလို့ ပြောတာ ဒါဘယ်လိုမှ လက်ခံလို့မရတဲ့ စကားပေါ့နော်။ အဲဒီလို ပြောတဲ့လူတွေဟာ နိုင်ငံရေးအသိအမြင် တော်တော်လေးကိုတိမ်တယ်။ ဒါကြောင့် ကရင်ပြည်နယ်မှာ ကရင်အစိုးရဖွဲ့နိုင်ဖို့ဆို ရင် ကရင်ပါတီကို မဲများများပေးနိုင်ဖို့လိုအပ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပါတီ အနိုင်ရရှိပါက စစ်အာဏာရှင်များနှင့်ပြန်လည်ပူးပေါင်းကာ အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်းမည်ဖြစ် သည့်အတွက် ကရင်ပါတီအားမဲမပေးရန် ယခုလပိုင်းအတွင်း လူမှုကွန်ရက် Facebook တွင် လူတချို့မှ လှုံ့ဆော်ရေးသား ဝေဖန်တိုက်ခိုက်နေမှုများ ထွက်ပေါ်လျက်ရှိသည်။ ထိုဝေဖန်တိုက်ခိုက်မှုများအပေါ် KNDP အနေဖြင့် အမျိုးသားတန်းတူရေး နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသော ပြည်နယ်များနှင့်ဖွဲ့စည်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် သွားမည်ဟုသာ မူဝါဒချမှတ်ထားကြောင်း ပါတီ ဖက်မှတုံ့ပြန်ပြောဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်နယ်အခြေစိုက်ပါတီများပူးပေါင်းထားသည့် KNDP သည် ဗမာတိုင်းရင်းသား ရေးရာနေရာ အပါအဝင် ကရင်ပြည်နယ်ရှိ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ဖာပွန်၊ မြဝတီ စ သည့် ၆ မြို့နယ်စလုံးတွင် ကိုယ်စားလှယ်လောင်း ၃၀ ဦးဖြင့် နေရာပြည့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ http://kicnews.org/2020/10/%e1% 80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%80%e1%

**************

၃။ ကျောက်မဲ ပုံဝိုးစစ်ရှောင်စခန်းအနီး စစ်ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားဖြည့်
October 10, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ စစ်ရှောင်များခိုလှုံရာဘုန်းကြီးကျောင်းအနီး တပ်မတော်မှ စစ်ရ ဟတ်ယာဉ်ဖြင့် လူအင်အားနှင့် လက်နက်အင်အားတို့ကို ထပ်မံဖြည့်တင်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လှန့် နေကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အေ ရှ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် (၄)စီးဖြင့် လူအင်အား၊ လက်နက်အင်အားတို့ကို တင်ဆောင်ကာ ကျောက်မဲမြို့ ပုံဝိုးကျေးရွာဘုန်းကြီးကျောင်းစစ်ရှောင်များရှိရာအနီးတွင် အားဖြည့်ချပေး ကြောင်းစစ်ရှောင်များကပြောသည်။“ဒီနေ့ သူတို့ ၂ ခေါက်တောင်လာတယ်။ (၄) စီးလာတယ်။ ၂ စီးက ပစ္စည်းချပြီး ၂ စီးက ကောင်းကင်ပေါ်မှာ ပျံနေတယ်။ ပစ္စည်းချပြီးရင် လေယာဉ်၂ စီးလုံး ကအတူတူပြန်သွားကြတယ်” ဟု ပုံဝိုးကျေးရွာနေ မြင်တွေ့ရသူ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ရဟတ်ယာဉ်ဖြင့်လာသော စစ်သားများသည် ရွာဘက်သို့ ခြေကျင်ဖြင့်ဆက်လျှောက်သွားကြောင်း၎င်း အမျိုးသမီး ကပြောသည်။“ အဲဒီရဟတ်ယာဉ်နဲ့လာတဲ့ စစ်သားတွေက ရွာထဲဝင်လာပြီး ၅ မိနစ်လောက်သေနတ်ပစ်ပြီးတော့ တောင် ပေါ်ဆက်တက်သွားတယ်။ ”ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။ လက်ရှိ ပုံဝိုးကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၇၀၀ ကျော်ရှိပြီး၊ တိုက်ပွဲဆက်လက်ပြင်းထန်လာမည်ကို ၎င်းတို့ကစိုးရိမ်နေကြသည်ဟုဆိုပါသည်။“ စစ်ရေး က ဘယ်လို ထပ်လာမယ်မလဲဆိုတာ မသိဘူး။ တိုက်ပွဲတွေမဖြစ်စေချင်ဘူး။ နေ့တိုင်းနီးပါး သေနတ်သံတွေကြားနေရတယ်။ ကျေးရွာအနီးတွေမှာတော့ မ ဖြစ်စေချင်ဘူး” ဟု စစ်ဘေးရှောင်အမျိုးသမီး နန်းအောင် က သျှမ်းသံတော် ဆင့်ကို ပြော သည်။ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် အောက်တိုဘာ ၂ ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေးပြင်း ထန်နေသေး ကြောင်းသိရသည်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ နီးပါး ရှိပြီး၊ စားဝတ်နေရေး အတွက် ခက်ခဲနေကြောင်း သိရသည်။ https://burmese. shannews.org/archives/18861

**************

၄။ ရွာသား ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် KNU ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ ပြည်နယ်အစိုးရ ကန့်ကွက်
October 12, 2020

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ၊ တပ်ရင်း (၁၆)မှ တာဝန်ရှိသူတစ်ဦးနှင့်အဖွဲ့သည် ဒေသခံရွာသား (၃)ဦးကို စိတ်ကြွဆေးပြားတေ့ွရှိ၍ ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ကရင်ပြည်နယ်အစိုးရမှ အောက်တိုဘာလ(၈) ရက်နေ့ ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်မှု ကော်မတီ (JMC-S)သို့ ကန့်ကွက်အကြောင်း ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့က KNU တပ်မဟာ(၆)၊ တပ်ရင်း (၁၆)၏ တပ်ခွဲ (၃)မှ ဒုအရာခံဗိုလ် အဆင့်ရှိသူ ဖိုးထွန်းအပါအဝင် ၃ဦးသည် အရပ်ဝတ်ဖြင့် လက်နက်ငယ်ပါ၍ သံဖြူဇရပ် မြို့နယ်၊ အတွင်းစခန်းကြီးကျေးရွားရှိ မွန်လူမျိုး (၂)ဦးနှင့် ကရင်လူမျိုး (၁)ဦးတို့ထံမှ (WY)စိတ်ကြွဆေးပြား ၁၄ဝ ပြားတွေ့၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကန့်ကွက်စာ၌ ဖော်ပြထားသည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး KNU အနေဖြင့် NCA သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်၊ နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရန်၊ ဖမ်းဆီးထားသူများအား တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းအပ်နှံ ရန်ဟူ၍လည်း ကန့်ကွက်အကြောင်းကြား ထားသည်။ သို့သော် ၎င်းဖမ်းဆီးမှုဖြစ်စဉ်တွင် အဆိုပါ ဒေသခံများကို လမ်းတွင် မသင်္ကာ၍ ခေါ်ယူစစ်ဆေးမေးမြန်းစဉ် စိတ်ကြွဆေးပြားများ လက်ဝယ်ထားရှိကြောင်းတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ KNU ၏ မူးယစ်ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း KNU ဘက်က ဆိုသည်။

အဆိုပါ ဖမ်းဆီးထားသူများကို KNU ဝင်ရေးမြို့နယ်ရုံးတွင် ထိန်းသိမ်းထားပြီး ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF)မှ လိုအပ် သည့်အရေးယူ ဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုစောလစ္စတန်က ဆက်ပြောသည်။ KNU နှင့် အစိုးရ၊ တပ်မတော် အကြား ၉ နှစ်နီးပါး ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်လာခဲ့ပြီး NCA အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားနိုင်သော်လည်း ယနေ့ အချိန်ထိ လုံခြုံရေးဆိုင်ရာနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ နယ်မြေ သတ်မှတ်ခြင်း ကိစ္စရပ်များ မဆွေးနွေးနိုင်သေးသောကြောင့် ယခုလို နယ်မြေအငြင်းပွားမှုပြဿနာများ၊ နှစ်ဖက် အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်ပြီး အပြန်အလှန် ကန့်ကွက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ http://kicnews.org/2020/10/e1 %80%9b%e1%80%bc%e1%80%ac%e1%80%9e%e1%80%ac%e1%80

***************

၅။ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှုအစီစဉ် ပါဝင်မည် မဟုတ်
9 October 2020

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများဟောပြောခြင်းအစီစဉ်တွင် ပါဝင်တော့ မည် မဟုတ်ကြောင်း ပါတီတာဝန်ခံများထံမှ သိရသည်။ အဘယ့်ကြောင့်ဆိုသော် ပါတီ၏ဟောပြောရန်စီစဉ် ထားသည့် စာသားတွင် ဖြည့်စွက်ပြင်ဆင်ပေးရန် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောဆိုမှုများရှိသောကြောင့် ပါဝင်ခြင်းမပြုတော့ တာဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၏ ဗဟိုလူငယ်တာဝန်ခံ ဦးနော်ခုန့် က ယခုလို ပြောသည်။

“ကျနော်တို့ကတော့ ကျနော်တို့ရဲ့ပါတီ Page ကနေပြီးဘဲလွှင့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဖြတ်ပေးလိုက်တာတွေ မကြိုက်လို့။ ကျနော်တို့က ပြည်နယ်အခြေစိုက်ဖြစ်တဲ့ပါတီဖြစ်တယ်။ ကျနော်တို့က ပြည်နယ်မှထွက်ရှိတဲ့သယံဇာတများကို ပြည်နယ်သားများ အပြည့်အဝခံစားရရှိနိုင်ရေးဆိုတာကို သူတို့က ပြည်နယ်သားများနှင့် နိုင်ငံသားများဆိုပြီး ထည့်ခိုင်းစေ ချင်တယ်။ ကျနော်တို့က နိုင်ငံသားများဆိုတာကို မထည့်ခိုင်းစေချင်ဘူး။ အဲကြောင့် ကျနော်တို့နိုင်ငံပိုင်ရုပ်သံကို ထပ်မပို့ တော့ဘူး။”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ လူငယ်တာဝန်ခံ ဦးနော်ခုန့်က ဆိုသည်။
သဘာဝသယံဇာတအကျိုးအမြတ် ကို ကချင်ပြည်နယ်သားများ အပြည့်အဝခံစားရရှိနိုင်ရေး ဆိုသည့်အကြောင်းအရာတွင် နိုင်ငံသားများ ထပ်ထည့်စေသည့် အတွက်ဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ပြည်နယ်ကိုအခြေခံထားသည့် ပါတီဖြစ်ကာ ပါတီ၏မူဝါဒတွင်လည်း ပြည်နယ်သားများ၏ အခွင့်အရေးကို အဓိကထားချမှတ်ထားသည့်အတွက် ယခုကဲ့သို့ ဆင်ဆာဖြတ်ခြင်းကို အလိုမရှိကြောင်း ၎င်းက ဆက်ပြော သည်။ နိုင်ငံရေးပါတီများအား နိုင်ငံပိုင်ရုပ်သံဌာနဖြစ်သည့် MRTV မှ မဲဆွယ်ဟောပြောခြင်းလုပ်ငန်းများကို စက်တင်ဘာလမှ စတင်ခဲ့သည်။ ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီပေါင်း ၁၉ ပါတီရှိ ကာ မဲဆန္ဒရှင်ဦးရေ ၁၁ သိန်းခန့်ရှိသည်။ https://burmese .kachinnews.com/2020/10/09/l1/

*************

၆။ ကရင်ပြည်နယ်ရွာနှစ်ရွာ ပဲခူးတိုင်းမဲစာရင်းထဲရောက်နေမှု ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေး
October 11, 2020

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သာမိုတောင်ကျေးရွာအုပ်စုရှိ ကပ်ပယ်ရွာနှင့် ထမုံကျေးရွာအုပ်စုအတွင်းရှိ ခပေါင်းပင် ကျေးရွာ (ဒေသအခေါ် ထမုံ ဥယျာဉ်ရွာ)များ ပဲခူးတိုင်းဒေသကြီး၊ ရေတာ ရှည်မြို့နယ် မဲစာရင်းထဲ ရောက်ရှိနေမှု ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှစ်ရွာနှစ်ရွာကို မူလဇာတိဖြစ်သည့် ကရင်ပြည်နယ် သံတောင်ကြီးဘက်မှ စာရင်းပြန်သွင်းရန် လိုအပ်ပြီး ထိုသို့ စာရင်းပြန်သွင်းပြီးသွားမှသာ ပဲခူးတိုင်း ရေတာရှည်မဲစာရင်းမှ ဖြုတ်ပေးနိုင်မည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးစိန်ထွန်းက ပြောသည်။“ဟိုဘက်က ထည့်မယ်ဆိုရင်တော့ လွှဲပေးမယ်လို့ ပြောထားတယ်။ ကျနော်တို့ ဘက်က ဖျက်လိုက်ပြီး ဟိုးဘက်က ထည့်လို့မရရင် ခက်ကုန်မှာစိုးလို့။ အခုကတော့ ဒီဘက်က အထည့်ပြတာပဲ ဟိုးဘက်က ကျနော်တို့ ထည့်ပြီးပါပြီ၊ ဖျက်ပါဆိုရင် ကျနော်တို့ ဖျက်ရတာလွယ်တယ်လေ။ အခုချိန်ထိတော့ ကျနော်တို့ဆီကို ဘာမှ မပြောသေးဘူးဗျ” ဟု ဦးစိန်ထွန်းက အောက်တိုဘာ ၉ ရက်တွင် ပြောသည်။

ကပ်ပယ်ရွာနှင့် ခပေါင်းပင်ကျေးရွာတို့သည် ယခင်ရွေးကောက်ပွဲများတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မဲစာရင်း တွင်သာပါရှိခဲ့သော်လည်း ရေတာရှည်မြို့နယ်ထဲသို့ ၂၀၁၈ ခုနှစ်က ထည့်သွင်းလိုက်သည့်အတွက် ယခုအခါ ရေတာရှည် မြို့နယ် မဲစာရင်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယခုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ စောကားရှယ်က “မဲစာရင်း ကြေငြာပြီးမှ ဒီကိစ္စတက်လာတယ်၊ နောက်တစ်ကြိမ် မဲစာရင်းကျမှ ကြည့်ပါ” ဟုပြောသည်။

ယခုလို ရေတာရှည်မြို့နယ်အတွင်း ထည့်သွင်းလိုက်သည့်အပေါ် တစ်နှစ်ခန့်အကြာမှ သံတောင်ကြီးမြို့နယ်ဘက်မှ သိရ ပြီးနောက် မူလအတိုင်း ကရင်ပြည်နယ်အတွင်း ပြန်လည်ထည့်သွင်းရန် သံတောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်းက ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် မေးခွန်းမေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးတင်မြင့်က အဆိုပါရွာနှစ်ရွာသည် ယခင်က သံတောင်ကြီးမြို့နယ်၊ အုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော်လည်း သစ်တောဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ မြေပုံမှတ်တမ်းတွင် မပါရှိသည့်အတွက် ရေတာရှည် မြို့နယ် ထဲသို့ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ http://kicnews.org/2020/10/%e1% 80%80%e 1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%

***************

၇။ တပ်မတော်နှင့် RCSS/SSA တို့ တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး တာဝန်ယူ ဖြေရှင်း ပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို
10 October 2020

တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်မှ စတင်ခဲ့သော တိုက်ပွဲကြောင့် လူဦးရေ ၃၀၀၀ ကျော် လူဦးရေသုံးထောင်ကျော်တို့သည် ထွက်ပြေး တိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေရကြောင်း သိရသည်။ ထိုအခြေအနေတွင် ကျောက်မဲဒေသအတွင်း တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး အတွက် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးပါရန် တောင်းဆိုကြောင်း ကျောက်မဲမြို့နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့က လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်အစိုးရ ထံသို့ အောက်တိုဘာ ၁၀ ရက်တွင် စာတင်ပြထားကြောင်း သိရ သည်။

“မနေ့က ရက်စွဲနဲ့ရိုက်လိုက်တာ၊ ဒီနေ့ပဲ ပို့လိုက်တာပေ့ါ။ အဓိကတော့ စစ်ပွဲဖြစ်နေတာ တစ်ပတ်ကျော်သွားပြီ။ အစိုးရက မသိသလို မကြားသလို ဖြစ်နေတာပေ့ါ။ ရွှေလီဘက်မှာ NLD အင်အားပြတာ တစ်ခါထဲ ပြဿနာဖြစ်တာ တစ်ခါထဲ ရှင်းပေး လိုက်တာလေ။ ကျောက်မဲမှာ လူပေါင်း သုံးထောင်ကျော်လောက် သူတို့ ရဲ့ အခြေခံလူ့အခွင့်အရေးပေါ့။ ထွက်ပြေးတိမ်း ရှောင်နေရတယ်။ ပစ္စည်းတွေ ပျက်စီးသလို ဒဏ်ရာရမှုတွေ ဖြစ်နေတယ်။ အစိုးရကနေ ကာကွယ်စောင့်ရှောက်ဖို့လိုတာပေ့ါ။ တိုက်တွန်းတောင်းဆိုတဲ့သဘောပေ့ါ။ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အလှူခံဌာနဖွင့်ပြီးတော့ ရုံးမှာထိုင်ပြီး လက်ခံသလို စိုင်းထွန်းဝင်း က နေ့တိုင်း သွားနေတယ်။ ပါတီလူကြီးကနေ စာထွက်ဖို့ လိုတယ်လို့ ဆိုလို့လေ၊ အစိုးရကနေ သမ္မတကို အကြောင်းကြား၊ သမ္မတကနေ ဒီစစ်ပွဲကိုချက်ချင်းရပ်ပါလို့ လုပ်လို့ရတယ်လို့ မြင်တယ်လေ။ သမ္မတ က ပြောမယ်ဆိုရင် တော့ စစ်တပ်ပိုင်းကလည်း လိုက်နာဖို့လိုတယ်လေ။ ခုလောလောဆယ် မသိသလိုဖြစ်နေတော့ စာထွက်တဲ့ သဘောပါပဲ။ အဓိကတော့ စားဝတ်နေရေးပဲပေ့ါ။ သူက လူဦးရေများများ လာတာ လူဦးရေသုံးထောင်ကျော် သွားတာပေ့ါ။ တိုက်ပွဲတွေ လည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲလည်း ရှိနေတာ တစ်လလောက်ပဲလိုတယ်။ သက်ဆိုင်ရာတွေလည်း သိရှိသွားအောင် ဖြေရှင်းနိုင်အောင်ပေ့ါ။ ကျောက်မဲမြို့ပေါ်လာတဲ့သူတွေကတော့ ဆွေမျိုးတွေဆီလာတယ်။ ဘုန်းကြီးကျောင်းမှာ ရောက်နေ တာ ၇ နေရာရှိတယ်။ လူဦးရေ သုံးထောင်ကျော်တယ် ” ဟု ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က ပြောကြားသည်။ https://news-eleven.com/article/195194

**************

၈။ ကယားတွင် မဲပေးရန် လျှောက်ထားသည့် ရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော်ရှိ
13 October 2020

ကယားပြည်နယ်အတွင်းရောက်ရှိနေတဲ့ ရွှေပြောင်းလုပ်သားတွေအနေနဲ့ မိမိရောက်ရှိတဲ့ ဒေသမှာ ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ ၃ (က)နဲ့ လျှောက်ထားသူ ၅၀၀၀ ကျော်ရှိတယ်လို့ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ မိမိနေရပ်မှာ ပြန်ပြီး မဲမပေးနိုင်တဲ့ ရွှေပြောင်းလုပ်သားတွေ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က)လျှောက်ထားမှုကို အခုလ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားခိုင်းတာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့အထိ တပြည်နယ်လုံးမှာ လျှောက်ထားသူ ၅၂၀၀ ကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကယားပြည်နယ် အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

လျှောက်ထားမှုအများဆုံးကတော့ လွိုင်ကော်မြို့နယ်မှာ ၂၆၀၀ ကျော်ရှိပြီး ဖားဆောင်း မြို့နယ်မှာ ၁၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။ မယ်စဲမြို့နယ်မှာတော့ ပုံစံ ၃ (က) လျှောက်ထားသူ ၂၀၀ ကျော်ရှိကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ကယားပြည်နယ်အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ မယ်စဲမြို့နယ်မှာ မဲပေးပိုင်ခွင့်ဦးရေ ၄၉၀၀ ကျော် ရှိပြီးတပြည်နယ်လုံးမှာ မဲဆန္ဒရှင် အနည်းဆုံးမြို့နယ်ဖြစ်ပါတယ်။ ကယား ပြည်နယ် တစ်ခုလုံးမှာ ရွှေ့ပြောင်းလုပ်သား မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၅၀၀၀ ကျော်ရှိတဲ့အတွက် မယ်စဲမြို့နယ် တခုလုံးမှာ ရှိတဲ့ မဲဆန္ဒရှင် ဦးရေထက် များပြားနေပါတယ်။ ရွှေ့ပြောင်းလုပ်သားအများစု သွားရောက်အလုပ်လုပ်ကိုင်တဲ့ ဖားဆောင်းမြို့ နယ် မော်ချီးကျေးရွာအုပ်စုမှာ ဆိုရင် ပုံစံ ၃(က) လျှောက်ထားသူ ၁၅၀၀ ကျော်၊ ၁၆၀၀ နီးပါးလောက်ရှိမယ်လို့ မော်ချီး ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။ မော်ချီးသတ္တုတွင်း ထဲက တခုဖြစ်တဲ့ ကဘ-၃၂ (ခေါ်) အမှတ် ၃ သတ္တုကျင်းဟာ လုပ်ကွက်ပေါင်း ၇၀ ကျော်ရှိပြီး လုပ်ကွက်အများစုမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေကြပါတယ်။

ဒီရွှေ့ပြောင်းလုပ်သားတွေ မဲပေးပိုင်ခွင့်ရရှိအောင် ကျင်းပိုင်ရှင်တွေဆီကနေဆင့် အကြောင်းကြားပြီး လုပ်သားတွေကို ပုံစံ ၃ (က) လာရောက် လျှောက်ခိုင်းထားကြောင်း အမှတ် ၃ ကျင်းဦးစီးမှူး စောဖလယ်ကော်က ပြောပါတယ်။ အမှတ် ၃ ကျင်းထဲက လုပ်ကွက်ပိုင်ရှင် ဦးမိုင်ကယ်ကတော့ သူ့မှာ လုပ်သား ၄ ဦးရှိပြီး ဖရူဆိုမြို့နယ်ကနေ လာရောက်လုပ်လုပ်ကိုင် တာဖြစ်လို့ ဖရူဆိုမှာပဲ မဲပြန်ပေးဖို့ဆန္ဒရှိပေမယ့် တဖက်မှာ ရောဂါအခြေအနေကြောင့် ပြန်လာမရမှာစိုးရိမ်တဲ့အတွက် ပုံစံ ၃ (က) ကို ဖြည့်ထားကြောင်းပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မြန်မာနိုင်ငံအတွင်းက ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးရဲ့ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးရအောင်မဲပေးခွင့်ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်တဲ့ သက်တမ်းကို ရွေးကောက် ပွဲနည်းဥပဒေမှာ ရက်ပေါင်း ၁၈၀ အစား တဝက်လျှော့ချပြီး ရက် ၉၀ ပြင်ဆင်ခဲ့ပါတယ်။ ဒီလို ပြင်ဆင်လိုက် တာဟာ ဒေသခံ တိုင်းရင်းသားတွေအတွက် များစွာ ထိခိုက်နစ်နာနိုင်တယ်ဆိုပြီး နိုင်ငံရေးပါတီတချို့က ဝေဖန်ထောက်ပြ ကန့်ကွက်တာ တွေ ရှိခဲ့ပါတယ်။ http://burmese.dvb.no/archives/416395

**************

၉။ ၂၀၂၀ ရွေးကောက်ပွဲ ရန်ကုန်ကရင်ရေးရာအတွက် ကရင်မဲဆန္ဒရှင်ဦးရေ ၅၅, ၀၀၀ ကျော်တိုးလာ
October 9, 2020

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ဦးရေမှာ ၂၃၀,၀၀၀ ကျော်ရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကာလ မဲဆန္ဒရှင်ဦးရေထက် ၅၅,၀၀၀ ကျော် တိုးလာကြောင်း သိရသည်။ ရွေးကောက်ပွဲကော်မရှင်၏ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထုတ်ပြန်ထားမှုများအရ ရန်ကုန်ကရင်ရေးရာ အတွက် မဲဆန္ဒရှင်ဦးရေမှာ ၁၈၀, ၀၀၀ ကျော်သာ ရှိသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကရင်မဲဆန္ဒ ရှင်ဦးရေမှာ အနည်းငယ်တိုးတက်လာခြင်းလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDမှ ရန်ကုန် ကရင်ရေးရာကိုယ်စားလှယ်လောင်း နော်စူစဲန်နာလှလှစိုးက “အနော် ကွင်းဆင်းတဲ့အချိန်မှာ တွံတေးက ကရင်လူမျိုးတွေဆို ကရင်စာရင်းမပေါက်တဲ့သူတွေ အများကြီးပဲ။ သူတို့ စာရင်းဇယားနဲ့ကို ပြုစုထားတယ်။ အဲဒါကို အနော်လဝကကို တင်ပြထားတယ်။ သူတို့အချိန်မှီ လုပ်ပေးနိုင်လား မနိုင်လားတော့ မပြောတတ်ဘူး ပေါ့နော်။ အခုအချိန်အထိ စာရင်းမပေါက်သေးဘူးဆိုရင်တော့ ဒီတစ် ခေါက်မဲ ပေးနိုင်ဖို့က မကျိန်းသေဘူးဖြစ်သွားတာပေါ့။ နောက်ပြီး ကွမ်းခြံကုန်းတို့ လှည်းကူးတို့လိုမှာတောင် မှတ်ပုံတင် မရှိတဲ့ကရင်လူမျိုးတွေအများကြီးဆိုတော့ ဒီစာရင်းက တိုးဖို့ပဲ ရှိတယ်။ လျော့ဖို့တော့မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်သူ့ပါတီ -KPP မှ ကရင်ရေးရာ ကိုယ်စားလှယ်လောင်းမန်းသန်းဝင်းဦးက “ ဒီရန်ကုန်တိုင်း အတိုင်း အတာအရ တော့ ၅ နှစ်အတွင်းမှာ ၁၈ နှစ်ပြည့်ပြီးသူတိုးလာတာ၊ ရွှေ့ပြောင်းလာသူတွေများလာတာ၊ နောက် တစ်ခုက ထူးခြားဖြစ်စဉ် ဖြစ်တဲ့ ကိုဗစ်အခြေအနေအပြင်ကို တိုင်းရင်းသားရေးရာနဲ့ပတ်သက်လို့ မဲပေးခွင့်အပေါ် ဖြေလျော့ပေးတာတွေ၊ မိမိလက်ရှိ နေထိုင်ရာနေရာမှာ ၃ လ နေထိုင်ရင်မဲပေးခွင့်ရှိတာတွေကြောင့်လို့ယူ ဆ တယ်”ဟု ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ထားမှုများအရ ကရင်မဲဆန္ဒရှင်ဦးရေမှာ ပြီးခဲ့သည့် ၅ နှစ်ကထက်တိုးတက် မှုရှိသော် လည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်အတွင်း နေထိုင်သူကရင်လူမျိုးများ အနေဖြင့် မှတ်ပုံတင်တွင် လူမျိုးအမည် မှားယွင်းနေမှုအများအပြား ရှိနေသေးသည်ဟုလည်း ကရင်စာပေ ယဉ်ကျေးမှု ကော်မတီ တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရသည်။ http://kicnews.org/2020/10/%e1%81%82%e1%81%80%e1%81%82%e1 %8

**************

၁၀။ ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက် ဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလွိုင်ကော်ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး အမှုမဖွင့်ပေးသေးဟုဆို
12 October 2020

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးခဲ့သည်ဟုဆိုကာ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌခွင့်ပြုချက်ဖြင့် ဖရူဆိုမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အောက်တိုဘာ ၁၀ ရက်တွင် လွိုင်ကော်ရဲစခန်း၌ တိုင်တန်းခဲ့ပြီးအမှုမဖွင့်ပေးသေးကြောင်း တရားလို၏ ပြောကြားချက်အရ သိရသည်။

ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် စက်တင်ဘာ ၈ ရက်တွင် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ခူးသဲရယ်က အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်းကောင်မရှင်၏ စက်တင်ဘာ ၃၀ ရက် အကြောင်းပြန်ကြားစာတွင် ယခုတိုင်ကြားမှုသည် ယခင်အခြားသူတစ်ဦးတိုင်ကြားခဲ့ သည့်ကိစ္စဖြစ်ကြောင်း၊ ထိုစဉ် ကကော်မရှင် အနေဖြင့် ဆုံးဖြတ်ထားရာတွင် တိုင်ကြားမှုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ စတုတ္ထအကြိမ်ပြင် ဆင်ပြဋ္ဌာန်းခြင်း မပြုမီကကိစ္စများဖြစ်ခြင်းကြောင့် ကော်မရှင် အနေဖြင့်အရေးယူဆောင်ရွက်ပေး၍မရ ကြောင်းနှင့် သက်ဆိုင် ရာဌာနမှ တည်ဆဲ ဥပဒေနှင့်အညီဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်းကို အကြောင်းပြန်ပြီးဖြစ်ကြောင်း၊ ယခုတိုင်တန်းမှုသည် ယခင်တိုင်တန်းမှုနှင့်အကြောင်းအရာတူဖြစ်နေခြင်း၊ သက်သေခံ ချက်အသစ်မရှိခြင်းတို့ကြောင့် ကော်မရှင် အနေဖြင့် စုံစမ်း စစ်ဆေးခွင့်မရှိကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ကော်မရှင်၏ အကြောင်းပြန်ကြားစာအရ တည်ဆဲဥပဒေနှင့်သာဆောင်ရွက်ရန် မှတ်ချက်ရှိသဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား တည်ဆဲဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက်ခွင့် ပြုရန် ကယားပြည်နယ်လွှတ်တာ်ဥက္ကဋ္ဌ တင်ပြခဲ့ရာကန့်ကွက်ရန်မရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန်ခွင့်ပြုသဖြင့် ယခုကဲ့သို့ အမှုဖွင့်လှစ်ပေးရန် တိုင်တန်းခြင်း ဖြစ်ကြောင်း ဦးသဲရယ်က ပြောကြားသည်။ လွိုင်ကော်မြို့မရဲစခန်းတွင် အောက်တို ဘာ ၁၀ ရက်က တိုင်ကြားသော်လည်း မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၄၁၄ တွင် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အား နှောင့်နှေးခြင်းမရှိ တိုင်ချက်ဖွင့်ရေး သားရန်နှင့် မည်သည့်သတင်းပေးမှုကိုမဆို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၅၄ အရချက် ချင်း တိုင်ချက်ဖွင့် ရေးသားရမည်ဟုပါရှိသော် လည်းမှတ်တမ်းစာအုပ်တွင် ရေးမှတ်ခြင်း မရှိသဖြင့် အခြေအနေအားသိလို ကြောင်း ဦးသဲရယ်က အောက်တိုဘာ ၁၂ ရက်တွင် ရဲစခန်းသို့ စာထပ်မံပေးပို့ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်က အရေးယူခြင်းမရှိနိုင်သည့်အခြေအနေ နောက်တွင် ကယားပြည်နယ်လွှတ် တော်၌ ဦးအယ်လ်ဖောင်းရှိုသည် စက်ယန္တရားများ ငှားရမ်းခရငွေများကိုသီးခြားရန်ပုံငွေတွင် ထားရှိအသုံးပြုခဲ့ခြင်းမှာ လွှတ်တော်က ၂၀၁၈ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် သော်လည်း ထိုစဉ်ကဘဏ္ဍာငွေများအသုံး ပြုခဲ့မှုသည် ဥပဒေနှင့် မညီ သုံးစွဲခဲ့ခြင်း၊ ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့်ရေလွှာ လျှောစီးလုပ်ငန်းစီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်၌ အဆိုအောင်မြင်ခဲ့သော်လည်း အဆိုပါမြေနေရာကိုစည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည် ပြောင်း၍ ပန်းခြံနှင့်ဆိုင်ခန်းများ တည်ဆောက်နေခြင်း စသည့်ဖြင့် စွပ်စွဲပြစ်တင်ကာ ရာထူးတာဝန်မှ ဖြုတ်ချခဲ့သည်။ ထို့နောက် ဦးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ထပ်မံတိုင်ကြား ခဲ့ခြင်းဖြစ်သည်။ https://news-

*************

၁၁။ မဲဆွယ်ကာလ စနစ်တကျဖြစ်ဖို့ အစိုးရကို UNA တိုက်တွန်း
October 12, 2020

ရခိုင်ပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆွယ်ကာလ တရားမဲ့ပြုကျင့်မှုတွေကို ဖော်ထုတ်အရေးယူပေးရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မိတ်မိတ်အဖွဲ့အစည်း ၁၀၀ ကျော်က အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်း ဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်လတောင် မလိုတော့ပေမယ့် အခုချိန်အထိ မဲပေးခွင့် ရရေး မရေမရာ ဖြစ်နေသူတွေကတော့ ရခိုင်၊ ချင်း၊ ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီရှိတဲ့ ဒေသခံတွေပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ စစ်ဘေးတိမ်းရှောင်နေရသူတွေ မဲပေးခွင့်ရအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို စီစဉ်တယ်ဆိုတာ မသိရသေးဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွှန့် က ပြောပါတယ်။ “ရွေးကောက်ပွဲဆိုတာက ပြည်သူတွေက မဲထည့်ရမှာ၊ စစ်ဘေးရှောင်နေရတယ်ပြုနေ ရတယ်ဆိုရင် စစ်ဘေးရှောင်နေတဲ့သူတွေ မဲထည့်လိုရအောင် ဘယ်လို့စီစဉ်မလည်းဆိုတဲ့ စီစဉ်သံလည်းမကြားရဘူး၊ အဲဒါ က လူ့အခွင့်ရေးဆုံးရှုံးတယ်၊ နိုင်ငံသားတစ်ဦး အခွင့်အရေးမဆုံးရှုံးရအောင် ကျနော်တို့က ပြောရခြင်းဖြစ်တယ်”ရှမ်း ပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက တပ်မတော်နဲ့ RCSS တို့ တိုက်ပွဲဆက်တိုက် ဖြစ်နေလို့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၂၅၀၀ ကျော်ရှိနေတာပါ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အအဖွဲ့ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီ ၁၃ ခုနဲ့ မိတ်ဖက်အအဖွဲ့ ၁၀၀ ကျော် ကလည်း အောက်တိုဘာ ၁၀ ရက်နေ့မှာ နိုင်ငံသားတိုင်း မဲပေးခွင့်ရရေးအတွက် ကြေညာချက်ထုတ် တောင်းဆိုထားပါ တယ်။ ကြေညာချက်ထဲမှာ ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့် အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ အမြဆုံးတွေ့ဆုံဆွေးနွေးဖို့ ပါဝင်သလို တိုင်းရင်းသားဒေသ အသီးသီးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ မဲပေးခွင့်မဆုံးရှုံးအောင် အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ် က နှစ်နဲ့ချီနေပြီဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သိန်း၂ သောင်းကျော်ဟာ နေရပ်မပြန်နိုင်သေးဘူးလို့ ဒုက္ခသည်ကူညီနေတဲ့ ဒေသအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းအရ သိရပါတယ်။ ဒီဒုက္ခသည်တွေမဲပေးခွင့် ဆုံးရှုံးမှာကိုလည်း UNA နဲ့ မိတ်ဖက်အဖွဲ့တွေက စိုးရိမ်နေပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ကြေညာချက်မှာတော့ UNA အဖွဲ့ဝင် ရှမ်း၊ ကချင်၊ ရခိုင်၊ ကရင် စတဲ့ တိုင်းရင်းသားပါတီတွေ အပါအဝင် ၁၃ ပါတီနဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB၊ ပေါင်းကူး၊ တို့မြေကွန်ရက်၊ Generation Wave စတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၃၄ ဖွဲ့ပါဝင်ပါတယ်။ https://w ww.r fa.org/burmese/news/2020-election-una-10122020060354.html

*************

၁၂။ ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်
October 10, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

(အောက်တိုဘာ ၉ )ရက် ည ၈နာရီ မှ ၉ နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ရာ အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ပြီး၊ အိမ်ခြေ ၃အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်တွင် SNLD ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နန်းအိမွန်အောင် (ခ) နန်းလောဝ်လောဝ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ အမျိုးသမီး ဗုံးစထိမှန်တာဟုတ်ပါတယ်။ နဖူးနဲ့ ဒူးနားထိပါတယ်။ ဒီမနက်တော့ ဆေးရုံသွားပြ ခဲ့တယ်။ ဆေးပဲ လိမ်းပြီး ပြန်လွှတ်တယ်။ ဓာတ်မှန်မရိုက်ပေးသေးဘူး” ဟု နန်းလောဝ်လောဝ် က ဆိုသည်။ ဗုံးစ ထိမှန်သည့် အမျိုးသမီးကို ကျောက်မဲဆေးရုံမှ တနင်္လာနေ့ပြန်လာပြရန် ရက်ချိန်းခဲ့ကြောင်း၊ ဓာတ်မှန်လည်း မရိုက်ပေးသည့် အတွက် ဗုံးစများအသား ထဲတွင် ရှိ၊မရှိ မသိရှိရသေးကြောင်းလည်း နန်းလောဝ်လောဝ် က ပြောသည်။

ယမန်နေ့ ပစ်ခတ်မှုဖြစ်သည့် ကျွဲကုန်းကျေးရွာသည် ကျောက်မဲမြို့ အဝင်လမ်းခွဲတွင်သာရှိပြီး၊ ပစ်ခတ်သည့် အသံသည် တဖက်သာပစ်ခတ်သည့် အသံများဖြစ်နေကြောင်း ကျွဲကုန်းကျေးရွာမှ ပြည်သူများက ပြောသည်။“ မနေ့က အသံအကျယ် ကြီးပဲ ဒီကလူတွေအသံကြားတာလဲ အိမ်ထဲမှာပဲ နေနေရတယ်”ဟု ကျွဲကုန်းဒေသခံ တဦး ကပြောသည်။ လက်ရှိ မှာလည်း ကျွဲကုန်းကျေးရွာအတွင်း တပ်မတော်မှ တပ်သားများ သွား၊လာ လှုပ်ရှားနေသဖြင့် ပြည်သူများအနေဖြင့်စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြောင်းလည်း သိရသည်။ ထိုစစ်ရေးသည် အောက်တိုဘာ ၂ ရက် မှ စတင်ကာ ယနေ့ချိန်ထိ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ်မတော်တို့တိုက်ပွဲ ပြင်းထန်နေဆဲ ဟုသိရ သည်။ ကျောက်မဲအတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် အတွင်းစစ်ဘေး ရှောင် ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ https://burme se.shannews.org/archives/18849

*************

၁၃။ လူမျိုးအမည်မှန်ရရှိရေးအတွက်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ဟုခမီအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီပြော
October 12, 2020

၂၀၂၀ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် အနာဂတ်တွင် လူမျိုးအမည်မှန်ဖြင့် ရပ်တည်နိုင် ရေးအတွက်ဖြစ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးအောင်အောင်က ပြောသည်။

လူမျိုးအမည်နှင့်ပတ်သက်၍ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကိစ္စများနှင့် ပတ်သက်၍ ထုတ်ပြန်ရာ၌ တစ်ကြိမ်နှင့် ယခုနှစ်အစောပိုင်းက နိုင်ငံတော်အဆင့် ပြဌာန်းလိုက်သည့် သတ္တမတန်း ပထဝီဝင်ဖတ်စာအုပ် တွင် တစ်ကြိမ် လူမျိုးအမည်အား ဖော်ပြရာတွင် “ခမွီး”ဟု မှားယွင်းစွာအသုံးပြုထားသည်။ ထိုသို့အသုံးပြုခြင်းကို လက်မခံ နိုင် ကြောင်း နှင့် လူမျိုးကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း မရှိသည့်အတွက် ဟု မှတ်ယူကာ မိမိလူမျိုးနေရာရရေးကို ကြိုးပမ်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကိုယ့်လူမျိုးနာမည်ကို မှန်မှန်ကန်ကန်နဲ့ ရပ်တည်နိုင်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အပြည့်ပါ။ အရင် ကနေပြီးတော့ ခမီလို့ ပြောတာကို “ခမွီး”ဆိုပြီး ခေါ်ကြတော့ ပြည်သူတွေရဲ့ ရင်ထဲမှာကော ကိုယ့်ရင်ထဲမှာပါ မခံချိ၊ မခံနိုင် ဖြစ်ရတယ်။ အော်… မသိကြလို့လား မသိဘူးဆိုပြီးတော့ ထိန်းထားရတယ်။ ၂၀၁၀ မှာ ပြိုင်တုန်းကလည်း မှန်မှန်ကန်ကန်။ (၂၀)၁၅ ကလည်း မှန်မှန်ကန် ကန်ပဲ။ အခု ၂၀၂၀ ကျတော့ ကော်မရှင်ရုံးက ကိုယ်တိုင် “ခမွီး”ဆိုတဲ့ အသုံးအနှုန်းကို သုံးလာတယ်။”ဟု ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးအောင်အောင်က ပြောသည်။ ခမီအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီသည် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ၊ မြောက်ဦးမြို့နယ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်နေရာနှင့် ဘူးသီးတောင် မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“အဓိက အောင်နိုင်ရေးမျှော်လင့်ချက်တစ်ခုတော့ရှိတယ်။ ကျောက်တော်မြို့နယ်မှာဆိုရင် ကျနော်တို့ ခမီလူမျိုးတွေ အားလုံး ကို တစုတစည်းတည်း ပေါင်းလိုက်ရင် ကျောက်တော်နယ်မှာ အောင်နိုင်တဲ့အနေအထားရှိတယ်။ ကျန်တဲ့နေရာမှာတော့ မျှော်လင့်ချက်မရှိဘူး။ ရပ်ရွာတွေက တစ်နေရာနဲ့ တစ်နေရာဝေးတယ်။ တစ်စုတစည်းတည်း မရှိဘူး။” ဦးအောင်အောင်က ပြောသည်။ ခမီအမျိုးသားတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ ခမီလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်တရားဝင်သတ်မှတ်ခြင်းခံထားရပြီး လက်ရှိတွင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူဦးရေတစ်သိန်းကျော် ဖြန့်ကျက်နေထိုင်လျှက်ရှိကြောင်း ဗဟိုကော်မတီဝင် ဦးအောင်အောင်က ဆိုသည်။ https://www.bnionline. net/mm/news-76193

*************

၁၄။ ရေးမြို့ပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချရေး လှုပ်ရှားမှုပြုလုပ်
October 10, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားနေသည့် ကာလအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု များပြားလာသဖြင့် လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး လှုပ်ရှားမှုတစ်ရပ်ကို ရေးမြို့အခြေစိုက် မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ MACDO က အောက်တိုဘာလ (၆) ရက်နေ့မှစ၍ ၃ ရက်ကြာလှုပ်ရှားခဲ့သည်။

မူးယစ်းဆေးဝါး တားဆီးနှိမ်နှင်းရေးတွင် ဝိုင်းဝန်းကူညီပေးရန်၊ ကပ်ရောဂါဖြစ်ပွားအချိန် အခွင့်ကောင်းယူပြီး မူယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှုများအား သက်ဆိုင်ရာသို့ သတင်းပေးရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း MACDO ဒါရိုက်တာ မိမာလာမွန် (မိဖြူ)က ပြောသည်။“ကပ်ရောဂါဖြစ်ပွားနေတာကြောင့် ဒီလှုပ်ရှားမှုကို ကျမတို့ လူအင်အားက (၂၀) ဝန်းကျင် လောက်ပဲရှိတယ်။ ဖာလိန်ဒေသက မွန်လူငယ်တွေနဲ့ ပူးပေါင်းပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်၊ လှုပ်ရှားမှု (၃) ရက် တာအတွင်းမှာ (၄) နေရာရောက်ခဲ့တယ်။ ရေးမြို့ ပေါ်က အောင်ရပ်ကွက် (၃) ရပ်ကွက်၊ ဈေးကြီး၊ ရွှေဆံတော်ဘုရားရှေ့ နဲ့ အဏ္ဏဝါရပ်ကွက်မှာ ဖြစ်တယ်" ဟု မိမာလာမွန် ဆက်ပြောသည်။

အောင်သုခဈေးဆိုင်ရှင် နိုင်အောင်ဇော်မိုး (နာဲအးစရာဲ) က “ဒီလှုပ်ရှားမှု ပြုလုပ်ရာမှာ အရမ်းကိုကောင်းပါတယ်၊ ဒါမယ့် ထိရောက်မှုမရှိဘူးလို့ မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့နေရာမှာ ဖတ်မယ့်သူနည်းနေတယ် ဖတ်တဲ့သူတွေကလည်း လေးလေးနက်နက်မရှိဘူးလို့ မြင်တယ်၊ အရင်နှစ်ကဆို နယ်တွေသွားပြီး သင်တန်းတွေပို့ချတာမျိုး ရှိတယ်၊ အခုတော့ ကိုဗစ်ရောဂါကြောင့်လဲ ဖြစ်နိုင်တယ်၊ အကယ်၍ ဗီဒီယိုကလစ်တစ်ခု ပြုလုပ်ပြီး မူးယစ်ဆေးဝါးစွဲလန်းသူ တွေကို ဆိုးကျိုး ဘယ်လိုဖြစ်နိုင်တာတွေ၊ မိဘတွေကြည့်နိုင်ရင် ပိုပြီးသတိပြုလာကြမှာ ဖြစ်တယ်၊ နောက်ပြီး သူတို့ Facebook စာမျက်နှာပေါ် တင်ပြီး ကြည့်သူရော၊ မျှဝေသူလည်း များမယ်လို့ ထင်တယ်” ဟု သုံးသပ်ပြောကြားသည်။ http://burmese.monnews.org/2020/10/10/%e1%80%9b%e1%80%b1%e1%80%b8%e1%80%99%e1%

*************

၁၅။ မြောက်ဦးခရိုင်ရုံးမှ ပျောက်ဆုံးနေသည့် လဝကဝန်ထမ်းတစ်ဦးအား သေဆုံးလျက်တွေ့ရှိ
October 12, 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်(လဝက)ရုံးမှ အမှုတွဲထိန်းဝန်ထမ်းတစ်ဦး ပျောက်ဆုံးနေရာ အောက်တိုဘာ ၉ ရက် မွန်းလွဲ ပိုင်းအချိန်က သေဆုံးလျှက်တွေ့ရှိကြောင်း သိရသည်။

၎င်းသည် မင်းပြားမြို့နယ်၊ ဥက္ကာပျံရပ်ကွက်မှ အသက်(၃၈)နှစ် အရွယ် ကိုကျော်လင်းခိုင်ဖြစ်ပြီး အောက်တိုဘာ ၇ ရက် နေ့လည် ၁၁ နာရီခန့်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း အမည် မဖော်လိုသည့် လဝကဝန်ထမ်း တစ်ဦးက DMG သို့ ပြောသည်။“မနေ့က သူမိန်းမက ကျွန်တော့်ဆီဖုန်းဆက်တယ်။ မင်းပြား ကိုမရောက်ဘူးလို့ ပြောတယ်။ အဲဒီအချိန် ပျောက်နေ တယ်လို့သိရတာ။ လိုက်ရှာကြည့်တော့ ဗားမဲ့၊ ဗားကရားဂူနားက တောထဲမှာကြိုတွဲချပြီးတော့ သေနေတာကို တွေ့ရတယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါဝန်ထမ်းသည် မိမိကိုယ်ကို သေကြောင်းကြံစည်သွားခြင်းမဟုတ်ဘဲ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင် က သုံးသပ်ပြောဆိုနေကြသည်။ လက်ရှိမှာ သေဆုံးသူအား မင်းပြားမြို့တွင် သင်္ဂြိုလ်ခဲ့ပြီး မည်သို့သေဆုံးသွားသည်ကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ ထိုကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြောက်ဦးရဲစခန်းကို DMG က ဆက်သွယ်ခဲ့ သော်လည်း ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။ https://www.bnionline.net/mm/news-76196

*************

၁၆။ ကျောက်မဲတွင် တိုက်ပွဲများဖြစ်နေသော်လည်း ရွေးကောက်ပွဲ ကျင်းပရန်ပြင်ထား
12 October 2020

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားထားသော်လည်း တမြို့နယ်လုံး ရွေး ကောက်ပွဲကို ကျင်းပနိုင်ရန်သာ စီစဉ်ထားသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အတွင်း ရေးမှူး ဦးနှစ်ဆန်းဦးက ဧရာဝတီကို ပြောသည်။

ကျောက်မဲမြို့နယ်တွင် အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး ပုံဝိုးကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၂၅၀၀ ခန့်မှာ နေ့ရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရသဖြင့် ပဋိပက္ခဖြစ်သည့် နယ်မြေများကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲတွင် ချန်လှပ်ခံခဲ့ရ မည်ကို ကိုယ်စားလှယ်လောင်းများက စိုးရိမ်နေကြသည်။ ဦးနှစ်ဆန်းဦးက “ကျနော်တို့ လက်ရှိ တင်ထားတာက တန့်ယန်းမှာ ကျေးရွာအုပ်စု ၉ စု၊ ကုန်းကြမ်းမှာ ကျေးရွာအုပ်စု ၁ အုပ်စု၊ မန်တုံမှာ၂ အုပ်စု ရှိပါတယ်။ အဲဒါတွေကတော့ အတည်မပြု နိုင်သေးပါဘူး။ ကျောက်မဲကတော့ မပါသေးပါဘူး။ ကျောက်မဲက အကုန်လုံး ကျင်းပနိုင်တယ်လို့ ကျနော်တို့ ပေးထားပါတယ်” ဟု ပြောသည်။

ကျောက်မဲမြို့နယ်တွင်း အောက်တိုဘာ ပထမပတ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တိုက်ပွဲ ဖြစ်သည့် ဧရိယာများ အပါအဝင် မြို့နယ် တခုလုံးကို ရွေးကောက်ပွဲ ကျင်းပနိုင်သည့် စာရင်းတွင်သာ ထည့်ထားပြီး ရွေးကောက်ပွဲ ကျင်းပမည့် ရက်အနီးတွင် နယ်မြေလုံခြုံရေး တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင်များက မလုံခြုံ ကြောင်း တင်ပြလာပါက ထိုအချိန်မှသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိမရှိကို ထပ်မံ ဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျောက်မဲမြို့နယ် တွင် အောက်တိုဘာ ၁၁ ရက်မှ စ၍ ပစ်ခတ် တိုက်ခိုက်မှုများ မရှိတော့ပါဟု ပြောသည်။

SNLD မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်ကလည်း “အတတ်နိုင်ဆုံးကတော့ ထိုးစစ်မဆင်ကြ ဘဲ ငြိမ်းချမ်းရေး စကား ပြောစေချင်တယ်။ စစ်ပွဲ မဖြစ်တာ အကောင်းဆုံးပါပဲ။ အရင်တုန်းက ဖြစ်လာတဲ့ ပြဿနာတွေ အခု ချိန်မှာ မကျေနပ်ရင်လည်း ဆက်မဖြစ်ဖို့ ကျနော်တို့ကတော့ အနူးအညွတ် တောင်းပန်ချင်ပါတယ်။ စစ်ပွဲ မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ” ဟု ဆိုသည်။ တပ်မတော်နှင့် RCSS သည် ပဏာမအပစ်ရပ်ရေးဆိုင်ရာ သဘောတူညီချက် ၁ စောင်နှင့် ပြည်ထောင်စုအဆင့် သဘော တူညီချက်၂ စောင်တို့ကို လက်မှတ် ရေးထိုးထားသည့်အပြင်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။ https://burma.irrawaddy.com/news/2020/10/12/231464.html

*************

၁၇။ ပုဏ္ဏားကျွန်းတွင် စားဝတ်နေရေးအတွက် ၀ ဥရှာသူ အမျိုးသမီး ၃ ဦး မိုင်းထိပြီး အသက် ၁၉ နှစ်အရွယ် မစန်းစန်းအေး သေဆုံး
October 10, 2020

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာအနီးရှိ တောထဲသို့ ဝဥရှာဖွေရန် သွားရောက်စဉ် အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ယနေ့ နေ့လည် ၁နာရီဝန်းကျင်က မိုင်းထိသေဆုံးသွားကြောင်း ရခိုင်ပြည်နယ်မှ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။ “ မိုင်းထိတယ်လို့ပြောတယ်။ ဒီနေ့ မွန်းလွဲ ၁နာရီလောက်က ဗန်းဗွီးကျေးရွာမှာ နေထိုင်တဲ့ အမျိုးသမီးငယ်တစ်ဦးပေါ့။ သူတို့က တောထဲကိုသွားတာ မိုင်းထိတာပေါ့။ မိုင်းထိတဲ့သူကတော့ သေဆုံးသွားတယ်လို့ ဒေသခံတွေပြောဆိုချက်အရတော့သိရတယ်” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးငယ်အမည်မှာ မစန်းစန်းအေးဖြစ်ပြီး ဆင်းရဲနွမ်းပါးသောကြောင့် ကျောင်းမနေနိုင်ဘဲ တောထဲ တွင် မိသားစု စားရေးသောက်ရေးအတွက် ဝဥသွားရောက်ရှာဖွေစဉ် မိုင်းထိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။“ဗန်းဗွီးကျေးရွာရဲ့ အနောက်ဘက်မှာ သူတို့ကဆင်းရဲတော့ ဝဥသွားတူးတာပေါ့။ အားလုံးပေါင်း ၆ ယောက်ပေါ့။ အမျိုးသမီး ၄ ယောက် အမျိုးသား ၂ ယောက်ပေါ့။ မိုင်းထိတာက မစန်းစန်းအေး အသက်က ၁၉ နှစ်ပေါ့။ ကျန်တဲ့သူ ၂ ယောက်တော့ ဒဏ်ရာရတယ်။ မလပြည့်မ အသက် ၂၂နှစ် နဲ့ မထွီး အသက် ၂၅ နှစ်ပေါ့။ သူတို့တော့ နှစ်ယောက်က နည်းနည်းလေးပဲထိတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး။ မိုင်းထိတဲ့ မစန်းစန်းအေးကတော့ သူ့သူငယ်ချင်းတွေက ထမ်းပြီးတော့ ရွာကိုပြန်အပို့မှာ ရွာမရောက်ခင်လမ်းမှာ သူကအသက်ဆုံးသွားတာပေါ့။ နေ့လည် ၁ နာရီဝန်းကျင်လောက် တော့ရှိမယ် ဖြစ်စဉ်ဖြစ်တာကတော့ အသက်ဆုံးရှုံးသွားတဲ့ ကလေးမလေးကတော့ ကျောင်းတော့မနေတော့ဘူး။ ဆင်းရဲ တယ်ဆိုတော့ ကျောင်းမထားနိုင်ဘူးလေ”ဟု ဗန်းဗွီးကျေးရွာ သားတစ်ဦးကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်တော် (AA) တို့ကြား လက်ရှိချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် အရပ်သားသေဆုံးမှုများ အပါအဝင် ယခုကဲ့သို့ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူခြင်းမရှိ သော ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးဒဏ်ရာရသည့် ဖြစ်စဉ်များလည်း မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိရသည်။ https://www.khitthitne ws.com/2020/10/%e1%80%95%e1%80%af%e1%80%8f%e1%80%b9%e1%80%

*************

၁၈။ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်ပါတီ ဆိုင်းပုဒ်ဖျက်ဆီးခံရ
October 09, 2020

ကယားပြည်နယ် ဘောလခဲမြို့ နန်းဖဲသာယာကုန်းရပ်ကွက်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP ) ဆိုင်းပုဒ် ဖျက်ဆီးခံရတယ်လို့သိရပါတယ်။

KySDP အနေနဲ့ ပါတီဆိုင်းပုဒ်ဖျက်စီးခံရတာ ပထမဆုံးဖြစ်ပြီးတော့ ဒါဟာ ပါတီကြီးတွေက ပါတီငယ်တွေကို နှောက်ယှက် တာဖြစ်တယ်လို့ KySDP အတွင်းရေးမှူးလည်းဖြစ် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်တဲ့ ဦးသဲရယ်က ပြောပါတယ်။“ကျနော်တို့သုံးသပ်မိသလောက်က ပါတီကြီးတွေက ပါတီငယ်တွေကို လိုက်ပြီးနှောက်ယှက်တာလို့ ကျနော် တို့ မြင်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ရှိကြတာကို အားလုံးလက်ခံနိုင်ဖို့ လိုတယ်။ အခုဟာက ဒီပါတီ ကမ ရှိရဘူး။ ငါတို့ဘဲရှိရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆိုလို့ရှိရင်တော့ တကယ်လို့ အစိုးရဖြစ်လာ တဲ့တစ်နေ့ ကျရင်တော့ ဘယ်လို လုပ်ကြမလဲ။ ဒါကလဲ အာဏာရှင်ဆန်တုန်းပါဘဲ။ ” လို့ ပြောပါတယ်။ ဖျက်စီးခံရတဲ့ဆိုင်ပုဒ်အနီးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ( NDF ) နဲ့ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ( NLD ) ဆိုင်းပုဒ်တို့ရှိပါတယ်။ ဖျက်ဆီးတဲ့ သူက စိတ်မနှံ့ဆို ပေမယ့် ယုံဖို့ခက်တယ်လို့ ဦးသဲရယ်ကပြောပါတယ်။ ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ထံတင်ပြ သွားမယ်လို့လည်း သူက ပြောပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ လက်ရှိ ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်တဲ့ ဦးစိုးသိန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကနေ ဝင်ပြိုင်မည့်မဲဆန္ဒနယ်မြေလည်းဖြစ်ပြီး တခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ တစ်သီးပုဂ္ဂလတို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။ လက်ရှိမှာ ဘောလခဲမြို့နယ်အတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီး ၂၀၁၅ ရွေးကောက် ပွဲမှာ မဲဆန္ဒနယ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ၁နေရာ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာတို့မှာ အနိုင်ရရှိခဲ့ကြတဲ့မြို့နယ်ဖြစ်ပါတယ်။ https://www.bnionline.net/mm/news-76160

*************

၁၉။ ကိုဗစ် ရောဂါကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက စမ်းမြို့ရက်ကွက်အား Stay at Home မှ ပယ်ဖျက်သွားမည်
October 12, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများပြားလာမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ထားသည့် ကလေးမြို့ စမ်းမြို့ ရက်ကွက်အား ရောဂါပိုး ကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက Stay at Home ဒေသမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိ ရသည်။“စမ်းမြို့ကို Stay at Home အဖြစ် ၁၄ ရက်သတ်မှတ်ထားတာပေါ့၊ ဒီနေ့က ၁၁ ရက်ရှိသွားပြီဆိုတော့ မနက်က လုပ်တဲ့အစည်းအဝေးမှာ စမ်းမြို့ရက်ကွက်ကို ဒီရက်ပိုင်းအတွင်း ပိုးထပ်တွေ့တာမရှိရင် Stay at Home ကနေ ပြန်ဖျက်ပေး ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့၊ မနေ့က တစ်ယောက်ထပ်တွေ့ပေမယ့် သူက စမ်းမြို့ရပ်ကွက်ကမဟုတ်ဘူး ရန်ကုန်ကနေလာတဲ့ ကားသမားပေါ့” ဟု ကလေးခရိုင်ပြန်ဆက်ရုံးမှ ဉီးစီးမှူး ဉီးညီဇော်ကပြောသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်မြို့မှ ပြန်လာသည့်အမျိုးသမီးငယ်တစ်ဉီးထံမှ တစ်ဆင့် စမ်းမြို့ရပ်ကွက်တွင် အယောက် ၂၀ ကျော် ပိုးတွေ့လူနာတွေ့ရှိခဲ့မှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ကစ၍ စမ်းမြို့ရပ်ကွက်တစ်ခုလုံးကို Stay at Home အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၈ ရက်နေ့က ကလေးမြို့နယ်မှ ပြန်လည်ထွက်ခွာမည့် အရေး ကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၅) ဦး ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ကိုဗစ် – ၁၉ ရောဂါပိုး ရှိ မရှိ Test kit ဖြင့် စစ်ဆေးရာမှ High Class ဂိတ်မှ ယာဉ်နောက်လိုက်တစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ပြီး Close Contact ၁၃ ဉီးအား ကွာရင်တင်းဝင်ခိုင်း ထားကြောင်းသိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ (၂၈) ဦးထိရှိခဲ့ပြီး (၁၁ ) ဦးမှာ ဆေးရုံမှ ဆင်းသွားပြီး ဖြစ်၍ ယခုလက်ရှိတွင် (၁၇) ဦးမှာ ကုသမှုခံယူလျှက်ရှိသည်။ https://www.bnionline.net/mm/news-76176

**************

၂၀။ မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါး
October 13, 2020

ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြောင့် မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသက ပြည်သူ တွေ မှာ မဲစာရင်းကြည့်ဖို့နဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့ စိတ်ပါဝင်စားမှုနည်းပါး နေကြတာပါ။ အဆိုပါ ဒေသခံတွေကို သက်ဆိုင်ရာ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု နည်းပါးတာကြောင့် ဒေသခံလူမှုရေးအဖွဲ့တွေက ကို့အစီအစဉ်နဲ့ကို ရွေးကောက်ပွဲအသိပညာပေးမှုတွေ ဆောင်ရွက်နေရပါတယ်။

“ရပ်ကျေးကော်မရှင်ရုံးခွဲတွေမှာ ကပ်ထားပေမယ့် လာကြည့်တဲ့သူက တော်တော်ကိုနည်းတယ်။ ရွာသူရွာသားအများစုက ရွေးကောက်ပွဲကို တစ်ကြိမ်လောက်ပဲ နဖူးတွေ့ ဒူးတွေ့တွေ့ဖူးကြတာ။ကိုယ့်စားဝတ်နေရေးကိုယ် ရှုပ်နေတာတစ်ကြောင်း ဒီဟာနဲ့ ပတ်သက်ပြီး လိုက်လံနှိုးဆော်တဲ့သူ မရှိတာက တစ်ကြောင်းပေါ့။ ကော်မရှင်ကတော့ အဆောက်အဦးတွေ ကျောင်း တွေမှာ ဒီအတိုင်းပဲကပ်ထားလိုက်တာပဲ လိုက်လံနှိုးဆော်တာ မရှိဘူး”လို့ ရေးမြောက်ပိုင်းကျေးရွာတွေမှာ အသိပညာပေး ဆောင်ရွက်နေသူ ကိုစောအောင်ရွှေဝင်းက ပြောပါတယ်။ ဒီဒေသခံတွေကိုတော့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ အသိပညာပေးမှုထက် မဲဆွယ်စည်းရုံးရေးတွေကိုသာ ဦးစားပေး ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ ရေးအရှေ့ပိုင်း ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ အနီးစပ်ဆုံး မဲရုံမှာ ဆန္ဒမဲလာထည့်ဖို့ မိုင် ၃၀ ကျော်ခန့်ခရီးကို တစ်နေကုန်လာရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံတွေ ဆန္ဒမဲပေးနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ကော်မရှင်တို့က သွားလာရေးအဆင်ပြေအောင် စီစဉ်ပေးရင် မဲပေးမယ့်သူ တိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပါတီတွေက သူတို့အောင်နိုင်ရေးအတွက် ကြိုပို့ အစီအစဉ် တွေ လုပ်မယ်လို့ ကြားမိတယ်။ ပါတီဖြစ်ဖြစ် ကော်မရှင်ဖြစ်ဖြစ် ကြိုပို့လုပ်ပေးရင် မဲပေးသူက ၂၀၁၅ ထက် ပိုများလာ မယ်ထင်တယ်”လို့ ကံလှကျေးရွာဒေသခံ ကိုကျော်မျိုးထူးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒီဒေသ က မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ ထက်ဝက်ခန့်သာ ဆန္ဒမဲလာပေးခဲ့ကြတာပါ။ လာမယ့်ရွေးကောက်ပွဲမှာတော့ ရေးမြို့နယ် အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၂ သိန်းကျော်ရှိ ပါတယ်။ https://www.bnionline.net/mm/news-76218

*************

၂၁။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို အမြန်ဆုံးကြေငြာပေးရန် တောင်းဆို
October 13, 2020

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အ နေဖြင့် အမြန်ဆုံးကြေငြာပေးရန် လိုအပ်ကြောင်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကပြောသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို UEC အနေဖြင့် လက်ရှိအချိန်ထိ ကြေငြာခြင်းမရှိသည့်အတွက် အဆိုပါ မကျင်းပနိုင်သည့်မြို့နယ်များကို အမြန်ဆုံးကြေငြာပေးရန်လိုအပ်ကြောင်း ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဒေါ်ခင်စောဝေက ပြောသည်။“အခုဆိုရင် ကိုဗစ်ကြောင့် သွားလာရေး တော်တော်ခက်ခဲတာတွေရှိတယ်။ ပြီးရင် ဗီနိုင်းတွေ၊ ပန်းဖလက်တွေ၊ လုပ်ရတဲ့အခါကျတော့ ငွေရေးကြေးရေးကလည်း တော်တော်အကုန်ကျခံထားပြီးပြီဖြစ်တယ်။ ဥပဒေကြောင်းအရ ရွေးကောက်ပွဲမရှိဘူးဆိုရင်တော့ ကျမတို့စောဒကတက်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် အမြန်ဆုံး သိချင်နေတယ်။ ရွေးကောက်ပွဲနီးမှ သိရမယ်ဆိုရင် ကျမတို့လုပ်ထားတဲ့ လူပင်ပန်း ခံထားတာ၊ အချိန်ကုန်ခံထားတာတွေက အလာဟသအချည်းနှီးဖြစ်သွားမယ်”ဟု ၎င်းကပြောသည်။ ရခိုင်ပြည်နယ် မှ မြို့နယ်တချို့တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များ ရှိနေပြီး အဆိုပါ မကျင်းပနိုင် သည့်မြို့နယ်များကို အောက်တိုဘာလအတွင်းတွင်ကြေငြာသွားမည်ဟု UEC မှ ပြောဆိုထားသော်လည်း ယခုအချိန်ထိ ကြေငြာခြင်းမရှိသည့် အတွက် အမြန်ဆုံးကြေငြာပေးရန် လိုလားနေ ကြခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်အမှတ်(၂) နေရာမှလွဲ၍ ကျန်မြို့နယ်များအားလုံးတွင် နေရာစုံဝင်ရောက်ယှဉ်ပြိုင်သွားမည့် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့်လည်း ရွေးကောက်ပွဲမကျင်းပနိုင်မည့်မြို့နယ်များ ကို မကြေငြာသေးသည့်အပေါ် စိုးရိမ်မိကြောင်း ယင်းပါတီ အတွင်းရေးမှူး(၁) ဦးအောင်မြကျော်ကဆိုသည်။ ဤသို့ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကြေငြာမည့် နေ့ရက်ကိုသိရှိနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ လက်ရှိအချိန်ထိ တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ ထိတွေ့မှုများ မကြာခဏဖြစ်ပွားနေလျက်ရှိသည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေခြင်း ကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအား ၎င်းဒေသများတွင် ကျင်းပရန်ရှိ၊ မရှိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိကြောင်း အများပြည်သူက သုံးသပ်လျက် ရှိသည်။ https://www.bnionline.net/mm/news-76208

***************

၂၂။ ရခိုင်အရေး ICC လွှဲပေးဖို့ လုံခြုံရေးကောင်စီကို AI တောင်းဆို
October 12, 2020

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ကျေးရွာတွေကို မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်နေတဲ့အတွက် အရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်မြင်သက်သေတွေ ဂြိုလ်တုက ရရှိတဲ့ ဓါတ်ပုံတွေကို ကိုးကားပြီး ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ မြန်မာ့တပ်မတော်ဟာ အရပ်သားတွေရဲ့ ဒုက္ခဆင်းရဲတွေကို လုံးဝဥပက္ခာပြုထားတယ်လို့ AI ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ကြား ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာနေပြီး အရပ်သားတွေ ပိုမိုထိခိုက်နစ်နာနေတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ကို လွှဲပြောင်းပြီး အရေးယူသင့်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားတွေ သေကြေဒဏ်ရာရနေကြကြောင်း အဲဒီမြေမြှုပ်မိုင်းတွေကို AA ရော မြန်မာ့တပ်မတော်ကရော သုံးစွဲနေကြောင်းလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ https://www.rfa.org/burmese/news/ai-urges-icc-10122020091034.html

***************

၂၃။ ရခိုင်ပြည်နယ်တွင် မတရားမှု အမှောင်ကျရောက်နေမှု ဖယ်ရှားရေး မကောင်းဆိုးဝါး နှင်သည့် စံဂိုးခတ်လှုပ်ရှားမှု လုပ်ဆောင်
October 12, 2020

ရခိုင်ပြည်နယ်အပေါ် အမှောင်ကျရောက်နေမှုကို ဖယ်ရှားရေးအတွက် မကောင်းဆိုးဝါးနှင်သည့် စံဂိုးခတ်လှုပ်ရှားမှုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်၍ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယမန်နေ့ညက လုပ်ဆောင်ခဲ့ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောဆိုသည်။ ရခိုင်ပြည်နယ်တစ်ဝန်း လုံးတွင် ရခိုင်ရိုးရာဓလေ့ စကောများကို ရိုက်တီး၍ မကောင်းဆိုးဝါးနှင်သည့် လှုပ်ရှားမှုကို ယမန်နေ့က လုပ်ဆောင်ခဲ့ ကြောင်း၊ အဓိက အားဖြင့် ရခိုင်ပြည်အပေါ် အမှောင်ကျရောက်နေမှုနှင့် မတရားလုပ်ဆောင်မှုများ အဆုံးသတ်ရေးဖြစ် ကြောင်း၊ ရခိုင်ပြည်သူများ အားလုံးပူးပေါင်းပါဝင်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

“စံဂိုးခတ်ဆိုတာက ရခိုင်လိုဆိုရင် သူက စကောရိုက်ပြီး မကောင်းဆိုးဝါးနှင်တာပေါ့။ ရခိုင်ရိုးရာမှာ အဲဒါကို ကျနော်တို့ လုပ်ဆောင်တာပါ။ ရခိုင်တစ်ပြည်နယ်လုံး မနေ့က ပါဝင်ကြပါတယ်။ အခု တောက်လျှောက် မနေ့ညက လှုပ်ရှားမှုကို ပါဝင်တဲ့ သတင်းတွေ ဝင်လာနေပါတယ်။ သံတွဲနဲ့ ဂွကတော့ သတင်းမရသေးဘူးပေါ့။ ၁၇ မြို့နယ်မှာ ကျန်တာတွေ အားလုံးက ပါဝင်ကြတယ်။ ပြည်ပ ရောက် ရခိုင်တွေကလည်း ဒီလှုပ်ရှားမှုမှာပါဝင်ပါတယ်။ အဓိကက ကျနော်တို့ ရခိုင်တွေအပေါ်မှာ

မကောင်းဆိုးဝါးကျရောက်နေတဲ့အတွက် ဒီမကောင်းဆိုးဝါးတွေကို နှင်ထုတ်တာပါ။ မနေ့ညက ရခိုင်ပြည်သူတွေက ည ၈ နာရီ ၄၀ လောက်မှာ စတယ်။ ကျနော်တို့က ည ၉ နာရီ လောက်ကနေ ၉ နာရီ ၂၀ မှာပါဝင်ပါတယ်။ ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ဦးဆောင်တာပါ။ တချို့တွေကလည်း ဒီလို စကောတွေပေါ်မှာ စစ်ပွဲ ရပ်တန့်ရေး”ဟု ကိုကျော်နိုင်ဌေးက ဆို သည်။ အချို့သော ရခိုင်ပြည်သူများက စကောများပေါ်တွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ကြွေးကြော်သံများကို ရေးထိုး၍ မကောင်းဆိုးဝါးနှင်ကြသည်ဟု သိရှိရသည်။

စံဂိုးခတ်လှုပ်ရှားမှုကို အမျိုးသားရေးလှုပ်ရှားမှုပုံစံဖြင့် ထပ်မံ လုပ်ဆောင်သွားရန်ရှိပြီး မည်သည့်အချိန်တွင် ထပ်မံလုပ် ဆောင်မည်ကိုမူ မသိရှိသေးကြောင်း၊ ရခိုင်ပြည်နယ်တွင် ထပ်မံ ကြုံလာရမည့် အခြေအနေများအပေါ်တွင်မူတည်ကြောင်း ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။ https://www.khitthitnews.com/2020/10/%e1%80%9b%e 1%80%81%e1%80% ad%e1%80% af%e1%80%

**************

၂၄။ တပ်မတော် အရာရှိ ၅၀ ကျော် နယ်ခြားစောင့် ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ တာဝန် ထမ်းမည်
10 October 2020

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် အဖွဲ့ အစည်းများနှင့် ရင်ဆိုင်နေရသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကို အင်အား တောင့်တင်း စေရန် တပ်မတော်မှ အရာရှိကြီး ၅၁ ဦး ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် မည် ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာနက တပ်မ တော် အရာရှိများ ရဲတပ်ဖွဲ့ သို့ ပြောင်းရွေ့ မည့် သတင်း အပေါ် အတည်ပြုစဉ် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အ ထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသစ် ထပ်မံ ဖွဲ့ စည်းမည့် နယ်ခြားစောင့် ရဲတပ်ရင်း ၂ ရင်းတွင် ယင်းတပ်မတော် အရာရှိများ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ရင်း သဘောသဘာဝသည် နယ်မြေရဲ၊ မှုခင်းရဲ သဘော သဘာဝက မတူကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။“လိုအပ်ချက်အရ ဒုတိယ ဗိုလ်မှူးကြီးကနေပြီး တော့ ဗိုလ်ကြီးအဆင့် ကပ္ပတိန် Level အထိပေါ့။ ၅၁ ယောက် ရှိပါတယ်။ ကျန်တဲ့ အဖွဲ့ တွေကတော့ ရဲသန္ဓေတွေနဲ့ စုဖွဲ့ မှာ ဖြစ်ပါတယ်။ အဲဒီမှာ နယ်ခြားစောင့် တပ်ဖွဲ့မှာ လိုအပ်ချက်အရ ရွေ့ပြောင်းတာ ဖြစ်ပါတယ်။ ကက်ဘိနက်(အစိုးရအဖွဲ့)ရဲ့ ခွင့်ပြုချက်လည်း ပြီးသွားပါပြီ”ဟု ဦးဇော်ဌေးက ပြောသည်။ ၎င်းက ဆက်၍ “ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတွေက ARSA ၊ AA တို့လို အကြမ်းဖက် အဖွဲ့ တွေနဲ့ ရင်ဆိုင်နေရတာ။ တိုက်ခိုက်ရေးကို ဦးစားပေးတဲ့ အဖွဲ့ တွေ ဖြစ်တယ်”ဟု ပြောသည်။

ယင်းရွေ့ ပြောင်းလာသူ တပ်မတော် အရာရှိများသည့် ရဲတပ်ဖွဲ့ ဘက်သို့ သတင်းပို့နိုင်ခြင်း မရှိသေးသော်လည်း စစ်ရာထူး ခန့်ချုပ်ရုံးမှ ပြောင်းရွေ့ မိန့် ထွက်သွားပြီ ဖြစ်ကြောင်း၊ ရာထူးပြောင်းရွေ့လာသည့်အခါ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သည် ရဲဘက်သို့ ရောက်သည့်အခါ ဒုတိယ ရဲမှူးကြီး အဖြစ် အဆင့်တူ ပြောင်းရွေ့တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။ အစိုးရဘက်က အကူအညီတောင်းခံသဖြင့် တပ်မတော်ဘက်မှ အရာရှိ၊ အခြားအဆင့် တပ်မတော်သားများကို စိစစ် ရွေး ချယ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ အခါအားလျော်စွာ စေလွှတ်ပေးနေသည်မှာ ကြာပြီဖြစ် ကြောင်း၊ လုံခြုံရေး၊ စစ်ဆင်ရေး ကိစ္စရပ်များတွင် အတွေ့ အကြုံ ရှိသူများကို စေလွှတ်ပေးလျက်ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ https://burma.irrawaddy.com/news/202 0/10/10/231 378.html

***************

၂၅။ ထိုင်းဘက်ခြမ်းမှ မြန်မာကားများအား ဝင်ရောက်ခွင့် မပြုသဖြင့် မြန်မာဘက်မှ တန်ပြန်ပိတ်ဆို့မှု ဖြစ်ပွား
October 11, 2020

ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)တံတားမှတဆင့် ကုန်သွယ်မှု ပြုလုပ်နေသည့် မြန်မာကား များအား ယနေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းက ထိုင်းဘက်ခြမ်းမှ ဝင်ရောက်ခွင့်မပြုသဖြင့် မြန်မာ ကားသမား (၁၀၀) ဦး ခန့်မှ မြန်မာဘက်ခြမ်း Cargo gate အဝတွင် ထိုင်းယာဉ်များ ဝင်မလာစေရန် တန်ပြန်ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Covid-19 ကူးစက်မှု ဂယက်အား အကြောင်းပြကာ ယနေ့ နံနက် ၆ နာရီခန့်က ထိုင်းစစ်တပ်မှ မြန်မာ မော်တော် ယာဉ်များအား ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခွင့်မပြုသဖြင့် မြန်မာဘက်မှာလည်း ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) တံတား၊ မြန်မာဘက်ခြမ်း CARGO Gate တွင် မြန်မာကုန်တင်ယာဉ်မောင်း(၁၀၀)နီးပါးခန့် စုဝေး၍ ထိုင်းနိုင်ငံဘက်မှ မော် တော်ယာဉ်ကုန်ကားများအား မြန်မာဘက်ခြမ်းသို့ဝင်ရောက်မှု မရှိစေရေးအတွက် စောင့်ဆိုင်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

“မဲဆောက်မြို့သို့ ကုန်ပစ္စည်းများတင်ဆောင်ဖို့အတွက် ထိုင်းဘက်ခြမ်း အမှတ်(၂)တံတားရှိ သက်ဆိုင်ရာသို့ ပေးသွင်းရ မယ့် ငွေကြေးတွေကို ပေးပြီးကာမှ ကုန်ပစ္စည်းတင် မြန်မာမော်တော်ယာဉ်ငယ်တွေကို အမှတ်(၂) တံတား ထိုင်းဘက်ခြမ်း CARGO ဂိတ်ရှိ ထိုင်းစစ်တပ်က မဲဆောက်မြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ပင်တား ဆီးခဲ့တာပါ။ ပေးသွင်းထားတဲ့ ငွေတွေလည်းပြန်မရခဲ့လို့ နစ်နာမှုရှိခဲ့တယ်”ဟု နံနက်ပိုင်းက ထိုင်းဘက်ခြမ်းသို့ ရောက်ရှိပြီးကာမှ ဝင်ခွင့်မရဘဲ လှည့်ပြန်ခဲ့ ရတဲ့ မြန်မာယာဉ်မောင်းတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကုန်သွယ်မှု အဆင်ပြေစေရန်အတွက် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဉီးတေဇာအောင်နှင့် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖုန်းဖြင့်ဆက်သွယ်၍ မြန်မာကုန်တင် ယာဉ်ငယ်များကို အမှတ် ၂ တံတား ထိုင်းဘက်ခြမ်း BCF ဇုန်တွင် ကုန်ပစ္စည်းလွှဲပြောင်းစေမည်ဖြစ်သလို မြန်မာဘက်ခြမ်း အနေဖြင့်လည်း ထိုင်းကားများအား CARGO ဂိတ်တွင်သာ ကုန်ပစ္စည်းများ လွှဲပြောင်းစေမည်ဟု ကနဉီး ညှိနှိုင်းဆောင်ရွက်ခဲ့ သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

သို့သော် ယနေ့ နံနက် ၉ နာရီတွင် မြန်မာကုန်ပစ္စည်းတင်ယာဉ်များပေါ်သို့ ထိုင်းကုန်ပစ္စည်းတင် ယာဉ်ပေါ်မှ ကုန်ပစ္စည်းများ အား ထိုင်းဘက်ခြမ်း BCF ဇုန်တွင် လွှဲပြောင်းတင်ဆောင်လျက်ရှိသော်လည်း ထိုင်းတပ်မတော်မှ ထွက်ခွာခွင့်မပြုသေး ကြောင်း သိရှိရသည်။ http://kicnews.org/2020/10/%e1%80%91%e1%80%ad%e1%80%af%e1%80%84% e1%80%b9%e1%80

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **

 

Related Articles

Back to top button