သတင်း

နေ့စဉ်သတင်းအကျဉ်း

၁၃ – ​အောက်တိုဘာ – ၂၀၂၁
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက်တိုဘာလ ၁၁ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၇၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၈၉၁၆)၊ ချုပ်နှောင်ခံထားရဆဲ (၇၂၄၀) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
• ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဖက်ဆစ်စစ်တပ်ကို KIA နှင့် PDF က နှိမ်နင်းနိုင်စေရေးနှင့်အောင်နိုင်ရေးအတွက်​အောက်တိုဘာလ ၁၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုး​ပေါင်းစုံ သပိတ်စစ်​ကြောင်း ချီတက် ဆန္ဒပြကြသည်။
• ‘အာဏာဖီဆန် CDM၊ တိုက်ပွဲအဆုံးသတ် PDF’ ဟု ကြွေးကြော်ကာ အောက်တိုဘာလ ၁၃ ရက် နံနက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှ တော်လှန်ပြည်သူများသည် စစ်အာဏာရှင်ဖြုတ်ချရေး သွေးမအေးကြောင်း ချီတက်ဆန္ဒပြကြသည်။
• ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူ ဝင်းရော်ဒေသ ကော့ကရိတ်မြို့နယ် အသီးသီးရှိ သံမဏိနှင်းဆီ အမျိုးသမီး မဟာမိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန် ရေး လှုပ်ရှားမှုများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
• ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှူံးနိုင်ခြေလျှော့ချရေးနေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် သပိတ်အဖွဲ့များမှ စုပေါင်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စုပေါင်းဆန္ဒဖော်ထုတ် ကြပါသည်။
• ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲတွင် မပေါက်ကွဲဘဲ ကျန်နေသော မိုင်း ၁ လုံး ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ မိုင်းပေါက်ကွဲပြီး အမျိုးသား ၃ ဦး ခြေထောက်နှင့် လက်များတွင် မိုင်းစစင်ကာ ဒဏ်ရာရခဲ့ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
• ယနေ့ မွန်းလွဲပိုင်းတွင် ထားဝယ် မြို့မှ လူငယ်များသည် စစ်ဆေးတင်းကျပ်နေသည့်ကြားမှ စစ်အာဏာရှင်အား အလိုမရှိကြောင်း ချီတက်ဆန္ဒဆန္ဒဖော်ထုတ်ခဲ့ကြ​ကြောင်းသိရသည်။
• ယနေ့ ရက်ပေါင်း ၂၄၈ ရက်မြောက်နေ့ ကလေးမြို့ပြည်သူများ အပြည်ပြည်ဆိုင်ရာ ဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု camppaign လှုပ်ရှားမှုနှင့် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်မှု သပိတ်စစ်ကြောင်း ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
• ဟားခါး-ဖလမ်းကြား ဖလမ်းမြို့နယ်အတွင်းရှိ ရီရာလ်သီးကျေးရွာရှိ ဘုရား​ကျောင်းအပါဝင် လူနေအိမ် ၄ လုံးကို အကြမ်း ဖက် စစ်ကောင်စီတပ်သားများမှ မီးရှိုခဲ့ပြီး ​နေအိမ်များမှ ​ဆန်၊ ဆီ၊ ဆား များကိုလည်းခိုးယူသွား​ကြောင်း သိရသည်။
• မြိတ်မြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့က တော်လှန် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး၌ ပြည်သူများ အားလုံးပါဝင်ကြရန် လှုံ့ဆော်စာများ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
• ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်မြလွဲကျေးရွာနှင့် ကော့အီဆိုင်ကျေးရွာကြားတွင် အောက်တိုဘာလ ၇ ရက် ညပိုင်း က BGF တပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူဟုဆိုကာ လူ ၄ ဦးကို နယ်မြေခံ BGF (၁၀၁၉) တပ်ရင်းက ဖမ်းဆီးထား​ကြောင်းသိရသည်။
• စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် Ranger Kalay Defend Force (RKDF) တပ်ဖွဲ့ဝင်များက ယနေ့ October 13 Campaign အထိမ်းအမှတ်ပြုလုပ်ခဲ့ကြသည်။
• စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအားဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုနေမှုရှိနေသည့်အတွက် ဖလမ်း-ရိဒ် နှင့် ဖလမ်း-ဟားခါးလမ်းကြောတစ်လျှောက် သေရေးရှင်ရေးကိစ္စမှအပ ခရီးသွားလာခြင်းမပြုရန် CNO က သတိပေးထုတ်ပြန်။
• အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများမှ တော်လှန်ကျောင်းသားပြည်သူများ စုပေါင်းပြီး အောက်တိုဘာလ ၁၃ ရက် နံနက်တွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။
• စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့စစ်ကောင်စီ တော်လှန်ရေး ပြည်သူများက ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အာဏာ ရှင် ကျဆုံးရေးနှင့် ချေမှုန်းရေးအတွက် ပြည်သူများက အောက် တိုဘာလ ၁၃ ရက်နေ့တွင် ချီတက် ဆန္ဒပြ ကြသည်။
• လက်ပံတောင်းဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• ယင်းမာပင်မြို့နယ် စုန်းချောင်းရွာတွင် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
• ရန်ကုန်၊ မြောက်ဥက္ကလာမှ တော်လှန်ကျောင်း သားလူငယ်များသည် ဖိနှိပ်ခံ စစ်ဘေးသင့် တိုင်းရင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ကြွေးကြော်ကာ အောက်တိုဘာလ ၁၃ ရက်တွင် ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ပြောက်ကျားဆန္ဒပြကြသည်။
• ညောင်ဦးမြို့နယ် ကျေးရွာတရွာက ပြည်သူများက ယ​နေ့ ​အောက်တိုဘာ ၁၃ ရက်​နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆန္ဒပြခဲ့​ကြောင်း သိရပါတယ်။
• ဝက်လက်မြို့နယ် ကျေးရွာတရွာက ပြည်သူများ ယ​နေ့ စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
• မန္တလေးအခြေစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ သပိတ်စစ်ကြောင်းဟာ “စစ်ခွေးသွေးနဲ့ နန်းမြို့ရိုးကို ဆေးခြယ်မယ်”လို့ ကြွေးကြော်ပြီး ဒီကနေ့ မန္တလေးမြို့တွင်းမှာ ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
• မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့​ကြောင်း သိရပါတယ်။
• စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်းထိုးစစ်ဆင်လာနိုင်သဖြင့် ခုခံစစ်ဆင်နွဲရာတွင် ထိခိုက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်သင့်ကြောင်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ် (YMBPDF) က ပန်ကြား
• ရန်ကုန်တိုင်း၊ ရွှေပြည်သာတွင် စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦးဖြစ်သူ ထွန်းထွန်းသည် ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ စစ်ကောင်စီခန့် ရွှေပြည်သာ ၅/၁ ရပ်ကွက် ရာအိမ်မှူး ထွန်းထွန်း သည် ယနေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး နေရာတွင် ပင် သေဆုံးသွားကြောင်း သိရှိရသည်။

Related Articles

Back to top button