ဆောင်းပါး

လွတ်လပ်ခွင့်သည် အခရာ

လြတ္လပ္ခြင့္သည္ အခရာ

မင္းေသ့ (ေဆာင္းပါး)

ဩဂုတ္ (၂၆) ရက္၊ ၂၀၂၁။

(၁) ျမန္မာျပည္လြတ္လပ္ေရးဟာ လက္နက္ကိုင္လမ္းစဥ္နဲ႔ ႏိုင္ငံေရးလမ္းစဥ္ (တနည္း) ေစ့စပ္ညႇိႏႈိင္းေရး လမ္းစဥ္ ႏွစ္မ်ိဳးေပါင္းၿပီး ရရွိလာခဲ့တာျဖစ္ပါတယ္။ လက္နက္ကိုင္ လမ္းစဥ္နဲ႔ ႏိုင္ငံေရး နည္း ေပါင္းၿပီး တိုက္ရတဲ့ လြတ္လပ္ေရးတိုက္ပြဲျဖစ္ပါတယ္။ လြတ္လပ္ေရးအတြက္ တိုက္ရတဲ့ တိုက္ပြဲ တိုင္းသည္၊ တရားေသလမ္းစဥ္ တစ္မ်ိဳးတည္းနဲ႔ သြားရတယ္လို႔ မထင္ဘူး။ အေျခအေနနဲ႔ အခ်ိန္အခါ ကို လိုက္ၿပီး သင့္ေတာ္တဲ့ လမ္းစဥ္ကို သုံးရတာလို႔ ယူဆႏိုင္တယ္။ ကိုလိုနီလက္ေအာက္က လြတ္ဖို႔ တိုက္ရတဲ့ လြတ္လပ္ေရးတိုက္ပြဲဟာ ႏိုင္ငံျခားအစိုးရကို ျပည္တြင္းက တိုက္ရတာျဖစ္ပါတယ္။ အခု လက္ရွိ အေျခအေန ကေတာ့ ျပည္တြင္းက စစ္အာဏာရွင္ကို ျပည္တြင္းက လူထုက ျပန္လည္တိုက္ ထုတ္ရတာျဖစ္တယ္။ ကိုယ့္ႏိုင္ငံတြင္းက စစ္အာဏာရွင္ကို ႏိုင္ငံေရးနည္း တစ္ခုတည္းနဲ႔ တိုက္လို႔ ရႏိုင္ ပါသလား။ အေထြေထြ အက်ပ္အတည္းလမ္းစဥ္ကို ဖိတြန္းဖို႔အတြက္ ႏိုင္ငံေရးလမ္းစဥ္တစ္ခုတည္းနဲ႔ မလုံေလာက္ရင္၊ လက္နက္ကိုင္ ဖိအားအထိပါ ေပးဖို႔ လိုေကာင္း လိုပါလိမ့္မယ္။ ဒါဟာ ထည့္သြင္း စဥ္းစားထားရမယ့္ကိစၥ ျဖစ္ပါတယ္။

(၂) ဒီေနရာမွာ ဖက္ဒရယ္ေရာ၊ ဒီမိုကေရစီနဲ႔ပါ အႀကဳံးဝင္တဲ့ အေျခခံအခ်က္ (၂) ခု ရွိပါတယ္။ (၁) လြတ္လပ္ခြင့္နဲ႔ (၂) ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးခြင့္ ျဖစ္ပါတယ္။ freedom and self-determination လို႔ နားလည္လို႔ ရပါတယ္။ ဒီမိုကေရစီမွာ လြတ္လပ္ခြင့္က အခရာျဖစ္ပါတယ္။ လြတ္လပ္ခြင့္ဟာ အေျခခံ တန္ဖိုးျဖစ္ပါတယ္။ အေျခခံလြတ္လပ္ခြင့္မွ မရွိရင္ ဘယ္ တန္ဖိုး ႏႈန္းစံကိုမွ အသက္မဝင္ႏိုင္ေတာ့ပါ။ လက္နက္နဲ႔ အေၾကာက္တရားသာလွ်င္ ေနရာတကာမွာ ႀကီးစိုးလႊမ္းမိုးေနပါလိမ့္မယ္။ လြတ္လပ္ေရး အတြက္ တိုက္ပြဲမွာ ႏိုင္ငံေရးနည္းနဲ႔ လက္နက္ကိုင္ဖိအားေပး နည္းဟာ အေျခအေန အခ်ိန္အခါအလိုက္ ေျပာင္းလဲ က်င့္သုံးရမယ့္ကိစၥလို႔ ယူဆပါတယ္။

(၃) လြတ္လပ္ခြင့္ မရွိရင္ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္ မရွိႏိုင္ဘူး။ ကိုယ့္ၾကမၼာကို ဖန္တီးခြင့္ ရဖို႔အတြက္ လုံးဝ လြတ္လပ္ေရးဟာ အခရာျဖစ္ပါတယ္။ ဒီမိုကေရစီကိုပဲ က်င့္သုံး က်င့္သုံး။ ဖက္ဒရယ္အထိပဲ သြားသြား။ လြတ္လပ္ခြင့္နဲ႔ လြတ္လပ္မႈဟာ အေရးႀကီးတဲ့ အေျခခံ လိုအပ္ခ်က္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီေန႔ လူထုေႂကြးေၾကာ္သံေတြနဲ႔ လူထုဆႏၵေဖာ္ထုတ္မႈေတြအားလုံးဟာ လြတ္လပ္ခြင့္အတြက္ တိုက္ပြဲ ဝင္ေနျခင္းျဖစ္ပါတယ္။
ျမန္မာ့ေႏြဦးေတာ္လွန္ေရးဟာ …..
လြတ္လပ္မႈအတြက္ တိုက္ပြဲဝင္ေနတာ ျဖစ္တယ္။
ေၾကာက္႐ြံမႈမွ လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲဝင္ေနတာျဖစ္တယ္။

(၄) အေထြေထြ လူထုသပိတ္နဲ႔ အေထြေထြ အာဏာဖီဆန္ေရးလႈပ္ရွားမႈအားလုံးဟာ ဒီမိုကေရစီ အေျခခံ အုတ္ျမစ္ကို တည္ေဆာက္ေနတာျဖစ္ပါတယ္။ အေျခခံအုတ္ျမစ္ၿပီးစီးတဲ့အခါမွာ ဖက္ဒရယ္ အေပၚထပ္ အေဆာက္အအုံကို တည္ေဆာက္ဖို႔အတြက္ျဖစ္ပါတယ္။ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္အတြက္ လြတ္လပ္ခြင့္ဟာ အေျခခံလိုအပ္ခ်က္ျဖစ္တယ္။ လူမႈဘဝလြတ္လပ္မႈဟာ လူထုရဲ႕ လတ္တေလာ အက်ိဳးစီးပြားလည္းျဖစ္တယ္၊ ေရရွည္အက်ိဳးစီးပြားလည္းျဖစ္တယ္။ အၿမဲတမ္းအက်ိဳးစီးပြားလည္းျဖစ္ တယ္။

(၅) လြတ္လပ္မႈနဲ႔ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္အတြက္ တိုက္ပြဲမွာ ဘာမဆို လိုအပ္လာမွာပဲ။ ႏိုင္ငံေရးလား။ လက္နက္ကိုင္တိုက္ပြဲလား။ လြတ္လပ္မႈနဲ႔ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္အတြက္ဆိုရင္ ဘယ္လမ္းစဥ္ကိုပဲ ေလွ်ာက္ေလွ်ာက္ ေလွ်ာက္သင့္က ေလွ်ာက္ရမယ္။ ေလွ်ာက္လိုက ေလွ်ာက္ရမယ္။ ေလွ်ာက္မယ္ဆိုရင္လည္း ေရခံေျမခံက ရွိထားၿပီးသားပါ။ ခုခံလူမ်ိဳးစုလက္နက္ကိုင္ေတြဟာ စစ္မွန္တဲ့ အေျခခံ ျပည္သူ႔စစ္ ေရခံေျမခံေကာင္းျဖစ္ဖို႔သာ ႀကိဳးပမ္းရမွာပါ…. ။

မင္းေသ့ (ေဆာင္းပါး)

ဩဂုတ္ (၂၆) ရက္၊ ၂၀၂၁။

Zawgyi

လွတ်လပ်ခွင့်သည် အခရာ

မင်းသေ့ (ဆောင်းပါး)

ဩဂုတ် (၂၆) ရက်၊ ၂၀၂၁။

(၁) မြန်မာပြည်လွတ်လပ်ရေးဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ် (တနည်း) စေ့စပ်ညှိနှိုင်းရေး လမ်းစဉ် နှစ်မျိုးပေါင်းပြီး ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းစဉ်နဲ့ နိုင်ငံရေး နည်း ပေါင်းပြီး တိုက်ရတဲ့ လွတ်လပ်ရေးတိုက်ပွဲဖြစ်ပါတယ်။ လွတ်လပ်ရေးအတွက် တိုက်ရတဲ့ တိုက်ပွဲ တိုင်းသည်၊ တရားသေလမ်းစဉ် တစ်မျိုးတည်းနဲ့ သွားရတယ်လို့ မထင်ဘူး။ အခြေအနေနဲ့ အချိန်အခါ ကို လိုက်ပြီး သင့်တော်တဲ့ လမ်းစဉ်ကို သုံးရတာလို့ ယူဆနိုင်တယ်။ ကိုလိုနီလက်အောက်က လွတ်ဖို့ တိုက်ရတဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ နိုင်ငံခြားအစိုးရကို ပြည်တွင်းက တိုက်ရတာဖြစ်ပါတယ်။ အခု လက်ရှိ အခြေအနေ ကတော့ ပြည်တွင်းက စစ်အာဏာရှင်ကို ပြည်တွင်းက လူထုက ပြန်လည်တိုက် ထုတ်ရတာဖြစ်တယ်။ ကိုယ့်နိုင်ငံတွင်းက စစ်အာဏာရှင်ကို နိုင်ငံရေးနည်း တစ်ခုတည်းနဲ့ တိုက်လို့ ရနိုင် ပါသလား။ အထွေထွေ အကျပ်အတည်းလမ်းစဉ်ကို ဖိတွန်းဖို့အတွက် နိုင်ငံရေးလမ်းစဉ်တစ်ခုတည်းနဲ့ မလုံလောက်ရင်၊ လက်နက်ကိုင် ဖိအားအထိပါ ပေးဖို့ လိုကောင်း လိုပါလိမ့်မယ်။ ဒါဟာ ထည့်သွင်း စဉ်းစားထားရမယ့်ကိစ္စ ဖြစ်ပါတယ်။

(၂) ဒီနေရာမှာ ဖက်ဒရယ်ရော၊ ဒီမိုကရေစီနဲ့ပါ အကြုံးဝင်တဲ့ အခြေခံအချက် (၂) ခု ရှိပါတယ်။ (၁) လွတ်လပ်ခွင့်နဲ့ (၂) ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဖြစ်ပါတယ်။ freedom and self-determination လို့ နားလည်လို့ ရပါတယ်။ ဒီမိုကရေစီမှာ လွတ်လပ်ခွင့်က အခရာဖြစ်ပါတယ်။ လွတ်လပ်ခွင့်ဟာ အခြေခံ တန်ဖိုးဖြစ်ပါတယ်။ အခြေခံလွတ်လပ်ခွင့်မှ မရှိရင် ဘယ် တန်ဖိုး နှုန်းစံကိုမှ အသက်မဝင်နိုင်တော့ပါ။ လက်နက်နဲ့ အကြောက်တရားသာလျှင် နေရာတကာမှာ ကြီးစိုးလွှမ်းမိုးနေပါလိမ့်မယ်။ လွတ်လပ်ရေး အတွက် တိုက်ပွဲမှာ နိုင်ငံရေးနည်းနဲ့ လက်နက်ကိုင်ဖိအားပေး နည်းဟာ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲ ကျင့်သုံးရမယ့်ကိစ္စလို့ ယူဆပါတယ်။
(၃) လွတ်လပ်ခွင့် မရှိရင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မရှိနိုင်ဘူး။ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် ရဖို့အတွက် လုံးဝ လွတ်လပ်ရေးဟာ အခရာဖြစ်ပါတယ်။ ဒီမိုကရေစီကိုပဲ ကျင့်သုံး ကျင့်သုံး။ ဖက်ဒရယ်အထိပဲ သွားသွား။ လွတ်လပ်ခွင့်နဲ့ လွတ်လပ်မှုဟာ အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ လူထုကြွေးကြော်သံတွေနဲ့ လူထုဆန္ဒဖော်ထုတ်မှုတွေအားလုံးဟာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲ ဝင်နေခြင်းဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးဟာ …..
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။
ကြောက်ရွံမှုမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။

(၄) အထွေထွေ လူထုသပိတ်နဲ့ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုအားလုံးဟာ ဒီမိုကရေစီ အခြေခံ အုတ်မြစ်ကို တည်ဆောက်နေတာဖြစ်ပါတယ်။ အခြေခံအုတ်မြစ်ပြီးစီးတဲ့အခါမှာ ဖက်ဒရယ် အပေါ်ထပ် အဆောက်အအုံကို တည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက် လွတ်လပ်ခွင့်ဟာ အခြေခံလိုအပ်ချက်ဖြစ်တယ်။ လူမှုဘဝလွတ်လပ်မှုဟာ လူထုရဲ့ လတ်တလော အကျိုးစီးပွားလည်းဖြစ်တယ်၊ ရေရှည်အကျိုးစီးပွားလည်းဖြစ်တယ်။ အမြဲတမ်းအကျိုးစီးပွားလည်းဖြစ် တယ်။

(၅) လွတ်လပ်မှုနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲမှာ ဘာမဆို လိုအပ်လာမှာပဲ။ နိုင်ငံရေးလား။ လက်နက်ကိုင်တိုက်ပွဲလား။ လွတ်လပ်မှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက်ဆိုရင် ဘယ်လမ်းစဉ်ကိုပဲ လျှောက်လျှောက် လျှောက်သင့်က လျှောက်ရမယ်။ လျှောက်လိုက လျှောက်ရမယ်။ လျှောက်မယ်ဆိုရင်လည်း ရေခံမြေခံက ရှိထားပြီးသားပါ။ ခုခံလူမျိုးစုလက်နက်ကိုင်တွေဟာ စစ်မှန်တဲ့ အခြေခံ ပြည်သူ့စစ် ရေခံမြေခံကောင်းဖြစ်ဖို့သာ ကြိုးပမ်းရမှာပါ…. ။

မင်းသေ့ (ဆောင်းပါး)

ဩဂုတ် (၂၆) ရက်၊ ၂၀၂၁။

Unicode

Related Articles

Back to top button