ဆောင်းပါး

လူေနမႈဘဝလံုၿခံဳမႈမရေသာ ျပည္သူမ်ား

လူေနမႈဘဝလံုၿခံဳမႈမရေသာ ျပည္သူမ်ား

ခ်င္းျပည္နယ္သည္  ျမန္မာႏိုင္ငံအေရွ႕ေျမာက္ကုန္းေျမျမင့္တြင္ တည္ရွိေသာ ျပည္နယ္တစ္ခုျဖစ္သည္။ လူဦးေရေသာင္းဂဏန္းေလာက္သာရွိေသာ ၿမိဳ႕ကေလးမ်ားႏွင့္ ဖြဲ႕စည္းထားေသာ္လည္း နယ္ခ်ဲ႕ဆန္႔က်င္ေရးသမိုင္းတြင္ ခ်င္းအမ်ိဳးသားေခါင္းေဆာင္ျြကမ္ဘိဟူသည့္ သူရဲေကာင္းတစ္ဦး ထြက္ေပၚ ခဲ့ဖူးသည္။

ခ်င္းျပည္နယ္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ရွိေသာ္လည္း တိုက္ပြဲႀကီႈးယ္မ်ား ျဖစ္ပြားသည္ဟု မၾကားဘူးခဲ့သေလာက္ပင္ရွိသည္။ ယခု ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းမႈအၿပီးတြင္မူ ခ်င္းျပည္နယ္ရွိ ျပည္သူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕ (CDF)ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ မ်ားၾကားျဖစ္ပြားသည့္ တိုက္ပြဲသတင္းမ်ားက သတင္းစာမ်က္ႏွာမ်ားေပၚတြင္ ေရွ႕တန္းေရာက္လာခဲ့သည္။

လြန္ခဲ့ေသာလမ်ားကတည္းက ခ်င္းျပည္နယ္အစပ္ရွိ ကေလးၿမိဳ႕ ၊ မင္းတပ္ၿမိဳ႕မ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားေၾကာင့္ ျပည္သူအခ်ိဳ႕   ေသေၾကထိခိုက္ခဲ့ ၿပီး  အိမ္အခ်ိဳ႕လည္း မီး႐ိႈ႕ဖ်က္ဆီးခံခဲ့ရသည္။ လူအမ်ားအျပားေနအိမ္စြန္႔ခြာထြက္ေျပးခဲ့ရသျဖင့္ ကုလသမဂၢက စားနပ္ရိကၡာမ်ား ကူညီေထာက္ပံ့ေပးခဲ့ရသည္။ ၿပီးခဲ့သည့္ ေသာၾကာေန႔ (၂၂-၁၀-၂၀၂၁)ရက္ေန႔က ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္ အိမ္ေျခအေဆာက္အဦ ၁၀ဝ ေက်ာ္ မီးေလာင္ပ်က္စီးခဲ့ရၿပီး စစ္ေကာင္စီ တပ္ဖြဲ႕၏ လက္ခ်က္ျဖစ္ေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႕  (CHRO)က ေျပာဆိုလာသည္။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ စစ္အာဏာသိမ္းၿပီးခ်ိန္မွ စတင္ကာ ခ်င္းျပည္နယ္သည္ အေစာဆံုးလက္နက္ကိုင္ေတာ္လွန္ခဲ့ေသာေဒသျဖစ္ၿပီး တူမီး ေသနတ္မ်ား၊ ရရာလက္နက္မ်ားျဖင့္ ေတာက္ေလွ်ာက္ခုခံေတာ္လွန္ေနဆဲျဖစ္သည္။  လက္ရွိတြင္ ခ်င္းျပည္နယ္အတြင္း ျမန္မာစစ္တပ္က စစ္အင္အားတိုးျမႇင့္ ခ်ထားၿပီး ျဖတ္ေလးျဖတ္ အစီအစဥ္မ်ားလည္း ျပဳလုပ္ေနသည္ဟု ေဒသခံမ်ားက ဆိုသည္။

စစ္တပ္က အေနာ္ရထာ စစ္ဆင္ေရးျဖင့္ အင္အားမ်ားစြာကို ခ်င္းျပည္နယ္အတြင္း လႊတ္ကာ ထန္တလန္ၿမိဳ႕အား ဗံုးႀကဲ၍ မီး႐ိႈ႕ဖ်က္ဆီးခဲ့သည္ဟု သိရသည္။ မင္းတပ္ဖက္မွ စစ္ကား ၉၀ ေက်ာ္ျဖင့္ သံခ်ပ္ကာကားမ်ား အပါအဝင္ ေစလႊတ္ခဲ့ကာ ဖလမ္းၿမိဳ႕နယ္ရွိ ရြာေလးရြာကိုလည္း မီး႐ိႈ႕ဖ်က္စီးခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထန္တလန္ၿမိဳ႕ မီးေလာင္ပ်က္စီးမႈသည္ CRPH ၊ NUG ႏွင့္  CDF ေခၚ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ တို႔၏ လက္ခ်က္ေၾကာင့္ဟု တံု႔ျပန္ေျပာဆိုခဲ့သည္။ ေဒသခံမ်ားကမူ စစ္ေကာင္စီ၏ေျပာဆိုမႈသည္ မဟုတ္မွန္ေၾကာင္း၊ ထန္တလန္ၿမိဳ႕ေပၚတြင္ စစ္ေကာင္စီတပ္ႏွင့္  CDF သာရွိၿပီး ထန္တလန္ၿမိဳ႕ရွိ အိုးအိမ္မ်ား၊ ဘု ရားေက်ာင္းမ်ားမွာ ထန္တလန္သားမ်ား၏ အိုးအိမ္ႏွင့္ ဘုရားေက်ာင္းမ်ားျဖစ္သည့္အတြက္ မိမိအိုးအိမ္ကို မိမိ မီးျပန္႐ိႈ႕မွာမဟုတ္ေၾကာင္း၊ စစ္ေကာင္စီက လက္နက္ႀကီးမ်ားႏွင့္ ပစ္ခတ္၍သာ မီးေလာင္ရျခင္းျဖစ္ေၾကာင္း သတင္းမီဒီယာမ်ားသို႔ ေျပာၾကားခဲ့သည္။

ထန္တလန္မီးေလာင္မႈႏွင့္ ပတ္သက္၍ တာဝန္မွအနားယူေတာ့မည့္ ကုလသမဂၢ အထူးကိုယ္စားလွယ္ မစၥခရစ္စတင္းဘာဂါနာ၊ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတို႔က ဒီလိုရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္မ်ားကို အေလးအနက္အာ႐ံုစိုက္ေပးဖို႔လိုေၾကာင္းႏွင့္ ကုလသမဂၢလံုၿခံဳေရးေကာင္စီအေန  ျဖင့္ ျပတ္ျပတ္သားသား ေဆာင္ရြက္ရမည့္အခ်ိန္လြန္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္မတက္ခဲ့ရသည့္ အာဆီယံထိပ္သီးအစည္းအေဝးႀကီး ၿပီးဆံုးသြားၿပီးေနာက္ ထန္တလန္ကိစၥေပၚေပါက္လာရသည္မွာ စစ္ေကာင္စီအေနျဖင့္ အာဆီယံဘံုသေဘာတူညီခ်က္ ၅ခ်က္ကို ေျပာင္ေျပာင္ႀကီး ဆန္႔က်င္ေနေၾကာင္း အထင္းသားေပၚလြင္ေနသည္။ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းေဒသႀကီးမ်ားအတြင္း စစ္ဆင္ေရးမ်ားျပဳလုပ္၍ ေဒသခံကာကြယ္ေရးတပ္သားမ်ားကို ႏွိမ္နင္းေနသကဲ့သို႔ ရန္ကုန္၊ လိႈင္သာယာရွိ က်ဴးေက်ာ္ေနအိမ္မ်ားကိုလည္း အၾကမ္းဖက္ဖ်က္ဆီးလ်က္ရွိသည္။

လိႈင္သာယာၿမိဳ႕နယ္အတြင္းရွိ က်ဴးေက်ာ္ေနထိုင္မႈမ်ားသည္ ၂၀ဝ၈ ခုႏွစ္၊ ႏာဂစ္မုန္တိုင္းေၾကာင့္ ဧရာဝတီတိုင္းအတြင္းရွိ ေနရပ္စြန္႔ခြာ ထြက္ေျပးလာသူ မ်ား အေျခခ်ေနထိုင္မႈက စတင္လာၿပီးေနာက္ပိုင္း သမၼတဦးသိန္းစိန္လက္ထက္တြင္ ေဒသခံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားမွ က်ဴးေက်ာ္တဲမ်ား ကိုယ္တိုင္ေဆာက္လုပ္ ေရာင္းခ်လာျခင္းေၾကာင့္ က်ဴးေက်ာ္အိမ္ရာေဈးကြက္ႀကီး ႀကီးမားလာခဲ့ျခင္းျဖစ္သည္။ အန္အယ္လ္ဒီအစိုးရလက္ထက္တြင္ က်ဴးေက်ာ္ေနထိုင္သူ အိမ္ေထာင္စုမ်ား အား စာရင္းေကာက္ယူကာ  စမတ္ကတ္မ်ားထုတ္ေပးျခင္း၊ က်ဴးေက်ာ္သူမ်ား တိုးပြားမလာရန္ ထိန္းသိမ္းျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး က်ဴးေက်ာ္သူမ်ားအား အိမ္ရာမ်ား တည္ေဆာက္၍ အငွားခ်ထားျခင္းမ်ား ျပဳလုပ္ေပးခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ေပ။

ယခု စစ္ေကာင္စီလက္ထက္တြင္ စမတ္ကတ္ရွိသူမ်ားပါမက်န္ က်ဴးေက်ာ္တဲမ်ား ဖ်က္သိမ္းေပးရသျဖင့္ ゞင္းတို႔မွာ ေနရပ္စြန္႔ခြာထြက္ေျပးသူမ်ား ျဖစ္ရ ျပန္သည္။ လိႈင္သာယာၿမိဳ႕နယ္အတြင္း ရန္ကုန္-ပုသိမ္လမ္းတစ္ေလွ်ာက္၊ လိႈင္သာယာ-တြံေတး လမ္းတစ္ေလွ်ာက္ က်ဴးေက်ာ္ေနထိုင္သူမ်ားအထိ ဒုကၡေရာက္ ရွာၾကသည္။

ထန္တလန္ႏွင့္ လိႈင္သာယာအဆက္အစပ္မရွိပါေသာ္လည္း ဆိုလိုခ်င္သည္က စစ္ေကာင္စီလက္ထက္ လူေနမႈဘဝလံုၿခံဳမႈမရေသာ ျပည္သူမ်ား အေၾကာင္းပင္ျဖစ္သည္။ အၾကမ္းဖက္မႈႏွင့္ တစ္ခ်က္လႊတ္အမိန္႔ေတြေၾကာင့္  ျပည္သူမ်ား၏ အနာဂတ္မွာ မေရမရာျဖစ္ေနရသည္။ အနာဂတ္ေပ်ာက္ေနေသာ ျပည္သူမ်ားအဖို႔ ဘယ္မွာလဲၿငိမ္းခ်မ္းေရး၊ ဘယ္မွာလဲ ဖက္ဒရယ္အေရး ေဆြးေႏြးစရာမရွိဟုသာ ဆိုရပါေတာ့မည္။                ။

ေမာဂၢလိ

 

 

လူနေမှုဘဝလုံခြုံမှုမရသော ပြည်သူများ

ချင်းပြည်နယ်သည်  မြန်မာနိုင်ငံအရှေ့မြောက်ကုန်းမြေမြင့်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည်။ လူဦးရေသောင်းဂဏန်းလောက်သာရှိသော မြို့ကလေးများနှင့် ဖွဲ့စည်းထားသော်လည်း နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းတွင် ချင်းအမျိုးသားခေါင်းဆောင်ြွကမ်ဘိဟူသည့် သူရဲကောင်းတစ်ဦး ထွက်ပေါ် ခဲ့ဖူးသည်။

ချင်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ရှိသော်လည်း တိုက်ပွဲကြှီုးယ်များ ဖြစ်ပွားသည်ဟု မကြားဘူးခဲ့သလောက်ပင်ရှိသည်။ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီးတွင်မူ ချင်းပြည်နယ်ရှိ ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)နှင့် စစ်ကောင်စီတပ်ဖွဲ့ များကြားဖြစ်ပွားသည့် တိုက်ပွဲသတင်းများက သတင်းစာမျက်နှာများပေါ်တွင် ရှေ့တန်းရောက်လာခဲ့သည်။

လွန်ခဲ့သောလများကတည်းက ချင်းပြည်နယ်အစပ်ရှိ ကလေးမြို့ ၊ မင်းတပ်မြို့များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် ပြည်သူအချို့   သေကြေထိခိုက်ခဲ့ ပြီး  အိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လူအများအပြားနေအိမ်စွန့်ခွာထွက်ပြေးခဲ့ရသဖြင့် ကုလသမဂ္ဂက စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ရသည်။ ပြီးခဲ့သည့် သောကြာနေ့ (၂၂-၁၀-၂၀၂၁)ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့တွင် အိမ်ခြေအဆောက်အဦ ၁၀ဝ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး စစ်ကောင်စီ တပ်ဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့  (CHRO)က ပြောဆိုလာသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ ချင်းပြည်နယ်သည် အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့သောဒေသဖြစ်ပြီး တူမီး သေနတ်များ၊ ရရာလက်နက်များဖြင့် တောက်လျှောက်ခုခံတော်လှန်နေဆဲဖြစ်သည်။  လက်ရှိတွင် ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်က စစ်အင်အားတိုးမြှင့် ချထားပြီး ဖြတ်လေးဖြတ် အစီအစဉ်များလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က အနော်ရထာ စစ်ဆင်ရေးဖြင့် အင်အားများစွာကို ချင်းပြည်နယ်အတွင်း လွှတ်ကာ ထန်တလန်မြို့အား ဗုံးကြဲ၍ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ မင်းတပ်ဖက်မှ စစ်ကား ၉၀ ကျော်ဖြင့် သံချပ်ကာကားများ အပါအဝင် စေလွှတ်ခဲ့ကာ ဖလမ်းမြို့နယ်ရှိ ရွာလေးရွာကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်တလန်မြို့ မီးလောင်ပျက်စီးမှုသည် CRPH ၊ NUG နှင့်  CDF ခေါ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ တို့၏ လက်ချက်ကြောင့်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ဒေသခံများကမူ စစ်ကောင်စီ၏ပြောဆိုမှုသည် မဟုတ်မှန်ကြောင်း၊ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်  CDF သာရှိပြီး ထန်တလန်မြို့ရှိ အိုးအိမ်များ၊ ဘု ရားကျောင်းများမှာ ထန်တလန်သားများ၏ အိုးအိမ်နှင့် ဘုရားကျောင်းများဖြစ်သည့်အတွက် မိမိအိုးအိမ်ကို မိမိ မီးပြန်ရှို့မှာမဟုတ်ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီးများနှင့် ပစ်ခတ်၍သာ မီးလောင်ရခြင်းဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ထန်တလန်မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်မှအနားယူတော့မည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂါနာ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်များကို အလေးအနက်အာရုံစိုက်ပေးဖို့လိုကြောင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေ  ဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည့်အချိန်လွန်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မတက်ခဲ့ရသည့် အာဆီယံထိပ်သီးအစည်းအဝေးကြီး ပြီးဆုံးသွားပြီးနောက် ထန်တလန်ကိစ္စပေါ်ပေါက်လာရသည်မှာ စစ်ကောင်စီအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို ပြောင်ပြောင်ကြီး ဆန့်ကျင်နေကြောင်း အထင်းသားပေါ်လွင်နေသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီးများအတွင်း စစ်ဆင်ရေးများပြုလုပ်၍ ဒေသခံကာကွယ်ရေးတပ်သားများကို နှိမ်နင်းနေသကဲ့သို့ ရန်ကုန်၊ လှိုင်သာယာရှိ ကျူးကျော်နေအိမ်များကိုလည်း အကြမ်းဖက်ဖျက်ဆီးလျက်ရှိသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်မှုများသည် ၂၀ဝ၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ များ အခြေချနေထိုင်မှုက စတင်လာပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များမှ ကျူးကျော်တဲများ ကိုယ်တိုင်ဆောက်လုပ် ရောင်းချလာခြင်းကြောင့် ကျူးကျော်အိမ်ရာဈေးကွက်ကြီး ကြီးမားလာခဲ့ခြင်းဖြစ်သည်။ အန်အယ်လ်ဒီအစိုးရလက်ထက်တွင် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုများ အား စာရင်းကောက်ယူကာ  စမတ်ကတ်များထုတ်ပေးခြင်း၊ ကျူးကျော်သူများ တိုးပွားမလာရန် ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ပြီး ကျူးကျော်သူများအား အိမ်ရာများ တည်ဆောက်၍ အငှားချထားခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။

ယခု စစ်ကောင်စီလက်ထက်တွင် စမတ်ကတ်ရှိသူများပါမကျန် ကျူးကျော်တဲများ ဖျက်သိမ်းပေးရသဖြင့် ゞင်းတို့မှာ နေရပ်စွန့်ခွာထွက်ပြေးသူများ ဖြစ်ရ ပြန်သည်။ လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်၊ လှိုင်သာယာ-တွံတေး လမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများအထိ ဒုက္ခရောက် ရှာကြသည်။

ထန်တလန်နှင့် လှိုင်သာယာအဆက်အစပ်မရှိပါသော်လည်း ဆိုလိုချင်သည်က စစ်ကောင်စီလက်ထက် လူနေမှုဘဝလုံခြုံမှုမရသော ပြည်သူများ အကြောင်းပင်ဖြစ်သည်။ အကြမ်းဖက်မှုနှင့် တစ်ချက်လွှတ်အမိန့်တွေကြောင့်  ပြည်သူများ၏ အနာဂတ်မှာ မရေမရာဖြစ်နေရသည်။ အနာဂတ်ပျောက်နေသော ပြည်သူများအဖို့ ဘယ်မှာလဲငြိမ်းချမ်းရေး၊ ဘယ်မှာလဲ ဖက်ဒရယ်အရေး ဆွေးနွေးစရာမရှိဟုသာ ဆိုရပါတော့မည်။          ။

မောဂ္ဂလိ

 

 

Related Articles

Back to top button